Monday, September 30, 2013

Leave a Comment


သတင်းထောက်ကဒ်ပြားအတု ကိုင်ဆောင်ထားပြီး ခြိမ်းခြောက်ငွေတောင်သောလူတစ်စုကို ဖော်ထုတ်ဖမ်းဆီးပေးနိုင်ပါရန် အကူအညီတောင်းခံတင်ပြခြင်း
************************************************
29.9.2013

"ရှုထောင့်" MEDIA GROUP
သတင်းမီဒီယာရုံး(ရုံးချုပ်...ရန်ကုန်မြို့)

၁။   ။မှုခင်းကျဆင်းရေးနှင့် သတင်းထုတ်ပြန်ရေးကော်မတီဆိုသည်မှာ မရှိတော့သဖြင့် မှုခင်းကျဆင်းရေး၊သတင်းထုတ်ပြန်ရေးကော်မတီ၊မှုခင်းကြိုကာ၊မှုခင်းကျဆင်းရေးစီမံချက်ဆိုသည့် စကားလုံးများကို
သတင်းထောက် စိစစ်ရေးကဒ်ပြားပေါ်၊ဆိုင်းဘုတ်ပေါ်၊သတင်းထောက်ဝတ်စုံများပေါ်တွင် တပ်ဆင်အသုံးမပြုရန် သက်ဆိုင်ရာမှ အကြိမ်ကြိမ်ညွှန်ကြားထားပြီးဖြစ်ပါသည်။

၂။   ။"ရှုထောင့်" MEDIA GROUP အဖွဲ့သည် မှုခင်းဂျာနယ်များ၊မှုခင်းမဂ္ဂဇင်းများ၊အထွေထွေသတင်းလွှာစာစောင်များ၊ပဲခူးတိုင်းဒေသကြီး သတင်းမြင်ကွင်းစာစောင်၊ပဲခူးတိုင်းဒေသကြီး လွှတ်တော်စာစောင်များ၊
ထုတ်ဝေဖြန့်ချီနေသော မီဒီယာအဖွဲ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ မီဒီယာရုံးခွဲများပြားစွာ ဖွင့်လှစ်ထား၍ မီဒီယာအဖွဲ့ဝင်အင်အား(၁၄၀၀)ကျော်ရှိသော မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်ပါသည်။ "ရှုထောင့်" MEDIA GROUP
၏ မီဒီယာအဖွဲ့ဝင်များကိုလည်း (S.H)တံဆိပ်ပါသော မီဒီယာအဖွဲ့ဝင် အသိအမှတ်ပြုကဒ်ပြားကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။

၃။   ။ယခုအခါ သတင်းထောက်စိစစ်ရေးကဒ်ပြားများပေါ်တွင် အများပြည်သူများအား ခြိမ်းခြောက်ရန်ရည်ရွယ်၍ အသုံးမပြုရန် ညွှန်ကြားထားသော "မှုခင်းကျဆင်းရေးကော်မတီ၊သတင်းထုတ်ပြန်ရေးကော်မတီ" ဟူသော
စကားလုံးများကို ရေးသားထားသောသတင်းကဒ်ပြားအတုများကို ကိုင်ဆောင်ပြီးခြိမ်းခြောက်ငွေတောင်းသော လုပ်ရပ်များကို မသာမာသူလူတစ်စုမှ ပြုလုပ်နေပါကြောင်းသိရပါသည်။

၎။   ။နိုင်ငံတော်ပိုင် ကျွန်းသစ်များကို ခိုးယူခုတ်ပိုင်း သယ်ဆောင်ပါကြောင်း တိုင်ကြားခြင်းခံရသော သတင်းထောက်များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများကို မဟုတ်မမှန်လုပ်ကြံတိုင်ကြားသူ သတင်းထောက်များ၊ ပညာအရည်
အချင်း (၅)တန်းသာရှိပြီး သတင်းမရေးတတ်ဘဲ(စာမတတ်ဘဲ)သတင်းထောက်ကဒ်ပြားများနှင့် ဆက်သွယ်ရေးစက်(စကားပြောစက်)များကိုင်ဆောင်ပြီး အနိုင့်ကျင့်သူ သတင်းထောက်များ၊ပြည်သူလူထု နှင့် ဌာနဆိုင်ရာအဖွဲ့
အစည်းများကို ခြိမ်းခြောက်ငွေတောင်းသော သတင်းထောက်များ၊ရဲအယောင်ဆောင်၊S.P အယောင်ဆောင်သဖြင့် ထောင်ကျသူများ "ရှုထောင့်" MEDIA GROUP မှစိစစ်ဖော်ထုတ်ပြီး အပြီးအပိုင်ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။

၅။   ။"ရှုထောင့်" MEDIA GROUP အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သော ပညာအရည်အချင်း ၅/တန်း ၆/တန်းသာရှိသူတစ်ဦးသည် တရားမ၀င် ဆက်သွယ်ရေးစက်ကိုင်ဆောင်၍ ပဲခူးတိုင်းဒေသကြီး(နောက်)အတွင်း လှည့်လည်
သွားလာပြီး  "ရှုထောင့်" MEDIA GROUP အဖွဲ့မှ ထုတ်ပယ်ခဲ့သူများကို လိုက်လံစည်းရုံး၍ မီဒီယာအဖွဲ့ ဖွဲ့ရန် ကြိုးစားနေကြောင်း ကြားသိရပါသဖြင့် တရားမ၀င် ဆက်သွယ်ရေးစက်ကိုင်ဆောင်မှုဖြင့် အရေးယူနိုင်ပါရန် အသိ
ပေးတင်ပြအပ်ပါသည်။

၆။   ။"ရှုထောင့်" MEDIA GROUP မှ မီဒီယာအဖွဲ့ဝင်(သတင်းထောက်အဖွဲ့)များအားလုံးသည် (S.H)တံဆိပ်ပါသော "ရှုထောင့်" MEDIA GROUP  ၏သတင်းထောက်ကဒ်ပြားများကိုသာ  ကိုင်ဆောင်၍ မီဒီယာလုပ်ငန်းများကို
ကျယ်ပြန့်စွာ ဆောင်ရွက်လျှက်ရှိပါသည်။

၇။   ။သို့ဖြစ်ပါ၍ သတင်းထောက်ကဒ်ပြား အတုများကို ကိုင်ဆောင်ထားပြီး ခြိမ်းခြောက်ငွေတောင်းသောလုပ်ရပ်များကို ကျူးလွန်သော မသမာသူလူတစ်စုမှာ "ရှုထောင့်" MEDIA GROUP အဖွဲ့မှ လုံးဝမဟုတ်ပါကြောင်း နှင့် သ
တင်းထောက်ကဒ်ပြားအတု ကိုင်ဆောင်ထားသူများကိုလည်း ဖော်ထုတ်ဖမ်းစီးပေးနိုင်ပါရန် အကူအညီတောင်းခံတင်ပြအပ်ပါသည်။  

                                                                                                                                                                                       ဦးသက်နိုင်ဦး(အယ်ဒီတာချုပ်)  MANGING DIRECTOR
                     "ရှုထောင့်" MEDIA GROUP

ယခုတင်ပြပါ မိတ္ထူကို ...

သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး
"ရှုထောင့်" MEDIA GROUP ၏အနယ်နယ်အရပ်ရပ်ရှိ ရုံးခွဲများအားလုံး
ရုံးလက်ခံ

များပေးပို့ထားပါကြောင်း သတင်းရရှိခဲ့ပါသည်။    ။ပြည်သတင်း....
Read More...

ရွှေဘုံသာ ဘုရား မှ လွမ်းပုံပြင် ( ၀တ္ထု = ပြဇာတ် ) အား ပြည်သတင်း မှ တာဝန်ယူဖြန့် ချီပါမည်

Leave a Comment


ရွှေဘုံသာ ဘုရား မှ လွမ်းပုံပြင် ( ၀တ္ထု = ပြဇာတ် ) အား ပြည်သတင်း မှ

တာဝန်ယူဖြန့် ချီပါမည်
ရွှေဘုံသာ ဘုရား သို့ ၂၀၁၁ ခု

နှင့် ရန်ကုန် မြို့ မှ ရဲမှူး မောင်

မောင်သန်း (ငြိမ်း)၏ သမိးနှင့် တူ

မ မိသားစု အထက်အညာဒေသ

ဘုရား ဖူးထွက်လာခဲ့ရာ ပြည်မြို့ 

အနောက်ဘက်ကမ်း ရွှေဘုံသာ

ဘုရား သို့ ရောက်ရှိစင် အစ်မ

တော်မမြစိမ်း နန်းအရောက် အမှတ်တရ ဓါတ်ပုံရိုက်ကြရာ

မမြစိမ်း ပခက်ပေါ်ထိုင်ပြီးရိုက်

ကြလေ၏ ဘုရားဖူးပြီဒ ခရီးဆက်

ကြပြီးရောက် ရန်ကုန်ပြန်ရောက်

၍ ဓါတ်ပုံကူးသောအခါ နောက်

က ပခက် ပေါ်တွင် မသဲကွဲသည့်

လူပုံပေါ်နေပြီး ၄င်းဓါတ်ပုံအား

ရွှေဘုံသာ ဘုရားသို့ ပို့ လာပါ

သည် ၄င်းဓါတ်ပုံကိုအခြေခံ၍

ကျွန်တော် ၀တ္ထု ဇာတ်ညွန်းသ

ရုပ်ဆောင်ဒါရိုက်တာ ဓည၀တီ

စိုးပိုင် မှ @ ရွှေဘုံသာ ဘုရား

မှ လွမ်းပုံပြင် @ ၀တ္ထု (ပြဇာတ်)

ရေးသားပြီး ယခု ရေးနေသော

ရွှေဆံတော်မှာ ကြွေ တဲ့အသည်း

ပြီးပါက. န၀ဒေး တံတားမှငို

ရှိုက်သံ ၀တ္ထု (ပြဇ်ာတ်) ၄င်း

ကိုတင်ပြပြီးပါက တင်ပြပါ ရွှေ

ဘုံသာ ဘုရား မှလွမ်းပုံပြင်

အား စိတ်ကူးပုံဖေါ် တင်ပြပါ

မည် ( ဓည၀တီ စိုးပိုင် )

စာဖတ်ပရိတ်သတ် မိတ်ဆွေ အ

ပေါင်းအား ကြိုတင် အစီရင်ခံတင်

အပ်ပါသည် အစင်လေးစားလျှက်
 
Read More...

မြန်မာနိုင်ငံအတွက် မွဲဆေးများလား (မိုးကောင်းကင် အညာသား) မှ ပြည်သတင်းသို့ ပေးပို့ထားပါသည်။

Leave a Comment


မြန်မာနိုင်ငံအတွက် မွဲဆေးများလား
***********************


ဖုန်းတစ်လုံးနှင့် အင်တာနက် နှစ်ဆယ့်လေးနာရီလုံးသုံးရင် တစ်လမှာ ဘယ်လောက် ကုန်ကျနိုင်သလဲ တွက်ကြည့်ရအောင်

WCDMA OR CDMA
တစ်နာရီ 240
ဆယ်နာရီ 2400
နှစ်ဆယ်နာရီ 4800
နှစ်ဆယ့်လေးနာရီ 5760 ကျပ်ပေါ့
တစ်ရက်လုံး သုံးမယ်ဆိုရင် 5760 ကျပ်ဆိုတော့

တစ်လဆိုရင် ရက် 30 နဲ့တွက်ကြည့် ရအောင်ဗျာ

5760
x30
----------
172800 ကျပ်ပေါ့

တစ်လလုံး နှစ်ဆယ့်လေးနာရီလုံး ဖုန်းအင်တာနက် ဖွင့်ထားမယ်ဆိုရင်

တစ်သိန်း ခုနှစ်သောင်း နှစ်ထောင် ရှစ်ရာ ကျတယ်နော်

ကဲ GSM အင်တာနက်လိုင်းကို တွက်ကြည့်မယ်...

တစ်နာရီ 120
တစ်ရက်24နာရီနှင့်မြှောက်လိုက်မယ် x 24
---------
တစ်ရက်မှာလုံး သုံးငွေ 2880 ကျပ်ပေါ့

ကဲ တစ်လ သုံးမယ်ဆို တွက်ကြည့်ရအောင်နော်

24နာရီး တစ်ရက်မှာ သုံးငွေက 2880
တစ်လ ရက် 30 နှင့်မြှောက် x 30
--------
တစ်လမှာ အင်တာနက်ဖိုး 86400 ကျပ်

တစ်လမှာ GSM အင်တာနက်ဖိုး 86400 ရှစ်သောင်း ခြောက်ထောင် လေးရာ
ကျပ်ဆိုတော့ မြန်မာပြည်သူတွေ မမွဲဘဲ မနေနိုင်အောင်များ
လုပ်ထားလေသလား......
တိုင်းပြည်က ငမွဲစာရင်းတာ တင်ထားတာနော်...

ကဲ ထိုင်းမှာက တစ်လလုံးနှစ်ဆယ့်လေးနာရီ ကြိုက်သလိုသုံး ထိုင်းဘတ်
426 ရှိတယ်.....
မြန်မာငွေနဲ့ တွက်ရင်တော့ တစ်သောင်း လေးထောင် လောက်ဘဲ ရှိမယ်...

ကဲ သုံးတဲ့သူတွေကတော့ ထိုင်းတစ်လစာကို နှစ်ရက်ကျော်နဲ့ ပြောင်ရော သုံးရက်တောင် မသုံးလောက်ဘူး....

ကဲ WCDMA က တစ်လကို 172800 ကျပ်
ကဲဗျာ GSM က တစ်လကို 86400 ကျပ်
ထိုင်းက တစ်လကို 14000 ကျပ်

ကဲဗျာ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆက်သွယ်ရေးက လူတွေ လူကြီးတွေ
ခင်ဗျားတို့လည်း ပြည်သူထဲက ပြည်သူပါဘဲ..
အဲတော့ ဘယ်လို ဖြေရှင်းပေးမလဲ......
လိုင်းအားကလည်း ထိုင်းလောက် မကောင်းဘူး....
ငွေအားကတော့ ထိုင်းထက် အများကြီးယူထားတယ်...
ဘယ်လိုလုပ်မလဲ လဲ
မေးမြန်းကြည့်တာ .......
ဖြေကြည့်ကြပါဦး သုံးစွဲနေတဲ့ ပြည်သူ အပေါင်းတို့ရေ......

(မိုးကောင်းကင် အညာသား) မှ ပြည်သတင်းသို့ ပေးပို့ထားပါသည်။
Coko Dmoe
Read More...

