Showing posts with label အားကစားသတင်းများ. Show all posts
Showing posts with label အားကစားသတင်းများ. Show all posts

Friday, June 19, 2015

မြန်မာ့လက်ရွေးစင် အ သင်း များ တွင် ဝတ် ဆင် သည့် ကျော နံ ပါတ် (၁၂) ဂျာစီကို ပရိသတ်များ အတွက် ပေးရန် မြန်မာ ဘောလုံး ပရိသတ်များကMFF သို့ တောင်း ဆို

Leave a Comment
မြန်မာ့လက်ရွေးစင် အ သင်း များ တွင် ဝတ် ဆင် သည့် ကျော နံ ပါတ် (၁၂) ဂျာစီကို ပရိသတ်များ အတွက် ပေးရန် မြန်မာ ဘောလုံး ပရိသတ်များကMFF သို့ တောင်း ဆို

ရန်ကုန် ဇွန် ၁၈

မြန်မာဘောလုံး ပရိသတ်များသည် မြန်မာ့ လက်ရွေးစင် အသင်းများတွင်  ဝတ်ဆင်ကစား လေ့ရှိသည့် ကျောနံပါတ် (၁၂) ဂျာစီကို ၎င်းတို့အား  ပြန်လည် ဂုဏ်ပြုသည့် အနေဖြင့်  ပေးရန် တောင်းဆိုမှု တစ်ရပ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် သို့  စာဖြင့် တင်ပြလာ ခြင်းများ ရှိနေကြောင်း သိရသည်။

၂ဝ၁၄   ခုနှစ်နှင့် ၂ဝ၁၅  ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဘောလုံးပွဲစဉ်များကို မြန်မာ ပရိသတ်များ အနေဖြင့် တစ်ခဲနက် အစဉ်အမြဲ အားပေးခဲ့ခြင်းကြောင့် မီဒီယာများ အနေဖြင့် ပရိသတ်များ အား မြန်မာဘောလုံး အသင်းများ၏ ၁၂ဦးမြောက် ကစားသမားအဖြစ် တင်စား ပြောဆို လာခဲ့ရာ ယခုအခါ မြန်မာ ဘောလုံး ပရိသတ်များက မြန်မာဘောလုံး အသင်းများတွင် ပါရှိသည့် ကျောနံပါတ် (၁၂)ဂျာစီကို ၎င်းတို့ အား ပြန်လည် ဂုဏ်ပြုသည့် အနေဖြင့် ကစားသမား များကို ပေးခြင်း မပြုဘဲ  ၎င်းတို့ကို ပေးရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ စာဖြင့် တင်ပြလာမှုများ ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

''ဒီလိုတင်ပြမှုက  စိတ်ကူးယဉ် ဆန်တဲ့ တင်ပြမှုတစ်ရပ် ဆိုပေမယ့် အဖွဲ့ချုပ်အနေနဲ့ မြန်မာဘောလုံးချစ် ပရိသတ်တွေရဲ့ အားပေးမှု၊ စည်းကမ်း သေဝပ်မှုနဲ့ ယဉ်ကျေးမှု အစရှိတဲ့ အပြုအမူတွေ အပေါ်မှာ ပြန်လည်လေးစားတဲ့ အနေနဲ့  အဖွဲ့ချုပ် ဥက္ကဋ္ဌကို တင်ပြပြီး တစ်ခုခုပြန်လည် ပုံဖော်ပေးဖို့ ကြိုးစားသွားပါ့မယ်။ ဒါပေမဲ့ အကောင် အထည်ဖော် နိုင်ဖို့အတွက်ကတော့ အတည်မပြုနိုင် သေးပါဘူး''ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီမံ ဒါရိုက်တာ ဦးစိုးမိုးကျော် က ပြောကြားသည်။                       

မြ၀တီ..
ကျော်ကိုဆင့်

တင်ဆက်.ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

Read More...

Thursday, February 20, 2014

စိုးစံ(လေထိုး၊ကျွတ်ဖာ နှင့် ရေးဆေးခုံသို့လှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ…ဆိုင်ကယ်ဘီးဖာမှုတွေကိုလည်း သွတ်လက်မြန်ဆန်သေသပ်မှုနှင့်(500/ကျပ်)။ ဆိုင်ကယ်ရေဆေးကို(ရေဆေး၊ကစ်တိုက်၊ဆီဖျန်း၊ လေချိန်၊ချန်းတင်း၊ဆီထိုး အပြီးကိုလည်း(1000/ကျပ်)

Leave a Comment


သူငယ်ချင်းတို့ရေ ပြည်မြို့ စစ်ကဲလမ်း အ.ထ.က(၁)ကျောင်း ကျောက်တိုင်ကွင်းရှေ့တွင်ရှိသော
စိုးစံ(လေထိုး၊ကျွတ်ဖာ နှင့် ရေးဆေးခုံသို့လှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ…ဆိုင်ကယ်ဘီးဖာမှုတွေကိုလည်း
သွတ်လက်မြန်ဆန်သေသပ်မှုနှင့်(500/ကျပ်)။ ဆိုင်ကယ်ရေဆေးကို(ရေဆေး၊ကစ်တိုက်၊ဆီဖျန်း၊ လေချိန်၊ချန်းတင်း၊ဆီထိုး အပြီးကိုလည်း(1000/ကျပ်) နဲ့ မိတ်ဆွေတွေအားလုံးကို ချိုသာသောနူန်း၊ပျူငှာသော ဆက်ဆံမှုတိုံအပြင် စေတနာများပါအလုပ်အပေါ်ထားရှိထားခြင်းကြောင့် ကဲဆိုင်ကယ်နဲ့ပတ်သက်ရင်တော့ စိုးစံ ကိုသာသတိရလိုက်ကြပါခင်ဗျာ.ဆက်သွယ်ရန်…0942367080…..ကိုသက်ဆက်သွယ်လိုက်ပါခင်ဗျာ…
Read More...

Friday, October 25, 2013

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် ထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား)ကွင်းဖွင့်ဘောလုံးပြိုင်ပွဲကျင်းပခဲ့

Leave a Comment


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် ထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား)ကွင်းဖွင့်ဘောလုံးပြိုင်ပွဲကျင်းပခဲ့
*********************************************

အဆိုပါပြိုင်ပွဲကို (၂၅.၁၀.၂၀၁၃)ရက်နေ့ မှာ ကျင်းပပြုလုပ်သွားကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား)ကွင်းဖွင့်ပွဲကြီးကို အခမ်းအနားအစီအစဉ်(၇)ခုဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား) ဘောလုံးပြိုင်ပွဲ၏ ရည်ရွယ်ချက်ကတော့ ...

ထမ္မကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကွင်းဖွင့်ဖလား ၂၀၁၃/၂၀၁၄ မိုးရာသီဘောလုံးပြိုင်ပွဲများအားဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ စစ်မှန်သော အားကစားစိတ်ဓါတ်ဖြင့် လူငယ်လူရွယ်များ တစ်ဦး နှင့် တစ်ဦး မိုမိုရင်း နှင်းကျွမ်းဝင်စေရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စနစ်တကျ အဆိုပါလူငယ်လူရွယ်များမှ ၀ိုင်းဝန်းပူးပေါင်းပါဝင်ကူညီနိုင်ရေး မြန်မာ့အားကစားတစ်ခုဖြစ်သော ဘောလုံးပညာရှင်များမွေးထုတ်ပေးနိုင်ရေးတို့ကိုရည်ရွယ်၍ ကျင်းပပြုလုပ်သွားသည်ဟု သတင်ရရှိခဲ့ပါသည်။ မှတ်ချက်..အဆိုပါသတင်းကို ပေးပို့ပေးပါသော ထမ္မကောက်အုပ်စုနေ ကိုစည်သူ အားပြည်သတင်းမှ ကျေးဇူးအထူးပင်တင်မိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။ ။ပြည်သတင်း....
Read More...

