Friday, October 28, 2016

ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ

Leave a Comment

ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ

သရ၀ဏ်(ပြည်)

အခုတလော ကြားရကြားရ နားဝမှာ မချမ်းသာတဲ့အဖြစ်တွေများပါတယ် ။  ကိုယ့်နိုင်ငံသားတွေရဲ့ တွေးခေါ်နိုင်စွမ်းဟာဒီလောက်တောင်နိမ့်ကျနေပြီလားလို့လည်း ရင်နာနာနဲ့တွေးမိပါတယ် ။ တကယ်တော့ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့  အရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း သွားကြဖို့ ကြံရွယ်နေကြတာပါ ။ဒါပေမယ့်ဒီလိုအဖြစ်မျိုးတွေ တွေ့ ရပြန်တော့ မြန်မာအချို့ ဟာ ၁၆ ရာစု ၁၇ ရာစုကအတွေးအခေါ်အဆင့်လောက်ပဲရှိနေတုန်းဆိုတာ အံ့သြခမန်းသိလိုက်ရပါတော့တယ် ။သူများနိုင်ငံတွေက လကမ္ဘာပေါ်လူရောက်ရုံမက အင်္ဂါဂြိုဟ်ပေါ်ကိုတောင်သွားဖို့ အားထုတ်နေကြပြီ ။ ကျွန်တော်တို့ တွေဘာလုပ်နေကြသလဲ ။   အားလုံးသိကြတဲ့အတိုင်း ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေးဝကျေးရွာမှာ သုံးနှစ်အရွယ်ကလေးတစ်ယောက် ၊ လေးနှစ်အရွယ်ကလေးတစ်ယောက် ၊ ရှစ်လအရွယ်ကလေးတစ်ယောက် ကို ပယောဂဆရာက သူရဲဝင်ပူးနေတယ်ဆိုပြီး ရိုက်နှက်ရာက သေဆုံးကုန်ကြတဲ့သတင်း ၊ မသင်းသင်းစိုးဆိုတဲ့ကလေးမလေး ကိုတော့ ခြေထောက်နဲ့ကန် ၊ တက်နင်း ၊ လက်သီးနဲ့ထိုး ၊ ပုဆိန်နဲ့ထုခဲ့လို့  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာအတွင်းလူနာအဖြစ်ကုသထားရတဲ့သတင်းပါ ။ အဲဒိဖြစ်စဉ်မှာကျွန်တော်အံ့သြတာက ပယောဂဆရာကိုမဟုတ်ပါဘူး ။ လောကမှာ ကိုယ့်ကိုယ်ကို တော်တယ်တတ်တယ် ဆရာတစ်ဆူပါရဂူလို့ဘ၀င်မြင့်ရူးရူးနေတဲ့သူတွေ ဒုနဲ့ဒေးရှိနေနိုင်ပါတယ် ။ ဒေါက်တာရမ်းကုတွေ ၊ ဘိုးတော်အတုတွေ ၊ ဆရာဝန်အတုတွေ ၊ ရမ်းကုတွေ ၊ ပျောက်စေဆရာယောင်တွေ ဒီလောကမှာ အများကြီးရှိတတ်တာပဲ ။ သူတို့ကတော့ကိုယ့်သားသမီးအသက်မဟုတ်လို့ တွေ့ သမျှလူကို ပယောဂ၀င်တယ်ဆိုပြီးလက်တည့်စမ်းမှာပါပဲ ။ ကျွန်တော်အံ့သြတာက သေသွားတဲ့ ကလေးသုံးယောက်နဲ့  သေလုမျောပါးဖြစ်သွားတဲ့ ကလေးမလေး ရဲ့မိဘတွေကိုပါပဲ ။ ပယောဂဆရာဟာ ကလေးတွေကို နိုင့်ထက်စီးနင်းနှိပ်စက်နေချိန်မှာ ကလေးလေးယောက်ရဲ့ အဖေလေးယောက် ၊ အမေလေးယောက် လူရှစ်ယောက်တိတိအနားမှာထိုင်ကြည့်နေတာပါ ။ သူတို့ ဟာ လူစိတ်မရှိကြတော့ဘူးလား ၊ မိခင်စိတ် ၊ဖခင်စိတ်မရှိကြတော့ဘူးလား ။ ကိုယ့်သားသမီး လူမမယ်အရွယ်လေးကို ယောက်ကျားရင့်မကြီးက ဒီလိုရက်ရက်ရက်စက်စက်ပြုမူနေတာကို မတားမြစ်ပဲ ကြည့်နေခဲ့ကြတာကို အအံ့သြဆုံးပါပဲ ။ ကလေးတွေဟာ ရုတ်တရက်တချိန်ထဲ တစ်ပြိုင်နက်ကွယ်လွန်ခဲ့တာမဟုတ်ပါဘူး ။ တစ်ယောက်ပြီးတစ်ယောက်သွေးအေးအေးနဲ့  ဂျာမန်ဂက်စတာပိုတွေက ဂျူးတွေကို သတ်သလို သတ်ခဲ့တာပါ ။

ကံဆိုးရှာတဲ့ပထမကလေး မောင်နေလလင်း ဟာ ပယောဂဆရာ ထွန်းနိုင်လက်ချက်နဲ့ အောက်တိုဘာလ ၁၈ ရက် ည ၁၂ နာရီခန့်မှာ အသက်ထွက်သွားပါတယ် ။အလောင်းကိုတွံတေးတူးမြောင်းထဲကိုပယောဂဆရာကလှေနဲ့သွားရောက်စွန့်ပစ်ခဲ့ပါတယ် ။ မိဘတွေဟာ ဒီလောက်ဆိုသိသင့်ပါပြီ ။ဆက်မလုပ်ဖို့တားမြစ်ရမှာပါ။ ဒါပေမယ့်ပယောဂဆရာကိုဆက်လုပ်ခွင့်ပေးထားခဲ့တယ် ။ နောက်တစ်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မလှနှင်းရွှေ (၂ နှစ် ) ၊ မသင်းသင်းစိုး (၄ နှစ် ) ၊ မယမင်း ( ၈ လ) တို့ မှာလဲ သရဲတစ္ဆေ၀င်ပူးနေတယ်ဆိုပြီး ထပ်မံနှိပ်စက်ခဲ့ပါတယ် ။ အဲဒိနေ့  ည ၁၀ နာရီမှာ မလှနှင်းရွှေ နဲ့ မယမင်းတို့ထပ်မံ သေးဆုံးပါတယ် ။ နောက်တနေ့မနက် မှာ အိမ်ဘေးမှာ မြေမြှုပ်လိုက်ပါတယ် ။ မိဘတွေဟာ ဒီအချိန်အထိအသိတရားမရသေးပါဘူး ။ ဘေးအိမ်ကအမြင်မတော်တဲ့လူတစ်ယောက်က သက်ဆိုင်ရာကိုသွားသတင်းပို့ တော့မှ ဟိုးလေးတကျော်ဖြစ်ပြီး တွံတေးမြိ့ရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုးမ ၃၀၂ /၃၂၅/ ၂၀၁ နဲ့ ပယောဂဆရာကို ဖမ်းဆီးအရေးယူခဲ့တာပါ ။ ပြောရရင် မိဘတွေအပါအ၀င်ဘေးကရပ်ကြည့်နေတဲ့သူတွေအားလုံးကို လူသတ်မှုမှာ အားပေးအားမြှောက်ကူညီမှုနဲ့ ဖမ်းဆီးအရေးယူရမှာပါ ။ တကယ်တော့ အခင်းဖြစ်ခဲ့တဲ့ တွံတေးဝကျေးရွာဆိုတာ ရန်ကုန်နဲ့သိပ်အဝေးကြီးတောင်မဟုတ်ပါဘူး ။တွံတေးတူးမြောင်းနဘေးမှာရှိပြီး သူတို့ရွာကနေလှမ်းကြည့်လိုက်ရင် ရွှေတိဂုံစေတီတော်မြတ်ကြီးကိုတောင် ခပ်ဝေးဝေးမှာလှမ်းမြင်နေရတဲ့နေရာပါ ။ လူသူအရောက်အပေါက်နည်းတဲ့ ချင်းတောင်တန်း ၊ကယားပြည်နယ် လိုနေရာမျိုးလည်းမဟုတ်ပါဘူး ။ သုံးနာရီလောက်ကားစီးလိုက်ရင် ရန်ကုန်ကိုရောက်နိုင်တဲ့နေရာမျိုးပါ ။ အဲဒိလိုနေရာမှာဒီလိုကိစ္စမျိုးတွေဖြစ်နေတော့ အံ့သြရပါတယ် ။ အဓိကလက်သည်တရားခံအစစ်ဟာ ပညာမတတ်ကြခြင်း ၊ ဗဟုသုတမရှိခြင်း ၊ ဆင်းရဲနွမ်းပါးခြင်း ၊ နဲ့စာမဖတ်ကြခြင်းတို့ပဲဖြစ်ပါတယ် ။

။လူမမာကိုပယောဂဆိုပြီးနှိပ်စက်ပြတဲ့ပြကွက်တွေဟာမြန်မာဗီဒီယိုတွေ ၊ရုပ်ရှင်တွေထဲမှာ ဇာတ်နာပြီးကြည့်ကောင်းပေမယ့်အပြင်မှာမရှိသင့်တော့ပါဘူး ။  အကျဉ်းချုပ်ကတော့ ဆင်းရဲခြင်း ဗဟုသုတနည်းခြင်းတို့ပါပဲ ။ တိုင်းပြည်ကို တကယ်ဒုက္ခပေးနေတာလဲအဲဒိအချက်နှစ်ချက်ပါပဲ ။ လူတွေဟာ ဆင်းရဲကြတယ် ။ဆင်ရဲတော့ပညာကောင်းကောင်းမသင်နိုင်ဘူး ၊ ပညာမတတ်တော့ ဗဟုသုတနည်းတယ် ။ အယုံလွယ်တယ် ။အမြင်မကျယ်ဘူး ။ အမှားအမှန်ကိုမခွဲခြားတတ်ဘူး ။ အယူသီးတယ် ။အရာရာကိုကြောက်တတ်တယ် ။ အတွေးအခေါ်နိမ့်တယ် ။ဒါတွေဟာ ဆက်စပ်နေတာပါ ။သပ်သပ်စီမဟုတ်ပါဘူး ။မြန်မာနိုင်ငံဖြစ်နေတဲ့ပြသနာဟာ ဒီနှစ်ခုပါပဲ ။ ဆင်းရဲမွဲတေခြင်းဟာ တိုင်းပြည်ရဲ့အဓိကအန္တရာယ်ပါ ။ တိုင်းပြည်မှတကယ်လိုနေတာ အပေါ်ထပ်အဆောက်အဦတွေမဟုတ်ဘူး ။ မစားရ၀ခမန်းစီမံကိန်းကြီးတွေမဟုတ်ဘူး ။ခရိုနီတွေနဲ့ညီညွတ်ရေးမဟုတ်ဘူး ။ ကော်ဇောတွေဖိတ်ဖိတ်တောက်နေတဲ့ အဲကွန်းခန်းထဲက ဟိုတယ် တွေမှာမကြာခနလုပ်လေ့ရှိတဲ့ Work Shop တွေ ဆီမီနာတွေ ၊ အစည်းအဝေးတွေမဟုတ်ဘူး ။ တကယ်လိုနေတာ ဆင်းရဲမွဲတေမှုကို ကယ်တင်ဖို့  နဲ့ မြန်မာတွေ လူတိုင်းလူတိုင်းမသင်မနေရ အနည်းဆုံး အလယ်တန်းပညာပြီးဆုံးအောင်တတ်ဖို့ ပါပဲ ။ ပိုပြီးပြောရရင် လူတွေစာဖတ်ဖို့ ကိုလဲအစိုးရဟာ စီမံကိန်းတွေချပြီး အပြင်းအထန် ကြိုးစားသင့်ပါတယ် ။ မြို့ကြီးတွေမှာ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး (ပြန်/ဆက် ) စာကြည့်တိုက်တွေဖွင့်ပြီး စာဖတ်သူနတ္ထိအနေအထားနဲ့ လူတွေကိုငုတ်တုတ်ထိုင်စောင့်တဲ့စနစ်အစား ကျောင်းတွေအားလုံးမှာကျောင်းစာကြည့်တိုက် (စစ်အစိုးရခေတ်ကလို အမည်ခံမဟုတ် ) တွေတွင်တွင်ကျယ်ကျယ်ဖွင့်ပြီး မူလတန်းအရွယ်ထဲက ကျောင်းသားကျောင်းသူတွေရဲ့အသိအမြင်ကိုမြှင့်တင်ပေးသင့်ပါတယ် အလုပ်မဖြစ်တဲ့ ပြန်/ဆက် စာကြည့်တိုက်စနစ်ကိုလဲ ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ပြီးဆန်းစစ်ကာသူ့ထက်ကောင်းတဲ့စနစ် တခုဖော်ဆောင်သင့်ပါတယ် ။ လူတွေဟာ ဆင်းရဲလို့ကျောင်းမနေ ၊ ကျောင်းမနေလို့ စာ မတတ် ၊စာမတတ်လို့စာမဘတ် ၊စာမဘတ်လို့ဗဟုသုတနည်းဆိုတဲ့ သံသရာဆိုးကိုရပ်တန့် ပြစ်ဖို့လိုပါတယ် ။ ရန်ကုန်မြို့မှာ စာပေဗိမာန်စာအုပ်အရောင်းဆိုင်အောင်မြင်သလို အဲဒိလိုစနစ်မျိုး စာပေဗိမာန်စာအုပ်အရောင်းဆိုင်စနစ်မျိုးကို တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေအားလုံးမှာ ဖွင့်လှစ်ရောင်ချသင့်ပါတယ် ။

