Sunday, August 31, 2014

အသားအရေအတွက် ရေများများ သောက်ပေးပါ နှင့် ဝမ်းချုပ်တတ်သူများ အတွက် သတင်းကောင်း

Leave a Comment
အသားအရေအတွက် ရေများများ သောက်ပေးပါ နှင့် ဝမ်းချုပ်တတ်သူများ အတွက် သတင်းကောင်း
************************************************************************************

အမျိုးသား အမျိုးသမီး မည်သူမဆို လိုက်နာဆောင်ရွက် သင့်ပါတယ်။
အဲဒါကတော့ အသားအရေ အတွက် ရေကိုများများ သောက်ပေး
သင့်တဲ့ နည်းလမ်းလေး ပင်ဖြစ်ပါတယ်။

(၁) အဆီပြန်မူကို နည်းပါးလာခြင်း

ညအိပ်ယာ ဝင်ခါနီး အချိန်မှာ ရေသောက်မယ် ဆိုရင် မနက်အိပ်ယာထ အဆီပြန်မူကို နည်းပါးသွားစေမှာ ဖြစ်ပါတယ်။

(၂) ဝက်ခြံကင်းရှင်းလာခြင်း

ရေသောက်ခြင်းဟာ အသားအရေကို သိသိသာသာ စိုပြည်စေရုံသာ မကဘဲ ဝက်ခြံဖြစ်ပွား မူကိုပါ လျော့ကျစေမှာ မလွဲပါဘူး။

(၃) မျက်ကွင်းညိုခြင်းကို သက်သာစေခြင်း

အိပ်ရေးပျက်လို့ မျက်ကွင်း ညိုတာပဲ ဖြစ်ဖြစ် ရောဂါကြောင့် မျက်ကွင်းညိုတာပဲ ဖြစ်ဖြစ် ရေများများ သောက်ပေးခြင်းက သက်သာစေ ပါတယ်။

(၄) မွဲခြောက်သော အသားအရေကို စိုပြည်လာစေခြင်း

ရေကို များများသောက်ပေးခြင်းဟာ သိသိသာသာ အသားအရည်ကို စိုပြည်လာစေမှာ ဖြစ်ပါတယ်။


ဝမ်းချုပ်တတ်သူများ အတွက် သတင်းကောင်း
*********************************************

ဝမ်းချုပ်တတ် သူတွေ အတွက် သဘာဝ၏ ဆေးကောင်း
တစ်လက်ဖြစ် မိတ်ဆက် ပေးလိုက် ပါရစေ။

အဲဒါကတော့ ဟင်းနုနယ်ကို ၅ မိနစ်လောက် ရေနွေးစိမ် လိုက်ပါ။
ထိုရေနွေး စိမ်ပြီးသား ဟင်းနုနယ်ကို ဆီအနည်းငယ် ထည့်ပြီး
သုပ်စားဖြင်း အားဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ




Read More...

စိမ်းမြပုံပြင် သရ၀ဏ်(ပြည်)

Leave a Comment
စိမ်းမြပုံပြင်
သရ၀ဏ်(ပြည်)

စိမ်းမြ
သစ်ရွက်တို.ကြွေနေဆဲ
ငါ.မျက်ရည်စိုနေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
ရဲရင်.
ကျောက်ခက်တို.ပြိုနေဆဲ
ငါ.အတွက်အဖြေရှာနေတုန်း
တချို.တွေနေနိုင်လွန်းတယ် ။
တရေးမှမပျော်တဲ.ညမှောင်လွန်းနေတယ်
တယောက်ထဲငါငိုနေတုန်း
ရင်ထဲမှာမကြေနပ်ဆုံး
အသည်းမှာဒါနောက်ဆုံး ။
တိတ်ဆိတ်
အိပ်မက်တို.ကျန်နေဆဲ
ငါ.စိတ်တွေနှင်နေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။

အဖြစ်အပျက်တို.က ၁၉၇၆ ခုနှစ်တွင်စတင် အမျို.သားငြိမ်းချမ်းရေးခေါင်းဆောင်ကြီး သခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရဇ် ၁၂၃၇ တပေါင်းလပြည်.ကျော် ၁၄ ရက် ( ၂၈.၃.၁၈၇၆ ) ခုနှစ်တွင်မွေးဖွားသည်ဖြစ်ရာ ၁၉၇၆ သည် ဆရာကြီးမှိုင်း၏ နှစ် (၁၀၀ ) ပြည်.မြောက်သော ထူးခြားသည် အခါသမယဖြစ်သည် ။မြန်မာတစ်ပြည်လုံးရှိ စာပေအသိုင်းအ၀ိုင်းနှင်းနိုင်ငံရေးအသိုင်းအ၀ိုင်းသည် ထိုထူးမြတ်လှသောသမိုင်းဝင်အခါသမယတွင် မျိုးချစ်စာဆိုတော်ကြီးအတွက်အစိုးရကမည်သည်. အထိမ်းအမှတ်အခမ်းအနားမျာကျင်းပပေးမည်လဲဟု စောင်.မျှော်နေကြသည် ။ သို.သော် အာဏာရှင်ဦးနေ၀င်းသည် ငါနှင်.ငါသာနှိုင်းစရာဟု သူ.ကိုယ်သူယူဆထားသူပီပီ မြန်မာ.သမိုင်းတွင် အနစ်နာခံဆောင်ရွက်သွားကြသောမျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီးများသမိုင်းကြောင်းကိုဖျောက်ဖျက်ထားချင်ရ ကား မြန်မာ.ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန်.ကိုပင်နိုင်ငံတော်ဈာပနဖြင်. သဂြိုဟ်ဖို.ငြင်းဆန်ခဲ.သည်ဖြစ်ရာသခင်ကိုယ်တော်မှိုင်းအတွက်ပြည်သူလူထု၏မျှော်လင်.ချက်မှာလည်း မှုန်ပျပျ သာရှိလေသည် ။စစ်အစိုးရသည် သခင်ကိုယ်တော်မှိုင်း၏ ရဲရဲတောက်လေးချိုးများကိုကြောက်သည် ။ဥပမာ
“ဒေါင်းမိခင်၊ တန်ခိုးကြွစေဖို. အမျိုးသားကျောင်းတွေ ။
ပြည်ခွင်မှာ၊ စည်ပင်ပေါတယ် သြဘာနှင်.ပေ ။
ပေါ်လာချေ တော်ပါပေရဲ. ၊ သမီးငယ်သားငယ်များကြောင်.
အားဖြင်.မနွဲ. “
မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီအာဏာရှင်အစိုးရသည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည်. (မှိုင်းရာပြည်.) ပွဲကိုမည်သည်.အနေနှင်.မှကျင်းပမပေးတော.မှာပေါ်လွင်နေချေပြီ ။ နယ်ချဲ.ဆန်.ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ခေါင်းဆောင်တကာတို.၏ခေါင်းဆောင် ဖြစ်သော ဆရာကြီးမှိုင်းကို အရေးမပါသောလူတစ်ယောက်အဖြစ်သမိုင်းတွင်ဖျောက်ဖျက်ထားခြင်းကို ပညာတတ်တက္ကသိုလ်ကျောင်းသားများကနာကျည်းခဲ.ကြပါသည် ။ ထို.ကြောင်. ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင်.စက်မှုတက္ကသိုလ်ကျောင်းသားများစုစည်းပြီး သခင်ကိုယ်တော်မှိုင်းနှစ်တစ်ရာပြည်.အခမ်းအနားကို မိမိတို.အစီအစဉ်ဖြင်.ကျင်းပကြရာမှ မှိုင်းရာပြည်.အရေးအခင်းကြီးဖြစ်ပွားခဲ.ပါသည် ။ ထိုအရေးတော်ပုံကို အာဏာရှင်စစ်အစိုးရသည် ယခင်ထုံးစံအတိုင်း စေ.စပ်ဆွေးနွေးရမည်.အစား အကြမ်းဖက်ဖြိုခွဲခဲ.ပါသည် ။ ၁၉၈၈ တွင် ကျောင်းသားများကိုရက်ရက်စက်စက်လက်နက်ကိုင်နှိမ်နှင်းခြင်း၏ အစသည် ဦးသန်.အရေးအခင်းနှင်. မှိုင်းရာပြည်.အရေးအခင်းမှ ရရှိလာသော ရိုင်းစိုင်းယုတ်မာသည်. သမိုင်းအမွေဆိုးတစ်ခုဖြစ်ပါသည် ။
မှိုင်းရာပြည်.အရေးတော်ပုံတွင်ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများစွာအဖမ်းခံခဲ. ကြ ပြီးထောင်သွင်းအကျဉ်းချထားခံခဲ.ကြရာ ထိုအထဲတွင် စက်မှုတက္ကသိုလ်ကျောင်းသား ၀င်းမင်းထွေးလည်းပါဝင်ပါသည် ။ အစိုးရသတင်းစာတွင် ၀င်းမင်းထွေး၏ ဓါတ်ပုံကိုဖော်ပြပြီး ကျောင်းသားဆိုးဝင်းမြင်. ဟု အမည်တပ်ခဲ.ပါသည် ။အင်းစိန်ထောင်သို.နှစ်ရှည်ပို.ဆောင်ခဲ.ပါသည် ။ အနုပညာသမားတစ်ယောက်သည် ယုံကြည်ချက်တစ်ခုကြောင်.ဤသို. ပြင်းပြင်းထန်ထန်အပြစ်ပေးခံရခြင်းကို စက်မှုတက္ကသိုလ် စီနီယာကျောင်းသားတစ်ဦးဖြစ်သော ကိုရဲလွင်၏စိတ်ထဲတွင် အလွန်ခံစားခဲ.ရပါသည် ။ ထိုသို.ကျောင်းသားများမတရားဖမ်းဆီး ထောင်ချခံရခြင်းကိုထိုစဉ်က နိုင်ငံရေးလှုပ်ရှားသူများ ၊ ပြည်တွင်းပြည်ပအတိုက်အခံများ သည်ကိုယ်နှင်.မဆိုင်သလိုနေထိုင်ခဲ.ကြသည်ကို ကိုရဲလွင်ရော တေးရေးကိုနေ၀င်းပါ များးစွာစိတ်ထိခိုက်ခံစားခဲ.ကြရပါသည် ။ရဲရင်.သောလူငယ်များသည်စစ်အစိုးရ၏ဖိနှိပ်မှုကြောင်. ကျောက်စိုင်ကျောက်ခဲများတဖွဲဖွဲပြိုကျနေသလိုတိုင်းပြည်အညွန်.အဖူးများကြွေလွင်.ရသည်ကိုမချိတင်ကဲခံစားခဲ.ရသည် ။ထို.ကြောင်.ရင်ထဲမှာခံစားရသမျှကို ဘေ.စ်ဂစ်တာသမား ကိုရဲလွင်က အင်္ဂလိပ်လိုသီချင်းတစ်ပုဒ်ရေးပါသည် ။ သီချင်းနာမည်ကို Last Dream ဟုအမည်ပေးခဲ.ပါသည် ။ထိုသီချင်းသည် ကိုရဲလွင် (မဇ္ဈိမလှိုင်း ၊ ယခု -ပန်းရဲ.လမ်းအဖွဲ. ) ဘ၀တွင်ပထမဆုံးရေးဖွဲ.ခဲ.သောသီချင်းဖြစ်ပါသည် ။ Last Dream သီချင်း၏စာသားများမှာ
Green Leaves
Falling past by my windows ,
As I cry over you .
There is nothing I can do .
ကိုရဲလွင်အင်္ဂလိပ်ဘာသာဖြင်.ရေးသားထားသောသီချင်းကို တေးရေးကိုနေ၀င်းကဆင်.ပွားခံစားကာ အောက်ပါအတိုင်းရေးဖွဲ.လိုက်၏ ။
စိမ်းမြ
သစ်ရွက်တို.ကြွေနေဆဲ
ငါ.မျက်ရည်စိုနေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
နောက်တစ်ပိုဒ်ကို ကိုရဲလွင်ကဤသို.ရေး၏ ။
So brave
Lion’s heart has been broken ,
What’s answer I don’t know ,
There is nothing I can do .
ကိုနေ၀င်းကဤသို.ဆင်.ပွားရေးဖွဲ.၏ ။
ရဲရင်.
ကျောက်ခက်တို.ပြိုနေဆဲ
ငါ.အတွက်အဖြေရှာနေတုန်း
တချို.တွေနေနိုင်လွန်းတယ် ။
စစ်အာဏာရှင်လက်အောက်တွင်နေထိုင်ရသောကာလသည် ညတာရှည်သော အိပ်မပျော်သည်. ကာလဆိုးကြီးသဖွယ်ဖြစ်ကြောင်းကို ၊ကိုနေ၀င်းကဤသို.ရေးဖွဲ.ခဲ.ပါသည် ။
တရေးမှမပျော်တဲ.ညမှောင်လွန်းနေတယ်
တယောက်ထဲငါငိုနေတုန်း
ရင်ထဲမှာမကြေနပ်ဆုံး
အသည်းမှာဒါနောက်ဆုံး ။
အစိုးရကအကြမ်းဖက်နှိမ်နှင်းလိုက်သောအခါ အရာရာသည်တိတ်ဆိတ်ငြိမ်သက်ပြီး အံတုနိုင်သူမရှိတော.ဟု စစ်အစိုးရကယူဆခဲ.ပေလိမ်.မည် ။သို.သော် တော်လှန်ရေးဒီရေသည် ရပ်တန်.မသွား ၊မတရားမှုကိုရွံရှာသော ၊အာဏာရှင်စနစ်ကိုတော်လှန်လိုသောစိတ်ဓါတ်များကတော.ကျောင်းသားတို.၏ရင်ထဲမှာ အိပ်မက်သဖွယ်သဖွယ်ကျန်ရှိနေသေးကြောင်း ကိုနေ၀င်းကဤသို.ဆင်.ပွားရေးဖွဲ.ခဲ.ပြန်သည် ။
တိတ်ဆိတ်
အိပ်မက်တို.ကျန်နေဆဲ
ငါ.စိတ်တွေနှင်နေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
စာပေစိစစ်ရေးတင်းကြပ်နေသော ကာလများဖြစ်၍မကြေနပ်ချက်များကိုဒိထက်ပို၍ရေးရန်အခွင်.မသာခဲ.ပေ ထိုသီချင်းသည် အနုပညာသမားတို.၏နှလုံးအိမ်ဝယ်စွဲမြဲစွာခိုဝင်နေခဲ.ကြသည် ။ တကယ်တော.ဤသီချင်းသည်အာဏာရှင်ဆန်.ကျင်ရေးသီချင်းဖြစ်ပါသည်။နှစ်များစွာကြာပြီးနောက်ထိုသီချင်းကို အဆိုတော် ဂျေမောင်မောင်က The Shell မတိုင်မီကာလတွင်စတင်သီဆိုခဲ.ပါသည် ။ထို.နောက်ခိုင်ထူးက သူ၏အောင်မြင်ကျော်ကြားခဲ.သော “ အဉ္ဖလီ “ တေးစီးရီးတွင် သီဆိုအောင်မြင်ခဲ.ပါ၏ ။ထို.နောက် ခင်ဝမ်း က “ပန်းခရမ်းပြာ” စီးရီးတွင်ထပ်မံသီဆိုခဲ.သည် ။ ခင်ဝမ်းသီဆိုအသံသွင်းစဉ် ကိုနေ၀င်းက Classic Guitar တီးခတ်ပြီး ကူညီသီဆိုပေးခဲ.ပါသည် ။ ရင်ထဲမှာမကြေနပ်ဆုံး………အသည်းမှာဒါနောက်ဆုံးသည် မြန်မာတပြည်လုံးကိုပျံ.နှံ.ခဲ.ပါသည် ။ ဤသီချင်းသည် လေးလေးနက်နက်မတွေးပဲအပေါ်ယံနားထောင်လျင်လဲကောင်းသည် ။နောက်ကွယ်ကသမိုင်းဖြစ်ရပ်များနှင်.ဆက်စပ်ခံစားလျင်မူကားအတိုင်းထက်အလွန်ကောင်းနေပေသည် ။ ငြိမ်းချမ်းရေးဖခင်ကြီးသခင်ကိုယ်တော်မှိုင်းကိုအောက်မေ.သတိရရုံဖြင်.ကျောင်းသားများကိုဖမ်းဆီးထောင်ချခဲ. သောအာဏာရှင်ကြီးဦးနေ၀င်းသည် သူကြောက်ခဲ.သော ကျောင်းသားပြည်သူတို.၏တခဲနက်ဆန်.ကျင်မှုဖြင်.ပင် ၁၉၈၈ တွင်ရာထူးမှပြုတ်ကျခဲ.သည် ။ ၀င်းမင်းထွေးသည်ရှိနေဆဲ ၊ကိုရဲလွင်သည် ရှိနေဆဲ ၊ တေးရေးကိုနေ၀င်းသည်ရှိနေဆဲ၊ကျောင်းသားတို.သည်ရှိနေဆဲ ၊မျိုးဆက်သစ်တို.သည်ရှိနေဆဲ ။ နောက်ဆုံးတစ်နေ.တွင်အာဏာရှင် သာကျဆုံးရပေမည် ။
စစ်အာဏာရှင်သည် တစ်ခန
ပြည်သူသည်သာထာဝရဆိုတာဤသီချင်းလေးက သမိုင်းသက်သေခံနေပါသည် ။
သရ၀ဏ်(ပြည်)
ကိုးကား ။ ။
- သိန်းဖေမြင်.(သခင်ကိုယ်တော်မှိုင်း၊ဆရာလွန်း၏အတ္ထုပ္ဖတ္တိ )
- မောင်ဆွေခင် (ခရမ်းပြာလေညင်း)



Read More...