ပြည်မြို့က BURMA-၀င်းမောင်(ဘောလုံး)သမားဟာင်းကြီးကို ပြစ်မထားသင့်ပါ

Leave a Comment


                                 ပြည်မြို့က BURMA-၀င်းမောင်(ဘောလုံး)သမားဟာင်းကြီးကို ပြစ်မထားသင့်ပါ
**********************************************
မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက်ရွှေခေတ်ဘောလုံးသမားများ၏အကြံဥာဏ်ရယူသင့်
သည်ဟုရွှေခေတ်ရှေ့တန်းကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသူ-ဦးဝင်းမောင်မှဆိုပါသည်။
သူသည်-အခုတွင်ပြည်မြို့-အောင်ဆန်းပြည်သာယာကွပ်သစ်တွင်-တပ်ကရသည့်ပင်စင်လေးနင့် နောက်တပ်လူငယ်အားကစား-များကိုဘောလုံးပညာသင်ပေးရင်းနေထိုင်နေခဲပါသည်။
ရွှေခေတ်မြန်မာ့နိုင်ငံလက်ရွေးစင်ဘောလုံးအသင်း၏ရှေ့တန်းကစားသမားတစ်ဦးဖြစ်သူဗိုလ်ကြီးဝင်း
မောင်(အငြိမ်းစား)ကမြန်မာဘောလုံးလောကတိုးတက်ရေးအတွက်ရွှေခေတ်ဘောလုံးသမားများ၏အ
ကြံဥာဏ်ရယူသင့်သည်ဟုသတင်းဌါနမှတဆင့်ပြောကြားခဲ့သည်။

“ရွှေခေတ်ဘောလုံးသမားတွေထဲကအသက်ရှင်ရက်ကျန်ခဲ့တဲ့လူတွေကိုဆက်သွယ်ရမယ်။လိုအပ်
ချက်တွေဖြည့်ဆည်းဖို့အကြံဥာဏ်တောင်းရမယ်။နိုင်ငံတကာပွဲကစားမယ်ဆိုရင်အသင်းအဆင့်မှီမမှီ
အောင်မြင်မှုရနိုင်မရနိုင်ဒီလူတွေနဲ့ခန့်မှန်းခိုင်းပြီးပြင်ဆင်သင့်တာကိုအကြံဥာဏ်တောင်းရမယ်။”ဟု၎င်းကဆိုသည်။

ဦးဝင်းမောင်သည်မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ၁၉၆၉၊၁၉၇၁၊၁၉၇၃၊ကျွန်းဆွယ်ပြိုင်ပွဲရွှေတံဆိပ်ဆုသုံးကြိမ်၊၁၉၇၀ခုနှစ်အာရှဖလားပြိုင်ပွဲတွင်ေ၇ွတံဆိပ်ဆု၊၁၉၇၀ခုနှစ်တွင်မာဒေးကားပြိုင်ပွဲငွေတံဆိပ်ဆု၊၁၉၇၁ခုနှစ်မာဒေးကားပြိုင်ပွဲရွေတံဆိပ်ဆု၊၁၉၇၃ခုနှစ်မာဒေးကားပြိုင်ပွဲကြေးတံဆိပ်ဆု၊၁၉၇၉ခုနှစ်ကိုးရီးယားဖလားပြိုင်ပွဲရွေတံဆိပ်ဆုများ၇၇ှိခဲ့သည်။

ထိုအပြင်၁၉၇၁၊၁၉၇၃၊၁၉၇၄၊၁၉၇၅ခုနှစ်ဂျကာတာပြိုင်ပွဲရွေတံဆိပ်ဆုသုံးကြိမ်၊၁၉၇၂ခုနှစ်အာ၇ှ(၂)ဇုံအိုလံပစ်ခြေစစ်ပွဲရွှေတံဆိပ်ဆု၊၁၉၇၂ခုနှစ်မြူးနစ်အိုလံပစ်ပြိုင်ပွဲအသန့်ရှင်းဆုံးဆု၊၁၉၇၂၊၁၉၇၃မြောက်ကိုရီးယားသမ္မတဖလားပြိုင်ပွဲရွေတံဆိပ်ဆုနှစ်ကြိမ်၊၁၉၇၃ခုနှစ်ထိုင်းဘုရင့်ဖလားပြိုင်ပွဲအသန့်ရှင်းဆုံးဆုများရရှိခဲ့ကြောင်းသိရပါသည်။

၎င်းအပြင်မြန်မာလူငယ်အသင်းနှင့်လည်းရွှေတံဆိပ်နှစ်ခု၇၇ှိခဲ့ပြီးစုစုပေါင်းနီုင်ငံတကာပြိုင်ပွဲများ၌ဆုတံဆိပ်(၁၉)ခုရ၇ှိခဲ့သည့်ကမ္ဘာကျော်ဘော်လုံးသမားပီလီနှင့်အသက်တူရွှေခေတ်ကဂိုးအများဆုံးသွင်း
သောခေါင်းတိုက်အကောင်းဆုံးရှေ့တန်းအလယ်လူတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်းသိရပါသည်။

မြန်မာဘောလုံးအသင်းတိုးတက်ရေးအတွက်အသက်ရှင်ကျန်ရှိသောလက်ရွေးစင်ဘောလုံးသမားများ
ဟောင်းကြီးများဖြစ်သည့်ရဲညွန့်၊တင်ကြည်၊စပ်သီး၊အေးမောင်ကြီး၊စံအေး၊မျိုးဝင်းညွန့်၊ကျော်သောင်း၊တင်အေး၊တင်အောင်၊မြင့်ကြူး၊ဘပု၊ခင်မောင်လေးထားဝယ်စိန်ဝင်း၊ဗဟာဒူး၊ဦးအောင်ရှိန်(နည်းပြ)တို့ထံမှအကြံ ဥာဏ် တောင်းခံသင့်ကြောင်း၎င်းမှပြောသည်။

“ဒီလူတွေကိုနည်းပြခိုင်းဘို့မဟုတ်ဘူး။ဒီလူတွေကိုအစောကြီးကတည်းကသုံးသပ်ခိုင်းဖို့ခေါ်ထားသင့်တယ်။လိုအပ်ချက်တွေကိုအကြံပေးဖို့အနီးကပ်ခေါ်ထားရမှာ။ဒီလူတွေဘယ်လောက်ကစားခဲ့တယ်ဆိုတာနဲ့အားကစားပညာရှင်တွေဖြစ်တယ်ဆိုတာမှတ်တမ်းတွေရှိတယ်။လိုအပ်ရင်ခေါ်သုံးရမယ်။”ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဧပြီလ(၅)ရက်နေ့တွင်ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းမိုးလုံလေလုံခန်းမတွင်နိုင်ငံဂုဏ်ဆောင်အားကစားသမားများဂုဏ်ပြုပွဲပြုလုပ်ခဲ့ပြီးဦးဝင်းမောင်မှာဂုဏ်ပြုငွေနှစ်သိန်းရရှိခဲ့ကြောင်းသိရပါသည်။

