Thursday, December 29, 2016

အလုပ်နေရာရွှေ့ပြောင်းခံရလို့ ဒုတိယအလုပ်သမားခေါင်းဆောင် ကိုသတ်တဲ့ အလုပ်သမားအား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ် ကိုးနှစ်ချမှတ် ပြည့်သဲမောင်(ပြည်)

Leave a Comment

အလုပ်နေရာရွှေ့ပြောင်းခံရလို့ ဒုတိယအလုပ်သမားခေါင်းဆောင်
ကိုသတ်တဲ့ အလုပ်သမားအား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ်
ကိုးနှစ်ချမှတ်

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ဆောက်လုပ်ဆဲ
အဆောက်အဦးအတွင်း ဒုတိယ အလုပ်သမားခေါင်းဆောင်နှင့် 
စကားများရန်ဖြစ်ပြီးနောက် ဆိုင်ကယ်တူးဘောက်စ်ထဲမှ ၀က်အူ
လှည့်ကိုယူ၍ အိပ်နေသူကို ထိုးသတ်သည့် လူသတ်မှုကျူးလွန်သူ
အား အလုပ်နှင့်ထောင်ဒဏ်ကိုးနှစ်ကျခံစေရန် ဒုတိယခရိုင် တရား
သူကြီးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မှုခင်ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲ
(၁)နာရီအချိန်က ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ဆံတော်ရပ်၊ ရွှေသာလျော
င်းလမ်းထိပ်တွင်ရှိသောဒေါ်ဝင်ဌေး ၏ ဆောက်လုပ်ဆဲအဆောက်
အအုံတွင် အလုပ်သမားဒုခေါင်းဆောင် ဇော်ဇင်ဖြိုး သည်ဒရင်းဘ
တ်ပေါ်တွင် ခေတ္တအနားယူ၍ အိပ်နေသည်ဆို၏။ထိုအချိန်တွင်ေ
ဇ်ာဇင်ဖြိုး အနီးတွင် ဆေးစပ်နေသော ကိုဖြိုးမောင်မောင်၊ ဇော်ဇင်
ဖြိုး အနီးမှ သုံးပေခန့်အကွာတွင် ကိုကျော်ဇေယျဦး၊ ကိုမိုးကျော်၊ကို
အောင်ကြီး(ခ) အောင်နိုင်ဖြိုး တို့က တန်းစီပြီး အနားယူအိပ်နေကြ
သည်ဆို၏။

ထိုအချိန်တွင် ဇော်ဇင်ဖြိုး ၏ အစ်ကို ကိုမျိုးမင်းဇော် သည် ဆောက်
လက်စသုံးထပ်တိုက်၏ မျက်နှာကြက်အလှတပ်ဆင်ရန် ပြုလုပ်နေ
စဉ် ညီဖြစ်သူ ဇော်ဇင်ဖြိုး ၏ အလန့်တကြားအော်သံကြားရသဖြင့်
အောက်ထပ်သို့ အပြေးအလွှားဆင်းကြည့်ရာ ညီဖြစ်သူအား ရင်ဝ
တွင် ထိုးသွင်းဒဏ်ရာရရှိထားသည်ကို တွေ့လိုက်ရသည်။

နံနက်ပိုင်းတွင် စကားများရန်ဖြစ်ခဲ့သည့် အလုပ်သမား မင်းနိုင်က 
၎င်းစီးနင်းယူဆောင်လာသော ဆိုင်ကယ်၏ တူးဘောက်စ်ထဲမှ ဝ
က်အူလှည့်ကို ၀ှက်ယူလာပြီး ထိုးခဲ့ကြောင်း အလုပ်သမားများ၏ေ
ပြာပြချက်အရ သိရှိရသည်။ ဇော်ဇင်ဖြိုး သည် ဆေးကုသမှုခံယူေ
နစဉ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ အစ်ကိုဖြစ်သူ ကိုမျိုးမ
င်းဇော် က တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပြည်မြို့မရဲစခန်းမှ(ပ
)၁၈၂၄/၂၀၁၆ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အရေးယူစစ်ဆေးပြီး
ပြည်ခရိုင်၊ ဒုခရိုင်တရားသူကြီးရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

၎င်းအမှုကို တရားရုံးက လက်ခံစစ်ဆေးရာတွင် လူသတ်မှုကျူးလွန်
သူ မင်းနိုင် သည် အခင်းဖြစ်နေ့ နံနက်ပိုင်းတွင် အလုပ်သမား ဒုတိ
ယခေါင်းဆောင် ဇော်ဇင်ဖြိုး နှင့် တစ်ယောက်တစ်ခွန်းစကားများ
ခဲ့ကြောင်း၊ သို့ဖြစ်၍ ရွှေသာလျောင်းဆိုဒ်မှ န၀ဒေးဆိုဒ်သို့ ပြောင်း
ရွှေ့ခံရသဖြင့် အငြိုးထားကာ ဆိုင်ကယ်တူးဖောက်စ်ထဲမှ ၀က်အူ
လှည့်ကိုယူ၍ ထိုးသတ်ခဲ့ကြောင်း၊ ဇော်ဇင်ဖြိုး၏ နှလုံးသွေးလွှတ်
ကြော ပေါက်ပြဲကာ သေဆုံးကြောင်း ဆေးစာပြန်ကြားချက်အရ
သိရှိရသည်ဟု သုံးသပ်ခဲ့သည်။
 
သို့ဖြစ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂(၂)အရ ပြစ်မှုကျူးလွန်ေ
ကြာင်း ထင်ရှားသော်လည်း ယခင်က ပြစ်မှုကျူးလွန်ဖူးခြင်း မရှိ
သည်ကို ထောက်ထားလျက် ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ဗိုလ်တစ်
ထောင်ရပ်၊ ကြက်တောကုန်းနေ ဦးညွန့်ကြိုင် ၏သားဖြစ်သူ တ
ရားခံ မင်းနိုင် အား အလုပ်နှင့်ထောင်ဒဏ် (9)နှစ် ကျခံစေရန်နှ
င့် ချုပ်ရက်များကို ပြစ်ဒဏ်မှး ထုတ်နုတ်ခံစားခွင့်ပြုပြီး သက်သေ
ခံပစ္စည်းများအား အယူခံရက် ကျော်လွန်က ဖျက်ဆီးစေဟု ဒီဇင်
ဘာလအတွင်း အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ပြည့်သဲမောင်(ပြည်)09423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Tuesday, December 27, 2016

