Showing posts with label ပဲခူးတိုင်းဒေသကြီးသတင်း. Show all posts
Showing posts with label ပဲခူးတိုင်းဒေသကြီးသတင်း. Show all posts

Friday, July 31, 2015

နတ်တလင်းမြို့အတွင်း ရေကြီးရေလျှံရေနစ်မြုပ် ငါးကန်များပျက်စီး လေပြင်းတိုက်ခိုက်ခံရ ပျက်စီးဆုံးရှုံးမှုအင်မတန်များ

Leave a Comment

နတ်တလင်းမြို့အတွင်း ရေကြီးရေလျှံရေနစ်မြုပ် ငါးကန်များပျက်စီး လေပြင်းတိုက်ခိုက်ခံရ ပျက်စီးဆုံးရှုံးမှုအင်မတန်များ





ပြည် သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်နတ်တလင်းမြို့နယ်အတွင်းဇူလိုင်၂၈ရက်နေ့မှမိုးကြီးစွာရွာသွန်းမှုများကြောင့်မြို့ပေါ်ရပ်ကွက်တချို့နှင့်ကျေးရွာ၁၀ရွာကျော်တွင်အဆက်မပျက်ရွာသွန်းလျှက်ရှိသောမိုးများကြောင့်လည်းကောင်း၊ရေနုတ်မြောင်းများမှစီးဝင်သည့်ရေများနှင့်မြစ်ရေထောက်မှုများကြောင့်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိပြီး ကျေးရွာနေအိမ်များရေနစ်မြုပ်၍ ငါးမွေးမြူရေကန်ပေါင်း(၁၀၀)ခန့်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဇူလိုင် ၂၉-ရက်နေ့တွင် ထပ်မံ၍ မိုးကြီးစွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခိုက်မှုကြောင့်အဆိုပါမြို့နယ်အတွင်းရှိ ဒမငယ်(အ.မ.က) နှင့် ဆီဆုံကုန်းအုပ်စု ရွာသာယာ(အ.မ.က)စာသင်ကျောင်း(၂)ကျောင်း၊ နှင့် ဒမငယ်ကျေးရွာအုပ်စု၊ဆီဆုံကုန်းကျေးရွာအုပ်စု၊စောင်းဝှက်ကျေးရွာအုပ်စု၊အောင်ရတနာကျေးရွာအုပ်စုများအတွင်းရှိ အိမ်ခြေ(၁၁၁)လုံးပြိုလဲ၊အမိုးလန် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။



ဇူလိုင် ၂၈-ရက်နေ့မှ မိုးကြီးစွာရွာသွန်းမှုများကြောင့် အဆိုပါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော သာစည်၊ရွာမ၊ဇီးကုန်းလေး၊နှင့်မြို့မ၊ရပ်ကွက်များအပါဝင်အားကစားဘောလုံးကွင်းများ၊စာသင်ကျောင်းများအတွင်းသို့ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိခဲ့ပြီးကုန်းသာအုပ်စု၊ပျဉ်းမကုန်းအုပ်စု၊တောင်ယာတောအုပ်စု၊ရေမွှေးအုပ်စု၊ကျောင်းရွာလေးအုပ်စုများအတွင်းရှိကျေးရွာများဖြစ်သောပေါက်မှော်၊လေးအိမ်တန်း၊မရင်းပျဉ်၊တောင်ယာတော၊ရေမွှေးရွာ၊ကြို့ပင်အင်း၊ကျောင်းရွာလေး၊ပုဇွန်ချောင်းစသည့်ကျေးရွာများအတွင်းနေအိမ်များရေနစ်မြုတ်လျှက်ရှိပြီးငါးမွေးမြူရေးကန်ပေါင်း(၁၀၀)ခန့်နှင့်လယ်မြေဧကပေါင်း(တစ်သောင်းခွဲ)ခန့်ရေနစ်မြုပ်ပျက်စီးလျှက်ရှိကြောင်းသိရသည်။



“စားစရာရော နေစရာပါကျန်းမာရေးတွေကအစအကုန်လုံးအခက်အခဲတွေကြုံနေရပြီ။အခုရေနစ်မြုပ်နေတဲ့ရွာတွေမှာဘယ်သူမှမနေတော့ဘူး။ရေလွတ်ရာမိဘနဲ့ဆွေးမျိုးတွေဆီပြောင်းနေရတယ်။အစိုးရလည်းမကူညီသေးဘူး။အသင်းအဖွဲ့လည်းမကူညီသေးဘူး။ဘယ်ပါတီမှမကူညီသေးတာ။ပျက်စီးဆုံးရှုံးတာတွေတွက်လို့တောင်မရဘူး။မြင်တဲ့အတိုင်းပဲ နေရာတိုင်းရေက လည်ပင်းထိရောက်နေပြီ။တိုတိုနဲ့လိုရင်းပြောရရင် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေဆပ်ချိန်ကျရင်အစိုးရအနေနဲ့ဒုက္ခရောက်နေတဲ့ကျွန်တော်တို့တောင်သူတွေကိုပြန်ကြည့်ပြီးကူညီပေးပါလို့တောင်းဆိုချင်ပါတယ်။”ဟု  ကုန်းသာအုပ်စုကျေးရွာနေထိုင်သူ ကိုဌေးအောင် မှပြောသည်။



အဆိုပါ ကျေးရွာနေအိမ်များရေနစ်မြုပ်မှု့တွင် နွား၊ကြက်၊ဘဲ စသည့်အိမ်မွေး သတ္တ၀ါများအား ပစ်ထားခဲ့ရပြီး ညပိုင်းမိမိတို့နေအိမ်တချို့သို့လှေငယ်များဖြင့်သွားရောက်ကာအစောင့်အနေဖြင့်အိမ်သားတစ်ဦးမှစောင့်ဆိုင်းအိပ်ရပြီး နေအိမ်များအတွင်းသို့ မြွေများမကြာခဏ၀င်ရောက်လျှက်ရှိကြောင်းသိရသည်။



“ကျွန်တော်တို့တွေ ကျေးရွာငါးရွာနဲ့ တာပွန်တိုက်နယ်မှာရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို ၃၁-ရက်နေ့က တစ်အိမ်ထောင် ဆန်လေးပြည် နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေအပါဝင် လိုအပ်တဲ့ဆေးဝါးကူညီမှုပေးပြီးသွားပါပြီ။ ကျတော်က အမှတ်(၁)မဲဆန္ဒနယ်ဖြစ်လို့ လေဘေးသင့်တဲ့ ဒမငယ်ဘက်က အမှတ်(၂)မဲဆန္ဒရှင်လောက်တော့လေဘေးအကြောင်းသေချာမရှင်းပြနိုင်သေးပါဘူး။ ကျန်ရှိနေတဲ့ရေဘေးပြည်သူတွေကိုလည်း စာရင်းများကောက်ယူနေပါတယ်။ဒီနေ့လည်းကျန်နေသေးတဲ့ကျေးရွာတွေကို ဆန်နဲ့ခေါက်ဆွဲခြောက်တွေအပါဝင် လိုအပ်တဲ့ဆေးဝါးကူညီမှုတွေသွားပေးမှာပါ။ရေကတော့နည်းနည်းပြန်ကျနေပါပြီ။တော်တော်လေးရေပြန်ကျချိန်ကျရင် စာသင်ကျောင်းတွေမှာလည်း ကျန်းမာရေးအတွက်ဆေးဖြန်းမှုတွေဆက်လက်ဆောင်ရွက်သွားမှာပါ။” ဟု အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် မှပြောသည်။



ယခုကဲ့သို့ ဆုံးရှုံးမှုများဖြစ်ပေါ်လျှက်ရှိရာကျေးရွာအတွင်းရှိကျောင်းသား/သူများသွားလာရေးခက်ခဲမှုများကြောင့် ကျောင်းမတက်နိုင်ခြင်း၊ကျန်းမာရေးအခြေအနေရဖျားနာခြင်း၊သောက်သုံးရေရှားပါးခြင်း၊မြွေအန္တရာယ်များစွာကြုံတွေ့နေရခြင်း၊ကျန်းမာရေးစောင့်လျှောက်မှု့များမရှိသေးခြင်းများနှင့်လယ်တစ်ဧကလျှင်တစ်သိန်းနူန်းဖြင့်ဘဏ်တိုးချေးငွေထုတ်ယူထားသည့်ဒေသခံတောင်သူများအနေဖြင့်ဘဏ်ချေးငွေယခုနှစ်ပြန်လည်ပေးဆပ်နိုင်ရန်အခက်ခဲများစွာဖြစ်ပေါ်လျှက်ရှိနေပြီးသြဂုတ်လ(၁)ရက်နေ့ထိမည်သည့်ဌာန၊အသင်းအဖွဲ့အစည်း၊ပါတီများလာရောက်ကူညီခြင်းမရှိသလိုရေကြီးနစ်မြုပ်မှုများဆက်လက်ဖြစ်ပေါ်လျှက်ရှိပြီးလေပြင်းတိုက်ခိုက်ခံရသည့်ကျေးရွာအုပ်စုများအတွင်းရှိဒေသခံ(၂၅၄)ဦးအားနီးစပ်ရာဆွေမျိုးသားချင်းများ၊ဘုန်းတော်ကြီးကျောင်းများ၊တွင်ခေတ္တခဏတည်းခိုနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ၊ သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်၊ရပ်/ကျေး၊ရပ်ထောက်/ကူအဖွဲ့၊ရပ်မိရပ်ဖ များမှစီစဉ်ဆောင်ရွက်ပေးထားလျှက်ရှိကြောင်းသိရသည်။အဆိုပါလေဘေးသင့် အုပ်စုကျေးရွာအတွင်း ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူ စုစုပေါင်း(၈၄)ဦးအား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်ရန် ဖော်ပြပါ သက်ဆိုင်ရာဌာနများမှစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

                                                                                          K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်..09253311019

Read More...

Monday, July 20, 2015

တနေ့တာလုပ်အားခ နှစ်ထောင်ကျပ်ရရှိရန် အလုပ်သမား ၁၇၀၊ခန့်တောင်းဆို

Leave a Comment
တနေ့တာလုပ်အားခ နှစ်ထောင်ကျပ်ရရှိရန် အလုပ်သမား ၁၇၀၊ခန့်တောင်းဆို



ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဈေးချိုမြောက်ရပ်ကွက်၊မင်းလမ်းမှာ ဇာဖောက် စက်ရုံအလုပ်ကသမားတွေ၊လုပ်ခလစာတိုးမြှင့်ပေးဖို့းအတွက်၊သပိတ်မှောက်တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့ တင်ဟော့ အထည်ဇာဖောက် စက်ရုံမှဝန်ထမ်းအလုပ်သမားများ(၁၇၀)ကျော်အား တစ်နေ့ လုပ်ခ(၁၀၀၀)ကျပ်ပဲရသောကြောင့် အနည်းဆုံး တစ်နေ့တာလုပ်အားခငွေ(၂၀၀၀)တိုးမြင့်ပေးဖို့ အနေနဲ့ အခြားတောင်းဆိုချက်(၁၂)ချက်ကို တောင်းဆိုရင်း အဆိုပါအလုပ်ရုံထဲမှာ အလုပ်မလုပ်ပဲ ဇူလိုင် ၁၀ရက် နေ့လည် ၁၁၊နာရီခန့်မှာစတင်သပိတ်မှောက်နေခဲ့တာဖြစ်ကြောင်းသိရသည်။

 “တနေ့ကိုအလုပ်ချိန်(၈)နာရီ ပဲထားဖို့ နဲ့ လုပ်ခ(၂၀၀၀)ကျပ်ပေးဖို့၊ပန်းထိုးကြေးကိုလဲ၊ပုံမှန်ရှင်းပေးဖို့၊တောင်းဆိုနေတာ။အခုကခေါင်းပုံဖြတ်ထားတာ။တနေ့တစ်ထောင်ပဲရတယ်။တနင်္ဂနွေနေအလုပ်မဆင်းရင်ရက်မှန်ကြေးတွေထဲကဖြတ်ကြတယ်။၊လူမှုဖူလုံရေးဖိုးဆိုပြီး၊တစ်လကို(၆၀၀)ကျပ်ဖြတ်သေးတယ်၊လူမှုဖူလုံရေးဆေးခန်းတော့သွားပြလို့မရဘူး၊လုပ်အားခတစ်ထောင်နဲ့ဘာမှလုပ်စားလို့မရလို့ခုလိုလုပ်ကြတာပါ။” ဟုဇာထိုးပန်းထိုးဝန်ထမ်း မချယ်ရီ မှသမဂ္ဂဂျာနယ်သို့ပြောသည်။

