Wednesday, April 30, 2014
ပြည်မြို့မှာရေကူးဆန္ဒပြထုတ်ဖော်မှုကို ယနေ့ညနေ ၄း၀၀ နာရီတိတိမှာ စတင်မည်
Leave a Comment
ဧရာဝတီမြစ်ဆုံ စီမံကိန်းအပြီးအပိုင်ရပ်ဆိုင်းရေး ဧရာဝတီမြစ်ရေပြင်အားရေကူးဆန္ဒပြမည့်အဖွဲ့ ရေကြောင်းယဉ်နှင့် ရေလမ်းကြောင်းများကြောင့်အချိန် ပြောင်းသွားမည်
နေ့ရက်။ ။၁.၅.၁၀၁၄ ရက်နေ့ ယနေ့
အချိန်။ ။ ညနေ ၄း၀၀ တိတိအချိန် ရေစတင်ကူးမည်
နေရာ။ ။ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် တရားရုံးရှေ့. စည်ပင်ရေစစ်ကန်ကြီးအနီး ကမ်းစပ်မှာစုမည်။ အဆိုပါ ရေကူးမည့်သူများသည် ရေကူးအထောက်အကူနှင့်ကူးမည့်သူများပါရှိသလို ရေကူးအထောက်အကူပစ္စည်းမပါပဲကူးမည့်သူများပါ ပါရှိပါသည်။ ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...
တိုက်ခန်းနှင့် ခြံကွက်လဲမည်
Leave a Comment
ပြည်သတင်းကို အားပေး ဖတ်ရှု့ကြတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
မရမ်းကုန်း ၈ မိုင်၊  junction 8 နောက်ဘက်၊ ၆လွာမှ တိုက်ခန်းကို ပြည်မြို့ မှ ၄၀x၆၀ မြေကွက် နဲ့လဲလိုပါတယ်။  hall type မဟုတ်ဘဲအထပ်တိုင်း အိပ်ခန်း၂ခန်း၊ ဧည့်ခန်း၊ မီးဖို၊ ရေချိုးခန်းများ သီးသန့်ဖွဲ့ထားတဲ့အတွက်ပိုမိုခိုင်ခံ့ပါတယ်။ လသာဆောင် ဝရံတာ ၂ ဘက်ပါ အဲယားကွန်း ၂လုံး။ ကျမတို့မိသားစုကစင်္ကာပူမှာပါ။ +6582048863 viber နဲ့ဆက်သွယ်နိုင်ပါတယ်။ စိတ်ဝင်စားရင် kyikyinyuntnyunt@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Read More...
ကျေးရွာအုပ်ချုပ်ရေးမှူးဖြုတ်ချရေး အောင်လံတွင် ဆန္ဒပြ
Leave a Comment
ရေခဲ(ပြည်)
အောင်လံ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ စကြီးကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ဖြုတ်ချပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက ဦးဆောင်၍ ဆရာတော်တစ်ပါး အပါအ၀င် ရွာသူ၊ ရွာသား ၁၀၀ကျော်တို့က ဧပြီ ၃၀ ရက်က လမ်းလျှောက် ဆန္ဒထုတ်ဖော်လိုက်သည်။
“ရပ်ရွာပေါ်မှာ လူလည်လုပ်တယ်။ အာဏာပြတယ်။ တရားဟော ဘုန်းကြီးကို တရားမဟောဖို့ ပိတ်ပင်တယ်။ ကထိန်ပွဲအတွက် အလှူခံတာကိုလည်း ထောင်ချပစ်မယ် ပြောတယ်။ ဘုန်းကြီးကို ဘုန်းကြီးကျောင်းက နှင်ထုတ်တယ်။ အုပ်ချုပ်ရေးမှူးကို ချက်ချင်းဖြုတ်ပေးဖို့ဆန္ဒပြတာပါ”ဟု ဦးညီလေးငယ်က ဆိုသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်ဦးဖိုးသီသည် တန်ဘိုးနည်း ဖုန်းမဲပေါက်သူများကို တစ်ဦးလျှင် (၆၅၀၀)ကျပ်တောင်းခံခြင်း ၊ ၀က်တစ်ကောင်သတ် အသားဖော်ရောင်းလျှင် ကျပ် ၈၀၀၀တောင်းခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူရာတွင် လယ်ယာမြေ အမှန်တကယ် ပိုင်ဆိုင်သူများကို ထောက်ခံမပေးခြင်း စသည့်ပြစ်ချက်များ ရှိသည်ဟု ၎င်းက စွတ်စွဲပြောဆိုသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးဖိုးသီ၏ ပြစ်ချက်များကို ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှစ်ပါးအပါအ၀င် ကျေးရွာသူရွာသား ၂၃၄ ဦး လက်မှတ်ထိုးကာ မကွေးတိုင်းဝန်ကြီးချုပ်ထံ တိုင်တန်းခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ဟုလည်း ဒေသခံများကပြောသည်။
ဆန္ဒဖော်ထုတ်ရန် စတင်စုဝေးချိန်တွင် အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဇော် နှင့် အောင်လံမြို့နယ် အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းတို့ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက တားမြစ်သော်လည်း ခွင့်ပြုချက်မရှိ ဆန္ဒထုတ်ဖော်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အောင်လံမြို့နယ် စကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးသီကို တာဝန်မှဖယ်ရှားပေးရေး ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးညီလေးငယ်ဦးဆောင်ကာ ဧပြီ ၂၅ ရက်က
ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ယာဉ်လမ်းကြောင်း ပိတ်ဆို့နိုင်ခြင်း ၊ ကျေးရွာသူ/သားအချင်းချင်းစိတ်ဝမ်းကွဲနိုင်ခြင်း၊ အုပ်ချုပ်ရေးမှူးအသစ် လဲလှယ်ရေးကိစ္စကို တိုင်းအစိုးရအဖွဲ့သို့တင်ပြနိုင်ခြင်းတို့ကို အကြောင်းပြကာ ဧပြီလ ၂၈ ရက်က ငြင်းပယ်ခဲ့သည်ဟု အုပ်ချုပ်ရေးမှူးဟောင်းကပြောသည်။
ထိုသို့ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်းကို အောင်လံမြို့မစခန်းမှူး ဒုရဲမှူးခင်မောင်ဇော်က“ အထက်လူကြီးတွေရဲ့ ညွှန်ကြားချက် အမိန့်အတိုင်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မှာပါ” ဟုပြောသည်။
လက်ရှိ အုပ်ချုပ်ရေးမှူး ဦးဖိုးသီသည် ၂၀၁၃ခုနှစ်ဖေဖော်ဝါရီလမှစတင်ကာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးညီငယ်လေးသည် ၂၀၀၇ခုနှစ်မှ ၂၀၁၂ခုနှစ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။
ပုံစာ- မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ စကြီးကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချက်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆောင်၍ ဆရာတော်နှစ်ပါး အပါအဝင် ကျေးရွာသူ၊ရွာသား ၂၀၀ကျော်က ဧပြီလ ၃၀ရက်က ဆန္ဒထုတ်ဖော်စဉ်။
(ဓာတ်ပုံ- ရေခဲ၊ ပြည်)
Read More...
ရောင်းမည်
Leave a Comment
Samsung Tab2 7'' (GSM sim card ထည့်သုံးနိုင်)
အားသွင်းကြိုးသာပါမည်။
Price:120000 kyats
Ph:09254031807
ပြည်သတင်း
Read More...
ရောင်းမည်
Leave a Comment
TP Link Outdoor CPE And Wireless Router
ဈေးနှုန်း = (55000kyats)
ဆသရ - ၀၉ ၂၅၄၀၃၁၈၀၇
ပြည်သတင်း
Read More...
