Saturday, February 28, 2015
တောင်သူဦးကြီးများနေ့ အတွက် တောင်းဆိုချက်(၃)ချက်ပါ ဆန္ဒပြ
Leave a Comment
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ တွင် ယနေ့ 1.3.2015 ရက်နေ့ မနက်(၉း၀၀)အချိန်က တောင်သူဦးကြီးများနေ့ အတွက် တောင်းဆိုချက်(၃)ချက်ပါ
ဆန္ဒပြပွဲတစ်ခု ပြုလိုက်ကြောင်း သတင်းရရှိခဲ့ပါတယ်။
အဆိုပါဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ ဦးဝင်းလှိုင် မှ ...
တောင်သူလယ်သမားတွေ ဘာ့ကြောင့် ဒုက္ခရောက်နေရသလည်းဆိုတော့ ရပ်/ကျေး
မြို့နယ် ခရိုင်မှာ ရှိနေကြတဲ့ လယ်/ယာမြေကော်မရှင်တွေအလုပ်မလုပ်လို့ပဲ ...သမ္မတမှာသာ အမှန်တကယိအာဏာရှိမယ်ဆိုရင် အဖမ်းဆီးခံလယ်သမားတွေကို သမ္မတ ကိုယ်တိုင် လက်မှတ်ထိုးပေးပြီး လွတ်ပေးလို့ရတာပဲ အခုက သမ္မတအထက်မှာ
ကာကွယ်ရေး နဲ့ အုပ်ချုပ်ရေးကရှိနေလို့ ပေါ့...ဟုပြောကြားခဲ့ပါတယ်။...
မနေ့က စည်တန်းလှည့်လည်ခွင့်တင်တယ်ကြားတယ် အဲဒိတော့ အရေးယူဖို့မရှိပါဘူး
ခွင့်ပြုမိန့်ရထားမှု့ကြောင့် ဘာမှ အရေးမယူဘူး..ဟု ပြည်သတင်း မှဖုန်းဆက်မေးမှု့ကို
ပြည်မြို့မ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။
အထက်ဖော်ပြပါ ဆန္ဒထုတ်ဖော်မှု့တွင် အင်အား(၂၅)ဦးခန့်ပါဝင်ခဲ့တာဖြစ်ပြီး  
၁။ကျေးဇူးရှင်တောင်သူဦးများ၏ လယ်/ယာမြေများကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးပါ (ပြည်ခိုင်ဖြိုး)အစိုးရ။
၂။ကျေးဇူးရှင်တောင်သူဦးကြီးများ ရင်ဆိုင်နေရသော အမှု့များ/ထောင်ကျနေသောလယ်သမားများကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။
၃။ထောင်ကျနေသော ကျေးဇူးရှင်တောင်သူဦးကြီးများ/အကျဉ်းသူ/သား များအားလုံးကို နိုင်ငံတော်သမ္မတအမိန့်ဖြင့်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။
ဟူသောဗီနိုင်စာသားပါတစ်ချပ်ကိုင်ဆောင်ထားပြီး ဆန္ဒထုတ်ဖော်မှု့ကို ဗိုလ်ချူပ်မြင်းစီးကြေးရုပ် မှ ရွှေဆံတော်ဘုရားကြီး မြောက်ဘက်မုဒ်ဝ နာရီစဉ်အနီး
ထိုမှ ဗိုလ်ချူပ်မြင်းစီးကြေးရုပ်အထိ ပြန်လည်ချီတက်ခဲ့ရာ (၉း၃၀)အချိန်ခန့်တွင် ပြီးမြောက်သွားကြောင်း သတင်းရရှိခဲ့ပါသည်။...
သတင်းရေးသားတင်ဆက်သူ.....
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
ပြည်မြို့တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် လယ်ယာမြေရရှိရေး လယ်သမားများ လွတ်မြောက်ရေး တောင်းဆို ပြည့်သဲမောင်(ပြည်)09 4236 71883 နောက်ဆက်တွဲသတင်းဆက်လက်ဖော်ပြပါမည်။
Leave a Comment
ပြည်မြို့တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် လယ်ယာမြေရရှိရေး လယ်သမားများ လွတ်မြောက်ရေး တောင်းဆို
မတ်လ ၂ ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မတ်လ ၁ ရက်
၌ သိမ်းဆည်းလယ်ယာမြေပြန်လည်ရရှိရေး ဖမ်းဆီးခံ လယ်သမား
များ ပြန်လည်လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို ခဲ့ကြသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
နောက်ဆက်တွဲသတင်းဆက်လက်ဖော်ပြပါမည်။
Read More...
ခွေးလိုက်ရိုက်သူ နိုင်ငံခြားသား (၃)ဦးအမှုဖွင့်ခံရ နိုင်ငံခြားသားများကလည်း ခွေးပိုင်ရှင်ကိုအမှုပြန်ဖွင့် ပြည့်သဲမောင်(ပြည်)09 423671883
Leave a Comment
ခွေးလိုက်ရိုက်သူ နိုင်ငံခြားသား (၃)ဦးအမှုဖွင့်ခံရ နိုင်ငံခြားသားများကလည်း ခွေးပိုင်ရှင်ကိုအမှုပြန်ဖွင့်
ပြည့်သဲမောင်(ပြည်)09 423671883
ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့တွင် လိုက်ဆွဲသည့်ခွေးများကို ရိုက်ရန်
 နေအိမ်တစ်လုံးအတွင်း ကျူးကျော် ၀င်ရောက်ခဲ့သည့် သြစတြေးလျနိုင်ငံ သား (၃)ဦးကို ခွေးပိုင်ရှင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် အမှုဖွင့်တိုင်တန်း
ထားပြီး နိုင်ငံခြားသားများကလည်း ခွေးပိုင်ရှင်ကို ပြန်လည်အမှုဖွင့်တိုင်တန်း ခဲ့ကြောင်း မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ခွေးလိုက်ရိုက်တဲ့ နိုင်ငံခြားသားသုံးဦးကိုအမှုဖွင့်ထားတယ်။နိုင်ငံခြားသား
တွေကလည်း သူတို့ကိုခွေးထွက်ကိုက် တယ်ဆိုပြီး ပြန်အမှုဖွင့်တယ်”ဟု
 ပြည်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။
ဖေဖော်ဝါရီ၂၇ ရက် မနက် ၆နာရီက ပြည်မြို့ ရွာဘဲရပ်ကွက်ရတနာ
မာန်အောင်ကွက်သစ် အိမ်အမှတ်(၂) ဒေါ်စိန်စိန်၏ နေအိမ်တွင်မွေး
ထားသော ခွေး(၃)ကောင်သည် မော်တော်ယာဉ်ဖြင့်ဖြတ် သွား
သည့် ရွှေပြည်မြေစိုက်ပျိုးရေးကုမဏီမှ စိုက်ပျိုးရေးပညာရှင်  သြစတြေးလျှ နိုင်ငံသားသုံးဦးကို လိုက်ကိုက်ခဲ့ရာ ၀တ်ဆင်ထားသည့် အ၀တ်အစားများစုတ်ပြဲခဲ့ရသည်။
ညနေ(၅)နာရီတွင်သြစတြေးလျ နိုင်ငံသား(၂)ဦးက ဒေါ်စိန်စိန်၏ နေအိမ်ခြံတံခါးသော့အား ပုဆိန် ၊တူ ၊လှံ ၊ ဓါး တို့ဖြင့်ထုရိုက် ၀င်ရောက်ခဲ့ကြပြီး ကျန်တစ်ဦးက ခြံစည်းရိုးအုတ်တံတိုင်းအား ကျော်၍ ၀င်ရောက်ခဲ့ကြသည်။
နေအိမ်ခြံဝန်းထဲသို့ရောက်သောအခါ နိုင်ငံခြားသားတစ်ဦးက ဒေါ်စိန်စိန်
လက်မောင်းနှစ်ဖက်ကိုညှစ်ကိုင်စောင့်တွန်းသဖြင့်ဒေါ်စိန်စိန်မှာညာဘက်
လက်မောင်းညိုမဲဒဏ်ရာများရရှိခဲ့သည်။ နိုင်ငံခြားသားများ ၏ ဖျက်စီး
မှုကြောင့် ဒေါ်စိန်စိန်၏ ခြံစည်းရိုး သော့ခလောက် (၂)လုံးနှင့် သံပန်းတံခါး ပိန်လိန် ပျက်စီခဲ့ရကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင်ဖော်ပြထားသည်။
ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဒေါ်စိန်စိန်က ရွာဘဲရပ်ကွက် အုပ်ချုပ်ေ၇းမှူးရုံးသို့ တိုင်တန်းခဲ့သော်လည်း ကျေနပ်မှုမရသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင်
 မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်း ခဲ့ရာ ပြည်မြို့မ ရဲစခန်းက သြစတြေး
လျ နိုင်ငံသားသုံးဦးကို (ပ)၁၄၃/၂၀၁၅ ပြစ်မှုပုဒ်မ - ၃၅၄ /၄၄၇/ ၃၂၃/
၄၂၇  အရအမှုဖွင့်ခဲ့သည်။
သို့သော် အိမ်မွေးတိရစ္ဆာန်ကို မဆင်မခြင်ထားသည်ဟုဆိုကာ
 နိုင်ငံခြားသားများက ပြန်လည်တိုင်တန်းသဖြင့် ဒေါ်စိန်စိန်အား (ပ)၁၄၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၈၉ ဖြင့်ပြန်လည် အမှုဖွင့်ခဲ့သည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
Read More...
နှစ်ပေါင်း(၄၀)ကျော်ပျောက်ကွယ်နေသော နွားပြိုင်ပွဲ ရွှေနတ်တောင်ဘုရားပွဲတော်တွင် ပြန်လည်ထည့်သွင်းကျင်းပခဲ့
Leave a Comment
နှစ်ပေါင်း(၄၀)ကျော်ပျောက်ကွယ်နေသော နွားပြိုင်ပွဲ ရွှေနတ်တောင်ဘုရားပွဲတော်တွင်
ပြန်လည်ထည့်သွင်းကျင်းပခဲ့
****************************************************************************************************************************
ပြည်မြို့နှင့်(၁၇)မိုင်ဝေးကွာသော  ရွှေနတ်တောင်စေတီတော်မြတ်ကြီးအရောက်
သတင်းထောက်များ စုံလင်စွာ ပြည်မြို့ မှ ရွှေတောင်မြို့ မှ ရွှေနတ်တောင်ဘုရား
ကြီးရှိရာ တစ်ဝက် တစ်ပျက် ခင်းထားသော လမ်းအို လမ်းပျက် ကတ္တရာလမ်းလေး
မှ ဆိုင်ကယ်ကိုယ်စီဖြင့် ခရီးနှင်လာခဲ့ရာ...
