Tuesday, January 27, 2015

လယ်သိမ်းခံ နတ္တလင်းတောင်သူများ လယ်ယာမြေပြန်လည်ရရှိရေး သုံးကြိမ်မြောက် ဆန္ဒထုတ်ဖော်

Leave a Comment
လယ်သိမ်းခံ နတ္တလင်းတောင်သူများ လယ်ယာမြေပြန်လည်ရရှိရေး သုံးကြိမ်မြောက် ဆန္ဒထုတ်ဖော်


“လယ်သမားတွေအခက်အခဲကို ဘယ်သူကမှ လာမဖြေရှင်းပေးကြဘူး ကျွန်တော်တို့ လယ်တွေကို ဌာန ဆိုင် ရာတွေက သိမ်းထားတာ ဒီလယ်တွေကို ဘိုးစဉ်ဘောင်ဆက် ဓါးမဦးချလုပ်ကိုင်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မူလပိုင်ရှင်လယ်သမားတွေပဲ ပြန်ရချင်တယ်”
ဆန္ဒဖော်ထုတ်သူများသည် နတ္တလင်းမြို့အပြင် သာစည်လမ်းထိပ်မှ တာပွန်လမ်းတစ်လျှောက် ချီတက်ခဲ့ကြပြီး ဓါးမဦးချလယ်ယာမြေများ ပြန်လည်ရရှိရေး ခမရ(၄)မှ သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိ ရေး မြေစာရင်းမှ ရောင်းစားထားသော လယ်ယာမြေပြန်လည်းရရှိရေး၊ သိမ်းဆည်းသွားသော လယ်ယာမြေဧက (၄၅၀)အား ပြန်လည်ရရှိရေး စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။
 သီဟလွင်- ပဲခူး(မြစ်မခ)
http://myitmakhamediagroup.com/…/p…/2450-2015-01-26-11-18-16



0 comments:

Post a Comment

Facebook Like Page