သစ္စာလမ်း ( ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


သစ္စာလမ်း
======
မေတ္တာ တစ္ဆေ အခက်ပွေ၍
သစ္စာစကား ပြောပါများတော့
မင်းနားမ၀င် ခါးသက်ထင်၏
လူကိုစော်ကား ပြုရက်အားလည်း
စိတ်နာ တချက် နာကြီးချက်က
အသည်းနှစ်မွှာ ဆတ်ဆတ်ခါ၏
တုံ့ ပြန်စကား ထိချက်များတယ်
သေခါမမေ့ သံသရာတကွေ့ ဝယ်
နှုတ်ဆက် ညချမ်း သစ္စာလမ်းဟာ
မင်းအမုန်းနဲ့ ပြန်ခဲ့မယ်

( ငါလိုယောင်္ကျားပြဿဒါးမရှိ )
Read More...

ညီမလေး မှ ညီမလေးသို (ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


ညီမလေး မှ ညီမလေးသို့ 
==============
ဝေးကဝေးစေ မျက်မပြေ
နီးကနီးစေ အခက်ပွေ့ 
ပြန်လေငှက်ခါး နားကာသွားတဲ့
ငါလေသစ်ကိုင်း ဘ၀တိုင်းမှာ
မင်းနားခိုတဲ့  သစ်ကိုင်းလေဘဲဖြစ်ခြင်တယ်

(ငါလိုယောင်္ကျားပြဿဒါးမရှိ )
Read More...

မာယာမဲ့ စစ်မြေပြင် ( ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


မာယာမဲ့ စစ်မြေပြင်
===========

စစ်မြေတလင်း ယမ်းငွေ့ ခင်း၍

ကျဉ်ခြွေ ဗုံးကြ မြေဟီးထလည်း

ကျဉ်ဖူးသေးသေး ဗုံးဆံလေးက

ထိရင်သေ ရှပ်ရင်နာ မာယာမပါ

ညီမလေး မင်းအချစ်က

မထိ မရှ သွေးမကြဘဲ

နာကြင်အူလှိုက်အသည်းခိုက်တယ်

ငှက်ပျောအူ တောင်ချဉ်ပေါင်

မုဆိုးခရမ်း ကျားမနိုင်

မဖနိ မခါး မချိုမချဉ် မစိမ့် မအီ

လျှာမှာ ရသထိလွန်းလှ၏

ညီမလေး မင်းအချစ်က

မဖန် မခါး မချိုမချဉ် မစိမ့်မအီ

လျှာမှာမထိ ရင်မှာထိသည်

စစ်မြေပြင် ဘဲပျော်တော့မယ်

( ငါလိုယောင်္ကျားပြဿဒါးမရှိ )
 
Read More...

ထ္မင်း မီးဖုတ် ဆန်တစုပ် ( ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


ထ္မင်း မီးဖုတ် ဆန်တစုပ်
=============

ငတ်လီ ငတ်လည်း ငတ်စမြဲမို့ 

ပြောမဆုံးပေါင် တောသုံးတောင်ဝယ်

ငှက်ပြောတပင်း ငါးအရှင်က

နှစ်ကောင် နှစ်လက်မ ရောကာသ

တောင်ယာငြုပ် လက်တစုပ်ဖြစ်

ဝါးပြာ ငံသက် ဟင်းတွင်ထဲ့၍

ဓါးခုတ်ထမင်း ခွဲခြမ်းခြင်းက

လက်ပံ သုံးပွင့် ထမင်းဆင့်၍

ဆက်ကြခရီး မောမညီးတယ်

စစ်သား ဘ၀ ပျော်ခဲ့ရ

ဝေစာ ရှုမညီး ထိုင်ခုံကြီးနှင့်

ပန်ကာလည်မွှေ့  ဟန်သွေ့ လို့ 

အပြုံးများစွာ အသက်မပါ

ဟန်ဆောင်အပြုံး နှုတ်ဆက်သုံး၍

သူလိမ် ကိုယ်ပါတ် ချားရဟတ်နှင့်

မာယာပင်လယ် လောကလည်တွင်

အရုပ်မျက်နှာ ပန်းမျက်နှာနှင့်

ကိတ်မုန့် ကိုစား ကော်ဖီများက

ထမင်း မီးဖုတ် ဆန်တစုက်လောက်

ငါမခုံမင်

( ငါလိုယောင်္ကျားပြဿဒါးမရှိ )
 
Read More...

လူညာ လူလိမ် (ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


လူညာ လူလိမ်
=========

လောလူသား အို ယောင်္ကျား

အသင်လူသား အိုး ယောင်္ကျား

လောကမှန်ကင်း လူပြည်ဝန်းမှာ

ငါဘုရားသာ မလိမ် မညာ မှု့ သားမသုံး

စိတ်ရှိသုံးသည် စိတ်သာရိုးစင်း

ဖြူစင်ခြင်းက မျက်နှာကြည်လျင်

စိတ်ကရွှင်၏ ချစ်သား

စိတ်သာ လျှင်က အထိက

ဘုရားရှင်းက ဟေားကြားလာ

လူလိမ် လူညာ

စီးပွါးဥစ္စာ ဓန ရွှေငွေ

ပညာထွေလီ လိမ်လည်လီလည်း

ထိုမှတပါး ထိုသူများက

မေတ္တာ အချစ် သံယောဇဉ်နှင့်

စေတနာ တရားလိမ်လည်ညားအံ့

လွမ်းစရာရှိရင် နာတာလေးနဲ့ ပြေပါစေ

(ငါလိုယောင်္ကျားပြဿဒါးမရှိ )
Read More...

ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းက ဦးဆောင်၍ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာဖွံြ့ဖိုးရေး သင်တန်းဖွင့်

Leave a Comment


ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းက ဦးဆောင်၍ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာဖွံြ့ဖိုးရေး သင်တန်းဖွင့်

ပန်းတောင်း စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် လဲရွာကျေးရွာအုပ်စု အခြေခံပညာ မူလတန်းလွန်ကျောင်း၌ စက်တင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ် စာရေးဆရာအသင်းက ဦးဆောင်၍ ယဉ်ကျေးလိမ်မာ ဗုဒ္ဓဘာသာဖွံ့ဖြိုးရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် လဲရွာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း နာယက ဦးသိမ်းဟန် (ရဲဟန်) က ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာဖွံ့ ဖြိုးရေး သင်တန်းများ နေရာအနှံ့အပြားတွင် ဖွင့်လှစ်သင်ကြား ပေးသင့်ကြောင်း သြဝါဒစကား ပြောကြားသည်။ ထို့နောက် မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ မောင်တည်ခိုင် (ပန်းတောင်း) က ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ ဖွံ့ဖြိုးရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား၍ အတွင်းရေးမှူး အောင်မြင့်ကျော် (ပန်းတောင်း) က လဲရွာကျေးရွာအုပ်စု အခြေခံပညာ မူလတန်းလွန်ကျောင်းကို စြံပနယ်မြေအဖြစ် ပထမဆုံး စမ်းသပ်ရွေး ချယ်ကာ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားခွင့် ရရှိသည့်အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိပါကြောင်း ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်ခင်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရှိရပါသည်။

Pyay City
Read More...

ဥယျဉ်မြေရောင်းရှိသည်၊ဦးရာလူရမည်။ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်၊ပွဲစားမလို၊အရှုတ်အရှင်းမရှိ၊တစ်ဦးတည်းပိုင်၊အမည်ပေါက်၊.ဧက-20၊ သိန်း-500.(လျှော့/တင်းအနည်းငယ်ရှိ)

Leave a Comment


ပြည်မြို့အိမ်ခြံမြေရောင်းဝယ်ရေးဝန်ဆောင်မှု
****************************
ဥယျဉ်မြေရောင်းရှိသည်၊ဦးရာလူရမည်။ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်၊ပွဲစားမလို၊အရှုတ်အရှင်းမရှိ၊တစ်ဦးတည်းပိုင်၊အမည်ပေါက်၊.ဧက-20၊ သိန်း-500.(လျှော့/တင်းအနည်းငယ်ရှိ).သရက်ပင်(200၀န်းကျင်ရှိ-တစ်နှစ်ဝင်ငွေ.10သိန်းအထက်မှာရှိ).သစ်.၀ါး.မကြည်းစိုက်ထား၊နေရာကားလမ်းပေါက်၊စက်မှုဇုန်-2၊ မြေပဒေသာ၊ သဓ္ဒမ္မဂီရိကျောင်းရှေ့၊ပြည်မြို့။ date post (30.9.2013) ဆက်သွယ်ရန်။ 09423665780...
Read More...

ရွှေတောင်မြို့ ရွှေနတ်တောင်စေတီတွင် ဓါတ်လှေကားပြီးစီးနိုင်ရန်လှုဒါန်းမှု့များလိုအပ်လျှက်ရှိ

Leave a Comment


ရွှေတောင်မြို့ ရွှေနတ်တောင်စေတီတွင် ဓါတ်လှေကားပြီးစီးနိုင်ရန်လှုဒါန်းမှု့များလိုအပ်လျှက်ရှိ
***********************************************************
29.9.2013
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့ မှ လူတစ်ရစ် နတ်တစ်ရစ်ဖြင့် ရှေးမင်းအဆက်ဆက်မှ တည်ထားကိုးကွယ်တော်မှုခဲ့သော ရွှေနတ်တောင် စေတီတော်ကြီးတွင်
ကိုရီးယားနိုင်ငံထုတ် အဆင့်မြင့် ဓါတ်လှေးကားကြီးတည်ဆောက်ရန် မြေသန့်မင်္ဂလာကို(17.10.2013)ရက်နေ့မှ မြို့နယ်သံဃာနာယကအဖွဲ့ နှင့် သြ၀ါဒစရိယဆရာတော်ဘုရားကြီးများ၊
မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၊ဂေါပက အဖွဲ့ဝင်လူကြီးမင်းများမှ စတင် ပန္ဒက်ရိုက်ခြင်း မင်္ဂလာကို (17.10.2013)ရက်နေ့မှစတင်ခဲ့ပါသည်။ အဆိုပါ ဓါတ်လှေကားကြီး၏ အမြင့်ပေ
မှာ..(၆၈)ပေ နှင့် လျှောက်လမ်းအရှည်မှာ..(၇၅)ပေရှိပါသည်။ အဆိုပါ ဓါတ်လှေကားစက်ကြီးကို ကိုရီးယားနိုင်ငံ (UP)ကုမ္ပဏီမှ ၀ယ်ယူခဲ့ပြီး လူစီး(၁၅)ယောက် စီးနိုင်မှာဖြစ်ပါတယ်။..

အဆိုပါ ရွှေနတ်တောင်စေတီတော်မြတ်ကြီး မှ ဓါတ်လှေကားကြီးတည်ဆောက်ပြီးစီးမှု့အပြီးဆိုလျှင် စုစုပေါင်းသိန်း(၁၇၂၀)ခန့်ကုန်ကျမှာဖြစ်ပြီး တစ်ခုစီခွဲပြရမယ်ဆိုပါလျှင်.....

၁။ ။ဓါတ်လှေကား စက်အတွက်ကုန်ကျငွေ .............................သိန်း(၂၆၀)ကျပ်ခန့်
၂။ ။ဓါတ်လှေကား အဆောက်အဦးတစ်ခုလုံးအတွက်ကုန်ကျငွေ...သိန်း(၆၈၀)ကျပ်ခန့်
၃။ ။ဓါတ်လှေကား လျောက်လမ်းအတွက်ကုန်ကျငွေ.................သိန်း(၇၈၀)ကျပ်ခန့်
စုစုပေါင်းကုန်ကျမည့်ငွေ...(၁၇၂၀)ခန့်ရှိပါတယ်။

အဆိုပါ ရွှေနတ်တောင်စေတီတော်မြတ်ကြီးရှိ ဓါတ်လှေကားအတွက်ကုန်ကျလျှက်ရှိသောငွေမှာ ယနေ့ဆိုလျှင် သိန်း(၁၅၂၀)ခန့်ကုန်ကျလျှက်ရှိနေပါသည်။ အဆိုပါဓါတ်လှေကားကြီးကို သက်ကြီးရွယ်
အို ဆရာတော်သံဃာတော်များ နှင့် သက်ကြီးရွယ်အို ဘုရားဖူးလာမိဘပြည်သူများအတွက်ရည်ရွယ်ချက်များစွာဖြင့် တည်ဆောက်နေလျှက်ရှိပါသည်။ အဆိုပါ ရွှေနတ်တောင်စေတီတော်ရှိ ဓါတ်လှေကား
ကြီး ပြီးစီးနိုင်ဖို့အတွက်အလှုငွေများ လိုအပ်လျှက်ရှိနေပါသည်။ သို့ပါသောကြောင့် သဒ္ဒါဖွေးဖြူသောအလှုငွေများကို မိမိတို့စေတနာစိတ်ရည်သန်ပြီး ဘာသာအကျိုးသာသနာအကျိုးတတ်နိုင်သမျှသယ်ပိုးနိုင်
ရန် အလှုရှင်များကို ပြည်သတင်းမှ တဆင့်သတင်းလေးတင်ရင် ဖိတ်ခေါ်လိုက်ရပါတယ်။...

လက်ရှိလိုအပ်နေသောအလှုငွေများမှာ...

ဓါတ်လှေကား လျှောက်လမ်းအတွက် ။ ဘုရားဖူးလာကားများအစဉ်ပြေစွာရပ်နားနိုင်ရန်နေရာ နှင့် လမ်းချဲ့ရန်အတွက် ။ မြေထန်းနံရံ ၊ ဈေးဆိုင်တန်းများ နှင့် ဓါတ်လှေကားကြီးနှင့်လိုက်ဖက်စွာအလှဆင်နိုင်ရန် ။
ရင်ပြင်တော်ကို တိုးချဲ့နိုင်ရန်အတွက် စုစုပေါင်း အလှုငွေ သိန်း(၃၀၀)ကျော် လိုအပ်နေပါသဖြင့် သဒ္ဒါတအား နည်းများမဆို ကုသိုလ်တော်ပါဝင်လှုဒါန်းနိုင်ပါရန် အလှု့ရှင် အလှု့အမတို့အား ပြည်သတင်းမှ တဆင့်
ဖိတ်ကြားအပ်သည်။ ။ ရွှေနတ်တောင် ဂေါပက အဖွဲ့ဝင်လူကြီးများ....

ဆက်သွယ်လှုဒါန်းလိုပါက။ ။

၁။ရွှေနတ်တောင် ဂေါပကရုံးခန်းဖုန်း။ ။ (၀၉.၅၃၇၀၆၇၀)
၂။ဦးလှထွန်းမြင့် ဥက္ကဌ ။ ။ (၀၉.၅၃၁၀၁၃၆)
၃။ဦးကျော်ကျော်ဝင်း ဒု.ဥက္ကဌ ။ ။ (၀၉.၅၃၁၀၇၅၆) တို့ကို ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း နိဗာန်အကျိုးမျှော်၍ ပြည်သတင်းမှ နိုးဆော်အပ်ပါသည်။ ။ပြည်သတင်း............
Read More...

