Showing posts with label အနုပညာရေးရာ. Show all posts
Showing posts with label အနုပညာရေးရာ. Show all posts

Sunday, December 29, 2013

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရှင်များ

Leave a Comment

 ၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရှင်များ
**********************************

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ဥ ဇာတ်ကားမှ ကိုဇော် (အရုဏ်ဦး)

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို လက်ပံ ဇာတ်ကားမှ ဖွေးဖွေး

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဥ ဇာတ်ကားမှ ချောရတနာ

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို လက်ပံဇာတ်ကားမှ ပြေတီဦး

၂၀၁၂ ခုနှစ်အတွက် အထူးဆု (ကလေးသရုပ်ဆောင်) ဆုကို တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ မှ ယွန်းယွန်း

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ကယန်းအလှဇာတ်ကားမှ အောင်ကိုလတ်

၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်တည်း ဖြတ်ဆုကို ဥ ဇာတ်ကား တည်းဖြတ်သူ ဇော်မင်းဟံသာမြေ

၂၀၁၂ ခုနှစ်အတွက် အမွေခံ ထိုက်သူ ဖြစ်ပါစေ ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတ ဆုကို ဂီတမှူး ဦးဝင်းကို

၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင် တည်းဖြတ်ဆုကို ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးတဲ့ ဥ ရုပ်ရှင်ဇာတ်ကားနဲ့ ဟံသာမြေ ဇော်မင်း

၂၀၁၃ ခုနှစ် ရုပ်ရှင် အသံပိုင်းဆိုင်ရာဆုကို ကယန်းအလှ ရုပ်ရှင်ဇာတ်ကားမှ အသံပိုင်းဆိုင်ရာ ဖန်တီးသူ ဦးတိုနီလင်း  တို့မှ  ၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုများအားဆွတ်ခူးသွားနိုင်ခဲ့ပါတယ်ခင်ဗျား..
ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


Read More...

Thursday, September 19, 2013

နိုင်ငံရပ်ခြားက မိတ်ဆွေများ မြန်မာဗီဒီယိုဇာတ်ကားများ ကြည့်ရှု့နိုင်ရန်

Leave a Comment


နိုင်ငံရပ်ခြားက မိတ်ဆွေများ မြန်မာဗီဒီယိုဇာတ်ကားများ ကြည့်ရှု့နိုင်ရန်
*********************************************

http://www.youtube.com/user/TheShweTV/videos

https://www.facebook.com/ShweWatcNow

ပြည်သတင်း
Read More...

Tuesday, September 3, 2013

ရယ် ပြီး ရင် မော လိုက်ကြရအောင်

Leave a Comment

ရယ် ပြီး ရင် မော လိုက်ကြရအောင်
**********************
ပရိတ်သတ်ကို ရယ်စရာ များစွာလုပ်ပေးခဲ့ပီး...ဟာသ အနုပညာ အတွက် တာဝန်ကျေခဲ့တဲ့ ဦးမော့စ် အတွက် လွမ်းဆွတ် သတိရလျက်.....အမြဲထာဝရ သတိရ နေမှာပါ ဦးမော့စ်
Read More...

Sunday, September 1, 2013

" မြန်မာ့ မြန်မာ့ ရုပ်ရှင် ၊ နိုင်ငံ့ ဂုဏ်အင်"

Leave a Comment

`
Photo: " မြန်မာ့ မြန်မာ့ ရုပ်ရှင် ၊ နိုင်ငံ့ ဂုဏ်အင်" ( စံတော်ချိန်နေ့စဉ် _ ၄.၈.၂၀၁၃ )

. . . . . . . မကြာသေးတဲ့လပိုင်းမှာ အရပ်သူအမျိုးသမီးတစ်ဦး က ပြောတဲ့စကားကို ဂျာနယ်တစ်စောင်မှာဖတ်ရပါတယ်။ "ကျွန်မကလေးတွေ ကို မြန်မာကား ပေးမကြည့်ဘူး။ ပျက်စီးလမ်းမှားမှာ စိုးလို့" တဲ့။

. . . . . . . အမျိုးသမီးက သားသမီးတွေအပေါ် အလွန်ဂရုစိုက်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရာရာစင်းလုံးချောရလဒ် (perfect) ကိုမှ လိုလားသူမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆိုးမြင်စိတ်လွန်ကဲပြီး မိမိရဲ့ရှုထောင့်အပေါ် စောင်းပေးပြောဆို တတ်သူမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဘယ်သို့ဘယ်ပုံဖြစ်ပါစေ၊ ကျွန်တော်တို့နိုင်ငံရဲ့ အနုသုခုမ အဆင့်အတန်းဟာ ဒီလိုပြောစရာ ၊ ဒီလိုဖော်ပြစရာ ဖြစ်ခဲ့ပြီလားခင်ဗျာ။

. . . . . . . ကျွန်တော်ကိုယ်တိုင်လည်း မြန်မာရုပ်ရှင်၊ဗွီဒီယို ဇာတ်ကားများကို စိတ်လိုလက်ရ မကြည့်ဖြစ်တာ နှစ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း ၀န်ခံရမှာပါ။ 

တဆက်တည်းမှာပဲ ယနေ့ကာလထဲ ကျွန်တော်ကြည့်ဖြစ်နေတဲ့ နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားများဟာ သရုပ်ဆောင်၊ အပြင်အဆင်၊ ဇာတ်လမ်းဇာတ်အိမ်၊ 

တင်ပြပုံ၊ ချန်ပေးခဲ့ချင်သော အချက်အလက် (message) .. အစစအရာရာ သာလွန်ကောင်းမွန်လှပေမယ့် ငယ်စဉ်ကကြည့်ခဲ့ဘူးတဲ့ မြန်မာရုပ် ရှင်ကားများလောက် ကျွန်တော့်အပေါ် မလွှမ်းမိုးနိုင်ကြောင်းကိုလည်း ၀န်ခံရမှာပါပဲ။

. . . . . . . အခွင့်သာတဲ့အခါတိုင်း ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်များထဲမှာ မင်းသားကြီးက ဘယ်လိုသရုပ်ဆောင် ခဲ့ကြောင်း ပြန်ပြောင်းပြောပြ ချင်နေဆဲပါ။ အလားတူပါပဲ ၊ ကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်ဖြစ်ခဲ့တဲ့ အဖေ၊ အမေ၊ ဦးကြီး၊ ဘကြီး များကလည်း ဓါတ်ရှင်ကို ဇာတ်ပွဲလောက်မမက်ကြောင်း ၊

 ဦးတင်မောင်ကြီးလောက် ဘယ်ဓါတ်ရှင်မင်းသားမှ မတော်ကြောင်း အမြဲပြောချင်နေသူများပါပဲ။ ငယ်ဘ၀ဆိုတာမျိုးဟာ လွယ်လွယ်မေ့ပစ်ဖို့ ခက်သားပါဗျာ။

. . . . . . . ကျွန်တော်တို့ ကိုယ်စီဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀အတွေ့ အကြုံတွေဟာ ကျွန်တော်တို့ကိုယ်စီအတွက် ရှေ့ဘ၀ခရီး လမ်းပြမြေပုံတွေလည်း ဖြစ်ခဲ့ကြပါတယ်။ အမှတ်စွဲမိခဲ့တဲ့ ငယ်ဘ၀ကိုယ်စီဟာ ကျွန်တော်တို့တစ်ဦးစီရဲ့ ကြီးပြင်းရာ ပုဂ္ဂလပုံရိပ်တွေကို ပြဌာန်းပေးလိုက်တာပါပဲ။

. . . . . . . ကျွန်တော်တို့ရဲ့နောက်တစ်ဆင့် မျိုးဆက်တွေအတွက်ရော ကျွန်တော်တို့က ဘယ်လို လူရည်လူသွေးနဲ့ ဘယ်လို ပုဂ္ဂလပုံရိပ်မျိုးတွေကို ပြဌာန်းပေးကြမှာလဲ ခင်ဗျာ။ ဒီလိုတွေးမိတဲ့အခါ အမျိုးသမီးအပေါ် အမြင်မကြည်လင်မှုတွေ သိသိသာသာလျော့ပါးသွားပါရဲ့ဗျာ။

. . . . . . . ငယ်စဉ်ကလေးဘ၀မှာ လူတိုင်းလိုလို "ရုပ်ရှင်ဆန်"ခဲ့ ဘူးကြမှာပါ။ ရုပ်ရှင်ဗွီဒီယိုထဲက မင်းသား၊ မင်းသမီး နေရာမှာ ကိုယ့်ကိုကိုယ် ၀င်ခံစားကြတာကို ပြောချင်တာပါ။ ရင့်ကျက်နိုင်စွမ်းနည်းသူများက ကြီးတဲ့အထိ "ရုပ်ရှင်ဆန်"နေတတ်ကြပါသေးတယ်။ 

ကိုယ်ကြိုက်ခဲ့တဲ့ ၊ ကြည့်ခဲ့တဲ့ ရုပ်ရှင်များအလျောက် ကိုယ်ပျော်မွေ့ဖြတ်သန်းခဲ့တဲ့ "ရုပ်ရှင်ဆန်မှု"များအတိုင်း တစ်ဦးစီရဲ့ကြီးပြင်းရာ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွေးအခေါ်၊ အပြုအမူ၊ အယူအဆ အထိ ကပ်ငြိလွှမ်းမိုးခြင်း ခံကြရမြဲပါပဲ။

. . . . . . . ရုပ်ရှင်ဗွီဒီယိုအနုပညာဟာ နိုင်ငံတစ်ခုလုံး၊ လူမျိုးတစ်ခုလုံးအတွက် အရေးကြီးတာ သိသာမြင်သာပါတယ်။ အခုပဲ ကျွန်တော်တို့တစ်နိုင်ငံလုံး ကိုရီးယားယဉ်ကျေးမှု ၀ါးမြိုခံနေရတာ ထင်ထင်ရှားရှားပဲမဟုတ်လား။ 

တစ်ခုခုဆို ကိုရီးယားနဲ့ တန်းညှိတတ်လာကြတာ နေရာတော်တော် များများမှာဖြစ်နေပါပြီ။ အားကောင်းပြီးသား အိန္ဒိယကို မထိုးဖောက်နိုင်တာလည်း မြင်သာတဲ့အချက်တစ်ခုပါပဲ။

. . . . . . . ခေတ်တွေပြောင်းကုန်တဲ့အတိုင်း နည်းပညာနဲ့ ဖြစ်စဉ်တွေ၊ လုပ်ထုံးတွေဟာ ပြောင်းလဲကုန်ပါပြီ။ စစ်တိုက်ပြီးနယ်ချဲ့လို့ ရကောင်းတဲ့ခေတ် မဟုတ်တော့ပေမယ့် နယ်ချဲ့လိုခြင်းဆိုတဲ့ လူ့သဘောကတော့ မပြောင်းလဲသေးပါဘူး။

 ခေတ်သစ်ကျေးကျွန်ပြုခြင်းအတွက် အကောင်းဆုံးလက်နက်ဟာ အနုသုခုမရပ်ဝန်း ဖြစ်လာတာကို ကျွန်တော်တို့ လျင်လျင်မြန်မြန် သတိပြုမိကြဖို့လိုပါတယ်။

. . . . . . . အမေရိကန် ရော့ခ်ဂီတက ကျွန်တော်တို့ရဲ့လူငယ်ခေတ် တစ်ခေတ်ကို ဆံပင်ရှည်ထားပြီး ဂျင်းပင်အကျပ်ဝတ်ဖို့ စေခိုင်းနိုင်ခဲ့ပါတယ်။ အနောက်ကမ္ဘာရဲ့ ရက်ပ်ဂီတကလည်း ကျွန်တော်တို့လူငယ်တစ်ခေတ်ကို အင်္ကျီပွပွ ဘောင်းဘီပွပွနဲ့ ရက်ပ်ပါစရိုက်အတိုင်း နေထိုင်တတ်အောင် ခိုင်းစေနိုင်ခဲ့ပါတယ်။ 

အခုလည်း ကျွန်တော်တို့ ကိုရီးယားဆန်စေဖို့ ခိုင်းစေခံနေရပြန်ပါပြီ။ နောက်ထပ် ကျွန်တော်တို့လူငယ်တွေမှာ ဘာတွေအခိုင်းခံရဦးမလဲ လို့ဗျာ။

. . . . . . . ကမ္ဘာလုံးချီတဲ့ ရေစီးကြောင်းကြီးတွေဟာ အရှိန်အဟုန်ပြင်းလွန်းတဲ့အတွက် ဆန့်ကျင်အန်တုဖို့ မလွယ်ပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရက်ပ်ဂီတဟာ ကမ္ဘာသုံးဂီတတစ်ခု ဖြစ်ခဲ့ပြီမဟုတ်ပါလား။

. . . . . . . မဆန့်ကျင်နိုင်သော်လည်း ရေစီးမှာ နစ်မြုပ်ပျက်စီးမသွားစေဖို့တော့ ကြိုးစားရပါလိမ့်မယ်။ အလိုက်သင့်စီးမျော ရင်း လိုရာဘက်ဆီကို လှော်ခတ်ပဲ့ထိန်းပေးနိုင်မယ့် ကိုယ်ပိုင်"လှေ"တော့ ရှိရမှာပေါ့ဗျာ။ 

ကျွန်တော်တို့ လှေ က ကြံ့ခိုင်ရေးကောင်းနေဖို့လိုပါ တယ်။ လှေကောင်းကောင်းလှော်တတ်သူများနဲ့ လှော်ချင်စိတ်ရှိသူများလည်း အချိန်မီ လိုအပ်ပါသေးတယ်။

. . . . . . . 'လှေထဲဝင်ထိုင်မှ မြန်မြန်သေလိမ့်မယ်'လို့ ယုံကြည်ထားတဲ့ အထက်ပါအမျိုးသမီးလို လူမျိုးတွေ များလာခြင်းက ကျွန်တော်တို့ လှေကြီးရဲ့ အခြေအနေကို မြန်မြန်ဆန်းစစ်ဖို့ အချက်ပေးသံ ဖြစ်နေမလားခင်ဗျာ။

. . . . . . . စီးပွားရေးဆိုတာ အမြတ်အစွန်း၊ အကျိုးအမြတ်နဲ့ တိုက်ရိုက်ဆက်စပ်နေတာမျိုးပါ။ ဒါပေမယ့် စီးပွားရေးသမားဆိုတာ အကျိုးအမြတ်သာ ရှေ့ရှုပြီး စိတ်ခံစားမှုကိုဖယ်ထားရမယ်လို့တော့ အဓိပ္ဖါယ်မရပါဘူး။ 

စီးပွားရေးအလုပ်တိုင်းဟာ စေတနာကိုရောထည့်ပြီး လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်ကောင်းပါတယ်။ 

အကျိုးအမြတ် လျော့နည်းကောင်းလျော့နည်းသွားနိုင်ပေမယ့် စီးပွားရေးသမားနဲ့ စီးပွားရေးလုပ်ငန်းကိုယ်တိုင်က လူ့ဘောင်အတွက် တန်ဖိုးကြီးလာမှာကို သတိရကြည့်ပါ။

. . . . . . . စီးပွားရေးလုပ်ငန်းတွေမှာ စေတနာရောထည့်ပေးတတ်အောင် ကျွန်တော်တို့ မြန်မြန်သင်ယူသင့်ပါတယ်။ အထူးသဖြင့် တစ်ဦးတည်းနဲ့ဆိုင်တာမျိုးမဟုတ်တဲ့ ဘယ်စီးပွားရေးမှာမဆို ဖြစ်ပါတယ်။ လူမျိုးနိုင်ငံနဲ့ချီပြီး ဆက်နွယ်ပတ်သတ်တဲ့ အလုပ်တွေမှာ ပိုပြီးသတိကြီးကြီးထားသင့်ကြတာပေါ့ဗျာ။ 

ကျွန်တော်တို့ ဘာအတွက် အလုပ်လုပ်နေတာလဲ ၊ ကျွန်တော်တို့ရဲ့အသက်ရှင် ရပ်တည် ရုန်းကန်မှုက ဘာအတွက်လဲ .. ဆိုတာ ကျွန်တော်တို့ကိုယ်ကို ပြန်မေးကြည့်ရင် အဖြေကို တွေ့နိုင်လိမ့်မယ်ထင်ပါတယ်။

. . . . . . . "စီးပွားရေးသမားကတော့ စီးပွားရေးသမားလို လုပ်မှာပဲ" ဆိုတဲ့ ဒိုင်ယာလော့ဂ်အမှားကြီးကို မြန်မြန်လွှင့်ပစ်လိုက်ကြပါစို့။ ကိုယ့်အကျိုးစီးပွားအတွက် အလုပ်လုပ်သူအားလုံးဟာ စီးပွားရေးသမားချည်းပါပဲ။ 

ကျင့်ဝတ်စောင့်ထိန်းပြီး စိတ်ကောင်းစေတနာရှိတဲ့ စီးပွားရေးသမားများ ဟာလည်း စီးပွားရေးသမားစစ် စစ်တွေ ဖြစ်ကြပါတယ်ဗျာ။

. . . . . . . မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္စယဉ်ကျေးမှုနဲ့ မဆန့်ကျင်ပဲ ခေတ်မီအောင် ရိုက်လို့ရမှာပါ။ သရုပ်ပျက်၊ လမ်းကြောင်းအလွဲတွေ မပါပဲလည်း လူငယ်ကြိုက်အောင် ရိုက်လို့ရမှာပါ။ အညှီအဟောက်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေမပါပဲလည်း အဆင့်မြင့်အောင် ရိုက်လို့ရမှာပါ။

. . . . . . . ဆေးလိပ်သောက်ခန်းတွေလို ဥပဒေနဲ့တားမြစ်ခံရလို့ မဟုတ်ပဲ မိမိအသိစိတ်နဲ့ အရက်သောက်တဲ့ ဇာတ်ဝင်ခန်းတွေကို ဖြုတ်လို့ရ ရင် ဖြုတ်ကြည့်ပါဦး။

 အိမ်အကောင်းစားကြီး၊ ကားအကောင်းစားကြီး ပါသော်လည်း စိတ်ထားကောင်းလေး၊ ရည်ရွယ်ချက်ကောင်းလေး၊ စေတနာကောင်းလေး တစ်ခုမပါတဲ့ ဇာတ်ကားကြီးဟာ အဆင့်မြင့်ဇာတ်ကား ဖြစ်ပါ့မလားခင်ဗျာ။ အဆင့်မြင့်တယ်ဆိုတာ ဘာများလဲလို့ အချိန်သိပ်မနှောင်း ခင် ပြန်စဉ်းစားကြည့် ရအောင်ပါ။ ရောဂါသိပ်မကျွမ်းသွားခင် ကြိုးစားကုရအောင်ပါ။