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ရှေးဟောင်း
သမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင်(၁၇၇)ကြိမ်မြောက် ဘုရားပွဲ
ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါဘုရားပွဲတော်တွင်း ထူးခြားစွာဖြင့် နှစ်ပေါင်း(၄၀)ကျော် ပျောက်ကွယ်နေခဲ့
သော နွားအလှပြိုင်ပွဲကို ယခုနှစ်မှပြန်လည်ထည့်သွင်းကျင်းပခဲ့ကြောင်းသိရပါတယ်။
ထိုနွားပြိုင်ပွဲတွင် နွားအလှ အသားကျပြိုင်ပွဲနှင့် နွားဒုံး(အမြန်မောင်း)ပြိုင်ပွဲများပါရှိ
ခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ ရွှေနတ်တောင်စေတီမြတ်ကြီး၏ ဘုရား
ပွဲတော်တွင် စိတ်ဝင်စားဖွယ်အနေဖြင့် ဆန်းပြားသောမြင်ကွင်းများက ကျွန်တော့
အတွက် မရေးမဖြစ် ရေးစရာသတင်းတစ်ပုဒ်ဖြစ်လာခဲ့လေသည်။ အဆိုပါဘုရား
ပွဲတော်ကြီးသို့ အနီးအနား ကျေးရွာများမှ မြန်မာ့ရိုးရာ လှည်းယဉ်လေးများဖြင့်
ဘုရားပွဲတော်သို့ မိသားစုလိုက် လာကြပုံ ယနေ့ခေတ်မဆွေးခင်က ထော်လာဂျီ
(ရွာအခေါ်)ဂွန်ဒေါင်းကားလေးများဖြင့်လာရောက်နေမှု့များကလည်းတစ်မျိုးတဖုံ
စည်ကားသိုက်မြိုက်စွာ ဘုရားဘူးလာသူများ၏  ပုံကလေးများသည် စိတ်ဝင်စား
ဖွယ်ယာ ရိုးယာယဉ်ကျေးမှု့တခုလို့လည်းဆိုပေလောက်၏....
နှစ်စဉ်ဘု၇ားပွဲတော်ကို တပေါင်းလဆန်း(၈)ရက်နေ့မှ စတင်၍ လပြည့်နေ့အထိကျင်း
ပလျှက်ရှိကြောင်းသိခဲ့ရပါတယ်။ ဘုရားပွဲတော်သို့ သဲကုန်း/ပုတီးကုန်း/ရွှေတောင်/ပန်းတောင်း မြို့နယ်များမှ နွားဝါသနာရှင်ပေါင်းများစွာလာရောက်ခဲ့ရာ နွားပြိုင်ပွဲတွင်
လှည်းအစီးပေါင်း(၃၀)ကျော်ပါဝင်ခဲ့ပုံကလည်း နွားပြိုင်ပွဲကို ဘယ်လောက်အထိ စိတ်ဝင်စားနေတယ် မျှော်လင့်နေကြတယ်ဆိုတာက သရုပ်ဖော်ပေးသလိုပါပဲ။
ဘုရားပွဲတော်အနီးသို့ လှည့်လည်ကြည့်ရှု့ခဲ့မိတော့ ဘုရားပွဲတော်ကြီးမှာ နယ်မြေ
မြို့/ရွာ အသီးသီးမှ လာရောက်စီးပွားရှာနေကြသော ဈေးဆိုင်ခန်းငယ်ကလေးများမှ
တနိုင်တပိုင် ရှာဖွေနေကြသော ဆိုင်ခန်းငယ်လေးများ(၇၀၀)ခန့်မှလည်း တောသူ/တောင်သား တောင်သူ ဦးကြီး၏
လိုအပ်မည်ထင်ရသော နွား/လှည်း/လယ်/ယာပစ္စည်းများစုံလျှင်စွာ ခင်ကျင်းရောင်းချ
လျှက်ရှိနေတာက ဒေသခံကျေးရွာများ ဘုရားဘူးလာ ပြည်သူများ၏ စိတ်ဝင်စားဖွယ်
ရာ ရှု့မျှော်ခင်းကြီးတစ်ခုနယ်စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပုံများ ရောင်းချနေ
ကြပုံများ ပြိုင်ပွဲဝင်နေကြပုံများသည်...ယခုထိတိုင် မမေ့နိုင် စွဲမှတ်ထင်ကျန်နေလေတော့ပါသည်။......
ရေးသားတင်ဆက်သူ....
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
Friday, February 27, 2015
အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တန်ခိုးဓာတ်ကို စတင်ဖွင်လှစ်ခြင်း
Leave a Comment
 အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တန်ခိုးဓာတ်ကို စတင်ဖွင်လှစ်ခြင်း
#######################################################
အရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့ လိုတယ်။ ရောဂါမဖြစ်ဖို့လိုတယ်။ အဲဒီတော့ ရောဂါတွေက ဘယ်ကလာလည်းဆိုတော့ အစာအိမ်က အများဆုံးလာတာ။ ဒါကြောင့် ကျန်းမာရေး ကောင်းချင်တယ်၊ ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်ရဲ့ အစာအိမ်ကို ဂရုစိုက်ရမယ်။ အရင်ဆုံးလိုက်နာရမည့် အချက်က ဘယ်အခါပဲ ဖြစ်ဖြစ် အစာကို ၀အောင်မစားရဘူး။ အစာစားပြီး နာရီဝက်အတွင်း လဲလှောင်းခြင်း မပြုရဘူး။ တစ်ပါတ်မှာ တစ်ခါလောက်တော့ အဖတ်မစားပဲ အရေကြီး သောက်တဲ့အကျင့်ကို လုပ်သင့်တယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ နေရာ (၆)နေရာရှိတယ်။အဲဒီနေရာ (၆)နေရာကို ကြာပွင့် (၆)ပွင့်လို့ အလွယ်ခေါ်ကြရအောင်။ အဲဒီ ကြာပွင့် ခြောက်ပွင့်ကို ချက္ကရာလိုပ ခေတယ်။ ပါဠိလိုတော့ စက်လို့ အဓိပ္ပါယ်ရ ပြီးမြန်မာလိုတော့ စက်လို့ ခေါ်လို့ရမယ် ထင်တယ်။ တစ်ချို့ဆရာတွေကတော့ ချက္ကရာ(၇)ခုရှိတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် (၆)ခုလို့ လွယ်လွယ်ကူကျူမှတ်ထားလို့ ရတယ်။
ကျွန်တော်တို့ စအိုနဲ့ဆီးစပ်ကြားမှာ ချက္ကရာ တစ်ခုရှိတယ်။ ၀မ်းဗိုက်က ချက်နဲ့တည့်တည့်မှာ ချက္ကရာတစ်ခု ရှိတယ်။ ဒီနေရာမှာ ကုလားစကားတွေ၊ သက္ကတစကားတွေ၊ ပါဠိစကားတွေ ၊ မှတ်ရတာ မှတ်ရခက်တယ်။ အဲဒီတော့ လွယ်လွယ်ကူကူပဲ မှတ်ရအောင်။ ပထမချက္ကရာကို မူလချက္ကရာလို့ မှတ်ထားပေါ့။ ချက်တည့်တည်ြ ချာကရာကို ချက်က္ကရာလို့ မှတ်ထားပေါ့။ ရင်ညွန့်တည့်တည့် ချာကရာကို ရင်ညွန့်ချာကရာလို့ မှတ်လိုက်ပေါ။ လည်ပင်းမှာရှိတဲ့ ချာကရာကိုကြတော့ လည်ပင်းချာကရာလို့ မှတ်ထားလိုက်ပေါ့။ ပြီးတော့ မျက်ခုံးမွေးနှစ်ခုရဲ့ကြား နဖူးအောက်တည့်တည့်မှာ ရှိတဲ့ ချာကရာကို တတိယမျက်လုံး ချာကရာပေါ့။ ငယ်ထိပ်မှာ ရှိတဲ့ ချာကရာကိုကြတော့ ပြီးမြောက်မှု့ ချာကရာလို့သာ မှတ်ထားလိုက်ပေါ့။ မှတ်တာကတော့ ဘယ်လိုပဲ မှတ်မှတ်ပေါ့ဗျာ။ အရေးမကြီးပါဘူး။ အရေးကြီးတာက ချက္ကရာ(၆)ပါးရှိတယ်ဆိုတာကို သိဖိုပပါပဲ။
အဲဒီချာကရာတွေကို ဘယ်လို နှိုးမလဲ...
အဲဒီချာကရာတွေကို တစ်ခုဆီ နှိုးရမယ်။ ဘယ်လို နှိုးရမလဲဆိုတော့ ချာကရာတစ်ခုဆီ တစ်ခုဆီကို ဖယောင်းတိုင် မီးကလေး လင်းနေတယ်လို့ အာရုံပြုပြီး စိတ်နဲ့ မြင်အောင်ကြည့်ရမယ်။ ကြည့်နေတဲ့အတောအတွင်း မှာလည်း ၀င်သက်ထွက်သက်ကို သတိနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ကိုတိုင်ကတော့ ကိုယ့်စိတ်နဲ့ ထွန်းညှိထာတဲ့ မီးတောက်ကလေးကို အာရုံစိုက်ထားရမယ်။ အဲဒီတော့ တပြိုင်နက်တည်းမှာပဲ အသက်ရှူတာကိုလည်း မှတ်ထားရမယ်။ ချာကရာမှာ စိတ်နဲ့ ထွန်းညှိထားတဲ့ မီးတောက်ကလေးကိုလည်း အာရုံက မြဲနေရမယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ နှခေါင်းကို လေ၀င်သွားတဲ့အခါ ၀င်တယ်လို့ မှတ်ရမယ်။ ထွက်သွားတဲ့အခါမှာလည်း ထွက်တယ်လို့ မှတ်ရမယ်။ မီးတောက်ကလေး လင်းနေတာကိုလည်း လင်းတယ်လို့ မှတ်ရမယ်။ ကိုယ့်စိတ်က ဘယ်လို ဖြစ်နေမလဲဆိုတော့ ၀င်တယ်၊ ထွက်တယ်၊ လင်းတယ်လို့ တရစပ်မှတ်နေရမယ်။ မခက်ပါဘူး။
အဲဒီလို လုပ်နေရင် ဘာတွေ ဖြစ်လာမှာလဲ...။ ချာကရာတွေ နိုးကုန်မှာပေါ့။ ဘာတွေဖြစ်လာမှာလဲဆိုတော့ ချာကရာတွေ ပွင့်ကုန်မှာပေါ့၊ ချာကရာတွေ ပွင့်ကုန် နိုးကုန်ရင် ကိုယ်လိုချင်နေတဲ့ သိဒ္ဓိတွေ တန်ခိုးတွေ ရလာမှာပဲပေါ့။ အဲဒီလို ကျင့်နေတဲ့အချိန်မှာ အရေးကြီးဆုံးက ထိန ၊ မိဒ္ဓလို့ ခေါ်တဲ့ ပျင်းရိခြင်းရယ် ငိုက်မျဥးခြင်းရယ်ဆိုတာ ကိုယ့်ဆီ ၀င်မလောအောင် ကြိုးစာပေတော့။
တန်ခိုးတွေရတာ မရတာကို နောက်ထားဦး။ လောလောဆယ် ကိုယ်ရှင်သန် ကြီးပြင်းနေတဲ့ ပတ်ဝန်းကျင်မှာတော့ ကိုယ်ဟာ တန်ခိုးသြဇာအာဏာတွေ မြင်မားလာမယ်။ အောင်မြင်လာမယ်။ လူတကာကိုလွှမ်ဒမိုးထားနိုင်မယ်။ ပူပန်သောကတွေ အေးလာမယ်။ ခေါင်းအေးအေးနဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ လက်တွေ့ ကြုံလာမှ ယုံကြည်ကြပါကုန်.... ပုံလေးတွေကတော့ google က ရှာပြီး တင်ပေးလိုက်တာပါ။
 ဆရာဟိန်းတင့်ဇော်...