အဆိုပါပွဲတွင်အားကစားဒုဝန်ကြီးဦးသောင်းထိုက်ကမြန်မာလက်ရွေးစင်ဘောလုံးအသင်းကိုလာရောက်လေ့လာနိုင်သည်ဟုပြောခဲ့သော်လည်းကုန်ကျစရိတ်မတတ်နိုင်ကြောင်း၎င်းကပြောပါသည်။

“ကိုယ့်စားရိတ်နဲ့ကိုယ်သွားရမှာ။ချမ်းသာတဲ့လူတွေမဟုတ်ဘူး။ဝန်ကြီးကလေ့လာနိုင်ပါတယ်လို့လက်အုပ်လေးချီပြီးပြောတယ်။ဦးတို့ကအသက်ကြီးတဲ့လူတွေမလို့။မြန်မာပြည်ဘောလုံးလောကတိုးတက်
ရေးအတွက်အားလုံးမှာတာဝန်ရှိပါတယ်။”ဟုဆက်လက်ပြောကြားသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏နည်းပြများရွေးချယ်ခန့်ထားရာတွင်ရွှေခေတ်လက်ရွေးစင်ဘောလုံးသမားများထံမှအကြံဥာဏ်ရယူသင့်ကြောင်းနှင့်၎င်းတို့ကိုနည်းပြများကြီးကြပ်ကွပ်ကဲသည့်တာဝန်ု
ပေးသင့်ကြောင်းဦးဝင်းမောင်ကပြောပါသည်။

“လေ့ကျင့်မှုလိုအပ်ချက်ကိုအကြံဥာဏ်ပေးချင်တယ်။ကစားတဲ့နေရာမှာလိုအပ်ချက်တွေရှိမယ်။ဒါတွေကိုဖြည့်စည်းပေးဖို့ကြံ့ခိုင်မှုသက်လုံနည်းပညာပိုင်းတိုက်စစ်ဆင်ရာတွင်ဂိုးသွင်းနိုင်မှုနည်းပရိယာယ်ဒီဟာတွေအားလုံးတစ်ကယ်ကမ္ဘာအဆင့်အိုလံပစ်အဆင့်သွားခဲတဲ့လူတွေသာနားလည်နိုင်မယ်။”ဟု၎င်းကပြောကြားခဲ့သည်။

နိုင်ငံခြားနည်းပြများဌါး၇မ်းခြင်း၊ဘောလုံးသင်တန်းများပို့ချပေးခြင်းနှင့်ပြည်တွင်းကလပ်အသင်းပြိုင်ပွဲ
များကျင်းပပေးခြင်းများပြုလုပ်နေသော်လည်းအောက်ခြေအဆင့်ဘောလုံးသမားများမွေးထုတ်နိုင်ခြင်းမရှိတော့ကြောင်း၎င်းကပြောသည်။

“ပြည်နယ်နဲ့တိုင်းမှာထူးချွန်တဲ့ဘောလုံးသမားတွေမထွက်တော့ဘူး။ပြိုင်ပွဲတွေမှာကြေးပေးပြီးအသင်း
တွေလုပ်ကစားတယ်။အမှန်တစ်ကယ်ကျေးရွာကနေပြီးမြို့နယ်၊ခရိုင်၊တိုင်းအဆင့်ဘောလုံးသမားတွေ
မွေးထုတ်ပေးရမယ်။ကျောင်းသားပွဲတွေလည်းလုပ်ပေးရမယ်။အခုမြို့ကြီးတွေမှာတောင်အဖြစ်လဲလုပ်
ကြတယ်။”၄င်းကဆက်လက်ပြောကြားခဲ့သည်။
ဦးဝင်းမောင်သည်ယခုအခါအသက်(၇၅)နှစ်ရှိပြီဖြစ်ပြီးကပစ(၅)စစ်တပ်ဘောလုံးအသင်း၏ နည်းပြအဖြစ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့်မြန်မာဘောလုံးအသင်းတိုးတက်ရေးအတွက်လုပ်ဆောင်လိုကြောင်း၎င်း၏ဆန္ဒကိုထုတ်ဖော်ပြောကြားလိုက်သည်။   ။ပြည်သတင်း  ...မှတ်ချက် အဆိုပါသတင်းကို သွားရောက်ယူပေးခဲ့သော ကိုသန်းထိုက်အောင်(ခ)ကိုဗရှီး အားပြည်သတင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။...
Read More...

Friday, September 13, 2013

ထိုင်းကရာတေးဒို ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ရွှေ(၇)ခုရ

Leave a Comment



ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ စက် တင်ဘာ ရရက်မှ ၁ဝရက်အထိ ကျင်းပခဲ့သည့် ဘန်ကောက်အိုး ပင်း ကရာတေးဒို ချန်ပီယံရှစ် ၂၀၁၃ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ရခု၊ ငွေ ၃၊ ကြေး ၆ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရ သည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ခတတစ်ဦးချင်းပြိုင်ပွဲ၊ အသင်း လိုက်ပြိုင်ပွဲ အမျိုးသား၊ အမျိုး သမီးနှင့် ကုမိတဲ့တစ်ဦးချင်းပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲ အမျိုးသား၊အမျိုးသမီးပြိုင်ပွဲများတွင် ပြိုင်ပွဲ ဝင်ခဲ့ပြီး ခတအမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် ရီနွယ်ထွန်းက ရွှေ တံဆိပ်၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် မင်းဟိန်းက ရွှေတံဆိပ် နှင့် အသင်းလိုက်ပြိုင်ပွဲတွင် အမျိုး သား၊ အမျိုးသမီး ရွှေတံဆိပ်ဆွတ် ခူးနိုင်ခဲ့သည်။
အမျိုးသမီး ကုမိတဲ့တစ်ဦး ချင်းပြိုင်ပွဲတွင် (-၅ဝကီလို)တန်း တွင် အေပရီဖောက ရွှေတံဆိပ်၊ (-၆၁ကီလို)တန်းတွင် နွေးနွေး ဇော်ဝင်းက ရွှေတံဆိပ်၊ အမျိုး သားတစ်ဦးချင်း(-၈၄ကီလို)တန်း တွင် စောကျော်သူက ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။

အမျိုးသမီး ခတတစ်ဦးချင်း ပြိုင်ပွဲတွင် သဇင်အေးက ငွေတံ ဆိပ်၊ ကုမိတဲ့ တစ်ဦးချင်း (-၆၈ ကီလို)တန်းတွင် ပိုးအိဖြူက ငွေ တံဆိပ်၊ အမျိုးသားကုမိတဲ့(-၅၅ ကီလို)တန်းတွင် မြင့်မောင်မောင် ဟိန်းက ငွေတံဆိပ်ဆွတ်ခူးခဲ့သည်။

ကြေးတံဆိပ်များကို အမျိုး သားတစ်ဦးချင်း ခတပြိုင်ပွဲတွင် သက်ထွဋ်ဦးနှင့် ကျော်ကျော်ထွန်း ကလည်းကောင်း၊ အမျိုးသား ကုမိတဲ့ တစ်ဦးချင်းပြိုင်ပွဲတွင် (-၆၀ ကီလို)တန်းတွင် စံတိုးက ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် (-၅ဝကီလို)တန်းတွင် ဂျူစီတီးနား၊ (-၅၅ကီ လို)တန်းတွင် ဝင်းသူဇာမင်းနှင့် ခိုင်ခိုင်တင်တို့က ဆုတံဆိပ်အသီး သီး ရရှိခဲ့ကြောင်းသိရသည်။

ညီသစ်လူ၊ စက်တင်ဘာ(၁၁) ရန်ကုန်
Yangon Media Group

Read More...

