Tuesday, December 31, 2013

ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်

Leave a Comment

 ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်

                သမ္မတ ဦးသိန်းစိန်ဟာ ပေးထားတဲ့ ကတိတည်စွာနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြဒ်ဒဏ် လွတ်
ငြိမ်းခွင့် ပေးလိုက်ပါတယ်။ အခု ထုတ်ပြန်လိုက်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဟာ စစ်အစိုးရများ
သက်တမ်း တလျှောက် တကြိမ်တခါမျှ ထုတ်ပြန်ဖူးခြင်း မရှိတဲ့ ပုံစံဖြစ်ပါတယ်။


ပြစ်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးနဲ့ တရား ရင်ဆိုင်နေ ရဆဲ နိုင်ငံရေး တက်ကြွ
လှုပ်ရှားသူ အားလုံးကို သမ္မတ ဦးသိန်းစိန် အစိုးရက အမိန့် အမှတ် (၅၁/၂၀၁၃) နဲ့ ပြစ်ဒဏ် လွတ်
ငြိမ်းခွင့်ကို ဒီဇင်ဘာ လ ၃ဝ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်လို့ပါ။

ထုတ်ပြန်လိုက်တဲ့ အမိန့်အပြည့်အစုံကတော့ မြန်မာ့အသံက အခုလို ဖော်ပြထားပါတယ်။

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသား
ပြန် လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ် များတွင် အားလုံးပါ
ဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူ သားချင်း စာနာထောက်ထား မှုကို အလေးပေးသော အား
ဖြင့် လည်းကောင်း၊ နိုင်ငံ တော် ၏ မေတ္တာနှင့် စေတနာ ကို နား လည် ကြပြီး နိုင်ငံတော် တည်
ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံသား များအဖြစ်သို့ ပြုပြင်
ပြောင်းလဲစေရေးအတွက်လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊
ပုဒ်မခွဲ (က) အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၂။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နဲ့ ထိုနေ့ မတိုင်မီ အပိုဒ် (၃) ပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စဉ်
လျဉ်း၍

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူအားလုံးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံများ
အား အမှုမှ ချက် ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲဖြစ်သော အမှုများကို ဆက်လက်အရေးယူခြင်းမပြုဘဲ ပိတ်သိမ်းရမည်။

၃။ ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ်ခံနေရသူများ၊ ကြားနာစစ်ဆေးဆဲ ခံနေသူများနှင့် စုံ
စမ်းအရေးယူဆဲ ခံနေရသူများ ပါဝင်သည် -

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု ( ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥ
ပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ အကျိုးပျက်စီးစေမှု ( ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ နဲ့ ပြစ်ဒဏ်ခံနေရသူများ

ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ပိုင်း
တွင် ကျူးလွန်သော အပိုဒ် (၃) ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

Read More...

(၈၄)ကြိမ်မြောက်သစ္စာဓိဌာန်စတုဒိသာအလှူတော်မင်္ဂလာဖိတ်ကြားလွှာ

Leave a Comment


(၈၄)ကြိမ်မြောက်သစ္စာဓိဌာန်စတုဒိသာအလှူတော်မင်္ဂလာဖိတ်ကြားလွှာ
***************************************************

ကမ္ဘာသူကမ္ဘာသား၊နိုင်ငံသူနိုင်ငံသားများ ရာသီဥတုဘေးဒဏ် ကပ်ကြီးသုံးပါး သဘာဝ
ဘေးအန္တရယ်နှင့်ဥပစ္ဆေဒယကံတို့မှ ကင်းဝေးစေရန်ရည်သန်လို့ ရန်ကုန်တိုင်းဒေသကြီး
သန်လျင်မြို့ ဒေ၀ဒဟသဗသိဒွိလောကနတ်ပရဟိတ နတ်စင်တစ်ရာကျောင်း အထူး
သာသနာပြုဆရာတော်(ဘဒ္ဒန္တပညာတေဇ)အမှူးထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သီ
ရိပျံချီ ဦးဌေးဦး နှင့်ဇနီး ဒေါ်နီနီဝင်း မိသားစုတို့ ဦးဆောင်မှုဖြင့် အလှူရျင်းများတို့မှ ပဲ
ခူးတိုင်းဒေသကြီး၊ပြည်မြို့ ..ရတနာသီရိမဟာဘုရားကြီးစေတီ...(ဘုရားကြီးစေတီတော်)
တွင် (၈၄)ကြိမ်မြောက်သစ္စာဓိဌာန်စတုဒိသာကို ထမင်းဟင်းနှင့်ကျွေးမွေးလှူဒါန်းပါမည်။

၁.၁.၂၀၁၄ ရက်နေ့ မနက်(၇း၀၀)နာရီတွင် သံဃာတော်အပါး(၃၀၀)အား မြတ်သင်္ကန်း
၊ထောပတ်ဆွမ်း နှင့် ဒါတဗ၀တ္ထုအစုစုတို့ကို လောင်းလှူပြီး နံနက်(၉း၃၀)အချိန်တွင် နိုင်
ငံတော်သြ၀ါဒါစရိယဆရာတော် ဘုရားကြီးမှ ရေစက်ချအနုမောဒနာတရားဟောကြားပြီ
နံနက်(၁၁း၀၀)နာရီအချိန်တွင် နိုင်ငံတော်သြ၀ါဒါစရိယ နှင့် နိုင်ငံတော်သံဃမဟာနာယ
ကဆရာတော်ကြီးများအမှုးပြုသော သံဃာတော်(၁၅)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပါမည်။

၁၃၇၅ ခုနှစ်၊ပြာသိုလဆန်း(၁)ရက်၊(၁.၁.၂၀၁၄)..ဗုဒွဟူးနေ့
င်္နနက်(၉း၀၀)နာရီ မှ နေ့လည်(၁း၀၀)နာရီအထိ
ရတနာသီရိမဟာဘုရားကြီးစေတီ..(ဘုရားကြီးစေတီတော်) မှာ
ထမင်းနှင့်ဟင်းဧည့်ခံကျွေးမွေးပါမည်။ရွှေတံဆိပ်ဆုရှင် စိန်မြင့်ခိုင်
မင်္ဂလာဆိုင်းအဖွဲ့နှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဟေမာန်နှင်း၊
သင်းရနံ့၊စိုးစံ၊ထက်ထက်ဆုလှိုင်၊ပန်သစ္စာ၊နိုရင်း၊Black Diamond Dancer
အစရှိသော သရုပ်ဆောင်များ အကအလှများဖြင့် ဧည့်ခံဖြေဖျော်သွားမည်
ဖြစ်ပါသောကြောင့် မည်သူမဆို လာရောက်တရားတော်နာ ထမင်းဟင်းသုံး
ဆောင်ပါရန်လေးစားစွာအားလုံးကိုဖိတ်ကြားအပ်ပါသည်။....

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

Monday, December 30, 2013

လက်ကျန်နိုင်/ကျဉ်းအားလုံး ပြန်လွှတ်ပေးမည့် သမ္မတကြေညာချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို

Leave a Comment


 လက်ကျန်နိုင်/ကျဉ်းအားလုံး ပြန်လွှတ်ပေးမည့် သမ္မတကြေညာချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို

  


31.12.2013
မြန်မာနိုင်ငံတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ လွတ်ငြိမ်းခွင့် အမိန့် ထုတ်ပြန်တာကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတဲ့ တည်ဆဲဥပဒေတွေကို စီစစ်ပယ်ဖျက်ပေးဖို့လည်း အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ အမျိုးသားစည်းလုံညီညွတ်ရေးကို ရှေ့ရှုပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေကို တဖက်တလမ်းက လုပ်ပေးနိုင်တဲ့ နိုင်ငံသားများအဖြစ် ပြုပြင်ပြောင်းလဲစေဖို့ဆိုပြီး လွှတ်ပေးမယ်ဆိုတဲ့ အကျဉ်းသားတွေထဲ ဘယ်လိုပုဒ်မမျိုးတွေ အကျုံးဝင်တယ်ဆိုတာ ဖော်ပြထားပေမယ့် ဘယ်နှစ်ဦး လွတ်မြောက်မယ်ဆိုတာကိုတော့ အတိအကျ သမ္မတရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။ အကျုံးဝင်တဲ့ပြစ်မှု ၇ မျိုးကို ဖော်ပြထားရာမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအပြစ်ပေးလေ့ရှိတဲ့ ပုဒ်မမျိုးတွေ ဖြစ်ပါတယ်။ ဒီပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံရသူတွေအပြင် ဒီပုဒ်မတွေနဲ့ စွဲချက်တင်ထားခံရသူတွေနဲ့ ဒီပုဒ်မနဲ့ စုံစမ်းစစ်ဆေးဆဲ အမှုတွေ သုံးမျိုးလုံး အကျုံးဝင်တယ်လို့ဆိုထားတာကြောင့် ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေတွေနဲ့ တရားရုံးစစ်ဆေးခံနေရသူ နှစ်ရာကျော်လည်း အကျုံးဝင်သွားတယ်လို့ ယူဆရပါတယ်။ အခုလို သမ္မတရဲ့ ထုတ်ပြန်ချက်ကို ၀မ်းမြောက်ကြိုဆိုတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တာနားက ပြောပါတယ်။

“သမ္မတရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပါရစေ။ ၂၀၁၄ ခုနှစ်ထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိစေရတော့ဘူးဆိုပြီး သမ္မတဦးသိန်းစိန် ကတိပေးပြော ခဲ့တာကို အမှတ်ရကြမှာပါ။ ဒီ ကတိအတိုင်းပဲ အခု ဆုံးဖြတ်ချက် ချလိုက်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် သမ္မတအနေနဲ့ ကတိအတိုင်း အခု နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မယ်ဆိုတာ ၀မ်းမြောက်မိသလို ဒီဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုရမှာပါ။”

မြန်မာနိုင်ငံမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်လာဖို့အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ကတိက၀တ်အတိုင်း ၂၀၁၃ အကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့နဲ့ Amnesty International စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာအစိုးရသမ္မတဦးသိန်းစိန်ကို မကြာသေးခင်ကပဲ သတိပေး တိုက်တွန်းမှုတွေလုပ်ခဲ့ပါတယ်။

Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောခွင့်ရသူ T ကူးမားကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမယ့် အခြေအနေကို ကြိုဆိုလိုက်ပြီး လွတ်မြောက်လာမှုဟာ ခြွင်းချက်မရှိ ဖြစ်သင့်တယ်လို့တော့ ထောက်ပြထားပါတယ်။

“ အသံ”

မစ္စတာကင်တာနားကတော့ အခုလို နိုင်ငံရေးမှုနဲ့ ဖမ်းဆီးထောင်ချခံရသူတွေ တရားရုံးတင်စစ်ဆေးခံရသူတွေ လွှတ်လာတာအပြင် အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံရေးလှုပ်ရှားသူတွေကို အရေးယူနေတဲ့ ဒီ ဥပဒေ ပုဒ်မမျိုးတွေကို ပြန်လည်ဆန်းစစ်ပြီး ပယ်ဖျက် သင့်တယ်လို့ ပြောပါတယ်။ အရင်တုန်းကလည်း သူ့ရဲ့ အကြံပြုချက်ထဲမှာ ဒီ ပုဒ်မတွေကို အာဏာပိုင်တွေဖက်က ပြန်လည်ဆန်းစစ်ဖို့ဆိုတဲ့ အချက် ပါပြီးသားပါ။

“အခု နှစ်တွေအတွင်း အရပ်ဖက်အုပ်ချုပ်မှုအောက်မှာပဲ တည်ဆဲဥပဒေတွေအရ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့၊ တရားစွဲဆိုခံရတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိပါတယ်။ သူတို့လည်း အခု လွတ်လာမယ်ဆိုတော့ ၀မ်းမြောက်မိပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူဖိနှိပ်တဲ့ ဥပဒေမျိုးတွေကို လွှတ်တော်ကနေ ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။ ဒီ ဥပဒေတွေက အခုအထိ အသက်ဝင်နေတုန်း ဖြစ်ပါတယ်။“

သမ္မတရဲ့ ကြေညာချက်ထဲမှာတော့ ဒီပုဒ်မတွေနဲ့ အရေးယူထားခံရသူတွေ တရားစွဲခံထားရသူတွေကို လွှတ်ပေးဖို့  ဒီဇင်ဘာလ ၃၁ ရက်နေ့အထိပဲ အကျုံးဝင်ပြီး အဲဒီနောက်ပိုင်း ဒီပုဒ်မတွေနဲ့ စွဲဆိုဖမ်းဆီးခံရသူတွေအတွက် အကျုံးမ၀င်ဘူးဆိုတာကြောင့် ဒီပုဒ်မတွေဟာ ဆက်ပြီးရှိနေသလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဆက်ပြီးတော့လည်း ခြိမ်းခြောက်နေတဲ့ ဥပဒေတွေဖြစ်နေဦးမှာပါ။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

မြန်မာတွေညံ.သလား သရ၀ဏ်(ပြည်)

Leave a Comment


မြန်မာတွေညံ.သလား

သရ၀ဏ်(ပြည်)