     နောက်ထပ် ကမောက်ကမကိစ္စတခုကတော့ အသုဘချရင်း၊တောင်ရွာ မြောက်ရွာ စကားများရန်ဖြစ် အငြင်းပွားကြတဲ့ကိစ္စပါပဲ ။ အဲဒါကလည်း ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့အရပ်မှာဖြစ်ခဲ့တာမို့ ထူးဆန်းပေ၏လို့ပြောရမလိုပါပဲ ။ မြန်မာနိုင်ငံရဲ့စီပွားရေးမြို့တော်ကြီးနဲ့သိပ်မဝေးတဲ့နေရာမှာဖြစ်ခဲ့တာမို့  ပြည်နယ်တွေ ၊ တောင်တန်းဒေသတွေ ဝေးလံခေါင်းဖျားဒေသတွေမှာဆို ဒိထက်ဆိုးမယ်လို့ ထင်ပါတယ် ။ရန်ကုန်တိုင်းဒေသကြီး ၊ကော့မှူးမြို့နယ် ၊ ကျိုက်ထော်ကျေးရွာမှာဖြစ်ပွားခဲ့တာပါ ။ အဲဒိရွာဟာ တစ်ရွာတည်းပေမယ့် ရွာအလယ်မှာပေ ၅၀ လောက်ကျယ်တဲ့ ချောင်းလေးတစ်ခုခြားပြီး နေတဲ့အတွက် တောင်ရွာနဲ့ မြောက်ရွာရယ်လို့ နှစ်ရွာကွဲနေပါတယ် ။ မြောက်ရွာမှာအိမ်ခြေ ၉၆၀ခန့်  လူဦးရေ ၄၂၀၀ ကျော် ၊ တောင်ရွာကတော့ အိမ်ခြေ ၅၈၀ ခန့် နဲ့ လူဦးရေ ၂၄၆၀ လောက်ရှိတယ်လို့ ဆိုပါတယ် ။ အုပ်ချုပ်ရေးကအစသီးခြားစီဖြစ်ပေမယ့်  သုသာန်ကတော့ တခုတည်းပဲရှိပါတယ် ။ ရွာနဲ့ ၅ ဖာလုံလောက်ဝေးတဲ့ တိုးမြစ်ကမ်း နဘေးမှာ သုသာန်ရှိပါတယ် ။ မြောက်ရွာမှာနာရေးဖြစ်ရင်တောင်ရွာ ကိုဖြတ်သန်းသွားမှ သုသန်ကိုရောက်ပါတယ် ။ အရင်ကတော့ နာရေးဖြစ်ရင် မြောက်ရွာ ကအလောင်းကို ရေကြောင်းကပဲသယ်ပြီး သုသာန်ကိုပို့ ကြပါတယ် ။ အခုတော့ နှစ်ရွာကြားက ချောင်းကလေးမှာ တံတားဆောက်ပြီးသွားလို့ လမ်းကောင်းသွားပြီးကားတောင်မောင်းလို့ရသွားတာကြောင့် နှစ်ရွာဟာ တဆက်တည်းဖြစ်သွားပါပြီ ။ အဲဒိအချိန်မှာ ၁၉.၁၀.၂၀၁၆ ( တိုက်တိုက်ဆိုင်ဆိုင် အဲဒိနေ့ ဟာ တွံတေးဝကျေးရွာမှာ ပယောဂဆရာလက်ချက်နဲ့ ကလေးတွေသေတဲ့နေ့ပါ ) ကျိုက်ထော် (မြောက်ရွာ )မှာ ဒေါ်ကျင်စိန် (၇၇)နှစ်ဟာ လူကြီးရောဂါနဲ့ကွယ်လွန်ပါတယ် ။အိမ်မှာသုံးရက်ထားအပြီး ၂၁ ရက်နေ့ မှာနာရေးချပါတယ်။မြောက်ရွာဟာ လမ်းတွေကောင်းသွားတဲ့အပြင် ရွာမှာလဲ ရွှေကျိုက်ထော်နာရေးကူညီမှုအသင်းလဲရှိနေပြီမို့ တံတားဖြတ်ပြီး နိဗ္ဖာန်ယာဉ်နဲ့ အသုဘပို့ ချင်ပါတယ် ။ ဒါမေယ့် တောင်ရွာက နာရေးကားအဖြတ်မခံလို့  အငှားကားနဲ့  သယ်ဆောင်လာကြရာမှာ ရွာနှစ်ရွာကြားတံတားပေါ်အရောက် တောင်ရွာကလူထုက သူတို့ ရွာထဲအ၀င်မခံပဲတားကြပါတယ် ။ တံတားတဖက်က တောင်ရွာနယ်မိမိတ်ထဲဝင်လာကာစမှာပဲ လူအုပ်နဲ့တားမြစ်တာကြောင့် အခေါင်းကိုကားပေါ်ကအချ တောင်ရွာကလူထုကတားမြစ် ၊ တောင်ရွာနဲ့မြောက်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လမ်းပေါ်ကိုအခေါင်းလွတ်ကျသွားပါတယ် ။ တောင်ရွာကလူတွေက အသုဘအလောင်းကိုရွာဖြတ်မသယ်ကောင်းဘူး ဆိုတဲ့အယူအဆရှိသလို ၊ မြောက်ရွာကလည်း အလောင်းကျတဲ့နေရာကမရွှေ့ကောင်းဘူးဆိုတဲ့အယူအဆရှိတာကြောင့် ၂၁ ရက်နေ့  တစ်နေ့လုံး ဒေါ်ကျင်စိန်အခေါင်းကြီးဟာ လမ်းပေါ်မှာ ပဲကန့်လန့်ဖြတ်ကြီးယူမယ့်သူမရှိလို့ မိုးတွေရွာတာကြောင့်ထီးကြီးတလက်မိုးထားရပါတယ် ။

သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတွေက ညှိနှိုင်းပေးပေမယ့်မပြေလည်ခဲ့ပါဘူး ။ ၂၂ ရက်နေ့မှာတော့နယ်လုံဝန်ကြီးညှိနှိုင်းပေးချက်အရ ဒေါ်ကျင်စိန်ရုပ်အလောင်းကို မြောက်ရွာဧရိယာထဲနောက်ကြောင်းပြန်သယ်လာပြီး ရေကြောင်းကပို့ ဆောင်ပေးလိုက်ပါတယ် ။ အလောင်းကိုရေကြောင်းကပို့ ဆောင်ပြီး အသုဘပို့ ပရိတ်သတ်က တောင်ရွာကိုကုန်းကြောင်းကဖြတ်သွားဖို့ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြသနာတွေထပ်ဖြစ်မှာစိုးလို့ တာဝန်ရှိသူတွေက လူအုပ်ကို မလိုက်ခဲ့ဖို့ ပြောတာကြောင့် အသုဘဟာ မိသားစုနဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ်သဂြိုဟ်လိုက်ရပါတယ် ။ နယ် /လုံဝန်ကြီးအမိန့် အရ နိုဝင်ဘာ ၁ ရက်နေ့အထိ သေဆုံးသူတွေကို မြောက်ရွာကရေကြောင်းကနေပို့ ဆောင်ရမှာဖြစ်ပြီး အဲဒိကာလနောက်ပိုင်းမှာတော့ နာရေးဖြစ်ရင် တောင်ရွာကိုဖြတ်သန်းပြီးပို့ ဆောင်ခွင့်ပြုရမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ် ။

               ဒီကိစ္စကိုကြည့်ရင် မြန်မာလူမျိုးတွေမှာအရိုးစွဲနေတဲ့ (ဘုရားဟောမဟုတ်တဲ့ ) အယူဝါဒတွေကိုတွေ့ရမှာဖြစ်ပါတယ် ။ အသုဘဖြစ်ရင် ရွာထဲကိုမသွင်းကောင်း ၊ ရွာထဲမဖြတ်သန်းကောင်း ၊ နောက်ပြန်မပို့ ကောင်း ၊အဆန်မသယ်ကောင်း ၊ အလောင်းကျတဲ့နေရာကနေမရွှေ့ ကောင်း ၊လမ်းထဲရွာထဲ ရပ်ကွက်ထဲ အိမ်ရှေ့မှာ နာရေးယာဉ်မရပ်ကောင်း ၊ ရွာနာတယ် ၊ ရပ်ကွက်နာတယ်ဆိုတဲ့အယူအဆတွေဟာ အခုအချိန်အထိအချို့နေရာတွေမှာ အရိုးစွဲ နေကြဆဲ ၊အယူသီးကြဆဲဖြစ်ပါတယ် ။ အရင်တုန်းကလို ကိုယ့်တရွာထဲအများနဲ့ကင်းပြီးတောထဲမှာရွာတည်ထားရင်တော့ ဒီဓလေ့တွေဟာ ကျင့်သုံးရ လိုက်နာရ လွယ်ကူပါတယ် ။ဒါပေမယ့် ၂၁ ရာစုမှာ ကမ္ဘာကြီးဟာရွာကြီးတစ်ရွာဖြစ်သွားပြီ ၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကိုရောက်ပြီ ၊ မြို့ ပြဟာ ကျယ်ပြန့်လာပြီဆိုတဲ့အချိန်မှာ ဘုရားဟောမထားတဲ့ ဓလေ့ထုံးစံအချို့ ကို ပြင်ဖို့ လိုပါပြီ ။ ရန်ကုန်မှာ တမြို့လုံးက အလောင်းတွေကို မြောက်ဥက္ကလာ ကိုဖြတ်ပြီး ရေဝေးသုသာန်ကိုသယ်လာနေကြတာပါ ။အသုဘကားတွေဟာ မြောက်ဥက္ကလာ (-) ရပ်ကွက်ကနေဖြတ်ပြီး ရေဝေးသုသာန်ကိုလာကြရတာပါ ။ မြောက်ဥက္ကလာမြို့သူမြို့ သားတွေဟာ ဘာမှမပြောသလို ကိုယ့်အိမ်ရှေ့ကဖြတ်ပြီး နာရေးကားတွေ သွားနေတာကို (- )ရပ်ကွက်သူရပ်ကွက်သားတွေကလဲဘာမှမကန့်ကွက်ကြပါ ။ဘာ့ကြောင့်လဲဆိုတော့ သဘောထားကြီးကြီးထားနိုင်လို့  ၊အမြင်ကျယ်လာကြလို့ ဖြစ်ပါတယ် ။ တကယ်တော့ လူသေတာအဆန်းမဟုတ်ပါဘူး ။ လူတွေအားလုံးသေမျိုးတွေချည်းပါပဲ ။လူသေရင် အလောင်းကို သင်္ချိုင်းကိုပို့ ကြရတာချည်းပါပဲ ။ သက်မဲ့အလောင်းတလောင်းဖြတ်သန်းသွားလို့ လဲတကယ်တော့ ရပ်ရွာမှာ ဘာမှ အထူးတလည်ဘေးဒုက္ခကျစရာမရှိပါဘူး ။

