Sunday, November 30, 2014
ပြည်တက္ကသိုလ်ကျောင်းနံရံများပေါ်၌ ပညာရေးစနစ်ကိုဆန့်ကျင့်သည့်စာသားများ မှုတ်ဆေးဖြင့် ရေးခြယ်
Leave a Comment
    သီဟလွင်- ပြည် (မြစ်မခ)
ပဲခူးတိုင်း ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ မျက်နှာစာ ကျောင်းဝန်းနံရံများတွင် အမည်မသိအဖွဲ့များမှ ပညာရေးစနစ်နှင့်ပတ်သက်၍ ဆန့်ကျင်သည့်စာသားများအား မှုတ်ဆေးများဖြင့် ရေးသားထားသည်ကို နိုဝင်ဘာလ (၂၈)ရက်နေ့ မနက်ပိုင်းက မြင်တွေ့ခဲ့ရသည်။
အဆိုပါကျောင်းနံရံများတွင်  ပညာရေးစနစ်အားဆန့်ကျင်သည့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိ၊ EDUCATION IS NOT SALE, WE ARE STUDENT NO CUSTOMER စသည့်စာသားများကိုများကို အနက်ရောင်နှင့် အနီရောင်မှုတ်ဆေးများဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မည်သည့်အဖွဲ့မှပြုလုပ်သည်ကို မသိရှိကြောင်း ပြည်မြို့မှ နိုင်ငံရေးအင်အားစုများက ပြောဆိုကြသည်။
ကျောင်းသားများ၏ ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ လှုပ်ရှားမှုများတွင် အမည်မသိအဖွဲ့များမှလည်း ပူးပေါင်း ပါဝင်လှုပ်ရှားမှုများလည်း ရှိလာကြောင်း၊ ဗ.က.သ အဖွဲ့ဝင်ကျောင်းသားများသာမဟုတ်ပဲ သာမာန်ကျောင်း သားများမှလည်း အဆိုပါပညာရေးစနစ်ကို မလိုမရှိမှုအပေါ် ပြသလာကြခြင်းဖြစ်ကြောင်းဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောသည်။
“အာဏာရှင်အစိုးရက ကျောင်းသားတွေအပေါ်မှာ လာရောက်လွှမ်းမိုးတာ ဘယ်ကျောင်းသားမှ မကြိုက်ဘူး ဆိုတာ မြင်လာရတယ်၊ ဦးတည်ချက် ရည်ရွယ်ချက်ခြင်းတူတဲ့ ဘယ်ကျောင်းသားမဆို ကျနော်တို့ကတော့ လက်ကမ်းကြိုဆိုတယ်”ဟု ၄င်းက ဆိုသည်။
အမျိုးသားပညာရေးဥပဒေအား ဗ.က.သ ကျောင်းသားများက ၀ိုင်းဝန်းကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများကို ရန်ကုန် မန္တလေး မြင်းခြံ မြို့များတွင် ပြုလုပ်နေကြသည့်နောက်ပိုင်းတွင် ပြည်မြို့တွင်လည်း ယခုကဲ့သို့ လှုပ်ရှား မှုများ ပေါ်ပေါက်လာခြင်းဖြစ်ကာ မည်သူမည်ဝါ ပြုလုပ်သည်ဆိုသည်ကို မသိရသေးကြောင်း ပြည် ဗ.က.သ အဖွဲ့ဝင်များက ပြောဆိုကြသည်။
မည်သည့်အချိန်တွင် ရေးသားခဲ့သည်ကို မသိရသည့် အဆိုပါ ကျောင်းနံရံများပေါ်မှ ပညာရေးစနစ် ဆန့်ကျင် ရေး စာသားများကို နိုဝင်ဘာလ(၂၈)ရက်နေ့ နေလည်ပိုင်းက ပြည်တက္ကသိုလ်မှ တာဝန်ရှိသူများက ပြန်လည် ဖျက်ပစ်ခဲ့သည်။
Read More...
မိမိတတ်ကျွမ်းသော ဂျပန်အနှိပ်ပညာဖြင့် မိမိ၏ ဘ၀ရှေ့ရေး တစ်ဝမ်းတစ်ခါး စာအတွက် အချိန်ပိုင်းလက်လံ နှိပ်ပေးနေသူ
Leave a Comment
မိမိတတ်ကျွမ်းသော ဂျပန်အနှိပ်ပညာဖြင့် မိမိ၏ ဘ၀ရှေ့ရေး
တစ်ဝမ်းတစ်ခါး စာအတွက် အချိန်ပိုင်းလက်လံ နှိပ်ပေးနေသူ
မောင်ဟန်ထက်အောင်သည် အသက်အရွယ်ကြီးရင့်သော ဘိုးဘွား
များအား ပြည်မြို့ ခေတ္တရာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများကို လုပ်အားဒါနပြုနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ လူမှုဝန်
ထမ်း ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေး ၀န်ကြီးဌါန လူမှုဝန်
ထမ်းဦးစီးဌာန မျက်မမြင်ကျောင်း ကြည့်မြင်တိုင်မှ ဂျပန်အနှိပ်ပညာသင်
တန်းဆင်း တစ်ဦးဖြစ်ပါသည်။
ယခုအခါ မိမိတတ်ကျွမ်းသော ဂျပန်အနှိပ်ပညာဖြင့် မိမိ၏ ဘ၀ရှေ့ရေး
တစ်ဝမ်းတစ်ခါး စာအတွက် အချိန်ပိုင်းလက်လံ နှိပ်ပေးပါသည် သို့ဖြစ်ပါ၍
အကြောပြေ အညောင်းပြေအနှိပ်ခံချင်သူများအတွက် မသန်ပေမယ့် စွမ်းနေတဲ့
 မောင်ဟန်ထက်အောင်၏ ဖုန်းနံပါတ် 09 - 976199184 သို့ ဆက်သွယ်နိုင်ပါကြောင်း
 သိရပါသည် ။
ပြည့်သဲမောင်(ပြည်)
Read More...
Saturday, November 29, 2014
ပြည်မြို့ ပြည်သာယာနယ်မြေ ခရမ်းကုန်းရပ်ကွက်အတွင်းမီးလန့် မှု ဖြစ်ပွား
Leave a Comment
ပြည် တပ်ရင်းရုံး ၂၉.၁၁.၂၀၁၄
ပြည်မြို့ ပြည်သာယာနယ်မြေ ခရမ်းကုန်းရပ်ကွက်အတွင်း ယနေ့ည ၇း၃၀ နာရီဝန်းကျင်ခန့်တွင် ပဲအကြော်ဖိုလ် အမိုးမှဟု ယူဆရသော မီးလန့်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်
ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့
Read More...