  ဇူလိုင်လ(၉)ရက်နေ့တွင် ၊ဇီးကုန်းမြို့(တင်ဟွာ ဇာထိုးပန်းထိုး)စက်ရုံက၊အလုပ်သမား(၄၀၀)ကျော်၊လုပ်ခလစာတိုးပေးရေးကိုသပိတ်မှောက်ခဲ့ကြပြီး ဇူလိုင် ၁၀၊ရက်နေ့မှာ ကြို့ပင်ကောက်မြို့ တင်ဟော့ (ဇာဖောက်)စက်ရုံကအလုပ်သမား(၁၇၀) ကျော်က၊တောင်းဆိုခဲ့ကြတာဖြစ်ကြောင်းသိရသည်။အဆိုပါစက်ရုံ(၂)ရုံစလုံးက၊နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့စက်ရုံတွေဖြစ်ကြောင်းသိရသည်။ကြို့ပင်ကောက်မြို့မှာရှိသည့် စက်ရုံကို ၂၀၁၄-ခုနှစ်၊နိုဝင်ဘာ(၁၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး၊စက်ရုံ(၂)ရုံစလုံးမှာ တရားဝင်ခွင့်ပြုမိန့်မရှိ သေးပဲဖွင့်လှစ်နေခဲ့တာဖြစ်ကြောင်းသိရသည်။

“လိုင်စဉ်မရှိသေးတာကတော့၊အမြန်တင်ခိုင်းထားပါတယ်၊ခရိုင်ထဲမှာဖြစ်တဲ့အတွက်သက်ဆိုင်ရာတွေအားလုံးမှာတာဝန်ရှိပါတယ်။အလုပ်သမားနဲ့ အလုပ်ရှင်ကြားဝင်ရောက်ညှိနိုင်းဖြေရှင်းမှုတွေလုပ်ထားပြီးပါပြီ။နှစ်ဦးနှစ်ဘက်အဆင်ပြေစေဖို့ပါပဲ။”ဟု သာယာဝတီခရိုင်ဦးစီးမှူး အလုပ်သမားဝန်ကြီးဌာန ဒေါ်သန်းစော မှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်သမားဝန်ထမ်းများတောင်းဆိုထားသည့်အချက်များစွာထဲမှ တချို့အချက်တွေကိုကြေနပ်မှုမရှိသော်မိမိတို့ရည်မှန်းထားသော လုပ်အားခတိုးမြှင့်ပေးမှုများနှင့်အလုပ်သမားအခွင့်ရေးအနည်းငယ်ရရှိခဲ့သဖြင့်ညှိနိုင်းဖြေရှင်းမှုများကို ထိုနေ့ ညနေ(၆)နာရီထိုးတွင် အလုပ်သမားထဲမှကိုယ်စားလှယ်တွေ အလုပ်ရှင်တွေနှင့် အာဏာပိုင်တွေ (၃)ပွင့်ဆိုင်ညှိနှိုင်းခဲ့ပြီး၊အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက်တွေထဲမှ တနေ့တာလုပ်အားခ (၁၅၀၀)ရရှိသွားခဲ့သည်။ အလုပ်သမားတွေ၊လူစုခွဲပေးလိုက်ကြပါတယ်။နိုင်ငံတော်အနေနှင့်တနေ့တာလုပ်အားခ ၃၆၀၀၊ကျပ်အား လွှတ်တော်တွင်းတင်သွင်းထားခဲ့ရာ လာမည့်စက်တင်ဘာလတွင် အတည်ပြုဆုံးဖျက်ပေးမည်ဖြစ်ကြောင်းသိရပြီး လတ်တလောတနေ့တာလုပ်အားခ ၁၅၀၀-ကျပ်ဖြင့်ရပ်တန့်ကာ လွှတ်တော်မှာ တစ်နေ့တာလုပ်အားခ ၃၆၀၀-ကျပ်အတည်ပြုပြီးပါကဆက်လက်တောင်းဆိုသွားမှာဖြစ်ကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူငယ်(09253311019)
Read More...

ထိန်တောတိုက်နယ်အတွင်းရာဇ၀တ်မှုများဖြစ်လျှက်ရရှိရာ အမှုမှန်များပေါ်ပေါက်ခြင်းမရှိ

Leave a Comment
ထိန်တောတိုက်နယ်အတွင်းရာဇ၀တ်မှုများဖြစ်လျှက်ရရှိရာ အမှုမှန်များပေါ်ပေါက်ခြင်းမရှိ



ပဲခူးတိုင်း၊သာယာဝတီခရိုင် မိုးညို မြို့နယ်၊ထိန်တောတိုက်နယ်၊မှာ၊ရာဇ၀တ်မှုတွေအဖြစ်များနေပြီး၊အဓိကတရားခံတွေကို၊ဖမ်းစီးအရေးယူနိုင်မှုမရှိတာကြောင့်ဒေသခံတွေ၊လုံခြုံမှုမရှိဖြစ်နေကြောင်းသိရသည်။ခလေးပျောက်မှု၊အုပ်စုဖွဲ့၊ဒါးခုတ်မှု၊အရွယ်မရောက်သေးတဲ့ခလေးအနိုင်ပြုကျင့်ခံရမှုတွေ၊အဖြစ်များနေပြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တွေက၊အရေးယူဆောင်ရွက်မှု အားနည်းနေသောကြောင့်၊ယနေ့ထိအမှုတစ်ခုမှ၊ဖေါ်ထုတ်နိုင်ခြင်း၊တရားရုံးပို့နိုင်ခြင်းတွေမရှိ သောကြောင့် ကာယကံရှင် မိသားစုတွေမှ စိုးရိမ်ပှုပန်လျှက်ရှိကြောင်းသိရသည်။

အဆိုပါထိန်တောတိုက်နယ်အတွင်း ၂၀၁၂-ခုနှစ် ၃လပိုင်းတွင် တုတ်ဓားများဖြင့်အိမ်ဝင်ပြီးပစ္စည်းများဖျက်စီးခြင်း၊မ.ဆ.လခေတ် သိမ်းဆည်းခံလယ်ယာမြေကိစ္စအား နှစ်ဦးနှစ်ဖက်စစ်ဆေးမေးမြန်းခြင်းမရှိ ဦးစွာလာရောက်တိုင်ကြားသူအား ထိန်တောအုပ်စု အုပ်ချုပ်ရေးမှူးမှ အနိုင်ပေးလိုက်ခြင်း၊၂၀၁၄-ခုနှစ် ၁၀-လပိုင်း ထိန်တောတိုက်နယ် အဂါင်္ရပ်ကွက်နေ မောင်မင်းကို(၇)နှစ်သေဆုံးမှုမသင်္ကာစရာအထောက်ထားရှိသော်လည်းသေမှုသေခင်းအဖွင့်ခံရခြင်း၊၂၀၁၄-ခုနှစ် ၁၁-လပိုင် ထိန်တောအုပ်စု သက်ကယ်ကွင်းကျေးရွာ ၅-နှစ်ကျော်ခလေးမလေး စော်ကားခံရမှု့ တရားခံယခုထိလွတ်နေခြင်း၊၂၀၁၅-ခုနှစ် ၅-လပိုင်း ထိန်တောဆရာစံလမ်း ၁၄-နှစ်သမီးအားသွေးဆောင်ဖြားယောင်းမှု တရားခံလွတ်မြောက်နေခြင်းများ အပြင်အခြားကိစ္စများစွာလည်းရှိနေကြကြောင်းသိရသည်။

  “ကျမသမီးလေးက(၁၄) နှစ်ပဲရှိသေးတယ်။မိန်းမရှိတဲ့၊သက်ဝေဆိုတဲ့လူက ဆိုင်ကယ်နဲ့၊အတင်းဆွဲတင်သွားတာ၊မေလ(၈)ရက်နေ့ကထဲက၊ခလေးက အသက်ရှင်ရဲ့ရှိသေးလားလို့တောင်သံသယဖြစ်နေရတယ်။အခုလဲအမှုမလုပ်ပါဘူးလို့ လက်မှတ်ထိုးပေးရင်၊ခလေးကိုပြန်ပို့ပေးမယ်လို့၊အုပ်ချုပ်ရေးမှုးအိမ်မှာခေါ်ပြီးအပေးအယူ လုပ်နေတယ်”ဟု ကလေးမိခင် ဒေါ်မြမြ မှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါအမှုတွေအပြင် ဆိုင်ကယ် မတော်တစ်ဆမှု့တွေများပါဝင်ကူညီဖြေရှင်းပေးသူ ဒေခံပြည်သူတစ်ဦးမှ သက်ဆိုင်ရာဌာနများသို့ဖြေရှင်းမပေးကြောင်း တိုင်စာများပေးပို့ခဲ့သည်ကိုသိရှိသွားခဲ့ကြလို့ ၄င်းအား ၀တ္တရားနှောင့်ယှက်မှုဟုဆိုကာ အရေးယူထားကြောင်းသိရသည်။

“ဆိုင်ကယ် accident ဖြစ်တာတွေ၊ဆိုင်ကယ်သိမ်းပစ်တာတွေ၊ခလေးငယ်အသတ်ခံရတာတွေ၊ကြိုးစွဲချသေတာတွေ၊မတရားသဖြစ်တွေလုပ်နေလို့၊ ဒီထိန်တောမှာတော့ အမှုပေါင်းအများကြီးပဲ။ထိန်တောအုပ်စုမှာ အုပ်ချူပ်ရေးမှူးက ဒီထိန်တောမှာအကြီးဆုံးဆိုပြီးလုပ်ချင်တိုင်းလုပ်နေတယ်။ဒါတွေကို ရဲကလည်းဖြေရှင်းမပေးဘူး။အဲဒါကြောင့်ကျွန်မတို့ သက်ဆိုင်ရာဌာနကလူကြီးတွေသိအောင်တိုင်စာပို့တယ်။တိုင်ကြားလိုက်လို့၊ကျွန်မတို့လင်မယား(၂)ယောက်ကို ၀တ္တရားနှောက်ယှက်မှု နဲ့ဆိုပြီး တရားစွဲထားလို့အခု အမှုရင်ဆိုင်နေရတယ်။”ဟု မဇင်ဇင်ထွဋ်(တိုင်ကြားပေးလို့၊အရေးယူခံရသူ) မှသမဂ္ဂဂျာနယ်သို့ပြောသည်။

 “မိန်းခလေးအခိုးခံရတဲ့ကိစ္စကတရားခံမမိသေးဘူး။စုံစမ်းနေဆဲပဲ။တရားခံကို ရန်ကုန်ထိ တက်ရှာဖွေ ပြီးပါပြီ။ အခြား နယ်တွေက ရဲစခန်းတွေကို လည်းဆက်သွယ်ပြီး ရှာဖွေနေဆဲပဲဖြစ်တာကြောင့်၊တရားခံ မမိသေးတာကြောင့်၊တရားရုံးကိုတော့ဒီအမှုက မတင်ရသေးပါဘူး။ ၊အခြား အမှုတွေကတော့၊မရှိပါဘူး။ရှိလည်း ဥပဒေတိုင်းဖြေရှင်းဆောင်ရွက်ပါတယ်။”ဟု ထိန်တောရဲစခန်းမှူး ရဲအုပ်မောင်မောင်ဌေး မှသမဂ္ဂဂျာနယ်သို့ပြောသည်။

      ထိန်တောတိုက်နယ်အတွင်းမှာ၊မတော်တဆဖြစ်တဲ့ ဆိုင်ကယ်တွေ၊ကို အပြီးသိမ်းဆည်းမှု့နှင့် (၁၀)နှစ်သားခလေးငယ် အသတ်ခံရမှု့ကို ကြိုးဆွဲချသေဆုံးမှု့ဟုဆရာဝန်က ဆေးစာထုတ်ပေးခဲ့မှုများအပြင် မိန်ခလေးငယ်တယောက် ခိုးခံရမှု၊အုပ်စုဖွဲ့၍အိမ်ထဲဝင်ပြီး၊ဓါးတွေ နဲ့ဝိုင်းခုတ်မှုတွေ ဖြစ်ပွားခဲ့ပြီး၊အရေးယူဆောင်ရွက်မှုတွေအားနည်းသောကြောင့် တိုင်ကြားခဲ့ပေမဲ့ တိုင်ကြားသူ တွေကိုပဲ၊အရေးယူဆောင်ရွက်ထားတာတွေ လုပ်နေခဲ့သောကြောင့်၊ဒေသတွင်းနေထိုင်သူတွေ၊တရားဥပဒေရဲ့အကာကွယ်ပေးမှု မဲ့နေသလို ခံစားနေရကြရဇူလိုင်လ-၁၇ရက်နေ့ထိတိုင်အောင်ထူးခြားမှုမရှိသေးကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူငယ်(09253311019)
Read More...