ဗူးခါးမြောင်းအထွက်ပေါက်မှ အမှိုက်ပုံကြီး မီးလောင်
Leave a Comment
ပဲခူးတိုင်း ပြည် မြို့ တွင် ၃၀. ၄.၂၀၁၄ ည နေ ၄း၄၅ ခန့် က ဧရာဝတီမြစ်ကမ်းဘေး ဗူးခါး ရေ ဆိုး ထုတ် မြောင်းအထွက်ပေါက်ရှိအမိုက်ပုံကြီး မှ မီးလောင်ခဲ့သောကြောင့် ဗဟိုမီးသတ်မှ ကား ၂စီး ရပ်ကွက် မီးသက် ကား ၆ စီး၊ ပေါင်း ၈ စီး ဖြင့် လျှင်မြန် စွာငြိမ်း သတ် နိုင် ခဲ့ပါ သည်။
ဧရာ ဝတီ ဆိပ် ကမ်း ပြည် သည် အနှံဆိုးများ အမိုက် သရိုက် များဖြင့် အကြည်းတန် နေ သည် မှာ ကယ် တင် ရှင် မ ပေါ် သေးပါ ။
Htun Htun
Read More...
တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရား
Leave a Comment
Photographer - Tin Aung Phyu
Read More...
ရေအလှူဒါနပြုလုပ် လှူဒါန်းမည်
Leave a Comment
ဝမ်းရေးအတွက် ပူပြင်းလှတဲ့နေပူပြင်ကြီးထဲတွင် မိသားစုအတွက်လှုပ်ရှားရုန်းကန်နေကြရတဲ့ ကာယလုပ်သားများ သက်ကြီးရွယ်အိုများ ကလေးသူငယ်များ
အလွှာစုံဘ၀စုံမှ ရုန်းကန်လှုပ်ရှားနေကြရသူများအတွက် ကျနော်တို့ရဲ့အေးမြတဲ့ရေတစ်ခွက်ဖြင့် သူတို့ရဲ့ဘ၀အမောတွေကိုပြေပျောက်နိုင်စေဖို့ တစ်ဖက်တစ်လမ်းမှ တက်နိုင်သလောက်လေးဖြင့်စုပေါင်း၍ မနက်ဖြန် မေလ(၁)ရက်နေ့တွင် နေ့လည် (၁)နာရီအချိန်မှစ၍
ပန့်သကူရေအလှူဒါနပြုလုပ်လှူဒါန်းမှာဖြစ်ပါတယ် ...
ကျနော်တို့နှင့်အတူ လူအင်အားသော်လည်းကောင်း ငွေအင်အားသော်လည်းကောင်း မည်သူမဆိုပူးပေါင်းပါဝင်ပြီး ပူပြင်းလှတဲ့နေပူပြင်ကြီးထဲမှာ အလွှာစုံမှဘ၀စုံအတွက်လှုပ်ရှားရုန်းကန်နေကြရသူများရဲ့ ဘ၀အမောတွေပြေပျောက်နိုင်စေဖို့အတွက် ကျနော်တို့တတွေနဲ့အတူပူးပေါင်းပြီး ရေလှူကြဖို့ဖိတ်ခေါ်ပါတယ်။
ဆက်သွယ်ရန် - ကျော်ဇေယျ - 09 42370 5586
Read More...
Tuesday, April 29, 2014
ပြည်မြို့နယ်တွင်(၁၀)နှစ်ကျော်ပျောက်ကွယ်နေသော မေလ(၈)ရက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားပြန်လည်ကျင်းပမည်
Leave a Comment
ပြည်မြို့နယ်တွင်(၁၀)နှစ်ကျော်ပျောက်ကွယ်နေသော မေလ(၈)ရက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားပြန်လည်ကျင်းပမည်
******************************************
မေလ(၈)ရက်ဆိုတာ ကမ္ဘာ့နိုင်ငံများကပင် လေးစားဂုဏ်ပြုရတဲ့ ဆွပ်ဇာလန်နိုင်ငံသား ဂျိမ်းဟင်နရီဒူးနံ့(စ်)ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုဂုဏ်ပြုတဲ့နေ့ပါ ဒီပုဂ္ဂိုလ်ကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးကဘာလို့ဂုဏ်ပြုကြသလည်းဆိုတော့ စစ်ဘေးစစ်ဒဏ်နဲ့သဘာဝဘေးအန္တရယ်ကြရောက်နေသူတွေကို ရန်သူမိတ်ဆွေ လူမျိုးဘာသာ ဆင်းရဲချမ်းသာမခွဲခြားပဲ အဖြူစင်ဆုံးစိတ်ထား အမြင့်မြတ်ဆုံးမေတ္တာတွေနဲ့ကူညီပေးပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှလူသားတိုင်းလူသားချင်းစာနာထောက်ထားတဲ့စိတ်ဓါတ်လေးကိန်းအောင်းလာအောင်ဖြူစင်တဲ့ ကြက်ခြေနီစိတ်ဓါတ်လေးတွေပေါက်ဖွားပေါ်ပေါက်လာအောင် သန့်စင်မွန်မြတ်တဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာပေါ်ထွန်းလာအောင်မွေးဖွားပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ မြန်မာနိုင်ငံအပါအ၀င်ကမ္ဘာ့နိုင်ငံအသီးသီးက ဟင်နရီဒူးနံ့(စ်) ရဲ့ မွေးနေ့ဖြစ်တဲ့ ၁၈၂၈ မေလ(၈)ရက်နေ့ကို ကမ္ဘာ့ ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ပြီး မေလ(၈)ရက်နေ့ရောက်တိုင်း ကြက်ခြေနီ ဖခင်ကြီး ဟင်နရီဒူးနံ့(စ်)ကိုထုတ်ဖော်ဂုဏ်ပြုတဲ့ပွဲဖြစ်ပါတယ် ကြက်ခြေနီဆိုတာ ရဲရင့်ဖြူစင်ပြီး မွန်မြတ်တဲ့လူမှု ကရုဏာလုပ်ငန်းဖြစ်လို့ ကမ္ဘာ့နိုင်ငံအသီးသီးကလက်ခံခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းဂုဏ်ပြုကြတဲ့ မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ကို ပဲခူးတိုင်ူးဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်နိုင်ခဲ့တာ (၁၀)နှစ်ကျော်အချိန်ကြာခဲ့ပါပြီ အကြောင်းအမျိုးမျိုးကြောင့်မကျင်းပနိုင်ခဲ့သော ကမ္ဘာ့ကြက်ခြေနီနေ့ဂုဏ်ပြုပွဲကြီးကို ပြည်မြို့နယ်ရှိတာဝန်ရှိလူကြီးမင်းများ၏ လမ်းညွှန်မှုနှင့်အတူတူ ပြည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် လူငယ်/မောင်မယ် တို့မှ ၂၀၁၄ ခုနှစ် မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စွမ်းစွမ်းတမံဆောင်ရွက်နေကြပါတယ် သို့ပါသောကြော င့် ရဲဘော်ဟောင်းများ ရဲဘော်အသစ်များအားကြိုဆိုလျှက်ရှိပါကြောင်း ပြည်သတင်းမှတဆင့် တင်ပြအပ်ပါတယ်ခင်ဗျာ..
                                                               တပ်ခွဲမှုး(ခေတ္တရာ)
                                                               ph; 09423741300
ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...
ရောင်းမည်
Leave a Comment
Samsung s3 mini အဖြူရောင် errorလုံးဝမရှိပါ။
ဈေးနှူန်း 120000ကျပ်
စုံစမ်းရန် - ၀၉ ၂၅၀၇၂၄၁၄၁
Read More...
