Showing posts with label ပြည်ခရိုင်သတင်း. Show all posts
Showing posts with label ပြည်ခရိုင်သတင်း. Show all posts

Wednesday, July 13, 2016

ပုဒ်မ ၅၀၀-နဲ့တရားစွဲဆိုထားသည့် အယ်ဒီတာ နှင့် နယ်သတင်းထောက်အပါဝင် လယ်သမားတို့အား အပြီးသတ်အမိန့်ချမှတ်

Leave a Comment

ပုဒ်မ ၅၀၀-နဲ့တရားစွဲဆိုထားသည့် အယ်ဒီတာ နှင့် နယ်သတင်းထောက်အပါဝင် လယ်သမားတို့အား အပြီးသတ်အမိန့်ချမှတ်

ပြည်၊ဇူလိုင်၊၁၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့၊အင်းမတိုက်နယ်အတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေ သတင်းရေးသားမှုကြောင့် သဲကုန်းမြို့နယ်တရားရုံးတွင် ရုံးချိန်းပေါင်း ၆၀-ခန့် နှစ်နှစ်ခွဲအကြာ တရားစွဲဆိုခံထားရသည့် The Ladies ဂျာနယ်၏ သတင်းအယ်ဒီတာ နှင့် နယ်သတင်းထောက် မောင်မဲ(ပြည်) အပါဝင် လယ်သမား ဦးပြုံးချိုတို့အား ဇူလိုင်-၁၂ ရက်နေ့ နံနက်မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

“ငွေဒဏ်နဲ့ပြီးသွားတဲ့အတွက်ကြေနပ်တယ်။ကျွန်တော်ရေးတဲ့သတင်းကြောင့်လယ်ယာတွေပြန်ရခါနီးပြီ။သတင်းရေးသားတဲ့အပေါ်နဲ့ဒဏ်ငွေဆောင်ခဲ့ရတဲ့အပေါ်မှာ လယ်သမားတွေလယ်ပြန်ရတဲ့အတွက်ကြေနပ်တယ်။”ဟု တရားစွဲဆိုခံထားရသူ နယ်သတင်းထောက် မောင်မဲ(ပြည်) ကပြောသည်။

အဆိုပါ သိမ်းဆည်းခံလယ်ယာမြေသတင်းအား ၂၀၁၃-ခုနှစ် စက်တင်ဘာ နောက်ဆုံးအပတ်တွင် ထွက်ရှိသည့် အတွဲ(၁) အမှတ်(၈၁)စာမျက်နှာ(၁၇) တွင်ပါရှိသည့် “သဲကုန်းမြို့နယ်တွင် အငြိမ်းစား ဒု-ဗိုလ်မှူးကြီးတစ်ဦး လယ်ယာမြေများသိမ်းယူ လေယာဉ်ကွင်းမဆောက်ဘဲ အကွက်ရိုက်ရောင်းစားနေ”ဟူသည့် သတင်းခေါင်းစဉ်ဖြင့်ရေးသားခဲ့မှုကြောင့် ၂၀၁၃-ခုနှစ် အောက်တိုဘာလတွင် ကျင့်/၂၀၂ ဖြင့် သဲကုန်းမြို့နယ်ရဲစခန်းမှာ တရားလိုဖြစ်သူ ဒုဗိုလ်မှူးကြီး(ငြိမ်း)ဦးခင်မောင်ဝင်း အမှုဖွင့်တိုင်တန်းခဲ့ပြီး ၂၀၁၃-နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် သဲကုန်းမြို့နယ်တရားရုံးတွင်စတင်အမှုရင်ဆိုင်ခဲ့ရကြောင်းသိရသည်။

“ဒီအမိန့်ချမှုကို တရားရုံးရဲ့ဆုံးဖြတ်ချက်အရလေးစားလက်ခံပေမယ့် ကျေနပ်ခြင်းတော့မရှိပါဘူး။ကျွန်တော်တို့နားလည်လက်ခံထားတဲ့ အသားရေဖျက်မှုပုဒ်မ-၅၀၀-ဆိုတာ အများပြည်သူအကျိုး၊နိုင်ငံတော်အကျိုးအတွက်ပြောတာ ရေးတာဆိုရင် နိုင်ငံတော်သမ္မတအပေါ် မှားယွင်းခဲ့မိခဲ့ရင်တောင် ကင်းလွတ်ခွင့်ရှိရမယ်ဆိုတဲ့ အချက်ပါတယ်။မီဒီယာဟာ ဘယ်သူ မှားတယ် ဘယ်သူမှန်တယ်ဆိုတာကို ဆုံးဖြတ်ပေးသူတွေမဟုတ်ပါဘူး။ဘယ်နေရာမှာဘာဖြစ်တယ်။ဘယ်သူတွေ မှားနေတယ် မှန်နေတယ်ဆိုတာကို ထောက်ပြရုံပါပဲ။သတင်းမီဒီယာကောင်စီအနေနဲ့ အမှန်တရားလိုလားတဲ့ သတင်းမီဒီယာတွေ၊သတင်းထောက်တွေနဲ့ ပတ်သက်ပြီး မားမားမတ်မတ်ရပ်တည်ပေးစေလိုပါတယ်။”ဟု The Ladies ဂျာနယ်၏ သတင်းအယ်ဒီတာ ကိုစိုင်းစိုင်း-ကပြောသည်။

အဆိုပါ တရားစွဲဆိုခံထားရသည့် The Ladies ဂျာနယ်၏ သတင်းအယ်ဒီတာ နှင့် နယ်သတင်းထောက် မောင်မဲ(ပြည်) အပါဝင် လယ်သမား ဦးပြုံးချိုတို့အား တရားလိုဖြစ်သူ ဒု-ဗိုလ်မှူးကြီး(ငြိမ်း)ဦးခင်မောင်ဝင်း မှ မိမိ၏ဂုဏ်သရေညိုးနွမ်းစေမှုကြောင့် ပုဒ်မ ၅၀၀-ဖြင့် ယင်းသုံးဦးစလုံးအား တရားစွဲဆိုသွားခဲ့ခြင်းဖြစ်သည်။

“တရားလို၊တရားခံ၊သက်သေတွေထွက်ဆိုချက်တွေဥပဒေတွေအားလုံးနဲ့စပ်ဆက်ပြီးတော့ ခုလိုအမိန့်ချပေးခဲ့တာဖြစ်တယ်။အထက်တရားရုံးတွေ မကြေနပ်လို့တက်ရင်းကနေ ခုလိုအချိန်တွေကျန့်ကြာခဲ့တာဖြစ်ပါတယ်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀-နဲ့ ဒဏ်ငွေ နှစ်သောင်းချမှတ်ပေးခဲ့တာ။ဒဏ်ငွေမဆောင်နိုင်ရင် အလုပ်မဲ့ ထောင်ဒဏ်-၆လစီကျခံစေရမှာဖြစ်ပါတယ်။”ဟု သဲကုန်းမြို့နယ်တရားသူကြီး ဒေါ်စိုးမာအေး ကပြောသည်။

အဆိုပါ တရားစွဲဆိုထားသည့် အမှုနှင့်ပက်သတ်ပြီး သဲကုန်းမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်စိုးမာအေးမှ ဇူလိုင်လ-၁၂ ရက်နေ့မနက်တွင် ၂၀၁၄-ခုနှစ် မီဒီယာဥပဒေ ၉/က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀-ဖြင့် တရားစွဲဆိုခံထားရသည့် The Ladies ဂျာနယ်၏ သတင်းအယ်ဒီတာ နှင့် နယ်သတင်းထောက် မောင်မဲ(ပြည်) အပါဝင် လယ်သမား ဦးပြုံးချိုတို့အား ဒဏ်ငွေကျပ်နှစ်သောင်းစီချမှတ်ခဲ့ပြီး ဒဏ်ငွေမဆောင်နိုင်ပါက အလုပ်မဲ့-ထောင်ဒဏ် ၆-လကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

ဒီမိုကရေစီတူဒေးသတင်းစာ K3(pyay)
ပြည်သတင်းလူငယ်-09253311019




Read More...

Friday, July 8, 2016

ပေါင်းတည်မြို့တွင် စည်ပင်ကိုဆန္ဒပြနေကြပြီ

Leave a Comment

ပေါင်းတည်မြို့တွင် စည်ပင်ကိုဆန္ဒပြနေကြပြီ

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့မှာ ယနေ့ ဇူလိုင် ၉ရက်  နံနက် ၈း၃၀ ခန့်က နိုင်ငံတော်အစိုးရမှ ချမှတ်ပေးထားသည့် စည်ပင်ဘတ်ဂျက်ငွေများစနစ်တကျအသုံးပြုစေရန်၊မြို့နယ်သန့်ရှင်းသာယာစေရန်၊အန္တရာယ်ရှိသည့်ကြေငြာဆိုင်းဘုတ်များဖယ်ရှားပေးရန်၊ရေစီးရေလာကောင်းမွန်စေရန်တို့အတွက် ပေါင်းတည်မြို့သူမြို့သားများ နှင့် ပြည်သူ့အကျိုးဆောင်ကွန်ယက်တို့က ပေါင်းတည်မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်သတင်းလူငယ်-09253311019

Read More...

Thursday, June 2, 2016

ပေါင်းတလည်မြို့တွင် လမ်းဖြစ်ကူးသူအမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပေါင်းတလည်မြို့တွင် လမ်းဖြစ်ကူးသူအမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍
သေဆုံး
ပေါင်းတလည်မြို့ ဇွန်လ(၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပေါင်းတလည်မြို့၊ပြည်-ပေါက်ခေါင်း
ကားလမ်းမပေါ် တွင်ဇွန်လ(၁)ရက်နေ့ ည(၇)နာရီအချိန်ခန့်က လမ်း
ဖြတ်ကူးသူအမျိုးသားတစ်ဦးအား မီးရထားရဲတပ်ဖွဲ့ဝင်နှစ်ဦးစီးနှင်းလာ
သော ဆိုင်ကယ်မှဝင်ရောက်တိုက်မိသဖြင့် လမ်းဖြတ်ကူးသူ အမျိုးသား
တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၊ပေါင်းတလည်နယ်မြေရဲစခန်းအပိုင်၊အရှေ့ပိုင်းရပ်ကွက်၊ပြည်-
ပေါက်ခေါင်းကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ
တာဝန်မှူး ဒုရဲအုပ်ထွန်းထွန်းဦးနှင့် အဖွဲ့သည်သွားရောက်စစ်ဆေးခဲ့သည်
ဆို၏။
ထိုသို့သွာရောက်စစ်ဆေးစဉ် ရဲတသကျော်ဇင်ထွေး(၂၄)နှစ်၊(ဘ)ဦးကျော်သန်း
လှိုင် ၊ပဲနွယ်ကုန်းမြို့၊ အမှတ်(၁၀)တပ်ခွဲ၊တပ်စု(၂)၊မီးရထားရဲတပ်ဖွဲ့ဝင် မောင်း
နှင်ပြီး နောက်မှ ရဲတပ်သား ဟိန်းလင်း ထိုက်(၂၄)နှစ်၊(ဘ)ဦးမြင့်ဦး၊အမှတ်(၁၀)
တပ်ခွဲ၊ တပ်စု(၂)၊ မီးရထားရဲတပ်ဖွဲ့ဝင်တို့ စီးနှင်းလာသော ၃၅ယ/........၊Yam
aha (နီ/နက်ကြား)ဆိုင်ကယ်မှာ ကညွတ်ကွင်းရဲစခန်းအပိုင် ၊ကွင်းချောင်းတံတား
တွင် လုံခြုံရေးဆောင်ရွက်နေစဉ် နေရပ်ဖြစ်သော ပန်းတောင်းမြို့သို့ ပြည် - ပေါက်
ခေါင်း - အုတ်တွင်း -တောင်ငူကားလမ်းအတိုင်း ပြန်လာစဉ်ပေါင်းတလည်မြို့ ၊ အရှေ့
ပိုင်းရပ်ကွက် ၊ ပြည်-ပေါက်ခေါင်းကားလမ်းမပေါ် မိုင်တိုင်အမှတ်၈/၅နှင့်၈/၆အနီးအေ
ရာက်လမ်းဖြတ်ကူးသူ ကိုမျိုးလွင်(၄၂)နှစ်၊(ဘ)ဦးမောင်ကြိုင် ၊ပေါင်းတလည်မြို့၊အရှေ့
ပိုင်းရပ်ကွက်နေသူအား ဝင်တိုက်မသဖြင့် ကိုမျိုးလွင်တွင် ဦးခေါင်းနောက်စေ့ကွဲ၊ ဝဲမျက်
ခုံးပွန်း၊ နှာခေါင်းသွေးထွက်၊ဝဲခြေသလုံးကျိုး၊ ဝဲလက်ကောက်ဝတ်ဖူးရောင်ဒဏ်ရာရရှိခဲ့ပြီး
ရဲတပ်သား ကျော်ဇင်ထွေးတွင် ယာနားသွေးထွက် ၊ယာညှပ်ရိုးကျိုး ၊ယာလက်ခုံပွန်း၊ ဦးေ
ခါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရသိရသည်။
ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ရဲတပ်သား ကျော်ဇင်ထွေးအား ဥပဒေအရအရေးယူ
ပေးပါရန်ဒုရဲအုပ် ထွန်းထွန်းဦးမှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်နယ်မြေ
ရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၃၃၈ အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရှိသူ
ကိုမျိုးလွင်မှာ ပြည်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်သွားရောက်စဉ် ဇွန်လ(၂)ရက်နေ့နံနက်(၃)နာရီ အချိန်ခန့် လမ်းခရီး၌ သေဆုံးသွားခဲ့သဖြင့် ယခင်အမှုဖွင့်
ထားသော ပြစ်မှုပုဒ်မ- ၃၃၈မှ ၃၀၄ က သို့ ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။
 
ပြည့်သဲမောင်(ပြည်)09-4236 71883
 
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

Thursday, February 18, 2016

မာန်သစ္စာကားနှင့်သုံးဘီးဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ သုံးဘီးဆိုင်ကယ်ပေါ်ပါလာသူ(၇)ဦးသေဆုံးကြောင်း သတင်းရရှိ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

မာန်သစ္စာကားနှင့်သုံးဘီးဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ
သုံးဘီးဆိုင်ကယ်ပေါ်ပါလာသူ(၇)ဦးသေဆုံးကြောင်း
သတင်းရရှိ

သတင်းတို ပြည် ဖေဖော်ဝါရီ (၁၈)
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊
ဝါးလည်ရွာတွင် သုံးဘီးဆိုင်ကယ်နှင့် ရန်ကုန်၊အမ်း
စစ်တွေ ပြေးဆွဲသည့်
မာန်သစ္စာကား တို့ဖေဖော်ဝါ
ရီ(၁၈)ရက်နေ့ နေ့လည်(၁)နာရီ(၃၀)အချိန်ခန့်တိုက်
မှုဖြစ်ပွားခဲ့ကြောင်း။
အဆိုပါယာဉ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်တွင်
ပါလာသူ(၇)ဦးပွဲချင်းပြီးသေဆုံးကြောင်း ကနဦးသတင်း
ရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Monday, February 1, 2016

သတင်းတို ပြည်ခရိုင် ဖေဖော်ဝါရီ( ၂ )ရက်

Leave a Comment


သတင်းတို ပြည်ခရိုင် ဖေဖော်ဝါရီ( ၂ )ရက်

ပြည်ခရိုင် ပန်းတောင်းမြို့နယ် သရက်လိန်
အုပ်စု ကရင်စုကျေးရွာ၌ဖုန်းတာဝါတိုင်နှင့်
ထိစပ်လျှက်ရှိနေသော အများပြည်သူနေ
အိမ်များ၏သဘောတူညီချက် ရယူခြင်းမရှိ
ဘဲဖုန်းဆက်သွယ်ရေး တာဝါတိုင်ဆောက်
လုပ်ခြင်းအား အမြန်ဆုံးဖျက်သိမ်းပေးရန်
ဖေဖော်ဝါရီ (၂)ရက်နေ့ နံနက် (၉)နာရီ
(၁၀)မိနစ်အချိန်တွင် ကျေးရွာသူ ကျေးရွာ
သားများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရ
သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Monday, January 25, 2016

ပေါင်းတလည်မြို.တွင် ဆန်တင်ရန် ယဉ်နောက်ဆုတ်စဉ် ဆန်စက်အမိုးတန်းနှင့် ပိညှက်ခဲ့သဖြင့် ယာဉ်နောက်လိုက် တစ်ဦးသေဆုံး ပြည့်သဲမောင်(ပြည်)09423671883

Leave a Comment

ပေါင်းတလည်မြို.တွင် ဆန်တင်ရန် ယဉ်နောက်ဆုတ်စဉ်
ဆန်စက်အမိုးတန်းနှင့် ပိညှက်ခဲ့သဖြင့် ယာဉ်နောက်လိုက်
တစ်ဦးသေဆုံး
ပြည့်သဲမောင်(ပြည်)09423671883

ပြည် - ဇန်န၀ါရီ (၂၅)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပေါင်းတလည်မြို.၊တောင်
ပိုင်းရပ်ကွက်၊မောင်းကုန်းလမ်းနေ ယာဉ်နောက်လိုက်(၁)
ဦးသည်ယာဉ်မတော်တဆမူဖြင့်ပြည်ဆေးရုံကြီးတွင်သေ
ဆုံးကာနေအိမ်သို.ပြန်လည်သယ်ယူလာကြောင်း ဇန်န၀ါ
ရီလ(၂၄)ရက်နေ. နံနက်(၈း၃၀)အချိန်.ခန်.တွင် သတင်း
ရရှိခဲ့သဖြင့် ပေါင်းတလည် နယ်မြေစခန်းမှ တာဝန်မှူးဒုရဲ
အုပ်ထွန်းထွန်းဦးနှင့်အဖွဲ.သည်သွားရောင်စစ်ဆေးခဲ့ကြောင်း
သိရသည်။

ထိုသို. သွားရောက်စစ်ဆေးစဉ် ပြည်မြို.နယ်၊ပေါင်းတလည်မြို.
နယ်၊တောင်ပိုင်းရပ်ကွက် မောင်းကုန်းလမ်းနေ ကျော်ကျော်
(၃၀)နှစ် (ဘ) ဦးဝင်းဌေး ယာဉ်နောက်လိုက်သည် ပေါင်းတ
လည်နယ်မြေရဲစခန်း အနောက်(၆)မိုင်ခန်. တွင်းဗြည်းအုပ်စု၊
တွင်းဗြည်းရွာနေ ဦးဖိုးဇော်(ခ)ဦးဇော်ဝင်း၏ ဆန်စက်တွင်
ဆန်တင်ရန် ကျော်ရဲအောင်(ခ)ကျော်စိုးနိင် (၃၁)နှစ်(ဘ)
ဦးကျော်ယာဉ်မောင်းတောင်ပိုင်းရပ်ကွက်၊ဆင်းမြီးဆွဲလမ်း၊
ပေါင်းတလည်မြို.နေသူ မောင်းနှင်လာသော 7D/...........
Canda(အဖြူရောင်) ယာဉ်သည် ဆန်တင်ရန်ယာဉ်အား
နောက်ဆုတ်စဉ် ယာဉ်၏ခြေနင်းခုံရှိ တိုင်ကီ(ပီပါ) ပေါ်တွင်
မတ်တပ်ရပ် လိုက်ပါလာသော ကျော်ကျော်သည် ဆန်စက်၏
အရှေ.အမိုးတန်းရေတံလျှောက်နှင့် ကားနောက်မြီးတို.ပိညှက်
ခဲ့သဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံးသွားသည်
ဟု စစ်ဆေးတွေ.ရှိရကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထိုကြောင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ကျောင်ရဲအောင်
(ခ)ကျော်စိုးနိင်(၃၁)နှစ်(ဘ)ဦးကျော်ယာဉ်မောင်းတောင်ပိုင်းရပ်
ကွက်၊ဆင်မြီးဆွဲလမ်း၊ပေါင်တလည်မြို.နေသူအား အရေးယူပေး
ပါရန် ဒုရဲအုပ်ထွန်းထွန်းဦးမှ တရားလိုပြုတိုင်းတန်းခဲ့သဖြင့် ပေါင်း
တလည်နယ်မြေရဲစခန်း ယာဉ်(ပ) ၂/၂၀၁၆။ပြစ်မူပုဒ်မ -၃၀၄-က
ဖြင့် အမူဖွင့်ကာအမူအားရဲအုပ်မြတ်မင်းသူမှ လက်ခံစစ်ဆေးလျှက်
ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Saturday, January 9, 2016

ကံမမြို့နယ် ဇီးအိုင်ကျေးရွာတွင် ကလေးခိုးခံရသည်ဟူသော ကောလဟာလသတင်းများ ကြောင့်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာအချို့မှဒေသခံများ ရပ်ရွာလုံခြုံရေးများဆောင်ရွက်ခဲ့