Monday, September 2, 2013

၂ဝ၁၃ ယူအက်စ် အိုးပင်းတင်းနစ် ပြိုင်ပွဲ

Leave a Comment

၂ဝ၁၃ ခုနှစ် ယူအက်စ် အိုးပင်း တင်းနစ်ပြိုင်ပွဲကို သြဂုတ် ၂၆ရက်မှ စက်တင်ဘာ ၉ရက်အထိ ကျင်းပလျက် ရှိနေပြီ ဖြစ်သည်။ ယခု ပြိုင်ပွဲသည် (၁၃၃) ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး ယခုနှစ်အတွက် စတုတ္ထမြောက် ဂရင်းဆလင်း ပြိုင်ပွဲ ကြီး ဖြစ်သည်။ လက်ရှိ တစ်ဦးချင်း ချန်ပီယံ များမှာ အမျိုးသားပြိုင်ပွဲတွင် ဗြိတိန်မှ အန်ဒီမာရေးနှင့် အမျိုးသမီး ပြိုင်ပွဲတွင် အမေရိကန် ပြည်ထောင်စုမှ ဆရီနာ ဝီလျံတို့ ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပပြီး ၂ဝ၁၃ခုနှစ် ကမ္ဘာပတ်လည် တင်းနစ်ပြိုင်ပွဲ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲများနှင့် နှစ်ယောက် တွဲ ပြိုင်ပွဲများ ပါဝင်ပြီး အမျိုးသား၊ အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲများလည်း ပါဝင်သည်။ ထို့ပြင် အသက် ၁၈နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများ၊ မသန်စွမ်း လက်တွန်းလှည်း ကစားသမား များ၏ တင်းနစ် ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပသည်။

အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲကို မြေမာကွင်းတွင် ကျင်းပခြင်းဖြစ်သည်။ အဓိကတင်းနစ်ကွင်း သုံးခု အပါအဝင် တင်းနစ်ကွင်း ၁၇ ကွင်းတို့၌ ကျင်းပ ပြုလုပ်နေခြင်းဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲ တွင် နိုင်ခြေ အဆင့် (၁) ဖြင့် အမျိုးသား တွင် နိုဗက်ဂျိုကိုဗစ်၊ အမျိုးသမီးတွင် ဆရီနာဝီလျံတို့ သတ်မှတ်ခြင်းခံထားရ သည်။ နိုင်ခြေ အဆင့် ၁ မှ ၅ အတွင်း ရှိသူများမှာ အမျိုးသားတွင် ဂျိုကိုဗစ်၊ နာဒယ်လ်၊ မာရေး၊ ဖာရား၊ ဘာဒစ်ခ်ျ တို့ဖြစ်ကြပြီး အမျိုးသမီးနိုင်ခြေအဆင့် ၁ မှ ၅ အတွင်း ရှိသူများမှာ ဆရီနာဝီလျံ၊ အေဇာရန်ကာ၊ ရက်ဝမ်းစကား၊ အာရာနီ တို့ ဖြစ်ကြသည်။

နာမည်ကြီး တင်းနစ်မယ်များ ဖြစ်သော ရှာရာပိုဗာနှင့် ဘာတိုလီတို့မှာ ပြိုင်ပွဲမှ နုတ်ထွက် သွားကြသည်။ ရှာရာ ပိုဗာမှာ ဒဏ်ရာ ရရှိနေခြင်းဖြစ်ပြီး ဘာတိုလီမှာ တင်းနစ် လောကမှ အနားယူ သွားခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ပြိုင်ပွဲတွင်လည်း ဆွန်ကာ၊ ဆိုင်မွန်နှင့် ဆီလစ်တို့မှာ ဒဏ်ရာ ပြဿနာနှင့် ပွဲပယ် ပြဿနာ များကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။

သြဂုတ် ၂၆ရက်တွင် ကျင်းပသော ပြိုင်ပွဲများတွင် အမျိုးသား ပွဲစဉ်များ၌ နာမည်ကြီး တင်းနစ် သမားများ ဖြစ်သော ဗာဒက်စ်ကိုနှင့် ဂူးလ်ဘစ်တို့မှာ ပြိုင်ပွဲမှ နုတ်ထွက်သွားရပြီး သြဂုတ် ၂၇ရက် ပြိုင်ပွဲများ တွင်လည်း အမျိုးသမီး နာမည်ကြီး တင်းနစ်မယ်များ ဖြစ်သော စတိုဆာ၊ ဆီဘူကိုဗာ၊ ပက်ထရိုဗာတို့ ပြိုင်ပွဲမှ ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။ သြဂုတ် ၂၉ ရက် ပြိုင်ပွဲများတွင်လည်း နိုင်ခြေ အဆင့်ရှိ တင်းနစ်မယ်ဖြစ်သော အာရာနီ ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

အမေရိကန် အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ယခုနှစ်၌ ဆုကြေးငွေ ဒေါ်လာ ကိုးသန်း ထပ်မံတိုးမြှင့်ပြီး ဆုကြေးငွေ ဒေါ်လာ ၃၄ ဒသမ ၃ သန်းအထိ စံချိန်တင် ချီးမြှင့်မည်ဖြစ်သည်။ အမေရိကန် အိုးပင်း တင်းနစ် ပြိုင်ပွဲတွင် ချီးမြှင့်သည့် ဆုကြေး ငွေမှာ ဂရင်းဆလင်း ပြိုင်ပွဲကြီး အားလုံးတွင် အမြင့်ဆုံးဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း ဗိုလ်စွဲသူ များ အနေဖြင့် အမေရိကန် ဒေါ်လာ ၂ဒသမ ၆သန်း ရရှိမည်ဖြစ်ပြီး ဒုတိယ ရသူမှာ ဒေါ်လာ ၁ ဒသမ ၃ သန်းရရှိ မည်ဖြစ်သည်။ ထို့အပြင် အိမ်းမရိတ်လေကြောင်း လိုင်းမှ ထပ်ဆောင်းဆုကြေးငွေအဖြစ် ဗိုလ်စွဲသူများကို ဒေါ်လာ တစ်သန်း၊ ဒုတိယရ သူများကို ငါးသိန်းချီးမြှင့်မည် ဖြစ်သည်။ နှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်စွဲ သူများကို ဒေါ်လာ ၄၆ဝဝဝဝ နှင့် ကျား၊ မ နှစ်ယောက်တွဲ ဗိုလ်စွဲသူများကို ဒေါ်လာ ၁၅ဝဝဝဝ ချီးမြှင့်မည်ဖြစ်သည်။ လက်ရှိ အချိန်အထိ အမျိုး သားနိုင်ခြေ အဆင့် ၁ မှ ၁ဝအတွင်း ရှိသူများမှာ ပြိုင်ပွဲမှ ထွက်ခွာရခြင်း မရှိသေးဘဲ အမျိုးသမီး ပွဲစဉ်တွင် နိုင်ငံအဆင့် ၅ရှိ အီတလီမှာ ဆာရာ အာရာနီ တစ်ဦးတည်းသာ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသည်။
Read More...