Monday, July 13, 2015

ထိန်တောတိုက်နယ်အတွင်းရာဇ၀တ်မှုများဖြစ်လျှက်ရရှိရာ အမှုမှန်များပေါ်ပေါက်ခြင်းမရှိ

Leave a Comment



ပြည်၊ဇူလိုင်၊၁၃


ပဲခူးတိုင်း၊သာယာဝတီခရိုင် မိုးညို မြို့နယ်၊ထိန်တောတိုက်နယ်၊မှာ၊ရာဇ၀တ်မှုတွေအဖြစ်များနေပြီး၊အဓိကတရားခံတွေကို၊ဖမ်းစီးအရေးယူနိုင်မှုမရှိတာကြောင့်ဒေသခံတွေ၊လုံခြုံမှုမရှိဖြစ်နေကြောင်းသိရသည်။ခလေးပျောက်မှု၊အုပ်စုဖွဲ့၊ဒါးခုတ်မှု၊အရွယ်မရောက်သေးတဲ့ခလေးအနိုင်ပြုကျင့်ခံရမှုတွေ၊အဖြစ်များနေပြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တွေက၊အရေးယူဆောင်ရွက်မှု အားနည်းနေသောကြောင့်၊ယနေ့ထိအမှုတစ်ခုမှ၊ဖေါ်ထုတ်နိုင်ခြင်း၊တရားရုံးပို့နိုင်ခြင်းတွေမရှိ သောကြောင့် ကာယကံရှင် မိသားစုတွေမှ စိုးရိမ်ပှုပန်လျှက်ရှိကြောင်းသိရသည်။

အဆိုပါထိန်တောတိုက်နယ်အတွင်း ၂၀၁၂-ခုနှစ် ၃လပိုင်းတွင် တုတ်ဓားများဖြင့်အိမ်ဝင်ပြီးပစ္စည်းများဖျက်စီးခြင်း၊မ.ဆ.လခေတ် သိမ်းဆည်းခံလယ်ယာမြေကိစ္စအား နှစ်ဦးနှစ်ဖက်စစ်ဆေးမေးမြန်းခြင်းမရှိ ဦးစွာလာရောက်တိုင်ကြားသူအား ထိန်တောအုပ်စု အုပ်ချုပ်ရေးမှူးမှ အနိုင်ပေးလိုက်ခြင်း၊၂၀၁၄-ခုနှစ် ၁၀-လပိုင်း ထိန်တောတိုက်နယ် အဂါင်္ရပ်ကွက်နေ မောင်မင်းကို(၇)နှစ်သေဆုံးမှုမသင်္ကာစရာအထောက်ထားရှိသော်လည်းသေမှုသေခင်းအဖွင့်ခံရခြင်း၊၂၀၁၄-ခုနှစ် ၁၁-လပိုင် ထိန်တောအုပ်စု သက်ကယ်ကွင်းကျေးရွာ ၅-နှစ်ကျော်ခလေးမလေး စော်ကားခံရမှု့ တရားခံယခုထိလွတ်နေခြင်း၊၂၀၁၅-ခုနှစ် ၅-လပိုင်း ထိန်တောဆရာစံလမ်း ၁၄-နှစ်သမီးအားသွေးဆောင်ဖြားယောင်းမှု တရားခံလွတ်မြောက်နေခြင်းများ အပြင်အခြားကိစ္စများစွာလည်းရှိနေကြကြောင်းသိရသည်။

  “ကျမသမီးလေးက(၁၄) နှစ်ပဲရှိသေးတယ်။မိန်းမရှိတဲ့၊သက်ဝေဆိုတဲ့လူက ဆိုင်ကယ်နဲ့၊အတင်းဆွဲတင်သွားတာ၊မေလ(၈)ရက်နေ့ကထဲက၊ခလေးက အသက်ရှင်ရဲ့ရှိသေးလားလို့တောင်သံသယဖြစ်နေရတယ်။အခုလဲအမှုမလုပ်ပါဘူးလို့ လက်မှတ်ထိုးပေးရင်၊ခလေးကိုပြန်ပို့ပေးမယ်လို့၊အုပ်ချုပ်ရေးမှုးအိမ်မှာခေါ်ပြီးအပေးအယူ လုပ်နေတယ်”ဟု ကလေးမိခင် ဒေါ်မြမြ မှပြောသည်။

အဆိုပါအမှုတွေအပြင် ဆိုင်ကယ် မတော်တစ်ဆမှု့တွေများပါဝင်ကူညီဖြေရှင်းပေးသူ ဒေခံပြည်သူတစ်ဦးမှ သက်ဆိုင်ရာဌာနများသို့ဖြေရှင်းမပေးကြောင်း တိုင်စာများပေးပို့ခဲ့သည်ကိုသိရှိသွားခဲ့ကြလို့ ၄င်းအား ၀တ္တရားနှောင့်ယှက်မှုဟုဆိုကာ အရေးယူထားကြောင်းသိရသည်။

“ဆိုင်ကယ် accident ဖြစ်တာတွေ၊ဆိုင်ကယ်သိမ်းပစ်တာတွေ၊ခလေးငယ်အသတ်ခံရတာတွေ၊ကြိုးစွဲချသေတာတွေ၊မတရားသဖြစ်တွေလုပ်နေလို့၊ ဒီထိန်တောမှာတော့ အမှုပေါင်းအများကြီးပဲ။ထိန်တောအုပ်စုမှာ အုပ်ချူပ်ရေးမှူးက ဒီထိန်တောမှာအကြီးဆုံးဆိုပြီးလုပ်ချင်တိုင်းလုပ်နေတယ်။ဒါတွေကို ရဲကလည်းဖြေရှင်းမပေးဘူး။အဲဒါကြောင့်ကျွန်မတို့ သက်ဆိုင်ရာဌာနကလူကြီးတွေသိအောင်တိုင်စာပို့တယ်။တိုင်ကြားလိုက်လို့၊ကျွန်မတို့လင်မယား(၂)ယောက်ကို ၀တ္တရားနှောက်ယှက်မှု နဲ့ဆိုပြီး တရားစွဲထားလို့အခု အမှုရင်ဆိုင်နေရတယ်။”ဟု မဇင်ဇင်ထွဋ်(တိုင်ကြားပေးလို့၊အရေးယူခံရသူ) မှပြောသည်။

 “မိန်းခလေးအခိုးခံရတဲ့ကိစ္စကတရားခံမမိသေးဘူး။စုံစမ်းနေဆဲပဲ။တရားခံကို ရန်ကုန်ထိ တက်ရှာဖွေ ပြီးပါပြီ။ အခြား နယ်တွေက ရဲစခန်းတွေကို လည်းဆက်သွယ်ပြီး ရှာဖွေနေဆဲပဲဖြစ်တာကြောင့်၊တရားခံ မမိသေးတာကြောင့်၊တရားရုံးကိုတော့ဒီအမှုက မတင်ရသေးပါဘူး။ ၊အခြား အမှုတွေကတော့၊မရှိပါဘူး။ရှိလည်း ဥပဒေတိုင်းဖြေရှင်းဆောင်ရွက်ပါတယ်။”ဟု ထိန်တောရဲစခန်းမှူး ရဲအုပ်မောင်မောင်ဌေး မှပြောသည်။

      ထိန်တောတိုက်နယ်အတွင်းမှာ၊မတော်တဆဖြစ်တဲ့ ဆိုင်ကယ်တွေ၊ကို အပြီးသိမ်းဆည်းမှု့နှင့် (၁၀)နှစ်သားခလေးငယ် အသတ်ခံရမှု့ကို ကြိုးဆွဲချသေဆုံးမှု့ဟုဆရာဝန်က ဆေးစာထုတ်ပေးခဲ့မှုများအပြင် မိန်ခလေးငယ်တယောက် ခိုးခံရမှု၊အုပ်စုဖွဲ့၍အိမ်ထဲဝင်ပြီး၊ဓါးတွေ နဲ့ဝိုင်းခုတ်မှုတွေ ဖြစ်ပွားခဲ့ပြီး၊အရေးယူဆောင်ရွက်မှုတွေအားနည်းသောကြောင့် တိုင်ကြားခဲ့ပေမဲ့ တိုင်ကြားသူ တွေကိုပဲ၊အရေးယူဆောင်ရွက်ထားတာတွေ လုပ်နေခဲ့သောကြောင့်၊ဒေသတွင်းနေထိုင်သူတွေ၊တရားဥပဒေရဲ့အကာကွယ်ပေးမှု မဲ့နေသလို ခံစားနေရကြရကြောင်းသိရသည်။   k3(pyay)
ဒီမိုကရေစီတူဒေးသတင်းစာ

တင်ဆက်...ပြည်သတင်းလူငယ်..09253311019
Read More...

တနေ့တာလုပ်အားခ နှစ်ထောင်ကျပ်ရရှိရန် အလုပ်သမား ၁၇၀၊ခန့်တောင်းဆို

Leave a Comment



ပြည်၊ဇူလိုင်၊၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဈေးချိုမြောက်ရပ်ကွက်၊မင်းလမ်းမှာ ဇာဖောက် စက်ရုံအလုပ်ကသမားတွေ၊လုပ်ခလစာတိုးမြှင့်ပေးဖို့းအတွက် ၊သပိတ်မှောက်တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့ တင်ဟော့ အထည်ဇာဖောက် စက်ရုံမှဝန်ထမ်းအလုပ်သမားများ(၁၇၀)ကျော်အား တစ်နေ့ လုပ်ခ(၁၀၀၀)ကျပ်ပဲရသောကြောင့် အနည်းဆုံး တစ်နေ့တာလုပ်အားခငွေ(၂၀၀၀)တိုးမြင့်ပေးဖို့ အနေနဲ့ အခြားတောင်းဆိုချက်(၁၂)ချက်ကို တောင်းဆိုရင်း အဆိုပါအလုပ်ရုံထဲမှာ အလုပ်မလုပ်ပဲ ဇူလိုင် ၁၀ရက် နေ့လည် ၁၁၊နာရီခန့်မှာစတင်သပိတ်မှောက်နေခဲ့တာဖြစ်ကြောင်းသိရသည်။

 “တနေ့ကိုအလုပ်ချိန်(၈)နာရီ ပဲထားဖို့ နဲ့ လုပ်ခ(၂၀၀၀)ကျပ်ပေးဖို့၊ပန်းထိုးကြေးကိုလဲ၊ပုံမှန်ရှင်းပေးဖို့၊တောင်းဆိုနေတာ။အခုကခေါင်းပုံဖြတ်ထားတာ။တနေ့တစ်ထောင်ပဲရတယ်။တနင်္ဂနွေနေအလုပ်မဆင်းရင်ရက်မှန်ကြေးတွေထဲကဖြတ်ကြတယ်။၊လူမှုဖူလုံရေးဖိုးဆိုပြီး၊တစ်လကို(၆၀၀)ကျပ်ဖြတ်သေးတယ်၊လူမှုဖူလုံရေးဆေးခန်းတော့သွားပြလို့မရဘူး၊လုပ်အားခတစ်ထောင်နဲ့ဘာမှလုပ်စားလို့မရလို့ခုလိုလုပ်ကြတာပါ။” ဟုဇာထိုးပန်းထိုးဝန်ထမ်း မချယ်ရီ မှပြောသည်။

  ဇူလိုင်လ(၉)ရက်နေ့က၊ဇီးကုန်းမြို့(တင်ဟွာ ဇာထိုးပန်းထိုး)စက်ရုံက၊အလုပ်သမား(၄၀၀)ကျော်၊လုပ်ခလစာတိုးပေးရေးကိုသပိတ်မှောက်ခဲ့ကြပြီး ဇူလိုင် ၁၀၊ရက်နေ့မှာ ကြို့ပင်ကောက်မြို့ တင်ဟော့ (ဇာဖောက်)စက်ရုံကအလုပ်သမား(၁၇၀) ကျော်က၊တောင်းဆိုခဲ့ကြတာဖြစ်ကြောင်းသိရသည်။အဆိုပါစက်ရုံ(၂)ရုံစလုံးက၊နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့စက်ရုံတွေဖြစ်ကြပြီး၊ဇီးကုန်းမြို့မှာရှိသည့် တင်ဟွာ(ဇာပန်းထိုးစက်ရုံ) နှင့် ကြို့ပင်ကောက်မြို့မှာရှိသည့် တင်ဟော့(ဇာဖောက်)စက်ရုံ နှစ်ရုံလုံးကိုပိုင်ရှင်နိုင်ငံခြားသား တစ်ဦးတည်းမျပိုင်ဆိုင်ထားလျှက်ရှိကြောင်းသိရသည်။ကြို့ပင်ကောက်မြို့မှာရှိသည့် စက်ရုံကို ၂၀၁၄-ခုနှစ်၊နိုဝင်ဘာ(၁၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး၊စက်ရုံ(၂)ရုံစလုံးမှာ တရားဝင်ခွင့်ပြုမိန့်မရှိ သေးပဲဖွင့်လှစ်နေခဲ့တာဖြစ်ကြောင်းသိရသည်။