. . . . . . . ကျွန်တော်တို့အားလုံးအတွက် ဘာတွေကို ချန်ထားပေးခဲ့ကြမှာလဲ ခင်ဗျာ။ ကင်မရာအကောင်းစား၊ ရိုက်ချက်အကောင်းစား၊ စကားလုံးအမိုက်စား ကြီးတွေထက် ပိုတန်ဖိုးရှိမယ့် တစ်စုံတစ်ရာကို လက်ဆင့်ကမ်း ချန်ထားပေးခဲ့နိုင်ဖို့ မျှော်လင့်ပါရစေ။ 

အသိစိတ်နဲ့ တာဝန်ယူမှုကို သိနားလည်ပြီး ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ ၊ သိက္ခာကိုတန်ဖိုးထားတတ်တဲ့ ကောင်းသောစီးပွားရေးသမားများနဲ့ ရုပ်ရှင်အနုပညာ လောကကြီးဖြစ်စေချင်တယ်။ အရှိန်ပြင်းတဲ့ရေစီးထဲမှာ ကျွန်တော်တို့အားလုံး အားကိုးစရာ လှေကြီးပေါ့ဗျာ။

. . . . . . . 'အပေါင်း'တွေကို မျှော်လင့်ချင်ပါတယ်။ မဖြစ်နိုင်ရင်တောင် သုညကနေဆင်းသွားတဲ့ 'အနုတ်' မဖြစ်အောင်တော့ ကိုယ်စီတာဝန်ရှိကြပါလိမ့်မယ်။ အတုခိုးမှားစရာ ၊ တလွဲဝါဒ နဲ့ လမ်းကြောင်းအစောင်းကြီးတွေ ကိုတော့ ချမပေးကြဖို့ တောင်းပန်ပါရစေ။

. . . . . . . အဘိုးတို့က 'ရွှေဘကြီး .. ရွှေဘကြီး' ဆိုပြီး ဂုဏ်ယူစွာနဲ့ပြောခဲ့ကြပါတယ်။ အဖေတို့က 'ဦးကျော်ဟိန်းကြီးက' ဆိုပြီး အားပါးတရ ပြောတတ်ကြတယ်။ 

ကျွန်တော်တို့ရဲ့သားမြေးများကိုလည်း ကျွန်တော်တို့က အဲဒီလိုအားပါးတရ တစ်ခုခု ပြန်ပြောပြချင်မိတယ်။ ကျွန်တော်တို့ရဲ့သားမြေးတွေမှာလည်း သူတို့ရဲ့သားမြေးများကို ပြန်ပြောပြစရာကောင်းကောင်းတွေ ရှိစေချင်တာပါပဲ။ ။

(ယက္ခ) ရဲကြီး ။ ၃၁.၇.၁၃ ။ ( စံတော်ချိန်နေ့စဉ် _ ၄.၈.၂၀၁၃ )
https://www.facebook.com/yekkha.yejee

. . . . . . . မကြာသေးတဲ့လပိုင်းမှာ အရပ်သူအမျိုးသမီးတစ်ဦး က ပြောတဲ့စကားကို ဂျာနယ်တစ်စောင်မှာဖတ်ရပါတယ်။ "ကျွန်မကလေးတွေ ကို မြန်မာကား ပေးမကြည့်ဘူး။ ပျက်စီးလမ်းမှားမှာ စိုးလို့" တဲ့။

. . . . . . . အမျိုးသမီးက သားသမီးတွေအပေါ် အလွန်ဂရုစိုက်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရာရာစင်းလုံးချောရလဒ် (perfect) ကိုမှ လိုလားသူမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆိုးမြင်စိတ်လွန်ကဲပြီး မိမိရဲ့ရှုထောင့်အပေါ် စောင်းပေးပြောဆို တတ်သူမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘယ်သို့ဘယ်ပုံဖြစ်ပါစေ၊ ကျွန်တော်တို့နိုင်ငံရဲ့ အနုသုခုမ အဆင့်အတန်းဟာ ဒီလိုပြောစရာ ၊ ဒီလိုဖော်ပြစရာ ဖြစ်ခဲ့ပြီလားခင်ဗျာ။

. . . . . . . ကျွန်တော်ကိုယ်တိုင်လည်း မြန်မာရုပ်ရှင်၊ဗွီဒီယို ဇာတ်ကားများကို စိတ်လိုလက်ရ မကြည့်ဖြစ်တာ နှစ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း ၀န်ခံရမှာပါ။

တဆက်တည်းမှာပဲ ယနေ့ကာလထဲ ကျွန်တော်ကြည့်ဖြစ်နေတဲ့ နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားများဟာ သရုပ်ဆောင်၊ အပြင်အဆင်၊ ဇာတ်လမ်းဇာတ်အိမ်၊

တင်ပြပုံ၊ ချန်ပေးခဲ့ချင်သော အချက်အလက် (message) .. အစစအရာရာ သာလွန်ကောင်းမွန်လှပေမယ့် ငယ်စဉ်ကကြည့်ခဲ့ဘူးတဲ့ မြန်မာရုပ် ရှင်ကားများလောက် ကျွန်တော့်အပေါ် မလွှမ်းမိုးနိုင်ကြောင်းကိုလည်း ၀န်ခံရမှာပါပဲ။

. . . . . . . အခွင့်သာတဲ့အခါတိုင်း ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်များထဲမှာ မင်းသားကြီးက ဘယ်လိုသရုပ်ဆောင် ခဲ့ကြောင်း ပြန်ပြောင်းပြောပြ ချင်နေဆဲပါ။ အလားတူပါပဲ ၊ ကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်ဖြစ်ခဲ့တဲ့ အဖေ၊ အမေ၊ ဦးကြီး၊ ဘကြီး များကလည်း ဓါတ်ရှင်ကို ဇာတ်ပွဲလောက်မမက်ကြောင်း ၊

ဦးတင်မောင်ကြီးလောက် ဘယ်ဓါတ်ရှင်မင်းသားမှ မတော်ကြောင်း အမြဲပြောချင်နေသူများပါပဲ။ ငယ်ဘ၀ဆိုတာမျိုးဟာ လွယ်လွယ်မေ့ပစ်ဖို့ ခက်သားပါဗျာ။

. . . . . . . ကျွန်တော်တို့ ကိုယ်စီဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀အတွေ့ အကြုံတွေဟာ ကျွန်တော်တို့ကိုယ်စီအတွက် ရှေ့ဘ၀ခရီး လမ်းပြမြေပုံတွေလည်း ဖြစ်ခဲ့ကြပါတယ်။ အမှတ်စွဲမိခဲ့တဲ့ ငယ်ဘ၀ကိုယ်စီဟာ ကျွန်တော်တို့တစ်ဦးစီရဲ့ ကြီးပြင်းရာ ပုဂ္ဂလပုံရိပ်တွေကို ပြဌာန်းပေးလိုက်တာပါပဲ။

. . . . . . . ကျွန်တော်တို့ရဲ့နောက်တစ်ဆင့် မျိုးဆက်တွေအတွက်ရော ကျွန်တော်တို့က ဘယ်လို လူရည်လူသွေးနဲ့ ဘယ်လို ပုဂ္ဂလပုံရိပ်မျိုးတွေကို ပြဌာန်းပေးကြမှာလဲ ခင်ဗျာ။ ဒီလိုတွေးမိတဲ့အခါ အမျိုးသမီးအပေါ် အမြင်မကြည်လင်မှုတွေ သိသိသာသာလျော့ပါးသွားပါရဲ့ဗျာ။

. . . . . . . ငယ်စဉ်ကလေးဘ၀မှာ လူတိုင်းလိုလို "ရုပ်ရှင်ဆန်"ခဲ့ ဘူးကြမှာပါ။ ရုပ်ရှင်ဗွီဒီယိုထဲက မင်းသား၊ မင်းသမီး နေရာမှာ ကိုယ့်ကိုကိုယ် ၀င်ခံစားကြတာကို ပြောချင်တာပါ။ ရင့်ကျက်နိုင်စွမ်းနည်းသူများက ကြီးတဲ့အထိ "ရုပ်ရှင်ဆန်"နေတတ်ကြပါသေးတယ်။

ကိုယ်ကြိုက်ခဲ့တဲ့ ၊ ကြည့်ခဲ့တဲ့ ရုပ်ရှင်များအလျောက် ကိုယ်ပျော်မွေ့ဖြတ်သန်းခဲ့တဲ့ "ရုပ်ရှင်ဆန်မှု"များအတိုင်း တစ်ဦးစီရဲ့ကြီးပြင်းရာ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွေးအခေါ်၊ အပြုအမူ၊ အယူအဆ အထိ ကပ်ငြိလွှမ်းမိုးခြင်း ခံကြရမြဲပါပဲ။

. . . . . . . ရုပ်ရှင်ဗွီဒီယိုအနုပညာဟာ နိုင်ငံတစ်ခုလုံး၊ လူမျိုးတစ်ခုလုံးအတွက် အရေးကြီးတာ သိသာမြင်သာပါတယ်။ အခုပဲ ကျွန်တော်တို့တစ်နိုင်ငံလုံး ကိုရီးယားယဉ်ကျေးမှု ၀ါးမြိုခံနေရတာ ထင်ထင်ရှားရှားပဲမဟုတ်လား။

တစ်ခုခုဆို ကိုရီးယားနဲ့ တန်းညှိတတ်လာကြတာ နေရာတော်တော် များများမှာဖြစ်နေပါပြီ။ အားကောင်းပြီးသား အိန္ဒိယကို မထိုးဖောက်နိုင်တာလည်း မြင်သာတဲ့အချက်တစ်ခုပါပဲ။

. . . . . . . ခေတ်တွေပြောင်းကုန်တဲ့အတိုင်း နည်းပညာနဲ့ ဖြစ်စဉ်တွေ၊ လုပ်ထုံးတွေဟာ ပြောင်းလဲကုန်ပါပြီ။ စစ်တိုက်ပြီးနယ်ချဲ့လို့ ရကောင်းတဲ့ခေတ် မဟုတ်တော့ပေမယ့် နယ်ချဲ့လိုခြင်းဆိုတဲ့ လူ့သဘောကတော့ မပြောင်းလဲသေးပါဘူး။

ခေတ်သစ်ကျေးကျွန်ပြုခြင်းအတွက် အကောင်းဆုံးလက်နက်ဟာ အနုသုခုမရပ်ဝန်း ဖြစ်လာတာကို ကျွန်တော်တို့ လျင်လျင်မြန်မြန် သတိပြုမိကြဖို့လိုပါတယ်။

. . . . . . . အမေရိကန် ရော့ခ်ဂီတက ကျွန်တော်တို့ရဲ့လူငယ်ခေတ် တစ်ခေတ်ကို ဆံပင်ရှည်ထားပြီး ဂျင်းပင်အကျပ်ဝတ်ဖို့ စေခိုင်းနိုင်ခဲ့ပါတယ်။ အနောက်ကမ္ဘာရဲ့ ရက်ပ်ဂီတကလည်း ကျွန်တော်တို့လူငယ်တစ်ခေတ်ကို အင်္ကျီပွပွ ဘောင်းဘီပွပွနဲ့ ရက်ပ်ပါစရိုက်အတိုင်း နေထိုင်တတ်အောင် ခိုင်းစေနိုင်ခဲ့ပါတယ်။

အခုလည်း ကျွန်တော်တို့ ကိုရီးယားဆန်စေဖို့ ခိုင်းစေခံနေရပြန်ပါပြီ။ နောက်ထပ် ကျွန်တော်တို့လူငယ်တွေမှာ ဘာတွေအခိုင်းခံရဦးမလဲ လို့ဗျာ။

. . . . . . . ကမ္ဘာလုံးချီတဲ့ ရေစီးကြောင်းကြီးတွေဟာ အရှိန်အဟုန်ပြင်းလွန်းတဲ့အတွက် ဆန့်ကျင်အန်တုဖို့ မလွယ်ပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရက်ပ်ဂီတဟာ ကမ္ဘာသုံးဂီတတစ်ခု ဖြစ်ခဲ့ပြီမဟုတ်ပါလား။

. . . . . . . မဆန့်ကျင်နိုင်သော်လည်း ရေစီးမှာ နစ်မြုပ်ပျက်စီးမသွားစေဖို့တော့ ကြိုးစားရပါလိမ့်မယ်။ အလိုက်သင့်စီးမျော ရင်း လိုရာဘက်ဆီကို လှော်ခတ်ပဲ့ထိန်းပေးနိုင်မယ့် ကိုယ်ပိုင်"လှေ"တော့ ရှိရမှာပေါ့ဗျာ။

ကျွန်တော်တို့ လှေ က ကြံ့ခိုင်ရေးကောင်းနေဖို့လိုပါ တယ်။ လှေကောင်းကောင်းလှော်တတ်သူများနဲ့ လှော်ချင်စိတ်ရှိသူများလည်း အချိန်မီ လိုအပ်ပါသေးတယ်။

. . . . . . . 'လှေထဲဝင်ထိုင်မှ မြန်မြန်သေလိမ့်မယ်'လို့ ယုံကြည်ထားတဲ့ အထက်ပါအမျိုးသမီးလို လူမျိုးတွေ များလာခြင်းက ကျွန်တော်တို့ လှေကြီးရဲ့ အခြေအနေကို မြန်မြန်ဆန်းစစ်ဖို့ အချက်ပေးသံ ဖြစ်နေမလားခင်ဗျာ။

. . . . . . . စီးပွားရေးဆိုတာ အမြတ်အစွန်း၊ အကျိုးအမြတ်နဲ့ တိုက်ရိုက်ဆက်စပ်နေတာမျိုးပါ။ ဒါပေမယ့် စီးပွားရေးသမားဆိုတာ အကျိုးအမြတ်သာ ရှေ့ရှုပြီး စိတ်ခံစားမှုကိုဖယ်ထားရမယ်လို့တော့ အဓိပ္ဖါယ်မရပါဘူး။

စီးပွားရေးအလုပ်တိုင်းဟာ စေတနာကိုရောထည့်ပြီး လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်ကောင်းပါတယ်။

အကျိုးအမြတ် လျော့နည်းကောင်းလျော့နည်းသွားနိုင်ပေမယ့် စီးပွားရေးသမားနဲ့ စီးပွားရေးလုပ်ငန်းကိုယ်တိုင်က လူ့ဘောင်အတွက် တန်ဖိုးကြီးလာမှာကို သတိရကြည့်ပါ။

. . . . . . . စီးပွားရေးလုပ်ငန်းတွေမှာ စေတနာရောထည့်ပေးတတ်အောင် ကျွန်တော်တို့ မြန်မြန်သင်ယူသင့်ပါတယ်။ အထူးသဖြင့် တစ်ဦးတည်းနဲ့ဆိုင်တာမျိုးမဟုတ်တဲ့ ဘယ်စီးပွားရေးမှာမဆို ဖြစ်ပါတယ်။ လူမျိုးနိုင်ငံနဲ့ချီပြီး ဆက်နွယ်ပတ်သတ်တဲ့ အလုပ်တွေမှာ ပိုပြီးသတိကြီးကြီးထားသင့်ကြတာပေါ့ဗျာ။

ကျွန်တော်တို့ ဘာအတွက် အလုပ်လုပ်နေတာလဲ ၊ ကျွန်တော်တို့ရဲ့အသက်ရှင် ရပ်တည် ရုန်းကန်မှုက ဘာအတွက်လဲ .. ဆိုတာ ကျွန်တော်တို့ကိုယ်ကို ပြန်မေးကြည့်ရင် အဖြေကို တွေ့နိုင်လိမ့်မယ်ထင်ပါတယ်။

. . . . . . . "စီးပွားရေးသမားကတော့ စီးပွားရေးသမားလို လုပ်မှာပဲ" ဆိုတဲ့ ဒိုင်ယာလော့ဂ်အမှားကြီးကို မြန်မြန်လွှင့်ပစ်လိုက်ကြပါစို့။ ကိုယ့်အကျိုးစီးပွားအတွက် အလုပ်လုပ်သူအားလုံးဟာ စီးပွားရေးသမားချည်းပါပဲ။

ကျင့်ဝတ်စောင့်ထိန်းပြီး စိတ်ကောင်းစေတနာရှိတဲ့ စီးပွားရေးသမားများ ဟာလည်း စီးပွားရေးသမားစစ် စစ်တွေ ဖြစ်ကြပါတယ်ဗျာ။

. . . . . . . မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္စယဉ်ကျေးမှုနဲ့ မဆန့်ကျင်ပဲ ခေတ်မီအောင် ရိုက်လို့ရမှာပါ။ သရုပ်ပျက်၊ လမ်းကြောင်းအလွဲတွေ မပါပဲလည်း လူငယ်ကြိုက်အောင် ရိုက်လို့ရမှာပါ။ အညှီအဟောက်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေမပါပဲလည်း အဆင့်မြင့်အောင် ရိုက်လို့ရမှာပါ။

. . . . . . . ဆေးလိပ်သောက်ခန်းတွေလို ဥပဒေနဲ့တားမြစ်ခံရလို့ မဟုတ်ပဲ မိမိအသိစိတ်နဲ့ အရက်သောက်တဲ့ ဇာတ်ဝင်ခန်းတွေကို ဖြုတ်လို့ရ ရင် ဖြုတ်ကြည့်ပါဦး။

အိမ်အကောင်းစားကြီး၊ ကားအကောင်းစားကြီး ပါသော်လည်း စိတ်ထားကောင်းလေး၊ ရည်ရွယ်ချက်ကောင်းလေး၊ စေတနာကောင်းလေး တစ်ခုမပါတဲ့ ဇာတ်ကားကြီးဟာ အဆင့်မြင့်ဇာတ်ကား ဖြစ်ပါ့မလားခင်ဗျာ။ အဆင့်မြင့်တယ်ဆိုတာ ဘာများလဲလို့ အချိန်သိပ်မနှောင်း ခင် ပြန်စဉ်းစားကြည့် ရအောင်ပါ။ ရောဂါသိပ်မကျွမ်းသွားခင် ကြိုးစားကုရအောင်ပါ။

. . . . . . . ကျွန်တော်တို့အားလုံးအတွက် ဘာတွေကို ချန်ထားပေးခဲ့ကြမှာလဲ ခင်ဗျာ။ ကင်မရာအကောင်းစား၊ ရိုက်ချက်အကောင်းစား၊ စကားလုံးအမိုက်စား ကြီးတွေထက် ပိုတန်ဖိုးရှိမယ့် တစ်စုံတစ်ရာကို လက်ဆင့်ကမ်း ချန်ထားပေးခဲ့နိုင်ဖို့ မျှော်လင့်ပါရစေ။

အသိစိတ်နဲ့ တာဝန်ယူမှုကို သိနားလည်ပြီး ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ ၊ သိက္ခာကိုတန်ဖိုးထားတတ်တဲ့ ကောင်းသောစီးပွားရေးသမားများနဲ့ ရုပ်ရှင်အနုပညာ လောကကြီးဖြစ်စေချင်တယ်။ အရှိန်ပြင်းတဲ့ရေစီးထဲမှာ ကျွန်တော်တို့အားလုံး အားကိုးစရာ လှေကြီးပေါ့ဗျာ။

. . . . . . . 'အပေါင်း'တွေကို မျှော်လင့်ချင်ပါတယ်။ မဖြစ်နိုင်ရင်တောင် သုညကနေဆင်းသွားတဲ့ 'အနုတ်' မဖြစ်အောင်တော့ ကိုယ်စီတာဝန်ရှိကြပါလိမ့်မယ်။ အတုခိုးမှားစရာ ၊ တလွဲဝါဒ နဲ့ လမ်းကြောင်းအစောင်းကြီးတွေ ကိုတော့ ချမပေးကြဖို့ တောင်းပန်ပါရစေ။

. . . . . . . အဘိုးတို့က 'ရွှေဘကြီး .. ရွှေဘကြီး' ဆိုပြီး ဂုဏ်ယူစွာနဲ့ပြောခဲ့ကြပါတယ်။ အဖေတို့က 'ဦးကျော်ဟိန်းကြီးက' ဆိုပြီး အားပါးတရ ပြောတတ်ကြတယ်။

ကျွန်တော်တို့ရဲ့သားမြေးများကိုလည်း ကျွန်တော်တို့က အဲဒီလိုအားပါးတရ တစ်ခုခု ပြန်ပြောပြချင်မိတယ်။ ကျွန်တော်တို့ရဲ့သားမြေးတွေမှာလည်း သူတို့ရဲ့သားမြေးများကို ပြန်ပြောပြစရာကောင်းကောင်းတွေ ရှိစေချင်တာပါပဲ။ ။

(ယက္ခ) ရဲကြီး ။ ၃၁.၇.၁၃ ။ ( စံတော်ချိန်နေ့စဉ် _ ၄.၈.၂၀၁၃ )


Read More...

