နိုင်ငံရေးပါတီများ နှင့် မဲဆန္ဒရှင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်မည်
17.10.2015(သတင်းတို)
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် မဲဆန္ဒရှင် ပြည်သူတွေ တွေ့ဆုံပွဲတစ်ခုကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မေးခွန်းများ မေးမြန်းဆွေးနွေးခွင့် ရရှိနိုင်ရန် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်သည်ဟုသိရသည်။
ယင်းအခမ်းအနားအား ယခုလာမည့် ၁၈.၁၀.၂၀၁၅ ရက်နေ့ နံနက် ၈ နာရီ မှ ၁၁ နာရီအထိ ပြည်မြို့ ယဉ်ကျေးမှုရုံ(အားကစား ခန်းမ) တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းအပြည့်စုံ ဆက်လက်ဖော်ပြပါမည်)
ပြည်သတင်းလူငယ်(ပြည်သတင်း)
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment