Wednesday, March 1, 2017

ပထမနှစ်ကျောင်းသား ကြိုးဆွဲချသေဆုံးမှု ပြည်မြို့တွင် ဖြစ်ပွား

Leave a Comment

ပထမနှစ်ကျောင်းသား ကြိုးဆွဲချသေဆုံးမှု ပြည်မြို့တွင် ဖြစ်ပွား

ပြည်  မေလ       ၁   ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ ၊ရွာဘဲနယ်မြေ ၊ကိုးသောင်း
ပဒေသာရပ်တွင် မေလ(၁)ရက်နေ့ နံနက်(၉)နာရီ (၃၀) အချိန်ခန့်က
ပထမနှစ်ကျောင်းသား တစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိ
သည်။

အဆိုပါ သေဆုံးသူမှာ ညီမင်းမြတ်(ခ)ဖိုးသား(၁၉)နှစ်၊(ဘ)ဦးယုဆွေ
ပြည်တက္ကသိုလ်မှ ပထမနှစ် ဓာတုဗေဒ၊DAY ကျောင်းသားတစ်ဦးဖြစ်ပြီး
၁ခ-၂၆၅ (၂)နှစ်ကျ အပြင်ဖြေ ကိုသောင်းပဒေသာရပ်တွင် နေထိုင်သူဖြစ်
ကြောင်းသိရပြီး ၄င်း၏နေအိမ် နှစ်ထပ်ပျဉ်ကာ၊ပျဉ်ခင်း၊သွပ်မိုး အပေါ်ထပ်
ထုတ်တန်း အရှည်(၃)ပေ၊(၇)လက်မခန့်ရှိ ရှုးဖိနပ်နိုင်လွန်ကြိုးစနှစ်ဖက်အား
ထုတ်တန်းတွင်ချည်နှေင်လျက် ခြေထောက်နှင့်ကြမ်းခင်း အနည်းငယ်ခန့်လွတ်
၍ ကြိုးဆွဲချသေဆုံးနေကြောင်း နေအိမ်ခေါင်းရင်းဘက်ကပ်လျက်နေသူ ထွန်း
မိုးမှ ၄င်း၏ဖုန်းပြုပြင်ရန် အကူအညီတောင်းခံရန်အတွက် နေအိမ်ပေါ်သို့တက်
လာစဉ်တွေ့ရှိရာ ရဲစခန်းသို့အကြောင်းကြားခဲ့သည်ဟု ဆို၏။

သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းရာ ညီမင်းမြတ်(ခ)ဖိုးသားသည် မိခင်ဖြစ်သူ
ဒေါ်ရီရီဝင်း၊ ညီမဖြစ်သူ  မ……၊မ……တို့နှင့်အတူနေထိုင်ပြီး ဖခင်ဖြစ်သူ ဦးယုဆွေ
မှ လွန်ခဲ့သော(၃)လခန့်က ကွယ်လွန်သွားခဲ့ပြီး စိတ်ထိခိုက်နေရခြင်း၊မိသားစုကိစ္စ
နှင့်ပတ်သက်၍ စိတ်ထိခိုက်နေရခြင်းတို့ရှိသည်ဟု စုံစမ်းသိရှိရသည်။

ထို့ကြောင့် ညီမင်းမြတ်(ခ)ဖိုးသား သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း
သေဆုံးခြင်း  ဟုတ်/မဟုတ်စစ်ဆေးပေးရန် ဒုရဲအုပ် ထူးသူရမောင်မှ တိုင်တန်းခဲ့
သဖြင့် သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ ဖြင့်အမှုဖွင့်ကာ အမှုအား ဒုရဲမှူး တင်ကို
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883


ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page