မြန်မာ ယူ-၂၃ အသင်း လက်ရွေးစင် အသင်းကို ဂိုးပြတ်နိုင်

Leave a Comment

ရန်ကုန် စက်တင်ဘာ ၁

နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ရှိသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် (၄၁) ကြိမ်မြောက် မာဒေးကား ဖလား ဘောလုံး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ- ၂၃ အသင်းတို့သည် ယနေ့ ညနေ ၄နာရီက သုဝဏ္ဏကွင်းတွင် ခြေစမ်း ကစားရာ မြန်မာ ယူ-၂၃ အသင်းက ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းမှာ ပထမပိုင်းတွင် ကစားပုံ ထင်သလောက် မကောင်းခဲ့ သော်လည်း ဒုတိယ ပိုင်းတွင် ခြေစွမ်းပြ ကာ အနိုင်ဂိုးများ သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းမှာ ပထမ ပိုင်းတွင် အပြန်အလှန် ကစား နိုင်ခဲ့ပြီး ဒုတိယ ပိုင်းတွင် ကစားအား ကျခဲ့သောကြောင့် ဂိုးများ ပေးခဲ့ ရခြင်း ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်း ပွဲထွက် လူစာရင်းတွင် ကျော်ကိုကို၊ ကျော်ဇေယျာဝင်း၊ ဇော်မင်းထွန်းတို့ ပါဝင် လာသော်လည်း ကြည်လင်းနှင့် ကောင်းစည်သူတို့ကို ဒုတိယပိုင်းမှ အသုံး ပြုခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်းမှာလည်း ရန်ပိုင်၊ ခင်မောင်လွင်၊ ရာဇာဝင်းသိန်း၊ သီဟ စည်သူနှင့် ပိုင်စိုးတို့ဖြင့် လူစုံ ပါဝင်ခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းအတွက် အနိုင်ဂိုးများကို ၆၆ မိနစ်တွင် ကျော်ကိုကို၊ ၈၈မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် ကောင်းစည်သူတို့က သွင်းယူခဲ့ပြီး ဒုတိယဂိုးမှာ လက်ရွေးစင် နောက်ခံလူ ဇော်ဇော်ဦးက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်း ဖြစ်သည်။
Read More...

မြန်မာ-ထိုင်း နာမည်ကြီး လက်ဝှေ့ကျော်များ မန္တလေး၌ ထိုးသတ်မည်

Leave a Comment

ရန်ကုန် စက်တင်ဘာ ၁

မန္တလေးမြို့ရှိ အောင်မြေ မန္တလာ အားကစားကွင်း၌ စက်တင်ဘာ ၂၇ ရက်တွင် မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့ပွဲ ကျင်းပသွားမည် ဖြစ်ရာ ပရိသတ် အကြိုက် တွဲဆိုင်းအဖြစ် စောငမန်း (မြန်မာ)နှင့် ပါဝိ(ထိုင်း)တို့ ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့ပွဲတွင် တွဲဆိုင်း ခုနစ်ပွဲ ပါဝင်ပြီး ပြည်တွင်းတွဲဆိုင်း လေးပွဲနှင့် မြန်မာ- ထိုင်းတွဲဆိုင်း သုံးပွဲပါဝင်မည် ဖြစ် သည်။ ပြည်တွင်း တွဲဆိုင်းတွင် မိုးသီးနှင့် မိုးလက်သီး၊ လှစ်လှစ်လေးနှင့် မိုက်ရိုင်း၊ ဝဏ္ဏနှင့် ဝမ်းစတား၊ ဖိုးလပြည့်နှင့် ထက်အောင်ဦးတို့ ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်ပြီး မြန်မာ-ထိုင်း တွဲဆိုင်း သုံးပွဲတွင် စောငမန်း (မြန်မာ)နှင့် ပါဝိ(ထိုင်း)၊ သူရရဲအောင်(မြန်မာ)-ဝုချိုင်း (ထိုင်း)၊ ကျွဲကြီး(မြန်မာ) -ပါရိုက်(ထိုင်း) တို့ ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်ကြောင်း သိရသည်။

''ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ပွဲတွေဖြစ်မှာပါ။ တကယ်လည်း အကြိတ်အနယ် ရှိမယ်။ ပြီးတော့ စောငမန်းနဲ့ ပါဝိကလည်း တစ်ခါမှ မထိုးဘူးတဲ့ အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်မှာပါ'' ဟု ပွဲစီစဉ်သူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ကြိုးဝိုင်း လောကနှင့် နှစ်အနည်းငယ် ကင်းကွာနေသော နာမည်ကြီး လက်ဝှေ့သမား သူရရဲအောင်၏ ထိုးသတ်မှု အစွမ်းကို လည်း ပြန်လည်ကြည့်ရှု ခံစားရမည် ဖြစ်သည်။
Read More...

Sunday, August 25, 2013

မန်ယူအသင်း၏အရည်အချင်းအပေါ် မော်ရင်ဟိုဝေဖန်မှုအား အီဗန်နှင့် ဖာဒီနန်တုံ့ပြန်

Leave a Comment

မန်ယူ အသင်းနှင့်ချဲလ်ဆီးအသင်းတို့ သည်လာမည့် တနင်္လာနေ့တွင်ရင် ဆိုင်ကစားရတော့မည်ဖြစ်ပြီး ယင်းပွဲအပေါ် နှစ်ဖက်အသင်း အကြား စကားစစ်ထိုးမှုများ စတင်ပြုလုပ်နေကြပြီဖြစ်သည်။
ချဲလ်ဆီးနည်းပြမော်ရင် ဟိုက လက်ရှိမန်ယူအသင်းပုံစံမှာ ယမန်နှစ်က ပရီးမီးယားလိဂ်ဖလား ရယူခဲ့သည့် အရည်အချင်းမျိုး ကင်းမဲ့နေကြောင်း ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းအနေဖြင့် အဖွင့်ပွဲစဉ်တွင် ဆွမ်ဆီးအားနိုင် ခဲ့သော်လည်း အိမ်ရှင်၏ဖိအား ပေးခြင်းအောက်ရောက်နေခဲ့ခြင်း အပေါ် မော်ရင်ဟိုက သုံးသပ် ကာဝေဖန်ခဲ့ခြင်းဖြစ်သည်။ ယင်း ကဲ့သို့မော်ရင်ဟို၏ စကားစစ်ထိုး မှုအပေါ် မန်ယူနောက်ခံလူနှစ်ဦး ဖြစ်သူ ဂျွန်နီအီဗန်စ်နှင့်ဖာဒီ နန်တို့က တုံ့ပြန်ခဲ့ကြသည်။

ဂျွန်နီအီဗန်စ်က''ဒါကမော် ရင်ဟိုရဲ့စကားစစ်ထိုးမှုပါပဲ။ ဒါ ဟာ သူ့ရဲ့ ကျွန်တော်တို့အပေါ် စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုလာ လုပ်နေတာ ဖြစ်နိုင်ပါတယ်။ ကျွန် တော်တို့အနေနဲ့ သူ့စကားတွေ ကို အရေးထားနေစရာမလိုပါ ဘူး။ နည်းပြမိုယက်စ်က ရာသီ အစမှာ ရလဒ်ကောင်းကောင်းနဲ့ တာမထွက်နိုင်ရင်ဖိအားအောက် ရောက်နေ မှာဖြစ်တယ်။ သူဖိအား အောက်ရောက်လဲ ကျွန်တော် တို့က ထောက်ခံနေ မှာပါ''ဟု ပြောခဲ့သည်။

