Showing posts with label ပြည်မြို့မှသတင်း. Show all posts
Showing posts with label ပြည်မြို့မှသတင်း. Show all posts

Monday, July 25, 2016

အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုဖျန်ဖြေပေးရန် ရုံးရှေ့ပလက်ဖေါင်းပေါ်တွင် ညအိပ်ခါစတင်ထိုင်သပိတ်ပြုလုပ် ပြည့်သဲမောင်(ပြည်)094236 71883

Leave a Comment



အလုပ်သမားနှင့်အလုပ်ရှင်တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုဖျန်ဖြေပေးရန်
ရုံးရှေ့ပလက်ဖေါင်းပေါ်တွင် ညအိပ်ခါစတင်ထိုင်သပိတ်ပြုလုပ်

ပြည် သတင်းတို ဇူလိုင်(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊  ပြည်မြို့ ၊ဆံတော်ရပ်ကွက် ၊လမ်းရှည်လမ်း၊
ရုံးလမ်းနှင့်စစ်ကဲလမ်းကြားရှိ vivo smart phone ရုံးခွဲမှမာန်နေဂျာ
တာဝန်ခံ အလုပ်ရှင်နှင့် vivo smart phone ရုံးခွဲမှ ဝန်ထမ်းများအား
(၂၅.၇.၂၀၁၆)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် စာချုပ်ချုပ် အတင်းအ
ဓ္ဓမစာချုပ်ချုပ်ခိုင်းသဖြင့် ဝန်ထမ်းများမှ လက်မခံခဲ့ကြောင်း လုပ်အား
ခများ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ထားသဖြင့် စာချုပ်ချုပ်ဆိုခိုင်းခြင်း
အား အလုပ်သမားရေးရာ အငြင်းပွားမှုဖြစ်ပေါ်နေသဖြင့် ဖြေရှင်းပေး
ရန် ဇူလိုင်(၂၅)ရက်နေ့ ညနေ(၆)နာရီမှစတင်ကာ အဆိုပါ ရုံးခွဲရှေ့ပ
လက်ဖောင်းပေါ်တွင် ညအိပ်ခါထိုင်သပိတ်ပြခဲ့ခြင်းဖြစ်ကြောင်း ကနဦး
သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







Read More...

Tuesday, July 19, 2016

(၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းချီတက်အလေးပြု ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

(၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား မြန်မာနိုင်ငံ
မှုခင်းသတင်းထောက်များအသင်းချီတက်အလေးပြု


ပြည် ဇူလိုင်(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပြည်မြို့တွင် ကျင်းပပြုလုပ်သော
(၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား မြန်မာနိုင်ငံ
မှုခင်းသတင်းထောက်များအသင်း(ဗဟို)အဖွဲ့၊မြန်မာနိုင်ငံမှုခင်း
သတင်းထောက်များအသင်း ပဲခူးတိုင်းဒေသကြီး(အနောက်)မှမှု
ခင်းသတင်းထောက်များသည် ဇူလိုင်(၁၉)ရက်နေ့ နံနက်(၇)နာ
ရီအချိန် ပြည်မြို့အာဇာနည်နေ့အခမ်းအနားကျင်းပရာ ဗိုလ်ချုပ်
ကျောက်ရုပ်ရှိရာသို့ မြောက်စောင်းတန်းလမ်းမှစစ်ကဲလမ်း၊လမ်း
မတော်လမ်း အတိုင်းချီတက်၍ အလေးပြုခဲ့ကြောင်းသိရသည်။


ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

Friday, July 15, 2016

ပြည်မြို့မဈေးကြီးတွင် စက်ချုပ်ဆိုင်မီးလောင်ခဲ့သော်လည်း ဆုံးရှုံးမှုမရှိကြောင်းသိရ ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

ပြည်မြို့မဈေးကြီးတွင် စက်ချုပ်ဆိုင်မီးလောင်ခဲ့သော်လည်း
ဆုံးရှုံးမှုမရှိကြောင်းသိရ

ပြည် ဇူလိုင်(၁၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ စည်ပင်သာဈေးကြီး
အပိုင်တွင် ဇူလိုင်(၁၅)ရက်နေ့ ည(၆)နာရီ(၄၅)အချိန်မီးလောင်
မှုဖြစ်ပွားခဲ့သော်လည် ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့စည်ပင်သာယာဈေးကြီး ဈေးရုံအမှတ်(ဌ-၂)
(၈×၁၀×၁၂)ပေ ဒေါ်လဲ့လဲ့ဝင်းပိုင်ဆိုင်သော အပ်ချုပ်ဆိုင်တွင်
အင်္ကျီချုပ်ရာ၌အသုံးပြုသော မီးသွေးမီးပူမှမီးသွေးများအား ငြိမ်း
သတ်ခဲ့ခြင်းမပြုဘဲ ဖြတ်စညှပ်စနှင့်ဂျပ်စက္ကူများအနီးထားရှိရာမှ
ဖြတ်စနှင့်ဂျပ်စက္ကူများအား အပူကူးစက်၍မီးလောင်ကျွမ်းမှုဖြစ်
ပွားကြောင်းနှင့်မီးလောင်မှုကြောင့်ဆုံးရှုံးမှုတန်ဖိုးမရှိကြောင်း
ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှသိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ပြည်မြို့ပေါ်ရှိအရန်မီးသတ်တပ်ဖွဲ့
ဝင်များနှင့်မီးသတ်ကားများ ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်
ဖွဲ့ဝင်များနှင့်မီးသတ်ကားများ လာရောက်မီးငြိမ်းသတ်ခဲ့ပြီး ပြည်ခရိုင်
အုပ်ချုပ်ရေးမှူး ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကလဲ မီးလောင်မှုဖြစ်ပွားရာ
နေရာသို့ရောက်ခဲ့ကြောင်းသိရပြီး ဆိုင်ရှင်ဒေါ်လဲ့လဲ့ဝင်းအား ပြည်ခ
ရိုင်မီးသတ်ဦးစီးမှူးမှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်အမှတ်
(၁)ရဲစခန်း(ပ)၄၁၅/၂၀၁၆ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားရှိ
ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








Read More...

