Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, February 11, 2015

ဆရာမင်းလူရဲ့ဟာသလက်ရာဟောင်းတစ်ပုဒ်ဖြစ်တဲ့ "အော်လံဖိုးဗြော့"အပိုင်း(၂)ဇာတ်သိမ်း)

Leave a Comment
ဆရာမင်းလူရဲ့ဟာသလက်ရာဟောင်းတစ်ပုဒ်ဖြစ်တဲ့ "အော်လံဖိုးဗြော့"အပိုင်း(၂)ဇာတ်သိမ်း)
********************************************************************************************

လှထုံက ခေါင်းကုတ်စဉ်းစားသည်။

    “ဟာ ဟုတ်ပြီ။ သူမရိပ်မိအောင်လို့ ဦးလေးဗြော့ကြေညာတဲ့အခါ အမည်မဖော်လိုသူ လှထုံလို့ အော်လိုက်၊ ဒါဆို မသိနိုင်တော့ဘူး”

    ဦးဖိုးဗြော့မှာ အော်ချင်တဲ့ဇောက များနေသဖြင့် သေသေချာချာ မစဉ်းစားမိတော့ဘဲ …    

    “သာဓုပါခင်ဗျာ … သာဓုပါ … အမည်မဖော်လိုသူ မလှထုံက ငွေသုံးဆယ်ကျပ်ကို ဦးဦးဖျားဖျား လာရောက်လှူဒါန်းသွားပါတယ် ခင်ဗျ။ အခုလို လှူဒါန်းရတဲ့ အကျိုးအားကြောင့်”

    ကြားရသူအပေါင်းမှာ အူကြောင်ကြောင်ဖြစ်ပြီး ရယ်ကြရလေသည်။

    ဘာနူးမှာ လှထုံကို ငွေငါးဆယ်ချေးထားတာ မေ့မေ့ပျောက်ပျောက် ဖြစ်နေရာမှ ထိုကြေညာချက်ကြောင့် သတိပေးလိုက်သလို ဖြစ်သွားလေ၏။ ကျော်ကွန့် လက်ဖက်ရည်လာသောက်သောအခါ ဘာနူးက ဆီးပြီး အကြွေးတောင်းသဖြင့် လခထုတ်လျှင် ပေးပါမည်ဟု ကတိပေးလိုက်ရလေ၏။

    ထိုနေ့က အလှူငွေ နှစ်ရာကျော်ရသည်။ နည်းနည်း ကသိကအောက် ဖြစ်သွားတာဆိုလို့ တစ်ခုပဲရှိ၏။ ညနေအလှူခံ သိမ်းကာနီးအထိ ငွေတစ်ရာ့ငါးဆယ်ကျော်သာ ရသဖြင့် ဦးဖိုးဗြော့ နည်းနည်းစိတ်ညစ်သွားသည်။ တစ်ရာ့ငါးဆယ်ဆိုလျှင် သူ့အတွက် ကော်မရှင် လေးဆယ့်ငါးကျပ်သာရမှာကိုး။ သိမ်းကာနီးဆဲဆဲကျမှ ကိုရှိန် ရောက်လာသည်။ အလုပ်ကအပြန် ၀င်လာခြင်းဖြစ်၏။ မနက်အသွားမှာ ငါးကျပ်လှူသွားခဲ့ပြီး ငွေတစ်ရာကောက်ရသဖြင့် ဒါကြောင့်ပဲဆိုပြီး ငွေငါးဆယ် လာလှူသည်။

    ငါးဆယ်ဆိုလျှင် ကော်မရှင် ဆယ့်ငါးကျပ်ထပ်ရပြီဟု ဦးဖိုးဗြော့တွက်လိုက်၏။ ဒါကို စိတ်စွဲသွားသဖြင့် အသဲချဲ့စက်ဖြင့်အော်ရာမှာ ငါးဆယ်အစား ဆယ့်ငါးကျပ်ဟု မှားအော်မိခြင်းအကြောင်းသာ ပြောစရာရှိ၏။



                * * *



    နောက်တစ်နေ့တွင် ၁၂နာရီမထိုးခင်မှာပင် ငွေတစ်ရာ့ရှစ်ဆယ်လောက်ရသဖြင့် ဦးဖိုးဗြော့ကျေနပ်နေသည်။ “ဒီနေ့တော့ သုံးရာကျော်မှာပဲ” ဒါဆိုရင် “ဦးဖိုးဗြော့ စိတ်ကူးလေးယဉ်နေစဉ် ဓာတ်ခဲတို့အုပ်စု ရောက်လာသည်။

    “ဘကြီးဗြော့ အလှူငွေ တော်တော်ရရဲ့လား”

    “အေး မဆိုးပါဘူးကွ၊ ဘာလဲ မင်းတို့ကော လှူကြမလို့လား”

    “လှူတော့ လှူချင်ပါတယ်ဗျာ။ အခုပဲ ဦးပတေးဆိုင်မှာ ပဲပလာတာ စားခဲ့လို့ ပိုက်ဆံကုန်ပြီဗျ။ ဒီလိုလုပ်ပါလား။ ကျွန်တော်တို့ လုပ်အားလှူမယ်လေ”

    “ဘယ်လိုကွ”

    “ဒီလိုလေ ဘကြီးဗြော့ တစ်ယောက်တည်း အော်နေတာထက်စာရင် ကျွန်တော်တို့က ငွေဖလားကိုကိုင်ပြီး လမ်းသွားလမ်းလာတွေကို လိုက်အလှူခံရင် ပိုရမှာပေါ့”

    “အေး … ကောင်းသားပဲ”

    ဓာတ်ခဲတို့အုပ်စုက ငွေဖလားကြီးထဲကို ကျောက်စရစ်ခဲ သုံးလေးငါးလုံးထည့်ပြီး “ဂလောက် ဂလောက်” မြည်အောင်လှုပ်ရင်း လမ်းသွားလမ်းလာတွေကို လိုက်နှိုးဆော်သည်။     “ကွင်းပိုင်ဘိုးဘိုးကြီးနတ်ကွန်းဆောက်ဖို့ အလှူခံပါတယ်ခင်ဗျာ”

    တချို့က ဆန္ဒအလျောက် အလှူငွေထည့်သွားကြသည်။ တချို့ကတော့ သူတို့အုပ်စုကို လန့်သဖြင့် ထည့်ရခြင်းဖြစ်၏။ ဓာတ်ခဲပြောသလို အလှူငွေပိုရတာတော့ မှန်သည်။သို့ရာတွင် နေ့လည်ပိုင်းရောက်တော့ …     “ဘကြီးဗြော့ နေကပြင်းတော့ ပူတယ်ဗျာ။ တစ်ချိန်လုံးလှုပ်နေရတာ ရေတောင်ငတ်လာပြီ အအေးလေးဘာလေး ၀ယ်တိုက်ပါလား”

    “ဟေ”

    ဦးဖိုးဗြော့ လန့်သွား၏။ သို့ရာတွင် ငြင်းလို့မဖြစ်။ ဒီကောင်တွေက စိတ်မထင်လျှင် မဟုတ်ကဟုတ်ကတွေ လုပ်တတ်သည်။ ဟိုတစ်နေ့ကပဲ သူတို့ဘောလုံးကန်နေကျနေရာမှာ လေးဘီးကားတစ်စင်း လာရပ်ထားပြီး ဒရိုင်ဘာက လက်ဖက်ရည်သွားသောက်နေသဖြင့် တာယာတွေ လေလျှော့ထားခဲ့သေးသည်။ ခုလည်း အအေးမတိုက်လို့ ပြဿနာရှာမှာ ကြောက်ရသည်။ ထို့ကြောင့် …

    “အေး … အေး … ရပါတယ်ကွာ”

    “ဒါဆို ကျွန်တော်တို့ အအေးဆိုင်မှာ ၀င်သောက်သွားမယ်။ ပြီးမှ ဘကြီးဗြော့ ငွေရှင်းလိုက်နော်”

    ဟု ပြောပြီး ထွက်သွားကြသည်။ သူတို့ ကူပြီး အလှူခံလို့ရတာ ခုနစ်ဆယ်၊ သူတို့သောက်သွားသည့် အအေးသုံးပုလင်းက ကိုးဆယ်ကျသဖြင့် နှစ်ဆယ်တောင် စိုက်လိုက်ရသေးသည်။



                * * *

     “ဒီနေ့ ကျွန်တော်ဟောမယ့် တရားကတော့ အလှူပေးလို့ သူဌေးဖြစ်တယ်ဆိုတဲ့ တရားပဲဖြစ်ပါတယ် ခင်ဗျာ”     ဦးဖိုးဗြော့က နိဒါန်းပျိုးသည်။ ထို့နောက် ကြာနီကန်ဆရာတော် ဟောကြားတော်မူခဲ့သော ‘မဟာဒုတ်’ တရားထဲကမှတ်မိသမျှကို အသံနေအသံထားနှင့် ပြောလေတော့သည်။ သူက ဆွမ်းတင်နေကျ လူဖြစ်သောကြောင့် အခက်အခဲတော့ သိပ်မရှိ။ တစ်ခါတစ်ခါကျမှသာ လေဆက်ပြတ်ပြတ်သွားသဖြင့် အသံတိမ်ဝင်သွားတာတို့ အသံကြောင်သွားတတ်တာတို့ ဖြစ်တတ်၏။ တစ်ခုတော့ရှိသည်။ ပြောနေရင်းက ရှေ့ဆက်ရမည့်စကား မေ့သွားတတ်ခြင်းပင်ဖြစ်၏။

    “အဲ အဲ … ခုန ပြောသလိုပေါ့ဗျာ။ ဟိုဒင်း မဟာဒုတ်ဟာဆိုရင် အဲသလိုဖြစ်ပြီး သကာလကျတော့”

    ဆိုပြီး ပြောစရာ စကားရှာမရသဖြင့် ပတ်ချာလည်နေတတ်၏။

    ဦးကုလားနှင့် ဒေါ်ခင်တီတို့ကတော့ မဏ္ဍပ်နှင့်အနီးဆုံးမို့ နားပူဒဏ် အများဆုံးခံကြရ၏။ ဦးကုလားက …    

    “အင်း ငါတို့ဟာ ဟိုဘ၀က သူများအိမ်ဘေးနားမှာ ကားဘော်ဒီရုံဖွင့်ခဲ့ဖူးလို့ အခု ၀ဋ်လည်တာလားမသိဘူး”

    ဟု ငေါ့တော့တော့ပြောသည်။ ဒေါ်ခင်တီကတော့ …

    “ရှင်က နားပူရင် ဘုန်းကြီးကျောင်းတို့ လက်ဖက်ရည်ဆိုင်တို့ ထွက်သွားလို့ ရသေးတယ်။ ကျုပ်မှာက ဘယ်မှသွားလို့မရဘူး။ ငုတ်တုတ်ခံနေရတာ။ ကြာတော့ ခေါင်းတွေတောင်နောက်လာတယ်။ အသံနည်းနည်းတိုးပေးဖို့ သွားပြောပါလား”

    “ဟာ ဒီလူကို ငါ အောက်ကျခံပြီး သွားမပြောချင်ပါဘူး”

    “ရှင်နဲ့ ဦးဖိုးဗြော့နဲ့က အရင်က တရားဆွေးနွေးဖက်တွေပဲဟာ”

    “အရင်က ဟုတ်တယ်။ အခု မဟုတ်တော့ဘူး။ ဒီလူက ပညတ်ပရမတ်လောက် ပြောတတ်တာနဲ့ သူ့ကိုယ်သူ ဓမ္မကထိကလောက် ထင်နေတာ။ ငါက သွားတောင်းပန်ရင် ရောင့်တက်လာလိမ့်မယ်”

    ဆိုပြီး ပေခံနေ၏။

    ဦးဖိုးဗြော့ကလည်း နတ်စင်ဆောက်လုပ်ဖို့အတွက် ဦးကုလားက အလှူငွေ မတည်ခြင်းမပြုဘဲ ရှောင်ထွက်သွားခဲ့ခြင်းမှာ မိမိအပေါ် မကြည်လင်လို့ပဲဟု တွက်သည်။ ဒါတွင်မက အခု အလှူခံနေတာ တစ်ပတ် ပြည့်တော့မယ်။ ဦးကုလားအိမ်က တစ်ကျပ်တောင် လာမထည့်သေး။ သူ့သား ဓာတ်ခဲကလည်း လာကူသလိုလုပ်ပြီး အအေးညာသောက်သွားသေးသည်။ ဦးကုလားကပဲ တမင်ခုလိုလုပ်ခိုင်းတာလားလို့တောင် ထင်စရာရှိ၏။ ခါတိုင်း အကြောင်းကိစ္စရှိလို့ အလှူခံရင် တစ်ရာနှစ်ရာမှ တစ်ထောင်၊ နှစ်ထောင်ထိ လက်မနှေးဘဲ ထည့်တတ်သော ဦးကုလားသည် ဒီအခါကျမှ ဘာကြောင့် လက်ပေါက်ကပ်နေရသလဲ။ စဉ်းစားစရာတွေ ရှိလာ၏။ ထို့ကြောင့် ဒီလူ့ကို နည်းနည်းတော့ ဆုံးမဦးမှပဲဆိုပြီး။     “လှူတယ်ဆိုရာမှာလည်း အမျိုးမျိုးရှိပါတယ်။ စေတနာ၊ သဒ္ဓါတရားတစ်ခုထဲကို အရင်းပြုပြီး လှူတာက အမွန်မြတ်ဆုံးပါပဲ ခင်ဗျ။ မိမိအတွက် အကျိုးရှိရာရှိကြောင်း တစ်ခုခုကို မျှော်ကိုးပြီးလှူတာမျိုးကတော့ လောဘက တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုရပါလိမ့်မယ်”

    ဦးကုလားကလည်း သူ့ကို လှမ်းထေ့နေပြီဆိုတာ သိသည်။ ထို့ကြောင့် နားစွင့်နေလိုက်သည်။ ဦးဖိုးဗြော့က ဆက်၍ …

    “မရှိလို့မလှူ မလှူလို့မရှိ ဆိုတဲ့ စကားရှိပါတယ်။ တကယ်မရှိလို့ မလှူနိုင်တာဟာ ခွင့်လွှတ်နိုင်ပါသေးတယ်။ ရှိရက်နဲ့ မလှူရက် မဒါန်းရက်တာမျိုးကတော့ အဲ … ဒါဟာ ငါ့ငွေ၊ ငါ့အိမ်၊ ငါ့ ရွှေငွေရတနာ၊ ငါ့ပစ္စည်းဆိုတဲ့ ငါစွဲ မပြုတ်သေးလို့ပါပဲ”

    ဦးကုလား အံကြိတ်လိုက်သည်။ ခင်ဗျား ကျုပ်ကို စောင်းပြောတာလားဆိုပြီး သွားပြဿနာရှာလို့လည်း သဘာဝမကျသဖြင့် အောင့်သက်သက်နှင့် ခံနေရ၏။ သို့ရာတွင် ဦးဖိုးဗြော့သည် မိမိလောက်စာဖတ်သူ မဟုတ်။ ထို့ကြောင့် သူပြောတဲ့ဟောတဲ့ထဲမှာ အမှားတော့ပါမှာပဲ။ ဒီတော့မှ ထောက်ပြပြီး ပညာပေးလိုက်ဦးမယ်လို့ တေးထားလိုက်၏။



                * * *



    ညနေတွင် မောင်ဝ အလုပ်ကပြန်လာသည်။ ဦးဖိုးဗြော့ မောင်ဝကိုမြင်သောအခါ …

    “ဟေ့ … မောင်ဝ အလှူလေး ဘာလေးထည့်ဦးလေကွာ၊ မင်းနဲ့ ရွှေကြည်နဲ့ မြန်မြန်လက်ထပ်နိုင်အောင် မစဖို့ ကွင်းပိုင်ကြီးဆီမှာ ဆုတောင်းပေးမယ်”

    “တော်စမ်းပါဗျာ၊ ဘယ်က ကွင်းပိုင်ကြီးလဲ။ ကျွန်တော် မယုံပါဘူး”

    “မင်း ပါးစပ်က စည်းမရှိကမ်းမရှိ လျှောက်မပြောနဲ့ကွ။ ဒုက္ခတွေ့ချင်လို့လား”

    မောင်ဝ ရယ်လိုက်သည်။

    “ဘာဒုက္ခမှ မကြောက်ဘူး။ ဒီမှာ ဦးလေးဗြော့ရဲ့ ဦးလေးတို့ကသာ ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြတာ၊ ကျွန်တော် ဈေးဘက်ကပြန်လာတိုင်း ဒီနားမှာ အပေါ့သွားနေကြ၊ ဘာမှမဖြစ်ခဲ့ဘူး။ အခု ဦးလေးက ဒီမှာရောက်နေလို့ အပေါ့တောင် ဘယ်နားသွားရမှန်းမသိဘူး”

    ဟု ပြောပြီးထွက်သွားသည်။ ဦးဖိုးဗြော့က …

    “မင်း ဒါကြောင့် မွဲနေတာ”     ဟု မကြားတကြား လှမ်းပြောသည်။ မောင်ဝက ခပ်လှမ်းလှမ်းရောက်မှ တစ်ချက်လှမ်းကြည့်ပြီး လှမ်းအော်ပြောလိုက်သည်။

    “ကျွန်တော်ကတော့ ဘုရားကလွဲရင် ဘာမှမယုံဘူးဗျို့”

    မောင်ဝသည် ဒီလိုပဲ ဘုဆတ်ဆတ် ပြောတတ်သည်။ ဘာကိုမှလည်း ကြောက်တတ်သူမဟုတ်။ သူလုပ်ချင်တာကို စွတ်ရွတ်လုပ်တတ်သည်။ သို့ရာတွင် စိတ်ကောင်းရှိသည်။

    ခုလည်း ဘုန်းကြီးကျောင်းကို သွားခြင်းဖြစ်၏။ ကျောင်းက သွပ်မိုးတွေက သိပ်မကောင်းလှတော့ တချို့နေရာတွေ ဆွေးပြီး ဇကာပေါက်ဖြစ်နေသည်။ မိုးသိပ်သည်းလျှင် မိုးယိုလေ့ရှိ၏။ သူသည် ဈေးထဲက ပွဲညက်တွေဝယ်လာပြီး သွပ်မိုးတွေကို တက်ဖာပေးဖို့လာခဲ့ခြင်း ဖြစ်လေ၏။     မောင်ကျော်လှကလေးကတော့ မောင်ဝလိုမဟုတ်။ သူ့အဖေ ကျော်ကွန့်လို ရိုးလည်းရိုး၊ ကြောက်လည်းကြောက်တတ်သည်။ ဒါတွင်မက သူ့အမေ လှထုံကဲ့သို့လည်း အတတနိုင်သည်။

    သူက ကျောင်းသွားကျောင်းပြန် အလှူခံမဏ္ဍပ်ရှေ့မှ ဖြတ်သွားရ၏။ ဟိုတစ်ခါ ညောင်ပင်အောက်မှာ သေးပေါက်မိသဖြင့် အကြီးအကျယ် ဖျားပြီးကတည်းက အတော်လန့်နေသည်။ ထို့ကြောင့် ကျောင်းမုန့်ဖိုးတစ်ဆယ်ကို အလှူငွေထည့်လိုက်လေသည်။

    “သားလေး မောင်ကျော်လှကလည်း မုန့်ဖိုးငွေ မစားရက်မသောက်ရက်ဘဲ လှူဒါန်းသွားပါတယ် ခင်ဗျာ”

    ဦးဖိုးဗြော့က ညောင်ပင်ဖက် ဦးခိုက်ပြီး …

    “သားလေး မောင်ကျော်လှကို စောင့်ရှောက်တော်မူပါ”

    ဟု လှမ်းဆုတောင်းလိုက်ပြီးမှ

    “အင်း … ကလေးပင်ဖြစ်သော်ငြား သဒ္ဓါတရား ထက်သန်လှပါပေတယ်”

    ဦးဖိုးဗြော့က ရိုးရိုးပင်ပြောခြင်း ဖြစ်သော်လည်း ဟိုနေ့ကစကားလက်စရှိသဖြင့် ဦးကုလားက ငါ့ကိုချိတ်ပြန်ပြီ။ ကလေးပေမယ့် သဒ္ဓါတရားရှိတယ်ဆိုတော့ လူကြီးက သဒ္ဓါတရားမရှိဘူးလို့ ဆိုလိုတာလားဟု တွေးပြန်သည်။

    နောက်တစ်နေ့မနက် မောင်ကျော်လှ ကျောင်းသွားဖို့ ထွက်လာတာ မြင်သောအခါ …

    “ဟော မောင်ကျော်လှလေးပါလား”

    ဟု ဦးဖိုးဗြော့က နှုတ်ဆက်လိုက်၏။ မောင်ကျော်လှစိတ်ထဲမှာ ဦးဖိုးဗြော့က နှုတ်ဆက်လိုက်တာကို ကွင်းပိုင်ကြီးတော့ ကြားသွားပြီဟု စိုးရိမ်ပြီး မုန့်ဖိုးတစ်ဆယ်ကို ထည့်သွားပြန်၏။ ဦးဖိုးဗြော့ကလည်း မနေ့ကလိုပင် ဆုတောင်းပေးသည်။ ပြီးတော့ ထိုအကြောင်းနှင့် ဆက်စပ်၍ သမီးကို ကျွန်အဖြစ်မှရွေးဖို့ ပင်ပင်ပန်းပန်းရှာထားသည့်ငွေဖြင့် ရဟန္တာလောင်းလျာတစ်ပါးကို ဆွမ်းဝယ်ကပ်လိုက်သဖြင့် နောက်ဆုံး သူဌေးကြီးဖြစ်သွားပုံကို ပြောလေသည်။

    နောက်တစ်နေ့ကျတော့လည်း မောင်ကျော်လှ ကျောင်းသွားဖို့ လာတာမြင်လျှင် …

    “ဟော … လာပါပြီခင်ဗျာ၊ ဒါနရှင်လေးမောင်ကျော်လှ”

    ဟု စကားခေါ်ရင်း နှုတ်ဆက်ပြန်သည်။     မောင်ကျော်လှလည်း ငွေတစ်ဆယ် ထည့်ရပြန်သည်။

    ဒီလိုနဲ့ မောင်ကျော်လှလေးမှာ ကျောင်းတွင်မုန့်မစားရဘဲ ဖြစ်နေရှာ၏။ နောက်တစ်ရက်ကျတော့လည်း လာနေကျလမ်းအတိုင်း မလာတော့ဘဲ ၀ါးရုံပင်တွေရှိသည့် လမ်းကြားကလေးဘက်က သွားသည်။ ထိုလမ်းမှာ ကွေ့ကွေ့ကောက်ကောက်သွားရပြီး ပိုဝေးသည်။ လူလည်း ပြတ်သည်။ ပြီးတော့ တစ်နေရာအရောက်တွင် ၀ါးရုံပင်တောနောက်မှ ခွေးနက်ကြီးတစ်ကောင် ထွက်လာပြီး လမ်းကိုပိတ်ရပ်နေသည်။ မောင်ကျော်လှကိုလည်း စူးစူးရဲရဲကြည့်ပြီး မာန်ဖီနေ၏။ မောင်ကျော်လှက တုန့်ခနဲရပ်သည်။ ထို့နောက် တဖြည်းဖြည်းချင်း နောက်ဆုတ်သည်။ ခွေးနက်ကြီးကလည်း ရှေ့တိုးတိုးလာ၏။ မောင်ကျော်လှ တစ်စုံတစ်ခုတွေးမိပြီး ကြက်သီးတွေ ဖျင်းခနဲ ထသွား၏။     “ခွေးနက်ကြီး၊ ဟာ ဟုတ်ပါပြီ”

    အတွေးမဆုံးခင်မှာပင် ချာခနဲ လှည့်ပြေးသည်။ မီလုမီခင် ဖြစ်လာသည်။ တစ်ချက်လှမ်းဟပ်တာ လွယ်အိတ်ကို ကိုက်မိသွားသည်။ မောင်ကျော်လှလည်း ဆောင့်ဆွဲခံလိုက်ရသလို ဟန်ချက်ပျက်ပြီး လဲကျသွားသည်။ ခွေးကြီးက ခုန်အုပ်ခါနီးဆဲဆဲ

    “ဂိန်ခနဲ”

    တစ်ချက်အော်ပြီး ဖင်ထိုင်ကျသွား၏။ တစ်ဆက်တည်းမှာပင် ခဲတစ်လုံးက နှာနုကို မှန်ပြန်၏။ ခွေးနက်ကြီးလည်း တကိန်ကိန်အော်ရင်း ထွက်ပြေးသွားသည်။

