ကမ္ဘောဇနန်းတွင်း(ခူးခါချန့် ) သိုင်းပြောင်းပြန်လက်သိုင်း လေ့ကျင့်သင်ယူလိုသူအတွက် စာအုပ်
အသေးစိတ်သရုပ်ဖော်ပုံတွေ ရှင်းလင်းချက်တွေပါတာမို့  ၀ါသနာပါသူတွေအတွက်
အလွန်အဆင်ပြေမယ့်စာအုပ်လေးပါ သိုင်းပညာ လေ့လာလိုက်စားသူတွေ ပုံကြည့်
အလွယ်တကူ လေ့ကျင့်နိုင်မှာပါ ။ ကိုယ်ကာယ သာန်မာအောင် လေ့ကျင့်ရသလိုပဲ
ပညာရပ်ပိုင်း စနစ်ကျဖို့ လည်းလိုပါတယ် စနစ်ကျရင် အားသုံးစရာမလို့  သူ့ အားသူ
ပြန်သုံးရတာတွေလည်းရှိတယ် ။ စိတ်ဓာတ် ရဲရင့်မှု ယုံကြည်မှုဆိုတာလည်း အလိုလို
လေ့ကျင့်ရင်းရလာမှာပါ စာရတဲ့ကျောင်းသား စာမေးပွဲမကြောက်သလို ကိုယ့်ကိုယ်
ယုံကြည်လာလိမ့်မယ် ။ ဒီပညာတွေဟာ ဆရာတွေနဲ့ အပ် ရိုးရာအစဉ်အလာအရဆို
ပွဲတင်ရပါတယ် ။ အသုံးပြုမယ့် လက်နက်တွေအပါအ၀င် ပွဲပေးရပါတယ်။ ဒါမှသာ
အထမြောက် အောင်မြင်နိုင်တယ်. အဝေးရောက်သူတွေ အလုပ်မအားသူတွေကလဲ
လေ့လာလိုက်စားသင်ယူမယ်ဆို တတ်ပါတယ် ။ တစ်ကျောင်း တစ်ဂါထာ ၊ တစ်ရွာ
တစ်ပုဒ်ဆန်းဆိုသလို နယ်မြေကွာရင် ရိုးရာအလေ့အထ ပွဲတင်ပုံတင်နည်းကွာမယ်
လက်နက်တွေ ပွဲတင်တာက အထိအခိုက်မရှိအောင် အစောင့်အရှောက်ပေးအောင်
ဆရာသမားတွေ ပြောပြဖူးတယ် ခုခတ်တော့ မသိဘူး သင်တန်းတွေ ကရာတေးတွေ
ခေတ်စားနေတာပါပဲ ။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်က သိုင်းပြောင်းပြန်အတွက် ကျမ်းတဆူ
သိုင်းပြောင်းပြန်နောက်ခံသမိုင်းအပါအ၀င် ပညာရပ်အတွက် အဆင်ပြေစေမယ်ဆို
လေ့လာတဲ့သူအားလုံး အကျိုးရှိစေပါမယ် ။ ဒီစာအုပ်ကိုတော့ သိုင်းဝီဇာတ် ဆိုဒ်မှ
ကိုအောင်သူထက် ထံမှ ပြန်လည်မျှဝေပါတယ် ခွင့်ပြုချက်လည်း ယူထားပါတယ်
ဒေါင်းလုပ်ယူပြီးလေ့လာကြည့်ပါ ဖေ့ဘွတ်မှာ လေ့လာချင်တယ်ဆိုရင်လည်း
သိုင်းအဖွဲ့ တွေ ရှိပါတယ် ပညာရပ်ပိုင်းဆိုင်ရာ ဆရာတွေနဲ့  မြန်မာ့သိုင်းအဖွဲ့ ချုပ်
သိုင်းပြောင်းပြန်ပင်မအဖွဲ့ တွေနဲ့ ဆက်စပ်တဲ့လူတွေ ရှိပါတယ် ဆွေးနွေးမယ်ဆို
လမ်းညွှန်လိုက်ပါတယ် ။ စာအုပ်ကို စိတ်ရှည်၇ှည်ထား dOWNLOAD ယူလိုက် ပြည်သတင်း..
Download - သိုင်းပြောင်းပြန် လက်သိုင်း ပထမတွဲ
သိုင်းပညာ လေ့ကျင့်လိုသူအတွက် မြန်မာ့သိပ္ပံ သိုင်းပြောင်းပြန် လေ့ကျင့်နည်းစာအုပ်
ဓားရေး 37 ချင်းအကြောင်း သိကောင်းစရာ လင်္ကာနှင့်စကားပြေ
ကိုယ်ခံပညာ သင်သူတိုင်းသိသင့်တဲ့ သိုင်းပြောင်းပြန် မောင်လေးအကြောင်း
နိုင်ငံတော်သင်တန်းကျောင်းများအထိ အသုံးပြုသော သိုင်းတိုက်ကွက်များ
တရုတ်ရှောင်လင်ကျောင်းများ၏ အရေးပါတဲ့ သိုင်းကျင့်စဉ် 72မျိုး
အရပ်ပုလို့ ရှည်ချင်သူများ14ရက်အတွင်း အရပ်ရှည်နည်းလေ့ကျင့်ခန်းများ
ကွန်ဖူးစိုးမြင့်ရေးသားတဲ့ လျှပ်တပျက် ကိုယ်ခံပညာ သိုင်းကျမ်းစာအုပ်
အသုံးဝင်မယ် ။ သိုင်းပညာဆိုတာ မတတ်သေးခင် စသင်ပီဆိုတာနဲ့ ပဲ
လူရဲ့စိတ်ဓာတ်ခွန်အားကို သိသိသာသာ ရဲရင့်တက်ကြွစေတယ်ဆိုတာ
သိုင်းသင်ဖူး ပွဲတွေဘာတွေ တင်ဖူးသူတိုင်း သိပါလိမ့်မယ် ပွဲတင်တယ်ဆိုတာ
ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ သိဒ္ဒိတင်သင်ယူပွဲ
မြို့ ကသင်တန်းတွေတော့ မသိပါဘူး ။ ခုခံကာကွယ်နည်း လေ့ကျင့်မယ်
ကျန်းမာကျန့် ခိုင်ဖို့ လေ့ကျင့်မယ် နှစ်မျိုးစလုံးဟာ ဟန်ချက်ညီညီရှိရပါတယ်
နည်းစနစ်မှန်ရင် တခါတလေမှာ အားမပါပေမယ့် အလွန်ထိရောက်ပါတယ်
ဒီစာအုပ်လေးကိုဖတ်ပီး လေ့ကျင့်မယ်ဆိုရင် မဖတ်ထား မသိထားတာနဲ့ 
နှိုင်းစာရင် အတွေ့ အကြုံအများကြီးရပါတယ် အခြေခံကျကျ လေ့ကျင့်ဖို့ 
လက်သီးထိုး ရှစ်မျိုးကစလို့  ပုံနှင့်တကွ အတိအကျပါပါတယ် သင်တန်းလို
မဟုတ်ပေမယ့် အချိန်မရသူတွေအတွက် အလွန်အထောက်ကူပေးမယ့်
ဒီပညာဟာ လေ့လာသင့်တဲ့ နည်းပညာတစ်ခုပါပဲ...အဆင်ပြေပါစေ...ပြည်သတင်း..
Download - လျှပ်တပျက် ကိုယ်ခံပညာ သိုင်းကျမ်းစာအုပ်
0 comments:
Post a Comment