Wednesday, July 13, 2016

အမဲသား၊ဆိတ်သား၊၀က်သားဈေးနှုံးများပြားလာသောကြောင့် ပြည်မြို့တွင် ဈေးဝယ်စားသုံးသူများလျော့နည်းလာ

Leave a Comment

အမဲသား၊ဆိတ်သား၊၀က်သားဈေးနှုံးများပြားလာသောကြောင့် ပြည်မြို့တွင် ဈေးဝယ်စားသုံးသူများလျော့နည်းလာ

ပြည်၊ဇူလိုင်၊၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ပေါ်ဈေးများတွင် ၀က်၊အမဲ၊ဆိတ်သားများ ဈေးနူံးမြင့်မားလျှက်ရှိနေသောကြောင့် ဈေးဝယ်သူများ ယခင်ထက် အသားစားသုံးမှု ကိုလျော့ချဝယ်ယူနေရကြောင်းသိရသည်။

အဆိုပါ အသားဈေးနူံးများကို ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၅/၁၆-ခုဘဏ္ဍာရေးနှစ်တွင် အမဲသားတစ်ပိဿာကို ၆၅၀၀ိ-ကျပ်၊ဆိတ်သားတစ်ပိဿာကို ၁၀၀၀၀ိ-ကျပ်သတ်မှတ်ပေးထားခဲ့ပြီး လွန်ခဲ့သည့် ၂-လကျော်ခန့်မှာ စည်ပင်လေလံခေါ်ယူခဲ့ပြီး မြို့နယ်စည်ပင်ကခေါ်ယူခဲ့သည့် လေလံပွဲတွင် ကြက်၊ငါးပုဇွန်များလေလံတွင်ပါဝင်ခဲ့ခြင်းမရှိကြောင်းသိရသည်။ယင်းသို့လေလံခေါ်ယူရာမှာ ၀က်သား၊ဆိတ်သား၊အမဲသားများကိုသာ လေလံခေါ်ယူခဲ့တာဖြစ်ကြောင်း ခေါ်ယူခဲ့သည့်လေလံဈေးနူံးများအား တစ်နှစ်တစ်ခါ ၁၀%နူံးတိုးမြှင့်၍လေလံကြမ်းခင်းဈေးဖြင့် စတင်လေလံခေါ်ယူခဲ့တာဖြစ်ကြောင်း ပြည်မြို့နယ်စည်ပင်ရုံးမှ သိရသည်။

“အမဲသား၊ဆိတ်သား၊၀က်သားဈေးတွေက ကောင်ကင်ရောက်နေတယ်။တော်တော်များများအသီးအရွက်နဲ့ကြက်သား၊ငါးလောက်ပဲစားနိုင်ကြတယ်။ငါးတောင် တစ်ပိဿာ ခုနှစ်ထောင်လောက်ပေးဝယ်နေရတယ်။အသီးအရွက်တွေကလည်း ရေမြှပ်တယ်ဆိုပြီးဈေးတွေကြီးနေတယ်။ပဲသီးဆယ်တောင့်စည်း တစ်စည်းကို အနည်းဆုံး ၁၅၀ိ-လောက်ပေးရတယ်။မြစ်တွေပေါနေချိန်မှာတောင် တစ်ပိဿာကို နှစ်ထောင်လောက်ရှိနေတော့ ဘယ်ဟာကိုဝယ်စားရမှန်းတောင်မသိတော့ဘူး။တတ်နိုင်သလောက်ချွေတာစားနေရတယ်။အနည်းဆုံးတော့ ကန်စွန်းရွက်တော့စားသောက်နိုင်ပါတယ်။သီးနှံစိုက်ပျိုးသူတွေနဲ့ အသားငါးဈေးတွေကို နိုင်ငံတော်ကသေချာဂရုစိုက်ကူညီဖြေရှင်းရင် ပြည်သူတွေအတွက် စားသောက်မှုပြဿနာဖြေရှင်းပေးနိုင်မှာပါ။”ဟု ဈေးဝယ်လာရောက်သူ ပြည်မြို့ဒေသခံ ဒေါ်ခင်ခင်ဖြူ ကပြောသည်။

ပြည်မြို့ပေါ်ရှိ ဈေးကြီး နှင့် ဈေးငယ်လေးများတွင် နေ့စဉ်ဈေးဝယ်ယူသူများအနေဖြင့် အမဲသားတစ်ပိဿာအား ၁၃၀၀၀ိ-ကျပ်ခန့်၊၀က်သားတစ်ပိဿာကို ၉၀၀၀ိ-ကျပ်ခန့် နှင့် ဆိတ်သားတစ်ပိဿာအား ၁၅၀၀၀ိ-ကျပ်ခန့်အထိဝယ်ယူစားသောက်နေရလျှက်ရှိနေပြီး ၀က်သား၊အမဲသား၊ဆိတ်သားများဈေးနူံးကြီးလာမှုကြောင့် ယခင်ထက်လျော့၍၀ယ်ယူစားသောက်နေရကြောင်းသိရသည်။

“ရန်ကုန်၊မန္တလေး၊နေပြည်တော်ကဈေးတွေမှာဆောင်ရွက်ထားတဲ့အတိုင်း ဈေးနူံးကိုသတ်မှတ်ပေးမထားပါဘူး။လေလံစည်းကမ်းထဲမှာဈေးနူံးထိန်းချုပ်တာမပါဘူး။လေလံတွေထဲမှာ ၀က်၊အမဲ၊ဆိတ်တွေပဲပါတယ်။ကြက်နဲ့ကျန်တဲ့အသားငါးပုဇွန်တွေလေလံထဲမပါဘူး။ယခင်က လေလံပေးရင်တစ်ဦးတစ်ယောက်ထဲကိုပေးခဲ့ရာက အခုတော့ အများကိုလေလံပေးတယ်။ကုန်ဈေးနှုံးတည်ငြိမ်အောင် အပြိုင်ရောင်းချနိုင်အောင် ကြိုက်ရောင်း ကြိုက်ဝယ်ဈေးနှုံးနဲ့ထားပေးပါတယ်။စည်ပင်အနေနဲ့ဈေးနှုံးသတ်မှတ်ပေးထားတာ ဈေးနှုံးထိန်းချုပ်ပေးထားတာမရှိပါဘူး။ကုန်ကြမ်းဈေးတက်လေ့ရှိတဲ့အချိန်က သက်ဆိုင်ရာထောက်ခံချက်တွေနဲ့ ရန်ကုန် နဲ့ ကရင်ပြည်နယ်ဘက်တွေကလာဝယ်တဲ့အခါတော့ ကုန်ကြမ်းဈေးကတက်လေ့ရှိပါတယ်။”ဟု ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ သူရဦးမြင့်သူ ကပြောသည်။