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
သချို င်္င်းရွှေ့ခြင်း နဲ့ တရုတ်မိသားစု
Leave a Comment
သချို င်္င်းရွှေ့ခြင်း နဲ့ တရုတ်မိသားစု
#########################
စစ်တပ်တွေ အများစုဟာ သင်းချိုင်းတွေကို ဖျက်ပြီး တည်ထားကြတယ်ဆိုတာကို တော်တော်များ များ သိကြပြီး ဖြစ်မှာပါ..။ အဲ့ဒီလို သင်းချိုင်းတစ်ခု ကို ဖျက်ပြီး စစ်တပ်တစ်ခု တည်ပြီဆိုရင်လည်း လုပ်စရာ ကိစ္စတွေကတော့ များပါတယ်..။ သင်းချိုင်းမှာ ရှိကြတဲ့ နာနာဘာဝတွေကို ပင့်ဖိတ်၊ ကားတွေနဲ့တင် သူတို့ရဲ့ နေရာအသစ်တွေမှာ ချထားပေးတာတွေကို တတ်ကျွမ်းနားလည်တဲ့ ဆရာတော်တွေနဲ့ အတူတကွ ပြုလုပ်ရလေ့ရှိပါတယ်..။ ဒါတွေကိုတော့ နောက်ပိုင်းကျရင် ဗဟုသုတ တင်ပြပါအုံးမယ်..။ အခုတော့ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာလေးတစ်ခုကို စပြောပါရစေ..။
အခု တပ်တည်မယ့် သင်းချိုင်းကုန်းနေရာက တော်တော်ကြီးပါတယ်.။ ဘာသာပေါင်းစုံ သင်းချိုင်း ဖြစ်ပြီး တစ်မြို့လုံးက အသုဘကို ဒီသင်းချိုင်းမှာပဲ ချကြတော့ တစ်ဖြည်းဖြည်းနဲ့ အကျယ်ကြီး ဖြစ်လာတာ..။ သင်းချိုင်းကို ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာဆိုပြီး နေရာလေးတွေ ကန့် သတ်ပြီး လုပ်ထားပေးပါတယ်..။ ဒီလိုနဲ့ သင်းချိုင်းဖျက်တော့မယ်ဆိုတော့ ဗုဒ္ဓဘာသာ သင်းချိုင်းမှာ စပြီး ဘုန်းကြီး ငါးပါးနဲ့ နာနာဘာဝနဲ့ မကျွတ်မလွတ်တွေကို ပင့်ဖိတ်ပြီး ကားပေါ်ကိုတက် စေပါတယ်..။ လူမရှိတဲ့ ကားနောက်ခန်းနေရာမှာ.. ရွှံ့တွေ ပေပွနေတဲ့ ခြေထောက်ရာတွေ အများအပြားကို အံ့သြစွာ တွေ့ခဲ့ရပါတယ်..။ ကားပေါ်ကို အလုအယက်တက်ကြတဲ့ အသံတွေကို လည်း အတိုင်းသားကြားနေရပါတယ်တဲ့..။ တက်သူတွေ တအားများပြီး ကားမထွက်နိုင်လို့ နှစ်ခေါက် သုံးခေါက် ပြန်လည် သယ်ယူကြရပါတယ်..။ ဒီအချိန်မှာ ဘုန်းကြီးက စည်းဝိုင်း တစ်ခု ပြုလုပ်ပြီး လူသား အားလုံးကို စည်းဝိုင်းအထဲမှာပဲ နေစေပါတယ်..။ အပြင်ကို လုံးဝထွက်ခွင့်မပြုပါဘူး..။ ဒီလိုနဲ့ ဗုဒ္ဓဘာသာသင်းချိုင်းက အခက်အခဲမရှိ ချောချောမွေ့မွေ့နဲ့ ပြီးသွားပါတယ်..။
ဇာတ်လမ်းက အခုမှ စပါတယ်..။ တစ်ခြားဘာသာတွေရဲ့ သင်းချိုင်းက နာနာဘာဝနဲ့ မကျွတ်မလွတ် တွေကို ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုပင့်ဖိတ်ရတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး..။ အတွေ့အကြုံလည်း မရှိကြပါဘူး..။ ဘုန်းကြီးတွေလည်း ကြိုးစားပြီး ပင့်ဖိတ်ပါသေးတယ်..။ ထူးဆန်းစွာပဲ အရင်ကလို ခြေသံတွေ ခြေရာတွေ လုံးဝမတွေ့မြင်ရပါဘူး..။ တိတ်ဆိတ် ငြိမ်သက်လျက်ပါ..။ နောက်ဆုံး ဘယ်လိုမှ မရတဲ့ အဆုံး အထက်က စစ်မိန့်နဲ့ နှင်တယ်ဆိုပြီး စစ်မိန့်ဖတ်ပါတယ်..။ ပြီးတော့ သင်းချိုင်းကို ဖျက်ပါတယ်..။
အမြန်လိုနေတာကြောင့် လူအင်အားသုံးပြီး သင်းချိုင်းကို နေ့ရောညပါ ဖျက်ကြပါတယ်..။ ဗုဒ္ဓဘာသာ သင်းချိုင်းမှာ ဘာအနှောင့်အယှက်မှ မတွေ့ခဲ့ရပေမယ့် တစ်ခြားသင်းချိုင်းမှာတော့ ဒီဘက် အုတ်ဂူဖြိုနေရင် ဟိုဘက် အုတ်ဂူကနေ ငိုသံလိုလို ငြီးသံလိုလို မကြာခဏကြားရပါတယ်..။ ပြီးတော့ အလုပ်လုပ်နေရင်း ကိုယ့်နောက်ကနေ တစ်စုံတစ်ယောက်က စိုက်ကြည့်နေတဲ့ ခံစားမှုမျိုး ခံစားကြ ရပါတယ်..။ ပြီးတော့ နောက်ကျောကနေ ခြေသံတွေလည်း တစ်ရှပ်ရှပ်ကြားရပါတယ်….။ ဒါကြောင့် စစ်သားတွေဟာ အလုပ်လုပ်ရာမှာ လူခွဲပြီး မလုပ်ကြပဲ တစ်ဦးနဲ့ တစ်ဦး နီးကပ်စွာနေပြီး အလုပ်ကို အမြန်ဆုံးပြီးစီးအောင် လုပ်ကြရပါတယ်..။
တရုတ်လူမျိုးတွေဟာ သင်းချိုင်းနေရာကို မိသားစုအလိုက် သတ်မှတ်ထားလေ့ရှိပါတယ်..။ ဒါက အဖေ့နေရာ..၊ ဒါက အမေ့နေရာ..၊ ဒါက ဘယ်သူ့နေရာဆိုပြီး မသေခင်ကတည်းက နေရာတွေ သတ်မှတ်ပြီးသားပါ..။ သေရင်လည်း အဲ့ဒီလိုပဲ မိသားစုလိုက် ခြံစည်းရိုးလေးတွေ ကန့်ပြီး အုတ်ဂူလေးတွေ လုပ်ထားလေ့ရှိပါတယ်..။ အဲ့ဒီမှာ သင်းချိုင်းဖျက်ရင်းနဲ့ တရုတ်မိသားစု တစ်စုရဲ့ အုတ်ဂူတွေကို ဖျက်ရ ပါတယ်..။ အုတ်ဂူ လေးလုံး ရှိပြီး ခြံစည်းရိုးလေး သီးသန့် ကာထားပါတယ်..။ အချိန်က ည ၁၁း၀၀ နာရီလောက် ရှိနေပါပြီ..။ အဲ့ဒီအချိန်မှာ လှုပ်လီလှုပ်လဲ့နဲ့ လူလေးဦး သင်းချိုင်းကုန်းထဲကို ၀င်လာပါတယ်..။ သင်းချိုင်းဖျက်နေတဲ့ စစ်သားတွေဟာ သူတို့နဲ့ ဂျူတီ ချိန်းမယ့် စစ်သားတွေ ထင်ပြီး လက်ပြ နှုတ်ဆက်လိုက်ပါတယ်..။ ဒါပေမယ့် အနီးနားရောက်မှ သိလိုက်ရတာက သူတို့ဟာ တရုတ်လူမျိုးတွေပါ..။ အဖိုးအိုတစ်ဦး၊ အဖွားအိုတစ်ဦး၊ လူရွယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ သူမ လက်ထဲမှာ ၁ နှစ်သား အရွယ် ကလေးလေး တစ်ယောက် ပါပါတယ်..။ သူတို့ ၀တ်စားထားပုံကြည့်ရတာ အတော်ကိုရှေးကျပါတယ်..။ လက်ထဲမှာလည်း ငွေစက္ကူတွေ အထပ်လိုက်ကိုင်ထားပါတယ်..။ တရုတ် ငွေစက္ကူတွေပါ..။ ပြီးတော့ တစ်ခြား စားသောက်စရာ တွေလည်း တစ်ပွေ့ တစ်ပိုက်နဲ့..။
စစ်သားတစ်ယောက်က ဘာကူညီပေးရမလဲဆိုပြီး စမေးပါတယ်..။ သူတို့ထဲက လူရွယ်က သူတို့ကို စကားပြန်ပြောပါတယ်..။ သူပြန်ပြောတာ ပြည်ကြီး တရုတ်စကားပါ..။ ဘာတွေ ပြောမှန်း နားမလည် ပါဘူး..။ ဒေါကြီး မောကြီးနဲ့ သူတို့ဖျက်နေတဲ့ အုတ်ဂူတွေကို လက်ညှိုးတစ်ထိုးထိုးနဲ့ ပြောနေပါတယ်..။ ပြီးတော့ ဝေးဝေးသွား ဒီအုတ်ဂူတွေနားက ဝေးဝေးသွားဆိုပြီး လက်ဟန်ခြေဟန်နဲ့ မောင်းထုတ်ပါတယ်..။ ပြီးတော့ စစ်သားတွေ လက်ထဲကို မုန့်တွေ၊ တရုတ် ပိုက်ဆံတွေ ထည့်ပေးပါတယ်..။ ပြီးတော့ ဝေးဝေးသွားဖို့ နှင်ပါတယ်..။ ပြီးတော့ သူတို့ဟာ စစ်သားတွေ ဖျက်နေတဲ့ စည်းရိုးထဲက အုတ်ဂူလေးလုံးကို ပြန်လည် သန့်ရှင်းပြုပြင် နေကြပါတယ်..။ ပါးစပ်ကလည်း တရုတ်လို အဆက်မပြတ် တတွတ်တွတ် ပြောဆိုနေပါတယ်..။