ဝက်ထီးကန်မြို့ နှောကန်အုပ်စုတွင်မိုးပွင့်အဆင့်(၇)နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး ပြည့်သဲမောင်(ပြည်)
Leave a Comment
ဝက်ထီးကန်မြို့ နှောကန်အုပ်စုတွင်မိုးပွင့်အဆင့်(၇)နိုင်ငံသားစိစစ်ရေးကတ်ပြားများ
ကွင်းဆင်းဆောင်ရွက်ပေး
ပြည့်သဲမောင်(ပြည်)
Add caption
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံ
တင်ရေးဦးစီးဌာန ပြည်မြို့နယ်မှလ.၀.ကခရိုင်ဦးစီးမှုးဦးဆောင်သောအဖွဲ့သည် ၀က်
ထီးကန်မြို့ နှောကန်ကျေးရွာအုပ်စု၊ကတ်မြှောင်၊သဲကော၊ကြို့ကုန်း၊ထန်းကုန်း၊ဇာနည်
ကုန်း၊ဈေးကုန်းကျေးရွာများမှအများပြည်သူများအားနိုဝင်ဘာ(၂၉)ရက်နေ့ နံနက်(၉)နာရီ
က နှောကန်ကျေးရွာ မူလတန်းကျောင်း၌နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းေ
ဆာင်ရွက်ပေးခဲ့ကျကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းအား ပြည်မြို့နယ် လ.၀.
ကခရိုင်ဦးစီးမှူး ဦးကျော်မော်ထွန်း ၊မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးဇော်ဇော်ဦး ဒုလ.ဝ.ကဦး
စီးမှူး ဦးဌေးကျော်ဦး ၊ ဒုလ.ဝ.ကဦးစီးမှူး ဒေါ်မြမြစိုး ၊လက်ထောက်လ.၀.ကမှုး ဦးရန်နို
င်အေး၊လက်ထောက်လ.၀.ကမှုး ဒေါ်ဥမ္မာစိုး ၊နှောကန်အုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်၊ရပ်ကွက်
အထောက်အကူပြုအဖွဲ့မှ ဦးအေးလွင်၊ဦးမောင်ရီ ၊မူလတန်းကျောင်းအုပ် ဦးသိန်းလွင်
ရပ်မိရပ်ဖဦးတင်ထွန်း၊ဦးလှငွေတို့မှနိုင်ငံသားစိစစ်ရေးကတ်ပြား(၁၈၂)ဦးအားဆောင်ရွက်
ပေးခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
Read More...
“ပညာရေးစနစ်”ကို ဆန့်ကျင်သည့် စာတန်းများ ပြည်တက္ကသိုလ် နံရံမှာရေးဆွဲထား
Leave a Comment
“ပညာရေးစနစ်”ကို ဆန့်ကျင်သည့် စာတန်းများ ပြည်တက္ကသိုလ် နံရံမှာရေးဆွဲထား
ပြည်မြို့ ရွှေတချောင်းလမ်းပေါ်က ပြည်တက္ကသိုလ် မျက်နှာစာ အုတ်နရံတွေမှာ
စစ်ကျွန်ပညာရေးစနစ်အလိုမရှိ၊ EDUCATION IS NOT SALE, WE ARE STUDENT NO
CUSTOMER ဆိုပြီး မှုတ်ဆေးနဲ့ရေးထားတဲ့ စာတန်းတွေကို ဒီကနေ့ မနက်ပိုင်းက တွေ့မြင်ခဲ့ရပါတယ်။
အမျိုးသားပညာရေး ဥပဒေကို ဗကသကျောင်းသားတွေက ဝိုင်းဝန်းကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဆန္ဒဖေါ်ထုတ်နေတဲ့ အချိန်မှာ ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်အနီးမှာလည်း တွေ့ခဲ့ရတာပါ။
အမျိုးသားပညာရေးဥပဒေကို နည်းမျိုးစုံဖြင့်ကန့်ကွက်နေတဲ့အပေါ် ကြိုဆို ထောက်ခံကြောင်းနဲ့ အခုကိစ္စဟာ မြေလတ် ဗကသ နဲ့ ပတ်သတ်ဆက်နွယ်မှုမရှိဘူးလို့ ပြည်နည်းပညာတက္ကသိုလ်က မြေလတ် ဗကသ ကော်မတီ အဖွဲ့ဝင် ကိုသန့်ဇင်ထွန်းက ပြောပါတယ်။
“ကျနော်တို့ကတော့ အမျိုးသားပညာရေးဥပဒေကို နည်းမျိုးစုံနဲ့ ကန့်ကွက်လာတဲ့အပေါ်မှာ ကြိုဆို ထောက်ခံပါတယ်။ ကျနော်တို့ဘက်ကတော့ ပြည်သူလူထု ပူးပေါင်းပါဝင်လာမဲ့ လှုပ်ရှားမှုမျိုးနဲ့သာ
ဆက်လက်ဆန္ဒဖေါ်ထုတ်သွားမှာပါ။ အခုလိုလုပ်တာနဲ့ ပတ်သတ်ပြီးတော့ ကျနော့အဖွဲ့ ကလုပ်တာ ပတ်သက်ဆက်နွယ်တာမရှိပါဘူး။ Anonymous Burma လှုပ်ရှားမှုတွေနဲ့ တူနေလို့ ကျနော်တော့ အဲဒီ့အဖွဲ့လို့ပဲ ထင်ပါတယ်။” လို့ သူကဆိုပါတယ်။
လက်ရှိပညာရေးစနစ်ပြောင်းလဲဖို့ လိုအပ်တဲ့အတွက် ဥပဒေအသစ်ရေးဆွဲမယ်ဆိုရင် သက်ဆိုင်ရာနယ်ပယ်က ကျောင်းဆရာများနှင့်ကျောင်းသားထုတွေ ပါဝင်သင့်တယ်လို့ ပြည်မြို့ ပညာရေးအသိုင်းအဝိုင်းကဆရာတဦးက ပြောပါတယ်။
“အခုပညာရေးဥပဒေအသစ်က ဗဟိုချုပ်ကိုင်မှုတွေရှိသလို ပညာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေမပါသလို ကျောင်းဆရာ၊ ကျောင်းသားထုတွေမပါဝင်တဲ့အတွက် ဘာမှ ထူးခြားမှု ရှိလာမှာမဟုတ်ပါဘူး။ ကျောင်းသားတွေ လူသိရှင်ကြားဆန္ဒထုတ်ဖေါ်ကြတာရှိသလို အခုလို ဆန့်ကျင်
ကန့်ကွက်မှုမျိုးတွေအပေါ်မှာလည်း ထောက်ခံအားပေးပါတယ်။ တိုင်းပြည်တခု ပြန်လည် ထူထောင်မယ်ဆိုရင် ပညာတတ်တွေနဲ့ ထူထောင်မှသာအမြန်ဆုံးအကျိုးသက်ရောက်မှုရှိလာနိုင်မှာလေ။”
ဘယ်အချိန်က လာရေးသွားတယ်ဆိုတာ မသိရပေမယ့် ဒီကနေ့ မနက် ၉ နာရီအချိန်ထိ သက်ဆိုင်ရာ တက္ကသိုလ်က တာဝန်ရှိသူတွေက အဲဒီစာတန်းတွေကို မဖျက်ထားသေးပါဘူး။
ကောင်းမြတ်မင်း၊ ဧရာဝတီ
Read More...
