Thursday, January 29, 2015

နတ်တလင်းမြို့ဘူတာရုံတွင်ဘိန်းဖြူဟုယူဆရသောအမှုန့်(၆.၂၅)ဂရမ်ဖမ်းဆီးရမိ

Leave a Comment


သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်တွင် ဇန်န၀ါရီ ၂၄ ရက်နေ့၊ညဉ့်နက် ၁၊၃၀ အချိန်ခန့်၌ ပြည်မှ ရန်ကုန်ဘက်သို့ထွက်ခွါမည့် အမြန်ရထားအား ဘူတာရုံထိုင်ခုံတွင်ထိုင်၍ စောင့်ဆိုင်းနေသူတစ်ဦးကိုရဲတပ်ဖွဲ့ဝင် ၀င်များ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ရပ်မိရပ်ဖများမှ မင်္သကာသဖြင့် ရှာဖွေစစ်ဆေးရာ ဘိန်းဖြူဟုယူဆရ သောအဖြူရောင်အမှုန့်များအား ရှာဖွေတွေ့ရှိခဲ့ကြောင်း နတ်တလင်းမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာဘူတာရုံတွင်စောင့်ဆိုင်းနေသည့် အသက်(၂၇)အရွယ်ရှိ၊လှိုင်မျိုးဝင်း ဆိုသူရှမ်းပြည်နယ် မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊နဘူးရွာသစ်နေထိုင်သူအား မင်္သကာသဖြင့်၊၎င်းလွယ်ထားသော I.MAX တံဆိပ်ပါ၊ ခရီးဆောင်ကျောပိုးလွယ်အိတ်အား ရှာဖွေခဲ့ရာ၊LIPPO ပုလင်းအတွင်းဘိန်းဖြူဟုယူဆရသော အဖြူရောင်အ မှုန့်(၆.၂၅)ဂရမ်နှင့်ဂက်စ်မီးခြစ်(၃)လုံး၊ငွေရောင်စီးကရက်ခဲစက္ကူ(၁)ရွက်၊ခဲစက္ကူအပိုင်း(၄)ခု၊မှတ်ပုံတင်(၁)ခု၊ ဂျင်းအကျီင်္(၁)ထည်၊ပုဆိုး(၁)ထည်၊ဘောင်းဘီအတို(၁)ထည်၊တို့အားတွေ့ရှိ၍ ရှာဖွေပုံစံဖြင့်သိမ်ဆည်းခဲ့ကြောင်း သိရသည်။

၎င်းနောက် ဘိန်းဖြူဟုယူဆရသောအမှုန့်များနှင့်ဆက်စပ်ပစ္စည်းများအား လက်ဝယ်တွေ့ရှိသူ လှိုင်မျိုးဝင်း၊ကိုနတ်တလင်းမြို့မရဲစခန်းတွင်(မယ)၁/၂၀၁၅ မှုး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)/၁၉(က) ဖြင့်အမှုဖွင့်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မြို့မရဲစခန်းမှသိရသည်။

မောင်မဲ(ပြည်)

0 comments:

Post a Comment

Facebook Like Page