Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, June 12, 2014

ဗိုက်ဗာအသုံးပြုသူ သန်းတစ်ရာကျော်ရှိပြီး ကွန်ပျူတာတွင် အသုံးပြုနိုင်မည့် ဗားရှင်းသစ်ဖြန့်ချိ

Leave a Comment


ဗိုက်ဗာအသုံးပြုသူ သန်းတစ်ရာကျော်ရှိပြီး ကွန်ပျူတာတွင် အသုံးပြုနိုင်မည့် ဗားရှင်းသစ်ဖြန့်ချိ

မောင်မန်း

ရန်ကုန်၊ ဇွန် ၁၀

မိုဘိုင်းဖုန်း စာတိုပို့စနစ်နှင့် ဖုန်းခေါ်ဆိုမှုများအတွက် ၀န်ဆောင်မှုပေးနေသည့် Viber ဆော့ဖ်ဝဲလ်ကို အွန်လိုင်းတွင် တစ်ပြိုင်နက်အသုံးပြုသူ သန်းတစ်ရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ကွန်ပျူတာတွင် အသုံးပြုနိုင် မည့် VIBER Desktop ဗားရှင်းသစ်ကို အသုံးပြုနိုင်ပြီဖြစ်သည်ဟု Viber ကုမ္ပဏီက ဇွန်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

Viber Desktop ဗားရှင်းဖြန့်ချိမှုနှင့်ပတ်သက်ပြီး Viber ၏ အမှုဆောင်အရာရှိချုပ် Mr. Talmon Marco က “ပိုမိုများပြားလာတဲ့ သုံးစွဲမှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဦးစားပေးမှုတွေက နည်းပညာသစ်တွေကို မိတ် ဆက်တာ၊ နည်းပညာအသစ်တွေကို ထပ်ပြီးတိုးချဲ့တာ Viber ရဲ့ ဗားရှင်းအသစ်တွေကို ဆက်လက်ပြီး တိုးချဲ့တာတွေကိုဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒါကို ကျွန်တော်တို့ရဲ့ Viber Desktop အတွက် ဗား ရှင်းအသစ်မှာလဲ ဆောင်ရွက်ထားပါတယ်”ဟု ဆိုသည်။

Viber ၏ ဗားရှင်းအသစ်တွင် စတစ်ကာအသစ်များကို Sticker Menu တွင် ရွေးချယ်အသုံးပြုနိုင်မည် ဖြစ် သည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် Viber အသုံးပြုသူ များအတွက် အထောက်အကူပြုပေးနိုင်မည့် Viber Support Site တွင် အင်္ဂလိပ်အပါအ၀င် ဘာသာရပ်လေးမျိုးဖြင့် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ရေးသားဖော်ပြထားမည်ဖြစ်သည်။

Viber ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖုန်းခေါ်ဆိုမှု၊ စာတိုပို့ခြင်း၊ အသံဖိုင်၊ ဗွီဒီယိုဖိုင်များ ပေးပို့ခြင်း၊ တည် နေရာမျှဝေခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ အသုံးပြုသူ စုစု ပေါင်း သန်းသုံးရာကျော်အထိရှိနေပြီ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

Viber Desktop ဗားရှင်းသစ်ကိုhttp: //viber.com/desktop တွင်ရယူနိုင်မည် ဖြစ်သည်။
Read More...

Thursday, October 10, 2013

ဈေးကြီးတဲ့ Memory Card နဲ့ ဈေးပေါတဲ့ Memory card တူတူပဲလား?

Leave a Comment

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောတယ် သူMemory card ၀ယ်တာ ဈေးအရမ်းသက်သာတယ်တဲ့။ကုမ္မဏီတစ်ခုက လျော့ဈေးချလို့ ၀ယ်တဲ့။အဲဒါ ဘယ်လိုကွာ သလဲ လို့မေးပါတယ်။

ဟုတ်ကဲ့ပါ အဓိက ကတော့ မမ်မိုရီကဒ် တွေရဲ့ မြန်နှုန်းနိမ့်လေလေ ဈေးပေါလေလေဖြစ်ပါတယ်။ဆိုလိုတာကတော့ 4 GB တစ်ကဒ်ကို အပြင်မှာ သောင်းကျော် ဈေးပေါက်တယ်ဆိုရင် မြန်နှုန်းနိမ့်တဲ့ 4 GB တစ်ကဒ်ရဲ့ ပေါက်ဈေးဟာ ၂၀၀၀ ကျော်ကျော်ပဲရှိပါတယ်။

မြန်နှုန်းနိမ့်တာ ဘာကွာသွားလဲ?
မြန်နှုန်းနိမ့်တာကတော့ သာမန်ဖုန်းနဲ့ အသုံးပြုရင်မသိသာပေမယ့် ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး သီချင်းတွေ သွင်းတဲ့အခါ၊အချက်အလက်တွေ ထည့်တဲ့အခါ သိသိသာသာ အချိန်ကြာတတ်ပါတယ်။
ပုံမှာဖော်ပြထားတာကတော့ အမျိုးအစားအလိုက် မြန်နှုန်းပြောင်းလဲသွားပုံလေးတွေပါ

မောင်စိုင်း (ကနောင်)
Scientist Myanmar
Read More...

