Friday, October 9, 2015

နောက်ဆုံးတိုက်ပွဲ

Leave a Comment



သရ၀ဏ်(ပြည်)

အင်္ဂလိပ်ဘာသာမှာတော. Final Showdown ဟုခေါ်မည် ။ မြန်မာလိုတော.နောက်ဆုံးပွဲသိမ်းတိုက်ပွဲပေါ. ။ထိုတိုက်ပွဲမျိုးသည် မကြာခနပေါ်ပေါက်နိုင်သည်တော.မဟုတ်ပါ ။ သမိုင်းကြောင်းအရ ၊ အခြေအနေအရ အလွန်ထူးခြားသော ခေတ်အခါသမယတွင်နောက်ဆုံးတိုက်ပွဲများပေါ်ပေါက်လာတတ်ပါသည် ။ ဥပမာအနေဖြင်. ၁၉၈၈ အရေးတော်ပုံကြီးတွင် တစ်ပါတီအာရှင်စနစ်နှင်. ဒီမိုကရေစီတောင်းဆိုသောပြည်သူလူထု အားပြိုင်ကြရာတဖြည်းဖြည်းနှင်.သပိတ်မှောက်ပြည်သူလူထု၏အားမှာ ကြီးမားသထက်ကြီးမားလာလေသည် ။ မြန်မာ.သမိုင်းဝယ် ၁၃၀၀ ပြည်.အရေးတော်ပုံထက်ပင်ကြီးမားသော လူထုတော်လှန်ရေးကြီးဆင်နွှဲလာနိုင်ခြင်းဖြစ်သည် ။ စစ်အာဏာရှင်စနစ်ကိုလိုလားသောအုပ်စုနှင်. ဒီမိုကရေစီကိုလိုလားသောပြည်သူလူထု အားပြိုင်ရာတွင် ပြည်သူ.အားသည် ကြီးမားစွာသက်ရောက်မှုရှိပြီး အောင်ပွဲခံလုနီးဖြစ်ခဲ.သည် ။ တစ်လအတွင်း သမ္မတ သုံးယောက်ပြောင်းကာအုပ်ချုပ်ရသည်အထိ အာဏာပိုင်တို.၏အုပ်ချုပ်ရေးယန္တယားပြိုလဲခဲ.သည် ။ ပြည်သူ.အာဏာကိုပြည်သူတို.သိမ်းပိုက်နိုင်ရေးဟူသော နောက်ဆုံးပွဲသိမ်းလက်သီးတစ်ချက်သာပစ်သွင်းရန်ကျန်တော.သည် ။ ဒီမိုကရေစီလက်တကမ်းမှာဟုလူထုကပြောနေဆိုနေကြချေပြီ ။ ကာကွယ်ရေးဝန်ကြီးဌာနနှင်.ပြန်ကြားရေးဝန်ကြီးဌာနမှလွဲ၍ ပြည်ထဲရေးအပါအ၀င်ဝန်ကြီးဌာနအားလုံး သည် သပိတ်မှောက်ပြည်သူများ၏ ချုပ်ထိမ်းမှုအောက်တွင်ရောက်ရှိသွားလေပြီ ။ထိုအချိန်တွင်လိုအပ်သည်ကား ခေါင်းဆောင်အားလုံးညီညီညွတ်ညွတ်ဖြင်. Master Plan တစ်ခုချမှတ်ကာ လက်ရှိအစိုးရအား နောက်ဆုံးပွဲသိမ်းတိုက်ပွဲ ဆင်နွှဲကာ စင်ပြိုင်အစိုးရ (သို.မဟုတ် )ကြားဖြတ်အစိုးရဖွဲ.စည်းလိုက်နိုင်ရန်ပင်ဖြစ်သည် ။ သို.သော် ၈၈ အရေးတော်ပုံသည် ပါးစပ်နားရောက်ခါနီးမှပုတ်ချခံရသောထမင်းလုပ်တစ်လုပ်လို သဲထဲရေသွန်ဖြစ်ခဲ.ရ၏ ။ ခေါင်းဆောင်များမညီညွတ်မှု ၊ တစ်လေသံထဲမထွက်နိုင်မှု ၊နိုင်ငံရေးအမြော်အမြင်နည်းပါးမှုတို.ကြောင်. တော်လှန်ရေး၏နောက်ဆုံးအဆင်.တိုက်ပွဲတွင် နောက်ပြန်လျှောကျခဲ.ပေ၏ ။