မြစ်ဆုံရပ်တံ့ရေးအတွက် အရေးဆိုရေးကူမဲ့သူတွေ ဧပြီလ(၂၉) ရက်နေ့ညနေ(၅း၃၀) နာရီမှာ အစမ်းလေ့ကျင့်ကူးကြပြီ
Leave a Comment
မြစ်ဆုံ-စီမံကိန်းကြီးရပ်တန့်ရန်-ဧရာဝတီကိုကယ်တင်ရန်အတွက်-ပြည်မြို့က-ဧရာဝတီချစ်တဲ့သူတွေကမေလ(၁)ရက်နေ့မှာ-PERFORMANCE တခုပြုလုပ်တဲ့အနေနဲ့-မြစ်ကိုဖြတ်ပြီးလက်ပြစ်ကူးကြပါမယ်။
မေလ(၁)ရက်နေ့မှာလုပ်မဲ့- PERFORMANCE-အတွက်-ဒီနေ့ဧပြီလ(၂၉)ရက်နေ့ညနေ(၅း၃၀)နာရီမှာ-အကြို-ရီဟာဆယ်-နဲ့-တိုင်ပင်ယူခြင်းကိုလုပ်ခဲ့တာပါ-အဲဒီနေ့ကစမ်းသပ်ရေကူးသူ-ကိုကျော်ဆွေအပါအ၀င်(၄)ယောက်တို့က-မြစ်ကို-စည်ပင်သာယာရေစစ်ကန်-နောက်ကျောကနေပြီးစတင်-ဖြတ်ကူးခဲ့တာဖြစ်ပါတယ်။
ဧရာဝတီမြစ်ဟာ-တဖြည်းဖြည်းနဲ့ရေနဲလာကာ-နောက်နှစ်ကြာလာရင်ပျောက်ဆုံးပျက်စီးသွားတော့မဲ့-အခြေအနေကို-ဦးတည်လာနေပြီဖြစ်လာနေလပြီဖြစ်လို့-တပ်နိုင်သမျှ-၀န်လေးနဲ့-တပိုင်တနိုင်ဝင်ထမ်းတာလို့ကိုကျော်ဆွေကပြောပြပါတယ်။အခုလိုပြုလုပ်တာကလဲ-မြစ်ဆုံစီမံကိန်းကြီးကို-ပြည်မြို့သားတွေက-လုံးဝမလိုလားဘူးဆိုတာကိုလဲပြသတာပါလို့သူကထပ်ပြောလိုက်တာ။
အခုလိုလုပ်တာကို-ခွင့်ပြုမိန့်တင်စရာမလိုဘူး-စီတန်းလှည့်လည်ခွင့်-ဥပဒေပဲရှိတယ်-စီတန်းရေကူးခွင့်-မရှိတဲ့အတွက်-ဘယ်လိုတည်ဆဲဥပဒေနဲ့မှ-မညိစွန်းဘူး-အရင်(၂၀၁၃)ခုနှစ်တုန်းက-အခုလိုဧရာဝတီကိုကယ်တင်ဖို့-မြစ်ဆုံရပ်တံ့စေဖို့အတွက်-ဆန္ဒပြတောင်းဆိုခဲ့လို့-သူအပါအ၀င်(၆)ယောက်ကို-စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ(၁၈)နဲ့-အရေးယူခြင်းခံခဲ့ရပါတယ်လို့-ကိုကျော်ဆွေကပြောပြပါတယ်။
Ko Minnyo
Read More...
ဆွီဒင်နိုင်ငံထုတ် ORIFLAME, SWEDEN အလှကုန်ပစ္စည်းဆိုင်
Leave a Comment
ဆွီဒင်နိုင်ငံထုတ် ORIFLAME, SWEDEN  အလှကုန်ပစ္စည်းများကို ဈေးနူန်းမှန် ပစ္စည်းမှန် စေတနာမှန်များဖြင့် မိတ်ဆွေများထံသို့ ယူဆောင်လာနိုငခဲ့ပါပြီ  ပြည်မြို့ မှ မိတ်ဆွေများ အသင်းဝင်ဖြစ်ချင်သူများအတွက် ORIFLAME SPO PYAY ဆိုင်ကို ၂၀.၄.၂၀၁၄ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါရစေ ဆက်သွယ်ရန်လိပ်စာကတော့ ...ပြည်မြို့/ဗိုလ်ချုပ်လမ်း/မီးရထားတိုက်ခန်း/Smile Motel ဘေး/အမှတ်(၉)မြေညီထပ်/Wai Yan (Sony Showroom) ရှေ့/ Ph; 095063550/0930269011  ကိုဆက်သွယ်နိုင်ပါကြောင်းသတင်းကောင်းလေးပါးလိုက်ပါရစေ....
ဆွီဒင်နိုင်ငံထုတ် ORIFLAME, SWEDEN  အလှကုန်ပစ္စည်းဆိုင်
Read More...
Sunday, April 27, 2014
အပူကြောင့် သေနှုန်းသုံးဆတိုးတဲ့ပြည်မြို့မှာ မိုးရွာသွန်းရေးကြိုးပမ်းချက်
Leave a Comment
အပူရှိန်ပြင်းလွန်းလို့ အသေအပျောက်များနေတဲ့ ပြည်မြို့မှာ မိုးရွာချ အပူရှိန်ကျစေဖို့အတွက် ရိုးရာနည်းလမ်းတခုကို ကျင့်သုံးလိုက်ပါတယ်။
အဲးဒါကတော့ ဒီကနေ့ ညနေပိုင်း လွန်ဆွဲပွဲတခု ကျင်းပလိုက်ခြင်းပါပဲ။
ပရဟိတအသင်းတခုဖြစ်တဲ့ မိုးမေတ္တာအသင်းဝင်တွေရဲ့ လွန်ဆွဲပွဲကို   ညနေ ၄ နာရီလောက်က တွေ့ခဲ့ရပါတယ်။
လူနာတင်ယာဉ်လှူဒါန်းဖို့ရောက်ရှိနေတဲ့ နာရေးကူညီမှုအသင်း( ရန်ကုန် ) မှ ကိုကျော်သူကလည်း လွန်ဆွဲပွဲကို ဝင်ရောက်အားပေးခဲ့ပါတယ်။
အသင်းရဲ့ အတွင်းရေးမှူး ကိုညီညီအောင်က ကြုံတွေ့နေရတဲ့ အခြေအနေကို  ဧရာဝတီကိုပြောပါတယ်။
"ကျနော့် သက်တမ်းတလျှောက် အခုလို ရာသီဥတုပူပြင်းတာရယ်၊ ခရမ်းလွန်ရောင်ခြည် မြင့်တက်နေတာ မကြုံဘူးပါဘူး။
နာရေးလမ်းကြောင်းတွေ စိပ်လာတယ်။
အထူးသဖြင့် နာရေးမှတ်တမ်းတွေ ပြန်ကြည့်ရင် အသက်အရွယ် ကြီးတဲ့ သူတွေ၊ ယမကာ သောက်သုံးတဲ့သူတွေ အများဆုံး ပို့ပေးနေရတယ်။
ဦးကျော်သူရောက်တုန်း စကားစပ်မိတာနဲ့ ကျနော်တို့ လွန်ဆွဲပွဲ လုပ်ဖြစ်သွားတာပါ"
အပူရှိန်ကြောင့် ပြည်မြို့မှာ သေဆုံးနှုန်း သုံးဆ တက်လာပါတယ် တဲ့။
"ခါတိုင်းတရက်ကို လမ်းကြောင်းက (၃) ခုလောက်ပဲရှိတယ်။
အခုဆိုရင် (၁၀) ခုထက်မကရှိနေတယ်။ ကျနော်တို့အသင်း တခုတည်းတင် လမ်းကြောင်း (၆)ခုလောက်သွားနေရတယ်။ တခြားအသင်းတွေပါဆိုရင် တော်တော်များ တယ်။
အထူးသဖြင့် အသက်ကြီးတဲ့ လူကြီးပိုင်းတွေ ဒီရာသီကို မကျော်လွန်နိုင်တော့ဘူး။ အရက်သောက်တဲ့လူတွေလည်း သေတာများတယ်"
 အမျိုးသားများကတစ်ဖက် အမျိုးသမီးများကတစ်ဖက် သုံးပွဲ ဆွဲခဲ့ကြတာပါ။
 အမျိုးသမီးများဘက်က နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပါတယ်။
ကဲ... လွန်ဆွဲပွဲတော့ ပြီးသွားပြီ။ မိုးလေ အခြေအနေ ဘယ်လို ဖြစ်လာမလဲ။
ဒေသခံတွေက မိုးရွာမှာကိုတော့ လိုလားနေပြီး မိုးသက်လေပြင်းတိုက်လာမှာကိုတော့ စိုးရိမ်နေကြပါတယ်။
ပြည်မြို့နဲ့ (၉) မိုင် အကွာလောက်မှာရှိတဲ့ ရွှေတောင်မြို့နယ်ထဲက ကျေးရွာတချို့မှာတော့ သင်္ကြန်မတိုင်ခင် မိုးသက်လေပြင်းတွေကြောင့် နေအိမ် ၅၄ လုံး ပြိုကျ၊  အလုံး ၁၀၀ အမိုးအကာ ပျက်သွားကြောင်း သိရပါတယ်။
သတင်းနှင့် ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
Read More...
