Showing posts with label ပြည်သူ့အသံဖတ်ရူရန်. Show all posts
Showing posts with label ပြည်သူ့အသံဖတ်ရူရန်. Show all posts

Tuesday, October 4, 2016

ပြည်မြို့ ဘူတာဝန်းထဲ မီးသတ်ကားဝင်မရ သဖြင့်ဆောင်ရွက်ပေးစေလို

Leave a Comment

ပြည်မြို့ ဘူတာဝန်းထဲ မီးသတ်ကားဝင်မရ
သဖြင့်ဆောင်ရွက်ပေးစေလို

ပြည်မြို့ ၊ ကန်လည်ရွှေဟင်္သာဘုရားပေါက် ၊ဘူတာဝန်းအတွင်း
သို့ ညကသစ်ပင်လဲကျသဖြင့် ဆံတော်ရပ်ကွက် အရန်မီးသတ်
တပ်ဖွဲ့ဝင်များ ပြည်သူများအတွက်ကူညီရန်ရောက်ရှိခဲ့ပါသည်။
ထိုသို့ရောက်ရှိရာတွင် အဆိုပါ မီးရထားဝန်းအတွင်းသို့ မီးသတ်
ယာဉ်မောင်းရန် လမ်းဘေးရှိ သံချောင်းတိုင်၊သံချောင်းကွေးများ
မလွတ်ကင်းသဖြင့် မီးသတ်ကားဝင်၍မရသည်ကို ဖော်ပြပါပုံအား
ကြည့်ခြင်းဖြင့် လူကြီးမင်းများအသိပင်ဖြစ်ပါသည်။

အဆိုပါ ဝန်းအတွင်းလမ်းဘေး ဘယ်/ညာတွင် လိုင်းခန်းအချို့နှင့်
ပြည်သူများ၏ဈေးဆိုင်အချို့ကိုလဲတွေ့မြင်ရပါသည်။သို့ပါသောေ
ကြာင့်အဆိုပါ ပြည်သူများ၏ သဘာဝဘေးအန္တရာယ် မီးဘေး/လေ
ဘေးတို့ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်
ငန်းများ အဆင်ပြေပြေလုပ်ဆောင်နိုင်ရန်အတွက် လမ်းနှင့်မလွတ်
ကင်းသော ကားဝင်ထွက်၍မရသော ၄င်းရထားလမ်းတိုင်များအား
တာဝန်ရှိသူ ရုံပိုင်မှတဆင့် အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ပေး
စေလိုကြောင်းအပြုသဘောဆောင်ကာ ရေးသားဖော်လိုက်ရပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Sunday, March 27, 2016

တာဝန်ရှိ တာဝန်သိတဲ့ဌာနအား အထူး(အထူး)ကျေးဇူးတင် ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

တာဝန်ရှိ တာဝန်သိတဲ့ဌာနအား အထူး(အထူး)ကျေးဇူးတင်

ပြည် မတ် (၂၈)ရက်
မတ်လ(၂၇)ရက်နေ့က ပြည်မြို့ နဝရတ်လမ်းထောင့်နှင့်
ရွှေတစ်ချောင်းလမ်းမပေါ်ရှိရေစိုးထုတ်မြောင်းချိုင့်ခွက်သည်
အများပြည်သူများသွားလာရာတွင်အန္တရာယ်ဖြစ်နေကြောင်း
ရေးသား၍ ဖော်ပြခဲ့ပါသည်။

အဆိုပါလမ်းချိုင့်ခွက်နေရာအား ယနေ့ မတ်လ(၂၈)ရက်နေ့
နံနက်(၈)နာရီတွင် သက်ဆိုင်တာဝန်ရှိ တာဝန်သိတဲ့အဖွဲ့မှ
အများပြည်သူများ သွားလာရေးအန္တရာယ်မဖြစ်စေရန်ပြုပြင်
ခြင်းလုပ်ငန်းအား လုပ်ဆောင်နေသည်တွေ့ရှိရပါသည်။

