Monday, November 28, 2016

ရွှေဈေးကွက်

Leave a Comment

ရွှေဈေးကွက်

၁၀၀%  ၁၆ ပဲရွှေရည် ၈၇၀၀၀၀ ကျပ်
၁၅ ပဲရွှေရည်            ၈၁၅၀၀၀ ကျပ်
ရွှေဒင်္ဂါးရွှေရည်         ၇၉၀၀၀၀ ကျပ်

ယခုဈေးနှုန်းမှာ(29.11.2016)ရက်နေ့
နံနက်(၈:၀၀)ပေါက်ဈေးဖြစ်ပြီးအချိန်နှင့်
အမျှပြေင်းလဲနိုင်ပါသည်။

အထက်ပါဈေးနှုန်းဖော်ပြသကဲ့သို့ အခြား
ရွှေဆိုင်များမှဖော်ပြလိုပါက ပြည်သတင်း
အားဆက်သွယ်နိုင်ပါသည်။



Read More...

ပြည်ခရိုင်အတွင်းမှဆိုင်ကယ် ဝယ်လိုသော ပြည်သူများအတွက် အလွယ်တကူဆိုင်ကယ် လက်ရှိဆိုင်ကယ်ပေါက်ဈေးလေးသိလို့ ရအောင် မေတ္တာဖြင့်တင်ပြပေးသည်။

Leave a Comment

ပြည်ခရိုင်အတွင်းမှဆိုင်ကယ် ဝယ်လိုသော ပြည်သူများအတွက်
အလွယ်တကူဆိုင်ကယ် လက်ရှိဆိုင်ကယ်ပေါက်ဈေးလေးသိလို့
ရအောင် မေတ္တာဖြင့်တင်ပြပေးသည်။


တရုတ်နိုင်ငံထုတ်
- Yunde Smash - (6)သိန်း(6)သောင်းကျပ်
-Yunde DT - (9)သိန်း(3) သောင်းကျပ်
-Wonjan Smash - (6)သိန်း(4) သောင်းကျပ်
-Nulang Wave - (6)သိန်းကျပ်
-Yunde Wave - (6) သိန်း (1)သောင်း(5)ထောင်ကျပ်
-Jlm Wave - (5)သိန်း(5)သောင်း(5)ထောင်ကျပ်
-Toyo Max Wave - (4)သိန်း(6)သောင်း(5)ထောင်ကျပ်
-Feling Wave - (4)သိန်း(6)သောင်း(5)ထောင်ကျပ်
-Kenbo 110Y2k - (5)သိန်း(9)သောင်းကျပ်
-Kenbo R2 - (5)သိန်း(9)သောင်းကျပ်
-Kenbo ငါးရိုး - (6)သိန်း(9)သောင်းကျပ်
-Canda 110 Y2K - (4)သိန်း (6)သောင်း(5)ထောင်ကျပ်
-Luojia 110Y2K - (6)သိန်း(5)သောင်း(5)ထောင်ကျပ်
-ToYo Max CZI ဘီးကြီး - (5)သိန်း(4)သောင်းကျပ်
-ToYo Max CZI ဘီးသေး - (5)သိန်း(1)သောင်းကျပ်
-New Hi Boo X - (4)သိန်း(6)သောင်းကျပ်
-Canda 125 X - (4)သိန်း(7)သောင်း(5)ထောင်ကျပ်
-Canda 125 ငါးရိုး - (5)သိန်း(1)သောင်း(5)ထောင်ကျပ်
-55XY CZI XCRK2 - (4)သိန်း(9)သောင်း(5)ထောင်ကျပ်


$$ အထက်ပါဈေးနှုန်းများသည် ယနေ့ (၂၈-၁၁.၂၀၁၆)နေ့ပေါက်
ဈေးဖြစ်ပါသည်။ဒေါ်လာဈေး၊ ဘတ်ဈေး၊ ယွမ်ဈေးနှုန်းအတက်အကျ
အပေါ် မူတည်၍အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါသည်။

## ယိုးဒယားနိုင်ငံထုတ်
-Suzuki Smash 110 -(14)သိန်း(3)သောင်းကျပ်
-HONDA Click -(22)သိန်း(5)သောင်းကျပ်
-HONDA SCOPY -(18)သိန်း(5)သောင်း
-YUMAHA FINO -(16)သိန်း

@@ အန္ဒိယ နိုင်ငံထုတ်
-Suzuki Gixxer 150 CC -(19)သိန်း(၅)သောင်း
-Suzuki Sport 150 CC -(21) သိန်းကျပ်
-YAMAHA FZ 150 CC -(22)သိန်းကျပ်

လက်ကားဖောက်သည်ယူလိုသူများ ဈေးနှုန်းညှိနှိုင်းဆောင်
ရွက်ပေးမည်ဖြစ်ကြောင်းလဲသိရသည်။

 မှတ်ချက်။ ။ဈေးနှုန်းအတိအကျဖြင့် ဖော်ပြပေးစေချင်သော ဆိုင်ကယ်
အရောင်းဆိုင်များမှ ပြည်သတင်းသို့ဆက်သွယ်နိုင်ပါသည်။




Read More...

Sunday, November 27, 2016

တန်းခွဲသစ်ကို ဒီဇင်ဘာလ (၅)ရက်နေ့ စမည်

Leave a Comment

တန်းခွဲသစ်ကို ဒီဇင်ဘာလ (၅)ရက်နေ့
စမည်

(5:00 pm - 6:30 pm)
မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု
လိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအနေနှင့်Speaking
နှင့် Listening Skills တွေသာမက Reading နှင့် Writing Skills
တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။

##ဆရာကောင်းများထံမှပညာဒီလိုသင်ယူ

နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီးများဖြစ်ကျသော ဦးခင်မောင်လတ်
ဆရာကြီး ဦးသိန်းမောင်(ထင်လင်း)တို့၏တပည့် ဆရာကြီး ဦးမြ
ကြိုင် ထံတွင်(၉)နှစ်တိုင်တိုင်ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်
ဆန်း B.A (Psy),TKT(UK),Dip.In English(YUFL)မှENGLISH
PROFICIENCY CLASSESREADING WRITING LISTENING
SPEAKING FOUR SKILLS လုံးသင်ကြားပေးနေပါသည်။