    “ဘာဖြစ်သွားသေးလဲကွ”

    မောင်ဝက မောင်ကျော်လှကို ထူရင်းမေးသည်။

    “ဘာ ဘာမှ မဖြစ်ပါဘူး”

    မောင်ကျော်လှ အသံတုန်တုန်နှင့် ဖြေသည်။ အတော်ကြောက်လန့်နေပုံရ၏။ မျက်နှာမှာ သွေးရောင်မရှိ။ ရင်ဘတ်က နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်။

    “မင်း ဘာဖြစ်လို့ ဒီလမ်းကြိုလမ်းကြားက လာရတာလဲ” မောင်ဝက မေးသည်။ မောင်ကျော်လှက သူ့အခက်အခဲကို ပြောပြ၏။ မောင်ဝက ရယ်ပြီး …

    “သြော် … ဖြစ်မှဖြစ်ရလေကွာ၊ ကဲ … ကဲ မင်းကိုငါ ကျောင်းအထိ လိုက်ပို့မယ်”     မောင်ဝက မောင်ကျော်လှပခုံးကို ဖက်ပြီး ခေါ်သွားသည်။ လမ်းမှာ မောင်ကျော်လှက သူသံသယဖြစ်နေသော ကိစ္စကို မေးသည်။

    “ကျွန်တော် ဒီဘက်လမ်းက ရှောင်ပြီးလာတာကို ကွင်းပိုင်ကြီးကသိသွားလို့ ခွေးနက်ကြီးနဲ့ လိုက်ခြောက်တာလား မသိဘူးနော်”

    “မဟုတ်တာကွာ၊ ဒီခွေးကြီးကို ငါသိပါတယ်။ ကိုစာကလေးအိမ်က ခွေးကြီးပါ”     “အဲဒီခွေးကိုပဲ စိတ်ညှို့ပြီး ရှူးတိုက်တာကော မဖြစ်နိုင်ဘူးလား”

    “ဒါဆိုလည်း ငါ ခဲနဲ့ထုတော့ ဘာလို့ တဂိန်ဂိန်အော်ပြီး ထွက်ပြေးရတာလဲ ကဲ”

    “ဒါကတော့ ဦးမောင်ဝကို ကြောက်လို့ဖြစ်မှာပေါ့”

    “အဲဒါပဲပေါ့ကွ၊ သတ္တိရှိတဲ့လူဆိုရင် ဘယ်သူခြောက်ခြောက် မကြောက်ရဘူးကွ။ မင်းလည်း သတ္တိရှိတဲ့စိတ် မွေးရမယ်၊ ကြားလား”     မောင်ကျော်လှ ခေါင်းညိတ်သည်။ မောင်ဝကိုလည်း အားကျစိတ်ပေါ်လာသည်။ “ကျွန်တော်လည်း မကြောက်အောင် ကြိုးစားမယ်”

    “ဒီလိုမှပေါ့ကွ”

    “ဦးမောင်ဝ”

    “ဟေ”

    “အဖေကပြောတယ်။ သမ္ဗုဒ္ဓေဂါထာရွတ်ရင် သရဲတွေ ကြောက်တယ်ဆို၊ နတ်တွေကတောင် ရှိခိုးရတယ်ဆို”

    “ဟုတ်ရင် ဟုတ်မှာပေါ့ကွ၊ ဒါ ဘုရားစာပဲ”

     မောင်ဝသည် ရုတ်တရက် စိတ်ကူးတစ်ခုရသွားသဖြင့် …

    “အေး … ဟုတ်တယ်၊ ဒီလိုလုပ်ပါလား၊ နောက်နေ့ကျောင်းသွားလို့ ညောင်ပင်ကြီးနားရောက်ရင် သမ္ဗုဒ္ဓေဂါထာကို စိတ်ထဲကရွတ်သွား၊ ဦးဖို့ဗြော့ကြီး မင်းကို လှမ်းမခေါ်စေရဘူး”     နောက်နေ့ကျတော့ မောင်ကျော်လှသည် မောင်ဝမှာထားသည့်အတိုင်း ဂါထာကိုစိတ်ထဲကတွင်မက နှုတ်မှ တိုးတိုးအသံထွက်လောက်အောင် ရွတ်သွားသည်။ အလှူခံဌာန ရှေ့အရောက်မှာ မသိမသာ ငဲ့ကြည့်သည်။ ဦးဖိုးဗြော့သည် မောင်ကျော်လှကို မမြင်သလို မျက်နှာလွှဲနေတာ တွေ့လိုက်ရ၏။ မောင်ကျော်လှသည် ကျေနပ်သဘောကျသွား၏။

    အမှန်မှာ မောင်ဝက ဦးဖိုးဗြော့ကို မောင်ကျော်လှ၏မုန့်ဖိုးကို အလှူမခံဖို့၊ မောင်ကျော်လှလာလျှင် မမြင်ချင်ယောင်ဆောင်နေဖို့ လေသံမာမာဖြင့် မှာထားခဲ့သောကြောင့်ပင် ဖြစ်လေ၏။



                * * *



    ဆူညံညံနှင့် သွေးတိုးရောဂါ ဘယ်လိုဆက်စပ်မှု ရှိသလဲမသိ။ ဒေါ်ခင်တီသည်း နေ့စဉ်နှင့်အမျှ မိုးလင်းကမိုးချုပ် ကြားနေရသော အလှူခံမဏ္ဍပ်မှ အသံများကြောင့် သွေးတွေတိုးလေ၏။ အသံကျယ်တိုင်း ထိခိုက်တာတော့ ဟုတ်ချင်မှဟုတ်မည်။ လွန်ခဲ့သော နွေတုန်းက ဘုန်းကြီးကျောင်းမှ ပဋ္ဌာန်းရွတ်ခဲ့စဉ်တုန်းကဆိုလျှင် ငါးရက်တိုင်တိုင် ၂၄ နာရီလုံးလုံး ကြားနေခဲ့ရသည်။ ထိုစဉ်က ဘာမျှ စိတ်အနှောင့်အယှက် မဖြစ်ရုံမက နှလုံးစိတ်အေးချမ်းမှုတောင် ရခဲ့သေးသည်။ ညဘက်တွင်လည်း ပဋ္ဌာန်းရွတ်ဆိုသံကို ကျယ်လောင်စွာ ကြားနေရသည့်တိုင် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်သည်။ ဒါတွင်မက မဟာပဋ္ဌာန်း ရွတ်ဆိုသံများ လွှမ်းခြုံရာနေရာတွင် မကောင်းမှုဒုစရိုက်များ မဖြစ်နိုင်၊ လူဆိုးသူခိုးတို့ မကပ်နိုင်ဟု ယုံကြည်ပြီးညဘက်တွင် လုံခြုံစွာနေနိုင်ခဲ့သည်။

    ခုကျတော့ ဦးဖိုးဗြော့၏ အသံကတစ်လှည့်၊ သီချင်းခွေအသံကတစ်လှည့် ကြားနေရသဖြင့် ခေါင်းတွေအုံ၊ ရင်တွေတုန်၊ သွေးတွေတက်ပြီး ထမင်းလည်းမစားချင်၊ အားကုန်မောပန်းပြီး အိပ်ရာထဲ ခွေလှဲနေရလေတော့သည်။ နေမကောင်းရတဲ့ကြားထဲမှာ ဒီရက်ကျမှ ဦးဖိုးဗြော့က …

    “သတ္တ၀ါဆိုတာ သေမျိုးချည်းကိုး ခင်ဗျ၊ မွေးလာရင် တစ်နေ့ သေရမှာပဲ၊ မြန်မြန်လား၊ နှေးနှေးလားဆိုတာပဲ ကွာတယ်။ ဟောကြည့် မကြာခင်မှာ နေ့တစ်နေ့ကုန်ဆုံးပြီး ညအမှောင်ရောက်တော့မယ်။ သေဖို့ဖြင့် တစ်ရက်နီးလာပါပကောလို့ သတိတရားရကြပါ။ မသေခင်မှာ ဒါနကုသိုလ်ကိုရအောင် ယူကြပါ။ ဒါကြောင့် ကျွန်တော်မောင်ဖိုးဗြော့က နှိုးဆော်လိုက်ချင်တာကတော့ …     “အဆင်းလှလည်း

    သေမှာပဲ

    မမြဲခန္ဓာ

    အနိစ္စ”

    ဟူ၍ အသံနေအသံထားနှင့် အော်လေသည်။ သူသည် ဘာစိတ်ကူးပေါက်သလဲမသိ။ နေ့စဉ်ဆိုတော့ ပြောစရာတွေက ရှားပါးလာလို့ပဲလား၊ တခြားပြောရမှာ ပျင်းလို့ပဲလားမပြောတတ်။ တစ်နေ့လုံး ဒါကိုပဲ ထပ်ခါ ထပ်ခါ ပြောနေ၏။ ဦးကုလားမှာ ဒေါ်ခင်တီ သွေးတွေတက်ပြီးလဲနေတုန်း ခုလိုအော်နေသဖြင့် အတော်စိတ်ဆိုးသွားသည်။ ဒေါ်ခင်တီ ကြောက်နေမှာလည်း စိုးရိမ်ပြီး အလှူခံမဏ္ဍပ်ဆီသို့ ဒေါနှင့်မောနှင့် ချီတက်သွားပြီး …

    “ဒီမှာ ကိုဖိုးဗြော့၊ ခင်ဗျားဟာက လွန်လွန်းနေပြီ၊ ဟိုမှာ ကျုပ်မိန်းမက နေမကောင်းဖြစ်နေတာ။ ခင်ဗျားက တစ်နေ့လုံး သေမှာပဲဆိုတာချည်း အော်နေတယ်”

    “ဒါ အမှန်တရားပဲလေ၊ ဘာလဲ ခင်ဗျားက အနိစ္စဆိုတဲ့ မမြဲတဲ့အသံကို မကြားရဲလို့လား”

    “မဆိုင်ပါဘူး။ ဒါတွေ ကျုပ်သိပြီးသားပဲ။ အလှူခံတယ်ဆိုတာ သာသာယာယာ စိတ်ချမ်းသာစရာတွေပဲ ပြောရတယ်ဗျ။ ခင်ဗျားက တစ်နေ့ကုန် အနိဌာရုံတွေချည်း အော်နေတာပဲ”

    ဦးဖိုးဗြော့က ခပ်ထေ့ထေ့ပြုံးလိုက်ပြီး …

    “သေသေချာချာလည်း စဉ်းစားပါဦးလေ။ ကျုပ်အော်တာ အဆင်းလှလည်း သေမှာပဲလို့ အော်တာ၊ ခင်ဗျားမိန်းမနဲ့ ဘာဆိုင်လို့လဲ”

    ဦးကုလားမျက်နှာ တင်းခနဲဖြစ်သွား၏။ ဦးဖိုးဗြော့ပြောပုံက ခင်ဗျားမိန်းမက အဆင်းလှလို့လားဟု ဆိုလိုရာ ရောက်သွားသောကြောင့်ဖြစ်၏။

    “ဒါဆို ဥစ္စာရှိလည်း သေမှာပဲဆိုတာကကော”     ဦးကုလားက ခပ်ထန်ထန်မေးလိုက်ရာ …

    “လောကမှာ ဥစ္စာရှိတဲ့လူတွေ အများကြီးပါဗျ။ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး”

    “အင်း … ဒါဆို အဆင်းလည်းမလှ၊ ဥစ္စာလည်းမရှိ၊ ဦးနှောက်လည်းမရှိတဲ့ ခင်ဗျားလိုလူကတော့ ဆယ်ပြန်တောင် သေဖို့ကောင်းတဲ့လူပဲ”

    ဦးကုလားက ဦးဖိုးဗြော့ကို လက်ညှိုးတထိုးထိုးပြောပြီး ဆောင့်ကြီးအောင့်ကြီး လှည့်ထွက်သွားသည်။ ဦးဖိုးဗြော့က မိုက်ကရိုဖုန်းကို ကောက်ကိုင်ပြီး။

    “မာနထောင်လဲ၊ သေမှာပဲ၊ မမြဲခန္ဓာ အနိစ္စ”

    ဟု လှမ်းအော်ပြန်လေ၏။

    ခဏကြာတော့ ဦးကုလားဆီက အလုပ်သမားဖြစ်သော ဖိုးနီရောက်လာသည်။ ဒေါ်ခင်တီက ဦးကုလားမသိအောင် လွှတ်လိုက်ခြင်းဖြစ်၏။ ဖိုးနီက …

    “အဒေါ် အလှူငွေထည့်ခိုင်းလိုက်တယ်။ သူလည်းတော်တော်လေး နေမကောင်းလို့ပါတဲ့ အဲဒါ”

    ဆိုပြီး ငွေနှစ်ရာလာပေးလေ၏။

    ဦးဖိုးဗြော့၏အလှူခံရငွေမှာ တစ်နေ့ထက်တစ်နေ့ နည်းနည်းလာ၏။ ဒီလိုဖြစ်ရတာကလည်း သဘာဝကျသည်။ အလှူခံဌာန၏ရှေ့မှ နေ့စဉ် ဖြတ်သွားဖြတ်လာပြုနေကြသူများမှာ ရပ်ကွက်ထဲက လူတွေသာများသည်။ ဒီလူတွေကလည်း နေ့စဉ်နေ့တိုင်းတော့ အလှူငွေဘယ်ထည့်နိုင်ပါ့မလဲ။ ထို့ကြောင့် တချို့နေ့တွေမှာ အသံချဲ့စက်ငှားခပေးဖို့ ကာမိအောင် မနည်းလုပ်နေရသည်။ ညနေစောင်းကာနီးထိ အသံချဲ့စက်ဖိုးတောင် မကိုက်သေးသည့် နေ့မျိုးတွေမှာတော့ ဦးဖို့ဗြော့ခမျာ …

    “နေကလေးကလည်း တဖြည်းဖြည်းစောင်းလာပါပြီခင်ဗျာ၊ တစ်နေ့တာရဲ့ နောက်ဆုံးအချိန်လေးမှာ အလှူဒါနလေးပြုကြမယ်ဆိုရင် အမှတ်တမဲ့ပြုခဲ့တဲ့ အကုသိုလ်ကလေးများရှိခဲ့ရင် ချေဖျက်နိုင်ပါတယ်။ ညမှာ ကောင်းစွာအိပ်စက်ပျော်နိုင်ပါတယ်။ ညတိုင်းကြိမ်ကြိမ်စက်တော့ ထက်မြက်ပါတဲ့ အိပ်မက်ကိုမြင် ဆိုတာလို အိပ်မက်ကောင်းများမက်ပြီး အတိတ်ကောင်း၊ နိမိတ်ကောင်းများလည်း ကောက်ယူနိုင်ပါတယ်”ဟု ဈေးပေါင်ကျိုးဈေးသည်၏ လေသံဖြင့် အော်နေသည်။ ရှေ့ကဖြတ်သွားသူတွေကိုလည်း လှမ်းလှမ်းနှုတ်ဆက်တာအမော။

    “ဟဲ့ မပွေး၊ ဈေးရောင်းကောင်းရဲ့လား”

    “မဆိုးလှပါဘူး ဦးလေးဗြော့ရယ်”

    “အေး အေး ကောင်းတယ်၊ ဒီငွေတွေဟာ ငါစားဖို့၊ ငါ့အိမ်ထောင်စားဖို့၊ ငါ့သား၊ ငါ့သမီးစားဖို့ဆိုတာမျိုးချည်းပဲ မစဉ်းစားနဲ့။ သံသရာအတွက်ကိုလည်း စဉ်းစား၊ ကိုယ်သေတော့ ဒါနသာလျှင် ကိုယ်နဲ့အတူပါမှာ”

    ဟု နိမိတ်ပြစကားတွေပြောရသည်။ ဒါတောင် တချို့က ဦးဖိုးဗြော့စကားကို နားမလည်ချင်ယောင်ဆောင်နေသည်။ တချို့လည်း ဦးဖိုးဗြော့နှုတ်ဆက်လျှင် …

    “အိမ်မှာ ထမင်းမချက်ရသေးလို့ ဦးလေးဗြော့ရေ၊ ပြေးလိုက်ဦးမယ်”

    ဆိုပြီး စကားအစမခံဘဲ လစ်ပြေးသည်။ ဤသို့ဖြင့် အလှူခံမဏ္ဍပ်ရှေ့ရောက်လျှင် ခပ်သုတ်သုတ်လျှောက်သည့်အကျင့်တောင် ဖြစ်ကုန်ကြလေ၏။ ရပ်ကွက်လူကြီးတွေအနေဖြင့်လည်း သိပ်အားတက်သရောရှိလှတာမဟုတ်။ ဘုံကထိန်တို့၊ စာပြန်ပွဲတို့၊ ပဋ္ဌာန်းပွဲတို့အတွက်ဆိုလျှင်တော့တစ်မျိုး။ ခုဟာက ရိုးရာအစွဲအလမ်း ကိစ္စတစ်ခုသာဖြစ်သဖြင့် လုပ်ပိုင်ခွင့်ကို သုံးချင်ကြမှာမဟုတ်။

    ထိုအခြေအနေမှာပင် ဦးဖိုးဗြော့ထံသို့ ကိုကြီးငွေရောက်လာလေသည်။ အမှန်တော့ သူသည် ပျင်းပျင်းရှိသဖြင့် ရေနွေးကြမ်းသောက်ရင်း ဦးဖိုးဗြော့နှင့် စကားပြောဖို့လာခဲ့ခြင်းဖြစ်၏။

    “ဘယ်လိုလဲဗျို့၊ အဆင်ပြေရဲ့လား”

    ကိုကြီးငွေက ၀င်ထိုင်ရင်းမေးသည်။

    “မင်းလာတာနဲ့အတော်ပဲကွ ကြီးငွေရ၊ ငါမင်းကို အကူအညီတောင်းစရာရှိလို့”

    ဆိုပြီး ခုရက်ပိုင်း အလှူခံရငွေ နည်းပါးနေသည့်အကြောင်း ပြောပြ၏။

    “အဲဒါကွာ၊ မင်းလည်း နည်းနည်းပါးပါး နည်းလမ်းလေးဘာလေး စဉ်းစားပေးစမ်းပါဦး။ မင်းက ဦးနှောက်သုံးတတ်ပါတယ်”     ကိုကြီးငွေက မြှောက်ပေးရင် သဘောကျတတ်သည်။

    “အင်း … ကောင်းပြီလေ”

    ဆိုပြီး အလှူဆိုတာဘာလဲ၊ အလှူခံတယ်ဆိုတာ ဘယ်လိုသဘောသဘာဝရှိသလဲဆိုတာတွေကို ပြန်ရှင်းပြနေသေး၏။ ဦးဖိုးဗြော့လည်း အကူအညီတောင်းထားမိသဖြင့် “အင်း … ဟုတ်တာပေါ့၊ ဒါပေါ့” စသည်ဖြင့် စကားထောက်ရင်း သည်းခံနားထောင်နေရသည်။ အမှန်တော့ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်း အချိန်ဆွဲနေခြင်းသာဖြစ်၏။ နောက်မှ မိုက်ကရိုဖုန်းကိုလှမ်းမြင်ပြီး ညက ကြည့်ခဲ့ရသော မြ၀တီရုပ်သံမှ လျှပ်တစ်ပြက်ရိုက်ချက်ကို သွားသတိရ၏။ ထိုအခါ အကြံတစ်ခု ဖြတ်ခနဲပေါ်လာသည်။

    “ခေတ်ကပြောင်းနေပြီး ဦးလေးဗြော့ရဲ့။ အလှူခံရာမှာ ရှေးရိုးနည်းသုံးနေလို့မရဘူး”

    ပြောရင်း မိုက်ကရိုဖုန်းကို ကောက်ကိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မပွေးရောက်လာပြီး အလှူငွေတစ်ဆယ်ထည့်သည်။ ကိုကြီးငွေက မတ်တတ်ရပ်လိုက်ပြီး …

    “မပွေးအနေနဲ့ အခုလို လာရောက်လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကလေး ပြောပြပါဦး”

    ပြောရင်း မိုက်ကရိုးဖုန်းကို မပွေးပါးစပ်နားကပ်ပေးလိုက်၏။

    “ကျွန်မ ညကအိပ်မက်လိုလို ဘာလိုလိုနဲ့ တစ်ယောက်ယောက်က လာပြောတာကြားတယ်။ မပွေး ညည်းတစ်ခါပဲ လှူရသေးတယ်။ ဒါကြောင့် ထပ်လာလှူတာလေ အဲ”

    မပွေးမှာ အစကတော့ ဘာမှန်းမသိဘဲ သူပြောချင်တာပြောသည်။ နောက်မှ မိုက်ကရိုဖုန်း သူ့ပါးစပ်နားတေ့ထားသဖြင့် သူ့အသံက အော်လံမှတဆင့် အကျယ်ကြီးထွက်နေတာ သတိပြုမိပြီး အမ်းတမ်းတမ်းဖြစ်သွား၏။

    “အဲ … အခုလို လှူလိုက်ရတဲ့အတွက် မပွေးရဲ့စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ”

    ကိုကြီးငွေက ဆက်မေး၏။ မပွေးက အော်လံကြီးကိုမော့ကြည့်ပြီး တုံ့ဆိုင်းဆိုင်းလုပ်နေသည်။

    “ပြောပါ မပွေးရဲ့။ ဒါရှက်စရာမှ မဟုတ်တာ”

    ဟု တိုက်တွန်းတော့မှ

    “ဟုတ်ကဲ့ ပျော်ပါတယ်”

    ဟု အသံတိမ်နှင့်ပြောသည်။ သို့တိုင်အောင် ဦးဖိုးဗြော့က အသံခလုတ်ကို လှည့်ပြီးတင်လိုက်သဖြင့် အကျယ်ကြီး ဖြစ်သွား၏။

    ကိုကြီးငွေစိတ်ကူးမှာ အောင်မြင်သည်ဟု ဆိုရမည်။ တချို့ကရှက်ပြီး ဘာမှမပြောဘဲ တဟီးဟီးရယ်နေသောလည်း များသောအားဖြင့် တစ်ခုခုတော့ ပြောသွားကြတာချည်းဖြစ်၏။ တချို့ကလည်း ကိုယ့်အသံကို လော်စပီကာမှ တစ်ရပ်ကွက်လုံးကြားရသဖြင့် အသံစမ်းသည့်အနေဖြင့်လာရင်း အလှူငွေထည့်သွားကြသည်။ ပွကြီးကတော့ သူများလို ရှက်မနေဘဲ ပြောလိုက်တာမှ ငါးမိနစ်လောက်ကြာသဖြင့် စကားဖြတ်ပစ်ရသေးသည်။ ဘာပဲဖြစ်ဖြစ် ထိုနေ့က အလှူငွေရရှိမှု ပြန်တက်လာတာတော့ အမှန်ပဲ။

    သို့ရာတွင် နောက်တစ်နေ့ကျတော့ ကိုကြီးငွေပေါ်မလာ။ မနေ့က အလှူခံမဏ္ဍပ်မှာ အချိန်ကုန်သွားသဖြင့် သူ့မိန်းမ မသီးခိုင်းသည့် ကိစ္စတစ်ခု မလုပ်ဖြစ်တော့။ သူ့အသံကြီးကို မသီးလည်းကြားသဖြင့် …

    “ရှင်က ကျုပ်ခိုင်းတာတော့မလုပ်ဘဲ မဆိုင်တာတွေလျှောက်လုပ်နေတယ်ပေါ့လေ ဟင်း”

    အစချီ၍ မြည်တွန်ပြီး နောက်တစ်နေ့မှာ သွားခွင့်မပြုတော့။

    ဦးဖိုးဗြော့သည် ကိုကြီးငွေကို မျှော်သော်လည်း ပေါ်မလာသဖြင့် အခက်တွေ့နေ၏။ ဒီကြားထဲ တချို့က အသံစမ်းချင်သဖြင့် မဏ္ဍပ်နားမှာ ရစ်သီရစ်သီလုပ်ရင်း …     “ကိုကြီးငွေမလာဘူးလား” ဟု မေးကြသည်။ မလာကြောင်းပြောသောအခါ အသာလစ်ထွက်ကုန်ကြ၏။

    ဦးဖိုးဗြော့လည်း မတတ်သာသဖြင့် သူ့ဘာသာစမ်းလုပ်ကြည့်သည်။ ကံဆိုးချင်တော့ ခုကျမှလှူမယ့်သူက ပေါ်မလာ။ အတော်လေးကြာမှ ဒေါ်ပိုလျှောက်လာတာ မြင်သဖြင့် …