Leave a Comment

ကံမမြို့နယ် ဇီးအိုင်ကျေးရွာတွင် ကလေးခိုးခံရသည်ဟူသော ကောလဟာလသတင်းများ  ကြောင့်ပန်းတောင်းမြို့နယ်ရှိ
ကျေးရွာအချို့မှဒေသခံများ ရပ်ရွာလုံခြုံရေးများဆောင်ရွက်ခဲ့

ပြည် ဇန်န၀ါရီ ၁၀ ရက်
မကွေးတိုင်းဒေသကြီး ၊ ကံမမြို့နယ် ၊ ဇီးအိုင်ကျေးရွာတွင်
ကလေးခိုးခံရသည်ဟူသော ကောလဟာလ သတင်းများ
ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်တောင်းမြို့ရှိ
ကျေးရွာအချို့မှဒေသခံများ ရပ်ရွာ လုံခြုံရေးဆောင်ရွက်
ခဲ့ရကြောင်းသိရသည်။

ဇန်န၀ါရီလ(၉)ရက်နေ့တွင် ကံမမြို့နယ် ၊ဇီးအိုင်ကျေးရွာ
သို့ အမည်မသိအမျိုးသားနှစ်ဦးဆိုင်ကယ် ဖြင့်ရောက်ရှိ
လာပြီး နေအိမ်ပေါ်၍ အသက်(၁၀)နှစ်အရွယ်ခန့် ၊ကလေး
ငယ်အားခိုးယူရန်ကြံစည်ခဲ့ကြောင်း၊ထို့နောက်၎င်းအမည်မ
သိအမျိုးသားနှစ်ဦးမှာထွက်ပြေးသွားကြောင်း၊ကောလဟာလ
သတင်းများထွက်ခဲ့သဖြင့် ဒေသခံပြည်သူများ ရပ်ရွာလုံခြုံရေး
ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။

“ဇီးအိုင်ကျေးရွာဘက်က ကလေးခိုးခံရတယ်ဆိုပြီးတော့ 
ဖုန်းဝင်လာတာဗျ။ပြီးတော့ ဒီဘက်ထွက်ပြေး သွား တယ်
ဆိုပြီးဖုန်းဆက်တာကြောင့်ရပ်ကွက်ကလူကြီးတွေကိုအ
ကြောင်းကြားပြီး လူငယ်တွေနဲ့ စောင့်နေကြတာ။နောက်
ဖုန်းထပ်ဝင်လာတယ် ကလေးတော့ပါမသွားဘူး ဒါပေမဲ့
ရွာ ကိုလာတဲ့ သူစိမ်း နှစ်ယောက်ကထွက်ပြေးသွားတယ်
ဆိုပြီးထပ်ဆက်တယ်။ဒါကြောင့်လူငယ်တွေနဲ့ ကိုယ့်ကျေး
ရွာလုံခြုံ ရေးအတွက် ကင်းစောင့်နေတာ”ဟု ရွှေဘုံသာ
ကျေးရွာ လူငယ်ခေါင်းဆောင် ကိုမောင်ကြည်ကပြော 
သည်။

ပထမပိုင်းသတင်းတွင် ဇီးအိုင်ကျေးရွာမှ ကိုအုန်းမှုန့် 
ဒေါ်သန်းသန်း၏ကလေး (၁၀)နှစ်အရွယ်အား ညနေ
နေဝင်ရီရောအချိန်ခန့် နေအိမ်တက်၍ ခိုးရန်ကြံစဉ်ခဲ့
သည်ဟုသတင်းများ ထွက်ခဲ့ကြောင်း၊ထို ရွာသို့ဖုန်းများ
ဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်းဆက်သွယ်ရေးမ
မိသဖြင့်ဆက်သွယ်၍မရကြောင်း ၊ထိုကြောင့်အဆိုပါရွာ
နှင့် အနီးဆုံးဖြစ်တဲ့ ရွာသာယာရွာအားဆက်သွယ်မေး
မြန်းထားကြောင်း ၄င်းရပ် ရွာ လုံခြုံရေးဆောင်ရွက် 
သူများက ဆက်လက်ပြောကြားခဲ့သည်။
“ဦးတို့ရွာသာယာရောက်တော့ ဆိုင်ကယ်အဖြူရောင်နဲ့
လူငယ်နှစ်ယောက် အဲဒီဇီးအိုင်ဘက်တက်သွား တာမြင်
လိုက်တယ်လို့ပြောတယ်။နောက်ကတစ်ယောက်က ဆံ
ပင်နီကြောင်ကြောင်နဲ့တဲ့အဲဒါနဲ့ဦးတို့လဲ ကိုယ့်ရွာကိုယ်
ပြန်လာတယ်။နော်လူငယ်တွေစုစည်းပြီး လမ်းပိတ်ပြီး
အဝင်အထွက် ဆိုင်ကယ်ကားတွေ ကိုစစ်ဆေးတယ်”
ဟု ရွှေဘုံသာကျေးရွာ ရာအိမ်မှူး ဦးဇော်မြင့်ကပြော
သည်။

အဆိုပါကလေးခိုးသည်ဆိုသော သတင်းများသည် 
လူမှု့ကွန်ယက်စာမျက်နှာများနှင့်သတင်းမီဒီယာ 
များတွင်ဖော်ပြထားသည့်အတွက် ဒေသခံပြည်သူ
များ စိုးရိမ်နေရသဖြင့် မိမိကျေးရွာ လုံခြုံရေးအတွက် 
ရွာသစ်ကျေးရွာ၊စစ်တဝန်းကျေးရွာ၊လက္ပံကျေးရွာ၊
ရွှေဘုံသာကျေးရွာရှိဒေသခံများဇန်န၀ါရီ(၉)ရက်
နေ့ညတွင်ကျေးရွာရှိလူငယ်များ၊ရပ်မိရပ်ဖများ၊
အုပ်ချုပ်ရေးအဖွဲ့များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက
ကျေးရွာလုံခြုံဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းသိရ
သည်။

ရွာသာယာရွာရှိဒေသခံအား စုံစမ်းမေးမြန်းကြည့်ရာ 
ညနေ(၅)နာရီခွဲလောက်က ဇီးအိုင်ကိုလူစိမ်း နှစ်
ယောက် ဆိုင်ကယ်နဲ့ရောက်လာကြောင်း၊ထို့ကြောင့်
ရွာက လူတွေကမသင်္ကာပြီးလိုက်ကြည့် တော့
ဆိုင်ကယ်ကမောင်းပြီးထွက်ပြေသွားကြောင်း၊
သူတို့ကံမဘက်မှာလဲ ကလေးခိုးတယ်ဆိုပြီး 
သတင်းတွေကြားနေရတော့ မသင်္ကာပြီးလိုက်
ကြည့်ခဲ့ကြောင်း၊ကလေးပါသွားတယ်ဆိုတာလဲ
မဟုတ် ကြောင်း၊ကလေး တက်ဆွဲတယ်ဆိုတာ
လဲမဟုတ်ကြောင်း ဇီးအိုင်ရွာကိုဖုန်းဆက်မေး
တော့ ပြန်လည် ဖြေကြားခဲ့ကြောင်း ရွာသာယာ
ရွာရှိဒေသခံတစ်ဦးကပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းတိကျသည်ဖြစ်စေ 
မတိကျသည်ဖြစ်စေကျွန်တော်တို့ဘက်ကတော့ 
ပြည် သူတွေ နဲ့ပူးပေါင်းပြီး ရပ်ရွာအေးချမ်းသာ
ယာရေးအတွက်ဆောင်ရွက်နေတာပါ။ဒီသတင်း
ဖြစ်စဉ်မှန်/ မ မှန်ကိုတော့ ဇီးအိုင်ကျေးရွာကိုချိတ်
ဆက်နေပါတယ်”ဟု ရွှေဘုံသာကျေးရွာ ရဲကင်းမှူး 
ကိုရဲအောင် က ပြောကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883


ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







Read More...

Tuesday, December 29, 2015

ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

Leave a Comment




ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

ပြည် ဒီဇင်ဘာ ၂၉


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရှိ မင်္ဂလာဂါးဒန်း ဟိုတယ်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာ၂၉ ရက်နေ့ နံနက် ၉-နာရီ ချိန်ခန့်က ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မှုလအခွင့်အရေးအရေးများ မြှင့်တင်နိုင်ရန် နှင့် ကာကွယ်ရန်တို့အတွက်  ၂၄.၉.၂၀၁၄ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ လူ့အခွင့်အရေးဆိုင်ရာအသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးအား MNHRC မှ သင်တန်းပို့ချ ဟောပြောခဲ့တာဖြစ်ပြီး ပြည်မြို့နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများ၊NGO အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

“၀န်ကြီးဌာနတွေ နဲ့ သက်ဆိုင်ရာဌနတွေအပါဝင် ပြည်သူတွေအထိ ဟောပြောပွဲပေါင်း ၅၈-ခုဟောပြောပြီးပါပြီ။ ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေက လူ့အခွင့်အရေးသိတာ ပြည်သူလောက်ထိတွေ့မှုမရှိတော့ သိပ်မသိကြဘူး။ပြည်သူမှာအခြေခံလေးတွေသိထားကြတယ်။ထိုင်းနိုင်ငံမှာ သေဒဏ်အမိန့်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီကို ကျွန်တော်တို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ အကူညီတောင်းခံထားပါတယ်။ လူသားတိုင်းအသက်ရှင်သန်ခွင့်ရှိရမယ်။တန်းတူညီမျှခွင့်ရှိရမယ်။ ထိုင်းလူမျိုးအကျဉ်းသားတွေရရှိတဲ့အခွင့်အရေးကို မြန်မာနိုင်ငံသား နှစ်ယောက်လဲအပြည့်အ၀ရရှိစေဖို့လိုတယ်။ အဲဒိအခွင့်အရေးရရှိရင် သေဒဏ်ကလွတ်ရင်လွတ် မလွတ်ရင်တောင်မှ လျော့ပေါ့သွားမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် ကပြောသည်။



