Saturday, January 31, 2015

မင်းဘူး ရွှေစက်တော် ဘုရားဖူးထွက်မည်

Leave a Comment




အများသူငါ ပိတ်ရက်ကလေးမှာ ရွှေစက်တော်သို့ ဘုရားဖူးထွက်လိုသူများအတွက် Grand Starex (၁၂) ယောက်စီး မှန်လုံ၊ အဲယားကွန်းကား၊ တစ်ဦးခြင်းထိုင်ခုံဖြင့် စိတ်အေးချမ်းသာစွာဘုရားဖူးနိုင်ရန် ပို့ဆောင်ပေးပါမည်။

အဆိုပါ ဘုရားဖူးခရီးစဉ်ကို ၆.၂.၂၀၁၅ သောကြာနေ့ ညတွင် ပြည်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ၈.၂.၂၀၁၅ တနင်္ဂနွေနေ့ ညတွင် ပြည်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

ပြည်မြို့အတွင်းဖြစ်ပါက အိမ်အရောက် ကြို/ပို့ ဆောင်ရွက်ပေးပါမည်ဖြစ်ပြီး တစ်ဦးလျှင် ၂၀၀၀၀ိ/ ဖြင့် (၁၀) ဦးသာ တင်ဆောင်ပါမည်။

အသေးစိပ် သိရှိလိုပါက - ၀၉ ၂၅၄၉၇ ၉၀၉၅ / ၀၉ ၄၃၀ ၄၇၈၆၂ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မင်းဘူးရွှေစက်တော် ဖူးလှည့်ကြနော်
================================

- မကွေးလှမြင့်

မကွးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ရှေး ဟောင်းသမိုင်းဝင် ရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် တပို့တွဲလဆန်း ၅ ရက် (၂ဝ၁၅ခုနှစ် ဇန်နဝါရီ ၂၄ရက်)တွင် စတင်ကျင်းပ တော့မည်ဖြစ်ကြောင်း သိရသည်။

ရွှေစက်တော်ဘုရား၏ သာသနာမြေ ပုရိဝုဏ်နယ် နိမိတ်မှာ ၄၄၄ဒသမ ၂၄ဧကရှိပြီး ဘုရားပွဲတော်ကျင်းပ ရာဧကမှာ ၆ဝဝန်းကျင်ရှိသည်။ ဝါး၊ သက္ကယ်မိုး၊ တည်းခို ရိပ်သာပေါင်း ၉ဝဝခန့် ဆိုင်ခန်းပေါင်း ၁ဝဝဝခန့်လည်း တည်ဆောက်ပြီးစီးလျက်ရှိပါသည်။

အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာကြား စီးဆင်းနေသော မန်းချောင်း ကိုဖြတ်လျက် ဆောက်ထားသောအထူးတံတားသည် ရွှေ စက်တော်တွင် အကြီးဆုံးဖြစ်သည်။ ကားများဖြတ်ကူးနိုင် အောင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အထက်စက်တော် ရာသို့တက်သော တောင်တက်လမ်းမှာ နှစ်လမ်းရှိသည်။

ပထမတစ်လမ်းသည် အထူးတံတားမှဖြတ်သွားရပြီး နောက် တစ်လမ်းမှာ စက်တော်ရာ တောင်ခြေ၏တောလမ်းက လေးအတိုင်း သွားရသည်။

ရွှေစက်တော်ပါဒစေ တီသည် မကွေးတိုင်းဒေသ ကြီးမင်းဘူးခရိုင်အတွင်း စကု မြို့နယ်နှင့် ငဖဲမြို့နယ်အစပ် ၌တည်ရှိသည်။ ငဖဲမှ အရှေ့ ဘက်ရှစ်မိုင်အကွာ စကုမှ အ နောက်ဘက် ၁၆မိုင်အကွာ မင်းဘူးမှဆိုလျှင် စကုနှင့် ဆည် တော် စခန်းများကိုဖြတ်၍ ၂၆မိုင်ရှိပြီး ဧရာဝတီ မြစ်ကမ်းဘေးရှိ မကွေး-မင်းဘူး၊ ရေနံချောင်းနှင့် ဆင်ဖြူကျွန်းမြို့များမှတစ် ဆင့် သွားရောက်ဖူးမြော်နိုင်ပါသည်။

ယခုအခါမကွေးမြို့ မှဧရာဝတီတံတား(မကွေး)ကိုဖြတ် လျက် မင်းဘူးမှတစ်ဆင့် သွားရောက်နိုင်သည်။ ရှေးခေတ်ကဆိုလျှင် နွားလှည်းများ ဖြင့်လည်းကောင်း ခြေကျင်ခရီးဖြင့်လည်းကောင်း ဘုရားဖူး သွားကြရာ အလွန်ပျော်စရာ ကောင်းလှသည်။

မင်းဘူးမြို့မှ လေးပင်ရွာကိုဖြတ်၍ ရွှေစက်တော်သို့ သွားရောက်ဖူးမြော်နိုင်သော လမ်းနှစ်လမ်းရှိသည်။ ယင်း လမ်းနှစ်လမ်းစလုံးသည် ပုသိမ်-မုံရွာလမ်းမကြီးကို ဖြတ်သန်း သွားရပါသည်။

(၁) မင်းဘူး-လေးပင်-ပန်းတောင်ရွာလမ်း မှာ မင်းဘူးမှရွှေစက်တော်သို့ ၃၄မိုင်ကွာဝေးသည်။ ပုသိမ်- မုံရွာလမ်းမကြီးမှ ရှစ်မိုင်ဆက်သွားရသဖြင့် ရှစ်မိုင်လမ်းဟု ခေါ်ကြသည်။

(၂) မင်းဘူး-လေးပင်-ပန်းတောင်ရွာမှ တခြားတစ်လမ်းမှာ ဥယျာဉ်ရွာကို ဖြတ်သန်းသွားသောလမ်း ဖြစ်သည်။ ခရီး ၃၂မိုင်ကွာဝေးသည်။

ပုသိမ်-မုံရွာလမ်းမ ကြီးမှ တောင်တက်လမ်းသုံးမိုင်သာသွားရသဖြင့် သုံးမိုင် လမ်းဟုခေါ်သည်။

နောက်တစ်လမ်းမှာ စကုမြို့မှ ၂၁မိုင် ကွာဝေးပြီး အိုင်းမဆည်၏ မြောင်းပေါင်လမ်းအတိုင်းသွားရ သော တောလမ်းခရီးဖြစ်သည်။

လမ်းတွင် အိုင်းမရွာ၊ အိုး ပြစ်မဲရွာတို့အား ဖြတ်သန်းရသည့်အပြင် မန်းချောင်းကို လည်းဖြတ်သွားရသည်။ အိုင်းမဆည်သည် မန်းချောင်းရေ ကိုလွှဲယူထားသော ရေလွှဲဆည်ဖြစ်ပြီး ဗြိတိသျှအစိုးရလက် ထက် ၁၈၉၁-၁၈၉၂ခုနှစ်က စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်မြို့မှ နဝဒေးတံတားကိုဖြတ်ပြီး ပုသိမ်- မုံရွာလမ်းအတိုင်း မင်းဘူး-လေးပင်လမ်းနှစ်လမ်းမှ ရွှေစက် တော်ဘုရားအထိ သွားရောက်နိုင်ပါသည်။ ပြည်မြို့မှ ဘုရား စုံဖူးမြော်ပြီးနောက် ရွှေစက်တော်ဘုရားသို့ သွားရောက်ဖူး မြော်နိုင်သောလမ်းဖြစ်ပါသည်။

ချောက်မြို့မှ ဧရာဝတီ တံတား(အနော်ရထာ)တံတားကိုဖြတ်၍ ဆပ်ဖြူ-စလင်း-ပွင့်ဖြူလမ်းအတိုင်း ရွှေစက်တော်ဘုရားသို့ သွားရောက်ဖူး မြော်နိုင်သည်။

ထိုခရီးလမ်းမှာ မင်းဘူးမြို့အထိ သွားရောက် ၍ဖြစ်စေ၊ အိုင်းမ ဆည်မြောင်းပေါင်လမ်းမှ တစ်ဆင့် ပုသိမ်- မုံရွာလမ်းမကြီးအတိုင်း သွားနိုင်သော လမ်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ ဘုရားဖူးခရီးသည်များအတွက် စစ်တွေ-အမ်း-မင်းဘူးလမ်းအတိုင်း ပဒန်းရွာမှတစ်ဆင့် လာရောက် နိုင်ပါသည်။

ထိုခရီးသည်မင်းဘူး-အမ်း တောင်ကြားလမ်း ကို အသုံးပြုကြသည်။ ထို့ကြောင့် ရွှေစက်တော်ဘုရားဖူး ဧည့်သည်များအဖို့ မြန်မာနိုင်ငံအရပ်ရပ်မှ ခရီးလမ်းမျိုးစုံ ဖြင့် သွားရောက်ဖူးမြော်နိုင်ကြပါသည်။

စက်တော်ရာအစစ် သုံးဆူ
****************************
ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာအစစ်သည် သုံးဆူ သာရှိကြောင်း လေ့လာသိရပါသည်။ တစ်ဆူမှာ လင်္ကာဒီပ (ခေါ်) သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ)၌ ရှိပြီး ကျန်နှစ်ဆူ မှာ သုနာပရန္တတိုင်း မင်းဘူးခရိုင်အတွင်း၌ ရှိသည်ဟုဆို သည်။

ဗုဒ္ဓမြတ်စွာဘုရားသည်သက်တော်ထင်ရှားရှိစဉ် အတွင်း မဟာသက္ကရာဇ်-၁၂၄ခုနှစ်တွင် သုနာပရန္တာတိုင်း သို့ကြွရောက်လာခဲ့သည်။

ဗုဒ္ဓဘုရားသည် မဟာပုဏ္ဏရ ဟန္တာ၏ ပင့်လျှောက်ချက်အရ စန္ဒကူးကျောင်းတော်ရာ၊ ရေ စက်ချလှူဒါန်းမှုအားခံယူပြီးနောက် သာဝတ္ထိပြည်သို့ ပြန် လည်ကြွရောက်ရာတွင် မန်းစက်တော်ရာဟု အမည်တွင်မည့် ခြေတော်ရာနှစ်ဆူကို ချထားခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာသည် သုနာပရန္တတိုင်း ဝါဏိစ္စ၈ါမအရပ် (ယခုပွင့်ဖြူ၊ လယ်ကိုင်း သစ်တောရပ်)သို့ ကြွရောက်လာပြီး စန္ဒကူးကျောင်းတော်ကို ရေစက်ချ အလှူခံယူတော်မူခဲ့သည်။ ထို့နောက် ကျောင်းတော်ရာမှ သာဝတ္ထိသို့ ပြန်လည်ကြွ ရောက်ရာတွင် မန်းချောင်းကမ်းပါး၌ နမ္မဒါနဂါးမင်းက ဗုဒ္ဓမြတ်စွာအား နောင်သာသနာငါးထောင်ပူဇော်ကြရန် ခြေတော်ရာတစ်ဆူ ခတ်နှိပ်တော်မူပါရန် ပန်ကြားခဲ့၏။ ထို့ ပြင်ဗုဒ္ဓမြတ်စွာ၏ လက်ဝဲဘက် ခြေတော်ရာတစ်ဆူကို မန်း ချောင်းကမ်းပါး ကျောက်ဖျာထက်၌ ခတ်နှိပ်ပေးခဲ့ရာ ယနေ့ တိုင် အောက်စက်တော်ရာဟု အမည်တွင်လျက်ရှိပါသည်။

ထို့နောက် ဗုဒ္ဓမြတ်စွာသည် မန်းချောင်းကမ်းပါးကျောက် ဖျာထက်၌ ခြေတော်ရာတစ်ဆူ ခပ်နှိပ်ထားရစ်ပြီးနောက် ဆက်လက်ကြွတော်မူရာ သစ္စဗန္ဓတောင်ထိပ်၌ သီတင်းသုံး နေသော သစ္စဗန္ဓရသေ့ကြီး၏ တောင်းပန်လျှောက်ထားချက် ကြောင့် မြတ်စွာဘုရားသည် သစ္စဗန္ဓတောင်ထိပ်၌ လက်ဝဲခြေ တော်ရာတစ်ဆူခတ်နှိပ်ပေးခဲ့တော်မူသည်။ ယင်းစက်တော် ရာကို ယနေ့တိုင်အထက် စက်တော်ရာဟုခေါ်ကြသည်။

အဆိုပါ စက်တော်ရာနှစ်ဆူသည် ဗုဒ္ဓမြတ်စွာ၏ ဒုတိယနှင့် တတိယမြောက်ခတ်နှိပ်ခဲ့သော စက်တော်ရာများဖြစ်ပေ သည်။

ပထမစက်တော်ရာသည် ဗုဒ္ဓမြတ်စွာပွင့်တော်မူပြီး နောက် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) သုမနတောင်ထိပ်၌ သုမနနတ်မင်းက လျှောက်ထားတောင်းပန်သဖြင့် ခတ်နှိပ် ခဲ့ကြောင်းသိရှိရသည်။

ကုန်းဘောင်ခေတ် ရွှေစက်တော်
**********************************
ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားလက် ထက်မှစပြီး သီပေါမင်းလက်ထက်အထိ မန်းစက်တော်ရာ တွင် ကုသိုလ်ဒါနပြုခဲ့ကြသည်။

၁၇၅၉ခုနှစ် အလောင်းမင်း တရားသည် ပဲတိမ်းမြို့သူကြီး နန္ဒရာဇာနှင့် စကုမြို့သူကြီး သိင်္ခဘဒ္ဒဥဒိန်ဒေဝတို့အား ရွှေစက်တော်၌ တန်ဆောင်း ဆောက်လုပ်လှူဒါန်းစေသည်။ ထိုတန်ဆောင်းသည် သုံး ထပ်လည်ပေါ် အဆောက်အအုံဖြစ်ပြီး အလျား ပေ ၃ဝ၊ အနံ ၂၇ပေရှိကာ အထက်စက်တော်ရာ၌ တည်ဆောက်လှူ ဒါန်းခြင်းဖြစ်သည်။ ဒီပဲယင်းမင်း (နော်တောင်ကြီး)၊ နောင် တော်ကြီးလက်ထက်တွင် ရွှေစက်တော်သို့ ဘုရင် မင်းမြတ်ကိုယ်တိုင် လာရောက်ဖူးမြော်ကာ အထက် စက်တော်ရာတွင် စောင်းတန်းဆောက်လုပ်လှူ ဒါန်းခဲ့ သည်။ ၁၇၆၄ခုနှစ် ညီတော်မြေဒူးမင်း (ဆင်ဖြူရှင်)လက်ထက်တွင် ရွှေစက်တော်သို့ ကြွရောက်ဖူးမြော်ကာရွှေတံခွန်၊ ငွေတံခွန်တော် များ လှူဒါန်းခဲ့သည်။

၁၇၇၆ခုနှစ် စဥ့်ကူးမင်းလက်ထက်၌ ရွှေစက်တော် တွင် တန်ဆောင်းပြာသာဒ်နှစ်ဆောင် ဆောက်လုပ်လှူဒါန်း သည်။ ထို့ပြင် ပဒုံမင်း (ဘိုးတော်ဘုရား)၊ စစ်ကိုင်းမင်း (ဘ ကြီးတော်)၊ သာယာဝတီမင်းနှင့် ပုဂံမင်းတို့ လက်ထက်များ တွင်လည်း မန်းစက်တော်ရာတွင် ရွှေ၊ ငွေ၊ ရတနာတို့ဖြင့် လှူဒါန်းပူဇော်ခဲ့ကြသည်။

မင်းတုန်းမင်းလက်ထက်တွင် စဥ့်ကူးမင်းလက်ထက်က ဆောက်လုပ်ခဲ့သည့် တန်ဆောင်း ပြာသာဒ်နှစ်ဆောင်သည် ဟောင်းနွမ်းပျက်စီးနေကြောင်း ၁၈၅၆ခုနှစ်တွင် မင်းတုန်းမင်းက မူလတန်ဆောင်းပြာသာဒ် နေရာ၌ ဘုံခုနစ်ဆင့် တန်ဆောင်းပြာသာဒ်နှစ်ဆောင်အသစ် ဆောက်လုပ်လှူဒါန်းခဲ့သည်။