စစ်သားတွေက သူတို့ကို သေဆုံးသူတွေရဲ့ ဆွေမျိုးတော်စပ်သူတွေလို့ ထင်လိုက်တယ်..။ ဒါနဲ့ သူတို့လည်း တာဝန်အရ ဆက်လုပ်ဖို့ရှိတာကြောင့် သူတို့ နားလည်အောင် ရှင်းပြဖို့ ကြိုစား လိုက်တယ်..။ အဲ့ဒီမှာ စစ်သားတွေ အုတ်ဂူကို ဆက်ဖျက်ဆီးတော့မယ်ဆိုတာလည်း သူတို့ သတိထားမိရော ကလေးချီထားတဲ့ အမျိုးသမီးဖြစ်သူက စတင် အော်ငိုပါတယ်..။ အတော်ကိုကျယ် လှောင်ပါတယ်..။ သူမအော်ငိုသံဟာ သင်းချိုင်းမြေထဲမှာ အသည်းငယ်သူတို့အဖို့ သည်းခြေ ပျက်စရာပါ..။ ဒါပေမယ့် ခဏကြာတော့ သူမရဲ့ ငိုသံဟာ တစ်ဖြည်းဖြည်း ရီသံအဖြစ်ကို ကူးပြောင်းလာတယ်..။ အားရပါးရ သဘောကျပြီး ရီနေသံ အမျိုးသမီးရဲ့ အသံကလည်း ဒီလို သင်းချိုင်းမြေထဲမှာ စစ်သားတွေကို စိတ်ခြောက်ချားစေပါတယ်..။ ငိုလိုက် ရီလိုက်ဖြစ်နေတဲ့ အမျိုးသမီးကို နားမလည်ဖြစ်နေတုန်းမှာပဲ တစ်ခြားသူတွေပါ စစ်သားတွေကို ကြည့်ပြီး ရီကြပါတော့တယ်..။ ထူးဆန်းတာက ဘာမှ မသိတဲ့ ၁နှစ်အရွယ် ကလေးတောင် မျက်လုံးကြီးပြူးပြီး စစ်သားတွေကို စိုက်ကြည့်ကာ ဟက်ဟက်ပက်ပက်ကို ရီနေပါတယ်..။ ရီရင်းနဲ့ ပြူးကျယ်နေတဲ့ သူတို့ရဲ့ မျက်လုံးတွေဟာ တစ်နေရာထဲကိုပဲ မမှိတ်မသုန် စူးစိုက်ကြည့်နေပြီး နီရဲလျက်ရှိပါတယ်..။ ဖြူဖတ်နေတဲ့ သူတို့ မျက်နှာပေါ်မှာ နီရဲနေတဲ့ မျက်လုံးတွေက ကိုယ်စီ ထင်ပေါ်လျက်ရှိပါတယ်….။ သူတို့ရဲ့ ပုံစံတွေကို ကြည့်ရင်း စစ်သားတွေ လန့်လာပါတယ်.။ သူတို့ရဲ့ စိတ်ထဲမှာ ဒါတွေဟာ ဘယ်လိုနည်းနဲ့မှ လူသားတွေ မဖြစ်နိုင်တော့ဘူးလို့ တွေးမိတာနဲ့ အတွေ့အကြုံနည်းနည်း ရှိတဲ့စစ်သားက သူတို့ပေးတဲ့ အစားအသောက်နဲ့ ပိုက်ဆံတွေကို အကုန်ပြန်လိုက်စုပါတယ်..။ ပြီးတော့ သူတို့ကို ပြန်ပစ်ပေးလိုက်ပြီး ထွက်ပြေးပါတော့တယ်..။ ထုံးစံ အတိုင်း တစ်ယောက်ပြေးရင် ကျန်တဲ့ စစ်သားတွေလည်း နောက်က တစ်သီကြီး ပြေးလိုက်ကြတာပေါ့..။
နောက်နေ့မနက်မှပဲ လူထပ်စုပြီး အဲ့ဒီနေရာကို ပြန်သွားကြည့်ကြတဲ့အခါ တွေ့လိုက်ရတာက ပုပ်သိုး နံ့စော်ပြီး လောက်တောင် တွယ်နေပြီဖြစ်တဲ့ အစားအသောက်တွေနဲ့ တရုတ်အသုဘတွေမှာ သေဆုံးသူတွေ ရဖို့ အလို့ငှာ ကျန်ရစ်သူတွေက မီးရှို့ပေးတဲ့ တရုတ် အသုဘ ပိုက်ဆံတွေကိုပါ..။ အုတ်ဂူတွေကတော့ သူတို့ ထွက်ပြေးခဲ့စဉ်က အတိုင်း ပျက်စီးလျက်ရှိပါတယ်..။
သူတို့ဟာ လူတွေ မဟုတ်တာတော့ သေချာပါတယ်..။ တရုတ် နာနာဘာဝတွေလား..။ သူတို့ ကျွေးခဲ့တဲ့ အစားအစာနဲ့ တရုတ်ပိုက်ဆံတွေကို မသိပဲ ယူခဲ့ စားခဲ့မိရင်ကော ဘာတွေ ဆက်ဖြစ်မှာအုံး မှာလဲ… အဲ့ဒီ အတွေးတွေကတော့ အဲ့ဒီညက အဖြစ်ကို ကြုံတွေ့ခဲ့ရတဲ့ စစ်သားတွေရဲ့ ခေါင်းထဲမှာ ရှိနေဆဲ ဖြစ်မှာပါ…။
Credit :အောင်ထွန်းဦး
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
အသံမလုံခြုံမှုကြောင့်ကေတီဗွီဆိုင်ကို ရပ်ကွက်မှ တိုင်ကြား
Leave a Comment
အသံမလုံခြုံမှုကြောင့်ကေတီဗွီဆိုင်ကို ရပ်ကွက်မှ တိုင်ကြား
-----------------------------------------------------------------------------
ပြည် ၊ ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀ဒေးလမ်း မြသိန်းတန် ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကေတီဗွီ ဆိုင်မှာ အသံဆူညံနေသည့်အတွက် ရပ်ကွက်နေပြည်သူများမှ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံး သို့ တိုင်ကြားထားကြောင်း တိုင်ကြားထားသူများထံမှ သိရှိရသည်။
အသံမလုံခြုံသည့်အတွက် ရပ်ကွက်နေသူများမှ သွားရောက်ပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိသည့်အတွက် ရပ်ကွက်နေသူ ၂၀ ဦးမှ လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း လက်မှတ်ထိုးတိုင်ကြားခဲ့သူ ဦးမောင်ဇော်က ပြောဆိုသည်။
‘ကျွန်တော်အမျိုးသမီးနေမကောင်းလို့ ဆေးခန်းကနေ အပြန်မှာ အသံအရမ်းဆူနေလို့ နည်းနည်းတိုးပေးဖို့ သွားပြောခဲ့တယ်။အဲဒီက ၀ိတ်တာ က ကေတီဗွီပဲ ဆူမှာပေါ့လို့ပြန်ပြောတယ်။စာမေးပွဲတွေနီးနေလို့ အသံတိုးပေးဖို့ ထပ်ပြောပေမယ့်လည်း ဘာမှ ထူးမလာဘူး’ဟု ၎င်းက ဆက်လက်ဆိုသည်။
တိုင်ကြားမှုအတွက် ရွာဘဲရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှ ဆိုင်ပိုင်ရှင်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ခံဝန်ထိုးခိုင်းပြီးဖြစ်ကာ ခံဝန်ကတိအား ဖောက်ဖျက်မည်ဆိုပါက ပြင်းထန်သော သတိပေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက တရားလိုပြုလုပ်၍ သက်ဆိုင်ရာဥပဒေများနှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်က ပြောကြားသည်။
‘ကျွန်တော်တို့အဆောက်အဦ ဆောက်တုန်းက လက်သမားဆရာတွေကြောင့် အမိုးနဲ့ သစ်သားတန်းတွေက နည်းနည်းဟနေတယ်။ စာမေးပွဲတွေရှိတဲ့အတွက် ရပ်ကွက်က ကျေနပ်တဲ့ အထိ လုပ်ပေးသွားမှာပါ’ဟု ကေတီဗွီဆိုင်ရှင် ဦးဇော်က ဆိုသည်။
ယင်း ရပ်ကွက်အတွင်း စာမေးပွဲဖြေဆိုမည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသား ၂၀ဦးခန့်ရှိနေကြောင်း ရပ်ကွက်နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
‪#‎ညမိုး‬(ပြည်)
09252102982
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
နွေမှာရေအတွက်ရတက်မအေးနိုင်သူတို့ တောရွာများသို
Leave a Comment
နွေမှာရေအတွက်ရတက်မအေးနိုင်သူတို့ တောရွာများသို
========================================
(24.2.2.015) ရက်နေ့ထုတ် The Daily ELEVEN သတင်းစာမှကူးယူဖော်ပြပါသည်။
မြန်မာနိုင်ငံ၏ ဥတုရာသီကြီးသုံးမျိုးအနက် နွေဦးဂိမာန်မှသည် မိုးလ၀သာန်ခါထိ အချိန်ခါကို နိုင်ငံတွင်း ၇၀ ရာခိုင်နှုန်းခန့်ရှိနေသည့် တောသူတောင်သားလယ်သမားများက ကြိုက်နှက်သက်ကြပုံမပေါ်ပါ။ ရာသီနှင့်အမျှ အလုပ်နှင့်လက်မပြတ်အောင် ထွန်ယက်စိုက်ပျိုးမှထမင်းနပ်မှန်ယုံသာရှိသူများအဖို့ ခြောက်သွေ့ပူ လောင်လှသည့် ရာသီကအဆင်မပြေပုံပင်။ စိုက်ပျိုးရေးများဖြစ်ထွန်းအောင်မြင်ခြင်းမရှိသလို အထူးသဖြင့် စိုးရိမ်ပူပန်ရသည်က ရေ ။
ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်မနက် ဟူသည့် စကားပုံမှာ ထိမိမှန်ကန်လှသည်။ အထူးသဖြင့် ကျေးလက်အညာရေရှားပါးရာဒေသများတွင် နွေအခါရောက်လာသည်နှင့် ရေအတွက် ရတက်မအေးနိုင်အောင် ပင်ဖြစ်ကြရတော့သည်။ ဆောင်းနှောင်းနွေဦးမှသည် ရေတွင်းရေကန်များခန်းခြောက်စ ပြုလာခဲ့ရာ နေ့စဉ်နှင့်အမျှ သောက်သုံးရေပြသာနာက ကြီးမားလို့လာတော့သည်။