ကောင်းမွန်သောဝန်ဆောင်မှုတို့နှင့် ချိုသာသောဈေးနူန်းတို့ဖြင့် စေတနာအရင်းခံဖွင့်လှစ်ထားပါသည်။ Luck Asia..အဆင့်မြင့်အအေးခန်း....ဧည့်ရိပ်သာ

Leave a Comment




Luck Asia..အဆင့်မြင့်အအေးခန်း....ဧည့်ရိပ်သာ...
*******************************

ကောင်းမွန်သောဝန်ဆောင်မှုတို့နှင့် ချိုသာသောဈေးနူန်းတို့ဖြင့် စေတနာအရင်းခံဖွင့်လှစ်ထားပါသည်။
Luck Asia..အဆင့်မြင့်အအေးခန်း....ဧည့်ရိပ်သာတွင်

၁။ Wifi Free နှင့် မြန်မာအစားအစာ/တရုတ်အစား
အစာများအားမှာယူစားသောက်နိုင်ခြင်း။

၂။ လုံခြုံစိတ်ချရသော ကားပါကင်ရှိခြင်း။

၃။ မိသားစုများ တိတ်ဆိတ်အေးချမ်းစွာ
တည်းခိုနိုင်ခြင်း။

၎။ Room Facilities (၀န်ဆောင်မှု)
-PBX-Phone Call
-TV (6) Chanals
-Air Condittion.....
-ln roon mini bar
-lnternet,Free Wireless lnternet
-24 hours room service
-large car parking area....

ကောင်းမွန်သောဝန်ဆောင်မှုတို့နှင့် ချိုသာသောဈေးနူန်းတို့ဖြင့် စေတနာအရင်းခံဖွင့်လှစ်ထားပါသည်။
Luck Asia..အဆင့်မြင့်အအေးခန်း....ဧည့်ရိပ်သာ အောင်ဆန်း အပိုင်း(၃)၊(၁၁)လမ်း၊ပြည်သာယာရပ်
ကွက်၊ပြည်မြို့။ Ph, 053-27 438 / 09,31592448 ..............

ကောင်းမွန်သောဝန်ဆောင်မှုတို့နှင့် ချိုသာသောဈေးနူန်းတို့ဖြင့် စေတနာအရင်းခံဖွင့်လှစ်ထားပါသည်။
Luck Asia..အဆင့်မြင့်အအေးခန်း....ဧည့်ရိပ်သာ













Read More...

အိမ်ရှင်မများအတွက် ဒိုင်းမွန်းစတား အမှုန့်ကြိတ်စက်နှင့် အမှုန့်မျိုးစုံ

Leave a Comment

အိမ်ရှင်မများအတွက် ဒိုင်းမွန်းစတား အမှုန့်ကြိတ်စက်နှင့် အမှုန့်မျိုးစုံ

 

 

 




 
ဒိုင်းမွန်းစတား အမှုန့်ကြိတ်စက်မှ အိမ်ရှင်မများအတွက် ချိုသာသောဈေးနှုန်း၊ စစ်မှန်သော အရည်အသွေးများဖြင့် စနစ်တကျထုတ်လုပ်ထားပါသည်။ ပဲကျက်မှုန့်၊ ပဲစိမ်းမှုန့်၊ ငရုတ်အစိမ်းကြမ်းမှုန့်၊ ငရုတ်အလှော်မှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ဆန်လှော်မှုန့်၊ ကုလားပဲခွဲခြမ်းကြီးနှင့် ကုလားပဲကြော်၊ အိမ်ရှင်မများအတွက် အကောင်းစား (ဆေးမဆိုး၊ ဆားမရော၊ အညှာချွေ) ငရုပ်မှုန့် စစ်စစ်၊ တိုဟူးကြိုသူများနှင့် တိုဟူးကြော်သမားများအတွက် ပဲစိမ်းမှုန့် (၁၀၀%) အပြည့် အထူးအာမခံဖြင့် ရောင်းချပေးနေပါသည်။

ဒိုင်းမွန်းစတားမှဝန်ဆောင်မှု - နယ် (သို့မဟုတ်) မြို့များမှ မှာယူသော ကုန်ပစ္စည်းများကို အိမ် (သို့) ဆိုင်အရောက် ဝန်ဆောင်မှုအပြည့်အဝဖြင့် အရောက်ပို့ပေးပါသည်။

အထူးအစီအစဉ် - ဝယ်ယူအားပေးကြသော မိတ်ဟောင်း၊ မိတ်သစ်များကို ကျပ်သုံးသောင်း (၃၀၀၀၀ိ/) အထက် ဝယ်ယူသူတိုင်းကို အမှတ်တရလက်ဆောင်များ ပေးနေပါပြီ။ ဈေးဝယ်ရင်း လက်ဆောင်များ ရယူကြပါစို့။

ဖြန့်ချီရေး - စန္ဒာဝင်း ကုန်စုံဆိုင် (၅) ရုံ (၆) ရုံကြား၊ မြို့မဈေးကြီး၊ ပြည်မြို့။
ဖုန်း - ၀၉ ၅၃၆၀၄၆၄

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ ကြော်ငြာထည့်သွင်းလိုပါက ၀၉ ၄၃၀ ၄၇၈၆၂ ၊ ၀၉ ၄၁၀ ၆၁၆ ၃၂၃ သို့ ဆက်သွယ်နိုင်ပါသည်။

Read More...

ဖွဲ.စည်းပုံဥပဒေကိုအားနာကြစမ်းပါ သရ၀ဏ်(ပြည်)