ပြည်မြို့ထွက် မုန်လာဥများ ဈေးကောင်း ရသော်လည်း အထွက်နှုန်း နည်းသဖြင့် တောင်သူများ တွက်ချေမကိုက်
Leave a Comment
ပြည်မြို့ထွက် မုန်လာဥများ ဈေးကောင်း ရသော်လည်း အထွက်နှုန်း နည်းသဖြင့် တောင်သူများ တွက်ချေမကိုက်
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော မုန်လာဥများ ယခုရက်ပိုင်းများအတွင်း ဈေးကောင်းလာသော်လည်း ရာသီဥတုကြောင့် အထွက်နှုန်းနည်းကာ တောင်သူများ တွက်ချေမကိုက်ဖြစ်နေကြောင်း သိရှိရသည်။ လက်ရှိတွင် မုန်လာဥငါးလုံးပါ တစ်တွဲလျှင် ဖောက်သည်ဈေး ကျပ် ၂၀၀ ခန့် ရရှိနေသော်လည်းတန်ဆောင်တိုင် ကာလအချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် မုန်လာဥအထွက်နှုန်းနည်းခြင်းနှင့် အလုံးသေးခြင်းများကြောင့် တွက်ခြေမကိုကဘဲ အရှုံးပေါ်နေရကြောင်း မုံလာစိုက်တောင်သူများက ဆိုသည်။ “ မုံလာဥက မိုးကြောက်တယ်။ အခုမိုးတွေရွာလိုက်တော့ ဥပုပ်ရင်ပုပ်။ မပုပ်ရင်အရွက်နွမ်းသွားတယ်။ ပြီးတော့ အထွက်နည်းသွားတော့ တောင်သူတွေတွက်ချေမကိုက်ကြဘူး။”ဟု မှော်ဇာကျေးရွာမှာ မုံလာစိုက်တောင်သူ ဦးမြင့်သောင်းက ပြောသည်။ ထို့ပြင် အလုပ်သမားစရိတ်သည် မုံလာဥတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲခန့် ကုန်ကျပြီး အထွက်နှုန်းကောင်းပါက အဆင်ပြေမှုရှိသော်လည်း ယခုကဲ့သို့အထွက်နှုန်းနည်းလျှင် တွက်ခြေမကိုက်ကြောင်း သိရသည်။ အဆိုပါ မုန်လာဥများမှာ ရန်ကုန်သို့ တင်ပို့ခြင်းဖြစ်ပြီး မုန်လာဥ အရွယ်သေးသော်လည်း အထွက်နှုန်းနည်း သဖြင့် ဈေကောင်းပေးဝယ်နေရကြောင်း အ၀ယ်ဒိုင်များထံမှ သိရသည်။ “ နှစ်တိုင်းလုပ်နေကျအလုပ်ဆိုတော့ မကိုက်တော့လည်းလုပ်ရတာပဲ။” ဟု တောင်သူများထံမှ အခင်းပြတ် ၀ယ်ယူသော မုံလာဥအ၀ယ်ဒိုင်တစ်ဦးက ပြောသည်။ ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ရာသီပေါ်သီးနှံအဖြစ် မုံလာဥနှင့် သခွားသီးများ ထွက်ရှိ နေပြီး စီပွားဖြစ်စိုက်ပျိုးသော သီးနှံများမှာ မုန်လာဥ၊ ဘူးသီး၊ သခွားသီး၊ နံနံပင်၊ ကြက်ဟင်းခါးသီး၊ ခရမ်းကျွတ်သီးနှင့် အလှပန်းများဖြစ်ပြီး အခြားရာသီစာ သီးနှံများလည်း ထွက်ရှိကြောင်း သိရသည်။
သီဟလွင် - ပြည်( မြစ်မခ)
Read More...
Friday, November 28, 2014
ပျူမြို့ဟောင်းများတွင် ကမ္ဘာ့အမွေနှစ် ကျောက်စာတိုင်များ လိုက်လံစိုက်ထူ
Leave a Comment
ရေခဲ (ပြည်) 
ပျူမြို့ဟောင်းဖြစ်ကြသည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာရှေးဟောင်း မြို့များတွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) ယူနက်စကို အသိမှတ်ပြု WORLD HERITAGE LOGO တံဆိပ်ပါ ကမ္ဘာ့အမွေနှစ် အသိအမှတ်ပြု ကျောက်စာတိုင်များကို စတင်စိုက်ထူနေပြီဟု သရေခေတ္တရာ မြို့ဟောင်းတူးဖော်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။
“ကျောက်စာတိုင်တွေကို မြို့ဟောင်းသုံးမြို့စလုံးမှာ စတင်စိုက်ထူနေပြီ။ အင်္ဂတေမံတာတို့ သပ်ရပ်လှပ အောင်ဆောင်ရွက်တာက တစ်ပတ်၊ ဆယ်ရက် လောက်တော့ ကြာဦးမယ်။ ပြီးမှဖွင့်ပွဲ ကို ဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ကျောက်စာတိုင်များကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်စိုက်ထူခြင်းဖြစ်ပြီး လက်ရှိတွင် သရေခေတ္တရာမြို့ဟောင်း အဝင်ဝ နဂါးတွန့် တံခါးအနီး၌ ကမ္ဘာ့ အမွေအနှစ် အသိအမှတ်ပြု ကျောက်စာတိုင်ကို စိုက်ထူနေသည်။
ဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်သွားရန် စီစဉ်နေကြသည်။
 သရေခေတ္တရာမြို့အဝင်တွင် စိုက်ထူထားသည့် ကျောက်စာတိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရေခဲ (ပြည်)
မဇ္ဈိမ
Read More...
Wednesday, November 26, 2014
ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျခံထားရသည့် ကိုဝင်းလှိုင်လွတ်မြောက်ပြီး ကျန်ရှိအမှု ၆ မှုအတွက်ထောင်ကျဘ၀ဖြင့်အာမခံလျှေက်ထား
Leave a Comment
ကိုဝင်းလှိုင်သတင်းအပြည့်စုံ--
ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျခံထားရသည့် ကိုဝင်းလှိုင်လွတ်မြောက်ပြီး ကျန်ရှိအမှု ၆ မှုအတွက်ထောင်ကျဘ၀ဖြင့်အာမခံလျှေက်ထား
=========================================================
ပြည်၊ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့၊ အကျဉ်းထောင်တွင်း ပုဒ်မ ၁၈ ဖြင့်အကျဉ်းချခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ကိုဝင်းလှိုင်မှာ
လွတ်မြောက်ပြီး ကျန်ရှိပုဒ်မ ၁၈ ငါးမှု၊ ၁၉ တစ်မှုတို့တွက် ချုပ်ရက်လွှတ်အာမခံ လျှောက်ထားသွားမည်ဖြစ်ကြောင်းသိရသည်။
“ ပေါက်ခေါင်းကအမှုကတော့အာမခံရပါပြီ၊ အခုပြည်မြို့က တရားသူကြီးဆီမှာ အာမခံ
ဆက်လျှောက်မယ်၊ တရားရုံးကလွှတ်စေဆိုရင် လွှတ်မယ်၊ ထောင်ကြီးပြန်သွားဆိုရင်
လည်းပြန်သွားရမယ်၊ အခုကျွန်တော်ကလွှတ်မြောက်သွားပြီဆိုပေမယ့် ကျန်နေသေးတဲ့ နိုင်ကျဉ်းတွေ၊လယ်သမားတွေ လွတ်စေချင်
တယ် ပေါင်းတည်မအကျဉ်းထောင်က ဒေါ်ညိုဆိုရင်နေမကောင်းဘူး ထောင်ထဲမှာ
 လွှတ်ပေးသင့်တယ် မီဒီယာသမားတွေကိုလည်း လွှတ်ပေးသင့်တယ်။ လွှတ်ပြီးရင်
လည်း ထပ်ပြီးဆန္ဒဖော်ထုတ်မှုတွေလုပ်အုံးမှာပဲ ” ဟု ကိုဝင်းလှိုင်ကပြောသည်။
ကိုဝင်းလှိုင်မှာ ဆိုင်ကယ်ဦးထုပ် ဒဏ်ကြေး ၁၅၀၀ ပြင်၊ CBဘဏ်သို့ပေးသွင်းရသည့်
 ငွေ ၅၀၀၀ ကျပ်ကို ကန့်ကွတ်သည့်အနေဖြင့် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှုကြောင့်
ပုဒ်မ ၁၈ ဖြင့်တရားစွဲဆိုထောင်ချခြင်းခံခဲ့ရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြုတ်ချပေးရေး၊ မြစ်ဆုံဆည်ရပ်တည်ရေး၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အခြေံခံဥပဒေပြင်