    “လာစမ်းပါဦးဗျ။ အလှူငွေလေးဘာလေး ထည့်ပါဦး”     ဒေါ်ပိုလည်း အင်တင်တင်လုပ်နေပြီးမှ “ဒီတစ်ပတ်ပေါက်အောင် ဆုတောင်းပေးနော်” ဟု ဆိုပြီး ငွေတစ်ဆယ်ကိုလှမ်းပေးသည်။ ထိုအခါ ဦးဖိုးဗြော့လည်း မိုက်ကရိုဖုန်းကို ဒေါ်ပိုဘက်ထိုးပေးပြီး …

    “ဒေါ်ပိုအနေနဲ့ ခုလို ဘာကြောင့်အလှူငွေထည့်ရတာလဲဆိုတာ သိပါရစေ”

    ဟုမေးလိုက်သည်။ ဒေါ်ပိုလည်း အူကြောင်ကြောင်ဖြစ်နေရာမှ

    “ဦးဖိုးဗြော့ကလှမ်းခေါ်ပြီး ထည့်ခိုင်းတာကိုး”

    ဒေါ်ပိုအသံမှာ အော်လံမှတစ်ဆင့် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထို့ကြောင့် နောက်ထပ်အင်တာဗျူးဖို့ စိတ်မကူးရဲတော့။

    နေ့လည်ပိုင်းမှာ ဖိုးနီရောက်လာသည်။

    “ဘယ်လိုလဲ ဦးလေးဗြော့။ ဒီနေ့ ကိုကြီးငွေမလာဘူးလား”

    “မလာဘူးကွ”

    “မသီးက မလွှတ်လို့နဲ့တူတယ်”

    “အေးကွာ၊ ခက်တာပဲ”

    “မခက်ပါဘူးဗျာ။ သူမရှိလည်း ကျွန်တော်ရှိပါတယ်။ ကိုကြီးငွေလောက်တော့ ကျွန်တော်လည်း လုပ်တတ်ပါတယ်”

    “ဟေ့ … အေးကွာ၊ ငါ့ကို ကူစမ်းပါဦး”

    ဦးဖိုးဗြော့က ငွေသောက်သောက်လဲ အကုန်အကျခံကြော်ငြာပြီးမှ ကုန်ပစ္စည်းရောင်းအား တက်မလာသော လုပ်ငန်းရှင်လိုလေသံမျိုးဖြင့် အားကိုးတကြီး ပြောသည်။ ဖိုးနီက၀င်ထိုင်ပြီး မိုက်ကရိုဖုန်းကိုလှမ်းယူသည်။ သူ့စိတ်ကူးကတစ်မျိုး။ မနေ့ညကပဲ လေးပွင့်ဆိုင်ခြေစမ်းပွဲကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ကြည့်ရှုထားသဖြင့် …

    “ဟုတ်ကဲ့ခင်ဗျာ ကောင်းကင်လေးကလည်း အုံပျပျနဲ့ဆိုတော့ အလှူရှင်တို့အကြိုက် ရာသီဥတုမျိုးပေါ့ခင်ဗျာ။ အခုဆိုရင် တောင်ဘက်ခြမ်းညောင်ညိုပင်ရိပ်မှာ နေရာယူထားတာကတော့ ကျွန်တော်ဖိုးနီပဲ ဖြစ်တယ်ခင်ဗျ။ ဟော … လာပါပြီခင်ဗျာ၊ စေတနာရှင်တစ်ယောက်ဟာ ဘယ်တောင်ပံကနေ လာနေပါပြီ။ လာနေပြီ။ မဏ္ဍပ်ဧရိယာအစပ်ကို ရောက်လာပါပြီခင်ဗျ။ နီးလာပြီ၊ ခြင်းတောင်းကိုချတယ်၊ ပိုက်ဆံအိတ်ကိုထုတ်တယ်၊ ဖွင့်တယ်၊ အသည်းတယားယား ရင်တဖိုဖိုပေါ့ခင်ဗျာ။ ဟော … ထုတ်နေပြီ၊ ထုတ်နေပြီ။ ငါးဆယ်တန် အဲ… မဟုတ်သေးဘူးခင်ဗျ။ ပြန်ထည့်တယ်၊ ပြန်ထုတ်တယ်၊ နှစ်ဆယ်တန်ခင်ဗျ။ ထည့်ပြီ၊ ထည့်ပြီ။ တန်းတန်းမတ်မတ်ကို ၀င်သွားပါတယ်ခင်ဗျာ။ ဒါကြောင့် ပိုက်ဆံနဲ့ ငွေဖလားမိတ်ဆွေဖြစ်သွားပြီပေါ့ခင်ဗျာ”

    ဖိုးနီ၏စိတ်ကူးကလည်း မဆိုးလှ။ သူ့ကြောင့် အလှူငွေတစ်ရာနီးပါး အချိန်သိပ်မကြာခင်အတွင်း ထပ်ရလိုက်သည်။ သို့ရာတွင် ဖိုးနီမှာ ကြာကြာဆက်မပြောလိုက်ရ။ ကောင်းကင်တစ်ခုလုံး ရုတ်တရက် မိုးသားတွေတက်လာပြီး သည်းကြီးမည်းကြီး ရွာချလိုက်သောကြောင့်ပင်ဖြစ်၏။

    ဦးဖိုးဗြော့၏ အလှူခံမဏ္ဍပ်မှာ အဖြစ်လောက်လုပ်ထားခြင်းဖြစ်၏။ အပေါ်ကမိုးထားသော ပလတ်စတစ်စသည်လည်း ဈေးပေါသည့်အပါးစားဖြစ်၏။ ၀ါးလုံးတန်းမှာ ချည်နှောင်ထားပုံကလည်း ခိုင်ခိုင်ခန့်ခန့်မဟုတ်။

    မိုးရေတွေ ပလတ်စတစ်စတစ်စပေါ်မှာစုပြီး အိုင်ထွန်းလာသည်။ မိုးက ရေတော်တော်ပါသဖြင့် ပလတ်စတစ်စပေါ်မှာစုပြီး လှောင်ထားသလို တဖြည်းဖြည်း အိုက်ကျလာသည်။ မိုးကလည်း မစဲဘဲရွာနေသည်။ ထိုအခါ နန်းကြိုးနှင့်ဖောက်ပြီး ချည်ထားသော ပလတ်စတစ်၏ အစွန်းတစ်နေရာမှာ ရေအလေးချိန်ကိုမခံနိုင်တော့ဘဲ ပြတ်ကျသွား၏။ ထိုအခါ အပေါ်မှရေထုသည် ဝေါခနဲပြိုဆင်းလာလေတော့သည်။



                * * *



    မိုးက ရက်ပေါင်းအတော်ကြာအောင် ဆက်တိုက်ရွာနေသည်။ ဦးဖိုးဗြော့ အလှူခံမဏ္ဍပ်မှာလည်း ဆက်မဖွင့်နိုင်တော့။ အလှူခံလို့ရတဲ့ ငွေကလည်း ဦးဖိုးဗြော့အတွက် ၀န်ဆောင်စရိတ်ပေးရတာရယ်။ ဓာတ်ခဲတို့အုပ်စုသုံးခါလောက်လုပ်အားပေးပြီး အအေးပုလင်းကိုးပုလင်း သောက်သွားတဲ့စရိတ်ရယ်။ အမိုးပြုတ်ကျပြီး ရေတွေပြိုဆင်းလာတုန်းက ငှားထားသောအမ်ပလီဖိုင်ယာပေါ်ကျပြီး ရှော့ဖြစ်ပျက်စီးသွားလို့ လျော်လိုက်ရတာရယ်ကို နှုတ်လိုက်သောအခါ… ကွင်းပိုင်ကြီးခမျာ ဈေးထဲရောင်းသော နှစ်ပေလောက်သာကျယ်ပြီး သစ်ရိုင်းဖြင့်ပြုလုပ်ထားသည့် နတ်စင်ကလေးနှင့်ပင် ကျေနပ်လိုက်ရလေတော့သည်။



--------------------------------

- မင်းလူ...ရေးသားသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)တင်ဆက်သည်။
09253311019

Read More...

ဆရာမင်းလူရဲ့ဟာသလက်ရာဟောင်းတစ်ပုဒ်ဖြစ်တဲ့ "အော်လံဖိုးဗြော့"

Leave a Comment
ဆရာမင်းလူရဲ့ဟာသလက်ရာဟောင်းတစ်ပုဒ်ဖြစ်တဲ့ "အော်လံဖိုးဗြော့"
*********************************************************************

အရင်တစ်ခါ ကျော်ကွန့်တို့၊ မောင်ဝတို့ ကင်းစောင့်ကြပုံအကြောင်းကို မှတ်မိလျှင် ကင်းတဲအနီးက ညောင်ပင်ကြီးပေါ်တွင် ဇောက်ထိုးကောင်ဟု အမည်ပေးထားကြသော သရဲရှိကြောင်း၊ ညအချိန် ထိုညောင်ပင်ဘေးမှ ဖြတ်သွားသူများကို ဇောက်ထိုးကောင်ကြီး ဆင်းလာပြီး ခြောက်လေ့ရှိကြောင်း ကြားရသဖြင့် ကျော်ကွန့် ကင်းစောင့်ရင်း တစ်ညလုံး ချောက်ချားနေရပုံ၊ နောက်မှ ဇောက်ထိုးကောင်ဆိုတာ လင်းဆွဲကြီးဖြစ်နေကြောင်းသိရပုံ၊ သို့တိုင်အောင် နာနာဘာဝဆိုတာ လင်းဆွဲယောင်ဆောင်တတ်သည်ဟု ကြားဖူးသဖြင့် စိတ်မဖြောင့်နိုင်သေးပုံတွေကို ရေးတေးတေးတော့ သတိရကောင်းပါလိမ့်မည်။

    သတိမရတော့ဘူးဆိုလျှင်လည်း ခုပြောခဲ့တဲ့အတိုင်းပဲ မှတ်ထားကြပေတော့။ ဆက်လက်ပြီး ထိုညောင်ပင်ကြီးမှ စတင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြပါတော့မည်။

    (ဒီတစ်ခါတော့ သေသေချာချာ မှတ်ထားကြနော်။ ဒါမှ မဟုတ်လို့ကတော့ မေ့သလောက် ရှိတဲ့အချိန်မှာ ပန်အောင်စာပေက စာအုပ်ပြန်ထုတ်ပြီး စာဖတ်ပရိသတ်ရဲ့ ငွေတွေကို ချူနေဦးမယ်။)

    (ဟော . . . ပြောရင်း ဆိုရင်း ချူပြီဗျို့)



                * * *



    မြန်မာလူမျိုးတို့သည် ညောင်ပင်ကို အမြတ်တနိုးထားကြသလို ကြောက်လည်းကြောက်ကြ၏။ အမြတ်တနိုးထားရခြင်းအကြောင်းက မြတ်စွာဘုရားသည် ဗောဓိညောင်ပင်ခြေရင်းမှာ ပွင့်တော်မူခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲ ပြုလုပ်ကြခြင်းဖြစ်၏။

    ကြောက်လန့်ကြရသည့်အကြောင်းကတော့ ညောင်ပင်မှန်လျှင် အစောင့်အရှောက်တစ်မျိုးမျိုး ရှိစမြဲဟူသော အစွဲအလမ်းကြောင့်ဖြစ်၏။

    ညောင်ပင်မျိုးကွဲပေါင်း မြောက်မြားစွာရှိသည့်အနက် ဗောဓိညောင်ပင်မျိုးကိုသာ အထွတ်အမြတ်ထားထိုက်ကြောင်း ကြားဖူးပါသည်။

    ဘာပဲဖြစ်ဖြစ် ညောင်ပင်သည် ထူးခြားသည့်သစ်ပင်တစ်မျိုးဖြစ်တာတော့ သေချာပါသည်။ သူက တော်တော်အသက်ပြင်းသည်။ တော်ရုံနှင့် မသေနိုင်။ ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ်၊ ဘယ်လို မြေအမျိုးအစားမှာပဲဖြစ်ဖြစ် ပေါက်နိုင်သည်။ ကျောက်တုံးကျောက်သားပေါ်မှာလည်း ရှင်သန်နိုင်သည်။ အုတ်အင်္ဂတေနံရံမှာပင် တွယ်ကပ်၍ ပေါက်နိုင်သည်။

    မျိုးပွားရာမှာလည်း ညောင်သီးကိုစားသော ကျေးငှက်များ၏ သယ်ဆောင်ပေးမှုဖြင့် မိခင်အပင်ကြီးမှ မိုင်ပေါင်းအတော်အတန် ဝေးသည့်နေရာထိ ပျံ့နှံ့ ပေါက်ရောက်နိုင်သည်။

    ညောင်ပင်၏ အဓိက ထူးခြားချက်ကတော့ မျိုတတ်ခြင်းပင်ဖြစ်၏။ ငှက်တစ်ကောင်က ညောင်သီးကို ချီသွားလို့ဖြစ်စေ၊ ၀မ်းထဲမျိုချမိပြီး တစ်နေရာရာမှာ မစင်စွန့်ရာမှ အစေ့ပြန်ထွက်လာလို့ဖြစ်စေ၊ အပင်ထပေါက်တတ်သည်။ တစ်ခါတရံ ငှက်ကအခြားသစ်ပင်တစ်ပင်၏ သစ်ခေါင်းထဲမှာ မစင်စွန့်မိသည်။ မစင်နှင့်အတူ ထွက်လာသော ညောင်စေ့က အပင်ပေါက်သည်။ ထို့နောက် သူမှီတွယ်ခိုကပ်ပေါက်ရသောအပင်ကို မျိုပစ်လိုက်တော့သည်။ အုတ်၊ အင်္ဂတေနှင့် ဆောက်ထားသော အဆောက်အဦးအဟောင်းတွေ၊ ဘုရားစေတီပျက်တွေကိုလည်း ဒီလိုပဲ မျိုပစ်တတ်၏။

    ဒီအချက်ကလည်း ညောင်ပင်ကို လူတို့ ရိုသေကြောက်ရွံ့ကြခြင်း အကြောင်းတစ်ခုဖြစ်တန်ရာ၏။

    မိုးနည်းရေရှားရပ်ဝန်းဒေသ စိမ်းလန်စိုပြည်ရေး စီမံကိန်းကို ဆောင်ရွက်နေကြသော သစ်တောဦးစီးဌာန ၀န်ထမ်းများက ထိုယုံကြည်မှု အစွဲအလမ်းကို အခွင့်ကောင်းယူ၍ အသုံးချခဲ့ကြသည်။ ထိုဒေသရှိ မြေသြဇာ ညံ့ဖျင်းသော ကျောက်သားဆန်သည့် တောင်ကတုံးတွေပေါ်မှာ ညောင်ပင်တွေ စိုက်ကြသည်။ ညောင်ပင်က ရာသီဥတုဒဏ်ခံနိုင်သဖြင့် အောင်မြင်မှု ရာခိုင်နှုန်းများသည်။ ပြီးတော့ ညောင်ပင်ကို လူတွေက ကြောက်ကြသဖြင့် ထင်းအလို့ငှာ ခုတ်လှဲခြင်း မပြုလုပ်ရဲကြ။ ဒီတော့ သစ်တောပြုန်းတီးမှုကို ကာကွယ်ပြီးသားဖြစ်သွားကြောင်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးထားသည်။ တော်တော် အကြံပိုင်သော ပုဂ်္ဂိုလ်များပင်ဖြစ်၏။



                * * *



    ဦးဖိုးဗြော့သည် သစ်တောဌာနမှ အငြိမ်းစားဝန်ထမ်း တစ်ယောက်တော့ မဟုတ်ပါ။ သို့ရာတွင် ညောင်ပင်ကို တော်တော်စိတ်ဝင်စားနေ၏။

    သူသည် ၀ါဝင်ဝါထွက်တွင် ဦးရှင်ကြီးတင်ပေးသော အလုပ်ကိုလုပ်သည်။ ကျန်အချိန်များမှာတော့ ဗေဒင်လေးဘာလေးဟောသည်။ သို့ရာတွင် သူက ဗေဒင်ကျမ်းတွေ ဘာတွေ စနစ်တကျ လေ့လာထားတာမျိုးတော့ မဟုတ်။ မဟာဘုတ်တိုင်ထူတတ်ရုံ၊ အောင်ပကုလားဆွေသားတော်ရင်း မိတ်ဖက်ခြင်းဆိုတာလောက် နောဧကနော ဒွေး၊ လွင်မိုးဆိုတာမျိုးလောက် ရွတ်တတ်ရုံသာဖြစ်၏။

    ရပ်ကွက်ထဲက လူတွေက အားတိုင်းဗေဒင်မေးနိုင်ကြသူများလည်း မဟုတ်။ ကလေးမွေးတဲ့အခါ နေ့သင့်နံသင့်မှည့်နိုင်ဖို့ တွက်ခိုင်းတာမျိုး၊ ပစ္စည်းပျောက်လို့ ပြန်ရ၊ မရ မေးတာမျိုးလောက်သာ တစ်ခါတရံရှိ၏။ ဒါတောင် တချို့က ကလေးမွေးတဲ့အခါ သိပ်တွက်ချက်မနေဘဲ စိတ်ကူးတည့်ရာ နာမည်ပေးလိုက်တတ်သည်။ ဒါမှမဟုတ် ကလေးအကြီးရဲ့ နာမည်နောက်က ကာရန်သင့်အောင် လိုက်ပေးလိုက်သည်။ အကြီးကောင်က အောင်မြဆိုလျှင် နောက်မွေးတဲ့ကောင်က အောင်လှပေါ့။ မွေးမွေးချင်းမှာ ထူးခြားသော ရုပ်လက္ခဏာကို ကြည့်ပြီး နာမည်ပေးတာမျိုးလည်းရှိ၏။ ဆံပင်ကောက်ကောက်ကလေးမို့ မောင်ကောက်ဟု မှည့်ခေါ်ပစ်လိုက်တာမျိုးပေါ့။

    ပြီးတော့ ဦးဖိုးဗြော့က ဆေးနည်းတိုကလေးတွေလည်း စုဆောင်းထားတတ်သည်။ တော်ရုံတန်ရုံ ဖျားတာနာတာ၊ ပွေးဝဲယားနာလောက်တော့ ကုနိုင်သည်။ စုန်းပူးနတ်ပူးတဲ့ကိစ္စမျိုးအတွက်လည်း အထိုက်အလျောက် လေ့လာထားသည်။

    ဟိုအရင်ကတော့ သူက ရပ်ကွက်ရဲ့ အားကိုးရာဆရာတစ်ဆူလို ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းကျတော့လည်း ခေတ်က ပြောင်းလာသဖြင့် သူ့ကို သိပ်နေရာမထားချင်ကြတော့။ အထူးသဖြင့် လူငယ်ပိုင်းတွေ။

    ပြီးခဲ့သော နှစ်နှစ်၊ သုံးနှစ်လောက်ကစပြီး ရပ်ကွက်ထဲမှာ အန္တရာယ်ကင်း ဆွမ်းတင်သူတွေ နည်းနည်းလာသည်။ အုန်းသီးဈေး၊ မုန့်ဆန်းဈေး၊ ငှက်ပျောသီးဈေး၊ ဖယောင်းတိုင်ဈေးတွေ တက်လာသဖြင့် သိပ်အကုန်မခံချင်ကြတော့။ အန္တရာယ်ကင်းဆွမ်းတင်သည့်ကိစ္စကို အမေ့ခံနေကြသူတွေ များလာသည်။ တချို့လည်း ၀ါထွက်မှပင်ပေါင်းပြီးတင်တာမျိုး ရှိလာသည်။

    “ဟဲ့ မပွေးတို့၊ အန္တရာယ်ကင်းလေး ဘာလေး တင်ကြဦး။ ရိုးရာကို မမေ့ကြနဲ့နော်” ဟု ရင်းနှီးသူမျိုးကိုတော့ သတိပေးသေးသည်။ ထိုအခါကျမှ …

    “ဟုတ်ပါ့။ ဦးလေးဗြော့ရယ်၊ ကျွန်မလည်း အလုပ်ကများလို့ မအားတာရယ်၊ ဟိုဒင်းဖြစ်တာရယ်ကြောင့်ပါ။ လုပ်ပါ့မယ်၊ လုပ်ပါ့မယ်”

    ဆိုပြီး ကောက်လုပ်တာမျိုးလည်း ရှိ၏။ တချို့ကျတော့လည်း ‘ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ’ ဟု ပါးစပ်ကပြောပြီး ဟိုယောင်ဒီယောင် လုပ်နေကြ၏။

    ဟိုအရင်ကဆိုလျှင် ၀ါဝင်ဝါထွက်မှာ ဦးဖိုးဗြော့တို့ အလွန်အလုပ်များသည်။ ဟိုအိမ်ကလာပါ။ ဒီအိမ်ကလာပါနဲ့ သင်္ကြန်မှာ နာမည်ကြီးအဆိုတော်တွေကို မဏ္ဍပ်တွေက အလုအယက် ခေါ်ရတာမျိုး ကျနေတာပဲ။ တော်တော်မျက်နှာပွင့်ခဲ့တဲ့ ကာလပေါ့၊ ခုကျတော့ သပ်သပ်ရပ်ရပ် လှလှပပ လုပ်ထားသော ဦးရှင်ကြီးတင်သည့် လှည်းကလေးမှာ မောင်ဝ၏ ရေစည်လှည်းလောက်တောင် လူတွေက ဂရုမစိုက်ချင်တော့။ ထို့ကြောင့် ၀င်ငွေလည်းလျော့လာ၏။

    သို့တိုင်အောင် ခေတ်တွေက ဘယ်လိုပဲပြောင်းလဲတိုးတက်လာသည်ဖြစ်စေ၊ ရိုးရာစွဲလမ်းယုံကြည်မှုကို မစွန့်လွှတ်နိုင်သေးသော လူတွေလည်း အတော်များများ ကျန်ရှိနေပါသေးသည်။ ထိုအကြောင်းအချက်က ဥိးဖိုးဗြော့၏ ဘတ်ဂျက်ကို ပြန်လည်ဦးမော့လာစေသည်။



                * * *



    ကျော်ကွန့်နှင့် လှထုံတို့၏ သားလေးမောင်ကျော်လှသည် ဒီနှစ် ပထမတန်း တက်ရပြီဖြစ်၏။ တစ်ရက်ကျောင်းကအပြန် နေပူနေရာမှ ရုတ်တရက် မိုးသားတွေ တက်လာပြီး ရွာချလိုက်သဖြစ့် နီးစပ်ရာ ညောင်ပင်ကြီးအောက်ဝင်၍ မိုးခိုနေလိုက်သည်။ ခဏနေတော့ သေးပေါက်ချင်လာ၏။ ထို့ကြောင့် ညောင်ပင်ခြေရင်းမှာပင် ကလေးပီပီ အမှတ်တမဲ့တော့ ပန်းလိုက်၏။ သေးပေါက်နေရင်းမှာပင် ကျောထဲက စိမ့်ခနဲဖြစ်ပြီး ကြက်သီးထသွား၏။

    ဒီတော့မှ သူ သတိရသည်။ ဒါဟာ အဖေပြောတဲ့ ညောင်ပင်ကြီးပါကလား။ ဟိုအရင် အဖေ ကင်းစောင့်ကျတုန်းက ဇောက်ထိုးကောင်ကို တွေ့လိုက်ရတယ်ဆိုတာ ..