သို့ပါသောကြောင့်ပြည်သူ့အသံ ပြည်သူတို့၏အခက်အခဲကို
တစထောင့်တစ်နေရာက တာဝန်ရှိ တာဝန်သိစွာဆောင်ရွက်
ပေးခဲ့သည့်အတွက် ပြည်သူများကိုယ်စားလာရောက်ပြုပြင်
ပေးနေသော သက်ဆိုင်ရာဌာနအဖွဲ့အစည်းအားအထူး(အ
ထူး)ပင်ကျေးဇူးတင်ရှိပါကြောင်း ပြည်သူများကိုယ်စားကျွန်
တော်သတင်းရေးသားသူ မှကျေးဇူးတင်စကားပြောကြားအပ်
ပါသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

Monday, June 15, 2015

ပြည်ဒေသခံများ U-23 မြန်မာဘောလုံးအသင်း နှင့် ထိုင်းဘောလုံးအသင်းတို့အပေါ်အကြိုခန့်မှန်းမှုနှင့် ရင်ခုန်သံစကားများ

Leave a Comment



ပြည်ဒေသခံများ U-23 မြန်မာဘောလုံးအသင်း နှင့် ထိုင်းဘောလုံးအသင်းတို့အပေါ်အကြိုခန့်မှန်းမှုနှင့် ရင်ခုန်သံစကားများ

ဒီမိုကရေစီတူဒေးဂျာနယ်(အွန်လိုင်း) k3(PYAY)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း) ၀၉၂၅၃၃၁၁၀၁၉

မြန်မာအသင်းဂိုးမပေးရဖို့အရေးကြီးတယ် ဂိုးမပေးရဘူးဆိုရင် ခြေခြင်းတူတောင်နိုင်မှာပါ ငတ်နေတဲ့ဝေးကွာနေတဲ့ဒီဖလားကိုရကိုရရမယ် ပြည်မြို့ကပရိတ်သတ်တွေအရမ်းတအားမြို့လုံးကျွတ်အားပေးနေပါတယ်။မြန်မာဘောလုံးသင်းမှာပရိတ်သတ်အား၊ပံ့ပိုးမှုအား၊မြန်မာအသင်းရဲ့စည်းလုံးညီညွှတ်အားတွေနဲ့နိုင်ကိုနိုင်ရမယ်။

ကိုအောင်ဟိန်း(ပြည်မြို့နေ့စဉ်အွန်းလိုင်း)ဗိတ်ကြီးဒေါ့ကွန်း..ပြည်မြို့ (အလံကိုင်လက်မထောင်နေတဲ့ပုံယောက်ကျားလေး)



ထိုင်းနဲ့မြန်မာမိနစ်ကိုးဆယ်ရေကုန်ရေခမ်းကစားရပြီး ပီနက်သီဖြစ်လိမ့်မယ်လိုခန့်မှန်းတယ် မြန်မာအသင်းက အသင်းလိုက်စည်းလုံးတယ် ရှေ့လယ်နောက်ချိတ်ဆက်မိတယ်၊မြန်မာဘောလုံးဂိုးသမားရဲ့လက်စွမ်းပြမှုတွေကလည်းအံ့မခန်းပါပဲ။ထိုင်းကိုလည်းလှော့တွက်လို့မရဘူး။ ထိုင်းကတိုက်စစ်ကောင်းတယ် မြန်မာနိုင်ကိုနိုင်ရမယ် လုံးဝနိုင်ကိုနိုင်ရမယ်။ရွှေမရလို့ ငွေရခဲ့လည်း မြန်မာ U-23ကိုအားပေးနေမယ် တာဝန်ကျေတယ် ။

ကိုညမိုး-ပြည်မြို့(အလံကိုင်ဖုန်းပြောနေတဲ့ပုံ)



မြန်မာနိုင်ကိုနိုင်ရမယ် မြန်မာအသင်းကအကိုတွေအရမ်းကြိုးစားနေတာတွေ့ရတယ် ဘယ်လိုပြောရမှန်းတောင်မသိဘူး အရမ်းကိုရင်ခုန်နေပါတယ် မြန်မာနိုင်ကိုနိုင်ရမယ် မြန်မာအသင်းကအကိုတွေ ကြိုးစားပါ ပြည်မြို့ကပရိတ်သတ်တွေတခဲနက်အားပေးနေပါတယ် စည်းလုံးညီညွှတ်စွာနဲ့ ရွှေဖလားကြီးမြန်မာပြည်အတွက်သယ်ဆောင်လာနိုင်ပါစေ..မြန်မာနိုင်ရမယ်။

မဆုမြတ်နိုး..ပြည်မြို့(အမျိုးသမီးပုံ)
Read More...

