Sunday, March 30, 2014

မြစ်ဆုံရေကာတာ ရပ်တံရေး မိုင်ထောင်ချီ လမ်းလျှောက် ဆန္ဒပြသူတွေကို ပြည်မြို့မှာ သန်ခေါင်စာရင်းကောက်ယူ

Leave a Comment

မြစ်ဆုံရေကာတာရက်တံ့ရေးအတွက်-မိုင်ထောင်ချီခရီးကိုလမ်းလျှောက်ဆန္ဒပြသူတွေ -ကို-ပြည်မြိုမှာ-သန်းခေါင်စာရင်းကောက်ယူခဲ့ပါသည်။

မတ်လ(၂၃)ရက်နေ့ကရန်ကုန်မြို့မှနေပြီး- မြစ်ဆုံရေကာတာရက်တံ့ရေးအတွက်-မိုင်ထောင်ချီခရီးကိုလမ်းလျှောက်ဆန္ဒပြသူတွေဟာ-မတ်လ(၃၀)ရက်နေ့မနက်(၁၀း၃၀)နာရီမှာ-ပြည်မြို့ကိုရောက်ရှိလာခဲ့ကြပြီး-သန်းကောင်စာရင်းပေးသွင်းခဲ့ကြပါတယ်။

ရွှေတောင်မြို့ကနေမနက်(၇)နာရီထိုးက-ခရီးဆက်လက်ထွက်ခွာလာခဲ့တဲ့-သူတို့အဖွဲ့ကို-ပြည်မြို့-အ၀င်-မအူရွာ-မူလတန်းကျောင်းရှေ့ကနေပြီး-မြို့နယ်အုပ်ချုပ်ရေးမှုး၊မြို့နယ်ရဲတပ်ဖွဲ့မှုး၊ခရိုင်လ၀က-မှုး-မြို့နယ်ဥပဒေအရာရှိ-တို့ဥိးဆောင်တဲ့အဖွဲ့များကလာရောက်စောင့်ပြီးစာရင်းကောက်ယူဖို့ပြုလုပ်ခဲ့ပါတယ်။အဲဒီကိစ္စနဲ့အတူ-ပဲခူးတိုင်းတည်ငြိမ်အေးချမ်းရေးနဲ့ဖွဲ့ဖြိုးရေးကော်မတီကနေပြီး-ဒေသတွင်းတည်ငြိမ်ရေးနဲ့ပတ်သတ်ပြီး-အခုလာရောက်တဲ့အဖွဲ့က-တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကို-မထိခိုက်-မပျက်စီးစေရန်-တာဝန်ယူကြောင်း-ဥိးဆောင်သူ-ရဲထွဋ်ခေါင်ကို-လက်မှတ်ရေးထိုးစေခဲ့တာဖြစ်တယ်လို့ပြည်မြို့နယ်အုပ်ချုပ်ရေးမှုး-ဦးအောင်ဇော်ထက်ကပြောပြပါတယ်။

မနေ့ကရွှေတောင်မှာ-သန်းကောင်းစာရင်းကောက်ယူဖို့စီစဉ်ခဲ့ပေမဲ့လည်း-ခရီးပန်းလာတာကိုတွေ့ရတာကြောင့်တချို့တွေကျန်နေခဲ့သဖြင့်-အခုကျန်တဲ့(၁၅)ယောက်ကိုလာရောက်ကောက်ယူတာဖြစ်ပြီး-ဘယ်သူ့ကိုမှမကျန်ခဲ့စေချင်ဘူး-ဒီကရတဲ့အချက်အလက်တွေကိုလဲ-အမှန်သိရမှ-တိုင်းပြည်ကလိုအပ်ချက်တွေကိုသိမှာဖြစ်တဲ့အတွက်-အားလုံးကိုပါစေချင်တယ်-ဒီအချက်အလက်တွေကိုလဲ-သန်းခေါင်စာရင်းနဲ့ပတ်သတ်တာကလွဲရင်-မသက်ဆိုင်တဲ့ဘယ်အဖွဲ့အစည်းကိုမှ-ပေးသိသွားမှာမဟုတ်ဘူးလို့-လ၀က-ဒု-ဦးစီးမှုး(ဦးကျော်စိုးထွန်း)ကပြောပြပါတယ်။

ပြည်မြို့ရောက်တော့လူဦးရေအင်အား-၈၄-ယောက်ပါလာခဲ့ပြီ-သံဃာ(၂)ပါး-အမျိုးသမီး(၁၀)ယောက်-ခလေး(၁၃)နှစ်အောက်(၃)ယောက်တို့နှင့်-၀ှီးချဲ-နှင့်တယောက်ပါ-ပါဝင်ခဲ့ပါတယ်၊-ပြည်မြို့ကိုမနက်(၁၀)နာရီမှာရောက်ခဲ့ကြပြီး-ရန်ကုန်ပြည်လမ်းမှတဆင့်-ဗိုလ်ချုပ်လမ်းနှင့်မြို့ထဲလမ်းတွေကို-ဒေသခံကြိုဆိုသူများနှင့်အတူ-ကြွေးကျော်သံများနှင့်ပတ်ပြီး-ရွှေဆံတော်ဘုရားကိုတက်ရောက်ဖူးမျှော်ခဲ့ကြပါတယ်၊အဲဒီနောက်-ဆင်ဆုရပ်ကွပ်(လှိုင်ဂတ်လမ်း)က-သတ္တဋ္ဌာန-ဖုန်းကြီးကျောင်းဝင်းထဲမှာ-အနားယူခဲ့ကြပါတယ်။အနားယူတဲ့နေရာဖုန်းကြီးကျောင်းမှာပဲ-(လ၀က) ဒု-ဦးစီးမှုး(ဦးကျော်စိုးထွန်း)ဦးဆောင်တဲ့-စာရင်းစစ်၊စာရင်းကောက်အဖွဲ့၊ရပ်ကွပ်အုပ်ချုပ်ရေးမှုးအဖွဲ့တို့လာရောက်ပြီး-သန်းကောင်စာရင်းကောက်ယူခဲ့ကြပါတယ်။

အဲဒီမှာပဲ-ကျန်သူ(၁၅)ယောက်ကို-သန်းခေါင်စာရင်းလာရောက်ကောက်ယူကြပြီး-ညနေ(၃း၃၀)တွင်-သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ခဲ့ပါတယ်။ပြည်မြို့-မှာ(၂)ညအိပ်တည်းခိုမှာဖြစ်ပြီး-ဒုတိယနေ့တွင်-ဧရာဝတီမြစ်ကြည့်ပွဲနဲ့-အောင်မြေနင်းပွဲတခုပါပြုလုပ်ပြီးမှ-အောင်လံမြို့ဖက်ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

Ko Bashee

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

SAYTANAR TUN CO.,LTD. ( စေတနာထွန်းကုမ္ပဏီ )မှ သတိပေးတားမြစ်ကြေညာချက်

Leave a Comment
SAYTANAR TUN CO.,LTD. ( စေတနာထွန်းကုမ္ပဏီ )မှ သတိပေးတားမြစ်ကြေညာချက်
--------------------------------------
SAYTANAR TUN CO.,LTD မှ ADOXY သဘာဝအဟာရအရည်ဘူးများအား မြန်မာနိုင်ငံတ၀ှမ်းလုံးသို့ဖြန့်ဖြူးရောင်းချခွင့်အတွက် ကျန်းမာရေး ၀န်ကြီးဌာန ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ( ၁၁.၃. ၂၀၁၃ ) ရက်စွဲဖြင့် ထောက်ခံစာ ( F.D.A ) အမှတ် (1R-F/2013 - B1/729 ) ရရှိထားခြင်းနှင့်ထိုင်းနိုင်ငံ WINNER WIDE WORLD CO.,LTD ကိုယ်စာုးမြန်မာနိင်ငံ၌ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူး ရောင်းချခြင်းရရှိရန် ထိုင်းနိုင်ငံရှိုမြန်မာသံရုံး၌လည်း အထူးကိုယ်စားလှယ်လွှဲစာ ( Special Power of Attomey )ရရှိထားခြင်း မြန်မာနိုင်ငံသို့ သွင်းကုန်လိုင်စင်ဖြင့်အကောက်ခွန်ထမ်းဆောင်ထားခြင်းဖြစ်ကြောင်း ( ၃.၂.၂၀၁၄ ) မြန်မာ့အလင်းသတင်းစာတွင် တရားဝင်ကြေညာထားပြီးဖြစ်သည်။
ထိုသို့သော (စေတနာထွန်းကုမ္ပဏီမှ ) " ADOXY "အဟာရအရည်ဘူးများကို မသမာသူ စီးပွားပြိုင်တို့မှ ကောလဟာလဖြင့် သုံးစွဲနေသူ အများပြည်သူတို့ကို ထိပ်လန့်အောင် "အဆိပ်ဆေး"ဟု သုံးနှုန်းဖော်ပြခြင်း 7Days သတင်းဂျာနယ် မွန်းတည့်နေ သတင်းဂျာနယ်နှင့်

ပေါက်ခေါင်းသတင်းစာမျက်နှာတို့တွင် သုံးစွဲရန်မသင့်ကြောင်းဟု ကုမ္ပဏီအကျိုးယုတ်အောင်ဖော်ပြခဲ့ခြင်း မမှန်မကန်ပြောဆိုမှု့များအား ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်သတိပေး ကြေညာအပ်ပါသသည်။ "ADOXY "ဘူးများအား မှန်မှန်ကန်ကန်သုံးစွဲနိုင်ရန် အတွက် SAYTANAR TUN CO.,LTD မှ လုံခြုံရေးတံဆိပ် ( Bar Code ) အား သေခြာစွာစစ်ဆေးဝယ်ယူကြပါရန် အသိပေးကြေညာအပ်ပါသည်။

           ဒေါ်နီလာ(ပြည်) မှပြည်သတင်းသို့ပေးပို့ထားပါတယ်

ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း)ပါ
Read More...

ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြအဖွဲ့ ပြည်မြို့သို့ 30.3.2014 ရက်နေ့ ဒီကနေ့မနက်မှာရောက်ရှိခဲ့

Leave a Comment


ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြအဖွဲ့ ပြည်မြို့သို့ 30.3.2014 ရက်နေ့ ဒီကနေ့မနက်မှာရောက်ရှိခဲ့
****************************************************

ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြအဖွဲ့ ပြည်မြို့သို့ 30.3.2014 ရက်နေ့ ဒီကနေ့မနက်မှာရောက်ရှိခဲ့ပါတယ်

အဆိုပါဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြအဖွဲ့သည် ရန်ကုန်မြို့ မှ မေခ/မလိခ မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒပြသွားမှာဖြစ်ပြီး အဖွဲ့အင်အား(၆၀)ကျော်ပါဝင်ခဲ့ပါတယ်။ အဆိုပါအဖွဲ့တွင် ဆရာတော်(၂) နှင့် အသက်(၁၂)နှစ်အောက် အရွယ်ကလေး(၃)ဦးလည်းပါတယ်လို့သိရပါတယ် အဆိုပါအဖွဲ့ ပြည်မြို့သို့အ၀င်တွင် ပြည်မြို့နေ ဒေသခံပြည်သူများ နှင့် အမျိုးသားဒီမိုကရေစီပါတီ နှင့် အခြားပါတီအဖွဲ့အစည်းများဒ လူမှုရေးအသင်းအဖွဲ့များစွာတို့က ကြိုဆိုဂုဏ်ပြုခဲ့ပါတယ် ၄င်းအဖွဲ့သည် လမ်းလျှောက်ဆန္ဒပြရင်း( မြစ်ဆုံဆည်စီမံကိန်း....အပြီးရပ်.....ဧရာဝတီကို ဖျက်စီးသူ.....ဒို့ရန်သူ.....ဧရာဝတီကို ကယ်တင်ရေး....ဒို့အရေး)တို့ကိုကြွေးကျော်သံများဖြင့် ကြွေးကျော်ခဲ့ပြီးနောက် သီချင်းများကိုလည်းအားပါးတရ သီဆိုဆန္ဒပြခဲ့ပါတယ်။..အဆိုပါအဖွဲ့ကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်(နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစုကော်မတီ)မှဦးဆောင်ကျင်းပခဲ့ကြောင်းသိရပါတယ်တယ်။

ထို့နောက် အဆိုပါ လမ်းလျှောက်ဆန္ဒပြသူအဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်မြို့ဒေသခံများဖြစ်ကြသော..ကိုကျော်ဆွေ နှင့် တစ်ကိုယ်တော် ဆန္ဒပြ ကြိုဆိုခဲ့သည် အဆိုပါ သတင်းကို ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း)မှ နောက်ဆက်တွဲသတင်းအနေဖြင့်တင်ပြပေးပါမည် ကျေးဇူးတင်ပါတယ်ခင်ဗျာ..


သတင်း နှင့် ဓါတ်ပုံ..ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

Saturday, March 29, 2014

ပြည်ခရိုင်လယ်သမားများ စုပေါင်းဆန္ဒပြ (၁၆)ဦးတရားစွဲခံရ

Leave a Comment
ပြည်ခရိုင်လယ်သမားများ စုပေါင်းဆန္ဒပြ (၁၆)ဦးတရားစွဲခံရ
*****************************************



မတ်လ(၂၉)ရက်နေ့က-ပြည်မြို့မှာ-ပြည်ခရိုင်အတွင်းမှာသိမ်းထားခံရတဲ့လယ်တွေပြန်မရတာရယ်-လယ်သမားထောင်ချခံရမှုတွေရယ်များလာတဲ့အတွက်-ခရိုင်လုံးဆိုင်ရာဆန္ဒပြပွဲတခုပြုလုပ်ခဲ့ပါတယ်
    မတ်လ(၁၇)ရက်နေ့က-လယ်သမားအရေးကူညီဆောင်ရွက်သူ-ကိုပဲပဲ-ကို-အဲဒီကိစ္စကိုဦးဆောင်သူအဖြစ်ပုဒ်မ(၅၀၅၊ခ)နဲ့ပန်းတောင်းမြို့နယ်တရားရုံးကနေတရားစွဲဆိုထားခဲ့ပြီးအမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်-
ပြည်ခရိုင်အတွင်းမှာ-လတ်တလောလယ်သိမ်းခံရတဲ့-ဧက(၄၀၀၀)ကျော်ကိစ္စအတွက်သဲကုန်းမှာလဲ-သပိတ်စခန်းဖွင့်ထားတာ(၂)လပြည့်တော့မယ်-ရွှေတောင်-ချည်မျှင်စက်ရုံဧက(၇၀၀)ကျော်သိမ်းထားတာ-မြရွာသကြားစက်အတွက်သိမ်းထားတာ-တီတွတ်ကျေးရွာက-ဧက(၂၀၀)ကျော်ကိုသိမ်းပြီးဂေါက်ကွင်းပြုလုပ်ထားတာ၊အင်းမက-စစ်တပ်ကသိမ်းပြီး-စစ်တပ်ကအငြိမ်းစားယူပြီးNLD-ပါတီဥက္ကဋ္ဌလုပ်နေသူလက်ထဲတွင်ရှိနေတဲ့-လယ်သိမ်းခံလယ်သမားများ-ဥသျှစ်ပင်ဖက်က-က.ပ.စ-နဲ့စစ်တပ်တွေက-သိမ်းထားတဲ့လယ်ယာမြေများ-ပန်းတောင်နယ်ထဲကလယ်သမားတွေရဲလယ်ထဲမှာကျွန်းစိုက်ခင်း-လာလုပ်တဲ့-ကုပ္မဏီက-လယ်သမား(၁၂)ယောက်ကို-ကျွန်းပင်ပေါက်တွေ-ဖျက်စီးမှုနဲ့ထောင်ချပြစ်လိုက်တာတွေ-လယ်ယာတွေသိမ်းပြီး-ကော့စတစ်စက်ရုံဆောက်ထားတဲ့-ကိစ္စတွေ-သံမဏိစက်ရုံတည်ထားတွေ-ကြက်ဆူစိုက်ခင်းလုပ်ထားတာတွေ-လယ်ယာလျှော်ကျေးမပေးပဲ-လယ်တွေထဲမှာရေနံစမ်းသပ်တွင်းတွေပြုလုပ်တာတွေ-စတဲ့-ကိစ္စတွေများပြီးလယ်သမားတွေ၊လယ်သမားတွေကို-ကူညီနေသူတွေအများစု-တွေအဖမ်းခံရ-တရားစွဲဆိုခံနေရတာတွေကြောင့်-အခုလို-တခရိုင်လုံးအတိုင်းအတာနဲစုပေါင်းပြီးဆန္ဒပြရတာလို့-လယ်သမားတွေကူညီနေတဲ့-ကိုပဲပဲကဆိုပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)က-ပြည်ခရိုင်လယ်သမားထု၏ဆန္ဒဖေါ်ထုပ်ပွဲအားကြိုဆိုထောက်ခံခြင်း-စာတန်းကို-မတ်လ(၂၉)ရက်နေ့ရက်စွဲနဲ့ထုပ်ဖေါ် ပြီးပေးပို့ခဲ့ပါတယ်-

  အဲဒီဆန္ဒပြပွဲကို-ရွှေဆံတော်ဘုရားအနောက်ဖက်မုဒ်ကနေ-မနက်(၉)နာရီအတိမှာစတင်ခဲ့ပြီး-ပြည်၊ရွှေတောင်၊ပန်းတောင်း၊အင်းမ၊သဲကုန်း၊စစ်စရံ၊ကံမ၊တီတွတ်၊ဥသျှစ်ပင်၊ဆင်တဲ၊မှော်ဇာ၊ဆင်မြီးဆွဲ၊နတ္တလင်း၊မြရွာ၊ပန်းတင်၊နှင့်ပြည်ခရိုင်အတွင်းဒေသစုံက-လယ်သမား(၇၀၀)ကျော်ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပါတယ်
အနောက်ဇောင်းတန်းလမ်း၊ပြည်ရန်ကုန်လမ်း၊ဗိုလ်ချုပ်လမ်းတို့ကိုလှည်လည်ဆန္ဒပြခဲ့ကြပြီး-အနောက်ဇောင်းတန်းလမ်းမှာပဲ-မြို့မစခန်းမှုးဦးဆောင်တဲ့အဖွဲ့က-ခွင့်ပြုမိန့်မရပဲဆန္ဒပြတဲ့အတွက်လာရောက်တားစီးခဲ့ပေမဲ့လဲဆက်လက်ပြသခဲ့ပါတယ်။လာရောက်တားဆီးတဲ့-စခန်းမှုးကတော့-ဦးဆောင်သူတွေကိုဖေါ်ထုပ်အရေးယူမှုတွေလုပ်မယ်လို့- ဆိုပါတယ်။
သူတို့ထဲမှ-ဦးဆောင်သူလို့ယူဆခြင်းခံသူများဖြစ်တဲ့-တရားလွှတ်တော်ရှေ့နေ-ဦးမြင့်အေး၊ကိုမင်းမင်း(သံလွှင်ခက်)၊ကိုပဲပဲ(နိုင်/ကျဉ်း)၊ကိုဝင်းလှိုင်၊ကိုကျော်ဆွေ၊ကိုကျော်ရွှေ၊ကိုသန့်ဇင်ထက်၊ဆရာဖုန်း၊ဦးပေါက်စ၊ဦးရဲထင်၊ဦးပေါက်ကျော်၊ကိုကောင်းကောင်း၊ကိုသိန်းဝင်း၊ကိုလှသောင်း၊ကိုသက်ပိုင်စိုး၊ဒေါ်ညို-တို့(၁၆)ယောက်ကို-ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ(၁၈)နဲ့မြို့မရဲစခန်းမှုးက-(ပ)၁၆၂/၂၀၁၄-နဲ့အမှုဖွင့်အရေးယူလိုက်ပြီလို့-အတည်ပြုဖြေကြားပေးခဲ့ပါတယ်။

          ဦးဆောင်သူတွေကတော့(၁၇)ရက်နေ့ကတရားဝင်ဆန္ဒပြခွင့်တင်ခဲ့ပေမဲ့(၁၈)ရက်နေ့မှာ-ခွင့်မပြုကြောင်းစာပြန်ခဲ့တဲ့အတွက်-အယူခံထပ်တင်ထားပေမဲ့လဲအကြောင်းပြန်ကြားခဲ့မရှိလို့-ကိုပဲပဲကပြောပြပါတယ်။...

သတင်း နှင့် ဓါတ်ပုံ...ပြည်သတင်းလူငယ်(ပြည်သတင်း) 





Read More...