ပြည်ခရိုင် အားကာမှကြီးမှူးကျင်းပ၍ ကယ်လ်ဆမ်ကွေကာမှ ကူညီပံ့ပိုးသည့် ပထမအကြိမ် ဒီဇင်ဘာအားကစားလှုပ်ရှားမှု ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

Leave a Comment

ပြည်ခရိုင် အားကာမှကြီးမှူးကျင်းပ၍ ကယ်လ်ဆမ်ကွေကာမှ
ကူညီပံ့ပိုးသည့် ပထမအကြိမ် ဒီဇင်ဘာအားကစားလှုပ်ရှားမှု
ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

ပြည် ဒီဇင်ဘာ(၂၇)ရက်
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့တွင် ဒီဇင်ဘာ(၂၇)ရက်
နေ့ ည(၇)နာရီအချိန် ပြည်ခရိုင် အားကာမှကြီးမှူးကျင်းပ၍ ကယ်
လ်ဆမ်ကွေကာမှကူညီပံ့ပိုးသည့် ပထမအကြိမ် ဒီဇင်ဘာအားက
စားလှုပ်ရှားမှု ကြက်တောင်ရိုက်ပြိုင်ပွဲကို ပြည်မြို့ ယာဉ်ကျေးမှုအား
ကားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲသို့ ခေတ္တရာကလပ်အသင်း၊သင်္ဂဟ
ကလပ်အသင်းနှင့်ပြည်၊ရွှေတောင်၊၊အောင်လံ၊ပေါက်ခေါင်း၊ပုတီးကု
န်း၊နတ္တလင်း၊ပေါင်းတည်၊ဇီးကုန်း တို့မှကြက်တောင်ရိုက်အားကစား
သမားများလာရောက်ရှင်ပြိုင်ကြောင်းသိရသည်။

ပြိုင်ပွဲကိုလူသစ်တန်း၊အလွတ်တန်း နှစ်မျိုးခွဲထားပြီး လူသစ်တန်းတစ်
ဦးခြင်းနှစ်ရောက်တွဲ အလွတ်တန်းတစ်ဦးခြင်းနှစ်ယောက် ယှဉ်ပြိုင်စေ
ကာပြိုင်ပွဲအား လေးရက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








Read More...

Sunday, December 25, 2016

လမ်းကြိတ်စက်ကားနှင့်နေအိမ်ခြံစည်းရိုးအား ဝင်ရောက်တိုက်မိခဲ့ သဖြင့်တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

Leave a Comment



လမ်းကြိတ်စက်ကားနှင့်နေအိမ်ခြံစည်းရိုးအား ဝင်ရောက်တိုက်မိခဲ့
သဖြင့်တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ပြည် ဒီဇင်ဘာ(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ ရွာဘဲရပ်ကွက် ၊ဗိုလ်ချုပ်လမ်း
လမ်းယာဘက်ဘေးတွင် ရပ်ထားသောလမ်းကြိတ်စက်ကားနှင့်အနီး
ရှိနေအိမ်ခြံစည်းရိုးအား ကားတစ်စီးမှ ဒီဇင်ဘာ(၂၄)ရက်နေ့ ည(၁၁)
နာရီအချိန်ခန့် ဝင်ရောက်တိုက်မိသဖြင့် အမျိုးသားနှစ်ဦးဒဏ်ရာရပြီး 
တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ရွာဘဲရပ်ကွက်၊ဗိုလ်ချူပ်လမ်း၊ငွေကြယ်ပွင့်ဖုန်းဆိုင်အနီး 
နာရီစင်မီးပွိုင့်ဘက်မှ ကိုးသောင်းမီးပွိုင့်ဘက်သို့ ယာဉ်မောင်း မောင်သန့်ဇင်
အောင်(၂၅)နှစ်၊တီဂျစ်ဆုံလမ်း ၊ပြည်မြို့နေသူ မောင်းနှင်လာသော MDY 7C
/………….MARK-II(ရွှေငါးအဖြူရောင်)ယာဉ်မှ လမ်းယာဘက်ဘေးတွင် ရပ်
ထားသော လမ်းကြိတ်စက်ကားနှင့်ဒေါ်ဥမ္မာသန်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေ
သူ၏ အိမ်ခြံစည်းရိုးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း စစ်
ဆေးတွေ့ရှိရသည်ဟု ဆို၏။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ဟိန်းထက်အောင်(၁၉)နှစ်၊နဝဒေးကားကြီး
ဝန်း၊ပြည်မြို့နေသူတွင် နှာခေါင်းသွေးထွက်၊ခနကိုယ်အတွင်းနာကျင်ဒဏ်
ရာ၊ရန်အေးကျော်(၂၅)နှစ်တွင် ဝဲပါး၊နဖူးပေါက်ပြဲ၊နှောက်စေ့ဖူးရောင်၊ဝဲဒူး
ပွန်းခြစ်ဒဏ်ရာ၊ဟိန်းထတ်အောင်(၂၅)နှစ်၊ခေတ္တရာမြို့သစ်ရပ်ကွက်နေ
သူတွင် ဝဲဒူးခေါင်းနာကျင်၊ရင်ဘတ်အောင့်ဒဏ်ရာတို့ရရှိခဲ့ကြောင်း ဦးစွာ
ပထမသိရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် 
တပ်ကြပ်ကြီးမြင့်ဇော်နိုင်၊အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပြည်)မှတိုင်
တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်းယာဉ်(ပ)၁၁၆/၂၀၁၆ ရာဇသတ်ကြီးဥပဒေ
ပုဒ်မ-၃၃၇/၃၃၈/၂၀၂အရအမှုဖွင့်ဆောင်ရွက်ထားရှိပြီး အမှုအားဒုရဲအုပ် 
ထူးသူရမောင်မှလက်ခံစစ်ဆေးလျှက်ရှိပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ
ရရှိသူ ရန်အေးကျော်(၂၅)နှစ်။ရွှေတံခါးလမ်း၊ခေတ္တရာမြို့သစ်ရပ်ကွက်
၊ပြည်မြို့နေသူသည် ရရှိထားသောဒဏ်ရာများကြောင့် ဒီဇင်ဘာ(၂၅)ရက်
နေ့နံနက်တွင် ကွယ်လွန်သွားသဖြင့် ယခင်ဖွင့်ထားသော ရာဇသတ်ကြီးဥပ
ဒေပုဒ်မ-၃၃၇/၃၃၈/၂၀၂ မှ ၃၀၄-က ဟုအမှုထပ်မံဖွင့်ခဲ့ပြီး အခင်းဖြစ်စဉ်က
ရှောင်တိန်းနေသော ယာဉ်မောင်း မောင်သန့်ဇင်အောင်သည် ဒီ(၂၅)ရက်နေ့ 
နံနက်(၇)နာရီအချိန်ခန့် အမှုဖြင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 47236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