Sunday, April 19, 2015

သောက်သုံးရေပျက်၍ အခက်အခဲဖြစ်နေသောရပ်ကွက်နေပြည်သူများအား အရံမီးသတ်မှရေလှူဒါန်း ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

သောက်သုံးရေပျက်၍ အခက်အခဲဖြစ်နေသောရပ်ကွက်နေပြည်သူများအား အရံမီးသတ်မှရေလှူဒါန်း

ပြည့်သဲမောင်(ပြည်) 09 4236 71883 
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ ပွင့်လှသိမ်ကုန်းအနောက်(ခြမ်း)ရပ်ကွက် တွင် သောက်သုံးရေပျက်နေသောရပ်ကွက်နေပြည်သူများ ဆံတော်ရပ်ကွက်အရံမီးသတ်မှရေလှူဒါန်းခဲ့
ကြောင်းသိရသည်။

ပွင့်လှသိမ်ကုန်းအနောက်ခြမ်း(ပိုင်း)ရပ်ကွက်သည်သင်္ကြန်အတက်နေ့ မနက်ထဲကရေပျက်နေကြောင်း၊
ရေပက် ဖို့မပြောနဲ့သောက်သုံးရေအတွက်ပါအခက်ခဲရှိနေကြောင်း၊ကုန်းမြင့်ဖြစ်၍ပိုဆိုးကြောင်း၊ယခုလို
မီးသတ် ကားဖြင့်လာရောက်လှူဒါန်းသူများနှင့်ဆီဖိုးလှူသောအလှူရှင်အား ကျေးဇူးတင်ကြောင်းရပ်ကွက်
နေပြည်သူ များကပြောသည်။

“ကျနော်တို့ဆံတော်မီးသတ်ကို ပြည်သူတစ်ဦးဖြစ်တဲ့ မခိုင်ကရပ်ကွက်ထဲမှာရေမလာသဖြင့် ရပ်ကွက်နေသူများ အခက်အခဲဖြစ်နေကြောင်းပြောတယ်။သူအနေနဲ့ မီးသတ်ကားအတွက်
ဆီလှူပေးမယ်ကျနော်တို့အဖွဲ့ကပါဝင် ကူညီလှူဒါန်းပေးပါတဲ့။ကျနော်က ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်ကိုအဲဒီအတိုင်းသတင်းပို့တယ်။ဦးစီးက သွားလှူလိုက်ပါပြီးရင် မှတ်တမ်းဓါတ်ပုံရိုက်
ထားလိုက်ပါလို့ဆိုပြီးခွင့်ပြုလို့ သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်နေပြည်သူများ
ကိုမီးသတ်ကားဖြင့် ရေလှူဒါန်းခဲ့တယ်”ဟု ဆံတော်ရပ်ကွက်အရံမီးသတ် တပ်စုမှူး ကပြောသည်။

အဆိုပါ ဆံတော်ရပ်ကွက် အရံမီးသတ်တပ်ခွဲ(၂) တပ်စု(၅)မှတပ်စုမှူး ကိုအောင်ကျော်မိုး ဦးစီး၍တပ်ဖွဲ့ဝင်များ သည် သောက်သုံးရေပျက်နေသောရပ်ကွက်သူရပ်ကွက်သားများအား (၁၈.၄.၂၀၁၅)ရက်နေ့တွင် မီးသတ်ကား ဖြင့်ရေ(၂)ခေါက်လှူဒါန်းခဲ့ပြီး(၁၉.၄.၂၀၁၅)ရက်နေ့
တွင်လဲ ရပ်ကွက်နေပြည်သူများ၏အကူညီတောင်းခံချက်အရ နောက်ထပ်သွားရောက်ရေ
လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883








 



Read More...