@@တက်ရောက်ရမည် Levels များ

Basic ,Intermediate,Advanced
Level Basic Level (၃) လ Intermediate Level (၃) လ
သင်တန်းကြေးကို သိချင်ပါသလားတစ်တန်းအတွက် လစဉ်
လခ(၇၀၀၀)ကျပ် ပေးရုံဖြင့်ကျန်အတန်းများကို အခမဲ့တက်
ရောက်ခွင့်ရှိသည်။ကျောင်းသားများ အချိန်မရွေးဆက်သွယ်
နိုင်ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်ထားပါသ
ည်။သီးသန့်ဝိုင်းများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။

$$သင်တန်းအချိန်များ သိချင်ရင်

သင်တန်းအားတက်ရောက်လိုပါက Monday to Thursday
Reading
(1)7:00 to 8:00 am Basic Leveel
(2)8:00to 9:30 am
(3)3:00 to 4:30 pm
(4)5;00 to6;30 pm
(5)6;30 to8;00 pm

Intermediate Level
(1)9;30 to11;00 am

General English
(1)12;30 to1;30 pm

Senior Reading
(1)1;30 to2;30 pm

Saturday to Sunday Basic Leveel
(1)8;00 to9;30 am
(2)9;30 to11;00 am
(3)4;30 to6;00

pm Intermediate Leveel
(1)2;30 to4;00 pm

AdvancedLeve
(1)12;30 to1;30 pm

Senior Reading
(1)1;30 to2;30 pm

%%သင်ကြားပေးသည့် သင်တန်းနေရာ

အမှတ်(၁၂/၈၃)၊ရတနာလမ်း /(၄)လမ်း၊န၀င်းကွက်သစ်၊ပြည်မြို့၊

ပြည်ခရိုင်၊ပဲခူးတိုင်းဒေသကြီး။

ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165
 






Read More...

Friday, November 25, 2016

ဆင်မကြပ်ကွေ့တွင် သံလွင်ကားနှင့်တိုက်တဲ့ ဆိုင်ကယ်စီး လူငယ်သေဆုံး

Leave a Comment

ဆင်မကြပ်ကွေ့တွင် သံလွင်ကားနှင့်တိုက်တဲ့
ဆိုင်ကယ်စီး လူငယ်သေဆုံး

ရွှေတောင်  နိုဝင်ဘာ  ( ၂၅)ရက်နေ့

ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်၊နွားမယံအုပ်စု၊ဆင်မကြပ်
လမ်းဆုံတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုမှဆိုက်ကယ်ေ
မာင်းနှင်သူ လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊နွားမယံ
အုပ်စု၊ဆင်မကြပ်လမ်းဆုံတွင် နိုဝင်ဘာ(၂၅)ရက်နေ့ ည
နေ(၄)နာရီ(၄၅)မိနစ်အချိန်ခန့် ပြည်-ရန်ကုန်ကားလမ်း
မိုင်တိုင်အမှတ်(၁၇၅/၅)နှင့်(၁၇၅/၆)အကြား ကိုစိုးကျော်
အနောက်ပိုင်းရပ်ကွက်၊ဝက်ထီးကန်ရပ်၊ပြည်မြို့နယ်နေ
သူ မောင်းနှင်သည့်YGN-6B ...... FUSO EXPRESS
ဖြူ/နီရောင်(၆)ဘီးတပ် သံလွင်လိုင်းယာဉ်မှာ ပြည်ဘက်
မှရန်ကုန်ဘက်သို့ မြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာ
စဉ် ဆင်မကြပ်ရွာလမ်းဆုံအရောက် ပြည်မြို့တွင်းဘက်မှ
ရန်ကုန်ဘက်သို့ ထက်လင်းကို ၊ မတူရွာ၊ဆင်စုနယ်မြေ ၊
ပြည်မြို့နေသူ မောင်းနှင်လာသော X-1 ဆိုင်ကယ်မှာ ဆင်
မကြပ်လမ်းဆုံအရောက်  မြို့ရှောင်လမ်းဘက်သို့ ချိုးကွေ့
စဉ် မြို့ရှောင်လမ်းအလယ်တွင် တိုက်မိကြောင်း ရဲစစ်ဆေး
ချက်မှတ်တမ်းအရသိရသည်။

ထိုသို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ ထက်လင်းကို
တွင် ဝဲ/ယာဒူးပေါက်ပြဲဒဏ်ရာ၊ယာဘက်ဦးခေါင်းပိန်ချိုင့်ဒဏ်
ရာ၊ဝဲဘက်လက်မောင်းဖူးရောင်ဒဏ်ရာများရရှိပြီး ပြည်မြို့အ
ထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံး
ခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှသိရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ
ထက်လင်းကို(သေဆုံး)နှင့်မော်တော်ယာဥင်္မောင်းသူ ကိုစိုး
ကျော်အား ဥပဒေအရအရေးယူပေးပါရန် ရွှေတောင်မြို့မစ
ခန်းမှ ဒုရဲအုပ် အောင်မျိုးဝင်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့
သဖြင့် ရွှေတောင်မြို့မရဲစခန်း ယာဉ်(ပ)၇၁/၂၀၁၆ ၊ရာဇသ
တ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ဆောင်ရွက်ကာ အ
မှုအား ဒုရဲအုပ် နေဇော်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသ
တင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

သံလွင်ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား

Leave a Comment

သံလွင်ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား

ရွှေတောင် နိုဝင်ဘာ (၂၅)ရက်နေ့
ပြည်ခရိုင် ရွှေတောင်မြို့နယ် ဆင်မကြပ်လမ်းဆုံတွင်
နိုဝင်ဘာ(၂၅)ရက်နေ့ ညနေ(၄)နာရီ (၄၅)မိနစ်အချိန်
ခန့် ပြည် - ရန်ကုန်ပြေးဆွဲနေသော "သံလွင်"Express
လိုင်းကားနှင့် X-1 ဆိုင်တို့ လမ်းအဖြတ်လမ်းဆုံ၌တိုက်
မှုဖြစ်ပွားခဲ့သဖြင့်ဆိုင်ကယ်မောင်းနှင်သူ လူငယ်တစ်ဦး
ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Thursday, November 24, 2016