ထို့အပြင်အီဗန်စ်က မော် ရင်ဟိုအနေဖြင့်ချဲလ်ဆီးကိုတစ် ကျော့ပြန် လည်ရောက် ရှိလာခဲ့ပြီး နောက်၎င်း၏ပြုပြင်ပြောင်းလဲ မှုများ ကိုစောင့်ကြည့်ရမည်ဖြစ် ကြောင်း၊ ၎င်းပြုပြင်ပြောင်းလဲ မှုများအောက်တွင် ချဲလ်ဆီးအသင်း က အမှတ်ပေးချန်ပီယံဆုကိုပြန် လည်ရယူနိုင်မည် ဆိုခြင်းကိုနှစ် လခန့် စောင့်ကြည့်ရမည်ဖြစ် ကြောင်း ပြောခဲ့သည်။
မန်ယူအသင်း၏နောက် ခံလူ ဖာဒီနန်ကလည်း ချဲလ်ဆီး နှင့်ရင် ဆိုင်ရမည့်ပွဲမှာ သာမန် ပြိုင်ဘက်နှင့်ကစားရမည့်ပွဲဟု သာယူဆနေ
ကာ မြို့ခံပြိုင်ဘက် များဖြစ်သည့် မန်စီးတီး၊ လီဗာ ပူးနှင့်ပွဲစဉ်များက တခြားအသင်း များနှင့် ရင်ဆိုင်ရသည်ထက် ပိုမို ထူးခြားသည်သာဖြစ်ကြောင်း ပြောခဲ့သည်။

ထို့အပြင်ဘီဘီစီက တင် ဆက်နေသည့် ဘောလုံးခန့်မှန်း အစီအစဉ်တွင် ပရီးမီးယားလိဂ် ပွဲစဉ်(၂)အတွက် ရက်ဘီနာမည် ကျော် ကစားသမားဆမ်တွန် ကင်းစ်က မန်ယူအသင်းက ချဲလ် ဆီးအားရှစ်ဂိုးပြတ်အနိုင်ရမည်ဟု ဝင်ရောက်ခန့်မှန်းပေးခဲ့ရာ မော် ရင်ဟိုနှင့် ချဲလ်ဆီးပရိသတ်များ အတွက် မျက်မုန်းကျိုးစရာဖြစ် ခဲ့သည်။
Read More...

Saturday, August 24, 2013

အင်္ဂလန် U-21 အသင်း နည်းပြအဖြစ် ဂါးရက်သ်ဆောက်သ်ဂိတ်အား ခန့်အပ်

Leave a Comment




လန်ဒန် သြဂုတ် ၂၃

မစ်ဒဲဘရော့ မန်နေဂျာဟောင်း ဂါးရက်သ်ဆောက်သ်ဂိတ်အား အင်္ဂလန် U-21 အသင်းနည်းပြအဖြစ် သုံးနှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့သည်ဟု သိရသည်။

အသက် ၄၂ နှစ် အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ခံစစ်သမားဟောင်း တစ်ဦးဖြစ်သူ ဆောက်သ်ဂိတ်ကို အသင်း၏ နည်းပြအဖြစ်မှ ဇွန်လက နုတ်ထွက် သွားသူ ပတူးအက်ပီးယာ့စ်၏ နေရာတွင် အစားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဆောက်သ်ဂိတ်သည် အင်္ဂလန် အသင်းတွင် ကစားသမား တစ်ဦးဘဝဖြင့် ၅၇ ပွဲ ပါဝင်ကစားခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအခါ ထူးချွန်ထက်မြက်သော လူငယ် ကစားသမားများနှင့် လက်တွဲ လုပ်ကိုင်ရမည့် အရေးနှင့် ပတ်သက်၍ များစွာ စိတ်လှုပ်ရှား မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Read More...

မန်စီးတီး အသင်းမှ လူငယ် ကစားသမား ဒန်းနစ်ဆွာရက်ဇ် ဘာကာသို့ရောက်ရှိ

Leave a Comment



လန်ဒန် သြဂုတ် ၂၃

မန်စီးတီးအသင်းမှ လူငယ်ကစားသမား ဒန်းနစ်ဆွာရက်ဇ် ဘာစီလိုနာ အသင်းနှင့် အတိအကျ ဖော်ပြခြင်း မရှိသော ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ချုပ် ဆိုခဲ့ပြီးနောက် ယခုအခါ ဘာစီ လိုနာ B အသင်းသို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ ဆွာရက်ဇ်သည် စပိန်အသင်းအား ယခုနှစ်ရာသီ၏ FiFa U-20 ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် အပြင် မန်စီးတီး အသင်း၌ ကစားစဉ် လိဂ်ဖလား ပွဲစဉ်နှစ်ပွဲ၌ ပါဝင် ကစားခွင့် ရရှိခဲ့သူတစ်ဦး ဖြစ်သည်။
Read More...

ရတနာပုံ FC အသင်း နိုင်ငံခြား စပွန်ဆာ ရရှိရန် မျှော်လင့် ၊ယခုအချိန်အထိ အသုံးစရိတ် ငွေကျပ် သိန်း ရှစ်သောင်း သုံးစွဲထား

Leave a Comment




ရန်ကုန် သြဂုတ် ၂၃

မန္တလေးမြို့ အခြေစိုက် ရတနာပုံ FC အသင်းမှာ မြန်မာ နေရှင်နယ်လိဂ် စတင်ကျင်းပသည့် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ အသင်း၏ အထွေထွေ အသုံးစရိတ် အတွက် ငွေကျပ် သိန်း ရှစ်သောင်း အသုံးပြု ထားကြောင်း သိရသည်။

''ဆရာတို့ သိန်းရှစ်သောင်း အသုံးပြု ထားပြီးပါပြီ။ မကြာခင်ကမှ စာရင်း ချုပ်ထားတာပါ။ ကုန်ကျစရိတ်တွေ ရှိ နေပေမဲ့ ပြန်ရတာက ဘာမှ မရှိသလောက်ပါပဲ။ ကွင်းဝင်ကြေးနဲ့ ရင် ဘတ်စပွန်ဆာ လောက်ပဲ ရှိတယ်။

အသင်းက ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်။ ဝင်ငွေရမယ့် နည်းလမ်းတွေလည်း လုပ်ဆောင်နေ ပါတယ်။ အောင်မြေ မန္တလာ ကွင်းဘေးနားမှာ အိမ်ရာ တွေ ဆောက်လုပ်ဖို့လည်း စီစဉ်နေပါတယ်။ နိုင်ငံခြား စပွန်ဆာသုံးခုက သိန်းလေးထောင်နဲ့ ငါးထောင်ကြားမှာ ရပြီး ဆရာတို့ အမှတ်တံဆိပ်ကိုပါ ပံ့ပိုးလိုက်လျှင် တစ်နှစ်စာ အသုံးစရိတ် အတွက် အဆင်ပြေမှာပါ။ တစ်နှစ် ကုန်ကျငွေကလည်း သိန်း ၁၂ဝဝဝ နဲ့ ၁၁ဝဝဝ ကြားမှာရှိနေပါ တယ်။ နောက်ပိုင်း နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာရင် စပွန်ဆာ တိုးရဖို့ မျှော်လင့်ပါတယ်''ဟု အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒေါက်တာစိုင်း က လာမည့်နှစ်တွင် နိုင်ငံခြားကစား သမား ခေါ်ယူရေးနှင့် ပတ်သက်၍ ယတိပြတ် မပြောဆိုနိုင် သေးကြောင်းနှင့် အနာဂတ်တွင် မြန်မာလိဂ် ကလပ်များ အနေဖြင့် ပြည်ပ ကစားသမားများအား ဆက်လက် အားကိုး နေရဦးမည်ဟု သုံး သပ် ပြောကြားခဲ့သည်။