ယင်းပြာသာဒ်နှစ်ဆောင်အ တွင်း မင်းတုန်းမင်းက ရွှေချိန် ၁ဝဝဝကျပ်သားကို မျက်ပါး ခတ်၍ ရွှေချမွမ်းမံခဲ့သည်။ ပြာသာဒ်အောက်ခြေတွင် အုတ်၊ ကျောက်၊ သမံတလင်းခင်းခဲ့သည့်အပြင် အုတ်ကြွပ်မိုးဇရပ် နှင့် သိမ်၊ တန်ဆောင်းတို့ကိုပါ ဆောက်လုပ်လှူဒါန်းခဲ့ပါ သည်။ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီး ကလည်း စက်တော်ရာဘုရားရှိ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်၌ အုတ်ဇရပ်ကြီး တစ်ဆောင်ဆောက်လုပ်လှူဒါန်းခဲ့သည်။

၁၈၈၃ခုနှစ် သီပေါမင်းလက်ထက်တွင် မင်းတုန်းမင်း လက်ထက်က ဆောက်လုပ်ခဲ့သော အောက်စက်တော်ရာက တန်ဆောင်းပြာသာဒ်ကြီး ရေတိုက်စား၍ ပျက်စီးသွားခဲ့သည်။

ထို့ကြောင့် သီပေါမင်းသည် ငွေတော်အမြောက်အမြားအ ကုန်အကျခံကာ တန်ဆောင်းပြာသာဒ်အသစ်ကြီးကို ဆောက် လုပ်လှူဒါန်းခဲ့သည်ကိုတွေ့ရှိရပါသည်။ ကုန်းဘောင်မင်း များအနေဖြင့် စက်တော်ရာစေတီ၌စဉ်ဆက်မပြတ် ကုသိုလ် ကောင်းမှုများပြုခဲ့ကြောင်း လေ့လာသိရှိရသည်။

ကိုလိုနီခေတ် ရွှေစက်တော်
****************************
၁၈၈၇ခုနှစ် ဇန်နဝါရီ ၁ရက်တွင် အိန္ဒိယစစ်သည် ၂ဝ ခန့်ပါသော ဗြိတိသျှ တပ်တစ်တပ်သည် စက်တော်ရာအထက် ရှိ သုဓမ္မစာရီနှင့် နှစ်မမယ်ဝတို့ တည်ထားခဲ့သော ပထမ စေတီတော်နှင့် ဒုတိယခြေတော်ရာစေတီတော်တို့၏ ဌာပနာ တိုက်များကို ဖြိုဖျက်ထောက်ထွင်းခဲ့ကြသည်။

မင်းဘူး (စကု)နှစ်မြို့ ဂိုဏ်းအုပ်ဆရာတော်ဦးဇာဂရအမှူးပြုပြီး သာသနာပိုင် ဆရာတော်ကတစ်ဆင့် အင်္ဂလိပ်အစိုးရထံ ပြုပြင်ခွင့်တောင်းခံခဲ့သည်။

မဟာဝန်ရှင်တော်မင်းကြီးက ငွေဒင်္ဂါးတစ်ထောင်မတည်၍ အများပြည်သူများ၏ အလှူ တော်ဖြင့်ပြုပြင်ခဲ့ကြသည်။ ၁၉၈၉ခုနှစ်တွင် စက်တော်ရာ နှစ်ဆူအား စကုမြို့သက်တော်ရှည်ဆရာတော်ကြီးက ကြီး ကြပ်ပြီး ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

၁၉၁၂ခုနှစ် ဒီဇင်ဘာ ၃ဝရက်တွင် စကုဆရာတော် ပျံလွန် တော်မူသဖြင့် ဆရာတော်ဦးပညာ သဓဇကဆက်လက်ကြီး ကြပ်စောင့်ထိန်းခဲ့သည်။

၁၉၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ရက်တွင် အထက်စက်တော်ရာ တန်ဆောင်းပြာသာဒ်များ မီးလောင် ကျွမ်းခဲ့သည်။

ထိုအခါ သက်တော်ရှည်ဆရာတော် ဦးပါရမီ က ဂေါပကအဖွဲ့နှင့်အတူ ကြပ်မတ်နှိုးဆော်ကာ တန်ဆောင်း ပြာသာဒ်အသစ်ဆောက်လုပ်ခဲ့သည်။

၁၉၁၉ခုနှစ်တွင် ဆရာ တော် ဦးပါရမီပျံလွန်တော်မူသဖြင့် ဆရာတော်ဦးဝိစိတ္တက ဆက်လက်စီမံ ဆောင်ရွက်ခဲ့သည်။ ၁၉၂၃ခုနှစ်တွင် ရသေ့ကြီးဦးခန္တီက သံထည်တန်ဆောင်း များကို ပိုကြီးကြပ်ဆောက်လုပ်ခဲ့သည်။

စက်တော်ရာ၏ အရွယ်ပမာဏ
******************************
ဗုဒ္ဓစက်တော်ရာ၏ အရွယ်ပမာဏနှင့် ပတ်သက်၍ စာပေကျမ်းဂန်များတွင် ရှေးပညာရှိများက ပြဆိုကြသည် မှာ

(၁) ခြေဖဝါး၏အလျားသည် မြတ်စွာဘုရား၏ အထွာ တော်နှင့် တစ်ထွာသုံးသစ်၊
(၂) မဇ္ဈိမပုရိသအနေဖြင့် တစ် ထောင့်ထွာသုံးသစ်
(၃) သာမန်ပကတိပုရိသအနေဖြင့် နှစ် တောင့်ထွာ ခုနစ်လက်သစ်၊ နှစ်မုယောဟူ၍ ဆိုကြသည်။

ခြေဖဝါးတော်၏အနံကိုမူ အလျားနှင့်လိုက်ဖက် သော အတိုင်းအတာ အဖြစ်မှတ်ယူကြသည်။

မြတ်စွာဘုရား ၏ ခြေဖဝါးတော်၌ စက်တော်ရာတည်နေရာသည် ခြေဖဝါး တော်၏အလျားကို လေးပိုင်းပိုင်းလျှင် ခြေဖနောင့်တော်ပိုင်း မှစတင်၍ ဒုတိယပိုင်းဖြစ်သော ဖမျက်တော်အပိုင်းတွင် တည်ရှိသည်ဟုဆိုသည်။

အချုပ်ဆိုရသော် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာဒေသသည် မြတ်စွာဘုရားရှင် သီတင်းသုံးရာ ဗုဒ္ဓဌာနများဖြစ်သကဲ့သို့ မြန်မာနိုင်ငံမင်းဘူးဒေသရှိ အထက်စက်တော်ရာနှင့် အောက် စက်တော်ရာပါဒနှစ်ဆူသည် မြန်မာတို့၏ ဗုဒ္ဓဂယာအဖြစ် ကြည်ညိုပူဇော်နိုင်သော ဗုဒ္ဓဒေသများဟု ဆိုနိုင်ပါသည်။

''မြတ်နိုးလှစွာ ခြေတော်ရာသို့ တစ်ခေါက်ရောက်လျှင် သွားချင်နေကြ လွန်တောင့်တ၍ ဟတ္တသွယ်ပျောင်း၊ လက် ဆယ်ချောင်းကို ဦးခေါင်းထိပ်တင် ကြည်လင်မြတ်နိုး ရှိခိုး ပါ၏''

Read More...

Friday, January 30, 2015

အသက်(၈၂) နှစ်အရွယ်အဖွားအို၏ ခြံဝန်းအတွင်း အတင်းအဓ္ဓမ ဆေးခန်းဆောက်လုပ်နေ

Leave a Comment

ပဲခူးတိုင်း ပြည်မြို့နယ် ဇီးအုပ်ကျေးရွာ အုပ်စု လက်ပံအိုင်ကျေးရွာတွင် အဖွားဒေါ်ခင်ကြည် ပိုင်ဆိုင်သည့်နေအိမ်ခြံဝင်းအတွင်း အဖွား၏ဆန္ဒမပါဘဲ ဆေးခန်းဆောက်လုပ်နေသည့်အတွက် ကာယကံရှင် အဖွားက ဖေဖော်ဝါရီ ၁ရက်တွင် ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။

Read More...

Thursday, January 29, 2015

အိုး မိုင်ဂေါဒ်. တိုင်းပြည်

Leave a Comment

သရ၀ဏ်(ပြည်)

ကျွန်တော်သည်တိုးရစ်လေးယောက်ကိုလေဆိပ်မှခေါ်လာပြီး ရန်ကုန်မြို.အနှံ ခြေဦးတည်.ရာ သွားလာလည်ပါတ်ကြလေသည် ။ တစ်နေရာတွင် မောင်မောင်ညှပ် ( B.Sc , Botany ) ဟုထင်ရှားစွားဆိုင်းဘုတ်ရေးထားသော ဆိုင်တစ်ဆိုင်ရှေ.သို.ရောက်လာ၏ ။
“ ဟောဒါကကျွန်တော်.သူငယ်ချင်းမောင်မောင်ညှပ်ပါ ၊ သူရထားတဲ.ဘွဲ.က ဘက်ချလာအော.ဖ် ဆိုင်းယင်.(စ်) ( တံတွေးစင်သဖြင်. တိုးရစ်ကနောက်နည်းနည်းဆုတ်သည် ) ဘော.တနီလို.ခေါ်တဲ. ရုက္ခဗေဒ အဓိက ပါ ။ သူလုပ်တဲ.အလုပ်ဟာဆိုရင် “
မင်းမပြောနဲ.ငါသိတယ် ဆိုသည်.အပေါက်မျိုးဖြင်.တိုးရစ်ကြီးကဤသို.၀င်ပြော၏ ။
“ သူ.အလုပ်ကစိုက်ပျိုးရေးမဟုတ်လား “
“ မဟုတ်ပါဘူး “
“ သစ်ပင်ဝါးပင်ကျွမ်းကျင်သူ “
“ နိုး “
“ ရုက္ခဗေဒ သုတေသန …. “
“ မဟုတ်ရေးချမဟုတ် “
“ ဒါဆိုသူ.အလုပ်ကဘာလုပ်တာလဲ “
“ မှတ်ထားသူက ဒီလမ်းထိပ်မှာကွမ်းယာရောင်းတယ် ။ 92 ကိုကို ဆိုတာ သူ.ဆိုင်နာမည်ပေါ. “
“ အိုးမိုင်ဂေါဒ်.”
၎င်းနောက်ကျွန်တော်တို.ဆက်လျှောက်လာခဲ.ကြရာ မဟာဗန္စုလပန်းခြံလမ်းထောင်.တွင် တိုက်ပုံအင်္ကျီအနက်ရောင် ၀တ်ထားသောလူများစွာကိုတွေ.ရသဖြင်.မေးပြန်၏ ။

“ အနက်ရောင်ကဘာတွေတုန်းဟ “
“ ဒီတိုက်ပုံတွေကရှေ.နေတွေဝတ်တဲ.တိုက်ပုံပါ ၊ ဟောဟိုကလူဆို L.L.B ဘွဲ.ရပြီးသား “
“ သူကရှေ.နေကြီးပေါ. “
“ ဘယ်ကဟုတ်ရမှာလဲ .. အဆိုတော် ကိုပြာကြီးဆိုတာသူပေါ. “
“ ဟင် … ဘယ်လိုဖြစ်တာလဲ …”
“ ဘာမှမပြောနဲ.လိုက်ကြည်.ဦး “
“ဟောဒါက ဆရာဝန်ဘွဲ.ရပြီးကျောင်းပြီးထားတဲ.လူတွေ ၊ ဒါကဒေါက်တာအောင်ထိပ်တဲ. ၊ ဟောဒီဘက်က ဒေါက်တာချက်ကြီးတဲ. ..သူတို.အလုပ်က ..”
“ ဆရာဝန်တွေဆိုတော. ဆေးကုမှာပေါ. “
“ စာရေးဆရာတွေပါ ..”
“ အိုး ဘုရားသခင် ..ဘယ်လိုဖြစ်သနည်း ..”
ဟိုလိုတွေ ဒီလိုတွေ မပြောလေနှင်. ဆက်လက်လေ.လာ ဖို.လိုသည်ဟုဆိုကာကျွန်တော်လည်းနိုင်ငံခြားသားများနှင်.ခရီးဆက်လာလေ၏ ။ တစ်နေရာ၌ ဆိုင်ကယ်တက္ကစီဆွဲနေသော လူတစ်ယောက်ကိုကျွန်တော်က ရပ်ပြီးနှုတ်ဆက်ရာ နိုင်ငံခြားသားကသေသေချာချာကြည်.ပြီး
“ ဒီတစ်ခါတော.သေချာတယ် … ဒီလူက ဒီလို ဆိုင်ကယ် ဆွဲစားနေတယ်ဆိုတော. သိပ်ပညာမတတ်လို.ဖြစ်ရမယ် “
“ ဒီလူက တက္ကသိုလ်မှာအရင်က သရုပ်ပြဗျ ..နောက်တော. ဆိုင်ကယ်တက္ကစီက ပိုကိုက်တာနဲ.ကျောင်းထွက်ပြီး ဆိုင်ကယ်ဆွဲစားနေတာ …၊ရေပိုက်ပြင်နေတဲ.ပါမောက်္ခတွေတောင်ရှိသေးတယ်”
“ ဟိုက် …. “
ထိုသို.လျှောက်လာရင်း တရားရုံးကြီးရှေ.တွင် လူတို.စုရုံးစောင်းဆိုင်းနေသည်ကိုတွေ.ရသဖြင်.တိုးရစ်ကမေးပြန်သည် ။
“ ဒီလူတွေဘယ်သူ.စောင်.နေတာလဲ ..”
“ တရားသူကြီး မလာသေးလို.စောင်.နေတဲ.အမှုသည်တွေပါ..”
“ တရားသူကြီးကဘယ်ရောက်သွားလို.တုန်း “
“ အိမ်ခြံမြေ အကျိုးဆောင်ပွဲစားသွားလုပ်နေပါတယ် ..မကြာခင်ရောက်လာတော.မှာပါ ..”
“ Oh ! God “
ပြောရင်းဆိုရင်းကျွန်ပ်နှင်. တိုးရစ်များသည် လက်ဘက်ရည်ဆိုင်မှဖွင်.သောရုပ်မြင်သံကြားသတင်းကိုကြည်.ရှုမိလေသည် ။ သတင်းထဲတွင် တပ်မတော်သားများကိုတွေ.၇လေရာ သူတို.ကဘယ်သွားနေကြတာလဲဟု မေးလေ၏ ။
“ သူတို.ကစစ်သင်တန်းဆင်းတွေလား “
“ ဟုတ်ပါတယ် ၊ ပြည်တွင်းက စစ်တက္ကသိုလ်တင်မက ၊ ရုရှားစတဲ.အနောက်နိုင်ငံ စစ်တက္ကသိုလ်တွေအထိသွားရောက်ဆည်းပူးထားသူတွေပါ “
“ ဒါဆိုစစ်ရေးတော်တော်ကျွမ်းကျင်မှာပေါ. ..”
“ ဒါပေါ. တိုက်ရည်ခိုက်ရည်မှာ တော်တော်လေ.ကျင်.ထားကြပါတယ် “
“ ဒါဆို သူတို.က ရှေ.တန်းစစ်မျက်နှာပြင်ကိုစစ်ချီထွက်နေကြတာထင်တယ် ၊ တီဗီကတောင်ပြလို. စစ်ဝတ်စုံအပြည်.နဲ. “
“ မဟုတ်ဘူး လွှတ်တော်တက်မလို. သွားနေကြတာပါ”
“ အိုးမိုင်ဂေါ.ဒ် ဘုန်းကြီးနဲ.ဘီး ၊ စစ်သားနဲ.လွှတ်တော်ဘာဆိုင်လို.လဲ အရပ်ကတို.ရဲ. “
ကျွန်တော်ကမြန်မာနိုင်ငံသည် ထူးဆန်းသည်.နိုင်ငံဖြစ်ကြောင်း ဤနိုင်ငံတွင်လူတို.သည် ကိုယ်.အလုပ်ကိုယ်မလုပ်ပဲ မဆိုင်သည်. ထူးထူးဆန်းဆန်းကိစ္စများကိုလုပ်ကြသည်မှာ နှစ်ပေါင်းများစွာ အခြေတည်နေပြီဖြစ်ကြောင်း ။ ပြောင်းပြန်နိုင်ငံတော်ဟုပင်ခေါ်သင်.ပါကခေါ်ရမည်ဖြစ်ကြောင်း ၊ ထို.ကြောင်.ဘာကိုပဲတွေ.တွေ.မထူးဆန်းစေလိုကြောင်းပြောပြလိုက်ပါသည် ။ထို.နောက်ဆက်လျှောက်လာကြရာရွှေတိဂုံဘုရားကြေးသွန်းဓမ္မာရုံတွင် ဘုန်းကြီးတစ်ပါးသည် မိန်းမတစ်ယောက်အားတစ်တစ်ခွခွဆဲဆိုကြိမ်းမောင်းနေသည်ကိုတွေ.၇လေ၏ ။
“ ဒီလူက ဘယ်သူလဲ စွမ်းအား၇ှင်ဆိုတာ ဒီလူလား “
“ မဟုတ်ပါ ကျွန်တော်တို.နိုင်ငံမှ သီဟသူရ ကိုယ်တော်ဖြစ်ပါတယ် ။ ကုလားနဲ.ငါးအပြုတ်တိုက်ဖို.တရားဟောရင်း ကလော်တုတ်နေတာပါ “
“ ငါက မင်းတို.ဗုဒ္စဘာသာဘုန်းကြီးတွေတရားဟောရင် ပါဠိလိုပဲဟောတယ်မှတ်တာ ..”
“ မြန်မာလိုလဲဆဲပါတယ်ခင်ဗျ (အဲလေ ) မြန်မာလိုလဲ ဟောပါတယ် ခင်ဗျာ …”
“ အိုး မိုင်ဂေါ.ဒ် ….. သိပ်ထူးဆန်းတဲ.တိုင်းပြည်ပါတကား “

သရ၀ဏ်(ပြည်)
Read More...