Wednesday, September 25, 2013

Audio CD ခွေမှ သီချင်းတွေကို ကွန်ပျူတာထဲ ကူးယူနည်း

Leave a Comment
 Audio CD သီချင်းတွေကို ကို ကွန်ပျူတာထဲသိမ်းတဲ့နည်းကို တစ်ချို့လူတွေက မလုပ်တတ်ကြပါဘူး။ Audio  CD ကူတတ်သလားဆိုရင် မကူးတတ်တဲ့လူတွေအများကြီးရှိပါတယ်။ ဒါကလည်း ကိုယ်နဲ့မရင်းနှီး တာတို့ ကိုယ်နဲ့မသတ်ဆိုင်လို့မလေ့လာတာ တွေလည်းပါပါတယ်။ CD Drive ထဲမှာရှိတယ် သီချင်းဖိုင်တွေကို Copy တို့  Send To တို့ လုပ်လို့မရပါဘူး။ ဒါကိုဘယ်လိုကူးမှာ လည်းလေ့လာ ကြည့်ကြရအောင်။

- CD/DVD Drive ထဲကို Audio CD ခွေထည့်ပါ။
- Autorun နဲ့တက်လာရင် Play Audio CD ကိုနှိပ်လိုက်ပါ။
Read More...

Monday, September 16, 2013

ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက်သုံးခု သတင်းတွေကို Android ပေါ်မှာ အလွယ်တကူ ဖတ်နိုင်ပြီ

Leave a Comment

ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက်သုံးခု သတင်းတွေကို Android ပေါ်မှာ အလွယ်တကူ ဖတ်နိုင်ရန် (မိတ်ဆွေတစ်ချို့ ပြုလုပ်ခိုင်းသည့်အတွက် အခြားအသုံးပြုလိုတဲ့ မိတ်ဆွေများပါ အသုံးပြုနိုင်ရန်) Pyay News v 2.0 apk ကို ပြုလုပ်ပေးလိုက်ပါတယ်။ ဒီ apk ကို မိမိဖုန်းမှာ install လုပ်ထားရင် ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် ဆိုက်သုံးခုမှာ တင်သမျှ သတင်းအသစ်တွေကို Online + Offline ဖတ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လိပ်စာသုံးခုမှ ကြိုက်နှစ်သက်ရာကနေ Download ယူ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ ယခု apk မှာတော့ web version ကိုပါ ပြောင်းလဲကြည့်နိုင်ခြင်း၊ နောက်ခံကို အဖြူ၊ အမဲ အရောင်နှစ်မျိုးဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။



အနီရောင် ၀ိုင်းပြထားသည့် သတင်းအသစ်ယူရန် ကို နှိပ်ပြီး အင်တာနက်ချိတ်ဆက်ကာ သတင်းအသစ်များကို ယူနိုင်ပါသည်။
အနီရောင် ၀ိုင်းပြထားသည့် Vist website ကိုနှိပ်ပြီး apk ထဲမှပင် မူရင်းသတင်းဆိုက်သို့ တိုက်ရိုက် ၀င်ရောက်ကြည့်နိုင်ပါသည်။
အနီရောင် ၀ိုင်းပြထားသည့် Switch Theme ကိုနှိပ်ကာ နောက်ခံကာလာကို 
အဖြူ အနက်နှစ်မျိုးပြောင်းလည်း အသုံးပြုနိုင်ပါသည်။
အနီရောင်ဝိုင်းပြထားသည့်အတိုင်း မိမိဖတ်လိုသည့် ဆိုက်တစ်ခုခြင်းစီကို
လွယ်ကူစွာ ဖတ်နိုင်ပါသည်။
Read More...