၎င်းဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် မှလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား ဦးဆောင်ဆွေးနွေးဟောပြော သင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသူများမှလဲ အပြန်အလန်ဆွေးနွေးမှုများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“အရင်းက CSOတွေခုလိုအောက်ခြေအထိ ပြည်သူနဲ့ထိတွေ့ပြီး ခုလိုပညာပေးအစီစဉ်တွေမလုပ်ဆောင်ခဲ့ဘူး။အခုလုပ်ဆောင်လာပြီဆိုတောါ အရမ်းဝမ်းသာကြိုဆိုပါတယ်။ဒီပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် လူအခွင့်အရေးအပြည့်အ၀ရတဲ့အတွက် အင်မတန်ကောင်းမွန်တဲ့ပွဲပါ။ တစ်ချို့က လူ့အခွင့်အရေးကာကွယ်တာတွေလုပ်နေပြီး လူ့အခွင့်အရေးတွေကိုယ်တိုင်ချိုးဖောက်တာတွေလဲရှိနေတယ်။ဒီလိုပွဲတွေများများလုပ်လေကောင်းလေပဲ။ ကိုယ်ရဲ့ရပိုင်ခွင့် အခွင့်အရေးကိ ကိုယ်ကိုယ်တိုင်သိမှ ကိုယ့်အခွင့်အရေးတွေသေချာ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။” ပြည်မြို့ ဂရုဏာလက်များကွန်ယက် အတွင်းရေးမှူး ကိုပုည ကပြောသည်။




အဆိုပါ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး၏ အနှစ်သာရငါးချက်ဖြစ်သည့် ဂုဏ်သိက္ခာ၊လွတ်လပ်ခြင်း၊ခွဲခြားမှုမရှိခြင်း၊တန်းတူညီမျှခြင်း၊တစ်ပါးသူ၏ အခွင့်အရေးကိုလေးစားခြင်း စသည့် လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရများအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှတာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

၎င်းဆွေးနွေးပွဲအား ပြည်မြို့နယ်အတွင်းရှိ ဂရုဏာလက်များကွန်ယက်၊ရတနာ့မာန် ပညာဒါနကျောင်း၊မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ဒေသခံသတင်းထောက်များ၊အမျိုးသမီးရေးရာအဖွဲ့၊တယ်လီနောလိုင်း ဟော့ကာပညာရှင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊မိခင် နှင့် ကလေးစောင့်ရှောက်ရေး၊စစ်မှုထမ်းဟောင်းများအဖွဲ့၊ကွန်ပျူတာပညာရှင်များ၊HRDP(လူ့အခွင့်အရေး)အဖွဲ့ များတ စုစုပေါင်း အင်အား ၄၀-ကျော်တက်ရောက်ခဲ့ပြီးအဆိုပါ ဆွေးနွေးပွဲအား ညနေ ၄-နာရီထိ တစ်ရက်သင်တန်းပို့ချခဲ့ကြောင်းသိရသည်။

K3(pyay)
Read More...

Friday, December 25, 2015

မနက်ဖြန် လိပ်ကျွန်းလူသတ်မှု မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခဲ့သည့်အပေါ် ဆန္ဒထုတ်ဖော်သွားမည်

Leave a Comment


မနက်ဖြန် လိပ်ကျွန်းလူသတ်မှု မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခဲ့သည့်အပေါ် ဆန္ဒထုတ်ဖော်သွားမည်

သတင်းတို


လိပ်ကျွန်းလူသတ်မှု ထိုင်းတရားသူကြီးမှ မြန်မာနိုင်ငံသား နှစ်ဦးအပေါ် သေဒဏ်မြစ်မှုချမှတ်သည့်အပေါ် တရားမျှတမှုမရှိ၍ မိုးမေတ္တာနာရေးကူညီမှုအသင်း ဦးဆောင်၍ ပြည်ခရိုင်အတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပြည်မြို့ဒေသခံများ နှင့် စိတ်ပါဝင်စားသူများ မနက်ဖြန် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁-နာရီချိန်ခန့်တွင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း အပျော်တမ်း ဓာတ်ပုံဆရာများ၏ ကားမှန်ကိုခွဲကာ ကျပ်သိန်းသုံးဆယ်ကျော်ဖိုး ခိုးယူခံရမှု ဖြစ်ပွား

Leave a Comment


ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း အပျော်တမ်း ဓာတ်ပုံဆရာများ၏ ကားမှန်ကိုခွဲကာ ကျပ်သိန်းသုံးဆယ်ကျော်ဖိုး ခိုးယူခံရမှု ဖြစ်ပွား



ပဲခူတိုင်း အနောက်ပိုင်း ဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာ ကျေးရွာအနီး၊ ကမ္ဘာ့အမွေနှစ် စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း အပျော်တမ်း ဓာတ်ပုံဆရာများ၏ ကားမှန်အား ရိုက်ခွဲကာ သိန်းသုံးဆယ်ကျော် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ခင်း အချိန်တွင် ရှေးဟောင်းဇုန် အတွင်းရှိ ပျူခေတ်လက်ရာ လေးမျက်နှာ ဂူဘုရားတွင် မြိုခံဓာတ်ပုံဆရာများ ဓာတ်ပုံရိုက်နေချိန်တွင် ဘုရားအနီး ရပ်ထားသည့် ကားဝဲဘက် မှန်အားခွဲကာ ကားပေါ်ရှိ လက်ဝတ် ရတနာများနှင့် ငွေသားနှင့် အခြားပစ္စည်းများ ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း နယ်မြေ တာဝန်ခံဖြစ်သည့် အမှတ် (၃) ရဲစခန်း မှတ်တမ်းများအရ သိရသည်။
“ဇုန်ထဲမှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးသေးဘူး။ အခုဟာက နေ့ခင်းကြောင်တောင်ကြီးဖြစ်တာ မသင်္ကာသူ နှစ်ဦးကိုတော့ ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်နေပါပြီ” ဟု သရေခေတ္တရာ ရှေးဟောင်း ဇုန်အတွင်းရှိ မှော်ဇာ ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအေးထွန်းက ပြောကြားသည်။
ကားအမျိုးအစားမှာ ဟာရီဟာ ပုံပြောင်း အဖြူရောင်ဖြစ်ပြီး ထိုသို့ ခိုးယူမှုကြောင့် စိန်နားကပ် တစ်ရံ၊ iPhone 6 Plus တစ်လုံး၊ Huawei (P8) တစ်လုံး၊ ငွေသားများ အပါအ၀င် အခြားပစ္စည်း စုစုပေါင်း ၃၆ သိန်းကျော်ဖိုးမှာ ခိုးယူရာတွင် ပါသွားကြောင်း အမှတ် (၃) ရဲစခန်းမှ သိရသည်။
“ဓာတ်ပုံ ရိုက်တဲ့နေရာနဲ့ ကားနဲ့က သိပ်မဝေးဘူး။ ရိုက်ပြီး ပြန်လာတော့ အခိုးခံရတာပဲ တွေ့တယ်။ ပစ္စည်း ဆုံးရှုံးမှုပေါ်မှာ သိပ်မပြောလိုပေမယ့် ဇုန်ထဲမှာက လုံခြုံရေး အားနည်းတယ်။ ပြီးတော့ ဒီနေရာက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်း ဖြစ်တော့ ဒီလိုအမှုမျိုးကို မဖော်ထုတ်နိုင်ရင် ဇုန်ရဲ့ပုံရိပ်ကိုလည်း ထိခိုက်နိုင်တယ်” ဟု ပစ္စည်များ ခိုးယူခံရသူ ဓာတ်ပုံဆရာ ကိုရဲစွမ်းက ပြောကြားသည်။
အမှတ် (၃) နယ်မြေ ရဲစခန်းမှ (ပ) ၂၈၈/၂၀၁၅ ပြစ်မှုပုဒ်မ (၃၇၉) ဖြင့် အမှုမှန် ပေါ်ပေါက်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
သရေခေတ္တရာ ပျူမြို့ဟောင်း အပါအ၀င် ပျူမြို့သုံးမြို့အား ကုလသမဂ္ဂ ပညာရေးသိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်ဇွန် ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်သော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေနှစ် အစည်းဝေးတွင် သတ်မှတ်ခဲ့သည်။
ဝေလင်း (ပြည်)
Eleven Media Group မှ ကူးယူဖော်ပြသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

သရေခေတ္တရာမြို့ ဟောင်းမှ ဂုဏ်ယူစရာ အနုလက်ရာ

Leave a Comment


သရေခေတ္တရာမြို့ ဟောင်းမှ ဂုဏ်ယူစရာ အနုလက်ရာ
*********************************
ပျူ တို့သည် ရွှေ၊ငွေ၊ကျောက်မျ က်ရတနာနှင့် သတ္ထု ထည်များကို အသုံးအဆောင်လက်ဝတ်
တန်ဆာနှင့် အနုလက်ရာပစ္စည်းများအဖြစ် ကောင်းစွာဖန်တီး ထုတ်လုပ်ခဲ့သူများဖြစ်ကြောင်း
ပျူ မြို့ တော်များမှ ရရှိသော အထောက်အထားပစ္စည်းများက သက်သေပြလျှက်ရှိပါသည်။
သရေခေတ္တရာမြို့ ဟောင်းမှ တွေ့ရှိရသော ငွေလင်ဗန်းများတွင် ဆန်းကြယ်သော ကြာရိုး
ကြာနွယ် ကနုတ်ပန်းလက်ရာနှင့် လှပပြေပြစ်သည့် ကိန္နရီ ကိန္နရာ (ဒဏ္ဏာရီလာငှက်)၊
ဥဒေါင်းပုံ( ကျက်သရေမင်္ဂလာ အမှတ်လက္ခဏာ)၊ ခြင်္သေ့ (တော်ဝင်အမှတ်အသား )၊ရုပ်များကို
လက်ရာမြောက်စွာ ထုလုပ်ထားသည့်နည်းတူ ငွေသားမျက်နှာပြင်ပေါ်တွင် ရွှေရောင်
တောက်ပအောင် နည်းပညာကျွ မ်းကျ င်မှုဖြင့် ဖန်တီးထားမှုများ မှာ တမျိုးသားလုံးအတွက်
ဂုဏ်ယူစရာ အနုလက်ရာများပင်ဖြစ်ပါသည်။

Silver plates and trays from Sriksetra ancient city
***********************************
Many objects made in stone, iron, bronze and semi-precious stone were found
in the Pyu cities and sites. Furthermore, the Pyu were highly specialized in metallurgical production of silver and gold artifacts as shown in silver plates
and trays found at Sriksetra. These precious objects are decorated with lotus leaves or floral pattern, and Kinnari-Kinara (mythical birds), peacocks(good auspicious) and lions (symbol of royalty) coated in gold. So, we should proud of our precious objects and our heritage.
Heritage Trust Of PYU Cities မှ
ပြည်သတင်းလူငယ်(ပြည်သတင်း) ပြန်လည်ကူးယူဖော်ပြသည်။
09253311019

Read More...