ဆယ့်နှစ်လရာသီတွင် တပေါင်းလရာသီမှာ အလှဆုံးနှင့်လွမ်းမောဖွယ်အကောင်းဆုံးဟု ဆိုခဲ့ကြသလို၊ တပေါင်းတန်ခူးမိုးသားကြူးဟုလည်း ဖွဲ့နွဲ့ထားပြန်သည်။ သို့သော် ခြောက်သွေ့ဇုံဟုသတ်မှတ်ထားသည့် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင်းရှိ ကျေးရွာအချို့တွင်တော့ လွမ်းမောဖွယ်လရာသီကို ခံစားမနေကြသလို၊ မိုးရိပ်မိုးသားများကိုလည်း တွေ့မြင်ရခြင်းမရှိသေးပါ။ ကြည့်လေရာတောင်ကုန်းတောင်တန်းများတွင် အ၀ါရောင်ပန်းချီကားတစ်ချပ်ကို စုတ်ချက်ကြမ်းကြမ်းများဖြင့် ဆီဆေးအတုံးလိုက်အတစ်လိုက် ပတ်ထားသည့်နှယ်။ စိမ်းလန်းအေးမြခြင်းအရိပ်ရောင်တို့ မတွေ့ရ။ အပူလိုင်းတံလျှပ်တို့ဖြင့် လမ်းမထက်။ ရွှေ့ပြောင်းတောင်ယာကွက်တို့အတွက် ရှို့မီးတို့ဖြင့် အပူကိုအနားသတ်ထာသည်။ ယင်းတောင်တန်းတို့အပေါ်တွင် မြွှေလိမ်မြွေကောက်ဖောက်လုပ်ထားသည့် ပြည်-ကံမ-သရက် သုံးမြို့ကိုဆက်သွယ်သည့် လမ်းကြမ်းကြမ်းထက်တွင် ဆိုင်ကယ်နှစ်စီးအပြင်းမောင်းနှင်လို့ သွားနေသည်။
ကံမမြို့နယ်၊ ပေပင်ရွာကို ဗဟိုပြုလျှက် ရွာပေါင်း ၇ ရွာထက်မနည်း သောက်သုံးရေရှားပါးခြင်းပြသာနာကို တစ်ရက်ထက်တစ်ရက်ရင်ဆိုင်လာနေရသည်။ အများစုရွာများတွင်ရေတွင်းများမရှိ။ ရွာထိပ်တွင် သဘာဝကန် (သို့) ကိုယ်ထူကိုယ်ထ တူးဖော်ထားသည့်ရေကန်များဖြင့် အသက်ဆက်ရှင်နေရသည်။ အချို့ကမိုးအခါ တောင်ချချောင်းများစီးဆင်းရာ လျှိုများကိုတစ်ဖက်ပိတ် တမံများပြုလုပ်၍ ရေကိုလှောင်ထားကြသည်။ ယင်းအခြေနေမှာ ပြီးခဲ့သည့်နှစ်များအထိ ရေအတွက်အသက်ဆက်ရရုံသာ အဆင်ပြေခဲ့သော်လည်း ယခုနှစ်အတွက်တော့ နွေဦးမှာပင်ရေကခန်းခြောက်ပျောက်ကွယ်စပြုသွားခဲ့ပြီဖြစ်သည်။
“ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး ရေကန်ထဲမှာရေစခန်းလာတာပဲ။ ခပ်ဗုန်းမမြှပ်တော့ဘူး ညနေစောင်းရေခပ်ချိန်ဆိုရင် တစ်ယောက်နှစ်ယောက်ခပ်ပြီးတာနဲ့ စောင့်ပေတော့ပဲရေက အောက်ကနုန်းအနည်တွေထလာတယ်။ အဲဒီရေထဲကပဲသောက်ရေ အတွက် နှစ်ရက်သုံးရက်လောက် အနည်ထိုင်ပြီး သောက်ရတာပဲ” ဟုပေပင်ရွာသားဦးဟန်စိန်ကပြောသည်။
ပေပင်ရွာတွင် တစ်ဧကနီးပါးခန့်ရှိသည့် မြေသားရေကန်နှစ်ကန်ရှိပြီး တစ်ကန်မှာထမင်းချက်ပါက အစိမ်းရောင်များ ပြောင်းသွားသည့်အတွက် အတော်တော်များများက ကန်တစ်ကန်ထဲကိုသာ အားထားကြသည်။ ယင်းကန်များတွင်ပင် ကျွဲ၊ နွား၊ ဆိတ်၊ ဘဲ များကို ရေချခြင်းရေချိုးခြင်းများကို ပြုလုပ်ရခြင်းကြောင့် ရောဂါပိုးမွှားများစွာပျံ့နှံနေမည်ဆိုတာကတော့ အထူးပြောစရာမလိုပါ။ အထူးသဖြင့် အရေပြားနှင့်သက်ဆိုင်သည့်ရောဂါများ အများဆုံးဖြစ်ပွားကြသည်။ သို့သော်လည်း ရွာသားများအဖို့ အခြားရွေးချယ်စရာဗလာနတ္တိ မကောင်းမှန်းသိသိနှင့်ပင် သောက်သုံးနေကြရသည်။ လက်ရှိအခြေနေကတော့ ယင်းရေဂါများပြည့်နှက်နေသည့် နေသည်ပင် ခန်းခြောက်လို့လာပေပြီ။
ကျေးရွာများမှာ ဧရာဝတီမြစ်နှင့် နှစ်မိုင်ခန့်ကွာဝေးကာ ခြားတွင်တန့်ကြည်တောင်တန်း၏ အစွယ်များက ပိုင်းခြားထားသည်။ ရေရှားပါးခြင်း၏ဒဏ်ကို ပေပင်၊သက္ကယ်မြောင်၊ လိင်တုန်း၊ ညောင်ကိုင်း၊ ထောက်ကြံကိုင်း၊ တောင်ပို့နီ၊ ပယ်ကျ၊ ပြောင်ကျ ရွာများအများစုခံစားနေရပြီး စုစုပေါင်း လူနေအိမ်ခြေ ၁၀၀၀ ကျော်ခန့်ရှိမည်ဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်ခန့်က ရေရှားပါးခြင်းကို တစ်ကြိမ်ကြုံခဲ့ရပြီး အနီးနားမြို့များမှ အရပ်ဘက်အဖွဲ့စည်းများက စုပေါင်းလှူဒါန်းခြင်းများပြုလုပ်ခဲ့ရသည်။ယခုတစ်ကြိမ်ကတော့ ပိုလို့စောစီးစွာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယခုနှစ်တွင်းမြန်မာနိုင်ငံတွက် မုတ်သုံလေအ၀င်နောက်ကျမည်ဖြစ်ပြီး အပူချိန်မှာလည်းတိုးမြှင်လာမည့်ဟု မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ခန့်မှန်းတွက်ချက်ထားသည့် အတွက် ခြောက်သွေ့ဒေသ များအတွက် နွေရာသီသောက်သုံးရေပြသာနာမှာ ပိုလို့ကြီးထွားလာနိုင်သည့် အခြေနေတွင်ရှိနေသည်။
“ ပြီးခဲ့တဲ့မိုးနှောင်းမိုးကခေါင်တော့ ကန်တွေထဲမှာရေသိုလှောင်ချိန်နည်းပါး သွားတယ် ကိုယ်ထူကိုယ်ထကန်တွေဖြစ်တဲ့အတွက်လည်း စနစ်တကျတူးပြီးသိုလှောင်တာမျိုးမလုပ်နိုင်ဘူး ရာသီဥတုဖောက်ပြန်တာလည်းပါတယ် ပေပင်ကျေးရွာကတော့ အခြေနေဆိုးလာနိုင်တယ်” ဟုပယ်ကျရွာမှ ကိုအောင်လင်းကဆိုသည်။
ရာသီဥတုဖောက်ပြန်ခြင်းနှင့် ကမ္ကာကြီးပူနွေးလာမှုဒဏ်ကို အသိပညာနည်းပါးသူများနှင့် ဆင်းရဲနွမ်းပါးသူများက ပိုမိုလို့ခံလာရသည်။ အနီးနားတောတောင်များတွင် ထင်းခုတ်၊ မီးသွေးဖုတ်ခြင်းနှင့် ရွှေ့ပြောင်းတောင်ယာ များကြောင့် သစ်တောများပြုန်းတီးပြီး မိုးရာသီရေကန်များနှင့် မြေဆီလွှာများတွင်း ရေသိုလှောင်စုဆောင်းနိုင်မှု အခြေနေနည်းပါးလို့လာသည်။ ပြီးခဲ့သည့်မိုးရာသီတွင်လည်း ရေကန်အနီးနားရှိ စိုက်ခင်းများကမိမိတို့၏ လယ်များအတွင်းရေသွင်းယူခဲ့ခြင်းကြောင့် ကန်အတွင်းရေဆင်းနိုင်မှုမရှိပဲ စိုက်ခင်းများပြီးချိန်နှင့် မိုးပြတ်ချိန်မှာ တစ်ပြိုင်နက်ဖြစ်ခဲ့ခြင်းကြောင့် ယခုလိုစောစီးစွာရေနည်းပါးခမ်းခြောက်သွားခဲ့ရခြင်း လည်းဖြစ်နိုင်ကြောင်း ရွာခံများကပြောသည်။
“ရေနည်းသွားချိန်မှာ တစ်ချို့တွေက ကျွဲ၊ နွားတွေကိုအိမ်မှာ ရေခပ်မတိုက်တော့ပဲ ကန်မှာလာရေချတော့ ရေညစ်ပတ်မှုကို ပိုဖြစ်တယ်။ ရောဂါကူးက်မှုပိုဖြစ်တာပေါ့” ဟု ပေပင်ရွာသား ကိုကျော်ထွန်းမင်းကပြောသည်။
တကယ်လည်းဟုတ်သည်။ ကန်များဘက်ကိုလိုက်လံပြသချိန်တွင် ကန်အနီးနွားများရေချိုးပေးနေခြင်းနှင့် နွားများရေသောက်ဆင်းခြင်း၊ ဆိတ်များရေသောက်နေခြင်းများကိုတွေ့ရပြီး ၎င်းနှင့်မနီးမဝေးတွင် သောက်သုံးရေခပ်နေသည့် ဒေသခံတစ်ဦးကိုလည်းတွေ့နေရသည်။ ကန်ရေများကတော့ နှောက်ကျိလို့နေတော့သည်။ ငါးများလည်းရှိနေရာ နုန်းရေတွင်းပွက်နေသည့်ငါးများကိုလည်း ညအချိန်တွင်ခိုးဖမ်းမှုများလည်း ရှိနေသည်ဟုသိရပြန်သည်။ ရွာလမ်းတာလမ်းထက်တွင်တော့ ဖုန်တသောသောထနေပြီး တောင်ကုန်းတစ်နေရာတွင် တဲအိမ်လေးတစ်လုံးမှာ သစ်ပင်ရိပ်မရှိ နေပူထဲထီးထီး ဖြစ်နေရှာသည်။