Friday, August 30, 2013

ဖွေးဖွေး ချစ်သူများအတွက် ဖွေးဖွေးပုံ 270ကျော်ကို စုပေါင်းတင်ပေးပါတယ်ပြည်သတင်း...

Leave a Comment

ဖွေးဖွေး ချစ်သူများအတွက် ဖွေးဖွေးပုံ 270ကျော်ကို စုပေါင်းတင်ပေးပါတယ်


ဒါကတော့ ဖွေးဖွေး ချစ်သူများအတွက် သူနဲ့ ပတ်သက်တဲ့ ပုံတွေကို စုစည်းပေးတာပါ

ဘာရယ်မဟုတ်ဘူး ဖွေးဖွေးပုံဆိုကူးထား သိမ်းထားလေ့ရှိတယ် ။ အဲ့တော့ လိုချင်သူ

ကြိုက်သူရှိရင် တစ်ခါထဲနဲ့  အများကြီးရအောင် မျှဝေလိုက်တာပါ ...လိုရင် ဆွဲ..........။


ဖွေးဖွေးပုံ 270 ကျော် Dwonload ယူရန် - http://www.mediafire.com - ဖွေးဖွေး







Read More...

Saturday, August 24, 2013

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးလူမင်း (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ) ၏ သဘောထား

Leave a Comment

"အခု ဆန္ဒပြတယ်ဆိုတာ နိုင်ငံ သားတိုင်း လုပ်ခွင့်ရှိတဲ့ အခွင့်အရေး တစ်ခုအနေနဲ့လုပ်ကြတော့ ကျွန် တော်တို့အနေနဲ့ သဘောမတူစရာ မရှိ သလို ကန့်ကွက်စရာလည်း မရှိ ဘူး။ ဆန္ဒတကယ်ပြပြီဆိုရင် ကျွန်တော် တို့လည်း မှတ်တမ်းမှတ်ရာ ယူ ထားမယ်။

ပြီးတော့ ဆန္ဒပြတဲ့ရည် ရွယ်ချက်ကဘာလဲ နံပါတ်တစ် စဉ်းစား ပါမယ်။ ဘယ်လိုလူတွေက ပြတာလဲ ဆိုတာကိုလည်း သုံးသပ်ပါမယ်။ ပြီး ရင် ဥက္ကဌတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် မယ်။ ပြီးရင် ကိုယ်နဲ့ ကိုယ့်အဖွဲ့ အစည်းကို ပြန်ပြီးသုံးသပ်မယ်။

ကျွန် တော်တို့ဘက်က ပြင်သင့်တာတွေ အကုန်ပြင်မယ်။ ဆင်ခြင် သင့်တာ တွေ အကုန်ဆင်ခြင်မယ်။ ဒါပေမဲ့ ရည်ရွယ်ချက်သည် လောကသား များကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ မှန်မှန်ကန်ကန်ဆန္ဒ ဖော် ထုတ်တယ်ဆိုရင် ဒီဆန္ဒကို ကျွန်တော်တို့အလေးအနက်ထားပါမယ်"
(မနက်ဖြန်တနင်္ဂနွေထုတ်ဝေမည့်ပေါ်ပြူလာဂျာနယ်မှ)
Read More...

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဒါရိုက်တာဝိုင်း၏ သဘောထား

Leave a Comment

ယနေ့ရုပ်ရှင်နှင့် ဗီဒီယိုလောကသားများ ဆန္ဒထုတ်ဖော်ပွဲ အပေါ် ဒါရိုက်တာဝိုင်းက...

( Media များသို့အသိပေးခြင်း...ကျနော်နှင့် ဦးဝင်းကြည် တို့ဖြစ်ခဲ့သော ပြသနာသည်...နှစ်ဦးနှစ်ဖက်ကျေနပ်စွာ ပြီးဆုးံသွားပြီ ဖြစ်ကြောင်း...mediaများမှနေ၍ အသိပေး ပြောကြားပြီး ဖြစ်ပါသည်...သို့သော် ယခုဆန္နထုတ်ဖေါ် မှုတွင်မိမိတို့၏ နာမည်များအား ရေးသားပြီး အနုပညာ လောကသားများအထင်အမြင်လွဲမှား အောင်ပြုလုပ်ခြင်းအား အပြင်းအထန်ရှုတ်ချ ပါသည်...ထိုဆန်ကျင်ဆန္ဒပြခြင်းသည်...အာဏာရရန်အတွက် ကြိုးစားနေသော လူတစု၏ လုပ်ရပ်သာဖြစ်ကြောင်း...မိမိအပါအဝင်အနုပညာကို ချစ်မြတ်နိုး သူလူအများစုက....လုးံဝရှုတ်ချပါကြောင်း အသိပေး အပ်ပါသည် ) ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
Read More...

ဘယ်သူပဲ ခေါင်းဆောင်ဆောင်ပါဟု ဇာတ်ပို့လူကြမ်း S-Five မင်းသားကြီး ကျော်ဇင်ထွဋ် တစ်ဦးထဲ ခံစား ဖော်ပြ ကြိုဆိုမူ

Leave a Comment

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဘယ်သူပဲ ခေါင်းဆောင်ဆောင်ပါ။ဇာတ်ပို့လူကြမ်းS-Fiveမင်းသားကြီး ကြိုဆိုပါ၏။သို့သော် ဒီတခါပြောင်းလဲရင် စက်အဖွဲ့နဲ့ဇာတ်ပို့ဇာတ်ရံတွေကို တန်ဖိုးလေးနဲနဲတက်အောင်လုပ်ပေးစေချင်ပါအိ။မင်းသားမင်းသမီးဈေး နဲ့ ဇာတ်ပို့ဇာတ်ရံ ဈေးက အဆ ၂၀ လောက်ကွာခြားနေပါ၏။စက်အဖွဲ့ နဲ့ ဆိုရင်တော့ ပြောမနေနဲ့ ။ခေါ်မရိုက်မှာ ဆိုးလို့ မပြောကြတာပါ။စားဝတ် နေရေး အစဉ်ပြေနေတယ်လို့တော့ မထင်ကြပါနဲ့ဗျာ။ဒီလောကမှာ တန်ရာတန်ကြေးရပြီး ငါလုပ်ရင်ဖြစ်တယ်ဆိုပြီ ပျော်ရွှင်စွာလုပ်ကိုင်နေသူတွေမှာ မင်းသား-မင်းသမီး-ဒါရိုက်တာ နဲ့ ပရိုဂျူဆာ ဒီလေးယောက်ပဲရှိပါ၏။ကျန်တဲ့သူတွေက မိသားစု သောကမျက်ရေတွေနဲ့ ဇာတ်ကားကောင်းဖို့ စတေးခဲ့တာ ကျွန်တော့ ရုပ်ရှင်လော ကသက်တမ်းတလျှောက် ပါပဲဗျာ။စိတ်မကောင်းခြင်း မှတပါး မကယ်တင်နိုင်ပါ။ပေါက်မြောက်သူများ ဖြေရှင်းပေးကြပါ ခင်ဗျာ။စိတ်ထဲရှိတာ ရင်ဖွင့်မိတာပါ။အမှားပါရင်ခွင့်လွှတ်ပါ။ဇာတ်ပို့လူကြမ်း S-Five မင်းသားကြီး ကျော်ဇင်ထွဋ် တစ်ဦးထဲ ခံစား ဖော်ပြပါ၏”ဟုသရုပ်ဆောင်ကျော်ဇင်ထွဋ်ကသူ့ ဖေ့ဘုတ်Kyaw Zin Htut မှာရင်ဖွင့်ထားပါသည်။
Read More...

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးညီညီထွန်းလွင် (မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံး ဒုဥက္ကဌ) ၏ သဘောထား

Leave a Comment

"ဒါက မြန်မာပြည်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ထဲက တစ်ခုပေါ့။ ကာတွန်းတစ်ခု တောင် သဘောကျတယ်။ ၈၈ အရေးအခင်းတို့ ဘာတို့က နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးဖွားပေး တယ်ပေါ့။ ဒီဘက်ခေတ်ဒီမိုကရေစီ အရိပ်အယောင်လည်း

မြင်လာရော သူရဲကောင်းတွေအများကြီးထွက် လာတယ်။ လူထုခေါင်းဆောင်တွေ က ၈၈တုန်းက လူထုခေါင်းဆောင်တို့ ပေါ့။ အခုမှ သူရဲကောင်းတွေက ထွက်လာတာ။ ဒီမိုကရေစီလည်းရ ရော သူရဲကောင်းတွေက များလာ တယ်။ အန်္တရာယ်မှ မရှိတော့တာ။ မရှိတော့

ပြတော့တာပေါ့။ ဘယ် အလွှာပဲ ကြည့်ကြည့်လေ။ ဒါက အမျိုးမျိုးတော့ ရှိတာပေါ့။ ဥပမာ လယ်ယာမြေအသုံးခံရတာတို့၊ အလုပ်သမတွေက ရတဲ့အခြေစာတွေ နည်းလို့။ ဒါမျိုးတွေကို ဆန္ဒပြတယ် ဆိုတာ သဘောကျပါတယ်။ ဆန္ဒပြ တာချင်းအတူတူ အခြေခံလစာနည်း လို့၊ လယ်ယာမြေအသိမ်းခံရလို့ အဲဒါတွေက သူတို့မှာ နစ်နာပါ တယ်။ အဲဒီလို ဆန္ဒပြတဲ့လူတွေ ဆိုဒ်ဘက်က ကျွန်တော်တို့ရှိတယ်။ ဒါပေမဲ့ ကိစ္စတိုင်း မှာတော့ မဟုတ် ဘူး။ မှန်တယ်လို့လည်း မပြောနိုင် ဘူး။ ဘာလို့လဲဆိုတော့ သူရဲကောင်း တွေ များလာတာကိုး။

ကျွန်တော် တောင် ကားတစ်ကားရိုက်ဖူးတယ်။ ဆန္ဒထုတ်ဖော်ဖို့ အငှား လိုက်သည်။ လူတစ်ယောက်ဘယ်လောက်ဆိုပြီး တော့ ဟာသအနေနဲ့ ရိုက်ဖူး တယ်။ အဲဒါလေးတွေကို တွေ့ပြီးတစ် ယောက် ဘယ်လောက် ရမလဲဆိုတာ တို့ကို ကြားလို့ ရိုက်ဖြစ်ခဲ့ဖူးတာရှိ တယ်။

အဲဒါကတော့ အခုခေတ် ဆန္ဒထုတ်ဖော်ပွဲတွေ အမြင်ပေါ့။ တချို့ကျတော့ နစ်နာတဲ့သူတွေရှိ တော့ ကျွန်တော်တို့ စာနာပါတယ်။ အခုရုပ်ရှင် အစည်းအရုံးကို ဆန္ဒပြ မှာကတော့ ခုနကပြောတဲ့ သူရဲ ကောင်းတွေ ပြမှာ ဆိုတော့ ပြပါစေ။ သူရဲကောင်းတွေက အများကြီးပေါ်ထွက်လာတာလေ"
Read More...

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအေးကြူလေး (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ-၂) ၏ သဘောထား

Leave a Comment

"ဆန္ဒပြတာကတော့ သူတို့ လည်း ရုပ်ရှင်နဲ့ဗီဒီယိုလော က ကောင်းဖို့အတွက် ပြတာဆိုတော့ ဒီမိုကရေစီလျှောက်နေတဲ့ အချိန်မှာဘယ်သူပဲဖြစ်ဖြစ် ပြခွင့်ရှိပါတယ်။ ရုပ်ရှင်အစည်းအရုံး လုပ်ဆောင်နေ တာတွေအားလုံးကလည်း ရုပ်ရှင် လောကနဲ့ ဗီဒီယိုလော ကကြီး တိုး တက်ဖို့လုပ်နေတာပါပဲ။ ရည်ရွယ် ချက်ချင်းကတော့ အတူ တူတွေပါပဲ။ ဘာမှတော့မထူးပါဘူး။ ဒီမိုကရေစီ ခေတ်မှာ ပိုပြီးတော့တောင် စည်းကမ်းရှိဖို့လိုအပ်တယ်။ ဒီမို ကရေစီဆိုပြီးတော့ လူအတော်များ များပြောနေတာက ငါလည်းလုပ်ချင် ရာလုပ်မယ်၊ သူလည်း လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ဟာမျိုးတွေကတော့ မရှိသင့်ဘူ။ စည်းကမ်းနဲ့လုပ်ဆောင် ဖို့တော့လိုတယ်။ ရုပ်ရှင်ဆိုလည်း ဥပဒေရှိတယ်။ ဗီဒီယိုဆိုလည်း ဥပဒေရှိတယ်။ ဥပမာ- ကျွန်တော်တို့ ဆီမှာလည်း နာယကတွေရှိတယ်။ နာယကအောက်မှာ ရုပ်ရှင်အစည်း အရုံးရှိတယ်။ အစည်းအရုံးအောက် မှာမှ အခြေခံအလွှာ ၁၀ လွှာရှိတယ်။ ပြီးတော့ အဆင့်ဆင့်ပေါ့။

တစ် ယောက်နဲ့တစ်ယောက် လေးလေး စားစားနဲ့ ဆက်ဆံပြောဆို လုပ်ကိုင် လို့ရှိရင် ဘာဖြစ်ဖြစ် အရာရာ အောင်မြင်မှာပဲ။ အကြောင်းအရာ တစ်ခုဖြစ်ပြီဆိုတာနဲ့ ဒါကြီးက အာဏာရှင်ဆန်တယ်ဆိုပြီး ပြောကြ တယ်။ အမှန်တော့ ဇစ်မြစ်ကိုကြည့် ဖို့လိုတယ်။ အစည်းအရုံးကလုပ်သမျှ သည် တစ်ယောက်တည်းက လုပ်နေ တာတွေမဟုတ်ဘူး။ အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ပြီးမှ အကောင်အထည်ဖော်လို့ရတာ။ လုပ်ခဲ့ သမျှတွေကလည်း အကုန်လုံး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပဲ လုပ် တာပါ။ ဆန္ဒပြတာကိုလည်း ဘာမှ ကန့်ကွက်စရာမရှိဘူး။ ဒါပေမဲ့ ရုပ်ရှင်လောကကြီး ဒီထက်ပိုပြီးတော့ ၀ါးစည်းပြယ်သလို ဟိုတစ်ပေါက်၊ ဒီတစ်ပေါက်ဖြစ်နေရင်တော့ ပိုဆိုး သွားမှာပေါ့။ တိုးတက်အောင် လုပ် နေကြတာပဲ။ အခုမှ အစပျိုးခါစရှိ သေးတယ်၊ ပြဿနာတွေများပြီး အကောင်အထည်က သိပ်မပေါ် တော့ဘူးဖြစ်နေတယ်"
Read More...