Leave a Comment
ဖွဲ.စည်းပုံဥပဒေကိုအားနာကြစမ်းပ
သရ၀ဏ်(ပြည်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း (၁၅) ပုဒ်မ ၄၅၀ တွင် မြန်မာစာသည်ရုံးသုံးစာဖြစ်သည်ဟု တရားဝင်ဖော်ပြပါရှိပေသည် ။ ထို.ကြောင်.လည်းဤစာကိုရေးဖြစ်ပေသည် ။ ယနေ.ခေတ်တွင် မြန်မာနိုင်ငံဝယ်မော်တော်ယာဉ်များယခင်ကနှင်. မကြုံဖူးအောင် များပြားလာပါသည် ။. မော်တော်ကားများသည်မြန်မာပြည်သို.၀င်လာမစဲတသဲသဲဖြစ်နေပါသည် ။ ဤသည်ကိုဝမ်းမြောက်ပါသည် ။ကိုယ်.နိုင်ငံသားတို. ကားစီးနိုင် ခြင်းကိုအပြစ်ပြောစရာတစ်ကွက်မှမရှိပါပေ ။
သို.သော်ကျွန်တော်ဝမ်းမမြောက်နိုင်သည်ကား အထက်ကဖော်ပြခဲ.သကဲ.သို.မြန်မာစာ နှင်.ပါတ်သက်၏ ။ ယခင်ခေတ်အဆက်ဆက်က မြန်မာနိုင်ငံ၏ မည်သည်.စက်တပ်ယာဉ်မဆို လိုင်စင်နံပါတ်ပြား များကို မြင်သာသောနေရာများးတွင် မြန်မာဘာသာ အက္ခရာ ၊ ဂဏန်းများဖြင်. ရေးသားဖော်ပြကြရသည် ။မိမိကားကိုမိမိဘာသာ အင်္ဂလိပ်အက္ခရာ များ ၊ ဂဏန်းများဖြင်.ဘာသာပြန်ပြီးတပ်၍မရ ။ မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာရော ၊ န.၀.တ ၊ န.မ.ဖ စစ်အစိုးရလက်ထက်မှာရော ထိုစနစ်သည်ခိုင်မြဲခဲ.ပါသည် ။ မြန်မာစာ သည် မြန်မာနိုင်ငံသားတိုင်းရင်းသားးအားလုံးအတွက် ရုံးသုံးဘာသာစကားဖြစ်သည် ။ ၁၂၃၄၅၆ စသော ဂဏန်းများကို ကရင်ရော ၊ကချင်ရော ၊ ဓနုရော ၊တောင်ရိုးရော ၊ အင်းသားရော ၊ပလောင်ရော ၊ ဂျိမ်းဖောရော ၊မွန်ရော၊ ရခိုင်ရော ကယားရော ၊ပဒေါင်ရောကောင်းစွာဖတ်တတ်သည် ။ ဒ/၃၉၉၂ ဆိုလျင် လူတိုင်းသိနိုင်သည် ။ မြန်မာအားလုံးဖတ်တတ်သည် ။ ကိုယ်.ကိုကားတိုက်သွားလျင် စာရေးတတ်ဖတ်တတ်အဆင်.ရှိသော တောသူတောင်သားတစ်ယောက်ပင်လျင် ကားနံပါတ်ကိုအလွယ်တကူ မှတ်မိနိုင်သည် ။
ယခုမခါမဟုတ်သည်.နေရာတွင်ဘိုဆန်ချင်လွန်းသောအလေ.အထဆန်းတစ်ခုမြန်မာနိုင်ငံတွင်ခေတ်စားနေ၏ ။ အစသော် နိုင်ငံခြားသားကမ္ဘာလှည်.ခရီးသည်များ မိမိငှားစီးသော တက္ကစီနံပါတ်ကိုမှတ်မိရန်ဟုဟုဆိုကာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီက အငှားယာဉ်အားလုံးတွင် City Taxi ဟု အမည်ရေးထိုးစေပြီး အရှေ.ပိုင်းခရိုင်ဆိုလျင် E အက္ခရာဖြင်.စသော ၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဆိုလျင် W အက္ခရာဖြင်.စသော အင်္ဂလိပ် ဂဏန်းများကို ကားကိုယ်ထည်ပေါ်တွင် မှုတ်ဆေးဖြင်.ရေးသွင်းပေးခဲ.သည် ။ ထိုအခါတက္ကစီတိုင်းတွင် မူလမြန်မာ အက္ခရာဖြင်. လိုင်စင်ပြားများအပြင် ကားဘော်ဒီ၌ E . 31984 စသည်ဖြင်. ဂဏန်းများပေါ်ပေါက်လာ၏ ။ ဤမျှအထိမဆိုးသေး ။မြန်မာ အက္ခရာ ၊မြန်မာစာ ၊မြန်မာဂဏန်းသည် ကားရှေ.နှင်.နောက်လိုင်စင်ပြားပေါ်တွင်ထင်ရှားစွာရှိနေသေးသည် ။ သို.သော် ဒီမိုကရေစီအစိုးရဟုခေါ်သော သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းတိုးသောဌာနသည် မယောင်ရာဆီလူးလာတာတွေ.ရ၏ ။ သမ္မတရွေးပွဲ ၊ လွှတ်တော်ဖွဲ.စည်းပုံ ၊ ဖက်ဒရယ်စနစ် ၊ ရွေးကောက်ပွဲစနစ်.၊အဂတိလိုက်စားမှုတိုက်ဖျက်ရေး ၊အရပ်သားအစိုးရ၏အုပ်ချုပ်မှုအောက်ဝယ်တပ်မတော်ကရှိနေသောစနစ် စသည်များတွင်အမေရိကန်ကို ယှဉ်နိုင်ရန်မကြိုးစားသော်လည်း မော်တော်ကားလိုင်စင်နံပါတ်တပ်သောကိစ္စတွင်မူ အမေရိက၌ ပြည်နယ်နံမည်အတိုကောက်ကိုရှေ.မှထားကာ နောက်မှအင်္ဂလိပ်ဘာသာဖြင်. ဂဏန်းထိုးသောအလေ.အထကိုအမေကျော်ဒွေးတော်လွန်းသည်.သဖွယ်စတင်ကျင်.သုံးလာ၏ ။ထို.ကြောင်.ယနေ.မြန်မာနိုင်ငံ၏လမ်းမျာပေါ်ဝယ် YGN /စသောနံပါတ်တပ်ကားများ ၊ YGN 8F /3922 စသည်.နံပါတ်များ AA 3611 စသောနံပါတ်များကိုတွေ.လာရ၏ ။ မြန်မာသည်မြန်မာမဟုတ်တော.သလိုဖြစ်လာ၏ ။ မြန်မာနိုင်ငံသို.ရောက်လာသော တိုးရစ်များနှင်.သံတမန်များအဆင်ပြေအောင် နိုင်ငံတကာ ဘာသာတစ်ခုကိုပြောင်းလဲလိုက်နိုင်သည်ဆိုပြီးသက်ဆိုင်ရာကဂုဏ်ယူချင်ယူနေပါမည် ။ကျွန်တော်ကတော. ထိုအင်္ဂလိပ်အက္ခရာများကိုတွေ.တိုင်း ရှက်မိသည် ။ရှေးမြန်မာများကိုမျက်နှာပူမိသည် ။အနည်းဆုံးတော. သီပေါမင်းတရား၏မြေးတော်သူ တော်ဘုရားကလေး(အောင်ဇေ ) ကိုအားနာနေမိသည် ။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာစတွင်အင်္ဂလိပ်တို.ထံမှအမွေဆက်ခံရရှိခဲ.သည်.အထဲတွင်မော်တော်ယာဉ်စ နစ်လဲပါပါသည်။တစ်နိုင်ငံလုံးတွင်ထိုစဉ်ကအင်္ဂလိပ်ဘာသာဖြင်.စက်တပ်ယာဉ်အားလုံးလိုင်စင်နံပါတ်များအသုးံ ပြုခြင်းဖြစ်သည် ။ဥပမာအားဖြင်.ဗိုလ်ချုပ်အောင်ဆန်းစီးသောကားအမှတ်မှာ RA / 2874 ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်များကိုလုပ်ကြံသည်.နေ.ကဂဠုန်ဦးစော၏တပည်.များစီးသောကားနံပါတ်(အတု) မှာ R.C /1814 ဖြစ်သည် ။ လွတ်လပ်ရေးရပြီးသော်လည်းထိုစနစ်ကိုပင်ဆက်လက်အသုံးပြုခဲ.သည် ။သို.သော် ၎င်းကိစ္စကိုရဲရဲတောက်တကိုယ်တော်တိုက်ပွဲဝင်ခဲ.သူမှာသီပေါမင်း၏မြေးတော်ဖြစ်သောတော်ဘုရားကလေး(အောင်ဇေ) ဖြစ်သည် ။ သူကသူ.ကိုယ်ပိုင်ကားတွင် လိုင်စင်နံပါတ် RD .1055 ကို အင်္ဂလိပ်အက္ခရာများ အသုံးမပြု မြန်မာတို.သည် ကိုယ်.မင်းကိုယ်.ချင်း ၊ကိုယ်.စာပေ ၊ကိုယ်.ယဉ်ကျေးမှုနှင်.လွတ်လပ်သောလူမျိုးဖြစ်ကြောင်းပြသသည်.အနေဖြင်. မြန်မာလို အာရ်ဒီ-၁၀၅၅ ဟုရေးသည် ။ ထိုသို.မြန်မာ လိုင်စင်နံပါတ်အသုံးပြုခြင်းကို ရဲကစစ်ဆေးပြီး ပြည်ထဲရေးဝန်ကြီးဌာနက တော်ဘုရားကလေး(အောင်ဇေ)အား စာပို.၍ထုချေလွှာတောင်းသည် ။ထိုအခါတော်ဘုရားကလေးက ဤသို.အကြောင်းပြန်လိုက်ပေ၏ ။
“ မိမိသည်မြန်မာမင်းသားဖြစ်၍ မိမိပိုင်မော်တော်ယာဉ်၏နံပါတ်အား မြန်မာလိုရေးခြင်းသည်သဘာဝကျသည်ဟုယုံကြည်ပါသည် ။ထိုကဲ.သို.မြန်မာလိုရေးရာမှာ “ အာရ်ဒီ “ သည်မြန်မာစာလုံးများမဟုတ်မူပဲ အင်္ဂလိပ်စာလုံးများ အတိုင်း မြန်မာလို အသံထွက်ရေးရခြင်းဖြစ်ပါသည် ။ အင်္ဂလိပ်နယ်ချဲ.ဆန်.ကျင်ရေးကာလတွင် မြန်မာစာသည်တို.စာဟုကြွေးကြော်ခဲ.ကြသော်လည်း ယခုလွတ်လပ်ရေးကြေငြာပြီးသည်.ကာလတွင်အသုံးဝင်လှသောမော်တော်ယဉ်အားလုံးတွင်အင်္ဂလိပ်စာလုံးများသုံးစွဲနေရသည်မှာအမြင်မတော်ဆင်တော်နှင်.ခလောက်ကဲ.သို.ဖြစ်နေပါသည် ။ အထက်ဖော်ပြပါမှန်ကန်သည်.အချက်များကြောင်.မြန်မာနိုင်ငံရှိမော်တော်ယာဉ်အားလုံးတွင်မြန်မာနံပါတ်များသာရေးသင်.ကြောင်း အမျိုးသားစိတ်ဓါတ်ဖြင်.အပြုသဘောထားကာရှင်းလင်းတင်ပြ(ထုချေ)အပ်ပါသည် “
ပြည်ထဲရေးဝန်ကြီးထိုအမှုကိုကျကျနနသေသေချာချာစစ်ဆေးပြီးသောအခါ တော်ဘုရားလေးအောင်ဇေ၏ ထုချေရှင်းလင်းချက်မှာအကျိုးအကြောင်းခိုင်လုံနေသဖြင်. ထိုအချိန်၁၉၅၃ မှစကာ မြန်မာနိုင်ငံရှိ စက်တပ်ယာဉ်မှန်သမျှ၏လိုင်စင်နံပါတ်ပြားများကို မြန်မာဘာသာဖြင်.ပင် အသုံးပြုရမည်ဟု အမိန်.ထုတ်ပြန်ခဲ.ပေသည် ။ ထိုအကြောင်းကိုတော်ဘုရားကလေး(အောင်ဇေ)က သူ၏ “ အုတ်တစ်ချပ် သဲတစ်ပွင်. “ ဟူသောစာအုပ်တွင်ဖော်ပြထားပါသည် ။
အတိတ်ကမျိုးချစ်ပုဂ္ဂိုလ်များတိုက်ယူခဲ.ရသော မြန်မာဘာသာစကား၏နေရာတစ်ခုသည် ကျွန်တော်တို.ခေတ်ရောက်ကာမှ နိုင်ငံတကာလိုလို ၊ ကမ္ဘာ.အဆင်.မီလိုလို (တခြားဘာမှကမ္ဘာ.အဆင်.မမီသဖြင်. လွယ်ရာကိုလိုက်၍ မီခြင်း ) လုပ်၍ ဖွဲ.စည်းပုံတွင်ပါသော ပြဌာန်းချက် ပုဒ်မ (၄၅၀)ကိုပြောင်ပြောင်တင်းတင်းဆန်.ကျင်နေကြခြင်းဖြစ်သည် ။ အကယ်၍ ကားတစ်စီးသည် ခေတ်ပညာမတတ်သော တောဘက်မှ အဖွားကြီးတယောက်ကို တိုက်မိပြီးမောင်းပြေးသွားသည်ဆိုပါစို. ။ တောဘက်တွင်နေထိုင်သော မြန်မာအဘွားကြီး (သို.မဟုတ် )ရှမ်းအဘွားကြီးတစ်ယောက်သည် 3F / တို. YGN တို. MDY တို.ကိုဖတ်တတ်ပါမည်လား ။ မဖတ်တတ်လျင်ကိုယ်.ကိုတိုက်သွားသောကားနံပါတ်ကိုပင် ကိုယ်.နိုင်ငံဖြစ်ပါလျက် မဖတ်တတ်သော စာလုံးများကိုဘာ.ကြောင်.ရေးသားရသနည်း ။ နိုင်ငံခြားသားများအဆင်ပြေစေရန်ဟုဆင်ခြေပေးပြန်လျင်လည်းမြန်မာနိုင်ငံတွင် ခနလာသော တိုးရစ်မှာ နယ်စပ်မှခန၀င်လာသော တိုးရစ်များပါထည်.ပေါင်းမှ တစ်နှစ်လုံး သုံးသန်းခန်.ရှိသည်ဟုဆိုရာ ထိုလူသုံးသန်း၏အရေးကိုကြည်.မည်လား မြန်မာနိုင်ငံသား သန်း(၆၀)၏အရေးကိုကြည်.မည်လားဟုမေးစရာရှိပေသည် ။ တစ်ဖန်တိုးရစ်များသည် ကိုယ်စီးသောကားနံပါတ်ကို ဓါတ်ပုံရိုက်၍ မှတ်တတ်သော အလေ.အထလည်းရှိသည်ဖြစ်ရာ အရေးအကြောင်းပေါ်ပါက ထိုဓါတ်ပုံကို ရဲအားပြခြင်းဖြင်.ခြေရာခံနိုင်သည်သာဖြစ်သည် ။အင်္ဂလိပ်ဂဏန်းရေးထားမှမဟုတ်ပေ ။
ယခုအခါမြန်မာတစ်ပြည်လုံးသည် ဘိုဆန်ခြင်းကို အလိုရှိကြပေကုန်၏ ။ မြန်မာဘာသာဖြင်.ထုတ်ဝေသောဂျာနယ် ၊မဂ္ဂဇင်းများ၏အမည်မှာ မြန်မာဘာသာပင်မပါတော.ပဲ အင်္ဂလိပ်နာမည်အစစ်များကိုသာပေးလာကြပေတော.၏ ။ နာမည်နှင်.မျက်နှာဖုံးကိုသာကြည်.လျင် ယူကေမှလာသောမဂ္ဂဇင်းလိုလို ၊ အော်စတြေးလျမှလာသော ဂျာနယ်လိုလို ၊ စကာင်္ပူမှ သတင်းစာလိုလို တွေဖြစ်နေကြ၏ ။အထဲလှန်ကြည်.၍ မြန်မာစာတွေတွေ.မှ အော်ဒါမြန်မာပြည်ကဂျာနယ်တွေ၊သတင်းစာတွေ ၊မဂ္ဂဇင်းတွေပဲဟုသိကြရသည် အထိမြန်မာနည်မည်များခေါင်းပါးလာသောခေတ်ဖြစ်သည် ။ တစ်ဖန်မြန်မာတွေဖတ်သော မြန်မာဂျာနယ်ဖြစ်ပါလျက် ကြော်ငြာအချို.သည်မြန်မာစာတစ်လုံးမှမပါပဲ အင်္ဂလိပ်လိုမျက်နာပြည်. (သို.မဟုတ် )မျက်နှာဝက် ရေးသားထားတာလည်းတွေ.ရပေသည် ။ ထိုမျှဘိုဆန်ချင်လျင်အင်္ဂလိပ်ဘာသာဖြင်.ထုတ်ဝေသော New Light of Myanmar တို. Myanmar Times တို.တွင်ဘာကြောင်.အင်္ဂလိပ်လိုမကြော်ငြာပဲ မြန်မာဂျာနယ်တွင်ဘိုလိုကြေငြာသလဲဟု တွေးမိပေသည် ။အင်္ဂလိပ်လိုမတတ်သော မြန်မာစာဖတ်ပရိသတ်များကိုစော်ကားနည်းတစ်မျိုးဖြစ်သည် ။ တစ်ခါတလေ ဂုဏ်ယူဝမ်းမြောက်ကြောင်းကြော်ငြာများကိုပင် အစိုးရထုတ်သတင်းစာများ၌ အင်္ဂလိပ်လို မျက်နှာပြည်.ကြော်ငြာထည်.ကြရာ တခါတရံ၌ CONGRATULATIONS ဆိုသောစာလုံးကိုပင် မှန်ကန်အောင်စာလုံးမပေါင်းနိုင်ပဲ ( S ) ပြုတ်ကျန်နေတာတွေ မကြာခနတွေ.ရသည် ။ ကားမောင်းသင်တန်းတစ်ခုကလည်း All adults must be able to drive ဆိုသော စာကြောင်းကိုမှန်ကန်စွာမရေးတတ်ပဲ ရှေ.နောက်တွေလွဲကာ နေ.စဉ်ရက်ဆက်ဆိုသလို တလွဲတွေရေး၍ ကြေငြာနေတာလည်း မြန်မာ.အလင်းသတင်းစာမှာမကြာခနဖတ်ရသည် ။ မြန်မာတွေ သိပ်ပြီးဘိုဆန်ချင်ပုံမှာ ပုပ္ဖါးတောင်ကလပ်သို.တက်သောလမ်းမှာပင်မလွတ် ။ ဓါတ်နန်း ဆိုသော စာလုံးကို အင်္ဂလိပ်လို ( DAT NAN ) ဟုခပ်တည်တည်ေ၇းထား၏ ။ နတ်နန်းဆိုသောစာလုံးကိုမူ ( NAT NAN ) ဟုတ၇ားဝင်စာချိတ်ဆွဲထားပါသည် ။ အဘယ်.ကြောင်. အင်္ဂလိပ် အမေရိကန်ပင်နားမလည်သောအင်္ဂလိပ်စာများကို တောင်မရောက်မြောက်မရောက်ရေးသားနေကြလေသနည်းဆိုတာတွေးလို.မရပေ ။ မြန်မာတို.သည်မြန်မာအမည်ပေး၍ရပါလျက်အင်္ဂလိပ်စာလုံးသုံးလိုက်ရပြီးရော အဓိပါယ်သေသေချာချာနားမလည်ပဲဆိုင်နာမည်များအသုံးပြုနေကြသည်လဲရှိသည် ။နားလည်သူများကြည်.လျင်ရယ်စရာများဖြစ်နေပေသည် ။ အလှပြင်ဆိုင်တစ်ဆိုင်သည် သူ၏ဆိုင်နာမည်ကို ( FACE OFF ) ဟုပေးထား၏ ။ နီကိုလပ်ကေ.ဂ်ျနှင်. ဂျွန်ထ၇ာဗိုလ်တာတို.ပါဝင်သော လူဆိုးနှင်.ရဲ မျက်နှာအရေပြားများဖြတ်လှီးပြီးလဲလှယ်တပ်ဆင်ကြသည်.ရုပ်ရှင်ကိုသတိရမိသေးသည် ။ ထိုအလှပြင်ဆိုင်သို. သွားရမှာပင်အတော်သတ္တိမွေးရပေလိမ.်မည်။အဆိုတော်တွေကမြန်မာနာမည်ခံလျင်ဂုဏ်ငယ်သည်ထင်သည် ။ အချို.ပုဂ္ဂလိကကျောင်းများမှာမြန်မာစာမသင်တော.သဖြင်.မြန်မာစာမတတ်သောမြန်မာလူတန်းစာတစ်ရပ်ပေါ်လာသည် ။
ပြည်မြို.မှကျွန်တော်.မိတ်ဆွေတစ်ယောက်ကပြောဖူးသည် ။
“ ငါအခုကိုယ်.ကိုယ်ကို သတိထားပြီး အကျင်.တစ်ခုကိုပြင်နေတယ်ကွ ၊အဲဒါကတော. ဖုန်းနံပါတ်တွေ ။လိပ်စာတွေ ၊ စာရင်းတွေရေးတဲ.အခါ အင်္ဂလိပ်ဂဏန်းတွေ ကိုပဲသုံးမိနေတဲ.အကျင်.ကို သတိထားပြင်ပြီး မြန်မာဂဏန်းနဲ.စာရေးမှတ်တဲ.အကျင်.ပဲဟ ။ကိုယ်.ကိုယ်ကိုသတိထားကြည်.တော.မှ ငါ.လက်ဟာတော်တော်အကျင်.ပျက်နေမှန်းသတိထားမိတယ် ။ဥပမာ သုံးတစ်ခြောက်လို.ကြားလိုက်တာနဲ.လက်က ( 316 ) ကိုရောက်သွားတယ် ( ၃၁၆ )လို.မနည်းပြင်ပြီးရေးရတယ် ။ပြီးတော. မြန်မာဂဏန်းကိုရေးတဲ.အခါ လက်ရေးလည်းမလှတော.ဘူးကွ ။မရေးတာကြာလို.ဖြစ်မယ် ။အဲဒိလိုပုံဆို နောင်လာမယ်.မျိုးဆက်တဆက်မှာ ( ၁၂၃၄၅၆၇၈၉ ) ဆိုတဲ.ဂဏန်းတွေ မြန်မာပြည်မှာပျောက်သွားလိမ်.မယ်ဟ ။ ငါတော. ကိုယ်.ကိုယ်ကိုပြင်ပြီး မြန်မာသက္ကရစ်ရော မြန်မာလ ကိုရော ရေးတဲ.အကျင်.လုပ်နေတယ် ။ဒါနဲ. ဒီနေ.မြန်မာလိုဘယ်နှစ်ရက်နေ.လဲသိလား “ ဟုမေးရာ ကျွန်တော်လည်း လဆန်း (၂ )ရက်လိုလို ၊လဆုတ် (၄ )ရက်လိုလို ၊၀ါခေါင်လိုလို ၊ တော်သလင်းလိုလို ၀ါးတားတားဖြစ်နေသဖြင်.မိမိကိုယ်ကိုယ်ရှက်မိ၏။၁၃၇၆ခုနှစ်ဆိုတာလေးတစ်ခုတော.မှတ်မိသေးသဖြင်.တော်ပေသေး၏ ။
ဘိုဆန်ချင်သောရောဂါတွင်အဆိုးဆုံးမှာကျောင်းများတွင် ပြဌာန်းစာအုပ်များ၌် ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုကျက်မှတ်သင်ယူစေခြင်းဖြစ်သည် ။ အနှစ်ကိုအကာကကွယ်သွားခြင်းဖြစ်သည် ။ ပညာသင်ကြားသောမူလရည်ရွယ်ချက်မှာလောကဓါတ်ပညာများကိုမိမိအသိထဲသို.အကောင်းအဆိုးခွဲခြားကာထင်ထင်လင်းလင်းသိမြင်သွားစေဖို.ဖြစ်သည်။အင်္ဂလိပ်ဘာသာဖြင်.ရေးသားထားသောစာကြောင်းများကိုကြက်တူရွေးတစ်ကောင်ကဲ.သို.နှုတ်တက်ရွရွ ရွတ်ဆိုနိုင်ကာမျှနှင်. ကမ္ဘာ.အဆင်.ပညာတစ်ခုရသွားပြီဟုမဆိုသာပေ ။ ထိုးထွင်းသိမြင်ကြံဆနိုင်မှပညာမည်ပေ၏ ။ အင်္ဂလိပ်ဘာသာနှင်.ပဲသင်သင် မိခင်ဘာသာစကားနှင်.ပဲသင်သင် ရူပဗေဒသင်လျင်ရူပဗေဒပညာကိုတတ်မြောက်မှ ထိရောက်ပေမည် ။ ဓါတုဗေဒသင်လျင် ဓါတုဗေဒကိုနားလည်သွားသင်.သည် ။ သမိုင်းကိုသင်လျင် သမိုင်းဖြစ်ရပ်များကို သုံးသပ်နိုင်ရပေလိမ်.မည် ။ Master ဘွဲ.ယူမည်. ကျောင်းသူတစ်ဦးစာကျက်နေသည်ကို ဘေးမှ ကြားဖူးသည် ။ သူက ဆက်ကာဆက်ကာ စာကြောင်းတစ်ကြောင်းကိုအော်ဟစ်ကျက်မှတ်နေသည် ။ သူကျက်နေသည်ကိုကျွန်တော်ကြားရသည်မှာ “ Along Phaya established the Kone Baung dynasty “ ဟူ၍ဖြစ်သည် ။ သူသည် ထပ်တလဲလဲအော်နေသည်မှာ “ အလောင်းဘုရား အက်စ်တဘလစ် ကုန်းဘောင် ဒိုင်နက်စတီ ၊ အလောင်းဘုရား အလောင်းဘုရား အက်စ်တက်ဘလစ် ကုန်းဘောင် ကုန်းဘောင် ဒိုင်နက်စတီ “ ဟူ၍ ဖြစ်သည် ။ ဤကိစ္စ၌ သမိုင်း မဟာဝိဇ္ဖာတန်းတက်နေသောကျောင်းသူတစ်ယောက်အနေဖြင်. အလောင်းမင်းတရားသည် ကုန်းဘောင်မင်းဆက်ကိုစတင်တည်ထောင်ခဲ.သည်ဆိုသော သမိုင်းအမှတ်အသားကိုတော.သိမည်ဖြစ်သည် ။သို.သော် သူ.အတွက်လာ၍ ဒုက္ခရောက်နေဟန်ရှိသည်မှာ Establish ဆိုသော စကားလုံးနှင်. Dynasty ဆိုသောစာလုံးများဖြစ်ပုံရသည် ။ တနည်းအားဖြင်.မြန်မာ.ပညာရေးသည် အနှစ်ကိုပစ်ပါယ်၍ အကာကိုရှာခိုင်းသောပညာရေးဖြစ်ပုံရသည် ။ ရန်ကုန်တိုင်း ၊မြောက်ဥက္ကလာ အ.ထ.က(၁) တွင် ဆဌမတန်း၌ စာသင်ခန်းတစ်ခန်းလျင် ကျောင်းသား (၇၅)ဦးထားကာသင်ကြားနေသည်ဟုသိရတော. အံ.သြလွန်းသဖြင်.မယုံနိုင်အောင်ဖြစ်ရပါသည် ။ ဒီလောက်ကြပ်ညပ်နေသောစာသင်ခန်းတွင်အင်္ဂလိပ်လိုပဲသင်သင် ကုလားလိုပဲသင်သင် ၊မြန်မာလိုပဲသင်သင် ဘာမှရေရေရာတတ်မြောက်မည်မဟုတ်ပါ ။