ကမ္ဘာပေါ်မှာနေ့စဉ် လေယာဉ်တွေနဲ့အလောင်းတွေသယ်နေကြတာပါ ။ မြန်မာနိုင်ငံကိုဖြတ်ပြီး မြောက်များစွာသောလေယာဉ်တွေဟာ အလောင်းတွေကိုသယ်ဆောင်လို့ ဖြတ်ကျော်ပျံသန်းနေကြတာပါ ။ ဆေးရုံတွေကနေ ၊  အနယ်နယ်အရပ်ရပ်ကို မော်တော်ကားတွေနဲ့ ကွယ်လွန်သူကိုသယ်ဆောင်ပြီး မောင်းနှင်နေကြတာပါပဲ ။အလောင်းကျရာနေရာကနေ မရွေ့ ရဘူးဆိုတာလည်းအဓိပါယ်မရှိပါဘူး ။စစ်မြေပြင်မှာကျဆုံးလေသမျှ စစ်သည်တွေကို ဘယ်တပ်မတော်ကပဲဖြစ်ဖြစ် သေတဲ့နေရာမှာ ပဲထားခဲ့ရိုးမရှိပါ ။ မရရအောင်အလောင်းကိုနောက်တန်းမိသားစုရှိရာပြန်သယ်ကြပါတယ် ။အာဖဂန်နစ္စတန်မှာသေတဲ့အမေ၇ိကန်စစ်သားတွေကိုလည်း မိခင်အမေရိကန်ပြည်ထောင်စုကိုပြန်သယ်ကြပါတယ် ။ ပြင်သစ်ကလည်း ပြင်သစ်ကိုပြန်သယ်ကြတာပါ ။ ဒါ့ကြောင့်ဒီအဖြစ်အပျက်မှာ တောင်ရွာရော ၊မြောက်ရွာကလူတွေရော မြန်မာတပြည်လုံးကလူတွေ အမြင်ကျယ်သင့်ပြီလို့ထင်ပါတယ် ။ ခုနကပြောခဲ့သလို ကမ္ဘာပေါ်မှာအချို့နိုင်ငံတွေက ဆက်သွယ်ရေးဂြိုဟ်တုတွေလွှတ် ၊ နျူကလီးယားနည်းပညာတွေ တီထွင် ၊ ကမ္ဘာပျက်ရင်အခြေချဖို့ အခြားဂြိုဟ်တွေ စကြာဝဋ္ဌာထဲမှာရှာနေတဲ့အချိန်မှာ ကျွန်တော်တို့တွေက တောင်ရွာမြောက်ရွာရန်ဖြစ်တုန်း ၊ စလောင်းဖုံးနှစ်ချပ်တီးရင်ကျားကိုက်မယ်လုပ်တုန်း ၊အသုဘကိုရွာထဲဖြတ်မသွားရလုပ်တုန်း ၊ ပယောဂဆရာလက်ကို ကိုယ့်သားသမီးအသက်အပ်တုန်းလုပ်နေတာတွေဟာ သိပ်ရှက်ဖို့ ကောင်းပါတယ် ။ ဒါတွေဟာ အသိပညာဗဟုသုတ နည်းပါးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ ။ဒီလိုတွေမဖြစ်ဖို့ နိုင်ငံသားအားလုံးမှာတာဝန်ရှိပါတယ်။  သာသနာပြု ဓမ္မကထိကဆရာတော်များဟာ လဲ ကျေးလက်တောရွာများက မြန်မာလူမျိုးတွေအသိအမြင်ပွင့်လင်းလာဖို့  တောနယ်ဘက်တွေမှာ အယူမသီးကြဖို့ တရားတွေ များများဟောကြားပေးစေချင်ပါတယ် ။
   ဒီမိုကရေစီစနစ်ဟာ ကမ္ဘာမှာအခုအချိန်အထိ အကောင်းဆုံးစနစ်တခုပါ ။ ဒါပေမယ့် ဒီစနစ်အောင်မြင်ဖို့ ခက်ပါတယ် ။ ဒီမိုကရေစီစနစ်ဟာ အာဏာရှင်စနစ်လို အုပ်ချုပ်သူတွေ တာဝန်ချည်းပဲလို့ အရာရာလွှဲချထားလို့ မရပါဘူး ။ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကအရေးကြီးပါတယ် ။ပြည်သူလူရဲ့ တယောက်ချင်းအရည်အသွေးကအဓိကကျပါတယ် ။ပြည်သူလူထုရဲ့တာဝန်ယူတတ်မှု ကအရေးကြီးပါတယ် ။ အရာရာကို ခေါင်းဆောင်တယောက်ထဲ လွှဲချလို့ မရပါဘူး ။ကိုယ်တိုင်လဲပါဝင်ဆောင်ရွက်ရပါမယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အမှိုက်တွေကို တွေ့ကရာနေရာမှာလုံးထွေးပြီးလွှင့်မပစ်ကြဖို့ လိုပါတယ် ။ ဒီမိုကရေစီလိုချင်တယ်ပြောပြီး ကွမ်းတံတွေးတွေ တွေ့ ကရာနေရာမှာမထွေးဖို့ လိုပါတယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အများအတွက်မစဉ်းစားပဲ တကိုယ်ကောင်းမဆန်ကြဖို့ လိုပါတယ် ။ တန်းစီတတ်တဲ့အလေ့အထ ၊ သူတပါးကိုငဲ့ညှာတဲ့အပြုအမူ ၊ နိုင်ငံသားတယောက်ချင်း အရည်အသွေးတိုးတက်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေချင်တဲ့စိတ်ဓာတ် ၊တာဝန်ယူမှုတာဝန်ခံမှု ၊မတရားအခွင့်အရေးယူရမှာရှက်တဲ့အကျင့်တွေ အားလုံးမှာရှိနေမှ ဒီမိုကရေစီဝါဒ ခိုင်မြဲမှာပါ ။

 မြန်မာနိုင်ငံဟာ ၁၉၅၈ မှာဒီမိုကရေစီ ခေတ္တသေဆုံးသွားတယ် ။ အာဏာရှင်စနစ် ၂ နှစ်လောက်ခေါင်းထောင်ထလာတယ် ။ နောက်တော့ အားလုံးဝိုင်းဝန်းကြိုးစားလို့ ၁၉၆၀ မှာ ဒီမိုကရေစီ ပြန်ပြီးအသက်ဝင်လာတယ် ။ ဒါပေမယ့် ၁၉၆၂ မှာ ဒီမိုကရေစီသေဆုံးရပြန်တယ် ။အခုအချိန်အထိပါပဲ။ အခုတော့ ဒီမိုကရေစီဟာ တစ်ပိုင်းတစ်စထွက်ပေါ်လာပါပြီ ။ ရေရှည်မှာ ဒိထက်မက ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့  ၊အာဏာရှင်စနစ်အပြီးတိုင်ကျဆုံးသွားပြီး နိုင်ငံကောင်းစားဖို့  နိုင်ငံသားတစ်ယောက်ချင်းရဲ့အကူအညီလိုတယ် ။ နိုင်ငံသားတွေဟာ ပညာဥာဏ်ရည်မြင့်နေဖို့ လိုတယ် ။ နိုင်ငံသားတွေဟာ ဆင်းရဲတွင်းကလွတ်ဖို့လိုတယ် ။ နိုင်ငံသားတွေ စာတတ်ကြဖို့  ၊စာဖတ်ကြဖို့လိုတယ် ။ရှေးရိုးစွဲအယူအဆတွေ ဖျောက်ဖို့ လိုတယ် ။ဝါးလုံးခေါင်းထဲလသာမနေဖို့လိုတယ် ။

   ကိုယ့်သားသမီးလူမမယ်အရွယ်လေးကို ပယောဂဆရာလက်ထဲအပ်ပြီးသေအောင်လုပ်တာထိုင်ကြည့်ကြတဲ့စိတ်ဓာတ်မျိုး ၊လူသေလို့ဝမ်းနည်းကြေကွဲနေတဲ့မိသားစုကို ကိုယ်ချင်းစာတရားမထားနိုင်ပဲ မိမိရပ်ရွာထဲကဖြတ်မသွားဖို့မောင်းထုတ်တဲ့စိတ်ဓာတ်မျိုး ၊ ကိုယ့်စက်လှေမှာ လူများများပါဖို့ ပိုက်ဆံများများပါဖို့ကလွဲပြီး ခရီးသည်တွေအသက်ကို လုံးဝထည်းမတွက်တဲ့စိတ်ဓာတ်မျိုး ၊ရာထူးတစ်ခုကို တာဝန်လို့ သဘောမထားပဲ လုပ်ပိုင်ခွင့်လို့ ယူဆပြီး မတရားမှုကိုမတားဆီးပဲ မိမိကိုယ်ကျိုးပဲကြည့်တဲ့တာဝန်ရှိသူအချို့ရဲ့လုပ်ရပ်မျိုး ၊ ဒီမိုကရေစီဆိုတာ ငါနဲ့ငါ့မိသားစုချမ်းသာရေးလို့ နားလည်တဲ့ အောက်တန်းစားစိတ်ဓာတ်မျိုး၊ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးဝိသမလောဘသားစိတ်မျိုး တွေဟာ ဒီမိုကရေစီကိုခြိမ်းခြောက်နေတဲ့ အညံ့စားစိတ်ဓာတ်တွေပဲ ။တိုင်းပြည်တပြည်မှာအဲဒိလိုအညံ့ စားစိတ်ဓာတ်ပိုင်ရှင်တွေများနေမယ်ဆိုရင် ဘယ်တော့မှအထက်တန်းကိုမရောက်နိုင်ဘူး ။ အာဆီယံမှာ ဘိတ် ၊ ကမ္ဘာမှာ ဓားမနောက်ပိတ်ခွေးဘ၀မှာပဲ ကျင်လည်နေရလိမ့်မယ် ။ ဒါတွေအားလုံးကို အစိုးရကလည်း အချိန်မဆိုင်းပဲကိုင်တွယ်ဖြေရှင်းရမယ် ။လူတွေကလည်း ပြောင်းလဲကြရတော့မယ် ။

ကျွန်တော်တို့ ညံ့ရင် ရထားတဲ့ဒီမိုကရေစီလေးတောင်ပြန်ဆုံးရှုံးသွားနိုင်တယ် ။ ဒီမိုကရေစီနဲ့မတန်တဲ့ အညံ့ စားစိတ်ဓာတ်တွေကို ဒီနေ့ ကစပြီး ဖယ်ရှားကြရမှာဖြစ်တယ် ။ ခေတ်ဟောင်းကအတွေးအခေါ်အယူအဆတွေကိုဖယ်ရှားပြီး ၂၁ ရာစုနဲ့ကိုက်ညီတဲ့အတွေးအခေါ်အလုပ်အကိုင်တွေနဲ့ မြန်မာကို ကမ္ဘာကသိအောင်လုပ်ကြရတော့မှာဖြစ်ပါတယ် ။ ဒီမိုကရေစီနိုင်ငံဆိုတာနိုင်ငံသားတဦးချင်းရဲ့အရည်အသွေးပေါ်မှာအခြေခံပြီး တည်ဆောက်ရတာဖြစ်လို့ နိုင်ငံသားတယောက်ချင်းအရည်အသွေးမြင့်ရင် ဒီမိုကရေစီမြန်မြန်ရမယ် ။တဦးချင်းအရည်အသွေးနိမ့်ကျရင်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ကြန့် ကြာမှာဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၈.၁၀.၂၀၁၆

Read More...