    အတွေးတောင် မဆုံးလိုက်။ သူခေါင်းမွေးတွေ ထောင်ထလာသလို ဖြစ်ပြီး မိုးရွာထဲမှာပင် သုတ်ခြေတင် ပြေးထွက်သွားလေတော့သည်။

    ထိုညတွင် မောင်ကျော်လှ ဖျားတော့သည်။ ကိုယ်တွေ ခြစ်ခြစ်တောက်ပူလာသည်။ ပြီးတော့ ကယောင်ကတမ်းတွေ ပြောနေသည်။

    “ဇောက်ထိုးကောင်ကြီး လိုက်လာပြီ အမေရေ … ကြောက်တယ်၊ ကြောက်တယ် ကယ်ပါဦး”

    ကျော်ကွန့်နှင့် လှထုံတို့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေ၏။

    “ကိုကျော်ကွန့်၊ ဘယ်လိုလုပ်ကြမလဲ။ ကြည့်ရတာ သားလေးက ညောင်ပင်ကြီနားမှာ ဘာတွေ အမှားအယွင်းလုပ်ခဲ့သလဲ မသိဘူး”

    အမှန်တော့ မောင်ကျော်လှလေးသည် နေပူထဲမှာလျှောက်လာရင်း ရုတ်တရက် မိုးမိသွားသောကြောင့် အပူရှပ်ပြီး ဖျားခြင်းသာဖြစ်၏။ လှထုံက ကလေးဖျားရင် ချွေးထွက်အောင် လုပ်မှကောင်းမယ်ဆိုပြီး ငန်းဆေးတွေတိုက်၊ စောင်တွေ အထပ်ထပ်ခြုံပေး၊ ခြင်ထောင်ဘေးက ပုဆိုးတွေ အိပ်ရာခင်းတွေနဲ့ကာ လေစိမ်းမ၀င်အောင် ပြတင်းပေါက်တွေပိတ် လုပ်ထားသဖြင့် လှောင်ပိတ်ပြီး အပူကပိုကြီးလာခြင်းပင်ဖြစ်၏။

    မောင်ကျော်လှသည် နေ့လယ်က ညောင်ပင်အောက်မှာ ကြောက်အားလန့်အား ပြေးခဲ့ရခြင်းကို သတိရပြီး ကယောင်ကတမ်းတွေ ပြောနေခြင်းဖြစ်၏။ လှောင်အိုက်ပြီး လေကောင်းလေသန့်မရတော့ ပိုဆိုးသည်။ လှထုံကတော့ တော်တော်စိုးရိမ်နေပြီ။ ကျော်ကွန့်လည်း ဘာလုပ်ရမှန်းမသိဘဲ ခေါက်တုံ့ခေါက်ပြန်သာ လမ်းလျှောက်နေမိ၏။    

    “ကိုကျော်ကွန့် ဘာယောင်ချာချာ လုပ်နေတာလဲ။ အကြံလေး ဘာလေး ထုတ်စမ်းပါဦး”

    ကျော်ကွန့်သည် ချီတုံချတုံ ဖြစ်နေသည်။ မောင်ကျော်လှသည် ညောင်ပင်ကြီးအောက်မှာ တစ်ခုခု လုပ်ခဲ့မိတာတော့ သေချာသည်။ ခုဖြစ်တာက ညောင်ပင်ကြီးနှင့် ပတ်သက်သလား။ ဇောက်ထိုးကောင်နဲ့ ဆိုင်သလား၊ မဆိုင်ဘူးလား ဆိုတာတော့ ဝေခွဲလို့မရ။ သူကိုယ်တိုင် ကင်းစောင့်တုန်းက ဇဝေဇ၀ါကြုံခဲ့ရတာကိုလည်း ပြန်သတိရမိသေး၏။ သို့ရာတွင် ခုနေခါမှာ သူလည်း ဘာမှမလုပ်တတ်။ ဆရာဝန် သွားပင့်ရအောင်ကလည်း ဆေးခန်းက ဟိုဘက်ရပ်ကွက်ထိပ်မှာ။ ပြီးတော့ ဒီအချိန်ဆို ဆေးခန်းပိတ်လို့ ဆရာဝန်တောင် ပြန်သွားလောက်ပြီ။

    “ကိုကျော်ကွန့် လမ်းလျှောက်နေရုံနဲ့ ပြီးမလား”

    လှထုံကအော်လိုက်သည်။ ကျော်ကွန့်သည် ရပ်လိုက်၏။

    “ကဲ ရပ်နေပြန်ပြီ”

    ကျော်ကွန့်သည် လမ်းလျှောက်ပြန်၏။

    “ဘယ်လို ဖြစ်နေတာလဲ”

    လှထုံက အသံကုန်အော်လိုက်သည်။ ထိုစဉ်မှာပင် အိမ်ရှေ့က ဖြတ်လျှောက်သွားသော အပျိုကြီးဒေါ်ပိုက လှထုံအသံကိုကြားပြီး အိမ်ထဲဝင်လာသည်။

    “ဟဲ့ … ဘာဖြစ်နေကြတာလဲ”

    ကျော်ကွန့်က ဖြစ်ပျက်နေပုံကို ပြောပြ၏။ ဒေါ်ပိုက …

    “နေဦး၊ ငါကြည့်စမ်းမယ်”

    ဆိုပြီး ခြင်ထောင်ကို လှန်၍ ၀င်သည်။ မောင်ကျော်လှ၏ နဖူးကိုစမ်းသည်။     “ဟယ် … တော်တော်ပူနေပါလား”

    ထို့အတူ မောင်ကျော်လှအဖို့လည်း အပြင်မှ ၀င်လာသည့် ဒေါ်ပို၏လက်ကြီးက အလွန်အေးစက်နေသည်။ ထို့ကြောင့် တွန့်ခနဲ့ ဖြစ်သွားပြီး

    “အား … အား ကြောက်တယ်၊ ကြောက်တယ်” ဒေါ်ပို လက်ကို ဖြတ်ခနဲပြန်ရုတ်လိုက်၏။ ခဏစဉ်းစာသည်။

    “အင်း … ဖြစ်နိုင်တယ်။ ဒါမျိုးနားလည်တဲ့လူကို ပြမှဖြစ်မယ်၊ ဟုတ်ပြီ။ ကျော်ကွန့် နင် … ဦးဖိုးဗြော့ကို ပြေးခေါ်စမ်း၊ ငါ အိမ်ပြန်ပြီး အုပ်ဆေးသွားယူခဲ့မယ်၊ အုပ်ဆေးက တော်ရုံ အမှောင့်ပယောဂလောက်တော့ နိုင်တယ်ကွယ့်”

    ကျော်ကွန့်နှင့် ဒေါ်ပိုတို့ ရှေ့ဆင့်နောက်ဆင့် ထွက်သွားသည်။ ဒေါ်ပိုက အိမ်နီးသဖြင့် အရင် ပြန်ရောက်လာသည်။ မောင်ကျော်လှမှာ အပူကြီးသဖြင့် လူးလှိမ့်နေတုန်း။ လှထုံမှာ ဘာမှမလုပ်တတ်ဘဲ “သားလေး၊ သားလေး အမေရှိတယ်၊ အမေရှိတယ်” ဟူ၍သာ တတွတ်တွတ် ရေရွတ်နေ၏။

    ဒေါ်ပိုသည် မောင်ကျော်လှကိုယ်ပေါ်မှ စောင်များကို ခွာချလိုက်သည်။ နဖူးကို အုပ်ဆေးအနည်းငယ် ပွတ်ပေးလိုက်သည်။ လက်ဖ၀ါးနှစ်ဘက်ကို နာနာပွတ်ပြီးနောက် မောင်ကျော်လှ၏နှာခေါင်းနားမှာ တေ့ပြီးရှူစေသည်။ ထို့နောက်အသားကို မထိစေဘဲ တစ်ကိုယ်လုံးကို လက်ဝါးနှင့် သပ်သပ်ချနေ၏။ မောင်ကျော်လှသည် လူးလိမ့်နေရာမှ အတန်ငယ်ငြိမ်သွားသည်။ ထိုစဉ်မှာ ကျော်ကွန့်နှင့်အတူ ဦးဖိုးဗြော့ ရောက်လာ၏။

    “ဦးလေးဗြော့ရယ် ကြည့်ပေးစမ်းပါဦး”

    လှထုံက ငိုသံပါနှင့် ပြောသည်။ ဦးဖိုးဗြော့သည် “ခုတော့ ငါ့ကိုသတိရကြပြီပေါ့။ ဟုတ်လား” ဆိုသော မျက်နှာပေးမျိုးဖြင့် မောင်ကျော်လှနား သွားထိုင်ပြီးကြည့်သည်။ ဒေါ်ပိုက …

    “ကျွန်မလည်း တတ်သလောက် မှတ်သလောက် လုပ်ပေးထားတာပဲ” ဟု ပြောသည်။ ဦးဖိုးဗြော့က …     “အင်း … ကောင်းပါတယ်။ အုပ်ဆေးဆိုတာ ဒီလိုပဲ ရေလဲနဲ့ သုံးရတာမျိုးပဲ။ ဒါပေမယ့် ခဏပဲ ထိန်းထားနိုင်မှာ”

    “ဒါဆိုရင်”

    ကျော်ကွန့်က စိုးရိမ်တကြီး ၀င်ပြောရာ …

    “မပူနဲ့လေ ကဲ … ကဲ ရေသန့်သန့်တစ်ခွက်ပေးစမ်း၊ ကြေးဖလားရှိရင် ကြေးဖလားနဲ့ ထည့်ခဲ့၊ မရှိရင် ဖန်ခွက်နဲ့ပဲ ယူခဲ့”

    ကျော်ကွန့်နှင့် လှထုံ နှစ်ယောက်ပြိုင်တူ နောက်ဖေးဘက်ကို ပြေးမိ၏။ ပြီးမှ ကျော်ကွန့်က …     “သားလေးနားမှာ နေ၊ ငါသွားခပ်မယ်”

    ဆိုပြီး ခပ်သုတ်သုတ် ၀င်သွားသည်။ ကြေးဖလားမရှိသဖြင့် ဖန်ခွက်နှင့်ပင် ခပ်လာခဲ့၏။ ဦးဖိုးဗြော့က ဖန်ခွက်ကိုယူ၍ ဘုရားစင်ဘက်ကို ဦးတိုက်ရင်း မြှောက်ကိုင်ပြီး ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ ပြီးတော့ ညောင်ပင်ရှိရာဘက်ကို လှည့်၍ ဖန်ခွက်ကိုမြှောက်ပြီး

    “ကလေးက မသိနားမလည်လို့ အမှားလုပ်မိတာပါ။ အမိုက်အမဲကလေးမို့ ဗွေမယူပါနဲ့၊ ဆိုင်ရာပိုင်ရာများ ခွင့်လွှတ်ပြီး စောင့်ရှောက်တော်မူပါ”

    ဟု အသံကျယ်ကျယ် အော်ပြောသည်။ ပြီးတော့ မောင်ကျော်လှ ကိုယ်ပေါ်သို့ ဖန်ခွက်ထဲမှရေဖြင့် အနည်းငယ်တောက်လိုက်သည်။ ရေစက်များထိသောအခါ မောင်ကျော်လှမှာ တွန့်ခနဲ တွန့်ခနဲ ဖြစ်သွား၏။ လှထုံက ဒေါ်ပိုကို တစ်ချက်ကြည့်သည်။ ဒေါ်ပိုက အဓိပ္ပာယ်ပါပါ ပြန်ကြည့်ရင်း ခေါင်းဆတ်ပြသည်။

    “ကဲ … ကဲ ကလေးကို နည်းနည်းထူလိုက်စမ်းပါ”

    ကျော်ကွန့်က မောင်ကျော်လှကို ထိုင်လျက်အနေအထားဖြစ်အောင် ပွေ့ထူလိုက်၏။

    “သားလေး၊ မောင်ကျော်လှ ဘဘကြီးကို သိတယ်မဟုတ်လား”

    ဦးဖိုးဗြော့ကမေးသည်။ မောင်ကျော်လှသည် မျက်လုံးကိုခပ်မှေးမှေး ဖွင့်ကြည်ပြီး ‘အင်’ ဟု ရေရွတ်လိုက်၏။

    “ဟုတ်ပြီ၊ ဘဘကြီးကသားကို ရေမန်းတိုက်မယ်နော် ကုန်အောင်သောက်လိုက် ကြားလား”

    ဆိုပြီး မောင်ကျော်လှ၏ပါးစပ်မှာ ဖန်ခွက်ကိုတေ့ပေးလိုက်သည်။ မောင်ကျော်လှသည် အပူကြီးလွန်းသဖြင့် အာခေါင်တွေ ခြောက်၊ ရင်ထဲကလည်း ပူလောင်နေသဖြင့် ဖန်ခွက်ထဲက ရေကို အငမ်းမရ သောက်လေသည်။ လှထုံလည်း ခုမှ သက်ပြင်းချနိုင်သည်။

    ဖြစ်တတ်သည့်သဘောမှာ ခန္ဓာကိုယ်ထဲ ရေဓာတ်ခမ်းခြောက်နေစဉ် ရေသောက်လိုက်လျှင် ချွေးစို့လာတတ်သည်။ စောစောက တိုက်ထားသော ငန်းဆေး၏ တန်ခိုးကလည်း ခုမှ ပြလာသည်။ အုပ်ဆေးကလည်း အခိုးပွင့်စေသည်။ ပြီးတော့ ထူထပ်စွာခြုံထားသောစောင်တွေကို ခွာထားသောကြာင့်လည်း ခန္ဓာကိုယ်တွင်းမှ အပူဓာတ်များ လျော့ပါးသွားစေသည်။

    ထို့ကြောင့် မောင်ကျော်လှမှာ ချွေးတွေ စိမ့်ထွက်လာပြီး ကိုယ်ပူကျသွားသည်။ ခဏအကြာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။ ဘာပဲဖြစ်ဖြစ် လှထုံနှင့် ဒေါ်ပိုတို့ကတော့ ဒါဟာ ဦးဖိုးဗြော့ရဲ့အစွမ်းပေါ့ဟု ယုံကြည်သွားကြသည်။ ထို့အတူ ညောင်ပင်ကြီးနှင့်ပတ်သက်၍လည်း ပို၍စွဲလမ်းယုံကြည်လာကြသည်။ ကျော်ကွန့်ပင်လျှင် ဟုတ်နိုး ဇဝေဇ၀ါဖြစ်လာ၏။



                * * *



    နောက်တစ်နေ့တွင် မောင်ကျော်လှသည် အဖျားသွေးမရှိတော့။ လူကလည်း ကြည်ကြည်လင်လင် ဖြစ်လာပြီး ဆန်ပြုတ်နှစ်ပန်းကန် သောက်နိုင်လာသည်။ ကျော်ကွန့်နှင့် လှထုံတို့က ဦးဖိုးဗြော့ကို ငွေငါးဆယ်ကန်တော့သည်။ ဒါတွင်မက ဦးဖိုးဗြော့လမ်းညွှန်မှုဖြင့် ညောင်ပင်ကြီးမှာ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ ပူဇော်သည်။

    ထိုသတင်းမှာ လှထုံကိုယ်တိုင် တအံ့တသြ လျှောက်ပြောသောကြောင့်လည်းကောင်း၊ ဒေါ်ပို၏ဖြန့်ချိမှုကြောင့်လည်းကောင်း၊ ပဲပြုတ်သည်ဒေါ်မှိန်၏ သတင်းကွန်ယက်အတွင်း ရောက်ရှိသွားသောကြောင့်လည်းကောင်း နှစ်ရက်သုံးရက်အတွင်းမှာပင် တစ်ရပ်ကွက်လုံးက သိသွားကြတော့သည်။

    ဦးဖိုးဗြော့သည်လည်း ဂုဏ်သိက္ခာပြန်တက်လာသည်။ အန္တရာယ်ကင်းဆွမ်းတင်ဖို့ အချိန်ဆွဲနေခဲ့သော မပွေးသည် ဒီညနေမှ ဆွမ်းမတင်လျှင် ဘ၀ပျက်တော့မလောက် ပြောဆိုတောင်းပန်ပြီး အတင်းလာခေါ်သည်။

    ညောင်ပင်ကြီးမှာလည်း အရင်လို အထီးကျန်ဆန်စွာ ခြောက်ခြောက်သွေ့သွေ့ မဟုတ်တော့ဘဲ ဂရုတစိုက် လာရောက်ပူဇော်ပသသူတွေရှိလာ၏။ မောင်ကျော်လှ၏နမူနာကိုယူပြီး ကလေးတွေ ရာသီဥတုကြောင့် ကျောပူခေါင်းပူလောက်ဖြစ်လျှင် ညောင်ပင်ကြီးဆီပြေး၍ တောင်းပန်ကြသည်။ ကိုယ့်ဘာသာ ပစ္စည်းအထားမှား၊ အသိမ်းလွန်နေတာကိုပင် လက်အုပ်ကလေး ချီသွားတာမျိုး၊ ခေါင်းကလေးငုံ့သွားတာမျိုး လောက်တော့ ဖြစ်လာ၏။

    ဒီလိုအချိန်မှာ ဦးဖိုးဗြော့က နောက်ဆက်တွဲသတင်းတစ်ခုကို ထုတ်ပြန်လိုက်လေသည်။

    “ယမန်နေ့ညက မိမိအိမ်မက်ကြောင်း တစ်နည်းအားဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်က အိပ်မက်ပေးခြင်းဖြစ်ကြောင်း၊ ညောင်ပင်ကြီးတွင် စံမြန်းနေသူမှာ အများထင်ထားသလို ဇောက်ထိုးကောင်မဟုတ်ကြောင်း၊ ကွင်းပိုင်ကြီးသာဖြစ်ကြောင်း၊ ကွင်းပိုင်ကြီးသည် ဟိုးနှစ်ပေါင်းရာချီသော အချိန်ကစ၍ ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးကတော့ လူတွေက တရိုတသေ ပူဇော်ပသခဲ့ကြကြောင်း၊ ကွင်းပိုင်ကြီးကလလည်း တစ်ရွာလုံးကို စောင့်ရှောက်ခဲ့ကြောင်း၊ နှောင်းခေတ်လူတို့ ရိုးရာအစဉ်အလာကို သွေဖည်ဖောက်ဖျက်ပြီး၊ ပူဇော်ထိုက်သူကို မေ့ထားကြကြောင်း၊ တချို့က မထီမဲ့မြင်ပြုလာကြောင်း၊ ထို့ကြောင့် ခုလိုသတိပေးရခြင်းဖြစ်ကြောင်း ကွင်းပိုင်ကြီးကို ရိုရိုသေသေပသလျှင် မစမည်ဖြစ်ကြောင်း”

    ဦးဖိုးဗြော့သည် တကယ်ပဲ အိပ်မက်တာလား၊ သူ့ဘာသာထွင်ပြောသလားဆိုတာတော့ ဘယ်သူမှမသိ။ အိပ်မက်ဆိုတာကလည်း မက်တဲ့သူတစ်ယောက်တည်းသာ သိနိုင်သည့်အရာမျိုးဖြစ်၏။ တကယ်မက်တာ ဟုတ်မဟုတ်၊ သက်သေပြပြီးငြင်းလို့ရတာလည်းမဟုတ်။

    သူက ပတေးတို့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ပြောပြနေခြင်းဖြစ်၏။ ဆိုင်ကို သူရောက်နေတာ အတော်ကြာပြီဖြစ်သော်လည်း မပြောသေးဘဲ စောင့်နေသေးသည်။ ပဲပြုတ်သည်ဒေါ်မှိန် ဘာနူးဆီမှာ ပဲပြုတ်ဖိုးလာတောင်းတော့မှ အချိန်ကိုက်ပြီး ခပ်ကျယ်ကျယ်ပြောပြခြင်းဖြစ်၏။ ဒေါ်မှိန်သည် ပါးစပ်အဟောင်းသားနှင့် နားထောင်နေ၏။ ဒါကို ဦးဖိုးဗြော့ကလည်း တစေ့တစောင်းမြင်သည်။ ဒေါ်မှိန်ကြားသွားပြီဆိုတော့ ဒီသတင်းသည် နေမွန်းမတည့်မီ တစ်ရပ်ကွက်လုံးနီးပါးကို ပျံ့နှံ့သွားတော့မှာ သေချာသွားလေပြီ။

    လက်ဖက်ရည်သောက်နေကြသော ယောက်ျားသားတွေထဲမှာတော့ ဦးဖိုးဗြော့ စကားကိုယုံသူလည်းရှိ၏။ မယုံတစ်ဝက် ယုံတစ်ဝက်လည်း ရှိ၏။ မယုံကြည်သူတွေလည်း ပါသည်။ ပွကြီးက …

    “နေပါဦး၊ ဦးလေးဗြော့ရဲ့။ ကွင်းပိုင်ကြီးလို့ဆိုရအောင် ဘယ်ကကွင်းကို ပိုင်တာလဲ ဘောလုံးကွင်းလား”     “ရမ်းမပြောနဲ့ကွ။ ဟိုအရင်ကဆိုရင် ဒီနားတစ်ဝိုက်ဟာ လယ်ကွင်းကြီးတွေပေါ့။ အဲဒီလယ်ကွင်းကြီးတွေကို စောင့်ရှောက်ခဲ့လို့ ကွင်းပိုင်ကြီးလို့ခေါ်တာ”

    ဖိုးနီကတော့ စာလေးဘာလေး ဖတ်ထားသဖြင့် ဗဟုသုတရှိ၏။ သိပ္ပံပညာအကြောင်းကိုလည်း နည်းနည်းပါးပါး တီးမိခေါက်မိသည်။ ထို့ကြောင့် ဦးဖိုးဗြော့ပြောတာကို မယုံ။ အဘိုးကြီးကို သရော်ချင်စိတ် ပေါ်လာသည်။ ထို့ကြောင့် …

    “အဲဒီကွင်းပိုင်ကြီးမှာ အဖော်တွေလည်း အများကြီးရှိမှာပေါ့”

    “ဘယ်က အဖော်တွေလဲကွ”

    ကိုရှိန်က အကောင်းမှတ်လို့ စကားဝင်ထောက်သည်။ ဖိုးနီက …

    “သူက ကွင်းပိုင်ကြီးဆိုတော့ သူ့အဖော်တွေက ကင်းပိုင်ကြီးတို့၊ ဂျက်ပိုင်ကြီးတို့၊ စပိတ်တစ်ပိုင်ကြီးတို့၊ ဂျိုကာပိုင်ကြီးတို့ ဖြစ်မှာပေါ့”

    ပွကြီးက ၀င်ဟားသည်။

    “ဒါဆို ညှင်းပိုင်ကြီးတို့ ၊ ဟတ်ပိုင်ကြီးတို့၊ ဒိုင်းမွန်းပိုင်ကြီးတို့လည်းပါမှာပေါ့”

    ဟု တစ်ဆက်တည်း ပြော၏။ ဦးဖိုးဗြော့ ဒေါကန်သွားသည်။ သူ့ကို ဒေါက်ဖြုတ်တာပဲဆိုပြီး ရှူးရှူးရှဲရှဲ ဖြစ်သွား၏။

    “ဟေ့ နင့်မေကလွှား ဖဲသမားတွေ၊ ဒါ နောက်စရာမဟုတ်ဘူးကွ။ မင်းတို့တော့ ဘေးတွေ့လိမ့်ဦးမနော်။ ပါးစပ်စည်းကမ်း မရှိတဲ့ကောင်တွေ”

    “ဘေးတွေ့တာက တည့်တည့်တွေ့တာလောက် မဆိုးပါဘူဗျ”

    ဟု ပြောပြီး တဟားဟားရယ်ရင်း ထထွက်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ သူက ဦးဖို့ဗြော့ဆီအာရုံစိုက်ရင်း လျှောက်သွားသဖြင့် မြေပေါ်မှ အုတ်ခဲတစ်လုံးကို ၀င်တိုက်မိပြီး

    “အမလေးဗျ”

    ဖိုးနီကအော်ရင်း ခြေမကိုကုန်း၍ ဆုပ်ကိုင်လိုက်သည်။

    “တွေ့ပြီမဟုတ်လား၊ မင်းပြောတဲ့ တည့်တည့်တွေ့တာဆိုတာလေ၊ အဲဒါ ပါးစပ်သရမ်းလို့ ချက်ချင်းလက်ငင်း ဒိဋ္ဌပြလိုက်တာပဲ”

    ဒေါ်မှိန်သည် အဖြစ်အပျက်ကိုမြင်ပြီး မျက်လုံးပြူးသွားသည်။ ဒီနောက်မှာတော့ ကွင်းပိုင်ကြီးကို မထီမဲ့မြင်ပြုနေသော ဖိုးနီတစ်ယောက် အုတ်ခဲကိုတိုက်မိကြောင်း၊ ထိုအုတ်ခဲကို မိမိ ဆိုင်ထဲဝင်လာစဉ်က မမြင်မိကြောင်း၊ ဘယ်ကဘယ်လို ရောက်လာမှန်းမသိကြောင်း ရပ်ကွက်ထဲ လျှောက်ပြောသည်။ အမှန်အားဖြင့် ဖိုးနီမှာ ခြေမသွေးခြေဥရုံမျှဖြစ်သောလည်း ဒေါ်မှိန်ကတော့ ဖိုးနီခြေမကြီး ဟက်တက်ကွဲသွားပြီး သွေးတွေဖြာခနဲ ထွက်လာသည်ဟုဆိုသည်။

    ဘာပဲဖြစ်ဖြစ် ထိုကိစ္စကြောင့် ဦးဖိုးဗြော့စကားကို ယုံကြည်သူတွေ ပိုများလာတော့သည်။ ဇဝေဇ၀ါဖြစ်နေသူတွေကလည်း ယုံတဲ့ဘက်ကို ယိမ်းယိုင်ကုန်ကြလေတော့သည်။