ခုတလော မြန်မာတွေညံ.သလားဟူသော မေးခွန်းကိုကျွန်တော်သည် ကိုယ်.ဘာသာ အပြန်ပြန်အလှန်လှန် မေးနေမိပါသည် ။ မြန်မာ.သမိုင်းကိုပြန်ကြည်.လိုက်သောအခါ အင်္ဂလိပ်တို.အရိုင်းသာသာ သာ လူနေမှုအဆင်.သာ ရှိသေးသော အေဒီ (၆) ရာစုလောက်တွင် ကျွန်တော်တို. မြန်မာများသည် သရေခေတ္တရာပျူနိုင်ငံတော်ကြီးတည်ထောင်လျက် တန်ခိုးရှိန်စော် ကျော်စောခဲ.ကြောင်းကို စာတွေ.သာမက လက်တွေ.အဖြစ် ဘုရားမာ ၊ ဘုရားကြီး ၊ဘောဘောကြီး ၊ဘဲဘဲကြီးစသော ဘုရားစေတီ ဗိသုကာလက်ရာများကိုတွေ.နိုင်လေသည် ။ မြန်မာတို. ဘုန်းမီနေလတောက်ပခဲ.သော ပုဂံခေတ်ကို ပြန်ကြည်.သောအခါတွင်လည်း သူ.ခေတ် သူ.အတိုင်းအတာ ဘောင်အတွင်းမှ လွန်ခဲ.သော နှစ် ကိုးရာ ၊ တစ်ထောင်လောက်က ရှေးမြန်မာကြီးများ တည်ဆောက်သွားခဲ.သော ဘုရား ပုထိုး စေတီအမျိုးမျိုး၏ ဗိသုကာလက်ရာ နှင်.ယဉ်ကျေးမှုအဆင်းအတန်းမှာ မည်သည်. လူမျိုးကမှ အောက်တန်းနောက်တန်းကျသည်ဟု ကျွန်တော်တို.ကိုမပြောနိုင်ရုံမက ကမ္ဘာ ကပါ ယနေ.တိုင်အံ.သြလေးစားရသော အနေအထားများမငြင်းနိုင်အောင်ရှိခဲ.ပါသည် ။

တစ်ဖန်ကျွန်တော်တို.လူမျိုးသည် ဘုရားတည်ကျောင်းဆောက်ရာတွင်ပင် ထူးချွန်၍ ကျန်သည်.လူရည်လူသွေး မှာ ဥာဏ်ရည်နုံနဲ.သော လူများ လေတကားဟု စောကြောကြည်.ပြန်ပါလျင်လည်း တစ်ကမ္ဘာ လုံး၏အထွတ်အထိပ်ဟုခေါ်ဆိုအပ်သော ကုလသမဂ္ဂ လိုနေရာမျိုးမှာ ပင် အထွေထွေအတွင်းရေးမှူးရာထူးကို ၂ ကြိမ်ဆက်တိုက် တာဝန်ကြေပြွန်စွာ ကမ္ဘာ ကအံ.သြချီးကျူးကြရသော ဦးသန်.လိုပုဂ္ဂိုလ်ပင်ပေါ်ပေါက်ခဲ.ဖူးသည်မဟုတ်ပါလော ။ လောကုတ္တရာဘက်မှာကြည်.ပြန်ပါလျင်လည်း မြတ်ဗုဒ္စ ဟောကြားတော်မူခဲ.သော ပိဋကတ်သုံးပုံ ကို ခြောက်ချားအောင်မွှေနှောက် အာဂုံဆောင်နိုင်စွမ်းရှိသော ၁၉၈၃ ခုနှစ်၏ ဂင်းနစ် ကမ္ဘာ.စံချိန်မှတ်တမ်းတွင် ကမ္ဘာ.ဥာဏ်အကောင်းဆုံးလူသားအဖြစ် သတ်မှတ် မှတ်တမ်းတင်ခံရသော မင်းကွန်းဆရာတော်ကြီးလို ဧရာမ ပုဂ္ဂိုလ်ကြီးများ ထွန်းကားခဲ. သောနိုင်ငံလည်းဖြစ်ပါသည် ။ ကျောင်းသားများဆိုလျင်လည်း ပညာရေးစနစ် ညံ.ဖျင်း၍ သာ နောက်ကျကျန်နေကောင်းကျန်ရစ်မည် ၊ ဥာဏ်ရည်ဥာဏ်သွေးအရာ၌ ကမ္ဘာပေါ်ရှိ ကုလား ၊တရုတ် ၊ဂျပန် ။အမေရိကန် ၊ အင်္ဂလိပ် မည်သည်. လူမျိုးနှင်.မဆို ဥာဏ်ရည်တူ ပညာသင်ယူနိုင်စွမ်းရှိသော လူသားအရင်းအမြစ်လည်း ရှိနေခဲ.သေးသည် ။ ဤရွေ.ဤမျှ သမိုင်းကြောင်းအရရော ၊ ယဉ်ကျေးမှုအရရော ၊ ဥာဏ်ရေးဥာဏ်သွေးအရရော အဘက်ဘက် မှ ကမ္ဘာ.အဆင်.မီခဲ.သော လူမျိုးတစ်မျိုးသည် အဘယ်ကြောင်. ယခုကာလတွင် အဘက်ဘက် မှ ကျရှုံးကာ Failure State ဖြစ်နေဘိသနည်း ဆိုသည်ကို ကျွန်တော်သည် အချိန်ရှိတိုင်း ထောင်.ပေါင်းစုံမှ အဖြေရှာနေခဲ.ဘူးပါသည် ။

အလွယ်သဘောနှင်. စစ်တပ် အာဏာသိမ်းမှု ၊ စစ်အာဏာရှင်စနစ် နှစ် (၅၀ )ခန်.ရှည်ကြာခဲ.မှုတို.ကိုအပြစ်ဖို.လက်ညှိုးထိုး၍ ရသော်လည်း ထိုအချက်သည် မြန်မာ ကျဆုံးခဲ.ရသမျှ၏ တစ်စိတ်တစ်ပိုင်းကိုသာ ရှင်းပြနိုင်ခဲ.ပြီး အဓိက အဖြေမဟုတ်ဟုလည်း (ကျွန်တော်တစ်ယောက်တည်း၏ ကိုယ်ပိုင် အယူအဆအရ ) ထင်မှတ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် မြန်မာ.နိုင်ငံရေး၌ စစ်တပ်သည် ၁၉၅၈ ခုတွင်မှ အာဏာနိုင်ငံရေးတွင် စတင်ပါဝင် ပါတ်သက်လာခြင်းဖြစ်ရာပျက်စီးမှုသည် ထိုနှစ်မတိုင်မီ နှစ်ပေါင်းများစွာကတည်းကအမြစ်တွယ်လာခဲ.ခြင်းဖြစ်ပါသည် ။ ကျွန်တော်.အမြင်၌ မြန်မာနိုင်ငံ ၏ အဆင်.အတန်း တဖြည်းဖြည်းကျဆင်းခဲ.ရခြင်းမှာ အုပ်ချုပ်သူ ဧကရာဇ်မင်းများနှင်. အုပ်ချုပ်ခံ ပြည်သူလူထု၏ စီမံခန်.ခွဲမှု ညံ.ဖျင်းခြင်း မှာအဓိကအကြောင်းဖြစ်သည် ဟုဆိုချင်ပါသည် ။ စီမံခန်.ခွဲမှု ( management ) ကျွမ်းကျင်လိမ္မာသော မင်းကောင်းမင်းမြတ်တို.လက်ထက်တွင် တိုင်းပြည်သည် စည်ပင်ဝပြောလေ.ရှိပြီး ၊ ဤနိုင်ငံ ၊ဤလူတွေပင်ဖြစ်ပါလျက် စီမံခန်.ခွဲမှုညံ.ဖျင်းသော ဘုရင်များ ၊ အစိုးရ များလက်ထက်တွင် တိုင်းပြည်သည် ၀ါးအစည်းပြေသကဲ.သို.အဖက်ဖက်မှ ချွတ်ခြုံကျ တတ်စမြဲဖြစ်သည် ။ စီမံခန်.ခွဲမှုဆိုသည် မှာ ရှုပ်ထွေးပွေလီလှသော နည်းနာနိသယများ ၊ ကျမ်းကြီးကျမ်းငယ်မျာကိုဆိုလိုခြင်းမဟုတ်ပဲ အနှစ်ချုပ်အားဖြင်. လုပ်သင်.သည်ကိုမလုပ်ခြင်း ၊ မလုပ်သင်.သည်ကိုလုပ်ခြင်း ဟူ၍ အမှားနှစ်ခုကိုပဲထပ်ကာထပ်ကာ ပြုလုပ်မိခြင်း၊ မကြာခနပြုလုပ်မိခြင်းကိုဆိုလိုပါသည် ။ ဥပမာအားဖြင်. စီမံခန်.ခွဲမှု ကျွမ်းကျင်လိမ္မာသော အလောင်းဘုရားလက်ထက် ၊ နောင်တော်ကြီးမင်းလက်ထက် ၊ ဆင်ဖြူရှင်မင်းလက်ထက်၊စဉ်.ကူးမင်းလက်ထက် ၊ ဘိုးတော်ဘုရားလက်ထက်တို.တွင် အင်္ဂလိပ်သည် မြန်မာ.အချုပ်အခြာအာဏာကိုထိပါး နိုင်ခဲ.ခြင်းမရှိပဲ ၊စီမံခန်.ခွဲမှု ညံ.ဖျင်းသော စစ်ကိုင်းမင်းခေါ် ဘကြီးတော်ဘုရားလက်ထက်တွင်သာ သွေးတိုးစမ်း တိုက်ခိုက်ပြီး ရခိုင်နှင်.တနင်္သာရီ ကို ပထမကျူးကျော်စစ်ဖြင်.သိမ်းပိုက်ခဲ.ပါသည် ။ ပုဂံမင်း ၊ သီပေါမင်းတို.လက်ထက်မှာ နိုင်ငံတော်ကိုလုပ်ကြံခံရခဲ.ပါသည် ။