Monday, October 24, 2016

စပါးရိတ်/ချွေရာတွင် ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦး ချိန်းကြိုးဘီးနှင့် ကြိတ်မိသေဆုံး ပြည့်သဲမောင်(ပြည်)09423671883

Leave a Comment




စပါးရိတ်/ချွေရာတွင် ကူညီဆောင်ရွက်ပေးနေသူ
အမျိုးသားတစ်ဦး ချိန်းကြိုးဘီးနှင့် ကြိတ်မိသေဆုံး
 
သဲကုန်း အောက်တိုဘာ(၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ပြည်ခရိုင်၊သဲကုန်းမြို့၊ရပ်ကွက်(၄)၊
တပ်ရွာမြောက်စုလမ်းအတွက် စပါးရိတ်/ချွေရာတွင် ကူညီလုပ်ကိုင်
ဆောင်ရွက်နေသူ အမျိုးသားတစ်ဦး အောက်တိုဘာ(၂၃)ရက်နေ့ ချိန်းကြိုးဘီးနှင့်ကြိတ်မိသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၂၃)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)အချိန်
ခန့် သဲကုန်းမြို့မရဲစခန်းမှဒုရဲအုပ် အောင်ဘုန်းမြင့် သည် တာဝန်မှူးေ
ဆာင်ရွက်နေစဉ် ရဲစခန်းအနောက်မြောက်(၁)မိုင်သဲကုန်းမြို့၊ ရပ်ကွ
က်(၄)၊ တပ်ရွာမြောက်စုလမ်းအတွက် ကွင်းအမှတ်(၉၁၈)တွင် စပါး
ရိတ်ချွေစက်နင်းမိပြီး လူတစ်ဦးသေဆုံးကြောင်း သတင်းရရှိခဲ့သည်
ဆို၏။
 
ထိုသို့သတင်းရရှိသဖြင့် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးသန်းအေး၊ရာ
အိမ်မှူး၊ ဦးသန်းမင်းထွန်း(ရာအိမ်မှူး) ရပ်ကွက်(၄) နေသူတို့နှင့်အတူ 
အခင်းဖြစ်ရပ်သွားရောက်စစ်ဆေးရာ ရပ်ကွက်(၄) တပ်ရွာကွင်းအမှ
တ်(၉၁၈) ရွာဘုံပိုင်လယ်ကွက်တွင် စက်မောင်း ပိုင်ဇင်ဦး(၂၄)နှစ် (
ဘ) ဦးမောင်မြင့် ၊စက်မှုလယ်ယာနေ့စားဝန်ထမ်း (မိတ္တီလာစက်မှုလ
ယ်ယာဗဟိုသင်တန်းကျောင်း စက်ကြီးမောင်း သင်တန်းဆင်းလက်မှ
တ်ရ) အင်ငါးခွရွာ/အုပ်စု၊ ပေါက်ခေါင်းမြို့နေသူမောင်းနှင်သော တရု
တ်နိုင်ငံလုပ် KUBOTA စပါးရိတ် ချွေစက်(ဖြူ/နီစပ်ရောင်) ပေါက်ခေါ
င်းမြို့၊ အမှတ်(၅၈)စက်မှု လယ်ယာ စခန်းပိုင် လယ်ယာသုံးစက်မှာ စ
ပါးရိတ်/ချွေရာတွင် ကူညီဆောင်ရွက်ပေးနေသူ ကျော်မင်းဦး (၄၄)နှစ်
(ဘ) ဦးတင်ငွေ၊ကျဘမ်းလုပ်ကိုင်၊တပ်ရွာ၊ ရပ်ကွက်(၄)၊ သဲကုန်းမြို့နေ
သူသည် ၄င်းစက်၏ နောက်တွင်ရှိနေစဉ် စက်မှာနောက်သို့ပြန်ဆုတ်ရာ
မှ ယာဘက်ချိန်းကြိုးဘီးနှင့် ကြိတ်မိခဲ့ကြောင်းစစ်ဆေးတွေ့ရှိရကြောင်း
ရဲမှတ်တမ်းအရသိရသည်။

ထိုသို့ စပါးရိတ်/ချွေစက် ချိန်းကြိုးဘီးနှင့်ကြိတ်မိခဲ့သဖြင့် ကျော်မင်းဦး
တွင် ဦးခေါင်းယာ ဘက်ခြမ်းကြေ မွပျက်စီးဒဏ်ရာ(၁)ချက်ရရှိကာအ
ခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စပါးရိတ်/ချွေစက်အား မောင်းနှင်သူ 
ပိုင်ဇင်ဦး အား အရေးယူပေးပါရန် ဒုရဲအုပ် အောင်ဘုန်းမြင့် မှ တရားလို
ပြုလုပ်တိုင်တန်း သဖြင့် သဲကုန်းမြို့မရဲစခန်းယာဉ်(ပ) ၇/၂၀၁၆၊ ရာဇသ
တ်ကြီးပုဒ်မ-၃၁၄(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ကာ အမှုအား ဒု
ရဲမှူး မြင့်လွင် (စခန်းမှူး) မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသ
ည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

Pyae Thae Maung နှင့်အမည်တူ ဖော်ပြပါ ဓါတ်ပုံလို အကောင့်များတွေ့နေ

Leave a Comment


Pyae Thae Maung နှင့်အမည်တူ
ဖော်ပြပါ ဓါတ်ပုံလို အကောင့်များတွေ့နေ

ကျွန်တော် Pyae Thae Maung နှင့်အမည်တူ
ဖော်ပြပါ ဓါတ်ပုံလို အကောင့်များတွေ့နေပါသည်။

ထို့ကြောင့် လက်ရှိကျွန်တော်တရားဝင် သုံးနေသော
အကောင့် ၊ တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝပေးနိုင်
သော အကောင့်များ၏ လင့်များကိုဖော်ပြထားပါသည်။

သို့ပါသောကြောင့် Pyae Thae Maung အကောင့်အမည်
တူများတွင် မိဘပြည်သူများအား စိတ်အနှောက်အယှက်ဖြစ်
စေသော ပို့စ် ၊ ဂုဏ်သိက္ခာထိပါးစေသော ပို့စ် ၊အမျိုးသားရေး 
လူမျိုးရေး ဘာသာရေး ထိပါးစော်ကားစေသော ပို့စ် ၊အဏာပိုင်
အစိုးရအဖွဲ့အစည်း တပ်မတော် ရဲတပ်ဖွဲ့ လူမှုရေးအသင်းအဖွဲ့
အစရှိသည်အဖွဲ့အစည်းတစ်ခုခုကို စော်ကားထိခိုက်စေသော 
ပို့စ်များအား တင်ခဲ့သည်ရှိသော် လက်ရှိကျွန်တော် ဖော်ပြသော
အကောင့်များနှင့်ပတ်သက်၍သာ ရင်ဆိုင်ဖြေရှင်းပေးမည်။

ထို့ပြင်အခြားအမည်တူ အကောင့်များနှင့်ပက်သက်၍လက်ခံဖြေ
ရှင်းပေးသွားမည်မဟုတ်ကြောင်းနှင့် ကျွန်တော်နှင့်ပတ်သက်ပြီး 
သိရှိလိုသည်များရှိပါက အချိန်မရွှေးဖော်ပြပါဖုန်းနံပါတ်ကို ဆက်
သွယ်၍ နီးစပ်ရာ ရဲစခန်းတစ်ခုခုတွင် တွေ့ဆုံမေးမြန်းနိုင်ပြီး ကျွန်
တော်နှင့်မသက်ဆိုင်သော အကောင့်မှတင်သောပို့စ်နှင့် ပတ်သက်
၍ ကျွန်တော်၏ ဂုဏ်သိက္ခာ ထိခိုက်အောင်ပြုလုပ်လာပါက တရား
ဥပဒေအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မိဘပြည်သူများနှင့်ကျွန်ေ
တ်ာနှင့်အမည်တူ အကောင့်ပိုင်ရှင်များထံ အသိပေးအကြောင်းကြား
အပ်ပါသည်။

လက်ရှိ ကျွန်တော် Pyae Thae Maung ၏အကောင့်လင့်များ

https://www.facebook.com/lovelysmile.lay 
(1)Pyae Thae Maung ..........

https://www.facebook.com/byan.larr
(2)Pyae Thae Maung..........

https://www.facebook.com/profile.php?id=100010421445282
(3)Pyae ThaeMaung

Like Page
https://www.facebook.com/pyaycrimeandnews/?ref=bookmarks
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Like Page
https://www.facebook.com/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B7%E1%80%9E%E1%80%B2%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9-335006333363554/
ပြည့်သဲမောင် - ပြည်

Like Page
https://www.facebook.com/pyaynews/?fref=ts
ပြည်သတင်း
စသည့်  fb အကောင့်နှင့် Like Page အကောင့်များသာဖြစ်သည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

Sunday, October 23, 2016

ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်အနုပညာသမား ဟာသညီအစ်ကိုများအလှူ

Leave a Comment
ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်အနုပညာသမား
ဟာသညီအစ်ကိုများအလှူ

ပြည် အောက်တိုဘာ(၂၃)ရက်နေ့
ယခုလသည် ဗုဒ္ဓဘာသာ ဗမာလူမျိုးများ၏ တစ်နှစ်မှာတစ်လ
တစ်လမှာတစ်ရက်တစ်ရက်မှာတစ်ကျောင်းသာ ပြုလုပ်ခွင့်ရေ
သာ သံဃာတော်အရှင်သူမြတ်တို့အတွက် ဒါတဗ္ဗဝတ္ထုအစုစုတို့
ကို ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ပြုလုပ်သောလဖြစ်
ပါတယ်။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့၊ရွာဘဲနယ်မြေ၊မြကန်သာ
ရပ်ကွက်“ကြောင်ပန်းကျောင်းတိုက်”အတွင်း၌ ပုရိမဝါမှ ထတော်မူ
ကြကုန်သော သံဃာတော် အရှင်သူမြတ်တို့အား ဖြူစင်စိတ်ထားမုဒိ
တာပွားပျုမိသားစု ပရဟိတအဖွဲ့နှင့်စေတနာရှင်များမှစုပေါင်း၍ က
ထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ပင့်သံဃာအရှင်သူမြတ်(၁၀၈)
ပါးတို့အား ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း ၊ကြောင်ပန်းေ
ကျာင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလနှင့်ဘဒ္ဒန္တက
ဝိသာရ အရှင်သူမြတ်နှစ်ပါးတို့အား မိဘများဦးထိပ်ထား၍ ပြည်မြို့ ပြည်
တော်သာရပ်ကွက်နေ ကိုမြင့်ဦး+မဥမ္မာ(ရွှေမြင့်မိုရ်)မိသားစုတို့မှ ပုနော
ပသမ္မဒကံထပ်ခြင်း မင်္ဂလာနှင့်အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းအား
အဆိုပါကြောင်ပန်းကျောင်း၌ပြုလုပ်ခဲ့ကျပါတယ်။

အဆိုပါအလှူတော်ပွဲတွင် ရုပ်ရှင် ၊ဂီတ၊ဟာသ ညီအကိုများဖြစ်သော မင်္ဂ
လာပါအလင်္ကာဟားအဖွဲ့မှ MD ချစ်ပန်း၊ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် စိစိ၊ရွှေစတား(၆)ဆုရှင် အောင်ချစ်၊ဟာသမင်းသား ပိုင်ကျော် ၊ရွှေတံ
ဆိပ်ဆုရှင် ဗီဒီယိုသရုပ်ဆောင် ပိုပိုချစ်၊တေးသံရှင် သူရိန်(အသံ ၅-
မျိုး)ပိုင်ရှင်တို့ ဖျော်ဖြေတင်ဆက်ခဲ့ကျပြီး အဆိုပါပွဲမှရသော အနုပညာ
ကြေးများထဲမှ ငွေကျပ်(၅၀သောင်းကျပ်တိတိကို “ပရဟိတ ပါရမိအဖွဲ့ လူမှုကယ်ဆယ်ရေးအသင်း”သို့အလှူငွေလှူဒါန်းခဲ့ကျပြီး ထိုအနုပညာရှင် ဟာသညီကိုများသည် ပြည်မြို့နယ် မြောင်းငယ်လှဆရာတော်ဘုရား ဦး
ဝိမလ၏ “ဖြူစင်စိတ်ထား မုဒိတာပွားအဖွဲ့”မှအသင်းသား ပရဟိတသမား
ဖြစ်ကြောင်းနှင့် ပရဟိစိတ်ဓာတ်အမှန်တကယ်ထားခြင်းဖြင့် ဗုဒ္ဓဘာသာ
ဝင်တို့၏ နေ့ထူးနေ့မြတ်များတွင် ကုသိုလ်ယူရင်း လူ့ဘဝခရီးပျော်ပျော်ကြီး
ဖြတ်သန်းကျပါစို့လို့ တတ်စွမ်းသမျှပညာလေးဖြင့် နိဗ္ဗာန်အကျိုးမျှော်ကာကု
သိုလ်ယူရေးသားဖော်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
 








Read More...