ဘယ်သူလာကယ်မှာလဲ

Leave a Comment

သရ၀ဏ်(ပြည်)

ကယ်တင်ရှင်ဝါဒကိုကျွန်တော်တို.ကြိုက်ကြသည် ။ ငယ်စဉ်ကအိပ်ယာဝင်ပုံပြင်များတွင် မကောင်းသူပါယ် ကောင်းသူကယ်ဝါဒ ၊ဇောရိုး ၊ စူပါမင်း ၊ စင်ဒရဲလားပုံပြင် များကိုသဘောကျခဲ.ကြသည် ။ ကြီးပြင်းလာသောအခါ ကိုယ်.အားကိုယ်ကိုးကာ နိဗ္ဖာန်မဂ်ဖိုရောက်ဖို.ထက် ဘိုးဘိုးအောင် ၊ဘိုးမင်းခေါင် စသည်တို.၏အမအစကိုခံချင်ကာ ဖြတ်လမ်းမှ လိုက်ချင်သော အချောင်စိတ်သည် အားလုံးရင်မှာမသိမသာကိန်းအောင်းနေပါသည် ။ စီးပွားရေးလုပ်ရာတွင်လည်းကောင်း၊ ဘာသာရေးလုပ်ငန်းလုပ်ရာတွင်လည်းကောင်း၊ လူမှုရေးရာများတွင်လည်းကောင်း အရာရာကိုဖြတ်လမ်းမှလွယ်လွယ်နှင်.ရချင်သည် ။ တစုံတယောက်က တချိန်ချိန်တွင် ကျွန်တော်တို.အားလာကူညီလိမ်.မည်ဟု အမြဲပင်မသိစိတ်ကမျှော်ကိုးနေကြပါသည် ။ ထို.ကြောင်.ပင် မိမိမကြေနပ်ချက်တခုကိုတွေ.သည်နှင်. နေနှင်.ဦးပေါ.ကွာ ၊ဒီတခါအရေးအခင်းထပ်ဖြစ်လို.ဟိုနိုင်ငံကြီးက၀င်လာလို.ကတော. ဒီကောင်တွေခွေးပြေးပြေးရပါပြီ ဟူ၍လည်းကောင်း ၊ ကုလသမဂ္ဂကတော. ဘာဆုံးဖြတ်ချက်တွေချလိုက်ပြီတဲ. ဒီကောင်တွေတော.ကြာကြာခံမည်မထင်စသည်ဖြင်.ပြောတတ်ကြသည် ။ ကျွန်တော်တို.သည် တောက်လျှောက်ထိုသို.မျှော်လင်.ခဲ.ကြသည် ။ ဗုဒ္စမြတ်စွာဟောပြောသော “အတ္တာဟိအတ္တနော နာထော “ မိမိကိုယ်သာ ကိုးကွယ်ရာအစစ်ဖြစ်သည် ဟူသော သင်ကြားချက်ကို သိသိနှင်.မေ.လျော.ခဲ.ကြသည် ။ အကယ်စင်စစ် ဗုဒ္စဘာသာတွင် ဖန်ဆင်း၇ှင်မရှိ ၊ ကယ်တင်ရှင်မရှိ ၊ မိမိပြုမိသောအပြစ်များကို သူတပါးကလာခံ၍ကြေသွားသည်ဟူ၍မရှိ ။ ကိုယ်.အပြစ်ကိုသူများက လာခံပေးရခြင်းဆိုသည်မှာလည်း လူကြီးလူကောင်းဆန်ဆန်တွေးကြည်.လျှင်မဖြစ်သင်.သောကိစ္စဖြစ်သည် ။ သားကပြုလာသော လူသတ်မှုကိုအဖေက အစားဝင်ခံရသလိုရှိသည် ။ အစားဝင်ခံ၍ရသည်ပဲထားဦး တရားမျှတပါ.မလား ဟူသည်တွေးဖွယ်ရှိ၏ ။ ကိုယ်လုပ်တာကိုကိုယ်ဝန်မခံပဲ သူများလွှဲချသော စိတ်ဓါတ်သည်လူ.လောကကြီးအတွက်ကောင်းမွန်ပါ.မလား ။ စိတ်ဓါတ်ခိုင်မာသူသည် ကိုယ်.အပြစ်ကိုကိုယ်တာဝန်ယူရဲရမည် ။ ကိုယ်လုပ်တာကိုယ်ခံရဲရမည် ။ မည်သူမဆို ကိုယ်စိုက်ပျိုးတာကိုယ်ရိတ်သိမ်းရပေလိမ်.မည် ။ ကိုယ်ပြုခဲ.သော ကောင်းမှုကံ ၊မကောင်းမှုကံသည်သာကိုယ်.ထံသို. အရိပ်ပမာထပ်ကြပ်လိုက်ပါလာပေလိမ်.မည် ။ အကယ်စင်စစ် ဤကမ္ဘာလောကကြီးတွင် မည်သူ.ကိုမည်သူကမျှကယ်တင်နိုင်သည်မဟုတ် ။ ကယ်နိုင်သည်ဆိုခြင်းမှာလည်း အပြောသက်သက်သာဖြစ်ပေသည် ။ ကိုယ်ပြုသမျှကိုကိုယ်သာခံရ ၊စံရမည်ဖြစ်သည် ။
ကျွန်တော်တို.သည် ၁၈.၉.၁၉၈၈ မှစကာ အာဏာသိမ်းစစ်အစိုးရလက်အောက်သို.ကျရောက်ခဲ.ကြသည် ( ၂.၃.၁၉၆၂ ကတည်းက ကျနေခြင်းလည်းဖြစ်ပါ၏)။ ထိုစဉ်မှစကာ ကျွန်တော်တို.သည် စစ်အာဏာရှင်စနစ်လက်အောက်မှလွတ်မြောက်အောင် ပြည်တွင်းပြည်ပ မှ တက်ကြွလှုပ်ရှားသူများကကြိုးစားခဲ.ပါသည် ။ မြို.ပေါ်နိုင်ငံရေး ၊ လက်နက်ကိုင်တောတွင်းနိုင်ငံရေး၊ ပြည်ပရောက်နိုင်ငံရေးအင်အားစု စသည်ဖြင်. အဖွဲ.သုံးဖွဲ.ခွဲကာစစ်အစိုးရကိုတော်လှန်ပုန်ကန်ခဲ.ကြသည် ။ဆန်.ကျင်ခဲ.ကြသည် ။ စစ်အစိုးရလက်အောက်မှရုန်းထွက်နိုင်အောင်ကြိုးစားခဲ.ကြသည် ။ ၎င်းတို.အနက် ပြည်တွင်းမြို.ပေါ်နိုင်ငံရေးနည်းသည်သာအထိရောက်ဆုံးဖြစ်သည် ။ တောထဲတွင်လက်နက်ကိုင်တိုက်နေတာ အနှစ် ၆၀ ပင်ကျော်လာသော်လည်း မည်သည်.အဖွဲ.ကမျှ ထိရောက်သောအောင်ပွဲမဆင်နိုင်ပေ ။ နိုင်ငံခြားတွင်ရောက်နေသော နိုင်ငံရေးအဖွဲ.ပေါင်းစုံသည် နိုင်ငံပေါင်းစုံ၊အဖွဲ.ပေါင်းစုံနှင်.ဆက်သွယ်ဆောင်ရွက်ပါသော်လည်း စိုးရိမ်မကင်းဖြစ်သည် တို.၊စောင်.ကြည်.နေပါသည်တို. ၊ စိတ်ဓာတ်ရေးရာအားပေးနေပါသည်တို.စသော မရေမရာ သံတမန်စကားလှလှလေးတွေကလွဲလျင် မည်သည်.အကူအညီမျှထိထိရောက်ရောက်မရဖူးပေ ။ ထို.ကြောင်.မြန်မာ.နိုင်ငံရေးကိုအဓိကအဆုံးအဖြတ်ပေးမည်မှာ ပြည်တွင်းနိုင်ငံရေးအင်အားစုဖြစ်သည် ။ မြန်မာ.သမိုင်းကိုပြန်ကြည်.လျှင် ပြည်တွင်းအင်အားစုများနှင်.ပဲ နိုင်ငံတော်၏အဓိကအပြောင်းအလဲများဖြစ်ခဲ.ခြင်းဖြစ်ပြီး ပြည်ပက၀င်လာသဖြင်.ပြောင်းလဲတာဆို၍ အင်္ဂလိပ်ဝင်လာသဖြင်. မြန်မာ.ပဒေသရာဇ်စနစ်ပျက်သုဉ်းသွားခြင်းနှင်. ဂျပန်ဝင်လာသဖြင်. အင်္ဂလိပ်တို.မြန်မာ.မြေမှဆုတ်ခွာသွားခြင်းသာရှိသည် ။ ကျန်သောအပြောင်းအလဲဟူသမျှသည် ( လွတ်လပ်ရေးရခဲ.တာအပါအ၀င် ) ကိုယ်.ပြည်တွင်းမှာပဲလုပ်ယူခဲ.ကြရခြင်းဖြစ်သည် ။ ဆိုလိုသည်ကား တနေ.တော.ကောင်းလာလိမ်.နိုးနှင်. ကယ်တင်ရှင်ထိုင်မျှော်နေလို.ကတော. ဘယ်တော.မှသူ.အလိုလိုကောင်းလာဖွယ်မမြင် ၊ နည်းနည်းရလျင်နည်းနည်း ၊များများရလျင်များများ ပြည်တွင်းမှတွန်းနေဖို.လိုသည် ။ တကယ်.အပြောင်းအလဲများသည် ပြည်တွင်းမှတွန်းရာမှရွေ.လာခြင်းဖြစ်သည် ။ ကျွန်တော်တို.သည် ဘာမှမပြောခဲ.လျင်ဘာမှရမည်မဟုတ် ။ ဆယ်ခွန်းပြော၍တခွန်းအောင်သည်ဆိုလျှင်ပင်အဆက်မပြတ်ပြောကြရမည်ဖြစ်သည် ။
ဖွဲ.စည်းပုံအခြေခံဥပဒေသည် မကောင်းဆိုသည်.တိုင် ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ခက်ခဲနေဆဲဆိုသည်.တိုင် ဘောင်ထဲကလုပ်လို.ရတာတွေကို လုပ်ဖို.လိုသည် ။ ၇၅% ကျော်ဖြင်.ပြင်ဆင်ရန်မလိုအပ်သော ပုဒ်မများတွင် လွှတ်တော်ထဲ၌ ဒီမိုကရေစီဘက်တော်သား အများစုအားဖြင်. လွှမ်းမိုးလုပ်ကိုင်၍ရတာတွေရှိသည် ။ဖွဲ.စည်းပုံထဲတွင်မပါသေးသောဥပဒေတွေထပ်ထည်.လို.ရသည် ။ ယခုပင်လျင် လွှတ်တော်ကိုယ်စားလှယ်များလစာ ၁၀ သိန်းစီ ၂၀၁၅ ဧပြီလမှစကာ ယူမည်.ကိစ္စသည် တပ်မတော်သားများကန်.ကွက်သည်.ကြားမှု အတည်ပြုလိုက်နိုင်လေပြီ ။ တလဆယ်သိန်းကို ရွေးကောက်ခံကိုယ်စားလှယ်များကိုပဲပေးမည် ။ ရွေးကောက်ခံမဟုတ်သော (လွှတ်တော်အတွင်းမှတပ်မတော်သားများ) ခံစားခွင်.မရှိဟူသောသဘောကိုပြဌာန်းလိုက်နိုင်ပြီဖြစ်သည် ။ ဟုတ်သည်ရှိမဟုတ်သည်ရှိ ဤသို.တပ်မတော်သားများကန်.ကွက်သည်.ကြားမှ ဥပဒေတခုပြဌာန်းနိုင်ခြင်းသည်ကောင်းသောနမူနာဖြစ်၏ ။ နောက်နောင်တွင်လည်း သူတို.၂၅% မဲဖြင်.ရပ်တန်.၍မရသောပုဒ်မများကိုဆက်ကာဆက်ကာပြဌာန်းသင်.ပေသည် ။ ဥပမာ ဘတ်ဂျက်ချထားပေးရာတွင် ကာကွယ်ရေးအသုံးစားရိတ်ကိုဖြတ်တောက်ခြင်း ၊ ပညာရေးနှင်.ကျန်းမာရေးဘတ်ဂျက်ကို မြှင်.တင်ခြင်း ၊ အစိုးရရုံးဌာနများတွင်တပ်မတော်အငြိမ်းစားများဝင်ရောက်နေရာယူနေခြင်းကိုဥပဒေပြဌာန်းပြီးရှင်းထုတ်ပစ်ခြင်း စသည်တို.ကိုပြည်ထောင်စုလွှတ်တော်မှမဲအများစုဖြင်.ဆောင်ရွက်၍ရ၏ ။ ထိုသို.ဆောင်ရွက်ရန် ပုဒ်မ ၄၃၆ ကိုပြင်စရာမလိုပေ ။ စစ်အာဏာရှင်စနစ်ကြီးစိုးနေခြင်းကို တတ်နိုင်သလောက် ဖွဲ.စည်းပုံဥပဒေကခွင်.ပြုသလောက် မီးကုန်ယမ်းကုနကန်.ကွက် ဆောင်ရွက်ရပေမည် ။ ထိုသို.ဆောင်ရွက်နိုင်ရန် လွှတ်တော်ထဲတွင် အမတ်နေရာများများရှိဖို.လိုသည် ။ ဆိုလိုရင်းမှာရွေးကောက်ပွဲတွင် ဒီမိုကရေစီဘက်တော်သားများ အရွေးခံရဖို.လိုသည် ။ စားဖားများနိဂုံးချုပ်သွားဖို.လိုသည် ။ အစဉ်အဆက် ဂုတ်သွေးစုတ်လာသူများ ခေါင်းပြန်မထောင်နိုင်အောင်ညီညီညွတ်ညွတ်လုပ်ဖို.လိုသည် ။ ဖွဲ.စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ အလွန်တွင်ဆက်ကြိုးပန်းသွားလို.ရသည် ။ အရေးကြီးသည်က ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီဘက်တော်သားများအောင်ပွဲခံနိုင်ရန်ဖြစ်သည် ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေသည်မည်မျှဆိုးသည်ဖြစ်စေ သူ.အရိုးနှင်.သူ.ထိုးသောအကွက်များလည်းပေါ်လာမည်ဖြစ်သည် ။ ထိုင်၍ ညဉ်းနေ၍မရ ။ မပါဝင်ဘူးဟုသပိတ်မှောက်နေ၍မရ ။၁၉၆၂ မှစကာ အကြိမ်ကြိမ်ရှုံးနိမ်.ခဲ.သောပြည်သူလူထုကိုကယ်တင်ရန် တိုင်းရင်းသားလုပ်သားပြည်သူအားလုံးမှာတာဝန်ရှိသည် ။ ကျွန်တော်တို.အားလုံး၏ အဓိကတာဝန်မှာ မကောင်းသောလူကိုပလ္လင်ပေါ်မှချဖို.ဖြစ်ပြီး ၊ ဒုတိယတာဝန်မှာကောင်းသောလူကိုရာဇ ပလ္လင်ပေါ်တင်ဖို.ဖြစ်သည် ။ ဟိုလူလာကယ်နိုးနိုး ၊သည်လူလာကယ်နိုးနိုးလုပ်နေ၍မရတော.ပေ ။ကျွန်တော်တို.သည်ကိုယ်.ကိုယ်ကိုယ်ကယ်တင်ရမည်ဖြစ်သည် ။