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအောင်ခိုင် (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၊ ဇာတ်ပို့၊ ဇာတ်ရံအခြေခံအလွှာ ဥက္ကဋ္ဌ)၏ သဘောထား

Leave a Comment

"ဆန္ဒပြတယ်ဆိုတာ အခု ဒီမို ကရေစီနိုင်ငံကို လျှောက်နေ တဲ့နိုင်ငံ ဖြစ် တဲ့အတွက် ကိုယ်ပိုင်ဆန္ဒဖော် ထုတ်ခွင့်ဆိုတာရှိတဲ့အတွက် တားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခု ရှိတာက မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှာရှိတဲ့ အမှုဆောင် ၂၂ ယောက်လုံးက ရုပ်ရှင်အစည်းအရုံး မှာထိုင်နေပြီးတော့ အလုပ်မလုပ် ကြဘူး စွပ်စွဲချက်ကတော့ အတော် လေး ကို ပြင်းထန်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် ဒီမှာအလုပ်လုပ်နေ ကြတဲ့သူတွေသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လစာကို စား နေကြတဲ့သူ တစ်ယောက်မှမပါဘူး။

အားလုံးက စေတနာ့ ၀န်ထမ်းတွေချည်းပဲ။ အဲဒါအပြင်ကို ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ ရုပ်ရှင်လောကသား တွေကောင်းရာကောင်းကြောင်း အတွက် အများကြီး အလုပ်လုပ်နေ ကြတာ။ နေရာလိုချင်လို့ ဒီနေရာ လူကြီးဝင်လုပ်နေတာမဟုတ်ဘူး။

ဘာမျှော်လင့်ချက်ထားစရာမှလည်း တစ်ခုမှအကြောင်းမရှိဘူး။ သူ့ အလွှာအလိုက် ခေါင်းဆောင်တွေ ဟာ အလွှာကလူတွေအတွက်ကို အစည်းအဝေးတွေမှာ လိုအပ်ချက် တွေ တင်ပြတယ်။ တစ်ဖက်က ဆန္ဒ ပြတဲ့လူတွေဘက်က ပြောဆိုထားတာ က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကြီးက ပြိုကွဲတော့မယ့်အခြေအနေ ပေါ့။ ပျက်ကြောင်း ဆိုတဲ့တစ်ခုတည်း ထဲမှာ သင်းပျက်အောင်လုပ်နေတဲ့ သူတွေဟာ ဘယ်သူတွေလဲဆိုတာ ကိုယ့်ဘာသာကိုယ် သုံးသပ်ဖို့လို တယ်။ အခု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လက်ရှိမြန်မာနိုင်ငံ ကို အုပ်ချုပ်နေတဲ့အစိုးရနဲ့သွားတူနေ တယ်။ တစ်ခုခုလုပ်ဖို့ ရှေ့ကိုခြေတစ် လှမ်းလှမ်းလိုက်၊ အနောက်ကနေပြီး တော့ အဲဒီလှမ်းနေတဲ့ခြေထောက်ကို လှမ်းဆွဲထားလိုက်၊ နောက်ကြောင်း ပြန်လှည့်ပြီး ရှင်းနေရလိုက် အဲဒီလို နဲ့ပဲ ရုပ်ရှင်အစည်းအရုံးက ၂ နှစ်ဆို တဲ့ကာလထဲကို ရောက်တော့ မယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရှိနေတဲ့ နာယကကြီးတွေ၊ အတိုင်ပင် ခံအဖွဲ့အစည်းတွေ၊ ဗီဒီယိုလောက ဦးဆောင်အဖွဲ့အစည်းတွေ၊ ပြီးတော့ အမှုဆောင် တွေ ဒီလူတွေဘာလုပ်နေကြ သလဲဆိုတာ ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ခေါင်းစီးအောက်မှာ ရှိနေတဲ့ ထဲထဲဝင်ဝင် အနုပညာကို ၀ါသနာပါပြီးတော့ စီးပွားရေးတစ်ခု တည်းမဟုတ်ဘဲနဲ့ အနုပညာအခြေခံ ပြီးဝင်လာတဲ့သူအားလုံးသိ တယ်။ ပြောချင်တဲ့စကားကတော့ ဒီနေ့ ဆန္ဒပြမယ်လို့ကြိုးစားကြတဲ့သူတွေ အနု ပညာလောကကို ဘယ်အချိန်က ၀င် လာခဲ့သလဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြဖို့လိုတယ်။ တစ်ခုပဲရှိတာက ရုပ်ရှင်လောက အတွက်တော့ ဒါဟာ အမည်းစက် တစ်ခုဖြစ်သွားလိမ့်မယ်။ အဲဒီသမိုင်း ကို၊ ကိုယ်ရေးတဲ့သမိုင်းကို ကိုယ်ကိုယ် တိုင် လက်ခံနိုင်ဖို့တော့ အရေးကြီး တယ်။

ရုပ်ရှင်အစည်းအရုံးဘက်ကပဲ ဖြစ်ဖြစ်၊ ဆန္ဒဖော်ထုတ်သူများဘက်က ပဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တဲ့သမိုင်း အတွက် ကိုယ့်ဘာသာကိုယ် တာဝန် ယူနိုင်ဖို့ အရေးကြီးတယ်။ ကိုယ့် အမည်းစက်ကို ကိုယ့်ဘာသာကိုယ် ဖျက်နိုင်ဖို့အရေးကြီးတယ်"
Read More...

Friday, August 23, 2013

"ရင်ချင်းဆက် စွယ်တော်ရွက်များ " (မင်းလူ)

Leave a Comment

"ရင်ချင်းဆက် စွယ်တော်ရွက်များ " (မင်းလူ)


"ဆရာဘုန်းနဲ့ ခရီးအတူသွားရင် ပညာတိုးတယ်၊ ဒါပေမယ့် တစ်ညလုံးတော့ အိပ်လိုက်ရမှာမဟုတ်ဘူး"
ဟု အကြောင်းသိတစ်ယောက်က ပြောသည်။ ဆိုလိုတာကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် စကားအလွန်ပြောချင်သူ။ လမ်းခရီးတစ်လျှောက်လုံး မရပ်မနားပြောသွားလိမ့်မည်။ အိပ်ဖို့အချိန်တောင် ရလိုက်မှာမဟုတ်။

ကျွန်တော်သည် ခရီးသွားလျှင် ကား၊ ရထားစသည်တို့ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်သူ မဟုတ်။ ထို့အတူ တစ်လမ်းလုံး စကားပြောပြီး နိုးနိုးကြားကြားရှိနေတတ်သူမျိုးလည်း မဟုတ်။ လမ်းဘေးက
ရှုခင်းတွေငေးကြည့်ရင်း တွေးချင်ရာတွေးလိုက်၊ တစ်မှေးမှေးလိုက် လုပ်တတ်သူမျိုးသာဖြစ်၏။
ပြီးတော့ ကျွန်တော်က နားပူခံချင်သူမဟုတ်။ သူငယ်ချင်းတွေနှင့် ဝိုင်းဖွဲ့စကားပြောတာ ဝါသနာပါသော်လည်း တစ်ဖက်သတ် နားထောင်ရတာမျိုးတော့ အလွန်ငြီးငွေ့တတ်သည်။
သို့ရာတွင် ခုလို စကားပြောသော ဆရာတစ်ဦးနှင့်ခရီးအတူသွားရမည့်အတွက် "ဒုက္ခပါပဲ"ဟု ညည်းညူမိခြင်းမရှိတာတော့ အမှန်ပဲဖြစ်၏။ စဉ်းစားကြည့်လေ။ ဆရာဘုန်းနိုင်ဆိုတာ နှယ်နှယ်ရရလား။ ကျွန်တော်တို့ငယ်ငယ်က တသသစွဲလမ်းခဲ့ရသော ဝတ္ထုတွေကိုရေးခဲ့သော ဆရာကြီးမဟုတ်လား။ ခိုင့်ရဲ့သူငယ်ချင်းမဟုတ်လား။ စွယ်တော်ရွက်တို့ရဲ့ အရှင်သခင်မဟုတ်လား။ တခြားအချိန်တွေမှာဆိုလျှင် ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို တွေ့ချင်တိုင်းတွေ့ခွင့်ရဖို့မလွယ်လှပါ။ ခုတော့ သူများစရိတ်နဲ့ ခရီးတောင် အတူတူသွားခွင့်ရပြီပဲ။
ဒီလိုဆရာကြီးမျိုးတွေနှင့် အတူသွားရသောအခါ မေးတတ်မြန်းတတ်လျှင် အသိပညာတွေ အများကြီး ရနိုင်သည်။ ဒါတင်မက နောင်တစ်ချိန် သူတို့အကြောင်း ပြန်ရေးသောအခါ အသုံးဝင်မယ့် အချက်အလက်တွေလည်း ရနိုင်သေးတယ်လေ။

* * *

တောင်ငူမြို့ စာပေဟောပြောပွဲသို့ သွားရမည်ဖြစ်၏။ ဆရာချစ်ဦးညို၊ ဆရာမောင်သစ်ဆင်း၊ ဆရာနီကိုရဲတို့လည်း ပါကြမည်။ သူတို့တွေနဲ့က အရင်ကတည်းက ခင်မင်ခဲ့ပြီးသားဖြစ်၏။ ဆရာဘုန်းနဲ့တော့ တစ်ခါမှမဆုံဖူးသေး။ အပြင်မှာလည်း တစ်ခါမှမမြင်ဖူးသေး။ မဂ္ဂဇင်းထဲမှာမြင်ဖူးတဲ့ ဓာတ်ပုံအရတော့ ပိန်ပိန်ပါးပါးပါပဲ။ သို့တိုင်အောင် နိုင်ငံကျော်ထိပ်သီးစာရေးဆရာကြီးလည်းဖြစ်၊ အငြိမ်းစားပါမောက္ခချုပ်ကြီးလည်း ဖြစ်သောကြောင့် ခပ်ထည်ထည်တော့ ရှိလိမ့်မည်ထင်၏။
တောင်ငူမှ လာရောက်ကြိုဆိုသူများက ကျွန်တော်တို့ကို အရင်ဝင်ခေါ်သည်။ ထို့နောက် ဆရာဘုန်း၏ အိမ်ရှိရာ သန်လျင်သို့ဆက်သွားသည်။ ဆရာသည် ကျွန်တော်ထင်ထားသလို လူကုံထံရပ်ကွက်ထဲမှာ တိုက်နှင့်ကားနှင့် နေထိုင်သူမဟုတ်။ မြို့စွန်ပိုင်းရှိ အေးချမ်းဆိတ်ငြိမ်သောရပ်ကွက်ရှိခြံဝင်းလေးထဲမှာ နှစ်ထပ်အိမ်ကလေးနှင့် နေခြင်းသာဖြစ်၏။ ဆရာ့အိမ်ကလေးက အောက်ထပ်ကို အုတ်ပတ်ကားတပ်ထားပြီး အပေါ်ထပ်က ပျဉ်ထောင်ဖြစ်၏။ အိမ်ပုံစံက ရိုးရိုးရှင်းရှင်း။ မြေကွက်လပ်မှာ သစ်ပင်ပန်းပင်တွေရှိသည်။ ကဗျာဆရာတစ်ယောက် နှစ်သက်တတ်သော အခင်းအကျင်းမျိုး။
ဆရာ့အိမ်ဧည့်ခန်းသည်လည်း ရှင်းရှင်းလင်းလင်းပင်ဖြစ်၏။ ခမ်းနားသော အပြင်အဆင်တွေ လုံးဝမရှိ။ ဆရာ့အနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာပြသထားတာ တစ်ခုပဲရှိသည်။ ဆရာကတော်ပင်ဖြစ်၏။ ဒါလည်း ကျွန်တော်စိတ်ဝင်စားသော အချက်တစ်ချက်ပင်ဖြစ်၏။
ဆရာသည် တရှိုက်မက်မက်ဖတ်ရသော မေတ္တာဖွဲ့ဝတ္ထုကြီးတွေကိုရေးခဲ့သည်။ သရုပ်ဆောင်မင်းသမီးတို့၏ အလှကိုပီပြင်အောင်အသေးစိတ်သရုပ်ဖော်နိုင်ခဲ့သည်။ ဆရာ့မင်းသမီးတွေကို မမြင်ရသည့်တိုင် စိတ်မျက်စိထဲမှာ မြင်ယောင်စွဲမက်စေခဲ့သည်။ ထိုကဲ့သို့သော ဆရာ၏ဇနီးသည် ဘယ်လိုပုံမျိုးရှိလေမလဲ။
ခိုင်နဲ့တူမလား။ မမိုးသူနဲ့တူမလား။ နွယ်နှင့်တူမလား။ အစောနဲ့တူမလား။ တပြည်သူမရွှေထားနဲ့ပဲ တူလေမလား။
အခုမြင်လိုက်ရတာကတော့ အဘွားကြီးတစ်ယောက်ပါပဲ။ ဒါပေါ့လေ၊ ဆရာတောင် အသက်ခုနှစ်ဆယ်ကျော်နေပြီပဲ။ သို့ရာတွင်ဆရာကတော်သည် ငယ်ငယ်တုန်းက အတော် ချောမောလှခဲ့ကြောင်းကိုတော့ ထင်ထင်ရှားရှားခန့်မှန်းကြည့်နိုင်သည်။ မျက်စိထဲမြင်သာလာအောင် ဥပမာပေးရလျှင်တော့ ရုပ်ရှင်မင်းသမီးထွန်းအိန္ဒြာဗိုလ် အသက်ကြီးလာလျှင် ဖြစ်လာမည့်ရုပ်ရည်မျိုး။
ကျွန်တော်တို့ ရောက်သွားသောအချိန်တွင် ဆရာက အဆင်သင့်ပြင်ဆင်ထားပြီးသားဖြစ်၏။ ကျွန်တော်တို့ကို နှုတ်ဆက်ရင်း ဂျိုးသိန်းဆေးပေါ့လိပ်တိုလေးကို ကောက်ကိုင်လိုက်တာ မြင်ရသောအခါ စိတ်ထဲက "တို့ဆရာကွ"ဟု ရေရွတ်မိ၏။ ကျွန်တော်လည်း ဆေးပေါ့လိပ်သမားကိုး။
ထို့နောက် ဆရာသည် ဆရာချစ်ဦးညိုကို တစ်စုံတစ်ခုပြောနေသည်။ ဟိုအရင်တစ်ခေါက် တွေ့ခဲ့စဉ်က စကားမပြတ်သေးသော အကြောင်းအရာကို ပြန်ဆက်ပြောခြင်းဖြစ်ပုံရ၏။ အိမ်ပေါ်ကဆင်းပြီး ကားပေါ်တက်မိသည်အထိ အမျှင်မပြတ်ပြောလာသည်။ သန်လျင်တံတားနားရောက်တော့မှ ထိုကိစ္စပြီးသည်။
ဆရာက ကျွန်တော့်ဘက်လှည့်ပြီး ပြောပြန်သည်။ ကျွန်တော့်ကဗျာစာအုပ်ကို ဖတ်ရကြောင်းပြောသည်။ သူက ကျွန်တော့်ကို မော်ဒန်အနွယ်ဝင်ဟု ထင်မှတ်ယူဆထားပုံရသည်။
"ဆရာက မော်ဒန်ကို ဆန့်ကျင်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ စည်းစနစ်တကျ ဖြစ်စေချင်တဲ့ သဘောပါ။ တကယ်ဆိုရင် ဆရာကိုယ်တိုင်တောင် သူ့ခေတ်သူ့အခါအရ မော်ဒန်ဆန်တဲ့သူလို့ ပြောလို့ရတယ်"
ဟု ဆိုသည်။ လူငယ်တွေအပေါ်နားလည်မှုရှိသော ဆရာတစ်ယောက်နှင့် ခရီးအတူ သွားရတော့မှာပါလားဟု သဘောပေါက်လိုက်ရ၏။
စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ရောက်တော့ ကားထွက်ဖို့အချိန်လိုသေးသဖြင့် စားသောက်ဆိုင်မှာ ခဏထိုင်ကြသည်။ ဆရာက လက်ဖက်ရည်မှာသည်။ သန်လျင်မှာဆိုလျှင်တော့ အိမ်မှာပဲ ဖျော်သောက်လေ့ရှိကြောင်း၊ ဆရာကတော်ဖျော်ပေးသော လက်ဖက်ရည်ကို ဘယ်ဆိုင်မှမမှီကြောင်း ကြွားလိုက်သေးသည်။ ကျွန်တော်ကလည်း လက်ဖက်ရည်ကြိုက်တတ်သူဖြစ်သောကြောင့် ဆရာနဲ့တွဲလို့ရပြီဆိုပြီး ဝမ်းသာမိပြန်၏။
ကားပေါ်မှာ နေရာယူကြတော့ ဆရာနီကိုရဲက ညားကာစဇနီးအသစ်စက်စက်ကလေးကို ခေါ်လာသဖြင့် လင်မယားနှစ်ယောက် တစ်တွဲထိုင်ကြသည်။ လက်ရည်ညီသော ဆရာချစ်ဦးညိုနှင့်ဆရာမောင်သစ်ဆင်းတို့က တစ်တွဲ၊ ဒီတော့ ဆရာဘုန်းနှင့် ကျွန်တော်က တစ်တွဲပေါ့။ "နားထောင်ဖို့သာပြင်ထား"ဟု ကိုယ့်ကိုယ်ကို အားပေးရသည်။ ဟုတ်လည်းဟုတ်သည်။
ကားစထွက်ပြီး မကြာခင်မှာပင် ဗွီဒီယိုကားတစ်ကား စပြသည်။ မြန်မာကားဖြစ်၏။ တော်တော်ညံ့သည်။ ကောင်းလျှင်လည်း ကြည့်ဖြစ်မည်မထင်။ ဆရာက စကားစပြောနေပြီ။ မင်္ဂလာဒုံတစ်ဝိုက်က တောင်ကုန်းကလေးတွေ လျှိုမြောင်တွေကိုကြည့်ပြီး -
"ဟိုးတစ်ချိန်က ဒီနေရာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ဖူးတာပေါ့"
ဟု အစချီပြီး အင်းစိန်တိုက်ပွဲတုန်းက ဆရာတို့ တက္ကသိုလ်ကျောင်းသားတွေ ဗော်လံတီယာ တပ်သားအဖြစ် ဝင်ရောက်ကူညီခဲ့ကြပုံများကို ပြောပြသည်။ တပ်သားသစ်များအဖြစ် ဝင်ရောက်ဖို့ လျှောက်ထားသူများကို ဗိုလ်ချုပ်အောင်ဆန်းက လာရောက်စစ်ဆေးသည်။ ဆရာ့ရှေ့ရောက်တော့ ဗိုလ်ချုပ်က စိုက်ကြည့်ပြီး -
"မင်း အသက်ဘယ်လောက်ရှိပြီလဲ"
ဟု မေးသည်။
"ဆယ့်ငါးနှစ်"
ဆိုတော့
"ငယ်သေးတယ်၊ စာသင်ဦး"
ဟု ပြောသဖြင့် တပ်ထဲမဝင်ဖြစ်ခဲ့ပုံကိုလည်း ပြောပြသည်။