''လာမယ့်နှစ်မှာ နိုင်ငံခြား ကစားသမား ခေါ်ယူဖို့ ယတိပြတ် မဆုံးဖြတ် ရသေးပါဘူး။ ရတနာပုံ အသင်းက လူတွေကို အခြေခံတဲ့ အသင်း တစ်သင်း ဖြစ်စေချင်ပါတယ်။ နိုင်ငံခြားသားက သေချာ စိစစ်ပြီးမှ စဉ်းစားခေါ်ယူမှာပါ။ နိုင်ငံခြားသားနဲ့ ပတ်သက်လာရင် ကိုင်တွယ်လို့ မရတဲ့ အနုတ်လက္ခဏာတွေ အများကြီး တွေ့ရတယ်။ သည်းခံပြီး ငှား နေရတာပါ။ တကယ်တမ်းတော့ ကိုယ့်လူမျိုးကိုပဲ ဦးစားပေး ချင်ပါတယ်။ မြန် မာ အသင်းတွေ အနေနဲ့ AFC CUP မှာ အောင်မြင်မှု ရဖို့အတွက် နိုင်ငံခြားသား များအား မလျှော့ဘဲ ဆက်ပြီး ခေါ်ယူနေတာပါ။ အိမ်နီးချင်း နိုင်ငံတွေလည်း ဒီအတိုင်းပဲ၊ နိုင်ငံခြားသားတွေ အသုံး ပြုနေတုန်းပဲ''ဟု လွယ်ဟိန်း ကုမ္ပဏီ ဥက္ကဋ္ဌက သုံးသပ် ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အဆင့်ငါး ရရှိခဲ့သည့် ရတနာပုံ အသင်းကို ထိုင်းအားဖြည့် အချိုရည် M-150 မှ အင်္ကျီရင်ဘတ် စပွန်ဆာ အဖြစ် ပံ့ပိုး ပေးထားသည်။ ထို့အပြင် အီတလီ အခြေစိုက် အားကစား ဝတ်စုံများ ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုနှင့်လည်း စပွန်ဆာ ရရှိရန် ဆွေးနွေး နေကြောင်း လည်း သိရသည်။
Read More...

ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ

Leave a Comment

ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ၊ ဒါဏ်ရာရ ပွဲပါယ် စာရင်းများကို တင်ပြအပ်ပါသည်။

ဖူလ်ဟမ်အသင်းမှာ ဂိုးသမား မာတင် စတီကီလန်ဘတ် ပုခုံးဒါဏ်ရာ ရရှိနေသည့်အတွက် ဒေးဗစ် စတော့ဒ်ဒေး ပွဲထွက် ပါဝင်လာမည် ဖြစ်သည်။ အသစ်ရောက်ရှိလာတဲ့ စပါးကစားသမားဟောင်း စကော့တ် ပါကားလည်း ဒီပွဲမှာ ပါဝင်လာနိုင်သည်။

အာဆင်နယ်အသင်းမှာတော့ လော့ရင့် ကိုစီယယ်လ်နီ ဟာ ပြီးခဲ့သည့် ဗီလာနှင့်ပွဲမှ အနီကဒ် ပြစ်ဒါဏ်ကြောင့် လွဲချော်မည် ဖြစ်သည်။ သောမတ်စ် ဗာမေလင်နှင့် ချန်ဘာလိန်တို့ ဒါဏ်ရာကြောင့် လွဲချော်မည် ဖြစ်ပြီး နာချို မွန်ရီယယ်ကတော့ ယခုပွဲစဉ်မှာ ပါဝင်လာမည် ဖြစ်သည်။

☻ ယခုနှစ်သင်း တွေ့ဆုံခဲ့သည့် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ သရေကျခဲ့သည်။

☻ ဖူလ်ဟမ် အသင်းဟာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့သည့် နောက်ဆုံး ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ဖူးသည်။ အနိုင်ရခဲ့သည့် ၃ ပွဲစလုံးဟာ ဖူလ်ဟမ် အိမ်ကွင်း ခရေဗင် ကော့တေ့ခ်ျမှာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

☻ ဖူလ်ဟမ်အသင်း တန်းတက်လာသည့် နောက်ပိုင်း အာဆင်နယ်အသင်းဟာ ဖူလ်ဟမ် ကွင်းမှာ ၁၂ ကြိမ် ကစားခဲ့ဖူးပြီး ၈ ကြိမ် အနိုင်ရရှိခဲ့သည်။

☻ ဖူလ်ဟမ်ကွင်းမှာ ကစားခဲ့သည့် နောက်ဆု့း ၃ ပွဲမှာ အာဆင်နယ်အသင်းဟာ အနီကဒ် ၄ ကဒ်အထိ ပြသခံခဲ့ရသည်။

☻ ဖူလ်ဟမ်အသင်းဟာ နောက်ဆုံး ကစားခဲ့သည့် အိမ်ကွင်း ၄ ပွဲမှာ ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက အာဆင်နယ်အသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲ အပါအဝင်ဖြစ်သည်။ ၂၀၁၂-၁၃ လောလုံးရာသီမှာအိမ်ကွင်း ရှုံးပွဲ ၉ ပွဲအထိ ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ အများဆုံး အရေအတွက် ဖြစ်သည်။

☻ ဖူလ်ဟမ်အသင်းမှာ ပါဝင်လာမည့် ဒါရင်း ဘန့်တ် ဟာ အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ခဲ့သည့်နောက်ဆုံး ၈ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့သည်။

☻ ဖူလ်ဟမ်အသင်းဟာ နောက်ဆုံး သွင်းယူနိုင်ခဲ့သည့် ဂိုး ၈ ဂိုးမှာ ၆ ဂိုးက ဒုတိယပိုင်းမှ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

☻ အာဆင်နယ်အသင်းဟာ မနှစ်က ဘောလုံးရာသီမှာ လန်ဒန် ဒါဘီပွဲများမှ ၁၉ မှတ် ရယူနိုင်ခဲ့ပြီး လန်ဒန်အသင်းများအနက် ရမှတ် အများဆုံး ဖြစ်သည်။ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပါက လန်ဒန် ဒါဘီပွဲများမှ ရမှတ် ၁၀၀ ရယူနိုင်သည့် အသင်းအဖြစ် မှတ်တမ်း တင်နိုင်မည် ဖြစ်သည်။

☻ အာဆင်နယ်အသင်းဟာ ပြီးခဲ့သည့် ဘောလုံးရာသီက ၃၇ ဂိုးသာ ပေးဂိုး ရှိခဲ့ပြီး မန်စီးတီး ( ၃၄ ဂိုး) တစ်သင်းသာ အာဆင်နယ်အသင်းထက် ပေးဂိုး လျော့နည်းခဲ့သည်။

☻ အာဆင်နယ်တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ် သွင်းယူနိုင်ခဲ့သည့် ၁၂ ဂိုးစလုံးဟာ လန်ဒန် မြို့ပေါ်မှာ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ၁၁ ဂိုးက အမ်းမရိတ်ကွင်းမှာ သွင်းယူခဲ့ခြင်း ဖြစ်သည်။

☻ ၂၀၁၂-၁၃ ဘောလုံးရာသီအစ နောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ အနီကဒ် အများဆုံး ပြသခံခဲ့ရသည့် အသင်းဖြစ်ပြီး ၆ ကဒ်အထိ ပြသခံခဲ့ရသည်။
Read More...

