Showing posts with label ထူးထူးခြားခြားဖြစ်ရပ်ဆန်းများ. Show all posts
Showing posts with label ထူးထူးခြားခြားဖြစ်ရပ်ဆန်းများ. Show all posts

Friday, July 18, 2014

ပြောပြရင်​ ​ဒေါပွစရာများဖြစ်​​နေမလား သတင်း​တော့မဟုတ်​ပါဘူး

Leave a Comment
ဒီ​နေ့အ​ရေးကြီးစကား​ပြောပြချင်​ပါတယ်
အာဇာနည်​​နေ့မတိုင်​ခင်​ မြို့နယ်​အုပ်​ချုပ်​​ရေးမူးရုံးကို DVB သတင်း​ထောက်​ နှင့်​အတူတူသွားခဲ့ပါတယ်​ သွားတဲ့အ​ကြောင်းက အာဇာနည်​​နေ့မှာ ပြည်​မြို့တွင်​ ကားများဆိုင်​ကယ်​များ မီးသတ်​ကားများ အလုပ်​ရုံများ ဥသြဆွဲခွင့်​ပြုသလား....အာဇာနည်​​နေ့တွင်​ ဗိုလ်​ချူပ်​မြင်းစီး​ကျောက်​ရုပ်​မှာ ပန်း​ခွေချခွင့်​ပြုသလား.....ဆို​သော​မေးခွန်းများသွား​ရောက်​​မေးမြန်းခဲ့ပါတယ်​ ....မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦး​အောင်​​အောင်​က ပြန်​​ဖြေပါတယ်​....1.ကားများကို ဥသြဆွဲခွင့်​ လုံးဝခွင့်​မပြုပါဘူးတဲ့ မီးသတ်​ကား​ရော အကုန်​ပဲတဲ့ ဘာ​ကြောင့်​မပြုရတာလည်းဆို​တော့ ပြည်​သူ​တွေအထိတ်​တလန့်​ဖြစ်​မှာဆိုးလို့တဲ့ဗျာ....​နောက်​တစ်​ချက်​ ဗိုလ်​ချုပ်​မြင်းစီး​ကျောက်​ရုပ်​မှာ ပန်း​ခွေချခွင့်​မပြုဘူးတဲ့ ဘာ့​ကြောင့်​လည်း​မေး​တော့ ဗိုလ်​ချုပ်​​ကျောက်​ရုပ်​ဟာ ၀မ်းနည့်းခြင်းအထိမ်းအမှတ်​​နေရာမဟုတ်​ဘူးတဲ့ စစ်​ချီတဲ့ဟန်​တဲ့ ဒါ့​ကြောင့်​သူတို့သတ်​မှတ်​တဲ့ မီတာ ၃၀၀လား၄၀၀လားမသိပါဘူး ​မြို့သစ်​​ဘောလုံးကွင်းမှာ ချရမယ်​တဲ့ ဗိုလ်​ချုပ်​​ကျောက်​ရုပ်​မှာ ချတဲ့သူကို ဖမ်းမယ်​တဲ့ဗျာ....ကဲကြည့်​လည်းလုပ်​ပါဦး ပြီးခဲ့တဲ့ မီးသတ်​​နေ့အခမ်းအနားမှာ ဗိုလ်​ချုပ်​​ကျောက်​ရုပ်​​နေရာမှာပဲ ဥသြဆွဲသံကို ပြည်​မြို့​နေသူ​တွေကြားပြီးဖြစ်​ပါလိမ့်​မယ်​ ဘာ့​ကြောင့်​ မီးသတ်​​နေ့ကျ​တော့ ဥသြဆွဲခွင့်​ပြုပါသလည်း ပြည်​မြို့ရဲ့အစဉ်​အလာ ဖြစ်​​အောင်​ပုံသွင်းယူ​နေကြသလိုမဖြစ်​ဘူးလား နှစ်​ ​ပေါင်းဆယ်​စုနှစ်​မက​တော့ဘူး ပန်း​ခွေချခွင့်​မပြုတာ ​အော်​ဒီစာက သတင်း​ရေးတာမဟုတ်​ဘူး​နော်​ကိုယ့်​အ​တွေးနဲ့ကိုယ်​​ရေးတာပါ မီးသတ်​ကိုလည်းမ​စော်​ကားပါဘူး နိုင်းယှဉ်​ပြတာပါ ​ပြောချင်​တာက ပြည်​မြို့အတွက်​ အာဇာနည်​​နေ့အတွက်​အထင်​ကရ​နေရာတစ်​​နေရာမလို​ပေဘူးလား ပထမမြို့နယ်​အုပ်​ချူပ်​​ရေးမူးက​တော့ ၁နှစ်​​စောင့်​​ပေးပါ ​ပြောသွားတယ်​ ခု၁နှစ်​ပြည်​ပါပြီ ​နေရာ​တောင်​မ​ရွေးရ​သေးဘူး ခု​နောက်​လူတစ်​​ယောက်​​ပြောင်းလာပြန်​ပြီး ပြည်​မြို့က ဘယ်​​လောက်​​ကောင်း​ကောင်း တစ်​​ယောက်​​ပြောင်း​တော့လည်း ဒါပဲနှစ်​​ယောက်​​ပြောင်း​တော့လည်း ဒါပဲ ဒါ​ပေမယ့်​အား​ပေးတာတစ်​ခုရှိတယ်​ သူတို့ခွင့်​မပြုတာ​ဘေးထားပြည်​မြို့​နေမိဘပြည်​သူ​တွေမိမိအသိစိတ်​နဲ့ မိမိကားဟွန်းတီးခြင်း ဆိုင်​ကယ်​ဟွန်းတီးခြင်း​တွေပြုလုပ်​ချင်​လုပ်​ပါ ဗိုလ်​ချုပ်​​ကျောက်​ရုပ်​မှာ ပန်း​ခွေချမည့်​အဖွဲ့လည်းရှိတယ်​ လာကြည့်​ကြ​ပေါ့ ကဲအားလုံးပဲမင်္ဂလာမနက်​ခင်း​လေးပါ ခင်​ဗျားးးး

ပြည်​သတင်းလူငယ်
Read More...

Monday, March 3, 2014

အမျိုးဘာသာ သာသနာ နေလို လလိုထွန်းလင်းတောက်ပြောင်နိုင်ကြပါစေ ကျူပ်ကလေးဘ၀မှသည် ယနေ့အချိန်အထိ ပြုသမျှကောင်းမှုတို့သည် သစ္စာစကားကဲ့သို့စူးရှပါစေသား ဒီစီမံကိန်း ဖြစ်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ ဒီစီမံကိန်းကြံဆောင်သူအားလုံးတို့သည် ကျူပ်၏သစ္စာစကားကြောင့် အကြောင်းအမျိုးမျိုးတို့ကြောင့် ဆွေစဉ်(၇)ဆက် မျိုးစဉ်(၇)ဆက် အပြတ်ပြတ် သုတ်တီးပါစေသား ကျုပ်နုပ်ကျိန်စာပြုအပ်ပါသည်.................

Leave a Comment











အမျိုးဘာသာ သာသနာ နေလို လလိုထွန်းလင်းတောက်ပြောင်နိုင်ကြပါစေ ကျူပ်ကလေးဘ၀မှသည် ယနေ့အချိန်အထိ ပြုသမျှကောင်းမှုတို့သည် သစ္စာစကားကဲ့သို့စူးရှပါစေသား ဒီစီမံကိန်း ဖြစ်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ ဒီစီမံကိန်းကြံဆောင်သူအားလုံးတို့သည် ကျူပ်၏သစ္စာစကားကြောင့် အကြောင်းအမျိုးမျိုးတို့ကြောင့် ဆွေစဉ်(၇)ဆက် မျိုးစဉ်(၇)ဆက် အပြတ်ပြတ် သုတ်တီးပါစေသား ကျုပ်နုပ်ကျိန်စာပြုအပ်ပါသည်.................


လယ်တီသိမ်းကျောင်းတော်မပြိုပျက်ရေး အမျိုးသားရေးတာဝန်အရကာကွယ်ကြ စစ်ခရီုနီနဲ့ ခေတ်သစ်နယ်ချဲ့ဂုတ်သွေးစုပ်တိုင်းပြည်ကိုလာရောက်ဖျက်ဆီးကျူးကျော်နေသူတရုတ်မှန်သမျှဆန့်ကျင်ကြ

ကဲ ဘာတွေလုပ်ကြမှာလဲ လယ်တီဆရာတော်ဘုရားကြီးသတင်းတင်းသုံးတော်မူခဲ့ပြီး တည်ထားကိုးကွယ်ခဲ့တဲ့ သိမ်ကျောင်းတော်ကြီးနဲ့စေတီတော်ကြီးကိုဖြိုတော့မယ်။
ဘယ်သူတွေကကာကွယ်မှာလဲ ဗုဒ္ဓဘာသာကိုကာကွယ်ပါမယ်ဆိုတဲ့ ဟိုအဖွဲ့ရောဘယ်မှာလဲ
တရုတ်ကိုကြောက်လို့ပုန်းနေတာလား...။ စစ်ခရီုနီတွေကဘဲအကျိုးစီးပွားတွေပေးပြီး ဘာမှ
မပြော မလုပ်နဲ့ဆိုလို့ မလုပ်တာလား..? သိမ်းကျောင်းဆိုတာက ပိဋိကတ်သုံးပုံမှာပြဆိုထားတယ်။
လူလူချင်းသတ်ဖြတ်တဲ့နေရာမျိုးတွေနဲ့..။ အကြမ်းဖက်နေတဲ့နေရာမျိုးတွေမှာဆိုရင်သိမ်ကျောင်းတော်ကဆောက်လုပ်ခွင့်မရှိသလို ရှိခဲ့ရင်လဲ ကျမ်းဂန်အထောက်အထားရရွှေ့ပြောင်းရမယ်။ ပြီးရင် အဲဒီနေရာကိုသာသနာပနယ်မြေအဖြစ်သတ်မှတ်လိုက်ပြီ။..။ အခုဆိုရင် လက်ပံတောင်းတောင်ဒေသခံတွေကဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်တွေပါ လူလူချင်းသတ်ဖြတ်ခြင်းမရှိသလို။ အကြမ်းဖက်မှုတွေလဲမရှိပါဘူုး..။ အခုဆိုရင်လက်ပံတောင်းတောင်ဒေသခံတွေကကိုယ့်လယ်မြေမရှုံးဆုံးအောင်ကာကွယ်နေရသလို
ကိုးကွယ်ရာဖြစ်တဲ့ တန်ဖိုးထားရတဲ့ လယ်တီသိမ်ကျောင်းတော်ကြီးကိုပါကာကွယ်နေရပြီ။ ဘယ်သူမှ မကာကွယ်ကြတော့ဘူးလား။ ပြောကြပါအုံး ကိုယ်မျိုးချစ်တို့...မမျိုးချစ်တို့ရေ.....။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးအစီရင်ခံစာမှာပါတာက လယ်တီသိမ်ကျောင်းတော်ကိုမူလလက်ရာမပျက်ရွှေ့လို့ရရင်ရွှေ့ပြောင်းပေးရမယ်လို့ပါထားတယ်
အခုလုပ်ငန်းဖော်ဆောင်ရေးကော်မတီက သိမ်ကျောင်းတော်ကို ဖျက်ဆီး သယံဇာတတွေကိုထုတ်ယူ ဘယ်သူသေသေငတေမာရင်ဆိုရင်ပြီးရောဆိုတဲ့စိတ်ဓါတ်နဲ့လုပ်နေပြီ။
လုပ်ငန်းဖော်ဆောင်ရေးကော်မတီဥက္ကဌ နေပြည်တော်သမ္မတရုံးဝန်ကြီးလှထွန်းနဲ့ အပေါင်းအပါများဖြစ်ကြသော စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်သာအေး စစ်ကိုင်းဒေသကြီးနယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့က ဦးဆောင်ပြီး လက်ပံတောင်းတောင်ရင်ကိုခွဲ မြန်မာလူမျိုးတွေရဲ့ ဦးထိပ်ထားရာအသည်းနှလုံးဖြစ်တဲ့လယ်တီသိမ်ကျောင်းတော်ကိုဖျက်ဆီးကြတော့မယ်။
လယ်တီသိမ်းကျောင်းတော်မပြိုပျက်ရေး အမျိုးသားရေးတာဝန်အရကာကွယ်နိုင်ကြပါစေ....