ဂျပန်နိုင်ငံ ။ထိုင်းနိုင်ငံ ၊စပိန်နိုင်ငံ ၊တောင်ကိုရီးယားနိုင်ငံ စသည်.နိုင်ငံများဝယ် ကျောင်းသင်ခန်းစာအားလုံးကို အင်္ဂလိပ်ဘာသာရပ် မှလွဲ၍အခြားဘာသာရပ်များအားလုံးကို မိခင်ဘာသာစကားနှင်.ပင်သင်ခိုင်း၏ ။ထို.ကြောင်.မြန်မာကျောင်းသားများကဲ.သို. အင်္ဂလိပ်လိုဂျောင်းဂျောင်းပြေး အလွတ်မရွတ်ဆိုနိုင်ကြသော်လည်း ဓါတုဗေဒကျောင်းသားသည် အောက်ဆီဂျင်ဓါတ်ငွေ.ကိုဓါတ်ခွဲခန်းတွင်လက်တွေ.ထုတ်လုပ်ပြနိုင်၏ ။ ရူပဗေဒကျောင်းသားသည် အလင်းယိုင်ခြင်းအကြောင်းကိုသူ၏မိခင်ဘာသာဖြင်.ကျကျနနရှင်းပြနိုင်၏ ။ ကျွန်တော်တို.ငယ်စဉ်က ဓာတုဗေဒ ၊ရူပဗေဒ ၊ ဘောဂဗေဒဘာသာရပ်များကိုမြန်မာလိုသင်ကြားခဲ.ကြရာအာခိမိဒိနိယာမ ၊ ရေငွေ.ပျံခြင်း ၊ သမ၀ါယမ၏အခြေခံမူ(၅)ချက် ၊ စွမ်းအင် ၊အလုပ် စသော သင်ခန်းစာများကိုယခုတိုင်သေသေချာချာမှတ်မိနေ၏ ။ ယနေ.ဘာသာစုံအင်္ဂလိပ်လိုသင်နေပါသည်ဆိုသော ဆယ်တန်းသိပ္ဖံတွဲကျောင်းသားတစ်ယောက်ကို ရူပဗေဒသင်ခန်းစာမှ အင်နားရှား ( Inertia ) ဆိုသောသဘောတရားကိုမေးကြည်.ရာမသိဘူး ဟုဆိုသည် ။ သို.သော် သူက Modern Physics / Electricity and Magnetism / Optics /Wave and Sound / Heat / Mechanics ဆိုသော သင်ခန်းစာများကို နှုတ်တက်ရွရွ အလွတ်ဆိုပြ၏ ။ ၀တ်မှုန်ကူးခြင်းအကြောင်းကိုရေရေရာရာရှင်းမပြတတ်သော်လည်း The plant body တို. The flower , pollination and fertilization တို. Nutritiion တို. Respiration တို. Reproduction တို. Environmental biology တို.စသော ဇီဝဗေဒ သင်ခန်းစာများကိုတော. သင်ခန်းစာတစ်ခုချင်းအလိုက် အလွတ်ကျက်မှတ်ထားတာ ပြန်ဆိုပြနိုင်သည် ။ ဓါတုဗေဒတွင်လဲ ထိုနည်းနှင်နှင် ၊ပထ၀ီတွင်လည်း ကမ္ဘာ.မြေပုံကိုမကြည်.တတ်ကြ ။ မြန်မာပြည်သည်ဘယ်နားမှာရှိမှန်းမသိ ။ သချာင်္မှာလည်းပုစ္ဆာကိုနားလည်ဖို.ပင်မနည်းအားထုတ်နေရသည် ။ တကယ်သင်ကြားရမည်.အင်္ဂလိပ်စာဘာသာတွင်မူကား Verb မှန်းမသိ Noun မှန်းမသိတော်ရိလျော်ရိတွေဖြစ်ကာ အင်္ဂလိပ်စာနှင်. B.A အီးမေဂျာဘွဲ.ရသူတွေပင် အင်္ဂလိပ်စာ ရှည်ရှည်တစ်ကြောင်းကို မှန်ကန်အောင်မရေးတတ် ၊ မဖတ်တတ်၊ မပြောတတ်၊သူများပြောတာကိုနားလည်အောင်နားမထောင်တတ် ။ တကယ်တတ်အောင်သင်ရမည်. အင်္ဂလိပ်စာ ဘာသာရပ်ကို တတ်အောင်မသင်နိုင်ပဲ ၊ ဓါတုဗေဒ တို. ရူပဗေဒတို.သမိုင်းတို.ကို အင်္ဂလိပ်လိုသင်နေတာဘယ်လိုမှနားလည်၍မရပေ ။ဤစနစ်သည်အလုပ်မဖြစ်သဖြင်. တစ်မျိုးပြောင်း၍စဉ်းစားသင်.ပေပြီ ။

အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကျောင်းသင်ဘာသာရပ်အားလုံးကိုထိုင်းဘာသာဖြင်.ပင်သင်ကြားသော်လည်း ပြင်ပကမ္ဘာ၌ထွက်ပေါ်လာသောနည်းပညာအသစ်အဆန်းထွက်လာသမျှသောစာအုပ်အားလုံးကို အချိန်မဆိုင်းပဲ ထိုင်းဘာသာဖြင်.ပြန်ဆိုထုတ်ဝေကြသဖြင်.ကမ္ဘာ.အဆင်.ဗဟုသုတများကိုထိုင်းတို.အမြဲရနေပေသည် ။ ။ဤအလုပ်ကို အစိုးရပြန်ကြားရေးဝန်ကြီးဌာနဘာသာပြန်ဌာနစိတ်က တာဝန်ယူလုပ်ကိုင်ရပေမည် ။ကျွန်တော်တို.ဆီတွင်အင်္ဂလိပ်လိုလဲလောက်လောက်လားလားမဖတ်တတ်။မြန်မာဘာသာပြန်နည်းပညာစာအုပ်များကလည်း မရှိသလောက်ရှားပါးလှသည် ။ဒီကြားထဲပညာတတ်ဆိုသူများကစကား ဆယ်ခွန်းပြောလျင်ငါးခွန်းလောက်ကအင်္ဂလိပ်စာလုံးများကိုညှပ်ပြောသေးသည်။ကြော်ငြာတစ်ခုတွင်ဒိန်ချဉ်ကို ရောဂါတ်ဟုပြောသွားတာကြားရတော.နားကသိကအောက်ဖြစ်ရသည်။ပြိုင်ပွဲများတွင် အစဉ်အဆက် ပထမဆု ၊ဒုတိယဆု ၊တတိယဆုဟုမြန်မာလိုကြေငြာနေရာမှယခုအခါ ဒုတိယဆုကို ( 1st Runner Up ) တတိယဆုကို ( 2ndRunnerUp)စသည်ဖြင်.မရှုပ်ရှုပ်အောင်ကြေငြာကြသည်။

ကျွန်ုပ်သည်နိုင်ငံတကာသုံးဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာစကားကိုဆန်.ကျင်နေခြင်းမဟုတ်။ကျွန်ုပ်ကိုယ်တိုင်အင်္ဂလိပ်ဘာသာစကားပြောဧည်.လမ်းညွှန်လုပ်နေသဖြင်. အင်္ဂလိပ်ဘာသာစကား၏အရေးပါပုံကိုသိပါ၏။သို.သော်အရာရာသည်သူ.တန်ဘိုးနှင်.သူရှိသည် ။တက္ကသိုလ်အဆင်.လောက်တွင်သိပ္ဖံဘာသာရပ်များကိုအင်္ဂလိပ်လိုသင်ကြားလိုကသင်ကြားနိုင်ပါသည် ။ သို.သော် ဂလိုဘယ်လိုက်ဇေးရှင်းဟူသော အလံကြီးကိုထူလာသဖြင်. မူရင်းဘာသာစကား ၊မိခင်စာပေ နှင်. ယဉ်ကျေးမှု ကို ဘေးသို.ဖယ်ထုတ်လိုက်ကြရန်အထိကားကျွန်တော်တို.မမိုက်မဲသင်.ကြကုန် ။ နှင်းဆီပန်းကို Rose ဟုမခေါ်ရုံမျှနှင်.လည်း မွှေးရနံ.သည်ခမ်းခြောက်သွားမည်မဟုတ် ။ ဂျာနယ်အမည်ကိုအင်္ဂလိပ်နာမည် ပေးရုံ၊ကားနံပါတ်ကိုအင်္ဂလိပ်အက္ခရာနှင်.ဂဏန်းတပ်ရုံ၊ကျောင်းသင်ခန်းစာများကိုအင်္ဂလိပ်လိုပြဌာန်းရုံဖြင်.အလိုလိုကမ္ဘာ.အဆင်.မီလာမည်မဟုတ်။ ကမ္ဘာ.အဆင်.မီလိုလျင် ကမ္ဘာကလက်ခံကျင်.သုံးနေသော ပညာ ၊စည်းကမ်း ၊ စီမံခန်.ခွဲမှု ၊ ဥပဒေလိုက်နာမှု ၊ ကမ္ဘာ.အဆင်.မီတွေးခေါ်မှု၊ကမ္ဘာ.အဆင်.မီလုပ်ခလစာ၊ငါနှင်.ငါ.မိသားစုအတွက်သာဟူသောအောက်တန်းကျသည်.စိတ်ဓါတ်များကိုစွန်.ပါယ်နိုင်မှု၊လူကြီးလူကောင်းပီသမှု၊အလုပ်ကိုအလုပ်နှင်.တူအောင်လုပ်နိုင်မှုစသည်.အရည်အချင်းများရှိဖို.လိုပေလိမ်.မည် ။

ဗိသနိုး ၊ဟန်လင်း သရေခေတ္တရာ ၊ တကောင်း ၊ ပုဂံ ၊ နိုင်ငံတော်များမှစကာ ရွေ.လျားဖြစ်ပေါ်ခဲ.သောမြန်မာစာ မြန်မာအရေးအသား ကို အလေးထားချိန်တန်ပါပြီ ။ အင်္ဂလိပ်စာလဲကောင်းကောင်းမတတ် ၊မြန်မာစာလဲ ဌာန်ကရိုဏ်းကျအောင်မတတ်သော ကျီးမဟုတ် ဒေါင်းမဟုတ် အောက်ကလိအာများအဖြစ်မှမြန်မာတို.ရုန်းထွက်ရန်အချိန်တန်ပါပြီ။ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကလည်း အင်္ဂလိပ်အက္ခရာများသုံးတော.မည်ကြံလျင် စောလူးမင်းကျောက်စာတို. ၊ ရာဇကုမာရကျောက်စာတို. ၊ သခင်ကိုယ်တော်မှိုင်းတို.၊သခင်ဘသောင်းတို.၊တော်ဘုရားကလေး(အောင်ဇေ) တို.ကို အားမနာလျင်တောင် ယခုလက်ရှိဖွဲ.စည်းပုံအခြေခံဥပဒေပါ မြန်မာစာသည်ရုံးသုံးဘာသာစကားဖြစ်သည် ဟူသောစာပိုဒ်ကိုတော. လေးစားအားနာသင်.ပါကြောင်း ။

သရ၀ဏ်(ပြည်)
Read More...