အဆိုပါ ပြည်မြို့ပေါ်တွင် ပြည်ဈေးကြီး၊အောင်မင်္ဂလာဈေး၊ကသည်းဈေး၊ကိုးသောင်းဈေး၊မြို့သစ်ဈေးစသည့် ဈေး ၅-ဈေးတည်ရှိ၍ ယင်းဈေးများတွင် အမဲသားရောင်းချသည့်ဆိုင် ၁၂-ဆိုင်၊ဆိတ်သားရောင်းချသည့်ဆိုင် ၁၁-ဆိုင်၊၀က်သားရောင်းချသည့်ဆိုင် ၁၀-ဆိုင်ခန့်စီရှိကြောင်းသိရပြီး ဈေးရောင်းသူများအနေဖြင့်လည်း အမဲသား၊ဆိတ်သား၊၀က်သားများ ယခင်ထက်ရောင်းအားကျဆင်းလျှက်ရှိနေကြောင်းသိရသည်။

ဒီမိုကရေစီတူဒေးသတင်းစာK3(pyay)
ပြည်သတင်းလူငယ်-09253311019




Read More...

Monday, May 30, 2016

ပြည် မေ (၃၀) ရက်နေ့ ပြည်မြို့ ပြည်ရန်ကုန်လမ်းမ မိုင်တိုင်၁၇၈/၁၇၉ကြား တွင် 30•5•2016နေ့လည် 12:40ဝန်းကျင်ခန့်၌ စိန်ပန်းပင်ကျိုးကျရာ အရန်မီးသတ်တပ်ဖွဲ့တပ်စု(5 ) ဆံတော်အရန်မီးသတ် ရွှေကူမီးသတ်ဖွဲ့တပ်စု(7 ) နှင့်ယာဉ်ထိန်းတပ်ဖွဲ့များ ပြည်မြို့မရဲစခန်းမှတပ်ဝင် များလာရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။ ပြည့်သဲမောင်(ပြည်)09-4236 71883 ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ

Leave a Comment
ပြည် မေ (၃၀) ရက်နေ့ 
ပြည်မြို့  ပြည်ရန်ကုန်လမ်းမ မိုင်တိုင်၁၇၈/၁၇၉ကြား
တွင် 30•5•2016နေ့လည် 12:40ဝန်းကျင်ခန့်၌ 
စိန်ပန်းပင်ကျိုးကျရာ  အရန်မီးသတ်တပ်ဖွဲ့တပ်စု(5 )
ဆံတော်အရန်မီးသတ်  ရွှေကူမီးသတ်ဖွဲ့တပ်စု(7 )
နှင့်ယာဉ်ထိန်းတပ်ဖွဲ့များ ပြည်မြို့မရဲစခန်းမှတပ်ဝင်
များလာရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ





Read More...

Friday, March 25, 2016

ဆံတော်ရပ်ကွက်ရှိ အမှိုက်ပုံသည် မီးဘေးအန္တရာယ်စိုးရိမ်ရ ဟုရပ်ကွက်နေသူ အချို့ကဆို ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment
ဆံတော်ရပ်ကွက်ရှိ အမှိုက်ပုံသည် မီးဘေးအန္တရာယ်စိုးရိမ်ရ
ဟုရပ်ကွက်နေသူ အချို့ကဆို

ပြည့်သဲမောင်(ပြည်)09-4236 71883
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ ဆံတော်ရပ်ကွက်
ပန်းတည်းတန်းလမ်း(နောက်ကျောဘက်)၊ ရထားသံလမ်း
ဘေးရှိအမှိုက်ပုံသည် ပွင့်လင်းရာသီတွင် ခေတ်စားနေသော
မီးဘေးအန္တရာယ်အတွက် စိုးရိမ်ရကြောင်း ရပ်ကွက်နေ ပြည်
သူအချို့ထံမှသိရသည်။

အဆိုပါ ဆံတော်ရပ်ကွက် ရထားလမ်းရှိ အမှိုက်ပုံသည် အချို့
သော ပြည်သူများ၏စည်းကမ်းမရှိ အမှိုက်စွန့်ပြစ်ခြင်းကြောင့်
လွန်ခဲ့သော (၃)နှစ်ခန့်က တစ်ကြိမ်ကိုယ်ထူကိုယ် ရပ်ကွက်နေ
ပြည်သူများရှင်းလင်းရကြောင်း၊ယခုအခါအချိုပါနေရာသို့ အခြား
သောရပ်ကွက်မှ ဆိုက္ကားဖြင့်လည်းကောင်း၊ဈေးသွားရင်းဆွဲခြင်း
ထဲအမှိုက်ထုတ်ထည့်၍ လာရောက်စွန့်ပြစ်ခြင်းများပြုလုပ်လာသ
ည်ဟု ရပ်ကွက်နေ ပြည်သူအချို့ကဆိုသည်။

ထို့ကြောင့် ယခုဆိုရင် ၄င်းကောင်းအမှိုက်ပုံက အပုတ်နံ့တွေနံဆော်
ပြီး ပတ်န်းကျင်ရှိ ရပ်ကွက်နေပြည်သူများ ကျန်းမာရေးအတွက်လုံး
ဝမကောင်းသလို ၊အမှိုက်ပုံက နေအိမ်တွေရဲ့နောက်ကျောကပ်လျှက်
တွင်ရှိသည့်အတွက် မီးဘေးအန္တရာယ်ကလဲစိုးရိမ်နေရကြောင်း၊အက
ယ်၍များ လမ်းသွား လမ်းလာတစ်ဦးတစ်ယောက်က ဆေးလိမ် မီးပြစ်
ခဲ့ရင် အမှန်တကယ်နစ်နာရမှာက ရပ်ကွက်နေ ပြည်သူတွေပင်ဖြစ်ပါ
သည်။

သို့ပါသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်
သူများ ၊မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းတိုင်ပင်ကာ စုပေါင်းအားဖြင့် 
ညီညာစွာဆောင်ရွက်မည်ဆိုပါက မိမိရပ်ကွက်အတွက် အလွန်ကောင်း
မွန်ပြီး ပြည်သူကိုအခြေပြုသော ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေး
အဖွဲ့များဟု ပြည်သူများ၏ အားကိုးယုံကြည်မှုကိုရရှိပြီး ရပ်ကွက်နေပြည်
သူများအတွက်လဲ အဆင်ပြေသွားမည်ဟု အပြုသဘောဆောင်ကာ ရေး
သားဖော်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Saturday, December 5, 2015

