Thursday, January 29, 2015

ဘယ်သူလာကယ်မှာလဲ

Leave a Comment

သရ၀ဏ်(ပြည်)

ကယ်တင်ရှင်ဝါဒကိုကျွန်တော်တို.ကြိုက်ကြသည် ။ ငယ်စဉ်ကအိပ်ယာဝင်ပုံပြင်များတွင် မကောင်းသူပါယ် ကောင်းသူကယ်ဝါဒ ၊ဇောရိုး ၊ စူပါမင်း ၊ စင်ဒရဲလားပုံပြင် များကိုသဘောကျခဲ.ကြသည် ။ ကြီးပြင်းလာသောအခါ ကိုယ်.အားကိုယ်ကိုးကာ နိဗ္ဖာန်မဂ်ဖိုရောက်ဖို.ထက် ဘိုးဘိုးအောင် ၊ဘိုးမင်းခေါင် စသည်တို.၏အမအစကိုခံချင်ကာ ဖြတ်လမ်းမှ လိုက်ချင်သော အချောင်စိတ်သည် အားလုံးရင်မှာမသိမသာကိန်းအောင်းနေပါသည် ။ စီးပွားရေးလုပ်ရာတွင်လည်းကောင်း၊ ဘာသာရေးလုပ်ငန်းလုပ်ရာတွင်လည်းကောင်း၊ လူမှုရေးရာများတွင်လည်းကောင်း အရာရာကိုဖြတ်လမ်းမှလွယ်လွယ်နှင်.ရချင်သည် ။ တစုံတယောက်က တချိန်ချိန်တွင် ကျွန်တော်တို.အားလာကူညီလိမ်.မည်ဟု အမြဲပင်မသိစိတ်ကမျှော်ကိုးနေကြပါသည် ။ ထို.ကြောင်.ပင် မိမိမကြေနပ်ချက်တခုကိုတွေ.သည်နှင်. နေနှင်.ဦးပေါ.ကွာ ၊ဒီတခါအရေးအခင်းထပ်ဖြစ်လို.ဟိုနိုင်ငံကြီးက၀င်လာလို.ကတော. ဒီကောင်တွေခွေးပြေးပြေးရပါပြီ ဟူ၍လည်းကောင်း ၊ ကုလသမဂ္ဂကတော. ဘာဆုံးဖြတ်ချက်တွေချလိုက်ပြီတဲ. ဒီကောင်တွေတော.ကြာကြာခံမည်မထင်စသည်ဖြင်.ပြောတတ်ကြသည် ။ ကျွန်တော်တို.သည် တောက်လျှောက်ထိုသို.မျှော်လင်.ခဲ.ကြသည် ။ ဗုဒ္စမြတ်စွာဟောပြောသော “အတ္တာဟိအတ္တနော နာထော “ မိမိကိုယ်သာ ကိုးကွယ်ရာအစစ်ဖြစ်သည် ဟူသော သင်ကြားချက်ကို သိသိနှင်.မေ.လျော.ခဲ.ကြသည် ။ အကယ်စင်စစ် ဗုဒ္စဘာသာတွင် ဖန်ဆင်း၇ှင်မရှိ ၊ ကယ်တင်ရှင်မရှိ ၊ မိမိပြုမိသောအပြစ်များကို သူတပါးကလာခံ၍ကြေသွားသည်ဟူ၍မရှိ ။ ကိုယ်.အပြစ်ကိုသူများက လာခံပေးရခြင်းဆိုသည်မှာလည်း လူကြီးလူကောင်းဆန်ဆန်တွေးကြည်.လျှင်မဖြစ်သင်.သောကိစ္စဖြစ်သည် ။ သားကပြုလာသော လူသတ်မှုကိုအဖေက အစားဝင်ခံရသလိုရှိသည် ။ အစားဝင်ခံ၍ရသည်ပဲထားဦး တရားမျှတပါ.မလား ဟူသည်တွေးဖွယ်ရှိ၏ ။ ကိုယ်လုပ်တာကိုကိုယ်ဝန်မခံပဲ သူများလွှဲချသော စိတ်ဓါတ်သည်လူ.လောကကြီးအတွက်ကောင်းမွန်ပါ.မလား ။ စိတ်ဓါတ်ခိုင်မာသူသည် ကိုယ်.