ဆင်ရေးတို့ကို ဆန္ဒပြမှုများဖြင့် တစ်ကိုယ်တော်နှင့် ပူးတွဲများစုစုပေါင်း ပုဒ်မ ၁၈ ပြည်မြို့တွင်
ဖြစ်ကာ လွတ်မြောက်ခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်တွင်အမှုအားလုံးအတွက်အာမခံလျှောက်
ထားသွားမည်ဖြစ်သည်။
ဆက်လက်ချုပ်ထားခြင်းပေါ် ပြည်မြို့အကျဉ်းဦးစီဌာနထောင်ပိုင်ကြီးက “ ချုပ်မိန့်ကျန်နေသေး
တယ်။ ၂၆ ရက်နေ့မှာရုံးချိန်းရှိတယ် ထောင်ကျစဉ်ကတည်းကပေးထားတဲ့ချုပ်မိန့်တွေ နောက်
အာမခံတွေ ဒီနေ့မှတင်ရမှာ အာမခံရရင်လွှတ်ပါပြီ၊ ထောင်ကျကနေချုပ်မိန့်ပြောင်းသွားတဲ့သေ
ဘာပါ။” ဟုပြောသည်။
ကိုဝင်းလှိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ကလွတ်မိန့်ရရှိပြီးဖြစ်သော်လည်း ကျန်ရှိအမှုများတွင်အာမခံ မယူရသေးသည့် အမှုများအတွက် အချုပ်သားအဖြစ်ဆက်လက်ထားရှိခြင်းခံနေရကာ အာမခံရရှိမှသာ ထောင်ကြီးချုပ်မှလွှတ်ပေးမည်ဖြစ်ကြောင်း မိသားစုများကပြောသည်။
ကိုဝင်းလှိုင်မှာ လွှတ်မြောက်ပြီးလာမည့်ဒီဇင်ဘာလ ၂ ရက်နေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်
 ဒီဇင်ဘာ ၉ ရက်နေ့တို့တွင် ဆန္ဒဖော်ထုတ်သွားမည်အုံးဖြစ်ကြောင်း သိရသည်။
သရေခေတ္တရာ သတင်းမီဒီယာ
Read More...
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်းတွင်စာရင်းပေးသွင်းနိုင်ပါပြီ
Leave a Comment
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်းတွင်စာရင်းပေးသွင်းနိုင်ပါပြီ
ဒီဇင်ဘာလ *** 8 ***ရက်နေ့တွင် အတန်းသစ်များစတင်ဖွင့်လှစ်
သင်ကြားပေးမည်။
 နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီးများဖြစ်ကျသော ဦးခင်မောင်လတ်
ဆရာကြီး ဦးသိန်းမောင်(ထင်လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင်
ထံတွင်(၉)နှစ်တိုင်တိုင် ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A
(Psy),TKT(UK),Dip.In English(YUFL)မှENGLISH PROFICIENCY CLASSES
READING
WRITING
LISTENING
SPEAKING FOUR SKILLS လုံးသင်ကြားပေးနေပါသည်။
Basic ,Intermediate,Advanced Level
Basic Level (၃) လ
Intermediate Level (၃) လ
တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ကျပ် ပေးရုံဖြင့်ကျန်အတန်းများကို
အခမဲ့တက်ရောက်ခွင့်ရှိသည်။ကျောင်းသားများ အချိန်မရွေးဆက်သွယ်နိုင်
ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်ထားပါသည်။သီးသန့်ဝိုင်းများ
ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။
သင်တန်းအားတက်ရောက်လိုပါက
Monday to Thursday
Basic Leveel(1)6;30 to8;00 am
                   (2)8;00 to9;30 am
                   (3)3;00 to4;30 pm
                   (4)5;00 to6;30 pm
                   (5)6;30 to8;00 pm
Intermediate(1)9;30 to11;00 am
General English(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
Saturday to Sunday 
Basic Leveel
                    (1)8;00 to9;30 am
                    (2)9;30 to11;00 am
                    (3)4;30 to6;00 pm
Intermediate Leveel
                    (1)2;30 to4;00 pm
Advanced Level(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
 ဖြစ်ပြီး
သင်တန်းတည်နေရာမှ..................
 အမှတ်(၁၂/၈၃)၊ရတနာလမ်း /(၄)လမ်း၊န၀င်းကွက်သစ်၊ပြည်မြို့၊ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214
Read More...
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ShortLink (လိုင်းထိန်းကြိုး) များတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက် ပြည့်သဲမောင်(ပြည်)
Leave a Comment
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ShortLink
(လိုင်းထိန်းကြိုး) များတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်
 ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှအများပြည်သူ
များလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်ShortLink(လိုင်းထိန်းကြိုး)များတပ်
ဆင်ခြင်းလုပ်ငန်းများအား နိုဝင်ဘာ (၂၅၊၂၆၊၂၇)ရက်နေ့များက ပြည်မြို့နယ၊်လျှပ်
စစ်အင်ဂျင်နီယာဦးကျော်စွာလင်းနှင့်ကျွမ်းကျင်ဝန်ထမ်းများမှဆောင်ရွက်လျှက်ရှိ
သည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းကြောင့်ဒေသခံပြည်သူများအနေဖြင့်သဘာဝဘေးအန္တ
ရာယ်ကြောင့်ဓါတ်ကြိုးများပျက်ကျပါကမြေပြင်သို့မကျစေရန်နှင့်အန္တရာယ်မရှိရန်ရည်
ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်)
Read More...
ဆိုလာအားသွင်းအင်ဗာတာနှင့်ဘက်ထရီတစ်စုံအားလှူဒါန်းခဲ့
Leave a Comment
ဆိုလာအားသွင်းအင်ဗာတာနှင့်ဘက်ထရီတစ်စုံအားလှူဒါန်းခဲ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံရေးရာနှင့်စီးပွားရေးဝန်ကြီးဦးကျော်မြင့်နှင့်အဖွဲ့သည်
25-11-2014(13:00pm)အချိန်တွင်ပန်းတောင်းမြို့နယ်တောင်ဘို့ကြီးအုပ်စုမြေဝါမှန်
ကုန်းကျေးရွာသို့သွားရောက်၍မှန်ကုန်းကျေးရွာဘုန်းကြီးကျောင်းထိုင်ဆရာတော်အားဖူး
မျှော်ကြည်ညိုပြီးကျေးရွာနေပြည်သူလူထုအားတွေ့ဆုံခဲ့ပါသည်။
ထို့နောက်ကျေးရွာနေပြည်သူလူထုနှင့်ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆွေးနွေးပြီးလိုအပ်ချက်
များအပေါ်မြို့နယ်ဌာနဆိုင်ရာများဖြင့်ပေါင်းစပ်ညှိုနှိုင်းပေးကာကျေးရွာအတွက်အမှန်တစ်
ကယ်အသုံးပြုရန်လိုအပ်သောဆိုလာအားသွင်းအင်ဗာတာနှင့်ဘက်ထရီတစ်စုံအားလှူဒါန်းခဲ
့ကြောင်းသတင်းရရှိပါသည်။
Mg Mg Arrow
Read More...