Sunday, September 29, 2013

ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်း အတွင်းအထူးဈေးရောင်းပွဲတော်ကျင်းပသွားမည်

Leave a Comment


ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်း အတွင်းအထူးဈေးရောင်းပွဲတော်ကျင်းပသွားမည်
*****************************************************
29.9.2013
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ အ.ထ.က(၁)ကျောင်းကွင်းတွင် ၃၀.၉.၂၀၁၃ မှ ၄.၁၀.၂၀၁၃ ရက်နေ့အထိ
မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက် မှ အဆင့်မြင့်ကုန်စည်ပြပွဲ နှင့် အထူးဈေးရောင်းပွဲတော်ကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း
သတင်းရရှိခဲ့ပါသည်။ အဆိုပါဈေးရောင်ပွဲတော်ကြီးတွင် မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက် မှစုစည်းကျင်းပပြီး ရန်ကုန်၊မန္တလေးမြို့ကြီးများမှ
ကုမ္ပဏီကြီးများ၊လုပ်ငန်းရှင်ကြီးများမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊အီလက်ထရောနစ် ပစ္စည်းအမျိုးမျိုး၊တိုင်းရင်းဆေးဝါးများ၊စတီးပစ္စည်းများ၊ကြွေထည်ပစ္စည်းများ၊
ဖန်ပစ္စည်းများ၊အိပ်ယာအခမ်းအနားပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ယိုးဒယားဖြစ်ဖိနပ်ဒီဇိုင်းများ၊အ၀တ်အထည်များတို့ကို ဈေးနူန်းချိုသာစွာဖြင့်
ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ပျော်ရွှင်စရာအစီစဉ်များ

ထူးခြားဆန်းသစ်သော ပျော်ရွှင်စရာ ကလေး/လူကြီးများအတွက် လူအယောက်(၇၀)စီးနိုင်သည့် ပင်လယ်ဓါးပြလှေကြီး၊ကလေးအယောက်(၅၀)ကခုန်နိုင်သော ပျော်ရွှင်ကစားစရာ
ပျော့ပျော့အိအိလေမှုတ်ရုပ်ကြီးများ နှင့် ချားရဟတ်များလည်းပါရှိပါသည်။

ဖျော်ဖြေရေးအစီအစဉ်

ရန်ကုန်မြို့မှ နာမည်ကြီး Model လေးများ၏ Model Show နှင့် Dancer Show များ တေးသရုပ်ဖော်များ၊တိုင်းရင်းသားရိုးရာအကများ၊အထူးအစီကစဉ်အနေဖြင့် Under Ground အကဖြင့်
အခမဲ့(အခမဲ့)ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း....
Read More...

(20)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာ ဆို၊က၊ရေး၊တီး ခရိုင်အဆင့်ရွေးချယ်ပြိုင်ပွဲ ပြည်မြို့တွင်ကျင်းပ

Leave a Comment


(20)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာ ဆို၊က၊ရေး၊တီး ခရိုင်အဆင့်ရွေးချယ်ပြိုင်ပွဲ ပြည်မြို့တွင်ကျင်းပ
***********************************************************************
29.9.2013
၂၉.၉.၂၀၁၃ ရက်နေ့ မနက်(၈.၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ယဉ်ကျေးမှု ဇာတ်ရုံကြီးတွင် (20)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာ ဆို၊က၊ရေး၊တီး
ခရိုင်အဆင့်ရွေးချယ်ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ အဆိုပါပြိုင်ပွဲကြီး ကိုအမှတ်ပေး အကဲဖြတ်ဒိုင်(၆)ဦးဖြင့် စီစစ်ရွေးချယ်သွားခဲ့ပါသည်။ ပြည်မြို့နယ် သဘင်ပ
ညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးစိန်ဗိုလ်ထက် မှ ပြည်သတင်းကို ယခုလိုပြောကြားခဲ့ပါသည်။........

ကျွန်တော်က ပြည်မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးစိန်ဗိုလ်ထက်ပါ မြို့သစ်မှာနေတာပါ အခြေခံပညာရှင်အဆင့်ကို (၅ နှစ်မှ ၁၀ နှစ်)အထိ ၀ါသနာရှင်တွေကိုတော့ ပထမ
တန်းအထိရွေးချယ်ခဲ့တာပါ လာမည့်အောက်တိုဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိကို တိုင်းအဆင့်မှာ ရွေးချယ်ခံရသူတွေကို ထပ်မံယှဉ်ပြိုင်သွားပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးအပ်သွားမှာ
ဖြစ်ပါတယ်ဟု ပြည်မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးစိန်ဗိုလ်ထက် မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။

မနန့်ဖြူစင်မြင့်မြတ်(ပြည်မြို့...ရွှေထိပ်ထားဖိနပ်ဆိုင်) သမီးကပထမဦးဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာပါ ပြည်မြို့ အ.ထ.က(၁) မှ (၅)တန်းတက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသူပါ
(အက)နဲ့ဝင်ရောက်ပြိုင်မှာပါ ပထမတုန်းကတော့ ကျောင်းပွဲတွေမှာကပြခဲ့ဖူးပါတယ် ဟု မနန့်ဖြူစင်မြင့်မြတ်(ပြည်မြို့...ရွှေထိပ်ထားဖိနပ်ဆိုင်) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့သည်။.......

မောင်အိုက်မင်းခန့်မောင်(ပန်းတောင်းမြို့) သားကပန်းတောင်မြို့ကပါ (အဆို)နဲ့လာပြိုင်တာပါ ဒုတိယအကြိမ်လာရောက်ယှဉ်ပြိုင်တာပါ ပထမအကြိမ်ကိုတော့ ပန်းတောင်းမြို့မှာပဲပြိုင်ခဲ့ပါတယ်
ဟုမောင် အိုက်မင်းခန့်မောင်(ပန်းတောင်းမြို့) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

မောင်မင်းသစ်နိုင်(ပြည်မြို့) သားကတော့ ပြည်မှာပဲနေပါတယ် အ.ထ.က.(၁) ကျောင်းမှ (၈)တန်း (D)အခန်းမှာပညာသင်ကြားနေတဲ့သူပါ ပထမဆုံးယှဉ်ပြိုင်တာပါ သီချင်းက(၄)ပုဒ်ရွေးထားပါတယ်
အဲဒိသီချင်း(၄)ပုဒ်ထဲမှ (၁)ပုဒ်ကိုပဲ သီဆိုပြိုင်ပွဲဝင်ရမှာပါလို့ မောင်မင်းသစ်နိုင်(ပြည်မြို့) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

မောင်စည်သူကျော်(ပြည်မြို့) သားက (အက)နဲ့ယှဉ်ပြိုင်တာပါ ပြည်မြို့ ဦးစိန်ခိုဆေးတိုက်မှာပဲနေပါတယ် အ.ထ.က(၁)ကျောင်း (၇)တန်း(E)ခန်းကပါ ပထမဦးဆုံးယှဉ်ပြိုင်တာပါ သားဆုရဖို့အထိ
အများကြီးမျှော်လင့်ထားပါတယ်ဟု မောင်စည်သူကျော်(ပြည်မြို့) မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့သည်။ ။ပြည်သတင်း..........
Read More...

ဒေါင်းအိုဝေ လွမ်းမိုးလေတဲ့.............( ငါလိုယောင်္ကျားပြဿဒါးမရှိ )

Leave a Comment


ဒေါင်းအိုဝေ လွမ်းမိုးလေတဲ့

ဟို ယခင် ဖက်ဆစ်ကာလ

တူရှင်ကာလက်တွဲ

တောင်သူရဟန်း

ဘယ်မှာမခြမ်းဘဲ

လက်တွဲညီညီရှေ့သို့ ချီခဲ့

အိုး ဝေဒေါင်းလံ မိုးသို့ လျှံ

ဒေါင်းမင်း အိုးဝေ

သမိုင်းတွေနဲ့ 

ဝေစာ သတင်း ပေါ်လွင်ခြင်းက

လေးစာဂုဏ်ပြု ကျုပ်တို့ ယူခဲ့

ခုတော့ ဒေါင်းမင်း

အိုမင်းခြင်းနှင့် ဝေစာသမှု့ 

ညှိုးနွမ်းပြုသူ ဒို့ ရန်သူ

ဒေါင်းမင်း မြန်မာ

မြန်မာ ဒေါင်းမင်း

ဂုဏ်ယူခြင်းက ဘယ်သူမပိုင်

ပြည်သူပိုင်၏ ဒီမိုမပိုင်

လူထုပိုင်၏ ရွက်နုစိုစို

ဒေါင်းကပျိုအောင်

လုထုသာလျှင် ဒေါင်းအရှင်

ပြည်သူသာလျှင် ဒေါင်းပိုင်ရှင်

( ငါလိုယောင်္ကျားပြဿဒါးမရှိ )
Read More...

29.9.2013 ယခု(၇)ရက်အတွင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဦးဆောင်မှု့တွေနဲ့ ပြည်မြို့ပေါ်ရှိ လမ်းတော်တော်များများကို ပြုပြင်ပေးနေ

Leave a Comment


29.9.2013 ယခု(၇)ရက်အတွင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဦးဆောင်မှု့တွေနဲ့ ပြည်မြို့ပေါ်ရှိ လမ်းတော်တော်များများကို ပြုပြင်ပေးနေလျှက်ရှိပါတယ် အဆိုပါလမ်းပြုပြင်ပုံများကို တင်ပြပေးသွားချင်ပါသော်လည်း အခြားအရေးကြီးသတင်းများပေါ်လာနေလို့မတင်ပြနိုင်သေးပါ ယခုလည်း စာတိုက်တန်းလမ်းနှင့် ဆေးရေးရပ်ကွက်အနီးရှိလမ်းများမှာ လမ်းများပြုပြင်ရန် လမ်းပြင်ကျောက်များပုံထားပြီးဖြစ်ပါတယ် မကြာခင်အချိန်မှာ လမ်းများပြင်သွားဖို့ရှိနေပါတယ် သဘောင်္ဆိပ်လမ်း နှင့် အောင်ဆန်းပြည်သာယာ လမ်းများမှာလည်းအတော်ကိုဆိုးနေလျှက်ရှိနေပါတယ်လို့ ဒီနေရာမှ ပြောကြားလိုပါတယ် ပြည်မြို့ရှိ လမ်းများသာယာလှပဖို့ မြို့နယ်စည်ပင်မှ လူကြီးများ ယခုလို ပြုပြင်ပေးနေမှု့များကို ရပ်ကွက်သူ/သား များနှင့် ပြည်မြို့ပေါ်ရှိ ပြည်သူများမှ အားပေးဝမ်းမြောက်နေကြပါကြောင်းပြောကြားပါရစေ ကျေးဇူးတင်ပါတယ်။ ။ပြည်သတင်း
Read More...
Leave a Comment


---- ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ( အပိုင်း ၆ )................
@@@@@@@@@@@@@@@@@@@@@@@

ဦးဘအေး တယောက် သားစီက ဖုန်းမလာ သတင်းမကြား၍ စိတ်ထဲမှာ ဘ၀င်ကြ သားကိုသတိရနေလို့ လားမသိ ထမင်းစားရတာပင် စားလို့ မ၀င်
အလုပ်ကပင်ပန်းသည့်အထဲ ဒီကလေး ဘာကြောင်းဖုန်းမဆက်တာလည်း
ဟိုနေ့  ငွေလိုတယ်ဆိုလို့ လူကြုံနဲ့ လည်းထည့်ပေးလိုက်ပြီ အမေလုပ်သူကလည်း ပြောသာမပြောတယ် သူသားစီက ဘာသတင်းမှမကြားလို့ လားမသိ ညက ထမင်းစားတော့ ထမင်းကောင်း
ကောင်း မစား မိမြ ရေ သားစီးကဖုန်းလည်းမလား သတင်းလည်းမကြားနဲ့ 
တယောက်ယောက်လောက်လိုက်သွားရင်ကောင်းမယ်ထင်တယ် ဒေါ်မြ ထမင်းချက်ရာမှထလာပြီး တော်ကလည်း အဖြစ်သည်းနေလိုက်တာ သားက
ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေလို့ ဖြစ်မှာပါတော် ကျုပ်သားကလိမ်မာပါတယ်တော် ပြောသာပြောလိုက်ရသည် ဒေါ်မြ သူကိုတိုင်က ယောင်္ကျား စိတ်ပူမှာဆိုးလို့ သာပြောလိုက်ရတာ စိတ်ထဲမှာမအေးလှ ဒီသားတယောက်ကို ငယ်ငယ်ထဲက ပိုးမွှေးသလို မွှေးပြီး ပညာသင်ခဲ့ရတာ သားအတွက် ကိုယ်တိုင်ကလည်း စိတ်ပူမိသည်
အော် မိမြ အိမ်ရှေ့ ကဖြတ်သွားတာ မခင်မြင့် မဟုတ်လား လှမ်းခေါ်လိုက်ပါဦး ဦးဘအေး ပြောလိုက်၍ အိမ်ရှေ့ လမ်းပေါ်လှမ်းကြည့်လိုက်ရာ မခင်မြင့် တယောက် ယာထဲသွားမယ်
လို့ ထင်တယ် အော် မခင်မြင် ယာထဲ သွားမလို့ ထင်တယ် အိမ်ခဏ ၀င်ပါဦး
တော် ရေနွေးကြမ်းလေးဘာလေးသောက်သွားပါဦးတော့ ဒေါ်ခင်မြင့် သည် အသံကြား၍ လှဲ့ ကြည့်လိုက်ရင်း ဟုတ်ပတော် ပဲကြီးခင်းတွေက စိမ်းစိမ်းဆိုဆိုနဲ့ ကောင်းနေပြီဆိုတော့ နေ့ တိုင်းသွားနေရတယ်လေ မနေ့ ဘဲ ကိုကျော်မောင် နွားတွေ ၀င်စားလို့ လေ ဟုပြောရင်း အိမ်ထဲဝင်လာလေသည် ဦးဘအေး ကခရီးဦးကြိုပြုရင်း လာမခင်မြင့်
ထိုင် ဒါနဲ့ မခင်မြင့် ကလေးတွေစီကဘာသတင်းကြားသေးလည်ဗျ ကြားပတော် မနေ့ ကဘဲ သမီး ဖုန်းဆက်တယ် အောင်မလေး ပြောလိုက်တာ
တော် အကြာ ကြီးဘဲ စားတွေ ကျက်နေရကြောင်း စာမေးပွဲ နည်း၍ မအိပ်မ
နေစာကျက်နေရကြောင်း ပင်ပန်းတဲ့အကြောင်း စားစရာ သောက်စရာ အ
ကြော်အလျှော်တွေ ပြတ်သွားလို့  လူကြုံ ရှိရင်ပို့ ပေးဖို့  ပြော မပြောခြင် ဒီ
ကလေးမနဲ့ အမေကိုပြောလိုက်တဲ့ စကား နောက်ပြီး အမေကိုသတိရကြောင်း
ကျန်းမာရေးခရု စိုက်ဖို့  အို စုံလို့ ပါဘဲ အော် ဒါနဲ့ တော်တို့ သားကလည်းဘာတဲ့တုံး ဒီကလေးကကော အစင်ပြေရဲ့ လားဟဲ့
ဘာသတင်းမှမလားဘူးလား ဒေါ်မြ စိတ်ထဲမကောင်း သူတို့ သားကတော့
သူ့ သမီးနဲ့ ကွာပ အော် မခင်မြင့် ကျုပ်တို့ သားကတော့ စာတွေကျက်နေရလို့ ထင်ပါတယ် ဖုန်းလည်းမဆက် ဘာသတင်းမှ မကြားရဘူး သားစီတောင်လိုက်သွားမလားလို့  လင်မယားနှစ်ယောက်တွေးနေတာတော့ ဒါပေါ့ အေး သူခင်မြာ ငါ့သမီး လို
လည်း ငွေကမသုံးနိုင် စာတွေနဲ့ ကလည်းပင်းပန်းဆိုတော့ အနေဆင်းရဲ အစားဆင်းရဲနေမှာပေါ့ ဦးဘအေး အလိုမကြ မျက်နှာမကောင်း တရွာထဲသား
ခြင်း မကင်းရာ မကင်းကြောင်းရှိလို့ သာ ငြိမ်နေလိုက်သည် စိတ်ထဲမှာတော့
ငွေရှိတဲ့ လူတွေရဲ့ အပေါ်စီးကပြောတာခံရ၍ မကျေနပ်နိုင် ဒါပေါ့ မခင်မြင့် ရယ် ကျုပ်သားက ခင်ဗျတို့ သမီးလိုတော့ ငွေမသုံးနိုင်ဘူးပေါ့ ဒါပေမဲ့ ကလေး ကိုတော့ ပညာကိုကြိုးစားဖို့  ရှိတာလေးနဲ့  နေတတ်အောင်
စားတတ်အောင်နေဖို့ မှာရတာပါဘဲ ဒါပေါ့တော် ကိုယ့် အဆင့်နဲ့ ကို နေတတ်
အောင်မှာပေါ့ လူဆိုတာ မတူရင်ဘယ်တုလို့ ရမလည်း ဟုပြောရင်းထွက်ခွါသွားလေ၏ ဥိးဘအေး ဒေါသထွက်လွန်း၍ စကားမပြော
နိုင်တော့ မိမြ နင့်သားကို သေသေခြာခြာ မှာစမ်းကွာ ပြောပြီး ယာထဲထွက်
သွားလေ၏


