Thursday, January 29, 2015

သဲကုန်းမြို့နယ်တွင်တတိယတန်းကျောင်းသားတစ်ဦးကြိုးဆွဲချသေဆုံး

Leave a Comment


ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ပွေးယားရွာ၊အခြေခံပညာမူလတန်းကျောင်း တတိယတန်းတွင်ပညာသင်ကြား လျက်ရှိသော အသက်(၉)နှစ်အရွယ်ရှိ မောင်ဝေသူကျော်သည် လည်ပင်းတွင်ကြိုးကွင်းစွပ်၍ ဇန်န၀ါရီ ၂၅ ရက် နေ့၌သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဖြစ်စဉ်မှာ မောင်ဝေသူကျော်သည် ၎င်းနေထိုင်ရာရွာထိပ်ဘုန်းတော်ကြီးကျောင်းအနီးရှိ မန်ကျီးပင်နေရာ တွင်တစ်ဦးတည်းဆော့ကစားနေခဲ့ပြီး၊ညနေ(၄)နာရီအချိန်ခန့်၌ အမြင့်(၈)ပေခန့်ရှိသော မန်ကျီးကိုင်းတွင်ချည် ထားသည့် လက်သန်းလုံးခန့်ရှိနိုင်လွန်ကြိုးနှင့်လည်ပင်း၌ကြိုးကွင်းစွပ်လျက် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းသားငယ်မှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးခဲ့ပြီး၊သဲကုန်းမြို့မရဲစခန်းတွင်
 သေမှုသေခင်းအမှတ် ၃/၂၀၁၅ ဖြင့်ဖွင့်လှစ်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း၊ယခုကြိုးဆွဲချသေဆုံးမှုအပါအ၀င် ၂၀၁၅ ဇန်န၀ါရီလအတွင်း ပြည်ခရိုင်တွင် သေမှုသေခင်း (၉)မှုရှိခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မောင်မဲ(ပြည်)

0 comments:

Post a Comment

Facebook Like Page