တတိယ အကြိမ် Barcamp Pyay 2014 ကျင်းပပြုလုပ်ရန် ဖြစ်မြောက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း
Leave a Comment
ပြည်မြို့တွင် တတိယ အကြိမ်မြောက် ကျင်းပပြုလုပ်မည့် Barcamp Pyay 2014 အတွက် Organizer နှင့် Volunteer Team ဖွဲ့စည်းရန် အတွက် စိတ်ပါဝင်စားသူများ တတ်ရောက်နိုင်ရန် ဖိတ်ကြား အပ်ပါသည်။
နေ့ရက် ။ ။ 4.5.2014(တနင်္ဂနွေနေ့)
အချိန် ။ ။ နံနက် (9း00)နာရီ ။
နေရာ ။ ။ ဆေးရုံနောက်လမ်း၊ မြကျောက်ကဖီး။
အသေးစိတ်သိရှိလိုပါက…..
ဦးရဲမြင့်အောင် 095311085
ကိုဇော်မျိုးထွဋ်း 095370198
ကိုစည်သူ 0973199994
Read More...
န၀ဒေးတံတားအောက် လူသတ်မှုတရားခံ ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမည်
Leave a Comment
ရေခဲ(ပြည်)
တပ်မတော်သားသုံးဦး ပါဝင်ပတ်သက်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ န၀ဒေးတံတားအောက်မှ လူသတ်မှု တစ်နှစ်ပြည့်ပြီးအချိန်အထိ တရားခံဖော်ထုတ် အရေးမယူနိုင်သေးသဖြင့် တရားခံ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေးကူညီလှုပ်ရှားသူ
ပြည်မြို့ခံတစ်ဦးဖြစ်သည့် ကိုမင်းမင်းကပြောသည်။
“ပြည်မြို့ခံတစ်ဦးအနေနဲ့ရော လူ့အခွင့်အရေး ကူညီလှုပ်ရှားသူ အနေနဲ့ရော ဆက်လက်ကြိုးစားသွားမယ်။ အားလုံးပေါင်းပြီး ဆန္ဒဖော်ထုတ်ဖို့ လုပ်သွားမယ်”ဟု ကိုမင်းမင်းကဆိုသည်။
၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်တွင် ပြည်မြို့ သံလွင်ခက်လူ့အခွင့်အရေးရုံးတွင် ပြုလုပ်သည့် အကြမ်းဖက် လူသတ် လူယက်မှု တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းမင်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အမှုဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်နှင့် တစ်လပြည့်သည့်အချိန် မေလ(၂၃)ရက်တွင် ပြည်မြို့သူမြို့သားများနှင့် မြို့ခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ
ဆန္ဒပြမည်ဟု ၎င်းက ပြောသည်။
တရားခံကို တရားဥပဒေအရ အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန်၊ အလားတူဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေရေး အာမခံချက်ပေးရန်၊ ပြစ်မှုကျူးလွန်ခံရသူများကို အမြန်ဆုံး ကုစားခွင့် ရရှိစေရေး စသည့်အချက်များကို ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဟု ကိုမင်းမင်းက ပြောသည်။
၂၀၁၃ခုနှစ် မေလ ၂၃ရက် ည ၉နာရီခွဲ အချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက အကြမ်းဖက်
လူသတ် လုယက်မှု တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရသည့်
အပြင် သူမ၏ လက်စွပ်ကိုလည်း ချွတ်ယူသွားခဲ့သည်။
ယင်းဖြစ်ရပ်ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ၀ိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ ၇၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမီပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။
ပုံစာ- ပြည်မြို့ နဝဒေးတံတားအောက်တွင် ၂၀၁၃ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်မှုလုပ်ရန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်က
ပြည်မြို့ရှိ သံလွင်ခက် လူ့အခွင့်အရေးရုံးတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ- ရေခဲ(ပြည်)
Read More...
Saturday, April 26, 2014
ပြည်မြို့တွင် ဦးဝင်းတင်အား ရည်စူး၍ ရက်လည်ဆွမ်းကျွေး
Leave a Comment
ပြည်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဦးဝင်းတင် အားရည်းစူး၍ ရက်လည်ဆွမ်းကျွေးပွဲ အခမ်းအနား ကို ၂၇-၄-၂၀၁၄ နံနက် ၆ နာရီ မှာ ဇောတိကာရုံကျောင်းတိုက် တွင် ကျင်းပပြုလုပ်ခဲ့သည်။
(ပြည်သားလေး)
Read More...
နာရေးကူညီမူအသင်း(ရန်ကုန်) မှ အရေးပေါ်လူနာတင်ယာဉ်တစ်စီး လှူဒါန်း
Leave a Comment
ယနေ့ နေ့ လည်မှာ နာရေးကူညီမူအသင်း (ရန်ကုန်) မှ  မိုးမေတ္တာနာရေးကူညီမူအသင်းနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) သို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီးကို အသင်းဥက္ကဌဦးကျော်သူနှင့် အတွင်းရေးမှူးဒေါ်မြင့်မြင့်ခင်ဖေတို့ မှ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ှ
မိုးမေတ္တာ နာရေးကူညီမှုအသင်း - ပြည်
Read More...