ခင်စပယ် တယောက် ကျောင်းပိတ်ရက် ဖြစ်၍ အဆောင်မှထွက်လာ
ထွက်လာပြီး ထုံးစံအတိုင်း ကိုလူဆိုးလေကို မျက်စေ့ဝှေ့ ကြည့်လိုက်၏ မတွေ့ 
ဘူးဘဲ ဘယ်သွားနေလည်း ညက စာတွေ ဖတ်တာလွန်သွားလို့ လား ဒါမှမ
ဟုတ် ညက အပျော်လွန်သွားလို့ လား စိတ်ထဲမှာ မကျေနပ် ဘာဘဲပြောပြော
အဆောင်ကထွက်လာတာနဲ့ သူ့ ကိုတွေ့ လိုက်ခြင်သည် မြင်လိုက်ခြင်သည်
မတွေ့ မမြင်လိုက်ရင် စိတ်ထဲ ဘ၀င်မကြမိ အော် ခုမှစင်းစားမိတယ် ဒါအချစ်လားဟယ် ငါတကယ်ဘဲ သက်မောင်ဦး ကို စွဲစွဲ မြဲမြဲ ချစ်နေမိတာ
လား မဟုတ်လောက်ပါဘူးလေ ငယ်သူချင်း ကျောင်းနေဖက်တွေမို့  သံယောဇဉ်တွယ်တာဖြစ်မှာပါ ဒါပေမဲ့  မိငယ် ပြောသလိုဆိုရင် ထမင်းစား
စာကျက် အမြဲလိုသတိရနေရင် အချစ်တဲ့ ဟဟ ဒီကောင်မ ဘာတွေပြောနေတာလည်း သတိရတာနဲ့ ဘဲ အချစ်လို့  သေလိုက်ပါလား ကောင်မစုပ် သူလည်းချစ်သူမရှိဘဲနဲ့  ကြားဖူး
နားဝ တွေလာပြောနေတယ် ဘာလို့ ချစ်ရမှာလည်း ဒီအကောင်စုပ် လူပေ
လေး ဂျစ်ကန်ကန် နဲ့  ဟင်း မုန့် စားတော့လည်းလုစားတယ် အအေး သောက်
တော့လဲ လုသောက်တယ် ဖုန်းပြောတော့လည်း လုပြီး နားထောင်တယ် မုန်းဖို့ ကောင်းလိုက်တာ အင်း ပြောသာပြောရတာ မုန့် စားလို့  သူလုမစား
ရင်တမျိုးကြီးဘဲ ဒါအချစ်လား ဟားဟား ရီစရာကောင်းလိုက်တာ မုန့် လုစား
တာအချစ်တဲ့  ဝေးသေး ဝေးသေး သက်မောင်ဦး ရေ့ နင်လို လူပေ

ဟိတ် သက်မောင်ဦး နောက်မှရောက်လာပြီး ခင်စပယ် နောက်မှ သိုင်းဖက်လိုက်၏ အသံ နှင် သိုင်းဖက်တာကိုခံလိုက်ရတဲ့ ခင်စပယ် တုန်ခါသွားပြီးလန့် သွာေးသည် ဟယ် သက်မောင်ဦး လန့် လိုက်တာဟယ်
အလိုမလုပ်နဲ့ ဟာ စာကျက်နေတာတွေဘယ်ရေယ်သွားလည်းမသိတော့ဘူး

ဟုတ်လို့ လား ခင်စပယ် ရာငါယောက်နေတာကြာပြီ နင်တခုခုတွေးနေသလိုဘဲ မဟုတ်မှလွှဲရော နင် ငါအကြောင်းတွေးနေတာမဟုတ်လား ကောင်မလေးသနားပါတယ် ငါ့မတွေ့ လို လွမ်းနေတာဟေ့ ကရို ကရို ရှက်ရှက် လက်ြှိုးလေးထောင်ပြီး
သက်မောင်ဦး နောက်ပြောင်နေတာကို ခင်စပယ် ဘ၀င်မကြသလို လုပ်ရင်း နှုတ်ခမ်းစူနေလေ၏ ဟုတ်တယ်အားကြီးကြီး အားတိုင်း သတိရနေရအောင်နင့်ကဘာမို့ လို့ လည်း စာကျက်နေတာပါနော် ဟုတ်တော့ ဟုတ်၏ သက်မောင် ဦးအကြောင်းတွေးနေမိလို့ လားမသိ သက်မောင်ဦး အနားရောက်လာတာပင် မသိလိုက် ပါ ရှက်ဖို့ ကောင်းလိုက်တာ ဒါကိုသူသိလို့ မဖြစ်ဖူးလေ ငါက စာကျက်တယ်
စာမေးပွဲအတွက် စင်းစားတယ် ဘ၀ ရှေ့ ရေးစင်းစားတယ် အမေ့အကြောင်းစင်းစားတယ် ဘွဲရရင် ကိုယ့်အလုပ်ဝင်ပြီးမိဘကိုလုပ်ကြွေး
မယ် ဒါတွေစင်းစားတယ် သက်မောင်ဦး ဆိုတဲ့ တောသား ဂျစ်ကန်ကန် ကောင်လေးအကြောင်းမပါ ပါ ကဲဘာသီခြင်လည်း ဒါဘဲ

ညကအိပ်မပျော်ဘူးဟ နင်ကိုသတိရလို့ လေ ဒီအချိန်ဆို အိပ်ပြီလား
ဘယ်လိုပုံစံနဲ့ အိပ်လည်း သွားရည်တွေကြနေသလား ရောင်ပြီး အော်နေလား
သက်မောင်ဦး သက်မောင်ဦး နဲ့ အော်ခေါ်နေသလား ပေါ့

ကောင်စုပ် နင်တော်တော်ညစ်ပါတ်တယ် မိန်းကလေးတယောက်အိပ်တာကို အဲလိုတွေးရသလား ငါစိတ်ဆိုးတယ်နော်
ပြောသာပြောလိုက်ရတယ် သက်မောင်ဦး သူအကြောင်းတွေးပြီး အိပ်မပြောဘူး ပြောလို့ ကျေနပ်မိတယ် ရင်ထဲမှာ ပျော်လိုက်တာဟယ်
ငါ့ရင်တွေဘယ်လိုဖြစ်နေလည်းနင်သိလား သက်မောင်ဦး ဟုမေးလိုက်ခြင်သည် မဖြစ်ဘူးလေး မိန်းကလေး နဲနဲတော့ ဈေးကိုင်ထားမှ နင်အပိုတွေပြောမနေနဲ့ သောက်စား မူးနေပြီးတော့ အိပ်နေတာမဟုတ်လား

မဟုတ်ရပါဘူး ခင်စပယ် ရယ် ညက နင့်ကို သတိရလို့ ငါမရေးတတ်
ရေးတတ်နဲ့  ရေးထားတဲ့ ကဗျာ လေး ဖတ်ကြည့်ပါလား ခင်စပယ် ဆတ်ကထဲ သက်မောင်ဦး လက်ထဲမှစာရွက်ကိုစွဲယူလိုက်လေသည် ဟုတ်ရင်ဟုတ် မဟုတ်ရင်တော့ နင်သေပြီသာမှတ်---

ဘ၀ ဘ၀တွေ စုံဖို့ 

ခဏ ခဏ တွေ့ နေရ

ရွှေဆံတော် ဘုရား

နားတွေများ ညီးနေမလား

ဆုတောင်းခါ လီလီ

ဆုံပါစေ ဘ၀ များ

တောင်းဆု တွေ ခြွေခဲ့သား

တူစုံကာ ဘယ်မခွဲ

လက်တွဲကာ ဘ၀ များ

စုံရစေသား

ရှင်တော် ဘုရား တပည့်တော် သနားရင်

ဒီ ဘ၀ ဒီ ကမ္ဘာ ဒီမြေ ကမ္ဘလာ

ရိုးမြေကြ ချစ်စုံစေ

အသည်းတွေမ ကြွေ ပါရစေနဲ့ 

မျက်ရည်တွေ မဝေမရစေနဲ့ 

ရွှေဆံတော် အရှင်မြတ်ကြီး ဘုရား

( ငါလိုယောင်္ကျား ပြဿဒါးမရှိ )

ဓည၀တီ စိုးပိုင်

မြန်မာ့ စီးပွါးရေး ဘဏ်

ပြည်မြို့  အပိုင်း(၇)အားဆက်လက်ဖတ်ရှုပါရန်.....
Read More...

မိန်းကလေးများ ညအိပ်ခရီးသွားလျှင် (သတိထားပါ)

Leave a Comment


မိန်းကလေးများ ညအိပ်ခရီးသွားလျှင် (သတိထားပါ)
*********************************
28.9.2013 ရက်နေ့  ပြည်မြို့နေ အမျိုးသမီးတစ်ဦး မှ ပြည်သတင်းကို အခုလိုပြောကြားခဲ့ပါသည်။....
ကျွန်မကပြည်မှာနေတဲ့သူပါ နာမည်တော့မပြောပြချင်တော့ပါဘူး ကျွန်မပြောချင်တဲ့စကားတွေကို ပြည်သတင်းမှ တဆင့်ဖော်ပြပေးပါရစေ ကျွန်မအသက်က (၃၀)ပါ ဖြစ်ပုံကတော့ဒီလိုပါ။...