ကမ္ဘာဦး( Ka Bar Oo ) အသားကင် နှင့် Thai Pot ဆိုင်တွင်……

Leave a Comment

ကမ္ဘာဦး( Ka Bar Oo ) အသားကင် နှင့် Thai Pot ဆိုင်တွင်……

ချမ်းအေးလှသော ဆောင်းရာသီအတွက် Special menu အဖြစ်  '' ယိုးဒယား ကြက်ဆာတေး '' နှင့် '' ယိုးဒယား အသားစုံမြေအိုး '' တို့အား 26.11.2016 ရက်နေ့မှ စတင်၍စားသုံးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အခြားစားသောက်ဖွယ်ရာများ -

၁/ ''ဆိတ်သားထောင်း''
၂/ ''တုံယမ်းကြက်တောင်ပံကင်''
၃/ ''ငါးဒုက္ခဟင်း နှင့် ရှမ်းထမင်း''
၎/ ''အသားကင် အစုံ နှင့် Thai Pot'' တို့အားလည်းသုံးဆောင်နိုင်ပါပြီ။

    ခင်မင်လေးစားစွာဖြင့်
*ကမ္ဘာဦး Thai Pot မိသားစု*

အမှတ် (၂၆၈/က) |ရွှေသမင်မျှော်ဘုရားလမ်း| ရိုးမဟိုတယ်အနောက်ဘက်လမ်း      ဆံတော်ရပ်ကွက်
Ph -09252011577




Read More...

Wednesday, November 23, 2016

ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးတွင် စတုတ္ထအကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူခြင်း၊စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကျင်းပ

Leave a Comment

ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးတွင် စတုတ္ထအကြိမ်မြောက်
ရွှေသင်္ကန်းကပ်လှူခြင်း၊စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား
ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကျင်းပ
ပန်းတောင် နိုဝင်ဘာ(၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပန်းတောင်မြို့နယ်၊ရွှေဘုံသာ
ကျေးရွာအုပ်စု၊ရွှေဘုံသာမုနိစေတီတော်မြတ်ာကီးတွင် နိုဝင်
ဘာ(၂၃)ရက်နေ့ နံနက်(၉)နာရီ(၃၀)မိနစ်အချိန်ခန့် ရွှေဘုံသာ
မုနိစေတီတော်မြတ်ကြီးတွင် စတုတ္ထအကြိမ်မြောက်ရွှေသင်္ကန်း
ကပ်လှူခြင်း၊စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အားပင့်ဆောင်
ပူဇော်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်မြို့၊ရွာဘတြောင်ပေါ်ကျောင်းတိုက်ဆရာ
တော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရ၊သက်တော်(၇၇)
နှစ်၊ဝါတော်(၅၇)ဝါပါပင့်သံဃာ(၉)ပါးတို့ထံမှ သြဝါဒခံယူကာ တိုင်း
မှူးနှင့်အဖွဲ့မှစိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား မင်္ဂလာရထား
ပျံဖြင့် ရင်ပြင်တော်သို့ပင့်ဆောင်ကာ လက်ယာရစ်ပူဇော်ခံ၍ ဘုရား
ဖူးပြည်သူများမှလှူဒါန်းသော လှူဖွယ်ပစ္စည်းများအား ပြည်မြို့၊ရွာဘဲ
တောင်ပေါ်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘ
ဒ္ဒန္တကုမာရမှ ရေဆက်သွန်းချတရားတော်များ နာယူခဲ့ာကကြောင်း
သတင်းရရှိသည်။
အခမ်းအနားသို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
မြတ်ကျော် ၊ဒကစမှူး ဗိုလ်ချုပ် မြင်ပအောင်၊ပန်းတောင်း တပ်န
ယ်အတွင်းရှိ ကပစတပ်မှူးများနှင့်တပ်ရင်းမှူးများ၊ပြည်ခရိုင် အုပ်
ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကြည်၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး
ကျော်ဆန်းနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဂေါပက
အဖွဲ့များ၊ဒေသခံရွာသူ/ရွာသားများ တက်ရောက်ခဲ့ကြောင်းသိရသ
ည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ










Read More...

စကားများရန်ဖြစ်ရာမှ ဓါးဖြင့်အထိုးခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံး

Leave a Comment

စကားများရန်ဖြစ်ရာမှ ဓါးဖြင့်အထိုးခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံး

ပြည် နိုဝင်ဘာ (၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် လူငယ်တစ်ဖွဲ့နှင့်တစ်ဖွဲ့
စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးဓါးထိုးခံရ၍ သေဆုံးမှုဖြစ်ပွား
ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ(၂၃.၁၁.၂၀၁၆)ရက်နေ့ နံနက်(၁)နာရီ အချိန်ခန့် စိုးထက်အောင်
မောင်းနှင်သည့် YGN 3I/……….WISH အမျိုးအစားအနက်ရောင်ယာဉ်ဖြင့်
ကံကြီး (ခ) ကျော်ဝင်းမောင်၊ မွန်လေး(ခ) ဖြိုးလင်းသန့်၊ အောင်မျိုးဟိန်း(ခ)
ရိုးမမောင် တို့ (၄)ဦးမှ ပေါက်ခေါင်းမြို့မှ ပြည်မြို့သို့(၂၂.၁၁.၂၀၁၆)ရက်နေ့
ည(၁၀)နာရီအချိန်ခန့်တွင် လည်ပတ်ရန်ထွက်လာခဲ့ပြီး အရက်သေစာသော
က်စား၍ ည(၁၁)နာရီအချိန် ရွာဘဲရပ်ကွက်၊ ကမ္ဘောဇဘဏ်(၂)ရှေ့ကား အား
ရပ်တန့်၍ အောင်မျိုးဟိန်း၊ စိုးထက်အောင်၊ မွန်လေး(ခ) ဖြိုးလင်းသက်တို့(၃)
ဦးမှ ထမင်းကြော်စားရန် ညဈေးတန်းဘက်သို့ ကန်ကြီး(ခ) ကျော်ဝင်းမောင်
တစ်ဦးတည်း RED HART အနှိပ်ခန်းဆိုင်ဘက်သို့ ထွက်သွားခဲ့ကြောင်း အောင်မျိုးဟိန်း
ပါ(၃)ဦးမှ ထမင်းကြော်စားပြီး ကားပေါ်တွင် ထိုင်စောင့်နေခဲ့ကြောင်း၊ ခဏအ
ကြာ ကံကြီး (ခ) ကျော်ဝင်းမောင် သည် RED HART အနှိပ်ခန်းဆိုင်မှ ၀န်ထမ်းများနှင့်စ
ကားများရန်ဖြစ်ပြီး ဆိုင်အားခဲဖြင့် ပစ်ပေါက်ခဲ့ရာ ဆိုင်မှ မှန်များကွဲသွားခဲ့ကြော
င်းကံကြီး(ခ) ကျော်ဝင်းမောင် မှ အောင်မျိုးဟိန်း တို့ရှိရာ ကားထံသို့ ပြန်လာခဲ့ပြီး
ကားအား အမြန်မောင်းထွက်ခိုင်းခဲ့ကြောင်း ဆို၏။

ထို့နောက် ပြည်မြို့တွင်းဘက်မှ ပေါက်ခေါင်းမြို့သို့ ပြန်ရန် မောင်းနှင်လာစဉ်
ကားအားအရာဝတ္ထုတစ်ခုခုနှင့် ထိမှန်သည့်အသံ ကြားရသဖြင့် ပြည်သာယာ
ရပ်ကွက် ဆေးရုံကြီးအနီးဆိုင်ရှေ့ လမ်းမပေါ်အရောငက်တွင် ဆင်းကြည့်ခဲ့
ကြရာ နံပါတ်မမှတ်မိ။ MARK II အဖြူရောင်ယာဉ်ရောက်ရှိလာပြီး လမ်းပေါ်
တွင် ရပ်တန့်၍ လူ(၄)ဦးမှ ဆင်းလာကာ ဓါးရှည်ကိုင်ဆောင်သူမှဓါးဖြင့်ခုတ် ၊
ဓါးမြောင်ဖြင့်ထိုးသဖြင့်အမှတ်(၁)ရပ်ကွက်၊ ပေါက်ခေါင်းမြို့ နေသူအောင်မျိုး
ဟိန်းတွင်ဦးခေါင်းရှေ့ပိုင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ ပေါက်
ပြဲဒဏ်ရာ(၂)ချက်၊ကံကြီး(ခ)ကျော်ဝင်းမောင်၊ ရွာပုရွာ၊ ဘပြင်အုပ်စု၊ ပေါက်ေ
ခါင်းမြို့နယ်နေသူတွင် ဆီးခုံယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်(သေဆုံး)၊စိုးထ
က်အောင် အမှတ်(၃) ရပ်ကွက်၊ ပေါက်ခေါင်းမြို့နေသူတွင် ယာလက်ဖနောင့်
နာကျင်ဒဏ်ရာ၊မါန်လေး(ခ) ဖြိုးလင်းသန့် ၊သဖန်းချိုရွာ၊ ပေါက်ခေါင်းမြို့နယ်ေ
နသူတွင် ၀ဲလက်ဖနောင့်နာကျင်၊ဒဏ်ရာများအသီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း
ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းအရသိရသည်။

ထို့ကြောင့် အမှုနှင့်ပတ်သက်၍ ကံကြီး(ခ)ကျော်ဝင်းမောင် အားဓါးဖြင့်ထိုး
သူအားစုံစမ်းဖော်ထုတ် အရေးယူပေးပါရန် အောင်မျိုးဟိန်း မှ တရားလိုပြု
လုပ်တိုင်တန်းခဲ့သဖြင့် ပြည်(၃)နယ်မြေရဲစခန်း(ပ) ၁၆၈၉/၂၀၁၆ ၊ ရာဇသ
တ်ကြီး ပုဒ်မ-၃၀၂/၃၂၆ / ၃၂၃/၁၁၄ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားရှိ
ကာ အမှုအား ရဲအုပ် အောင်မြတ်ခိုင်မှလက်ခံစစ်ဆေးလျှက်ရှိကာ အမှုနှင့်
ပတ်သက်၍ ကိုဇော်(ခ)ဇော်ကြီး၊ ဇော်သိန်းထွေး(ခ) ပလာတာ၊ စိုးသူအောင်
သန်းစိုး(ခ) ကြည်ဦးအား ဖမ်းဆီးထားပြီးအမှုဖြင့်ဖမ်းဆီးရန်ကျန်ရှိသူ နိုင်နိုင်
အားအမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

စကားများရန်ဖြစ်ရာမှ ဓါးဖြင့်အထိုးခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံး

Leave a Comment

စကားများရန်ဖြစ်ရာမှ ဓါးဖြင့်အထိုးခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံး

ပြည် နိုဝင်ဘာ (၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးဓါးထိုးခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသ
ည်။