Monday, November 24, 2014
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ လုံးဆိုင်ရာအမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့ ရုံးအမှတ်(၄)၏ သဘောထားကြေငြာချက်
Leave a Comment
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ လုံးဆိုင်ရာအမျိုး၊ ဘာသာ၊
သာသနာ စောင့်ရှောက်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့
ရုံးအမှတ်(၄)၏ သဘောထားကြေငြာချက်
၁။ ၂၃.၁၀.၂၀၁၄ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အနိမ့်ရွာ(သုံးပန်လှ)တွင် ချောင်းဦး မြို့နယ် အမျိုးသား ဒီမိုကရေစီပါတီ
(NLD) အလုပ်အမှုဆောင် ဥက္ကဌဦးမျိုးဝင်းမှ ဦးစီးကျင်းပသော ဦးဝိ စာ
ရနေ့စာပေဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ 
ဗဟိုပြန်ကြားရေးကော်မ တီဝင် ဦးထင်လင်းဦးမှ ဗုဒ္ဓဘာသာကို လည်းေ
ကာင်း၊ ရဟန်းသံဃာတော်များကိုလည်းကောင်း၊ဗုဒ္ဓဘာ သာသာသနာတော်
ကိုညှိုးနွမ်းစေသော စော်ကားထိပါးပုတ်ခတ်ချက်များဖြင့် ဟောပြောသွားခဲ့ပါ
သည်။
၂။ ဟောပြောချက်များမှာ အစ်ကိုကနှစ်မကိုမယူရင်၊ နှစ်မကအစ်ကိုကိုမယူရင် သာကီမျိုးလို့မပြောနဲ့မောင် နှစ်မချင်းယူရင် ဘာမျိုးလို့ခေါ်သလဲ ဒါကိုသာကီမျိုး
လို့ သင်္ကန်းဝတ်ထားတဲ့ လူကြီးကပြောလာရင် မင်း နဲ့ငါဆံပင်ရှိတာနှင့် မရှိတာ
ဘဲကွာတယ်ကွ၊ ဟကောင်ရဲ့လို့ဘဲပြောလိုက်မယ် လူတွေက ကတုံးကြီးတုံး ပြီး
သင်္ကန်းပတ်လာရင် ဖင်ကုန်းဦးချတော့တာဘဲ၊ ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ
ဖျက်ဆီးနေတာ၊ ဒီ လောက်မျိုးချစ်နေရင် မြတ်စွာဘုရားကိုမကိုးကွယ်ကြနဲ့၊ ဘုရား
က တိုင်းရင်းသားဖြစ်တဲ့ ရှမ်း၊ ကချင်၊ ရ ခိုင် လည်းမဟုတ်ဘူး မျိုးချစ်တွေကိုးကွယ်စ
ရာမလိုဘူး ဟူသောစာသားများအား မိုက်ရိုင်းစွာဖြင့်ဟော ပြောခဲ့ခြင်းဖြစ်ပါသည်။
၃။ မြတ်ဗုဒ္ဓနှင့်ဘာသာ၊ သာသနာကို ယုတ်မာရိုင်းစိုင်းစွာပြောဆို ဟောပြောခဲ့မှုအ
တွက် ဗုဒ္ဓဘာသာကို ကိုး ကွယ်ယုံကြည်ကြသူများအနေဖြင့် ဘာသာတရားအတွက်
စိတ်ပူပန် ဆင်းရဲမှုများဖြစ်ပေါ်နေသည့်အပြင် ဘာသာအား ခုတုံးလုပ်၍ နိုင်ငံရေး
အသွင်ဖန်တီးပြီး ပြသနာများကြီးမားစေရန် ဖန်တီးနေ သည်ဟုယုံကြည်ပါသည်။
၎။ သို့ပါ၍ ထိုဟောပြောချက်များနှင့် ပတ်သက်၍၄င်းဦးထင်လင်းဦးအား ပြည်မြို့နယ်
၊ပေါင်းတလည်မြို့ လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နှင့်မြန်မာ
နိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအ ဖွဲရုံးအမှတ်(၄)မှ ပြင်းထန်စွာ ပြစ်တင်ကန့်ကွက်ရှုံ့
ချကြောင်း သဘောထားကြေငြာချက် ထုတ်ပြန် သည်။
ဦးတိလောက ဥက္ကဌ ဆရာတော် အမျိုး၊ဘာသာ၊သာသနာ စေင့်ရှောက်ရေးအဖွဲ့
ဦးတေဇနိယ အကျိုးဆောင် ဆရာတော် အမျိုး၊ဘာသာ၊သာသနာ စေင့်ရှောက်ရေးအဖွဲ့
ဦးခင်ဇော် ဦးဆောင်ကော်မတီဝင် ၀ံသာနုရက္ခိတအဖွဲ့ရုံးအမှတ်(၄)
ရုံအမှတ်(၄) ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါင်းတလည်မြို့ တောင်ပိုင်းရပ်ကွက်
ဒက္ခိတရာမကျောင်းတိုက် ဖုန်း ၀၉-၃၁၅၉၄၃၅၆-၀၉-၂၅၀၁၁၃၈၄၁-၀၉-၄၃၂၃၁၁၂၉
Read More...
Sunday, November 23, 2014
yes ! Coffee & Snack ဆိုင်ဖွင့်ပွဲကို ဒီနေ့ 23 ရက်နေ့တွင်ဖွင့်ပြီနော်
Leave a Comment
yes ! Coffee & Snack ဆိုင်ဖွင့်ပွဲကို ဒီနေ့ 23 ရက်နေ့တွင်ဖွင့်ပြီနော်
သန့်ရှင်းလတ်ဆတ်သောအစားအသောက်များကိုမှစားသုံး
ချင်သူများအတွက်yes ! Coffee & Snack ဆိုင်တွင်
Coffee ၊နွားနို့ ၊ဘာဂါ(ကြက်၊ဝက်)၊ဆန်းဒရစ်၊ပေါင်မုန့်မီးကင်၊
ကြက်ဥပေါင်မုန့်ကြော်၊ထမင်းသုတ်(ကြက်ဥ၊ကြက်အူချောင်း၊အမဲ၊ဆိတ်)
လ္ဘက်ထမင်း (ကြက်ဥ၊ကြက်အူချောင်း၊အမဲ၊ဆိတ်)၊ကော်ဖီအေး၊နို့အေး
ကိုလာ(sprite)၊Max Plus(Power ၊ လိုင်ချီး ၊လိမ္မော် ၊စပါကလင်)
ကိုလာသံဗူး ၊Max Plus သံဘူး ၊sprite သံဘူး ၊ရေသန့် ၊ကျွဲရိုင်း ၊Shark
များကို ဝယ်ယူစားသုံးနိုင်ပါသည်။
yes ! Coffee & Snack ဆိုင်အားရွှေတစ်ချောင်းလမ်း
key point မျက်စောင်းထိုးတွင်ဖွင့်လှစ်ထားပါသည်။
Read More...
