Monday, January 26, 2015

ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့အားအထူး(အထူး)ကျေးဇူးတင်ရှိပါကြောင်း သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့အားအထူး(အထူး)ကျေးဇူးတင်ရှိပါကြောင်း
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင်ရှိသော ညဈေးတန်းတွင်
တိုက်ခန်းများမှ ရေဆိုးထုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေခြင်းကြောင့်ရေ
စီးရေလာမကောင်းမွန်ခြင်း၊လမ်းများပျက်စီးနေခြင်းကြောင့် ဇန်န၀ါရီ ၂၄ ရက်နေ့က
သတင်းရေးသားဖ်ာပြထားခဲ့သရာ ဇန်န၀ါရီ ၂၅ရက်နေ့ တနင်္ဂနွေနေ့ နံနက်၈နာရီမှ
၁၁နာရီအထိပြည်မြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာဦးအောင်အောင်
နှင့်အဖွဲ့က လမ်းမပေါ်တွင်ဝပ်နေသောရေများအား ရေစီးရေလာကောင်းမွန်အောင်ဆောင်
ရွက်ခဲ့ပါသည်။
ထို့ကြောင့်အများပြည်သူများ၏လိုအပ်နေသောအကြောင်းအရာအခက်အခဲအား ဖြေရှင်းပေး
ခဲ့သော ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အား ဈေးသူ ဈေးသားများနှင့်အများပြည်သူများ
ကိုယ်စားအထူး(အထူး)ကျေးဇူးတင်ရပါကြောင်းနှင့် ပြည်သူများ၏လိုအပ်ချက် ဖြစ်သင့်သော
အကြောင်းအရာများရှိလာပါက ယခုကဲ့သို့ကူညီဆောင်ရွက်ဖြေရှင်းပေးနိုင်ပါရန်အပြုသဘော
ဆောင်ကာရေးသားလိုက်ပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883


0 comments:

Post a Comment

Facebook Like Page