အလုပ်သမားကုပ္မဏီအချို့က လုပ်ခလစာတွေမရှင်းပဲလိမ်လည်ထွက်ပြေးသွားတာကို မြို့နယ်အလုပ်သမားရုံးများကလဲဖြေရှင်းမပေးတာကြောင့် လမ်းအလုပ်သမား(၈၀)ခန့် စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြပါတယ်။

Leave a Comment
အလုပ်သမားကုပ္မဏီအချို့က လုပ်ခလစာတွေမရှင်းပဲလိမ်လည်ထွက်ပြေးသွားတာကို မြို့နယ်အလုပ်သမားရုံးများကလဲဖြေရှင်းမပေးတာကြောင့် လမ်းအလုပ်သမား(၈၀)ခန့် စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြပါတယ်။
************************************************************************************


ပဲခူးတိုင်း၊ပေါင်းတည်၊နတ္တလင်း၊မြို့နယ်များအတွင်းက သဖန်းကုန်း(တာပွန်)လမ်း၊လှပခြင်းလမ်း၊ဓမ္မငယ်လမ်း၊စတဲ့ဒေသဆိုင်ရာကျေးလက်လမ်းတွေ ပြုလုပ်ရန်အတွက်နိုင်ငံတော်ကကျေးလက်ဒေသဖွံ့ဖျြုးရေးရံပုံငွေ၊ဘတ်ဂျက် သိန်း(၄၂၀၀)ချထားပေးခဲ့ပြီး၊၂၀၁၃ခု၊မတ်လ ကစတင်ပြီး ၂၀၁၃ခု၊အောက်တိုဘာလမှာ လမ်းများကို ဖွင့်လှစ်ခဲ့ပြီးသည့်တိုင်အောင် လမ်းလုပ်ရာတွင်၊ပုဒ်ပြတ်စံနစ်နဲ့ ၀င်ရောက်လုပ်ကိုင်ခဲ့ကြတဲ့ ဒေသခံ အလုပ်သမား၊ကားသမား၊လူ(၈၅)လောက်ကို ရှင်းပေးရမဲ့ငွေကျပ်သိန်း(၂၀၀)ကျော် ကို အခုထိမရှင်းသေးတာကြောင့်၊အလုပ်သမားတွေဒုက္ခရောက်နေခဲ့ရတာဖြစ်ပါတယ်။အဲဒီလမ်းကို ရွှေလွင်လွင်ကုပ္မဏီ၊က လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး၊နောက် ကံထရိုက်တာဝန်ခံများဖြစ်တဲ့၊ဦးမြင့်ထွန်းနိုင်၊မဂ်လာဈေး(ရန်ကုန်မြို့)နဲ့ ၊ဦးဆန်းလှိုင်-ရတနာအိမ်ယာ၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့ တို့က တာဝန်ယူရှင်းပေးရမှာဖြစ်ပြီး၊ဒီနေ့ထိရှင်းမပေးဘဲ တိမ်းရှောင်လိမ်လည်ထွက်ပြေးနေတာဖြစ်ပါတယ်
မြို့နယ်အလုပ်သမားရုံး၃)ခါလောက်သွားပြောတော့လဲ လူကြီးမရှိဘူး၊ဆိုလို့(မြို့နယ်အုပ်ချုပ်ရေးမှုး)ရုံးကိုသွားပြောတော့မှ ခေါ်ပြီးညှိပေးမယ်ဆိုပြီး သူတို့ခေါ်တာ(၃)ခါရှိပြီ လာပြီးမရှင်းဘူး၊အသက်(၁၆)နှစ်မပြည့်သေးတဲ့၊ခလေးငယ်(၆)ယောက်လောက်ကိုတော့ကျမစိုက်ပြီးရှင်းပေးထားတယ်လို့ ဒေသခံအလုပ်သမားတဦးကအခုလိုရှင်းပြပါတယ်။
ကျွန်တော်တို့ယဉ်(၁၅)စီးလောက်နဲ့ လုပ်ကိုင်ခဲ့ကြတာ ပထမတော့ အနဲငယ်ရှင်းပေးပြီး ကျန်တာတွေကိုနောက်မှရှင်းမယ်ဆိုပြီး အခုထိ ကားအလုပ်သမားနဲ့ ကားခတွေ သိန်း(၅၀)ကျော်လောက်ကိုအခုထိရှင်းမပေးတာကြောင့်ဒုက္ခရောက်နေပါတယ်လို့။ကားအလုပ်သမားတယောက်ကအခုလိုရှင်းပြပါတယ်
။လမ်းစခင်းကထဲက သူတို့က ကံထရိုက်အဆင့်ဆင့် နဲ့လုပ်ကိုင်ခဲ့ကြတာသူတို့လဲထိုက်သင့်တဲ့အကျိုးအမြတ်လဲရထားပြီးသားဖြစ်တယ်၊အခုလဲအလုပ်သမားခတွေ မပေးချေပဲလုပ်သွားတာကိုသိရပြီ၊သူ့အနေနဲ့ အုပ်ချုပ်ရေးပိုင်းကသူတွေနဲ့ တိုင်ပင်ပြီး လုပ်သင့်လုပ်ထိုက်တာကိုတော့လုပ်သွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက အခုလိုရှင်းပြပါတယ်။
အဲဒီဒေသဆက် ကျေးလက်လမ်းတွေ ပြုလုပ်ဖို့အတွက်ကို ဒေသခံ အလုပ်သမားတွေ တနေ့ကို(၁၅၀၀)(၂၀၀၀)(၂၅၀၀)ကျပ်စတဲ့ လုပ်အားခတွေနဲ့ဝင်ရောက်လုပ်ကိုင်ခဲ့ကြ့ပီး၊ကျောက်မြေ၊သယ်ပို့၊ချ ဖို့အတွက် ကားခအပါအ၀င်ကျပ်(၃၇၀၀၀)နဲ့ ၊အသီးသီးဝင်ရောက်လုပ်ကိုင်ခဲ့ကြပြီး၊လမ်းဖွင့်ပွဲပြီးဆုံးသွားသည့်တိုင်အောင်ကုပ္မဏီဖက်က လုပ်အားခတွေ ရှင်းမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့တာ ကြောင့် အလုပ်သမားတွေဒုက္ခရောက်နေရတာဖြစ်ပါတယ်။
ဒေသတွင်းက လမ်းခင်းရာတွင်အသုံးပြုတဲ့ ကျောက်ကြီး ၀ယ်ယူရာမှာလဲငွေချေမှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် နတ္တလင်းမြို့နယ်တရားရုံးမှာတရားစွဲဆိုထားကြောင်းကိုလဲ ကျောက်လုပ်ငန်းလုပ်ကိုင်သူ ဒမငယ်ရွာက ဦးသန်းထွန်းကလဲ DVB ကိုပြောပြပါတယ်။
အဲဒီလုပ်အားခတွေပေးချေမှုမရှိတာနဲ့ပတ်သတ်ပြီး ကံထရိုက်တာဝန်ခံများဖြစ်တဲ့၊ဦးမြင့်ထွန်းနိုင်၊မဂ်လာဈေး(ရန်ကုန်မြို့)နဲ့ ၊ဦးဆန်းလှိုင်-ရတနာအိမ်ယာ၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့ တို့ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းကြည့်ခဲ့ပေမဲ့ ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကိုမင်းညို(DVB)






Read More...

ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၇ ) ဇာတ်သိမ်း ကိုစိန်ဝင်း

Leave a Comment
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၇ ) ဇာတ်သိမ်း

ကိုစိန်ဝင်း

ရှေ.တွင်ရေးသားဖော်ပြခဲ.သော ဥပဒေဘောင်အတွင်းမှအစ်ကိုနှစ်ယောက်မှာ နိုင်ငံကျော်များဖြစ်သဖြင်. ဤအစ်ကိုသည်လည်း မောင်စိန်ဝင်း(ပုတီးကုန်း)ပင်ဖြစ်လေသလော ၊ N.C.G.U.B ပြည်ပြေးအစိုးရမှ ဒေါက်တာစိန်ဝင်းပင်ဖြစ်လေသလော ၊လူထုစိန်ဝင်းပင်ဖြစ်လေသလောဟုမထင်ကြစေလိုပါ ။ ယခုကျွန်တော်ဖော်ပြလတံ.သော ကိုစိန်ဝင်းမှာ ပြည်မြို. တရုတ်စုရပ်ကွက်၊ မြင်းတပ်လမ်း တွင်နေထိုင်သော ဦးစိန်မောင်၏သား ငယ်နာမည်ရော ကြီးနာမည်ရောတစ်ခုတည်းသာဖြစ်သည်. မြင်းလှည်းမောင်းခြင်း ၊တွင်ခုံအလုပ်သမားဖြစ်ခြင်းစသည်.အသက်မွေးဝမ်းကျောင်းများလုပ်ကိုင်စားသောက်သည်. ပြည်မြို.သားမောင်စိန်ဝင်းပင်ဖြစ်လေသည် ။ အနှီ မောင်စိန်ဝင်းသည် ကျွန်တော်၏တတိယအစ်မဖြစ်သည်. မသီတာမေ၏ ချစ်လှစွာသောခင်ပွန်း ၊လင်ယောက်ကျား ဟတ်စဘန်.ဖြစ်လေသည် ။

ကိုစိန်ဝင်း၏ရုပ်ရည်ကိုအလွယ်ကူဆုံးနှင်.အထိရောက်ဆုံးဖော်ပြရလျင် အခြားကိုမကြည်.ပါနှင်. ၄၅ ကျပ်တန်ငွေစက္ကူမှ ရေနံမြေသခင်ဖိုးလှကြီးပုံကိုသာမြင်ယောင်ကြည်.လိုက်ကြစေလိုပါသည် ။ ထိုပုံသည်သူနှင်.ချွတ်စွတ်တစ်ထပ်တည်းတူပေ၏ ။ မသီတာနှင်.ကိုစိန်ဝင်းအိမ်ထောင်ကျသောကာလများတွင်ကျွန်တော်သည် ခုနစ်တန်းကျောင်းသားဘ၀သို.ရောက်ရှိနေပေပြီ ။ ရှေးကဖော်ပြခဲ.သလိုပင် နံပါတ်(၁) အစ်မကြီး တက္ကသိုလ်ပညာတစ်ပိုင်းတစ်စနှင်.မိဘ သဘောမတူသူနှင်.အိမ်ထောင်ကျသွားပြီးသည်.နောက်တွင်ကျွန်တော်.အဖေသည် အတော်စိတ်ဓါတ်ကျသွားပုံရ၏ ။ အလုပ်ကိုလဲဖိဖိစီးစီးမလုပ်တော.သဖြင်. အဘိုးလက်ထက်ကတည်းက ခိုင်ခိုင်မာမာရပ်တည်လာခဲ.သောခေတ္တရာဓါတ်ပုံဆိုင် ဟူသည် . ဓါတ်ပုံဆိုင်လုပ်ငန်းသည် တစ်စတစ်စကျဆင်းလာတော.၏ ။ နောက်ဆုံးတွင် ကျွန်တော်.အဖေသည် ဓါတ်ပုံဆိုင်ပစ္စည်းများကို ပေးသင်.တာပေး ၊ရောင်းသင်.တာရောင်းကာ လုပ်ငန်းကို အပြီးအပိုင်ရပ်စဲလိုက်လေ၏ ။ ထိုအလုပ်အစား ၀င်ငွေအတည်တကျမရှိသော ကော်လံစားသတင်းထောက်တစ်ယောက်ဘ၀ကိုခံယူကာ မိုးလင်းသည်နှင်. ကင်မရာတစ်လုံးကို ကိုင်ကာ အိမ်မှထွက်သွားတော.သည် ။တစ်ခါတစ်ရံ သုံးလေးရက်ပင်အိမ်ကိုပြန်မလာပါ ။ တိုတိုပြောရလျင် ကျွန်တော်တို.အိမ်စီးပွားရေးသည် တရိပ်ရိပ်ကျဆင်းလာတော.၏ ။

ထိုအခါအမေသည်တစ်ဖက်တစ်လမ်းမှဝင်ငွေရစေရန် ပြည်မြို.လမ်းမတော်လမ်းနှင်.စစ်ကဲလမ်းထောင်.တွင် ကော်ရည်ခေါက်ဆွဲ ၊ဆီချက်ခေါက်ဆွဲ ၊အုန်းနို.ခေါက်ဆွဲများကို ဆိုင်ဖွင်.လှစ်ရောင်းချရတော.သည် ။ ထိုလုပ်ငန်းမှာအတော်ပင်အဆင်ပြေပါ၏ ။ သို.သော် အမေသည်အိမ်မှာနေရသည်မရှိ ။ တစ်နေ.လုံး အိမ်မှထွက်ကာ ခေါက်ဆွဲဆိုင်သွားဖွင်.နေရပြီး ညဆယ်နာရီခန်.မှ နေ.စဉ်အိမ်ပြန်လာနိုင်ပေ၏ ။ အဖေကလည်းတစ်နေ.လုံးအပြင်သို.သွားနေသည်ကများသည် ။ ထိုသို.နှစ်လကြာရှည်ဖြစ်လာသောအခါ အိမ်တွင်အုပ်ချုပ်မည်.သူလူကြီးမရှိသဖြင်. လစ်ဟာလာ၏ ။ကျွန်တော်တို.ညီအစ်ကိုမောင်နှမများမှာ ရပ်ကွက်ထဲတွင် မျက်နှာငယ်လာရ၏ ။ အချို.ကအနိုင်ကျင်.သလိုအပြုအမူများကိုပင်ပြသလာကြရာ ထိုအကြောင်းကိုသိသောမိခင်ကြီးသည် ၀င်ငွေပုံမှန်ရနေသောခေါက်ဆွဲဆိုင်ကို ဖြုတ်လိုက်သည် ။ အိမ်နေရင်းဝင်ငွေရစေရန် အိမ်ရှေ.တွင် ကွမ်းယာဆိုင်ကလေးတစ်ဆိုင်တည်လိုက်သည် ။

ထိုအချိန်တွင်မြွေပူရာကင်းမှောင်.သည်.သဖွယ် အစ်မကြီးမာလာဝေသည် သုခမိန်လှိုင်နှင်.အိမ်ထောင်ကွဲကာ ကလေးတစ်ပြုံကြီးလက်ဆွဲ၍ မိဘထံပြန်ရောက်လာရာ ဖခင်ကြီးသည် မိမိကလေးများသာမက သုခမိန်လှိုင်နှင်. မာလာဝေ၏ သားသမီးများကိုပါ မရှိမဲ.ရှိမဲ.ကြားထဲကတင်ကျွေးထားရပြန်ပါသည် (ထိုစဉ်ကသုခမိန်လှိုင်နှင်.တရားဝင်မကွာရှင်းရသေးသဖြင်. ကလေးစားရိတ်ထောက်ပံ.ငွေမရသေးပါ )။ သို.သော် ကျွန်တော်.အဖေရောအမေရောစီးပွားပျက်နေသည်.ကြားမှမြေးများကိုမငြီးမငြူကျွေးမွေးစောင်.ရှောက်ခဲ.သည်မှာ ယခုအခါ ပညာတတ်ကြီးများဖြစ်နေပြီဖြစ်သော မာလာဝေ၏သားသမီးများသည်ကျေးဇူးတရားကိုနားလည်ပါက ကျွန်တော်.ဖခင်နှင်.မိခင်ကိုတစ်နေ.ဆယ်ကြိမ်လောက်ရှိခိုးကန်တော.ဖို.ကောင်းလေသည် ။