လာဒ်ပေးလာဒ်ယူ အရေးယူ ****************** သို့/ သစ်တောဝန်ကြီးဌာန(နေပြည်တော်)
Leave a Comment
လာဒ်ပေးလာဒ်ယူ အရေးယူ
******************
သို့/
သစ်တောဝန်ကြီးဌာန
(နေပြည်တော်)
ပြည်မြို့ပေါ်က သစ်တောဦးစီးဌာနနဲ့ပြည်သတင်းနဲ့တော့ကိစ္စတစ်ခုထိပ်တိုက်တွေ့ရအုံးမှာပေါ့ဗျာ မနက်က  26.4.2014 ရက်နေ့မနက်(၉း၀၀)က ပြည်မြို့ ဆင်စုနယ်မြေပိုင် ပုထိုးကြီးလမ်းကြီးဘေးမှာရှိတဲ့ ရပ်ကွက်အိမ်ဈေးအရောင်းဆိုင်မှာ မီးသွေးတွေဖမ်းသွားတဲ့ကိစ္စပါ ပြည်မြို့က သစ်တော်ဦးစီးဌာနကိုတစ်ခုလောက်ပြောပြချင်ပါတယ် ဒီမီးသွေးတွေဟာ တော်ထဲကခုတ်တာမလား (ဘာ့ကြောင့်တောထဲမှာဖမ်းမမိခဲ့တာလည်း) ဒီလိုတွေထင်းခုတ်ပြီး မီးသွေးအဖြစ်ဒီထင်းကိုမီးဖုတ်တော့ရောတောထဲမှာပဲမီးသွေးဖုတ်ရတယ်လေ(ဘာ့ကြောင့် မီးသွေးဖိုတွေမဖမ်းရတာလည်း)ထင်းတွေမီးသွေးအဖြစ်ရောက်ရှိလာတော့ရော ကားတွေနဲ့လမ်းမကြီးအတိုင်းသယ်ဆောင်လာရပါတယ်(ဘာ့ကြောင့်မြို့ဝင်ဂိတ်တွေက ဖမ်းမမိခဲ့ရတာလည်း) ထားပါအုံးတော့ ဒီလိုတွေအဆင့်ဆင့်နဲ့သယ်ဆောင်လာတာကို တံတားတွေ လမ်းတွေ မြို့ဝင်ဂိတ်တွေမှာ လာဖမ်းတဲ့သူတွေကို ငွေ(ခေါ်)ပိုက်ဆံနဲ့ညှိုနိုင်းမှုတွေလုပ်ပြီး အဆင့်ဆင့်ကျော်ဖြတ်လာကြလို့ မြို့ထဲ ရပ်ကွက်ထဲအထိရောက်လာတာမဟုတ်ဘူးလား ဒါဆိုရင် ပြည်သူတွေအနေနဲ့ မေးခွန်းတွေများမသွားဘူးလား စဉ်းစားကြည့်ပါအုံး ရပ်ကွပ်ထဲမီးသွေးတစ်ထုတ်(၁၀၀) သို့မဟုတ်(၂၀၀)ဖိုးလောက်ရောင်းတဲ့ဆိုင်လေးတွေမှဖမ်းရတယ်လို့ အဲလောက်ထိအပျင်းကျနေလည်း ပြည်သတင်းလူငယ် ကိုယ်တိုင် ရပ်ကွက်ထဲကမီးသွေးဆိုင်လေးတွေကိုဖမ်းပေးပါ့မယ် တစ်ခုတော့ရှိတာပေါ့ ဖမ်းတယ်ဆိုတဲ့လူကြီးတွေရဲ့အမျိုးသမီးတွေကျတော့ မီးသွေးမသုံးဘူးထင်လောက်ပါတယ် ဘာ့ကြောင့်လည်းဆိုတော့ လျှပ်စစ်မီးဖိုတွေသုံးနေတယ်ထင်မိပါတယ် ဒါပေမဲ့ မီးပျက်တဲ့အခါမှာတော့ လူကြီးမင်းတို့ဖမ်းထားတဲ့ မီးသွေးတွေကိုသတိရကြတယ်ထင်ပါတယ် မီးသွေးဖမ်းမယ်ဆိုလည်း သစ်ခုတ်တဲ့သူတွေပါဖမ်းပေါ့ဗျာ အခုဖြစ်စဉ်က အလုပ်မရှိအလုပ်ရှာ ရပ်ကွက်ထဲကအိမ်ဈေးဆိုင်လေးဝင်ဖမ်းရတယ်လို့ ပြောလိုက်သေးတယ် ဦးစီးမှုးပါလာတယ် အိမ်သုံးဖို့မိသားစုများလို့ အိပ်အနည်းငယ်လောက်ပဲပြောတဲ့လာဖမ်းတဲ့သူကသင်ပေးလိုက်သေးတယ် ပြီးတော့ ပိုင်ရှင်ဖြစ်သူကိုရုံးခေါ်ဟိုတောင်းဒီတောင်းနဲ့ ဒီသတင်းဖတ်မိပြီး ဘယ်လိုတောင်တာလည်းမမြင်ပဲနဲ့ အပုတ်ချတယ်လည်းကျွန်တော့ကိုခေါ်ပြောမနေနဲ့အုံးနော် သတ်ချင်သတ်လိုက် သေတောင်ပြောမှာမဟုတ်ဘူး အဲဒိတော့ သစ်တောဝန်ကြီးဌာနက လေးစားရပါသော ၀န်ကြီးများခင်ဗျာ ယခုကိစ္စဖြစ်စဉ်မှာအမှန်အကန် ကျွန်တော်မျက်မြင်ကိုယ်တွေ့ဖြစ်နေတာမလို့ လူကြီးမင်းတို့၏ အောက်ခြေ၀န်ထမ်းများအားထိထိရောက်ရောက်ဖြေရှင်းပေးပါရန် အထူးလေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ ဘာ့ကြောင့်လည်းဆိုတော့ သတင်းမီဒီယာဆိုသည်မှာ တရားမျှပြီးဘက်လိုက်မှုကင်းဝေရန်ရေးနေရပါတယ် ယခုလိုမျိုးတွေဖြစ်ဖန်များလာရင် ၀န်ကြီးတို့ လာဒ်ပေးလာဒ်ယူကင်းနေသော်လည်း အောက်ခြေရှိဝန်ထမ်းများက မကင်းနိုင်ကြဖြစ်နေပါတယ် ထို့ကြောင့် (မြန်မာနိုင်ငံ မှ သစ်တောဦးစီးဌာန )ဆိုတဲ့ဆိုင်းဘုတ်ကြီး ပြုတ်ကျသွားမည်ကိုမလိုလားပါသဖြင့် လေးစားစွာလူကြီးမင်းတို့အားတင်ပြအပ်ပါတယ်ခင်ဗျာ....
လေးစားစွာဖြင့်...ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...