Monday, January 26, 2015

ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့အားအထူး(အထူး)ကျေးဇူးတင်ရှိပါကြောင်း သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment

ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့အားအထူး(အထူး)ကျေးဇူးတင်ရှိပါကြောင်း
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင်ရှိသော ညဈေးတန်းတွင်
တိုက်ခန်းများမှ ရေဆိုးထုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေခြင်းကြောင့်ရေ
စီးရေလာမကောင်းမွန်ခြင်း၊လမ်းများပျက်စီးနေခြင်းကြောင့် ဇန်န၀ါရီ ၂၄ ရက်နေ့က
သတင်းရေးသားဖ်ာပြထားခဲ့သရာ ဇန်န၀ါရီ ၂၅ရက်နေ့ တနင်္ဂနွေနေ့ နံနက်၈နာရီမှ
၁၁နာရီအထိပြည်မြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာဦးအောင်အောင်
နှင့်အဖွဲ့က လမ်းမပေါ်တွင်ဝပ်နေသောရေများအား ရေစီးရေလာကောင်းမွန်အောင်ဆောင်
ရွက်ခဲ့ပါသည်။
ထို့ကြောင့်အများပြည်သူများ၏လိုအပ်နေသောအကြောင်းအရာအခက်အခဲအား ဖြေရှင်းပေး
ခဲ့သော ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အား ဈေးသူ ဈေးသားများနှင့်အများပြည်သူများ
ကိုယ်စားအထူး(အထူး)ကျေးဇူးတင်ရပါကြောင်းနှင့် ပြည်သူများ၏လိုအပ်ချက် ဖြစ်သင့်သော
အကြောင်းအရာများရှိလာပါက ယခုကဲ့သို့ကူညီဆောင်ရွက်ဖြေရှင်းပေးနိုင်ပါရန်အပြုသဘော
ဆောင်ကာရေးသားလိုက်ပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883


Read More...

Thursday, January 15, 2015

ပြည်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတစ်ဦး၏ အုပ်ထိန်းသူထံမှရင့်ဖွင့်သံ