Monday, August 19, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် တံခွန်စိုက်ဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား

Leave a Comment

နေပြည်တော် သြဂုတ် ၁၈
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် တံခွန်စိုက်ဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားပြိုင်ကွင်း ပေါင်းလောင်း အားကစား ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊
ရဲချုပ် ဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးသည်။
ရှေးဦးစွာ ရဲချုပ် တံခွန်စိုက်ဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင် ကစားကြရာ အမျိုးသမီး ဘော်လီ ဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့အသင်းက မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အသင်းအား သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသား ဘော်လီဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့(က) အသင်းက မန္တလေးတိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့ အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနား ကိုကျင်းပရာ ပြိုင်ပွဲပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ ပိတ်ဆို့ဆုရ အားကစား သမားများနှင့် ပူးတွဲ တတိယ ဆုရ အမျိုးသား အသင်းဖြစ်သည့် အမှတ်(၂) ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့ မှူးရုံးနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ (ခ)အသင်း၊ ပူးတွဲ တတိယ ဆုရ အမျိုးသမီး အသင်းများ ဖြစ်ကြသည့် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အသင်းနှင့် ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အသင်းတို့အား လည်းကောင်း၊ ဒုတိယဆု ရရှိကြသည့် မန္တလေးတိုင်း ဒေသကြီး (အမျိုးသား) အသင်းနှင့် မကွေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ (အမျိုးသမီး) အသင်းတို့အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိ သူများက တစ်ဦးချင်း ဆုများနှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းက ပထမဆုရ ယာဉ်ထိန်း ရဲတပ်ဖွဲ့ (အမျိုးသမီး) အသင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ (က) (အမျိုးသား) အသင်းတို့အား တံခွန်စိုက်ဒိုင်း ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ  (၄၁)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ဘော်လီ ဘောပြိုင်ပွဲကို သြဂုတ် ၈ရက်မှ ၁၈ရက် အထိ ကျင်းပခဲ့ရာ   တိုင်းဒေသကြီး၊ ပြည်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း  ၁၇ သင်းနှင့် အမျိုးသမီး အသင်း ခုနစ် သင်းတို့  ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သတင်းရရှိသည်။      
Read More...

အသက် ၁ဝ နှစ်အောက် ဘောလုံးစသော အားကစားများကို ယနေ့မှစ၍ သြဂုတ် ၂၄ ရက်အထိ ပြိုင်ပွဲ အသီးသီး ကျင်းပကာ လူရွေးချယ်ပွဲများ ကျင်းပသွားမည်

Leave a Comment

  သြဂုတ်  ၁၈
စွမ်းရည် ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်လျက် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့
အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ မြို့နယ်အဆင့် လူရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲက ကျင်းပရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးကျော်ဌေး၊ အခြေခံပညာ အထက်တန်းကျောင်း (မုံရွေး) ကျောင်းအုပ်ကြီး ဦးချစ်ပေါ၊ အထက်တန်း၊ အလယ်တန်း၊  မူလတန်းတို့မှ ကာယဆရာ၊ ဆရာမများ၊ ပြိုင်ပွဲ အသီးသီးတွင်  ဝင်ရောက် ရွေးချယ်ခံမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။
အဆိုပါ လူရွေးချယ်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင် တင်းနစ်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ အသက် ၁ဝ နှစ်အောက် ဘောလုံးစသော အားကစားများကို ယနေ့မှစ၍  သြဂုတ်  ၂၄ ရက်အထိ ပြိုင်ပွဲ အသီးသီး ကျင်းပကာ လူရွေးချယ်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ လူရွေးချယ်ပွဲ များမှ သက်ဆိုင်ရာ ဆန်ခါတင် အားကစား သမားများကို စနစ်တကျ စုဖွဲ့ လေ့ကျင့်စေပြီး စက်တင်ဘာလ အတွင်း ကျင်းပမည့် မုံရွာခရိုင် ပညာရေးမှူး ဖလား အားကစားပြိုင်ပွဲ များသို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
Read More...

Wednesday, August 14, 2013

ပြိုင်ဘက်ကို နောက်ပြောင်ကာ ဘောင်းဘီဆွဲချွတ်ခဲ့သည့် ကစားသမား

Leave a Comment

လိဂ်တူးပွဲစဉ်အဖြစ် ချက်စ်တာဖီးလ်နှင့် ချယ်လ်တန်ဟမ်တို့ ရင်ဆိုင် ကစားစဉ် ဒိုင်လူကြီး ရှေ့တည့်တည့်၌ ရောဘတ်စ်က ပြိုင်ဘက် အသင်းသားအား ဘောင်းဘီဆွဲချွတ်ခဲ့သည်။

နောက်နောက်ပြောင်ပြောင် နေထိုင်တတ်သည့် ချက်စ်တာဖီးလ် တောင်ပံ ကစားသမား ဂယ်ရီရောဘတ်စ်တစ်ယောက် ပြိုင်ဘက်အသင်း ကစားသမားကို စနောက်ခဲ့သော်လည်း ဒိုင်လူကြီး သဘောကောင်းခဲ့၍ ပြစ်ဒဏ်နှင့် ကင်းလွတ်သွားသည်။ လိဂ်တူးပွဲစဉ်အဖြစ် ချက်စ်တာဖီးလ်နှင့် ချယ်လ်တန်ဟမ်တို့ ရင်ဆိုင် ကစားစဉ် ဒိုင်လူကြီး ရှေ့တည့်တည့်၌ ရောဘတ်စ်က ပြိုင်ဘက် အသင်းသားအား ဘောင်းဘီဆွဲချွတ်ခဲ့သည်။ ရောဘတ်စ်သည် ပြစ်ဒဏ်ဘောကို ကန်တင်ရန် ပြင်ဆင်နေချိန်တွင် ၎င်းရှေ့၌ ရှိနေသည့် ချယ်လ်တန်ဟမ် အသင်းသား ရက်ဆဲလ်ပန်၏ ဘောင်းဘီကို ဆွဲချွတ်လိုက်ခြင်း ဖြစ်သည်။ လီဗာပူးလ် လူငယ်ခြံပေါက် ကစားသမားဟောင်းသည် နောက်ပြောင် ကျီစယ်သည့် သဘောမျိုးဖြင့် ယင်းကဲ့သို့ ပြုမူခဲ့ဟန် ရှိသည်။

ပန်မှာလည်း အလွန်ရှက်ရွံ့သွားဟန် မရှိလှဘဲ ဒူးစပ်နားထိ ဆွဲချွတ်ခံထားရသည့် ဘောင်းဘီနှင့်ပင် ဒိုင်ဘက်လှည့်၍ စကားပြောလိုက်သေးသည်။ သာမန်အားဖြင့် ယင်းအပြုအမူသည် ပြိုင်ဘက် ကစားသမား တစ်ဦးကို တိုက်ခိုက် စော်ကားမှုအဖြစ် ယူဆကာ ပြင်းထန်သော ပြစ်ဒဏ်မျိုး ပေးနိုင်သော်လည်း ဒိုင်လူကြီး မိုက်ခ်ဘူးလ်က ရောဘတ်စ်၏ စိတ်ဆန္ဒသည် ဘဝတူ ကစားသမားချင်း နောက်ပြောင်မှု သက်သက်သာဖြစ်ကြောင်း နားလည်ဟန်ဖြင့် ရယ်မောနေရုံသာ ရှိခဲ့သည်။ ထိုအခြေအနေသည် ရောဘတ်စ်အတွက် ကံကောင်းမှုဟုလည်း ယူဆနိုင်သည်။ အဆိုပါ ပွဲစဉ်တွင် ချက်စ်တာဖီးလ်က (၂-၀)ဖြင့် အနိုင်ရပြီး ရောဘတ်စ်က ပထမဂိုးကို သွင်းယူသွားခဲ့ကြောင်းလည်း သိရှိရသည်။
Read More...

Facebook Like Page