အပြစ်ကိုကိုယ်တာဝန်ယူရဲရမည် ။ ကိုယ်လုပ်တာကိုယ်ခံရဲရမည် ။ မည်သူမဆို ကိုယ်စိုက်ပျိုးတာကိုယ်ရိတ်သိမ်းရပေလိမ်.မည် ။ ကိုယ်ပြုခဲ.သော ကောင်းမှုကံ ၊မကောင်းမှုကံသည်သာကိုယ်.ထံသို. အရိပ်ပမာထပ်ကြပ်လိုက်ပါလာပေလိမ်.မည် ။ အကယ်စင်စစ် ဤကမ္ဘာလောကကြီးတွင် မည်သူ.ကိုမည်သူကမျှကယ်တင်နိုင်သည်မဟုတ် ။ ကယ်နိုင်သည်ဆိုခြင်းမှာလည်း အပြောသက်သက်သာဖြစ်ပေသည် ။ ကိုယ်ပြုသမျှကိုကိုယ်သာခံရ ၊စံရမည်ဖြစ်သည် ။
ကျွန်တော်တို.သည် ၁၈.၉.၁၉၈၈ မှစကာ အာဏာသိမ်းစစ်အစိုးရလက်အောက်သို.ကျရောက်ခဲ.ကြသည် ( ၂.၃.၁၉၆၂ ကတည်းက ကျနေခြင်းလည်းဖြစ်ပါ၏)။ ထိုစဉ်မှစကာ ကျွန်တော်တို.သည် စစ်အာဏာရှင်စနစ်လက်အောက်မှလွတ်မြောက်အောင် ပြည်တွင်းပြည်ပ မှ တက်ကြွလှုပ်ရှားသူများကကြိုးစားခဲ.ပါသည် ။ မြို.ပေါ်နိုင်ငံရေး ၊ လက်နက်ကိုင်တောတွင်းနိုင်ငံရေး၊ ပြည်ပရောက်နိုင်ငံရေးအင်အားစု စသည်ဖြင်. အဖွဲ.သုံးဖွဲ.ခွဲကာစစ်အစိုးရကိုတော်လှန်ပုန်ကန်ခဲ.ကြသည် ။ဆန်.ကျင်ခဲ.ကြသည် ။ စစ်အစိုးရလက်အောက်မှရုန်းထွက်နိုင်အောင်ကြိုးစားခဲ.ကြသည် ။ ၎င်းတို.အနက် ပြည်တွင်းမြို.ပေါ်နိုင်ငံရေးနည်းသည်သာအထိရောက်ဆုံးဖြစ်သည် ။ တောထဲတွင်လက်နက်ကိုင်တိုက်နေတာ အနှစ် ၆၀ ပင်ကျော်လာသော်လည်း မည်သည်.အဖွဲ.ကမျှ ထိရောက်သောအောင်ပွဲမဆင်နိုင်ပေ ။ နိုင်ငံခြားတွင်ရောက်နေသော နိုင်ငံရေးအဖွဲ.ပေါင်းစုံသည် နိုင်ငံပေါင်းစုံ၊အဖွဲ.ပေါင်းစုံနှင်.ဆက်သွယ်ဆောင်ရွက်ပါသော်လည်း စိုးရိမ်မကင်းဖြစ်သည် တို.၊စောင်.ကြည်.နေပါသည်တို. ၊ စိတ်ဓာတ်ရေးရာအားပေးနေပါသည်တို.စသော မရေမရာ သံတမန်စကားလှလှလေးတွေကလွဲလျင် မည်သည်.အကူအညီမျှထိထိရောက်ရောက်မရဖူးပေ ။ ထို.ကြောင်.မြန်မာ.နိုင်ငံရေးကိုအဓိကအဆုံးအဖြတ်ပေးမည်မှာ ပြည်တွင်းနိုင်ငံရေးအင်အားစုဖြစ်သည် ။ မြန်မာ.သမိုင်းကိုပြန်ကြည်.လျှင် ပြည်တွင်းအင်အားစုများနှင်.ပဲ နိုင်ငံတော်၏အဓိကအပြောင်းအလဲများဖြစ်ခဲ.ခြင်းဖြစ်ပြီး ပြည်ပက၀င်လာသဖြင်.ပြောင်းလဲတာဆို၍ အင်္ဂလိပ်ဝင်လာသဖြင်. မြန်မာ.ပဒေသရာဇ်စနစ်ပျက်သုဉ်းသွားခြင်းနှင်. ဂျပန်ဝင်လာသဖြင်. အင်္ဂလိပ်တို.