Wednesday, January 28, 2015

တာ့တာ ဘဘသမ္မတကြီး လုပ်ဖို့များ ဧရာဝတီ

Leave a Comment



တာ့တာ ဘဘသမ္မတကြီး လုပ်ဖို့များ
ဧရာဝတီ

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၇ မနက်ရှစ်နာရီတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မဟာရွှေသိမ်တော်ကွင်း၌ ကျင်းပသော မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ပြန်လာမည့်အချိန်ကို ကြိုဆိုရန် ကျောက်ဆည်မြို့ပေါ်ရှိ
ကျောင်းအသီးသီးမှ ကျောင်းသားသူများကို ကြိုဆိုစေခဲ့သည်။ ကျောင်းသားကျောင်းသူများသည် မနက်ကိုးနာရီဝန်းကျင်အချိန်မှ စတင်စောင့်ဆိုင်းခဲ့ရပြီး သမ္မတဦးသိန်းစိန်သည် မနက် ၁၁ နာရီခွဲတွင် ယင်းအခမ်းအနားမှ ပြန်ထွက်လာခဲ့ပြီး ကျောင်းသူကျောင်းသားများကို လက်ပြနှုတ်ဆက်သွားခဲ့သည်။ (ဓာတ်ပုံ - ဖိုးစမ်းချောင်း/ဧရာဝတီ)

ကျနော်တို့ ငယ်ငယ် ကျောင်းသားဘဝကလည်း ဒီလိုမျိုးတွေ တစ်ကယ်နဖူးတွေ့ ဒူးတွေခံစားခဲ့ရတာဗျ လူကြီးတွေလာခါနီး အိမ်တွေ ခြံစည်းရိုးတွေ ထုံးသုတ် လမ်းဘေးဆိုင်တွေပိတ် မြေနီလမ်းတွေ ကပြာကယာခင်း ကတ္တရား ချိုင့်ခွက်တွေဖို့ လူကြီးမလာခင် တစ်လလောက်ကတည်းက ကျောင်းသားတွေ ဘင်ခရာလေ့ကျင့် ကျောင်းသူတွေက ပန်းဖွားအက ကဗျာလွတ်အကတွေ လေ့ကျင့် ဟယ်ရီကော်ပတာနဲ့လာမယ်ဆိုရင် လယ်ကွက်တွေ ဖျက်ပြီး လေယာဉ် ကွင်းပါ ဖောက်ပေးရသေး တစ်မြို့လုံးပြာပြာသလဲပဲ လာတော့ တစ်ရက်ကလေးနဲ့ တစ်ရက်ဆိုလည်းဆိုသလောက်ပဲ ကားပေါ်ကနေ စစ်ဖိနပ်နဲ့ဆင်းလာမယ့်လမ်းမှာ ကတ္တီပါကောဇောအရှည်ကြီးကို ခင်းလို့ ကျနော်တို့ကျောင်းသားတွေက တန်းစီပြီး လူကြီးဆိုတဲ့သူတွေကို လက်အုပ်ချီပြီးကြိုရတာ အမယ် ဘင်ခရာတဒုန်းဒုန်းအသံကြီးတွေနဲ့ ကျောင်းသူတွေရဲ့ ကဗျာလွတ် အကလေးတွေတောပါလိုက်သေး မှတ်မိသေးတယ် ကျနော် (၇)တန်းနှစ်က လူကြီးတွေတစ်တစ်ယောက် ကျနော်တို့အထက်တန်းကျောင်းက ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားမှာ ဆိုင်းဘုတ်ကိုစက်ခလုပ်နှိပ်ပြီးဖွင့်မယ်ဆိုလေ ဟောဗျာ ကျနော်တို့မြို့လေးက လျှပ်စစ်မီးတောင် မရတစ်ချက် ရတစ်ချက်ဟာကို ကျနော်နဲ့ နောက်ထပ် အခန်းထဲကကျောင်းသားတစ်ယောက်ကိုရွေးတယ် ပြီးတော့ ဆရာကပြောတယ် မင်းတို့က ငါတို့ ကျောင်းဂုဏ်ကို တက်စေမယ့်သူတွေတဲ့ အဲလိုဆိုတော့ ကျနော်တို့ နှစ်ယောက်သား ဂုဏ်ယူနေတာပေါ့ ဘာလုပ်ခိုင်းတယ်မှတ်လဲ ဖွင့်ပွဲလုပ်မယ့် ဆိုင်းဘုတ်ရဲ့ တစ်ဖက်တစ်ချက် ပေ ၅၀ စီလောက်အကွာမှာ မြေကတုတ်ကျင်းနှစ်ကျင်းတူးထားတယ် ပြီးတော့ ဆိုင်းဘုတ်မှာ အုပ်ထားတဲ့ လိုက်ကာကို ပီနံကြိုးနဲ့ချည်ပြီး ဆိုင်းဘုတ်တိုင်ကနေ ကြိုးကို ဆိုင်းဘုတ်တိုင်ချေကနေ နှစ်လက်မလောက်ရှိတဲ့ရေပိုက်ထဲထည့်ပြီး မြေကြီးပေါ်က အချက်ပေးတာနဲ့ ကျင်းထဲကနေ ဖြည်းဖြည်းချင်းဆွဲရတာ ကျနော်တို့ တစ်ဖက်တစ်ချက်က ကျင်းထဲကနေ ကြိုးကိုဖြည်းဖြည်းဆွဲတော့ ဆိုင်းဘုတ်လိုက်ကာက ဖြည်းဖြည်းပွင့်အောင်လုပ်ထားတာ အကြိမ်ကြိမ်လေ့ကျင့်တော့အဆင်ပြေသွားကြတယ် လူကြီးလာတော့ အစဉ်ကြေငြာသူက စက်ခလုပ်နှိပ်ဖွင့်မယ် အစီစဉ်ကို ကြေငြာတော့ ရင်တွေခုန်လိုက်တာဗျာ အမယ် လူကြီးက စက်ခလုပ်ကိုယူ လက်ကလေးနှဲ့နှိပ် ကျနော်တို့က မြေကြီးထဲကနေ ပီနံကြိုးလေးနဲ့ဆွဲ လိုက်ကာလေးက တစ်ဖက်တစ်ချက် အသာအယာပွင့် အဆင်တွေကိုပြေလို့ သတင်းထဲမှာပါမယ်ဆိုလို့ နောက်တစ်နေ့ည ခေါင်းရင်းအိမ်က အဖြူအမဲ
တီဗွီရှေ့သွားထိုင်ကြတော့ မြန်မာ့အသံသတင်းမှာကြည့်လိုက်ရတယ် အဲဒီလူကြီးဆိုတဲ့သူက အခန်းအနားမှာ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါတယ် ဆိုတဲ့အကြောင်း ရီချင်လိုက်တာဗျာ။ အထက်ကအောက်ကိုလိမ် အောက်က အထက်ကိုလိမ် တီဗွီထဲကအမှားကြီးက ပြည်သူတွေကို ပြန်လိမ် ရှုပ်နေတာပဲ။ ကြုံရတတ်ပါတယ် ဘာရယ်မဟုတ်ပါဘူး ဧရာဝတီမှာ တက်လာတဲ့ ဒီပုံလေးတွေမြင်ရတော့ ငယ်ငယ်ကကျောင်းသားဘဝကို သွားသတိရမိလို့ပါ။
သီဟလွင်-ပဲခူး(မြစ်မခ)

0 comments:

Post a Comment

Facebook Like Page