တကယ်တမ်းလက်ရှိအစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ဆိုလျှင် မရှိမဖြစ်လိုအပ်သည့် သောက်သုံးရေရရှိနိုင်မှုအခင်းကျင်းတစ်ရပ်ကို မဖြစ်မနေလက်တွေ့အကောင်ထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။ ခေတ်မှီယန္တများအသုံးပြုလျှက် ကျေးရွာတိုင်းတွင်ရေတွင်းရေကန်များ တူးပေးရမည်။ ထိုမှတစ်ဆင့် သန့်ရှင်းသည့်သောက်သုံးရေဖြစ်အောင် ပြုလုပ်ပေးကာ ကျေးလက်ကျန်းမာရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်ပေးရပေမည်။ သို့မှသာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်သသည်။ သို့မဟုတ်ပါက ကြွေးကြော်သံဆောင်ပုဒ်အဖြစ်သာ ရှိနေပြီး ပြည်သူများဘ၀မှာ ဆင်းရဲနိမ့်ကျနေမြဲပင်ဖြစ်မည်ဖြစ်သည်။
မြို့ပြများတွင် သောက်ရေသန့်ဝယ်သောက်ရင်း၊ ရေဘဲခေါင်းဖွင့်ကာရေပူရေးအေးစပ်ချိန်နေချိန်တွင် ကျေးလက်ဒေသများက ရွှံဗွက်ရေတစ်ထမ်းရရှိဖို့ နွေနေပူထဲခေါက်တုံခေါက်ပြန်ထမ်းနေရရှာသည်။ တန်းတူအခွင့်ရေးဆိုသည် မှာ အိမ်မက်ပင်ဖြစ်နေမည်လားမသိ။
နွေနေပူထဲတွင် ရေလှည်းတစ်စီးမှာ လယ်ကွင်းထဲဖြေးလေးစွာမောင်းနှင်သွားလျှက်ရှိသည်။ တင်ဆောင်လာသည့် ရေမှာဂါလံ ၅၀ ဆံတိုင်ကီတစ်လုံးသာ။ ယင်းရေမှာမိသားစုတစ်စု အိမ်မွေးတိရစ္ဆာန်များအတွက် နေ့တစ်နေစာဖြစ်ကောင်းဖြစ်မည် နောက်ရက်တစ်ရက်တွက်တော့ မသေချာပါ။
ယင်းမြင်ကွင်းလေးကိုကြည့်ရင်း ညစ်ပတ်ပေရနေသည့် မျက်နှာ၊ ခြေလက်များကို ဆေးကြောသန့်စင်ရန် ရေတစ်ခွက်ခပ်ဖို့အရေးလက်တွန့်သွားမိသည်။ ဒေသခံများအဖို့ နွေကိုဖြတ်သန်းစရာများစွာကျန်ရှိ နေသေးသည်မဟုတ်လား။ ဖုန်များကြားကပင်လာလမ်းကို ပြန်လှည့်ခဲ့လိုက်သည်။ နွေတစ်ရာမကမဟုတ်ပါ။ တစ်နွေကိုသာကျော်လွန်ပါစေတော့။
ဝေလင်း(ပြည်)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး
Leave a Comment
အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး
##################################################################
မုံရွာမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ် အစိုးရမေတ္တာပျက်အောင် ရေးတင်တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ပြီး မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
အလွတ်တန်းသတင်းထောက် ကိုအောင်နေမျိုးကို ဖေဖော်ဝါရီ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ မုံရွာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးနေမျိုးက ပြောပါတယ်။
“လာဆွဲတုန်းကတော့ မူးယစ်မှုလို့ ပြောတယ်ဗျ။ တကယ်တမ်း အခု ကျနော်တို့ မိသားစုနဲ့ လိုက်တဲ့အခါကျတော့ မူးယစ်မှု မဟုတ်တော့ဘူး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မ တပ်ထားတယ်ပြောတယ်ဗျ။”
ဖေဖော်ဝါရီ ၂၇ ရက်ရက်စွဲနဲ့ အွန်လိုင်းပေါ်တက်လာတဲ့ အမှုဖွင့်တိုင်ကြားစာမှာတော့ ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေဟာ ဖေဖော်ဝါရီ ၀၁း၀၀ ချိန်ကနေ ၀၂း၄၅ ချိန်ထိ Aung Nay Myo facebook စာမျက်နှာမှာ စီစဉ်သူ ဦးသိန်းစိန်၊ ၀တ္ထုသန်းရွှေ၊ ဇာတ်ညွှန်းကြိုင်ကြိုင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့်ဝါဒမှိုင်းတိုက်သော ဇာတ်ကြမ်း ‘ကွန်ဒုံ ရက် ၄၀’ လို့ ဖော်ပြထားပါတယ်။
ဒီလို ရေးသားဖော်ပြထားတာဟာ အစိုးရကို မေတ္တာပျက်အောင်၊ အစိုးရရဲ့ ၀တ္တရားဆောင်ရွက်ချက်ကို ယုတ်လျော့အောင်၊ ပျက်စီးအောင် မဟုတ်မှန်းသိလျက်နဲ့ မမှန်သတင်းလွှင့်ရန်ကြံစည်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေကို ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က) (င) တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ကိုအောင်နေမျိုးဟာ အလွတ်တန်းသတင်းထောက်တယောက်ဖြစ်သလို နိုင်ငံရေးပါတီနဲ့ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းကူညီလုပ်ဆောင်ပေးနေသူတယောက်လည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့က လူ့အခွင့်အရေးရှေနေ့ ဦးရောဘတ်စန်းအောင်ကတော့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က)(င) တို့နဲ့ အမှုဖွင့်တာ ပြင်းထန်လွန်းတယ်၊ စွပ်စွဲခံရသူ လွတ်လမ်း မရှိဘူးလို့ သုံးသပ်ပြောကြားပါတယ်။
“ဖြေရှင်းရတဲ့လူအတွက် မသက်သာဘူး၊ ဒီဥစ္စာက နိုင်ငံရေးပုဒ်မ၊ အီလက်ထရောနစ်ဥပဒေနဲ့ဆိုရင်တော့ ဖြေရှင်းရတဲ့နေရာမှာ အခက်အခဲ မရှိနိုင်ဘူး။ နောက်ပြီး ၅ လောကမှာတော့ ဒါကို ဒိုင်စားပုဒ်မလို့ခေါ်တယ်။ ဒိုင်စားပုဒ်မဆိုတာ တရာစွဲတဲ့သူဘက်ကပဲ အမြဲ အသားစီးရပြီး အနိုင်ရတယ်။ ကျပြီဆိုရင်တော့ အနည်းဆုံး ၇ နှစ်ပဲ။”
ဖေဖော်ဝါရီ ၉ ရက်ကစလို့ ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မှာ တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်ကစပြီး ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာပေါ်မှာ တပ်မတော်ဘက်က ထောက်ခံသူတွေနဲ့ ကန့်ကွက်ရေးသားနေသူတွေ အပြန်အလှန် တင်ဆက်နေကြတာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်ရေးတင်သူတယောက်ကို အစိုးရက အခုလို ဖမ်းဆီး အမှုဖွင့်လိုက်တာဟာ ပထမဆုံးဖြစ်ပြီး လွှတ်တော်ကို စော်ကားရေးသားတယ်ဆိုတဲ့ ဒေါက်တာဆိတ်ဖွား ရှာပုံတော်ဖွင့်ခဲ့တာတော့ ဖြစ်ပွားခဲ့ဖူးပါတယ်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
အိမ်နှင့် ခြံမြေ ရောင်းရန်ရှိသည်
Leave a Comment
အိမ်နှင့် ခြံမြေ ရောင်းရန်ရှိသည် 
ကြည်ညိုဖွယ်ကောင်းသောဘုရားခန်းနှင့်သန့် ရှင်းသပ်ရပ်သော
အိပ်ခန်းပါရှိခြင်း၊ဆိုင်ကယ်၊ကားထားရန်ကျယ်ဝန်းပြီး၊အိမ်သာနှစ်လုံး၊ မီးဖိုချောင်းအခန်း၊ရေချိုးခန်းများပါရှိသည့်၂၀x၆၀ ပေအိမ်နှင့် ခြံအားရောင်း
ရန်ရှိပါသည်
ဆက်သွယ်ဝယ်ယူလိုပါက 
အိမ်အမှတ် ၃၄/၄၁၄
(က) န၀င်းကွက်သစ် ၁၄
လမ်း 
ဆက်သွယ်ရန် ဖုန်း .........09423710671  .........0933008553
Read More...