* * *

ပျဉ်ပုံကြီးမှာ ညစာထမင်းစားကြသည်။ ဆရာက ငါးရံ့ခြောက်ဖုတ်မှာသည်။
"အိမ်မှာဆိုရင် သွေးတက်မှာစိုးလို့ဆိုပြီး ဆရာ့ကို ငါးခြောက်သိပ်မကျွေးကြဘူး"
ဟု ဆရာက ပြောပြီးရယ်နေသည်။ ရောဂါထွေထွေထူးထူး မရှိသော်လည်း အသက်ကြီးလာတော့ အစားအသောက်ဆင်ခြင်ရတယ်ဟု ဆိုပြန်သည်။ ( ပြောသာပြောတယ်၊ တောင်ငူရောက်လို့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ ဘူးသီးကြော်၊ ငါးခြောက်ထောင်းကြော်တွေ ကျွေးတော့လည်း စားတာပါပဲ။) ကားပြန်ထွက်တော့ ဆယ်နာရီကျော်ပြီ။ ဆရာ ဘယ်အကြောင်းအရာကိုများဆက်ပြောမလဲလို့ နားထောင်ဖို့ အဆင်သင့်ပြင်ထားသည်။ သို့ရာတွင် ဆရာက ဘာမှထပ်မပြောတော့ဘဲ မျက်စိမှိတ်ပြီး မှိန်းနေသည်။
ထမင်းစားပြီး ဗိုက်လေးသွားလို့လား။ ကားစီးရတာ ခရီးပမ်းသွားလို့ပဲလား။ ကားပေါ်မှာပြနေသော နိုင်ငံခြားဇာတ်ကြမ်းကားကိုပဲ မျက်စိနောက်သွားလို့လားမသိ။
ကျွန်တော်ကတော့ အိမ်မှာဆိုလျှင် တော်တော်ညဥ့်နက်မှ အိပ်တတ်သောကြောင့် အကျင့်ပါပြီး အိပ်ချင်စိတ်မရှိသေး။ ဆရာ့ကိုမေးစရာတွေ ရှိနေသေးသည်။ ဆရာနှင့်ပက်သက်လျှင် အများစုက "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်"၊ "တစ်ပြည်သူမရွှေထား"၊ "သူ့ကျွန်မခံပြီ"စသော ဝတ္ထုကြီးတွေကိုသာ သတိရမိတတ်ကြသည်။ ကျွန်တော်ကတော့ ဆရာရေးသားပြီး ရေနံ့သာစိုးလှိုင် သီဆိုခဲ့သော "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" သီချင်းကို စိတ်ဝင်စားမိ၏။
ထိုသီချင်းသည် ရုတ်တရက် နားထောင်ကြည့်လျှင် နွေဘွဲ့အလွမ်းသီချင်းဟု ထင်စရာရှိ၏။ အမှန်မှာမမြဲသော သင်္ခါရသဘောကို နိမိတ်ပုံများဖြင့် ဖွဲ့ဆိုထားခြင်းဖြစ်သည်ဟု ဆရာ့စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးသည်။ ထိုသီချင်းမှာ ကျွန်တော် အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်၏။ "နတ်သျှင်နောင်"သီချင်းဟု ဆိုလျှင် ပြည်လှဖေ ဆိုတာလောက် ဘယ်သူမှကောင်းအောင်မဆိုနိုင်သလိုပင် "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်"ကိုလည်း ရေနံ့သာစိုးလှိုင်ကလွဲ၍ ဘယ်သူမှ ရင်ကိုထိုးဖောက်ထိခိုက်အောင် မဆိုနိုင်ဟု ထင်၏။ သီချင်းစာသား၊ သံစဉ်၊ တီးလုံးနှင့် သီဆိုသူတို့ တသားတည်းကျသောသီချင်း။
ထိုသီချင်းအကြောင်း ဆရာ့ကိုမေးမည်ဟု စဉ်းစားထားခဲ့တာ။ အခုတော့ ဆရာက မျက်စိကိုမှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေပြီ။ ကျွန်တော်လည်း "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" သီချင်းကို စိတ်ထဲကသာ ညည်းနေမိ၏။

* * *

ဆရာသည် အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ကျန်းမာရေးအတော်ကောင်းနေဆဲဖြစ်၏။ ရောဂါထူးထူးထွေထွေ ရှိနေပုံမပေါ်။ မြတ်စောညီနောင်ဘုရားသို့ သွားကြသောအခါ ဆရာက တောင်ငူက စာပေသမားများနှင့်အတူ စကားတပြောပြော လျှောက်သွားရာ ကျွန်တော်တို့တောင် နောက်မှာပြတ်ကျန်ခဲ့သည်။ မောပန်းနွမ်းနယ်ပုံလည်းမရ။ သူ့ကျန်းမာရေးအတွက်လည်း သူ့ဘာသာဂုဏ်ယူဟန်တူသည်။
ဘုရားက အပြန်လမ်းမှာ တက္ကသိုလ်ပါမောက္ခချုပ်ဘဝက အတွေ့အကြုံများကို ပြောပြသည်။ ပရိုဗီမင်ဆေးပြား ထုတ်လုပ်သည့် စပီရူလိုင်းနားခေါ် စိမ်းပြာရေညှိကို အဏ္ဏဝါဇီဝဗေဒဌာနမှ လေ့လာခဲ့ရာမှာ ပါဝင်ကူညီခဲ့ပုံများ၊ ယခုတောင်ကြီးတက္ကသိုလ် တည်ရှိရာ မြေနေရာကိုရွေးချယ်ခဲ့ပုံများမှာ စိတ်ဝင်စားဖွယ်ဖြစ်၏။
နေ့လယ်ဘက် လက်ဖက်ရည်သောက်ချိန်မှာတော့ မူလ "မောင့်မူပိုင်ရှင်"ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးပေးခဲ့ပုံ၊ ခုနောက်ပိုင်းထိုဇာတ်ကားကို ပြန်ရိုက်ဖို့စီစဉ်တော့လည်း ရိုက်ကူးသူများက ဆရာ့ကိုဉာဏ်ပူဇော်ခ ထိုက်ထိုက်တန်တန်ပေးကြပုံတို့ ပြောပြသည်။ ထို့ပြင် ကျွန်တော်တို့ မသိသေးသော ကိစ္စတစ်ခုကိုလည်း ကြားရသည်။
"မောင့်မူပိုင်ရှင်"ဇာတ်ကား၏ ဇာတ်ဝင်သီချင်းဖြစ်သော "မေတ္တာစေကျွန်"နှင့် ပတ်သက်သော ကိစ္စဖြစ်၏။ မူလတုန်းက ထိုသီချင်းကို မြန်မာသံစဉ်ဖြင့် သီဆိုခိုင်းဖို့ ဆရာက စိတ်ကူးရှိခဲ့သည်။ နောက်မှ မင်းသားကောလိပ်ဂျင်နေဝင်း ကိုယ်တိုင် သီဆိုမည်ဖြစ်သောကြောင့် သူ့အသံနှင့်လိုက်ဖက်အောင် ကျူးန် ခေါ် နိုင်ငံခြားသံစဉ်သို့ ဂီတမှူးက ပြောင်းပေးခဲ့ခြင်းဖြစ်၏။ ဆရာက ထိုသီချင်းကို မူလစိတ်ကူးထားသော မြန်မာသံစဉ်ဖြင့် ဆိုပြခဲ့သေးသည်။ ပရိသတ်တွေထဲက မေတ္တာစေကျွန်သီချင်းကို မြန်မာသံနှင့်နားထောင်ဖူးတာ ကျွန်တော်တို့ လူစုသာရှိလိမ့်မည်ထင်၏။
ညဘက် ဟောပြောပွဲစတင်ချိန်က နည်းနည်းနောက်ကျသွားသည်။ ဟောပြောမည့်စာရေးဆရာက ငါးယောက်တောင်။ ရာသီဥတုက အတော်အေးသဖြင့် ဆရာ့ကို သိပ်ညဥ့်နက်တဲ့အထိ မနေစေချင်။ သူ့ကိုစောစောပြောပြီး ပြန်အနားယူခိုင်းလို့မဖြစ်။ ဟောပြောပွဲထုံးစံအရ အဓိကပုဂ္ဂိုလ်က နောက်ဆုံးမှ ပြောပြီးပွဲသိမ်းရသည်။ ဒီပွဲက ဆရာ့ပွဲဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ ကျန်လေးယောက် တိုင်ပင်ကြသည်။ ကျွန်တော်တို့၏ ဟောပြောချိန်များကို ချုံ့ပစ်လိုက်မည်။ ဆရာ့အတွက် အားရပါးရပြောနိုင်ဖို့ အချိန်လုံလောက်စွာရအောင် စီစဉ်ပေးလိုက်ကြသည်။ ဒါကိုဆရာက ရိပ်မိပြီး ကျွန်တော်တို့ကို အားနာစကားဆိုခဲ့သေးသည်။
ဆရာသည် ပညာတတ်၊ ပညာရှိ စာရေးဆရာကြီးဖြစ်၏။ သို့ရာတွင် ဟောပြောရာမှာ ပညာရှင်ဆန်သော အမူအရာဟန်ပန်မရှိ။ စကားလုံးကြီးကြီးကျယ်ကျယ်တွေမသုံး။ နက်နဲသော အနုပညာသဘောကို လူတိုင်း နားလည်အောင် ရိုးရိုးရှင်းရှင်းလေးပြောသွားသည်။ တစ်ခါတစ်လေ အရွှန်းဖောက်လိုက်သေးသည်။ ပရိသတ်တွေမပြောနဲ့ ကျွန်တော်တို့တောင် နားထောင်လို့မဝအောင် စွဲငြိသွားစေသည်။

* * *

အပြန်ခရီးမှာကျတော့ ဆရာသည် ခရီးပန်းသွားသောကြောင့်ထင်သည်။ စကားသိပ်မပြောတော့။ ကားပေါ်မှာ မှိန်းပြီးလိုက်ပါလာသည်။ ကျွန်တော်လည်း "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်"သီချင်းအကြောင်းကို အပြန်ကျမှမေးမယ်စိတ်ကူးခဲ့တာ။ အနှောင့်အယှက်ဖြစ်သွားမှာစိုးသဖြင့် မမေးဖြစ်တော့။ နောက်တစ်ခါ ဆုံမှမေးတော့မည်ဟု တေးထားလိုက်သည်။ (အဲဒီတုန်းကမေးလိုက်ရကောင်းသားဟု နောင်ကျမှ နှမြောတသစွာ တွေးမိ၏။)
စကားပြောလို့မရသောအခါ ဟိုဟိုဒီဒီတွေးနေလိုက်သည်။ နေမြင့်လာတော့ ဆရာ့မျက်နှာပေါ်ကို နေရောင်ထိုးကျလာသည်။ ထို့ကြောင့် ကားမှန်ပြတင်းက လိုက်ကာကို ဆွဲစေ့ပေးရင်း ဆရာ့ကို တစေ့တစောင်းကြည့်လိုက်မိ၏။ ကျွန်တော့်စိတ်ထဲ တစ်ယောက်ယောက်နှင့် တူသလိုလိုထင်မြင်လာမိသည်။
ဘဲမြီးဆန်ဆန် ခပ်ပါးပါးဆံပင်ပုံစံ၊ အသားညိုသယောင်ယောင်၊ ပိန်ပိန်သွယ်သွယ်၊ မျက်ခုံးကောင်းကောင်း ပေါ်လွင်ထင်ရှားသောနှာတံ၊ ပိရိသောနှုတ်ခမ်းများ။ ဟာ....အဖေနဲ့ တော်တော်ဆင်တာပါလား။ အထူးသဖြင့် ရှည်လျားကြံ့ခိုင်သော လက်ချောင်းများသည် ကျွန်တော်တို့အဖေ(ဦးသာဓု)၏ လက်ချောင်းများနဲ့ တထေရာတည်း။ ဒါကြောင့်လည်း ဆရာ့နားမှာ နေရတာ နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရတာကိုး။
(ဆရာမြသန်းတင့်ကိုလည်း မျက်နှာကျပုံ၊ အနေအထား အဖေနှင့်ဆင်သည်ဟု ထင်ခဲ့ဖူးသည်။ အဖေမရှိတော့တဲ့နောက်ပိုင်း ညိုညိုပိန်ပိန်စာရေးဆရာကြီးတွေကို အဖေနဲ့တူတယ်ထင်မိသော အစွဲအလမ်းမျိုးဝင်နေတာလည်း ဖြစ်ကောင်းဖြစ်မည်။ ပြောရင်းဆိုရင်း ဆရာစိန်ခင်မောင်ရီကိုလည်း သတိရမိပြန်၏။)

* * *

ဆရာက လူကြီးရယ်လို့ အခွင့်အရေးကို ပိုယူတတ်သူမဟုတ်။ သားတပည့်အရွယ်တွေဆိုပြီး အထက်စီးက ဆက်ဆံခြင်းမရှိ။ သူ့အယူအဆကိုပြောရမှာလည်း လက်ခံရမည်ဟု မတိုက်တွန်း။ ဆရာကတော့ ဒီလိုထင်တယ်ဟူ၍သာ ပြောတတ်သည်။
ကျွန်တော်သည် ဆရာနှင့် စကားပြောလို့ မဝသေး။ တောင်ငူဟောပြောပွဲကပြန်လာပြီးနောက် ဆရာ့ဆီတစ်ခါလောက်သွားပြီး စကားပြောရအောင်ဟု နီကိုရဲနှင့်ကျွန်တော်တိုင်ပင်ထားကြသည်။ ဆရာ့ဆီသွားလျှင် စားစရာတစ်ခုခုဝယ်သွားမည်။ ဆရာက အိန္ဒိယအစားအစာမျိုး ကြိုက်တတ်လိမ့်မည်ထင်သည်။ ကီးမားပလာတာ၊ ဒန်ပေါက်၊ ပူရီတစ်မျိုးမျိုးဝယ်သွားမည်။ ပြီးတော့ ဆရာကတော်ဖျော်တိုက်သော လက်ဖက်ရည်ကို ကပ်သောက်မည်ဟု စိတ်ကူးခဲ့သည်။ (ဆရာက အိန္ဒိယအစားအစာ တကယ်ကြိုက်မကြိုက်တော့မသိ။ ကျွန်တော့်အဖေကြိုက်တတ်သဖြင့် ဆရာလည်းကြိုက်မှာပဲ ထင်မိခြင်းဖြစ်၏။)
သို့ရာတွင် နီကိုရဲက မအားတာနဲ့၊ ကျွန်တော်က အဆင့်သင့်မဖြစ်တာနဲ့ပဲ တော်တော်နှင့်မသွားဖြစ်။ တကယ်သွားဖြစ်ပြီဆိုတော့ ဆရာ့အိမ်ကိုမဟုတ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး။
ဆရာဆေးရုံတက်နေသဖြင့် ကျွန်တော်ရောက်သွားသည်။ ဆရာ့ကို အထူးခန်းမှာ ထားပေးသဖြင့် ကျေနပ်မိသည်။ သို့ရာတွင် ဧည့်သည်တွေက များလွန်းသည်။ ဒီလိုအခန်းမျိုးမှာက လူနှစ်ယောက် သုံးယောက်ထက် ပိုမရှိသင့်။ သို့တိုင်အောင် ဆရာ့ကို တွေ့ချင်သူတွေကို အလှည့်ကျသာခွင့်ပြုမည်ဆိုလျှင် ကိုယ့်အလှည့်ရောက်ဖို့ တစ်နာရီလောက် စောင့်ကောင်းစောင့်ရပေလိမ့်မည်။
ကျွန်တော်ရောက်သွားတော့ အခန်းထဲမှာ လူများနေသဖြင့် ရှင်းမှဝင်တော့မည်ဆိုပြီး မှန်တံခါးအပြင်ဘက်မှာပင် ရပ်နေလိုက်သည်။ စာပေသမားတစ်ယောက်က ကျွန်တော့်ကိုမြင်သွားပြီး လက်ယပ်ခေါ်သဖြင့် ဝင်သွားလိုက်သည်။ အခန်းထဲမှာ လူများလွန်းသဖြင့် လေအေးစက်တောင်မနိုင်တော့ဘဲ အိုက်စပ်စပ်ဖြစ်နေသည်။ ဆရာ့ကို ယပ်ခတ်ပေးနေရသည်။
ဆရာ့ကျောကုန်းကို နံ့သာဖြူလား၊ ကရမက်လားမသိ။ လိမ်းပေးနေတာတွေ့ရသည်။ ဆရာ့ကျောကုန်း ပိန်ပိန်လေးကလည်း အဖေနဲ့တူလိုက်တာဟု အရေးထဲမှာတွေးမိပြန်သည်။ ဆရာက စကားသိပ်မပြော။ မျက်စိမှိတ်ပြီး မှိန်းနေသည်။ ကျွန်တော်ကလည်း ဆရာ့ကို အနှောင့်အယှက်မပေးလိုသဖြင့် ခုံတန်းကလေးမှာ ထိုင်နေလိုက်သည်။
ခုတင်ပေါ်မှာ လှဲနေသော ဆရာ့ကိုကြည့်ရင်း -
"အဖေနဲ့တူလိုက်တာ"
ဟု လွှတ်ခနဲပြောမိ၏။
ဆရာ့သားကိုကျော်ဇင်၏ ဇနီးဖြစ်သူ မဝိုင်းဝိုင်းက -
"ဆရာဦးသာဓုဆုံးတော့ အသက်ဘယ်လောက်ရှိပြီလဲ"
ဟုမေးသည်။
"ခုနစ်ဆယ့်သုံးနှစ်"
ကျွန်တော်ဖြေလိုက်တော့ သူခဏမျှငိုင်သွားသည်။ ပြီးမှ -
"ဖေဖေလည်း ခုနစ်ဆယ့်သုံးထဲမှာပဲ"
ဟု ခပ်တိုးတိုးပြောသည်။ စိုးရိမ်နေသော လေသံမှန်းသိသာ၏။

* * *

သိပ်မကြာခင်မှာပင် ဆရာဆုံးကြောင်း သတင်းကြားရသည်။ ဆရာ့ဈာပနသည် စည်ကားလှ၏။ အနုပညာနယ်ပယ်၊ ပညာရေးနယ်ပယ်စသော ဆရာကျင်လည်ခဲ့ရာ အသိုင်းအဝိုင်းမှ အားလုံးလိုလို လာရောက်ဂါရဝပြုကြသည်။ ပြီးတော့ သူပြုစုပျိုးထောင်ခဲ့သော ကံ့ကော်ပွင့်များ၊ စိန်ပန်းပြာများ၊ ချယ်ရီပန်းများ၊ မယ်ဇယ်ပွင့်များနှင့် စွယ်တော်ရွက်များငိုကြွေးကြသည်။
ရက်လည်တဲ့နေ့ကျတော့ သန်လျင်က ဆရာ့အိမ်မှာ ကိုကျော်ဇင်နှင့်အချိန်အတော်ကြာအောင် စကားပြောဖြစ်၏။ ဆရာသည် ဝိပဿနာတရားရှုမှတ်နေရင်း နွေညများကို စွန့်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသဖြင့် စိတ်သက်သာရာရသည်။
ဆရာ၏နောက်ဆုံးအချိန်သည် ဆရာ့ဝတ္ထုဇာတ်သိမ်းခန်းတွေလိုပင် သပ်သပ်ရပ်ရပ် ညက်ညက်ညောညောရှိပြီး ဆွတ်ပျံ့ဖွယ်ဖြစ်၏။ ထို့အတူ ကျန်ရစ်သူတွေအဖို့လည်း ဆရာ၏ "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်"သီချင်းထဲကလို -
"လွမ်းမောသီကရီ...မေ့မရလေပြီ"

မင်းလူ
-----------------------------------
(လွမ်းတေးကို သူပင်သီရော့မည်
အမှတ်တရ တက္ကသိုလ်ဘုန်းနိုင်၊
မေလ၊ ၂၀၀၃)
Read More...