မြန်မာပြည်အန.ှံကျွန်တော်လျှောက်သွားခဲ.စဉ်အတွင်းတွေ.ရသည်မှာ မြန်မာပြည်သည် “ဆင်ပိန်ကျွဲ “ဆိုသလို သဘာဝသယံဇာတအရင်းအမြစ်များစွာကျန်သေးသည် ။ တောင်တွေများစွာရှိသေးသည် ၊ တောတွေများစွာရှိသေးသည် ။ မြစ်ချောင်းရေသယံဇာတတွေရှိသေးသည် ။မြေလွတ်မြေရိုင်းများစွာကျန်သေးသည် ။ လက်ဖြင်.တူးလိုက်တာနှင်. ရေနံထွက်သည်.နေရာကထွက်နေသည် ။ လက်ဖြင်.တူးတာနှင်.ကျောက်မီးသွေးထွက်သည်.နေရာတွေကိုပင်မြင်ခဲ.ရသည် ။ ရွာသားများသည်တနိုင်တပိုင်တူးနေကြ၏ ။ မြန်မာသည်လူမမာတယောက်နှင်.တူသည် ။လူနာသည် အသက်ပြင်းသည် ။ ဆရာကောင်းနှင်.ကုလိုက်လျင် ပြန်လည်ပြီးကျန်းမာသန်စွမ်းကာငုတ်တုတ်ထထိုင်နိုင်မည်.အခြေအနေရှိသည်။ လက်ရှိရမ်းကုလက်ထဲတွင်ဆက်ထားလျှင်မူကားလုံးတဖြည်းဖြည်းလုံးပါးပါးဖွယ်ရှိသည် ။ ဆရာများသားသေဆိုသလို ၁၉၆၂ ကစ၍တိုက်ခဲ.သောဆေးခါးကြီးဒဏ်ကြောင်.လူမမာမှာမျော.မျော.ပဲရှိတော.သည် ။ နောက်ဆုံးထွက်သက်မရောက်ခင် ဆရာကောင်းသမားကောင်းပင်.၍အမြန်ဆုံးကယ်တင်ကြဖို.ဖြစ်သည် ။ တခြားရွာမှရောက်လာမည်.အကူအညီအကယ်အပံ.များကိုလည်း မစားရ၀ခမန်းမျှော်ကိုးနေ၍မရပါပြီ ။ ကျွန်တော်တို.နိုင်ငံကို မြေပေါ်မြေအောက်သယံဇာတများပြောင်သလင်းခါအောင်ကျသွားပြီဟုစိတ်ပျက်အားလျှော.နေခဲ.သော်လည်း မကြာသေးမီရက်များအတွင်းက ကျွန်တော်ဧည်.လမ်းညွှန်အဖြစ်လိုက်ပါဆောင်ရွက်ပေးခဲ.ရသော အစ္စရေးနိုင်ငံသားဂျူးလူမျိုးလေးယောက်နှင်.တွေ.သောအခါ သဲကန္တာရမှလွဲ၍ဘာမှမရှိသော သူတို.နိုင်ငံနှင်.စာလျင် မြန်မာနိုင်ငံသည် သစ်ပင်တောတောင်တွေစိမ်းစိုလျက် ဘုရားသခင်ကပေးထားသော ဧဒင်ဥယျာဉ်ပါဟုပြောသွားပါသည် ။ ထိုဧဒင်ဥယျာဉ်ပိုင်ရှင်တို.သည် စိတ်ပျက်အားငယ်ကာ ကယ်တင်ရှင်ရောက်လာမည်.နေ.ကိုထိုင်မစောင်.အပ် ။ ကိုယ်.အားကိုယ်ကိုးကာ အဆပေါင်းများစွာကြိုးစားကြလျင်မူကား သဲကန္တာရထဲမှ ဘာမှမ၇ှိသည်.နိုင်ငံပင် ဖွံ.ဖြိုးပြီးနိုင်ငံတနိုင်ငံအဖြစ်ရောက်ရသေးရာ ကျွန်တော်တို.သည်ဘာကြောင်.မဖြစ်ရမည်နည်း ။ ရှမ်းပြည်နယ်အတွင်း ပလောင်တိုင်းရင်းသားများ၏ စိုက်ခင်းများရှိရာ သို. အလည်ရောက်ခဲ.စဉ် သူတို. ရွာ၊သူတို.အိမ်နှင်. သူတို.လူနေမှုစနစ်ကိုအနီးကပ်ကြည်.ခွင်.ရခဲ.သည် ။ ပလောင်သည်ချမ်းသာနေလေပြီ ။ သူတို.အိမ်များသည် ကျောက်တုံးများနှင်.သပ်သပ်ရပ်ရပ်ဆောက်ထားသော နှစ်ထပ်တိုက်များဖြစ်သည် ။ လက်ဖက်နှင်.လိမ္မော် ၊ ဂေါ်ဖီထုတ်များမှဝင်ငွေကောင်းသောကြောင်.ရွာသားများအားလုံးလူနေမှုအဆင်.မြင်.နေကြသည် ။ မနက်စောစောတောင်ယာသို.လာသောအခါ အားလုံးသည် ဆိုင်ကယ်များဖြင်.လာကြသည် ။ ထို.နောက်ဆိုင်ကယ်ကိုလမ်းဘေးတွင်ရပ်ကာ တောင်ယာခင်းထဲသို.ဆင်းသွားတော.သည် ။ ပလောင်တောင်တက်ရာတွင်အမြဲပါလေ.ရှိသော ပလိုင်းလေးတွေထဲတွင် ယခုအခါမပါမဖြစ် ဟန်းဖုန်းလေးတွေကိုယ်စီနှင်.။ ပလောင်လုံမပျိုများသည် တောင်ယာစိုက်ခင်းမှခေတ္တအနားယူစဉ် ဟန်းဖုန်းလေးတွေကိုယ်စီ ကြည်.နေကြသည် ။ တောင်ပေါ်မှာကပ်သီးကပ်သပ်အချို.နေရာများမှာ MPT အင်တာနက်လိုင်းမိနေသည် ။ ကျွန်တော်ပင်တောင်တက်ရင်း ရှုခင်းဓါတ်ပုံတပုံချက်ချင်းရိုက်ကာ ဖေ.စ်ဘွတ်တင်လိုက်သည် ။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် အုပ်ချုပ်သူများ စီမံခန်.ခွဲမှုအလွဲများကြောင်.ဆင်းရဲသွားရခြင်းဖြစ်ရာ ကြိုးစားလျင်ပြန်ချမ်းသာလာနိုင်သည် ။ ပေါ်လစီမှန်ဖို.လိုသလို ၊ လူတို.ကြိုးစားဖို.လိုသည် ။ လူကောင်းသူကောင်းတက်ဖို.လိုသလို ၊ ပြည်သူတွေကကြိုးစားဖို.လိုသည် ။ ဘိုးဘိုးအောင်တဘောင်နှင်.ပေါ်လာကာ အားလုံးကိုမစဖို.၊ ရှင်အဇ္ဖဂေါဏကြီးရွှေတွေငွေတွေလိုက်ပေးမည်.နေ.သည်ကားမည်သို.မှရောက်လာနိုင်မည်မဟုတ် ။ ရှမ်းပြည်နယ်မှတောင်သူတွေ စတင်ချမ်းသာလာတာကိုနမူနာယူပြီးပြောရလျင် တောင်ယာသမားများသည် ကိုယ်လုပ်ချင်သလောက်တောင်ယာမြေကို သဘာဝဆီမှအဆီးအတားမရှိရနိုင်သည် ။ လူအင်အားရှိလျင် ခြုံရှင်းမြေညှိကာ၊ယာတကွက်ဖော်ထုတ်ယူလိုက်ရုံပဲဖြစ်သဖြင်. ယာလုပ်သူတိုင်းယာပိုင်ကြသည် ။ကိုယ်ပိုင်မြေလွယ်ကူစွာရသဖြင်. ဈေးကောင်းရမည်.နှစ်ရှည်ပင်များကိုစိုက်ပျိုးနိုင်သည် ။ ထိုအပင်များမှထွက်ကုန်ရလာတော. ၀င်ငွေရသည် ။လူနေမှုစနစ်မြင်.လာသည်။ သူတို.တွင်စိုက်ပျိုးစရာမြေသာလုံလုံလောက်လောက်မရှိဘူးဆိုလျင် ထိုသို.သော ကောင်းကျိုးတွေ ရလာမည်မဟုတ် ။ မြန်မာပြည်မကြီးဝယ် လူတစုက မြေယာအများစုကိုလက်ဝါးကြီးအုပ်ထားသော စနစ်ဖြစ်ပေါ်နေသည် ။ ရှမ်းပြည်နယ်မှာလိုသာလွတ်လွတ်လပ်လပ် စိတ်ရှိတိုင်းထွန်ယက်စိုက်ပျိုးခွင်.ရခဲ.လျှင် တောင်သူလယ်သမားများအားလုံး စီးပွားရေးတွေ အလွန်ကောင်းလာကြပြီး ပဒေသာပင်မြေကပေါက်သည်.ကိန်းဆိုက်လာပေမည် ။ထိုသို.ဖြစ်အောင် လယ်သမားများဘက်ကကာကွယ်ပေးသောမြေယာဥပဒေများထွက်ပေါ်လာဖို.လိုသည် ။ ထိုသို.ဥပဒေကို ပြည်ထောင်စုလွှတ်တော်က (တပ်မတော်သားကိုယ်စားလှယ်များမပါသည်.တိုင် ) လုပ်ဆောင်နိုင်စွမ်းရှိသည် ။ ထို.ကြောင်.ကျွန်တော်တို.သည် တခုမရသည်နှင်.ခြေကန်၍ငိုယိုနေ၍မရ ။စိတ်ပျက်နေ၍မရ ။ ဘယ်သူကယ်ပါ ။ ဘယ်ဝါကယ်ပါလုပ်နေ၍မရ ။ ပြသနာများကိုကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းမှရပေလိမ်.မည် ။ အရာရာတော.ခနအတွင်းပြေလည်သွားမည်မဟုတ် ။ စိတ်ပျက်လက်လျှော.နေခြင်းဖြင်.လည်းကောင်းသောအဖြစ်သို.ရောက်မည်မဟုတ် ။ ကိုယ်.နိုင်ငံကောင်းအောင်ကိုယ်သာတာဝန်အရှိဆုံဖြစ်သည် ။
လွန်ခဲ.သောရက်အနည်းငယ်က ကုလသမဂ္ဂလူ.အခွင်.အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီးကို ဆရာတော်တပါးက ရုန်.ရင်းသောအသုံးအနှုန်းတခုဖြင်.ရေရွတ်ပြောဆိုလိုက်သည်ဟု သိရသည် ။ အမျိုးဘာသာ သာသနာကိုစောင်.ရှောက်သောပုဂ္ဂိုလ်အဖြစ်လက်ခုတ်တီးသူများလဲရှိသည် ။ ရိုင်းပျမှုအတွက်လက်သင်.မခံသူများကပိုများသည် ။ ကျွန်တော်.အယူအဆကိုပြောရလျင် ကျွန်တော်တို.နိုင်ငံ၏အပြောင်းအလဲကို ယန်ဟီလီးသည်လာလုပ်မည်.သူမဟုတ် ။သူလုပ်နိုင်သည်က အကြံပြုချက်တင်သွင်းခြင်းသာဖြစ်၏ ။ မြန်မာနိုင်ငံကိုကုလသမဂ္ဂသည် ဘာလုပ်မည်ညာလုပ်မည် စသည်ဖြင်.ဟန်ရေးပြနေသော်လည်းတကယ်တမ်းတွင်မြန်မာကပြည်ပနိုင်ငံတခုခုကိုစစ်ရေးအရ၀င်ရောက်မ ကျူးကျော်မချင်း U.N သည် ဘာမှဝင်ရောက်စွက်ဖက်နိုင်သည်မဟုတ် (ယူကရိန်းကိုရုရှားကျူးကျော်တာပင်ဘာမှမတတ်နိုင်ပဲကြည်.နေရသေးသည်) ထို.ကြောင်.ကျွန်တော်တို.သည် U.N နှင်.ရန်ဖြစ်စရာမလို ။ အမျိုးသမီးတယောက်ကိုဆဲစရာမလို ။ ဈေးထဲတွင်ရန်ဖြစ်သလိုလုပ်နေစရာမလို ။ အစ္စရေးနိုင်ငံသည် ဟားမတ်(စ်)များကို အကြမ်းဖက်တံဆိပ်တပ်ကာ စိတ်ထင်သလိုသတ်ဖြတ်နှိမ်နှင်းနေသည်ကို ကုလသမဂ္ဂအပါအ၀င်တကမ္ဘာလုံးမှကြည်.နေရတာပဲမဟုတ်လား ။ အစ္စရေးသည် ယန်ဟီလီကိုဆဲမနေ ။ထို.ထက်ထိရောက်သောနည်းဖြင်. တရားမ၀င်ဝင်ရောက်လာသောအစ္စလာမ်မစ်-စစ်သွေးကြွများကိုခပ်ကြမ်းကြမ်းတုန်.ပြန်သည်။ ရေကြောင်း၊လေကြောင်းကြည်းကြောင်းမှစစ်ဆင်ရေးလုပ်တိုက်ခိုက်သည်။မြန်မာသည်ဒါကိုအတုယူရမည် ။ရခိုင်ဒေသတွင်ပြင်းထန်သောစစ်ဆင်ရေးလုပ်သင်.သည်။ ကုလသမဂ္ဂနှင်.ဖက်ပြိုင်ငြင်းခုန်ဆဲဆိုမနေနှင်. ။ မြန်မာနိုင်ငံနှင်.ဗုဒ္စဘာသာသိက္ခာကျသည်ကလွဲ၍ သင်တို.ကာကွယ်ချင်နေသောအမျိုးဘာသာ သာသနာဆိုတာကိုထိထိရောက်ရောက်ကာကွယ်နိုင်မည်မဟုတ် ။ ရန်ဖြစ်ဆဲဆိုခြင်းကိုမပြုပဲ တင်းကြပ်သောပြည်တွင်းဥပဒများဖြင်. တရားမ၀င်ခိုးဝင်မှု ၊အကြမ်းဖက်မှုတို.ဖြင်. ကိုင်တွယ်၍ရ၏ ။ ရိုဟင်ဂျာဆိုသူများ R.S.O သောင်းကျန်းသူအဖွဲ.နှင်.ဆက်နွယ်ကြောင်းသက်သေအထင်အရှားပြနိုင်လျင် ယန်ဟီလီရှေ.မှာပင်ထိုသူများကို အကြမ်းဖက်မှုပုဒ်မဖြင်. ဥပဒေအရကွက်မျက်သုတ်သင်၍ရ၏ ။ အစ္စရေးသည်ဤအတိုင်းပင်လုပ်ခဲ.၏ ။ ပြည်.အင်အားသည်ပြည်တွင်းမှာပင်ရှိ၏ ။ ဥပဒေကိုမှန်မှန်ကန်ကန်ထိထိရောက်ရောက်သုံးတတ်ဖို.ပဲလိုသည် ။ ကိုယ်.အင်အားကိုကိုယ်တိုင်မှန်မှန်ကန်ကန်အသုံးမချတတ်သောအခါ နိုင်ငံတကာအမြင်တွင် ရုန်.ရင်းကြမ်းတမ်းစွာဆဲဆိုခြင်းမှတပါး ဘောင်ဝင်အောင်မဆောင်ရွက်တတ်သော အရိုင်းအစိုင်းသဖွယ်ထင်မြင်ယူဆသွားတတ်၏ ။ တကယ်တော. ကုလသမဂ္ဂကဘာပြောပြော ကိုယ်.ပြည်တွင်းရေးကိုကိုယ်တိုင်သာဆုံးဖြတ်ချက်ချရမည်ဖြစ်သည် ။ တရုတ်ပြောသည်ကိုလည်းနားယောင်ဖို.မလို ၊ ဘင်္ဂလားဒစ်ရှ်ပြောတာကိုလည်းနားယောင်ဖို.မလို ။ U.N ပြောတာလည်း နားယောင်ဖို.မလို ။သူတို.ပြောတာကိုစိတ်ဆိုးဖို.လည်းမလို။ မြန်မာ.အရေးတွင် မည်သူမှလာကယ်တင်မည်မဟုတ် ။ သိကြားမင်းသည်နားကင်းကြီးနှင်.မြန်မာပြည်သို.ဆင်းလာကာ မကောင်းသူပါယ်ကောင်းသူကယ်မည်မဟုတ် ။ဘိုးဘိုးအောင်နှင်.ဘိုးမင်းခေါင်လည်းကယ်မည်မဟုတ် ။ တကယ်တော.မြန်မာပြည်ကိုမြန်မာများသာကယ်နိုင်ရမည်။ အကောင်းအဆိုးအားလုံးသည်ကျွန်တော်တို.လက်ထဲမှာပင်ရှိနေ၏ ။ ထိုအခွင်.အရေးကို အတိုက်အခံနှင်. တိုင်းရင်းသားပြည်ထောင်စုသားအားလုံးသည် ထိထိရောက်ရောက်အသုံးချတတ်ပါစေသတည်း။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
3.2.2015
Read More...