၂၁.၉.၂၀၁၃ ရက်နေ့က ကျွန်မနဲ့အတူတူကျွန်မသူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့အတူတူ ရန်ကုန်မှပြည်ကို ည(၈း၃၀)မိနစ်အချိန် မျိုးဆက်သစ်ကားနဲ့ ပြန်လာခဲ့ကြပါတယ် ကားထွက်ပြီ
ညပိုင်းလည်းဖြစ်ဆိုတော့ ကားအတော်များများကမီးရောင်လေးမှိန်ပြီးတော့ဖွင့်ပေးကြတာဟာ အစဉ်အလာလိုဖြစ်နေပါပြီ ဒီတစ်ခါအဲဒိအစဉ်အလာကြောင့် ကျွန်မတို့ကြုံတွေ့ခဲ့ကြတာလေးတွေကို
ပြောပြချင်တာပါ ကားစထွက်ပြီး မီးရောင်အမှိန်လေးအောက်မှာ စီလာကြတဲ့ခရီးသည်တွေအတော်များများပင်ပန်မှုတွေကြောင့်အိပ်ပျော်တတ်ကြပါတယ် ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်လည်း
အများနှင့်နည်းတူအိပ်ပျော်ခဲ့ကြပါတယ် အဲနောက်ကျွန်မတို့စီးလာတဲ့ မျိုးဆက်သစ်ကားဟာ လက်ပံတန်းရောက်တော့ ထမင်းစားဖို့နားကြပါတယ် အဲနောက်ကျွန်မတို့ ကားအောက်ဆင်း ထမင်းစား
ပြီး ကားကပြန်ထွက်မယ်ဆိုတာနဲ့ ကားပေါ်ကိုခရီးသည်အာလုံးနဲ့အတူတူကျွန်မတို့လည်း ပြန်တက်ခဲ့ရပါတယ် အဲနောက်(၃)မိနစ်လောက်အကြာမှာ ကားမီးကအရင်လိုပြန်မှိန်သွားပါလောရော ဒါ
နဲ့ ထမင်းစားပြီး ကျွန်မတို့သူငယ်ချင်းနှစ်ယောက် မှေးကနဲအိပ်ပျော်သွားကြတာပေါ့ အဲမှာတင် ကျွန်မနဲ့ အတူတူပါလာတဲ့ ကျွန်မသူငယ်ချင်းကလက်တို့ပြီး ကျွန်မကိုပြောတယ် အမ အမ ကျွန်မ
လက်ကိုလူတစ်ယောက်လာတို့တယ်လို့ပြောတယ် ဒါနဲ့သူပြောတဲ့သူကိုကြည့်လိုက်တော့ အဲလူကမသိချင်ယောင်ဆောင်နေတာပေါ့ သီချင်းနားထောင်ပြီး ခြေလှုပ် လက်လှုပ်ဖြစ်တာနဲ့ကျွန်မသူငယ်
ချင်းကို မတော်တစ လာတို့မိတယ်လို့ပဲထင်မိတာနဲ့ အော်မတော်တစနေမှာပါ ဟုပြောကာ နှစ်ယောက်စလုံးသတိလေးထားပြီး စီးလားကြပါတယ် နောက်ခဏနေတော့ထပ်ပြောပြန်ရော ဒါနဲ့ကျွန်မ
ကအဲလူကိုကြည့်လိုက်တော့ အဲလူတစ်ယောက်က သီချင်းဆိုသလိုပါလိုလိုနဲ့ ညီမလေးကို ချစ်တယ်တို့ ဟိုပြောဒီပြောတွေလျှောက်ပြောနေတာပေါ့ ဒါနဲ့ ကျွန်မအဲအချိန်အထိကိုလည်း အေးအေး
ဆေးဆေးနေခဲ့ပါတယ် အဲဒါကိုအခွင့်ကောင်းယူပြီး ကျွန်မတို့က စိုက်ကြည့်လိုက် မဖွယ်မရာတွေပြောနေလိုက်ပေါ့ အတော်လည်းကြာရော အဲလူက ကျွန်မတို့ ထိုင်တဲ့ဘေးကခုံကိုလာထိုင်ပါရော အဲ
နောက်ခုဏကလိုပဲ မဖွယ်မရာတွေဆက်ပြောနေတယ် ဒါနဲ့ကျွန်မက ကားစပယ်ရာလေးကိုခေါ်လိုက်တယ် ကျွန်မတို့ကိုလိုက်နှောက်ယှက်နေပါတယ် လို့ပြောတော့ကားစပယ်ရာက ခဏနေတော့လာ
ပြီးကျွန်မတို့အနားမှာခဏစောင့်နေပေးပါတယ် နောက်အလုပ်ရှိနေသေးလို့ပါဟုဆိုကာ ကားရှေ့ပိုင်ကို ပြန်ထွက်သွားတယ် ကားစပယ်ရာ ရှိနေတုန်းက သူမဟုတ်သလိုငြိမ်နေတဲ့ ဟိုလူတစ်ယောက်က
ကားစပယ်ရယ လည်းမရှိရော ကျွန်မတို့နောက်ယောက်ကို ကြည့်ပြီးတော့ သူ့ယောက်င်္ကျားပစ္စည်းကို ကိုင်ပြနေပါတယ် အဲနောက် ကျွန်မက ကျွန်မသူငယ်ချင်းကိုတိုးတိုးလေးကပ်ပြောလိုက်တယ်
ဟိုလူကြီးကိုမကြည့်နဲ့နော်မဖွယ်မရာတွေငါတို့ကိုကြည့်ပြီးလုပ်ပြနေတယ်လို့ပြောလိုက်တယ် ပါးစပ်ကလည်း မဖွယ်မရာတွေပြောနေတာတော့ကြားနေရပါတယ် အနားမှာ လူတွေရှိနေပေမဲ့ တစ်ယောက်
မှ သိကြပုံမပေါ်ပါဘူး နောက်တော့ သူ့ယောက်င်္ကျားပစ္စည်းကို ထုတ်ပြီးတော့ ကျွန်မတို့နှစ်ယောက်ဘက်ကိုကပ်လာပါတယ် ဒါနဲ့ကျွန်မသူငယ်ချင်းက ကားစပယ်ရာ ကားစပယ်ရာ လို့အော်လိုက်တော့
အဲဒိလူက သူ့အိတ်နဲ့ သူ့ပေါင်ပေါ်ကိုဖုံးထားပြီး သူမဟုတ်သလိုငြိမ်နေတယ် နောက်တော့ကားမီးဖွင့်ပေးပါ လို့စပယ်ရာကိုပြောတော့ စပယ်ယာက မီးဖွင့်ထားပေးပါတယ် အဲဒါတောင်အဲဒိလူပါးစပ်က
မဖွယ်မရာတွေဆက်ပြောနေတုန်းပါပဲ ဒါနဲ့စပယ်ရာကို အကျိုးအကြောင်းပြောပြီးတော့ ဘေးမှာနေပေးဖို့ပြောပါတယ် စပယ်ရာက ကျွန်တော်ကအလုပ်နဲ့မလို့ပါ လာနေပေးလို့မရပါဘူး ကျွန်တော့ အပို
စပယ်ရာ ကိုတော့နေခိုင်းပေးပါ့မယ်ဟုပြောပြီး ကျွန်မတို့အနားမှာ စပယ်ရာတစ်ယောက်ကိုလာထားပေးပါတယ် အဲခါကျမှပဲ ဟိုလူကငြိမ်သွားတော့ပါတယ် အဲဒါနဲ့ ကျွန်မတို့ ပြည်ကားဂိတ်ကြီးဝန်းထဲရောက်
တော့ အဲလူကြီးက ဘယ်မှာနေတာလည်း ဘယ်သွားမှာလည်း ကျွန်တော်လည်းပြည်မှာနေတာပါ လာကြိုမဲ့သူရှိလား စုံနေအောင်လာရောပါတယ် ကျွန်မတို့က ကားပေါ်ကသူရဲ့အပြုအမှုတွေကြောင့်
 ကာအောက်မှာတင်ရန်တွေ့ပစ်လိုက်ပါတယ် အဲနောက်တော့ ကျွန်မတို့ကို လာကြိုတဲ့ ကျွန်မမောင်လေးရောက်လာတာနဲ့ မောင်လေးကပစ္စည်းတွေသည်ပေးပြီးပြန်ခါနီးတောင် ကျွန်မမောင်လေးကို
လှမ်းခေါ်နေပါသေးတယ် ညီလေးလာပါအုံး ခဏလောက် ညီလေးလာပါအုံးခဏလောက်ပါကွ ဆိုတာနဲ့မောင်လေးကသွားမလို့လုပ်နေတာနဲ့ ကျွန်မကမသွားနဲ့ပြန်မယ်ဟုပြောပြီး ပြန်လာခဲ့ပါတယ်
အဲနောက်ပိုင်း(၃)ရက်လောက်အကြာမှာတော့ ကမ်းနားမှာ ကျွန်မရယ် ကျွန်မသူငယ်ချင်းလင်မယားအတွဲရယ် လက်ဖက်ရည်သောက်နေတုန်း အဲကားပေါ်မှာမဖွယ်မရာလုပ်နေတဲ့သူနဲ့ ပြန်ဆုံတော့
ကျွန်မက အိမ်ကမိသားစုနဲ့ သူငယ်ချင်းတွေကို ဖုန်းနဲ့ခေါ်ပြီးပြခဲ့ပါတယ် အဲနောက်အဲကျွန်မတို့ကိုကားပေါ်မှာ မဖွယ်မရာ လုပ်ပြတဲ့သူက ပိုက်ဆံရှင်းပြီး လက်ဖက်ရည်ထိုင်ကနေ ထသွားတော့ ဘယ်မှာနေတာ
ကိုသိဖို့ ကျွန်မရဲ့ သူငယ်ချင်း လင်မယာအတွဲက အိမ်ကိုလိုက်ချောင်းပါတယ် သူနေတဲ့အိမ်လို့တော့တိုက်ရိုက်မပြောချင်တော့ပါဘူး သူဘယ်မှာနေတယ်ဆိုတာကိုလည်း သိပြီးသွားပါပြီ အဲလောက်ဆို
ဒီစာဖတ်နေတဲ့သူတွေအားလုံး သဘောပေါက်လောက်ပါပြီ ပြောချင်တာကတော့ ကျွန်မတို့လို မိန်းကလေးမျိုးတွေ ညအိပ်ခရီးသွားတဲ့အခါ သတိထားဖို့နဲ့ ကိုယ်သွားမဲ့ခရီးလမ်း ကိုယ်သွားချင်တဲ့နေရာကို
ကားနဲ့ပဲဖြစ်ဖြစ်၊ရထားနဲ့ပဲဖြစ်ဖြစ်ပေါ့ မိန်းကလေးတွေအတွက်လုံခြုံမှုရှိတဲ့ကားတွေ ယာဉ်တွေကိုပဲ စီးချင်ကြပါတယ် အဲဒိတော့ ကျွန်မတို့လို မဖြစ်ကြရအောင် ယာဉ်ပိုင်ရှင်တွေက ကျွန်မတို့လို ခရီးသွား
မိန်းကလေးတွေ မိမိဘ၀ လုံခြုံမှုရှိအောင် စိတ်ချမှုရှိအောင် အားလုံးသော ခရီးသွားလုပ်ငန်းရှင်များမှ ဒီလိုကိစ္စတွေကို တလေးတစားကူညီဖြေရှင်းပေးကြပါအုံးလို့ ပြည်သတင်းမှတဆင့် ကျွန်မတင်ပြပေးလိုက်ပါစေ
 ....ဟု ကာယကံရှင်အမျိုးသမီး မှ ပြည်သတင်း သို့ပြောကြားသွားခဲ့ပါသည်။    ။ ပြည်သတင်း......
Read More...
Leave a Comment


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း
*******************************************
၂၈.၉.၂၀၁၃ ရက်နေ့ မနက် (၉း၀၀)နာရီ
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ရွာဘဲရပ်ကွက် (ခေတ္တရာ ရတနာမြို့တော်ခန်းမကြီး)အတွင်း တွင်(၂၈.၉.၂၀၁၃)ရက်နေ့
မနက်(၉း၀၀)နာရီအချိန်တွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဒု.၀န်ကြီး ဦးဝင့်မြင့် မှ
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အကြောင်းကို ဌာနဆိုင်ရာအသီးသီး၊MGO.အဖွဲ့အစည်းများ၊သတင်း
မီဒီယာများနှင့် စိတ်ပါဝင်စားသူများအားလုံးအင်အား (၆၁၀)ဦးကျော်တက်ရောက်ခဲ့ကြောင်း အဆိုပါအခမ်းအနားကို အစီအစဉ်(၄)ခုဖြင့်စီစဉ်ကျင်းပခဲ့ပြီး
အစီစဉ်များမှာ ....
၁။ ။အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း..
၂။ ။လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဝင်းမြင့် မှ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း
ကောက်ယူရေးလုပ်ငန်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း....
၃။ ။ကြွရောက်လာသော လူကြီးမင်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း...
၎။ ။အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းတို့ တို့ဖြင့်ပြုလုပ်သွားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

နိုင်ငံတကာမှအလှုငွေတွေလည်းရရှိထားပါတယ် ကူညီထောက်ပံ့မှုတွေပါ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံသန်းခေါင်စာရင်းကောက်ယူမှာပါ ကျန်းမာရေး
နဲ့ ပညာရေးဆရာ/မ တွေမှလိုက်လံကောက်ခံမှာပါ ကောက်ယူမှုမကျန်အောင် ဂြိုလ်တာစနစ်ရယ် မြေပြင်စနစ်ရယ်တွေကို နိုင်ငံတကာမှ ပညာရှင်တွေနဲ့ ကျွန်တော်တို့နိုင်
ငံမှပညာရှင်တွေပေါင်းစုပြီးဆောင်ရွက်သွားမှာပါ ၀န်ကြီးဌာနကနေသင်ကြားပေးမှာပါ လူဦးရေကွာဟမှုတွေတော့ရှိနေမှာပါ သန်းခေါင်စာရင်းကောက်ယူနေချိန် ကျွန်တော်
တို့ နိုင်ငံအတွင်းမှာရှိတဲ့ လူမှန်သမျှကောက်ယူသွားမှာဖြစ်ပြီး နောက်မှ ပြန်လည်စီစစ်ပြီးခွဲခြားသွားမှာပါ (၂၀၁၅)ခုနှစ် ဖေဖော်ဝါရီလပိုင်းလောက်မှာ သန်းခေါင်းစာရင်းထုတ်ပြန်နိုင်မှာပါ
သင်တန်းသင်ပြပို့ချမှုတွေကို(၁၂)ဦးကစမယ် အဲ(၁၂)ဦးကနေတဆင့်ပြီးတစ်ဆင့်ပွားပြီး ကောက်ယူသွားမှာပါ ကွာဟမှုတွေလည်းရှိမှာပါ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့
သန်းခေါင်းစာရင်းကောက်မည့်သူတွေကိုပဲ (လစာ)ပေးသွားမှာပါ ပညာရေးဝန်ထမ်း ဆရာ/မ တွေနဲ့ ကျန်းမာရေးဌာနတွေကပဲ ကောက်ယူသွားမှာပါဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။ ။ပြည်သတင်း.....
Read More...

Saturday, September 28, 2013

Leave a Comment


ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးပေါင်းစုံ မှ ငွေရတုအခမ်းအနားကျင်းပ
**********************************************************
27.9.2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်မြို့နယ်(ရပ်/ကျေး)ပေါင်းစုံ (၂၅)နှစ်မြောက် ငွေရတု အခမ်းအနားကို ပြည်မြို့ အမှတ်(၁)ကမ်းနားလမ်း ကျောင်းကြီးအိုးတန်း
ရပ်ကွက် ကျောင်းကြီးအိုးတန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေး ဥက္ကဌ ဦးခင်ဦးနေအိမ်ရုံးခန်းတ...ွင်တက်ရောက်သူအင်အားစုစုပေါင်း(၁၇၀)ကျော်တက်ရောက်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မနက် (၇း၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို အစီအစဉ်(၁၀)ခုဖြင့်ကျင်းပပြုလုပ်သွားခဲ့ပါသည်။ အစီစဉ်များ မှာ..