“လိုင်စဉ်မရှိသေးတာကတော့၊အမြန်တင်ခိုင်းထားပါတယ်၊ခရိုင်ထဲမှာဖြစ်တဲ့အတွက်သက်ဆိုင်ရာတွေအားလုံးမှာတာဝန်ရှိပါတယ်။အလုပ်သမားနဲ့ အလုပ်ရှင်ကြားဝင်ရောက်ညှိနိုင်းဖြေရှင်းမှုတွေလုပ်ထားပြီးပါပြီ။နှစ်ဦးနှစ်ဘက်အဆင်ပြေစေဖို့ပါပဲ။”ဟု သာယာဝတီခရိုင်ဦးစီးမှူး အလုပ်သမားဝန်ကြီးဌာန ဒေါ်သန်းစော မှပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်သမားဝန်ထမ်းများတောင်းဆိုထားသည့်အချက်များစွာထဲမှ တချို့အချက်တွေကိုကြေနပ်မှုမရှိသော်မိမိတို့ရည်မှန်းထားသော လုပ်အားခတိုးမြှင့်ပေးမှုများနှင့်အလုပ်သမားအခွင့်ရေးအနည်းငယ်ရရှိခဲ့သဖြင့်ညှိနိုင်းဖြေရှင်းမှုများကို ထိုနေ့ ညနေ(၆)နာရီထိုးတွင် အလုပ်သမားထဲမှကိုယ်စားလှယ်တွေ အလုပ်ရှင်တွေနှင့် အာဏာပိုင်တွေ (၃)ပွင့်ဆိုင်ညှိနှိုင်းခဲ့ပြီး၊အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက်တွေထဲမှ တနေ့တာလုပ်အားခ (၁၅၀၀)ရရှိသွားခဲ့သည်။ အလုပ်သမားတွေ၊လူစုခွဲပေးလိုက်ကြပါတယ်။နိုင်ငံတော်အနေနှင့်တနေ့တာလုပ်အားခ ၃၆၀၀၊ကျပ်အား လွှတ်တော်တွင်းတင်သွင်းထားခဲ့ရာ လာမည့်စက်တင်ဘာလတွင် အတည်ပြုဆုံးဖျက်ပေးမည်ဖြစ်ကြောင်းသိရသည်။

                                                                                                              မောင်မဲခေါင်(ပြည်) မက်စင်ဂျာသတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

Monday, June 22, 2015

ကျေးလက်ကျန်းမာရေးဆေးပေးခန်းဆောက်ရန် အလှူခံထားသည့်ငွေနှင့်ကျွန်းသစ်များအား အုပ်စုအုပ်ချုပ်ရေးမှူးမျအလွဲသုံးစားလုပ်ထားဟုဆို

Leave a Comment
ကျေးလက်ကျန်းမာရေးဆေးပေးခန်းဆောက်ရန် အလှူခံထားသည့်ငွေနှင့်ကျွန်းသစ်များအား အုပ်စုအုပ်ချုပ်ရေးမှူးမျအလွဲသုံးစားလုပ်ထားဟုဆို
 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ထုံးဘိုတိုက်နယ်အတွင်းရှိ မြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ကျေးရွာကျန်းမာရေးဆေးပန်းခန်းတည်ဆောက်ရန်အပ်နှံထားသော ငွေတစ်သိန်းကျပ်ခန့်နှင့်သစ်သုံးတန်အားအလွဲသုံးစားလုပ်ထားကြောင်းဇွန်လ-၁၇-ရက်နေ့ကသိရသည်။

၂၀၁၄ခုနှစ် ၃လပိုင်းတွင် အဆိုပါကျေးရွာအုပ်ချူပ်ရေးမှူးမှ မြောင်ဖျားကျေးရွာတွင်း ကျေးလတ်ကျန်းမာရေးဆေးပေးခန်းတည်ဆောက်ရန် ကျွန်းသစ်များနှင့်ငွေကြေးများလိုအပ်ကြောင်းပြောဆိုခဲ့ပြီးဒေသခံများထံမှအလှူငွေကောက်ခံသွားခဲ့သည်။ထိုနောက်ဆေးခန်းဆောက်လုပ်ရန်အကြိမ်ကြိမ်ဒေသခံများပြောဆိုခဲ့သော်လည်းယနေ့ထိဆေးခန်းမဆောက်လုပ်နိုင်သေးဘဲကိုယ်ကျိုးအတွက်အလွဲသုံးစားလုပ်ထားကြောင်းဒေသခံများထံမှသိရသည်။

“ ကျွန်တော်ကိုယ်တိုင်သစ်နဲ့ငွေတွေအလှူခံပေးခဲ့ရတာ။ရတဲ့သစ်နဲ့ငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကိုအကုန်အပ်တာ။ဒီဆေးခန်းအမြန်ဆုံးမြင်ချင်နေပါပြီ။သစ်နဲ့ငွေတွေအားလုံးအလွဲသုံးစားလုပ်ထားတယ်။ကိုယ်ကျိုးအတွက်သုံးထားတာ။အုပ်စုတစ်ခုလုံးဒီကိစ္စမကြေနပ်ကြဘူး။သူ့လက်ထဲမှာအာဏာရှိတယ်ဆိုပြီးလုပ်ချင်သလိုလုပ်နေတာ။” ဟု ဦးမြင့်အောင်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇွန်-၈.ရက်တွင် နိုင်ငံတော်သမ္မတရုံး(နေပြည်တော်)အပါဝင်သက်ဆိုင်ရာဌာနပေါင်း ၁၅-ခုအားဒေသခံ ၅၉-ဦးလက်မှတ်ထိုးကာတိုင်ကြားထားခဲ့ရာ ဇွန်-၁၅-ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီး ဦးဟန်ဝင်းဇော် နှင့် ပြန်/ဆက်မှ ဦးသိန်းထွန်းမြင့်တို့က မြောင်အုပ်စုအတွင်းရှိ အလှူရှင်များကိုခေါ်ယူတွေ့ဆုံမေးမြန်းမှုများကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဒီအမှုကိုမြို့နယ်အုပ်ချုပ်ရေးမှူးကကျွန်တော့ကို ခေါ်ယူစစ်ဆေးနေပါပြီ။ဒီသစ်တွေနဲ့ပိုက်ဆံတွေကျွန်တော်လည်းမယူပါဘူး။သူတို့လုပ်စရာရှိတာလုပ်ကြသလို ကျွန်တော်လည်းလုပ်စရာရှိတာလုပ်မှာပါ။ကျေးရွာဖွံ့ဖြိုးတိုးတက်ဖို့ပဲခေါင်းထဲရှိပါတယ်”ဟု မြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းကြည် မှသမဂ္ဂဂျာနယ်သို့ပြောသည်။

၎င်းမြောင်အုပ်စုအတွင်း မြောင်ရင်း၊မြောင်ဖျား၊ရွှေတွင်းတူး၊ကျောက်တွင်း၊အိုင်ကွင်း ဆိုသည့်ကျေးရွာငါးရွာတည်ရှိပြီး အိမ်ခြေစုစုပေါင်း ၃၀၀-ခန့်နှင့်လူဦးရည်-၄၀၀၀-ကျော်ရှိသည်။ကျေးလက်ကျန်းမာရေးအနေဖြင့် ထုံးဘိုတိုက်နယ်အတွင်းရှိကျန်းမာရေးဌာနတွင် ဆေးကုသမှုခံယူနေရပါသော်လည်း။အရေးပေါ်ကျန်းမာရေးအခြေအနေများဖြစ်ပေါ်လာပါက မိုင်သုံးဝေးကွာသည့် ပြည်မြို့ပေါ်သို့သွားရောက်ဆေးကုသမှုများခံယူလျှက်ရှိရာ တချို့သောဒေသခံများအနေဖြင့် လမ်းခရီးတွင်အသက်ပျောက်ဆုံးမှုများရှိနေကြောင်းသိရသည်။

 မောင်ပန်ကာ(ပြည်)...သမဂ္ဂဂျာနယ် ဇွန်လ ၂၂ရက်နေ့ထုတ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိသည်။

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

Thursday, May 21, 2015

နတ်တလင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီမှ အင်အား(၁၀၀)ခန့်နူတ်ထွက်ခွင့်တောင်း

Leave a Comment

နတ်တလင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီမှ အင်အား(၁၀၀)ခန့်နူတ်ထွက်ခွင့်တောင်း



နတ်တလင်း မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ္တလင်းမြို့နယ်အတွင်းက၊ဒမငယ်၊ဖလံပင်၊ကြို့ပင်သာ၊ ဆီဆုံကုန်း၊ စမ်းချောင်းအုပ်စု၊လက်ပံပင်စု ကျေးရွာအုပ်စု(၆)အုပ်စုမှ ကျေးရွာ(၁၀)ရွာအတွင်းက၊လယ်ယာမြေ(၁၀၀၀) ဧကကို ဋ္ဌာနဆိုင်ရာအသီးသီးက ၁၉၉၄-ခုနှစ်တွင်သိမ်းယူခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် လယ်ဆည်ဝန်ကြီးဋ္ဌာန၏ လမ်းညွှန်ချက်ဖြင့် ပြန်လည်ပေးအပ်ရန်လမ်းညွှန်ခဲ့သော်လည်း (၅၅၀)ဧကသာပြန်လည်ပေးအပ်ပြီး ကျန်ရှိသောဧက(၄၅၀)ကို ပြန်မပေးပဲ ခရိုင်အုပ်ချုပ်ရေး၊မြို့နယ်အုပ်ချုပ်ရေး ခရိုင်မြေစာရင်း၊မြို့နယ်မြေစာရင်းနှင့် ဋ္ဌာနဆိုင်ရာအသီးသီးတို့မှ သိမ်းဆည်းထားတာကြောင့်၊ ပြန်လည်ရရှိရေးအတွက် (၄)ကြိမ်မြောက်ဆန္ဒထုတ်ဖော်ခဲ့ရာ ယနေ့အထိ ထူးခြားမှုမရှိသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ နတ်တ္တလင်းမြို့ လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့မှာ ယနေ့ မေ ၂၁ ရက်နေ့ မနက် ၉း၀၀ နာရီခန့်မှာ ပါတီမှအင်အား(၁၀၀)ကျော် နူတ်ထွက်ခဲ့ကြောင်းသိရသည်။



“ သိမ်းထားတဲ့လယ်တွေပြန်ရအောင် ပါတီကိုတင်ပြခဲ့တယ် ဘာမှထူးခြားမှုတခုမှမရှိဘူး ဒါ့ကြောင့် ဒီနေ့ ပါတီကဒ်ရပြီးသူ ရော ကဒ်မရသေးတဲ့ပါတီအဖွဲ့ဝင် ၁၀၀ ကျော် နူတ်ထွက်ဖို့လာရောက်တောင်းဆိုတာပါ ကျွန်တော်တို့ကိုလာရောက်စည်းရုံးတော့ ပြည်သူ့အတွက်အကျိုးရှိတာမှတ်န်သမျှ အကုန်ဆောင်ရွက်ပေးမယ်ပြောတယ် ကဒ်ရရှိပြီးသူ ကဒ်ပြနိုင်သူကိုပဲ ပါတီက ထွက်ခွင့်ပေးမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ် “ ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ဦးမြင့်နိုင် စမ်းချောင်းအုပ်စုမှပြောသည်။



“ သိမ်းထားတဲ့လယ်တွေကို ပြည်ခိုင်ဖြိုးပါတီက ကူညီပေးလိမ့်မယ်လိုထင်မိတယ် ဆန္ဒပြတာတွေလည်းမနည်းဘူး ခုထိဘာမှမထူးခြားလို့  အဲဒါကြောင့် ဒီပြည်ခိုင်ဖြိုးပါတီက နူတ်ထွက်တာ ပြည်သူတွေအတွက်ဘာမှအကျိုးမပြုနိုင်လို့ ဒီပါတီက ကျွန်မတို့အားလုံးနူတ်ထွက်မှာ ” ဟုမမိုးမိုး ဖလံပင်ကျေးရွာ မှပြောသည်။