 အမျိုးဘာသာ သာသနာ နေလို လလိုထွန်းလင်းတောက်ပြောင်နိုင်ကြပါစေ ကျူပ်ကလေးဘ၀မှသည် ယနေ့အချိန်အထိ ပြုသမျှကောင်းမှုတို့သည် သစ္စာစကားကဲ့သို့စူးရှပါစေသား ဒီစီမံကိန်း ဖြစ်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ ဒီစီမံကိန်းကြံဆောင်သူအားလုံးတို့သည် ကျူပ်၏သစ္စာစကားကြောင့် အကြောင်းအမျိုးမျိုးတို့ကြောင့် ဆွေစဉ်(၇)ဆက် မျိုးစဉ်(၇)ဆက် အပြတ်ပြတ် သုတ်တီးပါစေသား ကျုပ်နုပ်ကျိန်စာပြုအပ်ပါသည်.................ပြည်သင်းလူငယ်(ပြည်သတင်း).......
Read More...

Thursday, December 19, 2013

လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား

Leave a Comment


လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား
***************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက်နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုးပါဝင်သူကလေးငယ်လေးတစ်
ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်း
မော်(ခ)ပူစူးမ မှအဆိုပါ (ယောက်င်္ကျားလေး လိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူကလေးငယ်လေးကိုမွေးဖွားခဲ့သ
ည် အဆိုပါ ထူးဆန်းစွာမွေးဖွားမှုနှင့်ပတ်သတ်ပြီး ပြည်သတင်း မှ ကျွန်တော် ပြည်သတင်းလူငယ် မိဘများအားသွားရောက်တွေ့ဆုံမေးမြန်းခဲ့
ရာ မိခင်ဖြစ်သူ မစန်းစန်းမော်(ခ)မပူစူးမ မှ ပြည်သတင်းသို့ယခုလိုပြန်လည်ဖြေကြားခဲ့ပါသည်။

ကလေးကို ၁၄.ရက်နေ့ မနက် ၄နာရီ ၃၀.မှာမွေးခဲ့တာပါ မမွေးခင်ကဘာမှ ထူးခြားမှု့မရှိခဲ့ပါဘူး လိုချင်တာကတော့ မိန်းကလေးပဲလိုချင်ပါ
တယ် ဒါပေမဲ့ကံစီမံရာပါပဲ ဒီကလေးကို မမွေးခင်ကတော့ ဆုတွေတောင်တိုင်း မိန်းကလေးပဲဖြစ်ပါစေဆိုတဲ့ဆုတွေကိုတော့ အရမ်းတောင်း
မိပါတယ် ကလေးက (၇.ပေါင်နဲ့ ၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ....ဟုကလေး၏မိခင်မှ ပြည်သ
တင်းသို့ ပြောကြားသွားသည်။

အဆိုပါကလေးကို မွေးဖွားခဲ့ရာမှာ ကျေးလက်သားဖွားအရံဆရာမ (၂)ဦးနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ကလေး၏မိခင်နဲ့ဖခင်တို့မှာ လက်ရှိလယ်/
ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေရကြောင်း အဆိုပါ ကံကြီးကုန်းကျေးရွာ။ကိုင်းချောင်းကျေးရွာ။ဝိုင်းချောင်း
ကျေးရွာ။ဇီးဖြူကွင်းကျေးရွာ စုစုပေါင်း (၄)ရွာတစ်အုပ်စုဖြစ်ပြီး အဆိုပါကလေးမွေးဖွားရာမှာ ကံကြီးကုန်းအုပ်စု ကံကြီးကုန်းကျေးရွာမှ လာ
ရောက်ကြည့်ရူသူ အဘွားအိုတစ်ဦးဖြစ်သူ ဒေါ်မသိန်း မှ ယခုလိုပြည်သတင်းသို့ပြောကြားသွားခဲ့သည်...

ဒီလိုမွေးတာအခုအချိန်အထိ မကြုံဘူးသေးဘူး အဘွားကလေးတစ်ကျိတ်လောက်မွေးလာတာ ဒါမျိုးတွေကြားတောင်မကြားမိဘူး ထူးဆန်း
တယ် ဒီလိုဟာမျိုး နှစ်ခုပါလာတာ ဒါပထမဦးဆုံးပါပဲ........ဟု ၄င်းမှပြည်သတင်းသို့ပြောကြားသွားခဲ့သည် အဆိုပါထူဆန်းစွာ လိင်အင်္ဂါ(၂)
ခုပါရှိသည့်ကလေးငယ်မွေးဖွားမှုနှင့်ပတ်သတ်ကြီး ၀က်ထီးကန်တိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ နေ၀င်းလှိုင် အားပြည်သတင်းမှ မေး
မြန်းခဲ့ရာယခုလိုပြန်လည်ဖြေကြားခဲ့ပါသည်....

အဲဒိကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ် ယနေ့အချိန်အထိတော့လာရောက်ခြင်း
မရှိသေးပါဘူး ကလေးမွေးဖွားမှု့ကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်
နားလည်တတ်ကျွမ်းတဲ့ကျေးလက်ကျန်းမာရေးကဆရာ/မတွေကို အဲဒိလိုဗိုက်အပ်မှ ကိုယ်ဝန်ဆောင်မိခင်အတွက်လိုအပ်တာတွေကို စီစဉ်
ပေးနိုင်မှုကပိုမိုထိရောက်မှာပါ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့်ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့ မှားယွ
င်းစွာသုံးစွဲမိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ် တချို့သောဆေးတွေဆိုရင် နူတ်ခမ်းကွဲ။အာခေါင်ကွဲ။ကိုယ်လက်အင်္ဂါမစုံတာတွေလည်း
ဖြစ်တတ်ပါတယ် မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ် ခုချိန်ထိတော့ဘာမှမပြောချင်သေးပါဘူး .........ဟုပြောကြားသွားပါသည်။အဆိုပါ
ထူးဆန်းစွာမွေးဖွားမှု့နှင့်ပက်သတ်ပြီး ဆက်သွယ်မေးမြန်းလှုဒါန်းချင်တယ်ဆိုရင်တော့ ကံကြီးကုန်းအုပ်စုကျေးရွာအုပ်ချုပ်ရေးမှုး ဦးသိန်း
ငွေ(၀၉၂၅၀၁၁၃၈၆၆)ကိုဆက်သွယ်မေးမြန်းလှုဒါန်းနိုင်ပါကြောင်း ပြည်သတင်းမှ သတင်းရယူခဲ့ပါသည်။....

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364




Read More...

Sunday, August 25, 2013

ဝေဟင်ထက်တွင် ရဲရင့်စွာ စတန့်ထွင်လှုပ်ရှားပြခဲ့သည့် ၉ နှစ်သမီးလေးများ

Leave a Comment

အသက်(၉)နှစ်အရွယ် မိန်းကလေးငယ် (၂)ဦးသည် အံ့မခန်း စွန့်စားမှု တစ်ခုကို တက်ညီလက်ညီ လုပ်ဆောင်ပြခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ပါဝင်ရန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ဝမ်းကွဲညီအစ်မ နှစ်ဦးဖြစ်သည့် ဖလိမ်းဘရီဝါနှင့် ရို့စ်ပါဝဲလ်တို့သည် တစ်နာရီလျှင် မိုင်(၁၀၀)နှုန်း ပျံသန်းနေသည့် လေယာဉ်
ငယ်များ၏ တောင်ပံထက်တွင် ရဲဝံ့စွာဖြင့် စတန့်ပြကွက်များ လှုပ်ရှားပြခဲ့
သည်။ ဗြိတိန်မှ လူစွန့်စား မိန်းကလေးငယ် (၂)ဦးသည် မြေမျက်နှာပြင်
အထက် ပေ(၅၀၀)တွင် ဝဲပျံနေသော Boeing Stearman တောင်ပံနှစ်ထပ်
လေယာဉ်လေး နှစ်စင်းပေါ်တက်၍ စတန့်ပြခဲ့ခြင်း ဖြစ်သည်။

Wing Walkingဟု ခေါ်ဆိုသည့် အဆိုပါ စတန့်ပြကွက်မျိုးကို လန်ဒန် အနောက်ဘက် ကီရန်ဆက်စတာ မြို့လေးမှ ကိုယ်ပိုင်လေယာဉ်ကွင်းလေး တစ်ခုတွင် ပြုလုပ်ခဲ့ကြသည်။ "ကျွန်မတို့ အချိန်တော်တော်များများ အော်ရင်း လက်ပြနေတယ်လေ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် Superwomanလို အိုက်တင်မျိုးနဲ့လည်း ဓာတ်ပုံလေးတွေ ရိုက်ခဲ့သေးတယ်"ဟု ရို့စ်က ဆိုသည်။ သူမက "အပေါ်စီးကနေပြီး အိမ်တွေကို မိုးကြည့်ရတာ အံ့ဩစရာပါ။

အိမ်လေးတွေကို သေးသေးလေးပဲ မြင်ရတယ်"ဟုလည်း ပြောကြားခဲ့သည်။ ဖလိမ်းက ယခုအတွေ့အကြုံကို အတန်ငယ် ကြောက်ရွံ့မိကြောင်း ဝန်ခံခဲ့သည်။ "ဒါပေမဲ့ လေထဲရောက်သွားတော့လည်း အရမ်းအရမ်း
ပျော်စရာ ကောင်းသွားတာပါပဲ။ ကျွန်မ စိတ်လှုပ်ရှားနေမိတယ်။ တစ်ချိန်တည်းမှာပဲ နည်းနည်းလည်း တုန်လှုပ်မိခဲ့ပါတယ်"ဟု ဖလိမ်းက ဖွင့်ဟခဲ့သည်။

ဖလိမ်း၏ အစ်ကိုဖြစ်သူ တိုက်ဂါးသည် ကမ္ဘာ့အသက်အငယ်ဆုံး
လေယာဉ်တောင်ပံပေါ် စတန့်ပြသနိုင်သူအဖြစ် (၂၀၀၉)ခုနှစ်က အသက်(၈)နှစ် အရွယ်တွင် စံချိန်တင်ထားသည်။ ဖလိမ်းနှင့် ရို့စ်တို့ကမူ ပုံစံဖွဲ့ ပျံသန်းသော လေယာဉ်များပေါ်တွင် အသက်အငယ်ဆုံး စတန့်ထွင်ပြနိုင်သူများအဖြစ် စံချိန်တင်ရန် မျှော်လင့်ထားသည်။ ကမ္ဘာ့မှတ်တမ်းအဖွဲ့ ဂင်းနစ်သည် ယခုအားထုတ်မှုကို ပြန်လည် စီစစ်လေ့လာပြီး ကျေနပ်သည့်အခါ မှတ်တမ်းတင်ပေးသွားမည် ဖြစ်သည်။ ဖလိမ်းနှင့် ရို့စ်တို့သည် Duchenne muscular dystrophyခေါ် အရိုးကြွက်သား အားပျော့မှု ဝေဒနာတစ်ရပ် ခံစားနေရသည့် (၆)နှစ်အရွယ် သူငယ်ချင်း အီလီခရော့စ်လေအတွက် အကူအညီပေးရန် ယခုစတန့်ပြကွက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

"အီလီကို အကူအညီ ပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါ။ အီလီလို ကလေးလေးတွေ အသက်ကြီးလာလေလေ၊ ကိုယ့်ဖာသာ ရပ်တည်ဖို့ ခက်ခဲလာလေလေ ဖြစ်သွားတာက အရမ်းဆိုးပါတယ်။ ကျွန်မတို့ သူ့ကို တတ်နိုင်သလောက် ကူညီချင်တယ်"ဟုလည်း ရို့စ်က ဆိုသည်။ အီလီ၏ မိခင်ဖြစ်သူ အမ်မလီခရော့စ်လေက "ကျွန်မသားလေးအတွက် တခြားကလေးနှစ်ယောက်က ခုလို အကူအညီပေးခဲ့တယ် ဆိုတာက အရမ်းကို အံ့ဩဖို့ ကောင်းပါတယ်။ ကျွန်မသားလို ဝေဒနာရှင် ကလေးငယ်လေးတွေ ထောင်နဲ့ချီ ရှိနိုင်ပါတယ်။ အားလုံး အဆင်ပြေ ကျန်းမာဖို့ ကျွန်မ ဆုတောင်းပေးပါတယ်။ ရို့စ်နဲ့ ဖလိမ်းတို့ရဲ့ လုပ်ဆောင်မှုကတော့ ကျွန်မရဲ့ သားအတွက် ဂုဏ်ပြုမှု တစ်ခုလို့ ခံယူမိပါတယ်"ဟု ပြောကြားသွားသည်။
Read More...