နိုင်ငံ အကြီး အကဲတွေကို အကြည်ညို ပျက်အောင် လုပ်မှုနဲ့ သတင်းထောက် အဖမ်း ခံရ
Leave a Comment
 နိုင်ငံ အကြီး အကဲတွေကို အကြည်ညို ပျက်အောင် လုပ်မှုနဲ့ သတင်းထောက် အဖမ်း ခံရ
*************************************************************
မြန်မာ ပြည်မှာ အသုံး များတဲ့ Facebook လူမှု ကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီး အကဲ တွေရဲ့ ဂုဏ် သရေ ထိခိုက် ညိုးနွမ်းအောင် ရေးသား ဖေါ်ပြ ခဲ့တယ် ဆိုပြီး မုံရွာမြို့က ဖိုတို စားသောက်ဆိုင် ပိုင်ရှင် လည်းဖြစ် အလွတ်တန်း ဓါတ်ပုံ သတင်းထောက် လည်း ဖြစ်တဲ့ ကိုအောင်နေမျိုးကို သက်ဆိုင် ရာက ဖမ်းဆီးပြီး အရေးပေါ် စီမံချက် အက် ဥပဒေနဲ့ အရေးယူ လိုက်ပါတယ်။
သူ့ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာမှာ ကိုးကန့်စစ်ပွဲ အကြောင်း ရိုက်ကူး ထားတဲ့ ကွမ်းလုံ ရက် ၄၀ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကြော်ငြာကို ကွန်ဒုံး ရက် ၄၀ ဆိုပြီး အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တချို့ နာမည်တွေနဲ့ သရုပ်ဖေါ် ထားတဲ့ ဓါတ်ပုံကို ရှယ်ခဲ့တဲ့ အတွက် သတင်း တပ်ဖွဲ့က တရားလို လုပ်ပြီး ကိုအောင်နေမျိုးကို ဖမ်းလိုက်တာ ဖြစ်ပါတယ်။
အခု အခါ သူ့ကို အမှုဖွင့် အရေးယူဖို့ ထိန်းသိမ်း ထားပြီး ရမန်ယူပြီး မုံရွာ ထောင်ကြီးချုပ်ကို ပို့မယ်လို့ မုံရွာ မြို့မ စခန်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာ နိုင်ငံမှာ Facebook လူမှု ကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီး အကဲတွေရဲ့ ဂုဏ်သရေ ညှိုးနွမ်း အောင် ရေး လို့ ဆိုပြီး ဖမ်းဆီး အရေးယူ ခံရတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
တရား လွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်း ကတော့ နိုင်ငံတကာမှာ ရုပ်ပြောင် ရေးဆွဲ တာမျိုးကို ဖမ်းဆီး ရေးယူ တာမျိုး မရှိကြောင်းနဲ့ ကိုအောင်နေမျိုးရဲ့ ကိစ္စဟာ စာနယ်ဇင်း လွတ်လပ်မှုနဲ့ ဆက်စပ်မယ်လို့ ယူဆကြောင်း ပြောပါတယ်။
စာနယ်ဇင်း ကောင်စီ ယာယီရဲ့ အဖွဲ့ဝင် လည်းဖြစ် မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂကို ဦးဆောင် သူလည်း ဖြစ်တဲ့ ဦးဇော်သက်ထွေး ကလည်း လူမှု ကွန်ရက်မှာ အစိုးရကို ဝေဖန်သူတွေ အများ အပြား ရှိတဲ့ အနက် ကိုအောင်နေမျိုးလို အလွတ်တန်း ဓါတ်ပုံ သတင်းထောက် တဦးကို ခုလို ပြင်းထန် တဲ့ ပုဒ်မ တွေနဲ့ တရားစွဲ လိုက် တာဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးမှာ မီဒီယာ ကဏ္ဍကို အကြွင်းမဲ့ ကင်းလွတ်ခွင့် မပေးချင်လို့ ခြောက်လှန့် လိုက်တဲ့ သဘော ဖြစ်တယ်လို့ ပြောပါတယ်။
ကိုအောင်နေမျိုးကို စွဲဆို ထားတဲ့ အရေးပေါ် စီမံချက် အက် ဥပဒေ ၅ (က) နဲ့ (င) ဆိုတာ အတော်ပြင်းထန် တာမို့ ပြစ်မှု ထင်ရှား ခဲ့ရင်တော့ ထောင်ဒဏ် ၇နှစ် ကနေ ၁၄ နှစ် ထိ ကျခံ ရနိုင်တယ် လို့လည်း သိရ ပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150227_facebook_journalist_arrest_burma
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
ရှေးဟောင်းဆင်းတုတော်ပြန်အပ်သည့် လယ်သမားတစ်ဦးအား ဂုဏ်ပြုချီးမြှင့်
Leave a Comment
BY ဇော်မင်းထိုက်   
ပြည်− ပြည်မြို့၊ သရေခေတ္တရာ ပျူမြို့ဟောင်း၊ ပန်းတင်ကျေးရွာရှိ လယ်ကွက်တစ်ကွက်အတွင်း ထယ်ထိုးရာမှ ရှေးဟောင်းဘုရား တစ်ဆူတွေ့ရှိခဲ့ပြီး ရှေးဟောင်း ဌာနသို့လာရောက်အပ်နှံခဲ့သူကို နိုင်ငံတော်အစိုးရက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
ရှေးဟောင်းဆင်းတုတော်အား အပ်နှံနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်− ပြည်မြို့၊ သရေခေတ္တရာ ပျူမြို့ဟောင်း၊ ပန်းတင်ကျေးရွာရှိ လယ်ကွက်တစ်ကွက်အတွင်း ထယ်ထိုးရာမှ ရှေးဟောင်းဘုရား တစ်ဆူတွေ့ရှိခဲ့ပြီး ရှေးဟောင်း ဌာနသို့လာရောက်အပ်နှံခဲ့သူကို နိုင်ငံတော်အစိုးရက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
‘‘လာရောက်အပ်နှံတဲ့ဘုရား ဆင်းတုတော်က ပျူခေတ်နှောင်း လက်ရာပါ။ ပစ္စည်းတန်ဖိုးတွက် ရင် နည်းပေမယ့် ခေတ်လက်ရာ ပေါ်မူတည်ပြီးဆုငွေပိုမိုချီးမြှင့်ခဲ့ တာပါ’’ဟု ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်ကပြောသည်။
၂၀၁၄ နိုဝင်ဘာက ပျူခေတ်နှောင်းလက်ရာ ဉာဏ်တော်လေး လက်မခန့်ရှိ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ်ဖြင့်ပြုလုပ်ထားသော ပဉ္စလောဟာဘုရားဆင်းတုတော် တစ်ဆူကို လယ်သမားဦးဝေအေးကတွေ့ရှိခဲ့ပြီး တာဝန်သိသိလာရောက် အပ်နှံခဲ့ကြောင်း၊ ခေတ်လက်ရာပေါ်မူတည်ပြီး ကာလတန်ဖိုးထက်ထပ်ဆောင်းကာ ဆုငွေသုံးသိန်းရှစ်ထောင်ကျပ် ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
သရေခေတ္တရာရှေးဟောင်း အမွေအနှစ်ပစ္စည်းများမှာ နည်း အမျိုးမျိုးဖြင့် မှောင်ခိုလမ်းကြောင်းမှ အခြားနိုင်ငံများသို့ရောက်ရှိလျက်ရှိပြီး အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်နည်းပါးလာကြောင်း၊ ပျောက်ပျက်ဆုံးရှုံးမှုများရှိနေသည့်အချိန်တွင် ဒေသခံများ  အနေဖြင့် ယခုကဲ့သို့ တာဝန်သိသိ လာရောက်အပ်နှံမှုမျိုးကို အထူးကျေးဇူးတင်ရှိကြောင်း၊ သရေခေတ္တရာမြို့ဟောင်းတွင် ယခုကဲ့သို့ ခေတ်လက်ရာမီသောရှေးဟောင်းပစ္စည်းလာရောက်အပ်နှံမှုနှင့် ဂုဏ်ပြုဆုငွေပေးခြင်းမှာ ပထမဆုံးဖြစ်ကြောင်း ခေတ်လက်ရာပေါ်မူတည်၍ ကျောက်ခေတ်ဖြစ်ပါက ၁၀၀ ရာခိုင်နှုန်း၊ ကြေး ခေတ် ၉၀ ရာခိုင်နှုန်းနှင့် ပျူ ခေတ် ၇၀ ရာခိုင်နှုန်းစသည်ဖြင့် ထပ်ဆောင်းကာဂုဏ်ပြုဆုငွေ များချီးမြှင့်ပေးလျက်ရှိကြောင်း ရှေးဟောင်းဌာနမှသိရသည်။
7Day Daily.com
Read More...
Thursday, February 26, 2015
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ဟောပြောမည်ဟုပြော ပြည့်သဲမောင်(ပြည်) 09 4236 71883
Leave a Comment
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ဟောပြောမည်ဟုပြော
ပြည့်သဲမောင်(ပြည်) 09 4236 71883
ဗိုလ်ချုပ်ရာပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်၏သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့သို့ မတ်လ ၁ ရက်တွင် လာရောက်ဟောပြော
မည်ဖြစ်ကြောင်း ပြည်ခရိုင်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
“ဗိုလ်ချုပ်ရာပြည့် ကိုလာရောက် ဂုဏ်ပြုဟောပြောမယ်။ ဟသာင်္တက နေ
 ပြည်ကို ကူးမယ်။ ပြီးတော့ နေပြည်တော်ကို ပြန်မယ်”ဟု ပြည်ခရိုင်
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့်သန်းထွန်း က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အဖြစ်
 မြန်မာနိုင်ငံအနှံ့ မြို့နယ်များတွင် တစ်နှစ်ပတ်လုံးဟော ပြောသွားမည်ဖြစ်ပြီး
 ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဟသာင်္တမြို့ ၊ မတ်လ ၁ရက်တွင် ပြည်မြို့များ
၌ဟောပြောမည်ဖြစ်သည်။
ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကဖခင်ဗိုလ်ချုပ်၏သဘောထား
ခံယူချက်များနှင့်ယုံကြည်ချက်များအကြောင်း၊ နှစ်ပေါင်းခြောက်ဆယ်ကျော်
ကြာတိမ်မြုတ်နေသောဗိုလ်ချုပ်၏သမိုင်းကြောင်းကို ရှင်းလင်းဟောကြား
သွားမည်ဖြစ်ပြီး ဥပဒေပညာရှင်ဦးဝင်းမြင့်ကဗိုလ်ချုပ်ထံမှ လေ့လာသင်ယူ
မှတ်သားစရာများအကြောင်း ဟောကြားမည်ဟုလည်းဦးမြင့်သန်းထွန်း
 ကပြောသည်။
အဆိုပါဟောပြောပွဲကို မတ်လ ၁ ရက်နေ့ နေ့လည် ၅နာရီတွင် ပြည်မြို့ ရွာဘဲနယ်မြေ ရတနာမာန်အောင် ကွက်သစ် လေးထပ်ပြင်ဂေါက်ကွင်း တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...