ဘကြီးတော်ဘုရား၏ စီမံခန်.ခွဲမှု အလွဲမှာ မဘက်လိုက်၍ မိုက်ဘက်ပါရာမှစသည် ။ သူသည် ညီတော် အိမ်ရှေ.ဥပရာဇာ သာယာဝတီမင်းသား ထက် မိဘုရားခေါင်ကြီး မယ်နုနှင်. ၊ မယ်နု၏ မောင်တော် မောင်အို ကို စလင်းမြို.ကို စားစေပြီး မင်းသားကြီးနေရာတွင်ထား သည်.အပြင်(ယောက်ဖကို) ညီတော် သာယာဝတီမင်းသားထက် ပိုမိုချီးမြှောက်ကာ သတိုးဓမ္မရာဇာဘွဲ.ပေးပြီး အစီးအနင်း၊အဆောင်အရွက် ၊ဗောင်း ၊နားတောင်း၊ ၀တ်လုံနှင်.တကွ အိမ်ဖြူပြတင်းရွှေချ ၊ ရှေ.ဆောင်ဦးမှီတိုင်နှစ်လုံးရွှေချ ၊ နောက်ဆောင်မှီတိုင် ၂ တိုင် ရွှေပိန်းချခွင်.ပေးကာမြှောက်စားထား၏ ( မှတ်ချက် မြန်မာဘုရင်များခေတ်က မင်းညီမင်းသားများသည် မိမိစံအိမ်ကို ဘုရင်. အခွင်.အမိန်.မရပဲ ရွှေပိန်းချခွင်.မရှိပေ ) ။ ဆိုလိုရင်းမှာ ဘုရင်သည် နန်းတွင်းဓလေ.များကို ဘာမှနားမလည်သော ယောက်ဖကို မိဖုရားကြီးမယ်နုမျက်နှာနှင်. ရာထူး ဘွဲ.ထူးအပြင် လုပ်ပိုင်ခွင်.များလွန်လွန်ကဲကဲ ပေးထားသည်ကိုတွေ.နိုင်၏ ။ ထိုသိုလွဲမှားစွာ စီမံအုပ်ချုပ် ရာထူးခန်.ထားမှူများဖြစ်နေစဉ် အင်္ဂလိပ်မြန်မာပထမစစ်ပွဲစတင်ဖြစ်၏ ။ ထိုအချိန်တွင် မြန်မာတို.သည် စစ်ရေးတွင် တစ်ဖက်သတ် အရေးနိမ်.မှုမရှိသေးချေ ။စစ်သူကြီးမဟာဗန္စုလသည် ရခိုင်၌ စခန်းချနေ၏ ။ မြ၀တီမင်းကြီးဦးစ က ပန်းဝါ၌ အင်္ဂလိပ်များကိုအနိုင်ရရှိကာ စစ်တကောင်း သို.ပါ လိုက်လံတိုက်ခိုက် ချီတက် သိမ်းပိုက်လိုနေသဖြင်. အင်္ဂလိပ်တို. ဌာနချုပ်ဖြစ်သောကာလကတ္တားမြို.ပင်ကျီးလန်.စာစားအခြေအနေမျိုးနှင်.ချောက်ချားနေလေသည် ။ ရခိုင်ကို ထိမ်းထားနိုင်ပြီး ၊ပန်းဝါတွင်အသာရနေသောအချိန်တွင် ညီတော်သာယာဝတီမင်းသားသည် မိမိတွင် စုစည်းထားသော နောက်လိုက်နောက်ပါ အင်အားတစ်သောင်းကို အရင်းပြုကာ သာယာဝတီနှင်. ပြည်တစ်ဝိုက်တွင် လူသူအင်အားထပ်မံဖြည်.ဆည်းကာ အောက်မြန်မာနိုင်ငံကိုကာကွယ်ခွင်.တောင်းသည် ။ အလောင်းဘုရား၏ မျိုးဆက်ပီပီ စစ်ရေးစစ်ရာတွင်ကျွမ်းကျင်သော ဟံသာဝတီမင်းသား ၊ စစ်သူကြီး မဟာဗန္စုလ ၊ မြ၀တီမင်းကြီးဦးစတို.သာ စစ်မျက်နှာ သုံးခု ဖွင်.၍ တိုက်လျင် အင်္ဂလိပ်သည် မြန်မာကို မရှုံးသော် မှ ယခုလောက်လွယ်လွယ် စစ်နိုင်လိမ်.မည်မဟုတ် ။ ဤ အဖြစ်၌ တိုင်းပြည်၏ ကံကြမ္မာထက်မိမိ၏ အတ္တကိုရှေ.တန်းတင်လိုသော စီမံခန်.ခွဲမှု အမှားများသည် ဆက်တိုက်ဖြစ်လာ၏ ။ ဘုရင်.ယောက်ဖသာဖြစ်သော မင်းသားကြီးဦးအိုသည် နန်းဆီနန်းသွေးမဟုတ်သဖြင်. နန်းဆီနန်းသွေးဖြစ်သော သာယာဝတီမင်းသား စစ်တပ်ကို ဦးဆောင်သွားလျင် မိမိထက်အစွမ်းအစပိုမိုပေါ်လွင်ထင်ရှားသွားမည်.အရေးကိ အဓိကစဉ်းစားကာ ၊ မိမိနာမည်မရတော.မှာကိုတွေးပူ၍ အစ်မတော် နန်းမတော်မယ်နုမှတစ်ဆင်. ယောက်ဖတော်ဘုရင်ကြီးကို သာယာဝတီမင်းသားအားမလွှတ်ဖို. ကတုန်းကတိုက်လုပ်၏ ။ မယားစကားအောင်သော ဘကြီးတော်ဘုရား သည်လည်း သာယာဝတီမင်းကိုစစ်ထွက်ခွင်. တားဆီးထားရာ အချိန်ကာလ ( ၅ )လတိတိကြာသွား၏ ။နောက်ဆုံးအခြေအနေမဟန်သောအခါမှ သာယာဝတီမင်းသားကိုလွှတ်သောအခါ မဟာဗန္စုလလည်းကျဆုံးခဲ.ပြီ ၊ ဦးစလည်းပန်းဝါမှ ဆုတ်ခဲ.ရပြီဖြစ်၍ အနိုင်တိုက်ရန်မဆိုထားဘိ ၊ အင်္ဂလိပ်စစ်တပ်ကို ရှေ.တက်မလာအောင်ပင် တားဆီးမထားနိုင်ခဲ.ပြီ ။ အင်းဝနန်းတော်အနားသို. အင်္ဂလိပ်သင်္ဘောများ ဧရာဝတီကိုဆန်တက်လာကာမှ နန်းမတော်မယ် နုနှင်. ဘကြီးတော် မင်းသည်သွေးပျက်ကာ သာယာဝတီမင်းကို ရန္တပိုစာချုပ်ဖြင်.စစ်ပြေငြိမ်းစေသဖြင်. မြန်မာ.မြေမှာ ကုန်းဘောင်ခေတ်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံတစ်ခုအောက်သို.ရောက်လေသည် ။ ဤနေရာတွင် ဘကြီးတော်မင်းသည် Mismanagement (စီမံခန်.ခွဲမှုအလွဲအဖြစ် ) ရာထူးခန်.သင်.သူကိုမခန်.ခြင်း ၊ ဘယ်ကရောက်လာမှန်းမသိသော မိုးကျရွှေကိုယ် မောင်အိုကို မတန်မရာ ရာထူးနှင်.လုပ်ပိုင်ခွင်.များပေးခြင်း ( ထိုအကျင်.မှာ ၂၁ ရာစုဖြစ်သောယနေ.ခေတ်အထိ စွဲမြဲစွာကျင်.သုံးနေဆဲဖြစ်သည် ) ၊ စစ်တိုက်သင်.သည်.အချိန်တွင် စစ်သူကြီးကိုတိုက်ခွင်.မပေးခြင်း ၊မတိုက်သင်.တော.သော အချိန်မှ သွားရောက်တိုက်စေခြင်း စသည်.လွဲမှားမှုများအကြိမ်ကြိမ်ဖြစ်ကာ အင်္ဂလိပ်တို. ခြေကုပ်ရသွားခြင်းဖြစ်သည် ။ စစ်ရှုံးရခြင်း၌ မြန်မာတို.ညံ.ဖျင်းမှုကြောင်. ရှုံးရခြင်းမဟုတ်ပဲ ခေါင်းဆောင် (ဘုရင် )၏ပျော.ညံ.မှု ၊ စီမံခန်.ခွဲမှုညံ.ဖျင်းမှုတို.ကြောင်.ရှုံးရခြင်းဖြစ်သည် ။ ၁၈၂၄ -၂၆ တွင် အင်္ဂလိပ်နှင်.မြန်မာမှာ လက်နက်အင်အား ၊လူအင်အားချင်းသိပ်ပြီးကွာလှသေးသည် မဟုတ်ချေ ။ ဤနေရာ၌ ဆောင်းပါးရှည်မည်စိုး၍ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ ၊တတိယစစ်ပွဲများ အကြောင်းကိုဇာတ်ကြောင်းမလှန်လိုတော.ပါ ။ နိုင်ငံတစ်နိုင်ငံ၌ အရည်အချင်းရှိသောလူများ အောက်သို.ရောက်၍ အရည်အချင်းမရှိသော မောင်အိုလို လူစားများအထက်သို.ရောက်လာလျင် ထိုနိုင်ငံသည် လုံးဝဥသုံ ပျက်စီးခြင်းနှင်.ကြုံရမည်သာ ဓမ္မတာဖြစ်သည် ။

အတိတ်မှဖြစ်ရပ်များကို ဖယ်ခွာကာ ပစ္စုပ္ဖန်တည်.တည်.ရှုသောအခါတွင်လည်း မြန်မာနိုင်ငံမတိုးတက်ရခြင်းမှာ အဓိကအားဖြင်.လွဲမှားသော စီမံခန်.ခွဲမှုများကြောင်.ဆိုတာသိသာထင်ရှားလှသည် ။ နိုင်ငံတွင် လမ်းဘေးဈေးသည်မှအစ ၊ဒံပေါက်ဆိုင်အဆုံး အခွန်ဆောင်ရသည် ၊ဈေးကောက်ပေးရသည် ။သို.သော် နိုင်ငံ၏ ဒိတ်ဒိတ်ကြဲကုမ္မဏီကြီးအတော်များများမှာ အခွန်ပေးဆောင်ခြင်းမရှိပဲလွတ်ကင်းနေနိုင်သည်မှာ စီမံခန်.ခွဲမှုမှားယွင်းခြင်း၏ ပြယုတ်ဖြစ်သည် ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး ဥပဒေလည်းရှိ ၊ တိုက်ဖျက်ရေးအဖွဲ.လည်း ဒုတိယ သမ္မတဦးဆောင်ကာရှိနေပြီးပါလျက် နိုင်ငံတော်တွင် လာဘ်ပေးလာဘ်ယူမှုများပုံမှန်ဆက်လက်ဖြစ်ပွားနေသည်မှာ စီမံခန်.ခွဲမှုညံ.ဖျင်းခြင်းဖြစ်သည် ။ နယ်ချဲ.အင်္ဂလိပ်ခေတ်တွင်ပင် ရှိသမျှသစ်များကို အားလုံးပြောင်ကျသွားအောင် (ခုတ်နိုင်ပါလျက် ) မခုတ်ပဲ ရေရှည် အကျိုးကိုကြည်.ရကာ ၊ှု ခုတ်သည်.သစ်နှင်.စိုက်သည်.သစ် အမြဲမပြတ်လည်ပါတ်နေအောင် နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု ဧရိယာကိုထိမ်းသိမ်းနိုင်ခဲ.သော်လည်း ၊ကိုယ်.မင်းကိုယ်.ချင်းကိုယ်.အစိုးရခေတ်တွင် သူတစ်လူငါတစ်မင်း ခုတ်ချင်သူက ခုတ် နိုင်သလောက် အကန်.အသတ်မရှိ အလွန်အကျွံသစ်ထုတ်မှုကြောင်. သစ်တောများ ကုန်သလောက်ဖြစ်သွားတာလည်း ညံ.ဖျင်းသော စီမံခန်.ခွဲမှုပင်ဖြစ်သည် ။ အစိုးရရုံးဌာနများတွင် ဘာမှမတတ်သောသူများ မိုးကျရွှေကိုယ်အဖြစ်ရောက်လာကြခြင်းသည်လည်း အလွန်ဆိုးဝါးသော စီမံခန်.ခွဲမှုအလွဲများဖြစ်သည် ။ ၀န်ကြီးဌာနများတွင် ကျွမ်းကျင်မှုနှင်. ဌာနကို ရွေးခန်.ခြင်းမပြုပဲ ၊ ခင်မင်မှုဖြင်.ခန်.အပ်သောကြောင်. ၀န်ကြီးများလူမှန်နေရာမှန်မဖြစ်ကာ ကမောက်ကမဖြစ်နေကြခြင်းသည်လည်းစီမံခန်.ခွဲမှုအလွဲများဖြစ်သည် ။ တာတမံဆည်မြောင်းများကိုဆောက်လုပ်ခဲ.သော်လည်း ထိုအထဲတွင်တိုင်းပြည်အတွက် ဘာမှအသုံးမ၀င်သော ဆည်မြောင်း တာတမံများပါဝင်နေခြင်းကလည်း ညံဖျင်းသော စီမံကိန်း အလွဲများဖြစ်သည် ။ ပြောသော်ကုန်နိုင်ဖွယ်ရာမရှိ ။

လတ်လတ်ဆတ်ဆတ်အနာဟောင်းကိုပြနှ်ဆွပါရစေ ။ အရှေ.တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်းရှုံးသောအခါ ပရိသတ်အချို.သည် ခုံများကိုရိုက်ချိုးကြသည် ။ ပိုစတာအချို.ကိုမီးရှို.ကြသည် ။ ဘောလုံးအဖွဲ.ချုပ်ကလည်းထိုအခါမှ သွားလေသူနည်းပြဆရာ၏ အပုပ်များကိုဖော်ကောင်လုပ်ကြသည် ။ သို.သော် မေးရမည်.မေးခွန်းများမှာ ထိုနည်းပြဆရာကိုမြန်မာနိုင်ငံအတွက်မခန်.အပ်မီ ဘောလုံးအဖွဲ.ချုပ်သည် ထိုနည်းပြဆရာ၏ နောက်ကြောင်းရာဇ၀င်နှင်. စွမ်းဆောင်ရည်အသေးစိတ်ကို သေသေချာချာ တိတိကျကျ လေ.လာဆန်းစစ်ခဲ.ကြဖူးပါသလား ။ ကမ္ဘာပေါ်တွင် ဘောလုံးနည်းပြများ ရိုက်သတ်၍ မကုန်အောင်ပေါများနေသောခေတ်ကြီးဝယ် ကမ္ဘာ.ဘောလုံးလောက၀ယ် တတိယအဆင်.မှသာပါဝင်နေသော ကိုရီးယားလိုနိုင်ငံမှနည်းပြဆရာကို အဘယ်သို.သော စံများနှင်. အခြား ဘောလုံးအင်အားကြီးနိုင်ငံများမှ နည်းပြဆရာများကိုကျော်ကာလွန်ခဲ.သော နှစ်နှစ်ကရွေးချယ်ခဲ.ပါသနည်း ။ မြန်မာနှင်.အင်ဒိုနီးရှားအသင်း ယှဉ်ပြိုင်မည်.နေ.က တစ်ဖက်အုပ်စုတွင်ပါဝင်နေသော ဗီယက်နမ်အသင်း ရှိပါလျက် ၊ကွင်းလည်ဒိုင်လူကြီးအဖြစ် ဗီယက်နမ်ဒိုင်ကိုတာဝန်ပေးခဲ.မှုကို မြန်မာနိုင်ငံသည် အိမ်ရှင်အခွင်.အရေးရှိပါလျက် အဘယ်ကြောင်. မကန်.ကွက်ပဲလက်ခံခဲ.ပါသနည်း။ မြန်မာနည်းပြဆရာ ကိုရီးယားလူမျိုးပါတ်ဆောင်ဟွာသည် ဘုရင်တစ်ဆူလို ဘောလုံးအဖွဲ.ချုပ်အပေါ် ပြုမူရလောက်အောင် နည်းပြငှားရမ်းစဉ်က နိုင်ငံတကာ စာချုပ်များထက်ပို၍ မည်သည်. အကြောင်းအချက်များကိုထည်.သွင်းချုပ်ဆို ခဲ.သနည်း ။ မြန်မာ.ဘောလုံးအဖွဲ.ချုပ်မှ နည်းစနစ်အကြံပေးအဖွဲ.သည် ကစားကွက်နှင်.ပါတ်သက်၍ ကျော်ကိုကိုမှ မေးမြန်မေးဆွေးနွေးသည်ကို ဘာကြောင်. မထောက်ခံပဲ ကျော်ကိုကို အား နည်းပြဆရာကို ကန်တော.တောင်းပန်စေခဲ.သနည်း ။အင်္ဂလိပ်လိုမတတ်သော နည်းပြဆရာအားအဘယ်ကြောင်. ကစားပွဲစည်းမျဉ်းအကြောင်း အင်္ဂလိပ်လို ပေးဖတ်စေခဲ.သနည်း ၊အဘယ်.ကြောင်.ထိုစည်းမျဉ်းများကို စနစ်တကျ (Google Translate Machine ဖြင်.ပင်ဖြစ်စေ)ကိုရီးယား ဘာသာပြန် မပေးခဲ.သနည်းဟူသော နေရာမကျခဲ.သည်.စီမံခန်.ခွဲမှု အမှားများကိုတသီတတန်းကြီး မြင်ရမည်ဖြစ်သည် ။