သဲကုန်းမြို့နယ်တွင်တတိယတန်းကျောင်းသားတစ်ဦးကြိုးဆွဲချသေဆုံး

Leave a Comment


ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ပွေးယားရွာ၊အခြေခံပညာမူလတန်းကျောင်း တတိယတန်းတွင်ပညာသင်ကြား လျက်ရှိသော အသက်(၉)နှစ်အရွယ်ရှိ မောင်ဝေသူကျော်သည် လည်ပင်းတွင်ကြိုးကွင်းစွပ်၍ ဇန်န၀ါရီ ၂၅ ရက် နေ့၌သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဖြစ်စဉ်မှာ မောင်ဝေသူကျော်သည် ၎င်းနေထိုင်ရာရွာထိပ်ဘုန်းတော်ကြီးကျောင်းအနီးရှိ မန်ကျီးပင်နေရာ တွင်တစ်ဦးတည်းဆော့ကစားနေခဲ့ပြီး၊ညနေ(၄)နာရီအချိန်ခန့်၌ အမြင့်(၈)ပေခန့်ရှိသော မန်ကျီးကိုင်းတွင်ချည် ထားသည့် လက်သန်းလုံးခန့်ရှိနိုင်လွန်ကြိုးနှင့်လည်ပင်း၌ကြိုးကွင်းစွပ်လျက် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းသားငယ်မှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးခဲ့ပြီး၊သဲကုန်းမြို့မရဲစခန်းတွင်
 သေမှုသေခင်းအမှတ် ၃/၂၀၁၅ ဖြင့်ဖွင့်လှစ်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း၊ယခုကြိုးဆွဲချသေဆုံးမှုအပါအ၀င် ၂၀၁၅ ဇန်န၀ါရီလအတွင်း ပြည်ခရိုင်တွင် သေမှုသေခင်း (၉)မှုရှိခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မောင်မဲ(ပြည်)
Read More...

ပြည်မြို့အထက်ပိုင်း သောင်တူးခြင်း၊ ကျောက်စီရေကာတာပြုပြင်ခြင်း ကျပ်သန်း၃၆၀ကျော်ဖြင့် ဆောင်ရွက်မည်

Leave a Comment



    သီဟလွင် (ပြည်)

ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် သောင်တူးခြင်းနှင့် ကျောက်စီရေကာတာပြုပြင်ခြင်းကို ဘတ်ဂျက်ကျပ်သန်း ၃၆၀ ကျော်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု များပြားလာခြင်းကြောင့် ပဲခူးတိုင်းအတွင်း သောင်တူးဖော်ရန်၂၀၁၄- ၂၀၁၅ ဘဏ္ဍာ ပြည်ထောင်စုဘတ်ဂျက်ငွေ (၈၄)သန်းနှင့် ကျောက်စီရေကာတာများပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ငွေ(၂၈၇)သန်းကို အသီးသီးအသုံးပြုပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။

“အခုလုပ်နေတဲ့ အဓိကရည်ရွယ်ချက်ကတော့၊ ပြည်ဘက်က ကမ်းကမ်းပါးတွေ ပြိုကျတာတွေနဲ့ ရေစီးရေလာ ကောင်းမွန်ရေး ရွှေဘုံသာသောင်ကြီး တူးဖော်ရေးရည်ရွယ်ပြီး ပြုလုပ်နေတာပါ။ ဒီနှစ်ဘတ်ဂျက်ထဲမှာ အပြီး သတ်ဆောင်ရွက်သွားမယ်။” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန မြို့နယ်ဦးစီး မှူး ဦးအောင်ကျော်လွင်ကပြောသည်။

ရွှေဘုံသာသောင်တူးခြင်း လုပ်ငန်းများနှင့် အတူ အမြင့်(၆)ပေ ရှိပြီး အရှည်မီတာ(၁၅၀)၊ မီတာ(၂၅၀)၊ မီတာ(၃၇၅)အစစီရှိသည့် ကျောက်စီရေကာတာသုံးခုကိုလည်း တပြိုင်နက်ဆောင်ရွက်ခြင်းကို ဇန်န၀ါရီလ တတိယအပတ်မှ စတင်ကာမတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်မြို့အထက်ဘက် ဧရာဝတီမြစ် စတုတ္ထမြစ်ကျဉ်းအနီး မြစ်ကွေ့အကျော်တွင် ရေစီးကြောင်းမှ အရှိန်ဖြင့် ပြည်မြို့ဈေးကြီးဆိပ်အား ရေဦးထိုးလာပြီး တဖြည်းဖြည်းကမ်းပါးများပြိုခြင်းအား ကာကွယ်ရန် အထက်ဘက်  ၄ မိုင် အကွာမြရွာကျေးရွာနီးမှ ကျောက်စီရေကာတာများ ပြုလုပ်ကာ ရေလမ်းကြောင်းအား ရွှေဘုံသာ
 သောင်ကြီးရှိရာသို့ လမ်းကြောင်းလွှဲရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သောင်ထွန်းမှုမှာ တစ်နှစ်ထက်တစ်နှစ်များပြားလာပြီး ရေလမ်းကြောင်းများ ပိုမိုကျပ်တည်းလာခြင်းတို့ကြောင့် သောင်တူးခြင်းများအပြင် ရေယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းရေးအတွက် ကမ်းပေါ်ပြ အမှတ်အသား၊ရေပေါ်ပြအမှတ်အသားစသည့် ရေလမ်းပြအမှတ်အသားများ ပြုလုပ်ပေးစေချင်ကြောင်း ဧရာဝတီမြစ်အတွင်းရေကြောင်းသွားလာရေး ပြုလုပ်နေသော သင်္ဘောမောင်းသူများကပြောသည်။

ရွှေဘုံသာသောင်ကြီးကိုလည်း သောင်တူးစက်ဖြင့် ရေလမ်းကြောင်းထိုးခွဲထားမည်ဖြစ်ပြီး အထက်ကျောက်စီ ရေကာတာမှ လမ်းကြောင်းလွှဲလိုက်သောရေအားဖြင့် သောင်ကြီးကိုထပ်မံထိုးခွဲသွားမည်ဖြစ်ကာကမ်းပါးပြိုခြင်း သက်သာသွားမည့်အပြင် ရေစီးရေလာပါကောင်းမွန်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှတာဝန်ရှိသူများကပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း ရေကြောင်းကျပ်တည်းသည့် ကာလများမှာ ရေကျချိန်ဖြစ်သော နိုဝင်ဘာလမှ မေလအထိ ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက်ရေနည်းခြင်း
 သောင်ခုံများ အများအပြားဖြစ်ပေါ်ခြင်းများရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် ကျောက်စီရေကာတာပြုပြင်ခြင်းကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Shwe Myitmakha Media Group
Read More...

နတ်တလင်းမြို့ဘူတာရုံတွင်ဘိန်းဖြူဟုယူဆရသောအမှုန့်(၆.၂၅)ဂရမ်ဖမ်းဆီးရမိ

Leave a Comment


သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်တွင် ဇန်န၀ါရီ ၂၄ ရက်နေ့၊ညဉ့်နက် ၁၊၃၀ အချိန်ခန့်၌ ပြည်မှ ရန်ကုန်ဘက်သို့ထွက်ခွါမည့် အမြန်ရထားအား ဘူတာရုံထိုင်ခုံတွင်ထိုင်၍ စောင့်ဆိုင်းနေသူတစ်ဦးကိုရဲတပ်ဖွဲ့ဝင် ၀င်များ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ရပ်မိရပ်ဖများမှ မင်္သကာသဖြင့် ရှာဖွေစစ်ဆေးရာ ဘိန်းဖြူဟုယူဆရ သောအဖြူရောင်အမှုန့်များအား ရှာဖွေတွေ့ရှိခဲ့ကြောင်း နတ်တလင်းမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာဘူတာရုံတွင်စောင့်ဆိုင်းနေသည့် အသက်(၂၇)အရွယ်ရှိ၊လှိုင်မျိုးဝင်း ဆိုသူရှမ်းပြည်နယ် မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊နဘူးရွာသစ်နေထိုင်သူအား မင်္သကာသဖြင့်၊၎င်းလွယ်ထားသော I.MAX တံဆိပ်ပါ၊ ခရီးဆောင်ကျောပိုးလွယ်အိတ်အား ရှာဖွေခဲ့ရာ၊LIPPO ပုလင်းအတွင်းဘိန်းဖြူဟုယူဆရသော အဖြူရောင်အ မှုန့်(၆.၂၅)ဂရမ်နှင့်ဂက်စ်မီးခြစ်(၃)လုံး၊ငွေရောင်စီးကရက်ခဲစက္ကူ(၁)ရွက်၊ခဲစက္ကူအပိုင်း(၄)ခု၊မှတ်ပုံတင်(၁)ခု၊ ဂျင်းအကျီင်္(၁)ထည်၊ပုဆိုး(၁)ထည်၊ဘောင်းဘီအတို(၁)ထည်၊တို့အားတွေ့ရှိ၍ ရှာဖွေပုံစံဖြင့်သိမ်ဆည်းခဲ့ကြောင်း သိရသည်။

၎င်းနောက် ဘိန်းဖြူဟုယူဆရသောအမှုန့်များနှင့်ဆက်စပ်ပစ္စည်းများအား လက်ဝယ်တွေ့ရှိသူ လှိုင်မျိုးဝင်း၊ကိုနတ်တလင်းမြို့မရဲစခန်းတွင်(မယ)၁/၂၀၁၅ မှုး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)/၁၉(က) ဖြင့်အမှုဖွင့်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မြို့မရဲစခန်းမှသိရသည်။

မောင်မဲ(ပြည်)

Read More...

ခင်ဝမ်း ၁၅နှစ်ပြည့် အလွမ်း

Leave a Comment
ကွယ်လွန်ခဲ့တာ ၁၅ နှစ် ပြည့်ပြီ ဖြစ်ပေမဲ့
သူ့ရဲ့ အနုပညာကို အမြဲတမ်း သတိရနေတဲ့
တို့ ပြည်မြို့ရဲ့ ဂုဏ်ယူဖွယ် ပန်းချီ ၊ ကဗျာ ၊ တေးရေး ၊ တေးဆို
ခင်ဝမ်းရဲ့ သတိရ လွမ်းဆွတ် အောက်မေ့ဖွယ်
အမှတ်တရ ပွဲကို ပြည်မြို့ ကမ်နားလမ်း
လှိုင်းဧရာ စားသောက်ဆိုင်မှာ ပြုလုပ်သွားမယ်
သူငယ်ချင်းတို့ရေ............

ဖေဖော်ဝါရီ (၃) ရက်နေ့ည (၇)နာရီက နေစပြီး
THE WHEEL တေးဂီတ အဖွဲ့နဲ့အတူ
တေးေ၇း တေးဆို ကိုရဲလွင် ကိုတိုးလွင် ဥတ္တရလင်း
စတဲ့ မဇျိမလှိုင်း တေးဂီတအဖွဲ့က အနုပညာရှင်တွေ
ကပါ တေးသီချင်းတွေ အခမဲ့ ဖျော်ဖြေပေးဦးမှာပါ။

မည်သူမဆို ပုံမှန်အတိုင်းစားသောက်နိုင်ကြောင်း
အမှတ်တရပွဲကို လာရောက် ဆင်နွဲ ကြပါလို့ .....................
Read More...

ချီတက်လမ်းလျှောက်

Leave a Comment


ချီတက်လမ်းလျှောက်



Read More...

Wednesday, January 28, 2015

စီးပွါးရေးပြုရန်ကောင်းသော မြေကွက်သင့်တင့်တဲ့ဈေးနှင့်ရောင်းမည်

Leave a Comment

စီးပွါးရေးပြုရန်ကောင်းသော မြေကွက်သင့်တင့်တဲ့ဈေးနှင့်ရောင်းမည်
ပြည်မြို့ န၀ဒေးစီးပွားရေဇုန် ပေ(၁၀၀) လမ်းကျယ်ဘေး ပေ ၇၀x၇၀
ခြောက်ကွက်တွဲ သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချပါမည်။

ဆက်သွယ်ရန် ဖုန်း...၀၅၃ ၂၅၃၅၃ / ၀၉ ၅၃၁၀၉၄၈
Read More...

၃၀''x၈၀'' ခြံပေါ်တွင် ၁ထပ်တိုက်ရှေ့ခန်း ၂ခန်း ရောင်းရန်ရှိသည်

Leave a Comment



၃၀''x၈၀'' ခြံပေါ်တွင် ၁ထပ်တိုက်ရှေ့ခန်း ၂ခန်း ရောင်းရန်ရှိသည်
န၀င်းကွက်သစ်(၁၀)လမ်း ၃၀''x၈၀'' ခြံပေါ်တွင် ၁ထပ်တိုက်ရှေ့
ခန်း ၂ခန်းပါ၊ အ၀ီစိတွင်းပါ၊  ရေစုပ်စက်ပါ၊ ကြိုးဖုန်းပါ၊
ကြွေပြားခင်းပြီး အသင့်နေနိုင်ပါသည်။
ဂရမ်ပေါက် နှစ်(၃၀)  ဖြစ်ပြီး ငွေသိန်း(၅၅၀)ဖြင့်ရောင်းပါမည်။

ဆက်သွယ်ရန် ၀၉ ၉၇၂၈၃၃၃၆၉  /  ၀၉ ၉၇၂၈၃၃၃၉၃
Read More...

တာ့တာ ဘဘသမ္မတကြီး လုပ်ဖို့များ ဧရာဝတီ

Leave a Comment



တာ့တာ ဘဘသမ္မတကြီး လုပ်ဖို့များ
ဧရာဝတီ

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၇ မနက်ရှစ်နာရီတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မဟာရွှေသိမ်တော်ကွင်း၌ ကျင်းပသော မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ပြန်လာမည့်အချိန်ကို ကြိုဆိုရန် ကျောက်ဆည်မြို့ပေါ်ရှိ
ကျောင်းအသီးသီးမှ ကျောင်းသားသူများကို ကြိုဆိုစေခဲ့သည်။ ကျောင်းသားကျောင်းသူများသည် မနက်ကိုးနာရီဝန်းကျင်အချိန်မှ စတင်စောင့်ဆိုင်းခဲ့ရပြီး သမ္မတဦးသိန်းစိန်သည် မနက် ၁၁ နာရီခွဲတွင် ယင်းအခမ်းအနားမှ ပြန်ထွက်လာခဲ့ပြီး ကျောင်းသူကျောင်းသားများကို လက်ပြနှုတ်ဆက်သွားခဲ့သည်။ (ဓာတ်ပုံ - ဖိုးစမ်းချောင်း/ဧရာဝတီ)

ကျနော်တို့ ငယ်ငယ် ကျောင်းသားဘဝကလည်း ဒီလိုမျိုးတွေ တစ်ကယ်နဖူးတွေ့ ဒူးတွေခံစားခဲ့ရတာဗျ လူကြီးတွေလာခါနီး အိမ်တွေ ခြံစည်းရိုးတွေ ထုံးသုတ် လမ်းဘေးဆိုင်တွေပိတ် မြေနီလမ်းတွေ ကပြာကယာခင်း ကတ္တရား ချိုင့်ခွက်တွေဖို့ လူကြီးမလာခင် တစ်လလောက်ကတည်းက ကျောင်းသားတွေ ဘင်ခရာလေ့ကျင့် ကျောင်းသူတွေက ပန်းဖွားအက ကဗျာလွတ်အကတွေ လေ့ကျင့် ဟယ်ရီကော်ပတာနဲ့လာမယ်ဆိုရင် လယ်ကွက်တွေ ဖျက်ပြီး လေယာဉ် ကွင်းပါ ဖောက်ပေးရသေး တစ်မြို့လုံးပြာပြာသလဲပဲ လာတော့ တစ်ရက်ကလေးနဲ့ တစ်ရက်ဆိုလည်းဆိုသလောက်ပဲ ကားပေါ်ကနေ စစ်ဖိနပ်နဲ့ဆင်းလာမယ့်လမ်းမှာ ကတ္တီပါကောဇောအရှည်ကြီးကို ခင်းလို့ ကျနော်တို့ကျောင်းသားတွေက တန်းစီပြီး လူကြီးဆိုတဲ့သူတွေကို လက်အုပ်ချီပြီးကြိုရတာ အမယ် ဘင်ခရာတဒုန်းဒုန်းအသံကြီးတွေနဲ့ ကျောင်းသူတွေရဲ့ ကဗျာလွတ် အကလေးတွေတောပါလိုက်သေး မှတ်မိသေးတယ် ကျနော် (၇)တန်းနှစ်က လူကြီးတွေတစ်တစ်ယောက် ကျနော်တို့အထက်တန်းကျောင်းက ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားမှာ ဆိုင်းဘုတ်ကိုစက်ခလုပ်နှိပ်ပြီးဖွင့်မယ်ဆိုလေ ဟောဗျာ ကျနော်တို့မြို့လေးက လျှပ်စစ်မီးတောင် မရတစ်ချက် ရတစ်ချက်ဟာကို ကျနော်နဲ့ နောက်ထပ် အခန်းထဲကကျောင်းသားတစ်ယောက်ကိုရွေးတယ် ပြီးတော့ ဆရာကပြောတယ် မင်းတို့က ငါတို့ ကျောင်းဂုဏ်ကို တက်စေမယ့်သူတွေတဲ့ အဲလိုဆိုတော့ ကျနော်တို့ နှစ်ယောက်သား ဂုဏ်ယူနေတာပေါ့ ဘာလုပ်ခိုင်းတယ်မှတ်လဲ ဖွင့်ပွဲလုပ်မယ့် ဆိုင်းဘုတ်ရဲ့ တစ်ဖက်တစ်ချက် ပေ ၅၀ စီလောက်အကွာမှာ မြေကတုတ်ကျင်းနှစ်ကျင်းတူးထားတယ် ပြီးတော့ ဆိုင်းဘုတ်မှာ အုပ်ထားတဲ့ လိုက်ကာကို ပီနံကြိုးနဲ့ချည်ပြီး ဆိုင်းဘုတ်တိုင်ကနေ ကြိုးကို ဆိုင်းဘုတ်တိုင်ချေကနေ နှစ်လက်မလောက်ရှိတဲ့ရေပိုက်ထဲထည့်ပြီး မြေကြီးပေါ်က အချက်ပေးတာနဲ့ ကျင်းထဲကနေ ဖြည်းဖြည်းချင်းဆွဲရတာ ကျနော်တို့ တစ်ဖက်တစ်ချက်က ကျင်းထဲကနေ ကြိုးကိုဖြည်းဖြည်းဆွဲတော့ ဆိုင်းဘုတ်လိုက်ကာက ဖြည်းဖြည်းပွင့်အောင်လုပ်ထားတာ အကြိမ်ကြိမ်လေ့ကျင့်တော့အဆင်ပြေသွားကြတယ် လူကြီးလာတော့ အစဉ်ကြေငြာသူက စက်ခလုပ်နှိပ်ဖွင့်မယ် အစီစဉ်ကို ကြေငြာတော့ ရင်တွေခုန်လိုက်တာဗျာ အမယ် လူကြီးက စက်ခလုပ်ကိုယူ လက်ကလေးနှဲ့နှိပ် ကျနော်တို့က မြေကြီးထဲကနေ ပီနံကြိုးလေးနဲ့ဆွဲ လိုက်ကာလေးက တစ်ဖက်တစ်ချက် အသာအယာပွင့် အဆင်တွေကိုပြေလို့ သတင်းထဲမှာပါမယ်ဆိုလို့ နောက်တစ်နေ့ည ခေါင်းရင်းအိမ်က အဖြူအမဲ
တီဗွီရှေ့သွားထိုင်ကြတော့ မြန်မာ့အသံသတင်းမှာကြည့်လိုက်ရတယ် အဲဒီလူကြီးဆိုတဲ့သူက အခန်းအနားမှာ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါတယ် ဆိုတဲ့အကြောင်း ရီချင်လိုက်တာဗျာ။ အထက်ကအောက်ကိုလိမ် အောက်က အထက်ကိုလိမ် တီဗွီထဲကအမှားကြီးက ပြည်သူတွေကို ပြန်လိမ် ရှုပ်နေတာပဲ။ ကြုံရတတ်ပါတယ် ဘာရယ်မဟုတ်ပါဘူး ဧရာဝတီမှာ တက်လာတဲ့ ဒီပုံလေးတွေမြင်ရတော့ ငယ်ငယ်ကကျောင်းသားဘဝကို သွားသတိရမိလို့ပါ။
သီဟလွင်-ပဲခူး(မြစ်မခ)
Read More...

ခေတ်မီလှပသော ဆိုင်အပြင်အဆင် သန့်ရှင်းသပ်ရပ်သော အခင်းအကျင်းမှာ စွဲမက်ဖွယ်အရသာ ရှိသော အစားအသောက် ကောင်းကောင်းကိုမှ စားသုံးလို သူမိတ်ဆွေများအား Kumudra Food & beverage မှစားသုံးကြည့်ရန် ဖိတ်ခေါ်လိုက်ပါရစေ……

Leave a Comment

ခေတ်မီလှပသော ဆိုင်အပြင်အဆင် သန့်ရှင်းသပ်ရပ်သော အခင်းအကျင်းမှာ စွဲမက်ဖွယ်အရသာ ရှိသော အစားအသောက် ကောင်းကောင်းကိုမှ စားသုံးလို သူမိတ်ဆွေများအား Kumudra Food & beverage မှစားသုံးကြည့်ရန် ဖိတ်ခေါ်လိုက်ပါရစေ……



 ခေတ်မီလှပသော ဆိုင်အပြင်အဆင် သန့်ရှင်းသပ်ရပ်သော အခင်းအကျင်းမှာ
 စွဲမက်ဖွယ်အရသာ ရှိသော အစားအသောက် ကောင်းကောင်းကိုမှ စားသုံးလို
သူမိတ်ဆွေများအား Food & beverag မှာလာရောက်စားသုံးကြည့်ရန် ဖိတ်ခေါ်
လိုက်ပါရစေ……
- Thai Food , - Snack, - Coffee & Cold Drink
အမှတ် ( ၁၅၅၉ )၊ ရွှေတစ်ချောင်းလမ်း၊ န၀င်းရပ်ကွက်၊ ပြည်မြို့။
 ဖုန်း - ၀၉ ၉၇၂၈၃၇၂၇၂ ၊ ၀၉ ၉၇၂၈၃၇၃၇၃


Read More...

ပြည်မြို့အထက်ပိုင်း သောင်တူးခြင်း၊ ကျောက်စီရေကာတာပြုပြင်ခြင်း ကျပ်သန်း၃၆၀ကျော်ဖြင့် ဆောင်ရွက်မည်

Leave a Comment

ပြည်မြို့အထက်ပိုင်း သောင်တူးခြင်း၊ ကျောက်စီရေကာတာပြုပြင်ခြင်း ကျပ်သန်း၃၆၀ကျော်ဖြင့် ဆောင်ရွက်မည်
ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် သောင်တူးခြင်းနှင့် ကျောက်စီရေကာတာပြုပြင်ခြင်းကို ဘတ်ဂျက်ကျပ်သန်း ၃၆၀ ကျော်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။
ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု များပြားလာခြင်းကြောင့် ပဲခူးတိုင်းအတွင်း သောင်တူးဖော်ရန်၂၀၁၄- ၂၀၁၅ ဘဏ္ဍာ ပြည်ထောင်စုဘတ်ဂျက်ငွေ (၈၄)သန်းနှင့် ကျောက်စီရေကာတာများပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ငွေ(၂၈၇)သန်းကို အသီးသီးအသုံးပြုပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။
“အခုလုပ်နေတဲ့ အဓိကရည်ရွယ်ချက်ကတော့၊ ပြည်ဘက်က ကမ်းကမ်းပါးတွေ ပြိုကျတာတွေနဲ့ ရေစီးရေလာ ကောင်းမွန်ရေး ရွှေဘုံသာသောင်ကြီး တူးဖော်ရေးရည်ရွယ်ပြီး ပြုလုပ်နေတာပါ။ ဒီနှစ်ဘတ်ဂျက်ထဲမှာ အပြီး သတ်ဆောင်ရွက်သွားမယ်။” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန မြို့နယ်ဦးစီး မှူး ဦးအောင်ကျော်လွင်ကပြောသည်။
ရွှေဘုံသာသောင်တူးခြင်း လုပ်ငန်းများနှင့် အတူ အမြင့်(၆)ပေ ရှိပြီး အရှည်မီတာ(၁၅၀)၊ မီတာ(၂၅၀)၊ မီတာ(၃၇၅)အစစီရှိသည့် ကျောက်စီရေကာတာသုံးခုကိုလည်း တပြိုင်နက်ဆောင်ရွက်ခြင်းကို ဇန်န၀ါရီလ တတိယအပတ်မှ စတင်ကာမတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်မြို့အထက်ဘက် ဧရာဝတီမြစ် စတုတ္ထမြစ်ကျဉ်းအနီး မြစ်ကွေ့အကျော်တွင် ရေစီးကြောင်းမှ အရှိန်ဖြင့် ပြည်မြို့ဈေးကြီးဆိပ်အား ရေဦးထိုးလာပြီး တဖြည်းဖြည်းကမ်းပါးများပြိုခြင်းအား ကာကွယ်ရန် အထက်ဘက် ၄ မိုင် အကွာမြရွာကျေးရွာနီးမှ ကျောက်စီရေကာတာများ ပြုလုပ်ကာ ရေလမ်းကြောင်းအား ရွှေဘုံသာ သောင်ကြီးရှိရာသို့ လမ်းကြောင်းလွှဲရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သောင်ထွန်းမှုမှာ တစ်နှစ်ထက်တစ်နှစ်များပြားလာပြီး ရေလမ်းကြောင်းများ ပိုမိုကျပ်တည်းလာခြင်းတို့ကြောင့် သောင်တူးခြင်းများအပြင် ရေယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းရေးအတွက် ကမ်းပေါ်ပြ အမှတ်အသား၊ရေပေါ်ပြအမှတ်အသားစသည့် ရေလမ်းပြအမှတ်အသားများ ပြုလုပ်ပေးစေချင်ကြောင်း ဧရာဝတီမြစ်အတွင်းရေကြောင်းသွားလာရေး ပြုလုပ်နေသော သင်္ဘောမောင်းသူများကပြောသည်။
ရွှေဘုံသာသောင်ကြီးကိုလည်း သောင်တူးစက်ဖြင့် ရေလမ်းကြောင်းထိုးခွဲထားမည်ဖြစ်ပြီး အထက်ကျောက်စီ ရေကာတာမှ လမ်းကြောင်းလွှဲလိုက်သောရေအားဖြင့် သောင်ကြီးကိုထပ်မံထိုးခွဲသွားမည်ဖြစ်ကာကမ်းပါးပြိုခြင်း သက်သာသွားမည့်အပြင် ရေစီးရေလာပါကောင်းမွန်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှတာဝန်ရှိသူများကပြောဆိုသည်။
ဧရာဝတီမြစ်အတွင်း ရေကြောင်းကျပ်တည်းသည့် ကာလများမှာ ရေကျချိန်ဖြစ်သော နိုဝင်ဘာလမှ မေလအထိ ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက်ရေနည်းခြင်း သောင်ခုံများ အများအပြားဖြစ်ပေါ်ခြင်းများရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် ကျောက်စီရေကာတာပြုပြင်ခြင်းကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီဟလွင် - ပဲခူး (မြစ်မခ)

Read More...

အတုလ မဟာဇေယျသုခ စေတီ ဗုဒ္ဓပူဇနိယပွဲတော်

Leave a Comment

အတုလ မဟာဇေယျသုခ စေတီဗုဒ္ဓပူဇနိယပွဲတော်
ပဲခူးတိုင်းဒေသကြီး၊ အနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာကျောင်းတွင်

 ဘုရားဒါယကာ၊ ဒါယိကာမများဖြစ်ကြသော ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ (ဦးကျော်မောင်+ဒေါ်တင်တင်) ဒုရဲမှူး ဦးကြည်လွင် တို့အားရည်စူးပြီး ဒေါ်ခင်မာကြည်(သမာဓိ-စတိုး)နှင့် ကြို့ပင်ဝိုင်း ဒါယကာ၊ ဒါယိကာမအပေါင်းတို့က၁၃၇၆ -ခုနှစ် တပို့တွဲလဆန်း(၁၄)ရက်မှ (၁၅)ရက်နေ့နံနက်(၅း၀၀)နာရီအထိ
စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကမင်္ဂလာ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် သစ်သီး
ဆွမ်းတော်ကပ်လှူမည်ဖြစ်ပါသည်။
 

ဖျော်ဖြေရေး- ရန်ကုန်မြို့ ရွှေအလင်္ကာဇာတ်ပွဲနှင့် အတူတေးသံရှင် ဖူးဖူးလေဒီရှိုင်းတို့ကတပို့တွဲ လပြည့်ကျော်(၁/၂/၃)ညများတွင် ကပြဖျော်ဖြေပြီး ၃-ညတိုင်တိုင်ကပြဖျော်ဖြေပါမည်။

လာရောက်အားပေးကြပါခင်ဗျာ-----
Read More...