Friday, August 23, 2013

ပြည်သတင်းရဲ့ ကုသိုလ်ပါ ဗုဒ္ဓဘာသာဝင် တိုင်း သိထားသင့်သော....... မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး။

Leave a Comment

ဗုဒ္ဓဘာသာဝင် တိုင်း သိထားသင့်သော.......

မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး။


(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊ ဂျီးတင်ခြင်း၊ လျှော်ဖွယ်ရခြင်း မရှိခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၂) မြတ်စွာဘုရားရှင်သည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည် ကိုယ်တော်နှင့်မထိမစပ်ပဲ လက်လေးသစ်မျှ ကွာတော်မူနေခြင်း တည်းဟူသော အံ့သြဖွယ်ရာတစ်ပါး။

(၃) မြတ်စွာဘုရားရှင်သည် တောထွက်တော်မူသည့်အချိန်မှစ၍ ပယ်ဖြတ်ထားတော်မူသော ဆံတော်တို့သည် ထိုဖြတ်ထားသည့်အတိုင်းအတာပမာဏ လက်လေးသစ်မျှသာလျှင် ရှည်ခြင်းမရှိ အမြဲတည်နေခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၄) မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးတော်မူသည့်အခါ လက်တော်ဦးစွာစင်တော်မူပြီး၊ လက်တော်ဆေးတော်မူလျှင် သပိတ်တော်သည် စင်တော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(လက်ဆေးပြီးတာနဲ့ သပိတ်က အလိုလို ဆေးပြီးသားဖြစ်နေခြင်း၊)

(၅) မြတ်စွာဘုရားရှင်သည် တန်ခိုးတော်ဖြင့် မုံညင်းစေ့ ကဲ့သို့သောသေးငယ်သည့် အရာထဲသို့ စံဝင်တော်မူနိုင်ခြင်း
တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၆) မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို ကွန့်မြူးလွှတ်လတ်သည်ရှိသော် အရပ်ဆယ်မျာက်နှာသို့
ဖောက်ထွင်း၍သွားတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၇) မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကဲ့သို့သော ပုံတော်တူ နိမ္မိတ ရုပ်ပွားတော်ပေါင်း အသင်္ချေမကဖန်ဆင်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၈) မြတ်စွာဘုရားရှင်သည် အလင်းကိုလည်းကောင်း၊ အမိုက်တိုက်ကိုလည်းကောင်း၊ ခေတ်သုံးပါးတို့တွင် ပေးစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၉) မြတ်စွားဘုရားရှင်သည် သီတင်းသုံးစံနေ(ထိုင်)တော်မူသည်ရှိသော လူတို့သည် ကောင်းကင်ယံတွင် လပြည့်ဝန်ကိုအတိုင်းသား
မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင်၏ အသရေတော်ကို အတိုင်းသား ဖူးမြင်နိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၁၀) မြတ်စွာဘုရားရှင်သည် တရားဒေသနာဟောတော်မူသည့်အခါတွင် အသံတော်ရှစ်ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ တရားနာပရိဿတ်ကို တစ်ယောက်ချင်းစီ ကပ်လျှက်ဟောဘိနေသကဲ့သို့ နာ ကြားစေနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၁) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တာတို့၏ စိတ်အလိုကို အာသယာ နုသယ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၂) မြတ်စွာဘုရားရှင်သည် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော် မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၃) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ ကျွတ်တန်းဝင်ရမည့်အချိန် အခါတည်းဟူသော ဣနြေ္ဒအနု၊အရင့်ကို သိတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၄) မြတ်စွာဘုရားရှင်သည် ဉေယျဓံတရား(၅)ပါးကို သိမြင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါ။

(၁၅) မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူလတ်၍ လက်တော်ကိုဆန့်တန်းတော် မူလိုက်လျှင် သပိတ်တော် အစရှိသည့် အလိုရှိသည့် ပရိက္ခရာ များသည် အလိုအလျောက် ရောက်ရှိလာခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၆) မြတ်စွာဘုရားရှင်သည် ၀ဲဘက်မျက်လုံးတော်မှ ရေအလျှံ၊ယာဘက်မျက်လုံးတော်မှ မီးအလျှံ၊ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၇) မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့ အဘိဓမ္မာတရားတော်မြတ် ဟောကြား တော်မူရန် ကြွရောက်တော်မူရာတွင် ပကတိ သုံးဖ၀ါးနှစ်လှမ်းမျှသာ ကြွချီတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၈) မြတ်စွာဘုရားရှင်သည် ကြွချီတော်မူရာလမ်းတစ်လျှောက်တွင် အဖုအထစ်၊အနိမ့်၊ အမြင့် ရှိကြသော မြေအပြင်သည် ညီညာချောမွတ်ပြီး ခြေတော်ရာ မထင်ကျန်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။ (ထင်စေလိုမှသာ ခြေရာထင်စေပါသည်။)

ဤကားမြတ်စွာဗုဒ္ဓ၏ အံ့ဖွယ် (၁၈) ပါးပင်ဖြစ်၏။ပြည်သတင်း....သူငယ်ချင်းများကိုပြောပေးပါ...


ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ
Read More...

Thursday, August 22, 2013

ထူးခြားဆန်းပြားပစ္စည်းများ

Leave a Comment



ထူးခြားဆန်းပြားပစ္စည်းများ
*****************
 ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာ သုခလမ်း အိမ်အမှတ်(၉၃)တွင်နေထိုင်လျက်ရှိသော ဦးသောင်းထွန်း၊ဒေါ်ကုလားမ နေအိမ်မှထူးခြားဆန်းပြားသော ပစ္စည်းလေးများကိုတွေ့ရှိခဲ့ရသည်။
ကျောက်ခရု၊နွယ်ဝင်နွယ်ထွက် နှင့် ကျောက်ကွင်းပစ္စည်း(၂)ခု တို့ကိုထူးဆန်းစွာတွေ့ရှိခဲ့ပါသည်။အဆိုပါထူးဆန်းတဲ့ပစ္စည်းများထဲမှ ကျောက်ကွင်းပစ္စည်း အသုံးဝင်ပုံကိုပြည်သတင်းမှ မေးမြန်းခဲ့တော့ ဦးေ
သာင်းထွန်းကယခုလိုရှင်းပြခဲ့ပါသည်။ ဒီထူးဆန်းတဲ့ပစ္စည်းတွေကို ကျွန်တော်သိသလောက်ပဲပြောနိုင်ပါတယ် အခြားကျွန်တော့ထက်ပိုသိတယ်ပညာရှင်တွေရှိပါသေးတယ် ကျွန်တော်သိသလောက်ကတော့
ဒီကျောက်ကွင်းတွေက မီးကွင်းတယ်၊ပညာသယ်တွေ(အောက်လမ်း နှင့် အခြားမကောင်းသောမှော်ပညာ) မပြုစားနိုင်ဘူး ဘာမှလုပ်လို့မရဘူးလို့သိရပါတယ်။စုန်းကဝေတွေလည်းမပြုစားနိုင်ဘူး မနှောက်ယှက်နိုင်
ဘူးပေါ့။အခြားအစွမ်းတွေလည်းရှိပါတယ်လို့၎င်းမှပြည်သတင်းသို့ပြောကြားသည်။ ထို့နောက်၎င်းမှ နွယ်ဝင်နွယ်ထွက်ပစ္စည်းကတော့ လာဘ်လာဘအရမ်းကောင်းပါတယ် အိမ်သာယာတယ် ကိုယ်တွေ့တွေပါ။ အ
ခြားအစွမ်းတွေလည်းရှိပါတယ်။နောက်ပစ္စည်းတစ်ခုက ကျွန်တော့ဘ၀မှာတခါမှမကြားဘူးမမြင်ဘူးသေးတဲ့ ကျောက်ခရုပါပဲ ပစ္စည်းတွေအားလုံးကသဘာဝလွန်တွေဖြစ်နေပါတယ် အင်မတန်ရှားပါတဲ့ပစ္စည်းတွေပါ
အားလုံးသဘာဝ အလျောက်ဖြစ်ပေါ်နေခဲ့တာပါ ကျောက်ခရုအသုံးဝင်ပုံတော့ကျွန်တော်မသိသေးပါဘူး။ ဒီပစ္စည်တွေဘာလုံးကို (၂၀၀၃ ခုနှစ်မှ ၂၀၀၅)ခုနှစ်အတွင်းကရခဲ့တဲ့ပစ္စည်းတွေပါ။ဒီပစ္စည်းအားလုံးကို မြင့်
မြတ်တဲ့ နေရာမှာပဲသိမ်းထားပါတယ် ကျောက်ခရု ကိုတော့ ကျွန်တော့တို့ရွာအနီးက သိုက်ချောင်းထဲ မှတွေ့ရှိခဲ့တာပါ။ကျန်တဲ့ ကျောက်ကွင်း(၂)ခုရယ် နွယ်ဝင်နွယ်ထွက် ရယ်ကိုတော့ တောထဲခြံရှင်းသွားရင် နဲ့ရခဲ့
တာပါ ဒီပစ္စည်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ရောင်းဖို့အစီအစဉ်ရှိပါတယ် ပြည်သတင်းမှတဆင့်ပဲ ဆက်သွယ်ပြီးရောင်းမှာပါဟု၎င်းမှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။
ပြည်သတင်း...(09401616323).....
Read More...