မှားကာမှ အပြစ်များပြောကြ ၊ ဒေါသထွက်ကာပေါက်ကွဲကြသည်ထက် မြန်မာများ၏အရိုးစွဲနေသော ဖြတ်ကတတ်ဆန်းလုပ်တတ်သည်.၀သီကိုသာအပြစ်တင်ရမည်ဖြစ်သည် ။ နည်းပြစငှားကတည်းက မိမိ ကြိုက်သောနည်းပြကို ပေးနိုင်မည်.ဈေးပြော၍ ကမ်းလှမ်းသည်.စနစ်ကိုလုပ်ရမည်.အစား ၊ ဒရ၀မ်တစ်ဦးအလိုရှိသည်ဟု ကြေငြာသလို အလုပ်လိုချင်သောနည်းပြများကို တင်ဒါစနစ်ဖြင်.ခေါ်ယူခြင်းကစ၍ လွဲနေပေသည် ။အလုပ်အလိုရှိသည်ဟုကြေငြာလိုက်ပါက အလုပ်လက်မဲ. အရည်အသွေးနိမ်.နည်းပြဆရာများသာ ကျွန်တော်တို.ဆီသို.ရောက်လာပါလိမ်.မည် ။ ရွှေဝယ်ချင်သူသည် ရွှေဆိုင်သို.သွားကာဝယ်ယူရသလို နည်းပြလိုချင်သူသည် ကိုယ်တိုင်လေ.လာ၍ ၀ယ်ယူရပါသည် ။ ထိုသို.မဟုတ်ပဲ သင်.တော်သောနည်းပြ ၃ ယောက်လောက် စာရင်းပို.ပေးပါဟု စီမံခန်.ခွဲမှု အမှားကြီးအတိုင်း အာရှဘောလုံးအဖွဲ.ချုပ်သို.ကုန်အမှာစာပို.သလိုလှမ်းမှာနေလျင် ချိုကျိုး နားရွက်ပဲ. အရည်အချင်းမမီသောရွေးကျ နည်းပြဆရာများသာမြန်မာ.ဘောလုံးလောကသို.ရောက်လာပေလိမ်.မည် ။
အရာရာကားစီမံခန်.ခွဲမှုညံ.ဖျင်းခြင်း၏ဘေးထွက်ဆိုးကျိုးများဖြစ်သည် ။ ၀န်ထမ်းများကိုလောက်ငအောင်မပေးသောအခါ လာဘ်စားခြင်းများဖြစ်ပေါ်လာပေမည်။ လာဘ်စားခြင်းကိုမနှိမ်နှင်းသောအခါ အကြီးအကျယ် ခြစားမှု အပွကြံမှု ၊ သူဌေးဖြစ်သည်အထိ အဂတိလိုက်စားမှု များဖြစ်လာပေမည် ။မတတ်သူကိုနေရာပေးသောအခါ ဆုံးရှံးလေလွင်.မှုများ၊ကိုယ်ကျိုးရှာအလွဲသုံးစားမှုများ ဖြစ်လာပေမည် ။ စီမံခန်.ခွဲမှုညံ.ဖျင်းသောအခါ ရုပ်ရှင်ရုံလက်မှတ်ရောင်းတာကအစ ၊ မီတာခဆောင်တာအပါအ၀င် အသေးအဖွဲကိစ္စများမှာပင်အလွဲလွဲအချော်ချော် ဖြစ်ပေမည်။

မြန်မာသည် မတော်သည်မဟုတ် ။တစ်ဦးချင်းကျွမ်းကျင်မှုများစွာရှိသောလူမျိုးဖြစ်သည် ။ သို.သော် ခေတ်အဆက်ဆက် ကျွန်တော်တို.အားနည်းခဲ.သည်မှာ လူတော်များထံမှ တိုင်းပြည်အကျိုးဖြစ်ထွန်းအောင်မည်ကဲ.သို. တွန်းအားပေးစီမံဆောင်ရွက်ကြမလဲဆို တာစေတနာမရှိကြခြင်းဖြစ်သည်။ ထိုသို.မဟုတ်ပဲ ကိုယ်တိုင်လဲ စီမံခန်.ခွဲမှုကိုနေရာကျအောင်မလုပ်တတ် ။ လုပ်တတ်သူတို.လုပ်ပါရစေဆိုလာပြန်တော.လည်း မင်းသားကြီးမလုပ်ရလို.ပါတ်မကြီးကိုလာထိုးနေသလိုလို ၊ဆီသည်မလက်သုတ်ဖတ်လိုဖန်တရာတေနေသောဆင်ဝှေ.ရန်ရှောင်စကားတွေနဲ.တော. ပညာခေတ် ၊အိုင်တီခေတ်ကြီးဝယ် ဘယ်လိုမှ လူတောတိုးပြီးရပ်တည်လို.ရတော.မှာမဟုတ်ကြောင်း တင်ပြလိုက်ရပါသည် ။ မောင်အိုလိုလူစားမျိုးနဲ.တော. ၂၀၁၅ တွင်ထပ်၍ မတွေ.လိုတော.ပါပြီ ။

သရ၀ဏ် (ပြည်)
စောင်.ကြည်.ဂျာနယ် ၃၁.၁၂.၂၀၁၃

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ

Leave a Comment


Tuesday, December 31, 2013

အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အစည်းအဝေး ကနေ ၂၀ဝ၈ အခြေခံ ဥပဒေထဲ မှာ ပြင်ဆင် ဖို့နဲ့ ပယ်ဖျက် အချက် ပေါင်း ၇၃ ချက် ကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော် ထဲမှာ ကိုယ်စားလှယ် ဦးရေ ၈၀ ရာခိုင်နှုန်း ကျော် နေရာရ ထားတဲ့ အခုလို အာဏာရ ပါတီ ကိုယ်တိုင်က တနင်္လာနေ့ မှာ ဆုံးဖြတ်ခဲ့ ကြတာပါ။

နိုင်ငံ တလွှား က ကိုယ်စားလှယ် ပေါင်း ၂၀ဝ လောက် တက်ရောက် ခဲ့တဲ့ ဒီ အစည်းအဝေးက သဘောတူ လိုက်တဲ့ ၂၀ဝ၈ အခြေ ခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်တွေ အထဲ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့် အတား ဖြစ် နေတဲ့ အချက် လည်း ပါဝင် ပါတယ် ။

ပါတီက အဆိုပြုတဲ့ အတိုင်း ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ အခက် အခဲ မရှိ နိုင်ဘူးလို့ ညီလာခံ တက်ရောက် ခဲ့တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော် မတီဝင် မကွေးတိုင်း ဒေသကြီး ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

အလားတူ တိုင်း ဒေသကြီး ဝန်ကြီးချုပ် တွေကို အစိုးရက တိုက်ရိုက် ရွေးတဲ့ စနစ် အစား တိုင်း ဒေသကြီး လွှတ်တော် ကနေ ရွေးကောက် ဖို့ကို အကြိတ် အနယ် မဲခွဲ ပြီး ပြင်ဆင်မယ့် အချက်တွေ ထဲမှာ ထည့်နိုင် ခဲ့တယ် လို့လည်း ဦးလှဆွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ကိုင်စွဲ ထားသည့် ဘုံသဘော တူညီချက် (၁၁)ချက်

Leave a Comment


 လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ကိုင်စွဲ ထားသည့် ဘုံသဘော တူညီချက် (၁၁)ချက်
**************************************************

(ပြည်တွင်းသတင်း)...
              


လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များသည် ၂၀၁၃ ခုနှစ် အောက် တိုဘာ (၃၁)ရက်နေ့မှ နိုဝင်ဘာ ၂
ရက် နေ့အထိ ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) ဌာန ချုပ် ဖြစ်သော လိုင်ဇာမြို့တွင် သမိုင်း ၀င် တွေ့
ဆုံ ဆွေးနွေးပြီး တနိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ဘုံသဘော တူညီ ချက်ကို ရေးဆွဲ ခဲ့ပါ
သည်။

ယင်းဘုံ သဘော တူညီ ချက်ကို နိုဝင်ဘာ (၄)ရက်နေ့ တွင် အစိုးရ ကိုယ်စား လှယ်များ အား ကချင်
ပြည်နယ် မြစ် ကြီး နား မြို့တွင် တင်ပြ ဆွေးနွေး ခဲ့ ပါသည်။ အ လားတူ အစိုးရ၏ တနိုင်ငံ လုံးအပစ်
အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ ညီ ချက်ကိုလည်း အပြန် အလှန် တင်ပြခဲ့ပါသည်။

အစိုးရ ကိုယ်စား လှယ် များ တင်ပြချက် များ သည် ယခင် လိုင်ဇာ အစည်း အဝေးသို့ တင်ပြခဲ့သော
ရပ်တည်ချက် မဟုတ် တော့ဘဲ ပြောင်းလဲသွား ခဲ့သဖြင့် တိုင်းရင်း သား ကိုယ်စားလှယ်များ ဆွေးနွေး
ရန် အခက်ကြုံ ခဲ့ပါသည်။ ဤသို့ ကြောင့် ရက်ရွှေ့ဆိုင်းသည့် အနေဖြင့် ကရင်ပြည်နယ် ဖါးအံမြို့တွင်
နောက် ထပ် ဆွေးနွေးကြရန် ထပ်မံ ချိန်းဆို ခဲ့ရခြင်း ဖြစ်ပါသည်။

လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့များ၏ အစိုးရ ကိုယ်စား လှယ်ထံ တင်ပြခဲ့သော ဘုံသဘော တူညီ
ချက် မှာ (၁၁) ချက်ရှိသည်။ ၄င်းအချက်များကို မူရင်းအတိုင်း ပြန်လည် ရိုက်နှိပ်ပြီး ရွှေဟင်္သာ သတင်း
ဌာန မှ ပြန်လည် တင်ပြ ထား ခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာဘုံသ
ဘောတူညီချက်များ

နိဒါန်း

၁။အခြေခံမူများ။
၁-၁။ငြိမ်းချမ်း ရေးအတွက်သန္နိဌာန်ချခြင်း။
၁-၂။ပင်လုံ သဘော တူညီချက်ကိုအသိအမှတ်ပြုခြင်း။
၁-၃။စစ်မှန်သောဖက်ဒရယ် ပြည် ထောင်စုစနစ်။
၁-၄။ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်း။
၁-၅။တိုင်းရင်းသားလူမျိုးများ၏အခြေခံအခွင့်အရေးများကိုကာကွယ်ခြင်း။
၁-၆။တန်းတူ ညီမျှမှု။
၁-၇။အားလုံး ပါဝင်ရေး။
၁-၈။သဘော တူညီမှုရယူခြင်း။
၁-၉။ပူးပေါင်း ဆောင်ရွက်မှု။
၁-၁၀။ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု။

၂။ရည်ရွယ်ချက်များ။

၂-၁။ အပြန်အ လှန်ယုံကြည်မှု တည်ဆောက်နိုင်ရန်။
၂-၂။ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခြင်း များနှင့်၊ ရန်လိုမှုများ ရပ်စဲရန်။
၂-၃။ အားလုံး သဘောတူညီ ထားသည့် အပစ် အခတ် ရပ်စဲရေး ဆိုင်ရာစည်း ကမ်းများ ကိုလေးစား လိုက် နာရန်။
၂-၄။ အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ ကြားချုပ်ဆို ထားသော သဘောတူ ညီချက်နှ င့်ဂတိ ဂ၀တ်များကို ထပ်လောင်း အတည်ပြု ထိမ်းသိမ်းပြီး တည်တံ့ခိုင်မြဲ၍ တရားမျှတ သည့် ငြိမ်းချမ်းရေး သို့ဦး တည်သည့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်း စဉ်ကို စတင်ကျင်း ပသွားရန်။
၂-၅။ အဓိပါယ် ပြည့်ဝသော နိုင်ငံရေးတွေ့ ဆုံဆွေးနွေး ပွဲများ မှသည်အ မျိုးသား ပြည်နယ် များကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်။

၃။ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း။
၃-၁။ အားလုံး ပါဝင်သော အမျိုးသား အဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင် (The framework for National Political Dialogue) သဘောတူညီ မှုရယူခြင်း။

၃-၂။ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီ ချက်လက်မှတ် ရေးထိုးခြင်း။
၃-၃။ အမျိုးသား အဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ များကျင်းပခြင်း။
၃-၄။ ပင်လုံစိတ်ဓါတ်၊ ပင်လုံမူကို အခြေခံသော ပြည်ထောင်စု ညီလာ ခံကျင်းပပြီး၊ “ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက် (Pyidaungsu Accord) ကိုလက် မှတ်ရေးထိုးခြင်း။
၃-၅။ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက် (Pyidaungsu Accord) ကို အတည်ပြုခြင်း ( Ratification)။
၃-၆။ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက် (Pyidaungsu Accord) ပါ အချက် များကို အကောင် အထည်ဖေါ်ခြင်း။