Wednesday, December 23, 2015

ရှေးဟောင်းပတ္တမြားတွေ့ရှိ၍ ရှေးဟောင်းဌာနသို့လာရောက်အပ်နှံသူအား ကျပ်သိန်းခြောက်ထောင်ရရှိခဲ့ဟူသော သတင်းမှာ မှားယွင်းနေ

Leave a Comment





ရှေးဟောင်းပတ္တမြားတွေ့ရှိ၍ ရှေးဟောင်းဌာနသို့လာရောက်အပ်နှံသူအား ကျပ်သိန်းခြောက်ထောင်ရရှိခဲ့ဟူသော သတင်းမှာ မှားယွင်းနေ




ပြည်၊ဒီဇင်ဘာ၊၂၃




ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် မှော်ဇာအုပ်စု တောင်လုံးညိုကျေးရွာတွင် နေအိမ်တစ်အိမ်တွင် ရှေးဟောင်းပတ္တမြား တွေ့ရှိသည်ဆိုကာ ရှေးဟောင်းဌာနသို့ အပ်နှံလိုက်ရာ ကျပ်သိန်းခြောက်ထောင် ရရှိခဲ့သည်ဆိုသော လူမှု့ကွန်ယက်စာမျက်နှာ(Facebook)တွင်ပျံ့နှံ့လျှက်ရှိသည့် သတင်းမှာ သတင်းအမှားဖြစ်နေပြီး သရေခေတ္တရာ ရှေးဟောင်းသုတေသနဌာနသို့ အဆိုပါ ပတ္တမြားလာရောက်အပ်နှံခြင်းမရှိကြောင်း သရေခေတ္တရာ ရှေးဟောင်းသုတေသနဌာန တာဝန်ရှိသူ တစ်ဦးထံကသိရသည်။
အဆိုပါ သရေခေတ္တရာ ပျူမြို့ဟောင်းအနီးတည်ရှိသည့် မှော်ဇာအုပ်စု တောင်လုံးညိုကျေးရွာတွင် တွေ့ရှိခဲ့သည့် ပစ္စည်းမှာ အလှဆင်ဖန်စီပစ္စည်းတစ်ခုသာဖြစ်ကြောင်း မှော်ဇာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး က ယခုလိုပြောကြားခဲ့သည်။

‘‘အဲဒီအိမ်က အိမ်ပြင်ဆောက်တဲ့အခါ မြစ်ထဲကသဲကို ၀ယ်ပြီး သူ့အိမ်မှာ ပုံထားတယ်။ မုန်လာဥ တွေ ရေဆေးတော့ ရေက သဲပုံထဲစီးဝင်ပြီး အခုနာမည်ကြီးနေတဲ့ ပစ္စည်းလေးတစ်ခုတွေ့တယ်။ မြစ်သဲတွေထဲက ပါလာတာလို့ ယူဆရတယ်။ ရှေးဟောင်းက တာဝန်ရှိသူတွေ လာကြည့်သွားခဲ့ကြတယ်။ ရှေးခေတ်လက်ရာ မဟုတ်ဘူးလို့ ပြောတယ်။ အခုခေတ် ဆံထိုးတွေ နောက်မှာပါတတ်တဲ့ ချက်ကျောက်နဲ့ လုပ်ထားတဲ့ ဖန်စီပစ္စည်းလို့မှတ်ချက်ပေးသွားကြပါတယ်။ ’’ဟု မှော်ဇာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။

အဆိုပါ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နာမည်ကြီးခဲ့သည့် ကျောက်သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သရေခေတ္တရာရှေးဟောင်းဇုန် မှော်ဇာအုပ်စုရှိ တောင်လုံးညို ရွာ၏ နေအိမ်တစ်အိမ်တွင် မုန် လာဥများအား ရေဆေးစဉ် သဲပုံအတွင်း ပတ္တမြားအရောင် ကျောက်ငါးလုံးပါ ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်လုံး ညိုရွာဒေသခံများထံကသိရသည်။

‘‘အဲဒီပစ္စည်း တွေ့တာဖြင့် တစ်လလောက်တောင် ရှိနေပြီ။ အခုမှထပြီး ပတ္တမြားတွေ့လို့ ရှေး ဟောင်းကို အပ်လိုက်တာ သိန်း တစ်ထောင်ကျော်ရတယ်လို့ သတင်းစထွက်တယ်။ ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာကျတော့ သိန်းခြောက်ထောင် ဆိုပြီး သတင်းပြန့်နေတယ်။ အခုနောက်ဆုံးကြားရတာကတော့ သူတို့ထိုက်လို့ သူတို့ရတာ ရှေးဟောင်းအပ်လိုက်တာ သိန်းတစ်ရာ့ခြောက်ဆယ်ရတာ တကယ်ပါဆိုပြီး သတင်းတွေ ပြန့်နေပြန်ရော။ ဒါကလည်း ယုံကြည်စရာအကြောင်းတွေက ရှိခဲ့ဘူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရှေး ဟောင်းဇုန်ကြီးအတွင်း နေထိုင်သူတွေဟာ လယ်ယာထွန်ယက် ရင်း အလုပ်လုပ်ရင်း ရွှေလင်ပန်း တွေ၊ ရှေးဟောင်းပစ္စည်းတွေ တကယ်တွေ့ပြီး ရရှိခဲ့တာကြောင့် ပဲ။ ဒါပေမဲ့အခုပေါ်နေတဲ့ သတင်းက မဟုတ်ပါဘူး။ ဖန်စီကျောက်လို့ပါ။ ’’ ဟု ပြည်မြို့ မှော်ဇာကျေးရွာအုပ်စုတွင်နေထိုင်သူ ဒေသခံ ဦးမြင့်သိန်းက ပြောသည်။

အဆိုပါ ပတ္တမြားကျောက်သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှာ လူမှုကွန်ယက်စာမျက်နှာမှတဆင့် စတင်ပြောဆိုရေးသားမှုများရှိနေခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ပြည်မြို့နယ်အတွင်း လူစည်ကားရာနေရာတွေမှာ ရှေးဟောင်းသုတေသနသို့ သွားရောက်အပ်နှံခဲ့ရာမှာ သိန်းပေါင်းခြောက်ထောင် ရရှိခဲ့သည်ဆိုသောစကားမှာပျံ့နှံ့လျှက်ရှိနေကြောင်းသိရသည်။ အဆိုပါ ပတ္တမြားကျောက်အား သရေခေတ္တရာရှေးဟောင်းသုတေသနအဖွဲ့သို့ မည်သူတစ်ဦးတစ်ယောက်မှ လာရောက်အပ်နှံတာမရှိကြောင်း သရေခေတ္တရာ ရှေးဟောင်းသုတေသနအဖွဲ့ တာဝန်ရှိသူများထံမှသိရသည်။




K3(pyay)
Read More...

Saturday, December 12, 2015

ပြည်မြို့နယ်အတွင်း အမှိုက်ကောက်လုပ်ငန်းများ စတင်

Leave a Comment


ပြည်မြို့နယ်အတွင်း အမှိုက်ကောက်လုပ်ငန်းများ စတင်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် အရပ်ဖက်အဖွဲ့အစည်းများ၊ဘဏ်ဝန်ထမ်းများ၊ဒေသခံပြည်သူများ၊အစိုးရ၀န်ထမ်းတစ်ချို့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီများ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၇နာရီမှစတင်ကာ မြို့တော်သာယာလှပစေရေးအတွက် အမှိုက်ကောက်ခြင်းလုပ်ငန်းများ ပြည်မြို့တစ်မြို့လုံးနေရာခွဲ၍ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
ပြည်မြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ခေတ္တရာနာ/ကူအသင်း၊မိုးမေတ္တာနာ/ကူအသင်း၊အစိမ်းရောင်မျိုးဆက်အဖွဲ့၊ပင်စင်ယူ အငြိမ်းစားကြီးများ၊မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ထမ်းများ၊၈၈ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊အခြားအသင်းအဖွဲ့များ နှင့် ပြည်ဒေသခံရပ်ကွက်နေပြည်သူများ တို့သည် နေရာခွဲ၍ ပြည်မြို့နယ်အတွင်း အမှိုက်ကောက် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ပြည်သတင်းလူငယ်(ပြည်သတင်း)


ပြည်သတင်း
www.facebook.com/pyaynews


Read More...

Friday, December 11, 2015

တွေ့ရှိပါက ကျေးဇူးဆပ်ပါမည်။

Leave a Comment


တွေ့ရှိပါက ကျေးဇူးဆပ်ပါမည်။

မှတ်ပုံတင်ဘဏ်ကဒ်၊အခြားကဒ်များနှင့်ပိုက်ဆံပါသောခေါက်ပိုက်ဆံအိတ်အမဲကျပျောက်ခဲ့ပါသဖြင့်တွေလျှင်ဆက်သွယ်ပေးပါကျေးဇူးဆပ်ပါမည်။
ဖုန်း - 09252260226

ပြည်သတင်း
www.facebook.com/pyaynews
Read More...

Wednesday, November 25, 2015

ပြည်ဘုရားပွဲတော် အတွင်း သေနတ်များရောင်းအားကောင်းပြီး စာအုပ်ဆိုင်များရောင်းအားနည်းပါး

Leave a Comment


ပြည်ဘုရားပွဲတော် အတွင်း သေနတ်များရောင်းအားကောင်းပြီး စာအုပ်ဆိုင်များရောင်းအားနည်းပါး

ပြည်၊နိုဝင်ဘာ၊၂၆

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပှုဇနိယပွဲတော် နှင့် မြတ်စွယ်တော်ပှုဇော်ပွဲတော်တွင် ယခင်နှစ်များနှင့်မတူအောင် ပွဲဈေးတန်းတွင် စည်းကားလျှက်ရှိပြီး ကလေးကစားစရာသေနတ်များ ရောင်းအားအင်မတန်ကောင်းမွန်လျှက်ရှိပြီး စာအုပ်အရောင်းဆိုင်ဈေးသည်များ ရောင်းအားကျဆင်းလျှက်ရှိကြောင်းသိရသည်။

သတင်းအပြည့်အစုံဆက်လက်ဖတ်ရှု့ပါရန်...

ပြည်သတင်းလူငယ်(ပြည်သတင်း)

ပြည်သတင်း
www.facebook.com/pyaynews

Read More...