Tuesday, August 20, 2013

အ ခွ င့် အေ ရး ဆို တာ ကိုယ်တော်နေတိုင်းလည်းမရဘူးဆိုသူ သင်ဇာဝင့်ကျော်

Leave a Comment

သင်ဇာဝင့်ကျော်က ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး) ရိုက်ကူးတဲ့ 'အမိုက်စား' ရုပ်ရှင်ကို သူထူးစံ၊ကျော်ကျော်ဗို၊ခန့်စည်သူ၊ မိုးမိုး၊မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည်၊ နန်းဆုရတီစိုးတို့နဲ့ ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က "ဒီဇာတ် ကားကိုပြန်ကြည့်တဲ့အခါမှာ ကျေနပ် အားရမှုရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်ခဲ့တယ်ဆိုပေမယ့် ပလော့(ခ်)လေးတွေ၊ သရုပ်ဆောင် မှု လေးတွေက ရယ်နေရတုန်းပဲ။ အဝတ်အစားပိုင်းတော့ နည်း နည်း အောက်သွားတယ်" လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်က "ရုပ်ရှင်ကားကြီးလည်း သင်ဇာ သိပ်ရိုက်ကူးရတာ မဟုတ်ဘူး။ ရုပ်ရှင်ကား ကြီးဆိုတာ အခါအခွင့် ရရင် မှတ်တိုင်တစ်ခုစိုက် ဖို့ အခွင့်ရေးရမှာပါ။ အခွင့် အရေးကလည်းကိုယ်တော် နေတိုင်းမရဘူး" လို့ ပြောပါတယ်။သင်ဇာဝင့်ကျော်က အနုပညာအ လုပ်၊ပေါ်ထားတဲ့ စိတ်ထားနဲ့ပတ် သက် ပြီး "ဒီဟာက ကိုယ့်အလုပ်၊ ကိုယ့်ကို ထမင်း ကျွေးနေ တဲ့ အလုပ်ဖြစ် နေတဲ့အတွက်ကြောင့် မို့ တန်ဖိုးထားတယ်။ ကောင်းေ ကာင်းလုပ် တယ်။ အလုပ်ပေါ်မှာ စေတနာထားပြီး လုပ်တယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာရော အပြင်အချိန်တွေမှာရော အနန္တငါးပါးကို မမေ့ဘူး။ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ဘူး။ ဘာသာရေးအမြဲလုပ်ရင် အလုပ်မှာအမြဲအဆင် ပြေပါတယ်။အရင်တုန်းက အနုပညာ အလုပ်လုပ် ရင် သူများသင်ပေးတဲ့အတိုင်း ကိုယ့်ဘာသာကို မှန်းပြီးလုပ်ရတယ်။
မတတ်ဘူး။ ဒါပေမဲ့လည်း စမ်း ပြီး လုပ်ကြည့်တယ်။ အခုကျတော့ တအားကြီး သိနေတာလည်း မဟုတ်သေးဘူး။ နားလည်ပြီး လုပ် သွားတယ်။ သင်ဇာအစပိုင်းကတော့ အနုပညာအလုပ် လုပ်တာ အခက်အခဲတွေ အများကြီးပါ။ ကိုယ်က ဘာမှ မသိ ဘဲနဲ့ အနုပညာလောကထဲ ဝင်လာ တာလေ။ အနုပညာမျိုး ရိုးဆိုလို့ မနဝရတ်တစ်ယောက်ပဲရှိတာ။ သူကလည်း သူ တတ်နိုင်သလောက်သင့်ဇာကို လက်တွဲခေါ်ပေးပါတယ်" လို့ ပြောပါတယ်။
Read More...

Monday, August 19, 2013

ဆိုတေးကို မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင်မှာပဲ ကုသနေဆဲ ဖြစ်ပြီး ပုံမှန်အနေအထား ရောက် မလာသေး

Leave a Comment





တေးသံရှင်ဆိုတေး သတိရလာပြီ ဆိုပေမယ့် သူနဲ့အတူ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ သူချစ်သူ
 ချောချော သေဆုံးမှုကို မသိသေးဘူးလို့ ဆိုတေးရဲ့ အဒေါ် ဒေါ်ချို ဆီက သိရပါတယ်။

“ချောချော သေဆုံးတဲ့ ကိစ္စကို ပြောဖို့လောက် အထိ သတိမရသေးဘူး။ စကားလည်း မပြောနိုင်သေး
ဘူး။ သတိကလည်း အကောင်းကြီး မဟုတ်သေးဘူး။ အန်တီတို့ ပြောတာကို ခေါင်းခါ တယ်၊ ခေါင်း
ညိတ် တာ လောက် ပဲ ရှိတယ်။ သေချာ မသိ သေးဘူး။ ဒီကိစ္စ ကိုလည်း ကောင်းကောင်းကြီး သတိမ
ရသေးတော့ ပြောလို့မရသေးဘူးပေါ့။ သတိရ ခဲ့ရင်တောင် ချောချော သေတာ ဘယ်ပြောလို့ ဖြစ်မလဲ”
လို့ ဒေါ်ချိုက ပြောပြပါတယ်။

ဆိုတေးကို မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင်မှာပဲ ကုသနေဆဲ ဖြစ်ပြီး ပုံမှန်အနေအထား ရောက်
မလာသေးဘူးလို့ သိရပါတယ်။လက်ရှိမှာ နှလုံး အထူးကု၊ အာရုံကြော အထူးကု ဆရာဝန်တွေနဲ့ ကုသ
aနရ သေးပေမယ့် လည်း နိုင်ငံခြားမှာ ဆေးသွားကုဖို့ လုံးဝ အစီအစဉ်မရှိဘူး လို့ ဒေါ်ချိုက ပြော ပါ
တယ်။

“ဖြစ်ဖြစ်ချင်းထက် စာရင် ပိုကောင်းပါတယ်။ ပုံမှန်လိုမျိုးတော့ သတိတော့ ကောင်းကောင်း မရသေး
ဘူး။ စကားလည်း မပြောနိုင်သေးဘူး။ မျက်လုံးကလည်း လူကောင်းတွေလိုမျိုး မဖွင့်နိုင်သေးပါဘူး။
ဆရာဝန်ကြီးတွေကတော့ နည်းနည်း ထပ် ကုသရဦးမယ် ပြောတယ်။ ပုံမှန်အနေအထား ရဖို့တော့
ခက်ခဲဦးမယ်။ စိတ်တော့ရှည်ရမယ် ပြောတယ်။ အဓိက ကတော့ အာရုံကြောထိတာပေါ့” လို့ သူက
ဆက်ပြောပါတယ်။

ခွဲစိတ်ပြီး ၃ ရက်အကြာမှာ သတိပြန်ရလာပြီး ကိုယ်လက်တွေလည်း လှုပ်ရှားလို့ ရတယ်လို့ သိရပါတယ်။
ဆိုတေးကို ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေထဲက တဦးဖြစ်တဲ့ မန္တလေးဆေးရုံက တာဝန်ရှိ ဆရာဝန်
တဦးက လက်ရှိ အခြေအနေကတော့ တိုးတက်မှုရှိကြောင်းနဲ့ အာရုံကြောတွေ ထိခိုက်သွားတဲ့အ တွက်
ပုံမှန်အနေအထား ပြန်ရောက်ဖို့ အချိန် ကြာကြာ ယူဖို့ လိုတဲ့အကြောင်း ရှင်းပြပါတယ်။


“အခုအချိန်မှာတော့ သူ့ကိုကြပ်မတ်ဆောင်ထဲ မှာပဲ ကုသနေတုန်းပါပဲ။ ကိုယ်လက်တွေတော့ လှုပ်ရှား
နိုင်တယ်။ မှတ်ဉာဏ် အနေနဲ့ကတော့ အရင်က ဖြစ်တာထက်စာ ရင် တော်တော် ကောင်း လာပါတယ်။
အရှင်းကြီး ပျောက်ဖို့တော့ နည်းနည်း ကြာမယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။

ဆိုတေးနဲ့ ပတ်သက်မှုရှိတယ်လို့ ဆိုလာတဲ့ ထိုင်းနိုင်ငံက ချိုချို ဆိုတဲ့ အမျိုးသမီးနဲ့ ပတ်သက်လို့ အုပ်
ထိန်းသူတွေရဲ့ သဘောထားကို မေးကြည့်တဲ့အခါ ဘာမှပြောစရာမရှိဘူးလို့ပဲ သူ့အဒေါ်ဖြစ်သူက ဆိုပါ
တယ်။

တေးသံရှင် ဆိုတေးဟာ ၂၀၁၁ ခုနှစ်မှာ မီးအိမ်ရှင်စီးရီးနဲ့ ဂီတလောကထဲ ရောက်ရှိလာခဲ့ပြီး ၂၀၁၃ ဇူ
လိုင် ၁၃ ရက်နေ့မှာ အဝေးပြေးကားလမ်း၊ အမြန်လမ်းမကြီး မိုင်တိုင်၂၉၁/ ၃ မှာ ယာဉ် မတော်တဆ
မှု ဖြစ်ခဲ့ပါတယ်။ ၁၄ ရက်နေ့မှာ ဦးခေါင်းပိုင်း ကို မန္တလေး ဆေးရုံမှာခွဲစိတ်ခဲ့ရပြီး  ဇူလိုင် ၁၇
ရက်နေ့မှာ သတိ ပြန်ရလာခဲ့ပါတယ်။ ချစ်သူ ချောချောကတော့ ဇူလိုင်၁၃ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့ပါ
တယ်။

Read More...

Friday, August 16, 2013

ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ဖွေးဖွေး"

Leave a Comment

"ဒါရိုက်တာဝိုင်းရဲ့ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ဖွေးဖွေး"

ဖွေးဖွေးက လတ်တလောမှာ တော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးတဲ့ "ရင်ဘတ်ဖွင့်တဲ့သော့" ဇာတ်ကားကို အောင်ရဲလင်းနဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကားမှာ ဖွေးဖွေးက အောင်ရဲလင်းရဲ့ ရည်းစား တစ်ယောက်
အဖြစ် သရုပ်ဆောင်ထားပြီး ဒါရိုက်တာညိုမင်းလွင်နဲ့ ပထမဦးဆုံး ဆုံတွေ့တဲ့ ကားလေးဖြစ်ကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းတွေကို အရင်ကထက်ပိုပြီး ရွေးချယ်ဖြစ်ကြောင်း ဖွေးဖွေးက ပြောပါတယ်။

"ဇာတ်ညွှန်းကို အရင်ရအောင် ကြိုတောင်းဖြစ်တယ်။ အရင်ကထက် ပိုပြီး စိစစ်ပြီး ရိုက်သွားမှာပါ။ ဖွေးဖွေးက ဗီဒီယို စရိုက်ကတည်းက ကားရိုက် အရေ အတွက် များများထက် အရည်အသွေး ကောင်းကောင်းလေး
ဲ့ ထွက်ချင်တဲ့ စိတ်ရှိတယ်။ အဲဒီအတွက် ကိုယ်ကိုယ်တိုင် စိစစ်ရတယ်။ တစ်လကို သုံးကားလောက်ပဲ အများဆုံးရိုက်တယ်။ ဖွေးဖွေးက သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။ ဘယ်ဟာမဆို ဇာတ်နဲ့လိုက်အောင်သရုပ်ဆောင်တယ်"လို့ ပြောပါတယ်။ သရုပ်ဆောင် အပြင် ကြော်ငြာ မှာပါ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ဖွေးဖွေး ကကြော်ငြာရော၊ သရုပ် ဆောင်ရော အလုပ်တိုင်းကို အကောင်းဆုံး အားထုတ်ကြောင်းပြောပါတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့ အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..

"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်တယ်" လို့ ပြောပါ တယ်။ ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ Dozo Fashion Shop က အဝတ် အစား ဒီဇိုင်းတီထွင် ဖန်တီးပေးမှာ ဖြစ်ပြီး မိတ်ကပ်ကိုတော့ Helloက ကူညီ ပံ့ပိုးပေးမှာဖြစ်ကြောင်း ဖွေးဖွေးက ပြောပါတယ်။ ရန်ကုန်မှာ ပထမဦးဆုံး အကြိမ် အကယ်ဒမီပေးပွဲတကရောက် မှာဖြစ်ကြောင်းပြောတဲ့ဖွေးဖွေးက "ဖွေးဖွေး အနုပညာအလုပ်စလုပ်ကတည်းက ဒီပွဲနဲ့ပါဆိုရင် စုစုပေါင်း သုံးပွဲရှိပြီ။ ဒီတစ်ကြိမ်က တတိယ အကြိမ်မြောက် တက်မှာ။ ရန်ကုန်မှာ ပထမဦးဆုံးကြုံ ဖူးတာဆိုတော့ ပွဲရောက်မှ ခံစားချက်သိမှာ။ နေပြည်တော် မှာကျတော့ ခရီးတွေစုသွားကြတာက အမှတ်တရပေါ့။ ပြည်တွင်းမှာပဲ ဆိုတော့ အလုပ်သိပ် မများတော့ဘူးလေ"လို့ ပြောပါတယ်။
တွယ်တာ

Read More...

မင်းသားကြီး “ရွှေဘ”