                * * *



    “ဒါမျိုးဆိုတာက ပြောရခက်သားကလားဗျ”

    ရပ်ကွက်ဥက္ကဋ္ဌက မယုတ်မလွန် တွေးတွေးဆဆပြောသည်။ သူ့စကားက အဓိပ္ပာယ်နှစ်မျိုး ထွက်နေသည်။ ဦးဖိုးဗြော့ကပြောတာ ဖြစ်နိုင်သည်ဟူ၍လည်း ယူဆနိုင်သည်။ အယူသည်းမှုဟု ဆိုလိုရာလည်း ရောက်၏။

    ဖြစ်ပုံကတော့ ဦးဖိုးဗြော့သည် သူ၏အိပ်မက်ကို ယုံကြည်လက်ခံသူတွေ ရှိသဖြင့် အားတက်လာပြီးနောက် တစ်မျိုးထပ်မံပြောလာပြန်၏။ ကွင်းပိုင်ကြီးက သူ့ကို အိပ်မက်ထပ်ပေးကြောင်း၊ ညောင်ပင်ကြီးအောက်တွင် သူ့အတွက်နတ်စင်တစ်ခု ဆောက်လုပ်ပေးဖို့ တောင်းဆိုကြောင်း၊ ထို့ကြောင့် နတ်စင်ဆောက်ရန်အတွက် ၀ိုင်းဝန်းကူညီကြဖို့ ရပ်ကွက်အာဏာပိုင်များထံ တင်ပြလာခြင်းဖြစ်၏။

    “ဦးဖိုးဗြော့ အိပ်မက်မက်တယ်ဆိုတာနဲ့ ဒီကိစ္စကို ဆောင်ရွက်ပေးရမယ် ဆိုတာကတော့ နည်းနည်းစဉ်းစားဖို့သင့်တယ်။ တကယ်လို့ တခြားတစ်ယောက်ယောက်က သူလည်း အိပ်မက်မက်ပါတယ်ဆိုပြီး ကိစ္စတစ်ခုခု တင်ပြလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ တကယ်တော့ အိပ်မက်ဆိုတာ တရားမ၀င်ဘူးလေ”

    တစ်ယောက်က ထောက်လိုက်၏။ ဦးဖိုးဗြော့က …

    “ကျုပ် စကားကို မယုံလို့လား၊ ကျုပ် တစ်သက်လုံး ဘုရား၊ တရားနဲ့ နေလာခဲ့တာ ဘယ်တုန်းကမှ လိမ်ညာမပြောခဲ့ဖူးဘူး။ ဒါကို အားလုံးအသိ”

    သူ့ကို သွေးလေချောက်ချားပြီး အိပ်မက်မက်သယောင် အပြောခံရသဖြင့် နည်းနည်းမခံချင် ဖြစ်သွား၏။     “ဦးဖိုးဗြော့ကို မယုံလို့ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က လုပ်ချင်တိုင်း အရမ်းလုပ်လို့ ရတာမဟုတ်ဘူးလေ။ စည်းမျဉ်းစည်းဆိုတာ ရှိသေးတယ်”

    “တခြားရပ်ကွက်တွေမှာ နတ်စင်တွေ ရှိကြတာပဲ။ တချို့ဆို ဟီးထနေအောင် ဆောက်ထားကြတာ၊ ကျုပ်တို့ရပ်ကွက်သာ မရှိသေးတာ”     ဦးဖိုးဗြော့က စောဒကတက်၏။ သူက ပြောအားရှိသည်။ ရပ်ကွက်ထဲက လူအတော်များများက သူ့ကိုထောက်ခံကြမှာ သေချာသည်။ ရပ်ကွက်လူကြီးများအနေဖြင့် အတော်ဦးနှောက်စားနေ၏။ ခွင့်မပြုပြန်လျှင်လည်း ဦးဖိုးဗြော့စကားကို ယုံကြည်သူတွေက မကျေမနပ်ဖြစ်ကြမည်။ ဒီလိုရိုးရာအစွဲအလမ်းမျိုးက တားမြစ်လို့လည်း မသင့်လျော်။ ထို့ကြောင့် …

    “ဒီလိုလုပ်ပါ၊ လောလောဆယ် ဦးဖိုးဗြော့ရဲ့ တင်ပြချက်ကို လက်ခံမယ်။ တကယ်လို့ ကန့်ကွက်တဲ့လူရှိလာရင်တော့ ပြန်စဉ်းစားရလိမ့်မယ်”

    ဟု ဥက္ကဋ္ဌက ဆုတ်သာတက်သာ ဆုံးဖြတ်ပေးလိုက်၏။     ထိုအခါ ဦးဖိုးဗြော့က နတ်စင်ဆောက်ဖို့ကိစ္စ စတင်ဆောင်ရွက်လေတော့သည်။ တကယ်တမ်းကျတော့ ဘယ်သူက ကမကထပြုပြီး ရန်ပုံငွေမတည်မလဲဆိုတာ ပြဿနာဖြစ်လာ၏။ ခါတိုင်း အများဆုံးထည့်နေကျ ခေါက်ဆွဲစက်နှင့် ဗီဒီယိုရုံပိုင်ရှင် ဦးကုလားသည် ဟိုတစ်ခါ ပညတ်၊ ပရမတ်ကိစ္စနှင့်ပတ်သက်၍ ကတောက်ကဆ ဖြစ်ပြီးကတည်းက ဦးဖိုးဗြော့နှင့် ခပ်တန်းတန်း ဖြစ်နေ၏။ ဦးဖိုးဗြော့က ရပ်ကွက်လူကြီးများ၏၀ိတ်နှင့် ဖိဖို့ကြိုးစားသေးသည်။ ရပ်ကွက်လူကြီးတွေက ၀တ်ကျေတန်းကျေသာ လိုက်ပေးသည်။ ဦးကုလားက …

    “အားလုံးသိကြတဲ့အတိုင်း ကျွန်တော့် ခေါက်ဆွဲစက်ကလည်း ဂျုံဈေးပေါ်မှီပြီး လည်တလှည့် မလည်တလှည့်၊ ဗီဒီယိုရုံကလေးကို အားကိုးပြီးစားနေရတာ၊ အရင်လို သိပ်အဆင်ပြေတာမဟုတ်ဘူး”

    ဟု အလိမ္မာနှင့်ငြင်းသည်။ တခြားလူတွေကလည်း ဦးကုလားလို နှုတ်အားဖြင့် စိတ်ဓာတ်ရေးရာအားဖြင့်သာ ထောက်ခံသည်။ ငွေကတော့မထွက်။ များသောအားဖြင့် ငွေကြေးချောင်လည်ကြသူများ မဟုတ်သဖြင့် နတ်စင်ဆောက်တဲ့အခါ လုပ်အားဒါန ပါဝင်ပါ့မယ်ဆိုသော ကတိကိုသာ ပေးကြ၏။

    ဦးဖိုးဗြော့မှာ သူစသည့်ဇာတ်လမ်းကို ဘယ်လိုဆက်ရမှန်းမသိဘဲ အကြပ်ရိုက်နေ၏။ ညနေဘက်မှာ မလုံးတင်တို့အိမ် ဆွမ်းတင်ပေးဖို့အတွက် ငှက်ပျောသီး၊ အုန်းသီး၊ မုန့်ဆန်း စသည်တို့ သွားဝယ်ရင်း ဈေးထိပ်မှာ အလှူခံမဏ္ဍပ်တစ်ခုတွေ့သည်။ အသံချဲ့စက်နှင့်အော်ပြီး အလှူခံနေသည်။ ဘုရားတန်ဆောင်းပြင်ဖို့ ဖြစ်၏။

    သူ အကြံရသွားသည်။



                * * *



    အလှူခံမဏ္ဍပ်မှာ သိပ်ကြီးလှသည်တော့ မဟုတ်။ ရှိတာလေးနှင့် ဖြစ်အောင်လုပ်ထားရခြင်း ဖြစ်၏။ ၀ါးလုံးလေးတိုင်ထောင်ပြီး ပလတ်စတစ်အစကို မိုးထားသည်။ စားပွဲတစ်လုံးပေါ်တွင် အလှူခံငွေထည့်ဖို့ ငွေဖလားတစ်လုံး တင်ထား၏။ ငွေဖလားဆိုသော်လည်း ငွေအစစ်မဟုတ်။ သတ္တုကို ပန်းကနုတ်ဖော်ထားခြင်းသာ ဖြစ်၏။ ဒါတောင် သူပိုင်မဟုတ်။ ဘုန်းကြီးကျောင်းက ငှားထားရခြင်းဖြစ်၏။ တစ်ခုတော့ရှိသည်။ သူ့မဏ္ဍပ်ကလည်း တခြားမဏ္ဍပ်တွေလိုပင် အသံချဲ့စက်ပါသည်။ ၀ါးလုံးတိုင်ထိပ်ဖျားမှာ အော်လံကြီးကို အပီအပြင်ဆင်ထား၏။

    အသံချဲ့စက် ငှားခကိုတော့ အလှူခံလို့ရသောငွေထဲမှ ထုတ်ပေးမည်။ ပြီးတော့ ဦးဖိုးဗြော့အနေဖြင့် တစ်နေ့ကုန် အလုပ်ပျက်ခံပြီး ထိုင်အလှူခံရမည်ဖြစ်သောကြောင့် ထမင်းဖိုး၊ လက်ဖက်ရည်ဖိုး၊ ဆေးလိပ်ဖိုးအဖြစ် အလှူခံရငွေမှ တစ်ရာလျှင် သုံးဆယ်ကျပ်ရမည်။

    အလှူခံဌာန၏ တည်နေရာကတော့ ညောင်ပင်ကြီး၏ အောက်မှာပင်ဖြစ်၏။ ဒါမှလည်း လူတွေက ညောင်ပင်ကြီးကိုမြင်ပြီး လှူချင်စိတ်ပိုပေါ်မည်ဟု တွက်သည်။ ပြီးတော့ ဒီနေရာက ရပ်ကွက်အ၀င်အထွက် လမ်းပေါ်မှာကျသဖြင့် လူသွားလူလာလည်း များသည်။

    ဦးဖိုးဗြော့သည် အော်လံကြီးကို ဘယ်ဘက်လှည့်ရကောင်းမလဲ စဉ်းစားသည်။ အိမ်ခြေများတဲ့ဘက် လှည့်ရမည်။ တောင်ဘက်နှင့် အရှေ့ဘက်က များသည်။ ဘယ်ဘက်ကောင်းမလဲ။ သူသည် တစ်ချက်ခုတ် နှစ်ချက်ပြတ် စီစဉ်လိုက်၏။ အရှေ့ဘက်ခြမ်းရှိ အနီးဆုံးအိမ်မှာ ဦးကုလားအိမ်ရှိ၏။ ဦးကုလားနှင့် သူ ငြိထားတာလေးရှိသည်။ ဒီတော့ ဦးကုလားကို နည်းနည်းပညာပေးရမည်။ ထို့ကြောင့် ဦးကုလားအိမ်ဘက်သို့ အော်လံကို လှည့်ထားလိုက်သည်။

    မနက်ခြောက်နာရီလောက်မှာ အလှူခံမဏ္ဍပ်ဆီမှ ရေကင်းသံ၊ အဆိုတော်ဌေးဌေးမြင့်၏ ဘုရားပင့်သီချင်းသံ ကျယ်လောင်စွာ ဖွင့်လိုက်သည်ကို တစ်ရပ်ကွက်လုံး ကြားကြရလေသည်။ ထိုနေ့မှစ၍ ရက်သတ္တပတ် အတန်ကြာအောင် ထိုအသံများသည် သူတို့ရပ်ကွက်အဖို့ မနက်စောစောထဖို့ နှိုးစက်သဖွယ် ဖြစ်လာလေတော့သည်။

    “မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နံနက်ချိန်ခါ ဖြစ်ပါစေလို့ ကျွန်တော်မောင်ဖိုးဗြော့က နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီနေ့ ဒီရက် ဒီအချိန်ကစလို့ ကျွန်တော်များ ဍ ရပ်ကွက်မှ ညောင်ပင်သာ ကွင်းပိုင်ကြီးနတ်ကွန်း ဆောက်လုပ်ရန်အတွက် စတင်အလှူခံနေပါပြီ ခင်ဗျာ”

    ဦးကုလားသည် ညက စာရင်းတွေလုပ်နေသဖြင့် ညဥ့်နက်မှ အိပ်ရသည်။ ထို့ကြောင့် ဒီမနက်တော့ နည်းနည်းနေမြင့်အောင် အိပ်လိုက်မည်ဟု ကြံစည်ထား၏။ သို့ရာတွင် မနက်အစောကြီးမှာ အိမ်နားကကပ်ပြီး ဖွင့်လိုက်သော အသံချဲ့စက်သံကိုကြားသဖြင့် ငေါက်ခနဲ လန့်နိုးလာသည်။ အစကတော့ ဘယ့်နှယ် ဒီထီရောင်းတဲ့တွန်းလှည်းက အစောကြီးလာရတာလဲဟု ထင်မိသေးသည်။ နောက် ဦးဖိုးဗြော့၏အသံကြီးကို ကြားတော့မှ သဘောပေါက်သွားသည်။

    “အင်း ကိုဖိုးဗြော့တော့ ငါ့ကိုဒုက္ခပေးပြီ”

    ဟု စိတ်ထဲကညည်းလိုက်၏။

    အလှူခံဌာနမှာ ဈေးဦးပေါက်လာထည့်သူက လှထုံဖြစ်၏။ သူက မောင်ကျော်လှကိစ္စ ဖြစ်ထားသဖြင့် ခုကိစ္စမှာ အတော်စိတ်ပါလက်ပါ ရှိသည်။ သူက အရင်ဆုံး ဦးဦးဖျားဖျားလှူခဲ့လျှင် ကွင်းပိုင်ကြီးက မှတ်မိပြီး သူ့သားလေးကို စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် အသံချဲ့စက်သံ ကြားကြားချင်း ပြေးလာခဲ့ခြင်းဖြစ်သည်။

    “ဦးလေးဗြော့ ကျွန်မ သုံးဆယ်ထည့်မယ်။ ကျွန်မလည်း ဒီ့ထက်များများ ထည့်ချင်ပါတယ်။ ဒါပေမယ့် မောင်ကျော်လှလေး နေမကောင်းတုန်းက ငွေအတော်ကုန်သွားလို့ သိပ်မရှိဘူး။ အဲ … အဲ ကွင်းပိုင်ကြီးကိုလည်း တောင်းပန်ပေးပါနော်။ အခု ထည့်တာကို စရန်လို့မှတ်ထားပါလို့၊ ကိုကျော်ကွန့် လခထုတ်တော့ ထပ်ထည့်ပါ့မယ်လို့”

    “အေး အေး၊ ရပါတယ်ကွယ်၊ လခထုတ်တော့သာ မေ့မနေနဲ့ ကြားလား”

    ဦးဖိုးဗြော့က ငွေသုံးဆယ်ကို လှမ်းယူသည်။ ဆိုင်လား မဆိုင်လားတော့မသိ။ ဈေးသည်တွေ ဈေးဦးပေါက်မှာ လုပ်သလို ငွေစက္ကူများဖြင့် ငွေဖလားကို တဖျတ်ဖျတ်ရိုက်ပြီးမှ ထည့်လိုက်သည်။ စပီကာမှ ကြေညာပေးရန်အတွက် မိုက်ကရိုဖုန်းကို လှမ်းအကိုင်တွင် လှထုံက …

    “ခဏနေဦး၊ ခုမှ သတိရတယ်၊ ဘာနူးဆီက ကျွန်မ ငွေငါးဆယ်ချေးထားတာ ရှိတယ်။ ကြေညာလိုက်လို့ သူကြားသွားရင် မကောင်းဘူး။ သူ့ပိုက်ဆံကျတော့ ပြန်မပေးဘူး။ အလှူငွေကျတော့ ထည့်နိုင်သလား ထင်နေဦးမယ်”

    ဦးဖိုးဗြော့မှာ ပွဲဦးထွက် အားရပါးရ အော်လိုက်မည်ပြင်ပြီးမှ ဆန့်တငံ့ငံ့ဖြစ်သွားပြီး

   “ဒါဆို ဘယ်လိုလုပ်မလဲ”

အပိုင်း(၂)ဇာတ်သိမ်း..မျှော်...

မင်းလူ..ရေးသားသည်..
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

Read More...

Tuesday, February 10, 2015

ကျောင်းသားကျောင်းသူ တွေအတွက် လုံခြုံမှု့ရှိအောင်လို့

Leave a Comment
ကူညီမလို့ ပရိတ်ရွတ်မလို့ပါ
##################
ပြည်မြို့မှာ ရယ်ရွှင်ဖွယ်ရာ သရော်စာ
ကိုပေါက်စီရေ 9.2.2015 ရက်နေ့မှာ ပြည်မြို့ဘက်ကို
လမ်းလျှောက်သပိတ်မှောက်တဲ့ ကျောင်
းသားကျောင်းသူတွေကို ယုန်ဖြူတောင်မှာ လုံခြုံရေး
ရဲတွေပိတ်ပင်တားဆီးသေးတယ်ဆို
ဘယ်ကလာ ကိုပေါင်မုန့်ကလည်း မတားဆီးမပိတ်ပင်
ပါဘူး သူတို့တွေက လာရောက်ကြိုဆိုတာနေမှာပါ
ဒါဆိုလည်း ဘာလို့ ကားသုံးစီးကျော်အင်အားနဲ့လမ်းမ
ပေါ်ဆောင့်နေကြတာလည်းကိုပေါင်မုန့်ရယ်
အော်ခင်ဗျားကလည်းအကောင်းမြင်ကြည့်ပါ အင်နဲ့
အားနဲ့ကြိုဆိုတာပေါ့ဗျာ ကျောင်းသားကျောင်းသူ
တွေအတွက် လုံခြုံမှု့ရှိအောင်လို့ အင်အားပြတာနေ
မှာပါ
ဒါဆိုရင် မြို့ပေါ်က ဆရာတော် အပါး(၃၀)ခန့်ကရော
သူတို့နဲ့အတူတူဘာလို့ရှိနေကြတာလည်းစဉ်းစား
စရာပဲနော်
ခင်ဗျားတော်တော်လျှာရှည်တာပဲ ကျောင်းသား ကျောင်
းသူတွေက အမြို့မြို့အနယ်နယ်တွေကို ဖြတ်ကျော်လမ်
းလျှောက်လာရတော့ တခြားနယ်တွေက မကောင်းဆိုး
ဝါးနာနာဘာဝ ဝိနာဘာဝ ဝတီးဝတ တွေကပ်ပါလာမှာ
ဆိုးလို့ မြို့ထဲကို မကောင်းဆိုးဝါးတွေပါလာမှာဆိုးလို့
သံဃာပြ သင်္ကန်းဝတ်ထားတော့ မကောင်းဆိုးဝါးတွေ
မြင်တာနဲ့ပြေးကုန်အောင်လို့ နေမှာပေါ့ဗျာ ကုန်ကုန်
ပြောရရင် လိုအပ်ရင် ပရိတ်လေးဘာလေးရွတ်ရအောင်
နေမှာပေါ့ဗျာ
အော်အဲလိုလား
အဲလိုမဟုတ်သေးဘူး ကျန်သေးတယ် သရဲတွေနှိမ်နှင်း
ဖို့ အရပ်ဝတ်တွေတောင်ပါလာသေးတယ်မနည်းဘူး
လိုက်လာတဲ့ ဆရာတော်တချို့က ဘာ့ကြောင့်လိုက်
လာရမှန်းမသိသူတွေတောင်ပါသေးတယ်နော်
ရူးးးးးးတိုးတိုးပြောပါဗျာ ပြည်သတင်းလူငယ် ကြားသွား
လို့ ပေါက်စီနဲ့ပေါင်မုန့် ပြည်သတင်း တို့ အင်တာနက်တို့
အပေါ်ထဲပါသွားအုံးမယ်
အေးဟုတ်တယ်ရူးးးတိုးတိုး
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

Read More...

Wednesday, February 4, 2015

ဟုတ်​ကဲ့အဘ

Leave a Comment
ဟုတ်​ကဲ့အဘ
#########

မီး​လောင်​​နေတယ်​အဘ​ရေ

အေး​အေးသွားငြိမ်းလိုက်​ ဘာကားက ဘယ်​နှစ်​စီး​လောက်
ထွက်​ကွာ ထွက်​တဲ့ကားလည်းထိန်း​မောင်းအုံးးး

ဟုတ်​အဘ ဘာ​တွေအမိန့်​​ပေးဖို့လို​သေးလည်း

မင်းမနက်​ဖြန်​ နူတ်​ထွက်​​တော့ကွာ

ဗျာဘာလို့လည်းအဘရယ်

မေးစရာလို​သေးလားဒါ​လောက်​​တောင်​ပါးနပ်​မူ့မရှိတဲ့
ကောင်​ပဲ ​ရေ​ရောင်းစားဖို့နဲ့ ကိုယ့်​အမျိုးကူညီဖို့ပဲတတ်
တယ်​ သူ​ဌေးအိမ်​မီး​လောင်​ရင်​ ဝါယာ​၊ဖုန်း​အားသွင်း
ရင်​​ပေါက်​ကွဲတယ်​တို့ဘာတို့​ပေါ့ကွာ ဆင်းရဲသား မွဲ​တေ​နေ
တဲ့သူ​တွေဆိုရင်​ ​ပေါ့ဆ တို့ဘာတို့​ပေါ့ကွာ

ဟုတ်​အဘ ကျ​တော်​မှားသွားပါတယ်​အဘ

အေး​နောက်​မမှား​စေနဲ့ ကားထွက်​​တော့ကွာ

ပြည်​သတင်းလူငယ်​{ပြည်​သတင်း}
09253311019
Read More...

န၀​ဒေးတံတားအလှ နှင့်​ မြစ်​ကမ်းအလှ ######################### ဟာသ(ပြည်​မြို့)4

Leave a Comment

န၀​ဒေးတံတားအလှ နှင့်​ မြစ်​ကမ်းအလှ
#########################

ဟာသ(ပြည်​မြို့)4



မင်းမ​ကွေးက ဘယ်​တုန်းကပြန်​​ရောက်​လာတာလည်း

ငါမနက်​ကပြန်​​ရောက်​တယ်​ မ​ကွေးမြစ်​ကမ်းအလှသာ
ယာတယ်​ကွာ

အော်​ ငါတို့မြစ်​ကမ်းအလှမမှီပါဘူးကွာ

ပြောပါအုံးငါတို့ပြည်​မြစ်​ကမ်းအလှ​လေးကို

ည​နေ​ဆောင်းအချိန်​ ကမ်းနားက အ​ကြော်​ဆိုင်​တန်း
လေး​တွေနဲ့ ပန်း​တောင်းဘက်​က တို့ကမ်းနားကို​မျှော်
လိုက်​ရင်​ ဖုံးကွယ်​​နေတဲ့ ဘီယာဆိုင်​​တွေ အ​ဆောက်
အဦးကြီး​တွေ လှချက်​က မမြင်​ချင်​အဆုံးလှတာ

မင်းတို့ ပြည်​မြို့ မြစ်​ကမ်းအလှဒါအကုန်​ပဲလားကွာ

အောင်​မယ်​ ဒိထက်​လှတာရှိ​သေးတယ်​ ပန်း​တောင်း
နဲ့ပြည်​ကို ဧရာဝတီမြစ်​ကိုဖြတ်​ပြီး ​တည်​​ဆောက်​ထား
တဲ့ န၀​ဒေး တံတားကြီး ညပိုင်းအလှကပို​သေးတယ်
နော်

ဟေ ဘယ်​လိုများလည်းဟ​ပြောပါအုံးးးး

ခုနှစ်​​ဆောင်​တိုက်​ခန်း မီးမထွန်းပဲ လင်းတဲ့ ပပ၀တီ
မင်းသမီးကိုယ်​က ထွက်​တဲ့ အလင်းက​တော်​ပါ​သေး
တယ်​ တပ်​ထားတဲ့ မီးလုံး​တွေများ ကွာ ကျွမ်းတဲ့ဟာ
ကျွမ်း ဓာတ်​မီးမပါပဲ တံတား​ပေါ်ဖြတ်​မယ်​မကြံနဲ့
လူသွားလမ်း​ဘေးက အ​ပေါက်​ကြီး​တွေထဲ ကျသွား
မလားပဲ

မင်းတို့ပြည်​မြို့ န၀​ဒေးတံတားနဲ့ မြစ်​ကမ်းအလှ ရင်​ကို
သပ်​ ရူ့တိုင်း​မောပါတယ်​ကွာ

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
09253311019
Read More...