Saturday, September 14, 2013

Facebook APK လေးနဲ့ လိုင်းမေကာင်းလို့ သုံးရတာအဆမေင်ပြရင် ပိုမြန်စေတဲ့ Facebook Fast 2.0

Leave a Comment


Facebook APK လေးနဲ့ လိုင်းမေကာင်းလို့ သုံးရတာအဆမေင်ပြရင် ပိုမြန်စေတဲ့ Facebook Fast 2.0 ===========================

အတင်ာနက်လိုင်းမေကာင်းတော့ Facebook APK လေးနဲ့ သုံးရတာ အဆမေင်ပြသူများအတွက် တကယ်မြန်တဲ့ Fast Facebook apk လေးသုံးကြည့်ပါ ကျွန်တော်စမ်းသုံးတာမြန်ပါတယ် အဓိက က မြန်မာပြည်အတွက်များ ထုတ်ထားသလားမသိဘူး E တက်တဲပ 2G လိုင်းနဲ့ လုံးဝမေကာင်းတဲ့ အတင်ာနက်လိုင်းမှာ ကျွန်တော်သုံးတာ loading မရှိသေလာက်ကောင်းပါတယ် ဒါပေမယ့် UI တွေကေတာ့ ပုံစံအသစ်ပေါ့ ကိုယ့်ပါကို ရွေးခ်ျရယတယ် အရဆင်ုံးတော့ Facebook Software လေးနဲ့ ချိတ်ဆ်ရကပါတယ် ။ အခု Version က 2 ပါ အရကေင်တာ့ Beta သာ ထွက်ပါတယ်။

Download->http://adf.ly/VHONh


Sky King ဖုန်းနှင့်ဆော့ဝဲအကြောင်းလေ့လာမယ်
Read More...

Zapya {super zapya}v 1.8 လေးပါ ဒေါင်းလို့လွယ်ကူအောင်ကျွန်တော်ကြိုးစားထားပါတယ်

Leave a Comment


Zapya {super zapya}v 1.8 လေးပါ ဒေါင်းလို့လွယ်ကူအောင်ကျွန်တော်ကြိုးစားထားပါတယ် Down ရန် > http://db.tt/BFY56QSf
 
 
 
Read More...

အခုဟာက မက်ဆေ့ကိုအသံထွက်ပေးမယ့်App

Leave a Comment
Read More...

Friday, September 13, 2013

Leave a Comment


ဒီကောင်လေးကတော့ အလန်းစားလေး ဗျ Free pp လေ အသုံးပြုပုံကတော့vibar လိုပါပဲ အားသာချက်တွေကတော့ file တွေ ပို့လို့ရတယ် အသံ massage ပို့လို့ရတယ် ဗျနောက်ပြီး
Free call :Free Massage: Voice massage:photo massage : saticer massage အစုံ ရတယ် ဗျ တော်တော်လေးလန်းတယ် ဗျ ပုံဆွဲပြီးတော့တောင် ပို့လို့ရသေးတယ် ကျွန်တော်ကတော့ကြိုက်တယ်ဗျာ
ဒေါင်း ရန်:)>> http://db.tt/hqjrHODw
 
Read More...

iPhone 5S နဲ့ 5C ဘာရွေးမလဲ

Leave a Comment


မနေ့ညက Apple တို့ ဘာလင်မှာ တရားဝင် မိတ်ဆက်ပြသ ပြီးသွားပါပြီ။ အလူမီနီယံ iPhone စီးရီးထဲက နောက်ဆုံးထွက် iPhone 5S နဲ့အတူ ပလပ်စတစ်ကိုယ်ထည်နဲ့ ပထမဆုံးမျိုးဆက် iPhone 5C ကိုလည်း မိတ်ဆက် ခဲ့ပါတယ်။

iPhone 5S

ကမ္ဘာ့ ပထမဆုံး A7 64 bit Smarphone လို့ ဆိုပါတယ်။ ကင်မရာ ကတော့ 8 Megapixel ပဲ ပါဝင်ပါတယ်။ ရှေ့ မှာတော့ iSight ကင်မရာ 2.2 MP ပါ။ ၄ လက်မ အရွယ် Retina Display ဖြစ်ပြီး iPhone 5 နဲ့ ပုံဏ္ဍာန် အားဖြင့် မထူးမခြားနားပါပဲ။ သို့ပေမယ့် ရွေးစရာ အရောင် သုံးခု ဖြစ်လာ ပါတယ်။ ခဲရောင်၊ မီးခိုးရောင်နဲ့ ရွှေရောင် ဖြစ်ပါတယ်။ ရွှေရောင်က ပိုမို လူကြိုက်များမှာပါ။ iOS 7 ထည့်သွင်း ပေးထားပါတယ်။ လက်ဗေ စစ်ဆေး လုံခြုံရေး စနစ် ပါဝင် လာပါတယ်။ 16GB, 32GB, 64GB unlocked ဗားရှင်းတွေကို 649 ,749, 849 ဒေါ်လာ အသီးသီးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