ခေတ္တရာလူငယ်​များသာရေးနာရေးအသင်း၏ ပီတိ အခမဲ့​ဆေးခန်းမှ အသင်းသားများနှင့်​သူနာပြုဆရာ မ​လေးများမှဘိုးဘွားရိပ်သာတွင်ကုသိုလ်ယူ

Leave a Comment

သတင်းတို  ပြပည်  ဒီဇင်ဘာလ (၅)ရက်နေ့

ဒီဇင်ဘာ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင်
ခေတ္တရာလူငယ်​များသာရေးနာရေးအသင်း၏ ပီတိ
အခမဲ့​ဆေးခန်းမှ အသင်းသားများနှင့်​သူနာပြုဆရာ
မ​လေးများမှ ပြည်မြို့ အောင်ဆန်းပြည်သာနယ်မြေ
တာဂွရပ် ဘိုးဘွားရိပ်သာရှိ အဘိုး အဘွားများအား
ကျန်းမာရေး စစ်ဆေးပေးခြင်း လက်သည်းခြေသည်း
ညှပ်ပေးခြင်း၊ဆံပင်ညှပ်ပေးခြင်း တစ်ကိုယ်ရည်သန့်
ရှင်းရေးပြုလုပ်ပေးခြင်း၊ခေါင်းလျှော်၊ရေချိုးပေးခြင်း၊
အုန်းဆီလိမ်း ခေါင်းဖြီး ဆံတုံး ထုံးပေးခြင်း အမွှေးနံ့
နံ့သာ သနပ်ခါးလိမ်းခြယ်ပေးခြင်း နှင့်ရိပ်​သာဝန်းကျင်
အမှိုက်​​ကောက်​ မျက်​ရိတ်​​ပေးခြင်းလုပ်​ငန်းများကိုဆေ
ာင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ










Read More...

Friday, December 4, 2015

စက်ဘီးခိုးယူသူက ရပ်ကွက်နေပြည်သူများအား လောက်လေးဂွနှင့်ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

စက်ဘီးခိုးယူသူက ရပ်ကွက်နေပြည်သူများအား
လောက်လေးဂွနှင့်ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့
ပြည် ဒီဇင်ဘာလ (၃)ရက်နေ့
ဒီဇင်ဘာ(၃)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့် ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့၊န၀င်းကွက်သစ်(၁၄)လမ်းတွင် နေအိမ်အောက်ထပ်
တွင်ထားရှိသော စက်ဘီအားဝင်ရောက်ခိုးယူသူ အမျိုးသားတစ်ဦးက ရပ်
ကွက်နေပြည်သူများအား လောက်လေးခွနှင့်ပြန်လည်ပစ်ခတ်မှုဖြစ်ပွား
ကြောင်းသိရသည်။

ပြည်မြို့၊န၀င်းကွက်သစ်(၁၄)လမ်းနေ ဦးမောင်ဝင်း ရေလုပ်ငန်းလုပ်သူ
သည် မိမိနေအိမ်အနီးန၀င်းတာရိုးပေါ်တွင်ရှိနေစဉ် နေအိမ်အောက်ထပ်
၌ထောင်ထားသည့် ဂျပန်စက်ဘီး(မိန်းမစီး/ခဲရောင်)ကာလတန်ဖိုး(၃၅၀
၀၀ိ/-)အား လွယ်အိတ်လွယ်ထားသည့် အမျိုးသားတစ်ဦးမှတွန်းယူစီးနင်း
ခိုးသွားသည်ကိုမြင်တွေ့လိုက်သဖြင့်''သူခိုး....သူခိုး..."ဟုအော်ဟစ်ခဲ့ပြီး
နောက်မှပြေးလိုက်ခဲ့စဉ် ရပ်ကွက်ထဲမှလူတစ်ချို့ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဆို
၏။

ထိုသို့ ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းဖမ်းဆီးနေစဉ် စက်ဘီးခိုးယူသူမှ
လောက်လေးခွနှင့်ပြန်လည်ပစ်ခတ်ခဲ့သည်ဟုရပ်ကွက်နေပြည်သူတစ်ဦး
ကပြောသည်။''ပန်းရံ လုပ်​သား​တွေက လိုက်​ရှာ​နေတာကြာပြီ ​ပျောက်​သွား
လို့ ၊​နောက်​ သူတို့စိတ်​ထဲသတိထားမိတာက သူခိုးလက်​ထဲက သရက်​သီး
ကို ​တွေးမိပြီး သရက်​ပင်​လိုက်​ရှာရင်း ဒီထဲဝင်​ခို​နေ​လောက်​တယ်
အထင်​နဲ့ကြည့်​လို့ အခုသူခိုးဝင်​ခိုတဲ့ အိမ်​​ရှေ့အိမ်​ကလည်း လူကိုမြင်
လိုက်​လို့ ​အော်​ရင်း​တွေ့ကြတာ။သူခိုးက ရဲလက်​မိ​တော့အခုသူ့မျက်​နှာ
တခုခုဖြစ်​ရင်​ ဒီလမ်းထဲကလူ​တွေ သူပြန်​ထွက်​လာရင်သိမယ်​လို့ ရဲလက်
ထဲရောက်နေတာတောင် ကြိမ်းသွား​သေးတယ်​"ဟုရပ်ကွက်နေ ပြည်သူ
တစ်ဦးကပြောသည်။