အဆိုပါ ပြည်ခိုင်ဖြိုးပါတီမှနူတ်ထွက်ရန်တောင်းဆိုမှုကို ကျေးရွာ ၁၀-စုပေါင်းပြီး နူတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်ယခု  ၅-လပိုင်းမှာနူတ်ထွက်ခွင့် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ကျေးရွာတစ်ချို့တွင်ကျန်ရှိနေတဲ့ ပါတီဝင်များကလည်း ၁၀-လပိုင်းခန့်တွင် ထပ်မံနူတ်ထွက်တောင်းဆိုမှုများပြုလုပ်သွားမည် ဟု  ဓမငယ်ကျေးရွာနေထိုင်သူ ကိုထက်ဇော်လင်းထံမှသိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ နူတ်ထွက်ခွင့် အင်အား(၁၀၀)ကျော်နှင့်ပက်သတ်ပြီး နတ်တ္တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လွတ်တော်ကိုယ်စားလှယ်ရုံးမှ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြစိုး မှ “ တောင်သူတွေတင်ပြထားတဲ့ လယ်မြေကိစ္စကို ဥပဒေနှင့်အညီဆောင်ရွက်ပေးပြီးဖြစ်ပါတယ် တောင်သူတွေက လုပ်ထုံးလုပ်နည်းဆောင်ရွက်ပုံတွေက လမ်းကြောင်းလွဲနေတယ် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ တင်ပြလာတာတွေကို ညှိနိုင်းဆောင်ရွက်တာပဲလုပ်နိုင်သဖြင့် တင်ပြလာတဲ့လယ်ယာမြေကိစ္စဟာ လုပ်ထုံးလုပ်နည်းနှင့်မညီလို့ ပါတီအနေနဲ့ ဘယ်လိုမှဆောင်ရွက်မပေးနိုင်တာပါ “ ၄င်းကဆက်လက်ပြောသည်။



ဖော်ပြပါ နူတ်ထွက်ခွင့်တောင်းသည့် ကျေးရွာများမှ မေ (၂၀)ရက်နေ့တွင် ပါတီစည်းကမ်းနှင့်အကိုက်ညီသောကြောင့် ပါတီဝင်(၁၀)ဦးအား ကြိုတင်ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး ယနေ့နူတ်ထွက်ခွင့် လာတောင်းသူများထဲမှ ပါတီကဒ်ရှိသူ (၃၁)ယောက်ကို နူတ်ထွက်ခွင့်ပြုလိုက်ကြောင်း

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လွတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများထံမှသိရသည်။ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နူတ်ထွက်ခွင့်တောင်းဆိုမှုများအပြီးတွင် အင်တာဗျုးတောင်းခံခဲ့ရာ သတင်းထောက်ကဒ်ပါရှိပြီး ဓါတ်ပုံနှင့်မှတ်ပုံတင်အမှတ်မပါရှိလို့ သတင်းယူခွင့် မရပဲ အပြင်မှာ ထိုင်စောင့်နေရသော သတင်းထောက်တချို့လည်းရှိခဲ့ပြီး နေ့လည် ၁၂-နာရီခန့်တွင် လူစုခွဲလိုက်ကြပြီး တားစီးပိတ်ပင်မှုများမရှိကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ တင်ဆက် ပြည်သတင်းလူငယ်(ပြည်သတင်း)
(ခ)   K3(pyay)
09253311019


Read More...

Wednesday, May 20, 2015

သောက်သုံးရေးရှားပါးမှု့ကြောင့် လူရောတိရစ္ဆာန်တွေပါ ခက်ခဲနေ

Leave a Comment

သောက်သုံးရေးရှားပါးမှု့ကြောင့် လူရောတိရစ္ဆာန်တွေပါ ခက်ခဲနေ
ပြည် မေ ၁၈
ပဲခူးတိုင်းပြည်မြို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းဒေသတွေကကျေးရွာအချို့၊ရေကန်တွေ၊ခမ်းချောက်လာတာကြောင့်၊တိရစ္ဆန်တွေပါ ရေရနိုင်တဲ့ပတ်ဝန်းကျင်ကျေးရွာ တွေကို ပို့ထားရတဲ့အခြေအနေကိုရောက်နေတာကြောင့်၊ပြည်မြို့မှ ဒေသခံတွေ၊စုပေါင်းပြီး၊ရေလျူဒါန်းခဲ့ကြပါတယ်။
“ ရွာထဲမှာကြက် ဆိုရှိတောင်မရှိတော့ဘူး၊အရင်နှစ်တွေက၊နွားတွေတောင်သေတယ်၊၊ပေါင်ပုတ်လက်ပုတ် ရောဂါတွေတောင်ဖြစ်တယ်၊အခုနှစ်ဆို၊ရွာထဲမှာ၊ခိုင်းဖို့ နွားထီးပဲထားရဲတယ်၊နွားမတွေကို၊အခြားရွာတွေကိုပို့ထားရတယ်၊အခုနှစ်တော့၊သေတာမရှိသေးဘူး၊ရောဂါတွေတော့ဖြစ်ကြတယ်” ဟု မြေရွာကုန်းကျေးရွာနေသူ ဦးဖိုးမြိုင်မှပြောသည်။
ပြည်မြို့ က ပရဟိတအဖွဲ့တွေ စုပေါင်းပြီး၊ ပန်းတောင်းမြို့နယ်ထဲမှ ကျေးရွာ(၅)ရွာ ကို ငွေ ရှစ်သိန်းခွဲဖိုးရေလာလှူကြတာဖြစ်ပြီးစတုထ္ထအကြိမ်မြောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
“ အရပ်ဖက်အဖွဲ့အစည်းတွေအားကောင်းလာလို့၊အခုလိုမျိုးတွေ၊အပြိုင်လှူနေကြလို့ လတ်တလောအစဉ်ပြေနေကြတာ၊ရေရှည်မှာမလွယ်ဘူး၊၊နိုင်ငံတော်ကဒီကိစ္စအတွက်တခုခုတော့၊လုပ်ပေးဖို့လိုအပ်နေပြီ” ဟုမိုးမေတ္တာ/သုခ ပရဟိတအဖွဲ့ မှ ဦးမျိုးငြိမ်းဇော် ကပြောသည်။
အဆိုပါ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်အတွင်းက ကျေးရွာအတော်များများတွင် ယခုလို မိုးခေါင် ရေရှားပြီး လူရော တိရစ္ဆာန်တွေပါ ရေရှားပါးမှု့ဘေးအန္တရာယ်များခံစားနေရသည့်ထဲမှ မိုးကလဲခေါင်၊ရွာမှာလူဦးရေတွေကလဲတိုးလာတာကြောင့်၊ကန်တွေ၊ရေမပြည့်တော့ဘဲအခုလို ရေဘေးဒုက္ခရောက်နေကြရကြောင်း ဒေသခံများထံမှသိရသည်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက၊မြေ၀ါကုန်း၊ပေပင်၊တောင်ဗို့ကြီး၊မှန်ကုန်း၊ ထုံးဘိုမြို့နယ်ထဲက။သပြေကုန်း၊ကြာအင်း၊သဲဖြူ၊ကံမမြို့နယ် ထဲက သက္ကယ်မြှောင်၊ပေပင်၊၊ စတဲ့ဒေသတွေ မှာ အခုလိုရေပြတ်တာက(၄)နှစ်ခန့်ရှိပြီး၊သရက်မြို့နယ်ထဲမှာလဲ၊အခုလိုရေခမ်းခြောက်တဲ့ကျေးရွာတွေရှိသေးတယ်လို့လဲသိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာအုပ်စုပေါင်း ၁၄၂၃-အုပ်စုရှိပြီး ကျေးရွာပေါင်း ၆၅၆၄-ရွာတည်ရှိရာ မိုးစပါးဧကပေါင်း သိန်း ၃၀-ကျော်ထွက်ရှိပြီး နွေစပါးအနေဖြင့် ဧကပေါင်း ၄-သိန်းကျော်ထွက်ရှိသည်။ သောက်သုံးရေရှားပါးမှု့သည် ယခင်နှစ်ထက် ပိုမိုဆိုးရွားလာကြောင်းသိရသည်။
K3(pyay) (ခေါ်) ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

Sunday, October 12, 2014

SH MEDIA GROUPရဲ့အောင်မြင်ခြင်း

Leave a Comment

SH MEDIA GROUPရဲ့အောင်မြင်ခြင်း
@@@@@@@@@@@@@@@@@
ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်
ကြို့ပင်ကောက်မြို့မှာရှု့ထောင့်သတင်း
မီဒီယာရုံးခွဲ(၂)ကို11-10-2014နေ့လည်
(၁)နာရီမှာဖွင့်လှစ်ပေးခဲ့ပါတယ်။
Six Naing
ပြည်သတင်းလူငယ်




Read More...

Thursday, August 28, 2014

Workshop to Share Interim Findings On Local GovernanceMapping workshopသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံရေးနှင့်စီးပွားရေးဝန်ကြီးဦးကျော်မြင့်မှတက်ရောက်

Leave a Comment
Workshop to Share Interim Findings On Local GovernanceMapping
workshopသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံရေးနှင့်စီးပွားရေးဝန်ကြီးဦးကျော်မြင့်မှတက်ရောက်
××××××××××××××××××××××××××××××××××××××××××××××××××××××××××××


28-8-2014(9:00)amအချိန်
ပဲခူးတိုင်းဒေသကြီးပဲခူးမြို့ သီရိဟံသာခန်းမတွင်ပြည်ထဲရေးဝန်ကြီး
ဌာနနှင့်UNDPတို့ပူးပေါင်းဖွင့်လှစ်သော
Workshop to Share Interim Findings On Local Governance
Mapping workshopသို့ပဲခူးတိုင်းဒေ
သကြီးအစိုးရအဖွဲ့ဝင်စီမံရေးနှင့်စီးပွားရေးဝန်ကြီးဦးကျော်မြင့်မှတက်ရောက်၍အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံဌာနအသီးသီးမှတိုင်း/ခရိုင်/မြို့နယ်ဦးစီးအရာရှိများနှင်UNDP
မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း
သတင်းရရှိပါသည်။့


Six Naing





Read More...

Friday, May 2, 2014

မြန်မာဂျာနယ်လစ်ကွန်ရက် (ပဲခူးတိုင်းဒေသကြီး) - MJN (Bago) ကို ယခုလအတွင်းချိတ်ဆက်ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။

Leave a Comment


မြန်မာဂျာနယ်လစ်ကွန်ရက် (ပဲခူးတိုင်းဒေသကြီး) - MJN (Bago) ကို ယခုလအတွင်းချိတ်ဆက်ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သတင်းသမားများနှင့် ချိတ်ဆက်ဖွဲ့စည်းသွားမည်ဖြစ်သည့်
အတွက် ကွန်ရက်သို့ ချိတ်ဆက်ဝင်ရောက်လိုသူ သတင်းစာဆရာများအနေဖြင့်
အောက်ဖော်ပြပါဖုန်းနံပတ်များနှင့် ပဲခူးမြို့အခြေစိုက် ပဲခူးသတင်းစဉ် ရုံးခန်းသို့ဆက်သွယ်နိုင်ကြပါသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ကို ၂၀၁၁ စက်တင်ဘာလ ၂ ရက်က ရန်ကုန်အခြေစိုက်သတင်းသမားများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အထက်မြန်မာပြည်ဂျာနယ်လစ်ကွန်ရက်(မန္တလေး)၊
မြန်မာဂျာနယ်လစ်ကွန်ရက်(မုံရွာ)၊ မြန်မာဂျာနယ်လစ်ကွန်ရက်(မကွေးတိုင်းဒေသကြီး)၊
မြန်မာဂျာနယ်လစ်ကွန်ရက်(တောင်ကြီး)၊ မြန်မာဂျာနယ်လစ်
ကွန်ရက်(ထားဝယ်) တို့ကို ချိတ်ဆက်ဖွဲ့စည်းပြီးဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

Sunday, March 2, 2014

အယ်ဒီတာ အာဘော် အရေးပါသည့် ဒေသန္တရ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ

Leave a Comment


ပဲခူးအသံ ဂျာနယ်(အတွဲ ၁၊ အမှတ် ၁) အယ်ဒီတာ အာဘော်

အရေးပါသည့် ဒေသန္တရ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ

၂၀၁၁ ခုနှစ်နောက်ပိုင်း သတင်းစာစောင်များ ထုတ်ဝေခွင့်ဖြေလျော့လိုက်သည့်နောက် ပြည်နယ် နှင့်တိုင်းများတွင် ဒေသန္တရသတင်းစာစောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အချို့မှာ တိုင်းရင်းသား လူမျိုးစုလက္ခဏာ အသွင်ဆောင်သည့် သတင်းစာစောင်များဖြစ်ပြီး အချို့မှာမူ ပဲခူး အသံကဲ့သို့သော ဒေသဆိုင်ရာ အသွင်လက္ခဏာဖြင့် ထွက်ပေါ်လာသည့် စာစောင်များဖြစ်သည်။

်မည်သည့်အသွင်ဆောင်သည်ဖြစ်စေ စာစောင်၏ ပရိသတ်
နေထိုင်သည့် ဒေသမှ သတင်းများ မျက်မှောက်ဖြစ်ရပ်များ၊ ဝေဖန် သုံးသပ်မှုများ၊ လူထု၏ ခံစားမှုတို့ကို ထင်ဟပ်နိုင်သော သတင်းမီဒီယာများ ပေါ်ထွက်လာခြင်းသည် ယင်းလူမှု အဖွဲ့အစည်းအဖို့ ကြီးမားသည့် အပြောင်းအလဲပင်ဖြစ်သည်။