Saturday, November 22, 2014
ရေစီးရေလာမရှိသော ရေမြောင်များမှရေဆိုးအနံ့အသက်များသည် ရပ်ကွက်နေ ပြည်သူများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေပါသဖြင့် သက်ဆိုင်ရာ တာဝန် ရှိသူများသိရှိရန်နှင့်ပြုပြင်ပေးနိုင်ပါရန်ရပ်မိ ရပ်ဖတစ်ဦးမှတင်ပြခြင်း ပြည့်သဲမောင်(ပြည်)
Leave a Comment
ရေစီးရေလာမရှိသော ရေမြောင်များမှရေဆိုးအနံ့အသက်များသည် ရပ်ကွက်နေ
ပြည်သူများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေပါသဖြင့် သက်ဆိုင်ရာ တာဝန်
ရှိသူများသိရှိရန်နှင့်ပြုပြင်ပေးနိုင်ပါရန်ရပ်မိ ရပ်ဖတစ်ဦးမှတင်ပြခြင်း
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းသေသကြီး ပြည်မြို့အောင်ဆန်းပြည်သာယာအပိုင်း(၂) ၊အမှတ်(၉၉)၊(D)
လမ်းတွင်နေထိုင်သော ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ဦးက ယခုနှစ်များတွင် ရပ်
ကွက်တွင်းရှိရေမြောင်းများရေစီးရေလာ မရှိဖြစ်လာသည်ကိုတွေ့ရှိရကြောင်း၊မိုးတွင်း
အခါ ရေမြောင်းများမှရေလျှံပြီးနေအိမ်များအတွင်းသို့ရေဝင်ကြောင်း၊အောင်ဆန်းအ
ပိုင်း(၂)၊(c)လမ်း၊ခြံအမှတ်(၁၂၃)၂-ထပ်တိုက်အိမ် အောက်ထပ်သို့ရေဝင်ရာ မြွေဟော
က်များပါလာသဖြင့် နေထိုင်သူများနေအိမ်ကိုစွန့်ခွာသွားကြကြောင်း၊၄င်းအိမ်မှာ ယခုအ
ချိန်အထိရေနစ်မြုပ်နေဆဲဖြစ်ကြောင်း၊အိမ်ရှေ့လမ်းမပေါ်တွင်မိုးတွင်းကာလက ယောကျာ်း
တစ်ဦး၏ခါးလယ်ထိ ရေမြုပ်ကြောင်း၊ယခုမိုးကုန်သော်လည်း လမ်းပေါ်မှာရေဒူးဆစ်ခန့် ကျန်နေသေးကြာင်း၊ရပ်ကွက်နေလူထုနှင့်ကျောင်းသားလူငယ်များမှာ၎င်းရေထဲထဲမှနေ့စ
ဉ်ဖြတ်သန်းသွားလာနေရကြောင်း၊ထိုဖြစ်စဉ်အား တာဝန်ရှိသူများလာရောက် စစ်ဆေးပါကလက်တွေ့ပြနိုင်ပါကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ဦးကပြောပါ
သည်။
ထိုနေ့စဉ်ရှူနေရသော မြောင်းပုတ်နံ့ကြောင့် အော့အန်ပြီးထမင်းမစားချင်အောင်ဖြစ်ရပါ
သည်။အနံ့ဆိုးလွတ်ရာနေစရာမရှိလောက်အောင်ဖြစ်နေပါသည်။၎င်းမြောင်းပုတ်များအ
တွင်းခြင်များအဆမတန် ပေါက်ပွားနေသဖြင့်ကလေးသူငယ်များ သွေးလွန်တုပ်ကွေးဖြစ်
မည်ကိုစိုးရိမ်နေရပါသည်။တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်၏သန့်ရှင်းသာယာရေးကို ဥပက္ခာပြုထားသည်မှာ ကြာပါပြီ။ယခင်နှစ်က ပင်စင်စားအရာရှိတစ်ဦးမှ ဤပြဿနာများကို သက်ဆိုင်ရာဌာနများသို့စာဖြင့် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ထိရောက်သောအရေး
ယူဆောင်ရွက်ပေးမှုမရှိခဲ့ပါ။ယခုအခါ ရပ်ကွက်နေလူထုမှာကျန်းမာရေးထိခိုက်သည်သာမ
က နေအိမ်ကိုစွန့်ခွာရသည်အထိဆိုးရွားသော ဖြစ်ရပ်များနှင့်ရင်ဆိုင်နေရ၍တာဝန်ရှိသူ
များအနေဖြင့်အမြန်ဆုံးဆောင်ရွက်ပေးသင့်ပါကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ဦး
ကဆက်လက်ပြောကြားခဲ့သည်။
သို့ပါသောကြောင့် ပြည်သူများ၏အခက်အခဲများအား ပြည်သူ့အသံလွှတ်တော်အသံဟြုေ
ပာနေသော ပြည်မြို့မှလွှတ်တော်ကိုယ်စားလှယ်များ၊ဥက္ကဌ စည်ပင်ကော်မတီ၊ပြည်မြို့နယ်
စည်ပင်သာယာရေးအဖွဲ့၊အောင်ဆန်းပြည်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ပြည်ခရိုင်အေ
ထွထွေအုပ်ချုပ်ရေးမှူး၊ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူ
အဆင့်ဆင့်မှတာဝန်ယူဆောင်ရွက်ပေးပါရန် ပြည်သူဦးမြင့်ဦးကိုယ်စားအပြုသဘောဆော
င်ကာအကူညီတောင်းခံအပ်ပါသည်။
မှတ်ချက်။ ။ယခုရေးသားသောသတင်းစာမူသည် အများပြည်သူများကိုယ်စား အပြုသဘောဆောင်ကာမေတ္တာ ရပ်ခံအကူအညီတောင်းခံခြင်းသာဖြစ်ပါသည်။
မည်သည့်ဌာန မည်သည့်အဖွဲ့အစည်းကိုမှတိုက်ခိုက်ခြင်းမဟုတ်ပါ။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ ရပ်ကွက်နေပြည်သူများ
Read More...