Saturday, October 22, 2016

ဘယ်သူ သူရဲကောင်းအစစ်လဲ

Leave a Comment

ဘယ်သူ သူရဲကောင်းအစစ်လဲ

သရ၀ဏ်(ပြည်)

မကြာသေးမီရက်ပိုင်းက မောင်တောတိုက်ခိုက်မှုနှင့်ပါတ်သက်၍ဖေ.စ်ဘွတ်တွင်တက်လာသောနောက်ဆက်တွဲ အကြောင်းအရာတခုမှာစိတ်ဝင်စားဖို့ ကောင်းသည် ။ ၂၀၀၆ အောက်တိုဘာလ ၉ ရက် နေ့ နံနက်လင်းအားကြီးအချိန်က မောင်တောခရိုင်ငါးခူရစခန်းကို ဘင်္ဂလီအကြမ်းဖက်သမားများက ၀င်ရောက်စီနင်းတိုက်ခိုက်ရာ စခန်းမကျဆုံးရအောင် ရွပ်ရွပ်ချွန်ချွန်တညလုံးပြန်လည်ခုခံတိုက်ခိုက်ခဲ့သော ဒုရဲအုပ်အောင်ဆန်းထူး က ရေးသားထားခြင်းဖြစ်ရာ အသက်စွန့်တိုက်ခိုက်ခဲ့ရသော်လည်း ရာထူးတိုးပေးသော စာရင်းထွက်လာသောအခါ သူ့ နာမည်ပါမလာပဲ အခြား သူများရာထူးတိုးခံရကြောင်းကို ကာကယံရှင်က ဤသို့ ရေးသားထားလေ၏ ။

“ ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်သိစေရန်

၁၆.၁၀.၁၆
ကျွန်တော်(လ-၂၂၃၈၉၆)  ဒုရဲအုပ်အောင်ဆန်းထူးသည် (၉.၁၀.၁၆) နံနက် ၃ နာရီ ၅၀ မိနစ်တွင် မောင်းတောခရိုင် ငါးခူရနယ်မြေတွင်ဖြစ်ပွားသော RSO အကြမ်းဖက်သမားများ၏ ၀င်ရောက်အကြမ်းဖက်မှုတွင် ရှေ့ တန်းစစ်ကြောင်းစစ်ကြောင်း ရုံးဦးစီး ဒုရဲအုပ် အောင်ဆန်းထူးနှင့် တကက -ခင်မောင်အေး တို့မှ RSO အကြမ်းဖက်သမားများ အား အသေခံပြီးဗဟိုကင်းအား တစ်ညလုံးကာကွယ်ခုခံခဲ့၍ RSO အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားပြီး RSO အကြမ်းဖက်သမား ၇ ယောက်ကိုအသေရခဲ့ပါသည် ။
ယခုအခါ ရာထူးတိုးပေးသောအခါ တစ်ညလုံးပျောက်နေပြီး နယ်မြေအေးချမ်းမှပြန်လာသော  အရာရှိနှစ်ယောက်ကို ရာထူးတိုးပေးထားပြီး အမှန်တကယ်အသေခံပြီး ဗဟိုကင်းအား ကာကွယ်ခုခံခဲ့သူ ဒုရဲအုပ် အောင်ဆန်းထူးမှာ ကြေးနန်းစာတွင် အမည်တစ်လုံးမျှမပါသည်ကိုသိရှိရ၍ ပြည်ထဲရေးဝန်ကြီး သိစေရန်တင်ပြအပ်ပါသည် ။
အခင်းဖြစ်သော တညလုံးတွင်ရှိသော လ၀က မှဝန်ထမ်းများလည်း တွေ့ မြင်သိရှိကြပါသည်။
နယ်မြေနဲ့ ဗဟိုကင်းကို စွန့် ခွာသူများကိုရာထူးပေးမယ်ဆိုရင် ကျွန်တော်တို့ လည်း ဆက်လက်လုပ်ချင်စိတ်မရှိတော့ပါ။
ယခုလည်း RSO အကြမ်းဖက်သမားများ၏အနီးဆုံး နေရာတွင်နေရ၍ ရင်မအေးသေးပါ။ ရာထူးတိုးပေးသောအခါ အမှန်ကန်လုပ်ဆောင်သူများမပါရှိ၍ ယခု၎င်းတပ်ဖွဲ့ ဝင်များ စိတ်ဓာတ်ကျနေကြပါသည်။ ဖြစ်စဉ်အမှန်သိရအောင်စိစစ်ပေးဖို့ တောင်းဆိုအပ်ပါတယ် “ ဟူ၍ဖြစ်သည် ။ဤရေးသားချက်ကိုထောက်ခံသည့်အနေဖြင့် လ.၀.က ၀န်ထမ်း (၈) ဦး၏အမည် ၊ကိုယ်ပိုင်အမှတ် ၊အဆင့်ရာထူး ၊လက်မှတ် များဖြင့် ဒုရဲအုပ်အောင်ဆန်းထူး၏ ထွက်ဆိုချက်မှန်ကန်ကြောင်းထောက်ခံရေးသားထားသော လက်ရေးစာတစ်စောင်ကိုလည်းဖော်ပြထားပါသည် ။ ကာကယံရှင်၏ရဲဝတ်စုံအပြည့်ဖြင့်ရိုက်ထားသောဓာတ်ပုံများလည်းပါပါသည် ။ ထို့ အပြင် ဖြစ်စဉ်ထွက်ဆိုချက်ဟူသော လက်မှတ်ရေးထိုးထားသည့်စာတစ်စောင်လည်းပါဝင်သေးရာ ထိုစာတွင် ဖြစ်စဉ်ကိုဤသို့အသေးစိတ်ဖော်ပြထားပါသည်  ။

“ ဖြစ်စဉ်ထွက်ဆိုချက်

   ကျွန်တော်သည် ၉.၁၀၂၀၁၆ ရက်နေ့  နံနက် (၀၃:၃၀ ) ခန့် တွင် သေနတ်သံများ လူများ အော်ဟစ်နေသံများကြားရ၍ အခန်းအပြင်ထွက်ကြည့်ရာမွတ်ဆလင်ကုလားများမှသေနတ်များဖောက်ပြီး ငါးခူရနယ်မြေရုံးဝန်းအတွင်းသို့ အကြမ်းဖက်ရန်ဝင်ရောက်လာ၍ကျွန်တော်သည်စစ်ကြောင်းရုံးရှိ လူမျာအားနှိုးပြီး ကုလားများအရှေ့မလှမ်းမကမ်း ဗဟိုကင်းတွင်ထားရှိသောလက်နက်များတိုက်သို့  အမြန်ပြေးပြီးလက်နက်တိုက်အားသော့ဖွင့်၍ လက်နက်/ခဲယမ်းများအမြန်ထုတ်ပေး၍  ကာကွယ်ခုခံခဲ့ပါသည်။၎င်းအချိန် မွတ်ဆလင်ကုလားများမှာ ဗဟိုကင်းမလှမ်းမကမ်းတွင်ရောက်ရှိနေကြပါသည်။ ၎င်းနောက် ဗဟိုကင်းရှိတပ်ဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများပေး၍ လိုက်လံပစ်ထုတ်ရာနောက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။ စခန်းမှူးနေသောအခန်းကိုလည်း မွတ်ဆလင်ကုလားများဝင်ရောက်ဖျက်ဆီးပြီး စခန်းမှူးအားကုလားများခေါ်သွားကြသည်ဟု ညပိုင်းတွင်မတွေ့ ရှိ၍နယ်မြေရဲစခန်း တပ်ကြပ်ကြီးခင်မောင်အေးနှင့်အတူ ကျွန်တော်မှ ဗဟိုကင်းအားဦးစီးပြီး မိုးလင်းသည်အထိ ဗဟိုကင်းနှင့် နယ်မြေရုံးအားကာကွယ်ခုခံခဲ့ပါသည်။ မိုးလင်းကာစတွင်စခန်းမှူးသည် ဓားဒဏ်ရာများဖြင့် ကုလားများလက်မှလွတ်မြောက်လာခဲ့ပါသည် ။ထို့ နောက်နယ်မြေရုံးအတွင်း အိမ်ထောင်သည်မိန်းမများအား ဗဟိုကင်းသို့ ခေါ်ဆောင်ကာထိန်းသိမ်းခဲ့ပါသည် ။ဒုရဲအုပ်သိန်းကျော်ထိုက်နှင့် ရဲဒုတပ်ကြပ်ဇော်နိုင်ထွန်းတို့မှာဂိတ်ရှေ့ဝနေအိမ်အခန်းတွင် ကုလားများ၏လက်ချက် ဓားဒဏ်ရာများဖြင့်အသက်ပေးခဲ့ရပါသည် ။ ကျွန်တော်လည်းလက်နက်တိုက်သော့အားအမြန်ယူပြီး ကုလားများအရှေ့မှ ဗဟိုကင်းသို့ မရောက်ခဲ့လျှင်နယ်မြေတစ်ခုလုံး ကုလားများအုပ်စီးသွားမည်ဖြစ်ပါသည်။ ကုလားများအရှေ့မှဖြတ်ပြေးပြီး ဗဟိုကင်း၌ လက်နက်/ခဲယမ်းများဖြင့် တပ်ကြပ်ကြီးခင်မောင်အေးနှင့်အတူ ဗဟိုကင်းရှိတပ်ဖွဲ့ ဝင်များအား ဦးစီးပြီး အချိန်မီဗဟိုကင်းမှ ကာကွယ်ပြန်လည်ပစ်ခတ်၍ ကုလားများဆုတ်ခွာသွားကြပါသည်။ ညပိုင်းတွင်အခင်းဖြစ်ချိန်မှစ၍ကျွန်တော်ကိုယ်တိုင် နယ်မြေရုံး ဗဟိုကင်းအား ဦးစီးလုပ်ဆောင်ကာကွယ်ခဲ့ပါသည်။ ကုလား ၇ ယောက် အသေရခဲ့ပါသည်။ကျွန်တော်သာအချိန်မီလက်နက်တိုက်ကိုဖွင့်ခဲ့၍ငါးခူရနယ်မြေအား ကုလားများ၏အကြမ်းဖက်မှုရန်ကို ကာကွယ်နိုင်ခဲ့ပါသည်။
ထွက်ဆိုချက်မှန်ကန်ပါသည် ။
(လက်မှတ်)
ဒုရဲအုပ် အောင်ဆန်းထူး “

ဟူသောထွက်ဆိုချက်ကိုရေးသားထားပါသည် ။နောက်ဆက်တွဲကြားသိရသည်မှာ ဤဖြစ်စဉ်သည်မှန်ကန်သဖြင့် ဒုရဲအုပ်အောင်ဆန်းထူးအား ၁၆.၁၀.၂၀၁၆ နေ့ တွင် ၀န်ကြီးအမိန့် ဖြင့် ရဲအုပ်ရာထူးသို့ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရပေ၏ ။