စခန်းမှာတင်​မှူးတာမဟုတ်​ဘူး အပြင်​အထိထွက်​မူး ကြည့်​တာပါ ################################# ဟာသ(ပြည်​မြို့)1

Leave a Comment


စခန်းမှာတင်​မှူးတာမဟုတ်​ဘူး အပြင်​အထိထွက်​မူး
ကြည့်​တာပါ
#################################

ဟာသ(ပြည်​မြို့)1


ဗျိုးးး စခန်းမှူးကြီး ဘယ်​သွားမလို့လည်းဗျ
အရက်​ဆိုင်​သွားမလို့ပါဗျာ

အရက်​သွားဖမ်းမှာလားဗျ

ကြံကြံဖန်​ဖန်​ဗျာ ဖမ်းမလို့မဟုတ်​ဘူး သွား​သောက်​မှာ
သောက်​တာ​တော့​သောက်​ဗျာ မူးပြီးမ​မောင်းနဲ့အုံး​နော်
ကား​မောင်းရင်​ဂရုစိုက်​ဗျာ

အေးပါဗျာ နာရီစဉ်​ နဲ့ ကွမ်းယာဆိုင်​ ပြီး​တော့စက်​ဘီး
တစ်​စီး ​ရှောင်​တတ်​ပါတယ်​ဗျဟားးးးးးးးး ယဉ်​စည်းကမ်း
လိုက်​နာတာ​ပေါ့ဗျားးးး

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
09253311019


Read More...

Monday, September 29, 2014

ကျနော့အဖေက မှာလိုက်လို့ပါ

Leave a Comment

ကျနော့အဖေက မှာလိုက်လို့ပါ
*********************

သူငယ်ချင်းတို့ရေ.....
          သပြေကုန်းရွာက ဦးတင်အောင်နဲ့ သူ့သားမောင်လှအောင်တို့အကြောင်းလေးပါနော်.............
          အင်း...သပြေကုန်းရွာက ဦးတင်အောင်ဆိုတာကတော့ ယာသမားကြီးတစ်ဦးဗျ ယာလုပ်ငန်းတွေမှာ အင်မတန်အောင်မြင်သူဆိုတော့ စီးပွါးရေးပြည့်စုံတာပေါဗျာ၊ ဒါပေမယ့်...သူတို့နေတာက တောကျကျနေရာ အလုပ်ကိုလည်းကြိုးစားတဲ့မိသားစု ဆိုပြန်တော့ ဗဟုသုတနည်းကြတာပေါ့၊ အဲ့ဒီမိသားစုထဲမှာ ဦးတင်အောင်တစ်ယောက်သာ လူရည်လည်တယ်ဆိုပဲ၊ ဒါကြောင့်....... တစ်နေ့မှာတော့ အရွယ်ရောက်လာပြီဖြစ်တဲ့သူ့သားမောင်လှအောင်ကို ဗဟုသုတရအောင်ဆိုပြီး သူတို့ရွာကနေမြို့ကိုမကြာခဏသွားလေ့ရှိသူ ကိုစိန်မောင်နဲ့ ရန်ကုန်ဆိုတဲ့မြို့ကြီးဆီစေလွှတ်လိုက်သတဲ့လေ၊ ဦးတင်အောင်ကလည်း ဗဟုသုတရှိသူပီပီ သူ့သားကို အစုံအလင်သတိပေး မှာကြားလိုက်တာပေါ့၊ မောင်လှအောင်ကလည်းမြို့ရောက်ရင်အ၀တ်အစားသစ်တွေ ၀ယ်မှာဆိုတော့ မြို့မှာဈေးဝယ်ရင် တောမှာလိုမဟုတ်ကြောင်း ဈေးဆိုင်တွေက ဘယ်ပစ္စည်းကိုမဆိုဈေးနှစ်ဆဆိုကြကြောင်း ဒါကြောင့်သူတို့ပြောတဲ့ဈေးရဲ့ထက်ဝက်ကို ဈေးဆစ်ပြီးဝယ်ရကြောင်း လည်းပါတာပေါ့ဗျာ၊ မောင်လှအောင်ကလည်း မိဘစကားနားထောင်တတ်တဲ့ တောသားလူရိုးလေးဆိုတော့ မိဘတွေမှာကြားသမျှကို တသွေမတိမ်းပေါ့၊ အင်းဒီလိုနဲ့.....ရန်ကုန်ဆိုတဲ့မြို့ကြီးကိုရောက်တော့ မောင်လှအောင်တစ်ယောက် ဈေးဝယ်တော့တာပဲ သူဝယ်တာကတရုတ်ဆိုင်.........
မောင်လှအောင်။     ဦးလေး..ဒီအကျီင်္လေးက ဘယ်လောက်လဲဗျ၊
ဆိုင်ရှင်။                   ၈၀၀၀ိ/- ပါငါ့တူ၊
မောင်လှအောင်။     ၄၀၀၀ိ/- ပဲထားပါဗျာ၊
ဆိုင်ရှင်။                   ငါ့တူရယ် အဲ့ဒီလောက် မကွာပါဘူးကွာ....ကဲကဲ ၆၀၀၀ိ/- နဲ့သာယူပါကွာ၊
မောင်လှအောင်။     ၃၀၀၀ိ/- သာထားပါဗျာ၊
ဆိုင်ရှင်။                   မရလို့ပါကွာ...ကဲကဲ   ၅၀၀၀ိ/- နဲ့ပေးမယ်ကွာ၊
မောင်လှအောင်။     ၂၅၀၀ိ/- နဲ့ရမလား ဦးလေး၊
ဆိုင်ရှင်။                   သြော်.....ငါ့တူကဈေးမှန်ကိုသိနေတယ်ထင်တယ် ကဲကွာ မင်းပြောတဲ့ ၄၀၀၀ိ/- နဲ့သာယူသွားတော့၊
မောင်လှအောင်။     ၂၀၀၀ိ/- ထားပါဦးလေး၊
ဆိုင်ရှင်။                    ဟာ.........မင်းက အကျီင်္လိုချင်ပြီး ပိုက်ဆံမပါတဲ့အကောင်လား ဒါဆိုလည်း  အလကားသာယူးသွားတော့ကွာ၊
မောင်လှအောင်။     ဦးလေး ဦးလေး နှစ်ထည်ပေးပါလားဗျာ၊ ကျနော့ အဖေကမှာလိုက်လို့ပါ။

[Reference: www.forverfriends.ning.com]
တင်ဆက်/ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

Tuesday, September 23, 2014

ကိုရင်... ရခဲ့သော ဆွမ်းဟင်းတစ်ခွက်

Leave a Comment
ကိုရင်... ရခဲ့သော ဆွမ်းဟင်းတစ်ခွက်
****************************

သူငယ်ချင်း… မင်းဒီနေ့နောက်ကျလှချည်းလား ..
အိမ်း…ဟုတ်တယ် .. ငါ ဒီနေ့ နောက်ကျပေမယ့်.. ထူးတယ်ကွ။
ဟ… ဆိုစမ်းပါဦး.. ဘာတွေထူးတာလဲ..။
ဘာထူးလဲဆိုတာ ဒီဆီပြန်ကြက်သားဟင်းကောင်းလေးနှင့် ဆွမ်းစာရင်း ပြောကြတာပေါ့။

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ကိုရင်တို့ မြိုးခြံမြို့ စာသင်တိုက်မှာ ကိုရင်၊ ဦးဇင်း အပါး (၅၀) ခန့်သီတင်းသုံးသည်။
နံက် (၁၀) နာရီကျော်လောက်တွင် သံဃာတော်များအားလုံး ရေမိုးချိုးပြီး တစ်အိမ်းဆင်း တစ်အိမ်တတ် ဆွမ်းခံထွက်ရသည်။ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုပဲပြောမရလား၊ ဝိနည်း စည်းကမ်းလို့ပဲပြောရမလား ဆွမ်းခံကြွတဲ့အခါမှာ ဖိနပ်မစီးရ၊ ပူပြင်းလှတဲ့ အညာဒေမှာ နွေရာသီ နေပြင်းတဲ့အချိန်မှာ ဖိနပ်မပါ ၊ သင်္ကန်းကို တကိုယ်လုံးထုပ်ထားသလို ရုံထားသော သင်္ကန်းဖြင့် ဆွန်းခံကြွရတာ သိပ်မလွယ်လှ။
သို့ပေမယ့် ဝမ်းရေးက ရှိသေးသည်မဟုတ်လား။ ဘယ်လိုပင် အညာနေပူပြင်းပေမယ့် တစ်နေ့တကြိမ် ဆွမ်းခံထွက်ရသည်။
ကိုရင်မှာ ဆွမ်းခံအိမ် (၂၀) ခန့်ရှိသည်။ ဆွမ်းခံအိမ် (၂၀) ဆိုပေမယ့် ပြေားရဦးမည်၊
ဆွမ်းခံအိမ်ဆိုရာမှာ နှစ်မျိုး နှစ်စားရှိသည်
(၁) ထိုင်အိမ်နှင့်
(၂) ရပ်အိမ်တို့ဖြစ်သည်။
ထိုင်အိမ်ဆိုသည်မှာ … ကိုရင်ကို ဆွမ်းဒကာအဖြစ်ခံယူပြီး ဆွမ်း၊ ဆွမ်းဟင်းများကို ဂရုတစိုက်လောင်းသော အိမ်ဖြစ်သည်။
ရပ်အိမ်ဆိုသည်မှာ .. ကိုရင် ဆွမ်းကြွ၍သာ ဆွမ်းလောင်းသည်။ တစ်ခါတစ်ရံ ဆွမ်းဟင်းများ မလောင်းလှူတတ် ၊ တစ်ခါတစ်ရံ အလုပ်ရှုပ်နေလျှင် “ကန်တော့ဆွမ်းပါဘုရား” ဟုဆို၍ အိမ်ပေါက်ဝက ပြန်ကြွရတတ်သည်။

ကိုရင်တစ်ပါး.. ဆွမ်း၊ဆွမ်းဟင်း ရသည်ဖြစ်စေ မရသည်ဖြစ် နေ့တိုင်းလိုလို အိမ်တိုင်းစေ့ ဆွမ်းကြွရသည်။ ဆွမ်းကြွရင်းလည်း .. ဆွမ်းဒကာ ၊ဆွမ်းဒကာမများ ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့ပါသည်။
တစ်နေ့.. ဆွမ်းထိုင်အိမ် တစ်အိမ်၌ .. ဆွမ်းကြွကိုယ်တော်များ ထိုင်ရန်ခင်းထားသော ထိုင်ခုံပေါ်တွင် စက္ခုနြေ္ဒချကာ ကိုရင် ထိုင်းနေလိုက်သည်။
ဝိနည်းစည်းကမ်းအရ ဆွမ်းကြွကိုယ်တော်များ “ ဆွမ်းတော်ဗျို့” ဟု အသံပြု အော်ခေါ်၍မရ ဒါ့ကြောင့် အချို့ ဆွမ်းကြွကိုယ်တော်များတွင် ကျောင်းသားလေးများပါတတ်သည်။ ကိုရင်မှာတော့ နောက်ပါကျောင်းသား မပါ၍ စက္ခုနြေ္ဒချကာ ဆွမ်းလောင်းမည့် ဒကာကို စောင့်နေရသည်။

တော်တော်ကြာလာတော့ ..အိမ်ရှင်များကို အော်ခေါ်လို့လဲ ဝိနည်းမလွတ် ..။ ဝိနည်းလွတ်သောနည်းဖြင့် ချောင်းဟန်းရတော့သည်။
အဟမ်း.. အဟမ်း…။
ချောင်းဟန်းသံကြားမှာ.. အိမ်ခန်းထဲမှ ဒကာမလေးအသံထွက်ပေါ်လာသည်။
“ဘုန်းဘုန်းဘုရား
ဘုန်းဘုန်း ကတော့ပါဘုရား….
တပည့်တော် အချိန်လေး နည်းနည်းပေးပြီးစောင့်ပါဘုရား။ အမေတို့ဈေးသွားလို့ တပည့်တော်မကို ဆွမ်းလောင်းခိုင်းခဲ့တယ်ဘုရား။ တပည့်တော်လက်သဲနီဆေးဆိုးနေတာ မပြီးသေးလို့ ခဏစောင့်ပါဦး ဘုရား”တဲ့။

ကိုရင်နည်းနည်းတော့ စိတ်ချမ်းသာသွားသည်။ အိမ်မှာဆွမ်းလောင်းမည့်သူရှိတော့ ဝမ်းသာသွားသည်။ စကားဘာမှ မတုန့်ပြန်ပဲ ငြိမ်နေလိုက်သည်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း၊ သဘောတူညီးခြင်းပဲ မဟုတ်လား။
ဆယ်မိနစ်ခန့် ကြာသောအခါ ဆွမ်းဒကာမလေး လက်သဲနီအလှ ဆေးဆိုးထားသော လက်ချောင်းလေးများကို ဆေးမြန်မြန်ခြောက်အောင် ပါစပ်မှ လေမှုတ်ကာ သံဃာတော်များဆွမ်းလောင်းရာ နေရာသို့ ရောက်လာသည် “ဆွမ်းဒကာမလေးက ကန်တော့ဘုရား ကိုရင်စောင့်ရတာ ကြားသွားလားဘုရား”တဲ့

ဒကာမလေးလည်း ကျေးဇူးရှင်ဆွမ်းးကာပဲ မဟုတ်လား ။ ဒီတော့ကိုရင်က.. မကြာပါဘူး ဒကာမရယ် .. ကိုရင်လည်း စောင့်ရင်းအနားရတော့ အမောပြေသွားတာပေါ့ဟု ပြောတော့ ဒကာမလေးစိတ်ချမ်းသာ သွားသည်။
ထိုနောက် ဒကာမလေးက.. “မေမေတို့က ပြောတယ် ကိုရင်လေးကို ကြက်သားဟင်းလောင်းလှူလိုက်တဲ့ ၊ ဒီနေ့ဆွမ်းဟင်းကတော့ ကြက်သားဟင်းဘုရား”တဲ့
ဆွမ်းဒကာ ၊ဆွမ်းဒကာများ ကျန်းမာပါစေ၊ ဒကာမလေးလည်း လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ မေတ္တာပို့ သရင်းဖြင့် ပြန်ကြွခဲ့ပါသည်။ ဒကာမလေးကတော့ အနီရောင်လက်သဲနီများဖြင့် လှပသော လက်ဆယ်ချောင်းကို ဦးတော်တင်လျှက် ကျန်ရစ်ခဲ့ပါသည်။
အညာနွေ .. နေပူကြဲကြဲမှာ….ခပ်သုတ်သုတ်ပြန်ကြွရင်း ကျောင်းရောက်တော့
ဒေါင်…ဒေါင်…ဒေါင်…
နေ့ဆွမ်းစား သံချောင်းခေါက်လေပြီ.. သံဃာတော်များလည်း ဆွမ်းစားကျောင်းမှာ စုံလင်စွာရောက်နေပါပြီ။
နောက်ကျနေသူကတော့ … ဆွမ်းဟင်းကောင်းတစ်ခွက်ရခဲ့သော … ကိုရင်ပင်… မဟုတ်ပါလား…။

မြန်မာပြည်မှ ဆွမ်းဒကာများကို သတိရခြင်းများစွာဖြင့်…။
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

Photo: ကိုရင်... ရခဲ့သော ဆွမ်းဟင်းတစ်ခွက်
****************************

သူငယ်ချင်း… မင်းဒီနေ့နောက်ကျလှချည်းလား ..
 အိမ်း…ဟုတ်တယ် .. ငါ ဒီနေ့ နောက်ကျပေမယ့်.. ထူးတယ်ကွ။
ဟ… ဆိုစမ်းပါဦး.. ဘာတွေထူးတာလဲ..။
ဘာထူးလဲဆိုတာ  ဒီဆီပြန်ကြက်သားဟင်းကောင်းလေးနှင့် ဆွမ်းစာရင်း ပြောကြတာပေါ့။

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ကိုရင်တို့ မြိုးခြံမြို့ စာသင်တိုက်မှာ ကိုရင်၊ ဦးဇင်း အပါး (၅၀) ခန့်သီတင်းသုံးသည်။
နံက် (၁၀) နာရီကျော်လောက်တွင် သံဃာတော်များအားလုံး ရေမိုးချိုးပြီး တစ်အိမ်းဆင်း တစ်အိမ်တတ် ဆွမ်းခံထွက်ရသည်။ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုပဲပြောမရလား၊ ဝိနည်း စည်းကမ်းလို့ပဲပြောရမလား ဆွမ်းခံကြွတဲ့အခါမှာ ဖိနပ်မစီးရ၊ ပူပြင်းလှတဲ့ အညာဒေမှာ နွေရာသီ နေပြင်းတဲ့အချိန်မှာ ဖိနပ်မပါ ၊ သင်္ကန်းကို တကိုယ်လုံးထုပ်ထားသလို ရုံထားသော သင်္ကန်းဖြင့် ဆွန်းခံကြွရတာ သိပ်မလွယ်လှ။
သို့ပေမယ့် ဝမ်းရေးက ရှိသေးသည်မဟုတ်လား။ ဘယ်လိုပင် အညာနေပူပြင်းပေမယ့် တစ်နေ့တကြိမ် ဆွမ်းခံထွက်ရသည်။
ကိုရင်မှာ ဆွမ်းခံအိမ် (၂၀) ခန့်ရှိသည်။  ဆွမ်းခံအိမ် (၂၀) ဆိုပေမယ့် ပြေားရဦးမည်၊
 ဆွမ်းခံအိမ်ဆိုရာမှာ နှစ်မျိုး နှစ်စားရှိသည်
(၁) ထိုင်အိမ်နှင့်
 (၂) ရပ်အိမ်တို့ဖြစ်သည်။
ထိုင်အိမ်ဆိုသည်မှာ … ကိုရင်ကို ဆွမ်းဒကာအဖြစ်ခံယူပြီး ဆွမ်း၊ ဆွမ်းဟင်းများကို ဂရုတစိုက်လောင်းသော အိမ်ဖြစ်သည်။
 ရပ်အိမ်ဆိုသည်မှာ .. ကိုရင် ဆွမ်းကြွ၍သာ ဆွမ်းလောင်းသည်။ တစ်ခါတစ်ရံ ဆွမ်းဟင်းများ မလောင်းလှူတတ် ၊ တစ်ခါတစ်ရံ အလုပ်ရှုပ်နေလျှင် “ကန်တော့ဆွမ်းပါဘုရား” ဟုဆို၍ အိမ်ပေါက်ဝက ပြန်ကြွရတတ်သည်။

ကိုရင်တစ်ပါး.. ဆွမ်း၊ဆွမ်းဟင်း ရသည်ဖြစ်စေ မရသည်ဖြစ် နေ့တိုင်းလိုလို အိမ်တိုင်းစေ့ ဆွမ်းကြွရသည်။ ဆွမ်းကြွရင်းလည်း .. ဆွမ်းဒကာ ၊ဆွမ်းဒကာမများ ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့ပါသည်။
တစ်နေ့..  ဆွမ်းထိုင်အိမ် တစ်အိမ်၌ .. ဆွမ်းကြွကိုယ်တော်များ  ထိုင်ရန်ခင်းထားသော ထိုင်ခုံပေါ်တွင် စက္ခုနြေ္ဒချကာ  ကိုရင် ထိုင်းနေလိုက်သည်။
ဝိနည်းစည်းကမ်းအရ ဆွမ်းကြွကိုယ်တော်များ “ ဆွမ်းတော်ဗျို့” ဟု အသံပြု အော်ခေါ်၍မရ ဒါ့ကြောင့် အချို့ ဆွမ်းကြွကိုယ်တော်များတွင် ကျောင်းသားလေးများပါတတ်သည်။ ကိုရင်မှာတော့ နောက်ပါကျောင်းသား မပါ၍ စက္ခုနြေ္ဒချကာ  ဆွမ်းလောင်းမည့် ဒကာကို စောင့်နေရသည်။

တော်တော်ကြာလာတော့ ..အိမ်ရှင်များကို အော်ခေါ်လို့လဲ  ဝိနည်းမလွတ် ..။  ဝိနည်းလွတ်သောနည်းဖြင့် ချောင်းဟန်းရတော့သည်။
အဟမ်း.. အဟမ်း…။
ချောင်းဟန်းသံကြားမှာ.. အိမ်ခန်းထဲမှ ဒကာမလေးအသံထွက်ပေါ်လာသည်။  
“ဘုန်းဘုန်းဘုရား
ဘုန်းဘုန်း ကတော့ပါဘုရား….
 တပည့်တော် အချိန်လေး နည်းနည်းပေးပြီးစောင့်ပါဘုရား။ အမေတို့ဈေးသွားလို့ တပည့်တော်မကို  ဆွမ်းလောင်းခိုင်းခဲ့တယ်ဘုရား။  တပည့်တော်လက်သဲနီဆေးဆိုးနေတာ မပြီးသေးလို့ ခဏစောင့်ပါဦး ဘုရား”တဲ့။

ကိုရင်နည်းနည်းတော့ စိတ်ချမ်းသာသွားသည်။ အိမ်မှာဆွမ်းလောင်းမည့်သူရှိတော့ ဝမ်းသာသွားသည်။ စကားဘာမှ မတုန့်ပြန်ပဲ ငြိမ်နေလိုက်သည်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း၊ သဘောတူညီးခြင်းပဲ မဟုတ်လား။
ဆယ်မိနစ်ခန့် ကြာသောအခါ ဆွမ်းဒကာမလေး လက်သဲနီအလှ ဆေးဆိုးထားသော လက်ချောင်းလေးများကို  ဆေးမြန်မြန်ခြောက်အောင် ပါစပ်မှ လေမှုတ်ကာ  သံဃာတော်များဆွမ်းလောင်းရာ နေရာသို့ ရောက်လာသည် “ဆွမ်းဒကာမလေးက  ကန်တော့ဘုရား  ကိုရင်စောင့်ရတာ ကြားသွားလားဘုရား”တဲ့

ဒကာမလေးလည်း ကျေးဇူးရှင်ဆွမ်းးကာပဲ မဟုတ်လား ။ ဒီတော့ကိုရင်က.. မကြာပါဘူး ဒကာမရယ် .. ကိုရင်လည်း  စောင့်ရင်းအနားရတော့ အမောပြေသွားတာပေါ့ဟု ပြောတော့ ဒကာမလေးစိတ်ချမ်းသာ သွားသည်။
ထိုနောက် ဒကာမလေးက.. “မေမေတို့က ပြောတယ် ကိုရင်လေးကို ကြက်သားဟင်းလောင်းလှူလိုက်တဲ့ ၊ ဒီနေ့ဆွမ်းဟင်းကတော့ ကြက်သားဟင်းဘုရား”တဲ့
ဆွမ်းဒကာ ၊ဆွမ်းဒကာများ ကျန်းမာပါစေ၊ ဒကာမလေးလည်း လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ မေတ္တာပို့ သရင်းဖြင့် ပြန်ကြွခဲ့ပါသည်။ ဒကာမလေးကတော့ အနီရောင်လက်သဲနီများဖြင့် လှပသော လက်ဆယ်ချောင်းကို ဦးတော်တင်လျှက် ကျန်ရစ်ခဲ့ပါသည်။
အညာနွေ .. နေပူကြဲကြဲမှာ….ခပ်သုတ်သုတ်ပြန်ကြွရင်း ကျောင်းရောက်တော့
ဒေါင်…ဒေါင်…ဒေါင်…
နေ့ဆွမ်းစား သံချောင်းခေါက်လေပြီ.. သံဃာတော်များလည်း ဆွမ်းစားကျောင်းမှာ စုံလင်စွာရောက်နေပါပြီ။
နောက်ကျနေသူကတော့ … ဆွမ်းဟင်းကောင်းတစ်ခွက်ရခဲ့သော … ကိုရင်ပင်… မဟုတ်ပါလား…။

မြန်မာပြည်မှ ဆွမ်းဒကာများကို သတိရခြင်းများစွာဖြင့်…။
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

Saturday, September 20, 2014

နာနာဘာဝ ဘ၀ရောက်ခဲ့စဉ်အခါက(ပြည်သတင်း/ဟာသ

Leave a Comment
နာနာဘာဝ ဘ၀ရောက်ခဲ့စဉ်အခါက(ပြည်သတင်း/ဟာသ)
*************************************