ပြည်မြို့တွင် ဟိန္ဒူလူမျိုးတို့ ရေချိုးပွဲတော်ကျင်းပပြုလုပ် ယခင်နှစ်များထက်ပိုမိုစည်ကားလျှက်ရှိ

Leave a Comment


ပြည်မြို့တွင် ဟိန္ဒူလူမျိုးတို့ ရေချိုးပွဲတော်ကျင်းပပြုလုပ် ယခင်နှစ်များထက်ပိုမိုစည်ကားလျှက်ရှိ

ပြည်၊နိုဝင်ဘာ၊၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ကမ်းနားလမ်းရှိ သမိုင်းဝင် သျှရီရားမ်ဂျာနကီး ဘုရားကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဗုဒ္ဓဘာသာ ဟိန္ဒူလူမျိုးတို့၏ ရေချိုးပွဲတော်ကြီးကို ယခင်နှစ်များနှင့်မတူအောင် နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၇ နာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။အဆိုပါရေချိုးပွဲတော်ကို မြန်မာနိုင်ငံအတွင်း တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြုလုပ်လျှက်ရှိပြီး နှစ်စဉ် ပထမအကြိမ်အား ဇန်န၀ါရီ ၁၄ ရက် သို့မဟုတ် ၁၅ ရက်တွင် မန္တလေးမြို့ မြစ်ကမ်းနား ဂေါဝင်ဆိပ်ရှိ ဘုရားကျောင်းတွင် ကျင်းပလေ့ရှိပြီး ဒုတိယအကြိမ်ရေချိုးပွဲတော်ကိုတော့ အဓိကထားပြီး ပြည်မြို့တွင် ရေချိုးပွဲတော်အား နှစ်စဉ်ကျင်းပလေ့ရှိကြောင်းသိရသည်။
“မြန်မာတစ်ပြည်လုံးမှာ အဓိကနေရာက ဒီပြည်မြို့က မြစ်ကမ်းနားပဲ။ကျွန်တော်တို့ နှစ်တိုင်းလာတယ်။ရေချိုးတယ်။ကောင်းမှုဒါနတွေအမြဲပြုကြပါတယ်။ဒီနှစ်မြန်မာလူမျိုးတွေအနေနဲ့က တန်ဆောင်မုန်းလဆန်း ၁၄ ရက် ကျွန်တော်တို့အနေနဲ့က လပြည့်နေ့ဖြစ်နေတယ်။ဒီနှစ်ကျွန်တော်တို့ဘက်က ၀ါထပ်တယ်။ ခါတိုင်းဆို မြန်မာလို တန်ဆောင်းမုန်းလပြည့်နေ့မှရေချိုးကြတယ်။ရွှေဆံတော်စွယ်တော်လည်းဖူး။ကမ်းနားမှာလည်း ရေချိုးကောင်းမှုပြု အင်မတန်စိတ်ကြည်နူးမိပါတယ်။ကျန်းမာရေးကောင်းတယ်။စီးပွားရေးလည်းကောင်းတယ်။အဲဒါကြောင့်နှစ်တိုင်းလ်ာနေပါတယ်။ ”ဟု ပုသိမ်မြို့မှလာရောက်သည့် ဟိန္ဒူဘုန်းတော်ကြီး တစ်ပါးကပြောသည်။
ကာ(ရ်)သိ(က်)ပှု(ရ်)ဏိမာ(ခ) တန်ဆောင်မုန်းလပြည့်ပွဲတော်နေ့ နံနက်အာရုံဦးတွင် ဂင်္ဂါမြစ်ထဲရေဆင်းချိုးသည့်ပွဲတော်ကိုကျင်းပပြုလုပ်လေ့ရှိပြီး အိန္ဒိယနိုင်ငံ ဥတ္တရခဏ္ဍပြည်နယ် (Uttarakhand) ရှိ ဟရိဒ္ဓါ(ရ်) သို့မဟုတ် ဘုရားတံခါးပေါက်ဟု ခေါ်တွင်သည့် ဂင်္ဂေါတြိ မှအစပြု၍ ဆင်းသက်စီးဝင်လာသည့် ဂင်္ဂါမြစ်သည် မေခနှင့်မလိခမြစ်တို့၏ ပေါင်းဆုံရာ ဧရာဝတီမြစ်သဖွယ်စီးဆင်းလျှက်ရှိသောကြောင့် အင်္ဂါမြစ်နှင့်အလားတူသော ပြည်မြို့ မြစ်ကမ်းနားတွင် ရေချိုးမင်္ဂလာပြုသူများ၊အလှူဒါနပြုလုပ်သူများအားလုံးတို့သည် အထက်မြန်မာပြည် အောက်မြန်မာပြည်ရှိ ဗုဒ္ဓဘာသာ ဟိန္ဒူလူမျိုးတို့အဓိကအားသောကြောင့် ပြည်မြို့မြစ်ကမ်းနားတွင် အလွန်စည်ကားလျှက်ရှိကြောင်းသိရသည်။
အဆိုပါ ဟိန္ဒူလူမျိုးတို့အလေးထားယုံကြည်ကြသည့် ဂင်္ဂါမြစ်သည် ဘုရားရှင်၏ ပဒုမ္မာခြေတော်ရင်းမှ စီးဆင်းလားခြင်း ထို့အပြင် ဘဂ၀ဒ်ဂီတာ ၁၀း၃၁ တွင်လည်း “စရိုတစား(မ်) အ(စ်)မိ ဂျားဟ်န၀ီ” စီးဆင်းနေသော မြစ်တို့တွင် ဂင်္ဂါမြစ်သည် ငါဖြစ်တော်မှု၏ ဟုဟောကြားထားသောကြောင့် ပြည်မြို့ ဧရာဝတီမြစ်အား ဂဂါင်္မြစ်သဖွယ်အမှတ်ယူ၍ ယခုလိုရေချိုးပွဲတော်ကျင်းပရခြင်းဖြစ်ကြောင်း ပြည်မြို့ကမ်းနားလမ်းရှိ သမိုင်းဝင် သျှရီရားမ်ဂျာနကီး ဘုရားကျောင်း မှဂေါပကအဖွဲ့များထံမှသိရသည်။
“ဘာသာရေးအရလည်းအင်မတန်ကောင်းမွန်တဲ့နေ့ဖြစ်သလို သိပ္ပံနည်းကျလည်းအင်မတန်ကောင်းပါတယ်။ နံနက်အာရုံတက်ချိန် ဆောင်းဦးကနေ ဆောင်းရာသီကူးတဲ့ကာလမှာ ရေချိုးတော့ လူကလန်းဆန်းတက်ကြွပေါ့ပါးနေချိန်တစ်ခုပဲ။ အဲချိန်မှာ အလှူဒါန ကောင်းမှုတွေပြုတော့ ပိုပြီး စိတ်ကြည်နူးစရာကောင်းပါတယ်။ ဟိန္ဒူလိုတော့ တန်ဆောင်မုန်းလပြည့်နေ့ကျတယ် မြန်မာလိုက ၁၄ ရက်ပဲရှိသေးတယ်။ဒီနှစ်ကျွန်တော်တို့ဘက်က ၀ါထပ်တယ်။ခါတိုင်းနှစ်တွေကတော့ တန်ဆောင်မုန်းလပြည့်နေ့ချင်းအတူတူပါပဲ။ညနေမှာဆီမီးမျှောပွဲကျင်းပသွားမယ်။ဟု ပြည်မြို့ဒေသခံ ဟိန္ဒူလူမျိုး သမိုင်းဝင် သျှရီရားမ်ဂျာနကီး ဘုရားကျောင်းမှာ ဝေယျာဝေစ္စပြုလုပ်ဆောင်ရွက်သူ ဦးသိန်းအောင် ကပြောသည်။
အဆိုပါ ရေချိုးပွဲတော်ကျင်းပပြုလုပ်အပြီး ညပိုင်းတွင် ဒီပဒါန ဆီမီးများကို မြစ်ရေထဲသို့ မျှောသော ပှုဇော်ဒါနပြုပွဲတော် နှင့် အာကာသဒီပဒါန မိုးကောင်းကင်သို့ ရည်ရွယ်မျှော်မှန်း၍ ဆီမီးထွန်း ပှုဇနိယပွဲတော်များကိုတစ်ပြိုင်တည်းကျင်းပပြုသွားမှာဖြစ်ပြီး သက်သက်လွတ်ထမ်ငးများအား လူမျိုးဘာသာမရွေး မည်သူမဆိုဝင်ရောက် စားသောက်နိုင်ကြောင်း ဒါနကုသိုလ်ပြုခြင်းများ၊ ဥပုလ်စောင့်ထိန်းခြင်း၊ပန်း၊ဆီမီး၊ရေချမ်း၊အမွှေးနံ့သာ၊သစ်သီးဝလံများနှင့် ဆွမ်းခဲဖွယ်များအား ဘုရားရှင်တို့အားမျှော်မှန်း၍ ကောင်းမှုကုသိုလ်ဒါများစွာတို့ကို မြန်မာတစ်နိုင်ငံလုံးနီးပါးရှိ ဟိန္ဒူလူမျိုးများလာရောက်ကြကာ ကျင်းပပြုဇော်မှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်း
www.facebook.com/pyaynews






Read More...

Wednesday, August 19, 2015

အမည်မှားယွင်းဖော်ပြခဲ့ပါသဖြင့်ပြန်လည်ပြု ပြင်ဖော်ပြပါသည်။ သရက်တောရက်ကွက် ကျောင်းကုန်း မင်းတဲလမ်းတွင် ကျောက်ဒိုင်များကြောင့် လမ်းများပျက်ဆီးနေဟုဒေသခံ ကဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

သရက်တောရက်ကွက် ကျောင်းကုန်း မင်းတဲလမ်းတွင်
ကျောက်ဒိုင်များကြောင့် လမ်းများပျက်ဆီးနေဟုဒေသခံ
ကဆို
ပြည့်သဲမောင်(ပြည်)09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျောင်းကုန်း
မင်းတဲလမ်းတွင် ကျောက်ဒိုင်သို့ကားများဝင်ထွက်သွားလာခြင်း
ကြောင့်လမ်းများ ပျက်ဆီးခြင်းဖြစ်ကြောင်းဒေသခံကဆိုသည်။

အဆိုပါမင်းလမ်းသည် ပြီးခဲ့သည့်မြစ်ရေမြင့်တက်တုန်းက ရေများ
လမ်းကိုဖုံးလွှမ်းပြီးရေကျ၍ကျောက်ဒိုင်များလုပ်ငန်းပြန်လုပ်ချိန်တွင်
ကျောက်ဒိုင်သို့ကားများ ဝင်ထွက်ခြင်းကြောင့်လမ်းပျက်ဆီးရကြောင်း
ဒေသခံကပြောသည်။