သက်ဆိုင်ရာဌာနများသိစေလိုပါတယ်(ဒေသခံတစ်ဦးမှ ပြည်သတင်းသို့ပေးပို့ထားပါတယ်ခင်ဗျာ)
Leave a Comment
သက်ဆိုင်ရာဌာနများသိစေလိုပါတယ်(ဒေသခံတစ်ဦးမှ ပြည်သတင်းသို့ပေးပို့ထားပါတယ်ခင်ဗျာ)
မင်းသွင်ထွန်း ဗိုလ်ကြီး ငြိမ်း
နွားမယံဌာနခွဲမာန်နေဂျာရေနံပြည်ဌာနခွဲမှသည်
အချိန်အခါမရှိဆီပေးခြင်းနှင့်ဌာနခွဲသို့ဝင်သောဘောက်ဆာများအားစစ်ဆေးခြင်းကိစ္စနှင့်ပတ်သက်၍ဌာနခွဲတွင်ထုတ်သောကုမဏ္ဏီများသည်နေ့လည် ၁၂နာရီကျော်တွင်ဆီထုတ်ပေးနေ
ခြင်းအားဖြင့်မီးဘေးအန္တရယ်ရှိပါသဖြင့်အများမှပြောဆိုပါသော်လဲလက်ရှိဌာနခွဲမာန်နေဂျာသည်ထုံးစံအတိုင်းအန္တရယ်များကြားတွင်ဆီများပေးနေပါ
သဖြင့်လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန် MDအားတင်ပြအပ်ပါသည်
လက်ရှိဌာနခွဲမာန်နေဂျာသည်သူမွေးထားသောတ
တပည့် ၃ ဦးမှာလဲအဝင်ဂိတ်ဇော်မိုးနိုင် ကျော်မိုးတရုတ်ကြီးဖြစ်ပါသည်အဝင်ဂိတ်တွင်
၅၀၀၀ိပေးရပါသည်ဝင်နိုင်ထံတွင်၂၀၀၀ိပေးလျှင်မရပါ၁၀၀၀ိထပ်ပေးမှရပါသည်ဆီပွိုင့်တွင်အောက်
ကြေး၁၅၀၀၀ိပေးရပြီးအပေါ်ကြေး ၅၀၀၀ိနှင့်
၁၀၀၀၀ိပေးနေရပါသည်သို့ပါသဖြင့်လိုအပ်သလို
အရေးယူဆောင်ရွက်ပေးပါရန်တင်ပြအပ်ပါသည်
မီးဘေးအန္တရယ်စီုးရိမ်ရပါသောကြေင့်
အမြန်ဆုံးအရေးယူပေးပါရန်ပြည်သတင်းတဆင့် သက်ဆိုင်ရာဌာနများသို့လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ....
မီးဘေးအန္တရယ်ကာကွယ်ရေး(ဒေသခံတစ်ဦး)
ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...
Friday, April 25, 2014
ပြည်မြို့ရှိ သတင်းထောက်များ ဆန္ဒပြရခြင်း အပြည့်အစုံ
Leave a Comment
ဧပြီလ-၂၅-ရက်နေ့က-ပြည်မြို့တွင်-သတင်းထောက်များတရားစွဲထောင်ချ-နေခြင်းအတွက်-ဆန္ဒပြခဲ့ကြပါတယ်။
မနက်(၈)နာရီခွဲတွင်-မြို့လည်-ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင်စတင်ဆန္ဒပြရာ-အမှတ်(၂)အမှတ်(၃)ရဲစခန်းမှုးတို့က-ခွင့်ပြုမိန့်-မရှဗိတဲ့အတွက်ဆန္ဒပြခွင့်မရှိကြောင်းလာရောက်ပြောပြီး-လူစုခွဲဖို့လာရောက်ပြောဆိုခဲ့ပါတယ်-
ဒါပေမဲ့သတင်းထောက်များက-လူစုမခွဲနိုင်ဘူး-အရေးယူလျှင်လဲခံမယ်-အခုကတော့-ဆက်လက်ဆန္ဒပြသွားမယ်လို့-ပြန်ပြောပြီးအဲဒီနေရာမှာပဲမိနစ်(၂၀)ဆန္ဒပြပြီး-သတ်မှတ်ထားတဲ့အတိုင်း-ဗိုလိချုပ်လမ်း-မှတဆင့်ချီတက်ပြီး-ရွှေဆံဗတ်ာဘုရားရှေ့တွင်မိနစ်(၂၀)ခန့်ဆန္ဒပြကာ-မြောက်ဇောင်းတန်းလမ်း-ပန်းဘဲတန်းလမ်း-မှတဆင့်မြို့နယ်အုပ်ချုပ်ရေးမှုး-ရုံးရှေ့တွင် မိနစ်(၂၀)ဆက်လက်ဆန္ဒပြပြီး-ဧရာဝတီမီဒီယာမှ-ကိုကောင်းမြတ်မင်း၊မဈ္ဖီမဂျာနယ်က-ကိုရေခဲတို့က-တရားဟော-ခဲ့ပါတယ်-
အဲဒီနောက်-ရွှေတချောင်းလမ်း-လမ်းမတော်လမ်း-ရုံးလမ်းတို့ကနေ-မြိုနယ်/ခ၇ိုင်တရားရုံးရှေ့တွင်-နာရီဝက်ခန့်ဆန္ဒပြ-တရားဟောခဲ့ပါတယ်-အဲဒီတရားရုံးရှေ့တွင်-တရားလွှတ်တော်ရှေ့နေ-ဦူးမြင့်အေးက-တရားသူကြီးတွေ-ဒီနေ့ထိ-အထက်အမိန့်အတိုင်းလိုက်ပါဆောင်ရွက်နေတဲ့ကိစ္စ-အုပ်ချုပ်ရေးပိုင်းက-တရားခွင်ကို-အာဏာလွမ်းမိုးထားတဲ့ကိစ္စ-တရားရုံးတွေမှာသတင်းဝင်ရောက်ယူခွင့်ကိစ္စတွေနဲ့ပတ်သတ်ပြီး-ဟောကြားခဲ့ပါတယ်။
ပြည်နဲ့-အောင်လံမြို့က-ယူနတီ၊dvb/the lady/news watch/eleven-ဟစ်တိုင်၊democracy today၊the voice/7 days၊ဧရာဝတီ၊ပြည်သတင်းအွန်လိုင်း၊မစ္ဖျှိမ-စတဲ့-သတင်းထောက်တွေ(၂၀)ခန့်နဲ့-ပြည်သူ(၃၀)ခန့်တို့ဝင်ရောက်ပြသခဲ့ကြပါတယ် မနက်(၁၀)နာရီမှာ-တရားရုံးရှေ့မှာပဲအဆုံးသတ်ခဲ့ကြပါတယ်
လွန့်ခဲ့တဲ့(၁၅)ရက်ခန့်က-မြို့နယ်အုပ်ချုပ်ရေးမှုးရုံး-ကော်ရစ်တာတွင်-လယ်သမားများကိုသွားရောက်အင်တာဗျူးတဲ့ကိစ္စနဲ့ပတ်သတ်ပြီး -ဗိုလ်ကြီးအောင်ဇော်ထက်-ကဒီရုံးမှာသူအကြီးဆုံး-သူ့ခွင့်ပြုမိန့်မရှိပဲနဲ့လုပ်တဲ့အတွက်-တည်ဆဲဥပဒေ(၃)ခုလောက်နဲ့အရေးယူထောင်ချပြစ်မယ်ဆိုပြီး-မောင်းထုပ်ခံခဲ့ရပါတယ်-
လွန်ခဲ့တဲ့တလလောက်က-စည်ပင်သာယာရုံးမှာ-ဈေးကိစ္စနဲ့-အင်တာဗျူးတောင်းတာကို-ရုပ်သံမီဒီယာတွေကို-အင်တာဗျုးမပေးရဘူးလို့-ဈေးစည်းကမ်းထိမ်းသိမ်းရေး-ဒုဦးစီးမှုးက-ရုပ်သံမီဒီယာတွေကို-အင်တာဗျူးမပေးရဘူးလို့အထက်ကညွန်ကြားထားကြောင်းပြောပြီး×ရုံးထဲကမောင်းထုပ်ခဲ့ပါတယ်။
အဲဒီလိုမျိုး-နယ်မြို့တွေမှာ-ဋ္ဌာနဆိုင်ရာအချို့က-မီဒီယာတွေကို-ရန်လိုတဲ့ပုံစံတွေနဲ့အဆိုးမြင်ကြတယ်-အခုထိ-ခေတ်ဟောင်းပုံစံတွေအတိုင်း-မိဒီယာကိုဖိနိုပ်နေကြတဲ့အတွက်အခုလိုဆန္ဒပြရတာလို့-ဧရာဝတီမီဒီယာက-ကိုကောင်မြတ်မင်းကပြောပြပါတယ်။
Ko Minnyo
Read More...