Read More...

Saturday, December 24, 2016

သစ်ချိုပင်မိုးကုတ်ဝိပဿနာကျောင်းတိုတ်အတွင်း ( ၈ )ကြိမ်မြောက် မိုးကုတ်ဝိပဿာနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန်.ပွားရေးအဖွဲ.(၇)တ ရားစခန်းနှင့် တရားပွဲများ ဖိတ်ကြားလွှာ

Leave a Comment

သစ်ချိုပင်မိုးကုတ်ဝိပဿနာကျောင်းတိုတ်အတွင်း ( ၈ )ကြိမ်မြောက်
မိုးကုတ်ဝိပဿာနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန်.ပွားရေးအဖွဲ.(၇)တ
ရားစခန်းနှင့် တရားပွဲများ ဖိတ်ကြားလွှာ


ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို.ခင်ဗျား ပဲခူတိုင်းဒေသကြီး
ပြည်မြို.နယ် ၀က်ထီးကန်၊သစ်ချိုပင်မိုးကုတ်ဝိပဿနာ ကျောင်း
တိုတ်အ တွင်း သစ်ချိုပင်ကျောင်းဆရာတော် ဘဒ္ဒန္တ တေဇနန္ဒ 

(ဓမ္မာစရိယ)(စာချကတိက)(ကမ္မဋ္ဌာနာစရိယ)အရှင်သူမြတ်နှင့်
အရှင်ဝေရောစန(ဿ သနဓဇဓမ္မာစရိယ)အရှင်သူမြတ်တို့မှကျေး
ဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏
ဥပနိဿျအတိုင်း ပဋ္ဋိစ္စသမုပ္ပါဒ်သင်တန်းနှင့် ၀ိပဿနာအလုပ်ပေး သစ္စာလေးပါး မြတ်တရားတော်တို.ကို ဟောကြားပြသမည်ဖြစ်ပါ၍

အောက်ပါအစီစဉ်အတိုင်း ကြွရောက်တရားအားထုတ်ကြရန် နှိုးဆေ
ာ်ဖိတ်ကြားအပ်ပါသည် တရားချစ်ခင် သူတော်စင်တို့။



နေ့ရက် -၁၃၇၈-ခုနှစ် နတ်တော်လဆုတ်(၁၃)ရက်နေ.မှ ပြာသိုလ
ဆန်း(၅)ရက်နေ.အထိ။
အချိန်.-နံနက် ( ၇း၀၀ ) နာရီ ပဋ္ဋိစ္စသမုပ္ပါဒ်သင်တန်းဟောကြားပို့
ချခြင်း။
နံနက် (၉း၀၀ ) နာရီ သီလပေးလုပ်ငန်းစဉ်တရားတော်များ ဟော
ကြားခြင်း။
ညနေ ( ၃း ၀၀ ) နာရီ အလုပ်ပေးတရားများ ဟောကြးခြင်း။
ညစဉ် ( ၇း ၀၀ ) နာရီ သစ္စာလေးပါးမြတ်တရားများ ဟောကြားခြင်း။
နေရာ- သစ်ချိုပင်ဘုန်းတော်ကြီးကျောင်း မိုးကုတ်ဝိပဿနာစမ္မရိပ်သာ


ယောဂီစာရင်းပေးသွင်းရန်
သစ်ချိုပင်ကျောင်းထိုင်ဆရာတော် နှင် သစ်ချိုပင် နာယက၊ဂေါပက
လူကြီးမင်း
များထံကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ဖုန်းဆက်၍ဖြစ်စေတရား
ထိုင်လူသူ ယောဂီသူတော်စင်တို့သည် ကြိုတင်စာရင်းပေးသွင်း
နိုင်ပါသည်။
ဖုန်း-09 423 681 460/ 09791327592

သတိ
သင်ကံမျက်လုံးတွေမြင်ဖို.အတွက် မျက်မှန်တပ်ဖို.သတိရ
သလို သင်ဉာဏ်မျက်လုံးတွေ အလင်းရောင်ရဖို.အတွက် ၀ိပဿနာတရားစခန်းပွဲတက်ရောက်ဖို.သတိရပါ။သင်ကံ
နားတွေကြားဖို.အတွက် နားကြပ်တပ်ဖို့ သတိရသလို့လော
ဘဒေါသမောဟ ပွားဖို့အတွက် ရက်တွေရာချီထောင်ချီပေး
ခဲ့တဲ့သင်ဟာ လောဘ ဒေါသ မောဟပါးဖို့အတွက်တော့ရက်
အနည်းငယ်ပေးဖို့အတွက်တောင်တောင် ၀န်လေးနေတ
က်တယ်ဆိုတာ သင့်ကိုယ်သင် သတိထားကြည့်ပါ။


သိရှိစေရန်
တရားထိုင်လိုသော ယောဂီများသည် ကြိုတင်အကြောင်း
ပါက မိမိတို.ဌာနသို.ကားဖြင့်လာရောက်ခေါ်ပါမည်။





Read More...