၁။ ။သဘာပတိအဖွဲ့ဝင်များနေရာယူခြင်း..
၂။ ။အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း..
၃။ ။(က)နိုင်ငံတော်အလံအားအလေးပြုခြင်း
(ခ)ကျဆုံးလေးပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း...
(ဂ)ဒီမိုကရေစီ လူ့အခွင့်အရေးတိုက်ပွဲအဆင့်ဆင့်ကျဆုံးသွားသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်(၁)မိနစ်ငြိမ်သက်ခြင်း...
၎။ ။သဘာပတိ အဖွင့်မိန့်ခွန်း ပြောကြားခြင်း..
၅။ ။(၂၅) နှစ်မြောက် ငွေရတုအခမ်းအနာကျင်းပရေးကော်မတီ ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားခြင်း...
၆။ ။N.L.D ပါတီ၏ ဖြတ်သန်းမှု(၂၅)နှစ် ခရီးအကြောင်း ဦးကျော်ဆန်းမှ ပြောကြားခြင်း...
၇။ ။ ဦးသိန်းဇော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်မြို့နယ်(ရပ်/ကျေး)ပေါင်းစုံ (၂၅)နှစ်မြောက် ငွေရတု အခမ်းအနားကြေငြာစာတမ်း ဖတ်ကြားခြင်း....
၈။ ။N.L.D ပါတီမှ အကျဉ်းကျခံရသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း...
၉။ ။(၂၅)နှစ်မြောက် ငွေရတုကျင်းပရေးကော်မတီ ဥက္ကဌ မှ ကျေးဇူးတင်စကားပြောကြားခြင်း...
၁၀။ ။သဘာပတိ မှ (၂၅)နှစ်မြောက် ငွေရတုအခမ်းအနားအောင်မြင်ကြောင်းပြောကြားခြင်း...
၁၁။ ။အခမ်းအနား ပြီးဆုံးကြောင်းကြေငြာခြင်း....တို့ဖြစ်ပါတယ် အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ ကျောင်းကြီးအိုးတန်းရပ်/ကျေး ဥက္ကဌ ဦးခင်ဦးမှ ပြည်သတင်းကို ယခုလိုပြောကြားသွားခဲ့ပါသည်။

ဒီလိုအခမ်းအနားကြီးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေက မြို့တိုင်နယ်တိုင်း ရွာတိုင်းတွင်မကပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနေကြတဲ့အချိန်ပါ ပြည်မြို့မှာလည်း ခမ်းခမ်းနားနားကျင်း
ပချင်လို့ အခုလိုဦးဆောင်ကြိုးဆောင်ကြိုးပမ်းကျင်းပနိုင်ခဲ့တာပါ ပြည်မြို့နယ်အတွင်းက ရပ်/ကျေးပေါင်းစုံပါဝင်ကြပါတယ် ၄.၉.၂၀၁၃ ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ် ၉၇/ခ အရ ဒီအခမ်းအနားကျင်းပရန်အတွက် အကြောင်းကြားစာတင်ခဲ့ပြီးဖြစ်ပါတယ် ယနေ့အချိန်အထိ ဗဟိုရုံးချုပ်မှ ဒီအခမ်းအနားနဲ့ပတ်သက်ပြီးတော့ ကန့်ကွက်ခြင်းတစ်စုံတရာမရှိခဲ့
သေးပါဘူး အခုကျင်းပတဲ့အခမ်းအနားကို ကျင်းပရေးကော်မတီအဖွဲ့ဝင်ပေါင်း(၂၇)ဦးဖြင့်ဖွဲ့စည်းခဲ့တာပါ အစည်းအဝေးတက်ရောက်ပျက်ကွက်(၃)ယောက်ရှိခဲ့ပါတယ် ဒါ့ကြောင့်(၂၄)ဦးဖြင့်အတည်ပြု
ဖွဲ့စည်းထားခဲ့ပါတယ် ပဲခူးတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ ဦးသိန်းဒန်လက်မှတ်ရေးထိုးထားတဲ့ အကြောင်းကြားစာရပါတယ် အဲဒိစာပါအရ တိုင်း၊ခရိုင်၊ပြည်နယ်၊ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ဝင်
များသည်သာ တရားဝင်ဆောင်ရွက်ခွင့်ရှိတယ် နောက်ဆက်တွဲပေါ်ပေါက်လာမည့် ကိစ္စများကို အဖွဲ့ချုပ် ပြည်ခရိုင် အလုပ်အမှုဆောင်အဖွဲ့နှင့်သာ ညှိနိုင်းဆောင်ရွက်ရမည် အဲမှာကွဲလွဲချက်က ခရိုင်၊မြို့နယ်
ရပ်/ကျေး လို့ပါတယ် ကျွန်တော်တို့က မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဒီအခမ်းအနားနဲ့ပတ်သက်ပြီး အကြောင်းကြားစာပေးပို့တင်ပြထားပြီးဖြစ်ပါတယ် ပဲခူးတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့
ဦးသိန်းဒန် ပေးပို့စာအရမှာ ရပ်/ကျေးဆိုတာပါတယ် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှပေးပို့တဲ့စာအရမှာကတော့ အဲဒိရပ်/ကျေးဆိုတဲ့နေရာကို ဖျတ်ထားပါတယ် ဒါဟာရိုးသားပွင့်လင်းမှုမရှိဘူး 26.9.2013
ရက်နေ့ကတင်ပြခဲ့သည့်အတွက် 27.9.2013 ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှုး လက်မှတ်ပါ ဒီအခမ်းအနားမှာ ဧည့်ခံဖျော်ဖြေခွင့်ပြုမိန့်တောင်းခြင်းမရှိလို့ အသံချဲ့စက်ဖွင့်ခွင့်ကို(၇)ရက်ကြိုတင်
စာမတင်ခဲ့လို့ဆိုတဲ့အကြောင်းရယ် ဒီအခမ်းအနားကို ကျင်းပရေးအဖွဲ့အား အကြောင်းအရာ(၄)ချက်ဖြင့် အသိအမှတ်မပြုကြောင်း အကြောင်းကြားထားရှိကြောင်း သို့ဖြစ်ပါ၍ ၂၇.၉.၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်
အခမ်းအနားအား မြို့နယ်အလုပ်မှုဆောင်အဖွဲ့၏ သဘောတူညီချက်များဖြင့်သာ ဆောင်ရွက်သွားရန်နှင့် ဧည့်ခံဖျော်ဖြေခွင့်ပြုမိန့်တောင်းခံမည်ဆိုပါက အထက်ပါထောက်ခံချက်များ စီမံချက်များဖြင့်(၇)ရက်ကြိုတင်
္ကဤရုံးသို့တင်ပြတောင်းခံသွားရန် အကြောင်းကြားပါသည်ဟုရေးသားဖော်ပြထားပါတယ်ဟု ကျောင်းကြီးအိုးတန်းရပ်/ကျေး ဥက္ကဌ ဦးခင်ဦးမှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။

အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ ကျောင်းကြီးအိုးတန်းရပ်/ကျေး ဒု.ဥက္ကဌ ဦးစိုးမြင့်မှ ပြည်သတင်းကို ယခုလိုပြောကြားသွားခဲ့ပါသည်။

စတင်ဖွဲ့စည်းတုန်းက ဒီမိုကရေစီ ဖော်ဆောင်ရေးအဖွဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အရ ပြည်သူတွေထဲဝင်ပြီ၊ပြည်သူတွေကိုအလုပ်အကြွေးပြုပြီး ပြည်သူတွေလိုအပ်တဲ့အကူအညီပေးကြပါ၊လုပ်သင့်လုပ်ထိုက်တာ
တွေကို လုပ်ကြပါ၊ဟုရပ်/ကျေးပေါင်းစုံးအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိန့်ခွန်းပြောကြားခြင်းဖြစ်ပါတယ် အမှန်အဓိက ကတော့ရပ်/ကျေးပါပဲ ဒါ့ကြောင့်ရပ်/ကျေး သည်သာအရေးအကြီးဆုံးပါပဲဟု ကျောင်းကြီးအိုးတန်း
ရပ်/ကျေး ဒု.ဥက္ကဌ ဦးစိုးမြင့်မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။ ။ပြည်သတင်း...


Read More...

ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅)နှစ်မြောက် ငွေရတုအခမ်းအနားကျင်းပပြုလုပ်ခဲ့

Leave a Comment





ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅)နှစ်မြောက် ငွေရတုအခမ်းအနားကျင်းပပြုလုပ်ခဲ့
*****************************************************************
27.9.2013

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ရွှေတောင်မြို့အတွင်း ပြည်/ရန်ကုန်ကားလမ်းမကြီးဘေး ကြည်ပြာခန်းမကြီးတွင် ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅)နှစ်မြောက် ငွေရတုအခမ်းအနားကို ( 27.9.2013)ရက်နေ့ မနက်( 9;0)အချိန်တွင်
ပါတီဝင်အင်အား(၃၀၀)ကျော်ဖြင့် အစီအစဉ်(၁၁)ခုဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အဆိုပါအခမ်းအနားတက်ရောက်သူ သတင်းနှင့်ပြန်ကြားရေး ဦးမင်းမော် မှ ပြည်သတင်းသို့အခုလိုပြောကြားခဲ့ပါသည်။...

(၂၅)နှစ်တာ N.L.D ဖြတ်သန်းလာခဲ့ သမိုင်းကြောင်းအရ ကောင်းမွေ ဆိုးမွေတွေကို ငွေရတုအခမ်းအနားပွဲကြီးဖြစ်မြောက်အောင်မြင်အောင် အလုပ်အမှုဆောင်အစည်းဝေးကို (၁၆.၉.၂၀၁၃)ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ
ကျင်းပပြုလုပ်ခဲ့တာပါ ဒီအခမ်းအနားဖြစ်မြောက်ရေး ကော်မတီကိုလူအင်အား(၇၀)နဲ့ဖွဲ့စည်းခဲ့ပါတယ် ကျွန်တော်တို့ရွှေတောင်မြို့မှာ ဆိုင်းဘုတ်လုံးဝ အဖြုတ်မခံဘဲနဲ့ထိန်းသိမ်းလာခဲ့တာပါ အခုဆိုရင်(၂၅)နှစ်တာအချိန်ကိုတောင်
ရောက်လာပါပြီ နောင်နှစ်ပေါင်းများစွာအထိကို ဆက်လက်တည်တံ့နေကြိုးစားထိန်းသိမ်းသွားရင်း အများအကြိုးတွေကိုလည်း ကျွန်တော်တို့ရွှေတောင်မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တိုင်က ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ
ကိုအစွမ်းကုန်ကူညီပေးနေခဲ့ပါတယ်အခုဆိုရင် တော်တော်လေးကိုခရီးရောက်နေပါပြီ အရမ်းဝမ်းသာပါတယ် နောင်လက်ဆက်လက်ကြိုးစားသွားပါ့မယ် ဟု အဆိုပါအခမ်းအနားတက်ရောက်သူ သတင်းနှင့်ပြန်ကြားရေး  ဦးမင်းမော် မှ
ှ ပြည်သတင်းသို့ပြောကြားခဲ့ပါသည်။...။   ။ပြည်သတင်း....
Read More...

ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ

Leave a Comment



ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ

ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးသည် ကိုးနှစ်အရွယ် စတုတ်္ထတန်းကျောင်းသားတစ်ဦးကို လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟု စွပ်စွဲကာ ကျောင်းသား မိဘများက မြို့နယ်ပညာရေးမှူးရုံးသို့တိုင်ကြားထားသည်။
“ကျောင်းသားမိဘနဲ့ ကျောင်းကော်မတီဝင်တွေ လာကြတယ်။ ရုံးအနေနဲ့ ခံဝန်လက်မှတ်ထိုးပေးထ......ားတဲ့ အစီအစဉ် လောက်နဲ့ မကျေနပ်နိုင်ဘူး။ ဆရာကြီးကို ဒီကျောင်းက ပြောင်းပေးဖို့ပါ နှုတ်နဲ့ တိုင်သွားတယ်”ဟု အဆိုပါ အခြေခံ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးက မဇ်္ဈိမကို ပြောသည်။
တိုင်ကြားခံရသူ ကျောင်းဆရာမှာ ၀န်ထမ်းလုပ်သက်၂၂ နှစ်ရှိပြီဖြစ်သည်။
ကျောင်းဆရာနှင့် ကျောင်းသားတို့ ကျောင်း အိမ်သာအတွင်းအတူ ရှိနေသည်ဟု စွပ်စွဲကာ ကျောင်းသားမိဘများ က တိုင်ကြားကြခြင်းဖြစ်သည်။ ““ဘောင်းဘီ ၀တ်ထားရင် ဘောင်းဘီမျှော့ကြိုးကို ဖြည်ပြီး ဆရာကြီးက အတင်းနှိုက်တဲ့ အကြောင်း ကလေးက ပြောတယ်။ ကလေးက မေးလို့ မရဘူး။ ငိုဘဲငိုနေတယ်” ဟု ကျောင်းသား မိဘက ပြောသည်
ကျောင်းသားမိဘများ၏ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်းသို့ ဆက်သွယ်မေးမြန်းရာတွင် စွပ်စွဲခံရသူ ကျောင်းဆရာနှင့် ဆွေးနွေးရန် ရှိသည်ဟု ပြန်လည်ဖြေကြားသည်။ စွပ်စွဲခံရသူ ကျောင်းဆရာကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese
Read More...

Thursday, September 26, 2013

ကုမုဒြာဂျာနယ် အတွဲ(၃) အမှတ်(၂၅)

Leave a Comment


ကုမုဒြာဂျာနယ် အတွဲ(၃) အမှတ်(၂၅)

Download Link = KUMUDRA
Read More...

EURO SPORTS Journal (VOL.4, NO.75)

Leave a Comment

EURO SPORTS Journal (VOL.4, NO.75)

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ်
(နောက်ဆုံးရသတင်းများနှင့် ပွဲရလဒ်များပါဝင်သည့် သောကြာနံနက် အချပ်ပိုပူးတွဲပါရှိ)

Download Links


(ဂျာနယ်ထဲ ကြော်ငြာထည့်သွင်းလိုရင် ကြော်ငြာဌာန ► ၀၉-၇၃၂၄၃၈၈၀ နဲ့ ၀၁-၂၀၀၈၃၇ ကို ဆက်သွယ်နိုင်ပါတယ် ...)

(Connection အခြေအနေကြောင့် ပြည်တွင်း Download ရယူမှုမှာ ခက်ခဲမှုတော့ရှိနိုင်ပါတယ်) 
 
The Myawady Daily
Read More...

မြန်မာတိုင်း(မ်) အတွဲ(၃၂) အမှတ်(၆၃၉)

Leave a Comment

မြန်မာတိုင်း(မ်) အတွဲ(၃၂) အမှတ်(၆၃၉)

Download Link = Docstoc
Read More...

ပြည်မြို့က သတင်းအသစ်တွေကို မလွတ်တန်းဖတ်နိုင်ဖို့ APK

Leave a Comment
Android ဖုန်းပေါ်မှတဆင့် ပြည်မြို့က သတင်းအသစ်တွေကို မလွတ်တန်းဖတ်နိုင်ရန် Pyay News apk ကို အသစ်ထပ်မံရေးသားလိုက်ပါတယ်။ ယခု apk ကို Install လုပ်ထားလျှင် ပြည်သတင်း (Blog) ပြည်သတင်း (Facebook Like Page) ပြည်အရောင်းအ၀ယ် (Facebook Group Page) ပေါက်ခေါင်းသတင်း တွေကို Online / offline အချိန်မရွေးဖတ်နိုင်မှာဖြစ်ပါတယ်။ ပထမ apk ထက်သုံးရတာ အဆင်ပြေအောင် အတတ်နိုင်ဆုံးလုပ်ထားပါတယ်ပြီး သစ်ထူးလွင် သတင်းပါတဲ့ apk ကို အသုံးပြုထားသူများလည်း ယခု apk ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ပြည်သတင်း (Blog)  >>> https://pyaynews.blogspot.com

ပြည်သတင်း (Facebook Like Page)  >>> https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ် (Facebook Group Page)   >>> https://www.facebook.com/groups/pyaymarket

ပေါက်ခေါင်းသတင်း  >>>  https://pkgcitynews.blogspot.com








>>>  Download   <<<


Pyae Phyo Pyay   >>>  https://www.facebook.com/pyae.phyo.pyay




Read More...