Tuesday, January 27, 2015

ပြည်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment


ပြည်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဇန်န၀ါရီလ (၂၄)ရက်နေ့က ရွာဘဲရပ်ကွက် ဘုရင့်နောင် လမ်းမကြီးဘေး ပေါ်တော်မူဘုန်းကြီးကျောင်းဝင်ပေါက်အနီးတွင် စိတ်ကြွရူးသွပ်ဆေးများ သယ် ဆောင်လာသူအား ဖမ်းဆီးလိုက်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၇)ပြည်မှ ဒုရဲမှူးရွှေသာထွန်းဦးစီးအဖွဲ့၊ ပြည်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ် ရဲတေဇာဦးစီးအဖွဲ့၊ ပြည်မြို့မရဲစခန်းမှ ရဲတပ်ကြပ် မောင်မောင်စိုးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရွာဘဲရပ်ကွက်၊ ပေါ်တော်မူဘုန်းကြီးကျောင်းဝင်ပေါက်အနီး၊ ဘုရင့်နောင် လမ်းမကြီးဘေး စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ်ရာလူတစ်ဦးအား စစ်ဆေးရှာဖွေခဲ့သည်ဟုဆို၏။
ထိုသို့ရှာဖွေရာ နိုင်ဒွေး (၂၃)နှစ်၊ အောင်တော်မူဘုန်းကြီးကျောင်းအနီး ဘုရင့်နောင်လမ်းမကြီး၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူဖြစ်ကြောင်းနှင့် ၄င်း၏ယာဘက်လက်ဖြင့် ဆုပ်ကိုင်ထားသော Red Ruby စာတမ်းပါ စီးကရက်ဘူးခွံအတွင်းမှ ပလပ်စတစ်အကြည်စားဖြင့် ထုတ်ပိုးထားသော WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄၀)ပြား တစ်ထုပ်၊ အလေးချိန် (၄)ဂရမ်ခန့် ကာလတန်ဖိုး (၂၀၀၀၀၀ိ/-)အားတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ဒုရဲမှူးရွှေသာထွန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဆက်လက်၍ နိုင်ဒွေး ပြောပြချက်အရ ၄င်း၏ဇနီးဖြစ်သူ မ ××××× ထံမှ ယူဆောင်လာကြောင်းနှင့်  မ××××× မှာ နေအိမ်တွင်ကျန်ခဲ့ကြောင်းပြောပြ၍ ပူးပေါင်းအဖွဲ့နှင့်အတူ နေအိမ်သို့သွားရောက်ရှာ ဖွေရာမူးယစ်ဆေးဝါးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ ။ ထို့ကြောင့်မူးယစ်ဆေးဝါးများကို ရောင်းချ၍ လက်ဝယ်ထားရှိသူ နိုင်ဒွေးနှင့် မ××××× အား အရေးယူပေးပါရန် ဒုရဲအုပ်မှူး ရွှေသာထွန်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း မယ (ပ) ၁/၂၀၁၅၊ မူး/စိတ်တား ပုဒ်မ  ၁၅/၁၉ (က)  / ၂၁ ဖြင့် အမှုရေးဖွင့်ကာ အမှုအားဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးလျှက်ရှိ ကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဇန်န၀ါရီလ (၂၄)ရက်နေ့က ရွာဘဲရပ်ကွက် ဘုရင့်နောင် လမ်းမကြီးဘေး ပေါ်တော်မူဘုန်းကြီးကျောင်းဝင်ပေါက်အနီးတွင် စိတ်ကြွရူးသွပ်ဆေးများ သယ် ဆောင်လာသူအား ဖမ်းဆီးလိုက်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၇)ပြည်မှ ဒုရဲမှူးရွှေသာထွန်းဦးစီးအဖွဲ့၊ ပြည်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ် ရဲတေဇာဦးစီးအဖွဲ့၊ ပြည်မြို့မရဲစခန်းမှ ရဲတပ်ကြပ် မောင်မောင်စိုးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရွာဘဲရပ်ကွက်၊ ပေါ်တော်မူဘုန်းကြီးကျောင်းဝင်ပေါက်အနီး၊ ဘုရင့်နောင် လမ်းမကြီးဘေး စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ်ရာလူတစ်ဦးအား စစ်ဆေးရှာဖွေခဲ့သည်ဟုဆို၏။
ထိုသို့ရှာဖွေရာ နိုင်ဒွေး (၂၃)နှစ်၊ အောင်တော်မူဘုန်းကြီးကျောင်းအနီး ဘုရင့်နောင်လမ်းမကြီး၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူဖြစ်ကြောင်းနှင့် ၄င်း၏ယာဘက်လက်ဖြင့် ဆုပ်ကိုင်ထားသော Red Ruby စာတမ်းပါ စီးကရက်ဘူးခွံအတွင်းမှ ပလပ်စတစ်အကြည်စားဖြင့် ထုတ်ပိုးထားသော WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄၀)ပြား တစ်ထုပ်၊ အလေးချိန် (၄)ဂရမ်ခန့် ကာလတန်ဖိုး (၂၀၀၀၀၀ိ/-)အားတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ဒုရဲမှူးရွှေသာထွန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဆက်လက်၍ နိုင်ဒွေး ပြောပြချက်အရ ၄င်း၏ဇနီးဖြစ်သူ မ ××××× ထံမှ ယူဆောင်လာကြောင်းနှင့်  မ××××× မှာ နေအိမ်တွင်ကျန်ခဲ့ကြောင်းပြောပြ၍ ပူးပေါင်းအဖွဲ့နှင့်အတူ နေအိမ်သို့သွားရောက်ရှာ ဖွေရာမူးယစ်ဆေးဝါးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ ။ ထို့ကြောင့်မူးယစ်ဆေးဝါးများကို ရောင်းချ၍ လက်ဝယ်ထားရှိသူ နိုင်ဒွေးနှင့် မ××××× အား အရေးယူပေးပါရန် ဒုရဲအုပ်မှူး ရွှေသာထွန်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း မယ (ပ) ၁/၂၀၁၅၊ မူး/စိတ်တား ပုဒ်မ  ၁၅/၁၉ (က)  / ၂၁ ဖြင့် အမှုရေးဖွင့်ကာ အမှုအားဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးလျှက်ရှိ ကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883
Read More...

လယ်ယာမြေလက်မှတ်ထုတ်ပေးနေသော်လည်း ပေါက်ခေါင်းလယ်သမားအများစု မရရှိဟုဆို

Leave a Comment

လယ်ယာမြေလက်မှတ်ထုတ်ပေးနေသော်လည်း ပေါက်ခေါင်းလယ်သမားအများစု မရရှိဟုဆို

“စိုက်ပျိုးလို့ရသမျှ သူတို့ကိုပဲ ပေးခဲ့ရတာ အခုသူတို့ကိုမပေးရတော့ဘဲ လုပ်ကိုင်ခွင့်ရလာတော့လည်း ကိုယ့် လယ် ကိုယ်ရောင်းချ ပေါင်နှံခွင့်ရှိတဲ့ ပုံစံ(၇) မရသေးလို့ စိုက်ပျိုးစရိတ်ချေးငွေချေးလို့မရဘဲ အပြင်မှာအတိုးကြီးကြီးနဲ့ ချေးပြီး လုပ်ကိုင်နေရတော့ လယ်သမားတွေဘဝ နင်းပြားကနေ မတတ်နိုင်ဘူး။”

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း အမှတ်(၁၉)ကာကွယ်ရေးပစ္စည်းစက်ရုံမှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေအချို့အတွက် လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်များ ထုတ်ပေးလျက်ရှိ သော်လည်း လယ်သမားအများစုမှာ မရရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ - သီဟလွင်(မြစ်မခ)

http://myitmakhamediagroup.com/…/p…/2434-2015-01-21-04-58-55


Read More...

ပြည်ဖြိုး ၀မ်းတွင်းချည်ထည်အမျိုးမျိုးနှင့်စပန့်အထည် နှင့် ငွေထည်ပစ္စည်းငှားရမ်းရေးဆိုင်

Leave a Comment







ပြည်ဖြိုး ၀မ်းတွင်းချည်ထည်အမျိုးမျိုးနှင့်စပန့်အထည် နှင့်
ငွေထည်ပစ္စည်းငှားရမ်းရေးဆိုင်

အလှူ မင်္ဂလာဆောင် ဘွဲ့ယူသူများအတွက်ငွေထည်ပစ္စည်းအမျိုးမျိုး
ငှားရမ်းခြင်းနှင့်ဝမ်းတွင်းချည်ထည်အမျိုးမျိုး စပန့်အထည်အမျိုးမျိုးအား
ဈေးနူန်းချိုသာစွာရောင်ချပေးနေတာကတော့ ပြည်ဖြိုး အထည်ဆိုင်ပင်
ဖြစ်ပါသည်။

ငွေထည်ပစ္စည်းနှင့်အထည်များ ငှားရမ်းဝယ်ယူလိုပါက ပြည်ဖြိုး ကိုသာ
လှမ်းခဲ့ပါနော်.......
ဆိုင်ကို...အမှတ်(၃၀) ၊ငါးရာတန်လမ်း ၊မြို့သစ်ဈေးအနီး ၊ပြည်မြို့
ဖုန်း.... ၀၅၃ ၂၈၀၈၀ /၀၉ ၅၃၁၂၂၃၁ / ၀၉ ၄၂၃၇၀၆၈၂၁ သို့လာရောက်
ဝယ်ယူနိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။
Read More...

မဟာဗောဓိပင်နှင့်အောင်သိဒ္ဓိဆုတောင်းပြည့်ဘုရား စတုတ္ထအကြိမ်မြောက် သီတဂူအထူးတရားပွဲကျင်းပပြုလုပ်မည် ပြည့်သဲမောင်(ပြည်) 09 423671883

Leave a Comment



မဟာဗောဓိပင်နှင့်အောင်သိဒ္ဓိဆုတောင်းပြည့်ဘုရား စတုတ္ထအကြိမ်မြောက် သီတဂူအထူးတရားပွဲကျင်းပပြုလုပ်မည်
ပြည့်သဲမောင်(ပြည်) 09 423671883
ပြည်မြို့၊ န၀င်းနယ်မြေ၊ မာလကာကုန်းရပ်၊မဟာဗောဓိပင်နှင့်အောင်သိဒ္ဓိဆု
တောင်းပြပည့်ဘုရား စတုတ္ထအကြိမ်မြောက် သီတဂူအထူးတရားပွဲအား ၁၃၇၆
ခုနှစ်၊ တပို့တွဲလဆန်း (၁၂)ရက်မှ လပြည့် ကျော် (၁)ရက်နေ့(၃၁၊၁၊၂၊၃၊၄)ရက်နေ့
များတွင်ညစဉ် (၇း၃၀)နာရီအချိန်များတွင် (၅)ရက်တိုင်တိုင်တရားချီးမြှင့်မည်ဖြစ်
ကြောင်း သိရသည်။

(၃၁.၁.၂၀၁၅)ရက်နေ့၊ စနေနေ့ညတွင်  ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက် စာချနာယက ဘဒ္ဒန္တသီတလာစာရ၊ ဂန္ထ၀ါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ မြို့နယ်သံဃနာယက (ရွှေကျင်) ဆရာတော်ဘုရားမှ လည်းကောင်း၊  (၁.၂.၂၀၁၅)ရက်နေ့တွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် သီတဂူဒေါက်တာ အရှင်က္ကန္ဒာစရိယ၊ သာသနတက္ကသီလာဓမ္မာစရိယ B.A (Buddhism)  M.A, Ph.D (Buddhist Literature) ဆရာတော်ဘုရားမှ
လည်းကောင်း၊ (၂.၂.၂၀၁၅)ရက်နေ့နှင့် (၄.၂.၂၀၁၅)ရက်နေ့များတွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် သီတဂူအရှင်ကုဏ္ဍလာစာရ ၀ိနယ၀ိဒူဘွဲ့၊ ဒီဃနိကာယ၀ိဒူဘွဲ့၊ ၀ိနယစရဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့ ၀ံသပါလဓမ္မာစရိယဘွဲ့ ၊ အင်္ဂုတ္တရနိကာယ၀ိဒူဘွဲ့  (နိုင်ငံတော်ပထမ) English & Buddha Dhamma Dip ; B.A (Huddhism) ဆရာတော်ဘုရားမှလည်းကောင်း၊ (၃.၂.၂၀၁၅)ရက်နေ့များတွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူ အရှင် ဦးသူရိယ B.A ., M.A သာသနဓဇ ဓမ္မာစရိယ၊ သုတေသနနှင့်ကျမ်းပြုဌာန သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းဆရာတော်ဘုရားများမှ မေတ္တာရေအေး
တရားဓမ္မများကို ဟောကြားပြသ ချီးမြှင့်သွားမည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှ တရားချစ်ခင်သူတော်စင်အပေါင်း တရားနာကြွရောက် နိုင်ရန် ကုသိုလ်ရေးမျှော်
ကာတွေးလို့ နှိုးဆော်အသိပေးအကြောင်းကြားအပ်ပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883

Read More...

အနတ္တငါးပါး ဦးထိပ်ထား ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး ထွန်းတောက်ပညာ့ရိပ်သာ

Leave a Comment

အနတ္တငါးပါး ဦးထိပ်ထား ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး
ထွန်းတောက်ပညာ့ရိပ်သာ

PGDMA ၀င်ခွင့်သင်တန်း(လယ်ပြ)သင်တန်းစမည့်နေ့
၂၇.၁.၂၀၁၅ လျှောက်လွှာနောက်ဆုံးရက် ၁၃.၂.၂၀၁၅
စာမေးပွဲဖြေရက် ၂၁.၂.၂၀၁၅ ရက်ဖြစ်ပါသည်။
ဆက်သွယ်ရန်..............
အမှတ်(၆၇၄)ရေလွှဲပေါက်လမ်း န၀င်ရပ်
ရွှေပလ္လင်မှော်ဘုရားအနီး ပြည်မြို့
ဖုန်း..၀၉ ၄၉၅၀၀၈၆၃ /၀၉ ၃၁၂၂၆၄၀၄
       ၀၉ ၂၅၄၀၉၁၃၆၄ /၀၉ ၄၂၁၇၄၄၇၀၃
Read More...

တရားမ၀င်တင်ဆောင်လာသည့် ကျွန်းခွဲသားနှင့်ပြုလုပ်ထားသော အပ်ချုပ်စက်ခုံများဖမ်းမိ သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment


တရားမ၀င်တင်ဆောင်လာသည့် ကျွန်းခွဲသားနှင့်ပြုလုပ်ထားသော အပ်ချုပ်စက်ခုံများဖမ်းမိ
 သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဇန်န၀ါရီလ (၂၅)ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်ခန့် ကြံခင်း-မြန်အောင်မှ မောင်းနှင်လာသောယာဉ်အား ရပ်တန့်ရှာဖွေရာ တရားမ၀င် တင်ဆောင်လာသည့် ကျွန်းခွဲသားနှင့်ပြုလုပ်ထားသော အပ်ချုပ်စက်ခုံ (၃၆)ချပ်အား ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့နယ်သစ်တောဦးစီးဌာနမှ  တောအုပ်ဦးဗန်ထန်း၊ ပြည်ခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်လင်းနောင်၊ ပြည်မြို့မရဲစခန်းမှ နယ်ထိန်းတကကျော်စွာဝင်း၊ ယာဉ်ထိန်းဒုတက သိန်းဇော်ဦး၊ ဆင်စုရအခမှူး ဦးတင်ရွှေတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် န၀ဒေးရပ်ကွက်၊ န၀ဒေးတံတားအနီး တွင် ကြံခင်း-မြန်အောင်မှမောင်းနှင်လာသော ယာဉ်အမှတ် (8G/××××) ဖူဆို (၆)ဘီးဖြူကြား မော်တော်ယာဉ်အား သတင်းအရရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တရားမ၀င်တင်ဆောင် လာသည့် ကျွန်းခွဲသားနှင့် ပြုလုပ်ထားသော အပ်ချုပ်စက်ခုံ (အသစ်) (၃၆)ချပ်၊ (၀.၂၇)တန် တန်ဖိုး (၁၀၈၀၀၀ိ/-)ခန့်အားတွေ့ရှိ၍ ပစ္စည်းပိုင်ရှင်ဖြစ်သူ ယာဉ်မောင်းနေမျိုးဦးထံမှ တောအုပ်ဦးဗန်ထန်း က ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883



ထို့ကြောင့် တရားမ၀င်ကျွန်းခွဲသားဖြင့်ပြုလုပ်ထားသည့် အပ်ချုပ်စက်ခုံအသစ် (၃၆)ချပ်အား တင်ဆောင်လာသူ နေမျိုးဦးအား အရေးယူပေးပါရန် တောအုပ်ဦးဗန်ထန်း၊ ပြည်မြို့နယ်သစ်တော ဦးစီးဌာနမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း (ပ) ၆၇/၂၀၁၅ သစ်တောဥပဒေ ပုဒ်မ-  ၄၃ (က) အရ အမှုဖွင့်ထားရှိကာ အမှုအားဒုရဲအုပ်လှိုင်မိုးဝေမှ လက်ခံစစ်ဆေးလျှက်ရှိ ကြောင်း သိရသည်။

Read More...