မြန်မာ.မြေမှဆုတ်ခွာသွားခြင်းသာရှိသည် ။ ကျန်သောအပြောင်းအလဲဟူသမျှသည် ( လွတ်လပ်ရေးရခဲ.တာအပါအ၀င် ) ကိုယ်.ပြည်တွင်းမှာပဲလုပ်ယူခဲ.ကြရခြင်းဖြစ်သည် ။ ဆိုလိုသည်ကား တနေ.တော.ကောင်းလာလိမ်.နိုးနှင်. ကယ်တင်ရှင်ထိုင်မျှော်နေလို.ကတော. ဘယ်တော.မှသူ.အလိုလိုကောင်းလာဖွယ်မမြင် ၊ နည်းနည်းရလျင်နည်းနည်း ၊များများရလျင်များများ ပြည်တွင်းမှတွန်းနေဖို.လိုသည် ။ တကယ်.အပြောင်းအလဲများသည် ပြည်တွင်းမှတွန်းရာမှရွေ.လာခြင်းဖြစ်သည် ။ ကျွန်တော်တို.သည် ဘာမှမပြောခဲ.လျင်ဘာမှရမည်မဟုတ် ။ ဆယ်ခွန်းပြော၍တခွန်းအောင်သည်ဆိုလျှင်ပင်အဆက်မပြတ်ပြောကြရမည်ဖြစ်သည် ။
ဖွဲ.စည်းပုံအခြေခံဥပဒေသည် မကောင်းဆိုသည်.တိုင် ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ခက်ခဲနေဆဲဆိုသည်.တိုင် ဘောင်ထဲကလုပ်လို.ရတာတွေကို လုပ်ဖို.လိုသည် ။ ၇၅% ကျော်ဖြင်.ပြင်ဆင်ရန်မလိုအပ်သော ပုဒ်မများတွင် လွှတ်တော်ထဲ၌ ဒီမိုကရေစီဘက်တော်သား အများစုအားဖြင်. လွှမ်းမိုးလုပ်ကိုင်၍ရတာတွေရှိသည် ။ဖွဲ.စည်းပုံထဲတွင်မပါသေးသောဥပဒေတွေထပ်ထည်.လို.ရသည် ။ ယခုပင်လျင် လွှတ်တော်ကိုယ်စားလှယ်များလစာ ၁၀ သိန်းစီ ၂၀၁၅ ဧပြီလမှစကာ ယူမည်.ကိစ္စသည် တပ်မတော်သားများကန်.ကွက်သည်.ကြားမှု အတည်ပြုလိုက်နိုင်လေပြီ ။ တလဆယ်သိန်းကို ရွေးကောက်ခံကိုယ်စားလှယ်များကိုပဲပေးမည် ။ ရွေးကောက်ခံမဟုတ်သော (လွှတ်တော်အတွင်းမှတပ်မတော်သားများ) ခံစားခွင်.မရှိဟူသောသဘောကိုပြဌာန်းလိုက်နိုင်ပြီဖြစ်သည် ။ ဟုတ်သည်ရှိမဟုတ်သည်ရှိ ဤသို.တပ်မတော်သားများကန်.ကွက်သည်.ကြားမှ ဥပဒေတခုပြဌာန်းနိုင်ခြင်းသည်ကောင်းသောနမူနာဖြစ်၏ ။ နောက်နောင်တွင်လည်း သူတို.၂၅% မဲဖြင်.ရပ်တန်.၍မရသောပုဒ်မများကိုဆက်ကာဆက်ကာပြဌာန်းသင်.ပေသည် ။ ဥပမာ ဘတ်ဂျက်ချထားပေးရာတွင် ကာကွယ်ရေးအသုံးစားရိတ်ကိုဖြတ်တောက်ခြင်း ၊ ပညာရေးနှင်.ကျန်းမာရေးဘတ်ဂျက်ကို မြှင်.တင်ခြင်း ၊ အစိုးရရုံးဌာနများတွင်တပ်မတော်အငြိမ်းစားများဝင်ရောက်နေရာယူနေခြင်းကိုဥပဒေပြဌာန်းပြီးရှင်းထုတ်ပစ်ခြင်း စသည်တို.