မြန်မာ့ လျှပ်စစ်စွမ်းအင် အတွက် ADB နဲ့ ဂျပန် ၂.၈ ဘီလီယံ ထောက်ပံ့မည်

Leave a Comment




ရန်ကုန်မြို့က လျှပ်စစ်ဓာတ်အားပြင်ဆင်နေမှု၊ ရန်ကုန်မြို့က လျှပ်စစ်ဓာတ်အားပြင်ဆင်နေမှု၊

ဦးစံမိုဝေ
မြန်မာနိုင်ငံတွင်းမှာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးတဲ့ စနစ်ကို အထောက် အကူပေးဖို့နဲ့ စွမ်းအင် ဆိုင်ရာ လိုအပ်ချက်တွေ ကို ပြည့်မှီဖို့၊ နောက် ရေရှည် ဆိုင်ရာ စီမံကိန်းတွေ ချမှတ်နိုင်ရေး အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ကနေ အထောက်အပံ့ပေးမယ် လို့ ပြောဆိုလိုက်ပါတယ်။ ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သုံးသန်းနီးပါး အသုံးပြုမှာဖြစ်ပြီးတော့ ဒီငွေကို ဆင်းရဲမှုလျှော့ချရေး ဂျပန်နိုင်ငံ ရန်ပုံငွေ JFPR ထောက်ပံ့ငွေကို အသုံးပြုမှာဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဦးစံမိုဝေ က ပြောပြပေးမှာပါ။

ဒီစီမံကိန်းရဲ့ အဓိကကတော့ မြန်မာနိုင်ငံမှာ စွမ်းအင်သုံးစွဲမှုနဲ့ ပါတ်သက်ပြီး ရေရှည် စီမံကိန်း ရေးဆွဲဖို့နဲ့လျှပ်စစ်ဓါတ်အားပို့လွှတ်မှု ဖြန့်ဖြူးမှု စတဲ့ စနစ်တွေကို  ပိုမိုကောင်းမွန်အောင် အထောက်အကူပေးဖို့ ဖြစ်ပါတယ်။ သတ်မှတ် နယ်မြေတွေဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်ငါးမြို့နယ် မန္တလေးတိုင်းဒေသကြီး စစ်ကိုင်း နဲ့ မကွေးစတဲ့ ဒေသတွေမှာ  လျှပ်စစ်ဓါတ်အား ထုတ်လွှတ်မှု တိုးမြှင့်ပေးဖို့  ဖြန့်ဖြူးရေးစနစ်တွေ ပိုမိုကောင်းမွန် ဖို့ ဆောင်ရွက်ပေးဖို့ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အရှေ့တောင်အာရှ ဌာနရဲ့ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ စီမံကိန်းအရာရှိဖြစ်တဲ့ မစ္စတာ  Jon Inn Kim ကပြောပါတယ်။

"အခြေခံအားဖြင့်ကတော့ လျှပ်စစ်ဓါတ်အားပို့လွှတ်မှု နဲ့  ပါတ်သက်ဆက်နွှယ်တဲ့ အထောက်အကူပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဓါတ်အားပေးလိုင်းတွေ ဓါတ်အားပေးစက်ရုံတွေ ထရန်စဖော်မာတွေ စသဖြင့် လိုအပ်နေမှုတွေပေါ်မှာ မူတည်ပြီး ပြုပြင်ပြင်ဆင်ပေးရေး ဆောင်ရွက်သွားမှာပါ"

အဲဒီ့စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း သုံးစွဲမှာဖြစ်ပြီး စီမံကိန်းကာလဟာ အခုနှစ် နိုဝင်ဘာလကနေ  ၂၀၁၄ ခုနှစ် ဂျွန်လအတွင်း ဖြစ်တယ်လို့ မစ္စတာ  Jon Inn Kim ကပြောပါတယ်။

"မျှော်လင့်ထားတာကတော့ တစ်ချို့လုပ်ငန်းတွေကို အခုနှစ်ကုန်ပိုင်းမှာ စတင်ဖို့ရှိပါတယ်။  ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေ ပြုပြင်မယ်။ မီတာတွေ အသစ်ပြန်လဲမယ်။ ဘီလူးချောင်းကနေ တောင်ငူ  ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေ၊ အနောက်ဖက်ခြမ်း တောင်ငူကနေ စစ်ကိုင်း ဓါတ်အားလိုင်း၊ ရန်ကုန်မြို့တွင်း သာကေတ နဲ့ အလုံ ဓါတ်အားပို့လွှတ်တဲ့လိုင်းတွေကို အရည်အသွေး တိုးမြှင့်အောင် ပြုလုပ်ဖို့ စတာတွေပါဝင်ပါတယ်"

နောက်စီမံကိန်းတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို အကဲဖြတ်ဖို့နဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်း ရေးဆွဲဖို့ဖြစ်တယ်လို့ မစ္စတာ  Jon Inn Kim ကပြောပါတယ်။

"မြန်မာနိုင်ငံဟာ အခုအချိန်အထိ စွမ်းအင်ဆိုင်ရာ အသုံးချမှုနဲ့ ပါတ်သက်ပြီး ရေရှည် စီမံကိန်းတွေ မူဝါဒတွေ မရှိသေးပါဘူး။ နှစ်ပေါင်း ၂၀ အတွင်း စွမ်းအင်သုံးစွဲမှု ပမာဏ ဘယ်လောက်လိုတယ် ဒီအတွက် မြန်မာနိုင်ငံ အတွင်းမှာ စွမ်းအင်ထုတ်ယူပံ့ပိုးပေးနိုင်မှု ပမာဏ ဘယ်လောက်ရှိတယ် စသဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်မှု နည်းဗျူဟာတွေ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ADB ဟာ မြန်မာအစိုးရနဲ့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေး ကော်မတီတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

အဲဒီ စီမံကိန်းအတွက်တော့ စုစုပေါင်းထောက်ပံ့ငွေ အားလုံးအနက်က  ၁ ဒသမ ၃၅ သန်းကို အသုံးပြုမှာဖြစ်ပြီး မြန်မာအစိုးရ နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အမျိုးသား စွမ်းအင်စီမံခန့်ခွဲရေး ကော်မတီတို့ ပူးပေါင်းပြီးတော့ ဆောင်ရွက် မှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ကြေငြာပါတယ်။ စီမံကိန်းကို အခုလာမယ့် နိုဝင်ဘာလကနေ  ၂၀၁၄ ခုနှစ် အောက်တိုဘာလ အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ ADB စီမံကိန်းအရာရှိဖြစ်တဲ့  မစ္စတာ  Jon Inn Kim ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ပြည်ပကို စွမ်းအင်အများဆုံးတင်ပို့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်စစ် စွမ်းအင်တိုးတက်မှု နဲ့  လျှပ်စစ်ဓါတ်အားလိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးတဲ့အတွက်  အရှေ့တောင်အာရှဒေသမှာ လျှပ်စစ်မီးရရှိမှု အနည်းဆုံး တိုင်းပြည်တွေထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်နေတယ်လို့ ADB ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။(VOA)မြန်မာ

Read More...

ကျေးလက်ပညာရေး ဘယ်လောက်အရေးကြီး

Leave a Comment


ကျေးလက်ပညာရေး ဘယ်လောက်အရေးကြီး

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်အတွင်းက စာသင်ကျောင်းတွေကို သွားရောက်လေ့လာစဉ်။ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်အတွင်းက စာသင်ကျောင်းတွေကို သွားရောက်လေ့လာစဉ်။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ ရွှေဘိုနယ်အတွင်း ကျေးလက်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်နေသူ ဆရာဦးသိန်းထွန်း ကို သူ့ပညာရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ခေတ်သစ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ကျေးလက်ပညာရေး ဘယ်လောက်အရေးကြီး၊ အရေးပါပုံကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း၊ ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျေးလက်ပညာရေး၊ ခလေးတွေရဲ့  ပညာရေးအတွက် ပံ့ပိုးဆောင်ရွက်နေတာ (၁၀) နှစ်ကျော် ရှိခဲ့ပြီပေါ့။

ဦးသိန်းထွန်း ။ ။ ဟုတ်ကဲ့ အားလုံး (၁၃) နှစ်ထဲ ရောက်သွားပါပြီ။

ဦးကျော်ဇံသာ ။ ။ ဘယ်လို လုပ်ငန်းမျိုးကို ဆောင်ရွက်သလဲဆိုတာကို အကျဉ်းရုံးနည်းနည်းပါးပါး။

ဦးသိန်းထွန်း ။ ။ အခု အစိုးရပြဌာန်း အထက်တန်းပညာရေး။ အဲဒါနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ဘက်တဖတ်ကနေ ကျနော် တာဝန်ယူ သင်ပေးပါတယ်။ နောက်တဖက်ကနေပြီး အစိုးရအထက်တန်းကျောင်းကို မတက်နိုင်သူတွေ။ ဒါမှမဟုတ် ဘွဲ့ရပြီးတော့ အရည်အချင်း အပြည့်အဝမရှိတဲ့ ကျေးလက်နေ လူငယ်တွေ။ နောက်တခုက ဘာလဲဆိုတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကို ဆက်မတက်နိုင်တဲ့ လူငယ်တွေ။ အဲဒီလို လူငယ်တွေကို တဖတ်မှာ အင်္ဂလိပ်စာ အခြေခံတွေသင်တယ်။ အသက်မွေးဝမ်းကျောင်း ပညာတွေသင်တယ်။ ရှေ့ ဆက်လုပ်ဖို့ ရည်ရွယ်ထားတာကတော့ IT course တွေ။ သဘောကတော့ ကွန်ပြူတာ၊ အင်တာနက် course တွေလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာဆိုတော့ ဘယ်လို ပညာမျိုးကို သင်ပေးပါသလဲ။

ဦးသိန်းထွန်း ။ ။ Vocational training ပေါ့။ Vocational training ဆိုတာကို ကျနော် မြင်ထားတာကတော့ သူတို့တွေနဲ့ ပတ်သက်ပြီး အိမ်တွင်းမှုသိပ္ပံလိုဟာမျိုးတွေ သင်ရမယ်။ သူတို့ဆီက ထွက်ကုန်သီးနှံ။ အဲဒီ သီနှံတွေရဲ့  ကုန်ကြမ်းတွေကို ကုန်ချောလုပ်တဲ့ နည်းပညာတွေ သင်ရမယ်။ တဖတ်ကနေပြီး သူတို့တွေဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်တွေနားမှာ environmental control လို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု နည်းပညာ၊ အတတ်ပညာတွေ သင်ပေးရမယ်။ တဖတ်ကနေ သူတို့ကို ဘာသာစကား၊ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ ကျယ်ဝန်းပြီး အသက်မွေးဝမ်းကြောင်းကို အထောက်အကူ ပြုလာနိုင်တဲ့ ဘာသာစကားတွေကို ကျနော်တို့ သင်ပေးရမယ်။ အဲဒါတွေကို သင်နေပါတယ်။ တချို့ လဲ ပြီးဆုံးအောင်လို့ မသင်နိုင်သေးဘူး။ ပြီးဆုံးအောင် သင်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအတွက် resources တွေ၊ အကူအညီ အထောက်အပံ့ပစ္စည်းတွေ အများကြီး လိုမယ်လို့ထင်ပါတယ်။ ဦးသိန်းထွန်း အဲဒါတွေကို ဘယ်လို ရရှိနိုင်ပါသလဲ။

ဦးသိန်းထွန်း ။ ။ အဲဒါက အမှန်ပါပဲ။ ကျနော်တို့မှာ သင်ကြားမှု ထောက်ကူပစ္စည်းလို့ပဲ ပြောပြစို့။ အဲဒီလို ထောက်ကူပစ္စည်း အားနည်းမှုကြောင့်လို့ (၁၀) နှစ် (၁၃) နှစ်ကာလမှာ ရောက်သင့်သလောက် ခရီးကို မရောက်ပါဘူး။ ဒီအတွက်ကြောင့်မို့ အခု ဒီအမေရိကခရီးစဉ်ကို ထွက်လာတဲ့အခါမှာ ကျနော်ရဲ့  community ကျနော့်ရဲ့  ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဝိုင်းဝန်ကူညီကြဖို့ နယ်လှယ်မေတ္တာရပ်ခံနေပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ အာဏာပိုင်တွေ၊ မြန်မာနိုင်ငံ နိုင်ငံရေးသမားတွေ ဒီပုဂ္ဂိုလ်တွေက ဦးသိန်းထွန်းတို့လို လုပ်ငန်းမျိုးကို သူတို့ရဲ့  မူဝါဒထဲမှာ အမှန်တကယ် ချမှတ်ပြီး ဆောင်ရွက်နေတာ ရှိပါသလား။ အဲဒီ သူတို့ ဆောင်ရွက်ချက်တွေက အားကိုးလောက်ပါရဲ့ လား။
ဦးသိန်းထွန်း ။ ။ အဲဒီနေရာမှာတော့ ကျနော်အနေနဲ့ တဖတ်သား လုပ်နေတယ်၊ မလုပ်ဘူးဆိုတာကိုလည်း သိပ်မပြောချင်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော့် မျက်စိထဲမှာ၊ ကျနော် အမြင်မှုန်တာ ဖြစ်ကောင်းလည်းဖြစ်မယ်၊ ဒါပေမဲ့ မြင်သာအောင် မကြည့်သေးပါဘူး။ ပြီးရင် နောက်တခုက ကျနော်တို့ မြန်မာ့နိုင်ငံရေး အဝန်းအဝိုင်းထဲမှာ အခု ကျနော်တို့ လုပ်သလို အလုပ်မျိုးကို နိုင်ငံရေးလို့ မယူဆတဲ့၊ နိုင်ငံရေးလို့ လက်မခံတဲ့ အယူအဆ။ အဲဒီ အယူအဆတွေကိုလည်း တချို့ တွေ့နေရပါတယ်။ နေရာတိုင်းလို့တော့ မဆိုလိုပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါကို ပိုပြီးတော့ တိုင်းပြည်အတွက် လိုအပ်တဲ့ကိစ္စပေါ့။ နိုင်ငံရေးသမားတွေက ဒီဟာကို မြင်ရမှာလေ။ နိုင်ငံရေးလုပ်တယ်ဆိုတာ သူတို့ဒေသ ကိုယ်စားပြုတဲ့လူထု ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ တိုးတက်အောင် လုပ်ပေးတာ နိုင်ငံရေး။ ဆိုတော့ ဦးသိန်းထွန်း လုပ်နေတာ ရွှေဘိုနယ်ဖက်မှာလို့ကြားတယ် ဟုတ်ပါသလား။ အဲဒီနယ်ဖက်က နိုင်ငံရေးသမားတွေ အဲဒီနယ်ဖက်က ပြည်သူတွေရဲ့  မဲကိုယူပြီးတော့ လွှတ်တော်တက်နေတဲ့ လွှတ်တော်အမတ်တွေက ဘာလုပ်နေကြသလဲ။ ဒီကိစ္စကို သူတို့ဘာမှ မလုပ်ဘူးလား။

ဦးသိန်းထွန်း ။ ။ ဟုတ်ကဲ့။ သူတို့ လွှတ်တော်တက်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်တက်နေရုံပဲလား။ သူတို့ ဘာကို အဓိကထားကြပါသလဲ။ ကျေးလက်ပြည်သူတွေနဲ့ တွေ့တဲ့အခါ သူတို့က လူထုအခက်အခဲ၊ လူထု လိုအပ်ချက်တွေကို တဆင့်ယူပြီးတော့ လွှတ်တော်ကနေ အထက်ကို တင်ပြပေးတာတွေ၊ ဘာတွေ မကြားဘူးလား။

