Friday, January 23, 2015

နွေခေါင်ခေါင် ရေလယ်ခေါင်က ဖြတ်ရတဲ့ ပြည်မြို့က ညဈေးတန်း သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

နွေခေါင်ခေါင် ရေလယ်ခေါင်က ဖြတ်ရတဲ့ ပြည်မြို့က ညဈေးတန်း
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင်ရှိသော ညဈေးတန်းသည်
လူစည်ကားပြီး ကမ္ဘာလှည့်ခရီးသည်များ ၀င်ထွက်သွားလာနေသော ညဈေးဖြစ်
ပါသည်။
ထိုဈေးတန်းသည် ညနေ ၄နာရီမှ ည ၁၁နာ၇ီ ခွဲလောက်အထိစားသောက်ဖွယ်ရာ
များနှင့်ကုန်စိမ်းများကို ရောင်းချသည့် ဈေးတန်းလေးဖြစ်ပြီး ပြည်မြို့သူမြို့သားများ
နှင့်ရပ်ဝေးရပ်နီးမှအများပြည်သူများ သိရှိကြသောအလှူအတန်းရက်ရောကြသူများ
ရောင်းဝယ်ဖောက်ကားသွားလာစားသောက်နေကြသော ဈေးတန်းလေးလည်းဖြစ်ပါသည်။

အဆိုပါဈေးတန်းတွင် တိုက်ခန်းများမှ ရေဆိုးထုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့
နေခြင်းကြောင့်ရေစီးရေလာမကောင်းမွန်ခြင်း၊လမ်းများပျက်စီးနေခြင်းကြောင့်ပုံတွင်
ဖော်ပြထားသည့်အတိုင်း အများသူငှာသွားလာနေသော လမ်းမပေါ်တွင်ရေဆိုးရေပုတ်
များဝပ်နေသည့်အတွက်သွားလာစားသောက်နေကြသူများကျန်းမာရေးအတွက်သော်၎င်း
၊မြို့သာယာလှပရေးကိုမှေးမှိန်စေသည့်အတွက်သက်ဆိုင်ရာတာဝန်ရှိသူများမှလိုအပ်သလို
ဆောင်ရွက်ပေးစေလိုကြောင်း ဈေးသူ ဈေးသားများထံမှသိရပါသည်။

"ဒီလမ်းမပေါ်မှရေ၀ပ်နေတာတော်တော်ကြာပါပီ။အနံအသက်လဲမကောင်းဘူး ပြီး
တော့အစားအသောက်ရောင်းတော့ပိုဆိုးတာပေါ့။ကျမတို့ဈေးသူဈေးသားတွေက စည်ပင်
ကိုပြောတော့ စာတင်လိုက်တဲ့။အမှန်တကယ်စာတင်ရမှာကတိုက်ခန်းကပါ။
သူတို့မြောင်းတွေမှာအမှိုက်တွေပိတ်နေလို့ရေမစီးတာပါ''ဟုအစားအသောက်ရောင်းသူ
 ဈေးသယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်ကအများပြည်သူနှင့်ပက်သက်တဲ့ကိစ္စတွေ ဥပမာလမ်းမပေါ်ကျုးပြီးတက်နေ
တဲ့ဈေးဆိုင်တွေနဲ့ပက်သက်ပြီး တခါကစည်ပင်သာယာတာဝန်ရှိသူကို ဖုန်းဆက်
အကြောင်းကြားဘူးတယ်။အဲလိုပဲ စာတင်လိုက်ပါလို့ပြောတယ်။စာတင်လိုက်ပါ
ဆိုတာကတော့ တိုင်စာတတ်ခိုင်းတဲ့သဘောဖြစ်နေတယ်။အမှန်တကယ်ဆို
အများပြည်သူနှင့်သက်ဆိုင်သောလမ်းမပေါ်မှာဖြစ်နေတဲ့ကိစ္စတွေဆိုတာဘာစာ
မှတင်စရာမလိုဘူး။မြို့တော်စည်ပင်သာယာရေးက မြို့သာယာလှပရေးအတွက်
တာဝန်ရှိတယ်။စည်ပင်သာယာက ၀န်ထမ်းတွေလဲဒီညဈေးတန်း ကိုသွားလာနေ
တော့ ဒီရေ၀ပ်နေတဲ့လမ်းကိုဖြတ်ရမှပဲဟု၎င်းညဈေးတန်းတွင်လာရောက်ဈေးဝယ်
သူက ပြောသည်။

မှတ်ချက်။    ။၎င်းအကြောင်းအရာသည် အများပြည်သူများ၏လိုအပ်နေသော အကြောင်းအရာအခက်အခဲအား အပြုသဘောဆောင်၍ရေးသားတင်ပြခြင်းဖြစ်ပြီး သတင်းနှင့်ပက်သက်၍ဖြစ်ပျက်လာမည့်ကိစ္စအ၀၀အား ဖြေရှင်းသွားမည်ဖြစ်ကြောင်း
အသိပေးအပ်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883



0 comments:

Post a Comment

Facebook Like Page