ကိုပြည်ထောင်စုလွှတ်တော်မှမဲအများစုဖြင်.ဆောင်ရွက်၍ရ၏ ။ ထိုသို.ဆောင်ရွက်ရန် ပုဒ်မ ၄၃၆ ကိုပြင်စရာမလိုပေ ။ စစ်အာဏာရှင်စနစ်ကြီးစိုးနေခြင်းကို တတ်နိုင်သလောက် ဖွဲ.စည်းပုံဥပဒေကခွင်.ပြုသလောက် မီးကုန်ယမ်းကုနကန်.ကွက် ဆောင်ရွက်ရပေမည် ။ ထိုသို.ဆောင်ရွက်နိုင်ရန် လွှတ်တော်ထဲတွင် အမတ်နေရာများများရှိဖို.လိုသည် ။ ဆိုလိုရင်းမှာရွေးကောက်ပွဲတွင် ဒီမိုကရေစီဘက်တော်သားများ အရွေးခံရဖို.လိုသည် ။ စားဖားများနိဂုံးချုပ်သွားဖို.လိုသည် ။ အစဉ်အဆက် ဂုတ်သွေးစုတ်လာသူများ ခေါင်းပြန်မထောင်နိုင်အောင်ညီညီညွတ်ညွတ်လုပ်ဖို.လိုသည် ။ ဖွဲ.စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ အလွန်တွင်ဆက်ကြိုးပန်းသွားလို.ရသည် ။ အရေးကြီးသည်က ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီဘက်တော်သားများအောင်ပွဲခံနိုင်ရန်ဖြစ်သည် ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေသည်မည်မျှဆိုးသည်ဖြစ်စေ သူ.အရိုးနှင်.သူ.ထိုးသောအကွက်များလည်းပေါ်လာမည်ဖြစ်သည် ။ ထိုင်၍ ညဉ်းနေ၍မရ ။ မပါဝင်ဘူးဟုသပိတ်မှောက်နေ၍မရ ။၁၉၆၂ မှစကာ အကြိမ်ကြိမ်ရှုံးနိမ်.ခဲ.သောပြည်သူလူထုကိုကယ်တင်ရန် တိုင်းရင်းသားလုပ်သားပြည်သူအားလုံးမှာတာဝန်ရှိသည် ။ ကျွန်တော်တို.အားလုံး၏ အဓိကတာဝန်မှာ မကောင်းသောလူကိုပလ္လင်ပေါ်မှချဖို.ဖြစ်ပြီး ၊ ဒုတိယတာဝန်မှာကောင်းသောလူကိုရာဇ ပလ္လင်ပေါ်တင်ဖို.ဖြစ်သည် ။ ဟိုလူလာကယ်နိုးနိုး ၊သည်လူလာကယ်နိုးနိုးလုပ်နေ၍မရတော.ပေ ။ကျွန်တော်တို.သည်ကိုယ်.ကိုယ်ကိုယ်ကယ်တင်ရမည်ဖြစ်သည် ။
မြန်မာပြည်အန.ှံကျွန်တော်လျှောက်သွားခဲ.စဉ်အတွင်းတွေ.ရသည်မှာ မြန်မာပြည်သည် “ဆင်ပိန်ကျွဲ “ဆိုသလို သဘာဝသယံဇာတအရင်းအမြစ်များစွာကျန်သေးသည် ။ တောင်တွေများစွာရှိသေးသည် ၊ တောတွေများစွာရှိသေးသည် ။ မြစ်ချောင်းရေသယံဇာတတွေရှိသေးသည် ။မြေလွတ်မြေရိုင်းများစွာကျန်သေးသည် ။ လက်ဖြင်.တူးလိုက်တာနှင်. ရေနံထွက်သည်.နေရာကထွက်နေသည် ။ လက်ဖြင်.တူးတာနှင်.ကျောက်မီးသွေးထွက်သည်.နေရာတွေကိုပင်မြင်ခဲ.