            ဤအဖြစ်အပျက်များကိုကြားရသိရသောအခါ ၁၉၉၂ ခုနှစ်ကပေါ်ပေါက်ခဲ့သော  ဟောလီးဝုဒ်မှရုပ်ရှင်တကားကိုအမှတ်ရမိပါသည် ။ရုပ်ရှင်ကားအမည်က(Hero)  ဟီးရိုးဖြစ်ပါသည်။ ဒါရိုက်တာ Stephen Frears ရိုက်ကူးပြီး ဒပ်စတင်ဟော့မန်း ( Dustin Hoffman )၊ဂီနာဒေးဗစ်( Geena Davis) ၊ အန်ဒီဂါစီယာ ( Andy Garcia) တို့ပါဝင်သရုပ်ဆောင်ထားကြပါသည် ။ ဇာတ်လမ်းမှာ ဘာနေး ဆိုသူသည် ခါးပိုက်နှိုက်တယောက်ဖြစ်သည် ။ တညတွင် သူနေထိုင်ရာနေရာအနီးသို့ လေယာဉ်တစီးပျက်ကျပါသည် ။ သူသည် လေယာဉ်ပျက်ထဲမှ ခရီးသည်များ၏ ပိုက်ဆံအိပ်ကိုခါးပိုက်နှိုက်ရန်ရည်ရွယ်ချက်ဖြင့် လေယာဉ်ပျက်အတွင်းသို့ ဝင်သွားသော်လည်း စိတ်ကောင်းဝင်ကာ ဒဏ်ရာရနေသောခရီးသည်များအားတယောက်ပြီးတယောက်ကယ်ထုတ်ပေးပါသည် ။ ထိုအချိန်တွင်သူ့ မျက်နှာမှာ ရွံများပေးရေညစ်ပါတ်နေသဖြင့် ရုပ်ကိုသိပ်မှတ်မိဖို့မလွယ်ပါ ။လေယာဉ်အပျက်ထဲတွင် သူ့ ဖိနပ်တဖက်ကျွတ်ကျကျန်ခဲ့ပါသည် ။ ကျန်ဖိနပ်တဖက်ကိုပဲ ယူလာခဲ့ပြီးအိမ်ပြန်လာပါသည် ။ လမ်းတွင် အိမ်ခြေယာခြေမရှိသောဗီယက်နမ်စစ်ပြန်ကြီး ဂျွန်ဘပ်ဘာ နှင့် တွေ့သဖြင့် လေယာဉ်ပျက်မှလူများကိုကယ်ဆယ်ခဲ့ပုံကိုပြောပြပြီး သူ၏ဖိနပ်တဖက်အား စစ်ပြန်ကြီး ဘပ်ဘာကိုပေးခဲ့ပါသည် ။ ထိုအချိန်တွင် ပျက်ကျလေယာဉ် ဖလိုက်နံပါတ် ၁၀၄ မှခရီးသည်များကိုကူညီကယ်တင်ခဲ့သည် သူရဲကောင်းကြီးကို လူတွေကအသည်းအသန်လိုက်ရှာနေကြပါသည် ။ရုပ်သံလွှင့်ကုမ္မဏီတခုက ထိုသူရဲကောင်းကို ဒေါ်လာတသန်း ဆုချီးမြှင့်မည်ဟုကြေငြာလိုက်ပါသည် ။ ထိုငွေကို သူရဲကောင်းအစစ်ဖြစ်သော ဘာနေးမထုတ်ယူနိုင်ခဲ့ပါ ။အဘယ့်ကြောင့်ဆိုသော် လေယာဉ်ပျက်ထဲမှရခဲ့သော အကြွေးဝယ်ခရက်ဒစ်ကတ်ပြားများတရားမ၀င်အသုံးပြုမှုဖြင့် အဖမ်းခံရပြီး အချုပ်ခန်းထဲရောက်နေသောကြောင့်ဖြစ်သည် ။ ထိုအချိန်တွင်စစ်ပြန်ကြီးဘပ်ဘာ က သူ့ လက်ထဲတွင်ရှိနေသော ကျန်ရှိနေသည့်ဖိနပ်တဖက်ကိုပြကာ လူစွမ်းကောင်းကြီးလုပ်သွားပါသည် ။ ဘာနေးက ဘပ်ဘာမှာ လူစွမ်းကောင်းအတုဖြစ်ကြောင်း တွေ့ သမျှလူကိုလိုက်ရှင်းပြသည် ။သို့ သော်လူတွေက သူ့ စကားကိုမယုံပါ ။ အားလုံးက သူ့ ထက် ဘပ်ဘာကိုသာ လူစွမ်းကောင်းအဖြစ်ယုံကြည်ကြသည် ။

     လေယာဉ်ပျက်ကျရာတွင်အသက်ရှင်ကျန်ခဲ့သောခရီးသည်တဦးဖြစ်သည့် ရုပ်သံသတင်းထောက်မလေးကလည်း ဘပ်ဘာကို သူရဲကောင်းအစစ်ထင်နေကာ ကျေးဇူးဆပ်သည့်အနေဖြင့် ဘပ်ဘာကိုနာမည်ကြီးလာအောင်သတင်းတွေထုတ်လွှင့်ပေးသည် ။ အိမ်ယာမဲ့ စစ်ပြန်ကြီးကို လူတလုံးသူတလုံးဖြစ်လာအောင်လုပ်ပေးသည် ။စစ်ပြန်ကြီးဘပ်ဘာ ကလည်း သူ့ ကိုယ်သူ လူကြီးလူကောင်းစတိုင်ဖြင့် ဆုကြေးငွေရသောပိုက်ဆံအချို့ ကို အိမ်ခြေယာခြေမဲ့ ကလေးများ ၊ ဆေးကုစားရိတ်လိုနေသောကလေးများကိုထောက်ပံ့ပေးခြင်းပြုကာ သူ့ ကိုယ်သူနာမည်ကြီးလာအောင်လုပ်သည် ။ သူတော်ကောင်းယောင်ဆောင်သည် ။ ကောင်မလေးက လူလိမ်ဘပ်ဘာကို ချစ်ကြိုက်မိမလိုပင်ဖြစ်လာသည် ။ ထိုအချိန်တွင် လူစွမ်းကောင်းအစစ်ဖြစ်သော ဘာနေးမှာ သူ့ ဇနီးဟောင်းနှင့် အခြေအနေဆိုးသထက်ဆိုးနေသည် ။သူ့ သားနှင်လည်းတွေ့ ခွင့်မရ ။သားဖြစ်သူကလည်း လူစွမ်းကောင်းအတု ဘပ်ဘာ၏ပရိသတ်ဖြစ်နေသည် ။ထိုအချိန်တွင် စုံထောက်တယောက်က သတင်းထောက်ကောင်မလေးအားပြောပြသည်မှာ ဘာနေးဆိုသော လူကိုရဲစခန်းတွင်ဖမ်းဆီးစစ်ဆေးစဉ်က သတင်းထောက်ကောင်မလေး၏ ခရက်ဒစ်ကတ်ကို ဘာနေးထံတွင်တွေ့ ရကြောင်းဖြစ်သည် ။ ထိုအခါကောင်မလေးက သူ့ ခရက်ဒစ်ကတ်ဘယ်လိုလုပ် ဘာနေး ထံတွင်ရှိနေသလဲ သိချင်သဖြင့် ဘာနေး၏အိမ်ကို တိတ်တိတ်ကလေး စုံထောက်နှင့်အတူဝင်ကြည့်ကြသည် ။ ထိုအခါလေယာဉ်ပျက်မကျမီတည က နယူးယောက်မြို့တွင် သူဆုရခဲ့သော ငွေဖြင့်ပြုလုပ်ထားသည့် မိုက်ကရိုဖုန်းတံဆိပ်ကလေးကို သွားတွေ့ သည် ။ ကောင်မလေးက မည်သို့ကောက်ချက်ချသနည်းဟူမူ လူစွမ်းကောင်းဘပ်ဘာသည် လေယာဉ်ထဲတွင် သူသတိလစ်မတတ်ဖြစ်နေချိန်တွင် သူ့ပိုက်ဆံအိတ်ကို ယူထားခဲ့မည် ။ထို့ နောက် ပိုက်ဆံအိတ်ကို ဘာနေးဆိုသူအားရောင်းချခဲ့မည် ။ ဘာနေးက ယခုအခါ လူစွမ်းကောင်းဖြစ်နေသူ ဘပ်ဘာကို ဤ ပစ္စည်းများပြ၍အကြပ်ကိုင်ခြိမ်းခြောက်ငွေညှစ်နေသည်ဟု ယူဆသည် ။

ထိုအချိန်တွင် လူစွမ်းကောင်းကြီး ဘပ်ဘာသည် အလွန်မြင့်မားလှသောတိုက်ခေါင်မိုးပေါ်မှ ခုန်ချ၍ကိုယ့်ကိုယ်ကိုသတ်သေရန်ကြံစည်နေကြောင်း ရုပ်မြင်သံကြားသတင်းတွင်ပါလာသသည် ။ထိုနေရာသို့ သူတို့ သွားကြသည် ။ ဘာနေး၏ ဇနီးနှင့် သားလည်းထိုနေရာသို့ ရောက်လာကြသည် ။ ဘာနေးက သေကြာင်းကြံမည့် ဘပ်ဘာကို သွားရောက်ဖြောင်းဖျသည် ။ ဘာနေးကို ဘပ်ဘာကသူဇစ်မြစ်ကိုမဖော်ရန်တောင်းပန်သည် ။ဆုရတဲ့အထဲကငွေအနည်းငယ်လည်း လူမသိအောင်ပေးပါ့မယ်ဟုကမ်းလှမ်းသည်။ ထိုအချိန်တွင်ဘာနေးသည်မတော်တဆ ခြေချော်ကျသွားရာ ဘပ်ဘာကလက်ကိုဆွဲထားပြီးဆွဲတင်ပေးသောကြောင့်အများအမြင်တွင် (နောက်တကြိမ် )ဟီးရိုးဖြစ်သွားပြန်သည် ။ ဘာနေး၏မျက်နှာလည်းဖုံတွေနှင့်ညစ်ပတ်သွားရာထိုအခါမှ လေယာဉ်ပျက်ကျသောညက သူ့ကိုကယ်တင်ခဲ့သောသူ၏မျက်နှာကို သတင်းထောက်မလေးကပြန်လည်မှတ်မိသွားတော့သည် ။ ဟီးရိုးအစစ်မှာဘာနေးဖြစ်ကြောင်းကောင်မလေးသိသွားသည် ။ဘာနေးကို သူ့ ကိုကယ်ခဲ့တာရှင်မဟုတ်လားဟု တိုးတိုးတိတ်တိတ်မေးသည် ။ဘာနေးက မဟုတ်ပါ ၊ ဘပ်ဘာသည်သာ လူစွမ်းကောင်းပါဟုဖြေသည် ။ သို့သော်ကောင်မလေးကလက်မခခံ ။ပြန်ကာနီးတွင် သူ့ အသက်ကိုကယ်ခဲ့တဲ့အတွင်ကျေးဇူးတင်ပါတယ်ဟုထပ်ပြောသည် ။ဒီတခါတော့ဘာနေးက ရပါတယ် ကိစ္စမရှိပါဘူးဟုပြန်ပြောသည် (လူစွမ်းကောင်းကသူပါဆိုတာကို ၀န်ခံသည် ) ။ သတင်းထောက်မလေးကအကြံပေးသည်မှာ ဘယ်သူတွေယုံယုံမယုံယုံ သားဖြစ်သူကိုတော့အမှန်အတိုင်းပြောဖို့  ဖြစ်သည် ။ အများအမြင်မှာတော့ စစ်ပြန်ကြီးဘပ်ဘာကို သူရဲကောင်းဟုဆက်မြင်ချင်လဲမြင်ပါစေဟုဆုံးဖြတ်ကြသည် ။ သားကို တိရိစ္ဆာန်ရုံသို့ ခေါ်သွားပြီးအဖြစ်မှန်ကိုအစအဆုံးပြောပြသည် ။ဇာတ်လမ်းပြောအပြီးတွင် မိန်းမကြီးတယောက်က သူ့ သမီးခြင်္သေ့လှောင်အိမ်ထဲ သို့ ပြုတ်ကျသွားကြောင်းအလန့် တကြားထအော်သည် ။ ဘာနေး၏သားက သူ့ အဖေအား သွားကယ်ပါဟုတောင်းပန်သည် ။ဘာနေးက သက်ပြင်းချသည် ။ သူ့ ဖိနပ်နှစ်ဖက်ကိုချွတ်သည် ။ ပြီးတော့ခြင်္သေ့လှောင်အိမ်ရှိရာသို့ ထွက်သွားသည် ။ ထွက်မသွားခင်သားကိုစကားတစ်ခွန်းတော့မှာခဲ့သည် ။

“ငါ့ဖိနပ်တွေသေသေချာချာကြည့်ထားဦသားရေ “

လောကကြီးတွင် တကယ်လုပ်ရသူကတယောက် ။အချောင်နာမည်ကြီးတာကတခြားဖြစ်လေ့ရှိသည်ကို မီးမောင်းထိုးပြထားသောရုပ်ရှင်ဖြစ်သည် ။ ဤလိုအဖြစ်မျိုးတွေလောကမှာ မကြာခနဖြစ်တတ်သည်ထင်သည် ။

       ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့သည့်ညကလည်း သဘောင်္ပေါ်တွင်တဦးတည်ေးသာဂျပန်ခရီးသည်ဖြစ်သည့်   မာဆာဘူမီ ဟိုဆိုနို (Masabumi Hosono ) ဆိုသူလည်းပါလာ၏ ။ ထိုအကြောင်းကိုဆရာမောင်စိန်ဝင်း(ပုတီးကုန်း)လည်းဟောပြောပွဲများတွင်ဟောပြောဖူး၏ ။ အတိုချုပ်ပြောရလျှင် ဟိုဆိုနိုသည် တိုက်တန်းနစ်သဘောင်္မြုပ်ချိန်တွင် တတိယတန်းခရီးသည်ဖြစ်သည် ။ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်အလွန် ၁၅ ရက်နေ့အကူးညကြီးဖြစ်သည် ။သူသည် အိပ်ယာမှည၀တ်အင်္ကျီနှင့်ထပြေးလာသည် ။ လူတွေကသဘောင်္ပေါ်တွင်အော်ဟစ်ပြေးလွှားနေစဉ် အမျိုးသမီးနှင့်ကလေးများကိုဦးစားပေး၍ အသက်ကယ်လှေပေါ်သို့ တင်ဆောင်နေသည် ။အသက်ကယ်လှေ၁၀စီးခန့်တင်ပြီးသွားပြီဖြစ်သည်။ ထိုစဉ်အသက်ကယ်လှေတစင်းမှ “နှစ်ယောက်စာနေရာရဦးမယ် “ဟုအော်သံကြားသည် ။ လူတစ်ယောက်က လှေထဲသို့ ခုန်ချလိုက်သည် ။ ထိုအချိန်တွင်သူလဲအမျိုးသမီးများကိုတွန်းဖယ်ကာ အသက်ကယ်လှေထဲသို့ ခုန်ချလိုက်သည် ။ ညကလည်းမှောင် ၊ အသက်ကယ်လှေအကြီးအကဲဖြစ်သူလည်း သူ့ ကိုသေသေချာချာကြည့်မနေသဖြင့် သူယောက်ကျားလား မိန်းမလားဆိုတာ ဘယ်သူမှသတိမထားမိချေ ။ သူတို့ နှင့် ပေ ၂၀၀ အကွာတွင်တော့ နစ်မြုပ်စတိုက်တန်းနစ်သဘောင်္ကြီးပေါ်မှ ကလေးများ၊မိန်းမများ ၊ ယောင်္ကျားများ၏ အော်သံဟစ်သံ ငိုယိုသံ များကို ကမ္ဘာပျက်သလို ငရဲပွက်သလိုကြားနေရသည် ။တိုတိုပြောရလျှင် အိုဆိုနိုတို့အဖွဲ့ ၎င်းနေ့ မနက်(၈) နာရီတွင် RMS Carpathia ဆိုသောသဘောင်္မှ ကယ်ဆယ်ခြင်းခံရသည် ။ အမေရိကသို့ ရောက်သည် ။ထိုမှတဖန် သူဂျပန်သို့ ဘေးကင်းစွာပြန်ရောက်ခဲ့သည် ။ ဂျပန် သတင်းနှင့်စာနယ်ဇင်းဆရာများက ဖိုးကံကောင်းဂျပန်လေးဟုအမည်တပ်ကာ သူ့အကြောင်းရေးသားကြသည် ။သူကလည်းသူ့ အတွေ့ အကြုံများကို (မိန်းမယောင်ဆောင်ကာ အသက်ကယ်လှေထဲခုန်ချသည့်အကြောင်းမှလွဲ၍) ဆောင်းပါးများရေးသည် ။သတင်းစာများစွာကအင်တာဗျူးများလုပ်သည် ။ ထိုအချိန်တွင် သူသည် ဂျပန်တွင် လူစွမ်းကောင်း ကြီးဖြစ်နေတော့သည် ။

 သို့ သော် အမေရိကန်ပြည်ထောင်စုတွင်တော့ စာရေးဆရာ Archibald Gracie ရေးသောဝတ္တုတပုဒ်ကြောင့် အိုဆိုနို ကို လူတွေက ရွံရှာလာကြကာ အသက်ကယ်လှေပေါ်ခိုးလိုက်လာသည့်လူ ဟု စွပ်စွဲခေါ်ဝေါ်လာကြသည် ။အသက်ကယ် လှေ၏ဦးစီးခေါင်းဆောင်ဖြစ်သူ Edward Buley ကလည်း အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော် စုံစမ်းရေးသို့ ပြောကြားရာတွင် ဟိုဆိုနိုနှင့်အခြားတယောက်သည် အသက်ကယ်လှေပေါ်သို့ မိန်းမယောင်ဆောင်၍တက်ခဲ့ဖွယ်ရှိကြောင်း ထွက်ဆိုခဲ့သည် ။ထိုထွက်ဆိုချက်ကြောင့် တိုက်တန်းနစ်သဘောင်္နစ်မြုပ်ရာတွင်အသက်ဆုံးခဲ့သော အမျိုးသမီး နှင့်ကလေးများ ကိုယ်စားသူတို့ကို တကမ္ဘာလုံးကရွံမုန်းကြသည် ။ ထိုသတင်းဂျပန်သို့ ရောက်လာသောအခါ အိုဆိုနိုမှာများစွာအရှက်ရပြန်သည် ။ ဆာမူရိုင်းတွေကလည်း ယောက်ျားကောင်းမပီသသောလုပ်ရပ်အဖြစ်အပြစ်တင်ကြသည် ။ အချို့ ကကိုယ့်ကိုယ်ကိုသတ်သေဖို့တောင်ဆိးုကြသည် ။ ဂျပန်နိုင်ငံကိုအရှက်ရစေသူဟုခေါ်ဝေါ်သမုတ်ကြသည်။  တချိန်က လူစွမ်းကောင်းကြီဖြစ်ခဲ့သူ ဟိုဆိုနိုမှာ အသက် ၆၈ နှစ်အရွယ်ကွယ်လွန်ချိန် ၁၉၃၉ အထိဂျပန်တွင်မည်သူ့ ကိုမျှထိုအကြောင်းမပြောပဲ မျက်နှာငယ်စွာနေရသည် ။

         Hero ရုပ်ရှင်နှင့် ဟိုဆိုနို ဇာတ်လမ်းနှစ်ပုဒ်တွင် လူစွမ်းကောင်းတွေပါဝင်နေသည် ။သို့ သော် လူစွမ်းကောင်းတကယ်မဟုတ်သူ စစ်ပြန်ကြီးဘပ်ဘာက သူများဆီမှရသောဖိနပ်တဖက် ၊နားစွန်နားဖျားကြားခဲ့သောဇာတ်လမ်းတပုဒ်ဖြင့် တကယ့် အသက်စွန့် ကူညီသူကိုဘေးဖယ်ကာ လူစွမ်းကောင်းဟီးရိုးကြီးဝင်လုပ်နေသည် ။ မိန်းမတွေနှင့် ကလေးတွေကိုဘေးသို့ တွန်းဖယ်ကာ အသက်ကယ်လှေထဲသို့ တကိုယ်ကောင်းစိတ်ဖြင့် ခုန်ချခဲ့သော ဟိုဆိုနိုမှာလည်း သူ့ ဇာတ်လမ်းအမှန်ကိုလူတွေမသိခင်အချိန်အထိ တကယ်စွန့် လွှတ်စွန့် စားပြီးသင်္ဘောပေါ်မှလွတ်မြောက်လာသလိုလို ဖြင့် သူရဲကောင်းကြီးလုပ်ခဲ့သည် ။ မသိသူတွေကြားတွင် လူစွမ်းကောင်းကြီးဖြစ်ခဲ့သည် ။ မည်သို့ ပင်ရှိစေ ဟိုဆိုနိုရော စစ်ပြန်ကြီးဘပ်ဘာရော ကိုယ့်လိပ်ပြာကိုတော့ ကိုယ်လိမ်၍ရမည်မဟုတ်ပေ ။ဟိုဆိုနို၏လုပ်ရပ်ကြောင့် သူ၏ သားသမီး မြေးမြစ်လက်ထက်သို့ တိုင်အောင် အရှက်ရစရာတွေဖြစ်ခဲ့ရလေသည် ။

      ယခုလည်း မောင်တောနယ်မြေ ငါးခူရရဲစခန်းကိုင်္ဂလီအကြမ်းဖက်သမားများတိုက်ခိုက်ခံရသောညကအဖြစ်အပျက်များနှင့်ပါတ်သက်၍ ဇာတ်လမ်းလေးတပုဒ်ပေါ်ထွက်ခဲ့ပြီဖြစ်သည် ။ ထိုအဖြစ်အပျက်တွင် အချို့ ကအထက်လူကြီးများ၏ အသိအမှတ်ပြု ရာထူးတိုးခြင်းများကိုခံရပြီဖြစ်သည် ။နာမည်ကောင်းလက်မှတ်များ ၊ ဘွဲ့ တံဆိပ်များ ပင်ချီးမြင့်ခံရကောင်း ခံရတော့မည်ဖြစ်သည် ။ အချို့ သူများမှာမူကား ဟီးရိုးရုပ်ရှင်ထဲမှ ဘာနေးလို ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ပါလျက်လူတွေ၏အသိအမှတ်ပြုမှုကိုမရတာလည်းကြုံရနိုင်ပေမည် ။ ဒုရဲအုပ်အောင်ဆန်းထူးလို တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့် ခဲ့သော လူစွမ်းကောင်းတယောက်ကို အချိန်အနည်းငယ်နောက်ကျသော်လည်းနောက်ဆုံးတွင်နိုင်ငံတော်က အသိအမှတ်ပြု ရာထူးတိုးပေးလိုက်သဖြင့်ဝမ်းသာပါသည် ။

သူ့ လိုအနစ်နာခံခဲ့ပြီး အသိအမှတ်ပြုမခံရသူများလည်းနယ်ပယ်အသီးသီးတွင်ရှိနိုင်ပါသည် ။ ဤလောက၌ ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်သည် ဟူသော ဗုဒ္စဘုရားရှင်၏တရားတော်များမှန်ကန်ကြောင်းသက်သေပြဖို့ ကောင်းတာလုပ်သောလူများကောင်းကျိုးခံစားရဖို့ ဝိုင်းဝန်းကူညီရေးသည် လူသားအားလုံး၏တာဝန်သာဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၁.၁၀.၂၀၁၆


Read More...

Friday, October 21, 2016

ဖော်ပြပါဓါတ်ပုံပိုင်ရှင်အား တွေ့ရှိပါက အကြောင်းကြားပေးပါရန်နှင့်မိဘများစိ တ်ပူနေသဖြင့်အမြန်ပြန်လာပါ

Leave a Comment

ဖော်ပြပါဓါတ်ပုံပိုင်ရှင်အား တွေ့ရှိပါက
အကြောင်းကြားပေးပါရန်နှင့်မိဘများစိ
တ်ပူနေသဖြင့်အမြန်ပြန်လာပါ

အောက်တိုဘာ (၂၂)ရက်နေ့
ကျွန်တော် ဦးထွန်းလင်း အမိ ဒေါ်လှလှမြင့်(ခ)ဒေါ်မိုးမိုး၏
သားဖြစ်သူသည် (၁၉.၁၀.၂၀၁၆)ရက်နေ့ နံနက်(၆)နာရီ
အချိန်ခန့် ပြည်မြို့နယ်ထန်းပေါက်ပုလဲဖြူဘော်ဒါဆောင်မှ
ပျောက်သွားပြီး ယနေ့(၄)ရက်မြောက်သည့်တိုင်အောင်
ဘာသတင်းတစ်စုံတစ်ရာမျှ မရရှိသဖြင့်ကျွန်တော်တို့မိဘ
နှစ်ပါးနှင့်ရွှေမျိုးများ စိတ်သောကရောက်နေရပါတယ်။

သို့ပါသောကြောင့် ဖော်ပြပါဓါတ်ပုံပိုင်ရှင် ကျွန်တော် ကျွန်မတို့
သားအား တွေ့ရှိပါက အမြန်ဆုံးအကြောင်းပေးပါရန်မေတ္တာ
ရပ်ခံရင်း သားပျောက်လို့သောကရောက်နေသော အမေ့အား
သနားရင်သားလေးအမြန်ပြန်လာပါလို့ ပြည်သတင်းအဖွဲ့ကို
အကူအညီတောင်းခံ ကြော်ငြာလိုက်ရပါတယ်။

ထို့ကြောင့် ဖော်ပြပါ ဓါတ်ပုံပိုင်ရှင် ကျွန်တော်၏သားအားတွေ့
ရှိပါ ကျွန်တော် ဦးထွန်းလင်း ဖုန်း---09 450017950 ကို၎င်း
ကျွန်မ ဒေါ်လှလှမြင့်(ခ)ဒေါ်မိုးမိုး ဖုန်း---09 421001889 ကို
၎င်း ကျေးဇူးပြု၍ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာ
ရပ်ခံအကူအညီတောင်းခံအပ်ပါသည်။

ထပ်ဆင့်အကူအညီတောင်းခံသူ
ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

Wednesday, October 19, 2016

ပြည်သူများနှင့်ပြည်မြို့နယ် ရခိုင်မသားစုများလူမှုရေးအသင်းမှ မောင်းတောမြို့နယ်သို့ စာနပ်ရိက္ခာများလှူဒါန်းခဲ့

Leave a Comment

ပြည်သူများနှင့်ပြည်မြို့နယ် ရခိုင်မသားစုများလူမှုရေးအသင်းမှ 
မောင်းတောမြို့နယ်သို့ စာနပ်ရိက္ခာများလှူဒါန်းခဲ့

ပြည်မြို့နယ် ပြည်သူများနှင့်ပြည်မြို့နယ် ရခိုင်မသားစုများ
လူမှုရေးအသင်းမှ မောင်းတောမြို့နယ်တွင် ဖြစ်ပွားခဲ့သော
မိသားစုများအား သိန်း(၈၀)ကျော် တန်ဖိုးရှိ စားနပ်ရိက္ခာများ
ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊မောင်းတောမြို့နယ်တွင် အောက်တိုဘာ(၉)ရက်
နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း)ပြည်မြို့နယ်တွင် အောက်တိုဘာ(၁၉)ရက်နေ့
နံနက်(၉)နာရီ(၃၀)နာရီအချိန်က ပြည်မြို့၊နဝဒေးကုန်တင်ကုန်
ချကားကြီး ပုရဝုဏ်ဝင်းတွင် ကျင်းပခဲ့ရာ ပြည်ဒေသ ရခိုင်မိသား
စု လူမှုကူညီရေးအသင်းဝင်နှင့် ပြည်မြို့သူ ပြည်မြို့သားမျာက တာ
ဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြသည်။

မြင့်နိုင်(ပြည်)
 


Read More...