iPhone 5C

ပလပ်စတစ် ကိုယ်ထည်ဆိုပေမယ့် ပိုလီကာဘွန်နိုက်သားနဲ့ ပြုလုပ်ထားပါ။ အပူဒဏ်ခံနိုင်ရည် ရှိပြီး အကြမ်းခံလည်း ခံတဲ့ ကာဗာ ဖြစ်ပါတယ်။ A6 Chip ကိုပဲ အသုံးပြု ထားပါတယ်။ ၄ လက်မ Retina Display ပါပဲ။ လက်ဗွေ စစ်ဆေး လုံခြုံရေး စနစ် လည်း ပါဝင်တာမို့ ၂၀၁၂ က ထွက်တဲ့ iPhone 5 ထပ် ဒီနေရာမှာ သာသွားပါပြီ။ အရောင် ငါးမျိုးနဲ့ ထုတ်ထားပါတယ်။ အစိမ်းရောင်၊ မီးခိုးရောင်၊ ပြာနုရောင်၊ အနီနုရောင်၊ အဝါရောင် ဆိုပြီး ထုတ်လုပ်ထားတာပါ။ 16GB နဲ့ 32 GB ပဲ ထုတ်လုပ် ထားပါသေးတယ်။ ဈေးနှုန်းကတော့ ၅၄၉ ဒေါ်လာနဲ့ ၆၄၉ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ ဒီတော့ ဈေးသက်သာဖုန်းလို့ ပြောလို့ မရတော့ ပါဘူး။ ဈေးကြီးဖုန်း အမျိုးအစားပါပဲ။

ဘယ်ဟာ ရွေးမလဲ

ဈေးကတော့ ဒေါ်လာ ၁၀၀ ပဲကွာမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ၇ သိန်းလောက်တတ်နိုင်ရင် iPhone 5C မှာဆိုရင် 32 GB ရနိုင်ပြီး iPhone 5S မှာဆိုရင် 16 GB ဗားရှင်း ရနိုင်မှာ ဖြစ်ပါတယ်။ iPhone 5 ထပ် ဘာတွေထူးသလဲမေးရင် Chipset ပိုကောင်းလာမှု၊ Finger print ပါဝင်မှု နဲ့ ရွှေရောင် ပါဝင်ထွက်ရှိလာမှုတို့လောက်ပဲ အပေါ်ယံမှာ မြင်ရ ပါတယ်။ ဒီဇိုင်းက ထူးခြားမသွားပါဘူး။ သို့ပေမယ့် လုပ်ဆောင်ချက် မြန်ဆန်တဲ့ ဖုန်းဖြစ်လာမှာပါ။ အော်ဒါမှာယူမှုကို စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ လက်ခံပြီ ဖြစ်ကြောင်း သိရပါတယ်။
.
www.apple.com
International news for myanmar
Read More...

ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက်သုံးခု သတင်းတွေကို Android ပေါ်မှာ အလွယ်တကူ ဖတ်နိုင်

Leave a Comment

ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက် သုံးမျိုးပါတဲ့ Pyay News APK V 2.0
ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက်သုံးခု သတင်းတွေကို Android ပေါ်မှာ အလွယ်တကူ ဖတ်နိုင်ရန် (မိတ်ဆွေတစ်ချို့ ပြုလုပ်ခိုင်းသည့်အတွက် အခြားအသုံးပြုလိုတဲ့ မိတ်ဆွေများပါ အသုံးပြုနိုင်ရန်) Pyay News v 2.0 apk ကို ပြုလုပ်ပေးလိုက်ပါတယ်။ ဒီ apk ကို မိမိဖုန်းမှာ install လုပ်ထားရင် ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် ဆိုက်သုံးခုမှာ တင်သမျှ သတင်းအသစ်တွေကို Online + Offline ဖတ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လိပ်စာသုံးခုမှ ကြိုက်နှစ်သက်ရာကနေ Download ယူ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ ယခု apk မှာတော့ web version ကိုပါ ပြောင်းလဲကြည့်နိုင်ခြင်း၊ နောက်ခံကို အဖြူ၊ အမဲ အရောင်နှစ်မျိုးဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Download >>> http://pyaynews.blogspot.com/2013/09/pyay-news-apk-v-20.html

ပြည်သတင်း
Read More...

Viber မှာ ကုဒ် တောင်းပြီး ဖုန်းပြန်မလောခေါ်လို့စိတ်ညစ်နေလား ကုဒ်မတောင်းတဲ့ viber လေးပါ

Leave a Comment

Viber မှာ ကုဒ် တောင်းပြီး ဖုန်းပြန်မလောခေါ်လို့စိတ်ညစ်နေလား ကုဒ်မတောင်းတဲ့ viber လေးပါ ဒေါင်းရန် > https://www.dropbox.com/s/yq3opm5q823j16x/Easy%20Viber%20by%20Thanhtike%20Zaw.apk

Read More...

မြန်မာလို နည်းပညာစာအုပ်များ (188) အုပ်ကို Download ယူပါ

Leave a Comment

Read More...

Facebook Like Page