စက်ဘီးခိုးသူမှလေးဂွနှင့်ပြန်လည်ပစ်ခတ်သဖြင့် ဦးမောင်ဝင်း၏ညာတံ
တောင်ဆစ်ထိမှန်၍ဖုရောင်ဒဏ်ရာရရှိကြောင်း၊အဆိုပါ အမျိုးသားအား
ပြည်အမှတ်(၁)နယ်မြေရဲစခန်းမှရဲအုပ်ကျော်ဇင်ဦးနှင့်နယ်ထိန်းတပ်ဖွဲ့
ဝင်များ၊ရပ်ကွက်နေပြည်သူများလိုက်လံဖမ်းဆီးရာအဖမ်းမခံဘဲလေးဂွ
နှင့်ပစ်သဖြင့်ရပ်ကွက်နေပြည်သူများက ကျောက်ခဲနှင့်ပစ်ပေါက်ခဲ့ကြောင်း
ဆက်လက်၍ထွက်ပြေးရာ န၀င်းကွက်သစ်(၇)လမ်းတွင် လုံးထွေးဖမ်းဆီး
ခဲ့ရကြောင်းသိရပြီး စက်ဘီးခိုးယူသူမှာ ကိုလတ်(၄၅)နှစ်၊(ဘ)ဦးတက်တူ၊
ဆံတော်ရပ်ကွက်၊ပြည်မြို့နေသူဖြစ်ကြောင်းနှင့်၎င်းတွင် ပြည်သူများခဲနှင့်
ပစ်ပေါက်ခြင်းကြောင့် ၀ဲမျက်လုံးအောက်ဖုရောင်ဒဏ်ရာ၊နှာခေါင်းအပေါ်
ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် ပြည်ဆေးရုံသို့ဆေးကုသပေးခဲ့သည်ဟုသိရ
ပြီး ကိုလတ်သည် ပြည်အမှတ်(၁)ရဲစခန်း(ပ)၁၈၇/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၀
အမှုဖြင့်ထောင်ဒဏ်(၁)နှစ်ကျခံပြီး ၂၀၁၅ ဇူလိုင် (၂၀)ရက်နေ့တွင်ပြန်လည်
လွတ်မြောက်လာသူဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရသိရသည်။

ထို့ကြောင့်အမှုနှင့်ပတ်သက်၍ စက်ဘီးခိုးယူသူ ကိုလတ်(၄၅)နှစ်ဆံတော်
ရပ်ကွက်၊ပြည်မြို့နေသူအားအရေးယူပေးပါရန် ဦးခင်မောင်ဝင်းမှတရားလို
ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်အမှတ်(၁)နယ်မြေရဲစခန်း(ပ)၃၂၁/၂၀၁၅၊
ပြစ်မှုပုဒ်မ-၃၈၀ အရအမှုရေးဖွင့်ပြီး အမှုအားရအြုပ် ခင်ဝင်းထွန်းမှလက်ခံ
စစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

ဓါတ်လိုက်၍တိုက်ပေါ်မှပြုတ်ကျသေဆုံးခြင်းနှင့်ပတ်သက်ပြီး နေအိမ်ပိုင်ရှင်အား လျှပ်စစ်ဥပဒေနဲ့အမှုဖွင့် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ဓါတ်လိုက်၍တိုက်ပေါ်မှပြုတ်ကျသေဆုံးခြင်းနှင့်ပတ်သက်ပြီး
နေအိမ်ပိုင်ရှင်အား လျှပ်စစ်ဥပဒေနဲ့အမှုဖွင့်
ပြည် ဒီဇင်ဘာ (၂)ရက်နေ့
ပဲခူးတိုင်ဒေသကြီး ပြည်မြို့ မြို့သစ်ရပ်ကွက်၊(၅)လမ်းထိပ်ရှိ
Steel Dragon ၏ RC တိုက်သစ်ပထမထပ်တွင် ကြွေပြား
ကပ်နေသော ထွန်းထွန်း(၂၅)နှစ်သေဆုံးမှုနှင့် ပတ်သက်၍
ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ မှ လျှပ်စစ် ဥပဒေနဲ့နေအိမ်
ပိုင်ရှင်အား အမှုဖွင့်ထားကြောင်းသိရသည်။


(၃၀.၁၁.၂၀၁၅)ရက်နေ့ နေ့လည်(၃)နာရီ (၃၀)အချိန်ခန့်တွင်
မြို့သစ်ရပ်ကွက်၊(၅)လမ်းထိပ်ရှိ Steel Dragon ၏ RC တိုက်
သစ်ပထမထပ်တွင် ကြွေပြားကပ်နေသော ထွန်းထွန်း(၂၅)နှစ်၊
(ဘ)ဦးဝင်းမြ၊ ဆေးသုတ်လုပ်ငန်း ဂမ္ဘီလာရွာ၊နတ်တလင်းအုပ်စု
၊ပြည်မြို့နယ်နေသူသည် ဘုရင့်နောင်လမ်းဘက်ခြမ်းရှိ တိုက်သစ်
ပထမထပ် တွင် ကြွေပြားကပ်နေစဉ် ဟန်ချက်ပျက်ပြီး ၀ဲဘက်လက်
ဖြင့် အနီးရှိဓါတ်အားလိုင်းကြိုးကိုကိုင်မိပြီး ဓါတ်လိုက်ပြီး တိုက်ပေါ်
မှပြုတ်ကျသဖြင့် ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ ထိုသို့
ဖြစ်ရခြင်းမှာပိုင်ရှင်ဒေါ်အေးမြအောင်၏ အဆိုပါအဆောက်အဦးသည်
(၁၁)ကေဗွီဓါတ်အားလိုင်းနှင့် ရေပြင်ညီ(၈)ပေ အကွာတည် ရှိရမည့်
အစား(၂)ပေခွဲခန့်သာ တည်ရှိခြင်း၊အဆောက်အဦးဆောက်လုပ်ရန်
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ဆက်သွယ်အကြောင်းကြားမှုမရှိခြင်း
တို့ကြောင့် လျှပ်စစ်ဥပဒေပုဒ်မ-၅၁ အားဖောက်ဖျက်ကျုးလွန်ကြောင်း
တွေ့ရှိရသည်ဟု ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဆို၏။

ထို့ကြောင့် လျှပ်စစ်ဥပဒေပုဒ်မ-၆၁အရ အမှုဖွင့်အရေးယူပေးရန်
ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စွာ လင်း မှဒီဇင်ဘာ(၁)
ရက်နေ့ ရက်စွဲပါစာအမှတ်(၁၂၂၉/၀ထ-၃(င)/ပမ/၂၀၁၅ ဖြင့်တိုင်
စာပေးပို့တိုင်ကြားခဲ့သည်အတွက် ဦးကျော်စွာလင်း၊ပြည်မြို့နယ်လျှပ်
စစ်အင်ဂျင်နီယာ၊ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ပြည်မြို့နေသူ၏
တိုင်ကြားချက်အရ ပြည်မြို့မရဲစခန်း(ပ)၉၇၄/၂၀၁၅၊လျှပ်စစ်ဥပဒေပုဒ်မ-၆၁အရအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး အမှုအား ဒုရဲအုပ်မြတ်သူစိုး
မှလက်ခံစစ်ဆေးပြီး နေအိမ်ပိုင်ရှင်အားအမှုနှင့်စစ်ဆေးရန်ဆောင်ရွက်
လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Wednesday, December 2, 2015