လိုရင်းကိုပြန်ကောက်ရလျင်အိမ်ရှေ.တွင်ကွမ်းယာဆိုင် ဖွင်.လှစ်ရောင်းချသောအခါ ကျွန်တော်.အစ်မမသီတာလည်း အလှည်.ကျဆိုင်ထိုင်ရ၏ ။ လောကထုံးစံအရ အဖွားကြီးဖြစ်နေပြီဖြစ်သော ကျွန်တော်.အမေဒေါ်မြင်. ဆိုင်ထိုင်ရောင်းချသည်ထက် အပျိုလေးဖြစ်သောကျွန်တော်.အစ်မ သီတာမေ ဆိုင်ထိုင်ရောင်းချလျင် ပိုရောင်းအားတက်လာ၏ ။ အထူးသဖြင်. လူငယ်လူရွယ်များက ကွမ်းယာဝယ်ရင်း အစ်မကိုလာရောက်ပိုးပန်းကြခြင်းဖြစ်သည် ။အစ်မ သီတာမေကလည်းထိုခေတ်တွင် ပြည်မြို. Holy Star တေးဂီတတွင်ပင်တိုင်အဆိုတော်ဖြစ်ရာပြည်မြို.တွင်အတော်ပင်လူသိများလေ၏။ ထိုသို. ကာလသာများ ဆိုင်သို.၀င်ထွက်နေကြသောအထဲတွင် မောင်စိန်ဝင်းဆိုသော သူငယ်လည်းပါဝင်ရာ ထိုသူငယ်ကိုအမေကြီး ဒေါ်မြင်.သည်အတော် သဘောတွေ.လေ၏ ။ ရိုးရိုးသားသားသိမ်သိမ်မွေ.မွေ.နှင်.မိကောင်းဖခင်သားသမီးဖြစ်ပုံပေါ်သော မောင်စိန်ဝင်းကိုအမေက မသီတာနှင်.သဘောတူသည် ။သူတို.ချင်းကလည်းလူငယ်ချင်းရည်ငံနေကြပြီဟုသိရသည် ။ထို.ကြောင်.အမေသည် မောင်စိန်ဝင်းအား သမီးဖြစ်သူကိုနှစ်သက်ပါကမိဘများကိုခေါ်၍လာရောက်တောင်းရမ်းပါဟု စကားကမ်းလှမ်းသည် ။ ထိုအခါ ကိုစိန်ဝင်းသည် လူကြီးမိဘများကိုခေါ်လာကာ လာရောက်စေ.စပ်ကြောင်းလမ်းသည် ။ နှစ်ဖက်မိဘများကသဘောတူပြီးသတင်းကျွတ်လျင်ပေးစားမည် ဟုမင်္ဂလာပွဲကျင်းပရန် ရက်သတ်မှတ်လိုက်ကြသည် ။ သို.သော် ကျွန်တော်.မိဘများသည် သမီးလေးယောက်ရှိရာတစ်ယောက်မှမင်္ဂလာပွဲကျင်းပရန် ဇာတာပါမလာသည်.သဖွယ် ကိန်းသေပေါက်တွက်ထားသော မသီတာမေ ၏လက်ထပ်ပွဲမှာကျွန်တော်.အစ်မသည်မစောင်.နိုင်မဆိုင်းနိုင်ဝါတွင်းကြီး ကိုစိန်ဝင်းနှင်.ပင် လင်နောက်လိုက်ပြေးခြင်းဖြင်. မင်္ဂလာပွဲနိဌိတံရလေ၏ ။တိုတိုပြောသော် ကိုစိန်ဝင်းနှင်.ကျွန်တော်.အစ်မ သီတာမေ အကြင်လင်မယားဖြစ်သွားကြပေ၏ ။

ကိုစိန်ဝင်းသည် အလွန်ရိုးသောလူတစ်ယောက်ဖြစ်သည် ။သူ၏ စရိုက်ကိုပြန်ပြောင်းစဉ်းစားတိုင်း သတိရမိသည်မှာ အင်္ဂလိပ်စာရေးဆရာကြီးချားလ်ဒစ်ကင်း၏ မျှော်တလင်.လင်. ( Great Expectation ) ဆိုသောဝတ္တုထဲက အဓိကဇာတ်ဆောင် ပစ် (ခေါ်)ဖီးလစ်ပါရစ် ၏ယောက်ဖတော် ဂျိုးဂါဂျရီကိုဖြစ်သည် ။ ဂျိုးဂါဂျရီသည် ပစ်( Pip )၏ယောက်ဖဖြစ်သော်လည်း ညီအစ်ကိုသဖွယ်ပင်ဖြစ်သည် ။ ပန်းပဲဆရာဂျိုးသည်အလွန်သဘောကောင်းပြီး မယားဖြစ်သူ လည်သလောက် သူကအသူဖြစ်သည် ။ အစ်မ၏မြည်တွန်တောက်တီးမှုကို သမီးယောက်ဖနှစ်ယောက်ခံဖော်ခံဖက်ဖြစ်သည် ။လူကောင်ကြီးသလောက်စိတ်ထားနူးညံ.သူဖြစ်သည် ။ ကလေးသာသာ ပစ်နှင်. ညီအစ်ကိုလိုလည်ပင်းဖက်ပေါင်းသူဖြစ်သည် ။ ကျွန်တော်.ယောက်ဖ ကိုစိန်ဝင်းသည် ကျွန်တော်တို.အတွက် ဂျိုးဂါဂျရီလိုယောက်ဖမျိုးဖြစ်သည် ။သူသည် ကျွန်တော်တို.ညီအစ်ကိုများနှင်.တစ်သားတည်းရင်းရင်းနှီးနှီးနေသောယောက်ဖဖြစ်သည် ။ သူကပညာမတတ် ။ သူအိမ်ထောင်ကျသောအခါ သူ.ဖခင်ဦးစိန်မောင်က မြင်းလှည်းတစ်စီးဝယ်ပေးသည် ။ ဤသို.ဖြင်.သူသည် ပြည်မြို.တွင်မြင်းလှည်းဆရာတစ်ယောက်ဖြစ်လာသည် ။ တစ်နေ.တွင်ကိုစိန်ဝင်းသည် ရွက်လှပန်းအိုးကြီးနှစ်လုံးကိုဘယ်ကဘယ်လိုရလာမှန်းမသိအိမ်သို.ယူလာ၏ ။ အစ်မကဘာလုပ်ဖို.လဲဟုမေးလျင် ငါ.ညီ ၊ ညီညီမိန်းမယူလျင် မင်္ဂလာဆောင်မှာသုံးရတာပေါ.ဟု ဆိုလေသည်။ ထိုစဉ်ကကျွန်တော်မှာ ကိုးတန်းကျောင်းသားဘ၀ပင်ရှိသေးရာ အိမ်သားများကသူ.အကြံကိုရယ်ကြလေသည် ။

သူသည်ပညာမတတ်သော်လည်း ယောက်ဖများဆယ်တန်းအောင်၍ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားများဖြစ်လာကြခြင်းကိုသူအလွန်ဂုဏ်ယူသည် ။စကားစပ်မိလျင် ဘာမှတ်သလဲကွ ငါ.ယောက်ဖတွေက တက္ကသိုလ်ကျောင်းသားတွေဟုကြိမ်းဝါးလေ.ရှိသည် ။ သူသည်မြင်းလှည်းမောင်းရင်း အနည်းငယ်သောက်တတ်စားတတ်ဖြစ်လာ၏ ။ အရက်သောက်မှုအတွက်ကျွန်တော်.အစ်မ သီတာမေနှင်.တကျက်ကျက်ရန်ဖြစ်သည် ။ နောက်ဆုံးမြင်းလှည်းမောင်း၍ အရက်သမားဖြစ်သည်ဟု ကျွန်တော်.အစ်မကယူဆကာ မြင်းလှည်းကိုရောင်းလိုက်ပြီး ပြည်မြို.ပန်းတဉ်းတန်းရပ်ရှိ ဦးလူကလေး ၀ပ်ရှော.တွင် အလုပ်သမားဝင်လုပ်၏ ။ ထိုသို.အလုပ်သမားအဖြစ်လုပ်ကိုင်နေစဉ် ရသမျှနေ.တွက်လုပ်အားခကိုကျွန်တော်.အစ်မအားတစ်ပြားမချန်အကုန်အပ်နှံလေ.ရှိသည် ။သို.သော်အရက်သောက်သောအကျင်.မှာပျောက်မသွား ။အစ်မ မသိအောင်တစ်မျိုး သိအောင်တစ်မျိုး ယမကာမှီဝဲတတ်လာသည် ။သို.သော်အရက်သောက်ပြီးမူးယစ်သောင်းကျန်းမှုဟူ၍တစ်ခါမှမရှိ ။ မည်သူ.ကိုမှအနှောက်အယှက်မပေးပဲအေးအေးနေလေ.ရှိသည် ။ အပေါင်းအသင်းမင်သူဖြစ်၍မည်သူကပဲလာခေါ်ခေါ်အရက်ဆိုင်သို.ပါသွားတတ်သည် ။ ၀ပ်ရှော.တွင်လုပ်သက်ကြာလာသည်နှင်. လုပ်ငန်းကျွမ်းကျင်မှုလည်းတိုးတက်လာပြီး နေ.တွက်လုပ်အားခလည်းပိုလာသည် ။ တစ်ဆက်တည်းပင် အရက်ကိုတဖြည်းဖြည်းစွဲသည်.အဆင်.သို.ရောက်လာ၏ ။ မသောက်ရလျင်ခြေတုန်လက်တုန်ဖြစ်လာသည် ။ စက်ပစ္စည်းများနှင်.အန္တရာယ်များသော အလုပ်ကိုလုပ်ကိုင်နေရသည်.အတွက် အရက်ကိုဆက်သောက်နေလျင်ဝမ်ရှော.မှအလုပ်ကိုရပ်ဆိုင်းရလိမ်.မည်ဟုအလုပ်ပိုင်၇ှင်ကသတိပေးသည် ။ ကျွန်တော်.ယောက်ဖသည် အရက်ကိုဖြတ်ဖို.အကြိမ်ကြိမ်ကြိုးစားသည်။ သို.သော် အယ်လ်ကိုဟော၏လွမ်းမို.ချုပ်ကိုင်ခြင်းကိုမရုန်းနိုင်အောင်ခံနေရပြီဖြစ်သောကိုစိန်ဝင်းသည် ယမကာကိုမပြတ်နိုင်ရကား ၀ပ်ရှော.အလုပ်သမားဘ၀မှဈာန်လျှောရရှာတော.၏ ။ထိုအချိန်မှစကာ ကျွန်တော်.အစ်မ မသီတာနှင်.ကိုစိန်ဝင်းသည် အိမ်ထောင်ရေးကွဲလိုက် ပြန်ညှိနှိုင်း၍အဆင်ပြေလိုက်ဖြင်. သံသရာလည်နေရာ ဘယ်နှစ်ကြိမ်ကွဲ၍ ဘယ်နှစ်ကြိမ်ပြန်ပေါင်းကြမှန်းပင်ကျွန်တော် တို.မမှတ်မိတော.ပေ ။ ယောက်ဖသည် လူရိုးလူကောင်းတစ်ယောက်ဘ၀မှ အရက်ကျေးကျွန်ဘ၀သို.ရောက်သွားကာ နောက်ဆုံးတွင်အရက်ဆိုင်မှပင်မပြန်တော.ပဲ အချိန်ရှိသရွေ. သောက်စား၍သာနေပေတော.သည် ။

၁၉၉၆ တွင် ကျွန်တော်မင်္ဂလာဆောင်သောအခါ ကိုစိန်ဝင်းသည်ကျွန်တော်.မင်္ဂလာဆောင်သို.ရောက်လာ၏ ။တစ်ယောက်တည်းရောက်လာခြင်းဖြစ်သည် ။အ၀တ်အစားများမှာလည်း ကပိုကယိုမသေမသပ်ဖြစ်နေ၏ ။ ဘာလာလုပ်သလဲဟုကျွန်တော်.အစ်ကိုအောင်အောင်ကမေးရာ ယောက်ဖရာ ငါ.ညီမင်္ဂလာဆောင်တာဝမ်းသာလွန်းသောကြောင်.လာပါသည် ။ငါ.ကိုယနေ.ညသောက်နိုင်ရန်အရက်ဖိုးမစပါဟုတောင်းသောကြောင်. ကိုအောင်က ပိုက်ဆံထုတ်ပေးလိုက်ရာ ကတိအတိုင်း ဘာမှမနှောက်ယှက်ပဲပြန်သွားသည် ဟူ၏ ။ထိုအကြောင်းကိုနောက်မှ ကျွန်တော်.အစ်ကိုကပြန်ပြော၍သိရသည် ။ ထို.နောက်တွင်ကျွန်တော်.ယောက်ဖမောင်စိန်ဝင်းသည်ပြည်ဘူတာ မီးရထားသံလမ်းအနီးရှိအရက်ဆိုင်တွင် အရက်သမားလုံးလုံးဖြစ်ကာ အချိန်ပြည်.တပ်စွဲနေလေသည် ။ ကျွန်တော်တို.ဖြတ်သွား သည်ကိုမြင်လျင်အရက်ဖိုးထွက်တောင်းလေ.ရှိသည် ။ သူ.မှာထူးထူးအောင်ဟူသော သားတစ်ယောက်ရှိသည် ။ သူ.သားသည် သူ.အဖေအရက်သောက်တာကို၇ှက်သဖြင်. ထိုအရက်ဆိုင်ရှေ.မှတတ်နိုင်သမျှမဖြတ်ပဲနေသည် ။ ကျွန်တော်တို.သည်သူ.ကိုမည်သို.မျှပြုပြင်၍မရသဖြင်. သူ.ထိုက်နှင်.သူ.ကံဟုသာပစ်ထားလိုက်ရတော.သည် ။ တစ်နေ.သောအခါတွင်တော. ..မျှော်လင်.နေခဲ.သောနေ.သို.ရောက်လာသည် ။ ကိုစိန်ဝင်းသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင်.အရက်ဒဏ်ကြောင်.ကွယ်လွန်သွားသည်.သတင်းကျွန်တော်တို.ထံသို.ရောက်လာ၏ ။ ကျွန်တော်ရန်ကုန်မှာရောက်နေသဖြင်.သူ.နောက်ဆုံးခရီးကိုကျွန်တော်လိုက်မပို.လိုက်ရပါ ။

ကျွန်တော်၏ယောက်ဖသုံးဦးတွင်ကိုစိန်ဝင်း၏ဘ၀သည် ကျန်နှစ်ဦးနှင်.မတူ ပေ ။သူသည်နိုင်ငံကျော်တစ်ဦးမဟုတ် ။ သူ.တွင်နိုင်ငံကျော်လောက်သောအရည်အသွေးဘာမှမရှိ ။ သို.သော် သူသည် ဘ၀ကိုအရိုးရှင်းဆုံးနေထိုင်သွားခဲ.သည် ။ မိုက်မဲသော်လည်း ကောက်ကျစ်ယုတ်မာမှု သူ.တွင်ကင်းခဲ.သည် ။ ယောက်ဖသုံးယောက်တွင်ကျွန်တော်တို.နှင်.သဟဇာတအမျှဆုံး ဖြစ်သည် ။ အနုပညာသမားများအနေနှင်.ကျန်နှစ်ယောက်ကိုလေးစားသော်လည်း လူသားတစ်ယောက်အနေနှင်.မူကျွန်တော်တို.သည် ကိုစိန်ဝင်းကိုအမှတ်ပြည်.ပေးခဲ.ပါသည် ။ ထွေလီကာလီ မာယာတွေမပါပဲအရိုးခံအတိုင်းယောက်ဖများကိုခင်မင်ခဲ.သော ကိုစိန်ဝင်းသည်ကျွန်တော်တို.အသည်းနှလုံးထဲတွင်အမြဲပင်စွဲထင်နေတော.မည်ဖြစ်ပါကြောင်းတင်ပြရင်း အပိုင်း (၇) အထိရေးလာခဲ.သော ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများစာမူကိုဤမှာပင်နိဂုံးကမ္မတ်အဆုံးသတ်လိုက်ရပေသည် ။အခါအခွင်.သင်.ပါကဤစာမူသည်ပုံနှိပ်စာလုံးများအဖြစ် ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း ။စောင်.ဆိုင်းဖတ်ရှုအားပေးမှုကိုကျေးဇူးတင်ပါသည် ။

လေးစားစွာဖြင်.

သရ၀ဏ်(ပြည်)
၃၀.၈.၂၀၁၄
Read More...