Leave a Comment



ပြည်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတစ်ဦး၏ အုပ်ထိန်းသူထံမှရင့်ဖွင့်သံ
ကျွန်မ၏ မြေးဖြစ်သူသည် ပြည်တက္ကသိုလ် ဒုတိယနှစ်ဓာတုမေဂျာတွင် ပညာသင်ကြားနေသူ ကျောင်းသူတစ်ဦးဖြစ်ပါသည်။ သမီးလေးသည် ပထမတစ်နှစ် ကျရှုံးခဲ့ပြီး ဒုတိယနှစ်ကျောင်းဆက် တက်နေသူလည်းဖြစ်ပါသည်။ ဥာဏ်မကောင်းသဖြင့် သမီးလေးပညာရေးတစ်နှစ် တစ်တန်းအောင် မြင်ရန် (၁)နှစ်စာ (၂၄၀၀၀၀ိ)ပေး၍ ပညာသင်ကြားပေးရန်ဆရာမတစ်ဦးကို အပ်ခဲ့ပါသည်။ ထိုသို့ အပ်ခဲ့ရာတွင် ပထမနှစ်ဝက်ချောချောမောမောအောင်မြင်ခဲ့၍ ၀မ်းသာပြီးဒုတိယနှစ်ဝက်အတွက် လည်း စိတ်ချနေခဲ့ပါသည်။ သို့ပါသော်လည်း သမီးလေးနှင့်ဆရာမက လူမှုရေးကတောက်ကဆဖြစ် ပြီးအဆင်မပြေဖြစ်ကာ ဆရာမအိမ်သို့စာလာမသင်တော့ပါ။ ကျောင်းသားမိဘတစ်ယောက်အနေ ဖြင့်သမီးလေး၏ပညာရေးအခက်အခဲမရှိစေရန် သမီးအရွယ်လောက်သာရှိသော ဆရာမကို ခခယယအောက်ကျခံပြီး  သူ့အိမ်မှာပညာသွာသင်စေခဲ့ရပါသည်။ ကျွန်မတို့က အကြို/အပို့လုပ်ပေး ခဲ့ပြီး ည (၇း၃၀)မှ ည (၁၂း၀၀)နာရီအထိ စာကိုသာကျက်ခိုင်းခဲ့ပါသည်။ သမီးလေးသည် ဥာဏ်ရည် မမီတဲ့အတွက် ဆရာမအား ကျောင်းသားမလိုက်နိုင်ဘူးဆိုရင် အခြားဆရာတစ်ယောက်အပ်မည်ဟု ပြောတော့လည်း လက်မခံခဲ့ပါ။ သူသင်နိုင်ပါတယ်ဆိုပြီး ဆက်သင်ပေးပါသည်။ စာမေးပွဲဖြေခါနီး စာများကျက်ခိုင်းရာမှာလည်း  အများကြီးကျက်ခိုင်းပြီး စာမေးပွဲဖြေပြီးတော့ သူ့ကိုမေးခွန်းတိုက်ခိုင်း တော့အကုန်မှန်တယ်လို့ပြောတယ်။ အဲဒီတော့ ကျွန်မတို့လည်း ၀မ်းသာပြီးစိတ်ချလက်ချနေခဲ့ တယ်။ နောက်ဆုံးအောင်စာရင်းထွက်တော့ သူအဓိကသင်ပေးတဲ့ ဘာသာကကျတယ်။ ကျန်တဲ့ ကျောင်းသားစိုးရိမ်တဲ့ဘာသာတွေက မကျဘူး။ ဖုန်းဆက်ပြီးပြောတော့ အစကတည်းက ကျတာသိ တယ်။ သူမှစာမကျက်တာဆိုပြီး ကလေးကိုအပြစ်ပုံချတယ်။ အမှန်တကယ်ဆို ကလေးကစာ မကျက်ဘူး အပျော်အပါးမက်နေရင် ဆရာမလုပ်တဲ့သူက မိဘကိုတိုင်ရမှာ ဆရာမတာဝန်ပဲမဟုတ် လား။ နောက်ပြီးပါနိုင်မယ့်စာတွေ လုံးဝမကျက်ခိုင်းဘဲ အခြားမဆိုင်တဲ့သူကျက်ခိုင်းတာပဲ ကျက်ရ မယ်လို့ပြောတယ်။ ဒီလိုလုပ်တာ ကျောင်းသားကို အငြှိုးနဲ့လုပ်ခဲ့တာလို့ ကျောင်းသားမိဘ တစ်ယောက်အနေနဲ့ကျွန်မမြင်တယ်။
ကလေးကမဖြေနိုင်လို့ စာမေးပွဲကျချင်ကျမယ်။ ဖြေသိမ့်လို့ရပေမယ့် ကျောင်းသားကိုတလွဲကျက် ခိုင်းပြီး ဖြေခိုင်းတဲ့ဆရာမကိုတော့ လုံးဝမကျေနပ်ဘူး။ ဒါ့ကြောင့် ကျွန်မလိုကျောင်းသားမိဘတွေ ကော ကျောင်းသူ/ကျောင်းသားတွေပါ ယခုဆရာမကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ပေါ့လျော့ တဲ့ဆရာမမျိုးနှင့် ပညာမသင်ကြားစေရန်အတွက် စေတနာရှေ့ထားပြီး ရင်ဖွင့်ပြောကြားရခြင်းဖြစ်ပါ တယ်။
ယခုဆရာမ၏ အမည်မထည့်ရခြင်းမှာ အခြားသော အရည်အချင်းပြည့်ဝသော ကျောင်းသားအပေါ် စေတနာထားသော ဆရာမများထိခိုက်မည်ဆိုးသည့်အတွက် မဖော်ပြခြင်းဖြစ်ပါသည်။ ကျွန်မနှင့် မကျေလည်သော ဆရာမ မှာလည်း အခြားမြို့သို့ပြောင်းရွှေ့သွားပြီဖြစ်ပါသည်။ ယခုလို ရင်ထဲမှာ ခံစားနေရတဲ့အကြောင်းကို ပြောလိုက်ရရင် စိတ်သက်သာရာ ရမည်ဖြစ်သောကြောင့် ပြောပြရခြင်း ဖြစ်ပါသည်။
ကျောင်းသားမိဘ
မှတ်ချက်။  ၄င်းအကြောင်းအရာနှင့်ပတ်သက်၍ ကျောင်းသားမိဘမှ ကျွန်တော့်ထံသို့    အကူ အညီ တောင်းပေးပို့ခဲ့သည့်အတွက်   ပြန်လည်ဖော်ပြရခြင်းဖြစ်ပါသည်။ထို့ကြောင့် အကြောင်းအရာအချက်အလက်အဖြစ်အပျက်ကိုသိရှိလိုလျှင်  ဖုန်းဖြင့်ဆက်သွယ် မေးမြန်းနိုင် ကြောင်း။
ပြည့်သဲမောင် (ပြည်) ၀၉ ၄၂၃၆ ၇၁၈၈၃




                                                                                     


Read More...