Friday, August 16, 2013

ကမ္ဘာပေါ်တွင် နေထိုင်စရာ အကောင်းဆုံး နိုင်ငံများ

Leave a Comment

ကမ္ဘာပေါ်မှာ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေ အများအပြား ရှိပေမဲ့ နိုင်ငံ အားလုံးကတော့ နေထိုင်ဖို့ မကောင်း ကြပါဘူး။ ရာဇဝတ်မှုတွေ၊ အခြားပြဿနာတွေ များစွာရှိတဲ့ အတွက်ရော သဘာဝ ဘေးအန္တရာယ်တွေ၊ အကြမ်းဖက်မှုတွေ ကြောင့်ပါ ငွေကြေး ပြည့်စုံပေမဲ့ နိုင်ငံသားတွေ အနေနဲ့ ပျော်ရွှင်မှု အပြည့်အဝ မရကြတာ တွေကို တွေ့ရပါတယ်။ အခုတင်ပြမယ့် နိုင်ငံတွေကတော့ ကမ္ဘာပေါ်မှာ ရှုထောင့် အမျိုးမျိုးကနေ ကြည့်ရင် ပျော်ရွှင်စွာ နေထိုင်ဖို့ အကောင်းဆုံး နိုင်ငံတွေပဲ ဖြစ်ပါတယ်။

၁။ နော်ဝေနိုင်ငံ
နော်ဝေနိုင်ငံဟာ လူမှုရေး စောင့်ရှောက်မှုမှာ ပထမအဆင့် ရှိပြီး စီးပွားရေး အနေနဲ့ ဒုတိယမြောက် အကောင်းဆုံး နိုင်ငံ ဖြစ်ပါတယ်။ တစ်ဦးချင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုဟာ ဒေါ်လာ ၅၇ဝဝဝ ရှိပြီး ကမ္ဘာပေါ်မှာ လူနေမှု အဆင့်အတန်း အရ ဒုတိယ အကောင်းဆုံး ဖြစ်ပါတယ်။ အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ နိုင်ငံသား တစ်ဦးချင်းကို အပြည့်အဝ ပေးနိုင်ပါတယ်။ စစ်တမ်း ကောက်ယူမှု တစ်ရပ်မှာ နော်ဝေ နိုင်ငံသား အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ လူနေမှု ဘဝအတွက် ပျော်ရွှင်မှုရှိပြီး ရောဂါဘယ နည်းပါးခြင်းနဲ့ အဝလွန်နှုန်း လျော့ပါးခြင်း တို့ကို ကျေနပ်လျက် ရှိပါတယ်။ ဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာ အကောင်းဆုံး နိုင်ငံတွေထဲက တစ်ခုဆိုတာ ထင်ရှား နေပါတယ်။
၂။ ဒိန်းမတ်နိုင်ငံ
ဒိန်းမတ်နိုင်ငံရဲ့ အခြေအနေ ကတော့ နော်ဝေရဲ့ နောက်မှာ ကပ်လိုက်နေပြီး တစ်ဦးချင်း စီရဲ့ GDP ဟာ ဒေါ်လာ ၃၇၇ဝဝ ရှိပါတယ်။ နိုင်ငံရေးအရ ထောက်ပံ့ ကူညီမှုတွေ၊ ခိုင်မာတဲ့ လူမှုရေး ကွန်ရက်တွေ၊ ကျန်းမာရေး အပြည့်အဝ စောင့်ရှောက်မှုတွေ၊ ရာဇဝတ်မှု ဖြစ်ပွားနှုန်း နည်းပါးမှုတွေနဲ့ နိုင်ငံသားတိုင်းကို ပညာရေး စောင့်ရှောက်မှုတွေ အပြည့်အဝ ပေးထားနိုင်ပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ ပညာရေး စနစ်ဟာ အစအဆုံး အခမဲ့ဖြစ်ပြီး သူတို့ရဲ့ ပညာသင်ယူမှုဟာ မြင့်မားလျက် ရှိပါတယ်။ နေထိုင်သူ ပြည်သူတွေ ကလည်း သပ်ရပ် စမတ်ကျနေပြီး နည်းပညာ အဆင့်အတန်းလည်း မြင့်မားပါတယ်။
၃။ ဆွီဒင်နိုင်ငံ
ဆွီဒင်ဟာ ကမ္ဘာပေါ်မှာ အခွန် ပေးဆောင်နိုင်မှု အမြင့်မားဆုံး နိုင်ငံ ဖြစ်ပြီး နိုင်ငံသားတိုင်း ဟာလည်း အပျော်ရွှင်ဆုံး လူတွေထဲမှာ ပါဝင် နေပါတယ်။နိုင်ငံသားတိုင်းမှာ အကောင်းဆုံး သက်သာချောင်ချိရေး အစီအစဉ် တစ်ခုရှိပြီး အဲဒီအထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးသူငယ် စောင့်ရှောက်မှု၊ မီးဖွားခွင့်၊ ကောလိပ် ပညာရေး၊ အငြိမ်းစား ပင်စင်နဲ့ နာမကျန်းခွင့် စတာတွေ ပါဝင်ပါတယ်။ အခမဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ တစ်နိုင်ငံလုံးကို ကျေနပ် ပျော်ရွှင် စေပါတယ်။
၎။ နယူးဇီလန်
နယူးဇီလန်ဟာ ချမ်းသာ ကြွယ်ဝမှုနဲ့ သက်သာ ချောင်ချိရေးမှာ အဆင့်အတန်း မြင့်မားတဲ့ နိုင်ငံဖြစ်ပေမဲ့ ဘဏ္ဍာရေး လုံခြုံမှု နည်းပါးခြင်းနဲ့ အလုပ်ချိန် ကြာမြင့်ခြင်း စတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။ လူတစ်ဦးချင်းစီရဲ GDP ကတော့ ၃ဝ၆ဝဝ ရှိပါတယ်။ နေထိုင်တဲ့ ပြည်သူတွေဟာ   သူတို့ရဲ့ လိုအပ်ချက်တွေ ပြည့်စုံခြင်း၊ ကျန်းမာတဲ့ လူနေမှုဘဝမှာ နေထိုင်ရခြင်း၊ အစိုးရရဲ့ သက်သာ ချောင်ချိရေး အစီအစဉ် တွေကို ကျေနပ်ခြင်းနဲ့ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်း နည်းပါးခြင်း တို့ကြောင့် ပျော်ရွှင် နေကြပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့ လူနေမှုဘဝမှာ နည်းပညာကို အသုံးပြုပြီး လူမှုကွန်ရက်တွေ တည်ဆောက်ကာ ကျန်းမာပျော်ရွှင် နေကြပါတယ်။
၅။ ၾသစေၾတးလ်
ၾသစေၾတးလ် နိုင်ငံရဲ့ လူတစ်ဦးချင်းစီရဲ့ GDP ဟာ ဒေါ်လာ ၂၇၅ဝဝ အောက်သာ ရှိပေမဲ့ သြစတြေးလျ ပြည်သူ တွေဟာ အချိန်ပြည့် အလုပ်အကိုင်တွေ ရှိကြပါတယ်။ အစိုးရဟာ ထိရောက် ကောင်းမွန်တဲ့ အိမ်ရာ စီမံကိန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ပြည်သူ အားလုံးကို ပေးထားပါတယ်။ ပြည်သူတွေဟာ လွတ်လပ် ပျော်ရွှင်စွာနဲ့ ကျန်းမာစွာ နေထိုင်နိုင်ပြီး သွားလာ လှုပ်ရှား နေကြပါတယ်။
Read More...

တစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး eBay ဝက်ဘ်ဆိုက်မှ တစ်ဆင့် ကားဝယ်ယူ

Leave a Comment

ပေါ့လန်   ဇူလိုင်   ၁၁
အမေရိကန် ပြည်ထောင်စု အော်ရီဂွန် ပြည်နယ်မှ တစ်နှစ်အရွယ် မိန်းကလေး တစ်ဦးသည် eBay ဝက်ဘ်ဆိုက်မှ ကားတစ်စီးကို ဝယ်ယူခဲ့ကြောင်း သိရသည်။ ဆိုရယ်လာ အမည်ရှိ 
ယင်းကလေးငယ်သည် သူမ၏ ဖခင်ကိုင်ဆောင်သော စမတ်ဖုန်းကို အသုံးပြု၍ အမေရိကန် ဒေါ်လာ ၂၂၅ ဒေါ်လာ တန်ဖိုးရှိ ကားတစ်စီးကို  ဝယ်ယူရန် မှာယူခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် သူမ၏ ဖခင်ဖြစ်သူ ပေါလ်စတောက်က အဆိုပါကားကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။ ဆိုရယ်လာသည် ဖုန်းနှင့်အတူ ကစားရသည်ကို နှစ်သက်ကြောင်း၊ မကြာသေးမီက သူသည် eBay လေလံတင် ဝက်ဘ်ဆိုက်မှ အီးမေးလ် တစ်စောင်ကို ရရှိခဲ့ကြောင်း၊ ယင်းအီးမေးလ် အတွင်း၌ သမီးဖြစ်သူက eBay ဝက်ဘ်ဆိုက်မှ ၁၉၆၂ ခုနှစ်က ထုတ်လုပ်ခဲ့သော အမေရိကန် ဒေါ်လာ ၂၂၅ ဒေါ်လာ တန်ဖိုးရှိ KPTV ကားကို ဝယ်ယူရန် မှာကြားခဲ့သည်ဟု ဖော်ပြထားကြောင်း ပေါလ်က ပြောကြားခဲ့သည်။
သမီးဖြစ်သူ မှာယူမိသော ယင်းကားကို ဝယ်ယူ၍ ပြန်လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း၊ သမီးဖြစ်သူ၏ ၁၆ နှစ် ပြည့်မွေးနေ့ သို့မဟုတ် အထက်တန်းကျောင်း အောင်မြင်သော နေ့တွင် ယင်းကားအား လက်ဆောင်အဖြစ် ပေးမည်ဖြစ်ကြောင်း ပေါလ်က ပြောကြားခဲ့သည်။
ပေါလ်တို့ ဇနီးမောင်နှံသည် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်စေရန် ၎င်းတို့၏ ဖုန်းတွင် လျှို့ဝှက် နံပါတ်များ ထပ်မံဖြည့်စွက်ပြီး သမီး ဖြစ်သူ အသုံးပြုနိုင်သော ဆော့ဖ်ဝဲလ် အချို့ကို ဖျက်ပစ်ခဲ့ကြောင်း သိရသည်။              
Read More...

ကမ္ဘာပေါ်က အလှပဆုံး ရှေးဟောင်း အမွေအနှစ် နေရာများ

Leave a Comment

ကမ္ဘာပေါ်မှာ ရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာတွေကို CNN သတင်း ဌာနက သတင်းထောက် ဆာရာရိက  အခုလို စုစည်းတင်ပြ ထားပါတယ်။ ကမ္ဘာလှည့် ခရီးသွား တစ်ယောက် အနေနဲ့  အဲဒီ နေရာတွေကို ဘယ်လို သွားရတယ် ဆိုတာကိုလည်း လမ်းညွှန် ပေးထားပါတယ်။