ရသည် ။ ရွာသားများသည်တနိုင်တပိုင်တူးနေကြ၏ ။ မြန်မာသည်လူမမာတယောက်နှင်.တူသည် ။လူနာသည် အသက်ပြင်းသည် ။ ဆရာကောင်းနှင်.ကုလိုက်လျင် ပြန်လည်ပြီးကျန်းမာသန်စွမ်းကာငုတ်တုတ်ထထိုင်နိုင်မည်.အခြေအနေရှိသည်။ လက်ရှိရမ်းကုလက်ထဲတွင်ဆက်ထားလျှင်မူကားလုံးတဖြည်းဖြည်းလုံးပါးပါးဖွယ်ရှိသည် ။ ဆရာများသားသေဆိုသလို ၁၉၆၂ ကစ၍တိုက်ခဲ.သောဆေးခါးကြီးဒဏ်ကြောင်.လူမမာမှာမျော.မျော.ပဲရှိတော.သည် ။ နောက်ဆုံးထွက်သက်မရောက်ခင် ဆရာကောင်းသမားကောင်းပင်.၍အမြန်ဆုံးကယ်တင်ကြဖို.ဖြစ်သည် ။ တခြားရွာမှရောက်လာမည်.အကူအညီအကယ်အပံ.များကိုလည်း မစားရ၀ခမန်းမျှော်ကိုးနေ၍မရပါပြီ ။ ကျွန်တော်တို.နိုင်ငံကို မြေပေါ်မြေအောက်သယံဇာတများပြောင်သလင်းခါအောင်ကျသွားပြီဟုစိတ်ပျက်အားလျှော.နေခဲ.သော်လည်း မကြာသေးမီရက်များအတွင်းက ကျွန်တော်ဧည်.လမ်းညွှန်အဖြစ်လိုက်ပါဆောင်ရွက်ပေးခဲ.ရသော အစ္စရေးနိုင်ငံသားဂျူးလူမျိုးလေးယောက်နှင်.တွေ.သောအခါ သဲကန္တာရမှလွဲ၍ဘာမှမရှိသော သူတို.နိုင်ငံနှင်.စာလျင် မြန်မာနိုင်ငံသည် သစ်ပင်တောတောင်တွေစိမ်းစိုလျက် ဘုရားသခင်ကပေးထားသော ဧဒင်ဥယျာဉ်ပါဟုပြောသွားပါသည် ။ ထိုဧဒင်ဥယျာဉ်ပိုင်ရှင်တို.သည် စိတ်ပျက်အားငယ်ကာ ကယ်တင်ရှင်ရောက်လာမည်.နေ.ကိုထိုင်မစောင်.အပ် ။ ကိုယ်.အားကိုယ်ကိုးကာ အဆပေါင်းများစွာကြိုးစားကြလျင်မူကား သဲကန္တာရထဲမှ ဘာမှမ၇ှိသည်.နိုင်ငံပင် ဖွံ.ဖြိုးပြီးနိုင်ငံတနိုင်ငံအဖြစ်ရောက်ရသေးရာ ကျွန်တော်တို.သည်ဘာကြောင်.မဖြစ်ရမည်နည်း ။ ရှမ်းပြည်နယ်အတွင်း ပလောင်တိုင်းရင်းသားများ၏ စိုက်ခင်းများရှိရာ သို. အလည်ရောက်ခဲ.စဉ် သူတို. ရွာ၊သူတို.အိမ်နှင်. သူတို.လူနေမှုစနစ်ကိုအနီးကပ်ကြည်.ခွင်.ရခဲ.သည် ။ ပလောင်သည်ချမ်းသာနေလေပြီ ။ သူတို.အိမ်များသည် ကျောက်တုံးများနှင်.သပ်သပ်ရပ်ရပ်ဆောက်ထားသော နှစ်ထပ်တိုက်များဖြစ်သည် ။ လက်ဖက်နှင်.လိမ္မော် ၊ ဂေါ်ဖီထုတ်များမှဝင်ငွေကောင်းသောကြောင်.ရွာသားများအားလုံးလူနေမှုအဆင်.မြင်.နေကြသည် ။ မနက်စောစောတောင်ယာသို.လာသောအခါ အားလုံးသည် ဆိုင်ကယ်များဖြင်.လာကြသည် ။ ထို.