ဧဒင်ဦး..(စားသောက်ဖွယ်ရာအရောင်းဆိုင်)...မိတ်ဆွေများ စိတ်အေးချမ်းသာစွာ စားသောက်နိုင်မည့်နေရာလေးတစ်နေရာဖြစ်ပါတယ်...ဧဒင်ဦးမိသားစု မှ လှိုက်လှဲစွာကြိုဆိုပါ၏

Leave a Comment

ဧဒင်ဦး..(စားသောက်ဖွယ်ရာအရောင်းဆိုင်)...မိတ်ဆွေများ စိတ်အေးချမ်းသာစွာ စားသောက်နိုင်မည့်နေရာလေးတစ်နေရာဖြစ်ပါတယ်...ဧဒင်ဦးမိသားစု မှ လှိုက်လှဲစွာကြိုဆိုပါ၏

 

 

 ဧဒင်ဦး..(စားသောက်ဖွယ်ရာအရောင်းဆိုင်)
*********************************************
မိတ်ဆွေများ စိတ်အေးချမ်းသာစွာ စားသောက်နိုင်မည့်နေရာလေးတစ်နေရာဖြစ်ပါတယ်
ဧဒင်ဦး မှရရှိနိုင်သော စားသောက်ဖွယ်ရာများ...

လ္ဘက်သုပ်...
ဆေးဘဲဥသုပ်...
မြင်းခွာရွက်သုပ်...
ကျောက်ပွင့်သုပ်...
ငနီတူသုပ်...
ရှောက်သီးသုပ်...
ငါးသေတ္တာ...
ခရမ်းချဉ်သီးသုပ်...
ကြက်ဥမွှေကြော်...
ထမင်းဆီဆမ်း...
ကြက်ဥထမင်းကြော်...
လ္ဘက်ထမင်း...
ထမင်းဖြူ...
ချဉ်စပ်ကြက်ဥ...
ငါးမုန့်ကြော်...
ကြက်ဥပေါင်မုန့်...
ကြက်အူချောင်း...
အမဲခြောက်ကြော်...
ဆိတ်သားလုံးကြော်...
ဆိတ်သားခြောက်ကြော်...
အအေး(အစုံ)...
ကော်ဖီ(အစုံ)...
ကိုရီးယားအကင်(အစုံ) တို့ကိုရရှိနိုင်ပါတယ်..
မိသားစု စားဝိုင်းလည်းပါရှိပါတယ်..စိတ်အေးချမ်းသာစွာစားသုံးချင်သူများအတွက် ဧဒင်ဦး ရှိပါတယ်.. အရက်(သေစာ)လုံးဝ(လုံးဝ)မရောင်းပါ...ဒါ့ကြောင့် စိတ်အေးချမ်းသားစွာစားသုံးချင်သူတိုင်းအတွက် ဧဒင်ဦး...

Section ကြေးမပါတဲ့အတွက်..(၁၅၀၀/ိ)ဖိုးတော့အားပေးရပါ့မည်...
တည်နေရာ...နေနွယ်စိမ်းဇီးခွဲစက် ရှေ့.....န၀ဒေးလမ်းမကြီး...
ဆက်သွယ်ရန်..09 537 04 15....နှင့်....09 423 73 48 76..ကိုဆက်သွယ်နိုင်ပါတယ်..
အေးချမ်းသာယာမှုတွေပေးနိုင်တာ..ဧဒင်ဦး...
စိတ်ချမ်းသာစွာလာရောက်စားသုံးနိုင်တာ..ဧဒင်ဦးပါ......

ဧဒင်ဦးမိသားစု မှ လှိုက်လှဲစွာကြိုဆိုပါ၏







Read More...

ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၆) သရ၀ဏ်(ပြည်)

Leave a Comment
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၆)

သရ၀ဏ်(ပြည်)

ကျွန်တော် မှတ်မိနေသည်မှာ ကျွန်တော်. အစ်မနီလာဆွေနှင်.ယောက်ဖ ကိုဝင်းမြင်. (၀င်းမင်းထွေး )၏အိမ်တွင် ဘုရားစင်မရှိ ၊ နတ်စင်မရှိချေ ။ ကိုဝင်းမြင်.မှာ ကျောင်းသားဘ၀ကပင် နိုင်ငံရေးစာပေများဖတ်ရှုပြီးလက်ဝဲဆန်လာရာ ကျွန်တော်.အစ်မနှင်.အိမ်ထောင်ဦးကာလများတွင် သူသည်ရုပ်ဝါဒီတစ်ဦးအဖြစ်သာရှိနေခဲ.ဟန်တူပေသည် ။ သူ၏တပည်.ချစ်ကောင်းဆိုသောနာမည်သည်ပင်လျင် မြန်မာပြည်ကွန်မြူနစ်ပါတီမှ ဗိုလ်မှူးချစ်ကောင်းဆိုသူ၏အမည်နှင်.ဆင်တူနေပေသည် ။ဝင်းမင်းထွေးရေးသောသီချင်းတစ်ပုဒ်ဖြစ်သည်. “ အပြင်လူ “ ဟူသည်.သီချင်းတွင်ပါဝင်သော

ရဲရဲတွေး
ရဲရဲပြော
ရဲရဲဆုံးဖြတ်လိုက်စမ်း ……..

ဟူသောစာသားများမှာကွန်မြူနစ်ပါတီမှ တပ်နီလူငယ်တို.၏ ဆောင်ပုဒ်နှင်.တူနေသလိုရှိသည် ။
သူတို.ငှားရမ်းနေထိုင်ဲ.သော တောင်ဥက္ကလာရေကန်ကြီးအနီးနေအိမ်တွင်လည်းကောင်း ၊ မြင်သာအိမ်တွင်သော်လည်းကောင်း ၊ပြည်မြို. ကိုးသောင်းရပ်တွင်ငှားရမ်းနေထိုင်စဉ်အတွင်းတွင်လည်းကောင်း ။အိမ်၌ဘုရားကျောင်းဆောင် မရှိခဲ.ချေ ။ ကျွန်တော်.အစ်မသည်လည်းကောင်း ၊ကျွန်တော်.မိဘများသည်လည်းကောင်း ဗုဒ္စဘာသာဝင်များဖြစ်သော်လည်းထိုကိစ္စနှင်.ပါတ်သက်၍ဘာမှဝင်ရောက်စွက်ဖက်ဝေဖန်မှုမလုပ်ခဲ.ပါ ။ သို.သော် အရာရာသည် တဖြည်းဖြည်းပြောင်းလဲလာပါတော.သည် ။ တစ်နေ.တွင်ချောင်းဝဆရာတော်ဘုရားကြီး၏မွေးနေ.တွင် အဆိုတော်ချစ်ကောင်း သွားရောက်ဖျော်ဖြေရာ ဆရာတော်သည် လာရောက်သီဆိုပေးသော အနုပညာရှင်များကို ဓမ္မဒါန ဘုရားမဲဖောက်ပေးခဲ.၏ ။ တိုက်တိုက်ဆိုင်ဆိုင်ပင်ချစ်ကောင်းသည် ဘုရားတစ်ဆူမဲပေါက်ခဲ.၏ ။ သို.သော်ချစ်ကောင်းမှာ ဗုဒ္စဘာသာဝင်တစ်ယောက်မဟုတ်သဖြင်.ထိုဘုရားကို သူ၏ဆရာဖြစ်သော ၀င်းမင်းထွေးအား ဆရာပဲယူသွားလိုက်ပါဆိုပြီး ထပ်ဆင်.လက်ဆောင်ပေးသွားပြန်သည် ။ ၀င်းမင်းထွေးလည်းတပည်.ကိုအားနာသဖြင်.တစ်ထွာခန်.ဘုရားရုပ်ပွားတော်ကလေးကို အိမ်သို.ပင်.ဆောင်လာခဲ.၏ ။

အိမ်သို.ရောက်သောအခါကျွန်တော်.အစ်မကိုပေးသဖြင်.အစ်မကမြင်.မြတ်သောနေရာတစ်ခုတွင် တင်ထားကိုးကွယ်လိုက်လေသည် ။ ထိုဘုရားအိမ်သို.ရောက်လာသည်.နေ.ကစ၍ ၀င်းမင်းထွေးသည် ဗုဒ္စဘာသာကို တဖြည်းဖြည်းစိတ်ဝင်စားလာပုံရသည် ။ ယုံကြည်လာပုံလည်းရသည် ။ တဖြည်းဖြည်းနှင်.သူတို.အိမ်တွင်ဘုရားကျောင်းဆောင်တစ်ခုဖြစ်လာသည် ။ လက်အုပ်ချီ၍ဘုရားကန်တော.တာတွေဘာတွေမြင်လာရစပြုသည် ။ နောက်ပိုင်းတွင် ၀င်းမင်းထွေးသည် ကျွန်တော်တို. မိရိုးဖလာဗုဒ္စဘာသာ သမားများကိုကျော်လွန်ကာ အလွန်ပင်ဘာသာရေးကိုင်းရှိုင်းသောဗုဒ္စဘာသာဝင်တစ်ဦးဖြစ်လာသည် ။ ရန်ကုန်မြို.တွင် သူမရောက်ဖူး မ၀င်ဖူးသောဝိပသနာတရားစခန်းဟူ၍မရှိသလောက်ဖြစ်လာသည် ။ ဆရာကြီးဦးဘခင်၏ငွေစာရင်းမင်းကြီးတရားရိပ်သာ ( IMC ) ၊ ဆရာကြီးဦးဂိုအင်ဂါ၏၀ိပသနာတရားရိပ်သာများတွင် ဆယ်ရက်စခန်းမကြာမကြာဝင်သည် ။ ပြည်မြို.မှကျွန်တော်.မိခင်ကြီးကိုပင်ရန်ကုန်သို.ဖိတ်ခေါ်ကာ ဦးဘခင်ရိပ်သာတွင် တရားစခန်းဝင်ဖို.နှစ်တိုင်းစီစဉ်ပေးသည် ။ သူရေးသောသီချင်းတွေမှာလည်းစာသားတွေသည် တရားသံတွေပါလာ၏ ။

အားလုံးအရိပ်တွေပဲ
ငါဆုပ်ကိုင်လဲ ဘယ်မလဲ ဘယ်အရာကိုသိမ်းပိုက်ပိုင်ဆိုင်ခဲ.သလဲ
ကျော်ကြားခြင်းလား စည်းစိမ်ချမ်းသာခြင်းလား
ထာဝစဉ်တည်မြဲသော ပရမတ္တသစ္စာမဟုတ်လေတယ်
( ဇော်ဝင်းထွဋ် ၊ အရိပ်ရဲ.အရိပ်များ ) ။

ကိုဝင်းမြင်.ဘ၀မှာရော ၀င်းမင်းထွေးဘ၀မှာရော သူသည် စိတ်ကောင်းရှိသည် ။သို.သော် အပြောဆိုးသည် ဟုနာမည်ကြီးသည် ။ သူသည်ခေါင်းဆောင်စိတ်ရှိသည် ။အနုပညာမာနကြီးသည် ။ လူတစ်ဖက်သားနားဝင်အောင်ချိုချိုသာသာမပြောတတ် ။ပိသလေးနှင်.ဘေးထုသလိုပြောတတ်သည် ။ သူ၏မိခင်နှင်.ပင် သိပ်ပြီးချိုချိုသာသာမပြောတတ် ။ သူစကားပြောလျင် လူတွေကိုတစ်ခါတစ်ရံအော်ငေါက်နေသလိုထင်ရသည် ။ ထို.ကြောင်.အကြောင်းမသိသူတွေကသူ.ကိုလန်.ကြသည် ။ သို.သော်စိတ်ရင်းကောင်းပါသည် ။ ဂီတလောကတွင်ခိုးကူးခွေများစတင်ပေါ်ထွန်းလာကာစက ဤပြသနာသည်တစ်နေ.နေ.တွင်ဂီတလောကဈေးကွက်ပျက်သည်အထိဖြစ်လိမ်.မည်ဟုသူသိသောကြောင်. အားလုံးကိုအစည်းအဝေးခေါ်ပြီးခိုးကူးခွေဆန်.ကျင်ရေးကိစ္စဖိဖိစီးစီးဝိင်းလုပ်ကြဖို. ဦးဆောင်တိုက်တွန်းသည် ။ ထိုစဉ်ကဂီတအစည်းအရုံး ဥက္ကဌမှာအကော်ဒီယံအုန်းကျော်ဖြစ်သည် ။ ဦးအုန်းကျော်၏ဆောင်ရွက်မှုများကိုသူသိပ်အားမရ ။ထို.ကြောင်.ခိုးကူးခွေတိုက်ဖျက်ရေးအတွက် သူ.မိတ်ဆွေဂီတသမားများ ၊အဆိုတော်များကိုဖိတ်ကာ သီးသန်.အစည်းအဝေးထိုင်သည် ။ ထိုကိစ္စကိုအမြင်မကြည်လင်သူများက ၀င်းမင်းထွေးဂီတအစည်းအရုံးကိုစင်ပြိုင်ထောင်နေသည်ဟု ဥက္ကဌအကော်ဒီယံအုန်းကျော်ကိုသွားအတို.အထောင်လုပ်သည် ။ သေသေချာချာမစုံစမ်းသော အကော်ဒီယံအုန်းကျော်က ဂီတအစည်းအ၇ုံးဥက္ကဌဆိုသောလုပ်ပိုင်ခွင်.ကိုသုံးကာ ၀င်းမင်းထွေးကိုသီချင်းရေးခွင်.နှစ်အကန်.အသတ်မရှိပိတ်ပင်လိုက်သည် ။

မာနကြီးသောဝင်းမင်းထွေးသည် အကော်ဒီယံအုန်းကျော်ကိုသွာလဲမတွေ. ၊သွား၍လဲရှင်းမပြ ။တောင်းလဲမတောင်းပန်ပဲ ပေခံခဲ.သည် ။ ထိုကာလသည် စတီရီယိုဂီတလောကတွင် ဈေးကွက်အကောင်းဆုံး နှစ်များဖြစ်သည် ။ တေးထုတ်လုပ်ရေးများမှ ပြန်ဆိုတေးများဟောတစ်ခွေဟောတစ်ခွေ ထုတ်နေသောကာလဖြစ်သည် ။ခိုးကူးခွေလောကသည် ယနေ.ခေတ်လောက်မကျယ်ပြန်.သေး ။ဂီတလောက အသက်မထွက်မီ နောက်ဆုံးတောက်ပနေသောရွှေရောင်ကာလများဖြစ်သည် ။ထိုခေတ်ကောင်းကြီးတွင် နာမည်ကြီးတေးရေးဆရာများလက်မလည်အောင်သီချင်းတွေရောင်းနေရသော်လည်း ၀င်းမင်းထွေးမှာ ဂီတအစည်းအရုံးနှင်.စာပေစိစစ်ရေး ပူးပေါင်းနှိပ်ကွက်မှု ကြောင်.ငုတ်တုတ်ထိုင်နေရသောကာလဖြစ်သည် ။ ထိုအခါ ၀င်းမင်းထွေး၏မိတ်ဆွေများဖြစ်သော တေးရေးမောင်သစ်မင်း၊ နှင်.အခြားမိတ်ဆွေများက သူ.ကိုကူညီကြသည် ။ ကူညီပုံမှာ တေးသီချင်းခွေများ ပြန်ဆိုတေးများခွေထုတ်လျင် ၀င်းမင်းထွေး၏သီချင်းတစ်ပုဒ် နှစ်ပုဒ်ကို စီးရီးခွေထဲမှာထည်.သွင်းသီဆိုစေသည် ။ ကိုယ်.မိတ်ဆွေဝင်ငွေရစေချင်သောကြောင်.ဖြစ်သည် ။တေးရေးခကိုဝင်းမင်းထွေးကိုပေါက်ဈေးအတိုင်းရှင်းပေးသည် ။သို.သော်စာပေစိစစ်ရေးကိုမျက်လှည်.ပြရန် တေးရေးနေရာတွင် မောင်သစ်မင်းဟုအမည်တပ်လိုက်ရသည် ။ ထိုကာလများတွင် တေးရေးဝင်းမင်းထွေး၏ နာမည်ကြီးသီချင်းအချို.သည် တေးရေးမောင်သစ်မင်းအမည်ဖြင်.မကြာခနထွက်လာသည် ။ဥပမာ ပလေးဘွိုင်သန်းနိုင်သီဆိုနာမည်ကြီးခဲ.ပြီးဟေမာနေ၀င်း ၊ ထူးအိမ်သင်တို.ပြန်ဆိုခဲ.သော ပထမဆုံးအသည်းကွဲဇာတ်လမ်းဟူသည်.သီချင်း

“ သူ.အမုန်းများနဲ.ရေးချစ်ခဲ.တဲ.အသည်းကွဲဇာတ်လမ်းလေး
ငါ.ရဲ.အချစ်ဟာဖူးသစ်စမှာကျိုးလို.ကြေမွသွား သူဟာအစိမ်းလိုက်ခွဲပြီးအသည်းကိုလွင်.ပစ်ခဲ.အဝေးသို.ထွက်သွား
တစ်သက်လုံးမေ.လို.မရတော.အသည်းထဲကလန်. ဆေးရုပ်ထိုးပြီးထားအသည်းမှာစွဲထင်ဖျောက်ဖျက်မရ
ငါတော.သွေးပျက်လို.ရုန်းထွက်ဖို.ကြိုးစားလည်းမလွတ်မြောက်တော. …..”