Tuesday, December 16, 2014

ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းနှင့် မြေနီလမ်းခင်းပေးခဲ့သည့် တာဝန် ရှိသူများအား ကျေးရွာသူ/ရွာသားများမှ ကျေးဇူးအထူးတင်ကြောင်းပြောကြား ပြည့်သဲမောင်(ပြည်)

Leave a Comment

ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းနှင့် မြေနီလမ်းခင်းပေးခဲ့သည့် တာဝန်
ရှိသူများအား ကျေးရွာသူ/ရွာသားများမှ ကျေးဇူးအထူးတင်ကြောင်းပြောကြား
ပြည့်သဲမောင်(ပြည်)
ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ထန်းပေါက်ကျေးရွာနှင့်ငါးရွာကျေးရွာ မြောက်ဘက်
တွင်မိုးအခါ နှစ်စဉ်လယ်မြေများ၊ အိမ်များ၊ ခြံများစိုက်ပျိုးရေးလုပ်ငန်းများလုပ်
ကိုင်ရာတွင် ရေကြီးရေလျှံမှုများနှင့်ကြုံတွေ့ရပါသည်။

ယခုအခါတွင် ပြည်မြို့မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဆည်မြောင်းဌာ
နမှ တာဝန်ရှိသူများ၊ ငါးရွာအုပ်စုမှ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးနှင့်အဖွဲ့
ဝင်များ၊ ငါးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်/ထောက်/ကူအဖွဲ့များ၊ ပြည်မြို့
စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၏ ကူညီပံ့ပိုးပေးမှုကြောင့် ထန်းပေါက်ရွာမြောက်ဘက်ရှိ ရေဆိုးထုတ်မြောင်းအား တူးဖော်နိုင်ခဲ့ပြီး
ငါးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာမှ ပေ (၃၀၀၀)ရှိ မြေသားလမ်းအား မြေနီ
ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့သည့်အတွက် ကူညီပံ့ပိုးပေးခဲ့ပါသော လွှတ်တော်
ကိုယ်စားလှယ်ကြီးများ ဆည်မြောင်းဌာနမှတာဝန်ရှိသူများ၊ ငါးရွာအုပ်စု
မှ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များအားလုံးကိုထန်းပေါက်
ကျေးရွာနှင့်ဥယျာဉ် ကျေးရွာမှ လယ်သမားများ၊ ရွာမိ/ရွာဖများ၊ ရွာသူ/ရွာ
သားများမှ အထူးပင်ကျေးဇူးတင်ရှိကြောင်း သိရသည်။

သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...

Saturday, November 22, 2014

စိမ်း ဝါ နီ မီးပွိုင့် ရေတမာပင်ကွယ်နေခြင်း အား သက်ဆိုင်ရာတာဝန်ယူထား သည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းမှခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပြီးစီး ပြည့်သဲမောင်(ပြည်)

Leave a Comment




စိမ်း ဝါ နီ မီးပွိုင့် ရေတမာပင်ကွယ်နေခြင်း အား သက်ဆိုင်ရာတာဝန်ယူထား
သည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းမှခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပြီးစီး
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြောက် စောင်းတန်းလမ်း ၆ လမ်းဂွ နာရီစင်တွင်
တက်ဆင်ထားသော စိမ်း ဝါ နီ မီးပွိုင့်အား ကိုး သောင်း ဘက်မှဗိုလ်ချုပ်လမ်းဘက်သို့လာ
ရာလမ်းတွင် တပ်ဆင်ထားသော စိမ်း ဝါ နီမီးပွိုင့်သည် ရေတမာပင်ကိုင်များဖြင့်ကွယ်နေပါ
သဖြင့် စိမ်း ဝါ နီ မီးပွိုင့်အားရဲစခန်းအရှေ့မှကြည့်လျှင်မမြင်ရခြင်း ၊မီးပွိုင့်တွင် ရပ်တန့်ရန်
သက်မှတ်ထားသောမျဉ်းများမှာလည်း သဘာဝဘေးအန္တရာယ်ကြောင့် မီးပွိုင့်တိုင်းတွင်
မျဉ်းများပျက်နေခြင်းတို့ကြောင့် ပြည်သူများကိုယ်စား ၁၉.၁၁.၂၀၁၄ရက်နေ့တွင်  သက် ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းများအား အကူညီတောင်း
ခံခဲ့ပါသည်။