သတင်းထောက်တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်
Leave a Comment
သတင်းထောက်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက်
ကျနော် ၏အမည်မှာ ပိုင်လေး ကလောင် အမည် ပြည့်သဲမောင် ( ပြည် )ဖြစ်ပါသည်။ဒီနေ့ကျနော်တို့
်ပြည်မြို့တွင်မီဒီယာလုပ်ဖော်ကိုင်ဘက်ညီအစ်ကိုများဆန္ဒပြခဲ့ပါသည်။ထိုသို့ဆန္ဒပြပွဲတွင် ကျနော်မပါဝင်ခဲ့တာကျနော့်ကိုထမင်းကျွေးသောအလုပ်ပြုတ်မည်ကိုဆိုးသဖြင့် ဆန္ဒပြပွဲကိုမပါဝင်ခြင်းဖြစ်ပါသည်။
ကျနော်သည်သတင်းထောက်အမည်ခံမဟုတ်ပါ ပြည့်သဲမောင်( ပြည် ) ကလောင်အမည်ဖြင့် ပြည်သူလူထုအတွက် ဂျာနယ်တချို့တွင်ရေးသားနေပါတယ်။ဒီနေ့ ကျနော့်လုပ်ဖော်ကိုင်ဘက်ညီအစ်ကိုတွေဆန္ဒပြချိန်မှာကျနော်သတင်းယူပြီး သူတို့လုပ်ဆောင်ချက်ကိုထောက်ခံတဲ့အနေနဲ့ တတ်နိုင်တဲ့ဘက်ကဆောင်ရွက်ခဲ့ပါတယ်။ကျနော်တယောက်ထဲမဟုတ်ပါဘူး ကျနော့်လိုပဲဆန္ဒပြပွဲမှာကြောင်းအမျိုးမျိုးကြောင့်မပါဝင်တဲ့အစ်ကိုနှစ်ယောက်လဲပါ ပါတယ်။
ဒီကနေ့ဆန္ဒပြတာ လွတ်လပ်စွာသတင်းယူရအောင် မီဒီယာ ဖိနှိပ်မှုလွတ်လပအောင် ဖိနှိပ်တဲ့သူတွေကို
ွဆန္ဒပြတာပါ။ဆန္ဒပြသည့်ပွဲတွင် ကျနော်မပါဝင်ပေမဲ့ လုပ်ဖော်ကိုင်ဘက်ညီအစ်ကိုများနဲ့ထပ်တူထပ်မျှဆန္ဒရှိပါသည်။ထို့ကြောင့် ကျနော့်အပေါ်နားလည်မှုမရှိသူများနားလည်ပေးစေချင်ပါတယ်။
ပြည့်သဲမောင်( ပြည် )
Read More...
ဦးဆောင် ဆန္ဒပြသူ ရေခဲ (ပြည်) အား ပုဒ်မ (၁၈) ဖြင့် တရားဆွဲဆိုသွားမည်ဟု ဒုရဲမှူး မျိုးမြင့်ကပြောဆို
Leave a Comment
ပြည့်သဲမောင်(ပြည်) 
ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ရေး ၊ ဌါနဆိုင်ရာ ရုံးများတွင်လွှတ်လပ်စွာ သတင်း ရယူခွင့်ပေးရေး အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဧပြီလ (၂၅)ရက်နေ့က မြို့ခံသတင်းသမားများ စုပေါင်းကာဆန္ဒထုတ်ဖော်မှု တစ်ခုပြုလုပ်ခဲ့သည်။ ထိုနေ့နံနက်(၈)နာရီခွဲအချိန်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင်မီဒီယာသမားနှစ်ဆယ်ခန့် စုဝေးကြပြီး ဟောပြောမှုများ ပြုလုပ်ကာ ကြွေးကြော်သံများကိုရွတ်ဆို၍ ဗိုလ်ချုပ်လမ်းအတိုင်း စတင်ချီတက်ခဲ့ကြသည်။ ပြည်မြို့ခံလူထုက မီဒီယာသမားများ နောက်ပါလိုက်ပါခဲ့ကြပြီး ဆန္ဒဖော်ထုတ်သူတစ်ရာခန့် ရှိခဲ့သည်။
ဌာနဆိုင်ရာရုံးများတွင် သတင်းသွားယူသူ သတင်းသမားများကို ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှု နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေ များဖြင့်တရားဆွဲဆိုထောင်ချခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း(DVB)သတင်းထောက် ကိုသန်းထိုက်ကပြောသည်။
“ဒီရုံးတွေကအစိုးရအရာရှိကြီး တွေငွေပေးပြီး ၀ယ်ထားတဲ့ ရုံးတွေမဟုတ်တဲ့အတွက် ပိုင်နက် ကျူးလွန်မှုနဲ့ တ၇ားဆွဲခွင့်မရှိဘူး။ သတင်းသမား သတင်းလာယူတာ ၀တ္တရားနှောက်ယှက် မဟုတ်တဲ့အတွက် တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့လဲဆွဲလို့မရဘူး။ ပြည်သူမသိအောင်လုပ်ထားတဲ့ မသမာမှုတွေကို ဖော်ထုတ်တာလည်းသတင်းသမားမှာ အပြစ်မရှိဘူး”ဟု ၄င်းကပြောသည်။
ရွှေဆံတော် ဘုရားမြောက်စောင်းတန်း နာရီစင်အနီးအရောက်တွင် ဆယ်မိနစ်ခန့် ဟောပြောမှုများ ပြုလုပ်ကာ မြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ ပန်းပဲတန်းလမ်း၊ ဆေးရုံလမ်း များအတိုင်း ချီတက်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဆယ်မိနစ်ခန့် ဟောပြော ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုမှတဆင့် လမ်းမတော်လမ်း၊ ရုံးလမ်း၊ ကမ်းနားလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ပြီး ပြည်ခရိုင် တရားရုံးရှေ့တွင် ဆယ်မိနစ်ခန့် ဟောပြောဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူ သတင်းသမားများသည် ဖမ်းဆီးထားသော သတင်းထောက်အားလုံး ချက်ချင်းလွှတ် စာသားပါ အနက်ရောင်တီရှပ် အကျီင်္များကို ၀တ်ဆင်ခဲ့ကြပြီး “ဖမ်းဆီး ၊ထောင်ချ ၊သတင်းထောက် တွေ လွှတ်ပေးရေး ဒို့အရေး……….ဒို့အရေး ၊ ပြည်သူပိုင်ရုံးတွေမှာ သတင်း ယူခွင့်ရရှိရေး ………..ဒို့အရေး………..ဒို့အရေး ၊ မီဒီယာဖိနှိပ်မှု …………..ချက်ချင်းရပ်……..ချက်ချင်းရပ် စသည့်ကြွေးကြော်သံများကိုကြွေးကြော်ခဲ့သည်။
ဆန္ဒဖော်ထုတ်ရာတွင် မီဒီယာ ဖိနှိပ်မှုချက်ချင်းရပ် ၊တရားဆွဲ ထောင်ချထားတဲ့ သတင်းထောက်တွေ အခုလွှတ်ပေး ၊ ပြည်သူပိုင်ရုံးဌါနဆိုင်ရာရုံးနှင့် အများသူငါဝင်ထွက်လို့ရတဲ့ရုံးတွေကို လွတ်လပ်စွာ သတင်းယူခွင့်ပေးရန်၊ ပြည်သူတွေကို အရှိတရားအတိုင်း သိခွင့်ပေးပါ ၊ဖုံးကွယ်ထားတာ မရှိရင် ပြည်သူတွေကို သိခွင့်ပေးရန် တရားဥပဒေတည့်မတ်ဖို့ မီဒီယာလိုအပ်တယ်၊ အုပ်ချုပ်ရေး မာန်တိုင် တည့်မတ်ဖို့ မီဒီယာ လိုအပ်တယ်၊ ဥပဒေ ပြုဖို့မီဒီယာ လိုအပ်တယ်ဟု ရေးသားထားသည့် လက်ကိုင်ပိုစတာများ ကိုကိုင်ဆောင်ခဲ့ကြသည်။
အကြောင်းအရာကိစ္စ နှင့်ပတ်သတ်ပြီး ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးအောင်ဦးနိုင်(ခ) ရေခဲ(ပြည်)အား ပုဒ်မ(၁၈) ဖြင့်တရားဆွဲဆိုသွားမည်ဟုလည်း ပြည်မြို့မှ ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကပြောသည်။
Read More...