ဆိုင်ကယ်ဆီးဦးထုပ်ဖမ်းသည့် ယဉ်ထိန်းရဲများအား အရေးယူပေးရန်ဆန္ဒပြ ပြည့်သဲမောင်(ပြည်)

Leave a Comment


ဆိုင်ကယ်ဆီးဦးထုပ်ဖမ်းသည့် ယဉ်ထိန်းရဲများအား အရေးယူပေးရန်ဆန္ဒပြ ပြည့်သဲမောင်(ပြည်) ဥပဒေမဲ့လုပ်ရပ်များပြုလုပ်နေသည်ဟုဆိုကာ ဆိုင်ကယ်စီးဦးထုပ်များဖမ်းသည့် ယာဉ်ထိန်းရဲများကိုအရေးယူပေးရန် ပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့တွင် မတ်လ(၂၅)ရက်နေ့ မနက်(၉)နာရီအချိန်ကဦးဝင်းနိုင်ဦးဆောင်သော နိုင်ငံရေးတက်ကြွလှုတ်ရှားသူများက ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။
ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကိုဖမ်းဆီးကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စီမံဒဏ်ကြေးငါး
ထောင်ပေးသွင်းခိုင်းသူ ယာဉ်ထိန်းရဲများကိုအရေးယူပေးရန်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခြင်းဖြစ်သည်။
“ယာဉ်ထိန်းရဲတွေကဖမ်းမယ် ပိုက်ဆံတောင်းမယ်။ ဒါယာဉ်ထိန်းရဲအလုပ်ဖြစ်နေတယ်။ တကယ်လို့ စီမံဒဏ်ကြေးငါးထောင်လိုချင်တယ်ဆိုရင် တရားရုံးမှာတစ်ခါထဲခြောက်ထောင့်ငါးရာ ဒဏ်တပ်လိုက်ပါ။ အဲဒါမှနိုင်ငံတော်ဘက်ဂျက်ထဲဝင်မယ်။ ထုတ်ချင်တိုင်းထုတ် သုံးချင်တိုင်းသုံးနေမယ်ဆိုတာ ဥပဒေအရနည်းလမ်းမကျဘူးဗျ” ဟုဦးဝင်းနိုင်ကဆိုသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းမစီးသူများကို ဖမ်းဆီးမိပါကတိုင်းဒေသကြီးစီမံခန့်ခွဲမှုဒဏ်ကြေးအဖြစ် CBဘဏ်သို့ငါးထောင်ကျပ်၊ မြို့နယ်တရားရုံးသို့(၁၅၀၀)ကျပ်ဒဏ်ကြေးများပေး
ဆောင်ရခြင်းအတွက် ပြည်သူများဒုက္ခရောက်နေကြောင်းလည်း သူကပြောသည်။
“ဖမ်းမိရင် တစ်သောင်းနီးပါးလောက်ထွက်သွားတယ်။ တောကဆေးကုလာတဲ့လူတွေ ဈေးဝယ်လာတဲ့လူတွေ ဒုက္ခရောက်တယ်။ တစ်ချို့ဆိုဆေးမထိုးရဘဲပြန်သွားတာရှိတယ်။ ဈေးမ၀ယ်ရဘဲပြန်သွားတာရှိတယ်။ အဲဒါမျိုးတွေမဖြစ်စေချင်ဘူး”ဟု ၄င်းကပြောသည်။
အဆိုပါစီမံခန့်ခွဲရေးရံပုံငွေအား တိုင်းဒေသကြီးမှမီးပွိုင့်များဆောက်လုပ်ရန်နှင့် အခြားယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများတွင် အသုံးပြုသည်ဟုဆိုထားသော်လည်း သူက “နိုင်ငံတော်ကဘက်ဂျက်မချပေးဘူးလား။ စည်ပင်သာယာကဘက်ဂျက်တွေကကောဒီနေရာမှာမသုံးဘူးလား။ နိုင်ငံတော်ကလည်း ချပေးသင့်တယ်။ စည်ပင်ကလည်းလုပ်သင့်တယ်”ဟု ပြောသည်။
“ယာဉ်စည်းကမ်းကိုအကြောင်းပြု၍ တရားဥပဒေမဲ့CBဘဏ်သို့ငွေငါးထောင်ကျပ်သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို တရားဥပဒေအရအရေးယူပေးပါရန်ဆန္ဒထုတ်ဖော်လှုတ်ရှားမှု” ဟုစာတန်းပါဗီနိုင်းပိုစတာကိုဦးဝင်းနိုင်ကလည်းပင်းတွင်ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်ခဲ့သည်။
ဆန္ဒထုတ်ဖော်သူများသည် ဥပဒေမဲ့လုပ်နေသောယာဉ်ထိန်းရဲများအား
အရေးယူပေးရေးဒို့အရေး၊ CBဘဏ်ကိုငွေမသွင်းရရေးဒို့အရေး ၊ပြစ်မှုတစ်ခုပြစ်ဒဏ်နှစ်ခုမပေးရေး ဒို့အရေး စသည့်ကြွေးကြော်သံများကိုကြွေးကြော်ကာ ပြည်မြို့မြင်းစီးကျောက်ရုပ်မှ ကိုးသောင်းမီးပွိုင့် အထိ၊ ကိုးသောင်းမီးပွိုင့်မှဗိုလ်ချုပ်ကျောက်ရုပ်အထိ ဗိုလ်ချုပ်လမ်းအတိုင်း အသွားအပြန် လမ်းလျောက်ချီတက်ဆန္ဒပြခဲ့သည်။


 


သတင်း နှင့် ဓါတ်ပုံ..ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ......ပြည်သတင်း......
Read More...

ဦးကာက+ဒေါ်စိန်(လက်ဖက်ခြောက်)မိသားစုမှ သုံးစွဲသူ မိဘပြည်သူများအားကျေးဇူးတုံ့ပြန်သောအနေဖြင့် ပြည်မြို့တွင် မိတ်ဆုံစားပွဲကျင်းပပြုလုပ်ခဲ့

Leave a Comment



ဦးကာက+ဒေါ်စိန်(လက်ဖက်ခြောက်)မိသားစုမှ သုံးစွဲသူ မိဘပြည်သူများအားကျေးဇူးတုံ့ပြန်သောအနေဖြင့်
ပြည်မြို့တွင် မိတ်ဆုံစားပွဲကျင်းပပြုလုပ်ခဲ့

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ (Southern Star Restaurent)တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဦးကာက+ဒေါ်စိန်(လက်ဖက်ခြောက်)မိသားစု နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူတူ မော်ဒယ်သရုပ်ဆောင် နန်းခင်ဇေယျာတို့နှင့် ပြည်မြို့အတွင်းရှိ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ဒီကနေ့မနက် 30.3.2014 ရက်နေ့(၁၀း၀၀)အချိန်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တက်ရောက်သူအင်အား (၅၀)ခန့်တက်ရောက်ခဲ့ပြီး ပြည်မြို့တွင်မဟုတ်ပဲ တခြားပြည်ခရိုင်အတွင်းမှ ဧည့်သည်တော်များ နှင့် အရောင်းကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး အခမ်းအနားကို အစီအစဉ်(၆)ခုဖြင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထို့နောက် အခမ်းအနားတွင် အခမ်းအနားမှူးများအဖြစ် ဒေါ်နီနီ တို့ညီအမ နှစ်ဦးမှ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာ ဧည့်သည်တော်များအား ဒေါ်ညိုညိုစိန် မှ ကျေးဇူးတင်စကားပြောကြားခြင်း..သရုပ်ဆောင် နန်းခင်ဇေယျာ မှ တက်ရောက်လာ ဧည့်သည်တော်များအား ကံစမ်းမဲများဖောက်ပေးခြင်း….နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း…ကျန်ရှိနေသော ဆုမဲများအားဆက်လက်ဖောက်ပေးခြင်း…နှင့်တက်ရောက်လာ ဧည့်သည်တော်များအား ဦးကာက+ဒေါ်စိန်(လက်ဖက်ခြောက်)မိသားစုမှ မေတ္တာလက်ဆောင်များပေးခြင်းတို့ဖြင့် အခမ်းအနားကို နေ့လည်(၁၂း၀၀)အချိန်ခန့်တွင်ပြီးမြောက်သွားကြောင်းသတင်းရရှိခဲ့ပါသည်။..
ပြည်သတင်းလူငယ်(ပြည်သတင်း)
ဓါတ်ပုံ..ပြည့်သဲမောင်(ပြည်)






Read More...

Friday, March 28, 2014

Leave a Comment


ပြည်ခရိုင်အတွင်းရှီလယ်သမားများ ပြည်မြို့တွင် စုပေါင်းဆန္ဒပြခဲ့
****************************************


ပဲခူးတိုင်း ဒေသကြီး(နောက်)  ပြည်ခရိုင် ပြည်မြို့မှာ ယနေ့ 29.3.2014ရက်နေ့  မနက် (၉း၃၀)မိနစ်အချိန်ခန့်က ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး အနောက်ဘက်စောင်းတန်း မုဒ်ဦးရှေ့မှစတင်၍ ပြည်ခရိုင်အတွင်းရှိ လယ်သမားများစုပေါင်း၍ ပြည်မြို့အတွင်းသို့ လည့်လှည်စီတန်းလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ် အဆိုပါ လယ်သမားများအားလုံးသည် မိမိတို့ ကြုံတွေ့နေရသော သိမ်းဆည်းခံလယ်မြေများအပါအ၀င် ဖမ်းစီးထားခံရသော လယ်သမားများအားလုံးအတွက် မိမိတို့ ခံစားနေရသော ကြွေးကျော်သံများဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြောင်းသိရပါတယ်။

ပြည်ခရိုင် ကြာအင်းကျေးရွာဘက်မှ တက်ရောက်လယ်သမား(၆၅)ဦးကျော်....
အနောက်လပ်ခုပ်ပင် မှ (၂)ရွာပေါင်း(၃၀)အင်အား...
သဲကုန်းလယ်သမား(၅)ရွာပေါင်း အင်အား(၅၀)ကျော်)...
ပန်းတောင်းလယ်သမားအင်အား(၂၀၀)ကျော်)နှင့် ၀က်ထီးကန် မှ (၃)ရွာပေါင်းတက်ရောက်အင်အား(၅၀)ကျော် နှင့် အခြားလယ်သမားများ နှင့် စုစုပေါင်းပြည်ခရိုင်အတွင်းရှိလယ်သမားအင်အား(၇၀၀)ကျော်(ဘေးပရိတ်သတ်အပါ)စီတန်းလှည့်လည်ဆန္ဒပြခဲ့ပါတယ် ...ဒီသတင်းကို .....ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း)မှတင်ဆက်ပေးထားပါတယ်ခင်ဗျာ..








.














Read More...

Thursday, March 27, 2014

၆၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ - ပြည်မြို့

Leave a Comment

မတ်လ ၂၇ ရက်နေ့ကို အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် ဒီကနေ့ စစ်ဘက်ဆိုင်ရာ အခမ်းအနားတွေကို နေရာအများအပြားမှာ ပြုလုပ်ပါတယ်။

- များစွာသောနိုင်ငံရေးသမားတွေကလည်း ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ထားကြတဲ့အတွက် အစိုးရအစီအစဉ်နဲ့ မတူခြားနားတဲ့ အခမ်းအနားတွေ လုပ်ကြပါတယ်။

အဲဒီထဲက တနေရာကတော့ ပြည်မြို့ ဖြစ်ပါတယ်။

ပြည်မြို့ ဆေးရုံလမ်းသစ်မှာ ဒီမနက် ၆၉ နှစ်မြောက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပါတယ်။

ပြည်ခရိုင်နိုင်ငံရေးအင်အားစုတွေ စုပေါင်း အကောင်အထည်ဖော်တဲ့ အခမ်းအနားပါ။

ပွဲစီစဉ်သူတဦးဖြစ်တဲ့ ကိုဝဏ္ဍကအခုလိုပြောပါတယ်။

“(ဒီကနေ့ဟာ) ဖက်ဆစ်တော်လှန်းရေးနေ့ပါ။ တပ်မ တော်တည်ထောင်တဲ့နေ့ မဟုတ်သလို့ ဖက်ဆစ်ကို တော်လှန်ခဲ့တာလည်း တပ်မတော်တခုတည်းမဟုတ်ပါဘူး။ တနိုင်ငံလုံးက တိုင်းရင်းသား ပြည်သူတွေ ပါတယ်။
အခုဟာက ပြည်သူလူထု ပါဝင်ခဲ့တာကို ဖယ်ပြီး တပ်မတော်ကိုပဲ ဂုဏ်တင်နေတယ်။
သမိုင်းကို ဖျောက်နေတယ်။ သမိုင်းဆိုတာ ဖျောက်လို့မရပါဘူး။ အဲဒါကြောင့် သမိုင်းအမှန်အတိုင်း သိစေချင်လို့ ဒီခေါင်းစဉ်နဲ့ လုပ်တာပါ”