ဦးသိန်းထွန်း ။ ။ အခုထိတော့ ကျေးလက်ပညာ ပံ့ပိုးရေးခေါင်းစဉ်ကို ကျနော် လွှတ်တော်ထဲမှာ မကြားမိသေးပါဘူး။ တခြားပညာရေးတွေတော့ ပြောဆိုနေတာတွေ ရှိတာပေါ့လေ။ ရှိပေမယ့် ကျေးလက်ဟာ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း ၇၅% အထက် နေထိုင်တဲ့ ဧရီယာဖြစ်တယ်။ အဲဒီ နယ်ပယ်အတွင်းက မျိုးဆက်သစ်လူငယ်တွေဟာ အတွေးအခေါ် တပ်ဆင်ခြင်း၊ နည်းပညာ တပ်ဆင်ခြင်းကို မခံစားရတဲ့အတွက် ရှေ့ ဘိုးဘွားဘီဘင်တွေရဲ့  အတွေးအခေါ်အောက်မှာပဲ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဒါတွေကို အမှန်မှာ လွှတ်တော်။ ဒါမှမဟုတ်ရင် တကယ့် နိုင်ငံရေးသမား၊ လုပ်ရည်ကိုင်ရည် မြင့်မားသူတွေ။ အဲဒီလူတွေက ဒီလူငယ်တွေကို မှန်ကန်တဲ့ ဦးဆောင်မှုတွေ ပေးပြီးတော့ ကိုယ်သန်ရာသန်ရာနည်းနဲ့ ဝိုင်းဝန်းပံ့ပိုးပေးမယ်ဆိုရင် မြန်မာနိုင်ငံ အနာဂတ်ဟာ လူသားအရင်းအမြစ်တန်းဖိုးကို ထိထိရောက်ရောက် သုံးနိုင်တဲ့ တန်းဖိုးတွေ ရရှိလာပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပထွက်လာတုန်းကလည်း ကြားရတယ်။ မြန်မာနိုင်ငံမှာ tertiary education မဟုတ်ဘူးပေါ့။ အလယ်တန်းပညာလောက် သင်ပြီးတော့ လူငယ်တွေက အလုပ်လက်မဲ့ ဘာလုပ်ရမှန် မသိဖြစ်နေတယ်။ သူတို့ကို အသက်မွေးဝမ်းကြောင်း ပညာရေးသင်ပေးဖို့က အရေးကြီးတယ်။ ဒါကို ဦးစားပေးလုပ်ရမယ်ဆိုပြီးတော့ နိုင်ငံတကာက အကူအညီတောင်းတယ်။ သူကိုယ်တိုင်လည်း ဒါကို စိုက်လိုက်မတ်တပ် ပြောနေတာကိုလည်း တွေ့ပါတယ်။ ဆိုတော့ သူတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါကို ဘယ်လောက်လုပ်နေတာကို တွေ့ရပါသလဲ။

ဦးသိန်းထွန်း ။ ။ အခုထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ လုပ်နေတဲ့ ပညာရေးနဲ့ ပတ်သက်လို့ လုပ်နေကြတာတော့ ကြားရပါတယ်။ သူတို့တွေ နှီးနှောဖလှယ်ပွဲတွေလုပ်တယ်။ ပြီးတော့ ပညာရေးနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးတွေ ကြိုးစားတယ်။ နောက် အခုန ပြောနေတဲ့ ပညာရေးခံစားခွင့်၊ ပညာရေးနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့်နည်းပါးတဲ့ သူတွေကို ကူညီတဲ့ အစီအစဉ်တွေလည်း သူတို့မှာ ရှိပါတယ်။ အဲဒါတွေကတော့ ကျနော် အခုသိသလောက်တော့ အင်အားစုက မြို့ တော်နဲ့ မြို့ ပြ နှုတ်ခမ်းစပ်ဒေသတွေ။ အဲဒီလောက်အထိတော့ သူတို့ရောက်ပါတယ်။ ဟိုကျေးလက်ဒေသအတွင်းကိုတော့ ထိထိရောက်ရောက် ခြေမချနိုင်သေးဘူးလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးသိန်းထွန်း အခုလှုပ်ရှားဆောင်ရွက်နေတဲ့ နယ်ဆိုတာ မြန်မာနိုင်ငံ ကျေးလက်တွေကို ကြည့်မယ်ဆိုရင် ဝေးလံခေါင်းပါးတဲ့ ကျေးလက်တွေကတော့ ပိုဆင်းရဲတာပေါ့။ ပြည်မအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရွှေဘိုဟာ စိုက်ပျိုးရေးထွက်ကုန်တွေ ပေါပေါများများထွက်တဲ့ ကျေးလက်မှာလည်း ဘယ်အဆင့်လောက်မှာရှိတဲ့ ကျေးလက်လို့ ဆိုရမလဲ။ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်လား။ သို့တည်းမဟုတ် အဆင့်မြင့်တဲ့ ကျေးလက်လို့ ဆိုနိုင်မလား။

ဦးသိန်းထွန်း ။ ။ ကျနော်တို့က မြန်မာနိုင်ငံတခုလုံးနဲ့ ကြည့်မယ်ဆိုရင်တော့ တကယ်ကို ကျနော်တို့ထက် ပိုပြီးတော့ တကယ်ကို သနားစရာကောင်းလောက်အောင် ခြွတ်ခြုံကျနေတဲ့ နယ်ပယ်တွေ ရှိပါတယ်။ အဲဒါတွေကတော့ တိုင်းရင်းသားနယ်ပယ်တွေ၊ တောင်တန်းနေပြည်သူတွေပေါ့။ ဒါပေမဲ့ ကျနော်တို့ အခုလက်ရှိ လုပ်နေတဲ့ ရွှေဘိုဆိုလည်း ကျနော် လက်ရှိလုပ်တဲ့ မအူပင်ဆိုတဲ့ရွာဟာ ရွှေဘိုမြို့ ကနေ (၁၇) မိုင်ဝေးတယ်။ မူးမြစ်ကမ်းဘေးမှာ ရွှေဘိုမြို့ နယ်နဲ့ ဒီပဲယင်းမြို့ နယ်စပ်။ အဲဒီနယ်စပ်မှာ ဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကြောင့် တကယ်တော့ မြို့ ပြဧရီယာအတွင်းမှာနေပြီး လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းလွန်တဲ့အတွက် ဒီနေရာတွေဟာ တကယ့်ကို အခုနပြောတဲ့ တောင်တန်းနေဘဝလိုပဲ ခေါင်နေပါတယ်။  ပြီးတော့ အခြေအနေ ဘက်ပေါင်းစုံဟာ ညံ့ဖျင်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော် သိချင်တာက ရွှေဘိုနယ်ဘက်မှာ ခလေးတွေ မူလတန်းပညာကို ဆုံးခန်းတိုင်အောင် သင်နိုင်တဲ့ ခလေးတွေ။ ခလေးအားလုံး သင်နိုင်ပါသလား။ သို့မဟုတ် drop out မူလတန်းပညာတောင် ဆုံးအောင်မသင်နိုင်ဘဲနဲ့ မိဘတွေရဲ့  ရိုးရာလယ်ယာလုပ်ငန်းတွေအတွက် ကျောင်းကထွက်သွားရတာတွေ ဘယ်လောက်များရှိတယ် ထင်ပါသလဲ။ အဲဒါကို အကြမ်းမျဉ်း သိချင်ပါတယ်။

ဦးသိန်းထွန်း ။ ။ အကြမ်းမျဉ်း ပြောရမယ်ဆိုရင်တော့ ကျနော် တာဝန်ယူနေတဲ့ဒေသ။ အဲဒီဒေသမှာ ရှိနေတဲ့ မူလတန်းကျောင်းတွေ ရွာတွေမှာ ရှိပါတယ်။ ရှိပေမယ့် အဲဒီ မူလတန်းကျောင်းမှာ ရှိနေတဲ့ ကျောင်းသားရဲ့  (၆၅%) ဝန်းကျင်လောက်သာ ရှေ့ ဆက် အလယ်တန်းကျောင်းကို တက်နိုင်တယ်။ အလယ်တန်းကျောင်းမှာတခါ အထက်တန်းကျောင်းကို တက်ဖို့လို့ (၅၀%) လောက်က ပြုတ်ကျသွားတယ်။ ဆိုလိုတာက ဒီ ပညာသင်ရမယ့်အရွယ် အဲဒီခလေးတွေဟာ အခုနပြောတဲ့ ၆၀% ဝန်းကျင်လောက်ဟာ ကျောင်းစာသင်ခန်းတွေရဲ့ ဘေး။ ကျောင်းပရိဝုဏ်ဘေးကို ရောက်သွားပါတယ်။ ရောက်ပြီးတော့ သူတို့တွေက မိဘတွေနဲ့ ဒိုးတူဘောင်ဖက် လယ်ယာကိုင်ကျွန်း တဖက်ကလုပ်သလို၊ ကျန်အချိန်ပိုတွေမှာ သူတို့ဟာ အခုနပြောတဲ့ ထင်ရာစိုင်း ဒီလိုဖြစ်နေတဲ့အတွက် ကျနော့် ကျေးလက်ပံ့ပိုးပညာကျောင်းမှာ အဲဒီလို လူငယ်တွေကိုခေါ်ပြီး ဘာသာစကားသင်တယ်။ ပြီးရင် အခုန တတ်သင့်တတ်အပ်တဲ့ နည်းပညာတွေသင်တယ်။ ပြီးရင် ရန်ကုန်တို့၊ ပတ်ဝန်းကျင်က ဟောပြောပို့ချနိုင်သူတွေကိုခေါ်ပြီး သူတို့တွေနဲ့ ဟောပြောပို့ချတဲ့သင်တန်းတွေ လုပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးသိန်းထွန်းတို့ သင်ပေးနေတဲ့ သင်ရိုးညွှန်းတမ်းတွေဟာ အစောက ဦးသိန်းထွန်းပြောတဲ့ ရိုးရာအစဉ်အလာရဲ့  လွှမ်းမိုးမှုအောက်မှာပဲ သူတို့ဘဝဟာ နစ်မွန်းသွားခဲ့တယ်။ အဲဒီတော့ ၂၁ ရာစု တော်တော်လေး ဝင်လာခဲ့ပြီးဖြစ်တယ်။ ခေတ်သစ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရမယ့်အချိန် အဲဒီလို အတွေးသစ်၊ အမြင်သစ်တွေနဲ့ အံ့ဝင်ခွင်ကျတဲ့ ပညာရေး။ ရိုးရာမှာ ကောင်းတာလည်း ရှိမှာပေါ့၊ ပယ်သင့်တာလည်း ရှိမှာပေါ့။ အဲဒါတွေကို ပြုပြင်ပြီးတော့ စနစ်တကျရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေကော ရှိပြီလား။

ဦးသိန်းထွန်း ။ ။ အဲဒီအဆင့်အထိ လက်ရှိအခြေအနေမှာ မရှိသေးပါဘူး။ မရှိသေးတဲ့အတွက် အခုသွားလာနေတဲ့ ခရီးမှာ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်၊ စိတ်တူကိုယ်တူ ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။ တိုင်ပင်ပြီး ပြည်တွင်းမှာရှိတဲ့ ကျနော်တို့နဲ့ ဝါသနာတူ လုပ်ဖော်ကိုင်ဖက်တွေ။ ဒီပြည်ပမှာ ရှိနေတဲ့ ပညာရှင်အဆင့်စကာစ ကျနော်တို့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ကျနော်ရဲ့  ကျေးလက်ပညာ ပံ့ပိုးရေးနဲ့ ပတ်သက်တဲ့ ကျနော်မှာရှိတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ။ အဲဒီ အခက်အခဲတွေထဲမှာ အခုနပြောတဲ့ သင်ရိုးညွှန်းတမ်းလိုဟာမျိုးကအစ ကျနော်တို့ လက်ရှိ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို တင်ပြတယ်။ ဝိုင်းဝန်ကြံစည်းလုပ်ကိုင်ကြဖို့။ ဒီဥစ္စာကတော့ နေ့ချင်းညချင်း ဖြစ်မှာမဟုတ်သေးပါဘူး။ ကျနော်တို့ နည်းနည်းအချိန်ယူပြီး ကြိုးစားယူရပါမယ်။

ဦးကျော်ဇံသာ ။ ။ ဒီလိုမျိုး သင်ရိုးညွှန်းတမ်းဆွဲတယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာလည်း ကြားတယ်။ တခါ မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနကလည်း လုပ်တယ်ကြားပါတယ်။ အဲဒီလုပ်ငန်းတွေနဲ့ကော ဦးသိန်းထွန်းတို့ ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

ဦးသိန်းထွန်း ။ ။ ကျနော့်အနေနဲ့ ပြောကြစို့ဆို NLD ဒါမှမဟုတ် အစိုးရ အဲဒီလို ပညာရေးအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆောင်ရွက်တာ တိတိကျကျကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ ဒေါက်တာသိန်းလွင်ရဲ့  ပညာရေးအစီအစဉ်နဲ့တော့ ကျနော့်နဲ့ အဆက်မပြတ် ထိတွေ့နေပါတယ်။ ကျနော့်ကျောင်းက ဆရာမလေးတွေဆိုရင် ဒေါက်တာသိန်းလွင်ရဲ့  မဲ့ဆော့မှာရှိတဲ့ သင်တန်းအထိ ရွှေဘိုကနေ ရောက်အောင်ပို့ပြီး သင်တန်းကိုခံယူပါတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရနဲ့ကော ။

ဦးသိန်းထွန်း ။ ။ အစိုးရနဲ့ကြတော့ ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်က ၉၈ ခုနှစ်အထိ ထောင်ကျနေတဲ့လူဖြစ်တယ်။ ၉၈ မှာ ထောင်ကလွတ်ပြီး ၉၉ မှာစပြီး လုပ်ခဲ့တဲ့ ကျနော့်ကျောင်းဟာ အဲဒီအချိန်အထိ နိုင်ငံရေး ပွင့်လင်းမှု မရှိသေးပါဘူး။ နိုင်ငံရေးပွင့်လင်းမှု မရှိတဲ့အတွက် ကျနော် လုပ်တဲ့အလုပ်ကို ကျနော့်ရဲ့  လက်ရှိနံမည် သိန်းထွန်းဆိုတာနဲ့ မလုပ်ဘဲ။ သက်အောင်ဆိုတဲ့ နံမည်နဲ့ ဒီကျောင်းကို ဖွင့်ခဲ့ရတာဖြစ်ပါတယ်။ ကျနော် ကြိုးစားခဲ့ရတယ်။ ဒီအတွက်ကြောင့်မို့ အစိုးရနဲ့ ပတ်သက်တဲ့ ပံ့ပိုးကူညီမှုကို လာမယ့် အစိုးရသစ်ခေတ်မှာတော့ ဘယ်နှစ်ဘယ်ကာလတော့ မသိဘူး။ တချိန်ချိန်တော့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။(VOA)မြန်မာ
Read More...

Facebook Like Page