ထိုသို့ အကူအညီတောင်းခံခဲ့ရာတွင် သက်ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထား
သည့်အဖွဲ့အစည်းမှ၂၁.၁၁.၂၀၁၄ ရက်နေ့တွင် စိမ်း ဝါ နီ မီးပွိုင့်အားကွယ်နေသောရေတမာ
ပင်အကိုင်းအခက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ပုံတွင်ဖော်ပြထားသည့်အတိုင်းတွေ့မြင်
ရသည့်အတွက်ပြည်သူ့အသံအားအလေးထားဆောင်ရွက်ပေးပါသော သက် ဆိုင်ရာတာဝန်ယူ
ထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းများအား ပြည်သူများကိုယ်စား အထူး(အထူး)
ကျေးဇူးတင်ပါကြောင်း။

ဆက်လက်ပြီးကျန်ရှိနေသော သက်မှတ်ထားသောမီးပွိုင့်တွင်ရပ်တန့်ရန် မျဉ်းများမှာလည်း သ
ဘာဝဘေးအန္တရာယ်ကြောင့် မီးပွိုင့်တိုင်းတွင် မျဉ်းများပျက်နေသဖြင့် သတ်မှတ်စီးမျဉ်းများ အား
ထင်သာမြင်သာအောင်ပြန်လည်ရေးဆွဲပေးပါရန်အပြုသဘောဆောင်ကာထပ်မံအကူညီတောင်း
ခံအပ်ပါသည်။
မှတ်ချက်။   ။ယခုရေးသားသောသတင်းစာမူသည် အများပြည်သူများကိုယ်စား အပြုသဘောဆောင်
ကာမေတ္တာရပ်ခံအကူအညီတောင်းခံခြင်းသာဖြစ်ပါသည်။မည်သည့်ဌာန မည်သည့်အဖွဲ့အစည်းကိုမှ
တိုက်ခိုက်ခြင်းမဟုတ်ပါ။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)



Read More...

Thursday, November 20, 2014

ခိုးရာပါကားအား ဝယ်ယူမထားမိစေရန်နှင့်အပေါင်လက်ခံမထားမိစေရန် ရရှိသောသတင်းအား သတင်းပေးအကြောင်းကြားခြင်း

Leave a Comment


 




























ခိုးရာပါကားအား ဝယ်ယူမထားမိစေရန်နှင့်အပေါင်လက်ခံမထားမိစေရန်
ရရှိသောသတင်းအား သတင်းပေးအကြောင်းကြားခြင်း

ပြည်မြို့ဗိုလ်ချုပ်လမ်းမပေါ်တွင်ရပ်ထားသောပုံတွင်ဖော်ပြပါရှိသည့်ကား
သည်၁၈.၁၁.၂၀၁၄ ရက်နေ့ နံနက် ၃း၃၀ အချိန့်ပျောက်ဆုံးသွားကြောင်း
အမာခံသတင်းပေးတစ်ဦးထံမှသိရှိရပါသည်။ထို့ကြောင့်၎င်းကားအား မိမိ
ထံလာရောက်ရောင်းချသည်ဖြစ်စေ၊လာရောက်ပေါင်နှံသည်ဖြစ်စေဝယ်ယူ
မထားမိစေရန်နှင့်အပေါင်လက်ခံမထားမိစေရန် မိမိသိသောအကြောင်းအရာ
အား အကြောင်းကြားပေးခြင်းဖြစ်ပြီး ထိုဓါတ်ပုံတွင်ပါရှိသောကားအားတွေ့ရှိ
ပါက သတင်းပေးသူ၏ဖုန်းနံပါတ်အားဆက်သွယ်စုံစမ်းနိုင်ပါကြောင်းအသိပေး
အပ်ပါသည်။
မှတ်ချက်။ ။၎င်းအကြာင်းအရာသည်မှန်ကံကြောင်းသတင်းပေးသူမှအာမခံ
ထားရှိပါသည်။

သတင်းပေးသူ ဖုန်း၀၉ ၉၇၅၇၆၈၀၁၅
Read More...

