Tuesday, January 27, 2015

ပြည်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

ပြည်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဇန်န၀ါရီလ (၂၄)ရက်နေ့က ရွာဘဲရပ်ကွက် ဘုရင့်နောင် လမ်းမကြီးဘေး ပေါ်တော်မူဘုန်းကြီးကျောင်းဝင်ပေါက်အနီးတွင် စိတ်ကြွရူးသွပ်ဆေးများ သယ် ဆောင်လာသူအား ဖမ်းဆီးလိုက်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၇)ပြည်မှ ဒုရဲမှူးရွှေသာထွန်းဦးစီးအဖွဲ့၊ ပြည်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ် ရဲတေဇာဦးစီးအဖွဲ့၊ ပြည်မြို့မရဲစခန်းမှ ရဲတပ်ကြပ် မောင်မောင်စိုးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရွာဘဲရပ်ကွက်၊ ပေါ်တော်မူဘုန်းကြီးကျောင်းဝင်ပေါက်အနီး၊ ဘုရင့်နောင် လမ်းမကြီးဘေး စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ်ရာလူတစ်ဦးအား စစ်ဆေးရှာဖွေခဲ့သည်ဟုဆို၏။
ထိုသို့ရှာဖွေရာ နိုင်ဒွေး (၂၃)နှစ်၊ အောင်တော်မူဘုန်းကြီးကျောင်းအနီး ဘုရင့်နောင်လမ်းမကြီး၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူဖြစ်ကြောင်းနှင့် ၄င်း၏ယာဘက်လက်ဖြင့် ဆုပ်ကိုင်ထားသော Red Ruby စာတမ်းပါ စီးကရက်ဘူးခွံအတွင်းမှ ပလပ်စတစ်အကြည်စားဖြင့် ထုတ်ပိုးထားသော WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄၀)ပြား တစ်ထုပ်၊ အလေးချိန် (၄)ဂရမ်ခန့် ကာလတန်ဖိုး (၂၀၀၀၀၀ိ/-)အားတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ဒုရဲမှူးရွှေသာထွန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဆက်လက်၍ နိုင်ဒွေး ပြောပြချက်အရ ၄င်း၏ဇနီးဖြစ်သူ မ ××××× ထံမှ ယူဆောင်လာကြောင်းနှင့်  မ××××× မှာ နေအိမ်တွင်ကျန်ခဲ့ကြောင်းပြောပြ၍ ပူးပေါင်းအဖွဲ့နှင့်အတူ နေအိမ်သို့သွားရောက်ရှာ ဖွေရာမူးယစ်ဆေးဝါးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ ။ ထို့ကြောင့်မူးယစ်ဆေးဝါးများကို ရောင်းချ၍ လက်ဝယ်ထားရှိသူ နိုင်ဒွေးနှင့် မ××××× အား အရေးယူပေးပါရန် ဒုရဲအုပ်မှူး ရွှေသာထွန်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း မယ (ပ) ၁/၂၀၁၅၊ မူး/စိတ်တား ပုဒ်မ  ၁၅/၁၉ (က)  / ၂၁ ဖြင့် အမှုရေးဖွင့်ကာ အမှုအားဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးလျှက်ရှိ ကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883

0 comments:

Post a Comment

Facebook Like Page