Friday, December 23, 2016

ပြည်မြို့လုံးဆိုင်ရာ သံဃိကဒါန စာရေးတံမဲ နှစ်(၁၀၀)ပြည့်တွင် အထူးတရားပွဲပါဝင် ပြည့်သဲမောင်(ပြည်)

Leave a Comment

ပြည်မြို့လုံးဆိုင်ရာ သံဃိကဒါန စာရေးတံမဲ
နှစ်(၁၀၀)ပြည့်တွင် အထူးတရားပွဲပါဝင်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်နှစ်စဉ်ကျင်းပ
ပြုလုပ်မြဲဖြစ်သော ပြည်မြို့နယ်လုံးဆိုင်ရာ သံဃိကဒါနစာ
ရေးတံမဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် အထူးတရား
ပွဲ အစီအစဉ်ကိုထည့်ထားတယ်လို့သိရပါတယ်။
ပြည်မြို့တစ်မြို့လုံးမှာရှိတဲ့ ပြည်သူတွေရဲ့ချွေးနဲစာလေးတွေ
စုပေါင်းပြီး တင့်တောင့်တင့်တယ်ကျင်းပတဲ့ ဒီစာရေးတံမဲပွဲမှာ
ဆိုရင် တစ်နေကုန်နှဖူးချွေးခြေမကျအောင် နေပူမရှောင် မိုးရွာ
မရှောင် ဆိုက္ကားနင်းပြီးမှရတဲ့ ပိုက်ဆံလေးကိုလှူသူကလှူ ၊တ
စ်နေကုန် ဖင်ပူအောင်ထိုင်ပြီး တကြော်ကြော်ဟစ်အော်ကာ ဈေး
ရောင်းရတဲ့ ဈေးသည်တွေကလဲ သူတို့ရတဲ့ပိုက်ဆံလေးကို လှူချင်
သူကလဲမနဲ ၊ ကိုယ်ထူကိုယ်ထ ပဒေဿပင်လှူရမှကျေနပ်ပါတယ်
ဆိုတဲ့ ရပ်ကွက်သူရပ်ကွက်သား အချို့ကလဲ သူတို့လှူ ဒါန်းထားတဲ့
ပဒေဿ ပင်လေးကို အတီးအမှုတ် အကအခုန်များနှင့်ဗဟိုမဏ္ဍပ်ကို
လာရောက်လှူသူကလှူနဲ့ တကယ်ပင်ဝမ်းသာပီတီဖြစ်ရတဲ့အလှူကြီး
ပါဘဲ။အရုပ်အလပ်အမြတ်မရွေးလှူဒါန်းနိုင်တဲ့ ဒီသံဃိကစာရေးတံမဲ
ပွဲမှာ ဒီနှစ်မှာတော့ လှူဒါန်ကျတဲ့ ပြည်သူတွေအားလုံး ထူးထူးခြားခြား
ဖြစ်သွားအောင် အမှုဆောင်အဖွဲ့က အထူးတရားပွဲနာကြားရအောင်
စီစဉ်ပေးထားပါသေးတယ်။
အဆိုပါတရားပွဲ ပထမနေ့ရက်ဖြစ်တဲ့ ၁၃၇၈ ခုနှစ်၊နတ်တော်လပြည့်
ကျော်(၁၀)ရက် ၊(၂၄.၁၂.၂၀၁၆)ရက်နေ့ စနေနေ့ည(၇)နာရီ(၃၀)အ
ချိန် တရားချီးမြှင့်မည့်ဆရာတော်မှာ အရှင် ဘိက္ခု မာလာ ၊သာသနဓဇ
ဓမ္မာစရိယ ၊သဒ္ဓမ္မဂီရိတောရဓမ္မရိပ်သာ ၊နဝဒေးရပ်ကွက်၊ပြည်မြို့မှလ
ည်းကောင်း၊ဒုတိယနေ့ရက်ဖြစ်တဲ့ ၁၃၇၈ ခုနှစ်၊နတ်တော်လပြည့်ကျော်
(၁၁)ရက် ၊(၂၅.၁၂.၂၀၁၆)ရက်နေ့ တနင်္ဂနွေနေ့ည(၇)နာရီ(၃၀)အချိန်
တရားချီးမြှင့်မည့်ဆရာတော်မှာ အရှင် ရာဇိန္ဒ (ရဝေနွယ်-အင်းမ)သာသ
နဓဇ ဓမ္မာစရိယ ဓမ္မရဝေ ဓမ္မရိပ်သာကျောင်းတိုက် ၊မင်္ဂလာဒုံမြို့နယ်၊ရန်
ကုန်မြို့ရှိ ဆရာတော်နှစ်ပါးမှ တရားဓ္မများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိ
ရသည်။
သို့ပါသောကြောင့် တစ်နှစ်မှာ တစ်ခါသာလှူဒါန်းခွင့်ရသည့် သံဃိကဒါန
စာရေးတံမဲအလှူ ပွဲကြီးမှာ သဒ္ဒါတရားနဲများမဆိုကုသိုလ်တော်များပါဝင်
လှူဒါန်းကျပါလို့ နိဗ္ဗာန်အကျိုးမျှော်နိုးဆော်လိုက်ရပါတယ်ခင်ဗျာ။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

မွေးမြူရေးပြုလုပ်ရန် မြေငှားမည်။

Leave a Comment

မွေးမြူရေးပြုလုပ်ရန် မြေငှားမည်။

ကြက် ၊ ဘဲ ၊ဆိတ် ၊ဝက် မွေးမြူရန် မြေနေရာကျယ်ကျယ်ရှာနေသူများ
အတွက် အထူးကောင်းမွန်သောမြေ ငှားရမ်းရန်နေရာရှိပါသည်။ပတ်
ဝန်ကျင်းအနှောက်အယှက်ကင်းပြီး မိမိစိတ်တိုင်းကျတဲ့ တိရိစ္ဆာန်မွေး
မြူပြီး စည်းပွားဖြစ်လုပ်ကိုင်နိုင်ပါတယ်။