နောက်ဆိုင်ကယ်ကိုလမ်းဘေးတွင်ရပ်ကာ တောင်ယာခင်းထဲသို.ဆင်းသွားတော.သည် ။ ပလောင်တောင်တက်ရာတွင်အမြဲပါလေ.ရှိသော ပလိုင်းလေးတွေထဲတွင် ယခုအခါမပါမဖြစ် ဟန်းဖုန်းလေးတွေကိုယ်စီနှင်.။ ပလောင်လုံမပျိုများသည် တောင်ယာစိုက်ခင်းမှခေတ္တအနားယူစဉ် ဟန်းဖုန်းလေးတွေကိုယ်စီ ကြည်.နေကြသည် ။ တောင်ပေါ်မှာကပ်သီးကပ်သပ်အချို.နေရာများမှာ MPT အင်တာနက်လိုင်းမိနေသည် ။ ကျွန်တော်ပင်တောင်တက်ရင်း ရှုခင်းဓါတ်ပုံတပုံချက်ချင်းရိုက်ကာ ဖေ.စ်ဘွတ်တင်လိုက်သည် ။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် အုပ်ချုပ်သူများ စီမံခန်.ခွဲမှုအလွဲများကြောင်.ဆင်းရဲသွားရခြင်းဖြစ်ရာ ကြိုးစားလျင်ပြန်ချမ်းသာလာနိုင်သည် ။ ပေါ်လစီမှန်ဖို.လိုသလို ၊ လူတို.ကြိုးစားဖို.လိုသည် ။ လူကောင်းသူကောင်းတက်ဖို.လိုသလို ၊ ပြည်သူတွေကကြိုးစားဖို.လိုသည် ။ ဘိုးဘိုးအောင်တဘောင်နှင်.ပေါ်လာကာ အားလုံးကိုမစဖို.၊ ရှင်အဇ္ဖဂေါဏကြီးရွှေတွေငွေတွေလိုက်ပေးမည်.နေ.သည်ကားမည်သို.မှရောက်လာနိုင်မည်မဟုတ် ။ ရှမ်းပြည်နယ်မှတောင်သူတွေ စတင်ချမ်းသာလာတာကိုနမူနာယူပြီးပြောရလျင် တောင်ယာသမားများသည် ကိုယ်လုပ်ချင်သလောက်တောင်ယာမြေကို သဘာဝဆီမှအဆီးအတားမရှိရနိုင်သည် ။ လူအင်အားရှိလျင် ခြုံရှင်းမြေညှိကာ၊ယာတကွက်ဖော်ထုတ်ယူလိုက်ရုံပဲဖြစ်သဖြင်. ယာလုပ်သူတိုင်းယာပိုင်ကြသည် ။ကိုယ်ပိုင်မြေလွယ်ကူစွာရသဖြင်. ဈေးကောင်းရမည်.နှစ်ရှည်ပင်များကိုစိုက်ပျိုးနိုင်သည် ။ ထိုအပင်များမှထွက်ကုန်ရလာတော. ၀င်ငွေရသည် ။လူနေမှုစနစ်မြင်.လာသည်။ သူတို.တွင်စိုက်ပျိုးစရာမြေသာလုံလုံလောက်လောက်မရှိဘူးဆိုလျင် ထိုသို.သော ကောင်းကျိုးတွေ ရလာမည်မဟုတ် ။ မြန်မာပြည်မကြီးဝယ် လူတစုက မြေယာအများစုကိုလက်ဝါးကြီးအုပ်ထားသော စနစ်ဖြစ်ပေါ်နေသည် ။ ရှမ်းပြည်နယ်မှာလိုသာလွတ်လွတ်လပ်လပ် စိတ်ရှိတိုင်းထွန်ယက်စိုက်ပျိုးခွင်.ရခဲ.လျှင် တောင်သူလယ်သမားများအားလုံး စီးပွားရေးတွေ အလွန်ကောင်းလာကြပြီး ပဒေသာပင်မြေကပေါက်သည်.ကိန်းဆိုက်လာပေမည် ။ထိုသို.ဖြစ်အောင် လယ်သမားများဘက်ကကာကွယ်ပေးသောမြေယာဥပဒေများထွက်ပေါ်လာဖို.