ပေါင်းတလည်မြို့ ရွာမကျေးရွာအုပ်စုတွင် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ မိုးပွင့်အဆင့်(၇)နိုင်ငံရေးစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ ပြည့်သဲမောင်(ပြည်)
Leave a Comment
ပေါင်းတလည်မြို့ ရွာမကျေးရွာအုပ်စုတွင် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ
မိုးပွင့်အဆင့်(၇)နိုင်ငံရေးစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတလည်မြို့ ရွာမကျေးရွာ
အုပ်စုတွင်နိုဝင်ဘာလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့် ပြည်မြို့နယ်၊လူ
ဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်(၇)နိုင်ငံသားစိစ
စ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ရွာမကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင်ကျင်းပ
ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး(အနောက်)၊လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး
ဦးမောင်မာင်သန်း ၊ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမော်ထွန်း ၊ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်
အောင် ၊ပြည်မြို့နယ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးဇော်ဇော်ဦး ၊ရွာမကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးအောင်ချိုအေး ၊ ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ ၊အထောက်အကူ
ပြုအဖွဲ့များနှင့်ကျေးရွာနေ ပြည်သူလူထု(၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
ထိုပေးအပ်ပွဲအခမ်းအနားတွင် ရွာမကျေးရွာအုပ်စုရှိ ကျေးရွာ(၈)ရွာမှ နိုင်ငံသားစိစ
စ်ရေးကတ်ပြား ဆောင်ရွက်သူ(၁၉၂)ဦးတို့အား ပဲခူးတိုင်ဒေသကြီး(အနောက်ပိုင်း)
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီး
ဌာနမှူး၊ခရိုင်ဦးစီးဌာနမှူးတို့မှတစ်ဦးချင်း နီုင်ငံရေးစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့ပြီး
ပြည်မြို့နယ်တွင်မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့ထိ(
၁၄၄၂၈)ဦးဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသတင်းရရှိသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ လ၀ကရုံး
Read More...
စိမ်း ဝါ နီ မီးပွိုင့် ရေတမာပင်ကွယ်နေခြင်း အား သက်ဆိုင်ရာတာဝန်ယူထား သည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းမှခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပြီးစီး ပြည့်သဲမောင်(ပြည်)
Leave a Comment
စိမ်း ဝါ နီ မီးပွိုင့် ရေတမာပင်ကွယ်နေခြင်း အား သက်ဆိုင်ရာတာဝန်ယူထား
သည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းမှခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပြီးစီး
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြောက် စောင်းတန်းလမ်း ၆ လမ်းဂွ နာရီစင်တွင်
တက်ဆင်ထားသော စိမ်း ဝါ နီ မီးပွိုင့်အား ကိုး သောင်း ဘက်မှဗိုလ်ချုပ်လမ်းဘက်သို့လာ
ရာလမ်းတွင် တပ်ဆင်ထားသော စိမ်း ဝါ နီမီးပွိုင့်သည် ရေတမာပင်ကိုင်များဖြင့်ကွယ်နေပါ
သဖြင့် စိမ်း ဝါ နီ မီးပွိုင့်အားရဲစခန်းအရှေ့မှကြည့်လျှင်မမြင်ရခြင်း ၊မီးပွိုင့်တွင် ရပ်တန့်ရန်
သက်မှတ်ထားသောမျဉ်းများမှာလည်း သဘာဝဘေးအန္တရာယ်ကြောင့် မီးပွိုင့်တိုင်းတွင်
မျဉ်းများပျက်နေခြင်းတို့ကြောင့် ပြည်သူများကိုယ်စား ၁၉.၁၁.၂၀၁၄ရက်နေ့တွင်  သက် ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းများအား အကူညီတောင်း
ခံခဲ့ပါသည်။
ထိုသို့ အကူအညီတောင်းခံခဲ့ရာတွင် သက်ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထား
သည့်အဖွဲ့အစည်းမှ၂၁.၁၁.၂၀၁၄ ရက်နေ့တွင် စိမ်း ဝါ နီ မီးပွိုင့်အားကွယ်နေသောရေတမာ
ပင်အကိုင်းအခက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ပုံတွင်ဖော်ပြထားသည့်အတိုင်းတွေ့မြင်
ရသည့်အတွက်ပြည်သူ့အသံအားအလေးထားဆောင်ရွက်ပေးပါသော သက် ဆိုင်ရာတာဝန်ယူ
ထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းများအား ပြည်သူများကိုယ်စား အထူး(အထူး)
ကျေးဇူးတင်ပါကြောင်း။
ဆက်လက်ပြီးကျန်ရှိနေသော သက်မှတ်ထားသောမီးပွိုင့်တွင်ရပ်တန့်ရန် မျဉ်းများမှာလည်း သ
ဘာဝဘေးအန္တရာယ်ကြောင့် မီးပွိုင့်တိုင်းတွင် မျဉ်းများပျက်နေသဖြင့် သတ်မှတ်စီးမျဉ်းများ အား
ထင်သာမြင်သာအောင်ပြန်လည်ရေးဆွဲပေးပါရန်အပြုသဘောဆောင်ကာထပ်မံအကူညီတောင်း
ခံအပ်ပါသည်။
မှတ်ချက်။   ။ယခုရေးသားသောသတင်းစာမူသည် အများပြည်သူများကိုယ်စား အပြုသဘောဆောင်
ကာမေတ္တာရပ်ခံအကူအညီတောင်းခံခြင်းသာဖြစ်ပါသည်။မည်သည့်ဌာန မည်သည့်အဖွဲ့အစည်းကိုမှ
တိုက်ခိုက်ခြင်းမဟုတ်ပါ။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
Read More...
Thursday, November 20, 2014
MOBILE BANKING (C B BANK )အသုံးပြုနည်း MOBILE BANKING (C B BANK )အသုံးပြုနည်း
Leave a Comment
MOBILE BANKING (C B BANK )အသုံးပြုနည်း
MOBILE BANKING (C B BANK )အသုံးပြုနည်း
===========================
(၁) မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ C B Bank (သို.မဟုတ်) C B Bank Mobile Agent မှ ပေါက်ခေါင်းမြို.သို. ငွေလွဲပေးပို.ခြင်း
(က) နီးစပ်ရာ C B Bank ဧ။် မိုဘိုင်းဌာန (သို.မဟုတ်) Mobile Agent ထံသို.
သွားရောက်ပြီး ငွေလွဲထုတ်ယူမည်.သူဧ။် အမည် ၊ မှတ်ပုံတင်နံပါတ်၊ မို
ဘိုင်းလ် ဖုန်းနံပါတ် နှင့် ငွေလွဲပေးပို.သူနှင့် ငွေလွဲထုတ်ယူသူတို. အသုံး
ပြုရန် လျှို.၀ှက် နံပါတ်( password) (၆)လုံးရိုက်ထည်.ပေးရပါမည်။
(ခ) ငွေလွဲပေးပို.ပြီးပါက ငွေထုတ်ယူမည်.သူဧ။် ဖုန်းသို့ ငွေထုတ်ယူနိုင်ကြောင်း
မက်စိတ်ရောက်ရှိလာမည်ဖြစ်ပါသည်။
(ဂ)ငွေလွဲပေးပို.သူမှ ငွေလွဲထုတ်ယူမည်.သူဧ။် မိုဘိုင်းလ် ဖုန်းသို.ငွေထုတ်ယူရန်
လျှို.၀ှက်နံပါတ် (၆)လုံးကို မိမိကိုယ်တိုင် မက်စိတ်ပို.ပေးရပါမည်။
(ဃ)ငွေလွဲထုတ်ယူမည်.သူသည် ပေါက်ခေါင်းမြို. Mobile Agent
(ဦးသိန်းလှိုင် ဆေးဆိုင် 0931669922,09250114477) ထံတွင် ငွေလွဲ
ထုတ်ယူနိုင်ကြောင်း မက်စိတ်ပြ၍ လွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။
(၂) ပေါက်ခေါင်းမြို.မှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိုဘိုင်းလ်ဖုန်းကိုင်ဆောင်သူ
ထံ ငွေလွဲပေးပို.ခြင်း
(က)ပေါက်ခေါင်းမြို. Mobile Agent ထံတွင် ငွေလွဲလက်ခံမည်.သူဧ။် အမည်
မှတ်ပုံတင်နံပါတ် ၊မိုဘိုင်းလ် ဖုန်းနံပါတ် တို.ကို တိကျစွာပေးရပါမည်။
(ခ)ငွေလွဲပေးပို.သူမှ လျှို.၀ှက်နံပါတ်(၆)လုံး ရိုက်ထည်.၍ မှတ်သားထားပြီး
ငွေလွဲလက်ခံမည်.သူဧ။် မိုဘိုင်းလ် ဖုန်းသို. မက်စိတ်ပေးပို.ရပါမည်။
(ဂ)ငွေလွဲလက်ခံမည်.သူဧ။် မိုဘိုင်းလ် ဖုန်းသို. ငွေလွဲထုတ်ယူနိုင်ကြောင်းမက်
စိတ်ရောက်ရှိပါက နီးစပ်ရာ C B Bank (သို.မဟုတ်) Mobile Agent ထံတွင်
လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ပါသည်။
C B BANK Mobile Agent (ပေါက်ခေါင်းမြို.)BGO.005
ဦးသိန်းလှိုင် (ဆေးဆိုင်)
ဈေးအတွင်း၊ပေါက်ခေါင်းမြို.၊ပဲခူးတိုင်းဒေသကြီး။
0931669922, 09250114477
Read More...