ရေအတွက်ပူစရာမလိုသလို မီးအတွက်ကတော့ ဆိုလာပြားတွေနဲ့အ
သုံးရင်ရပါတယ်။အဆိုပါ မြေနေရာတွင်လက်ရှိ ကြက်အကောင်(၃၀
၀၀)ကိုလည်းစတင်မွေးထားပါတယ်။ ခြံအကျယ်ကတော့ ပေ 400"
ပေ 1200" အကျယ်ရှိပြီး သင့်တင့်လျှောက်ပတ်တဲ့ဈေးဖြင့် ဧက(၄၀)
ရှိခြံအားငှားရမ်းမည်ဖြစ်ပါသည်။

ငှားရမ်းမည့်ခြံနေရာက ဆင်မြီှးဆွဲမြို့ လယ်ပေါက်ကြီးကုန်းရွာ အနော
က်ဘက် အောင်မြင်မာဟု ကြံစိုက်ခင်းဘေးကပ်လျှက်တွင်တည်ရှိပါသ
ည်။

ဆက်သွယ်ရန် ကိုဝင်းထွဋ်ဝင်း ဖုန်းနံပါတ်များကတော့
09 792627329
09772546764
09794093675



Read More...

ပြည်မြို့လုံးဆိုင်ရာ နှစ်(၁၀၀)ပြည့်(၉၇)ကြိမ်မြောက် စာတိုက်တန်း သံဃိကဒါန စာရေးတံမဲအလှူတော်ပွဲ ကြီး နှိုးဆော်စာနှင့်စာရင်းရှင်းတမ်း

Leave a Comment

ပြည်မြို့လုံးဆိုင်ရာ နှစ်(၁၀၀)ပြည့်(၉၇)ကြိမ်မြောက်
စာတိုက်တန်း သံဃိကဒါန စာရေးတံမဲအလှူတော်ပွဲ
ကြီး နှိုးဆော်စာနှင့်စာရင်းရှင်းတမ်း

၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း(၄)ရက် ၂၀၁၇ ခုနှစ်၊ဇန်န
ဝါရီလ(၁)ရက်၊ တနင်္ဂနွေနေ့ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ 
စာတိုက်တန်းလမ်းတွင် နှစ်စဉ် နတ်တော်လရောက်တိုင်း 
ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်မြို့နယ်လုံးဆိုင်ရာ သံဃိ
ကဒါန စာရေးတံမဲအလှူပွဲကြီး ကို ၁၃၇၈ ခုနှစ်၊ ပြာသိုလ
ဆန်း(၄)ရက် (၁-၁-၂၀၁၇) တနင်္ဂနွေနေ့တွင် အကြိမ်(၉
၇)ကြိမ်မြောက် အဖြစ်သံဃာတော်အရှင်မြတ်များသို့ စာ
ရေးတံမဲချ၍ ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။
 
ကျင်းပပြီးစီးခဲ့သော (၉၆)ကြိမ်မြောက် အလှူတော်ပွဲကြီး
တွင် အသင်းအဖွဲ့များ၊ အနှေးယာဉ်လုပ်သားများ၊ တစ်ဦး
ချင်းအလှူရှင်များမှ လှူဒါန်းကြသော ငွေ၊ ပစ္စည်း ပဒေသ
ပင်ပေါင်း (၈၂၂) ပင်၊ တန်ဘိုးငွေစုစုပေါင်း (၁၀၈၃၄၂၉
၈၉)ကျပ်ကို မြို့ပေါ်နှင့် နယ်များအပါအ၀င် ဘုန်းတော်ကြီး
ကျောင်းပေါင်း (၄၂၈)ကျောင်းမှ သံဃာတော်အရှင်သူမြ
တ်များအား စာရေးတံမဲချ၍ ဆက်ကပ်လှူဒါန်းခဲ့ပြီးဖြစ်ပါေ
ကြာင်းနှင့် ကုသိုလ်ရှင် စေတနာရှင်အပေါင်းတို့၏လှူဒါန်း
မှုအစုစုတို့ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့သောပြ
ည်မြို့နယ် လုံးဆိုင်ရာ သံဃိတဒါန စာရေးတံမဲ အလှူတော်
ပွဲကြီးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘာသာ/သာ
သနာ စွမ်းဆောင်ရည်ဆု (ဒုတိယအဆင့်) ချီးမြှင့်ဂုဏ်ပြုခဲ့
ပါသည်။ ပရ -စေတနာပွားများစေရန် ဖော်ပြအပ်ပါသည်။
 
- ယခုနှစ် သံဃာတစ်ပါးစာအတွက် (အနည်းဆုံး) န၀ကမ္မ
အလှူတော်ငွေ (၅၀၀၀)ကျပ် ဖြစ်ပါသည်။ (ငွေဖြစ်စေ၊ လှူ
ဘွယ်ပစ္စည်းဖြစ်စေ) လှူဒါန်းနိုင်ပါသည်။ အလှူငွေ၊ ပဒေသာ
ပင်၊ လှူဖွယ်ပစ္စည်းများကို ယခုနှစ် (၉၇)ကြိမ်မြောက်အဖြစ်
(၁၃၇၈ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၅)ရက်နှင့် ပြာသို
လဆန်း ၁ ၊ ၂ ၊ ၃ ) (၂၈-၁၂-၂၀၁၆)(၂၉-၁၂-၂၀၂၁၆) (၃
ဝ-၁၂-၂၀၁၆) (၃၁-၁၂-၂၀၁၆) ရက်နေ့များတွင် စာရေးတံ
မဲဧည့်ခံရာဌာန ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ စာတိုက်တန်းလ
မ်းမဏ္ဍပ်သို့ လာရောက်လှူဒါန်းတော်မူကြပါရန် ထပ်မံနှိုးဆော်
အပ်ပါသည်။
(၁-၁-၂၀၁၇) ရက်နေ့နေ နေ့လည်(၁း၀၀)နာရီအချိန်မှစ၍ 
သံဃာတော်အရှင်သူမြတ်များအား စာရေးတံမဲချလှူဒါန်းခြင်း 
မင်္ဂလာအခမ်းအနားသို့လည်း ကြွရောက်ကြည်ညိုသဒ္ဓါပွားများ
တော်မူကြပါရန် ဖိတ်ကြားအပ်ပါသည်။

အမှုဆောင်အဖွဲ့ စာတိုက်တန်းလမ်း၊ ဆံတော်ရပ်ကွက် ပြည်မြို့။

ပြန်လည်မျှဝေဖော်ပြသူ...........