ကုန်တင်ကားပေါ်မှကုန်ပစ္စည်းများ မီလောင်ကျွမ်းမှုတွင် ဆုံးရှုံးမှု တန်ဖိုးကွာဟနေ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ကုန်တင်ကားပေါ်မှကုန်ပစ္စည်းများ မီလောင်ကျွမ်းမှုတွင် ဆုံးရှုံးမှု တန်ဖိုးကွာဟနေ

ပြည်    နိုင်ဝင်ဘာ (၂၉)ရက်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀ဒေးရက်ကွက်တွင်
နိုဝင်ဘာ ၂၉ ရက် ည(၁၁း၁၅) မိနစ်အချိန်ခန့်က ရန်ကုန်မြို့
မှပြည်မြို့သို့ အ၀တ်အထည်နှင့်ကုန်ပစ္စည်းများတင်ဆောင်
လာသော ကားတစ်စီး ပေါ်ရှိ ကုန်ပစ္စည်း များ မီလောင်မှု
ဖြစ်ပွားခဲ့ရာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ကွာဟနေကြောာင်းသိ
ရသည်။

“အ၀တ်အစားတွေက အကောင်းစားအ၀တ်အစားတွေလောင်
ကုန်တာ အ၀တ်အထည်အသစ်တွေလည်းပါ တယ်။ပျက်စီးမှု
တန်ဖိုးက သိန်း ၂၀ လောက်ရှိတယ်။ဘေထုပ်လိုအ၀တ်အစား တစ်ထုပ်တောင်(၅)သောင်း လောက်အနည်းဆုံးတန်တယ်။
ကျတော်ကိုယ်တိုင် မီးလောင်တဲ့နေရာကို အစအဆုံးသွား
ရောက်ခဲ့တာပါ။ကွာတော့ကွာဟ နေတယ်။ဘာတွေဘယ်
လိုကွာဟနေတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။”ဟု
မီးငြိမ်းသတ်ရာ တွင်သွားရောက်ခဲ့သူ ပြည်မြို့ဒေသခံ
ကိုနန်းဝင်းအောင် ကပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့မှပြည်မြို့သို့အ၀တ်အထည်များ၊
စက်သုံးဆီများ၊အင်ဂျင်ဝိုင်၊ချွတ်ဆေးပုံးများ တင်ဆောင်
၍ ယာဉ်မောင်း ဦးတင်မောင်ဆွေ မောင်းနှင်လာသော
8A/..... အစိမ်းရောင်၊နီဆန်း(၁၀)ဘီးကား ယာဉ်သည်
ပြည်မြို့ န၀ဒေးရပ်ကွက် နယူးလုပ်သားဂိတ်ရှေ့တွင်
ညအိပ်ရပ်နားစဉ် ချွတ်ဆေးပုံး (ကော့စတစ်အရည်များ
ပါ)ပုံး(၃)ပုံး မှ အပူလွန်ကဲ၍ ကုန်များဖိထားခြင်းကြောင့် 
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ကားပေါ်တွင်တင်ဆောင်
လာသော အ၀တ်အထည်များ၊စက်သုံးဆီများ၊ကုန်ပစ္စည်း
များ၊ချွတ်ဆေးပုံးများမီးလောင်ဆုံးရှုံးကာ ဆုံးရှုံးမူတန်ဖိုး
(၃၀၀၀၀)သုံးသောင်းခန့်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး
ဦးအေးကျော်က ဆို၏။

မီးလောင်မှုနှင့်ပတ်သက်ပြီး ဒေသခံဦးအေးမင်းထွန်းမှလည်း
"ဘေထုပ် ၇ ထုပ်၊ဘေထုပ်က တစ်ထုပ်ကို ၆ သောင်းလောက်
တန်တယ်။နောက်ချွတ်ဆေးပုံး ၅ ဂါလံဆံ့ သုံးပုံးလောက်ပါ
တယ်။မီးသတ်ဦးစီးအနေနဲ့ကတော့ ဆုံးရှုံးမှုတန်ဖိုးနည်းတယ်
လို့ ပြောတာကလည်းအပြစ်ပေါ့လျော့စေချင်တဲ့ စေတနာလို့
ထင်ပါတယ်"ဟု ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ သန္ဓေမီးသတ်ယာဉ်( ၃) စီး၊
အရန်မီးသတ်ယာဉ်( ၄) စီး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊၇ပ်
ကွက်နေပြည်သူများရောက်ရှိမီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုနှင့်
ပတ်သက်၍ ယာဉ်မောင်းဦးတင်မောင်ဆွေအား အရေးယူပေး
ပါရန် ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်မှတိုင်တန်းသဖြင့် ပြည်
မြို့မရဲစခန်း(ပ)၉၇၀/ ၂၀၁၅၊ပြစ်မှုပုဒ်မ- ၂၈၅  ဖြင့်အမှုဖွင့်အရေး
ယူထားကြောင်းသိရသည်။

မှတ်ချက်။        ။ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေး
မှူး ဦးအေးကျော်အား အင်တာဗျူးပြုလုပ်ရန်နှင်ပသတင်းအတည်ပြု
ရန် ကျွန်တော်သတင်းထောက် ပြည့်သဲမောင်(ပြည်)မှအများပြည်သူ
များပိုင်သော ပြည်ခရိုင်မီးသတ်ရုံးအဖွဲ့သို့သွားသောအခါ ခရိုင်မီးသတ်
ဦးစီးမှူး ဦးအေးကျော်မှအစည်းဝေးလုပ်နေတာနားမလည်ဘူးလားဆိုပြီး
အော်ဟစ်မောင်းထုတ်ခဲ့ပါသည်။

လူထုပုံရိပ်သတင်းဂျာနယ်တွင်ဖော်ပြပါရှိသော သတင်းစာမူ။

ပြည့်သဲမောင်(ပြည်) 09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Thursday, September 3, 2015