၎။ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး တွင် အဓိက ပါဝင်ရမည့် အချက်များ။
၎-၁။ တပ်ပိုင်း ဆိုင်ရာကိစ္စ။
၎-၂။ ဆက်ဆံရေး ရုံးများ ဆိုင်ရာကိစ္စ။
၎-၃။ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း။
၎-၄။ နိုင်ငံရေး တွေ့ဆုံေ ဆွးနွေး ပွဲ မူဘောင် ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း။
၎-၅။ အရပ်သား များအား အကာအ ကွယ်ပေးခြင်း။
၎-၆။ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များ သဘောတူခြင်း။

၅။ အကောင် အထည်ဖေါ်ခြင်း။

၅-၁။ ပူးတွဲစောင့် ကြည့်ရေးစနစ် လက်တွေ့ သတ်မှတ်အကောင် အထည်ဖေါ်ခြင်း။
၅-၂။ နိုင်ငံရေး ဆွေးနွေးပွဲ များ၊ ဆက်လက် အကောင် အထည်ဖေါ်သွားမည့် ပူးတွဲကော် မီတီဖွဲ့စည်းခြင်း။
၅-၃။ လွတ်လပ်သော လူ့အခွင့် အရေး စောင့်ကြည့်ရေးကော် မီတီ။
၅-၄။ အချိန် ကာလသတ်မှတ် အကောင် အထည်ဖေါ်ခြင်း။

၆။ ယုံကြည်မှု တည်ဆောက်ရေး နှင့် စပ်လျဉ်းသည့် ဆောင်ရွက် ရမည့်အချက်များ။
၆-၁။ စိတ်ရင်း စေတနာ မှန်ဖြင့်ကြိုး စားလုပ်ဆောင် ရမည်။
၆-၂။ လွတ်လပ်စွာ သွားလာခွင့်။



၇။ မတရား အသင်းများ အဖြစ်မှ ပယ်ဖျက်ပေးရေးနှင့် ဆက်စပ် အကြောင်းအရာများ။

၈။ ဆွေးနွေးရေး ကာလအစီစဉ်များ။
၈-၁။ အုပ်ချုပ်ရေး ဆိုင်ရာ အာဏာ ခွဲဝေခြင်း။ ကျင့်သုံးခြင်း။
၈-၂။ စီးပွားရေး ဆိုင်ရာ အာဏာ။ ခွဲဝေခြင်း။ ကျင့်သုံးခြင်း။
၈-၃။ ဥပဒေပြုပြင် ရေးဆိုင်ရာ ကိစ္စရပ်များ။
၈-၄။ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်များ။
၈-၅။ မြေယာပြုပြင်ရေး ဆိုင်ရာ ကိစ္စရပ်များ။
၈-၆။ သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များ။
၈-၇။ နယ်စပ်ရေးရာ ကိစ္စရပ်များ။ (Border Terminal, Immigration, Trade Issue)
၈-၈။ အကြီးစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ။ (Mega Economic Projects)
၈-၉။ မူးရစ်ဆေးဝါး ကင်းစင် ပပျောက်ရေး ဆိုင်ရာကိစ္စရပ်များ။

၉။ လက်မှတ်ရေးထိုးခြင်း။

၁၀။အတည်ပြုခြင်း။

၁၁။အထွေထွေ။

(ရွှေဟသာင်္သတင်းဌာန)

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ဘာသာခြားမိသားစုမှဗုဒ္ဓ ဘာသာသို့မိသားစု လိုက်ကူးပြောင်းပွဲကျင်းပ

Leave a Comment


Sunday, December 29, 2013
ဘာသာခြားမိသားစုမှဗုဒ္ဓ ဘာသာသို့မိသားစု လိုက်ကူးပြောင်းပွဲကျင်းပ
********************************************

ရန်ကုန်တိုင်းဒေသကြီးဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ်အမှတ် (၁) ရပ်ကွက်အနော်ရထားလမ်း ရှိ မကွေးပရိယတ်္တိအသင်တိုက်၌ ဘာသာခြားအဖြစ်မှဗုဒ္ဓဘာသာဝင် အဖြစ်သို့မိသားစု ၅ ဦးမှခံယူ      ကိုးကွယ်ခြင်းနှင့်ရှင်သာမဏေ အဖြစ်ခံယူခြင်းကိုအခမ်းအနား အစီအစဉ် ၁၁ ရပ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့မြို့ နယ်သံဃာ့နာယကဆရာတော် ဦးဇာဂရိယ၊ ကျောင်းထိုင်ဆရာ တော်များ၊ သံဃာတော်- ၇၅ ပါး ခန့်နှင့်ပရိတ်သတ် ၂၀၀ ခန့်တက် ရောက်ကြောင်းသိရသည်။

ဘာသာခြားမှဗုဒ္ဓဘာသာ သို့ဝင်ရောက်သူများမှာသာကေတ မြို့နယ် ၁ အနော်မာရပ်ကွက် ရွှေမေတ္တာအတွင်းလမ်းအမှတ် ၁၇၅၆ နေဦးလှမြင့် နှင့် ဇနီး ဒေါ်စန်း၊ သမီးမမြသန္တာ ၁၇ နှစ် သမီးမသီရိမြင့်မိုရ် ၁၃ နှစ် နှင့်သားမောင်စိုးမင်းရာဇာ ၁၀ နှစ်တို့ဖြစ်ကြပြီး မောင်စိုးမင်း ရာဇာဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ တွင်ရှင်သာမဏေအဖြစ်ခံယူလိုက် ကြောင်းဒေါ်စန်းမှပြောပြပါသည်။

ဦးလှမြင့်သည်ကျူလီယာလူ မျိုးဘာသာခြားတစ်ဦးဖြစ်ပြီး၊ မြန်မာလူမျိုးဒေါ်စန်းဗုဒ္ဓဘာသာဝင် နှင့်အိမ်ထောင်ကျပြီးသားသမီး (၃) ဦးထွန်းကား၍ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ၎င်း တို့နေထိုင်ရာဒေါပုံမြို့နယ် နွယ် ဟေးရပ်ကွက် ရှင်ဥပဂုတ်ဓမ္မာရုံ တွင်ကျင်းပသောဆွမ်းသိမ်းအောင် ပွဲတွင်စစ်ကိုင်းခင်မကန်ကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တခေမိန္ဒ၏ တရားပွဲအပြီးမဟာဒုက်ဘုရားမဲ ဖောက်ခဲ့ကြောင်း၊ဗုဒ္ဓရုပ်ပွားတော် အားနေအိမ်သို့ပင့်ဆောင်ခဲပြီး၊ ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် အခြေခံကိုလေ့လာသည့်အခါ ကံ-ကံ၏အကျိုးကိုနားလည်ခဲ့ ကြောင်းဇနီးနှင့်မိသားစုအား ဗုဒ္ဓဘာသာကိုလွတ်လပ်စွာသက် ၀င်ယုံကြည်ကိုးကွယ်နိုင်ရန်ခွင့်ပြု ခဲ့ကြောင်း Hot News သို့ ပြော ပါသည်။

၎င်းနောက် ၂၀၁၁ ခုနှစ် တွင် အဆိုပါရပ်ကွက်ရွှေမေတ္တာ လမ်းရှိအောင်သိဒိ္ဓဓမ္မာရုံတွင် ဆွမ်းသိမ်းအောင်ပွဲတရားပွဲဝေယျာ ဝေစ္စများပါဝင်ဆောင်ရွက်နေစဉ် စစ်ကိုင်ခင်မကန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တခေမိန္ဒ၏တရား ပွဲအပြီးမဟာဒုက်ဘုရားလက်မှတ်  ဝေရာတွင်မဲနံပါတ်(၃၇၀)ကိုဇနီး ဖြစ်သူမစန်းရရှိခဲ့ရာ၊အဆိုပါနံပါတ် မှထူးခြားစွာဘုရားမဲပေါက်၍ဗုဒ္ဓ ရုပ်ပွားတော်အားနေအိမ်သို့ပင့် ဆောင်ပြီးအနေကဇာတင်ပူဇော် ကိုးကွယ်ခဲ့ကြောင်း၊ မိမိစိတ်ဆန္ဒ နှလုံးသား၌ဗုဒ္ဓဘာသာအဖြစ်ရှိနေ ပြီး ယနေ့ဘာသာကူးပြောင်းခြင်း သည် မည်သူတစ်ဦးတစ်ယောက် ၏သွေးဆောင်ဖျားယောင်းမှု ကြောင့်မဟုတ်ဘဲမိမိစိတ်ဆန္ဒအရ ပြုလုပ်ကြောင်းဗုဒ္ဓဘာသာဝင်အဖြစ်  ခံယူပြီးသားလေးအားရှင်သာမ ဏေအဖြစ်ခံယူခြင်းဖြစ်ကြောင်း ပြောကြားပါသည်။


အရိန္ဒမာ(ဘိုကလေး)

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


Read More...

မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)အား ကမ္ဘောဇဘဏ်လီမိတက်မှ မီးသဂြိုလ်စက် ဖြစ်မြောက်ရေးအတွက် မတည်ငွေ သိန်း(၈၀)လှူဒါန်း

Leave a Comment


မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)အား ကမ္ဘောဇဘဏ်လီမိတက်မှ မီးသဂြိုလ်စက်
ဖြစ်မြောက်ရေးအတွက် မတည်ငွေ သိန်း(၈၀)လှူဒါန်း
************************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့တွင် မီးသဂြိုလ်စက်ဖြစ်မြောက်ရေးအတွ
က်(KBZ)ကမ္ဘောဇဘဏ်လီမိတက်မှ မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)သို့ မတည်
လှူဒါန်းငွေ သိန်း(၈၀)အားပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ပြည်မြို့ ရတနာမာန်အောင်
ကျောင်းဝန်းအနီးရှိ မိုးမေတ္တာနာရေးကူညီမှုအသင်းရုံးအတွင်းကျင်းပခဲ့ကြောင်းသတင်းရ
ရှိခဲ့ပါသည်။ အဆိုပါအခမ်းအနားကို (KBZ)ကမ္ဘောဇဘဏ်လီမိတက်မှ တာဝန်ရှိလူကြီး
မင်းများနှင့် မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) မှ တာဝန်ရှိလူကြီးမင်းများတက်ရောက်
ခဲ့ကြောင်းသိရရှိသည်။

အဆိုပါအခမ်းအနားကို ၂၉.၁၂.၂၀၁၃ ရက်နေ့မနက်ပိုင်းအချိန်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်
ပြီး အခမ်းအနားကို အစီအစဉ်(၆)ခုဖြင့်ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားအစီအစဉ်များ
မှာ......
၁။အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း..
၂။KBZ ဘဏ်လီမိတက်မှ ယခုကဲ့သို့လှူဒါန်းရခြင်း နှင့်ပတ်သက်ပြီး KBZ ဘဏ်လီမိ
တက်ကိုယ်စား ဒုအထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုး မှရှင်းလင်းပြောကြားခြင်း..
၃။KBZဘဏ်မှ အလှူငွေပေးအပ်ခြင်း....
၎။KBZဘဏ် လီမိတက်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း...
၅။လှူဒါန်းမှုနှင့်ပတ်သက်ပြီး ပြည်မြို့သူ/သား များကိုယ်စား မီးသဂြိုလ်စက်ဖြစ်မြောက်
ရေးကော်မတီ၊မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၏ အတွင်းရေးမှုး ဦးညီညီအောင်
 မှကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း..
၆။အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းတို့ဖြင့် အဆိုပါအခမ်းအနားကိုကျင်းပပြုလုပ်
ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။..

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ပရဟိတကတုံး(သံဃာ့ကုဋီ..သန့်ရှင်းရေးအသင်း)

Leave a Comment


ပရဟိတကတုံး(သံဃာ့ကုဋီ..သန့်ရှင်းရေးအသင်း)
************************************

ပြည်မြို့မှာ မကြားဖူးသေးတဲ့အသင်းတစ်သင်းပါ လူအင်အားအနည်းငယ်သာရှိပေ
မဲ့ စိတ်ဓါတ်ခွန်အားတွေနဲ့ သံဃာ့အညစ်အကြေး တွေကို အပတ်စဉ် တနင်္ဂနွေနေ့
တိုင်း သံဃာတော်တွေ စွန့်ပစ်သွားတဲ့ အညစ်အကြေးများကို ဆေးကြောသုတ်သင်
သန့်ရှင်းရေးပြုလုပ်ပေးနေတဲ့အသင်း တစ်သင်းပါပဲ အသင်းနာမည်ကိုတော့ ပြည်
မြို့ ဇောတိကာရုံ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဘုရားကြီး ကိုယ်တိုင် ချီး
မွန်းပေးခဲ့တဲ့နာမည်ပါ (ကုဋီ....ဆိုတာပါဋိဘာသာပါ..အနက်အဓိပ္ပါယ်ကတော့(အိမ်
သာ)လို့ခေါ်ပါတယ်...