လိုသည် ။ ထိုသို.ဥပဒေကို ပြည်ထောင်စုလွှတ်တော်က (တပ်မတော်သားကိုယ်စားလှယ်များမပါသည်.တိုင် ) လုပ်ဆောင်နိုင်စွမ်းရှိသည် ။ ထို.ကြောင်.ကျွန်တော်တို.သည် တခုမရသည်နှင်.ခြေကန်၍ငိုယိုနေ၍မရ ။စိတ်ပျက်နေ၍မရ ။ ဘယ်သူကယ်ပါ ။ ဘယ်ဝါကယ်ပါလုပ်နေ၍မရ ။ ပြသနာများကိုကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းမှရပေလိမ်.မည် ။ အရာရာတော.ခနအတွင်းပြေလည်သွားမည်မဟုတ် ။ စိတ်ပျက်လက်လျှော.နေခြင်းဖြင်.လည်းကောင်းသောအဖြစ်သို.ရောက်မည်မဟုတ် ။ ကိုယ်.နိုင်ငံကောင်းအောင်ကိုယ်သာတာဝန်အရှိဆုံဖြစ်သည် ။
လွန်ခဲ.သောရက်အနည်းငယ်က ကုလသမဂ္ဂလူ.အခွင်.အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီးကို ဆရာတော်တပါးက ရုန်.ရင်းသောအသုံးအနှုန်းတခုဖြင်.ရေရွတ်ပြောဆိုလိုက်သည်ဟု သိရသည် ။ အမျိုးဘာသာ သာသနာကိုစောင်.ရှောက်သောပုဂ္ဂိုလ်အဖြစ်လက်ခုတ်တီးသူများလဲရှိသည် ။ ရိုင်းပျမှုအတွက်လက်သင်.မခံသူများကပိုများသည် ။ ကျွန်တော်.အယူအဆကိုပြောရလျင် ကျွန်တော်တို.နိုင်ငံ၏အပြောင်းအလဲကို ယန်ဟီလီးသည်လာလုပ်မည်.သူမဟုတ် ။သူလုပ်နိုင်သည်က အကြံပြုချက်တင်သွင်းခြင်းသာဖြစ်၏ ။ မြန်မာနိုင်ငံကိုကုလသမဂ္ဂသည် ဘာလုပ်မည်ညာလုပ်မည် စသည်ဖြင်.ဟန်ရေးပြနေသော်လည်းတကယ်တမ်းတွင်မြန်မာကပြည်ပနိုင်ငံတခုခုကိုစစ်ရေးအရ၀င်ရောက်မ ကျူးကျော်မချင်း U.N သည် ဘာမှဝင်ရောက်စွက်ဖက်နိုင်သည်မဟုတ် (ယူကရိန်းကိုရုရှားကျူးကျော်တာပင်ဘာမှမတတ်နိုင်ပဲကြည်.နေရသေးသည်) ထို.ကြောင်.ကျွန်တော်တို.သည် U.N နှင်.ရန်ဖြစ်စရာမလို ။ အမျိုးသမီးတယောက်ကိုဆဲစရာမလို ။ ဈေးထဲတွင်ရန်ဖြစ်သလိုလုပ်နေစရာမလို ။ အစ္စရေးနိုင်ငံသည် ဟားမတ်(စ်)များကို အကြမ်းဖက်တံဆိပ်တပ်ကာ စိတ်ထင်သလိုသတ်ဖြတ်နှိမ်နှင်းနေသည်ကို ကုလသမဂ္ဂအပါအ၀င်တကမ္ဘာလုံးမှကြည်.နေရတာပဲမဟုတ်လား ။ အစ္စရေးသည် ယန်ဟီလီကိုဆဲမနေ ။ထို.ထက်ထိရောက်သောနည်းဖြင်. တရားမ၀င်ဝင်ရောက်လာသောအစ္စလာမ်မစ်-စစ်သွေးကြွများကိုခပ်ကြမ်းကြမ်းတုန်.ပြန်သည်။ ရေကြောင်း၊လေကြောင်းကြည်းကြောင်းမှစစ်ဆင်ရေးလုပ်တိုက်ခိုက်သည်။မြန်မာသည်ဒါကိုအတုယူရမည် ။ရခိုင်ဒေသတွင်ပြင်းထန်သောစစ်ဆင်ရေးလုပ်သင်.သည်။ ကုလသမဂ္ဂနှင်.ဖက်ပြိုင်ငြင်းခုန်ဆဲဆိုမနေနှင်. ။ မြန်မာနိုင်ငံနှင်.ဗုဒ္စဘာသာသိက္ခာကျသည်ကလွဲ၍ သင်တို.ကာကွယ်ချင်နေသောအမျိုးဘာသာ သာသနာဆိုတာကိုထိထိရောက်ရောက်ကာကွယ်နိုင်မည်မဟုတ် ။ ရန်ဖြစ်ဆဲဆိုခြင်းကိုမပြုပဲ တင်းကြပ်သောပြည်တွင်းဥပဒများဖြင်. တရားမ၀င်ခိုးဝင်မှု ၊အကြမ်းဖက်မှုတို.ဖြင်. ကိုင်တွယ်၍ရ၏ ။ ရိုဟင်ဂျာဆိုသူများ R.S.O သောင်းကျန်းသူအဖွဲ.နှင်.ဆက်နွယ်ကြောင်းသက်သေအထင်အရှားပြနိုင်လျင် ယန်ဟီလီရှေ.မှာပင်ထိုသူများကို အကြမ်းဖက်မှုပုဒ်မဖြင်. ဥပဒေအရကွက်မျက်သုတ်သင်၍ရ၏ ။ အစ္စရေးသည်ဤအတိုင်းပင်လုပ်ခဲ.၏ ။ ပြည်.အင်အားသည်ပြည်တွင်းမှာပင်ရှိ၏ ။ ဥပဒေကိုမှန်မှန်ကန်ကန်ထိထိရောက်ရောက်သုံးတတ်ဖို.ပဲလိုသည် ။ ကိုယ်.အင်အားကိုကိုယ်တိုင်မှန်မှန်ကန်ကန်အသုံးမချတတ်သောအခါ နိုင်ငံတကာအမြင်တွင် ရုန်.ရင်းကြမ်းတမ်းစွာဆဲဆိုခြင်းမှတပါး ဘောင်ဝင်အောင်မဆောင်ရွက်တတ်သော အရိုင်းအစိုင်းသဖွယ်ထင်မြင်ယူဆသွားတတ်၏ ။ တကယ်တော. ကုလသမဂ္ဂကဘာပြောပြော ကိုယ်.ပြည်တွင်းရေးကိုကိုယ်တိုင်သာဆုံးဖြတ်ချက်ချရမည်ဖြစ်သည် ။ တရုတ်ပြောသည်ကိုလည်းနားယောင်ဖို.မလို ၊ ဘင်္ဂလားဒစ်ရှ်ပြောတာကိုလည်းနားယောင်ဖို.မလို ။ U.N ပြောတာလည်း နားယောင်ဖို.မလို ။သူတို.ပြောတာကိုစိတ်ဆိုးဖို.လည်းမလို။ မြန်မာ.အရေးတွင် မည်သူမှလာကယ်တင်မည်မဟုတ် ။ သိကြားမင်းသည်နားကင်းကြီးနှင်.မြန်မာပြည်သို.ဆင်းလာကာ မကောင်းသူပါယ်ကောင်းသူကယ်မည်မဟုတ် ။ဘိုးဘိုးအောင်နှင်.ဘိုးမင်းခေါင်လည်းကယ်မည်မဟုတ် ။ တကယ်တော.မြန်မာပြည်ကိုမြန်မာများသာကယ်နိုင်ရမည်။ အကောင်းအဆိုးအားလုံးသည်ကျွန်တော်တို.လက်ထဲမှာပင်ရှိနေ၏ ။ ထိုအခွင်.အရေးကို အတိုက်အခံနှင်. တိုင်းရင်းသားပြည်ထောင်စုသားအားလုံးသည် ထိထိရောက်ရောက်အသုံးချတတ်ပါစေသတည်း။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
3.2.2015

0 comments:

Post a Comment

Facebook Like Page