ထိုတော်လှန်ရေးဒီရေသည်သေဆုံးမသွား ။ ၁၉၉၀ ရွေးကောက်ပွဲတွင်မြန်မာပြည်သူလူထုသည်တာဝန်ကြေခဲ.ကြပြန်၏ ။ NLD ကိုပုံအောကာ မြန်မာတပြည်လုံးထောက်ခံခဲ.ကြပါ၏ ။ ဒုတိယမ္မိနောက်ဆုံးတိုက်ပွဲကား NLD အမတ်များ ရန်ကုန်မြို. ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဒီခန်းမတွင်ဆုံခဲ.ကြချိန်ဖြစ်သည် ။ အားလုံးသည် NLD အမတ်များ အစိုးရဖွဲ.တောမလားဟုဝိုင်းဝန်းမျှော်လင်.နေခဲ.ကြသည် ။ စစ်အစိုးရကလည်းထိုအချက်ကိုများစွာထိတ်လန်.တုန်လှုပ်သဖြင်. အဖမ်းအဆီးများ၊ ခြိမ်းခြောက်မှုများဆက်တိုက်ပြုလုပ်သည် ။ ထိုအချိန်တွင် န.၀.တ အစိုးရသည် တကမ္ဘာလုံးနှင်.တစ်ယောက် ၊ ကမ္ဘာ.ချဉ်ဖတ်ဖြစ်နေချိန်ဖြစ်သည် ။ NLD သာ အစိုးရဖွဲ.လိုက်ကြောင်းကြေငြာလျှင် အမေရိက ၊အင်္ဂလန် ၊အိန္ဒိယစသောနိုင်ငံများကအသိအမျတ်ပြုမှာသေချာသည် ။ အကယ်၍အစိုးရကဖမ်းမည်ဆိုလျှင်တောင် ၀န်ကြီးအဖြစ်အဖမ်းခံရတာကတော်သေးသည် ။ အစိုး၇မဖွဲ.လဲ အပြန်လမ်းတွင်ဖမ်းတော.မည်ဖြစ်သဖြင်. ဒီချုပ်အမတ်များမှာ ဘာမှထိထိရောက်ရောက်မလုပ်လိုက်ရပဲအဖမ်းခံတာပဲအဖတ်တင်သည် ။ ပြည်သူလူထုကအပ်နှင်းလိုက်သော Mandate နှင်. NLD သည် အစိုးရမဖွဲ.နိုင်ခဲ. ။ လွှတ်တော်ခေါ်ပေးဖို.တစာစာတောင်းဆိုရင်းအမှည်.ချွေချွေခံခဲ.ရသည် ။ မနေနိုင်သောလွှတ်တော်အမတ်အချို. နိုင်ငံခြားသို.ထွက်ပြေးကာ NCGUB ခေါ်အဝေးရောက် အစိုးရဖွဲ.သည် ။ ထိုအဖွဲ.ကိုမထောက်ခံကြောင်းပြည်တွင်းက NLD ကကြေငြာချက်ထုတ်သည် ။ ရည်ရွယ်ချက်က ပါတီဖျက်သိမ်းမခံရစေရန်ဟုအကြောင်းပြသည် ။ပါတီတော.အဖျက်မခံရ ။ NCGUB လည်းဘာမှထိထိရောက်ရောက်မလုပ်နိုင် ။ NLD အမတ်များလည်း အားလုံးနီးပါးတဖြည်းဖြည်းထောင်ထဲရောက်ကုန်သည် ။ ဒုတိယမြောက် Showdown သည်လည်းကျဆုံးခဲ.ရပြန်သည် ။ မူဝါဒရေးရာဒုတိယအမှားဖြစ်သည် ။