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

အမျိုးသားတစ်ဦး ရေတွင်းထဲတွင် ပုတ်ပွသေဆုံးနေ သည်ကိုတွေ့ရ

Leave a Comment


အမျိုးသားတစ်ဦး ရေတွင်းထဲတွင် ပုတ်ပွသေဆုံးနေ
သည်ကိုတွေ့ရ

သဲကုန်း ဒီဇင်ဘာ (၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ အင်းမနယ်မြေ၊ 
ရဲစခန်း တောင်ဘက်(၆)မိုင်ခန့်၊ သဲကုန်းမြို့နယ်၊ ဂွေးကုန်းအုပ်
စု၊ကင်းသန်းကျေးရွာတွင် အမျိုးသားတစ်ဦး ရေတွင်းထဲ၌ ပုတ်
ပွသေဆုံးနေကြောင်း ဒီဇင်ဘာ(၂၁)ရက်နေ့ ည(၈)နာရီ (၁၅)
အချိန်ခန့်သိရသည်။

ဖြစ်စဉ်မှာ ကင်းသန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းမှ ရေ
တွင်းထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း ဖုန်း
ဖြင့် အကြောင်းကြားခဲ့ရာ ၊အင်းမနယ်မြေရဲစခန်းမှရဲအုပ် ကျော်
ဇင်ဦးနှင့် အဖွဲ့သည်ရာအိမ်မှူး ဦးတင်ဝင်း၊ ဆယ်အိမ်မှူး ဦးချစ်
လွင်တို့နှင့်အတူ လာရောက်ကြည့်ရူစစ်ဆေးရာ သေဆုံးသူ
မှာ ကိုမောင်ဌေး(ခ)ကိုဌေး (၄၈)နှစ်၊ (ဘ)ဦးတင်ငွေ(လယ်လု
ပ်)၊ ကင်းသန်းကျေးရွာ၊ ဂွေးကုန်းအုပ်စု၊ သဲကုန်းမြို့နေသူဖြစ်
ကြောင်းသိရသည် ဆို၏။

အဆိုပါ ကိုမောင်ဌေးသည် ၄င်း၏နေအိမ်အရှေ့ဘက် ပေ(၄၀)
ခန့်အကွာရှိ ရေတွင်းအ၀ကျယ်(၄)ပေခန့်၊ မြေပြင်မှအမြင့်(၁)ေ
ပ၊(၆)လက်မခန့်၊ ရေတွင်းအနက်(၂၇)ပေခန့်ရှိသည့် ရေတွင်း
ထဲတွင် မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်
ရာမရှိဘဲ ပုတ်ပွသေဆုံးနေသည်ကိုတွေ့ရပြီး လတ်တလော စ
စ်ဆေးပေါ်ပေါက်ချက်အရ ရေတွင်းထဲသို့ ပြုတ်ကျရေနစ်သေဆုံး
ကြောင်း စစ်ဆေးတွေ့ရှိရဟု ရဲတပ်ဖွဲ့ထံမှသိရသည်။။ 

ထိုသေဆုံးမှုနှင့်ပတ်သတ်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/
မဟုတ် စုံစမ်းစစ်ဆေးပေးရန် ရဲအုပ် ကျော်ဇင်ဦးမှဒီဇင်ဘာ(၂၁) 
ရက်နေ့တွင်သတင်းပေး တိုင်တန်းချက်အရအင်းမနယ်မြေရဲစခ
န်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၆)ဖြင့် အမှုဖွင့်အရေးယူထား
ပြီး  ရဲအုပ်သန်းဇော်မှ စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Wednesday, December 21, 2016

ပြည်မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ အသစ်ရွေးချယ်

Leave a Comment

ပြည်မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့
အသစ်ရွေးချယ်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ် ဂီတအစည်းအရုံး
အမှုဆောင်အဖွဲ့အသစ်ပြန်လည်ရွေးချယ်ခန့်ထားခြင်းနှင့်ဂီ
တအစည်းအရုံး ရုံးခန်းဆိုင်းဘုတ်တင်ခြင်းအား ယမာန်နေ့
နံနက်ကပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ဂီတအစည်းအရုံး ၊ပြည်မြို့၏(၂၀.၁၀.၂၀၁၄)ရက်စွဲပါ
စာဖြင့်အမှုဆောင်ဖွဲ့အားဖွဲ့စည်းခဲ့ပြီး ယခုအခါအဆိုပါအမှုေ
ဆာင်များသည် အသက်အရွယ်အားဖြင့် ဆက်လက်လုပ်ဆေ
ာင်ရန်အဆင်မပြေသောကြောင့် ဒီ(၁၂)လပိုင်မကုန်ခင်အမှုေ
ဆာင်အသစ်ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါပြည်မြို့နယ် ဂီတအစည်းအရုံးတွင် နာယအဖြစ် ခေတ္တ
ရာ ဦးဝမ်းတင်၊ဦးမြင့်လွင်(ခ)ဦးရှုတ်၊ဦးမျိုးထွန်း၊ဦးကျော်လွင်တို့
မှလည်းကောင်း၊ဥက္ကဌအဖြစ် ဦးကျော်ကျော်နိုင်၊ဦးခင်မောင်ဝင်း
(ခ)ဦးချိုချဉ်၊ဦးမျိုးအောင်(ခ)ဦးဖိုးဖြူတို့မှလည်းကောင်း၊အတွင်းရေး
မှူးအဖြစ် ဦးမင်းကျော်ဇေယျ၊ဦးအောင်မြင့် တို့မှလည်းကောင်း၊ဘ
ဏ္ဍရေးအဖြစ် ဦးသိန်းညွန့်(ခ)ဦးအဟိုက်တို့မှလည်းကောင်း၊စား
ရင်းစစ် မဆည်းဆာမှလည်းကောင်း၊ပြန်ကြားရေးအဖြစ်ဦးကိုကို
လေး၊ဦးမင်းသော်တို့မှလည်းကောင်း၊စည်းရုံးရေးမှူး အဖြစ်ကိုမင်း
မင်းနိုင်(ခ)ဖက်တီး၊ကိုခိုင်ဝင်းထွန်း(ခ)ခိုင်ကြီး တို့ဖြင့်ပြန်လည်ဖွဲ့
စည်းခဲ့ကြောင်းသိရပြီး အစည်းအရုံး၏ရုံးခန်းကိုတော့ ပြည်မြို့ကား
ကြီးဝန်းအနီး ကိုဖိုးဖြူ၏နေအိမ်တွင် ဆိုင်းဘုတ်တင်ဖွင့်လှစ်ထား
ကြာင်းသိရသည်။