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး တပ်မတော်နေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်အသုံးပြုလာတဲ့ အပေါ်မှာလည်း ပွဲစီစဉ်သူတဦးထဲက ကိုဇော်ဝင်းက အခုလိုပြောပါတယ်။

“တကယ့်တပ်မတော်နေ့ ဖြစ်သင့်တာ ဗိုလ်ချုပ်တို့ ရဲဘော်သုံးချိတ် ဂျပန်ကအပြန် ယိုးဒယားမှာ သွေးသောက်ပြီး (BIA) ဗမာ့လွတ်မြောက်ရေး တပ်မတော်ဖွဲ့ခဲ့တဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ကို သတ်မှတ်သင့်တယ်။
အခုဖက်ဆစ်ကို တတိုင်းပြည်လုံး တော်လှန်ခဲ့တဲ့ ပြည်သူတွေရဲ့တော်လှန်ရေးစိတ်ဓါတ်တွေကို ရိုက်ချိုးလိုက်တာပါပဲ။
မြန်မာ့သမိုင်းတလျှောက်လုံး လုပ်ခဲ့သမျှတော်လှန်ရေး ထဲမှာ ပထမဆုံးအောင်မြင်ခဲ့တဲ့ တော်လှန်ရေးပါ။
ဒီလိုအောင်မြင်ခဲ့တာ စည်းစည်းလုံးလုံး တိုင်းရင်းသားတွေ လက်တွဲလုပ်ဆောင်ခဲ့လို့ပါ”

တပ်မတော်ကို ဦးစီး တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တပ်မတော်အကြောင်းကိုလည်း သူက ဆက်လက် သုံးသပ်ပြပါတယ်။

“တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်ပြောထားတဲ့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ရမယ်။ ပြည်သူဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံသည့်တပ်မတော်ဖြစ်ရမယ်။
နိုင်ငံရေးတွင် ဝင်မစွက်သည့် တပ်မတော်ဖြစ်ရမယ်။ တိုင်းပြည်နဲ့ ပြည်သူအကျိုးကို လိုလားသည့် တပ်မတော်ဖြစ်ရမယ်။
အခုတပ်မတော်က နိုင်ငံရေးထဲမှာလည်းကြည့် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း အခန့်သားရှိနေတာ။ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ရဲ့စကားကို လုံးလုံးကြီး ဆန့်ကျင်တာပါပဲ”

ဒီကနေ့ အခမ်းအနားကို ပြည်ခရိုင်အတွင်းရှိ မြို့နယ်များက နိုင်ငံရေးသမားတွေ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့များမှာ လုပ်ကိုင်နေသူတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်မြို့မှာ ဖက်ဆစ်တော်လှန်ရေးနေ့ခေါင်းစဉ်နဲ့ အခမ်းအနား ကျင်းပတာဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ဒါ ပထမဆုံးအကြိမ်ပါပဲ။

အခမ်းအနားအတွက် အာဏာပိုင်တွေဆီကို ခွင့်ပြုမိန့်တောင်းခံခြင်း မလုပ်ခဲ့ဘူး၊ အကြောင်းကြားစာတော့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကောင်းမြတ်မင်း

(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
Read More...

Tuesday, March 25, 2014

အထည်ချုပ်စက်ရုံနဲ့ပါတ်သက်လို့ ပြောပြသင့်သလောက်ပြောပြပြီး ပါပြီ၊ညှိနှိုင်းရေးအဖွဲ့တွေ ဝင်ရောက် ညှိနှိုင်းပေမဲ့ မပြေလည်လို့ ခရိုင် အုပ်ချုပ်ရေးမှူးထိရောက်သွားခဲ့

Leave a Comment



အထည်ချုပ်စက်ရုံနဲ့ပါတ်သက်လို့
ပြောပြသင့်သလောက်ပြောပြပြီး
ပါပြီ၊ညှိနှိုင်းရေးအဖွဲ့တွေ ဝင်ရောက်
ညှိနှိုင်းပေမဲ့ မပြေလည်လို့ ခရိုင်
အုပ်ချုပ်ရေးမှူးထိရောက်သွားခဲ့
တယ်လို့သိရပါတယ်။ခရိုင်အုပ်ချုပ်
ရေးမှူးက စက်ရုံ မှာ လိုအပ်တဲ့ခွင့်
ပြုမှု အချက်အလက်တွေနဲ့ မပြည့်
စုံတဲ့အတွက်စက်ရုံပိတ်သိမ်းဘို့နဲ့
အလုပ်သမားတွေကို လုပ်ခနှစ်လစာ
၁၄၀၀၀၀ ကျပ်စီ နစ်နာကျေးပေးဘို့
အမိန့်ချမှတ်လိုက်တယ်လို့သိရပါ
တယ်၊အကြပ်အတည်းတွေကို
ပြီးဆုံးသွားပြီလို့ပြောနိုင်ပါတယ်၊သို့
သော်လည်းမေးခွန်းတွေကျန်နေပါ
တယ်၊မနက်ကလည်း ပြောခဲ့ပါပြီ
ဒီလောက် လုပ်သားအင်အား ၉၀
ယောက်လောက်နဲ့လည်ပါတ်နေတဲ့
အထိကရစက်ရုံကြီး တရားဝင်မှုရှိ
/မရှိ အုပ်ချုပ်ရေးအဖွဲ့ တွေမသိဘူး
လား၊အနီးစပ်ဆုံး ရပ်ကွက်အုပ်
ချုပ်ရေးမှုးမသိဘူးလား၊မသိဘူးဆို
ရင် အဲဒီလိုညံ့ဖျင်းတဲ့သူ ဆက်မထား
သင့်ဘူး၊တဆက်ထဲ လာဘ်ယူပြီး
မသိချင်ယောင်ဆောင်နေတာလားဆိုတာ
ပါ စစ်ဆေးသင့်တယ်၊ဒီကိစ္စက ပေါ့
သေးသေးစဉ်းစားလို့မရဘူး၊ခု မီဒီယာ
က သိပ်မြန်တယ်ဆိုတာ အားလုံးအ
သိဘဲ၊အုပ်ချုပ်ရေးညံ့ဖျင်းလို့ အ
လုပ်သမားကိစ္စ ပေါ်လာတာလို့မ
မြင်ဘဲ ဒီနိုင်ငံက ထစ်ကနဲ ဆိုအလုပ်သမားအခွင့်အရေးတောင်း
တယ်လို့ရှုမြင်ပြီး နိုင်ငံခြားရင်းနှိးမြှုပ်
နှံမှုတွေထိခိုက်သွားမှာစိုးလို့ပါဘဲ။
ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာ
ပြည်သူနဲ့အနီးကပ်ရှိနေသူပို့ အရည်းအချင်းရှိဘို့လိုပါတယ်၊ခုပြောတာက
လည်း ဒီစက်ရုံရဲ့ပိုင်ရှင်ဟါမြန်မာ
ပြည်သားမဟုတ်ဘူးလို့ သတင်း
ကြားမိလို့ပါ၊ကြုံတုန်းပြောရဦးမယ်
ညှိနှိုင်းရေးအဖွဲ့တွေ ဝင်ညှိနှိုင်ပေမဲ့
သူတိုကိုယ်တိုင်တောင်ပိုင်ရှင်ဘယ်သူဘယ်ဝါမှန်းမသိခဲ့ဘူးဆိဘဲဘယ်
လောက်ဟါသမြောက်လိုက်သလည်းလို့၊ဦးသိန်းစိန်တော့ ကိုနဖူးပြောင်
ပေဦးတော့မယ်။....စွန်ရဲ...မှပေးပို့ထားတာဖြစ်ပြီး ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း) မှတင်ဆက်ပေးထားပါတယ်.....