အန်ကောဝပ် (ကမ္ဘောဒီးယား)
အန်ကောဝပ် ဘုရားကျောင်းဟာ  ကမ္ဘောဒီးယား နိုင်ငံ စီရမ်ရိ မြို့ကနေ  တုတ်တုတ် ဆိုတဲ့  သုံးဘီး ယာဉ်လေးကို မိနစ် ၂ဝ လောက် စီးသွားလျှင် ရောက်ပါတယ်။ ကမ္ဘာလှည့် ခရီးသည် အများအပြားဟာ နိုဝင်ဘာလကနေ  ဖေဖော်ဝါရီလ အကြားမှာ  အဲဒီနေရာကို သွားရောက် လည်ပတ် လေ့လာ ကြပါတယ်။  အဲဒီ ကာလမှာ  ရာသီဥတုက ခြောက်သွေ့ပြီး အပူချိန်ဟာ ၂ဝ ကနေ ၃ဝ ဒီဂရီ အကြား ရှိပါတယ်။
အခရိုပိုလစ် (ဂရိ)  
ဒီနေရာကို သွားချင်လျှင်တော့   ဂရိနိုင်ငံ မြို့တော် အေသင်ကနေ ခြေကျင် သွားနိုင်ပါတယ်။  အက်ဒရီယာနူလမ်း တစ်လျှောက်ကနေ အခရိုပိုလစ်ရဲ့ အနောက်ဘက် ဝင်ပေါက်ကို ဝင်ရောက် နိုင်ပါတယ်။
ဂါလာပါးဂေါ့ ကျွန်းများ (အီကွေဒေါ)
အီကွေဒေါ ကုန်းမြေမကြီးကနေ ကီလိုမီတာ ၁ဝဝဝ နီးပါး အကွာမှာ တည်ရှိတဲ့  ဒီကျွန်းစုတွေကို မြို့တော် ကွီတိုနဲ့ ဂွာယာကွီတို့  ကနေ လေကြောင်း ခရီးစဉ်တွေနဲ့ သွားလာနိုင် ပါတယ်။ နေ့စဉ် ပြေးဆွဲနေတဲ့ သင်္ဘော ခရီးစဉ် တွေကနေ ဒီကျွန်းတွေကို သွားလာ လည်ပတ်ပြီး စူးစမ်း လေ့လာဖို့ အကောင်းဆုံးပါပဲ။
ပုဂံ (မြန်မာ)
မြန်မာ နိုင်ငံရဲ့ အနောက် အလယ်ပိုင်းမှာ တည်ရှိတဲ့ ပုဂံဒေသကို လေကြောင်း၊  အဝေးပြေးကား၊ ရထားတွေနဲ့ ရန်ကုန်မြို့ကနေ တစ်ဆင့် သွားရောက် နိုင်ပါတယ်။  တည်းဖို့၊ ခိုဖို့ နေရာထိုင်ခင်း ကိုတော့ ပုဂံဒေသနဲ့  ညောင်ဦး ပတ်ဝန်းကျင်က နေရာတွေမှာ ရရှိနိုင် ပါတယ်။
ဂရိတ်ဘယ်ရီယာ သန္တာကျောက်တန်း (သြစတြေးလျ)
ကြီးမားတဲ့ ဒီသန္တာ ကျောက်တန်းတွေကို  သွားဖို့ကတော့ သြစတြေးလျ ပြည်မကြီးကနေ လေကြောင်း ခရီးစဉ်တွေနဲ့ ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးထားပါတယ်။ မြောက်ပိုင်း ကွင်းစလန်း ပြည်နယ်ရဲ့ဆိပ်ကမ်း မြို့လေးကနေ တစ်နေ့တာ ခရီး အဖြစ်နဲ့လည်း သွားလာ နိုင်ပါတယ်။
ဟမ်ပီကျေးရွာ (အိန္ဒိယ)
ဟမ်ပီဒေသကို အိန္ဒိယ နိုင်ငံ ဂိုအာမြို့ကနေ ညလုံးပေါက် အဝေးပြေး ကားစီးပြီး သွားရောက် နိုင်ပါတယ်။ ဒီကျေးရွာ အနီးမှာရှိတဲ့ ဟော့စပက် မြို့ကိုလည်း ချင်းနိုင်၊ မွမ်ဘိုင်း၊ ဘန်ဂလော၊ ဒေလီနဲ့  ကိုးလ်ကတ္တား မြို့တို့ကနေ မီးရထားနဲ့ သွားရောက် နိုင်ပါတယ်။
 အီဂွာဇူး အမျိုးသား ဥယျာဉ်  (ဘရာဇီးနှင့်အာဂျင်တီးနား)
ဖွံ့ဖြိုး တိုးတက်မှု နည်းပါးပေမဲ့   စိမ်းလန်း စိုပြည်ပြီး လူနေ ထူထပ်မှု မရှိတဲ့  ဘရာဇီး နိုင်ငံဘက်က ရေတံခွန်တွေ တည်ရှိတဲ့ အခြမ်းကိုတော့ ဖော့ဒိုအီဂွာကူ မြို့ကနေ နာရီဝက်လောက်  ဘတ်စကားနဲ့ သွားရင် ရောက်နိုင်ပါတယ်။ အာဂျင်တီးနား နိုင်ငံဘက်က ရေတံခွန်တွေ ကတော့ ပွာတိုအီဂွာဇူး ဒေသမှာ တည်ရှိပါတယ်။ ဘရာဇီးနဲ့ အာဂျင်တီးနား နှစ်နိုင်ငံကို  ရေတံခွန် ကြားမှာရှိတဲ့ မြစ်တစ်စင်းက ခြားနေတာကြောင့်  တံတားထိုးပြီး ဆက်သွယ် ထားပါတယ်။
မာချူပီချူး (ပီရူး)
တောတွင်းကနေ ခြေကျင် သွားလာလျှင် မာချူပီချူးကို ရောက်ဖို့က  ရက်ပေါင်းများစွာ ကြာမြင့် နိုင်ပေမဲ့  ကက်စကိုကနေ အဂူအာကယ်လီယန် တက်ကို  မီးရထားနဲ့လည်း သွားလာလို့ ရပါတယ်။ နေ့စဉ် ပထမဆုံး ရောက်ရှိတဲ့ ခရီးသွား ၄ဝဝ ကိုသာ ဝေနာပီချူးလို့ခေါ်တဲ့  မာချူပီချူးကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ နေရာကို ဝင်ခွင့် ပြုပါတယ်။
ပီထရာ (ဂျော်ဒန်)
ဂျော်ဒန်နိုင်ငံ မြို့တော်အမ္မန်နဲ့   ဆိပ်ကမ်းမြို့ ဖြစ်တဲ့ အက်ကွာဘာကနေ အဝေးပြေး ကားတွေနဲ့  တစ်နေ့တာ သို့မဟုတ်  ညလုံးပေါက် ခရီးသွားလာ နိုင်ပါတယ်။ အီဂျစ်နဲ့ အစ္စရေး အပန်းဖြေမြို့ ဖြစ်တဲ့ အီလက်တို့က နေလည်း သွားလာနိုင်တဲ့ ခရီးစဉ်တွေ ရှိပါတယ်။
ဂီဇာ ပိရမစ်များ (အီဂျစ်)
နိုင်းမြစ်တစ်လျှောက်  ကိုင်ရိုမြို့ရဲ့ အနောက်တောင်ဘက်  ကီလိုမီတာ ၂၅   လောက်သာ ဝေးတဲ့နေရာမှာ တည်ရှိပြီး မြို့တော် ကိုင်ရိုကနေ တစ်နေ့တာ ခရီးအဖြစ် အလွယ်တကူ သွားလာ နိုင်ပါတယ်။
ဆီဂျီးရီးယား (သီရိလင်္ကာ)
သီရိလင်္ကာ နိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ ဒီနေရာဟာ ကန်ဒီမြို့ကနေ ဘတ်စကားနဲ့ ၂ နာရီကနေ ၃ နာရီ အကြာ ခရီးနဲ့ သွားရောက် နိုင်ပါတယ်။ ကန်ဒီမြို့ကနေ စုပေါင်း သို့မဟုတ် တစ်ဦးချင်းလည်း သွားရောက် နိုင်ပါတယ်။
 ဗင်းနစ်မြို့နှင့် ရေကန်များ (အီတလီ)
ဗင်းနစ်မြို့ကို အနီးမှာရှိတဲ့ မာကိုပိုလိုနဲ့ ထရီဗစ်ဆို လေဆိပ်တွေကနေ သွားရောက် နိုင်သလို မြို့ရဲ့မြောက်ပိုင်းမှာ ရှိတဲ့ ဗင်နီဇီယာ ဆန်တာလူစီယာ မီးရထား ဘူတာရုံ ကနေ တစ်ဆင့်လည်း သွားရောက် နိုင်ပါတယ်။
Yellow Stone အမျိုးသားဥယျာဉ် (အမေရိကန် ပြည်ထောင်စု)
အနီးဆုံး အဓိက လေဆိပ်ဖြစ်တဲ့ ဝိုင်အိုမင်း ပြည်နယ် ဂျက်ဆင်ဟိုးကနေ ကီလိုမီတာ ၁ဝဝ လောက် ပတ်ဝန်းကျင်မှာ တည်ရှိပြီး အဓိက ဝင်ရောက်နိုင်တဲ့ နေရာငါးခု ရှိပါတယ်။ ခရီးသွား အများစုဟာ ဥယျာဉ်တစ်လျှောက် ကားနဲ့မောင်းပြီး လှည့်လည် ကြည့်ရှု ကြပါတယ်။
Read More...

ကရင် အမျိုးသားကြီးအား ကမ္ဘာ့ အသက်အကြီးဆုံး အဖြစ် စံချိန်တင်နိုင်ရန် ထိုင်းနိုင်ငံမှ စီစဉ်

Leave a Comment

ဗန်ကောက် ဇူလိုင် ၁၂
ထိုင်းနိုင်ငံမှ အာဏာပိုင်များသည် ၄င်းနိုင်ငံ၏ အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် အသက် ၁၁၉ နှစ်အရွယ် ကရင် အမျိုးသားကြီးအား ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား အဖြစ် စံချိန် တင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ခါမူတောင်နမ် ချော့ခ်ဒီး အမည်ရှိ အဆိုပါ အမျိုးသားကြီး၏ အသက် ၁၁၉ နှစ်ဖြစ်သည်မှာ မှန်ကန်ကြောင်း သက်သေ အထောက်အထား စာရွက်စာတမ်း အပြည့်အစုံ ရှိကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁ဝ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ခါမူသည် မုဆိုးဖို တစ်ဦးဖြစ်ပြီး ပန်မာဖာ ပြည်နယ် မူအမ်ပမ်ဗယ်လီ ဒေသတွင် ကျန်းမာစွာ နေထိုင်လျက် ရှိကြောင်း သိရသည်။
၎င်းအမျိုးသားကြီးသည် ယခုထက်တိုင် ငါးများကို စားသုံးရန် ဖမ်းဆီး နိုင်သေးကြောင်း သိရသည်။
Read More...

ကမ္ဘာပေါ်က ထင်ရှားတဲ့ အထိမ်းအမှတ် နေရာများနဲ့ ယဉ်ကျေးမှု သမိုင်း မှတ်တိုင်များ

Leave a Comment

ကမ္ဘာပေါ်မှာ ထင်ရှား ကျော်ကြားတဲ့ အထိမ်းအမှတ် နေရာတွေနဲ့ သမိုင်း တစ်လျှောက်မှာ ထင်ရှားတဲ့ ယဉ်ကျေးမှု သမိုင်း မှတ်တိုင်တွေ များစွာ ရှိကြပါတယ်။ အဲဒီ ယဉ်ကျေးမှု သရုပ်သကန် နေရာတွေဟာ အမျိုးမျိုးသော အဓိပ္ပာယ်တွေလည်း ရှိကြပါတယ်။ စိတ်ခံစားမှု တစ်ခု၊ နယ်မြေဒေသ တစ်ခု၊ ယုံကြည်မှု တစ်ခု၊ နိုင်ငံတစ်ခု သို့မဟုတ် မြို့တော် တစ်ခုကိုလည်း ကိုယ်စားပြု ကြပါတယ်။ အဲဒီနေရာတွေကို ရွေးထုတ် တင်ပြလိုက် ပါတယ်။

