Tuesday, January 27, 2015

တရားမ၀င်တင်ဆောင်လာသည့် ကျွန်းခွဲသားနှင့်ပြုလုပ်ထားသော အပ်ချုပ်စက်ခုံများဖမ်းမိ သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment


တရားမ၀င်တင်ဆောင်လာသည့် ကျွန်းခွဲသားနှင့်ပြုလုပ်ထားသော အပ်ချုပ်စက်ခုံများဖမ်းမိ
 သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဇန်န၀ါရီလ (၂၅)ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်ခန့် ကြံခင်း-မြန်အောင်မှ မောင်းနှင်လာသောယာဉ်အား ရပ်တန့်ရှာဖွေရာ တရားမ၀င် တင်ဆောင်လာသည့် ကျွန်းခွဲသားနှင့်ပြုလုပ်ထားသော အပ်ချုပ်စက်ခုံ (၃၆)ချပ်အား ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့နယ်သစ်တောဦးစီးဌာနမှ  တောအုပ်ဦးဗန်ထန်း၊ ပြည်ခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်လင်းနောင်၊ ပြည်မြို့မရဲစခန်းမှ နယ်ထိန်းတကကျော်စွာဝင်း၊ ယာဉ်ထိန်းဒုတက သိန်းဇော်ဦး၊ ဆင်စုရအခမှူး ဦးတင်ရွှေတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် န၀ဒေးရပ်ကွက်၊ န၀ဒေးတံတားအနီး တွင် ကြံခင်း-မြန်အောင်မှမောင်းနှင်လာသော ယာဉ်အမှတ် (8G/××××) ဖူဆို (၆)ဘီးဖြူကြား မော်တော်ယာဉ်အား သတင်းအရရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တရားမ၀င်တင်ဆောင် လာသည့် ကျွန်းခွဲသားနှင့် ပြုလုပ်ထားသော အပ်ချုပ်စက်ခုံ (အသစ်) (၃၆)ချပ်၊ (၀.၂၇)တန် တန်ဖိုး (၁၀၈၀၀၀ိ/-)ခန့်အားတွေ့ရှိ၍ ပစ္စည်းပိုင်ရှင်ဖြစ်သူ ယာဉ်မောင်းနေမျိုးဦးထံမှ တောအုပ်ဦးဗန်ထန်း က ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883



ထို့ကြောင့် တရားမ၀င်ကျွန်းခွဲသားဖြင့်ပြုလုပ်ထားသည့် အပ်ချုပ်စက်ခုံအသစ် (၃၆)ချပ်အား တင်ဆောင်လာသူ နေမျိုးဦးအား အရေးယူပေးပါရန် တောအုပ်ဦးဗန်ထန်း၊ ပြည်မြို့နယ်သစ်တော ဦးစီးဌာနမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း (ပ) ၆၇/၂၀၁၅ သစ်တောဥပဒေ ပုဒ်မ-  ၄၃ (က) အရ အမှုဖွင့်ထားရှိကာ အမှုအားဒုရဲအုပ်လှိုင်မိုးဝေမှ လက်ခံစစ်ဆေးလျှက်ရှိ ကြောင်း သိရသည်။

0 comments:

Post a Comment

Facebook Like Page