ပြည်မြို့သီတာမြန်မာအထည်ချုပ်စက်ရုံတွင်အလုပ်သမားများဆန္ဒပြ ပြည့်သဲမောင်(ပြည်) စက်ရုံမှအသစ်ပြဌါန်းလိုက်သည့်စည်းကမ်းချက်များကိုသဘောတူလက်မှတ်ထိုးစာချုပ်ခိုင်းသဖြင်အလုပ်ရှင်နှင့်အလုပ်သမားများအကြားသဘောထားကွဲလွဲမှုများဖြစ်ပွားကာပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့စက်မှုကွက်သစ်ရှိသီတာမြန်မာအထည်ချုပ်စက်ရုံတွင်မတ်လ(၁၇)ရက်နေ့ကအလုပ်သမားခြောက်ဆယ် ကျော်ဆန္ဒပြခဲ့ကြောင်းသိရပါသည်။ “သပိတ်စခန်းဖွင့်လိုက်ပြီ။အလုပ်သမားတွေကအချက်ကိုးချက်ကိုတောင်းဆိုတယ်။အားလုံးခြောက် ဆယ်နဲ့အခုညမရမချင်းတိုက်ပွဲဝင်သွားမယ်ဆိုပြီးအထိုင်သပိတ်လုပ်လိုက်ပြီ”ဟုစက်ရုံဝန်ထမ်းလက်ထောက်ခေါင်းဆောင်မဆွေရီမွန်ကပြောပါသည်။ အဆိုပါစက်ရုံတွင်မတ်လ(၁၆)ရက်နေ့ညရနာရီအချိန်ကစည်းကမ်းချက်အသစ်များကိုလက်မှတ်ထိုးခိုင်းရာအလုပ်သမားများကလက်မှတ်မထိုးပေးသဖြင့်စက်ရုံတံခါးပိတ်ထားပြီး(၈)နာရီခွဲအချိန်တွင်စက်ရုံနောက်ဖေးပေါက်ကပြန်ခဲ့ရကြောင်းသူမကဆိုသည်။ “သူတို့ပုံနှိပ်စာအုပ်တစ်အုပ်စာလောက်ရှိတဲ့စည်းကမ်းချက်တွေထုတ်လိုက်တယ်။အဲဒီစည်းကမ်းချက်တွေကိုအပြင်ကိုအထုတ်မခံဘဲစက်ရုံထဲမှာဘဲတစ်ခါတည်းလက်မှတ်ထိုးခိုင်းတယ်။လက်မှတ်မထိုးရင်မပြန်ရဘူးဆိုပြီးစက်ရုံတံခါးတွေပိတ်ထားတယ်။ပြန်တဲ့အခါနောက်ဖေးပေါက်ကထွက်ပြီးပြန်ခဲ့ရတယ်”ဟုသူမကပြောပါသည်။ ထိုသို့ပြန်ခဲ့ရပြီးနောက်တစ်နေ့မတ်လ(၁၇)ရက်နေ့အလုပ်ဆင်းချိန်တွင်စက်ရုံမှစည်းကမ်းချက်များထပ်မံလက်မှတ်ထိုးခိုင်းခဲ့ပြန်သည်။စက်ရုံမှနေ့လည်(၁၂)နာရီမတိုင်မီအချိန်အထိစည်းကမ်းချက်လက်မှတ်ထိုးမပေးသူများကိုအလုပ်မဆင်းရန်သတ်မှတ်ခဲ့ကြောင်းလည်းသိရပါသည်။ “ဆယ့်နှစ်နာရီမတိုင်ခင်လက်မှတ်မထိုးရင်ကယ်ဆယ်လို့ပြောပါတယ်။ထမင်းစားချိန်မှာတစ်ခါတည်းလက်မှတ်ထိုးခိုင်းတာ။ငါးဆယ့်နှစ်ဦးလက်မှတ်ထိုးမပေးဘဲထိုင်နေကြတာ။လက်မှတ်ထိုးတဲ့လူတွေကလည်းဘာမသိညာမသိနဲ့လက်မှတ်ထိုးလိုက်ရတာ”ဟုသူမကပြောပါသည်။လက်မှတ်ထိုးပေးလိုက်သောစက်ရုံအလုပ်သမားနှစ်ဆယ်ခန့်မှာစက်ရုံအတွင်းတံခါးပိတ်ခံထားရသဖြင့်အပြင်သို့ထွက်ခွင့်မရကြောင်းလည်းသူမကပြောပါသည်။ ၄င်းအထည်ချုပ်စက်ရုံတွင်စည်းကမ်းတင်းကြပ်ကာဒဏ်ကြေးများဖြတ်တောက်ခြင်းအချိန်ပိုကြေးမရှင်းပေးခြင်းတို့ကြောင်းအခြေခံလစာပင်အပြည့်အ၀မရကြောင်းစက်ရုံအလုပ်သမားမအေမီထွန်းကပြောပါသည်။ “အခြေခံလစာခြောက်သောင်းတောင်အပြည့်မရဘူး။ပိတ်ရက်အလုပ်ဆင်းရင်နှစ်ဆပေးရမှာကိုလည်းမပေးဘူး။ညဘက်အချိန်ပိုကိုးနာရီကခြောက်နာရီအထိဆင်းထားတာတောင်မနက်ပိုင်းဆင်းတာနဲ့ချေတယ်။မနက်ပိုင်းခွင့်ယူခွင့်ပြုတယ်ဆိုပြီးအိုတီကြေးမပေးဘူး”ဟုသူမကဆိုသည်။ သင်တန်းသားအဖြစ်မှစက်ရုံအလုပ်သမားအဖြစ်ကူးပြောင်းသည့်အချိန်တွင်ကုမ္ပဏီတိုင်းတွင်ရှိသော စည်းကမ်းသဘောတရားအတိုင်းစည်းကမ်းချက်များထုတ်ပြန်ခြင်းဖြစ်သော်လည်းသဘောထားကွဲလွဲမှုများဖြစ်ခဲ့ကြောင်းစက်ရုံနည်းစနစ်ဆိုင်ရာပညာရှင်ဂျပန်နိုင်ငံသားတစ်ဦးကပြောပါသည်။ “သင်တန်းကာလတုန်းကတော့ဆယ်ယောက်ဆယ့်တစ်ယောက်နဲ့တစ်နေ့အထည်လေးသုံးလေးထည်ထွက်တာရှိတယ်။အခုလုပ်ငန်းတွေဖြစ်လာတော့ကုမ္မဏီစည်းကမ်းချက်အနေနဲ့သတ်မှတ်ချက်တွေရှိလာတယ်။ကုမ္ပဏီထဲကိုဟန်းဖုန်းတွေယူမ၀င်ရဘူး။ကိုယ်ရေးကိုယ်တာပစ္စည်းတွေထားခဲ့ရမယ်။ကုမ္ပဏီတိုင်းမှာရှိတဲ့စည်းကမ်းချက်သဘောတရားအတိုင်းထုတ်ပြန်တာ”ဟုဆိုသည်။ မတ်လ(၁၆)ရက်နေ့ညကစက်ရုံစည်းကမ်းကိုလက်မှတ်မထိုးပေးသူများအားစက်ရုံဝန်းအတွင်းတံခါးပိတ်ထားသည်ဟူသောအလုပ်သမားများ၏စွပ်စွဲချက်ကိုသူကငြင်းပါသည်။“အထင်မှားနေပြီထင်တယ်။မနေ့ကစက်ရုံပြောင်းတယ်။အားလုံးပင်ပန်းသွားတဲ့အတွက်သူဌေးကညနေငါးနာရီမှညစာကျွေးတာ။ပြီးတော့မှပြန်ပါလို့ပြောတာ။အတင်းအကြပ်မပြန်ခိုင်းတာမျိုးမဟုတ်ပါဘူး”ဟုပြောပါသည်။ အဆိုပါစည်းကမ်းချက်များမထုတ်ပြန်မီလွန်ခဲ့သောတစ်လခန့်ကတည်းကအလုပ်သမားများအား ဖတ်ပြပေးထားကြောင်းလည်းသူကပြောပါသည်။အချိန်လုပ်ခများနှင့်ပတ်သတ်ပြီးနိုင်ငံတော်ရုံးပိတ်ရက်တိုင်းရှင်းပေးကြောင်းသူကပြောပါသည်။ပရိပက္ခဖြစ်နေသောအလုပ်သမားများမှစည်းကမ်းချက်စာ ချုပ်များကိုလက်မှတ်ထိုးပါကအလုပ်ပြန်လည်ဆင်းနိုင်သည်ဟုလည်းသူကပြောပါသည်။

Read More...

ပြည်မြို့မှာရှိတဲ့ မီဒီယာများခင်ဗျား

Leave a Comment


ပြည်မြို့မှာရှိတဲ့ မီဒီယာများခင်ဗျား
၁၄.၃.၂၀၁၄ နေ့စွဲနဲ့ မီဒီယာဥပဒေ
ပြဌာန်းခဲ့ပါပြီ၊အဲဒီဥပဒေ အခန်း ၃
ပုဒ်မ ၆(က)မှာ
ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊အာ
ဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်က
ဖြစ်စေ အမိန့် ညွှန်ကြားချက်ဖြင့်
လုံခြုံရေးအဆင့်အတန်းသတ်မှတ်
ထားသော စာရင်းဇယား ဓာတ်ပုံ
မှတ်တမ်းရေးသားချက်များမှအပ
အများပြည်သူသိခွင့်ရှိသော သက်
ဆိုင်ရာ အဖွဲ့အစည်းများထံမှ တောင်း
ယူကြည့်ရှုခွင့်ရှိသည်။
(ခ)အများပြည်သူများ၏ ရန်ပုံငွေ
ဖြင့်ဖွဲ့စည်းထားသော အစိုးရမဟုတ်
သည့် အသင်း အဖွဲ့ လုပ်ငန်းများမှ
သတင်းအချက်အလက်များကို ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်များနှင့်အညီ
တောင်းယူကြည့်ရှုခွင့်ရှိသည်လို့ပါ
ရှိပါတယ်၊ ဒီဥပဒေ ဖတ်ပြီး စစ်ပြန်အဖွဲ့က အဘ တစ်ယောက်ပြော
တာ သတိရမိပါတယ်၊သူတို့အဖွဲ့ပိုင်
ရံပုံငွေတွေကို ဥကဌ က သူ့သဘောနဲ့သူစီမံနေတဲ့အတွက် အဖွဲ့
ရန်ပုံငွေတွေဆုံးရှုံးနေရပါတယ်တဲ့
မခံနိုင်သူတွေက တိုင်လို့ အဖွဲ့စစ်
ဆေးပေမဲ့ဘာမှလည်းထူးထူးခြား
ခြားဖြစ်မလာဘူးတဲ့၊ကြားရသလောက်
တော့ ဒကစမှူးက သူနဲ့ညီအစ်ကို
တော်တဲ့အတွက်အကာအကွယ်
ပေးထားတယ်တဲ့၊ဒါကြောင့်ဘာ
လုပ်ရမယ်မသိဘူးဖြစ်နေကြပါတယ်
တဲ့၊ခက်တာက ကျွန်တော်ဆီလဲအဲ
ဒီလို သတင်းတွေကရောက်ရောက်
လာတော့ ခက်ခက်နေတယ်၊ကိုယ်
ကဘာကောင်မှလည်းမဟုတ်၊ဒါ
ကြောင့် မီဒီယာ သမားများအနေနဲ့
အထက်ကပြောခဲ့တဲ့ ဥပဒေ အရ
ကူညီပေးရင်များဖြစ်နိုင်မလားလို့
စစ်ပြန်များကိုယ်စား တဆင့်အကူ
အညီတောင်းရပါတယ်ခင်ဗျား..စွန်ရဲ.......
Read More...

ပြည်မြို့၊ မီးရထားရဲတပ်ဖွဲ့တပ်ခွဲ (၁၉)မှ တပ်ဖွဲ့ဝင်နှစ်ဦးသည်အရပ်သားအယောင်ဆောင်၍ ပြည်သူထံငွေလိမ်တောင်း

