Showing posts with label ပြည်မြို့မှသတင်းများ. Show all posts
Showing posts with label ပြည်မြို့မှသတင်းများ. Show all posts

Thursday, January 29, 2015

ပြည်မြို့အထက်ပိုင်း သောင်တူးခြင်း၊ ကျောက်စီရေကာတာပြုပြင်ခြင်း ကျပ်သန်း၃၆၀ကျော်ဖြင့် ဆောင်ရွက်မည်

Leave a Comment



    သီဟလွင် (ပြည်)

ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် သောင်တူးခြင်းနှင့် ကျောက်စီရေကာတာပြုပြင်ခြင်းကို ဘတ်ဂျက်ကျပ်သန်း ၃၆၀ ကျော်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု များပြားလာခြင်းကြောင့် ပဲခူးတိုင်းအတွင်း သောင်တူးဖော်ရန်၂၀၁၄- ၂၀၁၅ ဘဏ္ဍာ ပြည်ထောင်စုဘတ်ဂျက်ငွေ (၈၄)သန်းနှင့် ကျောက်စီရေကာတာများပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ငွေ(၂၈၇)သန်းကို အသီးသီးအသုံးပြုပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။

“အခုလုပ်နေတဲ့ အဓိကရည်ရွယ်ချက်ကတော့၊ ပြည်ဘက်က ကမ်းကမ်းပါးတွေ ပြိုကျတာတွေနဲ့ ရေစီးရေလာ ကောင်းမွန်ရေး ရွှေဘုံသာသောင်ကြီး တူးဖော်ရေးရည်ရွယ်ပြီး ပြုလုပ်နေတာပါ။ ဒီနှစ်ဘတ်ဂျက်ထဲမှာ အပြီး သတ်ဆောင်ရွက်သွားမယ်။” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန မြို့နယ်ဦးစီး မှူး ဦးအောင်ကျော်လွင်ကပြောသည်။

ရွှေဘုံသာသောင်တူးခြင်း လုပ်ငန်းများနှင့် အတူ အမြင့်(၆)ပေ ရှိပြီး အရှည်မီတာ(၁၅၀)၊ မီတာ(၂၅၀)၊ မီတာ(၃၇၅)အစစီရှိသည့် ကျောက်စီရေကာတာသုံးခုကိုလည်း တပြိုင်နက်ဆောင်ရွက်ခြင်းကို ဇန်န၀ါရီလ တတိယအပတ်မှ စတင်ကာမတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်မြို့အထက်ဘက် ဧရာဝတီမြစ် စတုတ္ထမြစ်ကျဉ်းအနီး မြစ်ကွေ့အကျော်တွင် ရေစီးကြောင်းမှ အရှိန်ဖြင့် ပြည်မြို့ဈေးကြီးဆိပ်အား ရေဦးထိုးလာပြီး တဖြည်းဖြည်းကမ်းပါးများပြိုခြင်းအား ကာကွယ်ရန် အထက်ဘက်  ၄ မိုင် အကွာမြရွာကျေးရွာနီးမှ ကျောက်စီရေကာတာများ ပြုလုပ်ကာ ရေလမ်းကြောင်းအား ရွှေဘုံသာ
 သောင်ကြီးရှိရာသို့ လမ်းကြောင်းလွှဲရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သောင်ထွန်းမှုမှာ တစ်နှစ်ထက်တစ်နှစ်များပြားလာပြီး ရေလမ်းကြောင်းများ ပိုမိုကျပ်တည်းလာခြင်းတို့ကြောင့် သောင်တူးခြင်းများအပြင် ရေယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းရေးအတွက် ကမ်းပေါ်ပြ အမှတ်အသား၊ရေပေါ်ပြအမှတ်အသားစသည့် ရေလမ်းပြအမှတ်အသားများ ပြုလုပ်ပေးစေချင်ကြောင်း ဧရာဝတီမြစ်အတွင်းရေကြောင်းသွားလာရေး ပြုလုပ်နေသော သင်္ဘောမောင်းသူများကပြောသည်။

ရွှေဘုံသာသောင်ကြီးကိုလည်း သောင်တူးစက်ဖြင့် ရေလမ်းကြောင်းထိုးခွဲထားမည်ဖြစ်ပြီး အထက်ကျောက်စီ ရေကာတာမှ လမ်းကြောင်းလွှဲလိုက်သောရေအားဖြင့် သောင်ကြီးကိုထပ်မံထိုးခွဲသွားမည်ဖြစ်ကာကမ်းပါးပြိုခြင်း သက်သာသွားမည့်အပြင် ရေစီးရေလာပါကောင်းမွန်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှတာဝန်ရှိသူများကပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း ရေကြောင်းကျပ်တည်းသည့် ကာလများမှာ ရေကျချိန်ဖြစ်သော နိုဝင်ဘာလမှ မေလအထိ ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက်ရေနည်းခြင်း
 သောင်ခုံများ အများအပြားဖြစ်ပေါ်ခြင်းများရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် ကျောက်စီရေကာတာပြုပြင်ခြင်းကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Shwe Myitmakha Media Group
Read More...

Wednesday, January 14, 2015

ပြည်မြို့တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်မြို့တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး
ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ သူကောင်းတွင်းရပ်တွင်
ဇန်န၀ါရီလ (၁၄)ရက်နေ့ နံနက် (၇း၃၀)အချိန်ခန့်က  အမျိုးသားတစ်ဦး ကြိုး
ဆွဲချ သေဆုံးကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ သူကောင်းတွင်းရပ်တွင်  ဦးအုန်းမောင်
၏ နေအိမ်သို့ အလည်ရောက်ရှိနေ သော၎င်း၏ညီဝမ်းကွဲဖြစ်သူ ဦးကျော်ငွေ
(၅၇)နှစ်၊ ချိုင်းစောက်ရွာ၊ မြိုင်မြို့နေသူသည်  ဦးအုန်းမောင်တို့ နေအိမ်ခြံ
ဝန်းအပြင်ဘက်မှ နေအိမ်ခြံဝင်းအတွင်းသို့ ကိုင်းကျနေသည့် ခရေပင်ကိုင်းကြီး
အား နိုင်လွန်ကြိုး ဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရပြီး ဦးကျော်ငွေမှာ အရက်ကြောင် ကြောင်နေသူဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်း
အရသိရသည်။

ထို့ကြောင့် ဦးကျော်ငွေသေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်တာဝန်မှူးဒုရဲအုပ် ဝေဇော်အောင်မှ ပြည်မြို့မရဲစခန်းသေမှုသေ
ခင်းအမှတ် (၂/၂၀၁၅)အရ သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက်လျှက်
ရှိကြောင်း သတင်းရရှိသည်။


မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883
Read More...

Tuesday, January 13, 2015

ပြည်မြို့ ဆင်စုရပ်ကွက်ရှိ နေအိမ် (၃၆) လုံးအား တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခိုင်းထား

Leave a Comment

သီဟလွင် (ပြည်)
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့ဆင်စုနယ်မြေအတွင်းမှ နေအိမ် ၃၆ လုံးအား ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)အပိုင် ဧရိယာအတွင်း နေထိုင်သူများကို ပြောင်းရွှေ့ရန် အကြောင်းကြားထားကြောင်း ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းမပြုရန် နှင့် ဖယ်ရှားထွက်ခွာပေးရန်အတွက် ဒေသခံများအား အသိပေးဆောင်ရွက်မှုများပြုလုပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားစာပို့ထားကြောင်း သိရသည်။

“ကျွန်တော်တို့ တာဝန်က ပြည်သူတွေကိုအသိပေးပြီး လက်မှတ်ထိုးပြန်လည်တင်ပြဖို့ပဲရှိပါတယ်။ အထက်က ချပေးတဲ့စာအရ အလုပ်လုပ်ရတာပါ။ ကျွန်တော်တို့မှာ ဖယ်ပိုင်ခွင့် အာဏာမရှိပါဘူး။”ဟု ဆင်စုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အဆိုပါ ဧရိယာများတွင် နေထိုင်သည့် ဒေသခံ ပြည်သူများက နားလည်သိရှိသဘောပေါက်ကြောင်း လက်မှတ်များ ရေးထိုးကာ စာရင်းနှင့်တကွ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ပြန်လည်တင်ပြရန်လည်း ညွှန်ကြားစာအတွင်း ပါဝင်ကြောင်း သိရသည်။
ဖယ်ရှားခိုင်းထားသောနေရာများမှာ ဆင်စုနယ်မြေအတွင်းရှိ ပုထိုးကြီးရပ်ကွက်တွင် နေအိမ် ၂၆ လုံး၊ စကား တောင်ရပ်ကွက်တွင် နေအိမ် ၈ လုံးနှင့် မိချောင်းရဲရွာထိပ်မှ နေအိမ် ၂ လုံးတို့ပါဝင်ပြီး နေထိုင်လာသည်မှာ နှစ်ပေါင်း ၆၀ ခန့်ကြာမြင့်နေပြီဟု အဆိုပါ နေရာများတွင် နေထိုင်နေများထံမှ သိရသည်။