ဤသည်မှာနမူနာတစ်ပုဒ်ကိုထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါသည် ။ ထိုသီချင်းမျိုးများစွာ အသုံးပြုခဲ.ပါသည် ။သီချင်းအသစ်တော.ရေးမပေး ။သီချင်းအဟောင်းများကိုသာ မောင်သစ်မင်းနာမည်နှင်. ရောင်းခြင်းဖြစ်သည် ။သီချင်းစာအုပ်မှာရော VCD မှာရော တေးရေးမောင်သစ်မင်းဟု စာထိုးရသည် ။ကိုသစ်မင်းသည်ကြားမှဘာပွဲစားခမှမယူ ၀င်းမင်းထွေးကိုသက်သက်မဲ.ကူညီခြင်းဖြစ်သည် ။ ပရိသတ်ကမသိသော် လည်း ဂီတလောကသားခြင်းကတော. ဒါဘယ်သူ.သီချင်းဆိုတာခွဲပြီးသိကြသည် ။ထိုစဉ်ကကျွန်တော် နှုတ်မှဖွင်.မပြောသော်လည်းစိတ်ပူနေတာတစ်ခုရှိသည် ။အကယ်၍များ ကျွန်တော်.ယောက်ဖရော မောင်သစ်မင်းရောတပြိုင်နက်ကွယ်လွန်သွားကြလျင် နောင်သောအခါ သီချင်းမူပိုင်ခွင်.တွေရှင်းမရအောင်ရှုပ်ကုန်တော.မည်.အရေးကိုတွေးမိခြင်းဖြစ်သည် ။ ကျွန်တော်တွေးခဲ.သလိုပင် မောင်သစ်မင်းသည်ယခုအခါကွယ်လွန်သွားခဲ.ပြီဖြစ်သည် ။ သို.သော် ကံကောင်းထောက်မစွာပင် အချိန်ကာလတစ်ခုတွင် အကော်ဒီယံအုန်းကျော်သည် ဂီတအစည်းအရုံးရာထူးမှ လျောကျသွားပါသည် ။သူ.နေရာတွင် ယုဇနတို. ၊ဖြိုးကြီးတို.၏ ဖခင် ဟင်္သာတမြင်.ငွေတက်လာသည် ။ကျွန်တော်.ယောက်ဖအပေါ်ချမှတ်ထားသော သီချင်းမရေးရအမိန်.လည်းပျက်ပြယ်သွားသည် ။ အားလုံးသည်အခြေအနေပြန်ကောင်းသွား၏ ။သို.သော် သူစိုးရိမ်တကြီးသတိပေးခဲ.သော ခိုးကူးခွေပြသနာမှာတစတစနှင်.အတော်ကြီးလောင်မြိုက်နေသောအခြေရောက်ခဲ.လေပြီ ။ တေးသံသွင်းဆိုင်များ စီးရီးခွေတစ်ခုပြီးတစ်ခုအရှုံးပေါ်သည် ။ အလွန်အောင်မြင်သောစီးရီးပင် အရင်းပြန်ရဖို.အနိုင်နိုင်ဖြစ်လာသည် ။ တေးထုတ်လုပ်ရေးလုပ်ငန်းများတစ်ခုပြီးတစ်ခုပြိုလဲသည် ။ယနေ.ခေတ်တွင် တေးထုတ်လုပ်ရေးလုပ်ငန်းမရှိသလောက်နည်းပါးသွားသည် ။ခိုးကူးသည်တရားဝင်သဖွယ်တစ်နိုင်ငံလုံးကိုကြီးစိုးသွား၏ ။

ဝင်းမင်းထွေးသည်သူဘ၀ဇာတ်ကြောင်းကိုသိုဝှက်ထားတတ်သူမဟုတ် အင်တာဗျူးများတွင်အိပ်သွန်ဖာမှောက်အကုန်ပြောခဲ.ပြီးဖြစ်သည် ။ထိုမျှမကသေး သူ.ဘ၀ဇာတ်ကြောင်းကို ကိုယ်တိုင်ရေးပုံတူ ဟူသည်.အမည်ဖြင်. လုံးချင်းစာအုပ်အသေးလေးတစ်အုပ်ပင်ထုတ်လိုက်သေးသည် ။ ထို.ကြောင်.သူ.အကြောင်းမှာများများစားစားရေးကွက်မရှိတော.ပေ ။ သူ.တွင် သားသမီးသုံးဦးရှိ ၏ ။အကြီးဆုံးသားကြီးမှာ အာကာဝင်းမင်းထွေးဖြစ်သည် ။ အာကာသည် ဂီတ၀ါသနာပါ၏ ဟစ်ဟော.သီချင်းများကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသေးသည် ။သူ.သူငယ်ချင်းများနှင်. D.N.A ဆိုသော ဟစ်ဟော.ဂီတအဖွဲ.လေးကိုပင် ဖွဲ.ထားသည် ။ သူ.ဘာသာပိုက်ဆံစု၍ စီးရီးတစ်ခွေ အသံသွင်းသည် ။ ပိုက်ဆံနည်းနည်းရှိသည်နှင်.အသံဖမ်းစတူဒီယိုသို.သွားကာ သီချင်းတစ်ပုဒ်သွားသွင်းတတ်သည် ။နောက်ဆုံး၍ စီးရီးတစ်ခွေစာရ၏ ။ သူ.ခွေကိုတေးသံသွင်းဆိုင်တစ်ခုက၀ယ်သည် ။ VCD ပင်ရိုက်သေးသည် ။သို.သော် ဂီတလောကဈေးကွက်ပျက်နေသဖြင်. တရားဝင်မထုတ်ဖြစ်ချေ ။ သူလည်းစိတ်ဓါတ်ကျကာ စင်္ကာပူသို.ထွက်သွားသည် ။သူကျွမ်းကျင်သောကွန်ပျူတာဆော.၀ဲလ်ပညာဖြင်. Singapore Management University ( SMU ) တွင်ပညာရှင်အဖြစ်အလုပ်လုပ်နေသည် ။ ဒုတိယကလေးသည် သမီးဖြစ်သည် ။ ဘရဏီဝင်းမင်းထွေးဟုအမည်ရ၏ ။သူက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာအဓိကဖြင်.ဘွဲ.ရပြီး ဂျပန်တွင်ကျောင်းဆက်တက်ရင်းအလုပ်လုပ်နေသည် ။သူက ၀တ္တုလေးတွေဘာသာပြန်ရတာဝါသနာပါသည် ။ဂျပန်ဝတ္တုတိုလေးတွေကိုဘာသာပြန်ပြီးကျွန်တော်.ကိုပြတတ်သည် ။ အငယ်ဆုံးသမီးမှာ ၀င်းမင်းရွှေရင်အေးဖြစ်သည် ။ သူ.ကိုအိမ်တွင် ရွှေရင်အေးဟုပဲခေါ်သည် ။ သူမွေးလာသောအခါ ၀င်းမင်းထွေးက မေဆွိသီဆိုရန် သမီးနာမည်ပါသောသီချင်းတစ်ပုဒ်ကိုရေးသည် ။

“ ရင်မှာနွေရာသီလို
သောကတွေပြေစေဦးမယ်ရွှေရင်အေး ကိုကိုပေါ. ကိုကိုရယ်
အသည်းထဲမှာပူလောင်တဲ.အလွမ်းတွေအရည်ပျော်သွားမယ်
ရွှေရင်အေးကိုကိုပေါ.ကိုကိုရယ် …ရွှေရင်အေးအချစ် ရွှေရင်အေး”

ရွှေရင်အေးသည် သူ.နာမည်ကိုမကြိုက်။ ထို.ကြောင်.သူ.ဘာသာ ရွှေရည်ဧပရယ်လ်ဆိုပြီးအမည်ပြောင်းပစ်သည် ။ သူကသီချင်းဆိုရတာဝါသနာပါသည် ။ မော်ဒယ်လျောက်ရတာဝါသနာပါသည် ။အနုပညာလမ်းကိုသူပဲသည်းကြီးမည်းကြီးလျောက်လှမ်းနေလေသည် ။ ဤစာကိုရေးချိန်တွင်ကျွန်တော်.ယောက်ဖသည်တရားစခန်းဝင်နေ၏ ။ သူက တရားစခန်းများကိုပဲ ဆက်တိုက်ဝင်နေသည် ။ နောင်တွင်ဘုန်းကြီးဖြစ်မလားမသိ ။ သူရေးသောသီချင်းနှင်.ပင်သူ.အကြောင်းပိတ်ရမည်။

“ ဘာတွေကိုယုံကြည်ရမလဲဟေ.
ငါအနာဂါတ်မယုံသေးဘူး “

--------------------------------------------------------

ကျွန်တော်စာရေးသက် (၂၅)နှစ်ပြည်.ကာမှ ကျွန်တော်.ယောက်ဖများအကြောင်းရေးရသည်မှာအကြောင်းရှိသည် ။ ကျွန်တော်သည် အစ်မကြီးမာလာဝေနှင်.ပါတ်သက်၍သုခမိန်လှိုင်နှင်.သမီးယောက်ဖတော်ခဲ.သည်.အကြောင်းကိုရော ၀င်းမင်းထွေးသည်ကျွန်တော်.အစ်မ နံပါတ်(၂) ၏ ခင်ပွန်းဖြစ်သည်ကိုရော မည်သူ.ကိုမျှစတင်ပြီးမပြောခဲ.ပါ ။ ပြောလေ.ပြောထမရှိပါ ။ သူတို.နှင်.ပြသနာရှိ၍မဟုတ် ကိုယ်.ခံယူချက်နှင်.ကိုယ်ဖြစ်သည် ။ကျွန်တော်စာပေနယ်သို.၀င်ကာစက သူတို.နှစ်ယောက်သည် လျမ်းလျမ်းတောက်ကျော်ကြားနေကြပြီ ။သူတို.လောင်းရိပ်သည်ကျွန်တော်.ကိုပိသလိုဖြစ်နေသည် ။ ကျွန်တော်.ကိုမိတ်ဆက်ပေးရာတွင်ပင် ဒါသုခမိန်လှိုင်ရဲ.ယောက်ဖလေ ဟုတစ်မျိုး သူက ၀င်းမင်းထွေးရဲ.ညီပေါ. သူ.အစ်မက ကိုထွေးဇနီးပေါ. ဟူ၍ တစ်ဖုံမိတ်ဆက်ပေးကြသည်များကိုခံခဲ.ရသည် ။ ကျွန်တော်သည်ဘယ်သူဘယ်ဝါ၏ ညီပါဟု ပြောဆိုမိတ်ဆက်ပေးခြင်းကိုခံချင်သူမဟုတ် ။ သူတို.အရှိန်အ၀ါကိုမှီပြီးတက်ချင်သူမဟုတ် ။ကိုယ်.အားကိုယ်ကိုးချင်သူဖြစ်သည် ။ ဒါသရ၀ဏ်.ယောက်ဖလေ ဟုမိတ်ဆက်ပေးတာကိုသာခံချင်သူဖြစ်သည် ။ ထို.ကြောင်.စာပေလောကသို.၀င်ရာတွင် ကျွန်တော်.ယောက်ဖ၀င်းမင်းထွေးထုတ်ဝေခဲ.သောဟန်သစ်မဂ္ဂဇင်းမှာပင် စာမူတစ်ခါမှမပို.ဖူးခဲ. ။ ကိုဝင်းမင်းထွေးမဂ္ဂဇင်းကို ၊ ကိုတင်ကိုအောင်အားလွဲပြောင်းရောင်းချပြီးနောက်မှသာ ကဗျာများ ၊၀တ္တုတိုများရေးသားပေးပို.ရာပုံနှိပ်ဖော်ပြခံခဲ.ရသည် ။ ကျွန်တော်သည်စာပေလောကကိုဘယ်တုန်းကမှ နောက်ပေါက်ကမ၀င်ခဲ. ။ ကျွန်တော်.စာမူလေးပို.ပေးပါဟုဆိုကာ နိုင်ငံကျော်ယောက်ဖများအားလည်းတစ်ခါမှအကူအညီမတောင်းဖူးခဲ. ။ ထိုအတွက်လိပ်ပြာသန်.ပါသည် ။

စာရေးကာစကကျွန်တော်.ကို သုခမိန်လှိင်၏ယောက်ဖ ၊၀င်းမင်းထွေး၏ယောက်ဖဟုလူတွေကမိတ်ဆက်ပေးတာမကြာခနကြုံရတော.ကျွန်တော်မကြေနပ် ။ဘာမှလည်းမတတ်နိုင် ။ထို.ကြောင်.အောက်ပါကဗျာကို ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းသို.ပို.လိုက်ရာပါလာသည် ။

“ မိတ်ဆက်ခြင်း”

မာရ်နတ်ရဲ.ယောက်ဖလို.
ငါ.ကိုမိတ်ဆက်မပေးနဲ.
ဗင်းဆင်.ဗန်ဂိုးရဲ.ညီလို.
ငါ.ကိုမိတ်ဆက်မပေးနဲ.
ဘရက်ပစ်ရဲ.သူငယ်ချင်းလို.
ငါ.ကိုမိတ်ဆက်မပေးနဲ.
လီယိုနာဒိုဒါဗင်ချီရဲ.ဆရာလို. ငါ.ကိုမိတ်ဆက်မပေးနဲ.
ဘေလ်ဂိတ်ရဲ.ကျောင်းနေဘက်လို. ငါ.ကိုမိတ်ဆက်မပေးနဲ. ။
ကြီးမားထည်ဝါသောဂုဏ်ပုဒ်ကြီးများနဲ.
ငါ.ကိုမိတ်ဆက်မပေးနဲ. ။
သူတောင်းစားတစ်ယောက်ရဲ.အိမ်နီးချင်းလို.
ငါ.ကိုမိတ်ဆက်မပေးနဲ.
ရေသောက်မြစ်မရှိတဲ.အပင်တွေနဲ.
ငါ.ကိုမိတ်ဆက်မပေးနဲ.
အတတ်ပညာနဲ.ဖျော်ထားတဲ. ဆားငံရည်တွေနဲ.
ငါ.ကိုမိတ်ဆက်မပေးနဲ. ။

ငါသေသွားတဲ.အခါ
ငါ.အုတ်ဂူမှာ
ငါလို. ကဗ္မည်းထိုးလိုက်ရင် ရပါပြီ ။

သရ၀ဏ်(ပြည်)
၂၀၀၈ ဒီဇင်ဘာရုပ်ရှင်တေးကဗျာ ။

(ဆက်ရန် )
Read More...

အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး

Leave a Comment
အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး

ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာ မက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူး ဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်

ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါတယ်။

နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်အများကြီး မပေးနိုင်ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင် ပါတယ်။

Ref -healthnews
Read More...

Facebook Like Page