Leave a Comment




ပြည်မြို့၊ မီးရထားရဲတပ်ဖွဲ့တပ်ခွဲ (၁၉)မှ တပ်ဖွဲ့ဝင်နှစ်ဦးသည်အရပ်သားအယောင်ဆောင်၍ ပြည်သူထံငွေလိမ်တောင်း
(၁၇.၃.၂၀၁၄)ရက်နေ့ တနင်္လာနေ့ နေ့လည် (၁၂း၄၅)အချိန်ခန့် ကျွန်တော်ဝင်းထွဋ်နိုင်မှတ်ပုံတင် အမှတ် ၇/ပမန (နိုင်)၁၄၁၉၁၁သည် ပြည်မြို့နယ်၊ မုဋ္ဌောအုပ်စု၊ အိုးတင်းကုန်း ကျေးရွာ အနီး လယ်ပြင်ကျောင်းတိုက်ရှေ့ ၀င်းမစ်တာ ဆိုင်ကယ်ပြင်ဆိုင် တွင်ရှိနေစဉ်တွင် လူနှစ်ဦး ရောက်ရှိလာပြီးမျက်နှာချွန်ချွန်၊ကွမ်းစား၊ လမ်းလျှောက်လျှင် ကိုယ်တစ်ခြမ်းစောင်းသူက ကျွန်တော်၏ယောက်ဖရဲနိုင်စိုးဆီက အကျွေးရစရာရှိလို့ (၃)သိန်းရစရာရှိတာ၊ အဲဒါမရလို့ ယောက်ဖဆီကမရသေးလို့ မပေးနိုင်သေးဘူးလို့ ရဲနိုင်စိုးကပြောတယ်။ အဲဒါမရရင် ရန်ကုန် သွားမယ်။ ဒီကပိုက်ဆံရမှပြန်ရဲမယ်။ မရလို့ရှိရင် မပြန်ရဲ တဲ့အတွက် ရန်ကုန်ကားစီးသွားရမယ်။ နို့မို့ မိန်းမနဲ့ပြသနာတက်မှာဟုပြောဆိုကာ ငွေ(၃)သိန်းကို လာရောက်လိမ်လည်လှည့်ဖြား တောင်းပါတယ်။ အဲဒီလိုလာတောင်းချိန်မှာ ကျွန်တော့်အမျိုးသမီး (ရဲနိုင်စိုး၏အစ်မဖြစ်သူ) မဇင်မာဦး (၇/ပမန(နိုင်) ၁၉၁၃၄၀) လညှ်းရှိပါတယ်။ ကျွန်တော်တို့က မယုံကြည်သဖြင့် သူတို့တောင်းတဲ့ငွေကိုမပေးလိုက်ပါဘူး။ အဲဒါနဲ့ ကျွန်တော့်ယောက်ဖ ရဲနိုင်စိုး ပြည်မြို့၊ ဆံတော်ရပ်ကွက်နေသူကို လူပုံ သဏ္ဍာန် ပြောပြကာ မေးမြန်းကြည့်ရာ မီးရထားရဲတပ်ဖွဲ့တပ်ခွဲ(၁၉)မှ တပ်ကြပ် အဆင့်ရှိသူ ကိုစိုးအောင် နှင့်ဒုတပ်ကြပ်အဆင့်ရှိသူ ကိုသိန်းဇော်တို့ဖြစ်ကြောင်းနှင့် ကျွန်တော်၏ ယောက်ဖ ရဲနိုင်စိုးက ၄င်းတို့နှင့်ပတ်သက်ပြီး ငွေကြေးတစ်စုံတစ်ရာ ယူဆောင်ချေးငှားခြင်း လုံးဝ(လုံးဝ) မရှိကြောင်း ပြောပြလို့ သိရပါသည်။ ကျွန်တော့် ယောက်ဖရဲနိုင်စိုးက ယခုကဲ့သို့ ငွေကြေး လိမ်ညာ လှည့်ဖြား လာရောက်တောင်းခြင်းနှင့်ပတ်သက်ပြီးမေးမြန်းကြည့်ရာ၎င်းတို့ကအမှုနှင့်ပတ်သက်ပြီး ရဲပရိယာယ်အရ သွားရောက်တောင်းယူရခြင်းဖြစ်ကြောင်း ပြန်လည် ပြောပြသိရှိရပါသည်။ သို့ပါသော်လည်းတကယ်လို့ ထိုသူများကဲ့သို့အခြားသော ပြည်သူများက အခြားကိုယ်နှင့် မသိ သောနေအိမ်မှ လူတစ်ဦးတစ်ယောက်ကို ယခုကဲ့သို့သော ငွေကြေး လိမ်လည်လှည့်ဖြား တောင်းခံ ခဲ့မည်ဆိုလျှင် ကျွန်တော်နားလည်သလောက် လိမ်လည်မှုနှင့် အမှုဖွင့်ခံရမည်ဟု ကြားဖူးနားဝ ရှိပါသည်။ သူတို့ကအမှုနှင့်ပတ်သက်သည်ဆိုတိုင်း ယခုကဲ့သို့ လိမ်လည်လှည့်ဖြား တောင်း ခံလို့ရသလားဆိုတာကို ဥပဒေအကြောင်းအရာ နားလည်သူများနှင့် သိတတ်နားလည်သော လူမှု အဖွဲ့အစည်းများမှ ကူညီအကြံပြုပေးပါရန် ကျွန်တော်ဝင်းထွဋ်နိုင် (၇/ပမန(နိုင်) ၁၄၁၉၁၁) မှ အကူအညီတောင်းခံအပ်ပါသည်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး မည်သို့သောလူမျိုးမဆို မေးမြန်းစစ်ဆေးစုံစမ်းလို ပါက ဖုန်းနံပါတ် ၀၉ ၂၅၄၂၉၃၁၀၅သို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါကြောင်း။
ကိုဝင်းထွဋ်နိုင် မဇင်မာဦး ၇/ပမန(နိုင်)၁၄၁၉၁၁ ၇/ပမန (နိုင်) ၁၉၁၃၄၀ ပြည်မြို့နယ်၊မုဋ္ဌောကျေးရွာအုပ်စု၊ိုးတင်းကုန်းကျေးရွာအနီး လယ်ပြင်ကျောင်းတိုက်ရှေ့၊၀င်းမစ်တာဆိုင်ကယ်ပြင်ဆိုင် ပြည်မြို့၊ မီးရထားရဲတပ်ဖွဲ့တပ်ခွဲ (၁၉)မှ တပ်ဖွဲ့ဝင်နှစ်ဦးသည်အရပ်သားအယောင်ဆောင်၍ ပြည်သူထံငွေလိမ်တောင်း (၁၇.၃.၂၀၁၄)ရက်နေ့ တနင်္လာနေ့ နေ့လည် (၁၂း၄၅)အချိန်ခန့် ကျွန်တော်ဝင်းထွဋ်နိုင်မှတ်ပုံတင် အမှတ် ၇/ပမန (နိုင်)၁၄၁၉၁၁သည် ပြည်မြို့နယ်၊ မုဋ္ဌောအုပ်စု၊ အိုးတင်းကုန်း ကျေးရွာ အနီး လယ်ပြင်ကျောင်းတိုက်ရှေ့ ၀င်းမစ်တာ ဆိုင်ကယ်ပြင်ဆိုင် တွင်ရှိနေစဉ်တွင် လူနှစ်ဦး ရောက်ရှိလာပြီးမျက်နှာချွန်ချွန်၊ကွမ်းစား၊ လမ်းလျှောက်လျှင် ကိုယ်တစ်ခြမ်းစောင်းသူက ကျွန်တော်၏ယောက်ဖရဲနိုင်စိုးဆီက အကျွေးရစရာရှိလို့ (၃)သိန်းရစရာရှိတာ၊ အဲဒါမရလို့ ယောက်ဖဆီကမရသေးလို့ မပေးနိုင်သေးဘူးလို့ ရဲနိုင်စိုးကပြောတယ်။ အဲဒါမရရင် ရန်ကုန် သွားမယ်။ ဒီကပိုက်ဆံရမှပြန်ရဲမယ်။ မရလို့ရှိရင် မပြန်ရဲ တဲ့အတွက် ရန်ကုန်ကားစီးသွားရမယ်။ နို့မို့ မိန်းမနဲ့ပြသနာတက်မှာဟုပြောဆိုကာ ငွေ(၃)သိန်းကို လာရောက်လိမ်လည်လှည့်ဖြား တောင်းပါတယ်။ အဲဒီလိုလာတောင်းချိန်မှာ ကျွန်တော့်အမျိုးသမီး (ရဲနိုင်စိုး၏အစ်မဖြစ်သူ) မဇင်မာဦး (၇/ပမန(နိုင်) ၁၉၁၃၄၀) လညှ်းရှိပါတယ်။ ကျွန်တော်တို့က မယုံကြည်သဖြင့် သူတို့တောင်းတဲ့ငွေကိုမပေးလိုက်ပါဘူး။ အဲဒါနဲ့ ကျွန်တော့်ယောက်ဖ ရဲနိုင်စိုး ပြည်မြို့၊ ဆံတော်ရပ်ကွက်နေသူကို လူပုံ သဏ္ဍာန် ပြောပြကာ မေးမြန်းကြည့်ရာ မီးရထားရဲတပ်ဖွဲ့တပ်ခွဲ(၁၉)မှ တပ်ကြပ် အဆင့်ရှိသူ ကိုစိုးအောင် နှင့်ဒုတပ်ကြပ်အဆင့်ရှိသူ ကိုသိန်းဇော်တို့ဖြစ်ကြောင်းနှင့် ကျွန်တော်၏ ယောက်ဖ ရဲနိုင်စိုးက ၄င်းတို့နှင့်ပတ်သက်ပြီး ငွေကြေးတစ်စုံတစ်ရာ ယူဆောင်ချေးငှားခြင်း လုံးဝ(လုံးဝ) မရှိကြောင်း ပြောပြလို့ သိရပါသည်။ ကျွန်တော့် ယောက်ဖရဲနိုင်စိုးက ယခုကဲ့သို့ ငွေကြေး လိမ်ညာ လှည့်ဖြား လာရောက်တောင်းခြင်းနှင့်ပတ်သက်ပြီးမေးမြန်းကြည့်ရာ၎င်းတို့ကအမှုနှင့်ပတ်သက်ပြီး ရဲပရိယာယ်အရ သွားရောက်တောင်းယူရခြင်းဖြစ်ကြောင်း ပြန်လည် ပြောပြသိရှိရပါသည်။ သို့ပါသော်လည်းတကယ်လို့ ထိုသူများကဲ့သို့အခြားသော ပြည်သူများက အခြားကိုယ်နှင့် မသိ သောနေအိမ်မှ လူတစ်ဦးတစ်ယောက်ကို ယခုကဲ့သို့သော ငွေကြေး လိမ်လည်လှည့်ဖြား တောင်းခံ ခဲ့မည်ဆိုလျှင် ကျွန်တော်နားလည်သလောက် လိမ်လည်မှုနှင့် အမှုဖွင့်ခံရမည်ဟု ကြားဖူးနားဝ ရှိပါသည်။ သူတို့ကအမှုနှင့်ပတ်သက်သည်ဆိုတိုင်း ယခုကဲ့သို့ လိမ်လည်လှည့်ဖြား တောင်း ခံလို့ရသလားဆိုတာကို ဥပဒေအကြောင်းအရာ နားလည်သူများနှင့် သိတတ်နားလည်သော လူမှု အဖွဲ့အစည်းများမှ ကူညီအကြံပြုပေးပါရန် ကျွန်တော်ဝင်းထွဋ်နိုင် (၇/ပမန(နိုင်) ၁၄၁၉၁၁) မှ အကူအညီတောင်းခံအပ်ပါသည်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး မည်သို့သောလူမျိုးမဆို မေးမြန်းစစ်ဆေးစုံစမ်းလို ပါက ဖုန်းနံပါတ် ၀၉ ၂၅၄၂၉၃၁၀၅သို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါကြောင်း။ ကိုဝင်းထွဋ်နိုင် မဇင်မာဦး ၇/ပမန(နိုင်)၁၄၁၉၁၁ ၇/ပမန (နိုင်) ၁၉၁၃၄၀ ပြည်မြို့နယ်၊မုဋ္ဌောကျေးရွာအုပ်စု၊ိုးတင်းကုန်းကျေးရွာအနီး လယ်ပြင်ကျောင်းတိုက်ရှေ့၊၀င်းမစ်တာဆိုင်ကယ်ပြင်ဆိုင်
Read More...

ပေါင်းတည်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

Leave a Comment
ပေါင်းတည်မြို့တွင် ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး၊ ၅၉ (စ) (ဃ) ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် (၂၅.၃.၂၀၁၄)

ပြည်သတင်း
Read More...