ကျွန်တော်တို့အသင်းက လူအင်အား(၁၅)ယောက်ခန့်ပဲရှိပါသေးတယ် အပါတ်စဉ် တ
နင်္ဂနွေနေ့တိုင်း သံဃာ့ကုဋီ သန့်ရှင်းမှုတွေပြုလုပ်လေ့ရှိပါတယ် ပထမဦးကတော့ ပြည်
မြို့ ဇောတိက ကျောင်းတိုက်အတွင်းမှာရှိတဲ့ ကုဋီ(သံဃာအိမ်သာ)တွေကိုသန့်ရှင်းရေး
ပြုလုပ်ကြပါတယ် အပတ်စဉ်တနင်္ဂနွေနေ့ ညနေ(၃း၀၀)နာရီကနေ ည(၆း၀၀)နာရီ
အထိသန့်ရှင်းရေးများပြုလုပါပေးခဲ့တာကြာပါပြီ အသင်းသား/သူ နည်းတော့ ကျောင်း
တိုက်တိုင်းကိုတော့သိပ်မသွားနိုင်သေးပါဘူး နောက်ပိုင်းတွေမှာတော့ သွားဖို့အစီစဉ်
တွေရှိပါတယ် အခုလက်ရှိတော့ ဇောတိကာရုံပါဋိတက္ကသိုလ်ကျောင်းတိုက်အတွင်းမှာ
ကုဋီ(သံဃာအိမ်သာ)အလုံးပေါင်း(၄၁)လုံးရှိပါတယ် အပတ်စဉ်သန့်ရှင်းများပြုလုပ်ပေး
နေပါတယ် ဆေးဖိုးရော သန့်ရှင်းရေးပစ္စည်းဖိုးတွေရောအားလုံးကို ကျွန်တော်ပဲလှူပါ
တယ် ဖြစ်နိုင်ရင်တော့ အလှူရှင်တွေလိုအပ်ပါတယ် ကျွန်တော်တို့အသင်းမှာ အကျီင်္
တီရှပ်များလိုအပ်နေပါတယ် လှူချင်ရင်လည်းရပါတယ် ဒါမှမဟုတ် ဆေးဖိုးပစ္စည်းများ
လည်းအလှူပေးချင်လျှင်လက်ခံပါတယ်ဟု ပရဟိတကတုံး(သံဃာ့ကုဋီ..သန့်ရှင်းရေးအသင်း)
အသင်းခေါင်းဆောင် ဦးကျော်ကျော်ဦးမှ ပြည်သတင်းသို့ပြောကြားသည်..

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

1.1.2014 တွင် အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်လှစ်မည်

Leave a Comment

စာရင်းပေးပြီးသူ သင်တန်းသားအားလုံး 1.1.2014 နံနက် ၉ နာရီတွင် မဟာဇေယျုံကျောင်းတိုက်တွင် ဆရာတော်နှင့်အတူ သင်တန်းဆရာ၊ သင်တန်းသားများအားလုံးတွေ့ဆုံပြီး စတင်ဖွင့်လှစ်ကာ သင်တန်းချိန်များကို ညှိနှိုင်းကာ ဆက်လက်သင်ကြားသွားမည်ဖြစ်သည်။ သို့ဖြစ်ပါသဖြင့် သင်တန်းသားများ မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

သင်တန်းတက်လိုသူများ

ပြည်မြို့၊ ရွှေတစ်ချောင်းလမ်း၊ မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်းတွင် Great White IT Training Center အမည်ဖြင့် အခမဲ့ ကွန်ပျူတာသင်တန်းကို 1.1.2014 တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ကွန်ပျူတာ Basic ကို စတင်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းမှ ကျင်းပသော စာမေးပွဲအား ဖြေဆိုအောင်မြင်လျှင် Certificate ပေးအပ်သွားမည်ဖြစ်ပါသည်။ သင်တန်းလျှောက်လွှာများကို မဟာဇေယျုံဘုန်းတော်ကြီးကျောင်းနှင့် Future Life Computer Center တွင် အခမဲ့တောင်းယူ စာရင်းပေးသွင်းနိုင်ပါပြီ။

သင်တန်းစည်းကမ်းချက်များ

၁။ မြန်မာ့ယဉ်ကျေးမှုနှင့် လျှော်ညီသော အ၀တ်အစားများကိုသာ ၀တ်ဆင်တက်ရောက်ရန်။
၂။ သင်တန်းနှင့် မပက်သက်သော အခြား program များ အသုံးမပြုရန်။
၃။ ခွင့်မဲ့ပျက်ကွက်ခြင်းမပြုရန်။ သင်တန်းပျက်ကွက်လိုပါက သင်တန်းမှုးအား ကြိုတင်တိုင်ကြားရန်။
၃။ သင်တန်းမှ ကျင်းပသော စာမေးပွဲအား ဖြေဆိုအောင်မြင်မှသာ Certificate ပေးမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်

မဟာဇေယျုံဘုန်းတော်ကြီးကျောင်း၊ ရွှေတစ်ချောင်းလမ်း၊ ပြည်တက္ကသိုလ်ဘေး၊ ပြည်မြို့။
Future Life Computer Center ၊ ရွှေတစ်ချောင်းလမ်း၊ ပြည်မြို့။

09-5311132, 09-428003527, 09-423683863

Great White IT Training Center (မဟာဇေယျုံကျောင်းတိုက်)

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

Sunday, December 29, 2013

Camping ပြုလုပ်ခြင်း အင်တာဗျူး

Leave a Comment

အ.ထ.က (၁) ကင်းထောက်လူငယ်များ၏ Camping ကို 30.12.2013 နံနက် ၆ နာရီ ၃၀ တွင် ပြည်မြို့ အ.ထ.က (၁) ကျောင်းမှစတင်ထွက်ခွာပြီး ဧရာဝတီမြစ်ကမ်း မိချောင်းရဲအဆင်း သောင်ပြင်တွင်ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ camping တွင် ကျောင်းသားစုစုပေါင်း (၁၀၀) နှင့် ဆရာ/ဆရာမများပါဝင်ခဲ့ပြီး အဖွဲ့လိုက် ကင်းတဲများထိုးခြင်း၊ ရေကန်တူးခြင်း၊ အလံလွှင့်ထူခြင်းများဖြင့် စုပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရင်ခင်ကတည်းက ကင်းထောက်အဖွဲ့များရှိခဲ့ပြီး 1964 ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် ဖျက်သိမ်းခဲ့ကြပါသည်။ ကင်းထောက်အဖွဲ့ဆိုသည်မှာ နိုင်ငံတကာနှင့် ချိတ်ဆက်နေတဲ့အဖွဲ့အမျိုးအစားဖြစ်ပြီး ကလေးငယ်များကိုလည်း ကမ္ဘာနှင့် အဆက်အသွယ်မပျက်အောင် လူမျိုးဘာသာမရွှေးပါဝင်နိုင်တဲ့ အဖွဲ့ဖြစ်ပါသည်။

ပွဲကျင်းပရခြင်းတွင် ကိုယ့်အားကိုယ်ကိုးတတ်လာစေခြင်း၊ ကင်းထောက်ကျင့်ဝတ် (၁၀) ပါးနှင့်အညီကျင့်ကြံအားထုတ်စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။


ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364



Read More...

အ.ထ.က (၁) ကင်းထောက်လူငယ်များ Camping ပြုလုပ်

Leave a Comment








အ.ထ.က (၁) ကင်းထောက်လူငယ်များ၏ Camping ကို 30.12.2013 နံနက် ၆ နာရီ ၃၀ တွင် ပြည်မြို့ အ.ထ.က (၁) ကျောင်းမှစတင်ထွက်ခွာပြီး ဧရာဝတီမြစ်ကမ်း မိချောင်းရဲအဆင်း သောင်ပြင်တွင်ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ camping တွင် ကျောင်းသားစုစုပေါင်း (၁၀၀) နှင့် ဆရာ/ဆရာမများပါဝင်ခဲ့ပြီး အဖွဲ့လိုက် ကင်းတဲများထိုးခြင်း၊ ရေကန်တူးခြင်း၊ အလံလွှင့်ထူခြင်းများဖြင့် စုပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရင်ခင်ကတည်းက ကင်းထောက်အဖွဲ့များရှိခဲ့ပြီး 1964 ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် ဖျက်သိမ်းခဲ့ကြပါသည်။ ကင်းထောက်အဖွဲ့ဆိုသည်မှာ နိုင်ငံတကာနှင့် ချိတ်ဆက်နေတဲ့အဖွဲ့အမျိုးအစားဖြစ်ပြီး ကလေးငယ်များကိုလည်း ကမ္ဘာနှင့် အဆက်အသွယ်မပျက်အောင် လူမျိုးဘာသာမရွှေးပါဝင်နိုင်တဲ့ အဖွဲ့ဖြစ်ပါသည်။

ပွဲကျင်းပရခြင်းတွင် ကိုယ့်အားကိုယ်ကိုးတတ်လာစေခြင်း၊ ကင်းထောက်ကျင့်ဝတ် (၁၀) ပါးနှင့်အညီကျင့်ကြံအားထုတ်စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Read More...

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရှင်များ

Leave a Comment

 ၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရှင်များ
**********************************

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ဥ ဇာတ်ကားမှ ကိုဇော် (အရုဏ်ဦး)

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို လက်ပံ ဇာတ်ကားမှ ဖွေးဖွေး

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဥ ဇာတ်ကားမှ ချောရတနာ

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို လက်ပံဇာတ်ကားမှ ပြေတီဦး

၂၀၁၂ ခုနှစ်အတွက် အထူးဆု (ကလေးသရုပ်ဆောင်) ဆုကို တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ မှ ယွန်းယွန်း

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ကယန်းအလှဇာတ်ကားမှ အောင်ကိုလတ်

၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်တည်း ဖြတ်ဆုကို ဥ ဇာတ်ကား တည်းဖြတ်သူ ဇော်မင်းဟံသာမြေ

၂၀၁၂ ခုနှစ်အတွက် အမွေခံ ထိုက်သူ ဖြစ်ပါစေ ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတ ဆုကို ဂီတမှူး ဦးဝင်းကို

၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင် တည်းဖြတ်ဆုကို ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးတဲ့ ဥ ရုပ်ရှင်ဇာတ်ကားနဲ့ ဟံသာမြေ ဇော်မင်း

၂၀၁၃ ခုနှစ် ရုပ်ရှင် အသံပိုင်းဆိုင်ရာဆုကို ကယန်းအလှ ရုပ်ရှင်ဇာတ်ကားမှ အသံပိုင်းဆိုင်ရာ ဖန်တီးသူ ဦးတိုနီလင်း  တို့မှ  ၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုများအားဆွတ်ခူးသွားနိုင်ခဲ့ပါတယ်ခင်ဗျား..
ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


Read More...

ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။

Leave a Comment



ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။

 ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။

ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။

ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို 
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။

တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

 မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။


https://www.facebook.com/zay.min.142  မှကူးယူဖော်ပြသည်။





Read More...

ရွှေမင်းသမီး ကလေးသီချင်းဆိုပြိုင်ပွဲ နှင့် ကလေးဖက်ရှင်ပြိုင်ပွဲ ကျင်းပ

Leave a Comment

28.12.2013 နှင့် 29.12.2013 နေ့လည် (1) နာရီတွင် စတင်ကျင်းပခဲ့ကြောင်းသိရပြီး Main Sponsor အဖြစ် SVEE BROTHERS မှဖြစ်ပြီး၊ CO Sponsors အဖြစ် မြင့်မိုရ်ဦး၊ Babi Mild ၊ ရွှေထွန်း၊ ဆန်းသစ်အောင်၊ ဦးတင်ဦး(မုန့်မျိုးစုံ)၊ Dancer (အမျိုးသမီးဝတ်အထည်ဆိုင်)၊ Eagle (သဘာဝကျန်းမာရေးဖျာ)၊ TUN (Tun Toys World) တို့မှ ပံပိုးခဲ့ပါသည်။

အဆိုပါပွဲတွင် ပြည်မြို့ရှိ မူကြိုကျောင်းများကို ဖိတ်ကြားပြီး မူကြိုကလေးများအား Game ကစားနည်းများကိုလည်း ပါဝင်ကျင်းပပေးခဲ့ပါသည်။ မူကြိုကျောင်းကလေးများအတွက် ပြိုင်ပွဲတွင် ဆုရရှိသူအား ဖန်ခွက်တစ်လုံး (ဘူးဖြင့်ထည့် အဖုံးပါ)၊ နှစ်သိမ့်ဆု လက်ဆောင်အတွက် ဖန်ခွက်တစ်လုံးကို မေတ္တာဖြင့် ချီးမြှင့်ခဲ့ပြီး သီချင်းဆိုပြိုင်ပွဲနှင့် ကလေးဖက်ရှင်ပြိုင်ပွဲအတွက် ပထမဆု (၇၀၀၀၀ိ/)၊ ဒုတိယဆု (၅၀၀၀၀ိ/)၊ တတိယဆု (၃၀၀၀၀ိ/) ကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါသည်။

ပွဲတက်ရောက်သူများနှင့် ကလေးငယ်များအား Ovaltine Malted Milk တစ်ဘူးဖြင့် ဧည့်ခံခဲ့ပြီး အခန်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


Read More...