“ဒီမှာနေလာတာ ကျွန်မတို့တစ်သက်ပဲရှိပြီ။ အခုပြောင်းရွှေ့ရမယ်ဆိုတော့ နေစရာလည်းမရှိပါဘူး။ ဒီမှာက လက်လုပ်လက်စားတွေများတယ်။ ဘယ်သူမှ အဆင်ပြေကြတာမဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ကို ဖယ်ခိုင်း ရင်လည်း ဖယ်မပေးနိုင်ပါဘူး။ အခုလက်မှတ်ထိုးခိုင်းရင်လည်း ထိုးမပေးနိုင်ပါဘူး။” ဟု ဖယ်ရှားရမည့် နေရာအတွင်း နေထိုင်နေသူ မမြင့်မြင့်ဌေးကပြောသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ တပ်ပိုင်မြေ ဧရိယာ ၂၂.၅၃ အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၇ ခုနှစ်က ထုတ်ပြန်သည့် အမိန့်ကြေငြာစာများအရ မြေသိမ်းမိန့်များ ရရှိထားပြီးဖြစ်ကာ သိမ်းဆည်းရာတွင်ပါဝင်သည့်
မူလမြေပိုင်ရှင်များအား မြေယာလျော်ကြေး၊ နှစ်ရှည်သီးနှံလျော်ကြေး၊ အဆောက်အဦးပြောင်းရွှေ့ကြေးနှင့် မြေနေရာအစားပေးထားပြီးဖြစ်သည်။

အဆိုပါ မြေနေရာသို့ အရပ်သား ၃၆ ဦးမှာ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ကျုးကျော် ဝင်ရောက် နေထိုင် လျက်ရှိသောကြောင့် နောင်တွင်အရှုပ်အရှင်းများမဖြစ်ပေါ်စေရန်အတွက် ဖယ်ရှားခိုင်းရခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည်။

သို့သော်လည်း နေထိုင်နေသူများမှာ အကြောင်းကြားစာတွင် ဖော်ပြထားသကဲ့သို့ လျော်ကြေးများရယူထားခြင်း မရှိသည့်အပြင် တပ်ပိုင်မြေဧရိယာတွင်လည်း ပါဝင်ခြင်းမရှိဘဲ ၎င်းတို့မှာ အခြေခံလူတန်းစားအများအပြားသာ ဖြစ်ပြီး ငွေကြေးအရ အဆင်မပြေသောကြောင့် ဖယ်ရှားပေးရန်မလွယ်ကူကြောင်း ဖယ်ရှားခံရမည့် အိမ်များ စာရင်းတွင် ပါဝင်သူတို့က ပြောသည်။

ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဇန်န၀ါရီ(၁၁)ရက်နေ့တွင် ဖယ်ရှားပေးရမည့်သူများ အစည်းအဝေးပြုလုပ် ကာ လက်မှတ်ရေးထိုးစေသော်လည်း လက်ရှိအချိန်အထိ မည်သူမှ လက်မှတ်ရေးထိုးခြင်းမရှိသေးကြောင်း သိရသည်။

သီဟလွင် (မြစ်မခ)
ပြည် - ဇန်န၀ါရီ (၁၂)ရက်။
Plusme News

ပြည်သတင်း - 09 430 47862
Read More...

လက်ကျန်နိုင်ငံရေးအကျဉ်းသားနှင့်တက်ကြွလှုပ်ရှားသူအကျဉ်းသားများ လွှတ်ပေးရန်အတွက်ဆန္ဒထုတ်ဖော်ခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

လက်ကျန်နိုင်ငံရေးအကျဉ်းသားနှင့်တက်ကြွလှုပ်ရှားသူအကျဉ်းသားများ
လွှတ်ပေးရန်အတွက်ဆန္ဒထုတ်ဖော်ခဲ့
ပြည့်သဲမောင်(ပြည်) 09 4236 71883

ကတိစကားတည်ကြည်သော အစိုးရဖြစ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး ဖို့
အတွက်ရည်ရွယ်၍ ဇန်န၀ါရီ (၁၃)ရက်နေ့  ညနေ ၄နာရီ ၂၀ အချိန်က ပဲခူးတိုင်းေ
ဒသကြီး၊ ပြည်ခရိုင်၊ပြည်မြို့တွင် ဆန္ဒထုတ်ဖော် လှုပ်ရှား တောင်းဆိုမှုပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်လှုပ်ရှားတောင်းဆိုမှုတွင် ၂၀၁၃ ခုနှစ်၊ သမ္မတကြီး ဦးသိန်းစိန်
ဥရောပခရီးစဉ်တွင် မိမိတို့အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားမရှိရဘူးဟု
ကတိစကား ပြောကြားထားသည်ကို မြန်မာပြည်သူအားလုံးသာမက တစ်ကမ္ဘာလုံးက
သိ သည်ဟုဆန္ဒထုတ်ဖော်သူကဆိုသည်။
" ဦးသိန်းစိန်အစိုးရ ဥရောပခရီးစဉ်မှာ တကယ်ပြောခဲ့တာ နိုင်ငံရေးအကျဉ်းသားမ
ရှိစေရဘူးလို့ကတိစကားပြောခဲ့တယ်။ဒါကြောင့်မို့ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီး
မှာ နိုင်ငံရေးအကျဉ်းသားအများကြီးရှိသေးတယ်ဗျ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ ရှိတယ် ဆိုတာ ပြည်သူတွေကရော၊ ကမ္ဘာကြီးကရောသိတယ်။ ဒါကိုအစိုးရက မရှိဘူးလို့ မျက်စိ ပိတ်ငြင်းမနေပါနဲ့။ မိမိတို့စကား တည်ကြည်ဖို့ နိုင်ငံရေးအကျဉ်းသားနဲ့တက်ကြွလှုပ်ရှား
သူအကျဉ်းသား၊တောင်သူလယ်သမားအကျဉ်းသား၊ အခြားသောနိုင်ငံရေးအကျဉ်းသား
တွေလွှတ်ပေးဖို့ပြောချင်တယ်"ဟုဦးဆောင်ဆန္ဒထုတ်ဖော်သူ ကိုဝင်းလှိုင်ကပြောသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် ၂၀၁၃ခုနှစ်၊ လက်ကျန်နိုင်ငံေ
ရးအကျဉ်းသား (၂၇)ဦး၊ ၂၀၁၄-၂၀၁၅ နိုင်ငံရေးအကျဉ်းသား၊ ပြည်သူ့အကျိုးအတွက် လှုပ်
ရှားတက်ကြွသူ ကိုထင်ကျော်၊ ကိုနောင်နောင်၊ ကိုဝေဠု၊၊ ဒေါ်နော်အုန်းလှ အပါအ၀င် Unity
ဂျာနယ်သတင်းမီဒီယာသမားများ၊ ဘိုင်မွန်းတည့်နေဂျာနယ်သတင်းမီဒီယာသမား များနှင့်
နှိင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်
လက်ပြောကြားခဲ့သည်။
(၄)နာရီမှ (၇)နာရီအထိ ခွင့်ပြုမိန့်ကို တင်ခဲ့သော်လည်း (၃)နာရီမှ (၆)နာရီအထိသာ
ခွင့်ပြုခဲ့သည်ဟု သိရသည်။ " ကျွန်တော်တို့စာတင်တဲ့အထဲမှာ ရွှေတစ်ချောင်းလမ်းကို တင်တိုင်းခွင့်မပြုဘူးဖြစ်နေတယ်ဗျ။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေက ဆန္ဒပြတောင်းဆိုတာကိုကြောက်နေကြတယ်။မမြင်ရဲကြဘူးဖြစ်နေတယ်ပေါ့ဗျာ။အုပ်
ချုပ်ရေးမှူးတွေဆိုတာ ပြည်သူတွေဘာလိုအပ်လို့ ဘာတွေတောင်းဆိုနေတယ် ဆို တာ
ကို သိဖို့လိုတယ်ဗျ။ ဒါမှ အထက်အဆင့်အဆင့် တာဝန်ရှိတဲ့သူတွေသိပြီးတော့ နိုင်ငံေ
တ်ာကြီးဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်" လို့ ဆန္ဒထုတ်ဖော်သူ ကိုဝင်းလှိုင်က ပြောသည်။
ဆန္ဒထုတ်ဖော်သူများသည် ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် စုဝေးဟောပြောခြင်း၊
“ကတိစကားတည်သော ဖြစ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ကြစို့’’ဟုရေးသား
ထားသောဗင်နိုင်းပိုစတာကိုကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး “နိုင်ငံရေး အကျဉ်း
သားများ လွှတ်ပေးရေး ဒို့အရေး….၊အထွေထွေနိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ေ
ပးရေးဒို့အရေး….”စသောကြွေးကြော်သံများများ ကြွေးကြော်ကာ ငြိမ်းချမ်းစွာ ဆန္ဒ
ထုတ်ဖော်ခဲ့ကြသည်။
သတင်းနှင့် ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883

Read More...

Sunday, January 11, 2015

တောင်ကမူမှမြေနီမြေသားပြိုကျပြီး မြေသယ်ကားအားပိမိပြီး ယာဉ်မောင်းတစ်ဦးသေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment




တောင်ကမူမှမြေနီမြေသားပြိုကျပြီး မြေသယ်ကားအားပိမိပြီး
ယာဉ်မောင်းတစ်ဦးသေဆုံး
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးရှိ စင်္ကြန်တောင်ဘုန်းကြီးကျောင်းတောင်ကမူမှ မြေနီမြေသား ပြိုကျပြီး မြေသယ်ကားအား ပိမိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၁၀)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်ခန့်တွင် ဦးဆန်းနိုင်ဦး (၄၂)နှစ်၊ ယာဉ်မောင်း ယာဉ်ပိုင်ရှင်၊ စည်တော်မင်္ဂလာရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူမောင်းနှင် ပြီး အလုပ်သမားများဖြစ်သည့် ဦးမောင်ရွှေ (၅၅)နှစ်၊ အင်ကြင်းမြောင်ရပ်၊ န၀ဒေးရပ် ကွက်၊ ပြည်မြို့၊ ချစ်ကိုဝင်း (၁၉)နှစ်၊ အင်ကြာင်းမြောင်ရပ်၊ န၀ဒေးရပ်ကွက်၊ ပြည်မြို့ ၊ ဦးမောင်ပြုံး  (၄၆)နှစ်၊ အပိုင်း (၃)၊ ရွှေတံခါးရပ်ကွက်၊ ပြည်မြို့၊
 မောင်လမင်း (၂၅)နှစ်၊ အောင်ရတနာရပ်၊ မြို့သစ်ရပ်ကွက်၊ ပြည်မြို့နေ
သူတို့ (၄)ဦးလိုက်ပါ လာသော ၈ဌ/…….. ဖောကားအပြာရောင်သည် စင်္ကြန်တောင် ဘုန်းကြီးကျောင်း အမြင့်ပေ (၄၀)ခန့်၊ အကျယ်ပေ (၂၀၀) ပတ်လည်ခန့်ရှိ မြေနီမြေသား တောင်ကမူတွင် ကားနောက်ပိုင်း ကပ်ကာ မြေများအားသယ်ယူပြီး ပြန်ထွက်ရန်ပြင်နေစဉ် တောင်ကမူမှ မြေသားနှင့်ကျောက်တုံးများ ပြိုကျခဲ့ရာ ယာဉ်နောက်ပိုင်းတွင်ရှိသောမြေတင် အလုပ် သမား (၄)ဦးမှ ချက်ချင်းထွက်ပြေးခဲ့သဖြင့် လွတ်မြောက်ခဲ့သော်လည်း ဦးခေါင်း ပိုင်းရှိ ယာဉ်မောင်းနေရာတွင်ရှိနေသော ဦးဆန်းနိုင်ဦးမှ ကားအားမောင်းထွက်ရန် ကြိုးစားစဉ်  ပြိုကျလာသောမြေသားများနှင့်  ကားတစ်စီးလုံးအား ပိကာ ဖုံးအုပ် နစ်မြှုပ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။

ထိုသို့ မြေနီမြေသားများ ပိမိနေသော ဦးဆန်းနိုင်ဦးအား  အရပ်ဖက် အဖွဲ့ အစည်းများ၊ ရပ်ကွက်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းတူးဖော်ခဲ့ရာ (၁၂း၄၀)အချိန် မြေသားများအားဖယ်ရှားနိုင်ခဲ့ပြီး ယာဉ်ဦးခေါင်းပိုင်းမှ ဦးဆန်းနိုင်ဦးအား ဆွဲထုတ်နိုင်ခဲ့ သော်လည်း၎င်းမှာမျက်နှာတစ်ခု
လုံးဖူးရောင်ဒဏ်ရာ၊ပါးစပ်မှအမြုပ်ထွက် နှာခေါင်း သွေးထွက်၊၀ဲခြေခုံပေါက်
ပြဲဒဏ်ရာ၊၀ဲခြေမျက်စေ့ပေါက်ပြဲဒဏ်ရာများဖြင့်ဆေးရုံပို့စဉ်လမ်းတွင်သေ
ဆုံးသွား ခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ်ဒုရဲအုပ်မြတ်သူစိုး
မှ ပြည်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်၁/၂၀၁၅ဖြင့် ရေးဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883

Read More...

Saturday, January 10, 2015

ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး

Leave a Comment




၁၀.၁.၂၀၁၅

ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီးသယ်ယူနေမှုတွေ ပြုလုပ်တဲ့နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့အတွက် စက်မောင်းသမားတဦး သေဆုံးခဲ့ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်က၊ ပြည်မြို့ စင်္ကြန်တောင် တောရဖုန်းတော်ကြီး စာသင်ကျောင်းဘေးက တောင်ကို ဖြိုရင်း ရုတ်တရက်တောင်ပြိုကျခဲ့တာပါ။

တောင်ပြိုကျမှုကြောင့် မြေဖြိုနေတဲ့ စက်မောင်းသမား ကိုဆန်းနိုင်ဦးအပါအဝင် မြေသယ်ယူမယ့် ထော်လာဂျီစက်တစီးလည်း မြေကြီးပိမိခဲ့တယ်လို့ ရတနာမာန်အောင်ရပ်ကွက် ရာအိမ်မှူး ဦးဖိုးထူးက ပြောပါတယ်။

ကိုဆန်းနိုင်ဦးဟာ အသက် ၄၂ နှစ်အရွယ်ရှိပြီး စည်တော်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

မြေတူးနေတုန်း ရုတ်တရက် မြေပိပြီး တောင်အောက်မှာ ပျောက်သွားလို့ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေ ဒေသခံ ပရဟိတ အဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရောက်လာပြီး မြေကြီးတွေကို ဝိုင်းဝန်းဖယ်ရှားခဲ့ကြပါတယ်။

၁ နာရီကျော်လောက်အကြာမှာ မြေအောက်ပိနေတဲ့ ကိုဆန်းနိုင်ဦးကို အသက်ရှင်ကယ်ထုပ်နိုင်ခဲ့ပေမယ့် ပြည်ဆေးရုံကြီးကို ပိုဆောင်စဉ် လမ်းခရီးမှာ သေဆုံးသွားပါတယ်။

DVB
သတင်းဓာတ်ပုံ – မင်းညို
Read More...