"ဖြန်း"
"ဟဲ့ကောင်မ.......မှတ်ပြီလား.......နင်ငါတို့မိသားစုကို ဘာဒုက္ခပေးချင်လို့လဲ.....
ငါတို့မိသားစုဆီကဘာလိုချင်လို့လဲ"

ဆူဆူညံညံအသံများကြောင့်အိပ်ရာကနိုးလာခဲ့သည်။အိပ်ရေးကမ၀သေး မနက်လေးနာရီခွဲလောက်ကမှ အိပ်ရာထဲဝင်ခဲ့ရသည်။
ခုဘယ်နှစ်နာရီပါလိမ့် ။ကိုးနာရီထိုးလုပြီပဲ။အခန်းတံခါးဖွင့်ကြည့်တော့ ဧည့်ခန်းတွင် ဘုန်းကြီးများနှင့် လူရုတ်ရုတ်သဲသဲတွေ့ရ၏။
အလယ်တွင်ခေါင်းစုတ်ဖွားနှင့် ကတုန်ကယင်ဖြစ်နေသူက ဒေါ်မိခိုင် ။သူမကို ပါးတဖြန်းဖြန်းချနေသူက သူမ၏အစ်ကိုအကြီးဆုံး
ကိုလေးနိုင်။
ကျွန်တော်ငှားနေသောအခန်းပိုင်ရှင်များဖြစ်၏။မောင်နှမအားလုံးအပျိုကြီးလူပျိုကြီးတွေဖြစ်ကြ၏။အငယ်ဆုံးနှမတစ်ယောက်
မှာသာသားသမီးရှိ၏။မောင်နှမများစုနေကြသည်။ညီမကိုပါးချနေသဖြင့်တော်တော်ရက်စက်တဲ့အစ်ကိုပဲလို့တော့အမြင်မစောင်းစေချင်။
ပုံမှန်အားဖြင့်ညီမများအပေါ်အလွန်ချစ်သောအစ်ကိုကြီးဖြစ်သည်။ယခုအခြေအနေကတော့တစ်မျိုးဖြစ်၏။ဒေါ်မိခိုင်မှာမွေးရာပါ
ဆွံ့အသူဖြစ်၏။မကြာခဏဆိုသလို စုန်းပူးသလို နတ်ပူးသလို ၀ူးဝူးဝါးဝါးဖြစ်တတ်သည်။သရဲဝင်ပူးသည်ဟုဆိုကြ၏။မကြာခဏဆိုသလို
ပယောဂကုခြင်း ဘုန်းကြီးပင့်ကမ္မ၀ါဖတ်ခြင်းများရှိတတ်သည်။ထိုကိစ္စမျိုးများအား သူတို့ဆီရောက်မှ မြင်ဘူးခြင်းဖြစ်သည်။
ကျွန်တော့်စိတ်ထင်တော့ ဟစ်စတီးရီယားလို စိတ်ဝေဒနာတစုံတခုဖြစ်မည်ထင်၏။ဒါကထားပါတော့....စိတ်ရောဂါလို့ပြောလျင်လဲ
ရူးနေတယ်ပြောရကောင်းလားဖြစ်ဦးမည်။ခုကိုလေးနိုင်ပါးပိတ်ရိုက်နေသည်မှာ သရဲကိုဖြစ်၏။သရဲတော့မသိ ဒေါ်မိခိုင်ကတော့
အဗျင်းခံနေရပြီဖြစ်သဖြင့် မနေတတ်မထိုင်တတ်ပဲ ၀င်ဆွဲရ၏။သူမခေါင်းကစုတ်ဖွားဖွား၊မျက်စိနီကြောင်ကြောင်နှင့် သူငယ်အိမ်ကလည်နေ၏။လျှာတွဲဗလာင်းကြီးထုတ်ထားသည်မှာအတော်ရှည်၏။စကားမပြောတတ်ပေလို့ပေါ့။ပြောတတ်ရင်
ဒီလိုလျှာရှည်ပုံမျိုးနှင့်မလွယ်။လျှာကြီးက မည်းမည်းပြာပြာကြီးဖြစ်နေ၏။
ဘုန်းကြီးလေးများက ငယ်သေး၏။ကမ္မ၀ါစဖတ်တော့ ဒေါ်မိခိုင်ကို ပရိတ်ကြိုးနှင့်ပတ်၍ ထိုင်ခိုင်းထား၏။ဦးဇင်းလေးများက စတင်ရွတ်ဖတ်ကြသည်။ ကျွန်တော်က အပေါက်ဝမှာရပ်ကြည့်သည်။ သရဲပူးတာလာကြည့်သောပရိသတ်ကမနည်းလှ။ကျွန်တော်လဲ
မျက်နှာမသစ်ဖြစ်သေးပဲ ခန ရပ်ကြည့်မိ၏။
ဘာညာသာရကာရွတ်နေရင်းမှ ဒေါ်မိခိုင်က ရုတ်တရက်ထပြေးသည်မှာ ကျွန်တော့်ဆီတည့်တည့် ။ကြောက်အားလန့်အားထပြေးသူကပြေး၏။ ကျွန်တော့်ဆီပြေးဝင်လာသော ဒေါ်မိခိုင်ကို ဆီးဖမ်းထားလိုက်
ရ၏။ကျွန်တော့်လက်ထဲတွင် ပျော့ခွေကျသွားသဖြင့်အလိုက်သင့်ထိန်းကာထိုင်ချလိုက်ရ၏။ကိုလေးနိုင်ပြေးပွေ့၏။
မကြာမီသတိလည်လာပုံရသည်။ လျှာကသွေးရောင်ပြန်လွှမ်းလာသည်မှာအံ့သြစရာ။

"ညီမလေး....သတိရပြီနော်.....ပါးကဘယ်လိုနေလဲ ....မနာဘူးမဟုတ်လား....အကိုကြီးကမုန်းလို့ရိုက်တာမဟုတ်ဘူးနော်..
ညီမလေးကိုဝင်ပူးတဲ့အကောင်ကိုရိုက်တာ....ညီမလေးကိုရိုက်တာမဟုတ်ဘူးနော်.....အာဘွား....အာဘွား..."

တတ်လဲတတ်နိုင်တဲ့လူ။ခုနကတော့ပါးပိတ်ချနေပြီး ခုကျအာဘွားဆိုပဲ။ကျွန်တော်ပြုံးမိ၏။ခုမှကျွန်တော့်ကို အာရုံပြုမိဟန်
တူသည်။

"ဟာ....ဟေ့ကောင်.....မင်းကဘာလို့ဝင်ဖမ်းရတာလဲ.....မင်းဆီဝင်ပူးတတ်တယ်...လွှတ်ပေးလိုက်ရတယ်"

"ဖမ်းမထားလို့ အောက်ပြုတ်ကျရင်ဘယ်လို လုပ်မတုန်းဗျ"

သည်မှာတစခန်းထတော့သည်။

"ဟုတ်တယ်.....ဟုတ်တယ်...သူ့ကို ၀င်ပူးချင်ပူးမှာ...ကြည့်ပါလားမျက်လုံးကြီးကနီလို့"

အိပ်ရေးပျက်လို့နီနေတာနေမှာပေါ့။နီရုံတင်မကချိုင့်ပါချိုင့်နေပြီ။

"ခေါင်းကလဲစုတ်ဖွားဖွားနဲ့"

ခုမှအိပ်ရာထတာ မစုတ်ဖွားလို့ဘယ့်နှယ်လုပ်မတုန်း။

"ဟောလက်တွေလဲတုန်နေတယ်တွေ့လား"

ကျွန်တော့်လက်က အော်ရီဂျင်နယ်အတုန်ဖြစ်၏။အကြောအားနည်းတာလားဘာလားတော့ မသိပါ။တုန်တာတော့တုန်၏။
စိတ်များဆိုးလာရင်တကိုယ်လုံးပါ တုန်၏။

"မဟုတ်ပါဘူးဗျ....မျက်စိက အိပ်ရေးပျက်လို့ လက်က............"

"ဘာမှလာရှင်းပြမနေနဲ့.....ချကွာ......"

ဘယ်တုန်းကတည်းက သောက်မြင်ကပ်နေမှန်းမသိသူက ပြေးရိုက်တာလှမ်းမြင်သဖြင့် အကျင့်ပါနေသော လက်ဝါးစောင်းကဆီးခုတ်မိ၏။လက်ခုံကိုခုတ်မိသည်။

"ဟာ.......ဓါတ်လိုက်သလိုပဲ ကျဉ်တက်သွားတယ်.....သူ့ကိုမထိကြနဲ့ဟေ့.....ဒီတခါပူးတာ ပိုအစွမ်းရှိတဲ့သရဲဖြစ်မယ်"

ဟိုက်........သွားရှာပြီ။

"မဟုတ်ပါဘူးဗျ.......ခင်ဗျားလက်ခုံမှာ ကျဉ်ကြောရှိတယ် အဲဒါကို ထိမိရင် အဲဒီလို......"

"ဖြန်း"

ဘယ်သူကရေနဲ့ ပက်သည်မသိ။ရွှဲတော့ရွှဲသွားရ၏။ကြည့်ရတာ ဘုရားပန်းအိုးထဲကရေဖြစ်မည်။ပုပ်စော်နံ၏။
ပရိတ်ကြိုးဟူသော အပ်ချည်လုံးဖြင့်တယောက်ကပတ်၏။တယောက်ကပုတီးလာဆွဲ၏။ဆံပင်ရှည်ရှည် သရီးကွာတားနှင့်
မုတ်ဆိတ်ထိုးထိုးထောင်ထောင် ပုတီးလည်ပင်းဆွဲထားသော ကျွန်တော့်ပုံမှာ ဘာနှင့်တူနေမလဲတော့မသိ။
သူတို့ကိုလဲအပြစ်မပြောသာ။ကျွန်တော်နှင့်အတူတူနေသော တပည့်ကတောင်ညဘက်ကျွန်တော် ကွန်ပျူတာရှေ့ထိုင်နေလျင် စေ့စေ့မကြည့်ရဲဟုဆိုသည်။စုန်းမကြီးလိုလို၊သရဲကြီးငုတ်တုတ်ထိုင်နေသလိုလို မြင်မိသည်ဆို၏။
ခုတော့ပရိတ်ကြိုး ပုတီးအခန့်သားနှင့် ဘုန်းကြီးများရှေ့ရောက်နေပြီ။ဘုန်းကြီးလေးများက စတင်ရွတ်ဖတ်ကြပြန်၏။
သူတို့ကြည့်ရသည်မှာ ကြောက်နေဟန်တူသည်။အတွေ့အကြုံနည်းသေးသော ဦးဇင်းလေးများဖြစ်ဟန်တူ၏။ကျွန်တော့်ရှေ့က
ဦးဇင်းလေးကိုကြည့်ရာဆောင့်ကြောင့်ထိုင်နေသည်မှာ ကြုံ့ကြုံကလေး။ကျွန်တော့်ကိုမကြည့်။အမှတ်မထင်လှမ်းအကြည့်နှင့်
ကြုံ၍ နောက်ချင်စိတ်ပေါ်လာသည်နှင့် ရယ်ပြလိုက်၏။နောက်သို့ပိုဆုတ်သွားသည်။

"နမော တဿ ....ဘဂ၀တော..........................
....................................................................................................
........................................................................................................."

ဘာတွေလဲတော့မသိ ......ဒီတိုင်းဆို အတော်ကြာဦးမည်ထင်၏။ဘာလုပ်ရကောင်းမလဲ။မထူးပါဘူး။ရှေ့ကပန်းကန်ထဲက
ငှက်ပျောသီးတလုံးယူစားရင်းစဉ်းစားရ၏။

"ဟောတွေ့လား......ဒီသရဲက အတော်အကြောမာတယ် .........ငှက်ပျောသီးတောင်ယူစားနေတယ်...ငတ်ကြီးကျပါ့...."

စဉ်းစားရင်းတခုသတိရသဖြင့် အငယ်ဆုံးဒေါ်မိနိုင်၏သား အငယ်ကောင်ကိုလှမ်းခေါ်လိုက်ရ၏။ဒီကောင်က ဂစ်တာရူး။
ကျွန်တော့်ဆီဟိုအကွက်လာမေး။ဒီအကွက်လာမေးမေးသည့်အကောင်။

"အငယ်ကောင်......ငါ့ကိုဂစ်တာယူပေးစမ်း......အူကြောင်ကြောင်လုပ်မနေနဲ့....သွားယူ"

အငယ်ကောင်ကဂစ်တာယူလာ၏။

"ဒီမှာ......ကျုပ်သရဲမဟုတ်ကြောင်းပြမယ်နော်....သရဲဆိုဂစ်တာတီးတတ်ပါ့မလား......
အငယ်ကောင် ညကငါ့ကိုတီးပြခိုင်းတာ ဘာသီချင်းလဲ"

"ဟို.....လေးဖြူလေ......ဒန်တန့်တန့်တန်.....တန့်တန်....ဆိုတဲ့ဟာ"

"အော်ဟုတ်ပြီမှတ်မိပြီ......ဒါမဟုတ်လား...........
ငရဲကိုဖေါက်ထွက်.......ဟေ့ဟေ့
သေခြင်းရဲ့တံခါးများ"

အကုန်ဘေးကိုရှဲကုန်၏။ဟုတ်သားပဲ သရဲပူးနေပါတယ်ဆိုမှ ဒီသီချင်းမဟန်သေးပါဘူး။နောက်တပုဒ်ပြောင်းမှ

"သူခေါ်တယ်လာပါလာပါ.....ညညဆိုကြားရ ကြားရ"

ဒါကပိုဆိုးနေပါလား.......သောက်ရေးထဲ ဘယ်လိုလုပ်ဒီသီချင်းတွေ ပါးစပ်ထဲလာရောက်နေပါလိမ့်..........
မထူးပါဘူး ကလပ်စစ်ကယ်လ်တေးသွားအငြိမ်လေးတစ်ပုဒ်ကောက်တီးလိုက်၏။မဆိုးလှ ငြိမ်ကျသွားသည်။
အပျိုကြီးတယောက်ကတရှုံ့ရှုံ့နဲ့ ထငို၏။ဘာဖြစ်တာလဲဆိုတော့ အွန်စောကိုသနားလို့တဲ့...အွန်စောသေတဲ့အခန်း
ထဲကတီးလုံးလေးမို့တဲ့....အော်ဟုတ်သားပဲ.......ဒီ Romance ဆိုတဲ့အပုဒ်ကို ကိုရီးယားကားတွေတော်တော်ယူသုံးကြ၏။
"ကိုလေးနိုင်.......ယုံပြီလား.....ကျုပ်သရဲမဟုတ်ဘူးနော်.....မယုံရင်နောက်တခုထပ်ပြမယ်.....ကျုပ်ကိုစာရွက်နဲ့ဘောပင်
တစ်ချောင်းလောက်ယူပေး......"

"ဘာ.......ဘာ....လုပ်မလို့လဲ....အင်းတွေ ဘာတွေမရေးရဘူးနော်"

အရေးထဲဒီလူကတမှောင့်......ရန်ကုန်မြို့လည်ခေါင်းမှာနေပြီး ဂမ္ဘီရကြောင်ကြောင်နေသည်။စုန်းကဝေနတ်ဘိုးတော် အကုန်ယုံ၏။
ဂွကျပါ့ကွာ။

"အင်းမဟုတ်ပါဘူးဗျာ......ကယ်ရီကေးချား.......ခင်ဗျားပုံရုပ်ပြောင်ရေးပေးမလို့......သရဲဆိုပုံဆွဲတတ်ပါ့မလား"

စာရွက်နဲ့ဘောပင်ရတော့ ရုပ်ပြောင်ကောက်ဆွဲပေးလိုက်သည်။ဒီနည်းလဲမဆိုးလှ ၀ိုင်းကြည့်ရင်းသဘောကျကုန်ကြ၏။

"ဟဲ့ ကိုလေးနိုင်ကြီးနဲ့တူတယ်တော့.....ဗိုက်ပူပူ နဖူးပြောင်ပြောင်လေး"

"ငါ့လဲတပုံလောက်ဆွဲပေးပါလား"

"ညီမလေးကိုပုံတူလှလှလေးတပုံလောက်"

"ဟိုးထား.....ဟိုးထား......တော်ပြီလေ.......ကျုပ်သရဲမဟုတ်ကြောင်းလက်ခံပြီမဟုတ်လား"

"အင်း ..........ဟုတ်တော့ဟုတ်လောက်ပါတယ်.....ခုနကတော့ ရုပ်ကြီးကတမျိုးကြီးနော်..........."

"ဘာတမျိုးကြီးမှမဟုတ်ဘူး.......ကျုပ်အိပ်ရာထလို့ အိမ်သာတက်ချင်နေတာ.......ခင်ဗျားတို့သောက်လုပ်ရှုပ်နေကြလို့
အောင့်ထားရတာ"

"အေး......ဒါကြောင့်ထင်သား......ဒီသရဲက အပုပ်နံ့ပါပေးတယ်လို့"

"အဲဒါအပုပ်နံ့မဟုတ်ဘူး.....အီးနံ့ဗျ.....အီးနံ့........ရှူဦးမလား.......
ဖယ်ကြဗျာ ကျုပ်အိမ်သာတက်ချင်လှပြီ......"

ပြောပြောဆိုဆို အိမ်သာဆီပြေးကာထိုင်ချရင်းမှ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်ကာ တဟားဟားရယ်မိ၏။

"ဟော အိမ်သာထဲမှာပူးပြန်ပြီထင်တယ်"

"ဟုတ်တယ်ဗျို့ ပူးလဲပူးတယ်ခွလဲခွတယ် တတုံးပေါ်လဲတတုံးထပ်တယ် လာကြည့်ကြဦးမလား"

စိတ်ပေါက်ပေါက်နှင့်ထအော်လိုက်တော့မှ ဧည့်ပရိဿတ်အပေါင်းမှာ လျင်စွာငြောင်းကြလေတော့သည်။

..........................
လဂွန်းအိမ်

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Friday, September 19, 2014

ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း(ပြည်သတင်း/ဟာသ)

Leave a Comment

ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း(ပြည်သတင်း/ဟာသ)
*************************************************

သူဌေး ..... "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"

သူဌေး........ "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊ ဆံပင်ဖြီးတာတို့... "

ဝန်ထမ်း ..... "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"

သူဌေး..... "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"

သူဌေး.... "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"

ဝန်ထမ်း.... "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."

ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေ
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Thursday, September 18, 2014

ထူးထူး ခြားခြား မြန်မာပြည်က အထူးဘတ်စ်ကား(ပြည်သတင်း/ဟာသ)

Leave a Comment

ထူးထူး ခြားခြား မြန်မာပြည်က အထူးဘတ်စ်ကား(ပြည်သတင်း/ဟာသ)
**************************************************
ဒီတစ်ခေါက် ကျွန်တော်သဘောင်္မှ ပြန်လာတော့ မြန်မာနိုင်ငံမှာ အတော်ထူးခြားသော

အပြောင်းအလဲများကြုံရပါသည်…တစ်ခေါက်တစ်ခါပြန်လာတိုင်းလည်း ကြုံနေရခြင်းဖြစ်သည်… ဒါပေမယ့်

ဒီတစ်ခါကတော့ အတော် ပြောင်းလဲသွားသည်ဟု ဆိုရမည်ဖြစ်သည်…. ရှော့ပင်းမောများ

အပြိုင်းအရိုင်းပေါ်ထွက်လာသည်…. ဆယ်လိုတိတ်ကပ်ပိုက်ဆံများ အတော်ပပျောက်သွားသည်…

ဒေါ်အောင်ဆန်းဆုကြည် ၏ပုံများ လွတ်လပ်စွာဝယ်ယူခွင့်ရလာသည်…

ဒီမိုကရေစီလမ်းကြောင်းပေါ်အမှန်တကယ်နီးပါးလျှောက်လှမ်းလာသည်…. ကြားဖြတ်ရွေးကောက်ပွဲမှာ

ခွပ်ဒေါင်းတွေ အပြတ်အသတ်နိုင်ပြန်သည်…ကားဈေးတွေ တမဟုတ်ချင်းထိုးကျသွားသည်… လွတ်လပ်စွာ

ကားတင်သွင်းခွင့်တွေပေးလာသည်…. ဖုန်းဈေးတွေ ထိုးကျကုန်သည်…. ဘတ်စ်ကားများ လည်း

အတော်ပေါများလာပါသည်…..

ပြောချင်သည်က အဲဒိ ဘတ်စ်ကားပဲဖြစ်သည်… ဘတ်စ်ကားများ ပေါများ လာတာ ၀မ်းသာစရာပေါ့ဆိုတော့..

လက်ခံပါသည်… တကယ်ကို ၀မ်းသာစရာကောင်းပါသည်…

မထသကလည်း.. အထူးယာဉ်များ ပြေးဆွဲပေးသည်… ပါရမီကားများ လည်း

အတော်များလာသည်…အဓိပတိက လည်း ဖြူနီဝါပြာ စသဖြင့် လိုင်းပေါင်းများ စွာပြေးဆွဲပေးနေသည်…

အလွန်ကောင်းပါသည်…. ကားကို ရုံးဆင်းရုံးတက်ချိန်လောက်မှ လွဲရွှေ့ ကျန်အချိန်များတွင် သက်တောင့်

သက်သာ ထိုင်စီးနိုင်လာပါသည်…

သို့ သော် ကျွန်တော် အတော်ကလေး မရှင်းသည့် အချက်တစ်ချက်ကို တွေ့ရပါသည်… အထူး.. (special)

ဆိုသည်.. ယာဉ်လိုင်းများက .. လူတစ်ဦးကို နှစ်ရာကောက်ပါသည်…. အဓိပတိက လည်း ထူးတယ်ဟု ဆိုကာ

ဘယ်စီးစီးနှစ်ရာကောက်သည်…. ၃၉ အထူးဆိုလျှင်တစ်ခါတစ်လေ .. သုံးရာတောင်

တောင်းတတ်သေးသည်… ရွှေဧည့် သည် ကတော့ နှစ်ရာဖြစ်လိုက်သုံးရာဖြစ်လိုက်

ကောက်ချင်သလိုကောက်သည်….

ဒီလိုတွေ ကောက်တာတော့ ဟုတ်ပါပြီ.. အဲဒီ အထူးယာဉ်တွေက ဘာထူးခြားလို့ တုန်းဆိုတော့…. ထိုင်ခုံ ပိုများ

ပြီး ပေါက်ပြဲနေသော ဆိုဖာများရှိနေခြင်းမှ လွှဲရွေ ဘာမှ ပိုမထူးတာတော့ သေချာသည်…

ထိုင်ခုံပြည့်လျင်မတ်တပ်လည်း တင်သည်…. ဒါဆို ဘာလို့ နှစ်ရာကောက်တာလဲ စဉ်းစားလို့ မရဖြစ်မိသည်….

ထိုင်ခုံဆိုလို့ လည်း… ထိုင်ခုံဆိုရုံပဲဖြစ်သည်… ကျွန်တော်က သဘောင်္သားဆိုတော့

ဘိုက်အနည်းငယ်ရွှဲပါသည်… ဂတ်စ်အိုးများ… ပေါ်တွင်… စောင့်ကြောင့်ထိုင်ရုံသာသာ ထိုင်ခုံများ.. မှာ..

အတော်ကလေး… ဒုတ်ခပေးပါသည်… နောက်တစ်ခုက သုံးယောက်ခုံဟု ဆိုသော ခုံမှာ.. လူခပ်ပိန်ပိန်…

သုံးယောက်သာ ကျပ်ညပ်ထိုင်နိုင်ရုံဖြစ်နေသည်…. ကျွန်တော့ စိတ်ထင်… အီသီယိုးပီးယားမှ လူများ ကျော

အကျယ်နှင့် တိုင်းရွေ့ လုပ်ထားသော ထိုင်ခံဖြစ်မည်ထင်သည်… ဒီကြားထဲ ထိုင်ခုံတွေမှာ လူများများ

ထိုင်နိုင်အောင်… ရှေ့ ခုံနောက်ခုံကို ကျပ်ညပ်ထားပါသည်… တစ်ခုတော့ ကျေးဇူးတင်စရာရှိသည်…

ကျန်းမာရေးရှုထောင့်မှကြည့်လျှင်ဖြစ်သည်.. မြန်မာပြည်မှ ဘတ်စ်ကားစီးလိုလျှင်…အဆီအဆိမ့်လျှော့စား….