အိမ်နှင့်ခြံရောင်းရန်ရှိသည်

Leave a Comment


10ပေx50ပေ ဘိုးဘွားပိုင် ပုထိုးကြီးအတက် လမ်းမတန်း
ရေ၊မီးပါ၊ ၇၅သိန်းရောင်းမည်။

ဆက်သွယ်ရန် 09423667262
Read More...

ရောင်းမည်

Leave a Comment

ပြည်မြို. န၀င်းကွက်သစ် ၁၁ လမ်း ခြံ ပေ၂၀ ၊ပေ ၆၀ အိမ် ၁၈ပေ ၊ ပေ၄၀ ။ဒေါင်.ကွက် တထပ် တိုက်၊ေ၇၊မီး စုံ ၊ အဆင်သင်. နေထိုင်နိုင်ပါသည်။
ေ၇လွတ် ပါသည်။ ပိုင်ဆိုင်မှုမှာ မြေပေးမိန့် နှင့်ဖြစ်ပါသည်။

သိန်း 270ေ၇ာင်းပါမည် ။

ဆက်သွယ်ရန် - 09 43006199
Read More...

ရောင်းမည်

Leave a Comment
ရောင်းမည်

တီတွတ် တာဆုံ ၀က်ထီးကန်ကားလမ်းအနီး ထမ္မကောက်အုပ်စု

ပေ ၇၀ ပတ်လည် ရောင်းမည်။

ဆက်သွယ်ရန် - ဦးသောင်းမြင့် - ၀၉ ၂၅၀ ၅၅၆၉၃

Read More...

ယာဉ်ထိန်းရဲများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

Leave a Comment
ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ တွင် ယာဉ်စည်းကမ်းကို အကြောင်းပြု၍

ဥပဒေမဲ့ CB ဘဏ်သို့ငွေ (၅၀၀၀) ကျပ် သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို

အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

၂၅၊၃၊၂၀၁၄ ( ပြည်သားလေး)

Read More...

Tuesday, March 18, 2014

ကမ္ဘာ့သွား နှင့် ခံတွင်းကျန်းမာရေးနေ့အထိမ်းအမှတ်ကျင်းပမည်

Leave a Comment
ကမ္ဘာ့သွား နှင့် ခံတွင်းကျန်းမာရေးနေ့အထိမ်းအမှတ်ကျင်းပမည်
****************************************

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် (27.3.2014)ရက်နေ့ မနက်(8း00)နာရီ မှ နေ့လည်(12း00)နာရီအထိ ပြည်မြို့ အ.ထ.က(၁)ကျောင်းအတွင်းရှိ အောင်သော်ခန်းမ ကြီးတွင် ကမ္ဘာ့သွား နှင့် ခံတွင်းကျန်းမာရေးနေ့အထိမ်းအမှတ် သွားနှင့်ခံတွင်းကျန်းမာရေးပညာပေးဟောပြောပွဲ နှင့် ပြုံးလှပိုင်ရှင်ရွေးချယ်ပွဲ ကို မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်အသင်း(ပြည်အသင်းခွဲ)မှဦးစီးကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါပွဲတွင် (ကံစမ်းမဲ အစီစဉ်များ နှင့် အရောင်းပြခန်းများလည်း)ပါဝင်သွားမည်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

ထူကြီး မူးကြီးဆွေးနွေးခန်း ( တရားအားထုတ်ကြသူများ) သရ၀ဏ်(ပြည်)

Leave a Comment


ထူကြီး မူးကြီးဆွေးနွေးခန်း ( တရားအားထုတ်ကြသူများ)

သရ၀ဏ်(ပြည်)

နိုင်ငံရေးပါတီ တည်ထောင်ပြီး ပြည်သူ.ချဉ်ဖတ်ပါတီအဖြစ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ရာခွက်ခွက်လန်အောင်ရှုံးသောကြောင်. အမတ်လောင်းပြုတ် ထူးကြီးနှင်.မူးကြီးမှာ ဘာဆက်လုပ်ရမှန်းမသိအောင် မှိုင်တွေချနေကြလေသည် ။

ထူးကြီး- ဘာလုပ်လုပ်အဆင်မပြေဘူး ၊ ဘာဆက်လုပ်ရမှန်းတောင်မသိတော.ဘူး မူးကြီးရေ

မူးကြီး- စိတ်ဓါတ်မကျပါနဲ.ကွ ၊နောက်ဆုံးမျှော်လင်.ချက်တော.ရှိပါသေးတယ်

ထူး- ဘာနောက်ဆုံးမျှော်လင်.ချက်လဲ

မူး- ခရုမှာလဲအဆံနဲ. ၊ မူးကြီးမှာလဲ အကြံနဲ. ပါကွ ။ဒီလိုလုပ် ဒီနေ.ကစပြီး မင်းရောငါရောတရုတ်နာမည်ပြောင်းကြရမယ်

ထူး- ဘာဖြစ်လို. တရုတ်နာမည်ပြောင်းရမှာလဲဟ ။ငါတို.ကဗမာအစစ်ပဲ

မူး- သခင်မျိုးဟေ. ဒို.ဗမာတွေဘာတွေလာလုပ်မနေနဲ. ။ဒီနိုင်ငံကတရုတ်မှလူထင်တဲ.နိုင်ငံဟ ။၊မငတ်ချင်ရင်ငါသင်ပေးတဲ.အတိုင်းလိုက်လုပ် ၊ ဒီနေ.ကစပြီးမင်းနာမည် ဖန်ရှောက်ခင် ၊ ငါ.နာမည် လူရှောက်ချီ ဖြစ်သွားပြီ ။သေသေချာချာမှတ်ထား ။ လူရှေ.မှာမြန်မာစကားတစ်လုံးမှမပြောနဲ.ကြားပြီလား ။ရှေ.လျှောက်ငါတို.ကြီးပွားဖို.ပဲရှိတယ် ။

ထို.နောက်ထူးကြီးနှင်.မူးကြီးသည် ဇာတ်ခေါင်းကွဲနေသော သဘင်အဖွဲ.တစ်ခုမှ အင်္ကျီ နှင်.ပိုးဘောင်းဘီများငှားရမ်းဝတ်ဆင်ပြီးနေပြည်တော်ဝန်ကြီးများရုံးသို.သွားရောက်ကာ အောက်ပါအတိုင်းပြောလေ၏ ။ (မှတ်ချက်စကားပြန်မှတဆင်.တရုတ်လိုပြောခြင်းဖြစ်ပေသည် )

မူး- ကျုပ်တို.နှစ်ယောက်က ပြည်ကြီးကပါ ။သူကဖန်ရှောက်ခင် ၊ကျုပ်က လူရှောက်ချီပါ ။မြန်မာပြည်မှာရင်းနှီးမြှုပ်နှံချင်တယ် ။ ကျုပ်တို. မြန်မာ -ဖန်ပေါင် ကုမ္မဏီ လီမိတက်ဆိုပြီးဖွဲ.ထားတယ် ။ ချေးနီ (အဲလေ) ကြေးနီ ၊ကြေးဝါတွေတူးမယ် ။ မြေဧက သုံးထောင်လောက် ရအောင်လုပ်ပေးပါ ။ စီမံကိန်းအောင်မြင်ရင် တာကောတို.ကျေးဇူးမမေ.ပါဘူး ။ တီရုတ်နဲ. မြီမာဆိုလာ ဆွေမျိုးပေါက်စီတွေပါ (အဲ)ပေါက်ဖော်တွေပါ ။

အရာရှိ- ရပါတယ်၊ရပါတယ် ။ ပေါက်ဖော်ကြီးတို.ကျေးဇူးတွေ ကျုပ်တို.မှာရှိပါတယ် ။ကျုပ်တို.မာလကီးယားမဖြစ်အောင် ပေါက်ဖော်တို.ကကြည်.ရှုစောင်မထားတာ ကျေးဇူးတင်ပါတယ် ။ပေါက်ဖော်တို.ကိုကြောက်ပါတယ် ။ပေါက်ဖော်တို.ကျေးဇူးကြီးပါတယ် ။ ယူပါ ၊ယူပါ ။ မြန်မာပြည်မှာမြေတွေလိုသလောက်ရနိုင်ပါတယ် ။သိပ်ပေါပါတယ် ။ ဧက သုံးထောင်တော်ပြီလား ၊ သုံးသောင်းလောက်ယူမလား လူတွေအားလုံးပြောင်းခိုင်းလိုက်မယ် ။သိမ်တွေ ၊ ဘုန်းကြီးကျောင်းတွေလဲ ဗုဒ္စဂါယာကိုရွှေ.ပစ်မယ် ။

ထူး- တော်ပါပြီ ၊တော်ပါပြီ ။ဧက စုံးထောင်ဆိုရပါပြီ ။

( ထူးကြီးနှင်.မူးကြီးသည် အလကားနီးပါးရသောဧက သုံးထောင်အနက် ဧကနှစ်ထောင်ကိုရောင်းစားလိုက်ပြီးပိုက်ဆံများထောသွားကြရာ ခွင်.ပြုပေးသော တာကော(အစ်ကိုကြီး) အား ကျေးဇူးဆပ်လိုက်ကြ၏ ။ကျန်ဧကတစ်ထောင်ကို စက်ရုံလိုလို ၊ စီမံကိန်းလိုလိုယောင်စိန်လုပ်ကာ စီမံကိန်းနှင်.မလွတ်၍ဟုအကြောင်းပြကာ သစ်များကိုစိတ်ကြိုက်ခုတ်ကာ တရုတ်ပြည်သို.မှောင်ခိုလမ်းကြောင်းမှတစ်ဆင်. ရောင်းစားကြလေသည် )

မူး- ကဲမြင်လား ထူးကြီးငါ.အကြံမပိုင်လား

ထူး- ပိုင်ပါပေတယ်ကွာ ။ ဒီလိုမှန်းသိ ၊ ငယ်ငယ်လေးထဲက တရုတ်ပြည်မှာလူသွားဖြစ်ပါတယ် ။ တရုတ်ဖြစ်ရတာ မြန်မာပြည်မှာတော်တော်ဟန်ကျတာပဲ ကွ ။

မူး- နေဦးကွ ငါနေပြည်တော်ကို ထပ်သွားပြီးပြောဦးမယ်

ထူး- ပြောကွာ

(နေပြည်တော်သို. နောက်တစ်ခေါက်ရောက်သောအခါ လူရှောက်ချီခေါ်မူးကြီးက ဤသို.ပြော၏ ။မြန်မာပြည်မှာအနေကြာလာသဖြင်.မြန်မာစကားအနည်းငယ်တတ်နေပေပြီ )

မူး- ၀တို. ရွှေတူးချင်တယ် မြေနေရာလေးလုပ်ပေးပါ ။

မြန်မာအရာရှိ- တူးပါတူးပါ ၊ကြိုက်တဲ.နေရာပြောပါ

ထူး-ေ၇နံနဲ.သဘာဝဓါတ်ငွေ.လဲတူးချင်ပါတယ် ။ ဟောဒိမှာ နှစ်ကူးလက်ဆောင် အံဖတ် (အဲလေ)အန်ပေါင်းတွေပါ