သတင်းမီဒီယာများက လူထု ရင်ဆိုင်နေရသည့် ပြဿနာရပ်များ၊ အခက်အခဲများ၊ မြေသိမ်း ယာသိမ်းကိစ္စများ၊ အလုပ်ရှင် အလုပ်သမားကိစ္စများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ လွဲမှားမှုများ၊ အာဏာ အလွဲသုံးမှုများ စသည့်တို့ကို သတင်းမီဒီယာများမှ တဆင့် သက်ဆိုင်ရာတာဝန်ရှိသူ၊ အဖွဲ့အစည်းတို့ သိရှိကာ ဖြေရှင်းဖို့ တွန်းအားပေးစေနိုင်မည်ဖြစ်သည်။

ယခင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ထုတ်သော သတင်းစာစောင်များ၏ စာမျက်နှာများတွင် မိမိဒေသအကြောင်းကို စောင့်မျှော်ဖတ်ရှုနေရခြင်းမှ မိမိဒေသမှ အဖြစ်အပျက်များ အရေးကြီးသည့်ကိစ္စရပ်များ လူထုခံစားချက် အသံများကို ဒေသန္တရ စာစောင်တွင် ဖတ်ရှုလာနိုင်ခြင်း အုပ်ချုပ်သူ အာဏာပိုင် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ထံလည်း လူထု ပရိသတ်၏ အမြင်ကို ဆက်သွယ်ပေးနိုင်ခြင်းသည် ပင်လျင် သတင်းမီဒီယာ၏ အရေးကြီးသည့် အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားတစ်ရပ်ကိုေ
ဆာင်ရွက်နေခြင်းဖြစ်ပေသည်။

ဤနေရာတွင် ဒေသန္တရ သတင်းမီဒီယာသည် ကြားနေသည့် သတင်းမီဒီယာဖြစ်ဖို့ လွတ်လပ်သည့် သတင်းမီဒီယာ ဖြစ်ဖို့လည်း အရေးကြီးပေသည်။ အုပ်ချုပ်သူ အာဏာပိုင် သို့မဟုတ် နိုင်ငံရေး ပါတီတစ်ခုခု ၏ အာဘော် မဖြစ်ဖို့ တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ဖွဲ့၏ အကျိုးစီးပွားကို ငဲ့ပြီး ပရိသတ်အကျိုးကို လျစ်လျူမရှုဖို့ အထူးအရေးကြီးပေသည်။

ပဲခူးအသံသည် လွတ်လပ်သည့် ရပ်တည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာကိုင်စွဲ၍ ပရိသတ် အများပြည်သူ အကျိုးရှိမည့် သတင်းများကို
ဖေါ်ပြသွားမည်ဖြစ်ပြီး မည်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အသုံးချခံမည်မဟုတ်ကြောင်း စာဖတ်ပရိသတ်ကို ကတိပြုပါသည်။

အယ်ဒီတာ
Read More...

ပဲခူးအသံ ဂျာနယ် အတွဲ ၁၊ အမှတ် ၂ တွင် ဖော်ပြခဲ့သည့် ၂၁ ရာစု ဆရာ မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)၏ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

Leave a Comment


ပဲခူးအသံ ဂျာနယ် အတွဲ ၁၊ အမှတ် ၂ တွင် ဖော်ပြခဲ့သည့်
၂၁ ရာစု ဆရာ မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)၏ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

တနင်္ဂနွေ သား၊ သမီးများ အတွက်

ငွေ အစုလိုက်အပုံလိုက်ရတတ်သည်။ ကြက်ခွပ် ကားတိုက် နတ်ကနား နိမိတ်များတွေရင် ငွေ ရတတ်သည်။ အလှူ မင်္ဂလာ ကိစ္စများ စကားပြော စီစဉ်ရတတ်သည်။ လူမျိုးခြား ဘာသာခြား ကူညီမစမည်။ မထင်မှတ်တဲ့ ဧည့်သည်မျိုးတွေရောက်လာတတ်သည်။ လူကြီး တစ်ယောက်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ရတတ်သည်။ ငွေ ခြံ ကား ကျောက် ကုန်သည် ကုန်ခြောက် ကွန်ပြူတာ ကွမ်းသီးကွမ်းယာ ပစ္စည်း ကြက်ဥ ကြက်သား လုပ်ငန်းများ ... သစ် သံ သွပ် သစ်သီး သီးနှံ စကားပြော ခရီးသွား လှုပ်ရှား ပွဲစား ရေကြောင်းခရီး ကုန်သည်ကြီး အလုပ် များ... အကျိုးပေးတတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အဖြူ၊ အနက်၊ အပြာ၊ ညိုမှိုင်းသော အရောင်များ။

ကံကောင်းစေမည့် ယတြာ။ ။ကံ့ကောက်ပင် အောက်မျာ အရှေ့ အရပ်မျက်နှာမူ ဖိနပ်ချွတ်ပြီး ထန်းလျက်ခဲ စားရင်း အလိုရှိရာကို တ၀ကြီး ဆုတောင်းပါ ။

ထီထိုးရန် ။ ။ ၃၊ ၉ များများ ပါအောင် ထိုးပါလေ...။

တနင်္လာ သားသမီးများအတွက်

ကံ တအားကောင်းနေသည်။ ရည်ရွယ်ချက်ရှိသမျှ ရဲရဲ လုပ်သင့်သည်။ ငွေ အစုလိုက်အပုံလိုက် ၀င်လာတတ်သည်။ ရောက်လေရာ အလုပ်တိုင်းနေရာတိုင်မှာ ကူညီမစ မယ့် သူများနေတတ်သည်။ မထင်မှတ်ဘဲ လူကြီးတစ်ယောက် ထံမှ အကူအညီကောင်းတွေ ရတတ်သည်။ အဖိုးတန် ရတနာ ရွှေ လက်ကောက် ၀င်လာတတ်သည်။ အောက်လက်ငယ်သား ငယ်ရွယ်သူများကို အကြောင်းပြု၍ စိတ်ချမ်းသာရတတ်သည်။ ပြဿနာဟောင်း ပြန်ပေါ်တတ်သည်။ မိတ်ဟောင်း ဆွေ ဟောင်းများ နှင့်လည်း ပြန်တွေ့ရတတ်သည်။ အလှအပ အနုပညာ ရွှေ ယဉ်ရထား ရေလုပ်ငန်း ရေ သန့် လက်ဖက်ရည် အအေး အရက် ဘီယာ ယိုစုံ စငည့်လုပ်ငန်းများ အိုးအိမ် အဆောက်အဦ ဆောက်လုပ်ရေး အုတ်သဲကျောက် အိမ်ဆောက်ပစ္စည်း အိမ်ထောင်ပရိဘောဂ အုပ်ချုပ်ရေး ဥပဒေ အိမ်ခြံမြေ အကျိုးဆောင် ကြက်ဥ ဘဲဥ လုပ်ငန်းများ ...အထူးအကျိုးပေးအောင်မြင်တတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အဖြူ အစိမ်း အနီ ဖြူနီကြား။

ကံကောင်းစေမည့် ယတြာ။ ။ဝါး ပင်အောက်မှာ အရှေ့အရပ်မျက်နှာမူ ဖိနပ်ချွတ် ကိတ်မုန့်စားရင်း အလိုရှိ ရာများကို စိတ်ထဲမှ တ၀ကြီး ဆုတောင်းပါ..။

ထီထိုးရန်။ ။ ၇၊ ၅ များများ ပါအောင်ထိုးပါ..။

အင်္ဂါ သား၊ သမီးများ အတွက်

ရုတ်တရက် ဘ၀ တစ်ဆစ်ချိုးမြင့်တက်ပြောင်းလဲသွားနိုင်သည့် အဆက်အသွယ်ကောင်းများ အခွင့်အလမ်းကောင်းများ ပေါ်လာတတ်သည်။ ထီပေါက်သလို ငွေ အစုလိုက်အပုံလိုက်ရတတ်သည်။ အဖိုးတန် စက် ပစ္စည်းဝင်လာတတ်သည်။ ပညာအသစ်ရတတ် သင်တန်း တင်ရတတ်သည်။ မထင်မှတ်တဲ့ နေရာက မထင်မှတ်တဲ့ ပုံစံ မျိုးနှင့် ငွေ ရတတ်သည်။ မိတ်ဆွေရင်း ဆရာရင်းများ၏ အကူအညီကောင်းတွေရတတ်သည်။ အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျတတ်သည်။ မြေပဲ ပြောင်း နှမ်း မြေယာ ဖယောင်း မုန့် ပန်းချီ ပန်းပု ပန်းထိမ် ဖုန်း ပညာ ဆရာ နှင့်ပက်သက်သော အလုပ်များ အထူးအကျိုးအောင်မြင်နိုင်သည်။ ငွေ ခြံ ကား ကျောက် ကုန်သည် ကုန်ခြောက် ကွန်ပြူတာ ကွမ်းသီးကွမ်းယာ ပစ္စည်း ကြက်ဥ ကြက်သား လုပ်ငန်းများ ...အထူးအကျိုးပေး အောင်မြင်တတ်သည်။

ကံကောင်စေမည့်အရောင်များ ။ ။အညို အ၀ါ အဖြူ ။

ကံကောင်းစေမည့် ယတြာ။ ။ပိတောက်ပင်အောက်မှာ အနောက်တည့်တည့်မျက်နှာမူ ဖိနပ်ချွတ် ဇီးယို စားရင်းအလိုရှိရာကို စိတ်ထဲမျ တ၀ကြီး ဆုတောင်းပါ..။

ထီထိုးရန်။ ။ ၃၊ ၅ များများပါအောင်ထိုးပါလေ..။

ဗုဒ္ဓဟူး သား၊ သမီးများ အတွက်

ကံအခြေအနေ ကောင်းလည်းမကောင်း ဆိုးလည်းမဆိုးဖြစ်နေတတ်သည်။ လူကြီးတစ်ယောက် ၏ အကူအညီကြီးကြီးမားမားရတတ်သည်။
ကောင်းသောခရီးများ သွားရတတ်သည်။ အလုပ်အကိုင်များ ပွင့်လန်းတိုးတက်မည်။ မထင်မှတ်ဘဲ ပညာ အသစ်ရတတ် သင်တန်းတက်ရတတ်သည်။ ရစရာ ပေးစရာ ငွေ အချို့ ကြန့်ကြာ နေတတ်သည်။ စက်ပစ္စည်းများ ပျက်ထွက် အသစ်လဲရခြင်း အရေးကြီးစာရွက်စာတမ်းပျောက် ခြင်းတိုက ကြုံတတ်သည်။ အိုးအိမ် အဆောက်အဦ ဆောက်လုပ်ရေး အုတ်သဲကျောက် အိမ်ဆောက်ပစ္စည်း အိမ်ထောင်ပရိဘောဂ အုပ်ချုပ်ရေး ဥပဒေ အိမ်ခြံမြေ အကျိုးဆောင် ကြက်ဥ ဘဲဥ လုပ်ငန်းများ ... မြေပဲ ပြောင်း နှမ်း မြေယာ ဖယောင်း မုန့် ပန်းချီ ပန်းပု ပန်းထိမ် ဖုန်း ပညာ ဆရာ နှင့်ပက်သက်သော အလုပ်များ အထူးအကျိုးအောင်မြင်နိုင်သည်။

ကံကောင်းစေမည့် အရောင်များ။ ။အနီ အပြာ အ၀ါ ရွှေ။

ကံကောင်းစေမည့် ယတြာ ။ ။အုန်းပင်အောင်တွင် အရှေ့ မြောက်အရပ် မျက်နှာမူ ဖိနပ်ချွတ် သရက်ယို စားရင်း အလိုရှိရာများကို ဆုတောင်းပါ..။

ထီ ထိုး၇န် ။ ။ ၄၊ ၇ များများ ပါအောင်ထိုးပါ..။

ကြာသပတေး သား၊ သမီးများ

ကံ အခြေအနေ အသင့် အတင့် ရှိ သည်။ အလုပ်များ တေ့လွဲ လွဲချော်နေတတ် သည်။ အဆုံးဖြတ်ချက် အမှားအယွင်းများ ချမိတတ်သည်။သတိထားသင့်..။ ငွေ အ၀င်နည်းပြီး ၀င်သလောက်ပြန်ထွက်နေတတ်သည်။ အကြီးအကဲ လူမျိုးခြား ဘာသာခြားများ ကူညီမစတတ်သည်။ အဖိုးတန် စက်ပစ္စည်း ၀င်လာတတ်သည်။ ၀မ်းသာစရာ စာ ရောက်လာတတ်သည်။ ဆန် ဆီ ဆေး ဆား စက်မှု စပ်တူ စားသောက်ကုန် စားသောက်ဆိုင် စက်ချုပ် စိုက်ပျိုးရေး စကားပြော စာပေ စသည့်လုပ်ငန်းများ အထူးကောင်းမွန် အထည် အလိပ် ထီး ဖိနပ် နာရီ ဥိးထုပ် လူမျိုးခြား နိုင်ငံခြား မီးလျှပ်စစ်အပူ ထီလုပ်ငန်းထုံးလုပ်ငန်း ၀န်ထမ်း အလုပ်များ . အထူး အကျိုးပေး အောင်မြင်တတ်သည်။

ကံကောင်းစမည့် အရောင်များ ။ ။အနီ အညို အနက် ဖြူနီကြားအရောင် များ

ကံကောင်းစေမည့် ယတြာ ။ ။ဇီးပင် (သို့) ညောင်ပင်အောက်မှာ
အရှေ့တောင်အရပ် မျက်နှာမူ ဖိန်ပချွတ် အုန်းသီးစိပ် စားရင်း အလိုရှိရာကို စိတ်ထဲမှ တ၀ကြီး ဆုတောင်းပါ..။

ထီထိုးရန် ။ ။ ၁၊ ၆ များများ ပါအောင်ထိုးပါလေ...

သောကြာ သား၊ သမီးများ အတွက်

အလှူ မင်္ဂလာ ကိစ္စများ စကားပြော စီစဉ်ရတတ်သည်။ လူမျိုးခြား ဘာသာခြား ကူညီမစမည်. မထင်မှတ်တဲ့ ဧည့်သည်မျိုးတွေရောက်လာတတ်သည်။ ငွေ အစုလိုက်အပုံလိုက်ရတတ်သည်။ ကြက်ခွပ် ကားတိုက် နတ်ကနား နိမိတ်များတွေရင် ငွေ ရတတ်သည်။ လူကြီး တစ်ယောက်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ရတတ်သည်။ ငွေ ခြံ ကား ကျောက် ကုန်သည် ကုန်ခြောက် ကွန်ပြူတာ ကွမ်းသီးကွမ်းယာ ပစ္စည်း ကြက်ဥ ကြက်သား လုပ်ငန်းများ ... သစ် သံ သွပ် သစ်သီး သီးနှံ စကားပြော ခရီးသွား လှုပ်ရှား ပွဲစား ရေကြောင်းခရီး ကုန်သည်ကြီး အလုပ် များ... အကျိုးပေးတတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အဖြူ အနက် အပြာညိုမှိုင်းသော အရောင်များ။

ကံကောင်းစေမည့် ယတြာ။ ။ကံ့ကောက်ပင် အောက်မျာ အရှေ့ အရပ်မျက်နှာမူ ဖိနပ်ချွတ်ပြီး ဒိန်ချဉ် သောက်ရင်း စားရင်း အလိုရှိရာကို တ၀ကြီး ဆုတောင်းပါ။

ထီထိုးရန် ။ ။ ၇၊ ၅ များများ ပါအောင် ထိုးပါလေ...

စနေ သား၊ သမီးများအတွက်

ကံတအားကောင်းသော်လည်း စိတ်အနှေုက်အယှက် ဖြစ်စရာများ ဒွန်တွဲနေတတ်သည်။ အလုပ်အဆက်အသွယ်သစ်တွေ
ပေါ်လာတတ်သည်။ နေရာထိုင်ခင်းပြုပြင်ရ မွမ်းမံရတတ်သည်။ အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျတတ်သည်။ အဖိုးတန်ရတနာ စက်ပစ္စည်း ၀င်လာတတ်သည်။ ရပ်ဝေးမှ သတင်းကောင်းတွေ ကြားရတတ်သည်။ အမှန်ဘက်ကနေ ငြင်းခုန်စကားပြောရတတ်သည်။ ငွေ ၊ ပစ္စည်း ပျောက်တတ်သည်။ သစ် သံ သွပ် သစ်သီး သီးနှံ စကားပြော ခရီးသွား လှုပ်ရှား ပွဲစား ရေကြောင်းခရီး ကုန်သည်ကြီး အလုပ် များ... ဆန် ဆီ ဆေး ဆား စက်မှု စပ်တူ စားသောက်ကုန် စားသောက်ဆိုင် စက်ချုပ် စိုက်ပျိုးရေး စကားပြော စာပေ စသည့်လုပ်ငန်းများ အထူးကောင်းမွန် အကျိုးပေးတတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အပြာ အညို အစိမ်းနု အစိမ်းရင့် ဖြူနီကြား အရောင်များ

ကံကောင်းစေမည့်ယတြာ ။ ။သရက်ပင်အောက်မှာ မြောက်အရပ် မျက်နှာမူ ဖိနပ်ချွတ် ပြီး ရေ သောက် ရင်း အလိုရှိရာ ဆုတောင်းပါ...။

ထီထိုးရန် ။ ။ ၂၊ ၇ များများပါအောင်ထိုးပါလေ...။
Read More...

ပဲခူးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းချပေးမည် The Bago Voice

Leave a Comment


ပဲခူးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းချပေးမည်

The Bago Voice

ပဲခူး၊ ဖေဖော်ဝါရီ ၁၂။

ပဲခူးတိုင်းအရှေ့ခြမ်းမှ ဖြူး၊ ညောင်လေးပင်မြို့နယ်တို့နှင့် အနောက်ခြမ်းမှ သာယာဝတီနှင့် လက်ပံတန်းမြို့တို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL အင်တာနက်လိုင်း ဝန်ဆောင်မှုပေးတော့မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးနိုင်ကိုကိုက အတည်ပြု ပြောကြားသည်။

ပဲခူးတိုင်အတွင်း ယင်းလေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းများကို ပထမဆုံးချထားပေးခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးမှ ဝန်ဆောင်မှုတိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ လိုအပ်သည့် စက်ပစ္စည်းတပ်ဆင်မှုများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း တည်ဆောက်မည်ဖြစ်ရာ ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ပဲခူးတိုင်းထဲမှာက ADSL သုံးလို့ရတာ ပဲခူးရယ်၊ ပြည်ရယ်၊ တောင်ငူရယ်ပဲရှိသေးတယ်” ဟုဦးနိုင်ကိုကိုက ပြောသည်။

လက်ရှိအချိန်တွင် အင်တာနက်သုံးစွဲနိုင်ရန် စကိုင်းနက် MPSဖြင့်သာ ချိတ်ဆက်ထားနေရပြီး မြန်မာ့ဆက်သွယ်ရေးမှ ADSL လိုင်းများ ချထားပေးမည်ဆိုပါက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း၊ လိုင်းနှစ်လိုင်း ဖြင့်ဝန်ဆောင်မှုပေးပါက သုံးစွဲသူများအတွက် ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့တွင် အင်တာနက်ဆိုင်ဖွင့်ထားသူ တစ်ဦးကဆိုသည်။

“ADSL ကဈေးနှုန်းကတော့သက်သာတယ်။ လိုင်းကောင်းဖို့ပဲမျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။
ပဲခူးမြို့တွင်လည်း ADSL အင်တာနက်လိုင်းချထားပေးမှုမှာ အရည်အတွက်ပြည့်သွားပြီးဖြစ်သောကြောင့် ပဲခူးမြို့ရှိ ပဲခူးမြို့မ အိတ်ချိန်းရုံးနှင့် ဥဿာအိတ်ချိန်းရုံးတို့တွင် ADSL Portများထပ်မံ တိုးမြှင့်တပ်ဆင်သွားမည် ဖြစ်ပြီး ယင်းသို့တပ်ဆင်ပြီးမှသာ ADSLလိုင်းများ ထပ်မံချထားပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဆက်သွယ်ရေးမန်နေဂျာရုံးမှ မန်နေဂျာဦးနိုင်ကိုကိုက ဆိုသည်။

ပဲခူးမြို့တွင် ADSL အင်တာနက်လိုင်းချထားပေးမှုမှာ ပဲခူးမြို့မ အိတ်ချိန်းရုံးမှ ၁၄၀လိုင်းနှင့် ဥဿာအိတ်ချိန်းရုံးမှ ၂၄လိုင်းချထားပေးပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဆက်သွယ်ရေးမန်နေဂျာရုံးမှ သိရသည်။

(ပဲခူးအသံ ဂျာနယ် အတွဲ ၁၊ အမှတ် ၁)
Read More...

Tuesday, February 11, 2014

ပဲခူးတိုင်းတွင်နေသူများ၊ ပဲခူးတိုင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်ယှက်နွယ်နေသူများ မဖြစ်မနေ ဖတ်သင့်သည့်ဂျာနယ် ယခုလ တတိယပတ်အတွင်း စတင်ဖြန့်ချိမည်။

Leave a Comment


ပဲခူးတိုင်းတွင်နေသူများ၊ ပဲခူးတိုင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်ယှက်နွယ်နေသူများ မဖြစ်မနေ ဖတ်သင့်သည့်ဂျာနယ် ယခုလ တတိယပတ်အတွင်း စတင်ဖြန့်ချိမည်။

ထုတ်ဝေသူ သူဋ္ဌေး မပါ၊ သတင်းသမားစစ်စစ်တွေသာ ပိုင်တဲ့
ပဲခူးအသံ အပတ်စဉ်ဂျာနယ် မကြာမီ လာပြီ .....မျှော် ....


 အရောင်း ကိုယ်စားလှယ်များ ဆက်သွယ်နိုင်သည်
--------------------------------------------------

ပဲခူးအသံ ဂျာနယ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့(ချစ်သူများနေ့) တွင် စတင် ဖြန့်ချိတော့မည်ဖြစ်သည်။

ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ အရောင်းကိုယ်စားလှယ်များအနေဖြင့် ဆက်သွယ်မှာယူနိုင်ပြီ ဖြစ်ပါသည်။

ဆက်သွယ်ရန်...

ပဲခူးရုံး
-------
အမှတ် ၁၄၊ တိုက် ၇၊ ရှင်စောပုတိုက်တန်း၊ မက္ကတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။

အီးမေးလ် - thebagovoice@gmail.com

ဖုန်း- ၀၉ ၄၅ ၀၀၀ ၅၄ ၈၀

ရန်ကုန်ရုံး
----------
အမှတ် ၁၃၈၊ ဒုတိယထပ်(ညာ) ဗိုလ်ကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၂၅၄၂ ၀၀ ၉၉၁


 စာမူများ ပေးပို့နိုင်သည်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သတင်းထောက်များ၊ ဆောင်းပါးရှင်များ အနေဖြင့် စာမူများ ပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

ပေးပို့ရန်......

အခန်း ၁၄၊ တိုက် ၇၊ ရှင်စောပုတိုက်တန်း၊ မက္ကတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။

အီးမေးလ်
thebagovoice@gmail.com

ဖုန်း
၀၉ ၃၁ ၂၀ ၇၉ ၆၂၊ ၀၉ ၄၅ ၀၀၀ ၅၄ ၈၀


 ပဲခူးအသံ ဂျာနယ်၏ အခမဲ့ ကြော်ငြာ ကဏ္ဍ
......................................................

ပဲခူးအသံ ဂျာနယ်တွင် အခမဲ့ ကြော်ငြာ ကဏ္ဍ ဖွင့်လှစ်ထားပါသည်။

အိမ်ခြံမြေ အရောင်း/အ၀ယ်၊ ကုန်ပစ္စည်း အရောင်း/အ၀ယ်၊ အလုပ်ခေါ်ကြောငြာ၊ သင်တန်း ကြော်ငြာ စသည်တို့ကို အခမဲ့ကြော်ငြာနိုင်ပါသည်။

ကြော်ငြာများ ထည့်သွင်းလိုပါက ပဲခူးအသံ ဂျာနယ်သို့ ၂ လက်မ x ၁ လက်မခွဲ ထက် မကြီးသော အရွယ်အစား ဖြင့် ပေးပို့နိုင်ပါသည်။

ပေးပို့ရန်............

အခန်း ၁၄၊ တိုက် ၇၊ ရှင်စောပုတိုက်တန်း၊ မက္ကတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။

အီးမေးလ်
thebagovoice@gmail.com

ဖုန်း
၀၉ ၃၁ ၂၀ ၇၉ ၆၂၊ ၀၉ ၄၅ ၀၀၀ ၅၄ ၈၀



ပဲခူးတိုင်းဒေသကြီးအတွင်း အသစ်ထွက်ရှိမည့်
''ပဲခူး အသံ" ဂျာနယ် တွင် တာဝန်ထမ်းဆောင်ရန်

အလုပ်သင် သတင်းထောက် ၃ ဦး
စာစီစာရိုက် ၁ ဦး

သတင်းစာ ပညာကို စိတ်ဝင်စားသော တက္ကသိုလ်ဝင်တန်းအောင် အသက် ၃၀ နှစ်အောက် ကျား/ မ လူငယ်များ လျှောက်ထားနိုင်သည်။

လျှောက်ထားလိုပါက...

အမှတ် ၁၄၊ တိုက် ၇၊ မက္ကတစ်လမ်း တိုက်တန်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။
ဖုန်း - ၀၉ ၄၅ ၀၀၀ ၅၄ ၈၀၊ ၀၉ ၃၁၂၀ ၇၉၆၂
Read More...