ဖြစ်စဉ်မှာ(၂၃.၁၁.၂၀၁၆)ရက်နေ့ နံနက်(၁)နာရီ အချိန်ခန့် စိုး
ထက်အောင်မောင်းနှင်သည့် YGN 3I/……….WISH အမျိုးအ
စားအနက်ရောင်ယာဉ်ဖြင့်ကံကြီး (ခ) ကျော်ဝင်းမောင်၊ မွန်ေ
လး(ခ) ဖြိုးလင်းသန့်၊ အောင်မျိုးဟိန်း(ခ)ရိုးမမောင် တို့ (၄)ဦး
မှ ပေါက်ခေါင်းမြို့မှ ပြည်မြို့သို့(၂၂.၁၁.၂၀၁၆)ရက်နေ့ည
(၁၀)နာရီအချိန်ခန့်တွင် လည်ပတ်ရန်ထွက်လာခဲ့ပြီး အရက်
သေစာသောက်စား၍ ည(၁၁)နာရီအချိန် ရွာဘဲရပ်ကွက်၊က
မ္ဘောဇဘဏ်(၂)ရှေ့ကား အားရပ်တန့်၍ အောင်မျိုးဟိန်း၊ စိုး
ထက်အောင်၊ မွန်လေး(ခ) ဖြိုးလင်းသက်တို့(၃)ဦးမှ ထမင်း
ကြော်စားရန် ညဈေးတန်းဘက်သို့ ကန်ကြီး(ခ) ကျော်ဝင်းမောင်
တစ်ဦးတည်း RED HART ဆိုင်ဘက်သို့ ထွက်သွားခဲ့ကြောင်း
အောင်မျိုးဟိန်းပါ(၃)ဦးမှ ထမင်းကြော်စားပြီး ကားပေါ်တွင် ထိုင်
စောင့်နေခဲ့ကြောင်း၊ ခဏအကြာ ကံကြီး (ခ) ကျော်ဝင်းမောင် 
သည် RED HART ဆိုင်မှ ၀န်ထမ်းများနှင့်စကားများရန်ဖြစ်ပြီး 
ဆိုင်အားခဲဖြင့် ပစ်ပေါက်ခဲ့ရာ ဆိုင်မှ မှန်များကွဲသွားခဲ့ကြော
င်းကံကြီး(ခ) ကျော်ဝင်းမောင် မှ အောင်မျိုးဟိန်း တို့ရှိရာ ကား
ထံသို့ ပြန်လာခဲ့ပြီးကားအား အမြန်မောင်းထွက်ခိုင်းခဲ့ကြောင်း 
ဆို၏။
 
ထို့နောက် ပြည်မြို့တွင်းဘက်မှ ပေါက်ခေါင်းမြို့သို့ ပြန်ရန် မောင်းနှ
င်လာစဉ်ကားအားအရာဝတ္ထုတစ်ခုခုနှင့် ထိမှန်သည့်အသံ ကြားရသ
ဖြင့် ပြည်သာယာရပ်ကွက် ဆေးရုံကြီးအနီးဆိုင်ရှေ့ လမ်းမပေါ်အေ
ရာက်တွင် ဆင်းကြည့်ခဲ့ကြရာ နံပါတ်မမှတ်မိ။ MARK II အဖြူရောင်
ယာဉ်ရောက်ရှိလာပြီး လမ်းပေါ်တွင် ရပ်တန့်၍ လူ(၄)ဦးမှ ဆင်းလာ
ကာ ဓါးရှည်ကိုင်ဆောင်သူမှဓါးဖြင့်ခုတ်၊ဓါးမြောင်ဖြင့်ထိုးသဖြင့်အမှတ်
(၁)ရပ်ကွက်၊ ပေါက်ခေါင်းမြို့ နေသူအောင်မျိုးဟိန်းတွင်ဦးခေါင်းရှေ့
ပိုင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(၂)
ချက်၊ကံကြီး(ခ)ကျော်ဝင်းမောင်၊ ရွာပုရွာ၊ ဘပြင်အုပ်စု၊ ပေါက်ခေါင်း
မြို့နယ်နေသူတွင် ဆီးခုံယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်(သေဆုံး)၊
စိုးထက်အောင် အမှတ်(၃) ရပ်ကွက်၊ ပေါက်ခေါင်းမြို့နေသူတွင် ယာ
လက်ဖနောင့်နာကျင်ဒဏ်ရာ၊မါန်လေး(ခ) ဖြိုးလင်းသန့် ၊သဖန်းချိုရွာ၊
ပေါက်ခေါင်းမြို့နယ်နေသူတွင် ၀ဲလက်ဖနောင့်နာကျင်၊ဒဏ်ရာများအ
သီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းအရသိ
ရသည်။
 
ထို့ကြောင့် အမှုနှင့်ပတ်သက်၍ ကံကြီး(ခ)ကျော်ဝင်းမောင် အားဓါးဖြင့်ထိုး
သူအားစုံစမ်းဖော်ထုတ် အရေးယူပေးပါရန် အောင်မျိုးဟိန်း မှ တရားလိုပြု
လုပ်တိုင်တန်းခဲ့သဖြင့် ပြည်(၃)နယ်မြေရဲစခန်း(ပ) ၁၆၈၉/၂၀၁၆ ၊ ရာဇသ
တ်ကြီး ပုဒ်မ-၃၀၂/၃၂၆ / ၃၂၃/၁၁၄ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားရှိ
ကာ အမှုအား ရဲအုပ် အောင်မြတ်ခိုင်မှလက်ခံစစ်ဆေးလျှက်ရှိကာ အမှုနှင့်
ပတ်သက်၍ ကိုဇော်(ခ)ဇော်ကြီး၊ ဇော်သိန်းထွေး(ခ) ပလာတာ၊ စိုးသူအောင်၊
သန်းစိုး(ခ) ကြည်ဦးအား ဖမ်းဆီးထားပြီးအမှုဖြင့်ဖမ်းဆီးရန်ကျန်ရှိသူ နိုင်နိုင်
အားအမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
 
ပြည့်သဲမောင်(ပြည်)09 423671883
 
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

အိမ်ရောင်းမည်

Leave a Comment

အိမ်ရောင်းမည်
*နေထိုင်စီးပွားရေးလုပ်ရန်နေရာကောင်း
*အဝေးပြေးကားဂိတ်၊ကျောင်း၊ဈေးအနီး
*ပေ(၃၀)×ပေ(၄၀) RC+BN ၃-ထပ်
*ရေ၊မီး၊အိမ်ဂရံနှင့်ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံရှိ
* ဆက်သွယ်စုံစမ်းရန်......