သဂြိုလ်စက်ရန်ပုံငွေပွဲကို ကျောင်းအားကစားကွင်းတွင် ခွင့်မပြုသဖြင့် အခက်တွေ့နေ

Leave a Comment



ပရဟိတအဖွဲ့တဖွဲ့၊တည်ဆောက်နေတဲ့၊သဂြိုလ်စက်ကြီး၊ရံပုံငွေ၊ရှာဖွေပွဲအတွက်ကို၊ဒေသဆိုင်ရာ အာဏာပိုင်တွေက၊ကျောင်းအားကစား၊ကွင်းမှာကျင်းပခွင့်မပေးတာကြောင့်၊ ပရဟိတအဖွဲ့တွေ၊ဒုက္ခတွေ့နေပါတယ်။

နှစ်စဉ်ကျင်းပပြုလုပ်နေကြ၊ရွှေဆံတော်ဘုရားပွဲ၊တရားပွဲတွေ၊အားကစားပွဲတွေကျင်းပပြုလုပ်နေကြ၊  ပဲခူးတိုင်း၊ပြည်မြို့၊အထက(၁)ဘော်လုံးကွင်း၊ကို၊ဇန်န၀ါရီလ(၁၄)ရက်နေ့မှာ၊ ကျင်းပပြုလုပ်မဲ့၊နိုင်ငံကျော်အဆိုတော်တွေ၊လူရွင်တော်တွေ၊လာရောက်၊ဖျော်ဖြေ၊ရံပုံငွေ ရှာဖွေ ပွဲအတွက်၊ ကိုခွင့်မပြုနိုင်ဘူးလို့၊ဇန်န၀ါရီလ(၁)ရက်နေ့က၊မြို့နယ်ပညာရေးမှုးရုံး မှာ ပညာရေးမှုးက၊(မိုးမေတ္တာ/သုခ )နာရေးကူညီမှု နဲ့ အခမဲ့ ဆေးခန်း အဖွဲ့ကို ခေါ်ယူတွေ့ဆုံအသိပေးခဲ့ပါတယ်။

အဲဒီမီးသဂြိုလ်စက်ကြီးကို၊(၂၀၁၄)ခုဇန်န၀ါရီလ အေးငြိမ်းရာ သုသန် မှာစတင်ဆောက်လုပ်ခဲ့ပြီး၊စုစုပေါင်းကုန်ကျစားရိပ်ကျပ်သိန်း(၆၀၀၀)ခန့် ခန့်မှန်းထားပြီး၊ အခုအခြေအနေထိကို သိန်း(၄၀၀၀) ကုန်သွားပြီဖြစ်ခါ၊ လိုအပ်တဲ့ငွေ အတွက်ကို၊ဒဂုံ(မုရောအားဖြည့်အချိုရည်)က မိန်းစပွန်စာပေးခဲ့ပြီး၊ အဆိုတော်တွေ၊ကိုခေါ်ယူကာ၊ရှိုးပွဲလုပ်ပြီး၊ရံပုံငွေရှာဖို့စီစဉ်ပြုလုပ်ခဲ့ ရာမှာ၊မူလကစီစဉ်ထားတဲ့၊နေရာဖြစ်တဲ့၊(အထက-၁)အားကစားကွင်းကို၊မြို့နယ်ပညာရေးမှုးကခွင့်မပြုတာကြောင့်၊အခုလို အခက်အခဲဖြစ်ကာ၊အရေးပေါ်၊မြို့နယ်အားကစားကွင်းကို ရွေ့ပြောင်းလိုက်ရတာဖြစ်ပါတယ်။

လာမဲ့ဗိုလ်ချုပ်ရာပြည့်ပွဲကိုလဲအဲဒီ အထက(၁)ကွင်းကိုပဲပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပြီး၊အခုပွဲကို ခွင့်မပြုတာကြောင့်၊လာမဲ့ဗိုလ်ချုပ်ပွဲကိုလဲ ခွင့်မပြုမှာကို ပရဟိတအဖွဲ့တွေက၊စိုးရိမ်နေကြတာဖြစ်ပါတယ်။

သူ့အနေနဲ့ဆုံးဖြတ်ခွင့်မရှိဘူး၊ဒါပေမဲ့ စာမေးပွဲကိစ္စတွေကလဲရှိသေးတာကြောင့်၊ညှိနှိုင်းဆောင်ရွက်နိုင်အောင်အထက်ကိုလဲတင်ပြပေးပါမယ်၊ ၀န်ထမ်းတယောက်ဖြစ်နေတာကြောင့်၊အချို့ဟာတွေကို၊မဖြေနိုင်တာကိုနားလည်ပေးဖို့ မြို့နယ်ပညာရေးမှုးက ရှင်းပြပါတယ်

စာမေးပွဲတွေ နီးလို့ဆိုရင်တောင်ကျွန်တော်တို့က နားလည်တယ်၊ရက်လဲရွေ့ပေးပြီးစောင့်နိုင်ပါတယ်၊ ဒီပွဲက ပျော်ပွဲရွင်ပွဲဆိုပေမဲ့၊တမြို့လုံးတွက်၊အခမဲ့ ရည်ရွယ်ထားတဲ့၊သဂြိုလ်စက်အတွက်၊ လုပ်တာဖြစ်တယ်၊ ပညာ ရေးဋ္ဌာနက တမင်ခွင့်မပြုတာလား၊အာဏာပိုင်ကခွင့်မပြုခိုင်တာလား ဒါကိုတော့သိပ်နားမလည်ဘူး၊တကယ်လို့ဒီကွင်းကို ဒီလိုမျိုးတွေ ခွင့်မပြုဘူးဆိုရင်၊တခြားဘယ်ပွဲမှ ခွင့်မပြုသင့်ဘူးလို့ ကိုညီညီအောင်(အတွင်းရေးမှုး။မိုးမေတ္တာ/သုခ အခမဲ့ဆေခန်း)ကရှင်းပြပါတယ်။

မူလအစီအစဉ်က၊ဇန်န၀ါရီလ(၂)ရက်နေ့မှာ၊ပွဲပြုလုပ်ဖို့စီစဉ်ထားခဲ့ပြီး ဒီဇင်ဘာလဆန်းကထဲက မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို တင်ထားခဲ့ပေမဲ့၊လွတ်လပ်ရေးပွဲ နဲ့ နီးကပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးက၊ရက်ရွေ့ခိုင်းလို့ ဇန်န၀ါရီ(၁၄)ရက်ကိုရွေ့လိုက်တယ်၊နောက်မြို့နယ်ပညာရေးမှုးရုံးက၊ခွင့်မပြုဘူးလို့ အကြောင်းကြားလာတာကြောင့်ပွဲစီစဉ်သူ၊ ပရဟိတအဖွဲ့တွေ၊အရေးပေါ်နေရာရှာပြီးစီစဉ်လိုက်ရတာကြောင့်၊အခက်ဖြစ်နေကြတာဖြစ်ပါတယ်။

မင်းညို (ပြည်)


Read More...

၁၅ ရက်သပိတ်စခမ်းအား သပိတ်လှန်ပိတ်သိမ်းခြင်းမဟုတ်ဘဲ ခေတ္တရပ်နား

Leave a Comment




လက်ပံတောင်းဒေသတွင် လယ်သူမဒေါ်ခင်ဝင်းအား သေနတ်ဖြင့်ပစ်သတ်ခံရခြင်းကိစ္စနှင့်ပတ်သက် ၍မကျေနပ်သဖြင့် ပြည်မြို့၊ဗိုလ်ချုပ်မြင်းစီးရုပ်အနီးတွင် သပိတ်စခမ်းဖွင့်၍ တရားခံအားဖော်ထုတ်ပေးရေးအ တွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ၁၅ ရက်တိုင်တောင်းဆိုခဲ့ရာ ဇန်န၀ါရီ ၉ ရက်နေ့ ည ၉ နာရီအချိန် ၌သပိတ်လှန်ခြင်းမဟုတ်ဘဲ သပိတ်မှောက်စခန်းအား ရက်ပြည့်သည့်အတွက် ခေတ္တရပ်နားခြင်းဖြစ်ကြောင်း ဦးဆောင်သူကပြောသည်။

“ဒေါ်ခင်ဝင်းသေဆုံးမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့တောင်းဆို သပိတ်မှောက်ခဲ့တာပါ၊သပိတ်မှောက် တာက ၁၅ ရက်ပြည့်လို့ ခဏရပ်နားတာဖြစ်တယ်၊သပိတ်လှန်တာမဟုတ်ပါဘူး၊ဖယောင်းတိုင်မီးထွန်းပြီးတော့ ရွှေဆံတော်ဘုရားကို ချီတက်ဆုတောင်းမယ်၊သေနတ်နဲ့ပစ်တဲ့သူနဲ့ အမိန့်ပေးတဲ့သူကို အရေးယူဖော်ထုတ်မ ပေးရင် သပိတ်စခမ်းပြန်ဖွင့်ပြီး ဆန္ဒဖော်ထုတ်သွားမှာပါ” ဦးဆောင်သူ ရှေ့နေဦးမြင့်အေးကပြောသည်။