ညီညီ(ပန်းတောင်းသားလေး)

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Tuesday, December 20, 2016

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော် ဂေါပကအဖွဲ့ အဖွဲ့ဝင် လစ်လပ်ကြောင်းကြေညာချက်

Leave a Comment

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော် ဂေါပကအဖွဲ့
အဖွဲ့ဝင် လစ်လပ်ကြောင်းကြေညာချက်


(စည်းမျဉ်း အပိုဒ် ၂၈)
ရွှေဆံတော်စေတီတော်ဂေါပကအဖွဲ့၊ စည်းမျဉ်းအပိုဒ်(၂၈)
အရ လစ်လပ်လျက်ရှိသော ဂေါပကအဖွဲ့ဝင်နေရာအတွက်
အစားထိုးတာဝန်ပေးအပ်ရန် လိုအပ်လျက်ရှိပါသဖြင့် ဂေါပ
ကအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လိုသူများသည် အောက်
ပါအတိုင်း လျှောက်ထားနိုင်ကြောင်း ကြေညာလိုက်ပါသည်။
(က)လစ်လပ်လျက်ရှိသော ဂေါပကအဖွဲ့ဝင်မှာ (၁၂)ဦး ဖြစ်
ပါသည်။

( ခ)လျှောက်ထားသူသည် ရွှေဆံတော်စေတီတော်ဂေါပက
အဖွဲ့စည်းမျဉ်းအပိုဒ်(၁၅)တွင် ပြဌာန်းထား သော အရည်အ
ချင်းများနှင့် ညီညွတ်သူဖြစ်ရပါမည်။
(ဂ)လျှောက်လွှာကို သတ်မှတ်ထားသော ပုံစံဖြင့် သက်ဆိုင်
ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့်လျှော
က်ထားရပါမည်။
(ဃ)လျှောက်လွှာတင်သွင်းရန် နောက်ဆုံးသတ်မှတ်သည့်နေ့
ရက်မှာ(၂၀-၁-၂၀၁၇) နေ့ အထိသာ ခွင့်ပြုမည် ဖြစ်ပါသည်။
( င)လျှောက်လွှာကို ပြန်လည်ရုပ်သိမ်းလိုပါက ရုပ်သိမ်းခွင့်ကို
(၂၅-၁-၂၀၁၇) နေ့အထိသာ ခွင့်ပြုမည်ဖြစ်ပါသည်။
( စ)လစ်လပ်သည့်ဂေါပကအဖွဲ့ဝင်ဦးရေထက် လျှောက်ထား
သူဦးရေပိုမိုလာပါက ရွေးချယ်ပွဲ ကျင်းပမည်ဖြစ်ပါသည်။
(ဆ)သတ်မှတ်ထားသည် ဂေါပကအဖွဲ့ဝင်အဖြစ် လျှောက်
ထားရန် လျှောက်လွှာပုံစံကို ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့
ရုံးတည်နေရာ ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်တော်
စွယ်တော်တိုက်တွင် ကာလာ လိုင်စင်ပုံ(၃)ပုံ၊ နိုင်ငံသားစီ
စစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူပါယူဆောင်၍ လျှောက်ထား
သူ ကိုယ်တိုင်လာရောက်ရယူနိုင်ပါသည်။
ဆန္ဒမဲပေးနိုင်သူစာရင်းတင်သွင်းရန်
ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်
ကြီး ဂေါပကအဖွဲ့သစ် ပြန်လည်ရွှေးချယ်မည်ဖြစ်ပါ၍ေ
ဂါပကစည်းမျဉ်းအခန်း(၅)၊ အပိုဒ်(၁၆)အရ ဖော်ပြပါဆန္ဒ
မဲပေးပိုင်ခွင့်ရှိ သူများ၏ အရည်အချင်းများနှင့် ညီညွှတ်သူ
များသည်(၂၁-၁၂-၂၀၁၆)မှ (၂၁-၁-၂၀၁၇)အထိ နောက်
ဆုံးထား၍ ကြီးကြပ်ရေးအဖွဲ့ရုံးတွင် အမည်စာရင်း တင်သွင်း
လျှောက်ထားကြရန်၊
(က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ)ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်။
(ဂ)အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(ဃ)ပြည်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းလက်
ရှိနေထိုင်သူဖြစ်ရမည့် အပြင်(၃)နှစ်ထက်မနည်းအဆက်
မပြတ် နေထိုင်သူလည်းဖြစ်ရမည်။
(င)ဂေါပကအဖွဲ့က ခန့်ထားသည့် အမှုထမ်းနှင့် ယင်း
၏အိမ်ထောင်စုဝင်မဖြစ်ရ။
(စ)ရဟန်း၊ သံဃာ၊ ရသေ့၊ ဘိုးသူတော်၊ လူသူတော်၊ သီ
လှရှင် မဖြစ်ရ။
(ဆ)ရွှေဆံတော်စေတီတော်ကြီးနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အ
သက်မွေးဝမ်းကျောင်းပြုသူနှင့် ယင်းအိမ်ထောင်စု မဖြစ်စေ
ရ။
မှတ်ချက်။ (က)အိမ်ထောင်စုစာရင်းမူရင်းမိတင်ငံသားစိစစ်
ရေးကဒ်ပြားမူရင်းနှင့် မိတ္တူ၊ ပြည်စည်ပင်သာယာရေးနယ်နိ
မိတ်အတွင်း(၃)နှစ်ထက် မနည်းနေထိုင်သူဖြစ်ကြောင်း၊ ရပ်
ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ။
(ခ)အသေးစိတ်သိရှိလိုပါကရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ရုံး
တွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