ယခု ၂၀၁၅ နိုဝင်ဘာ(၈)ရက်တွင်ကျင်းပတော.မည်.အထွေထွေရွေးကောက်ပွဲသည် ၊ NLD အတွက်သာမက ၊ မြန်မာနိုင်ငံသားအားလုံးအတွက် တတိယနှင်.နောက်ဆုံးပွဲသိမ်းတိုက်ပွဲဖြစ်သည် ။ ဒီမိုကရေစီဘက်တော်သားများနှင်. စစ်အစိုးရဘက်တော်သားများ ရင်ဆိုင်တိုက်ခိုက်ကြသော အဆုံးအဖြတ်ပေးမည်.မဟာဗျူဟာမြောက်တိုက်ပွဲဖြစ်သည် ။နိုဝင်ဘာ (၈)ရက်ရွေးကောက်ပွဲတွင် NLD ရှုံးနိမ်.ခဲ.ပါက ( အစိုးရဖွဲ.လောက်အောင်မဲမနိုင်ခဲ.ပါက ) ဒီမိုကရေစီအညွန်.ကျိုးကာမြန်မာနိုင်ငံသည်တစ်သက်လုံးစစ်အုပ်စုကိုမလှန်နိုင်ပဲ အရှုံးပေးလက်မြောက်ရတော.မည်ဖြစ်သည် ။ NLD သာအစိုးရဖွဲ.နိုင်လောက်အောင်အနိုင်ရခဲ.ပါက ၁၉၆၂ နောက်ပိုင်းတွင်အရပ်သားအစိုးရ စတင်အာဏာရလာနိုင်သည်.သမိုင်းအကွေးအပြောင်းတစ်ခုကိုကြုံရမည်ဖြစ်သည် ။ အကယ်၍နိုဝင်ဘာရွေးကောက်ပွဲတွင် NLD ထင်သလောက်မနိုင်ခဲ.လျှင် နောက်နောင်မည်သည်.အင်အားစုကမှ စစ်အုပ်စုကိုအံတုဖက်ပြိုင်နိုင်တော.မည်မဟုတ်ပေ ။ အဘယ်.ကြောင်.ဆိုသော် လာမည်. ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏အသက်သည် ၇၅ နှစ်ရှိနေတော.မည်ဖြစ်ပြီး ထိုမျှအသက်ရှည်မည်မရှာ်မည်မှာ ယတိပြတ်မပြောနိုင် ၊ အသက်ရှည်သော်မှ ယခု ၂၀၁၅ လိုကျန်းမာသန်စွမ်းမည်မသန်စွမ်းမည်ကိုမည်သူမျှမပြောနိုင် ၊ ကျန်းမာသန်စွမ်းသော်မှ ပြည်သူလူထု၏ထောက်ခံမှုသည်ယခုလောက် မြင်.မားမည်မမြင်.မားမည်ကိုမပြောနိုင်တော.ချေ ။ တဖက်တွင်ရင်ဆိုင်ရမည်. စစ်ဗိုလ်ချုပ်များ ၊စစ်ဗိုလ်လူထွက်များဖြင်.ဖွဲ.ထားသောကြံ.ခိုင်ရေးပါတီသည် အာဏာလည်းရှိ ၊ ငွေကြေးရန်ပုံငွေလည်းရှိ ။တပ်မတော်၏အကူအညီကိုလည်းအပြည်.အ၀ရနေရာ ၂၀၂၀ တွင် ယခုထက်ပိုမိုအင်အားချည်.နဲ.သွားစရာမမြင်မိချေ ။ဆိုလိုသည်မှာ NLD သည် အမေစု (ခေါ်)ဒေါ်အောင်ဆန်းစုကြည်၏ပုဂ္ဂိုလ်ရေးကျော်ကြားမှု ၊လူထုချစ်ခင်မှု အင်အားဖြင်. ချီတက်လာခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် မရှိတော.သောအခါ (သို.မဟုတ် )မလှုပ်ရှားနိုင်သောအခါ လူထုထောက်ခံမှုကျသွားနိုင်ပေသည် ။ ဥပမာအားဖြင်. တိဗက်ပြည်လွတ်မြောက်ရေး ကိစ္စသည်ဘုန်းတော်ကြီး ဒလိုင်းလားမားအပေါ်တွင်သာမီခိုအားထားနေရာ ဒလိုင်းလားမား အနားယူလိုက်သောအခါ တိဗက်အရေးသည်လည်း ဘာမှရှေ.ဆက်မလုပ်ဆောင်နိုင်တော.ပေ ။