နာမည်ကျန်းမာနေဆဲ မောင်ချောနွယ် ၁၃ နှစ်ပြည့် လွမ်းခြင်း

Leave a Comment



 မော်ဒန်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခဲ့တာ ဒီကနေ့ဆိုရင် ၁၃ နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။ တခေတ်တခါက မော်ဒန်ကဗျာလောကမှာ မောင်ချောနွယ်၊ အောင်ချိမ့်၊ ဖော်ဝေးနဲ့ သုခမိန်လှိုင်ဆိုပြီး ခေတ် ပြိုင် နာမည်ကြီး မော်ဒယ်ကဗျာဆရာတွေ ပေါ်ထွန်းခဲ့ပြီး ဆရာမောင်ချောနွယ်ဟာလည်း ဒီကနေ့အထိ မော်ဒန် ကဗျာလောကရဲ့ ဆရာတဆူဖြစ်နေဆဲပါပဲ။

ကဗျာဆရာအများစုကတော့ လူသာကွယ်လွန်ပေမယ့် နာမည်ကျန်းမာနေဆဲဖြစ်တယ်လို့တောင် ကဗျာတွေရေးပြီး တင်စားခဲ့ကြပါတယ်။ သူကွယ်လွန်တဲ့အထိမ်းအမှတ် အောက်မေ့သတိရတဲ့အနေနဲ့ ပြည်ဒေသအနီးတဝိုက်နဲ့ ရပ်နီးရပ်ဝေးက ကဗျာဆရာတွေ စုပေါင်းပြီး အခမ်းအနားတခုကို သူရဲ့ကဗျည်းကျောက်တိုင်စိုက်ထူးထားတဲ့ ပြည်မြို့ ဒက္ခိဏာရုံဘုန်းကြီးကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

“အဓိက ရည်ရွယ်ချက်က ခမ်းခမ်းနားနားမလုပ်ဖြစ်တာလဲကြာပြီ အဲဒါနဲ့ ကဗျာဆရာတွေစုပြီးတော့ ဒီနှစ် ခမ်းခမ်းနားနားလုပ်ကြရအောင်ဆိုပြီး လုပ်ခဲ့ကြတာပါ။ မဖြစ်မနေလုပ်သင့်တဲ့လူတွေ တန်ဖိုးထားရတဲ့သူကို တန်ဖိုးထားတဲ့အနေနဲ့လုပ်တာဖြစ်သလို၊ သူကိုလည်းချစ်သလို သူအနုပညာကိုလည်းချစ်တယ်၊ သူကိုတန်ဖိုးထားလို့ ကျနော်တို့ စိတ်ကူးတူတဲ့ လူတွေစုပြီးလုပ်ကြတာပါ။”လို့ ပွဲစီစဉ်သူတဦးထဲက ကဗျာဆရာ အိမ်ဝေးသူက ဧရာဝတီကို ပြောပါတယ်။

ဆရာမောင်ချောနွယ်ဟာ ရန်ကုန်ဇာတိဆိုပေမယ့် ပြည်မြို့မှာပဲ ကြီးပြင်းခဲ့ရတဲ့အတွက် သူ့ကိုယ်သူလည်း ပြည်သားလို့ ခံယူသလို သူ့နဲ့သူ့ကဗျာတွေကို ချစ်မြတ်နိုးသူတွေဟာလည်း ပြည်သားလို့ပဲ သိထားကြတယ်လို့ ကဗျာဆရာ အိမ်ဝေးသူက ဆက်ရှင်းပြပါတယ်။

“သူ့ကဗျာတွေက ရွတ်ပြမယ်ဆိုရင် မကုန်နိုင်လောက်အောင်များပါတယ်။ ကဗျာတွေ အကုန်လုံးကလည်း ကောင်းပါတယ်။ ကျနော်တို့ပိုပြီး ဂုဏ်ယူရတာကို သူ့ကိုယ်သူ ပြည်သားလို့ ခံယူထားတဲ့အပေါ်မှာ ပိုပြီးတော့ဂုဏ်ယူမိတယ်။ ပြည် ဇာတိလို့ပြောလို့ရတယ်။ ရန်ကုန်မှာမွေးပြီး ပြည်သားလို့ သူ့ကိုယ်သူခံယူတယ်။ ပြည် မြို့မင်းကြီးတောင်ခြေရင်းက အိမ်ကြီးမှာသူနေသွားတာ။ တနိုင်ငံလုံးအတိုင်းအတာကလည်း သူ့ကို ပြည်သားလို့ သတ်မှတ်ကြတယ်။” လို့ ဆရာ အိမ်ဝေးသူက ဆိုပါတယ်။

ဆရာမောင်ချောနွယ်အတွက် ရည်စူးပြီး ဆရာတော် သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူပူဇော်ခဲ့ခြင်းဒိက္ခဏာရုံဘုန်းကြီးကျောင်းမှာပဲ ကဗျာဆရာတွေ၊ ဆရာမောင်ချောနွယ်ကို ချစ်ခင်လေးစားသူတွေက ကဗျာ
ရွတ်ဆိုဂုဏ်ပြုကြခြင်းနဲ့ သူသက်ရှိထင်ရှားရှိခဲ့စဉ်က ပြောခဲ့ဖူးတဲ့ မှတ်သားဖွယ်စကားတွေကိုလည်း ယနေ့ေ ခတ်လူငယ်တွေကို လူကြီးတွေက လက်ဆင့်ကမ်း ပြောကြားခဲ့ကြပါတယ်။

ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy
Read More...

Tuesday, July 21, 2015

အရန်မီးသတ်တပ်စု(၁၈)မီးသတ်ရုံးဆောက်လုပ်ရန်နှင့် မီးသတ်ကားပြုပြင်ထိန်းသိမ်းရန် အလှူငွေများ လိုအပ်လျှက်ရှိနေ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