“ရေကျတဲ့အချိန်က သိပ်မကြာသေးတော့လမ်းတွေကအသား
မကျသေးဘူး။အဲလိုအသားမကျတဲ့အချိန်မှာကျောက်ဒိုင်ကို
ကျောက်သယ်ရန်ဆယ့်နှစ်ဘီကားတွေ တစ်နေ့နှစ်စီးလောက်
အနည်းဆုံးဖြတ်တယ်။ဖောကားတွေကတော့အများကြီးပါပဲ။
ကျွန်တော်တို့က ကားတွေဝင်ထွက် ဖြတ်သန်းတာကို မပြော
လိုပါဘူး၊ဒါပေမဲ့အဲဒီကားတွေကြောင့်အခုဆိုရင်လမ်းက
အရမ်းပျက်ဆီးသွားတယ်”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦး
ဖြစ်တဲ့ဦးသိန်းဖေ ကပြောသည်။

လမ်းတွေပျက်ဆီးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ကိုမြင့်ချိုကို
အကြိမ်ကြိမ်သွားပြောတော့ကျွန်တော်လဲတားလို့မရဘူး၊
ကားတွေဝင်တဲ့ဓါတ်ပုံကိုရိုက်ပြီးတင်ခိုင်းတယ်၊သူကမှတဆင့်
မြို့နယ်အုပ်ချုပ်ရေးကိုဆက်ပြီးတင်ပေး မယ်ပြောတယ်။
ဆယ်အိမ်မှုး သောင်းမင်းဦး ကကမ်းနားလမ်းပဲ ဘွတ်လည်မှာ
ပေါ့ဘွတ်မလည်စေခြင်ရင်ကတ္တရာခင်းလိုက်လို့ကျွန်တော့်
ကိုပြောတယ်။(၁၇)ရက်နေ့က ဆယ့်နှစ်ဘီးကား လမ်းမှာနစ်နေ
တယ် သူတို့ပြောသလိုဓါတ်ပုံတော့မရိုက်ထားဘူး၊ဗီဒီယိုရိုက်
ပြီးမှတ်တမ်းတင်ထားတယ်၊ ကျွန်တော်တို့ ရပ်ကွက်ထဲကပြည်
သူတွေကလမ်းတွေပျက်ဆီးနေတာကိုတော့မလိုလားကျဘူး
ဒါပေမဲ့မပြောရဲကျဘူးအကြောက်တရားကရှိနေတယ် ဒါကြောင့်
ကျွန်တော်အခုလို ပြောရတာပါဟု ဦးသိန်းဖေ ကဆက်လက်ပြော
ြေေသြေည်။

ဧရာဝတီမြစ်မှရရှိသော မြစ်သဲ ၊ကျောက်များကို စုပုံပြီး
ကားကြီးကားငယ်များဖြင့်အခြားနေရာများသို့ ရောင်းချသည့်
အတွက် ကျောင်းကုန်းမင်းတဲလမ်းကိုအသုံးပြုနေတာဖြစ်ပြီး
အဆိုပါလမ်းပျက်ဆီးရသည့်အတွက် ပြုပြင်ပေးခြင်းရှိမရှိ
မေးမြန်းရာ”အခုကျွန်တော်တို့ ကျောက်ကြီးတွေမှာထား
ပါတယ် ၊လမ်းကိုတော့ပြင်ပေးမှာပါပြင်နေရင်းကုန်
ကိုလဲထုတ်မှာပါ။ကျောက်ဒိုင်က တစ်ဒိုင်ထဲမဟုတ်
ဘူး၊အခြားဒိုင်တွေနဲ့လည်းညှိုနှိုင်းနေပါတယ်ဟု"ပာု
ကိုဖြိုးလေး ကပြောသည်။

အဆိုပါ မြစ်ထဲတွင်ကျောက်စုတ်ခြင်း၊ကျောက်ဒိုင်များရောင်း
ချခြင်းများအား ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်
လုပ်ငန်းလိုင်စင်၊ဂရပ်များတောင်းယူပြီးခွင့်ပြုမိန့်ကြမှလုပ်ငန်းများ
လည်ပတ်ရတာဖြစ်ပြီး ကျောက်စုတ်စက်လှေများ၊ကျောက်ဒိုင်များ
တွင်လဲ လုပ်ငန်းရှင်များအား အဆင့် ဆင့် အုပ်စုအသင်းအဖွဲ့များကို စနစ်တကျဖွဲ့စည်းထားကြောင်းလဲသိရသည်။

သရက်တောရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအားမေးမြန်းရာ”
မနေ့က လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်နှစ်ဦးကို လမ်း
တွေကိုပြုပြင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးအစီအမံနဲ့ရပ်ကွက်ကပူး
ပေါင်းပြီးလက်ရှိကျောက်ကြီးတွေချနေပြီ၊ကျွန်တော်တို့ပြင်နေပြီ
ဒီနေ့လဲဆက်ပြင်မှာပါ၊မနေ့ကကျောက်ကြီးသုံးကျင်းနဲ့မြေနီနဲ့ချ
ထားပြီးပြီ၊အသွားအလာအဆင်ပြေချောမွေ့အောင် ရပ်ကွက်
အုပ်ချုပ်ရေးမှူးဆိုဒ်ကလဲဖိဖိဆည်းဆည်းလုပ်ကိုင်ဆောင်ရွက်နေ
ပါတယ်။
မနေ့ကအထိတဝက်ကျော်လောက်ပြီးနေပါပြီ။ဒီနေ့လဲရာသီဥတု
ကောင်းရင်ကျောက်ကြီးချပြီး မြေနီထပ်ဖို့မှာပါ၊ကုန်ထုတ်မှုနဲ့ပတ်
သက်လို့ ဟိုဘက်ကျောက်ဒိုင်ကိုအခုယာယီပိတ်ထားပါတယ်။
ဒီဘက်ကျောက်ဒိုင်ကိုတော့ဒီနေ့(၁၉)ရက်နေ့နေ့ခင်း ညနေ
လောက်လုပ်ငန်းယာယီပိတ်ခိုင်းထားမှာပါ”ဟု သရက်တော
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ချို ကပြောသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883






Read More...

Sunday, August 16, 2015

ရေကြီးနစ်မြုပ်ခဲ့စဉ် ပျက်စီးသွားသည့် ကျေးလက်လမ်းမကြီးအား အမြန်ဆုံး ပြုပြင်ပေးစေလို

Leave a Comment


ရေကြီးနစ်မြုပ်ခဲ့စဉ် ပျက်စီးသွားသည့် ကျေးလက်လမ်းမကြီးအား အမြန်ဆုံး ပြုပြင်ပေးစေလို

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ကွေ့မကျေးရွာ နှင့် သဲဖြူကျေးရွာတွေမှာ မှုလတန်းစာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းနှင့်နေအိမ်များ ရေကြီးရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ထိုကျေးရွာများအနီးတွင် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လျှက်ရှိသည်။ ရေပြန်ကျချိန်တွင် ကွေ့မ၊သဲဖြူ၊မကျီးထုံး၊ဥသျှစ်ပင်တို့အားဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာလမ်းများပျက်စီးခဲ့သဖြင့် အဆိုပါကျေးရွာနှင့်မြို့နယ်အတွင်းမှ ဒေသခံများ၊ကျောင်းသူကျောင်းသူများ သွားလာရေး၊ကျန်းမာရေး၊သောက်သုံးရေများလိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ကွေ့မကျေးရွာ နှင့် သဲဖြူကျေးရွာ နှစ်ရွာပေါင်း လယ်ယာမြေဧက ၃၀၀-ကျော်ပျက်စီးခဲ့ပြီး ခြံထွက်ငှက်ပျောနှင့်နှမ်းအပါဝင်သီးပင်စားပင်အားလုံးပျက်စီးခဲ့သည်။ထိုကျေးရွာများအတွင်း ရေကြီးနစ်မြုစ်စဉ်ကနွား၊၀က်၊ကြက်တွေသေကုန်ခဲ့ပြီးကျန်းမာရေးစောင့်လျှောက်မှုများယနေ့ထိမရသေးကြောင်းသိရသည်။

“ကျွန်တော်တို့ရွာနဲ့ သဲဖြူ၊ဥသျှစ်ပင် ဆက်သွယ်ထားတဲ့ကျေးလက်လမ်းအကုန်လုံးနီးပါးပျက်စီးသွားခဲ့ရတယ်။ဝမ်းလျောဝမ်းပျက်မဖြစ်ဘူး။ပုံမှန်ဖျားနာတာ၁၅ယောက်လောက်ရှိပြီ။တိုက်နယ်ဆေးရုံဥသျှစ်ပင်ကိုသွားတက်ရတယ်။လမ်းတွေပျက်နေတော့အခက်ခဲရှိတယ်။လာလှူထားတဲ့စားသောက်စရာတွေနဲ့သောက်သုံးရေကနောက်၅ရက်ထိလောက်ရသေးတယ်။အစားအသောက်ထက်လမ်းကိုပြင်ပေးစေချင်တယ်။စာလာသင်ပေးတဲ့ မကျီးထုံးရွာကကျောင်းဆရာမတွေနဲ့ကျောင်းသားတွေရောရွာသားတွေပါမြောင်းထဲ၊လယ်ကွက်ထဲကဖြတ်နေရပါတယ်။ကျန်းမာရေးဌာနတွေတော့ခုထိမလာသေးပါဘူး။ စိုက်ပျိုးစရိတ်ချေးငွေနဲ့သမ၀ါယမချေးငွေတွေကြိုတင်ယူထားရပါတယ်။အကြွေးတွေဆပ်ဖို့ဘာဆက်လုပ်ရမယ်မသိတော့ဘူး။နွားရောင်းလည်းဆပ်ချိန်ပဲအဆင်ပြေမှာ ခိုင်းစရာနွားမရှိလို့လည်းမရဘူး။အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေကို စွန့်လွှတ်ပေးစေချင်တယ်။အရစ်ကျဆပ်ဆိုလည်းဖြစ်နိုင်ပါတယ်။” ဟု ကွေ့မကျေးရွာ တောင်သူ ဦးသိန်းဝင်းက သမဂ္ဂဂျာနယ်သို့ ပြောသည်။