ဆန္ဒဖော်ထုတ်သူအင်အား(၅၀)ခန့်သည် “လယ်သူမကြီးဒေါ်ခင်ဝင်းအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အစိုးရအလိုမရှိ၊ဦးပိုင်ကုမ္ပဏီနှင့်တရုတ်ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ”စာသားပါ တီရှပ်အဖြူရောင်များကိုဝတ်ဆင်၍ အမှုမှန်ပေါ်ပေါက်ရေး၊၀မ်ပေါင်ကုမ္ပဏီထွက်သွား၊တရားဥပဒေစိုးမိုးရေး၊လက်ပတောင်းတောင် အဓမ္မလူသတ်မှု အတွက်ရှုံ့ချဆန္ဒပြပွဲ ဟူသောကြွေးကြော်သံများ ၊ဗီနိုင်းပိုစတာနှင့်ဖယောင်းတိုင်မီးထွန်း ကိုင်ဆောင်လျှက်၊ သပိတ်စခမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ၊အသွားအပြန်ချီတက်၍ ရွှေဆံတော်စေတီတော် အနောက်မုဒ်တွင် ဆုတောင်းပြီး၊ည(၁၀)နာရီအချိန်၌ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပြီဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒဖော်ထုတ်ဆုတောင်းပွဲနှင့်ပတ်သက်၍ “ခုဆန္ဒဖော်ထုတ်တာကို အထက်ကိုတင်ပြထား ဆဲဖြစ်ပါတယ်၊အရေးယူဖို့ညွှန်ကြားလာရင်တော့ ဦးဆောင်သူတွေကို အရေးယူဆောင်ရွက်သွားမှာပါ” ဟုမြို့မ ရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့် ကပြောသည်။

ကိုရဲ(ပြည်)
Read More...

Thursday, January 8, 2015

ပြည်မြို့ ဗိုလ်ချုပ်ရာပြည့်အကြို ပွဲသို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရက်ရွှေ့ဆိုင်း ************************************

Leave a Comment


ပြည်မြို့ ဗိုလ်ချုပ်ရာပြည့်အကြို ပွဲသို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရက်ရွှေ့ဆိုင်း
************************************
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ဗိုလ်ချုပ်ရာပြည့်အကြိုလှုံ့ဆော်ပွဲပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်ဆောင်ဆန်းစုကြည် ခရီးစဉ်အား မူလက ဇန်န၀ါရီလ(၁၁)ရက်နေ့အား သတ်မှတ်ထား သော်လည်း ယခုအခါ ရက်ပြန်လည်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအချုပ်မှ ပြုလုပ်မည်ဖြစ်သော ပြည်ခရိုင်လုံးဆိုင်ရာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို လှုံ့ဆော်ပွဲအား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်ပြီး အဖွဲ့ချုပ်ဗဟိုကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်အရ သတ်မှတ်ထားသည့်ရက်တွင် မကျင်းပနိုင်တော့ပဲရက်ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ခရိုင်အလုပ်မှုဆောင်အဖွဲ့မှ သိရသည်။
“ခရီးစဉ်ပျက်သွားတာ မဟုတ်ပါဘူး ရက်ရွှေ့ဆိုင်းလိုက်တာပါ။ ဒီလထဲကိုတော့လုပ်သွားမှာပါ ဒီရက်ပိုင်း ရက်ကျပ် တွေများနေလို့ရွေ့ဆိုင်းလိုက်တာပါ။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ခရိုင် အလုပ်မှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
မူလကျင်းပမည့်အစီအစဉ်များကို မပြောင်းလဲပဲ ကျင်းပမည့်ရက်သာရွေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သတ်မှတ် ရက်ကိုလည်း ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ရာပြည့်အကြိုလှုံဆော်ပွဲအား ပြည်မြို့ အ.ထ.(၁)ကျောင်းရှိ လွပ်လပ်ရေးကျောက်တိုင် အားကစားကွင်း အတွင်း ပြုလုပ်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ ဇန်န၀ါရီ(၁)ရက်နေ့တွင် တင်ပြထားပြီး ခွင့်ပြုချက်တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသေးကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့်ခရီးစဉ်တွင် သရေခေတ္တရာမြို့ဟောင်းနှင့် ပြည်မြို့ ဧရာဝတီမြစ် တစ်ဖက် ကမ်းရှိ နာကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ တည်ထားသည့် ပရဟိတတောင်းကုန်ပေါ်ရှိ စေတီပေါ်သို့သွားရောက်နိုင်ဖွယ်ရှိကြောင်းသိရသည်။
အဆိုပါ စေတီတွင် စိုက်ပျိုးထားသော ဗောဓိညောင်ပင်မှာ ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီး ချုပ်ဟောင်းမန်မိုဟန်ဆင်းလက်ဆောင်ပေးထားသည့် ညောင်ပင်ဖြစ်ကြောင်း ပြည်ခရိုင်အလုပ်မှုဆောင် အဖွဲ့အတွင်းရေးမှူး ဦးမြင့်သန်းထွန်းထံမှ သိရသည်။

သီဟလွင် (မြစ်မခ)
ပြည် - ဇန်န၀ါရီ(၆)ရက်။
Read More...

Saturday, January 3, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့၊ သြ၀ါဒ ဆရာတော်ကြီးများ၏ အဆုံးအမ ခံယူပွဲကျင်းပ ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment


ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့၊ သြ၀ါဒ ဆရာတော်ကြီးများ၏ အဆုံးအမ
ခံယူပွဲကျင်းပ 
ပြည့်သဲမောင် (ပြည်)09 4236 71883
ပြည်မြို့နယ်လုံးဆိုင်ရာ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်မွေးနေ့ သြ၀ါဒဆရာတော်ကြီးများ၏ အဆုံးအမခံယူပွဲ အခမ်းအနားကို ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားတွင် ဇန်န၀ါရီ (၄)ရက်နေ့ နံနက် (၁၀း ၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတသ (၃)ကြိမ်ရွက်ဆို ဖွင့်လှစ်ခြင်း၊ သြ၀ါဒဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်(၁၀၀)ပြည့် သြ၀ါဒဆရာတော်ကြီးများ၏
 အဆုံးအမ ခံယူရခြင်းအား ဆရာဦးအေးလွင်မှ လျှောက်ထားတင်ပြခြင်း၊ ကြွရောက်လာသော
 သြ၀ါဒ စရိယဆရာတော်ကြီးများ၏ ကိုယ်စား ဆရာတော် တစ်ပါးမှ ဗိုလ်ချုပ်မွေးနေ့နှစ်(၁၀၀)
ပြည့်နှင့် ပက်သက်၍ လမ်းညွှန်သြ၀ါဒမိန့်ကြားခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်းနှင့်
လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား
ဗုဒ္ဒသာသနံ စီရံ တိဋ္ဌတု (၃)ကြိမ်ရွက်ဆို ပိတ်သိမ်းခဲ့ပြီး သြ၀ါဒဆရာတော်ကြီးများအား
 နေ့ဆွမ်းဆပ်ကပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်မြို့နယ် ၈၈ပွင့်လင်းအဖွဲ့များ ၊ပြည်မြို့နယ် NLDပါတီဝင်များ ၊
လူမှုရေးအဖွဲ့အစည်းများ ၊လူဘောင်သစ်အဖွဲ့များ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ပြည်
ခရိုင်နိုင်ငံရေးအင်အားစုများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း
သိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883




Read More...