အရန်မီးသတ်တပ်စု(၁၈)မီးသတ်ရုံးဆောက်လုပ်ရန်နှင့် မီးသတ်ကားပြုပြင်ထိန်းသိမ်းရန်
အလှူငွေများ လိုအပ်လျှက်ရှိနေ
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆင်စုရပ်ကွက် 
အရန်မီးသတ်တပ်စု(၁၈)မီးသတ်ရုံးဆောက်လုပ်ရန်နှင့်
မီးသတ်ကားပြုပြင်ထိန်းသိမ်းရန်အတွက် အလှူငွေများ
လိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ဆင်စုရပ်ကွက်ရှိ အရန်မီးသတ်တပ်စု(၁၈)နှင့်
မီးဘေးကြိုတင်ကာကွယ်တားဆီးရေကော်မတီသည် 
လွန်ခဲ့သော(၆)နှစ်ခန့်က၊(၂၀၀၉)ခုနှစ်မှစ၍ဖွဲ့စည်း
ပုံပျက်၍ မီးသတ်ကားမှာ အသုံးပြုမရတော့ကြောင်း။
ထို့ကြောင့် မီးဘေးကြိုတင်ကာကွယ်တာဆီးရေးကော်
မတီနှင့်မီးသတ်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရန်၊မီးသတ်ကား
အား ပြုပြင်ထိန်းသိမ်းခြင်းတို့ပြုလုပ်ရန် ဆင်စုရပ်ကွက်
အုပ်ချုပ်ရေးမှူးနှင့်ရပ်မိ ရပ်ဖလူကြီးမင်းများ တွေ့ဆုံ
ညှိနှိုင်းဆွေးနွေး၍(၈.၅.၂၀၁၅)ရက်နေ့တွင် ဆင်စု
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆင်စုရပ်ကွက် အရန်မီး
သတ်တပ်စု(၁၈)မီးဘေးကြိုတင်ကာကွယ်တား
ဆီးရေးကော်မတီကို ပြန်လည်၍စတင်ဖွဲ့စည်း
ခဲ့သည်။

အဆိုပါ မီးသတ်တပ်ဖွဲ့နှင့်မီးဘေးကြိုတင်ကာကွယ်ရေး
ဆပ်ကော်မတီကို ပြန်လည်ဖွဲ့စည်းရခြင်းမှာ လွန်ခဲ့သော 
၂၀၁၀ခုနှစ်ခန့်က ဆင်စု အ.မ.က ကျောင်းမီးလောင်မှု 
တစ်ကြိမ၊်၂၀၁၃ခုနှစ်ခန့်ကရွှေဘုံသာဘုန်းကြီးတွင်
မီးလောင်မှုတစ်ကြိမ်ရှိခဲ့ပြီး ဆင်စုရပ်ကွက် မီးသတ်ကား
မှာ ရပ်ကွက်ကာကွယ်ဖို့အတွက်မီးမငြိမ်းသတ်နိုင်ခဲ့ပါ။
 ထို့အပြင် ဆင်စုရပ်ကွက်တွင် မြ၀တီဓါတ်ဆီအရောင်း ဆိုင်ကြီးရှိခြင်း၊နေအိမ်အချို့တွင်ဓါတ်ဆီရောင်းချခြင်း
လုပ်ငန်းများလုပ်ကိုင်နေသောကြောင့်၊ရပ်ကွက်
အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် 
ရပ်ကွက်တွင် ကောင်းမွန်သောမီးသတ်ကား၊ 
တပ်ဖွဲ့ ၀င်၊မီးသတ်ရုံးအဆောက်အဦးတို့ လိုအပ်
သည်မှာအမှန်တကယ်ပင်ဖြစ်ပါသည်။

ထိုပြန်လည်ဖွဲ့စည်းထားသော အရန်မီးသတ်တပ်စု
(၁၈)မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီသည်
လုပ်ငန်းကြီး(၃)ရပ်ကို ဆုံးဖြတ်ချက်ချမှတ်ပြီးအကောင်
အထည်ဖော်ရာမှာ (၁)မီးသတ်ရုံးအဆောက်အဦးဆောက်
လုပ်ရန်(ပထမဦးစားပေး)၊(၂)မီးသတ်တပ်ဖွဲ့ဝင်များ
စုဆောင်း၍သင်တန်းပို့ချရန်၊(၃)မီးသတ်ယဉ်ပြုပြင်ထိန်း
သိမ်းမွမ်းမံရန် ဖြစ်ပါသည်။မီးသတ်ရုံးအဆောက်အဦး
ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်တွက်ချက်ရာ
တွင်ခန့်မှန်း (၂၇၁၄၅၀၀ိ/)ကျပ်ခန့် ကုန်ကျမည်ဖြစ်ကြောင်း
သိရသည်။
 
ထို့ကြောင့် မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီမှ
(၃၁.၅.၂၀၁၅)ရက်နေ့မှစပြီး ကော်မတီလူကြီး
များ၏ အသိမိတ်ဆွေများထံမှအလှူခံခဲ့ရာ အလှူငွေ
(၁၇)သိန်းကျပ်ခန့်ရရှိပြီး၊(၂၂.၆.၂၀၁၅)ရက်နေ့
တွင် မီးသတ်ရုံးအဆောက်အဦးအား စတင်
အကောင်ထည်ဖော်နေပြီး ကျန်လုပ်ငန်းစဉ်များ
လုပ်ဆောင်ရန်လိုအပ်နေသော အလှူငွေများအား 
ဆင်စုရပ်ကွက်နေ ပြည်သူ/ပြည်သားများ၊ပြည်မြို့ရှိ
စေတနာရှင်အလှူရှင်များ၊မြို့မိ မြို့ဖများ၊ပြည်သူ့ 
လွှတ်တော် ကိုယ်စားလှယ်များ တို့မှ အလှူငွေ 
နည်းများမဆိုကုသိုလ်ယူ ထည့်ဝင်လှူဒါန်းပေး
ကြပါရန်။ ဆင်စုရပ်ကွက် အရန်မီးသတ်တပ်စု
(၁၈)မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီ
မှ တိုက်တွန်းနှိုးဆော်အပ်ထားပါကြောင်း ၊
ယခင်လှူဒါန်းထားသောအလှူရှင်များအားလုံး
ကိုလဲအထူးကျေးဇူးတင်ရှိပါကြောင်း ၊ အလှူရှင်
များလှူဒါန်းငွေစာရင်းများကို တိတိကျကျ ဆောင်
ရွက်ကာအလှူရှင်များ၏အမည် လှူဒါန်းငွေကိုလဲ
တိကျအောင်ဆောင်ရွက်ထားပါကြောင်းနှင့်မည်
သူမဆို စာရင်းဇယားများပွင့်ပွင့်လင်းလင်းမေး
မြန်းနိုင်ကြောင်း အရန်မီးသတ်တပ်စု(၁၈)မီးဘေး
ကြိုတင်ကာကွယ်ရေးကော်မတီလူကြီးများထံက 
သိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ဆက်သွယ်လှူဒါန်းနိုင်သောဖုန်းနံပါတ်များမှာ…………..
ဦးသိန်းထွန်း   09 5310150
ဦးတင့်          09 250928260
ဦးခင်မောင်ဝင်း 09 259283556
ဦးမျိုးအောင်    09 5370629
ဦးခင်ဝမ်း        09 5310392















Read More...

Facebook Like Page