Leave a Comment

ရွှေဘကွ !
———–
မင်းသားကြီး “ရွှေဘ” ဆိုရင် ဒီခေတ်လူငယ်တွေ ကြားဘူးတဲ့သူ သိပ်မရှိလောက်တော့ဘူး။ကျွန်တော်တို့ ငယ်ငယ်ကတော့ “ရွှေဘ” ဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ သိပ်ရေပန်းစားခဲ့တဲ့ အက်ရှင် မင်းသားကြီးပေါ့ဗျာ။ အထိုးအကြိတ် ၊ အသတ်အပုတ် ၊ ဆိုင်ကယ်စီး ၊ ဒိုင်ဗင်ပစ် ၊ အကြမ်းအရမ်းအစုံအလင်ကို လူစားမထိုးဘဲ ကိုယ်တိုင် သက်စွန့်ဆန်ဖျား ရိုက်ကူးခဲ့တဲ့ မင်းသားကြီးပေါ့ဗျာ။ရုပ်ကလည်း နှာတံပေါ်ပေါ် ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း ၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်း နဲ့ တကယ့် အမျိုးသမီးကြိုက် မင်းသားကြီး တစ်ဆူပေဘဲ။အဲဒီတုန်းက မင်းသားကြီး ရွှေဘ နဲ့ တွဲဘက် မင်းသားကြီးတစ်ဦးလည်း ရှိသေးသဗျ။ “တင်ညွှန့်” ဆိုတဲ့ မင်းသားကြီး ဦးတင်ညွှန့်ပါဗျား။ သူနဲ့ ရွှေဘနဲ့က အတူတွဲဖက် သရုပ်ဆောင်ကြတာ များပါတယ်။ “ရွှေဘ နဲ့ တင်ညွှန့်” ဆိုရင် အဲဒီခေတ်က ကလေး ၊ လူကြီး ပါးစပ်ဖျားမှာ အလွန်ရေပန်းစားခဲ့တဲ့ အတွဲပေါ့ဗျာ။မင်းသားကြီး ရွှေဘ အလွန်နာမည်ကြီးတဲ့ အချိန်တွေက ကျွန်တော်အသက် (၅)နှစ် (၆)နှစ်လောက်ဘဲ ရှိဦးမယ် ထင်ပါတယ်။ ငယ်ငယ်က ကလေးတို့ဘာဝ ကစားနည်းပေါင်းစုံနဲ့ ကစားကြတဲ့အထဲမှာ “နောင်ဂျိန်ချတန်း” ကစားတယ် ဆိုတာလည်း ရှိသဗျ။ နောင်ဂျိန်ချတမ်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြ ကြိတ်ကြတာပါဘဲဗျာ။အဲဒီလို နောင်ဂျိန်ချတမ်းကစားကြပြီဆိုရင် “ရွှေဘ” လုပ်ချင်သူကသာ များပြီး “တင်ညွှန့်” လုပ်ချင်တဲ့သူ မရှိဘူးဗျ။ ဒါကြောင့် နောက်ဆုံးတော့ ရွှေဘ နေရာကို တစ်ယောက်တစ်လှည့်စီ မဲချပြီးယူကြမှ ကစားပွဲ ဖြစ်မြောက်တော့သဗျို့။ရွှေဘကား ရုံတင်ပြီဟေ့ ဆိုတာနဲ့ တောရောမြို့ပါ အုန်းအုန်းကြွက်ကြွက် ရုံပြည့်လျှံအောင် အားပေးကြတာ ကလား။ ကျွန်တော်တို့မြို့ကလေးမှာ ဇာတ်ကားတစ်ခု ရုံတင်ရင် (၃)ရက်လောက်ဘဲ ပြရတဲ့အချိန်မှာ ရွှေဘ ကားဆိုရင်တော့ တစ်ပါတ် (၁၀)ရက်လောက်တော့ အသာကလေးဗျ။ နယ်လုံးကျွတ်အောင် ၀က်ဝက်ကွဲ အားပေးကြတာ။ရွှေဘကို ချစ်တဲ့ ပရိတ်သတ်တွေကလည်း ဘယ်လောက်ချစ်ကြသလဲဆိုရင် ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသားကြီး ရွှေဘက လူဆိုးတွေကို ဆုံးမ,ထိုးကြိတ်ပြီဆိုရင်တော့ လက်ခေါက်မှုတ်သံ တရွှီရွှီ ၊ လက်ခုတ်သံ တဖြောင်းဖြောင်းပေါ့ဗျာ။အဲ- ရွှေဘက ခံရပြီဆိုတဲ့ အလှည့်ဆိုရင်တော့ အောက်က ပရိတ်သတ်က “ဟေ့ တော်တော့ကွ ၊ မတရားမလုပ် နဲ့ ၊ တော်လောက်ပြီ” ဆိုတာက တစ်မျိုး ၊ “ကိုရွှေဘ – ဘာလို့ခံနေတာလဲ ပြန်ချပါတော့လား ၊ လုပ်တော့လေ” ဆိုတာက တစ်ဖုံ ၊ အဲသည်လိုမျိုး။တစ်ခါကလည်း ရွှေဘက ရှေ့က လူဆိုးတစ်ယောက်နဲ့ ထိုးကြိတ်နေတုန်း နောက်ကနေ လူဆိုးတစ်ယောက်က တုတ်နဲ့ ရိုက်ဖို့ ပြေးဝင်လာတော့ ပရိတ်သတ်ထဲကနေ “ကိုရွှေဘ ရေ ၊ မြန်မြန်ရှောင်လိုက် ၊ နောက်မှာ ခင်ဗျားကို ရိုက်တော့မယ် ၊ နောက်ကိုကြည့် – နောက်ကိုကြည့်” ဆိုပြီး မချင့်မရဲနဲ့ ထ အော်ကြတာမျိုးကိုလည်း ကျွန်တော် ကြားဘူးမှတ်ဘူးခဲ့ရပါသဗျာ။တစ်ခါတုန်းကလည်း ဇာတ်ကားတစ်ခုမှာ မင်းသားကြီးရွှေဘက လူဆိုးတွေ နှိပ်စက်တာကို လှိမ့်ပိန့် ခံနေရတာ အချိန်ကကြာလာတော့ အောက်က ပွဲကြည့်ပရိသတ်ကြီးက မခံမရပ်နိုင်ဖြစ်ပြီး ရုပ်ရှင် ပိတ်ကားကို ပြောင်းဖူးရိုးနဲ့ ပေါက်သူပေါက် ၊ ခဲနဲ့ ထုသူထု ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလို့ ရုပ်ရှင်ပြတာကို ခဏရပ်ပြီး အသံချဲ့စက်နဲ့ ဒီလို အော်ရတယ်ဆိုဘဲ။“ရွှေပွဲလာ ပရိတ်သတ်ကြီးခင်ဗျား ၊ အခုအချိန်မှာ မင်းသားကြီးရွှေဘ ခံနေရပေမယ့် သိပ်မကြာခင်မှာဘဲ မင်းသားကြီး ရွှေဘအလှည့်ကို ပြန်ရောက်တော့မှာပါ ခင်ဗျား ၊ သူ့ကို နှိပ်စက်သူတွေကို ပြန်ပြီး ဆုံးမမယ့်အလှည့်ကို မကြာခင်ဘဲ ရောက်တော့မှာမို့ အခုအချိန်လေးကို သည်းခံပြီး စောင့်စားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား” လို့ ဆိုပြီး ပွဲကို ထိန်းလိုက် ရတယ်ဆိုဘဲ။မင်းသားကြီး ရွှေဘကို တစ်နိုင်ငံလုံးလိုလို ကြိုက်ကြပေမယ့် ကျွန်တော်ကြားဘူးသမျှထဲမှာတော့ မကွေးတိုင်း “မင်းလှမြို့” ကတော့ ရွှေဘကို တစ်ကယ့်ကို အသဲစွဲဆိုဘဲ။ ရွှေဘကား ရုံတင်ပြီဟေ့ ဆိုတာနဲ့ နယ်ဘက်က ပရိတ်သတ်တွေ နေ့လည်လောက်ကတည်းက ခြေကျင် , စက်ဘီး ၊ နွားလှည်း တွေနဲ့ မြို့ပေါ်ကို အုပ်လိုက် အုပ်လိုက် ချီတက်လာကြတော့တာဘဲတဲ့။ (နယ်တွေမှာက ရုပ်ရှင်ကို နေ့ဘက် မပြဘူးလေ ၊ ညဖက်ဘဲ ပြတာကိုး)ငိုအားထက် ရယ်အားသန် ဆိုသလို အဖြစ်အပျက်တစ်ခု ကြားဘူးလိုက်သေးတယ်။ အဲဒီ ရွှေဘကို အလွန်ကြိုက်တဲ့ မင်းလှမြို့မှာ တစ်ခါတော့ အင်္ဂလိပ်ကားတစ်ခု ၀င်လာတယ်ဗျ။ မင်းသားက ခေသူ မှတ်လို့လား။ နောင်အခါမှာ “ဂျိမ်းစ်ဘွန်း” လို့ နာမည်ကြီးလာမယ့် မင်းသားကြီး “ရှောင်ကွန်နရီ” ပေါ့ဗျ။အဲဒီတုန်းက သူ့ရဲ့ ပထမဆုံးကားဖြစ်တဲ့ Dr.No ဇာတ်ကားကြီး မင်းလှမြို့မှာ ရုံတင်ပါလေရောဗျာ။ ဒါပေမယ့် ကြည့်မယ်လူ မရှိဘူးဗျ။ ဒုတိယနေ့ ဆက်ပြတော့လည်း ဒီလိုဘဲ လူက ခပ်ကြဲကြဲဘဲ။ အင်္ဂလိပ်ကား ဆိုတော့ အင်္ဂလိပ်စကား နားမလည်တာလည်း ပါမှာပေါ့ဗျာ။ ဒါနဲ့ ရုပ်ရှင်ရုံပိုင်လည်း ကြံရတော့တာပေါ့။ နောက်တော့ အကြံတစ်ခုရတာနဲ့ နောက်နေ့မှာ “ကြော်ငြာလှည့်” တဲ့ အချိန်မှာ ဒီလို ဒီလို ပြောကြကွာဆိုပြီး ကြော်ငြာသမားကို အကြံပေးသတဲ့။ဒီနေရာမှာ “ကြော်ငြာလှည့်တယ်” ဆိုတဲ့စကားကို ရှင်းပြရဦးမယ်။ ကျွန်တော်တို့ နယ်မြို့လေးတွေမှာ ဇာတ်ကားသစ် တစ်ခု ရုံတင်ရင် အဲဒီဇာတ်ကားနာမည် ၊ ပါဝင်တဲ့ မင်းသားမင်းသမီးတွေ နဲ့ ဇာတ်လမ်းအကျဉ်းလေးကို အခုခေတ် လက်ကမ်းစာစောင်တွေ ဝေသလို “မြင်းလှည်း” နဲ့ လှည့်ဝေသဗျ။ရိုးရိုးဝေတာ မဟုတ်ဘဲ “ကြော်ငြာအပြောကောင်းတဲ့” လူတစ်ယောက်ကနေ ဇာတ်လမ်းက ဘယ်လို ၊ ဘယ်ညာ ၊ စသည်ဖြင့် မြင်းလှည်းပေါ်ကနေ အသံချဲ့စက်နဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ဇာတ်ကားကို ကြည့်ချင်လာအောင် မဲဆွယ်ပြီး ကြော်ငြာစာရွက်တွေ လိုက်ကြဲတာကို “ကြော်ငြာလှည့်” တယ်လို့ ခေါ်ကြပါတယ်။ကျွန်တော်တို့ကလေးတွေကတော့ ကြော်ငြာလှည့်လာပြီဆိုရင် သိပ်ပျော်တာလား။ မြင်းလှည်းနောက်ကနေ ကြဲချတဲ့ ကြော်ငြာစာရွက်တွေ လိုက်လုကြတာလေ။ဒီလိုနဲ့ ကမ္ဘာကျော် မင်းသားကြီး ဂျိစ်းစ်ဘွန်း ခမျာလည်း အပွဲပွဲ နွဲလာခဲ့သမျှ မင်းလှမြို့ကို ရောက်မှ “ရွှေဘ” ကို မယှဉ်နိုင်ဘဲ နာမည်ပျက်ရတော့မယ့် ကိန်း ဆိုက်ရတော့တာပါဘဲဗျာ။ ဒီတော့ စောစောကပြောသလို နောက်နေ့ကြော်ငြာလှည့်တော့ ခါတိုင်းလို မကြော်ငြာဘဲ ဒီလို ကြော်ငြာလိုက်တယ် ဆိုဘဲ။“ချစ်စွာသော ရွှေပွဲလာ ချစ်ပရိတ်သတ်များခင်ဗျား။ ယနေ့ည ရုံတင်ပြသမည့် ကမ္ဘာကျော် မင်းသားကြီး ဂျိမ်းစ်ဘွန်းပါဝင်သရုပ်ဆောင်ထားသည့် “ဒေါက်တာနိုး” ရုပ်ရှင်ကားကြီးဟာ ဆိုရင်ဖြင့် သာမန် ရုပ်ရှင်ကားကြီး မဟုတ်ပါဘူးခင်ဗျာ။ ရန်ကုန်မြို့မှာ ရုံတင်ပြသခဲ့တုန်းကဆိုရင် ပြည်တော်ချစ် မင်းသားကြီး ဦးရွှေဘကိုယ်တိုင် (၇)ရက်တိတိ အားပေးကြည့်ရှုခဲ့သော ရုပ်ရှင်ကားကြီး ဖြစ်ကြောင်းပါခင်ဗျား” ဆိုပြီးလည်း ကြော်ငြာလှည့်လိုက်ပါရော -ဘာပြောကောင်းမလဲ “ရွှေဘတောင်မှ (၇)ရက် ကြည့်ရတဲ့ ဇာတ်ကားကြီးဆိုတော့ သာမန်ညောင်ညတော့ မဟုတ်လောက်ပေဘူး” ဆိုပြီး ညဖက်လည်း ရောက်ရော တောနေလှေအောင်း မြင်းဇောင်းမကျန်ဆိုတာလို ရုံပြည့်လျှံအောင် အားပေးလိုက်ကြတာ ဆိုဘဲ။ အဲဒီလောက်ထိအောင် မင်းသားကြီး ရွှေဘရဲ့ အရှိန်အ၀ါက ကြီးခဲ့ပါသဗျား။ဘာရယ်တော့ မဟုတ်ပါဘူး။ အခုခေတ် ဟောလီဝုဒ်က Action မင်းသားတွေ ကမ္ဘာနဲ့ ချီပြီး နာမည်ကျော်ကြားနေကြတာကြည့်ရင်း မြန်မာနိုင်ငံမှာလည်း တစ်ခေတ်တစ်ခါက ဂျိန်းစဘွန်းမင်းသားတောင် မှ မတိုးနိုင်တဲ့ နိုင်ငံကျော် အက်ရှင်မင်းသားကြီး “ဦးရွှေဘ” ဆိုတာ ရှိခဲ့ဘူးကြောင်း နှောင်းလူတို့ သိစေချင် လို့ စပ်မိစပ်ရာ ဘာညာကွိကွ ရေးလိုက်ရခြင်းပါ။နှောင်းခေတ်မှာတော့ ရွှေဘနဲ့ ပတ်သတ်ပြီး စကားတစ်ခွန်းတော့ ပြောစမှတ် ကျန်ခဲ့ပါတယ်။အောင်မြင် ထင်ပေါ်ကျော်ကြားနေတဲ့ လူတစ်ယောက်ဟာ ကံမကောင်းအကြောင်းမလှလို့ကံနိမ့်သွားရာကနေ ပြန်ပြီးတက်လာရင် ပြောလေ့ရှိတဲ့စကားလေးဗျ။
“နောက်ဆုံးတော့ ရွှေဘက ရွှေဘပါဘဲ” တဲ့။
ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
credit to : ကွန်ပျူဗေဒ သုခုမ
Read More...

Thursday, August 15, 2013

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြီးမှူး၍ SEA Games Opening Activities Live Show (ပြိုင်ပွဲ)နှင့် ဟာသပြဇာတ်

Leave a Comment

ရန်ကုန်   သြဂုတ်   ၁၄
ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြီးမှူး၍ SEA Games Opening Activities Live Show (ပြိုင်ပွဲ)နှင့် ဟာသပြဇာတ်ကို  သြဂုတ် ၂၃ ရက် ည ၇ နာရီမှ  ၁၁ နာရီအထိ  အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတွင် ဇော်ဝင်းထွဋ် (Em- peror တေးဂီတအဖွဲ့)၊ ထူးအယ်လင်း၊ ဖြိုးကြီး၊ ထွန်းထွန်း၊ ရဲလေး၊ စောခူဆဲ၊ ဗညားဟန်၊ ဖိုးသောကြာ၊ ဟဲလေး၊ ဒီယံ၊ ဘန်နီဖြိုး၊ ဝေလျံ၊ မေခလာ၊ စိုးစန္ဒာထွန်း၊ ယုဇန၊ သီရိဆွေ၊ ချမ်းချမ်း၊ နီနီ ခင်ဇော်၊ နေနေ၊ ပန်းအိဖြူ၊ ပန်ဆုပြည့်ကျော်၊ စိမ့်နေခြည်၊ စိမ်းလဲ့လဲ့၊ ကျော့ကေခိုင်၊ မေသက်ထားဆွေနှင့် အဖွဲ့တို့က တေးဂီတဖြင့် ဖျော်ဖြေမည် ဖြစ်ပြီး နန်းခင်ဇေယျာက Presenter ပြု လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ဒါရိုက်တာ မောင်သီ၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်၊ အိချောပို၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဧရာ၊ ပေါ်လေး၊ နောက်တိုး၊ ချစ်ချော၊ ပွမ်ပွမ်၊ ဟားငါးယောက်နှင့် ဟာသ သရုပ်ဆောင် ပေါင်းများစွာ ပါဝင်မည် ဖြစ်သည်။
သြဂုတ် ၁၇  ရက်မှ  စတင်၍ လက်မှတ်များကို M 150 အားဖြည့် အချိုရည်ပုလင်း Label အခွံတစ်ခု သို့မဟုတ် Super Coffeemix အိတ်ခွံသုံးခု သို့မဟုတ် Yum Yum အိတ်ခွံ နှစ်ခု တို့ဖြင့် ADMA Media ရုံးအမှတ် (၅ဝ) သမာဓိလမ်း မေတ္တာညွန့်ရပ်ကွက် တာမွေမြို့နယ်၌   လဲလှယ်နိုင်ပြီး သြဂုတ် ၂၂ ရက်တွင် ဒေါ်ဝင်းအထည်ဆိုင် (ယုဇနပလာဇာ)၌ လက်မှတ် များကို အခမဲ့သွားရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။
Read More...

Monday, July 8, 2013

ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

Leave a Comment
ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေနဲ့ ဟစ်ပ်ဟော့ပ်အဖွဲ့သားများ (ဓာတ်ပုံ – ဂျောက်ဂျက် facebook မှ)

ဟစ်ပ်ဟော့ပ် သမားတွေဖြစ်တဲ့ ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့အုပ်စုက လူငယ် တဦးတည်းကို ၇ ယောက် ဝိုင်းရိုက်ခဲ့ကြ တယ်လို့ စွဲချက်တင်ပြီး အမှု ဖြစ်ခဲ့တာ အခု ၁ နှစ်ကျော်ကြာလာတဲ့ အချိန်မှာ စွဲချက်အတင်ခံရတဲ့ ဘက်က ကျေအေးခိုင်း ပေမယ့် တရားလိုဘက်က မကြေအေးနိုင်ဘူးလို့ ပြောလာပါတယ်။

၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ရွှေဇံ၊ ဘုန်းမောင်၊ ဆန်နီအောင်၊ ညီညီလွင်နဲ့ လှိုင်ကြွယ် တို့ ၇ ဦး အုပ်စုက အသက် ၂၂ နှစ်အရွယ် ညိုဝင်းထွန်း ဆိုတဲ့ လူငယ်တဦးကို အုပ်စုလိုက် ဝိုင်းရိုက်ကြ လို့ ညိုဝင်းထွန်း သတိလေစ် မေ့မြောပြီး ဆေးရုံမှာ ၃ ရက်လောက် ဆေးကုသမှု ခံခဲ့ရတယ်လို့ ညိုဝင်းထွန်း ရဲ့ ဖခင် ဦးထွန်းဝင်းက ပြောပါတယ်။

ဦးထွန်းဝင်းက အဲဒီကိစ္စကို မကျေနပ်တာကြောင့် ရဲစခန်းတွင် ပုဒ်မ ၃၂၅/ ၂၉၄ (၁၁၄) (ကြိုတင် ပြင်ဆင် ထားသော လက်နက်ဖြင့် နာကျင်စေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု) နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် ပန်းပဲတန်း တရား ရုံး ရောက်တဲ့အခါမှာ ပုဒ်မ ၃၂၃/၂၉၄ (မိမိအလိုအလျောက် နာကျင်စေမှု) နဲ့ အမှုဖွင့်ထားတာ သိခဲ့ ရကြောင်း၊ ဒါပေမယ့်လည်း ၁ နှစ်ကျော်ကြာတဲ့ အထိ အမှုက ထူးခြားခြင်း မရှိသေးကြောင်း ဦးထွန်းဝင်းက ဆိုပါ တယ်။

စွဲချက်အတင်ခံခဲ့ရသူ တွေထဲက တဦးဖြစ်တဲ့ ကျော်ထွဋ်ဆွေကတော့ သူတို့ ရန်ဖြစ်ခဲ့ကြတာ မှန်ကန်ပေ မယ့် လည်း ညိုဝင်းထွန်း တဦးတည်းကို သူတို့ တဖွဲ့လုံးက ဝိုင်းရိုက်ကြတာ မဟုတ်တဲ့အကြောင်း၊ လူငယ် သဘာဝ တဖွဲ့နဲ့တဖွဲ့ ရန်ဖြစ်ကြတာ ဖြစ်တဲ့အကြောင်း ဧရာဝတီကို ပြောပြ ပါတယ်။

ကျော်ထွဋ်ဆွေက “လူငယ်တွေ ဆိုတာတော့ အရင်ကတည်းက ရန်ဖြစ်တာတွေဘာညာတော့ ရှိတာပါပဲ။ ကျနော် တို့မှ မဟုတ်ပါဘူး၊ လူငယ်တိုင်း ရန်ဖြစ်တတ်ကြတာပဲလေ။ သူ့ဘက်က မတရားခံရတယ် ဆိုတာ ကတော့ မဟုတ်ပါဘူး။ သူတို့သာ လက်မြန်ရင် ကျနော်တို့ ခံရမှာပေါ့။ ကျနော်တို့က အန္တရာယ် ကာ ကွယ်နိုင် ခဲ့ တာပေါ့။ တယောက်တည်းကို ဝိုင်း ရိုက်တာတော့ မဟုတ်ဘူး။ ကျန်တဲ့သူတွေ ထွက်ပြေး သွား လို့ပါ။ သူတို့ဘက်မှာလည်း လူတွေပါပါတယ်” လို့ ရှင်းပြပါတယ်။

ဦးထွန်းဝင်းရဲ့သား ညိုဝင်းထွန်းဟာ ဟစ်ပ်ဟော့ပ်အဆိုတော် ရဲနောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့ပြီး ညိုဝင်းထွန်း အလုပ် ရသွား ချိန်မှာ ရဲနောင်နဲ့ သိပ် မတွဲဖြစ်တော့ကြောင်း၊ နောက် ၆ လလောက် ကြာသွားချိန်မှာ ရဲနောင်နဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ရွှေဇံ (ခ) SZ တို့ နှစ်ဦး ရှိုးပွဲတခုမှာ စကားများခဲ့ကြကြောင်း၊ ရွှေဇံက ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ဘုန်းမောင်မောင်၊ ဆန်နီအောင် တို့နဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် အခုလို ရန်ပွဲထဲမှာ အုပ်စုလိုက် ပါလာခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းဝင်းဆီက သိရပါတယ်။

“အဲဒီမှာ ရှိုးပွဲပြီး နောက်ရက် လူ ၁၅ ယောက်ခေါ်၊ သူတို့အိမ်က ဟိုင်းလတ်ကား တစီးရှိတယ်၊ နံပါတ်ပြားဖြုတ်ပြီး ရဲနောင်ကို လိုက်ရှာတယ်။ ရဲနောင် အိမ်ရှေ့ပတ်နေကြ တာပေါ့။ ခြိမ်းခြောက်တာတွေပါ အော်ဟစ် ပြောတော့ ရဲနောင်အမေက ရဲကို ဖုန်းဆက် တိုင်တယ်။ အဲဒီမှာ သူတို့က ဗိုလ်ဆွန်ပက် လမ်းကို ပတ်တာမှာ ဦးသားက အဲဒီလမ်းပေါ်မှာ လက်ဘက်ရည် ထိုင်သောက်နေတာ။ သူတို့က တွေ့သွားပြီး ဦးသားဆိုတာလည်းသိ၊ သူတို့ သူငယ်ချင်းလည်းဖြစ်တဲ့ လှိုင်ကြွယ်က ခေါ်ခိုင်းလို့ ဆိုပြီး ပြောခေါ်တော့ ဦးသား လိုက်သွားတယ်။ သူတို့ကားနားလည်း ရောက်ကော ပါလာတဲ့သူတွေက ထိုးကြ ကန်ကြတယ်။ ဆေးရုံကြီးမှာ ၂ ည ၃ ရက်နေခဲ့ရတယ်။ ကွဲပြဲဖူးရောင်ပြီး သတိပါ လစ်ခဲ့တော့တာပေါ့” လို့ ဦးထွန်းဝင်းက ပြောပါတယ်။