ဂီဇာ ပိရမစ်နှင့် ကြီးမားသော လူခြင်္သေ့ ရုပ်ကြီး (ကိုင်ရို၊ အီဂျစ်)
ဒီပိရမစ်တွေဟာ ရှေးဟောင်း အီဂျစ်မင်းဆက် တွေရဲ့  မြင့်မားတဲ့ ယဉ်ကျေးမှု အမှတ်သင်္ကေတ တစ်ခုလို့ ဆိုပါတယ်။
တာ့ဂ်ျမဟာ (အဂ္ဂရာ-ဥတာပရာဒက်ရှ် ပြည်နယ်၊ အိန္ဒိယ)
တာ့ဂ်ျမဟာ အဆောက်အအုံကြီး ကတော့ ချစ်ခြင်း မေတ္တာရဲ့ အထိမ်းအမှတ်     သင်္ကေတ တစ်ခုဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ အမှတ် အထင်ကရ အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါတယ်။
စတုန်းဟန့်ခ်ျ (ဝစ်ရှိုင်းယားစီရင်စု၊ ဗြိတိန်)
ကမ္ဘာကြီးရဲ့ သမိုင်း မတင်မီခေတ်က အထင်ရှား ဆုံးသော ယဉ်ကျေးမှု အဆောက် အအုံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းကပြည်သူတွေဟာ ဒီနေရာကိုသဘာဝလွန် ကမ္ဘာရဲ့ အထိမ်းအမှတ် ပွဲတွေ ပြုလုပ်တဲ့ မြင့်မြတ်သော နေရာ တစ်ခုလို့လည်း ထင်မြင်ကြပါတယ်။
မဟာ တံတိုင်းကြီး (တရုတ်)
ရှည်လျားလှတဲ့ မဟာ တံတိုင်းကြီးဟာ ရင်သပ် ရှုမောဖွယ်ရာ ကောင်းတဲ့ သမိုင်း မှတ်တိုင် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အထင်ရှား အကျော်ကြားဆုံး ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ရှေးနှစ်ပေါင်း များစွာက ဒီမဟာ တံတိုင်းကြီးကို ပထမဆုံး တရုတ်အင်ပါယာ ဘုရင်တစ်ပါးရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ကြီးစိုးမှုနဲ့ ရက်စက်မှု တွေရဲ့ အမှတ် သင်္ကေတ လို့လည်း ဆိုကြပါတယ်။
အန်ကောဝပ် ဘုရားကျောင်း (စီယန်ရိ၊ ကမ္ဘောဒီးယား)
အန်ကောဝပ် ဘုရားကျောင်းကြီးဟာ ခမာအင်ပါယာရဲ့ ရှေးဟောင်း မြို့တော်ကြီး တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံရဲ့ အနောက်ပိုင်းမှာ တည်ရှိပါတယ်။ ကမ္ဘာကြီးရဲ့ အကြီးကျယ်ဆုံးသော ယဉ်ကျေးမှု အမွေအနှစ်တွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံရဲ့ အမျိုးသားရေး သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။
ကိုလော့စီယန်ပြဇာတ်ရုံ (ရောမ၊ အီတလီ)
အီတလီနိုင်ငံ ရောမမြို့မှာရှိတဲ့ ထင်ရှားတဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့ ကိုလော့စီယန် ပြဇာတ်ရုံကြီးဟာ ဘုရင်တွေ အုပ်စိုးတဲ့ ရောမ အင်ပါယာရဲ့ ယဉ်ကျေးမှု၊ ဖွံ့ဖြိုး တိုးတက် လာမှုကိုပြသတဲ့ အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါတယ်။
ပိုတာလာနန်းတော် (လာဆာ၊ တိဘက်)
တိဘက်ဒေသ မာပိုရီ တောင်ထိပ်မှာ ရှိတဲ့ ပိုတာလာ နန်းတော်ဟာ တိဘက် ဒေသရဲ့ သမိုင်းပြယုဂ်၊ ယဉ်ကျေးမှုနဲ့ အနုပညာ ရတနာတစ်ပါး သဖွယ်ဖြစ်ပြီး လာဆာမြို့တော်ရဲ့ သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။
လစ်ဘာတီကျောက်ရုပ် (နယူးယောက်၊ အမေရိကန်)
၁၉၂၄ ခုနှစ်ကတည်းက စတင် တည်ဆောက် ဖွင့်လှစ်ခဲ့တဲ့ လစ်ဘာတီ ကျောက်ရုပ် ကြီးဟာ အမေရိကန်  ပြည်ထောင်စုရဲ့ အမျိုးသားရေးလက္ခဏာကို ဖော်ဆောင်တဲ့ ယဉ်ကျေးမှု အထိမ်းအမှတ် ရုပ်ထုတစ်ခု ဖြစ်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုရဲ့ သင်္ကေတ တစ်ခုလို့လည်း သတ်မှတ် ထားကြပါတယ်။
Read More...

အင်္ဂါဂြိုဟ်မှဟု ယူဆရသည့် အလွန်ကြီးမားသော ဗိုင်းရပ်စ်ပိုးသစ် တစ်မျိုး သိပ္ပံပညာရှင်များ တွေ့ရှိ

Leave a Comment

ပဲရစ် ဇူလိုင် ၂၁
ပြင်သစ်သိပ္ပံ ပညာရှင်များသည် ကမ္ဘာပေါ်တွင် တွေ့ဖူးသမျှ ဗိုင်းရပ်စ် ပိုးများအနက် အကြီးမားဆုံးဟု ယူဆရသော ဗိုင်းရပ်စ်ပိုးသစ် တစ်မျိုးကို တွေ့ရှိထားကြောင်း သိရသည်။
၎င်းဗိုင်းရပ်စ်ပိုးကို Pandoravirus ဟု အမည်ပေးထားပြီး ၎င်း ဗိုင်းရပ်စ်ပိုး၏ အရွယ်အစားမှာ အခြားသော ဗိုင်းရပ်စ် ပိုးများ၏ အရွယ်အစား ဆယ်ဆခန့် အထိ ရှိသောကြောင့် အလွန်ကြီးမားသော ပိုးတစ်မျိုး ပင်ဖြစ်သည်။
၎င်းပိုး၏ မျိုးဗီဇ ၆ ရာခိုင်နှုန်းသည် ယခင်ကမ္ဘာတွင်  တွေ့မြင်ခဲ့ဖူးသမျှ ဗိုင်းရပ်စ်ပိုးအရွယ်နှင့် အတူတူပင်ဖြစ်သည်။
ထို့ကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ရှေးခေတ် ကာလတစ်ခု သို့မဟုတ် အင်္ဂါဂြိုဟ်ကဲ့သို့သော အခြားဂြိုဟ် တစ်ခုမှ ရောက်လာ ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင် များက ယူဆထားကြသည်။
Pandoravirus ပိုးများသည် ရေအောက်တွင် နေထိုင်တတ်ကြပြီး ၎င်းတို့ကို ချီလီကမ်းလွန် ရေပြင်များနှင့် သြစ တြေးလျရှိ ရေအိုင်တစ်အိုင်တွင် တွေ့ရတတ်သည်။
၎င်းပိုးသည် ရေရှည်တည်တံ့ခြင်း မရှိသော ဆင့်ကဲဆယ်လ်လူလာ ပုံစံသစ်တစ်မျိုးမှ ဆင်းသက်လာသည် ဟုလည်း ယူဆ ရသည်။
အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ၁ မိုက်ခရိုမီတာခန့် ကြီးမားပြီး ဗိုင်းရပ်စ်ပိုးများနှင့် ဆက်နွှယ်သည့် ဖြစ်ရိုးဖြစ်စဉ် ပုံမှန် အသွင် သဏ္ဌာန်မျိုး မရှိပေ။ သို့သော် ၎င်းပိုးမွှားသည် လူသားတို့အား ပြင်းထန်စွာ အန္တရာယ်ပြုနိုင်ဖွယ် မရှိကြောင်း သိရသည်။
သုတေသီများကမူ ၎င်းဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်ရှိ သက်ရှိ သမိုင်းများနှင့် ပတ်သက်သည့် မေးခွန်းများ အတွက် လမ်းပွင့် စေခဲ့ကြောင်း သုတေသီများက ပြောကြား ထားသည်။
Read More...

အိန္ဒိယနိုင်ငံတွင် ဦးခေါင်းနှစ်လုံးပါ ကလေးငယ်တစ်ဦး မွေးဖွား

Leave a Comment

နယူးဒေလီ  ဇူလိုင်  ၂၆
အိန္ဒိယနိုင်ငံ ရာဂျက်စတန်ပြည်နယ် ဂျာအီပူမြို့ရှိ J.K.Lone ဆေးရုံတွင် ဇူလိုင် ၂၄ ရက်က ဦးခေါင်း နှစ်လုံးပါ ယောက်ျား လေးတစ်ဦးအား မွေးဖွားခဲ့ပြီး ၎င်းကလေးငယ်တွင်
အာရုံကြော ဖွဲ့စည်းမှု စနစ်နှစ်ခုနှင့် တင်ပါးဆုံရိုးနှင့် ချိတ်ဆက်ထားသော သီးခြား ကျောရိုးနှစ်ခုကိုလည်း ဆရာဝန်များက အံ့သြဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆရာဝန်များသည် ၎င်းကလေးငယ်၌ အခြားဆက်သွယ်ထား သော အင်္ဂါအစိတ်အပိုင်းများ ရှိ၊ မရှိကို ယခုအခါ  စမ်းသပ်လျက်ရှိပြီး ၎င်းကလေးအား အရေးပေါ် အခြေအနေမှ ကယ်ဆယ်နိုင်စေရန် အတွက် ကြိုးပမ်း ကုသလျက်ရှိကြောင်း သိရသည်။
Read More...

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်

Leave a Comment

ချောင်းဦး  သြဂုတ်  ၁
''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍  ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌  ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော  သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏  ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။
''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့   ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု  ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့်  ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ  သစ်နွယ်ပင်များ၏ မူလ သဘာဝ  သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။
 အဆိုပါဒေသ၌   ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး  အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို  လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက  ''ရွှေလက်ပံငုံစီစီ''  ဟု လင်္ကာအားဖြင့်  မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း  မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏  စာရင်းပြုစု ချက်များအရ သိရသည်။
ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏   ပုံပန်းသဏ္ဌာန်မှာ   တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။  
Read More...

မိုးညှင်းမြို့တွင် မဟာ စွမ်းအားရှင် ဘွဲ့ရဆရာကြီး ဦးငြိမ်းချမ်းအောင်၏ အတွင်းအား ထူးခြားကသိုဏ်း စွမ်းရည်ပြပွဲ ကျင်းပ

Leave a Comment

မိုးညှင်း  သြဂုတ်  ၅
ကမ္ဘာ့ပရဟိတ ရန်ပုံငွေ ရှာဖွေ ကူညီပေးရေး အဖွဲ့ကြီး မဟာစွမ်းအားရှင် ဘွဲ့ရ ဆရာကြီး ဦးငြိမ်းချမ်းအောင်၏ မဟာပါဝါ အတွင်းအား  ထူးခြားကသိုဏ်း စွမ်းရည် ပြပွဲကြီးကို ယမန်နေ့  မွန်းလွဲ ၁ နာရီခွဲက မိုးညှင်းမြို့ ရွှေသာလျောင်း မိုးလုံလေလုံ ဇာတ်ရုံ၌ ကျင်းပခဲ့သည်။
ကသိုဏ်းစွမ်းရည် ပြပွဲတွင် ဆရာကြီး ဦးငြိမ်းချမ်းအောင်သည် အသက် အန္တရာယ် ဖြစ်စေနိုင်သည့် ပြကွက်များ ဖြစ်သော နှစ်ဖက်ချွန် စတီးချောင်းကို လည်မျိုနှင့် ထောက်တွန်း၍ ငှက်ပျောတုံးအား ဖောက်ပြခြင်း၊ DT ဆိုင်ကယ် လေးစီးတွင် လူရှစ်ဦး စီးနင်း၍ အနင်းခံ၊အကြိတ်ခံခြင်း၊ ဆိုင်ကယ် ရှစ်စီးတွင် လူ ၁၆ ဦးထိုင်စေပြီး ဆိုင်ကယ်ချင်း ကြိုးဖြင့်ချိတ်ဆက်ကာကြိုးစတစ်ဖက်တွင် ၎င်း၏ဆံပင်ဖြင့် ချည်နှောင်၍ ရွေ့လျားအောင် ဆွဲပြခြင်းနှင့် အခြား သာမန်လူတို့ ပြုလုပ်နိုင်ရန် ခက်ခဲသော ပြကွက်များ ပြသခဲ့သည်။
ထိုသို့ ပြသရာမှ အလှူငွေ ထည့်ဝင်ကြသော ငွေကြေးများကို ပရဟိတ လုပ်ငန်းများတွင် ထည့်ဝင် လှူဒါန်းမည် ဖြစ်ပြီး သြဂုတ် ၃ ရက်နှင့် ၄ ရက်များတွင် မိုးညှင်းမြို့၌ ပြသခဲ့ပြီး  သြဂုတ် ၅ ရက်တွင်   မော်ဟန်ကျေးရွာ၌ လည်းကောင်း၊ သြဂုတ် ၆ ရက်တွင် နမ္မားကျေးရွာ၌ လည်းကောင်း စွမ်းရည် ပြပွဲများ   ပြုလုပ်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။
Read More...