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့တွင်ဆန္ဒထုတ်ဖော် ပြည် ဇန်န၀ါရီ (၃)ရက် ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment





၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့တွင်ဆန္ဒထုတ်ဖော်
ပြည် ဇန်န၀ါရီ (၃)ရက်
ပြည့်သဲမောင် (ပြည်)09 4236 71883
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ၄၃၆ နှင့် ပြင်ဆင် သင့်သောဥပဒေပေါင်း (၂၁၀) ပြင်ဆင်မှသာ လွတ်လပ်ရေးရပြီး  စစ်ကျွန်ဘ၀က လွတ်မြောက်မည်၊ မြန်မာ နိုင်ငံတော်ကြီးလွတ်လပ်၍ ငြိမ်းချမ်းပြီးဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်၍ တကိုယ်တော်ကိုဝင်းလှိုင်မှ ဇန်န၀ါရီ (၃)ရက်နေ့ ညနေ (၄း၀၀)နာရီအချိန်ခန့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

" ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်လာတော့မှာမို့ ပြည်သူ့အသံကို သိအောင်ဆန္ဒထုတ်ဖော်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကာချုပ်နဲ့တပ်မတော်မှာပိုပြီးတာဝန်ရှိတယ်။  ဒုတိယတာဝန်ရှိတာက ပြည်ခိုင်ဖြိုးအစိုးရ၊ ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရည်တည်ပါမယ်လို့ ပြောနေတဲ့ NLD နဲ့ ပွင့်လင်းအဖွဲ့တွေ လုပ်ဖို့လိုအပ်လာပြီ။ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ဖွဲ့စည်းပုံဖြစ်ဖို့  မလုပ်ပေးတဲ့ဘယ်အစိုးရဖြစ်ဖြစ် ကျွန်တော်တို့က ဖြုတ်ချမှာပဲ" ဟု ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်ကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်သူများသည် ဗိုလ်ချုပ်ကျောက်ရုပ်တွင်စုဝေးပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ဟောပြောခြင်း၊ ၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒို့အရေး ၊ ဖွဲ့စည်းပုံမပြင်ဆင်ချင်သော ကာချုပ်နှင့် တပ်မတော်ကိုယ်စားလှယ်များနှုတ်ထွက်ကြ၊ တပ်မတော်နှင့်ပြည်သူကို သွေးခွဲပြီး ရန်သူများဖြစ်အောင် လုပ်နေသော ကာချုပ်နှင့်ကိုယ်စားလှယ်များနှုတ်ထွက်ကြ ၊ ၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံမပြင်ဆင်ချင်သော ပြည်ခိုင်ဖြိုးအစိုးရ နှုတ်ထွက်ကြ၊ ၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အမျိုးသားရေးတာဝန်ဖြစ်သည်။
၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံအသက်ပေးပြင်ဆင်ရေး အရေးတော်ပုံအောင်ရမည်" ဟု ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ကမ္ဘာမကျေဘူးသီချင်းကိုသံပြိုင်သီဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဗိုလ်ချုပ်ကျောက်ရုပ် မှာပင် ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြသည်။

" ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်မချင်း တစ်လတစ်ကြိမ် (၃)ရက်နေ့နဲ့ (၄)ရက်နေ့များမှာ လစဉ်ဆန္ဒထုတ်ဖော်သွားမှာပါ။ အခုဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်ရပါတယ်။ အကယ်၍များ ဖွဲ့စည်းပုံမပြင်ဆင် ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် (၄)လပိုင်း (၅)လပိုင်းလောက် လမ်းပေါ်တက် သပိတ်စခန်းဖွင့်မှာပါ။ ပြည်သူအတွက် အကျိုးမပြုတဲ့သူတွေကို လွှတ်တော်ထဲမှာမလိုချင်ဘူး။ ၅၉ (စ) ဆိုတာကလည်း တစ်ဦး တစ်ယောက်တည်း ရည်ရွယ်ပြီး ပြဋ္ဌာန်းထားလို့မလိုချင်တာပါ" ဟု ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ဦးမှပြောခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင် (ပြည်)09 4236 71883

Read More...

Thursday, January 1, 2015

ပြည်မြို့နယ်ဂီတအစည်းအရုံးမှ ကြီးမှူး၍ (၆၇) ကြိမ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲကျင်းပ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment


ပြည်မြို့နယ်ဂီတအစည်းအရုံးမှ ကြီးမှူး၍ (၆၇) ကြိမ်မြောက်လွတ်လပ်ရေးနေ့
အထိမ်းအမှတ်ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မြန်မာနိုင်ငံဂီတအစည်း
အရုံး (ဗဟို)မှ(၁၉.၁၁.၂၀၁၄)ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းတာဝန်ေ
းအပ်ခဲ့သော ပြည်မြို့နယ်ဂီတအစည်းအရုံး၏ (၆၇)ကြိမ်မြောက် လွတ်
လပ်ရေးနေ့ အထိမ်း အမှတ်ဂုဏ်ပြု သီချင်းဆိုပြိုင်ပွဲကျင်းပခဲ့ကြောင်း
သိရသည်။

ပြည်မြို့နယ် ဂီတအစည်းအရုံးမှ ကြီးမှူးကျင်းပသော ၄င်းသီချင်းဆိုပြိုင်ပွဲကို
ဒီဇင်ဘာ(၂၇)ရက်မှ(၂၉)ရက်နေ့အထိ ကျင်းပခဲ့ပြီး ကျား/မ စုစုပေါင်း(၁၄၉)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးဖိုင်နယ်၁၅ ယောက်အနက်မှပထမဆုအောင်ကြီး ၊

ဒုတိယဆု မြတ်သိဂီင်္ ၊တတိယဆုမြတ်နိုးအောင် တို့အား ပထမဆု(၂၀၀၀၀၀ိ/-)
(နှစ်သိန်းကျပ်)၊ ဒုတိယဆု (၁၅၀၀၀၀ိ/-(တစ်သိန်းငါးသောင်းကျပ်)၊ တတိယဆု
(၁၀၀၀၀၀ိ/-)(တစ်သိန်းကျပ်)၊ ချီးမြှင့်ခဲ့ပြီးနှစ်သိမ့်ဆု (၇)ဆု (၃၀၀၀၀/-) (သုံးသောင်း
ကျပ်)အပြင်လက်ဆောင်ဆု(၅)ဆု(၁၀၀၀၀/-)တစ်သောင်ကျပ်ကိုလည်းထပ်မံဆုချီး
မြှင့်ခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883







Read More...

ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက၊တားမြစ်ထားခဲ့ပေမဲ့၊သရေခေတ္တရာရှေးဟောင်းဇုံအတွင်း ကတောင်တွေကို စက်ကြီးတွေ နဲ့ ညနေဘက်လူခြေတိတ်ချိန်မှာတူးဖေါ်

Leave a Comment
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက၊တားမြစ်ထားခဲ့ပေမဲ့၊သရေခေတ္တရာရှေးဟောင်းဇုံအတွင်း
ကတောင်တွေကို စက်ကြီးတွေ နဲ့ ညနေဘက်လူခြေတိတ်ချိန်မှာတူးဖေါ်နေတာကို တားမြစ်ဖမ်းစီးခဲ့ပါတယ်။
ပဲခူးတိုင်း၊ပြည်မြို့နယ်၊ကန်သုံးဆင့်တောင်ကြား၊ န၀ဒေးရပ်ကွပ်။အောင်မြင်ရွာ၊မင်းကြီးတောင်၊ စတဲ့ဒေသတွေက၊တောင်တွေ၊တောင်တန်းတွေ တောင်ကုန်းတွေ ကို စီးပွားရေးသမားများက ။ဘူဒိုစာ၊တောင်ဖြိုစက်၊မြေတူးစက်ကြီးတွေနဲ့ ဖြိုချကာ မြေပြင်ညီဖြစ်အောင်လုပ်ပြီး၊အကွပ်ရိုက်ရောင်းခြင်း၊ဖို့မြေ ရောင်းစားခြင်း၊ ဟော်တယ်တွေဆောက်လုပ်ခြင်း၊ခြံရောင်းစားခြင်းတွေ၊၊ဖုံးတိုင်တွေစိုက်ထူခြင်းတွေ နဲ့ စီးပွားရှာနေတာတွေ ကြောင့် ၊တောင်တွေ ပျောက်ကွယ်ကုန်ကာ၊သဘာဝဘေးအန္တရယ်တွေ၊ဖြစ်ပွားလာမှာ၊နဲ့ ရှေးဟောင်းဇုံ က သတ်မှတ်ချက်စည်းကမ်းတွေကို ဖေါက်ဖျက်ကျူးလွန်နေတာ ဖြစ်ပါတယ်။
ညနေပိုင်းလောက်မှာ သတင်းရလို့ သွားပြီးစောင့်ဖမ်းလိုက်တာ မြေသယ်ကားတွေ ကိုဖမ်းမိတော့ သူတို့က ပြည်မြို့က လူကြီးတယောက်ရဲ့အိမ်ကိုဖို့ပေးဖို့မြေသယ်တာဖြစ်တယ်၊လို့ပြောတယ်နောက်တော့ အမှတ်(၃)ရဲစခန်းမှုးကိုခေါ်ပြီး၊အပ်လိုက်တယ်လို့ ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနက (ရှေးဟောင်းဇုံလုံခြုံရေးတာဝန်ခံ)၀န်ထမ်းတယောက်ကပြောပြပါတယ်
အဲဒါတွေကိုတားထားတာသူတို့ဆက်လုပ်နေတာမသိဘူး၊ဒါဟာ သဘာဝပတ်ဝန်းကျင်လဲထိခိုက်တယ်၊အချို့တောင်ထိပ်တွေအပေါ်မှာဆိုရင်၊လျှပ်စစ်မီးလိုင်းကြိုးကြီးတွေရှိတယ်၊တောင်တွေကိုအောက်ချေကနေတူးတော့၊အဲဒီတိုင်တွေပြိုလဲကျမှာလဲစိုးရိမ်ရတယ်၊အန္တရယ်လဲရှိတယ်ဒါကြောင့်တားထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှုးကပြောပြပါတယ်။
အဲဒီကိစ္စအတွက်ကိုရှေးဟောင်းကလာပြီးအမှုဖွင့်တာတော့မလုပ်ဘူး၊သူတို့မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာညှိပြီးပြေလည်သွားတယ်၊ခံဝန်လုပ်ပြီးပြန်လွှတ်လိုက်တယ်လို့၊ အမှတ်(၃)ရဲစခန်း-စခန်းမှုးက ဖုန်းကတဆင့်ဖြေကြားပေးခဲ့ပါတယ်။
အဲဒီလိုလုပ်နေတာတွေကို ပြည်မြို့နယ်အုပ်ချုပ်ရေးမှုးက သြဂုတ်လ(၁)ရက်နေ့ကစပြီး ပိုင်ရှင်အသီးသီးကို တရားဝင် ရပ်တံ့ဖို့အတွက် အကြောင်းကြားစာတွေပေးပို့ထားခဲ့ပေမဲ့လည်း၊လူမြင်ကွင်းနေရာတွေကိုသာရပ်တံ့ခဲ့ပြီး၊ လူအရောက်အပေါက်နဲ့တဲ့ တောင်တွေ၊ကိုတော ညအချိန်တွေမှာ့ ဆက်လက်တူးဖေါ်နေ ခဲ့ကြပြီး၊သရေခေတ္တရာရှေးဟောင်းဇုံနယ်မြေ(PZ)ဇုံ အတွင်း၊လုလင်ကျော်တခါးအနီးမှာ တူးဖေါ်နေတာကို၊သတင်းရတာကြောင့်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့က ရှေးဟောင်းယဉ်ကျေးမှုလုံခြုံရေးအဖွဲ့ဝင်တွေက စောင့်ပြီးဖမ်းစီးပြီး၊ရဲလက်ကိုအပ်လိုက်တာဖြစ်ပေမဲ့၊မြို့နယ်အုပိချုပ်ရေးမှုးရုံးတွင်ညှိနှိုင်းပြီး၊အရေးမယူပဲပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