ပြည်မြို့နယ်စာရေးဆရာအသင်းနှင့် ဆရာ ဦးစိန်ခို-ဆေးဝါးထုတ်လုပ်ရေးမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ်စာပေဟောပြောပွဲကျင်းပမည် ပြည့်သဲမောင်(ပြည်)
Leave a Comment
ပြည်မြို့နယ်စာရေးဆရာအသင်းနှင့် ဆရာ ဦးစိန်ခို-ဆေးဝါးထုတ်လုပ်ရေးမှ
ကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ်စာပေဟောပြောပွဲကျင်းပမည်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ပြည်မြို့နယ်စာရေးဆရာအသင်းနှင့်
ဆရာ ဦးစိန်ခို-ဆေးဝါးထုတ်လုပ်ရေးမှကြီးမှူးကျင်းပသော ၁၃၇၆ ခုနှစ်စာဆိုတော်
နေ့အထိမ်းအမှတ်စာပေဟောပြောပွဲကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ပြည်မြို့ရှိ စာပေချစ်မြတ်နိုးသူများအား စာပေ သုတ ရသများ ဟောပြောပေးမည့်
ဆရာ ဆရာမများကတော့ ဆရာ ဖေမြင့် ၊ဆရာ ကျော်ရင်မြင့်နှင့်ဆရာမ နုနုရည်
(အင်းဝ)တို့ဖြစ်ပါသည်။
ထိုစာပေဟောပြောပွဲသို့ မည်သူမဆိုလာရောက်၍စာပေနို့ချိုသောက်စို့နိုင်ပါကြောင်း
နှင့်စာပေဟောပြောမည့်ရက်မှာ (၂၃.၁၁.၂၀၁၄)ရက်နေ့ ည(၇း၀၀)နာရီ အ.ထ.က(၁)
ကျောင်းအားကစားကွင်း၌ စာပေဟောပြောပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ
သည်။
အင်းဝခေတ်(ပြည်မြို့ရောက်)စာဆိုရှင် ရှင်မဟာရဌသာရ ဆုံးမစာအားပြန်လည်ကူးယူ
ဖော်ပြသည်။
မှတ်ဖွယ်မှတ်ရာ ထိုထိုစာကို
ရှာ၍မပြတ် အိမ်တွင်ဖတ်
ဖတ်ပြန်သော်ကား ဖတ်ဖန်များက
သားမယားပင် သိမြင်ကင်းကွာ
မလိမ္မာလည်း
စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း။
Read More...
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှပြည်မြို့နယ်ဂီတအစည်းအရုံး ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနား ပြည့်သဲမောင်(ပြည်)
Leave a Comment
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှပြည်မြို့နယ်ဂီတအစည်းအရုံး
ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနား
 ပြည့်သဲမောင်(ပြည်)
 ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ
ပြည်မြို့နယ်ဂီတအစည်းအရုံးပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ပွဲအခမ်း
အနားအား ၁၉.၁၁.၂၀၁၄ ရက်နေ့ နံနက်(၈း၃ဝ)အချိန်တွင် ပြည်မြို့
နဝဒေးရပ်ကွက် ROYAL STAR ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှဥက္ကဌ ဦးတင်ဦးလေး
ကအဖွင့်အမှာစကားပြောကြားခြင်း ၊ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်
အောင်က မြန်မာနိုင်ငံဂီတနှင့်ပက်သက်သောအကြောင်းအရာများပြောကြား
ခြင်း ၊မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ဒုဥက္ကဌ ဂီတစာဆိုဦးလွင်မြင့်က
ပြည်မြို့နယ်ဂီတအစည်အရုံးကိုပြန်လည်ဖွဲ့စည်းရခြင်းနှင့်ဂီတသမားများ၏
အကျိုးကျေးဇူး ၊သာရေး နာရေး ၊ဂီတအစည်းအရုံးရဲ့ရပိုင်ခွင့်များကိုအကျယ်
တဝံ့ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်ကော်မတီအား
ဖွဲ့စည်းရာ ဥက္ကဌ ဦးမြင့်လွင်၊ဒုဥက္ကဌ ဦးရဲနိုင်၊အတွင်းရေးမှူး ဦးကျော်လွင်၊
တွဲဖက်အတွင်းရေးမှူး ဦးဝေယံလင်း၊ပြန်ကြားရေး ဦးမင်းယွန်း၊ပြန်ကြားရေး
ဦးအောင်ကျော်မျိုး၊စည်းရုံးရေးမှူး ဦးမင်းဇော်၊စည်းရုံးရေး ဦးကျော်ကျော်နိုင်၊
ဘဏ္ဏာရေး ဦးသိန်းညွန့်၊စာရင်းစစ် ဒေါ်မြမြ၊အဖွဲ့ဝင် ဦးခင်မောင်ဝင်း တို့အား
ဖွဲ့စည်းအတည်ပြု တာဝန်များပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊မြန်မာနိုင်
ငံဂီတအစည်အရုံး(ဗဟို)မှ ဥက္ကဌ ဥိးတင်ဦးလေး၊ ဦးအောင်အောင်၊မြန်မာနိုင်ငံ
ဂီတအစည်အရုံး(ဗဟို)မှ ဒုဥက္ကဌ ဂီတစာဆို ဦးလွင်မြင့်နှင့်ပြည်မြို့နယ်ဂီတသ
မားများ၊ဂီတဝါသနာရှင်များ၊ဖိတ်ကြားထားသောဧည့်တော်များတက်ရောက်ခဲ့ကျ
ပြီး ပြည်မြို့နယ်ဂီတအစည်းအရုံးသို့ဝင်ရောက်လိုသူများအားအတွင်းရေးမှူးဦးကျော်
လွင် ဖုန်း ၀၉ ၄၃၀၈၄၆၃၄ ကိုဆက်သွယ်ဝင်ရောက်နိုင်ကြောင်းသိရသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ ပြည်မြို့နယ်ဂီတအစည်းအရုံး
Read More...
Facebook Like Page