ရှားပါးရောဂါ တစ်မျိုးဖြစ်သည့် ပါးစပ်အတွင်း အသားပို ပေါက်နေသော အမေရိကန် ကလေးငယ်

Leave a Comment

နက်ရှ်ဗေးလ် သြဂုတ် ၆
အမေရိကန်နိုင်ငံ တန်နက်ဆီ ပြည်နယ် နက်ရှ်ဗေးလ်မြို့မှ အသက် (၁၂)ပတ် အရွယ်ရှိ မိုင်လေးဘူချာနန် ဆိုသူ ကလေးငယ်သည် အင်မတန်မှ ရှားပါးလှသော ရောဂါတစ်မျိုးဖြစ်သည့် ပါးစပ်အတွင်း အသားပို ပေါက်သည့် ဝေဒနာကို ခံစားရ လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသားပိုသည်
ကလေးငယ်၏ ပါးစပ်အတွင်းရှိပြီး ၎င်း၏ လည်ချောင်းကို လျှောကျ သွားစေသည်။
မိုင်လေး၏ အခြားဘက်ရှိ ဦးခေါင်းမှာ ပုံမှန်အတိုင်း ရှိသော်လည်း အဆိုပါကြီးမားလှသော အသားပိုကြီးကြောင့် ၎င်းခန္ဓာကိုယ်ကို ဖုံးကွယ်လု နီးနီးဖြစ်နေသည်။ အသားပို အတွင်းရှိ အရည်အိတ်များ ကျုံ့သွားစေရန်အတွက် ဆရာဝန်များက အဆိုပါ အသားပို အတွင်းသို့ ဆေးရည်များ အား လေးပတ် တစ်ကြိမ် ထိုးသွင်း ပေးခဲ့သော်လည်း အလုပ်မဖြစ် ခဲ့ပေ။
အဆိုပါ အသားပိုအား ခွဲစိတ်မှုပြုလုပ်ခြင်းသည် နောက်ဆုံးအဆင့်ဖြစ်သော်လည်း  ထိုကဲ့သို့ ခွဲစိတ်မှုပြုလုပ်လိုက်ပါက မိုင်လေး၏ မျက်နှာအလှ ပျက်စီး သွားနိုင်ပြီး  အသားပိုနှင့် ဆက်စပ်နေသော အာရုံကြောများနှင့် ကြွက်သားများ ပျက်စီး နိုင်ခြင်း သို့မဟုတ် သိုင်းရွိုက် အကျိတ်အား အကျိုး သက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုကလေးငယ်သည်  မည်သည့်အချိန်တွင်  မည်ကဲ့သို့ဖြစ်မည်ကို  ဆရာဝန်များ ကိုယ်တိုင်ကပင် မခန့်မှန်းနိုင်ကြောင်း၊  လက်ရှိအချိန်တွင် ကလေးငယ်၏ ကုသမှုကုန်ကျစရိတ် နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေး လျက်ရှိကြောင်းနှင့်  မိုင်လေးသည် ဒေါ်လာသန်းချီ တန်သော ကလေးငယ် တစ်ဦးဖြစ် လာ နိုင်ကြောင်း ၎င်း၏ဖခင် ဖြစ်သူ ဘိုင်ဘီးက ပြောကြား ခဲ့သည်။
လက်ရှိအချိန်တွင် မိုင်လေးအား ကုသပေးနေသည့် ဆရာဝန်များသည် ဘယ်တော့မှ မပြီး ဆုံးသော်လည်း ဘယ်တော့မှ မနိုင်သော တိုက်ပွဲ တစ်ခုကို ရင်ဆိုင် နေရသကဲ့သို့  ဖြစ်နေကြောင်း၊ သို့သော်လည်း ၎င်းတို့ အနေဖြင့် မိသားစု စိတ် ဓာတ်ကို လက်ကိုင်ထားပြီး လက်ရှိ အခြေအနေကို  အကောင်း ဆုံးဖြစ်အောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း  ဘိုင်ဘီး က  ထပ်လောင်းပြောကြားခဲ့ ဟုသိရသည်။
Read More...

ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါး ပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း

Leave a Comment

ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို လေ့လာ ခဲ့ကြသော ကျွမ်းကျင်သူများက သူတို့၏ အမြင်ကို တစ်ယောက် တစ်မျိုးစီ ဖော်ပြ ပေးခဲ့ကြသည်။
ဘားနက်ကမ်းပါးစ် (Bernet Kempers)က ''ဘောရော ဗုဒ္ဓေါဟာ ဘောရော ဗုဒ္ဓေါပါပဲ'' ဟု ဆိုသည်။ အဓိပ္ပာယ်မှာ သူ့နည်းလမ်း နှင့်သူ    အလွန် ထူးခြားနေကြောင်း၊  နောက်တစ်ဦးက  ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို အလွန်ကြီးမားသည့် ကြာပဒုမ္မာသည် ပွင့်အန်လာတော့မည့် အခြေအနေ အဆင့်ရှိနေပြီး ရေကန် တစ်ကန်ထဲမှာ ပေါလော မျောနေဟန် ဖြစ်ကြောင်း နီအူဝင်ကမ့် (Nieuwenkamp) က အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။   ၎င်း၏ စိတ်ကူးကို ၁၉၈၇ ခုနှစ်တွင် အင်ရန်ကူတီ (N Rangkuti)က ထောက်ခံခဲ့သည်။  ကောင်းကင်ထဲမှ ကြည့်လျှင် ဘောရောဗုဒ္ဓေါ သည် ပေါလော မျောနေ ဟန် တွေ့ရသည်ဟု ဆိုသည်။ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အရ ဘော ရောဗုဒ္ဓေါ ရှိနေသည့် နေရာသည် တစ်ချိန်တုန်းက ဧရာမ ရေကန်ကြီး တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သက်သေ ပြုပေးနိုင်ခဲ့သည်။  ဘောရောဗုဒ္ဓေါ၏   ပတ်ဝန်းကျင် ရွာအများဆုံးသည် ပင်လယ်ရေ မျက်နှာပြင်၏ အထက် အမြင့်တူတွင် ရှိနေကြပေသည်။ အဆိုပါ ကုန်းမြင့်ပေါ်တွင် ပေါဝမ် (Pawon) နှင့် မန်ဒွတ်ဘုရားကျောင်း (Mendut) များ လည်း တည်ရှိနေခဲ့ကြသည်။ ဤသို့အား ဖြင့် အဆိုပါ ဧရိယာသည် ရေကန်၏ မျက်နှာပြင်ညီ အမြင့် ၂၃၅ မီတာ၏ အောက်တွင် ရှိနေခဲ့ကြပေသည်။
အေဒီ ၈၄၂ ခုနှစ်က ရေးထိုးခဲ့သည့် ကျောက်စာကို အခြေခံ၍   ဘောရော ဗုဒ္ဓေါ ကျောင်းတော်ကြီးသည် တစ်ချိန်တုန်းက ဝတ်ပြုဆုတောင်း ရာ နေရာတစ်ခု ဖြစ်ကြောင်း ကာ့ပါရစ် (Casparis) က အကြံပြုထားသည်။ ကျောက်စာတွင် ''Kawulani   Bhumi   Sambhara''             ''ကောဝုလန်နီ ဘူမိသမ္ဘာရ'' ဟု ရေးထိုး ထားသဖြင့် ကောဝုလန် (Kawulan)၏ မူလ အဓိပ္ပာယ်မှာ မြင့်မြတ်ခြင်း၊ အထွတ်အမြတ် ဖြစ်ခြင်းဟု ဆိုလိုပေသည်။ ''Bhumi Sambhara'' ''ဘူမိသမ္ဘာရ'' သည် ဘောရောဗုဒ္ဓေါ ဒေသမှ တစ်နေရာ၏ အမည်ဖြစ်သည်။ အားလုံးကို ခြုံ၍ သုံးသပ်ရသော်   ဘောရောဗုဒ္ဓေါ ဘုရားကျောင်းသည် မြေညီကွင်းပြင်မှ ထူပါရုံဘုရား ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း ဘုရားကျောင်းသည် သံသရာ လွတ်မြောက်ရေး   လောကုတ္တရာသို့ မျှော်မှန်းရာ ဖြစ်ပေသည်။ ထို့ကြောင့် ကန်တော့ပုံ တည်ဆောက်ထားသည့် အဆောက်အအုံ သည်  နှစ်မျိုးဖော်ပြ ထားခြင်း ဖြစ်ကြောင်း   ပေါလ်မာ့စ် (Paul Mus) က ပြောကြားခဲ့သည်။ တစ်စုံတစ်ဦးသည်  ကျောင်းတော် အတွင်း ရောက်ရှိနေလျှင် ပိတ်ထားသော ကမ္ဘာ ''Closed World'' အဖြစ် ခံစားရပေမည်။ ထို့နောက် အတွင်းနံရံများ ပေါ်တွင် မျက်နှာပြင် အညီမှ ရုပ်ကြွထုလုပ် ပုံသွန်းရုပ်များကို မြင်တွေ့ရမည်။ ထို့ ပြင် ဝရန်တာများသည် အမြဲတမ်း စတု ရန်းပုံ ဆောင်နေကြ၍ ဘုရားကျောင်း၏ အခြားတစ်ဖက်သို့ အထပ်အလွှာ တစ်နေရာထဲတွင် ရှိနေစေကာမူ မြင်တွေ့ နိုင်ခြင်း မရှိပေ။   ဝိုင်းပတ်နေသော စင်္ကြံပေါ်တွင် ရောက်ရှိနေသူသည် အဆိုပါ အထပ်အလွှာ၏  ရှုခင်းကို      ကျယ်ကျယ်ပြန့်ပြန့် မြင်ရမည် ဖြစ်သော်လည်း အောက်အဆင့်နှင့် အပေါ်အဆင့်သို့ မြင်နိုင်မည် မဟုတ်ပေ။ ပိန်းပိတ် နေသည့် အသွင်သဏ္ဌာန် ဆောင်ထားခြင်းသည် နည်းပညာ ဆိုင်ရာ ရည်ညွှန်းမှု မဟုတ်ဘဲ  ဘာသာရေး ဆိုင်ရာ အယူအဆအရ    တည်ဆောက် ထားခြင်း ဖြစ်ကြောင်း အခြား ကျွမ်းကျင်သူများက အကြံပြုထားသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးကို ရှစ်ရာစုနှစ်က စန်မာရတ်တန်ဂါ့ (Sanmaratungga) က တည်ဆောက်ထားပြီး ၎င်းသည် ဗုဒ္ဓဘာသာ မဟာယ နဂိုဏ်းဝင် ဖြစ်သည်။ ၁၈၁၄ ခုနှစ်တွင် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း အကြောင်းကို ဆာသောမတ်စ် စတင်ဖို့ ရာဖေးလ်စ် (Sir Thomas Stanford Raffles)က ဖော်ထုတ် ပေးခဲ့သည်။ ကျောင်းတော်ကြီးသည် ထိုစဉ်က ပျက်စီး ယိုယွင်းလျက် ရှိနေပြီး မြေကြီးထဲတွင် မြုပ်နေသည်ဟု ဆိုသည်။
အဆောက်အအုံကြီး၏ အလုံးစုံ အမြင့်သည် ၄၂ မီတာရှိသည်။ သို့သော်လည်း ပြန်လည် ပြုပြင်လိုက်သော အခါ ၃၄ ဒသမ ၅ မီတာသာ ရှိတော့သည်။ ၎င်း၏ အတိုင်းအတာသည် ၁၂၃ x ၁၂၃ မီတာ (စတုရန်းမီတာ ၁၅၁၂၉) ရှိသည်။ ၁ဝ ထပ်ရှိကာ ပထမထပ်မှ ခြောက်လွှာအထိ စတုရန်းပုံ တည်ဆောက် ထား၍ ခုနစ်လွှာမှ ၁ဝ လွှာအထိ အ ဝိုင်းပုံစံ ရှိနေပေသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးသည် အရှေ့ဘက်သို့ မျက်နှာမူထားပြီး နှစ်မီတာ အကျယ်စီ ရှိသော အကွက်အကန့် ၁၄၆ဝ ခုရှိသည်။   နံရံများ အားလုံး၏ အရွယ်အစားသည် စတုရန်း မီတာ ၂၅ဝဝရှိကာ ရုပ်ကြွ ပုံသွန်းရုပ်များကို အပြည့် ထုလုပ်ထားကြောင်း တွေ့ရ သည်။ အဆိုပါရုပ်ကြွ ပါသော အကွက်များမှာ ၁၂၁၂ ခုရှိသည်။ စစ်ဆေး ရေတွက်ကြည့်ပြီး ဗုဒ္ဓရုပ်တုတော် ၅ဝ၄ ဆူ ရှိနေရာ အကောင်းပကတိနှင့် အပျက်အစီးများ   အပါအဝင်ဖြစ်ကြ
သည်။  အဆိုပါ ကျောင်းတော်ကြီးကို ၁၉ဝ၅ ခုနှစ်မှ ၁၉၁ဝ ပြည့်နှစ်အထိ ပထမဆုံး အကြိမ် ပြုပြင်ခဲ့ပြီး  နောက်ဆုံးအကြိမ် အဖြစ် ၁၉၇၃ ခုနှစ်မှ  ၁၉၈၃ ခုနှစ်အထိ ထပ်မံပြုပြင် မွမ်းမံခဲ့ကြောင်း  သိရသည်။
ဘောရောဗုဒ္ဓေါ အကြောင်း
သိကောင်းစရာ
အဆောက်အအုံကြီးကို တောင်ကုန်း တစ်ခုပေါ်တွင် စတုရန်း ၅၅ဝဝဝ မီ တာ၊ မီးတောင်ချော်မှ ဖြစ်သော ကျောက်တုံးများကို ဆင့်ထားသည့် ပုံစံဖြင့် စတုဂံပုံ ခြောက်ထပ်၊ အဝိုင်းပုံ လှေကားထစ် သုံးခု၊ အလယ်တွင် စေတီပုံကို ထိပ်အထိ တည်ထားသည်။ အားလုံးခြုံငုံ၍ ကြည့်လျှင်  ဗုဒ္ဓ၏ အထွတ်အမြတ်   ကြာပဒုမ္မာ တစ်ပွင့်ပုံစံ   ဆောက်ထား သည့် အဆောက်အအုံကြီး ဖြစ်ပေသည်။
ပတ်လည်သို့ လှည့်ပတ်၍ မျက်နှာမူ ထားသည့် တင်ပလ္လင်ခွေ ဗုဒ္ဓရုပ်တုတော် ၉၂ ဆူနှင့် ရုပ်ကြွ ရုပ်တုတော် အဆူ  ၁၄၆ဝ ရှိသည်။ အောက်ဆုံး အဆင့်တွင် ရုပ်ကြွ ၁၆ဝ ဆူရှိသည်။ အလယ်အဆင့်တွင်  ဗုဒ္ဓ၏ဖြစ်စဉ် ဇာတ်နိပါတ်တော် များကို ပုံဖော် ပေးထားသည်။ အမြင့်ဆုံး နေရာတွင် ရုပ်ကြွများသော် လည်းကောင်း၊ အလှဆင်ထား ခြင်းသော် လည်းကောင်း မရှိဘဲ လသာ ဆောင်တစ်ခုရှိပြီး စတုရန်းပုံနှင့်နံရံများ  စသည့် အဝိုင်းပုံ ဖြစ် သည်။ စက်ဝိုင်းသည်  အစမရှိ၊ အဆုံးလည်း မရှိပေ။  ဤနေရာတွင် စေတီပေါင်း ၉၂ ဆူ၊ အတွင်းစေတီ တစ်ဆူချင်းစီတွင် တင်ပလ္လင်ခွေ ဗုဒ္ဓ ဆင်းတုတော် တစ်ဆူစီ ထည့်သွင်း ပေးထားသည်။
ဗုဒ္ဓဆင်းတုတော်များအားလုံးသည် ဘူမိဖဿမုဒြာဟန်များဖြင့် မဟာပထဝီ မြေကြီးကို သက်သေ ပြုနေဟန်၊ မြတ်စွာ ဘုရား၏ တရားဟောနေ ဟန်ဖြစ်သည်။
 ဘောရောဗုဒ္ဓေါ စေတီတော်ကြီးသည်  ဗုဒ္ဓဘာသာဝင် တို့၏ အမြင့်မြတ်ဆုံးသော  သင်္ကေတ လက္ခဏာ ဆောင်ထားသည့် အပြင်  စကြဝဠာ တစ်တိုက်လုံး ၏  ကိုယ်ပွားလည်း ဖြစ်သည်။ ဗောဓိ သတ္တဘုရားလောင်း ဘဝဖြစ်စဉ် ဇာတ်ကြီး ၁ဝ ဘွဲ့ကို  ဖော်ပြထားပြီး မြတ်စွာ ဘုရား၏   သဗ္ဗညုတ ဉာဏ်အလင်း ဆောင်ခဲ့ပုံကို ဖော်ညွှန်းထားခြင်း ဖြစ်ပေ သည်။   
Read More...