ဓနသိဒ္ဓိသာသနာပြု မင်္ဂလာရှမ်းအိုးစည်အဖွဲ့သို့ တူညီဝတ်စုံ အကျီများ လှူဒါန်း

Leave a Comment

 ဓနသိဒ္ဓိသာသနာပြု မင်္ဂလာရှမ်းအိုးစည်အဖွဲ့သို့ တူညီဝတ်စုံ အကျီများ
လှူဒါန်း

ပဲခူးတိုင်း ပြည်မြို့ 3D.ဟိုတယ်/3D.ရောဂါရှာဖွေရေး ဆေးခန်း/
3D.စာရေးကိရိယာ မိသားစုဖြစ်သည့် နှစ်ဖက်သော ဖိုးဖိုး ဖွားဖွား
တို့နှင့် ဖေဖေ ကိုကောင်းခန့်ကျော်+မေမေ မချိုမာတင် တို့၏ သမီး
ဦးရတနာလေးရတီမင်းပိုင်(ခ)ရတီသျှင် သမီးလေး၏ ရက်(၁၀၀)ပြည့်
မွေးနေ့အလှူတွင်အဘဦးရဲမင်းခေါင်ဦးစီးတည်ထောင်ပေးသည့် ပြည်မြို့
ဓနသိဒ္ဓိသာသနာပြု မင်္ဂလာရှမ်းအိုးစည်အဖွဲ့သို့ တူညီဝတ်စုံ အကျီများကို
၉.၁၀.၂၀၁၆ ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။
ယခုလို လှူဒါန်းခဲ့သော ဒါနကုသိုလ်ကြောင့် မွေးနေ့ရှင်သမီးလေး စိတ်၏
ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း စိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒများပြီး
မြောက်၍ ပညာတံခွန် လူရည်ချွန်ကြီးဖြစ်၍ ဒီအမိ ဒီအဖ ဒီအဖိုး ဒီအဖွား
များနှင့်အသက်ရှည် အနာမဲ့ သာသနာပြုနိုင်ပါစေကြောင်း ဓနသိဒ္ဓိသာသ
နာပြု မင်္ဂလာရှမ်းအိုးစည်အဖွဲ့မှ ဆုတောင်းမေတ္တာပေးပို့လိုက်ပါတယ်။

ဓနသိဒ္ဓိသာသနာပြု
မင်္ဂလာရှမ်းအိုးစည်အဖွဲ့(ပြည်မြို့)








Read More...

ပြည်မြို့တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပြည်မြို့တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ပြည်  အောက်တိုဘာ(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်
အောက်တိုလာ(၁၈) နံနက်(၅း၀၀) နာရီအ
ချိန်ခန့် ပြည်မြို့မရဲစခန်း ရဲအုပ်သန်းထွန်း
အောင်သည် တာဝန်မှူးတာဝန်ဆောင်ရွက်
နေစဉ် ပြည်မြို့၊ဆံတော်ရပ်ကွက် ၊တရုတ်စု
ရပ် ၊ မီးရထားစက်ခေါင်းရုံးဝန်းအဟောင်းအ
နီး အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း
သတင်းရရှိသဖြင့် သက်သေ ဆံတော်ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်၊ ပုထိုးကြီးလမ်း၊ ဆံ
တော်ရပ်ကွက် ၊ ပြည်မြို့နေသူ နှင့် ရာအိမ်မှူး
ဦးတင်ဝင်း၊ရွှေသာလျောင်းလမ်း ၊ ဆံတော်ရပ်
ကွက် ၊ ပြည်မြို့နေသူတို့နှင့် အတူ သွားရောက်
စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ မြို့မရဲစခန်း
မြောက်(၄)ဖာလုံခန့်၊ပြည်မြို့၊ ဆံတော်ရပ်
ကွက် ၊ တရုတ်စုရပ် ၊ မီးရထားစက်ခေါင်း
ရုံအဟောင်းအနီးနေထိုင်သူ ဦးဆဏ်းလွင်
(၄၈)နှစ် (ဘ) ဦးသိန်းမောင်၊ခဲပစ္စည်းပုံသွန်း
လောင်း အုန်းတောလမ်း ၊ တရုတ်စုရပ် ၊ ဆံ
တော်ရပ်ကွက် ၊ ပြည်မြို့နေသူ၏ ဇနီးဖြစ်သူ
ဒေါ်ဌေးကြည် (၄၈)နှစ် ၊ (ဘ) ဦးထွန်းရင်၊နေ
သူသည် နေအိမ်အောက်ထပ် လှေခါးအနီးတွင်
သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသဖြင့် စုံစမ်းမေး
မြန်းရာအောက် တိုဘာ(၁၈)ရက်နေ့ နံနက်(၂း
၃၀)အချိန် သားဖြစ်သူ အာကာစိုး (၂၂)နှစ်၊သည်
ဘောလုံးပွဲကြည့်ရာမှ နေအိမ်သို့အပြန် အပေါ့သွား
ရန်အတွက် အိမ်နောက်ဖက်သို့ထွက်စဉ် နေအိမ်ေ
အာက်ထပ် နောက်ဖေးခန်းအတွင် မိခင်ဖြစ်သူ ဒေါ်
ဌေးကြည်မှာ လည်ပင်းတွင်အ၀တ်စကို ပြုလုပ်ထား
သည့် (အ၀တ်စကြိုး) ကိုအသုံးပြုပြီး အမြင့်(၆)ပေရှိ
သစ်သားထုတ်တန်းတွင် ကြိုးဆွဲချလျှက်တွေ့ရှိခဲ့ကြောင်း
ထွက်ဆိုခဲ့သည်။
ထို့နောက် အိမ်အပေါ်ထပ်တွင် အိပ်နေသူ ဖခင်နှင့်မိသား
စုများ အားနှိုး၍ ပြောကြားရာ ဖခင်ဖြစ်သူ ဦးဆဏ်းလွင်မှ
ဆင်းလာပြီး ကြိုးအားဓါးဖြင့်ခုတ်ဖြတ် ၊ ဖြုတ်ချ၍လည်ပင်း
ရှိ ကြိုးအားဖြေပေးခဲ့ပြီး ဇနီးဖြစ်သူကို ၀ိုင်းဝန်းပြုစုသော်လည်း
ဇနီးဖြစ်သူမှာ သေဆုံးနေပြီဖြစ်ကြောင်း သိရသဖြင့် ဦးဆဏ်း
လွင်မှ ရဲစခန်းသို့ လာရောက်အကြောင်းကြား ခြင်းဖြစ်သည်ဟု
ရဲမှတ်တမ်းအရသိရသည်။

ဆက်လက်၍ သေဆုံးသူ ဒေါ်ဌေးကြည် သေဆုံးရခြင်းအား
မိသားစုများထံမေးမြန်ရာ သေဆုံးသူ ဒေါ်ဌေးကြည်မှာ မိသား
စု(၁၀)ဦးရှိပြီး စီးပွားရေးကြပ် တည်းကာ အမြဲတွေဝေစဉ်းစား
နေတတ်သည်ဟု မိသားစုများမှ ပြောပြသိရှိရသည်။

ထို့ကြောင့် ဒေါ်ဌေးကြည် သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မ
တာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်
နိုင်ရန်အတွက် တာဝန်မှူး ရဲအုပ်သန်းထွန်းအောင်၏ သတင်း
ပေးချက်အပေါ် ပြည်မြို့မရဲစခန်း သေမှုသေခင်း အမှတ်(၉/၂၀
၁၆)အရသေမှုသေခင်းရေး ဖွင့်ဆောင်ရွက်လျှက်ရှိကာ အမှုအား
ဒုရဲမှူးမျိုးမြင့်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်း ရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Tuesday, October 18, 2016

ရှေးဟောင်းသမိုင်းဝင်ဘောဘောကြီးဘုရားတွင်ပန်း/ဆီမီး/နံ့သာ လှူဒါန်းမှုပြုလုပ်ခဲ့

Leave a Comment

ရှေးဟောင်းသမိုင်းဝင်ဘောဘောကြီးဘုရားတွင်ပန်း/ဆီမီး/နံ့သာ
လှူဒါန်းမှုပြုလုပ်ခဲ့

အောက်တိုဘာ(၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ပြည်မြို့နယ် ၊မှော်ဇာကျေးရွာ
ရှေးဟောင်းဇုန်ထဲတွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင်
ဘောဘောကြီးဘုရားတွင် ၁၃၇၈ ခုနှစ် သတင်းကျွတ်လပြ
ည့်ကျော် (၁)ရက်နေ့ ညကပန်းတစ်ထောင်၊ဆီမီးတစ်ထောင်၊
နံ့သာတစ်ထောင် ကပ်လှူပူဇော်သည့်အပြင် မုန့်ဟင်းခါးအချိန်
တစ်ရာ စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင်ဘောဘောကြီးဘုရားအား ပန်း၊ ဆီမီး၊နံ့သာဆပ်ကပ်လှူဒါန်းခြင်းနှင့်မုန့်ဟင်းခါးကျွေးမွေးသည့်
အလှူရှင်မှာ ပြည်မြို့ ခေတ္တရာမြို့သစ်(၇/၇)လမ်းနေ ဦးခင်မောင်
ကျော် မိသားစု မှကျွေးမွေးလှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ နေ့ထူးနေ့မြတ်အချိန်အခါတွင် ပြည်မြို့၏ကျက်သရေဆောင်
ရှေးဟောင်းဘုရားများအား လှူဒါန်းရခြင်းကြောင့် အလှူရှင်မိသား
စုသည် စိတ်ချမ်းသာကိုယ်အေး လိုလေသေးမရှိ ပြီးပြည့်စုံသော
မိသားစုဖြစ်ပါစေ၊ လိုတိုင်းရပြီး ရတိုင်းလဲ အလှူရေစက်လက်နဲ့မ
ကွာ လှူဒါန်းနိုင်ပါစေ ၊စည်းပွားလာဘ်လာဘများလဲ ဒီရေအလား
တိုးတက်ကြီးပွားပါစေ ၊အသက်ရှည်ခြင်း ဥာဏ်ပညာကြီးမားခြင်း
ကြံစည်တိုင်းအောင်မြင်သော မိသားစုများဖြစ်ကြပါစေလို့ ပြည်မြို့
သူ/ပြည်မြို့သားများကိုယ်စား ပြည်သတင်းအဖွဲ့မှဆုမွန်ကောင်းများ
ပို့သအပ်ပြီး သာဓု သာဓု သာဓု ခေါ်ဆိုပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ









Read More...

Facebook Like Page