ညိုဝင်းထွန်း ဗိုလ်ဆွန်ပက်လမ်းထဲမှာ အရိုက်ခံနေရချိန် လမ်းထဲက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ရဲ စခန်းကို ခေါ်ခဲ့ကြောင်း၊ အရိုက်ခံရတဲ့ တုတ်တွေ၊ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးတွေကို ရဲစခန်းက သိမ်းမိကြောင်း၊ တရားရုံးရောက်တော့ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးကို မပြဘဲ ရိုးရိုး အုတ်ခဲကိုပဲ သက်သေအဖြစ် ပြခဲ့ကြောင်း၊ ရဲစခန်းမှာ ပုဒ်မ ၃၂၅/ ၂၉၄/ ၁၁၄ နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် တရားရုံးတင်တော့ မိမိအလိုအလျောက် နာကျင်စေမှု ဆိုပြီးဖြစ်သွားကြောင်း၊ ပုဒ်မ ပြောင်းသွားတာ ကိုလည်း မကျေနပ်ကြောင်း ဦးထွန်းဝင်းက ဆိုပါတယ်။

“အခု ရွှေဇံ၊ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်၊ ဘုန်းမောင်၊ ဆန်နီအောင်တို့ကို ၃၂၃/ ၂၉၄ နဲ့ ဆွဲတယ်၊ ညီညီလွင်နဲ့ လှိုင်ကြွယ် တို့ကိုတော့ ၁၁၄ ပုဒ်မ ချတယ်။ ဒါကိုမကျေနပ်ဘူး။ ရုံးချိန်းကလည်း ၃၁ ချိန်းရှိပြီ။ ဒီမှာလည်း ရုံးချိန်း ၂၀ လောက်ကို အကြောင်းမဲ့ ပျက်တာတွေ ရှိတယ်၊ ခွင့်ကြိုက်သလို တင်တယ်၊ ခွင့်ပေးတယ်။ အမှုဖြစ်တာက ၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဖြစ်တာပါ။ ၁ နှစ်ကျော်ပါပြီ။ နောက် သက်ဆိုင်ရာကို ထပ်တက်မလို့ပါ။ အမှန်က သူတို့ကကြိုတင်ကြံရွယ်ချက်နဲ့ လုပ်တယ်၊ ရန်ညှိုးမရှိဘဲ လုပ်တယ်။ သူတို့တပ်တာ ၂၉၄ ဆိုတာ ဆဲဆိုတဲ့အမှု၊ ဒါက သွားလာရင်း အခန့်မသင့် ဖြစ်တတ်တာ။ အခုက အဲဒီလို မဟုတ်ဘူး။ တရားရုံးက ပန်ပဲတန်း တရားရုံးမှာပါ။ တရားသူကြီး နာမည်က ဦးနန္ဒမျိုးပါ။ သူတို့ဘက်က ကျေအေးဖို့ ပြောတယ်၊ မောက်မာလို့ မကျေအေးပါဘူး” လို့ ဦးထွန်းဝင်းက ဆက်ပြောပါတယ်။

ကျော်ထွဋ်ဆွေကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့အတွက် အမှုနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ဘူးလို့ ဆိုပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး ကတော့ ဘာမှ မပြောချင်ပါဘူး။ လူငယ်အချင်းချင်း ရန်ဖြစ်တဲ့ သဘောပါ။ ပြီးတော့ အမှုက တနှစ်လောက် ရှိနေပြီ။ အခုမှ ထည့်တာ ဘာသဘောလဲတော့ မသိဘူး။ အဓိကကတော့ အခုမှ ပိုသိသွားတဲ့ သဘောပါ။ ပြဿနာက လူငယ်ဆိုတော့ ကိုယ့်ကိုကြည့်ရင်တောင် ဒီကောင် ဘာကြည့်တာလဲဆိုတဲ့ စိတ်တွေရှိပါတယ်။ လူငယ် ပြဿနာ ဖြစ်တာပါ။ ကျန်တာတော့ ဘာမှ မပြောလိုပါဘူး။ လူငယ်တိုင်း ရန်ဖြစ်ဖူးကြ ပါတယ်။ ဒီလိုပါပဲ။ နာမည်တွေသုံးပြီး သတင်းစာ တွေမှာ ရှင်းလင်းတဲ့ အတွက်ကတော့ ကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် ပရိုမိုးရှင်း လုပ်နေရဦးမယ်” လို့ ကျော်ထွဋ်ဆွေက ဧရာဝတီကို ပြောပါတယ်။

တရားလို ညိုဝင်းထွန်းဘက်က ရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) ဆီကို အမှုပုဒ်မတွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ တရားရုံးက ပုဒ်မပြောင်းတပ်တဲ့ အတွက် တရားလိုဘက်က နစ်နာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဆွဲထားတဲ့ ပုဒ်မတွေက တရားရုံးမှာ ဆွဲချက်တင်တော့ ပြောင်းသွားတယ်။ တရားလိုဘက်ခြမ်း စစ်ပြီးချိန်မှာ ဆွဲချက် တင်တယ်ပေါ့။ တရားရုံးကဆွဲချက် ပုဒ်မ ပြောင်းလိုက်တာပေါ့။ တရားရုံးကို တင်တော့ ၃၂၅/ ၂၉၄ (၁၁၄) နဲ့ တင်တာမှာ ဆွဲချက် တကယ်တင်တော့ ပုဒ်မက ၃၂၃ ဖြစ်သွားတာပေါ့။ အခုတင်ထားတဲ့ ၃၂၃ က မိမိအလိုအလျောက် နာကျင်စေမှုပေါ့ဗျာ။ ပြောရရင် ထက်ထက်မိုးဦး အမှုပေါ့။ ဒဏ်ငွေ ၁၀၀၀ လောက်နဲ့ ကျေနပ်ရတဲ့ အမှုပေါ့။ အခုက ဂျောက်ဂျက်တို့က ကားနံပါတ်ပြား ဖြုတ်လာတယ်၊ တိုင်ချက်မှာလည်း ပေါ်တယ်။ စစ်ချက်မှာလည်း ပေါ်တယ်။ ၇ ယောက် ကနေ တယောက်တည်းကို ဝိုင်းရိုက်တာ။ ပထမ တရားရုံးတင်တဲ့ ဆွဲထားတဲ့ပုဒ်မ ၃၂၅ က ရန်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင် လာတဲ့ လက်နက်ပါတယ်။ ပြင်းထန် ဒဏ်ရာရစေခဲ့တဲ့ အတွက် ဒီပုဒ်မနဲ့ ဖွင့်တာပါ။ အခု တရားရုံးက သတ်မှတ်ထားတဲ့ ပုံက တရားခံလို့ သတ်မှတ်ခံထားရသူတွေ အတွက်တော့ သက်သာသွားတာပေါ့။ သူ့ပုဒ်မ အရက ငွေသားဆို ၁၀၀၀ ထပ် ပိုရိုက်လို့ မရဘူးလေ။ တဘက် ခံရတဲ့ ကလေးမှာက ကားပေါ်မှာ ရိုက်ဖို့အတွက် အုတ်ခဲတွေ၊ တုတ်တွေ တင်လာတယ်၊ တကယ်လည်း အရိုက်ခံ ခဲ့ရတယ်။ အခုကျတော့ ပုဒ်မ ၃၂၃ အပြောင်းခံခဲ့ရတာ ဆိုတော့ တရားမျှတမှု မရှိဘူးပေါ့။ နစ်နာတယ်လို့ သတ်မှတ်တာပေါ့။ ဒီအပေါ်မှာတော့ ဘာမှ ထင်မြင်ချက် မပေးလိုပါဘူး” လို့ တရားလိုရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) က ဧရာဝတီကို ရှင်းပြပါတယ်။

Credit: နဒီထိုက်/ Irrawaddy
Read More...

ရုပ်ရှင် လောကသား ရဲတိုက်ကို ဥပဒေ ဘောင်အတွင်း က ကူညီ ပေးသွားမည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်းပြောကြား

Leave a Comment
0708yd
ပဲခူး ခရိုင် ၊ကျောက်တံခါးမြို့ စာတိုက် ရပ်ကွက် ၊ဒဂုံ-မန်း ကားလမ်းမပေါ်ရှိ လပ်ခ်ျမီး လက်ဖက်ရည်ဆိုင်၌ ဇူလိုင် ၄ရက်၊ နံနက် ၃နာရီ ခန့်တွင် သရုပ်ဆောင် ရဲတိုက် ကို ဆေးခြောက် ဟု ယူဆရသော အရွက်ခြောက် များနဲ့အတူ ဖမ်းဆီးရ မိခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက် များနှင့် အတူ ဖမ်းဆီး ရမိခဲ့ပုံနှင့် ပတ်သက်ပြီး ကျောက်တံခါး ရဲစခန်းသို့ ဇူလိုင် ၅ ရက်နေ့က ပေါ်ပြူလာ ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါစခန်းမှ တာဝန်ကျ ရဲအရာရှိ တာဝန် မှူး တစ်ဦးက ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး “၄ရက်နေ့၊ မနက် ၃နာရီ အချိန်လောက်က တာဝန်ကျ အဖွဲ့တွေ ကင်းလှည့်နေတုန်း သတင်း ရတော့ သွားပြီးတော့ ဖမ်းဆီး တယ်။ သွားပြီး ဖမ်းတုန်းကတော့ ဘယ်သူဘယ်ဝါရယ်လို့ မသိဘူး။ သူ့ကို ရှာဖွေကြတယ်။ ရှာဖွေ ပြီးတော့မှ သူ့ကို ရဲတိုက်မှန်း သိကြတာ။ အခုတော့ အရေးယူ ထားပါ တယ်။ မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေတဲ့ အက် ဥပဒေ ပုဒ်မ (၁၅/၁၆(ဂ))နဲ့ အရေးယူ ထားပါတယ်။ အခုလက်ရှိ အချိန် မှာတော့ ကျောက် တံခါး ဆေးရုံမှာ တင်ထားပါတယ်။ သူ့ကို ညနေပိုင်းလောက်က စပြီးတော့ ကျောက်တံခါး ဆေးရုံကို ပို့ထားပါတယ်” လို့ ၄င်းကပြောပြသည်။ ရုပ်ရှင် လောကသား တစ်ဦး ဖြစ်သည့် သရုပ်ဆောင် ရဲတိုက် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် မည်သို့ ဆောင်ရွက် ပေးသွားမည် ဆိုသည်ကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ထံ ဆက်သွယ် မေးမြန်းရာ “ပထမစိန့်မေရီ ကာသီဒြယ် ခရစ်ယာန်ကျောင်း မှာဖြစ်တဲ့ ပြဿနာတုန်းက အစည်းအရုံး က အဖွဲ့ဝင်တွေ သိသိချင်း သွားရောက် ဖြေ ရှင်းပေး ခဲ့ပါတယ်။ အခု ကိစ္စကိုလည်း အစည်းအရုံး အနေ နဲ့ ဥပဒေဘောင် အတွင်းက ကူညီလို့ ရတာ ကူညီသွားမှာပါ။ တရား ဥပဒေ အထက်မှာ အစည်း အရုံးလည်း မရှိပါဘူး”ဟု ပြောပြခဲ့သည်။ သရုပ်ဆောင် ရဲတိုက်သည် ၂ဝ၁၃ခုနှစ် မေလ(၂၈) ရက်နေ့က ဗိုလ်တစ်ထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်း အတွင်း တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း အတွက် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် ဗိုလ်တထောင် တရားရုံးတွင် တရားစွဲ ဆိုခံရပြီး ယင်း အမှုအတွက် ပထမ ရုံးချိန်းကို ဇွန်၁ဝရက်၊ ဒုတိယ ရုံးချိန်းကို ဇွန်၂၁ ရက်နှင့် တတိယ ရုံးချိန်းကို ဇူလိုင် ၁ရက်နေ့ အထိ အမှု ရင်ဆိုင်နေရပြီး စတုတ္ထမြောက် ရုံးချိန်း ကို ဇူလိုင်(၁၁) ရက်နေ့၌ အမှု ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရသည်။
Credit: Popular Myanmar
Read More...

အနုပညာထက်ပညာရေးဘက်ကို ပိုဦးစားပေးမယ့် ယွန်းဝတီလွင်မိုး

Leave a Comment
0708ywd
အသက်၁၄နှစ်သာရှိသေးပေမယ့် တီဗွီကြော်ငြာနဲ့ဓာတ်ပုံမော်ဒယ်တွေဘက်မှာ ပရိသတ်ရဲ့အားပေးမှုတွေနဲ့အတူ အောင်မြင် မှုရရှိနေ သူကတော့ ဝါရင့်သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ် သူ ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါ တယ်။ ယွန်းဝတီလွင်မိုးက လတ်တလောမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးတဲ့ Enzoxid ဝက်ခြံပျောက် ဆေးကြော်ငြာကို သာကေတ Horizon International School  မှာရိုက်ကူး နေပါတယ်။ဒီကြော်ငြာလေးက ဇာတ်လမ်း ပုံစံနဲ့ ရိုက်ကူးနေတာဖြစ်ကြောင်းကိုယွန်းဝတီလွင်မိုး က.. “ခေးက ကျောင်းသူတစ်ယောက်အနေနဲ့ ဝက်ခြံတွေပေါက်နေတာ၊  ကောင်လေးတစ်   ယောက်က ကိုယ့်ပုံကို အခန်းထဲမှာ ဆွဲတဲ့အချိန် မှာကြည့်လို့ မကောင်းဘူး။ ဒီဆေးကို သုံးတဲ့ အတွက် ဝက်ခြံပျောက်သွားတယ်။ မျက်နှာရှင်း သွားတယ်။ အဲဒီလိုမျိုးရိုက်တာပါ။ ပြင်ဆင်ရ တာတော့ သိပ်မရှိပါဘူး။ မိတ်ကပ်ကလည်း Naturalပါပဲ” လို့ကြော်ငြာရိုက်ကူးဖို့ ပြင် ဆင်မှုနဲ့ပတ် သက်ပြီး ပြောပြခဲ့ပါတယ်။ သူရိုက် ခဲ့တဲ့ ကြော်ငြာတွေကိုလည်း ပရိသတ်တွေက အားပေးနှစ်သက်ကြပါတယ်။ အခုလိုပရိသတ် တွေရဲ့ အားပေးမှု ကို ရတာကြောင့် ကျေနပ်ပီတိ ဖြစ်ရကြောင်းကိုလည်း ယွန်းဝတီလွင်မိုးက..

 ”ကြော်ငြာရိုက်ရတာက ဓာတ် ပုံရိုက်ရတာ ထက်ပိုပြီး ပင်ပန်းတယ်။ ဒီလောက်ပင်ပင် ပန်းပန်း နဲ့ ကြိုးစားပြီး ရိုက်ထားတာတစ်ခုက အောင် မြင် သွားတယ်။ ပရိသတ်တွေ ကြည့် ရတာ ကျေနပ်တယ်ဆိုရင် တအားပျော်ပါ တယ်” လို့ သူကပြောပါတယ်။ ကြော်ငြာတိုင်း ကတော့သူ့အတွက် အမှတ်တရတွေပဲဖြစ်ပြီး သူ့အနုပညာတွေကို အကြံဥာဏ်ပေးသူကတော့ ဖခင်ဖြစ်သူ ဝါရင့်သရုပ်ဆောင်လွင်မိုးပဲဖြစ် ကြောင်းပြောပြခဲ့ပါတယ်။ “ခေးရဲ့ အဖေက ခေးရဲ့အနု ပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်ပေးတယ်။ တစ်ခါတလေ ကျရင် လူကြီးတွေကလည်း အကြံ ဥာဏ်ပေးကြတယ်။ အိုက်တင်၊ အမူအယာ၊လူမှု ဆက်ဆံရေး၊ ဒါရိုက်တာခိုင်းရင် ဘယ်လိုလုပ်ရ မယ်ကအစ သေးသေး မွှားမွှားတွေ ရော အများကြီးပဲ သင်ပေးပါတယ်” လို့ ပြောပါတယ်။ ပညာရေး အနေနဲ့ Yangon International School မှာGrade-9 မှာသင်ကြားနေပြီးသူ့ရဲ့အနုပညာရည်မှန်း ချက်နဲ့ပညာ ရေး ရည်မှန်းချက်တွေကိုမေးမြန်းတဲ့အခါမှာတော့ “အနုပညာဘက်မှာတော့ ကြော်ငြာလေးတွေ နည်း နည်းပါးပါး ရိုက်မယ်။ ဓာတ်ပုံမော်ဒယ်လုပ်မယ်။ ဒီလောက်ပါပဲ။ ဒီ့ထက်ဆက်မသွားတော့ဘူး။ ဒီ့ ထက်ပိုပြီးတော့ လျှော့သွားမယ်လို့ထင်ပါတယ်။ ကျောင်းလည်းဖွင့်ပြီ။ ကျောင်းဖွင့်ရင်ကျောင်း ပျက်လို့မရဘူးဆိုတော့ အနုပညာအလုပ် တွေက လျှော့သွားမှာပါ။ ပညာရေးက တော့ စီးပွားရေးနဲ့ပတ်သက်ပြီး လေ့ လာချင်တယ်။

တက္ကသိုလ်ကောင်း ကောင်း တစ်ခုရောက်ဖို့လည်း ကြိုးစားမှာပါ။ နိုင်ငံခြားမှာပဲ ကျောင်းသွားတက်ဖို့များပါတယ်။ အမေရိက(သို့) သြစတြေးလျ တစ် ခုခုပါပဲ” လို့ ပြောပါတယ်။ ဖခင်ဖြစ်သူက အောင် မြင်တဲ့ပြည်သူချစ် အနုပညာရှင်သရုပ်ဆောင်တစ် ဦးဖြစ်တာကြောင့်အားကျမိပေမယ့်လည်း သရုပ် ဆောင်လိုင်းဘက်ကိုသွားဖို့ အစီအစဉ်မရှိဘဲ သရုပ်ဆောင်ရတာကို ဝါသနာမပါကြောင်း ယွန်းဝတီလွင်မိုးက ပြောပါတယ်။

Credit: ခိုင်ဝေလွင်/ Popular Myanmar
Read More...

Facebook Like Page