ကမ္ဘာ့ အရှည်ဆုံး တံတားကြီးများ

Leave a Comment

ကမ္ဘာပေါ်ရှိ နှစ်ကီလိုမီတာထက် ပိုမို ရှည်လျားတဲ့ အရှည်ဆုံး တံတားကြီး တွေဟာ မြေပြင်ကို အခြေပြုပြီး ရေပြင်ကို ဖြတ်ကျော် တည်ဆောက် ထားကြခြင်း ဖြစ်ပါတယ်။ ဒီတံတားကြီးတွေထဲက တချို့ကို ထုတ်နုတ် တင်ပြလိုက် ပါတယ်။

(၁) ဒန်ရန်း-ကွန်ရှန် မီးရထားတံတား (တရုတ်နိုင်ငံ)
ဒီတံတားကြီးဟာ လက်ရှိအချိန်မှာ ကမ္ဘာ အရှည်ဆုံး တံတားကြီး တစ်စင်း ဖြစ်ပါတယ်။ ဘေဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် မီးရထား လမ်းပေါ်မှာ တည်ရှိ ပြီး ၁၆၄ ဒသမ ၈ ကီလိုမီတာ (၁ဝ၂ ဒသမ ၄မိုင်) ရှည်လျားပါတယ်။ ဒီတံတားကြီးဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ်မှာ ရှိတဲ့ ရှန်ဟိုင်းနဲ့ နန်ကျင်းမြို့ တို့ရဲ့အကြားမှာ တည်ရှိပါတယ်။ ယန်စီမြစ်နဲ့ မျဉ်းပြိုင် သွယ်တန်း ထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ၂ဝ၁၁ ခုနှစ် ဇွန်လမှာ ဖွင့်လှစ် ခဲ့ပါတယ်။ လူအင်အား တစ်သောင်းနဲ့ လေးနှစ်ကြာ တည်ဆောက်ခဲ့ရပြီး ကုန်ကျစရိတ် ဒေါ်လာ ၈ဒသမ ၅ ဘီလီယံ ရှိပါတယ်။ ဒီတံတားကြီးကို လက်ရှိ ဂင်းနစ်ကမာ့္ဘစံချိန်တင် အရှည်ဆုံး တံတားကြီး အဖြစ် မှတ်တမ်း တင်ထားပါတယ်။
(၂) တိရန်ကျင်း-Grand တံတား (တရုတ်နိုင်ငံ)
ဒုတိယမြောက် အရှည်ဆုံး တံတားကတော့ ဘေဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် မီးရထားလမ်းပေါ်မှာပဲ တည်ရှိတဲ့ တိရန်ကျင်း တံတားကြီးပဲ ဖြစ်ပါ တယ်။ဒီတံတားကြီးဟာ အရှည် စုစုပေါင်း ၁၁၃ ဒသမ ၇ ကီလိုမီတာ (၇၆မိုင်) ရှိပြီး ၂ဝဝ၆ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်မှာ ပြီးစီး ခဲ့ပါတယ်။ တိရန်ကျင်း ပြည်နယ် ဟီဘေဒေသမှာ တည်ရှိပါတယ်။
(၃) ဝေနန်-ဝေဟီတံတားကြီး (တရုတ်နိုင်ငံ)
ဒီတံတားကြီးကတော့ ကျန်ကျိုး-စီအန် မြန်နှုန်းမြင့် မီးရထားလမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အရှည်ပေ ၇၉၇၃၂ မီတာ (၄၉ ဒသမ ၅မိုင်) ရှိပြီး ဝေမြစ် (Wei River)ကိုနှစ်ကြိမ် ဖြတ်ကျော်ထားပါတယ်။ တခြားမြစ်တွေ၊ အဝေးပြေး လမ်းမကြီးတွေနဲ့ မီးရထားလမ်း တွေကိုလည်း ဖြတ်ကျော် တည်ဆောက်ထားပါတယ်။ စတင် တည်ဆောက်စဉ်က ကမ္ဘာ အရှည်ဆုံး တံတားဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အထက်မှာ ဖော်ပြခဲ့တဲ့ တံတားနှစ်စင်း က ကျော်ဖြတ် သွားခဲ့ပါတယ်။ ဒီတံတားကြီးကို ၂ဝဝ၈ ခုနှစ်က တည်ဆောက်ပြီးစီး ခဲ့ပါတယ်။
(၄) ဘန်နားအဝေးပြေးလမ်း တံတား (ထိုင်းနိုင်ငံ)
ဒီတံတားကြီးကတော့ အဝေးပြေးလမ်း ပုံသဏ္ဌာန်နဲ့ တည်ဆောက်ထားတဲ့ ထိုင်းနိုင်ငံက အရှည်လျားဆုံး တံတား လမ်းမကြီး ဖြစ်ပါတယ်။ ဒီတံတားကြီး ဟာ ၅၅ ကီလိုမီတာ ရှည်လျားပြီး ခြောက်လမ်းသွား လမ်းတံတားကြီးလည်း ဖြစ်ပါတယ်။
ဒီတံတားဟာ ဘန်ပါကောင် မြစ်ကိုလည်း ဖြတ်ကျော် တည်ဆောက် ထားပါတယ်။ ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလက တည်ဆောက် ပြီးစီးခဲ့ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်း နိုင်ငံက အင်ဂျင်နီယာတွေ ပူးတွဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
(၅) ဘေဂျင်းအဝေးပြေး တံတားကြီး (တရုတ်နိုင်ငံ)
ဒီတံတားကြီး ဟာလည်း ဘေဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် မီးရထားလမ်းပေါ်မှာ တည်ရှိတဲ့ တံတားတစ်စင်းပဲ ဖြစ်ပါတယ်။အရှည် ၄၈ ဒသမ ၁၅၃ ကီလိုမီတာ (၂၉ ဒသမ ၉၂၁ မိုင်) ရှိပြီးဘေဂျင်း မြို့နယ် မှာ တည်ရှိပါတယ်။ ၂ဝ၁ဝပြည့်နှစ်မှာ တည်ဆောက်ပြီးစီး ခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
Read More...

Facebook Like Page