Thursday, April 24, 2014
မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တို့ကို နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာ ဌာန များသို့ တိုင်ကြားသွားမည်
Leave a Comment
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့တွင် ယနေ့ 25.4.2014 ရက်နေ့ မနက်(83း0)မိနစ်အချိန်ခန့်တွင် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှ စတင်ပြီး  ဒေသခံ မီဒီယာများ နှင့် အခြားမကွေးတိုင်းနှင့် နယ်သတင်းထောက်ပေါင်း(၂၀)ခန့် မှစဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် အဆိုပါဆန္ဒထုတ်ဖော်ရခြင်းအကြောင်းမှာ ပြည်မြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံး နှင့် မြို့နယ်တရားရုံးများတွင် သတင်းယူမှုအနှောင့်အယှက်များကြုံတွေ့နေရသောကြောင့် ယခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ပြည်သတင်း(အွန်လိုင်း) မှကိုကျော်ဝင်းခိုင်း(ခ)ပြည်သတင်းလူငယ်မှ ပြောကြားခဲ့သည်။
ထို့နောက် သူရိယနေ၀န်းသတင်းထောက် ကိုသန့်ဇင်(ခ)ပိုက်တင် မှ DVB သတင်းထောက် ကိုဇော်သက်ထွေး နှင့် အခြားဖမ်းစီးထောင်ချထားခံရတဲ့ သတင်းတွေကို ချွင်းချက်မရှိ ချက်ခြင်းအမြန်ဆုံးပြန်လွှတ်ပေးရန် နဲ့ အများပြည်သူပိုင် ဌာနဆိုင်ရာ ရုံးအဆောက်အဦးများတွင် သတင်းလွတ်လပ်စွာရယူနိုင်ရေးတို့အတွက်ပါပှုးပေါင်းဆန္ဒထုတ်ဖော်နေတာပါ နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော်တွေက ဒီသတင်းလွတ်လပ်စွာယူနိုင်ရေး ဥပဒေကို သမ္မတကြီးကိုယ်တိုင်ထုတ်ပြန်ထားတာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွေနဲ့ တရားရုံးတွေကဒီဥပဒေကို မလေးမစားမလိုက်နာပဲ သတင်းလာယူတဲ့ သတင်းထောက်တွေကို ရန်မရှိရန်ရာ မခြေမငံဆက်ဆံမှုတွေအပြင် သတင်းထိန်ချန်မှုတွေနဲ့ သတင်းမပေးမှုတွေအရမ်းများလာနေလို့ ယခုလိုဆန္ဒထုတ်ဖော်ရတာပါဟု ပြည်သတင်း ကိုပြောကြားသွားခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်မှုမှာ ဒေသခံသတင်းထောက်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အခြားနယ်မှသတင်းထောက်များအပြင် စိတ်ပါဝင်စားသူပြည်သူ အင်အား(၁၀၀)ကျော်ဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြပါတယ် ဆန္ဒထုတ်ဖော်ရာနေရာများကတော့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှ ပြည်ရွှေဆံတော် နာရီစင်ကြီးအနီး မှ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ မှ ခရိုင်တရားရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ပြီး မနက် (၁၀း၀၀)ခန့်အချိန်တွင် ဆန္ဒထုတ်ဖော်မှုပြီးမြောက်သွားကြောင်းသတင်းရရှိခဲ့ပါသည်။  သတင်းထောက်များ ဖမ်းဆီးခံရမှုနှင့် အစိုးရရုံး ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းရရှိရေးအတွက် ပဲခူးတိုင်း ပြည်မြို့မှ သတင်းထောက်များ စုပေါင်းပြီး တရားဝင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းခံရာ ခွင့်မပြုကြောင်း သိရသည်။ ဧပြီလ ၁၉ ရက်က ပြည်မြို့နယ် ရဲစခန်းတွင် တရားဝင် ဆန္ဒပြခွင့် ရရှိရန် လျှောက်ထားမှုကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုနိုင်ကြောင်း ငြင်းပယ်သည့် အကြောင်းကြားစာကို ဧပြီ ၂၂ ရက်က ပြန်လည်ပေးပို့ခဲ့ကြောင်း မြို့ခံ သတင်းထောက် ကိုရေခဲက ပြော သည်။ ယင်း မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တို့ကို နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာ ဌာန များသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။  ကျွန်တော်တို့သတင်းထောက်တွေမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ သတင်းသွားယူတယ် ခွေးမောင်းသလိုမောင်းထုတ်ခံရတယ် တစ်ခါနှစ်ခါမကတော့ဘူး  ဒါတွေက ပြည်သူပိုင်အဆောက်အဦးမဟုတ်ဘူးလား သတင်းထောက်ဆိုတာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေပါပဲ ဟု ဒေသခံသတင်းထောက် ကိုရေခဲမှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည် ဟုသတင်းရရှိခဲ့ပါသည်။.....
ပြည်သတင်းလူငယ်( ပြည်သတင်း )
Read More...
ပြည်မြို့ ရှိသတင်းထောက်များစုပေါင်း၍ ယနေ့ နံနက်တွင် ဆန္ဒထုပ်ဖေါ်
Leave a Comment
25.4.2014 - ပြည်မြို့။
ပြည်သတင်းမီဒီယာသမားများ စုပေါင်းပြီး သတင်းလွတ်လပ်ခွင့် ပြည်သူပိုင်အစိုးရရုံးများတွင် လွတ်လပ်စွာသတင်းယူခွင့် သတင်းမီဒီယာသမားများ ဖိနိပ်မှု့ချက်ချင်းရပ်ကြွေးကြော်သံ များနှင့်အတူပြည်မြို့တွင်းလှည့်လည် ဆန္ဒဖေါ်ထုတ်ကြသည်။
ယနေ့ နံနက် ၉ နာရီအချိန်တွင် တိုင်းရုံးရှေ့မှ စတင်ပြီး ဆန္ဒပြနေပါပြီ။ အဆိုပါ ဆန္ဒပြမှုမှာ ဖမ်းဆီးထားသော သတင်းသမားများ ပြန်လွှတ်ရေးနှင့် သတင်း လွတ်လပ်ခွင့်အတွက် ဖြစ်ကြောင်း သတင်းရရှိပါသည်။ 
အဖမ်းဆီးခံ သတင်းထောက်အားလုံး ချက်ချင်း လွှတ် ပေးရန် နှင့် ဌာနဆိုင်ရာနေရာများတွင် လွပ်လပ်စွာ သတင်းယူခွင့်ရရှိရန်အတွက် ပြည်မြို့  ရှိသတင်းထောက်များစုပေါင်း၍ ယနေ့မနက်တွင် ဆန္ဒထုပ်ဖေါ်နေပုံ ။
Read More...
Facebook Like Page