အငန်လျှော့စား ပိန်အောင်လုပ်… မဟုတ်လို့ ကတော့ တက်စီးဖို့ ပင်မစဉ်းစားလေနှင့်……

တစ်ခါကဆို ကျွန်တော်အတော်လေးဒုတ်ခရောက်ပါသည်… တက်လိုက်သည်က ၁၅၇ ဖြစ်သည်

မြောက်ဥကလာသွားသော ကား…. အဆင်ပြေရာခုံဆိုတော့.. နှစ်ယောက်ထိုင်ခုံတစ်လုံးမှာ

ဝင်ထိုင်လိုက်သည်… ကိုယ်က လူဝမဟုတ်လား… သုံူးယောက်ထိုင်ခုံဆိုလုံးဝမဖြစ်… ဒါပေမယ့်

ထုံးစံအတိုင်းဒူးက မလွတ်.. ဒူးကို နည်းနည်းလျှောပြီး ရှေ့က ခုံအောက်မှာ သွင်းစီးရသည်… ထိုင်ရတာကို က

အတော်ကိုးလို့ ကန့်လန့်ဖြစ်နေသည်… ကားစထွက်တော့…. ဘရိတ်ကို စောင့် အုပ်တိုင်း… ကျွန်တော့

ပေါင်းနှင့်… ရှေ့ ခုံမှ သံတန်းသွားသွားစောင့်မိပါသည်….စီးလာရင်းကနေ .. ကျွန်တော်ကျွန်တော့

ခြေထောက်ကို ပြန်ထိလို့ မရဖြစ်လာသည်…. ကျင်လာသည်.. ထုံလာသည်… ဒါနဲ့ ကြိတ်မှိတ်စီးလြာ့ပီး ..

မြောက်ဥကလာ ရောက်တော့မှ… ဆင်းလိုက်သည်… ထုံးစံအတိုင်း အလယ်လမ်းမှာ လူပြည့်တင်ထားတာမို့

အတော်တိုးထွက်ရသည်….. စပါယာလေးကလည်း ကူတော့ ကူညီရှာပါသည်… ကားအောက်ရောက်တော့

ကျွန်တော့ ခြေထောက်က လမ်းလျှောက်လို့ မရတော့ .. အတော်ထုံပြီး ကျင်နေပြီ..

အေးစက်စက်ကြီးဖြစ်နေသည်… ကြွက်တက်ချင်သလိုပင်ဖြစ်လာသည်…

ဒီအတိုင်းခပ်ကြာကြာလေးရပ်နေရင်းခြေထောက်ကို ခါလိုက်ပြန်ဆန့်လိုက် လုပ်တော့ မှ

အနည်းငယ်သက်သာပြီးလှမ်းလျှောက်လို့ရသည်…..

ဒါက ထိုင်ခုံကိတ်စဖြစ်သည်… အထူးထိုင်ခုံဟု သာ ကျွန်တော်မှတ်ယူထားလိုက်ပါသည်…

နောက်တစ်ချက်က လူပြည့်တင်သည့်ကိတ်စ…. ဒါကလည်း နှစ်ဦးနှစ်ဘက်လုံးတာဝန်ဖြစ်သည်.. အစက

ထိုင်ခုံပြည့်သာ လူတင်သည်ဆိုသောကားများ.. ထိုင်ခုံပြည့်လူတင်ရန်.. ထိုင်ခုံနေရာနွေ အများကြီးလုပ်ပြီး….

လူသွားလမ်းကို ကျဉ်းနိုင်သမျှ ကျဉ်းထားလိုက်သည်….. အခုတော့ ထိုင်ခုံပြည့်လျှင်…

မတ်တပ်ပါတင်လာသည်.. ဘယ်သူမှလည်း မဖမ်း.. မတား…

ခရီးသည်ဘက်ကလည်း အိမ်မြန်မြန်ရောက်ချင်ဇောဖြင့် မတ်တပ်လည်း လိုက်သည်… လိုက်တော့

တင်သည်ပေါ့…. ဒိကိတ်စက ..အတက်အဆင်းကျမှ ဒုတ်ခရောက်တော့ သည်…အလယ်လမ်းက

ကျဉ်းလွန်းသောကြောင့်… ထွက်သည်အခါ အတော်တိုးထွက်ရသည်.. ဒီလောက်ကျဉ်းတဲ့ အလယ်လမ်းမှာ

လူနှစ်ယောက်စီကို ကျောကပ်ရွေ့ စနစ်တစ်ကျ ထည့်တတ်သော စပါယ်ယာနေရာချတတ်ပုံကို ကြိတ်ရွေ့

ပင်ချီးကျူးမိသေးသည်…ကျွန်တော်က ခပ်၀၀မို့… ပို ဒုတ်ခရောက်ပါသည်… အချို့ ခရီးသည်များ ကတော့

နားလည်မှုရှိကြသည်.. ကိုယ်ကို ယို့ ပေးတာ ဘာညာလုပ်သည်… တစ်ချို့ကျတော့ ခပ်မာမာပဲဖြစ်သည်.. ဒါကို ကိုယ်က အတင်းတိုးမိပြန်လျှင်လည်း… (အဲလောက်ဝရင်လည်း ဘတ်စကားစီမနေပါနဲ့လား…. )ဘာညာနှင့် အပြောခံရပါသည်…. (မကြားတကြားဖြစ်သည်) ကျွန်တော်ကလည်း လူစွာပဲကို .. ဒါမျိုးပြောလို့ ကတော့...  ပိုဖိပြီးတိုးပြစ်လိုက်သည်ချည်း.. ကိုယ်က ခံရသည်မဟုတ်သူက အတိုးခံရသူ သူပဲနာမည်.. ထားပါလေ…

ဒီကြားထဲ အထိမခံရွှေပန်းကန် မမများနှင့်တွေ့လို့ ကတော့ သေပြီသာမှတ်.. (ဘာလို့ အတင်းတိုးတာလဲ…

နင့်အကြံသိတယ်နော်.. ဟင်းဟင်း ဘာညာ) လုပ်တတ်သေးသည်.. အဲဒီလို အော်လို့် ချောချောလှလှ

ချစ်စရာလေးဟု မထင်ပါနှင့်.. ရွက်ကြမ်းကို နှစ်ရေသုံးရေကြိုထားတဲ့ ရုပ်ကို မှ အသက်က ..သုံးလေးဆယ်..

အပျိုမှ အတော်ဟိုင်းသောအရွယ်မျိုးဖြစ်သည်.. ဒါကြီးတွေက ပို တတ်သည်ပဲလေ… ကြည့်ရှောင်ရပါသည်…

ဒါက အလယ်လမ်းပြသနာဖြစ်သည်… ထူးလည်း ထူးတဲ့ အလယ်လမ်းမို့ အထူးအလယ်လမ်းဟု သာ

မှတ်ယူထားလိုက်ပါသည်…

နောက်ပြသနာတစ်ခု က…. စပါယ်ယာဖြစ်သည်…

ဒီကိတ်စကို အရင်ကတော့ ဂျာနယ်တွေမှာ စပါယ်ယာတွေ အတော်ဆိုးလို့ ရေးလိုက်ကြတာ.. စပါယ်ယာများ

အတော်ကလေးငြိမ်ကုတ်သွားသေးသည်… အခု တစ်စခန်းပြန်ထလာပြန်သည်…. ကဲ

ပြန်ပြောရလျှင်သဘောင်္သားမို့ ကျွန်တော်က ၀ပါသည်… တစ်ရက်တော့… မထသ ၃၉ အထူးကားကို အိမ်ရှေ့

မှတ်တိုင်ကနေတက်စီးလိုက်သည်… မထသစပါယ်ယာများ ကလည်း ယူနီဖောင်းနှင့်ဖြစ်သည်.. သို့ သော်

ရင်ဘတ်ဟပြဲ … ကွမ်းတပြစ်ပြစ်… ဘောင်းဘီခေါက်လျှက်နှင့်… ဒါတွေထားပါလေ.. ရာသီဥတုက ပူသကိုး…

သူတို့ ကိတ်စပဲပေါ့… ကားပေါ်ရောက်တော့ ကျွန်တော့လို ပဲ ခပ်၀၀တစ်ယောက်ကရှေ့နားမှာစီးလာသည်..

ကျွန်တော်လည်း အနောက်ကို မတိုးတော့ အရှေ့ ကိုသာတိုးပြီး… ထိုခပ်၀၀လူအနားကို သွာ့းရပ်လိုက်သည်..

အနောက်ကို တိုးလျှင် လမ်းပိတ်တယ် ဘာညာ အပြောခံရဥိးမည်မဟုတ်လား.. နားလည်ပါသည်…. ဒါနဲ့

အလုံနားကမှတ်တိုင်တစ်ခုရောက်တော့…. စပါယ်ယာ တစ်ယောက်က နောက်တစ်ယောက်ကို ပြောသည်…

(ဟေ့ကောင်လူခေါ်လေကွာ… တင်မယ်.. ဒီတစ်မှတ်တိုင် အကုန်တင်မယ်)

ဒါကို နောက်စပါယ်ယာက… ကျွန်တော်တို့ နှစ်ယောက်ကို လက်ညှိုးထိုးပြီး

(မင်းကြီးတော်ကြီးထဲမှ.. ဟို အတ်တဘောနှစ်ယောက်တောင်တင်ထားတာ ဘယ်နားသွားတင်မလဲ…)

ဟုပြောပါသည်…

ကျွန်တော်အတော်စိတ်ကို ထိန်းပါသည်…. ဘာပြန်ပြောရမှန်းလည်း မသိပါ….. စကားကလည်း

ပါးစပ်ကထွက်မလာပါ… ဒေါသထွက်လွန်းလို့ဖြစ်သည်…. ဒါနဲ့ တိုင်စရာ ဖုန်းနံပါတ်ကို လိုက်ရှာဖို့

သတိရလိုက်သည်.. လိုက်ရှာသည်.. တွေ့ပါပြီ…. ကျေနပ်မှုမရှိက တိုင်ကြားရန်ဆိုသည့် စာတန်း… အောက်က

ဖုန်းနံပါတ်ကို တော့ မီးကပ်သည် တိတ် (Electrical tape) အမဲဖြင့် ကပ်ထားပါသည်…. မမြင်ရပါ….

ကောင်းရော ဘယ်ကို သွားတိုင်ရမည်နည်း…. ဒီအတိုင်းပဲ အောင့်အီးသည်းခံပြီး စီးလာလိုက်ရသည်…..

ဒါက တစ်ကြိမ်ဖြစ်သည်… ဒီလိုပဲ အကြိမ်ကြိမ်ကြုံရပါသည်… ကျွန်တော်တို့ နားက မှတ်တိုင်က

လူအတက်နည်းတာမို့ ကားကို အရှိန်လျှော့ပြီး နောက်ကနေတွန်းချတာ…

(ယောက်ကျားလေးတစ်ယောက်တည်းဆရာရေ.. ဆို အသင့်သာပြင်ထားပေတော့ .. နောက်ဆို

ဘတ်စ်ကားစီးဖို့ လေထီးခုန်သင်တန်းတက်ထားသင့်သည်ဟုထင်သည်) ….

တက်ခါနီးနောက်ကားလိုက်လာလို့ဆိုပြိး.. အတင်းမောင်းထွက်ပြေးတာ… စကားကို မခြေမငံ့ပြောတာ…

ရပ်မယ့်မှတ်တိုင်မှာ မရပ်ပဲ… နောက်တစ်မှတ်တိုင်ကို ကျော်ရပ်ပြီး ဆင်းခိုင်းတာ…. တွေးရင်

ဒေါသထွက်စရာတွေချည်းဖြစ်သည်…..

ဒါနဲ့ တစ်ခေါက်တော့ တိုင်ဖြစ်အောင်တိုင်ဦးမည်ဟုတေးထားပြီး…ကားပေါ်တက်တိုင်းဖုန်းနံပါတ်ကို

ရှာပါတော့သည်… ကံကောင်းထောက်မစွာ တွေ့ပါသည်…. တစ်စီးဆိုမှ ဒီတစ်စီးတည်းဖြစ်သည်… ဒါသူတို့

မီးကပ်တိတ်နဲ့ ကပ်ဖို့ မေ့နေတာဖြစ်မည်…. မှတ်ထားလိုက်သည်….

အိမ်ရောက်တော့ မှ ဖုန်းဆက်တိုင်ပါသည်….. တစ်ဘက်မှ အေးဆေးစွာပဲပြန်အဖြေပေးပါသည်….

(စိတ်ချပါကျွန်တော်တို့ အရေးယူလိုက်ပါမယ်)

ကျွန်တော်အတော်ကျေနပ်သွားသည်.. ဒါနဲ့ နောက်နေ့ မနက်ကားစီးသည်.. ဒီအချိန်ဒီကားနဲ့

တိုက်ဆိုင်နေကျမို့… ဒီစပါယ်ယာကို တွေ့နေရသည်…. ထားပါလေ.. မနေ့ ကမှ ပြောထားတာဆိုတော့..

နောက်မှပြောမယ်ထင်တယ်ပေါ့….

ဒါနဲ့ နောက်တစ်ရက်နှစ်ရက် သုံးရက်.. တစ်ပတ်… သိပ်မဟုတ်တော့… ကျွန်တော်တိုင်ထားတာကို ဘာမှ

အက်ရှင်မယူ… ကျွန်တော်ဖုန်းထပ်ဆက်သည်…ကားနံပါတ်.. စပါယ်ယာ နံပါတ်.. နာမည်နှင့်တကွ..

တိုင်ကြားပြန်ပါသည်….

အေးဆေးစွာပဲအဖြေပေးပါသည်..

(စိတ်ချပါကျွန်တောတို့ ထိရောက်စွာအရေးယူလိုက်ပါမယ်)

ဒါပဲဖြစ်သည်…. ဒီတစ်ခါတော့ မကျေနပ်နိုင်…. နောက်နေ့ မနက်.. ထို စပါယ်ယာရဲ့ ကားကို

ထိုင်စောင့်နေလိုက်သည်… လာပါပြီ.. စပါယ်ယာကတော့ အေးဆေးပဲဖြစ်သည်… မျက်နှာကမာမြဲမာသည်..

ဟောက်မြဲဟောက်သည်.. ပါးစပ်စည်းမရှိမြဲမရှိပြောနေသည်….. ဒီကြားထဲ လမ်းမှာတွေ့သော

မိန်းကလေးများကို လှမ်းစလိုက်သေးသည်.. … (သဲလေး…. ဟေ့.. လိုက်ခဲ့လေ.. အိမ်ကို ဘာညာ) ပေါ့….

ကျွန်တော်စိတ်ကို လျှော့လိုက်ပါသည်…. ဘာမှ မတတ်နိုင်ပါ…..

နောက်လပေါင်းများစွာအထိ ထို စပါယ်ယာ အေးဆေးစွာပဲ… အလုပ်လုပ်နေပါသေးသည်….

ဒါက စပါယ်ယာတွေဖြစ်သည်… ကျွန်တော်ဘာမှ မတတ်နိုင်ရခြင်းကို လည်း စိတ်မပျက်တော့ ပါ….

သူတို့ က အထူးစပါယ်ယာတွေ မဟုတ်လား……. ဒီလိုသာ မှတ်ယူထားလိုက်ပါတော့သည်…..

အထူးကားများ၏ထူးခြားမှုများကပြောလျှင်ကုန်ဖွယ်ရှိမည်မထင်ပါ…အထူးဒရိုင်ဘာများရဲ့ ..

ကားချင်းပြိုင်မောင်းတာ…

တစ်ချိန်တည်းမှာ သုံးစီး (ဥပမာ အဓိပတိအ၀ါချည်းသုံးစီး) ပြိုင်ရပ်လို့… နောက်တစ်စီးစီးဖို့

နာရီနဲချီစောင့်ရတာ… အဲ မကျေနပ်လို့လည်း စပါယ်ယာတွေကို သွားမပြောလေနှင့်… ဟိုတစ်လောက

စပါယယ်ယာတွေ သွေးစည်းညီညွတ်ပြီး… ရပ်ကွက်ထဲ ၀င်ရိုက်သွားတယ်ဆိုလား…

ဒါမျိုးတွေလည်းရှိသေးသည်… (တစ်ခါတစ်ခါ စဥ်းစားမိသည် .. ကျွန်တော်သာ game developer ဖြစ်လျှင်..

ဖော်မြူလာဝမ်းလို ကားမောင်ပြိုင်ပွဲနေရာမှာ…. မထသ.. အဓိပတိ ပါရမီ.. ရွေဧည့်သည်.. စတဲ့ ဘတ်စ်ကားတွေ

အစားထိုးပြီး.. ရန်ကုန်လမ်းများမှာ ပြိုင်ခိုင်းသည့်.. game မျိုးရေးကြည့်မှာပဲဟုဖြစ်သည်…

အတော်ရောင်းကောင်းမည်ထင်သည်…)

ကျွန်တော့ အတွေးတွေ မှားနေကြောင်းတဖြည်းဖြည်းတော့ နားလည်လာပါသည်…. အထူးကားများ

မထူးခြားဆိုသည် အတွေးများ .. ကို လက်မခံတော့ပါ…. မှန်ပေသည်… အထူးကားများ အင်မတန်ကို

ထူးခြားပါသည်…. နှစ်ရာတန်အောင်လည်း သည်းထိတ်ရင်ဖိုဖြစ်ရပါသည်…. Junction square မှ သရီးဒီ ကို

နှစ်ထောင်သုံူးထောင်ပေးမကြည့်ပါနှင့်….. နှစ်ရာအကုန်ခံပြီး အထူးကားကို သာတက်စီးလိုက်ပါ….

သရီးဒီမဟုတ်… မြင်ကွင်း အတော်ကျယ်သော အရသာနှင့် သည်းထိတ်ရင်ဖိုကော.. ဒေါမနသပါ

ပွားနိုင်ပါသည်…တယ်လည်း ထူးခြားသည့် အထူးကားများ ပဲဖြစ်ပါသည်….

ဒါနဲ့ ဒီတစ်ခေါက်ပြန်မလာ ခင်…. နောက်ဆုံးရောက်ခဲ့ သည် ကနေဒါနိုင်ငံက ဗန်ကူးဗါး..(Vancouver)

ဆိပ်ကမ်းမှာ ကမ်းဆင်းရင်း… ဘတ်စ်ကားစီးရတာကို သွားသတိရပါသည်…

ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေရင်း ကားလာတော့ ကျွန်တော်တို့ က မြန်မာပီပီ.. ကိုယ်အရင်တက်ဖို့

ထရပ်လိုက်ပါသည်… ဘေးဘီကို ကြည့်တော့ ဘယ်သူမှ ထမရပ်.. ကားဂိတ်မှ

ထိုင်ခုန်တွင်ခပ်အေးအေးပဲထိုင်နေသည်…ကားကရပ်တော့ မှ… ထလာကြသည်…

ကားကလေးဘီးလုံးရပ်ပါသည်… ကားပေါ်ရောက်ရောက်ချင်းပိုက်ဆံပေးရန်စပါယ်ယာရှာသည်.. မရှိပါ..

ကနေဒါဘတ်စ်ကားမှာ စပါယ်ယာမပါပါ… ပိုက်ဆံအကြွေစေ့ထည်သောစက်ကလေးသာပါပါသည်…

ကားစီးချင်လျှင် အကြွေစေ့လဲထားရပါသည်…. အကြွေစေ့ကို လည်း ကြိုက်တဲ့ စတိုးဆိုင်မှာ လဲနိုင်သည်….

စီးနေကျ ခရီးသည်များ အတွက်တော့ ..ကဒ်ပြားလေးများ ပြစီးလျှင်ရပြီ…. ကျောင်းသားများ အတွက်က

..ကျောင်းသားကဒ်ပြရုံဖြင့်စီးနိုင်သည်.. ပိုက်ဆံပေးစရာမလို… ကားခက .. ကနေဒါဒေါ်လာ

..နှစ်ဒေါ်လာခွဲဖြစ်သည်….. ဖြစ်ချင်တော့ ကျွန်တော်တို့ တက်သည် ကားက… ဒရိုင်ဘာကလှမ်းပြောသည်…

( Today is ur luckyday… our machine is out of order ) ဟု ဆိုပါသည်… ပိုက်ဆံထည့်တဲ့စက်ပျက်နေလို့

ပိုက်ဆံပေးစရာမလို.. ဒီတိုင်းစီးနိုင်သည်…. တယ်ဟုတ်တဲ့ ကနေဒါပါတကား… ပိုက်ဆံစက်ပျက်လို့ ..

ကားမဆွဲဘူးဆိုတာမရှိ…… ဒရိုင်ဘာကလည်း ဒီမှာလို ကော်မရှင်နဲ့ .. percentage နဲ့ ပေးတာမျိုးမဟုတ်လို့…

အေးအေးဆေးဆေးပဲမောင်းသည်… သူလစာက ပုံမှန်ရနေသည်ပဲ…. အဲ.. ဒီကြားထဲ.. ပိုက်ဆံထည့်ပြီးလျှင်

ticket လက်မှတ်လေး တစ်စောင်စက်က ဖြတ်ပေးတတ်သေးသည်… တကယ်လို့ ကိုယ်သွားတဲ့ နေရာမှာ

သိပ်ကြာကြာမနေပဲ သူတို့ လက်မှတ်မှာရေးထားတဲ့ အချိန်အတိုင်းပြန်လာနိုင်လျှင်..

အပြန်ကားခပေးစရာမလို… အလကားစီးနိုင်သေးသည်…… ကားကလည်း ချောင်လို့ ချိလို့…. ဘယ်သူမှလည်း

လုမတက်… တက်စရာလည်းမလို… ဒီတစ်စီးလွတ်သွားလည်း

နောက်သုံူးလေးမိနစ်စောင့်လျှင်နောက်တစ်စီးလာနိုင်သေးသည်….

နေချာစဉ်းစားကြည့်တော့ .. ကျွန်တော်တို့ ပေးလိုက်သော နှစ်ဒေါ်လာခွဲမတန်ပါ… သဲထိတ်ရင်ဖိုလည်း မရှိ….

ဘာလည်းမရှိ…. နောက်ကတွန်းချတာတွေ ဘာတွေ မပါ… အတော်ပြင်းစရာကောင်းသော

ကနေဒါဘတ်စ်ကားပါပေ…..

ထားပါလေ ဒါကလည်း သူ့အရပ်နဲ့ သူဖာတ်မဟုတ်လား.. အဲဒီက ဒရိုင်ဘာတွေ ဒီမှာ

လာမောင်းကြည့်စေချင်သည်…အထူးဒရိုင်ဘာများ ၀ိုင်းရယ်လိုက်မယ့်ဖြစ်ချင်း….

ကျွန်တော်ကတော့ .. အထူးကားသိပ်မစိးတော့ ပါ… သည်းထိတ်ရင်ဖို တွေသိပ်များ

လျှင်နှလုံးရောဂါရမည်ဆိုးရွေ့ .. ရိုးရိုးငါးဆယ်ကားသာပြောင်းစီးပါသည်…. ငါးဆယ်ကားကတော့

အဆင်ပြေသည်… ထိုင်ခုံမရလို့ မတ်တပ်စီးတောင်… သက်တောင့် သက်သာ ရှိသည်..ဆင်လျှင်လည်း

တိုးစရာနေရာကျယ်သည်…..

အငြိမ့်မင်းသမီးများ ရည်းစားထားတော့ ဆိုသလိုပဲ….. သဘောင်္သားများ ဘတ်စကားစိးတော့

ဒီလိုပဲဖြစ်တတ်ပါသည်လေ……………………………………….

စာကြွင်း.... ပြောဖို့ တစ်ခု ကျန်ခဲ့သေးတယ်... ကနေဒါဘတ်စ်ကားမှာ.. ဒရိုင်ဘာက အင်တာကွန်းက နေ... မှတ်တိုင်ပဲကျေငြာတာဗျ... မီးပွိုင့်ဖြတ်မယ် တန်းတွေ ဂွင်းတွေ ကိုင်ထားတို့ .. လက်တို့ တောင်းရင် ရှက်ဖို့ ကောင်းတယ်.. တို့ တိုးစမ်းပါဗျာ အနောက်မှာ အချောင်ကြီးပါတို့။... ဆိုင်းဘုတ်တက်မယ်ဆရာရေတို့ ... နောက်ကားပါမလာ ဘူး.. ကျောက်ချလိုက်တို့.... ဆင်းဆင်းဆင်း..... တက်တက် တို့ မပြောဘူးဗျာ... ဘာမှ မကြားရတော့ ဆားမပါတဲ့ဟင်းကြီး စားနေရသလို ပေါ့ရွှတ်ရွှတ်တောင်ဖြစ်နေသေး..

by: လင်းလွန်းညို


တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

Facebook Like Page