Saturday, January 24, 2015

ရဲတပ်သားတစ်ဦးမှ ဓားမြောင်နဲ့ထိုးခဲ့သဖြင့် မူလတန်းပြဆရာမ ဒဏ်ရာရ သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

ရဲတပ်သားတစ်ဦးမှ ဓားမြောင်နဲ့ထိုးခဲ့သဖြင့် မူလတန်းပြဆရာမ ဒဏ်ရာရ
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဇန်န၀ါရီလ ၂၃ရက်နေ့က
ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ မူလတန်းပြ ဆရာမတစ်ဦး ဓားမြောင်ဖြင့် ထိုးခံရသဖြင့် ဒဏ်ရာ
ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ - ရွှေတောင်မြို့နယ်၊ တရုတ်မှော်နယ်မြေရဲစခန်းအနောက် မီးလောင်အုပ်စု၊
အင်္ဂလိုင်ဂန်ရွာနေ မယဉ်ငြိမ်းအေး၊ (၂၄)နှစ်၊အ.မ.က ပဒေသာမူလတန်းပြ
(ကျေးရွာခန့်ဆရာမ) တစ်ဦးတည်း ပဒေသာမူလတန်းကျောင်းမှ နေအိမ်သို့
ဆိုင်ကယ် WonJan - 110 နက်ပြာရောင်ဖြင့် ပြန်လာစဉ် ရှားတိုင်းရွာနှင့်
ဆင်သေရွာကြား အရောက်တွင် ReeVo-110 ကျောက်စိမ်းရောင် ဆိုင်ကယ်ဖြင့် အသင့်စောင့်ဆိုင်းနေသော ရည်းစားဟောင်းဖြစ်သူ သဲကုန်းမြို့နယ်၊
သဲကုန်းမြို့မရဲစခန်းမှ ရဲတပ်သား ချစ်ငြိမ်းချမ်း၊ (၂၉)နှစ်၊ သံန္ဓေပင်ရပ်၊
ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူမှ လမ်းပိတ်ဆို့တားဆီးကာ ပြည်မြို့သို့
လိုက်ခဲ့ရန်ခေါ်သဖြင့်၎င်းမှ မလိုက်နိုင်ကြောင်း၊ ပြန်ပြောခဲ့ရာ ရဲတပ်သား ချစ်ငြိမ်းချမ်းမှ
 အသင့်ပါလာသော အရိုးအသွား ၉လက်မခန့်ရှိ ဦးချွန်ဓားမြောင့်ဖြင့် ထိုးသဖြင့်
မယဉ်ငြိမ်းအေးတွင် ၀မ်းဗိုက်ဝဲဘက် တစ်လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး
ချစ်ငြိမ်းချမ်းမှာ ၄င်းပါလာသော ReeVo-110 ကျောက်စိမ်းရောင်ဆိုင်ကယ်အား
ထားခဲ့ကာ မယဉ်ငြိမ်းအေး၏ WonJan - 110 နက်ပြာရောင် ဆိုင်ကယ်အား ယူဆောင်ထွက်ပြေးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ရဲတပ်သား ချစ်ငြိမ်းချမ်းအား အရေးယူပေးပါရန် မယဉ်ငြိမ်းအေးမှ တရားလို ပြုလုပ်တိုင်တန်းချက်အရ တရုတ်မှော်နယ်မြေ ရဲစခန်း(ပ)၅/၂၀၁၅ ၊
 ပြစ်မှုပုဒ်မ - ၃၈၂ ဖြင့် အမှုရေးဖွင့်ကာ ရဲအုပ် ဖြိုးဝေမောင်မှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883

0 comments:

Post a Comment

Facebook Like Page