အိမ်အမှတ်-၂၈၃၃၊ဘုရင့်နောင်လမ်းမကြီး နှင့် ခေတ္တရာမြို့သစ်
(၃)လမ်းထောင့်၊ပြည်မြို့။
Ph;09-252209943-သို့ဆက်သွယ်နိုင်ပါသည်။



Read More...

Monday, November 21, 2016

ပြည်မြို့တွင် ရေဘးအလှူကိစ္စများနှင့်ပတ်သက်၍ မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲခံရ

Leave a Comment
ပြည်မြို့တွင် ရေဘးအလှူကိစ္စများနှင့်ပတ်သက်၍ မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲခံရ


သီဟလွင် (မြစ်မခ)
ပြည်၊ နိုဝင်ဘာ(၂၁)ရက်။
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ရေးဘေးအလှူကိစ္စများနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင် ရေးတင်ခဲ့သူ ပြည်မြို့နယ် NLD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအား ပုဒ်မ(၆၆)ဃဖြင့် တရားစွဲဆိုထားပြီး နိုဝင်ဘာ (၂၁)ရက်နေ့တွင် ပထမဆုံးအကြိမ် တရားရုံးတင်ခဲ့ကြောင်း ပြည်မြို့နယ်တရားရုံးမှ သိရှိရသည်။
ပြည်မြို့တွင် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေ ရေလွှမ်းမိုးမှုများနှင့်ပတ်သက်၍ ကယ်ဆယ်ရေးစခန်းများ အသီးသီးဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ န၀င်းနယ်မြေ ၀ါရုံမူလွန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၄၈ အိမ်ထောက်စုကိုကယ်ဆယ်ရေးအနေဖြင့်ဆောင်ရွက်ပေးခဲ့ပြီး ထိုနေရာသို့ လာရောက်လှူဒါန်းသော ငွေတစ်သိန်းကျပ်နှင့် အ၀တ်အစားထုတ်များကို ဒုက္ခသည်မရသည့် ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက် စာမျက် နှာတွင် ပျံနှံ့လာပြီးနောက် နှစ်ဦးနှစ်ဘက် မျက်နှာခြင်းဆိုင်ဖြေရှင်းမှုများပြုလုပ်ခဲ့သေးသော်လည်း ပြေလည် ခြင်းမရှိဘဲ ယခုကဲ့သို့ တရားစွဲဆိုသည့်အဆင့်ထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ န၀င်းနယ်မြေ၀ါရုံကျောင်းကိုလည်းမလာဘဲနဲ့ ဇစ်မြစ်ကိုလည်း သေချာ မစုံစမ်းဘဲနဲ့ လိုင်းပေါ်တင်ခဲ့တဲ့အတွက် တရားစွဲဆိုရခြင်းဖြစ်ပါတယ်။”ဟု တရားလိုပြု အမှုဖွင့် တရားစွဲဆိုသူ န၀င်းဝါရုံမူလွန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် အလှူငွေပစ္စည်းများ ခွဲဝေမှုများ တာဝန်ခံ အဖြစ် ဆောင်ရွက်သူ ရာအိမ်မှူးဟောင်း ဦးမောင်မောင်ကပြောသည်။
အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းအား ၂၀၁၆ သြဂုတ် ၃ရက်နေ့မှ ၁၀ ရက်နေ့ထိ တစ်ပတ်ကြာဖွင့်လှစ်ခဲ့ပြီး လာလှူထားသော အ၀တ်ထုတ်များထဲမှ ရာအိမ်မှူး ဦးမောင်မောင်က ကောင်းသည်များကို ယူသွားပြီး ငွေတစ် သိန်းကိုလည်း ကယ်ဆယ်ရေးစခန်းပိတ်သိမ်းသည်အထိ ပေးလှူခြင်းမရှိကြောင်း Kyaw Kyaw Nyan Win အကောင့်မှရေးတင်ခဲ့ပြီး အ၀တ်ထုတ်အားမယူကြောင်းနှင့် ငွေတစ်သိန်းအား ၀ါရုံမူလွန်ကျောင်းအား အများ ဆန္ဒအရပေးလှူထားကြောင်း ရာအိမ်မှူး ဦးမောင်မောင်က ပြန်လည်ဖြေရှင်းမှုများပြုလုပ်ခဲ့သည်။
“ရေဘေးကယ်ဆယ်ရေးစခန်းကို လာလှူတဲ့ ပိုက်ဆံတစ်သိန်းနဲ့ အ၀တ်အစားထုတ်တွေဘယ်ရောက်နေသလဲ တာဝန်ရှိတဲ့သူများဖြေရှင်းပါဆိုပြီး တင်တဲ့သတင်းနဲ့ပတ်သက်ပြီး ၆၆ ဃနဲ့ဆွဲထားတယ်။ကျွန်တော့်ကို စခန်းက ခေါ်စစ်တဲ့အခါမှာ ဒီသတင်းကို တင်သလားလို့မေးတယ်။ လုပ်တဲ့ကိစ္စတစ်ခု မှန်ကန်နေတဲ့အတွက် ဒါကို လုံးဝမဖျက်ဘူး။ ဒီသတင်းကို တင်တယ်။ အဲသတင်း ပတ်သက်ပြီးဖြေရှင်းသော်လည်း အဖြေမရသေးဘူး ဆိုတာ စခန်းမှာ ထွက်ဆိုချက်ပေးတယ်။ အခုအမှုတင်တဲ့အခါမှာ ပိုစ့် (Post)ကိုလည်း ကျွန်တော် ကိုယ်တိုင် ရေးတဲ့အတွက်ကြောင့် လက်မှတ်ထိုးပေးလိုက်တယ်။ မှန်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ နောက်ဆုတ်ပြီး ရွံ့ကြောက်နေမှာ မဟုတ်ပါဘူး။” တရားစွဲဆိုခံရသူ ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဥာဏ်ဝင်းက ပြောသည်။
ထိုအငြင်းပွားမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဦးကျော်ကျော်ဥာဏ်ဝင်း ဘက်မှလည်း ထိုဝါရုံမူလွန် ကယ်ဆယ် ရေးကျောင်းတွင် ကူညီဆောင်ရွက်ပေးသူ ပရဟိတသမားများနှင့်ဒေသခံ စုစုပေါင်း ၆ ဦးအား ပုဒ်မ ၄၀၉၊ ၄၀၆ တို့ဖြင့် စက်တင်ဘာလအတွင်း ပြန်လည်တရားစွဲဆို ဦးတိုက်လျှောက်မှုများပြုလုပ်ခဲ့သော်လည်း မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် တရားရုံးများမှ ပုဒ်မမမြောက်ဟုဆိုကာ ပယ်ချမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုတရားစွဲဆိုမှုတွင် ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နှင့်အတူ ၎င်းပိုစ့်အား ပြန်လည် (share)မျှဝေမှုပြုလုပ်ခဲ့သော ကိုရှိန်းသူအောင်ကိုပါ ပူးတွဲ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအား ပြည်မြို့အမှတ် (၁)ရဲစခန်းမှ (ပ) ၁၂၃၉/၂၀၁၆ ဆယ်သွယ်ရေးပုဒ်မ ၆၆ (ဃ)အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကာ ပြည်မြို့နယ်တရားရုံးမှ ရာဇသတ်ကြီးအမှုအမှတ် ၆၃၆၇/၁၆ တရားရုံးတင်ပြီး နောက် ယခုရုံးချိန်းမှာ ပထမဆုံးအကြိမ်ရုံးတင်ခြင်းဖြစ်ပြီး ဒုတိယမြောက် ရုံးချိန်းအား ဒီဇင်ဘာလ (၅)ရက် သို့ပြန် လည်ချိန်းဆိုထားကြောင်း သိရသည်။