ရွှေဈေး

Leave a Comment

ရွှေဈေး

၁၀၀%  ၁၆ ပဲရွှေရည် ၈၆၃၀၀ဝိ ကျပ်
၁၅ ပဲရွှေရည်            ၈၁၀၀၀ဝိ ကျပ်
ရွှေဒင်္ဂါးရွှေရည်         ၇၈၅၀၀၀ ကျပ်

ယခုဈေးနှုန်းမှာ(20.12.2016)ရက်နေ့
နေ့လည်(12:00)ပေါက်ဈေးဖြစ်ပြီးအချိ
န်နှင့်အမျှပြေင်းလဲနိုင်ပါသည်။

အထက်ပါဈေးနှုန်းဖော်ပြသကဲ့သို့ အခြား
ရွှေဆိုင်များမှဖော်ပြလိုပါက ပြည်သတင်း
အားဆက်သွယ်နိုင်ပါသည်။







Read More...

Saturday, December 17, 2016

ပိုက်ဆံအိတ်လုယူထွက်ပြေးသူအား အမှုနှစ်ခုဖြင့်အမှုဖွင့်ထား ပြည့်သဲမောင်(ပြည်)

Leave a Comment



ပိုက်ဆံအိတ်လုယူထွက်ပြေးသူအား အမှုနှစ်ခုဖြင့်အမှုဖွင့်ထား

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့တွင် ဆိုင်ကယ်စီးနှင်းသွားလာနေ
သော လင်မယားထံမှပိုက်ဆံအိတ်လုပြေသူ အမျိုးသားနှစ်ဦးအား အမှုနှစ်ခု
ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ဒီဇင်ဘာ(၁၅)ရက်နေ့ ည(၁၀)နာရီ (၁၅)မိနစ်အချိန့် ပြည်မြို့ ၊ကျောင်းကြီး
အိုးတန်းရပ်ကွက်နေ မငြိမ်းဆုဝေသည် ခင်ပွန်းဖြစ်သူ ရန်နိုင်မောင်(TV) စ
လောင်း တပ်ဆင်ခြင်း လုပ်ကိုင်သူ မောင်းနှင်သည့် ယာယီ/….. YUNDE 
SMASH 110 ဆိုင်ကယ်နောက်မှ လိုက်ပါ၍ ဘုရားကြီးဘက်မှ ပြန်လာစဉ်
ရွှေကူရပ်ကွက်၊ စစ်ကဲလမ်း ၊ အ.ထ.က(၁) ကျောင်းရှေ့အရောက်တွင်ေ
နာက်မှအမည်မသိ အမျိုးသား (၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှ ကပ်
လာပြီး ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသူ မငြိမ်းဆုဝေ လက်ထဲတွင်
ကိုင်ထားသည့် အမျိုးသမီးလက်ကိုင် ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွား၍
နောက်မှလိုက်စဉ် အဆိုပါအမျိုးသား(၂)ဦး၏ဆိုင်ကယ်မှာ ပြည်မြို့၊ ဆင်စုရပ်
ကွက်၊ ကမ်းနားလမ်း။ ပထမမြန်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှေ့အေ
ရာက် မျက်နှာချင်း ဆိုင်ဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား ၀င်
ရောက်တိုက်မိပြီး တိမ်းမှောက်သွားစဉ် အနီးရှိ လူများမှ ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ရ
ကြောင်းသိရသည်။

၎င်းပိုက်ဆံအိတ်လုယူသူမှာ သက်နိုင်ဦး(၂၂)နှစ် (ဘ) ဦးအောင်ဝင်း၊ တောင်သူ၊
သန္ဓေပင်ရွာ၊ သဲကုန်းမြို့နယ်နေသူနှင့် ရှေ့မှဆိုင်ကယ်မောင်းသူမှာ ကျော်ဇင်လ
တ်(၂၁)နှစ် (ဘ)ဦးဝင်းနိုင် တောင်သူ၊ပျဉ်ထောင်ရွာ၊ သဲကုန်းမြို့နယ်နေသူ ဖြစ်ေ
ကြာင်း သိရှိရ။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားသူ သက်
နိုင်ဦး နှင့်ကျော်ဇင်လတ် တို့အား ဥပဒေအရ အရေးယူပေးရန် ပြည်(၁)နယ်မြေရဲစ
ခန်း(ပ) ၂၀၆၀/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂အရ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား
ရဲအုပ် အောင်လှိုင်ဝင်းမှ စစ်ဆေး၍ ၄င်းတို့ထွက်ပြေးစဉ်က မျက်နှာချင်းဆိုင်ဘက်မှ စိုးေ
ဝယံပိုင် ၊ စည်တော်မင်္ဂလာရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူအားမောင်းနှင်လာသော
ဆိုင်ကယ်အား ဝင်တိုက်မိရာ စိုးဝေယံပိုင် တွင်ဝဲဘက်ခြေခုံ/ဒူးတို့တွင်ပွန်းဒဏ်ရာ၊အောင်
သော်ခန့် တွင်ယာဘက်လက်ဖျံ/ပေါင်ရင်းတို့တွင် ပွန်းဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့်
တစ်ဖက်ယာဉ်ကြောရှိဆိုင်ကယ်အား တိုက်မိအောင် မောင်းနှင်သူ ကျော်ဇင်လတ်အား ဥပဒေအရအရေးယူပေးပါရန် အမှတ်(၁၃)ယာဉ်ထိန်းတပ်ဖွဲ့စု (ပြည်)မှ ရဲအုပ် အောင်
မျိုးဦးမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ပြည်မြို့မရဲစခန်း ယာဉ်(ပ) ၁၀၉/၂၀၁၆ ရာဇသ
တ်ကြီး ပုဒ်မ- ၃၃၇/၃၃၈ ဖြင့် အမှုရေးဖွင့်ထားရှိကာ အမှုအား ရဲအုပ် လှဝင်း မှ စစ်ဆေး
လျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Facebook Like Page