မြန်- ကောင်းပါတယ် ၊ကောင်းပါတယ် တူးပါတူးပါ

မူး- တူးပြီးရင်ထွက်လာတဲ. ရေနံတွေ ကို ၀တို. စီလုတ်ပြည်ကို ပို.ချင်တယ် ။ပိုက်လိုင်းတွေဖောက်ဖို.လိုမယ်နော်

မြန်- ရပါတယ်ဖောက်ပါ ၊ဖောက်ပါ ။မလွတ်မကင်းတဲ. ရွာ.တွေရှိရင်လဲပြောပါ ။ဘူဒိုဇာနဲ.ထိုးပေးပါ.မယ် ။ ခုခံရင်မီးခိုးဗုံး ၊မီးလောင်ဗုံးတွေ အများကြီးရှိပါတယ် ။

ထူး- ၀တို.ကအလကား မြေတွေမီသိမ်းပါဘူး ။ လျော်ကြေးပေးတဲ.အနေနဲ. အိမ်တိုင်းအိမ်တိုင်းကို အီကွေးမုန်.တွေဝေပေးမှာပါ ။

မြန်- သိပ်ကောင်းပါတယ် မစ္စတာဖန်ရှောက်ခင် ။

မူး- နေအုံး ၊မပြီးသေးဘူး ။ လုတို.မြန်မာပြည်က သဘာဝသယံဇာတတွေကို ၀တို. နိုင်ငံကိုပို.ဖို. မီးရထားလမ်းဖောက်ချင်တယ် ။

မြန်- ဟောင်ပ ၊ဟောင်ပ ။ ဖြစ်ပါတယ် ၊ဖြစ်ပါတယ် ။

ထူး- မီးရထားလမ်းဖောက်ပြီးတဲ.အခါ ရထားလမ်းလုံခြုံရေးအတွက် ၀တို.စစ်သားတွေကို မြီမာနိုင်ငံမှာချထားချင်တယ် ။

မြန်- ဒါကတော.ကျွန်တော်တို. ဆုံးဖြတ်ချက်ချလို.မရပါဘူး ၊လွှတ်တော်ကိုတင်ပြရပါဦးမယ်

မူး- အော် ဒီလိုလား ၊ဒါဆို လွှတ်တော်အတွက် လဲ အီကွေးတွေ ၊အန်ပေါင်းတွေယူစွား ယူစွား

ထူး- ကူညီလက်စနဲ.တစ်ခုလောက်ကူညီပါဦး ။ကျုပ်တို..နိုင်ငံခွဲဖြစ်တဲ. ဟောင်ကောင်မှာ အိမ်ဖော်တွေလိုအပ်နေလို. မြီမာပြည်ကနေ အိမ်ဖော်မိန်းကလေးတွေ ဟောင်ကောင်ကိုတင်ပို.ပေးပါဦး ။

မြန်- လူကြီးမင်းတို.တရုတ်ပြည်မှာ လူဦးရေဒီလောက်ပေါတာပဲ ။ဟောင်ကောင်ကိုတရုတ်အိမ်ဖော်တွေပို.ပါလား ။တရုတ်စကားပြောတာချင်းလဲတူတော.ပိုပြီးအဆင်ပြေမှာပေါ. ။

မူး- မီဖြစ်ဘူး ၊ မီဖြစ်ဘူး ဒီဟောင်ကောင်တွေဟာ ၀တို.လိုမီဟုတ်ဘူး သိပ်မိုက်ရိုင်းတယ် ၊နှာဘူးလဲထတယ် ။ အီလုပ်သမားတွေကိုလဲသိပ်နှိပ်စက်လယ် ။ဝတို.တရုတ်မလေးတွေလုပ်နိုင်မယ်မီထင်ဘူး ။ မြီမာမိန်းကလေးတွေကတော. ခံနိုင်ရည်ရှိလယ်လေ ။ ဟိုစကားပုံတောင်ရှိတယ် ။ မြီမာ.ခံနိုင်ရည်ကမ္ဘာကိုလွှမ်းရမည်ဆိုလားဘာလားလေ ။

မြန်- ဒီလိုလား ။ မြန်မာ. ဂုဏ် ကမ္ဘာကိုလွှမ်းမဲ.ကိစ္စပဲ သဘောတူပါတယ် ။ အိမ်ဖော် နှစ်ထောင် တစ်လအတွင်းပို.လိုက်ပါ.မယ် ။

ထူး- သိပ်ကောင်းလယ် ၊သိပ်ကောင်းလယ် အီကွေးများများကျွေးမယ် ။ ရော.အင်.

ဤသို.ဖြင်. ထူးကြီးနှင်.မူးကြီးသည် မြန်မာစင်စစ်ဘ၀တွင်ထမင်းငတ်နေရာမှတရုတ်ယောင်ဆောင်လိုက်ရာ လုပ်ငန်းများဆက်တိုက်အောင်မြင်လျက် အချိန်တိုတိုအတွင်း သူဌေးကြီးများဖြစ်သွားကြလေသတည်း ။ ၀မ်စွေ. ။

သရ၀ဏ်(ပြည်)
Read More...

၂၀၁၅ လမ်းတံတားပြင်ဖို့ နိုင်ငံတော် (Budget)ငွေမရှိလို့ဒေသခံပြည်သူအတွက်စိုးရိမ်နေရ

Leave a Comment

၂၀၁၅ လမ်းတံတားပြင်ဖို့ နိုင်ငံတော် (Budget)ငွေမရှိလို့ဒေသခံပြည်သူအတွက်စိုးရိမ်နေရ
***************************************************

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀င်းနယ်မြေအစွန်းရှိ န၀င်းချောင်းကိုဖြတ်ကျော်ဆောက်လုပ်ထားသော ဖိုးခေါင်တံတားမှာ ပျက်စီးနေပြီး
မြစ်ရေကြောင့်ဖြစ်သော ကမ်းပါးပြိုကျနေမှုကြောင့် အနီးရှိရပ်ကွက်နေအိမ်များဆိုးရိမ်လျှပ်ရှိနေပါတယ်။
န၀င်းချောင်းကမ်းပါးပြိုကျမှုကိုဦးဆောင်လှုပ်ရှားသူ ဦးကျော်ကျော်ဦးမှယခုလိုပြောကြားခဲ့..........

ကမ်းပါးပြိုတာကတစ်နေ့ထက်တနေ့ပိုပိုပြီးဆိုးလာပါတယ် အခုဆိုရင် ကတ္တရာခင်းထားတဲ့ကားလမ်းဘေးကိုတောင်ရောက်နေပြီ နောက်တစ်ခါထပ်ဖြစ်တော့မယ်ဆိုရင်
လမ်းပါတော့မယ် အနီးမှာရှိတဲ့နေအိမ်တွေလည်းပါတော့မယ် အဲဒိလမ်းအနီးမျာရှိတဲ့ ဘောဂွ့က်သစ်လိုရပ်ကွက်မျိုးဆိုရင် သေချာပေါက်နောက်တစ်ကြိမ်ဖြစ်ရင်ပါတော့
မယ် လွှတ်တော်အမတ်တွေကပြောတာကတော့ ၂၀၁၅ (Budget)မှာလမ်းတံတားပြင်ဖို့အတွက်မရှိဘူးဆိုတော့ ကျွန်တော်တို့ကအဲဒိလိုအခက်အခဲတွေကို လက်ပိုက်ကြည့်နေ
ရမလိုဖြစ်နေပါတယ်ဟု......ပြောကြားခဲ့ပြီး ဒေသခံတဦးမှလည်းယခုလိုပြောကြားခဲ့.................

နှစ်တိုင်းရေတက်ပါတယ် အခုနှစ်လည်းရေတက်ပါတယ် ဒီနှစ်မှာဆိုရင် လမ်းမပေါ်ခါးလယ်လောက်အထိရောက်တယ် ရေတက်ပါများလာတော့ ကမ်းပါးတွေပြိုတယ်ခုလမ်း
မအထိရောက်နေပြီ ဘယ်သူပြင်မယ်ဆိုတာလုံးဝမသိရသေးဘူး အနီးမှာနေတဲ့အိမ်တွေအတွက်အရမ်းစိုးရိမ်နေရပါတယ်ဟု..ပြောကြားသွားခဲ့သည်။အဆိုပါ န၀င်းချောင်း ဖိုး
ခေါင်တံတားကိစ္စနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းမှ ယခုလိုဖြေကြားခဲ့..............

န၀င်းချောင်းကမ်းပါးပြိုကျနေတာနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးရံပုံငွေနဲ့တော့ထပ်မပြိုအောင်လုပ်နေပါပြီ အဲဒိကနေတဆင့်နောက်ထပ်ဒီဘက်ကိုမပြိုနိုင်အောင်တော့လုပ်ဆောင်
သွားမှာပါ အဓိကတော့ ဒီတံတားကို ကွန်ကရစ်တံတားအဖြစ်တည်ဆောက်နိုင်ရင် အခုလိုမြေပြိုတာတွေမကြုံရတော့ဘူး အဆင်ပြေသွားမယ်လိုထင်ပါတယ် ဒီတံတားရဲ့သမိုင်းကြောင်း
က ဒေသဆိုင်ရာရံပုံငွေ-ခေါင်းစဉ်နဲ့လုပ်ထားတာဖြစ်တော့-ပဆင-အပိုင်တံတားလဲမဟုတ်၊စည်ပင်ပိုင်တံတားလဲမဟုတ် -လမ်းတံတား၊ဆောက်လုပ်ရေး-တို့ကလဲမပိုင်တော့-အခုလို-
တံတားပျက်တော့-ဘယ်ဋ္ဌာနက-တာဝန်ယူလုပ်မလဲဆိုတဲ့ပြ သနာဖြစ်နေတာပေါ့-အခုတိုင်းဒေသကြီးလွှတ်တော်-န၀မအကြိမ်-အစည်းအဝေးမှာတင်ပြဖို့ကိုလဲစီစဉ်ထားပါတယ် သိန်း(၁၀၀၀)
ရထားတဲ့ကျေးလက်ဖွံ့ဖြိုးရေးရံပုံငွေကိုလည်း ဒီတံတားတစ်ခုတည်းနဲ့ပြီးသွားမဲ့အခြေအနေမျိုးလည်းမဖြစ်ချင်ဘူး ဒီတံတားကို ဌာနဆိုင်ရာတစ်ခုခုအမည်ပေါက်နဲ့ လုပ်ဆောင်ဖို့လည်းအစီ
အစဉ်ရှိပါတယ်ဟု ....တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းမှပြောကြားသွားခဲ့သည်...

အဆိုပါ န၀င်းချောင်း-ကမ်းပါးပြိုမှုနဲ့-တံတားပါပြိုကျတော့မဲ့အခြေအနေကိုရောက်နေပြီဖြစ်တာကြောင့်-ဒေသခံလူ-(၂၁၁၅)ဦး-လက်မှတ်ရေးထိုးပြီး-မတ်လ(၃)ရ့က်နေ့မှာ-နိုင်ငံတော်သမ္မတကြီးထံကို
-တိုင်ကြားထားခဲ့ကြောင်းသိရပါတယ်။

ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Facebook Like Page