Saturday, December 28, 2013

အိရွှေရည် (ရတနာရွှေဆိုင်)

Leave a Comment


အိရွှေရည် (ရတနာရွှေဆိုင်)ကို 28.12.2013 တွင် စတင်ဖွင့်လှစ်လိုက်ပါသည်။ အမှတ် (144-ခ)၊ ပွဲစားလမ်း၊ ရွှေကူရပ်၊ ပြည်မြို့။
053-26198၊ 09-5311911

28.12.2013 ဈေးနှုန်းမှာ

15 ပဲရည် - 620000
14 ပဲရည် - 580000

ပြည်သတင်း

https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ခေတ္တရာစွယ်တော်ဦး (လူမှု/ကျန်းမာရေး) အဖွဲ့ အလှမယ်ရွေးချယ်ပွဲကျင်ပ

Leave a Comment

28.12.2013 (စနေနေ့) ညနေ (၄) နာရီမှ ည (၁၁) နာရီအထိ၊ ယဉ်ကျေးမှုပြဇာတ်ရုံ၊ ပြည်မြို့တွင် ခေတ္တရာစွယ်တော်ဦး (လူမှု/ကျန်းမာရေး) အဖွဲ့ အလှမယ်ရွေးချယ်ပွဲကျင်ပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ HIV / AIDS ပတ်သက်သော ဗဟုသုတ အသိပညာများကို ပြည်သူလူထုအတွင်း ဖြန့်ဝေပေးရန်၊ HIV / AIDS နှင့်ပတ်သက်ပြီး ကူးစက်မှု၊ သေဆုံးမှု၊ ခွဲခြားနှိမ့်ချဆက်ဆံမှုများ လျှော့ပါးလာစေရန်နှင့် MSM များ၏ အလှဖန်တီးမှုစွမ်းရည်နှင့် စွမ်းဆောင်ရည်များကို ဖော်ထုတ်ပြသရန် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပါဝင်ယှဉ်ပြိုင်သူ MISS များမှာ (27) ဦးရှိပြီး ပြည်ခရိုင်၊ သာယာဝတီ၊ ကံမ တို့မှ ပါဝင်ခဲ့ပါသည်။ ပြိုင်ပွဲဝင် Miss များကိုလည်း ကျန်းမာရေးမေးခွန်း (၂၀)၊ MSM များ၏ ဘ၀နှင့်သက်ဆိုင်သောမေးခွန်း (၁၀) မျိုးတို့ကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ကာ လာရောက်ကြည့်ရှု့သူများအား ကျန်းမာရေးအသိပညာဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ မေးခွန်းများမှာ
(1) HIV နှင့် AIDS ဘယ်လိုကွားခြားပါသလဲ။
(2) HIV ပိုးသည် လူ့ခန္ဒာကိုယ်ရှိ ဘယ်အရာကို တိုက်ခိုက်ဖျက်ဆီးသနည်း။
(3) လူတစ်ယောက်တွင် HIV ပိုး ကူးစက်ခံရခြင်း ရှိ/မရှိ မည်သို့သိနိုင်ပါသလဲ။
(4) VCCT ပြုလုပ်ခြင်းကို ဗမာလို ဘယ်လိုခေါ်သလဲ။
(5) HIV ပိုး ရှိ/မရှိ စစ်ရာတွင် လူ့သွေးမှ မည်သည့်အရာကို စစ်ဆေးပါသလဲ။
(6) HIV ပိုးသည် ခြင်ကိုက်ခြင်းဖြင့် ကူးစက်နိုင်ပါသလား။ အဘယ်ကြောင့်နည်း။
(7) HIV ပိုးစက်နည်း အဓိက (၂) မျိုးကို ပြည့်စုံစွာ ဖော်ပြပါ။
(8) AIDS ရောဂါ၏ လက္ခဏာများကို ဖော်ပြပါ။
(9) လူ့ကိုယ်ခန္ဒာအတွင်း HIV ပိုးရှင်သန်နိုင်သော ပစ္စည်း ၄ မျိုးကိုဖော်ပြပါ။
(10) လူ့ကိုယ်ခန္ဒာအတွင်း HIV ပိုးရှိသူတွေ ဆေးကုသမှုမခံရရင် ဘာတွေဖြစ်လာနိုင်သလဲ။
(11) STI ဆိုတာ ဘာကိုဆိုလိုတာလဲ။
(12) လူသိများသော ကာလသားရောဂါ ၃ မျိုးကို ဖော်ပြပါ။
(13) ကာလသားရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသလား။
(14) ကာလသားရောဂါကို ပျောက်ကင်းအောင် မကုသနိုင်လျှင် ဖြစ်ပေါ်လာသော ဆိုးကျိုးများကား ဘာလဲ။
(15) ကာလသားရောဂါ (သို့) HIV ပိုး မကူးဆက်အောင် ဘယ်လိုကာကွယ်နိုင်သလဲ။
(16) အမျိုးသားသုံးကွန်ဒုံးကို ဘာနဲ့ပြုလုပ်ထားသလဲ။
(17) အမျိုးသားသုံးကွန်ဒုံးကို မည်သည့်အနံများဖြင့် ပြုလုပ်ထားသလဲ။
(18) တစ်ချို့သောသူများက ကန်ဒုံးနှစ်ထပ်စွပ်လျှင် အန္တရယ်ပိုကင်းသည်ဟု ယူဆကြသည်မှာ မှန်ပါသလား၊ အကြောင်းပြချက်ဖြင့်ဖြေပါ။
(19) ကွန်ဒုံးနှင့်တွဲသုံးရသောချောဆီသည် ဘာကိုအခြေခံပြီး လုပ်ထားသလဲ။
(20) ချောဆီ အဆင်သင့်မရှိလျှင် အုန်းဆီ သို့မဟုတ် အခြားသောအဆီများကို အစားထိုးအသုံးပြုနိုင်ပါသလား။
စသည်တို့ကို မေးမြန်းခြင်း၊ ဖြေဆိုခြင်းများဖြင့် ပွဲတက်ရောက်သူများအား ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364


Read More...

ကရုဏာလက်များ ကွန်ရက် (ပြည်) မှ ဒုတိယမြောက်အလှူခံပုံးချထားခြင်း

Leave a Comment


ဒုတိယမြောက်အလှူခံပုံးကို ( 28.12.2013 ) ယနေ့ မနက် (10) နာရီတွင် မြို့မဈေးကြီး (ပြည်) ဈေးထိပ်တွင်ထပ်မံချထားအလှူခံခဲ့ပါသည်။ ယခင်အလှူခံပုံးသည် အလျား ၂.၅ ပေx အနံ ၂.၅ ပေx အမြင့် ၄ ပေ ဖြစ်သောကြောင့် ၇၅၀၀၀ိ/ကျပ် ကုန်ကျပြီး ယခုအလှူခံပုံးသည် အလျား ၃ ပေx အနံ ၃ ပေx အမြင့် ၅ ပေဖြစ်ပါတယ်။ အရွယ်အစားကြီးပြီး မြင်သာထင်ရှား သတိထားမိစေရန်လည်း ရည်ရွယ်ကြောင်း သိရှိရပြီး လူစည်ကားရာနေရာဖြစ်သလို ပြည်မြို့နှင့် အနီးပတ်ဝန်းကျင်မြို့များမှလည်း လာရောက်ဈေးဝယ်ကြတဲ့ ဈေးကြီးတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ထပ် အလှူခံပုံးများလည်း ထပ်မံပြုလုပ်နေပြီး မြို့တွင်း သင့်တော်သော နေရာများတွင် ချထားမည်ဖြစ်ကြောင်း သိရရှိရှိပါသည်။
ယခုအလှူခံပုံး၏ အလှူရှင်ကတော့ မစန္ဒာသိမ့် (ဗိုလ်ချုပ်ဈေး၊ ရန်ကုန်)ဖြစ်ပါတယ်။ အဆိုပါ အလှူခံပုံးလှူဒါန်းခြင်းသည် အလှူခံပုံးအတွင်း စွန့်ပစ်လှူဒါန်းခဲ့သော ပစ္စည်းများမှ ငွေကြေးအစဉ်ရရှိသဖြင့် ထာဝရ ပဒေသပင်စိုက်ထူလှူဒါန်းထားခြင်းမျိုးဖြစ်ကြောင်း ကရုဏာလက်များကွန်ယက် (ပြည်) မှ ဦးပုညမှ ပြည်သတင်းသို့ပြောကြားသွားပါသည်။

ဆက်လက်ပြီး ပထမ အလှူခံပုံးထားရှိရာ ဂိတ်ကြီးဝင်းရှိ အလှူခံပုံးသို့ သွားရောက်ဖွင့်ကြည့်ရာ နှစ်ရက်အတွင်း စွန့်ပစ်ပစ္စည်းအလှူများ ပုံးအတွင်း ပြည့်နှက်နေပြီး အဆိုပါ စွန့်ပစ်ပစ္စည်းများ ပြန်လည်ရောင်းချလျှင် ကျပ် ၄၅၀၀ိ/ မှ ၅၀၀၀ိ/ အထိ ရရှိနိုင်ကြောင်းကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ယခုလို စွန့်ပစ်ပစ္စည်းမှတဆင့် အလှူခံခြင်းသည် မြန်မာနိုင်ငံတွင် ပြည်မြို့ ဂရုဏာလက်များ ကွန်ယက်မှ ပထမဆုံး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြားမြို့များမှလည်း အထူးစိတ်ဝင်စားကာ ဆက်သွယ်မေးမြန်းခြင်းများရှိကြောင်းကိုလည်း ဦးပုညမှ ပြောကြားသွားခဲ့ပါသည်။

အလှူခံပုံးလှူဒါန်းသူများမှာ-
၁။ မစန္ဒာသိမ့် (ဗိုလ်ချုပ်ဈေး၊ ရန်ကုန်) ၁၀၀၀၀၀ိ/- ကျပ်
၂။ တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက် (ရန်ကုန်) ၈၀၀၀၀ိ/- ကျပ်
၃။ မကွေးတက္ကသိုလ်ပရဟိတအဖွဲ့ ၇၅၀၀၀ိ/- ကျပ်
၎။ မကွေးတက္ကသိုလ်ပရဟိတအဖွဲ့ ၁၀၀၀၀၀ိ/- ကျပ်
၅။ အမည်မသိရသေး ၇၅၀၀၀ိ/- ကျပ် ဖြစ်ပါတယ်။

ထပ်မံလှူဒါန်းရန် ဆက်သွယ်ထားသူများလည်း ရှိနေပြီး တိကျသေချာလျှင် ဖော်ပြသွားပါဦးမည်။ လှူဒါန်းမှုအပေါ်မူတည်၍ နှစ်ဦးစပ်တူ၊ သုံးဦးစပ်တူ ပေါင်းစပ်ပြီး အလှူခံပုံးများလည်း ပြုလုပ်မည်ဖြစ်သဖြင့် သတ်မှတ်ချက်မထားပဲ တတ်နိုင်သလောက် လှူဒါန်းလိုသူများကိုလည်း မခွဲခြားပဲ လက်ခံပါတယ်။
ဆက်သွယ်မေးမြန်း လှူဒါန်းလိုပါက -
0943156603၊ 09423747505၊ 09423671143၊ 09423734704၊ 09423707470 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


Read More...

Friday, December 27, 2013

ရောင်းမည်

Leave a Comment
Aser Aspire 4752Z
Intel B960 Processor
2G DDR3
LED LCD - 14
HDD - 750
6 Cell Li-ion battery

ရောင်းမည် - ၂၂၀၀၀၀ိ/

ဆက်သွယ်ရန် - 09-428003527, 09-423683863

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ထုံးစဉ်လာ ဦးတိုက်ကြ စေတီယ ဒီငါးဆူ

Leave a Comment
ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း

ပြည်မြို့က နာရေးများကို သုဿန်သို့ပို့ဆောင်ရာမှာ လမ်းကြောင်းပေါ်မှရှိတဲ့ စေတီတစ်ဆူဆူမှာ ရုပ်ကလာပ်ဖြင့် ဦးတိုက်လေ့ရှိပါတယ်။ ဘယ်အရပ်ကထုံးစံအစမှန်းမသိပေမဲ့ ကျွန်တော်တို့မမွေးခင်ကပင်ရှိတဲ့ အရပ်ထုံးစံမို့ အသင်းမှ အကူအညီပေးတဲ့အခါ ထုံးစံအတိုင်း လမ်းကြောင်းက စေတီတစ်ဆူဆူမှာ ဦးတိုက်ပေးတာမို့ ပြည်မြို့မှာ ထုံးစဉ်လာအရ (၁)ရွှေဆံတော်စေတီ(၂)အောင်ချမ်းသာစေတီ(ဖရေကြီးဘုရား)(၃)ရွှေလင်ပန်းစေတီ(မြို့သစ်)(၄)ရွှေပလ္လင်မှော်စေတီ(န၀င်း) (၅)ဖေါင်တော်ဦးစေတီ(န၀င်း) ဒီစေတီငါးဆူကို သူ့အပိုင်းအလိုက် အစဉ်အလာအတိုင်း ဦးတိုက်ခဲ့ပါတယ်။ နောက်ပိုင်း သုဿန်အရွှေ့အပြောင်းမှာ န၀ဒေးလမ်းဆုံက သိမ်တောင်စေတီ တစ်ဆူတိုးပြီး လမ်းကြောင်းအတိုင်း စေတီတော်မြတ်ကို ဦးတိုက်အရိုအသေပြုကြပါတယ်။

ဒါ့အပြင် နာရေးရှင်ဆန္ဒရှိရင် ဦးတိုက်ချင်တဲ့ မိမိတို့ရပ်ကွက်အတွင်းမှ စေတီကို ဦးတိုက်ပေးပါတယ်။ နာရေးကားဦးထိုးရာအရပ်မှာ လူနေအိမ်တော့ မရှိဖို့လိုပါတယ်။ အယူရှိသူ အချို့အိမ်ရှင်များက မနှစ်သက်ရင် ပြဿနာဖြစ်မှာစိုးလို့ပါ။ နောက်တစ်ဆူ ဦးတိုက်များတဲ့စေတီက ကျောက်တော်ကြီးဘုရားဖြစ်ပါကြောင်း
ဗဟုသုတအဖြစ် မှတ်ဖွယ်တင်ပြအပ်ပါတယ်ခင်ဗျာ။

ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း

ကူညီပံ့ပိုးမှုဖြင့် သောကမီးကို ပြေငြိမ်းစေအံ့
Read More...