ဇူလိုင်လ ၃၁-ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုး၊တောင်ကျရေ၊ချောင်းရေ၊ဖြစ်ရေများ ရွာအတွင်းသို့ဝင်ရောက်ကာ ကွေ့မရွာနှင့်သဲဖြူကျေးရွာအတွင်းရှိ အိမ်ခြေ ၂၀၀-ခန့်၊လူဦးရည် ၇၀၀-ခန့်မှ အကူညီများလိုအပ်လျှက်ရှိကြောင်းသိရသည်။အဆိုပါကျေးရွာနှစ်ရွာပေါင်း ၊လယ်ယာမြေဧကပေါင်း ၃၀၀-ကျော်ပျက်စီးဆုံရှုံး၍ ခြံထွက်သီးနှံများပျက်စီးဆုံးရှုံးသွားခဲ့ပြီး သြဂုတ် ၁၀-ရက်နေ့က အဆိုပါရေများ ပြန်လည်ကျဆင်းသွားကြောင်းသိရသည်။

“အခုနောက်ပိုင်းတော့ဘာမှအကြောင်းမကြားဘူး။ရေကြီးခဲ့ချိန်ကတော့ကျွန်တော်သွာလှူခဲ့တယ်။တခြားကုမ္ပဏီတွေလည်းလည်းချိန်ဆက်ပြီးဆန်၊ဆီအ၀တ်အစုံလှူခဲ့တယ်။ဒါပေမယ့်ခုလိုဖြစ်နေတယ်ဆိုတာ သိရလို့ မနက်ဖြန် သက်ဆိုင်ရာဌာနတွေနဲ့ ကျေးလက်ဦးစီးဌာနတွေကို ခေါ်ပြီး ကျန်းမာရေးကိစ္စ၊လမ်းတွေကိစ္စနှင့်လိုအပ်တာတွေကူညီဖြေရှင်းသွားပါမယ်။ ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်က သမဂ္ဂဂျာနယ်သို့ ပြောသည်။


ပြည်ခရိုင်အတွင်း ဇူလိုင် ၂၈ရက်နေ့မှစတင်ကာ ပြည်၊ပေါင်းတည်၊ရွှေတောင်၊ပန်းတောင်း၊ဇီးကုန်း၊သဲကုန်း၊ဥသျှစ်ပင်၊ပေါင်းတလည်၊ပေါက်ခေါင်း ဒေသများအတွင်း ရေကြီးနစ်မြုပ်များဖြစ်ပေါ်ခဲ့ရာ ရွှေတောင်မြို့နှင့် ပန်းတောင်းမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများရေကြီးနစ်မြုပ်မှုစိုးရွားစွာကြုံတွေ့ခဲ့ရပြီး ပြည်မြို့ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက် ၆-ပေခန့်ကျဆင်းလျှက်ရှိပြီး ကယ်ဆယ်ရေးစခန်းတစ်ချို့မှရေကျသွားသည့်နေအိမ်များသို့အသီးသီးပြန်ပို့ခဲ့သည်။ရေကြီးနစ်မြုပ်ခဲ့စဉ် ရပ်ကွက်ကျေးရွာများအတွင်း ရေတွင်းရေကန်းများအတွင်းသို့မသန့်ရှင်းသည့်ရေများဝင်ရောက်ခဲ့သဖြင့် သောက်သုံးရေများလိုအပ်လျှက်ရှိကြောင်းသိရသည်။
                                                                         မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
Read More...

ပြည်ခရိုင်အတွင်းရှိ ကွေ့မရွာနှင့် သဲဖြူကျေးရွာအတွင်းရှိ ရေဘေးသင့် ပြည်သူ ၇၀၀-ခန့် အကူများလိုအပ်

Leave a Comment

ပြည်ခရိုင်အတွင်းရှိ ကွေ့မရွာနှင့် သဲဖြူကျေးရွာအတွင်းရှိ ရေဘေးသင့် ပြည်သူ ၇၀၀-ခန့် အကူများလိုအပ်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ကွေ့မကျေးရွာ နှင့် သဲဖြူကျေးရွာတွေမှာ မှုလတန်းစာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းနှင့်နေအိမ်များ ရေကြီးရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ထိုကျေးရွာများအနီးတွင် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လျှက်ရှိသည်။ ရေပြန်ကျချိန်တွင် ကွေ့မ၊သဲဖြူ၊မကျီးထုံး၊ဥသျှစ်ပင်တို့အားဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာလမ်းများပျက်စီးခဲ့သဖြင့် အဆိုပါကျေးရွာနှင့်မြို့နယ်အတွင်းမှ ဒေသခံများ၊ကျောင်းသူကျောင်းသူများ သွားလာရေး၊ကျန်းမာရေး၊သောက်သုံးရေများလိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ကွေ့မကျေးရွာ နှင့် သဲဖြူကျေးရွာ နှစ်ရွာပေါင်း လယ်ယာမြေဧက ၃၀၀-ကျော်ပျက်စီးခဲ့ပြီး ခြံထွက်ငှက်ပျောနှင့်နှမ်းအပါဝင်သီးပင်စားပင်အားလုံးပျက်စီးခဲ့သည်။ထိုကျေးရွာများအတွင်း ရေကြီးနစ်မြုစ်စဉ်ကနွား၊၀က်၊ကြက်တွေသေကုန်ခဲ့ပြီးကျန်းမာရေးစောင့်လျှောက်မှုများယနေ့ထိမရသေးကြောင်းသိရသည်။

“ကျွန်တော်တို့ရွာနဲ့ သဲဖြူ၊ဥသျှစ်ပင် ဆက်သွယ်ထားတဲ့ကျေးလက်လမ်းအကုန်လုံးနီးပါးပျက်စီးသွားခဲ့ရတယ်။ဝမ်းလျောဝမ်းပျက်မဖြစ်ဘူး။ပုံမှန်ဖျားနာတာ၁၅ယောက်လောက်ရှိပြီ။တိုက်နယ်ဆေးရုံဥသျှစ်ပင်ကိုသွားတက်ရတယ်။လမ်းတွေပျက်နေတော့အခက်ခဲရှိတယ်။လာလှူထားတဲ့စားသောက်စရာတွေနဲ့သောက်သုံးရေကနောက်၅ရက်ထိလောက်ရသေးတယ်။အစားအသောက်ထက်လမ်းကိုပြင်ပေးစေချင်တယ်။စာလာသင်ပေးတဲ့ မကျီးထုံးရွာကကျောင်းဆရာမတွေနဲ့ကျောင်းသားတွေရောရွာသားတွေပါမြောင်းထဲ၊လယ်ကွက်ထဲကဖြတ်နေရပါတယ်။ကျန်းမာရေးဌာနတွေတော့ခုထိမလာသေးပါဘူး။ စိုက်ပျိုးစရိတ်ချေးငွေနဲ့သမ၀ါယမချေးငွေတွေကြိုတင်ယူထားရပါတယ်။အကြွေးတွေဆပ်ဖို့ဘာဆက်လုပ်ရမယ်မသိတော့ဘူး။နွားရောင်းလည်းဆပ်ချိန်ပဲအဆင်ပြေမှာ ခိုင်းစရာနွားမရှိလို့လည်းမရဘူး။အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေကို စွန့်လွှတ်ပေးစေချင်တယ်။အရစ်ကျဆပ်ဆိုလည်းဖြစ်နိုင်ပါတယ်။” ဟု ကွေ့မကျေးရွာ တောင်သူ ဦးသိန်းဝင်းက သမဂ္ဂဂျာနယ်သို့ ပြောသည်။

ဇူလိုင်လ ၃၁-ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုး၊တောင်ကျရေ၊ချောင်းရေ၊ဖြစ်ရေများ ရွာအတွင်းသို့ဝင်ရောက်ကာ ကွေ့မရွာနှင့်သဲဖြူကျေးရွာအတွင်းရှိ အိမ်ခြေ ၂၀၀-ခန့်၊လူဦးရည် ၇၀၀-ခန့်မှ အကူညီများလိုအပ်လျှက်ရှိကြောင်းသိရသည်။အဆိုပါကျေးရွာနှစ်ရွာပေါင်း ၊လယ်ယာမြေဧကပေါင်း ၃၀၀-ကျော်ပျက်စီးဆုံရှုံး၍ ခြံထွက်သီးနှံများပျက်စီးဆုံးရှုံးသွားခဲ့ပြီး သြဂုတ် ၁၀-ရက်နေ့က အဆိုပါရေများ ပြန်လည်ကျဆင်းသွားကြောင်းသိရသည်။

“အခုနောက်ပိုင်းတော့ဘာမှအကြောင်းမကြားဘူး။ရေကြီးခဲ့ချိန်ကတော့ကျွန်တော်သွာလှူခဲ့တယ်။တခြားကုမ္ပဏီတွေလည်းလည်းချိန်ဆက်ပြီးဆန်၊ဆီအ၀တ်အစုံလှူခဲ့တယ်။ဒါပေမယ့်ခုလိုဖြစ်နေတယ်ဆိုတာ သိရလို့ မနက်ဖြန် သက်ဆိုင်ရာဌာနတွေနဲ့ ကျေးလက်ဦးစီးဌာနတွေကို ခေါ်ပြီး ကျန်းမာရေးကိစ္စ၊လမ်းတွေကိစ္စနှင့်လိုအပ်တာတွေကူညီဖြေရှင်းသွားပါမယ်။ ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်က သမဂ္ဂဂျာနယ်သို့ ပြောသည်။


ပြည်ခရိုင်အတွင်း ဇူလိုင် ၂၈ရက်နေ့မှစတင်ကာ ပြည်၊ပေါင်းတည်၊ရွှေတောင်၊ပန်းတောင်း၊ဇီးကုန်း၊သဲကုန်း၊ဥသျှစ်ပင်၊ပေါင်းတလည်၊ပေါက်ခေါင်း ဒေသများအတွင်း ရေကြီးနစ်မြုပ်များဖြစ်ပေါ်ခဲ့ရာ ရွှေတောင်မြို့နှင့် ပန်းတောင်းမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများရေကြီးနစ်မြုပ်မှုစိုးရွားစွာကြုံတွေ့ခဲ့ရပြီး ပြည်မြို့ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက် ၆-ပေခန့်ကျဆင်းလျှက်ရှိပြီး ကယ်ဆယ်ရေးစခန်းတစ်ချို့မှရေကျသွားသည့်နေအိမ်များသို့အသီးသီးပြန်ပို့ခဲ့သည်။ရေကြီးနစ်မြုပ်ခဲ့စဉ် ရပ်ကွက်ကျေးရွာများအတွင်း ရေတွင်းရေကန်းများအတွင်းသို့မသန့်ရှင်းသည့်ရေများဝင်ရောက်ခဲ့သဖြင့် သောက်သုံးရေများလိုအပ်လျှက်ရှိကြောင်းသိရသည်။
                                                                         မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်
Read More...

Facebook Like Page