Sunday, February 2, 2014

မြန်မာဂျာနယ်လစ်ကွန်ယက်အဖွဲ့အားဝင်ရောက်လိုသူအသင်းသားတစ်ဦးလျှင် ငွေ(5000)ကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းသတင်းရရှိ

Leave a Comment



ပဲခူးတိုင်းဒေသကြီးပဲခူးမြို့တွင်ယနေ့(2.2.2014)ရက်နေ့နံနက်(10)နာရီအချိန်ကပဲခူးတိုင်းဒေသကြီးတွင်မြန်မာဂျာနယ်လစ်ကွန်ယက်ဖွဲ့စည်းရေးအတွက်ပဲခူးမြို့ယာဉ်ဝင်းရှေ့ရွှေမေတ္တာ လ္ဘက်ရည်ဆိုင်တွင်ကျင်းပခဲ့ကြောင်းအဆိုပါအခန်းအနားသို့ မြန်မာအလင်းသတင်းစာမှသတင်ထောက်များကြေးမှုံသတင်းထောက်များအရပ်ဖက်သတင်းစာတိုက်မှသတင်းထောက်များဂျာနယ်သတင်းထောက်များစုစုပေါင်း ၂၅ ဦးခန့်တက်ရောက်ပြီးအဆိုပါမြန်မာဂျာနယ်လစ်ကွန်ယက်အဖွဲ့အားဝင်ရောက်လိုသူအသင်းသားတစ်ဦးလျှင်
ငွေ(5000)ကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းသတင်းရရှိသည်။  ပဲခူးမီဒီယာ



 ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

Thursday, December 19, 2013

အခြေခံဥပဒေဆိုင်ရာလူထုဆန္ဒသဘောထားရယူပွဲအခန်းအနားကိုသာယာဝတီမြို့တွင်ကျင်းပခဲ့

Leave a Comment


အခြေခံဥပဒေဆိုင်ရာလူထုဆန္ဒသဘောထားရယူပွဲအခန်းအနားကိုသာယာဝတီမြို့တွင်ကျင်းပခဲ့
***************************************************** ဒီဇင်ဘာလ(၁၅)ရက်နေ့ကအခြေခံဥပဒေဆိုင်ရာလူထုဆန္ဒသဘောထားရယူပွဲအခန်းအနားကိုသာယာဝတီမြို့တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
ထိုအခန်းအနားတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ-ဒေါ်အောင်ဆန်းစုကြည်က-ဒီ-ဖွဲ့စည်းပုံအခြေခံဥပဒေက-ပြည်သူနဲ့တပ်မတော်ကြားစိတ်ဝမ်းကွဲအောင်လုပ်နေတယ်ဟူရ်ျ၎င်း၊
-ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီးကျိုးစားနေခြင်းအပေါ်တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်နေသည်ဟုစွတ်စွဲပြောဆိုနေမှုများအား၎င်းရှင်းလင်းတင်ပြပြောဆိုခဲ့ပါတယ်။
၁၉၉၀-ရွေးကောက်ပွဲမှာNLD-အနိုင်ရရှိခဲ့နဲ့ပတ်သတ်ပြီး-နာယကကြီးဦးတင်ဦးကလဲ……..မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး(၁၉၉၀)ခုနှစ်ရွေးကောက်ပွဲနှင့်ပက်သတ်ပြီး ရင်ဖွင်စကားများကိုပြောကြားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။
-ထို့နောက်တက်ရောက်သူ(၄၀၀၀၀)ကျော်ခန့်ရှိပြီးတိုင်းကိုယ်စားပြု-ပြုလုပ်သောပွဲဖြစ်သဖြင့်-ပဲခူးတိုင်း-တတိုင်းလုံးမှပါတီဝင်အများစုနှင့်စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပြီးတက်ရောက်သူများ၏(၉၅%)ကအခြေခံဥပဒေပြင်ဆင်ရေးအတွက်ဆန္ဒပြုထောက်ခံခဲ့ကြပါတယ် အဆိုပါအခမ်းအနားကို ဒီဇင်ဘာလ(၁၅)ရက်နေ့ မနက်(၉း၀၀)အချိန်ခန့်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နေ့လည်(၁၂း၀၀)နာရီအချိန်ခန့်မှာ အခမ်းအနားပြီးဆုံးသွားခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်ခင်ဗျာ…..

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

Wednesday, November 13, 2013

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၁)

Leave a Comment


မြန်မာတပြည်လုံး သိသွားအောင် များများ ရှယ်ပေးကြပါ။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၁)

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။

မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။

မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။

မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။

မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။

မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။ မော်ကွန်းဝင်လက်မှတ်တွေ ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။

မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။

မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။

ကြည်လင်း အား ကျေးဇူးတင်သည်။

#iLoveMyanmar #Myanmar #iLoveMM #WeLoveMyanmar
Read More...

Saturday, October 26, 2013

င်ပေါက်ခေါင်းမြို.နယ်တွင် မိုးေ၇ ချိန် ၂.၆၆ လက္မ ရွာသွန်းမူ၂၆ရက် အောက်တိုဘာ၂၀၁၃ နေ. ၇း၃၀ အချိန်တွင် ၀င်ရောက် ရေများ ပြန်လည်စီးဆင်းသွားခဲ.

Leave a Comment

မိုးရေချိန်၂.၆၆လက္မ၇ွာသွန်းမူကြောင့် ရပ်ကွက်(၃) ခု ရေ၀င်ရောက်မူဖြစ်ပေါ်
၂၅.၁၀.၂၀၁၃ နေ. ညနေ (၆)နာရီအချိန်တွင်ပေါက်ခေါင်းမြို.နယ်တွင် မိုးေ၇
ချိန် ၂.၆၆ လက္မ ရွာသွန်းမူကြောင့် ဘန်.ပြင်ကျေးရွာအုပ်စု၊ကြိုးကြားကျေးရွာ
အနီးရှိ စပါးစိုက်ပျိုးရေအသုံးပြု.သည်. ကြိုးကြာကန် ကျိုးပေါက်သဖြင့် ပေါက်
ခေါင်းမြို.ပေါ်ရှိ မြေနိမ်.ပိုင်းဖြစ်သည်. အမှတ်(၃)ရပ်ကွက်တွင် အိမ်ခြေ(၃၀၀)၊
အမှတ်(၄)ရပ်ကွက်တွင် အိမ်ခြေ(၂၅၀)၊အမှတ်(၅)ရပ်ကွက်တွင် အိမ်ခြေ
(၁၀၀) နှင့် စုပေါင်းရုံး(၁၀)ရုံးသို.ေ၇များ(၃)ပေခန်.၀င်ရောက်ခဲ.ပြီး တဖြည်း
ဖြည်းပြန်ဆင်းရာ၂၆ရက် အောက်တိုဘာ၂၀၁၃ နေ. ၇း၃၀ အချိန်တွင် ၀င်ရောက်
ရေများ ပြန်လည်စီးဆင်းသွားခဲ.ပါသည်။
လက်ရှိအခြေအနေတွင် အနိမ်.ဆုံးနေရာများတွင် (၂)ပေခန်.ရေများကျန်ရှိပြီး
ရေ၀င်ရောက်မူကြောင့် လူနေအိမ်ခြေများ၊ ရုံးများ၊သီးနှံများနှင့်တိရိစ္ဆာန်များ
ပျက်စီးဆုံးရှုံးမူ မရှိပါကြောင်း သတင်းရရှိပါသည်။
ပေါက်ခေါင်းသတင်း မှ ကူးယူဖော်ပြသည်။ ။ပြည်သတင်း...

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

Thursday, October 24, 2013

~ ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင် ~ *ရေးသူ- ကျော်သူ*

Leave a Comment
~ ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင် ~
*ရေးသူ- ကျော်သူ*

ကျွန်တော်သည် စာရေးဆရာ တစ်ဦးမဟုတ် လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင် ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲ သို့ရောက်ရှိသည့် (၂) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက် ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက် ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ် တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလ အားဖြင့် တစ်လနီးပါးကြာခဲ့သည်။

ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့ မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်စာရေးချင်စိတ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးအား ယခင်က ရုပ်ရှင်အမြုတေ ဟုခေါ်သော ယခု ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ထည့်သွင်းဖော်ပြခြင်းကို ခံခဲ့ရသည်။ ဆောင်းပါးအမည်ကား “လက်ရဲဇက်ရဲနဲ့ ပုခက်လွှဲတဲ့လက်” ဟု၍ဖြစ်တော့သည်။

ထိုစဉ်အခါက ကျွန်တော်ရေးသား ဖြစ်ခဲ့သော ဆောင်းပါးများအား တတ်သိနားလည်သော စာရေးဆရာ ကြီးများအား ပြသအကူအညီတောင်း၍ တည်းဖြတ်မှုများ ပြင်ဆင်မှုများပြုလုပ် ပေးစေခဲ့သည်။ ယခုပရဟိတ လူမှုရေးသမားအဖြစ် ရောက်ရှိခဲ့သောအချိန်တွင် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေး၊ စစ်ဘေး စသည့် လူမှုလိုအပ်ချက်များအား ကူညီဖေးမလုပ်ကိုင်ရန် ကျွန်တော်၏ စိတ်တို့သည် ပြည်သူ/ သားတို့နှင့် ထပ်တူထပ်မျှခံစားခဲ့ရတော့သည်။
ထိုခံစားချက်များအား စာမျက်နှာပေါ်တွင် ရေးချခဲ့ကာ ကျွန်တော်၏ Facebook ပေါ်တွင်တင်ပြခဲ့သည်။

ပရဟိတ လူမှုရေးသမားစာပေများအား ကျွန်တော်တို့နှင့်အတူ လက်တွဲ၍ ပရဟိတလုပ်ငန်းများအား လုပ်ကိုင်ပေးနေသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ပြသ၍ တည်းဖြတ် အကြံပေးမှုများအား ရယူခဲ့ရပြန်သည်။ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော်အနုပညာ လုပ်ငန်းများ လုပ်ခြင်းများကို ပိတ်ပင်တားစီးခံခဲ့ရတော့သည်။ ရုပ်ရှင်ပိတ်ကားတွင်သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ်တွင် ကျော်သူဓါတ်ပုံမသုံးရ၊ ကျော်သူ့ပန်ချီးမပြရ၊ ကျော်သူ့
ဆောင်းပါးမသုံးရ ကျော်သူ ဟူသော နာမည်ပါ တင်ပြခွင့်မရှိခဲ့။

ကျွန်တော်၏ ဆရာကြီးဖြစ်သူ ဆရာမင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်းဆုံးရှုံး မှုဖြစ်ရကြောင်းနှင့် ကျွန်တော်၏သမီး မင်္ဂလာပွဲအခမ်းအနား ကြေငြာခြင်းတို့ ဖြစ်သော (နာရေး၊ သာရေး) ကိစ္စရပ်များကိုပင် (ကျော်သူ)ဟူသော အမည်ပါ၍ သတင်းစာထဲတွင် ကြေငြာထည့်ခွင့်ပင်မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်သည် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်များ ခံစားချက်များအား ကျွန်တော်၏ Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားရင်ဖွင့်ခြင်းကို တစ်ကိုယ်တော် ပြုလုပ်ခဲ့တော့သည်။

ကျွန်တော်၏ ခံစားမှုဆောင်းပါးများ၊ ကဗျာများအား ဖတ်ရှုမိသူ၊ သတိပြုမိသူ၊ စုဆောင်းထားခဲ့သူ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် ပြည်ပနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးဘွဲ့ကို ဆွတ်ခူးခဲ့သူ အလင်းဆက် (IR) ပင်ဖြစ်တော့သည်။ အလင်းဆက် (IR)သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ကျွန်တော်နှင့် တွေ့ဆုံ ရင်းနှီးခဲ့ပြီး ကျွန်တော်၏ ဆောင်းပါးများအား စာအုပ်ထုတ်ဝေရန် တိုက်တွန်းခဲ့သည်။ သူ၏ တိုက်တွန်းမှုနှင့်အတူ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)အား ကျွန်တော့်ဆီ အရောက် ခေါ်လာခဲ့တော့သည်။

ထိုထိုသော အကြောင်းအရပ်များ ပေါင်းစည်းပြီးသကာလ ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော စာအုပ်ထွက်ပေါ်လာခဲ့တော့သည်။ ထိုသို့ ကျွန်တော်၏ လူ့သက်တမ်းတွင် မှတ်တိုင် တစ်တိုင်အဖြစ် ထပ်မံစိုက်ထူပေးခဲ့သော အလင်းဆက် (IR)၊ စာရေးဆရာ ဟိန်းလတ်၊ ဦးထွန်းဦး၊ ဦးအောင်သူ (ထွန်းဦး စာပေ)
 
Read More...

Facebook Like Page