Read More...

လှည့်ကင်းဆောင်ရွက်နေ

Leave a Comment

လှည့်ကင်းဆောင်ရွက်နေ

  ပြည် နိုင်ဝင်ဘာ (၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် နိုဝင်ဘာလ
(၂၁)ရက်နေ့ ည(၈)နာရီ (၄၅)မိနစ် အချိန်ခန့်တွင်မြန်မာနိုင်
ငံရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ရယကအဖွဲ့ဝင်များ 
ပရဟိတသာရေးနာရေးအသင်းတို့ပူးပေါင်း၍ပြည်မြို့တွင်းနှင့်
ရပ်ကွက်များသို့ လှည့်လည်ကာ ရပ်ကွက်အေးချမ်းသားယာရေး 
တရားဥပဒေစိုးမိုးရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ 
ပူးပေါင်းဆောင်းရွက်နေကြောင်း သိရှိရသည်။

 ပြည့်သဲမောင်(ပြည်)09-423671883

 ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

ရန်ကုန် ပြည်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်

Leave a Comment

ရန်ကုန် ပြည်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်

အင်းမ နိုဝင်ဘာ  (၂၁)ရက်
သဲကုန်းမြို့နယ် အင်းမနယ်မြေရဲစခန်းအပိုင် ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၅၈/၇ တွင် နိုဝင်ဘာ (၂၁)ရက်နေ့ ညနေ (၆)နာရီ (၃၀)အချိန်၌ရန်ကုန်ဘက် မှမောင်းနှင်လာသော ဒိုင်နာယာဉ်နှင့်ပြည်ဘက်မှမောင်း
နှင်လာသော ထော်လာဂျီယာဉ်တို့ ယာဉ်မတော်တဆမှု
ဖြစ်ပွားကြောင်း သိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ဓါတ်ပုံ - အင်းမ ဦးလေးကြီး

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Friday, November 18, 2016

ရွှေဆံတော်စေတီတော်မြတ်ကြီး ဘုရားမြောက်စောင်းတန်းရှိ ဈေးဆိုင်များ စနစ်တကျရှိစေရေး ဘုရားဂေါပကလူကြီးများတွင် တာဝန်ရှိနေ ပြည့်သဲမောင်(ပြည်)

Leave a Comment



ရွှေဆံတော်စေတီတော်မြတ်ကြီး ဘုရားမြောက်စောင်းတန်းရှိ ဈေးဆိုင်များ
စနစ်တကျရှိစေရေး ဘုရားဂေါပကလူကြီးများတွင် တာဝန်ရှိနေ

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ရှိ ကျက်သရေဆောင်
လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၀၅)
နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့်(၁၁၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်
တော်ဖွင့်လှစ်အပူဇော်ခံပွဲကို အောင်မြင်စွာကျင်းပပြုလုပ် ပြီးစီး
ခဲ့လို့ ပြည်မြို့သားတစ်ယောက် အနေနဲ့လွန်စွာမှဝမ်းသာမဆုံး
ဖြစ်ရပါတယ်။

သို့ပါသော်လည်း ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမျှော်
ကြည်ညိုရန်သွားလာရာ မြောက်စောင်းတန်းလမ်းရှိ ဈေးဆိုင်
များသည် ဘုရားဖူးပြည်သူများစိတ်အနှောက်အယှက်ဖြစ်စရာ
မိမိတို့ရောင်းချသော ကုန်ပစ္စည်းများအား စောင်းတန်းလမ်းထိ
ခင်းကျင်းရောင်းချခြင်း၊ကုန်ပစ္စည်းများအား လမ်းနှင့်လွတ်ကင်း
အောင်ထားရှိခြင်းမရှိဘဲ ဘုရားဖူးများသွားလာရာလမ်းထိ ရောက်
ရှိနေခြင်းတို့ကြောင့် ဘုရားဖူးများသည် မလွတ်မလပ်ကျဉ်းမြောင်း
သောလမ်းကိုဖြတ်သွားနေရပြီး ဈေးဆိုင်ရှိခင်းကျင်းရောင်းချထားေ
သာ ကုန်ပစ္စည်းများကို နင်းမိသည့်အခါ ဘုရားဖူးများအား အော်ဟစ်
ပြောဆိုခြင်းများ ၊ဈေးဆိုင်ခင်းထားသည့်ရှေ့သို့ ခုန်များထုတ်ထိုင်ကာ
လမ်းနဲ့မလွတ်မလပ်ဖြစ်နေသည့်အတွက် ဘုရားဖူးများစိတ်အနှောက်
အယှက်ဖြစ်နေတာကိုရော ဘုရားကြီးဂေါပကအဖွဲ့များသိရှိပါသလား။