မြန်မာနိုင်ငံသည် ပဒေသရာဇ်စနစ်နှင်.ကြီးပြင်းလာရသောနိုင်ငံဖြစ်သည်.အားလျှော်စွာစနစ်ထက် လူကိုအားကိုးအားထားပြုကိုးကွယ်ဆည်းကပ်သောဓလေ.အနည်းနှင်.အများ စွဲမြဲခိုင်မာနေပြီဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကိုလူတွေချစ်ကြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်တော်လို.ပါသလို ပုဂ္ဂိုလ်ရေးအရချစ်ခင်ကြခြင်းများလည်းရှိသည် ။ ယနေ.ခေတ်မြန်မာ.နိုင်ငံရေးတွင်ဒေါ်အောင်ဆန်းစုကြည်လောက်မည်သူမျှမြန်မာတပြည်လုံးကိုစည်းရုံးနိုင်သော ၊လူထုထောက်ခံသောခေါင်းဆောင်မရှိချေ ။ လိုရင်းအချက်မှာ ဒေါ်အောင်ဆန်းစုကြည်နောက်တွင် လူထုရှိသည် ။ ထိုအင်အားသည် စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ရန် ယခုအချိန်၌ နောက်ဆုံးအင်အားအဖြစ်ကြီးမားစွာရှိနေသည် ။ နောင်လာမည်.အနာဂါတ်တွင် ထိုသို.သောလူထုနောက်လိုက်အင်အားမျိုး မည်သည်.ပါတီတွင်မှမရှိနိုင် ။ ထို.ကြောင်. ယခုပွဲရှုံးလျှင် နောက်ပွဲတွေဘယ်တော.မှနိုင်တော.မည်မဟုတ် ။ အိမ်ဖြည်.အနေနှင်.သာ လွှတ်တော်ထဲသို. ငါးနှစ်တစ်ကြိမ် လူလေးငါးခြောက်ဆယ် တစ်ရာခန်.ရောက်သွားကြခြင်းမှတပါး တိုင်းပြည်အစိုးရ ပြောင်းလဲောအင်လုပ်နိုင်မည်မဟုတ်ပေ ။ ယခုအချိန်တွင် NLD ရော ၊ဒေါ်အောင်ဆန်းစုကြည်ပါအားကောင်းနေသဖြင်. လုပ်နိုင်စွမ်းရှိ၏ ။ ထို.ကြောင်. ကြံ.ခိုင်ရေးနှင်.စစ်ဗိုလ်ချုပ်ဟောင်းများလက်ထဲမှအာဏာကိုပြည်သူ.အာဏာဖြစ်ရေးပြန်လည်ရယူမည်.နိုဝင်ဘာတိုက်ပွဲသည် ဒီမိုကရေစီ စစ်တလင်း၌နောက်ဆုံးတိုက်ပွဲဖြစ်ပါသည် ။ ၊ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး စိတ်ဓါတ်ဖြင်.ဂိုဏ်းဂဏအစွဲများဖျောက်ကာတပြည်လုံးက ညီညာဖျဖျ တိုက်ပွဲဝင်ကြရန်လိုပါသည် ။

တောင်ထိပ်ရောက်ကာနီးမှပြုတ်ကျလာသူတစ်ယောက်ကို မည်သူကမျှတောင်ထိပ်သို.ရောက်ခဲ.သည်ဟုမှတ်တမ်းထိုးပေးမည်မဟုတ် ။ သမိုင်းသည်အရှုံးသမားများအတွက်မဟုတ် ။နိုင်သူအတွက်သာဖြစ်သည် ။ နောက်ဆုံးတိုက်ပွဲကား တဖြည်းဖြည်းရောက်လာနေချေပြီ ။ မြန်မာတို.သည်ဒီမိုကရေစီနှင်.ထိုက်တန်သည်.လူမျိုးဟုကမ္ဘာကိုသက်သေပြကြလော. ။ အာဏာဟူသောတောင်ထိပ်၌ ပြည်သူ.အောင်လံစိုက်ထူကြပါကုန်လော. ။ အင်္ဂလိပ်စကားပုံတွင် Now or Never ဟူ၍ပြောစမှတ်ရှိသည် ။ ယခုလုပ်လျှင်လုပ် ၊မလုပ်ခဲ.လျှင် ဘယ်တော.မှလုပ်နိုင်တော.မည်မဟုတ်ပါကြောင်း။

သရ၀ဏ်(ပြည်)

Politics ဂျာနယ်
သောကြာ

ပြည်​သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page