Tuesday, November 18, 2014

စိမ်း ဝါ နီ မီးပွိုင့် ရေတမာပင်ကွယ်နေခြင်း ယာဉ်ရပ်တန့်ရန်သတ်မှတ်မျဉ်းများ ပျက်နေခြင်းများအား ကြည်ရှု့စစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းမှဆောင်ရွက်ပေးပါရန် ပြည့်သဲမောင်(ပြည်)

Leave a Comment



စိမ်း ဝါ နီ မီးပွိုင့် ရေတမာပင်ကွယ်နေခြင်း ယာဉ်ရပ်တန့်ရန်သတ်မှတ်မျဉ်းများ
ပျက်နေခြင်းများအား ကြည်ရှု့စစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းမှဆောင်ရွက်ပေးပါရန်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှအများပြည်
သူများ ယဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်မြို့ရှိယာဉ်ကျောရှုပ်သောမြောက်
စောင်းတန်းလမ်း ၆လမ်းဂွ နာရီစင်အနီး ၊ဗိုလ်ချူပ်လမ်း ကိုးသောင်းဈေးအနီး ၊ပြည်သူ့
ဆေးရုံကြီး သံလမ်းဂိတ်အနီး ၊ မြို့သစ်ကားကြီးဝင်း အခြေခံပညာအ.ထ.က(၅)ကျောင်း
အနီးတွင် စိမ်း ဝါ နီ မီးပွိုင့်များတပ်ဆင်ပေးထားသဖြင့် ပြည်မြို့ရှိအများ ပြည်သူများနှင့်
အနယ်နယ်အရပ်ရပ်မှအများပြည်သူများက ဝမ်းသာရပါသည်။
ထိုသို့ စိမ်း ဝါ နီ မီးပွိုင့်များတပ်ဆင်ပေးခြင်းကြောင့် ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းရေး
အတွက် စနစ်တကျစည်းကမ်းရှိစွာသွားလာလျှက်ရှိနေပါသော်လည်း ယခုအခါ မြောက် စောင်း
တန်းလမ်း ၆ လမ်းဂွ နာရီစင်တွင်တက်ဆင်ထားသော စိမ်း ဝါ နီ မီးပွိုင့်အား ကိုး သောင်း ဘက်
မှဗိုလ်ချုပ်လမ်းဘက်သို့လာရာလမ်းတွင် တပ်ဆင်ထားသော စိမ်း ဝါ နီမီးပွိုင့်သည် ရေတမာပင်ကိုင်
များဖြင့်ပုံတွင်ဖော်ပြပါရှိသည့်အတိုင်းကွယ်နေပါသဖြင့် စိမ်း ဝါ နီ မီးပွိုင့်အားရဲစခန်းအရှေ့မှကြည့်လျှင်
မမြင်ရပါ။

ထို့အပြင် မီးပွိုင့်တွင်ရပ်တန့်ရန် သက်မှတ်ထားသောမျဉ်းများမှာလည်း သဘာဝဘေးအန္တရာယ်ကြောင့် မီးပွိုင့်တိုင်းတွင် မျဉ်းများပျက်နေသဖြင့် သတ်မှတ်စီးမျဉ်းများမမြင်ရတော့ပါသဖြင့် အချို့သောပြည်သူများ
သည် မီးပွိုင့်အောက်ထိရောက်မှသာယာဉ်ကိုရပ်တန့်နေကျသည်ကိုလည်းတွေ့မြင်နေရသည့်အတွက်သက် ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းများမှပြည်သူတွေ၏လိုအပ်ချက်များအား
ပြုပြင်ပေးနိုင်ပါရန် ပြည်သူများကိုယ်စား အပြုသဘောဆောင်ကာတင်ပြလိုက်ရပါသည်။
ပြည့်သဲမောင်(ပြည်)
မှတ်ချက်။   ။ယခုရေးသားသောသတင်းစာမူသည် အများပြည်သူများကိုယ်စား အပြုသဘောဆောင်ကာ
မေတ္တာရပ်ခံအကူအညီတောင်းခံခြင်းသာဖြစ်ပါသည်။မည်သည့်ဌာန မည်သည့်အဖွဲ့အစည်းကိုမှတိုက်ခိုက်
ခြင်းမဟုတ်ပါ။



Read More...

Facebook Like Page