Tuesday, January 27, 2015

မဟာဗောဓိပင်နှင့်အောင်သိဒ္ဓိဆုတောင်းပြည့်ဘုရား စတုတ္ထအကြိမ်မြောက် သီတဂူအထူးတရားပွဲကျင်းပပြုလုပ်မည် ပြည့်သဲမောင်(ပြည်) 09 423671883

Leave a Comment



မဟာဗောဓိပင်နှင့်အောင်သိဒ္ဓိဆုတောင်းပြည့်ဘုရား စတုတ္ထအကြိမ်မြောက် သီတဂူအထူးတရားပွဲကျင်းပပြုလုပ်မည်
ပြည့်သဲမောင်(ပြည်) 09 423671883
ပြည်မြို့၊ န၀င်းနယ်မြေ၊ မာလကာကုန်းရပ်၊မဟာဗောဓိပင်နှင့်အောင်သိဒ္ဓိဆု
တောင်းပြပည့်ဘုရား စတုတ္ထအကြိမ်မြောက် သီတဂူအထူးတရားပွဲအား ၁၃၇၆
ခုနှစ်၊ တပို့တွဲလဆန်း (၁၂)ရက်မှ လပြည့် ကျော် (၁)ရက်နေ့(၃၁၊၁၊၂၊၃၊၄)ရက်နေ့
များတွင်ညစဉ် (၇း၃၀)နာရီအချိန်များတွင် (၅)ရက်တိုင်တိုင်တရားချီးမြှင့်မည်ဖြစ်
ကြောင်း သိရသည်။

(၃၁.၁.၂၀၁၅)ရက်နေ့၊ စနေနေ့ညတွင်  ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက် စာချနာယက ဘဒ္ဒန္တသီတလာစာရ၊ ဂန္ထ၀ါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ မြို့နယ်သံဃနာယက (ရွှေကျင်) ဆရာတော်ဘုရားမှ လည်းကောင်း၊  (၁.၂.၂၀၁၅)ရက်နေ့တွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် သီတဂူဒေါက်တာ အရှင်က္ကန္ဒာစရိယ၊ သာသနတက္ကသီလာဓမ္မာစရိယ B.A (Buddhism)  M.A, Ph.D (Buddhist Literature) ဆရာတော်ဘုရားမှ
လည်းကောင်း၊ (၂.၂.၂၀၁၅)ရက်နေ့နှင့် (၄.၂.၂၀၁၅)ရက်နေ့များတွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် သီတဂူအရှင်ကုဏ္ဍလာစာရ ၀ိနယ၀ိဒူဘွဲ့၊ ဒီဃနိကာယ၀ိဒူဘွဲ့၊ ၀ိနယစရဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့ ၀ံသပါလဓမ္မာစရိယဘွဲ့ ၊ အင်္ဂုတ္တရနိကာယ၀ိဒူဘွဲ့  (နိုင်ငံတော်ပထမ) English & Buddha Dhamma Dip ; B.A (Huddhism) ဆရာတော်ဘုရားမှလည်းကောင်း၊ (၃.၂.၂၀၁၅)ရက်နေ့များတွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူ အရှင် ဦးသူရိယ B.A ., M.A သာသနဓဇ ဓမ္မာစရိယ၊ သုတေသနနှင့်ကျမ်းပြုဌာန သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းဆရာတော်ဘုရားများမှ မေတ္တာရေအေး
တရားဓမ္မများကို ဟောကြားပြသ ချီးမြှင့်သွားမည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှ တရားချစ်ခင်သူတော်စင်အပေါင်း တရားနာကြွရောက် နိုင်ရန် ကုသိုလ်ရေးမျှော်
ကာတွေးလို့ နှိုးဆော်အသိပေးအကြောင်းကြားအပ်ပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883

0 comments:

Post a Comment

Facebook Like Page