ထို့အပြင် ဈေးဆိုင်များသည် ဘုရား၏ပရဝဏ်အတွင်းရောင်းချနေသော
ဈေးဆိုင်များဖြစ်သည့်အလား ဘာသာ သာသနာနဲ့ပတ်သက်ပြီးအသုံးအ
ဆောင် အမှတ်တရပစ္စည်းများ ၊ဘာသာရေးနဲ့ပတ်သက်သောပစ္စည်းများ
ရောင်းချနေသည့်ဆိုင်များဖြစ်သည့်အတွက်ဝယ်သူများနှင့်ပြောဆိုရာတွင်
သော်လည်းကောင်း ၊မိမိကုန်းပစ္စည်းရောင်းချရရေးအတွက် ခေါ်ယူရာတွင်
လည်းကောင်း ယဉ်ကျေးပြေပစ်မှုရှိဖို့လိုအပ်ပါတယ်။အခုတော့အဲဒီလိုမရှိဘဲ
ဘုရားဖူးလာပြည်သူများနှင့်မကြာခဏစကားများခြင်း၊ကုန်ပစ္စည်းများကို အ
တင်းရောင်းချခြင်း၊ဘုရားဖူးပြည်သူများက မိမိကုန်ပစ္စည်းအား ကိုင်ကြည့်ပြီးမ
ဝယ်ဖြစ်လျှင် မခြေမငံပြောဆိုခြင်းများ ရှိနေတာကိုရော ဘုရားဂေါပကအဖွဲ့များ
သိရှိပါသလား။

အဆိုပါ ဆိုင်ခန်းများအား ဘုရားဂေါကအဖွဲ့မှ ရောင်းချစဉ်အချိန်ထဲက ဘုရား
စောင်းတန်းဆိုင်ခန်း၌ ဈေးဆိုင်ဖွင့်မည်ဆိုလျှင် လိုက်နာရမည့်စည်းကမ်းတွေရှိ
ပါတယ်။ဥပမာ ဆိုင်ခန်းဈေးသည်များဟာ ဆိုင်ခန်းရှေ့နှစ်ပေ
သာ မိမိကုန်ပစ္စည်းတွေကိုချရောင်းရန် စည်းကမ်းထုတ်ထားသော်လဲ လိုက်
နာခြင်းမရှိခြင်း ၊ဘောပကအဖွဲ့များမှ စနစ်တကျ စီမံမှုမရှိခြင်းနှင့်စောင်းတန်း
များကိုစစ်ဆေးခြင်းမရှိတဲ့အတွက် အခုလိုဘုရားဖူးပြည်သူများ စိတ်ညိုညင်ဖွယ်
ရာဖြစ်လာရတာကို ဘုရားကြီးဂေါပကအဖွဲ့များသိရှိပါသလား။

ရွှေဆံတော်ဘုရားကြီးတွင် ဓါတ်လှေခါးနှစ်စင်းရှိပါတယ်ဆိုတာပြည်မြို့
ရှိ ပြည်သူ ပြည်သားများနှင့်ရပ်ဝေးရပ်နီးမှပြည်သူများသိရှိပြီးဖြစ်ပါတ
ယ်။သို့ပါသော်လည်း အဆိုပါဓါတ်လှေကားနှစ်စင်းအနက်မှ မူလပထမ
ဓါတ်လှေကားအား ရံဖန်ရံခါမှသာ အသုံးပြုပြီး ခွင့်ထူးခံလူတန်းစားများ
ဘဲလ်နှိပ်ခေါ်မှအတက်အဆင်းလုပ်နေတာကိုလဲ ပြည်သားတစ်ယောက်
အနေနဲ့တွေ့မြင်ခံစားနေရတဲ့ကိစ္စတစ်ခုပါဘဲ။ဘုရားဖူးနဲလို့ ပျက်ဆီးမှုသ
က်သာအောင် ဓါတ်လှေကားတစ်စင်းထဲအသုံးခြင်းဖြစ်တယ်ဆိုတာကို နား
လည်သဘောပေါက်ပါသော်လည်း တခါတရံကိုယ်နဲ့ကြုံလို့ အပြေးအလွှား
လေးလိုက်မယ်အလုပ် “မရဘူး မရဘူး အဲ့ဓါတ်လှေကားက ဆင်းလို့မရဘူး
တဲ့”ဒါဆိုရင်ရှေ့က ဆင်းတဲ့ ဦးလေးကြီးက တိုက်ပုံပါပြီး ကျွန်တော်တို့အခြား
ပြည်သူတွေကတိုက်ပုံ မပါလို့လား ဆိုတာမေးစရာဖြစ်နေပြန်ပါတယ်။  

၎င်းကဲ့သို့သော ဖော်ပြရန်မသင့်သော အကြောင်းကြောင်းတွေကို ပြည်မြို့
လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီမြတ်ကြီးတွင် လက်ရှိဂေါပကတာဝန်
ထမ်းဆောင်နေသော ဂေါပကအဖွဲ့များတွင်သာ တာဝန်အပြည့်အဝရှိပါ
ကြောင်းနှင့်မိမိတို့လက်ရှိတာဝန်ယူဆောင်ရွက်နေသော အပိုင်းအားတိတိ
ကျကျဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သားတစ်ယောက်အနေဖြင့် အ
ပြုသဘောဆောင်သည့်ကာ ဝေဖန်ထောက်ပြရေးသားဖော်ပြလိုက်ရခြင်း
ဖြစ်ပါတယ်။

မှတ်ချက်။         ။အဆိုပါရေးသားထားသော ထောက်ပြဝေဖန်မှုနှင့်ပတ်
သက်၍ အပြည့်အဝတာဝန်ယူပါကြောင်း ဝန်ခံကတိပြုအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ









Read More...

Facebook Like Page