လယ်သိမ်းခံ နတ္တလင်းတောင်သူများ လယ်ယာမြေပြန်လည်ရရှိရေး သုံးကြိမ်မြောက် ဆန္ဒထုတ်ဖော်

Leave a Comment
လယ်သိမ်းခံ နတ္တလင်းတောင်သူများ လယ်ယာမြေပြန်လည်ရရှိရေး သုံးကြိမ်မြောက် ဆန္ဒထုတ်ဖော်


“လယ်သမားတွေအခက်အခဲကို ဘယ်သူကမှ လာမဖြေရှင်းပေးကြဘူး ကျွန်တော်တို့ လယ်တွေကို ဌာန ဆိုင် ရာတွေက သိမ်းထားတာ ဒီလယ်တွေကို ဘိုးစဉ်ဘောင်ဆက် ဓါးမဦးချလုပ်ကိုင်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မူလပိုင်ရှင်လယ်သမားတွေပဲ ပြန်ရချင်တယ်”
ဆန္ဒဖော်ထုတ်သူများသည် နတ္တလင်းမြို့အပြင် သာစည်လမ်းထိပ်မှ တာပွန်လမ်းတစ်လျှောက် ချီတက်ခဲ့ကြပြီး ဓါးမဦးချလယ်ယာမြေများ ပြန်လည်ရရှိရေး ခမရ(၄)မှ သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိ ရေး မြေစာရင်းမှ ရောင်းစားထားသော လယ်ယာမြေပြန်လည်းရရှိရေး၊ သိမ်းဆည်းသွားသော လယ်ယာမြေဧက (၄၅၀)အား ပြန်လည်ရရှိရေး စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။
 သီဟလွင်- ပဲခူး(မြစ်မခ)
http://myitmakhamediagroup.com/…/p…/2450-2015-01-26-11-18-16



Read More...

Monday, January 26, 2015

ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့အားအထူး(အထူး)ကျေးဇူးတင်ရှိပါကြောင်း သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့အားအထူး(အထူး)ကျေးဇူးတင်ရှိပါကြောင်း
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင်ရှိသော ညဈေးတန်းတွင်
တိုက်ခန်းများမှ ရေဆိုးထုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေခြင်းကြောင့်ရေ
စီးရေလာမကောင်းမွန်ခြင်း၊လမ်းများပျက်စီးနေခြင်းကြောင့် ဇန်န၀ါရီ ၂၄ ရက်နေ့က
သတင်းရေးသားဖ်ာပြထားခဲ့သရာ ဇန်န၀ါရီ ၂၅ရက်နေ့ တနင်္ဂနွေနေ့ နံနက်၈နာရီမှ
၁၁နာရီအထိပြည်မြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာဦးအောင်အောင်
နှင့်အဖွဲ့က လမ်းမပေါ်တွင်ဝပ်နေသောရေများအား ရေစီးရေလာကောင်းမွန်အောင်ဆောင်
ရွက်ခဲ့ပါသည်။
ထို့ကြောင့်အများပြည်သူများ၏လိုအပ်နေသောအကြောင်းအရာအခက်အခဲအား ဖြေရှင်းပေး
ခဲ့သော ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အား ဈေးသူ ဈေးသားများနှင့်အများပြည်သူများ
ကိုယ်စားအထူး(အထူး)ကျေးဇူးတင်ရပါကြောင်းနှင့် ပြည်သူများ၏လိုအပ်ချက် ဖြစ်သင့်သော
အကြောင်းအရာများရှိလာပါက ယခုကဲ့သို့ကူညီဆောင်ရွက်ဖြေရှင်းပေးနိုင်ပါရန်အပြုသဘော
ဆောင်ကာရေးသားလိုက်ပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883


Read More...

အိမ်နှင့်ခြံမြေ ရောင်းမည်

Leave a Comment

အိမ်နှင့်ခြံမြေ ရောင်းမည်
ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်မင်းပေါင်းစုတည်ဘရားအနီး 
အောင်ဆန်းပြည်သာယာလမ်းမကြီးနှင့် ဆေးရုံလမ်းသင့်ထောင့်ရှိ
ပေ၄၀x၆၀ပေ နှစ်၃၀ဂရမ်အမည်ပေါက် ရေမီးဖုန်းပါရှိသည်။
RC နှစ်ထပ်တိုက်(အုတ်စီ၉
လက်မထုအိမ်နှင့်ခြံအား ရောင်းရန်ရှိပါသည်။
မှတ်ချက်။ပိုင်ရှင်ကိုယ်တိုင်ရောင်းမည် ဆက်သွယ်ရန် 09253326549/09976482272




Read More...

Saturday, January 24, 2015

ရဲတပ်သားတစ်ဦးမှ ဓားမြောင်နဲ့ထိုးခဲ့သဖြင့် မူလတန်းပြဆရာမ ဒဏ်ရာရ သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

ရဲတပ်သားတစ်ဦးမှ ဓားမြောင်နဲ့ထိုးခဲ့သဖြင့် မူလတန်းပြဆရာမ ဒဏ်ရာရ
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဇန်န၀ါရီလ ၂၃ရက်နေ့က
ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ မူလတန်းပြ ဆရာမတစ်ဦး ဓားမြောင်ဖြင့် ထိုးခံရသဖြင့် ဒဏ်ရာ
ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ - ရွှေတောင်မြို့နယ်၊ တရုတ်မှော်နယ်မြေရဲစခန်းအနောက် မီးလောင်အုပ်စု၊
အင်္ဂလိုင်ဂန်ရွာနေ မယဉ်ငြိမ်းအေး၊ (၂၄)နှစ်၊အ.မ.က ပဒေသာမူလတန်းပြ
(ကျေးရွာခန့်ဆရာမ) တစ်ဦးတည်း ပဒေသာမူလတန်းကျောင်းမှ နေအိမ်သို့
ဆိုင်ကယ် WonJan - 110 နက်ပြာရောင်ဖြင့် ပြန်လာစဉ် ရှားတိုင်းရွာနှင့်
ဆင်သေရွာကြား အရောက်တွင် ReeVo-110 ကျောက်စိမ်းရောင် ဆိုင်ကယ်ဖြင့် အသင့်စောင့်ဆိုင်းနေသော ရည်းစားဟောင်းဖြစ်သူ သဲကုန်းမြို့နယ်၊
သဲကုန်းမြို့မရဲစခန်းမှ ရဲတပ်သား ချစ်ငြိမ်းချမ်း၊ (၂၉)နှစ်၊ သံန္ဓေပင်ရပ်၊
ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူမှ လမ်းပိတ်ဆို့တားဆီးကာ ပြည်မြို့သို့
လိုက်ခဲ့ရန်ခေါ်သဖြင့်၎င်းမှ မလိုက်နိုင်ကြောင်း၊ ပြန်ပြောခဲ့ရာ ရဲတပ်သား ချစ်ငြိမ်းချမ်းမှ
 အသင့်ပါလာသော အရိုးအသွား ၉လက်မခန့်ရှိ ဦးချွန်ဓားမြောင့်ဖြင့် ထိုးသဖြင့်
မယဉ်ငြိမ်းအေးတွင် ၀မ်းဗိုက်ဝဲဘက် တစ်လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး
ချစ်ငြိမ်းချမ်းမှာ ၄င်းပါလာသော ReeVo-110 ကျောက်စိမ်းရောင်ဆိုင်ကယ်အား
ထားခဲ့ကာ မယဉ်ငြိမ်းအေး၏ WonJan - 110 နက်ပြာရောင် ဆိုင်ကယ်အား ယူဆောင်ထွက်ပြေးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ရဲတပ်သား ချစ်ငြိမ်းချမ်းအား အရေးယူပေးပါရန် မယဉ်ငြိမ်းအေးမှ တရားလို ပြုလုပ်တိုင်တန်းချက်အရ တရုတ်မှော်နယ်မြေ ရဲစခန်း(ပ)၅/၂၀၁၅ ၊
 ပြစ်မှုပုဒ်မ - ၃၈၂ ဖြင့် အမှုရေးဖွင့်ကာ ရဲအုပ် ဖြိုးဝေမောင်မှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883
Read More...

” Bright Star “ ဆောက်လုပ်ရေး (ပြည်) မှ တိုက်ခန်းများ ဆောက်လုပ်ရောင်းချ ပေးနေပြီ

Leave a Comment

” Bright Star “ ဆောက်လုပ်ရေး (ပြည်) မှ တိုက်ခန်းများ ဆောက်လုပ်ရောင်းချ ပေးနေပြီ

ပြည်မြို့၊ ရွှေဆံတော်ဘုရား မြောက်စောင်းတန်းလမ်းရှိ ” Bright Star “ ဆောက်လုပ်ရေး (ပြည်)မှ နှစ်ခန်းတွဲငါးထပ်တိုက်ခန်းများအား ရောင်းချ
 ပေးနေပါသည် ။ဆိုင်ခန်းဖွင့်လိုသူများ၊ကုပ္မဏီရုံးခန်းဖွင့်လိုသူများ ၊ အလှပြင်ဆိုင်ဖွင့်လိုသူများ၊ ဆေးခန်းဖွင့်လိုသူများ၊ ဖုန်း Service Center ဖွင်လိုသူများ မိသားစုဖြင့် နေထိုင်လိုသူများ ဆက်သွယ်ဝယ်ယူနိုင်ပါ ပြီ ။

ဆက်သွယ်ရန် အမှတ် (၆၈၇)၊ ဆွေးနွေးဘုရားလမ်း၊ ပြည်မြို့။
ဖုန်း - 09 49500667 ၊ 09 5312360
       - 09 250813197 ၊ 09 972312383


Read More...

Friday, January 23, 2015

နွေခေါင်ခေါင် ရေလယ်ခေါင်က ဖြတ်ရတဲ့ ပြည်မြို့က ညဈေးတန်း သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

နွေခေါင်ခေါင် ရေလယ်ခေါင်က ဖြတ်ရတဲ့ ပြည်မြို့က ညဈေးတန်း
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင်ရှိသော ညဈေးတန်းသည်
လူစည်ကားပြီး ကမ္ဘာလှည့်ခရီးသည်များ ၀င်ထွက်သွားလာနေသော ညဈေးဖြစ်
ပါသည်။
ထိုဈေးတန်းသည် ညနေ ၄နာရီမှ ည ၁၁နာ၇ီ ခွဲလောက်အထိစားသောက်ဖွယ်ရာ
များနှင့်ကုန်စိမ်းများကို ရောင်းချသည့် ဈေးတန်းလေးဖြစ်ပြီး ပြည်မြို့သူမြို့သားများ
နှင့်ရပ်ဝေးရပ်နီးမှအများပြည်သူများ သိရှိကြသောအလှူအတန်းရက်ရောကြသူများ
ရောင်းဝယ်ဖောက်ကားသွားလာစားသောက်နေကြသော ဈေးတန်းလေးလည်းဖြစ်ပါသည်။

အဆိုပါဈေးတန်းတွင် တိုက်ခန်းများမှ ရေဆိုးထုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့
နေခြင်းကြောင့်ရေစီးရေလာမကောင်းမွန်ခြင်း၊လမ်းများပျက်စီးနေခြင်းကြောင့်ပုံတွင်
ဖော်ပြထားသည့်အတိုင်း အများသူငှာသွားလာနေသော လမ်းမပေါ်တွင်ရေဆိုးရေပုတ်
များဝပ်နေသည့်အတွက်သွားလာစားသောက်နေကြသူများကျန်းမာရေးအတွက်သော်၎င်း
၊မြို့သာယာလှပရေးကိုမှေးမှိန်စေသည့်အတွက်သက်ဆိုင်ရာတာဝန်ရှိသူများမှလိုအပ်သလို
ဆောင်ရွက်ပေးစေလိုကြောင်း ဈေးသူ ဈေးသားများထံမှသိရပါသည်။

"ဒီလမ်းမပေါ်မှရေ၀ပ်နေတာတော်တော်ကြာပါပီ။အနံအသက်လဲမကောင်းဘူး ပြီး
တော့အစားအသောက်ရောင်းတော့ပိုဆိုးတာပေါ့။ကျမတို့ဈေးသူဈေးသားတွေက စည်ပင်
ကိုပြောတော့ စာတင်လိုက်တဲ့။အမှန်တကယ်စာတင်ရမှာကတိုက်ခန်းကပါ။
သူတို့မြောင်းတွေမှာအမှိုက်တွေပိတ်နေလို့ရေမစီးတာပါ''ဟုအစားအသောက်ရောင်းသူ
 ဈေးသယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်ကအများပြည်သူနှင့်ပက်သက်တဲ့ကိစ္စတွေ ဥပမာလမ်းမပေါ်ကျုးပြီးတက်နေ
တဲ့ဈေးဆိုင်တွေနဲ့ပက်သက်ပြီး တခါကစည်ပင်သာယာတာဝန်ရှိသူကို ဖုန်းဆက်
အကြောင်းကြားဘူးတယ်။အဲလိုပဲ စာတင်လိုက်ပါလို့ပြောတယ်။စာတင်လိုက်ပါ
ဆိုတာကတော့ တိုင်စာတတ်ခိုင်းတဲ့သဘောဖြစ်နေတယ်။အမှန်တကယ်ဆို
အများပြည်သူနှင့်သက်ဆိုင်သောလမ်းမပေါ်မှာဖြစ်နေတဲ့ကိစ္စတွေဆိုတာဘာစာ
မှတင်စရာမလိုဘူး။မြို့တော်စည်ပင်သာယာရေးက မြို့သာယာလှပရေးအတွက်
တာဝန်ရှိတယ်။စည်ပင်သာယာက ၀န်ထမ်းတွေလဲဒီညဈေးတန်း ကိုသွားလာနေ
တော့ ဒီရေ၀ပ်နေတဲ့လမ်းကိုဖြတ်ရမှပဲဟု၎င်းညဈေးတန်းတွင်လာရောက်ဈေးဝယ်
သူက ပြောသည်။

မှတ်ချက်။    ။၎င်းအကြောင်းအရာသည် အများပြည်သူများ၏လိုအပ်နေသော အကြောင်းအရာအခက်အခဲအား အပြုသဘောဆောင်၍ရေးသားတင်ပြခြင်းဖြစ်ပြီး သတင်းနှင့်ပက်သက်၍ဖြစ်ပျက်လာမည့်ကိစ္စအ၀၀အား ဖြေရှင်းသွားမည်ဖြစ်ကြောင်း
အသိပေးအပ်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883



Read More...

အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကျွန်းပင်အား ၀င်ချိတ်မိသဖြင့် (၁)ဦးသေ (၂)ဦး ဒဏ်ရာရ သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment


အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကျွန်းပင်အား ၀င်ချိတ်မိသဖြင့် (၁)ဦးသေ (၂)ဦး ဒဏ်ရာရ
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း၊
 ဒေါင်းမြတ်နားအုပ်စု၊ ညောင်ရွှေကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ (၁)ဦးသေဆုံးကြောင်း 
သိရသည်။
ဖြစ်စဉ်မှာပန်းတောင်း-တောင်ကုတ်ကားလမ်းမိုင်တိုင်အမှတ်(၆/၁)၊ ဒေါင်းမြတ်နားအုပ်အုပ်စု၊ညောင်ရွှေ
ကျေးရွာအနီးတွင် ပြည်ဘက်မှဥသျှစ်ပင်ဘက်သို့ အောင်မြင့်(၄၆)နှစ်၊ပန်းတောင်းမြို့နယ်နေသူမောင်းနှင်
လာသော မ/×××× GMC  အမျိုးအစား (၁၀)ဘီးယာဉ်အား မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲလမ်း၏
ယာဘက်ဘေးကျွန်းပင်အား ၀င်ရောက်ချိတ်မိကာ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ အောင်မြင့်
တွင်ဝဲပေါင်ကျိုး၊၀ဲလက်ဖျံကျိုး၊ယာပေါင်ပွန်းပြဲဒဏ်ရာ၊ယာလက်ဖူးရောင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ဟုသိရ 
သည်။

ထို့အပြင် ဇော်ဝင်း (၄၀)နှစ်၊ ညောင်ခြေထောက်ရွာ၊ပန်းတောင်းမြို့နယ်နေသူတွင်ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာ၊
ဝဲလက်မောင်းပွန်းဒဏ်ရာ၊ ၀ဲပေါင်နာကျင်ဒဏ်ရာ၊ သိန်းထွေး (၃၇)နှစ်၊ ညောင်ကုန်းရွာ၊နတ်မောက် အုပ်စု၊ 
ပန်းတောင်းမြို့နယ်နေသူတွင် ယာလက်ပြင်ပွန်းဒဏ်ရာ၊ ယာခြေသလုံးပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ 

ထို့ကြောင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်မြင့်အား အရေးယူပေးရန် ရဲအုပ်အေးဇော်ဝမ်းမှတရားလိုပြု
လုပ်တိုင်တန်းချက်အရ ပန်းတောင်းမြို့မရဲစခန်း ယာဉ် (ပ) ၃/၂၀၁၅ ပြစ်မှုပုဒ်မ - ၃၀၄ - က/၃၃၈ဖြင့် အမှုရေးဖွင့်
ထားရှိကာ ဒုရဲအုပ်မြဇော်အောင်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။


သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883







Read More...

Facebook Like Page