မင်းညို (DVB)




Read More...

Tuesday, December 30, 2014

ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ သပိတ်စခန်းခေါင်းဆောင် အပါဝင်(၆)ဦးတရားစွဲခံရ ပြည့်သဲမောင်(ပြည်)

Leave a Comment


ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ
သပိတ်စခန်းခေါင်းဆောင် အပါဝင်(၆)ဦးတရားစွဲခံရ

ပြည့်သဲမောင်(ပြည်) 09 4236 71883
ဦးမြင့်အေးနှင့် ကိုမျိုးသူထွဋ်၊ကို ကျော်ဆွေ၊ ကိုဝင်းလှိုင်၊ ကိုကျော်ကျော်ဦးနှင့်
ပြည်မြို့နယ်NLD ပါတီမှ ကျော်ကျော်ဥာဏ်ဝင်းတို့ (၆)ဦး ဆောင်းဘောက်ဖြင့်
တွဲထားသော မိုက်ကရိုဖုန်းဖြင့် လက်ပံတောင်းတောင် စီမံကိန်း အပြီးတိုင်ရပ်
စဲရေးအကြောင်းအရာများအား ဟောပြောခြင်း၊ ဖယောင်းတိုင်များ မီးထွန်းညှိ စိုက်ထူခြင်း၊နှင်းဆီပန်းများအား သပိတ်စခန်း၏ ၀ဲဘက် ပလက်ဖောင်းပေါ် တွင်
ဖြန့်ကျဲခြင်း၊ လက်ပံတောင်းတောင်ဒေသတွင် သေဆုံးသွားသော ဒေါ်ခင်ဝင်း
အတွက် ဆုတောင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်  အဆိုပါ(၆)ဦးမှ ဦးဆောင်သောအဖွဲ့သည် ဗိုလ်ချုပ်ကျောက်ရုပ်အနီး
သပိတ်စခန်းမှ လမ်းမတော်လမ်းမှတဆင့် လမ်းရှည်လမ်းအတိုင်း ဖယောင်းတိုင်နှင့်
 နှင်းဆီပန်း ကိုယ်စီကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာလမ်းရှည်လမ်း တရုတ်တရုတ်တန်းလမ်းအတိုင်း ကမ်းနားလမ်းရှိ ကွမ်ရင်မယ်တော်ဘုံကျောင်းသို့
ဆက် လက်ထွက်ခွာခဲ့ရာ ဘုံကျောင်းရှေ့ ဘုံကျောင်းခြံစည်းရိုးအုတ်ခုံပေါ်တွင်မီးထွန်း
ထားသေည့် ဖယောင်းတိုင်များအား စိုက်ထူးခြင်း နှင်းဆီပန်း(အနီရောင်)များအားဘုံေ
ကျာင်း အတွင်း ပစ်ချခြင်းများ ဆောင်ရွက်ခဲ့ပြီး  ကမ်းနားလမ်းအတိုင်း ဗိုလ်ချုပ်ကျော
က်ရုပ် ဘက် သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ကမ်းနားလမ်းမှတဆင့် စစ်ကဲလမ်း-လမ်းမတော်လမ်းများအတိုင်း ဆက်လက်ထွက်ခွာခဲ့ရာ ဗိုလ်ချုပ်ကျောက်ရုပ်သို့ ပြန်လည်ရောက်ရှိပြီး အေးချမ်းစွာ
လူစုခွဲကာ ဦးမြင့်အေးနှင့်ကိုမျိုသူထွဋ် တို့(၂)ဦးသည် ယာယီတဲရှေ့တွင် ထိုင်၍ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ခွင်ပြုချက်တောင်းခံခြင်းမရှိဘဲ မြို့အတွင်းသို့ လမ်းလျှောက် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်ဟုဆိုကာ ဦးဆောင်ခဲ့ကြသော ဦးမြင့်အေးနှင့်ကိုမျိုး
 သူထွဋ် ၊ကို ကျော်ဆွေ၊ကိုဝင်းလှိုင်၊ကို ကျော်ကျော်ဦးနှင့်ပြည်မြို့နယ် NLD ပါတီ မှ
ကိုကျော်ကျော်ဥာဏ်ဝင်းတို့ (၆)ဦးအား အရေးယူပေးပါရန် ပြည်မြို့မရဲစခန်းမှူး
ဒုရဲမှူး မျိုးမြင့်မှ တရားလို ပြုလိုက်တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း(ပ) ၁၀၆၁ /
၂၀၁၄၊ စုဝေး /  စီတန်းဥပဒေ ပုဒ်မ - ၁၈ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပြီး အမှု
အားဒုရဲအုပ် မြတ်သူစိုးမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီးစာမူနှင့်ပတ်
သက် လာမည့်ကိစ္စအဝဝကိုဖြေရှင်းသွားမည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883



Read More...

ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများ အတွက်တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်သူများကို တရားစွဲထား ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment




ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများ
အတွက်တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်သူများကို တရားစွဲထား

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်မြို့တွင်၊ ပြည်ခရိုင်နိုင်ငံရေး အင်အားစုများမှဒီဇင်ဘာ (၂၆)ရက်နေ့
နံနက် (၉း၀၀)နာရီတွင် လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်
ဖြိုခွင်းခံရ၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရား
မျှတမှုနှင့်ကုစားခွင့်ရရှိစေရေး ဒေသခံများ၏လက်ရှိနစ်နာ မှုများကို အကျေ
အလည်မဖြေရှင်းနိုင်မီ ၀မ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကိုရပ်
ဆိုင်းထားရေး (သို့မဟုတ်) အပြီးအပိုင်ဖျက်သိမ်းရေး စသည့်ရည်ရွယ်ချက်
ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကျသူ ဦးကျော်ဆန်း ပါ (၁၀)ဦးအား ပြည်မြို့မရဲစခန်းတွင်
အမှုဖွင့်ထားကြောင်းသိရသည်။

ခွင့်ပြုမိန့်တွင် တားမြစ်ထားသည့် ရွှေတစ်ချောင်းလမ်းအား လှည့်လည်ဆန္ဒဖော်
ထုတ်ခြင်း၊ ခွင့်ပြုမိန့်တောင်းခံစဉ် တင်ပြထားခြင်းမရှိသည့် ဗီနိုင်း / ကတ္ထူစက္ကူပို
စတာများအား ကိုင်ဆောင်ကာ ၀မ်ပေါင်+ဦးပိုင် စာသားပါ စာရွက်များအား မီးရှို့
ခြင်းများ ပြုလုပ်ခဲ့သည့် အတွက် အရေးယူထားခြင်းဖြစ်ကြောင်း ပြည်မြို့မရဲစခန်းမှ
သိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ဦးကျော်ဆန်း ပါ (၁၀)ဦးအား အရေးယူပေးပါရန် ပြည်မြို့မ
ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့် မှ  စုဝေး / စီတန်းဥပေဒေ ပုဒ်မ-၁၉ ဖြင့် အမှုရေးဖွင့်ဆောင်
ရွက်ခဲ့ပြီး အမှုအား  ဒုရဲအုပ် ဇော်မင်းမှ လက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883

Read More...

Monday, December 29, 2014

ပြည်မြို့တွင် ဖွင့်လှစ်ထားသော အထိုင်သပိတ်စခန်းတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment




ပြည်မြို့တွင် ဖွင့်လှစ်ထားသော အထိုင်သပိတ်စခန်းတွင် ဖယောင်းတိုင်ထွန်း
ဆုတောင်းပွဲ ပြုလုပ်ခဲ့
ပြည့်သဲမောင်(ပြည်) 09 4236 71883

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခတွင်နဖူးသေနတ်ကျည်ဆံထိမှန်ကာ
သေဆုံးခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်
အလယ်ရွာသူ ဒေါ်ခင်ဝင်းအတွက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သူနှင့် စေခိုင်းသူများ
အား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန်၊ ပြည်မြို့   ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ဖွင့်
ထားသော အထိုင် သပိတ်စခန်းတွင် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲအား ဒီဇင်ဘာ (၂၉)
ရက် ည (၈း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်အစိုးရ၏ ရဲတပ်ဖွဲ့နှင့်ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးများ၏လက်ချက်ဖြင့် ကျ
ဆုံးခဲ့ရသော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေ
သ၊ မိုးကြိုးပြင်အလယ်ရွာနေ တောင်သူမကြီး ဒေါ်ခင်ဝင်းသည် နောက်နောင်ဘ၀များ
တွင်မင်းကျင့်တရား (၁၀)ပါးနှင့် ညီညွတ်စွာအုပ်ချုပ်သော နိုင်ငံတွင်သာလူဖြစ်ပါစေသား . .
 မင်းကျင့်တရား (၁၀)ပါးနှင့်အညီ မအုပ်ချုပ်သော မင်းဆိုးမင်းညစ်များ၏ ယုတ်မာရက်
စက်စွာသတ်ဖြတ်ခြင်း (ဥပစ္ဆေဒကံ)မှ ကင်းဝေး ပါစေသား . . . ဒေါ်ခင်ဝင်းကောင်းရာသု
ဂတိ လားပါစေ" ဟု ဆုတောင်းကာ  ဦးပိုင်ဝမ်ပေါင် - အလိုမရှိ  အလိုမရှိ၊ လူသတ်အစိုးရ
ဖြုတ်ချကြ ဖြုတ်ချကြ လယ်သမားအရေး - တို့အရေး တို့အရေး၊ ကြေးနီတောင်စီမံကိန်း -
 ဖျက်သိမ်း ပေး ဖျက်သိမ်းပေး " ဟု ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

“ဒီပြသနာကိုဖြေရှင်းမပေးမချင်း သပိတ်ရှိမှာပဲ  မရမချင်းလုပ်နေမှာ  ဖယောင်းတိုင်ထွန်း
ရတဲ့ အကြောင်းအရင်းကဒီအမှုမှန်ပေါ်ပေါက်ရေးအတွက်အားနည်းသွားမှာစိုးလို့ မြန်
မာနိုင်ငံမှာလယ်သိမ်း၊ ယာသိမ်းတွေ အများကြီးဖြစ်နေတော့ အခုလိုအဖြစ်ဆိုးမျိုးဖြစ်
မလာအောင်ဆုတောင်းတာ၊ ဒေါ်ခင်ဝင်းနစ်နာမှုအတွက် တစ်စုံတစ်ရာ မရမချင်း၊အရေး
ယူဆောင်ရွက်ပေးမှု မရှိမချင်း သပိတ်စခန်းကရှိနေမှာပါ။ ဒီထက်ပိုပြီး အရှိန်အဟုန်မြှင့်
ဖို့ပဲရှိပါတယ်" ဟု ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ သပိတ်စခန်းမှကိုမျိုးသူထွဋ်
ကပြောသည်။

အဆိုပါ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ဖွင့်လှစ်ထားသော အထိုင်သပိတ်စခန်းသည် ဒီ
ဇင်ဘာ(၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်ကာ ယနေ့ည(၅)ရက်မြောက်နေ့တွင် ပြုလုပ်သည့်
ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲဖြစ်ပြီး  ထိုအထိုင်သပိတ်စခန်းအား ဇန်န၀ါရီလ (၉)ရက်နေ့
အထိ အထိုင်သပိတ်ပြုလုပ်ဆုတောင်းသွားမည်ဖြစ် ကြောင်းသိရသည်။

 သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင် (ပြည်)09 4236 71883



 








 












Read More...

Thursday, December 25, 2014

ပြည်သပိတ်စခန်းမှ ကလေးငယ်တစ်ဦးကို ရာအိမ်စုမှူး ရိုက်နှက်

Leave a Comment


 ဖိုးပျော့ (ပြည်သတင်း)



လက်ပံတောင်းဒေသခံ လယ်သူမကြီး အသတ်ခံရမှုကို ဥပဒေအရအရေးယူရန် သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ သပိတ်စခန်းမှ ကလေးငယ်တစ်ဦးကို  ရာအိမ်စုမှူးတစ်ဦးက ဒီဇင်ဘာ ၂၅ ရက်နေ့ညပိုင်းတွင် ၀င်ရောက်ရိုက်နှက်ခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။

“အုပ်ချုပ်ရေးမှူးကတာဝန်ပေးလို့ဆိုပြီး ကလေးကို ဇက်ပိုးဝင်အုပ်တယ်။ အတင်းတွန်းထုတ်တယ်။ သပိတ်စခန်းထဲက ပစ္စည်းတွေလဲဝင်ဖျက်ဖို့လုပ်တယ်” ဟု သပိတ်မှောက် ဆန္ဒပြနေသူ ကိုဝင်းလှိုင်ကပြောသည်။

ထိုနေ့ည ၉နာရီအချိန်တွင် ဆံတော်ရပ်ကွက် ပုထိုးကြီးနယ်မြေ ရာအိမ်စုမှူး ကိုအောင်ဇော်ဦးဆိုသူသည် သပိတ်စခန်းတွင် ရှိနေသည့် အသက် (၁၄)နှစ်အရွယ်ကလေးငယ် မောင်ဇော်ဝင်းခိုင် ကိုရိုက်နှက် ခဲ့ခြင်းဖြစ်သည်။

ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညွှန့်နိုင် ၏ ခိုင်းစေချက်အရ ကလေးငယ်ကိုရိုက်နှက်ရသည်ဟု ကိုအောင်ဇော်ဦးက ပြောဆိုခဲ့သော်လည်း ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွှန့်နိုင်ကမူ “လုပ်ချင်ရင်အစ်ကိုကိုယ်တိုင် ထွက်လုပ်မှာပေါ့။ သူများမခိုင်းဘူး” ဟုပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးတိုးမြှင့်ခတ်ထားမှုကို တားဆီးသည့် ဒေသခံ တောင်သူများကို လုံခြုံရေးရဲများနှင့် ကုမ္ပဏီ ဝန်ထမ်းများက တားဆီးရာမှ ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်က ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပဋိပက္ခအတွင်း သေနတ်မှန်ကာ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။ 

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ် အရေးယူရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျေးရုပ်အနီး တွင် နိုင်ငံရေးတက်ကြွလှုတ်ရှားသူများက သပိတ်စခန်းဖွင့်ထားသည်။
Read More...

Facebook Like Page