ရွှေတောင်မြို့နယ် ဥယျာဉ်ကျေးရွာ ရွှေအိုး စာကြည့်တိုက်ဖွင့်

Leave a Comment
ရွှေတောင် ဒီဇင်ဘာ ၂၆

ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး၊ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် ထန်ကုန်းအုပ်စု ဥယျာဉ်ကျေးရွာ ရွှေအိုးစာကြည့်တိုက်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲက အဆိုပါ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၌ ကျင်းပသည်။ ဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများကို ဟောပြောသည်။ ယင်းစာကြည့်တိုက်မှာ အလျား ၁၈ ပေ၊ အနံ ၉ ပေ၊ အမြင့် ၉ပေရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းဖြစ်ပြီး သုတ၊ ရသစာအုပ်စာစောင် ၃၀၀၊ ဗီရိုတစ်လုံး၊ စာအုပ်စင်တစ်ခု၊ စားပွဲတစ်လုံး၊ ဖိုင်ဘာခုံ လေးလုံးတို့ပါဝင်ပြီး ကျေးရွာနေပြည်သူများ၏ လှုဒါန်းငွေကျပ် ရှစ်သိန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

KM2712
Read More...

ပြည်မြို့တွင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုံ့ဆော်မှု ဆိုင်းဘုတ်တင်

Leave a Comment

ပြည် ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းခွဲက ကြီးမှူး ကျင်းပသော မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုံ့ဆော်မှုဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် ညနေ ၃ နာရီက ပြည်ဘူတာရှေ့၌ ကျင်းပသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဥက္ကဋ္ဌ ရဲမှူးကြီးမြင့်စိုး(ငြိမ်း)နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် အလုပ်အမဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ လှုံ့ဆော်မှုဆိုင်းဘုတ်များကို ပြည် ဘူတာရှေ့တွင်လည်းကောင်း၊ ပြည် အမှတ်(၂)ရဲစခန်းရှေ့တွင် လည်းကောင်း၊ ခေတ္တရာမြို့သစ်၊ အဝေးပြေးကားဂိတ်အနီးတွင်လည်းကောင်း စည်ကားသိုက်မြိုက်စွာ စိုက်ထူခဲ့သည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)သည် ဗဟိုအသင်းကြီးက ချမှတ်ထားသောစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အသင်းတိုးတက်ရာတိုးတက်ကြောင်းကို ဆောင်ရွက်လျက်ရှိသည်။ လူငယ်ထုအတွင်း မူးယစ် ဆေးဝါးကင်းစင်စေ၍ မူးယစ်ဆေးနှင့် ဆက်နွှယ်ဖြစ်ပွားတတ်သော HIV/AIDS ရောဂါများ ကူးစက်မှု မဖြစ်ပွားရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တစ်တပ်တစ်အား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မောင်ရွှေဝင်း(ပြည်)
Read More...

Thursday, December 26, 2013

The Lady ဂျာနယ်နှင့် လယ်သိမ်းခံတောင်သူများ အသရေဖျက်မှုဖြင့် တရားစွဲခံရ

Leave a Comment
ပဲခူးတိုင်း(အနောက်ပိုင်း) ဒေသကြီး သဲကုန်းမြို့နယ် အင်းမတိုက်နယ် တံခွန်တိုင် ကျေးရွာအုပ်စုရှိ အငြင်းပွားနေသော လယ်မြေ ၃ ဒသမ ၇ ဧက ကိစ္စနှင့် ပတ်သက်၍ The Lady ဂျာနယ်မှ သတင်း ရေးသားသူ၊ သတင်း အယ်ဒီတာနှင့် အသိမ်းဆည်းခံ လယ်သမားများကို အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးက သဲကုန်းမြို့နယ် တရားရုံးတွင် အသရေဖျက်မှုဖြင့် တရားစွဲ ထားကြောင်း တရားစွဲ ခံရသူများထံမှ သိရသည်။
The Lady ဂျာနယ်၊ အတွဲ(၁) အမှတ်(၈၁)၊ အတွဲ(၁) အမှတ် (၈၉)တွင် လယ်ယာမြေ အသိမ်းခံရမှုတွင် မိမိက သိမ်းယူသည်ဟု စွပ်စွဲပြောဆို ရေးသားခဲ့ သည့်အတွက် မဟုတ်မမှန် လုပ်ကြံပြောသည့် လယ်သမား ဦးပြုံးချို၊ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သည့် The Lady ဂျာနယ်၏ နယ်မြေခံ သတင်းထောက် ဦးရဲထွဋ်ဝင်းနှင့် သတင်း အယ်ဒီတာ ဦးစိုင်းစိုင်းတို့ကို အသရေဖျက်မှုဖြင့် တရားစွဲထားခြင်း ဖြစ်ကြောင်း တရားလို အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းက ပြောကြားသည်။
"ဒီမြေက သိမ်းခဲ့တာလည်း မဟုတ်ဘူး။ ဈေးဆောက်ဖို့၊ လေယာဉ်ကွင်း ဆောက်ဖို့ သိမ်းယူခဲ့တာလည်း မဟုတ်ဘူး၊ လက်ရှိ အဲဒီမြေကလည်း ဒေါ်ကြည်ကြည်ဝင်း ဆိုတဲ့ အမျိုးသမီး အမည်ပေါက်နေတာပါ။ကျွန်တော် မကျူးလွန်လို့ သတင်းအယ်ဒီတာ၊ သတင်းထောက်နဲ့ သတင်းကို ပြောတဲ့ လယ်သမားတွေကို တရားပြန် စွဲတာပါ" ဟု ၄င်းက ဆိုသည်။

The Lady ဂျာနယ်၏ သတင်း အယ်ဒီတာကို ဆက်သွယ် မေးမြန်းရာတွင် "တရားရုံးက လက်ရှိအချိန်ထိ ဘာမှ မကြားရသေးဘူး။ ပုဒ်မ ၅၀၀ နဲ့ စွဲထားတယ် ဆိုတာလည်း မသိသေးဘူး။ ကျွန်တော်တို့က သူ့ကို အသရေ ပျက်ရလောက်အောင် လူကိုလည်း မတွေ့ဖူး မမြင်ဖူးဘူး။ မီဒီယာ တာဝန်နဲ့ သတင်းကို ဖော်ပြပေးတာက တာဝန်ရှိသူတွေ သိစေချင်တယ်။ တရားရုံးက အကြောင်းကြားစာ ရလာရင်တော့ ဥပဒေ အတိုင်း ရင်ဆိုင်သွားမှာပါ" ဟု ဆိုသည်။

မိမိတို့လယ်မြေ အသိမ်းခံရမှု အတွက် တိုင်ကြားစာကို သြဂုတ်လ အတွင်းက သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားခြင်းသာ ဖြစ်ကာ လက်ရှိလည်း အသိမ်းခံ ရသည့်မြေကို ပိုင်ဆိုင်ထားသူမှာ ဦးခင်မောင်ဝင်းသာ ဖြစ်နေပြီး မြေစာရင်း အမည်ပေါက်သည့် ဒေါ်ကြည်ကြည်ဝင်း ဆိုသူမှာ ဦးခင်မောင်ဝင်း၏ အမျိုးသမီးသာ ဖြစ်ကြောင်း တရားစွဲဆိုခံရသူ လယ် ကိုးဧကပိုင်သူ လယ်သမား ဦးပြုံးချိုက ပြောကြားသည်။
အဆိုပါ အမှုကို ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် ပထမဆုံးရုံးချိန်းကို စတင် စစ်ဆေးခဲ့ကြောင်း သဲကုန်းမြို့နယ် တရားရုံးက သိရသည်။

The Voice
Read More...

အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်လှစ်ခြင်း

Leave a Comment

ပြည်မြို့၊ ရွှေတစ်ချောင်းလမ်း၊ မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်းတွင် Great White IT Training Center အမည်ဖြင့် အခမဲ့ ကွန်ပျူတာသင်တန်းကို 1.1.2014 တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ကွန်ပျူတာ Basic ကို စတင်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းမှ ကျင်းပသော စာမေးပွဲအား ဖြေဆိုအောင်မြင်လျှင် Certificate ပေးအပ်သွားမည်ဖြစ်ပါသည်။
သင်တန်းလျှောက်လွှာများကို မဟာဇေယျုံဘုန်းတော်ကြီးကျောင်းနှင့် Feature Life Computer Center တွင် အခမဲ့တောင်းယူ စာရင်းပေးသွင်းနိုင်ပါပြီ။

Great White IT Training Center
မဟာဇေယျုံကျောင်းတိုက်

သင်တန်းစည်းကမ်းချက်များ

၁။ မြန်မာ့ယဉ်ကျေးမှုနှင့် လျှော်ညီသော အ၀တ်အစားများကိုသာ ၀တ်ဆင်တက်ရောက်ရန်။
၂။ သင်တန်းနှင့် မပက်သက်သော အခြား program များ အသုံးမပြုရန်။
၃။ ခွင့်မဲ့ပျက်ကွက်ခြင်းမပြုရန်။ သင်တန်းပျက်ကွက်လိုပါက သင်တန်းမှုးအား ကြိုတင်တိုင်ကြားရန်။
၃။ သင်တန်းမှ ကျင်းပသော စာမေးပွဲအား ဖြေဆိုအောင်မြင်မှသာ Certificate ပေးမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်

မဟာဇေယျုံဘုန်းတော်ကြီးကျောင်း၊ ရွှေတစ်ချောင်းလမ်း၊ ပြည်တက္ကသိုလ်ဘေး၊ ပြည်မြို့။
Feature Life Computer Center ၊ ရွှေတစ်ချောင်းလမ်း၊ ပြည်မြို့။

09-5311132, 09-428003527, 09-423683863


ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364




Read More...

Tuesday, December 24, 2013

Luck Asia အဆင့်မြင့်အအေးခန်း ဧည့်ရိပ်သာ

Leave a Comment
Luck Asia
အဆင့်မြင့်အအေးခန်း ဧည့်ရိပ်သာ...ကောင်းမွန်သောဝန်ဆောင်မှုတို့နှင့် ချိုသာသော ဈေးနှုန်းတို့ဖြင့် စေတနာအရင်းခံဖွင့်လှစ်ထားပါသည်။


(၁) မြန်မာအစားအစာ တရုတ်အစားအစာများအား မှာယူစားသောက်နိုင်ခြင်း
(၂) လုံခြုံစိတ်ချရသော ကားပါကင်ရှိခြင်း
(၃) မိသားစုများ တိတ်ဆိတ်အေးချမ်းစွာ တည်းခိုနိုင်ခြင်း
(၄) Room Facilities (၀န်ဆောင်မှု)
- PBX-Phone call
- TV (6) chanals
- Air Condittion
- In roon mini bar
- Internet, Free Wireless Internet
- 24 hours room service
- Launorly Service
- large car parking area
ကောင်းမွန်သောဝန်ဆောင်မှုတို့နှင့် ချိုသာသော ဈေးနှုန်းတို့ဖြင့် စေတနာအရင်းခံဖွင့်လှစ်ထားပါသည်။

Luck Asia
အဆင့်မြင့်အအေးခန်း ဧည့်ရိပ်သာ
053-27 438
အောင်ဆန်း အပိုင်း(၃)၊ (၁၁)လမ်း၊ ပြည်သာယာရပ်ကွက်၊ ပြည်မြို့။
Read More...

သူရိယနေ၀န်း(သတင်းစုဆောင်းရေး နှင့် လူထုဆက်ဆံရေးရုံး) ပြည်မြို့နယ်တွင်ဖွင့်လှစ်

Leave a Comment



သူရိယနေ၀န်း(သတင်းစုဆောင်းရေး နှင့် လူထုဆက်ဆံရေးရုံး) ပြည်မြို့နယ်တွင်ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့တွင် ယနေ့(၂၅.၁၂.၂၀၁၃)ရက်နေ့ မနက်(၅း၄၀)မိနစ်အချိန်တွင် ပြည်မြို့ ဆံတော်နယ်မြေ၊မြောက်စောင်းတန်းလမ်း၊ မြို့နယ်လျှပ်စစ်ရုံးအနီးတွင် ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။  အဆိုပါ ရုံးခန်းသစ်ဖွင့်ပွဲသို့ ပြည်မြို့နေပြည်သူများ၊NGO အဖွဲ့အစည်းများ၊မိုးမေတ္တာနာရေးကူညီမှုအသင်း၊အခြားအသင်းအဖွဲ့များ၊(၈၈..မျိုးဆက်လူငယ်များ)၊အမျိုးသားဒီမိုကရေစီအဖွဲ့ ပါတီဝင်များ စုစုပေါင်းအင်အား(၅၀)ကျော်တက်ရောက်ခဲ့ပြီး အဆိုပါရုံးခန်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မနက်(၉း၀၀)နာရီအချိန်မှာပဲ ပြီးဆုံးသွားကြောင်း သူရိယနေ၀န်း(သတင်းစုဆောင်းရေး နှင့် လူထုဆက်ဆံရေးရုံးတာဝန်ခံ ဦးမင်းလွင်..(ABSDF)..(နိုင်/ကျဉ်းဟောင်း) မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။..

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364





 
Read More...

Facebook Like Page