ပျူခေတ်နှောင်းလက်ရာ ဗုဒ္ဒဆင်းတုတော်အပ် နှံသူအား ဂုဏ်ပြုချီးမြင့် ပြည့်သဲမောင်(ပြည်) 09 4236 71883
Leave a Comment
ပျူခေတ်နှောင်းလက်ရာ ဗုဒ္ဒဆင်းတုတော်အပ် နှံသူအား ဂုဏ်ပြုချီးမြင့်
ပြည့်သဲမောင်(ပြည်) 09 4236 71883
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌါနက ပျူခေတ်နှောင်း
လက်ရာ ဗုဒ္ဒဆင်းတုတော် တစ်ဆူအပ်နှံခဲ့သည့်  ပဲခူးတိုင်း ပြည်ခရိုင်
ပြည်မြို့မှ လယ်သမားကြီး ဦးဝေအေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့
တွင် ငွေကျပ်သုံးသိန်း ရှစ်ထောင် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ဗုဒ္ဓဆင်းတုတော်၏် ဥာဏ်တော်အမြင့်မှာ (၄)လက်မ ခန့်ရှိပြီး ယာ
ဘက်လက်တော် တစ်ဒေါင်ဆစ်အနီးမှ ပြတ်နေသည်။ ရွှေ ၊ ငွေ ၊ ကြေး ၊
သံ ၊ သွပ် သတ္တု(၅)မျိုးဖြင့်သွန်းလုပ်ထားပြီးပျူခေတ်နှောင်းလက်ယာ
 ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌါနက အတည်ပြုထားသည်။
“ယခုလို ဌါနကို လာပြီးအပ်နှံတဲ့ ကာယကံရှင် လယ်သမားကြီး ဦးဝေအေး ၊
ဆရာတော် သူတို့နှင့်ရပ်မိရပ်ဖတွေကိုအထူးကျေးဇူးတင်တယ်”ဟုပြည်မြို့
့ရှေးဟောင်းသုတေသနဦးစီးဌါနနည်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ပြောသည်။
၎င်းကောင်း ဆင်းတုတော်ကို ပြည်မြို့ ထမ္မကောက်အုပ်စု ဘုရားငါးဆူတောင်
 ကျောင်းတိုက် တောင်ဘက် (၄)ဖာလုံခန့်အကွာ လယ်သမားကြီး ဦးဝေအေး
၏ ယာကွက်ထဲတွင် ၂၀၁၃ ခုနှစ်က တွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အပ်နှံခဲ့ကြောင်းသိရသည်။
အဆိုပါ ဗုဒ္ဒဆင်းတုတော်အပ် နှံသူအား ဂုဏ်ပြုချီးမြှင့်ပွဲအာ့း ထိုနေ့မနက် ၁၀နာရီအချိန်က ပြည်မြို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်
ဦးစီးဌါနစုရုံး ၌် ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ရာ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်မောင်ဝင်း ၊ ရှေးဟောင်းသုတေသန ၀န်ထမ်းများနှင့်သရေခေတ္တရာ
အမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ မြို့မိမြို့ဖများ တက်ရောက်
ခဲ့ကြသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...
ထွန်းတောက်ပညာ့ရိပ်သာဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး အခွန်ဦးစီးအငယ်တန်းစာရေး ၊အခွန်ဦးစီးရုံးအကူ ၀င်ခွင့်သင်တန်းစတင်ဖွင့်လှစ်မည်
Leave a Comment
အနန္တော အနန္တငါးပါးဦးထိပ်ထား ထွန်းတောက် ပညာ့ရိပ်သာ 
ဆရာစိန်ထွန်းတောက် (ခ) ဦးစိန်တိုး အခွန်ဦးစီးအငယ်တန်းစာရေး (ဘွဲ့ရ)၊ 
အခွန်ဦးစီးရုံးအကူ(၁၀တန်းအောင်)၀င်ခွင့်သင်တန်း(၂၅.၂.၂၀၁၅)ရက်နေ့ 
စတင်ဖွင့်လှစ်မည်ဖြစ်ပြီးလျှောက်လွှာနောက်ဆုံးရက်မှာ(၁၃.၃.၂၀၁၅)ရက်နေ့ဖြစ်ပါသည်။ သင်တန်းသားများ၏လျှောက်လွှာအားတင်ပေးပါမည်။ 
ဆက်သွယ်ရန်လိပ်စာ - အမှတ် (၆၇၄)၊ ရေလွှဲပေါက် လမ်း၊ န၀င်းရပ်ကွက်၊
 ရွှေပလ္လင်မှော်ဘုရားအနီး၊ ပြည်မြို့။
ဖုန်း.... ၀၉ ၄၉၅၀၀၈၆၃၊ ၀၉ ၃၁၂၂၆၄၀၄၊ ၀၉၂၅၄၀၉၁၃၆၄၊ ၀၉ ၄၂၁၇၄၄၇၀၃
Read More...
ဒီသတင်းနှင့်ပက်သက်ပြီးကျနော်တို့သတင်းသမားတွေကသတင်းမတင်ဘူးဆိုပြီးပိုက်ဆံ ယူထားတာမဟုတ်ပါဘူး ပြည့်သဲမောင်(ပြည်) 09 4236 71883
Leave a Comment
Mar Kyi with Pyae Phyo Pyay and Pyae Thae Maung
Yesterday at 5:09pm · Edited ·
ဒီသတင်းနှင့်ပက်သက်ပြီးကျနော်တို့သတင်းသမားတွေကသတင်းမတင်ဘူးဆိုပြီးပိုက်ဆံ
ယူထားတာမဟုတ်ပါဘူး
ပန်းလေးဆယ်ရေးလို့မရသလို မှုခင်းနဲ့ပက်သက်လာရင်တရားလိုရဲ့ပြော
စကား၊ရဲတပ်ဖွဲ့၏စစ်ဆေးချက်တွေကိုအတည်ပြုရပါတယ်။အဲဒီလိုအတည်ပြုဖို့အတွက်သတင်းထောက်မှာတိကျတဲ့ ခိုင်လုံတဲ့အကြောင်းအရာရှိရပါတယ်။
အခြာဖြစ်စဉ်မှုခင်းတွေမှာ နစ်နာသူကတရာလိုလုပ်တာရှိသလိုရဲကတရား
လိုလုပ်တာရှိပါတယ်။
ခင်ဗျာ။သတင်းရေးတဲ့နေရာမှာပေါက်
အဲတော့သတင်းသမားက နစ်နာသူတိုင်တဲ့အထောက်အထားရဲတရားလို
တိုင်တဲ့အထောက်အထားတွေရှိပါတယ်။အခုဖြစ်စဉ်မှာကခံရသူကလဲအမှုဖွင့်မတိုင်သလို၊ရဲကလဲအမှုဖွင့်တိုင်ထားတာမဟုတ်ပါဘူး။ယာဉ်မောင်ကိုအမှုဖွင့်ထားတာက မိုးမေတ္တာပရဟိတကပါပဲ။ဒါကြောင့်နစ်နာသူကလဲအင်တာဗျုး
မပေးသလို ရဲမှတ်တမ်းအရလဲရေးလို့မရတဲ့သတင်းပါ။ဘယ်သတင်းသမားမှ
မရေးတာမဟုတ်ပါဘူး ကျနော့်ဆရာ ကိုရေခဲ (ပြည်) ကမဇ္ဖျိုမမှာရေးထားပါ
တယ် ဖတ်ကြည့်ပါ။
အခုလိုဘာလို့ရှင်းပြရလဲဆိုရင် ကျနော်တို့သတင်းထောက်တွေက ပိုက်ဆံ
ယူပြီးဒီသတင်းကိုမရေးဘူးဆိုတာရယ် အတိအကျသိရင်အချိန်မရွေးသတင်း
ဌာနကိုတိုင်ကြားနိုင်ပါတယ်။အသေချာဆုံးထပ်ပြောရရင် အဲဒီသေသူ အဘ
ကြီးက ကျနော်တို့ရပ်ကွက်ထဲကဖြစ်သလို ဆေးရုံတင်ထားတဲ့ အဘကြီးသား
က ကျနော့်အိမ်မျက်စောင်းထိုးကပါ။ခက်တာက ကာယကံရှင် အိမ်သား
တွေကဘာမှမေးမရ တဲ့အတွက်သတင်းရေးမရတာပါ။
Mar Kyi ခင်ဗျာ ကျနော် ပြည်သားတစ်ယောက်ပါကျနော်ရေးတဲ့အကြောင်းမရှင်းဘူးဆိုရင်
ကြိုက်တဲ့နေရာ ကြိုတဲ့အချိန်ပြောပါ။လာရှင်းပြပါမယ် ကျနော်တို့ကျင့်ဝတ်
နဲ့အညီရှင်းပြပါမည်။ကျနော် facebook ပေါ်မှသတင်းထောက်မဟုတ်သလို ကျနော့်လုပ်ဖော်ကိုင်ဘက်တွေကလဲသတင်းဌာနတစ်ခုစီကသတင်း ထောက်တွေပါ။ ကျနော် ပြည့်သဲမောင်ဟာ ဘယ်ပါတီ ၊ ဘယ်အဖွဲ့အစည်း၊ဘယ်ခရိုနီ
ရဲ့လက်အောက်ငယ်သားမှ မဟုတ်ပါဘူး။သတင်းထောက်ကဒ်ပြားကိုင်ထား
ပြီးသတင်းညှောင့်တစ်ယောက်လဲမဟုတ်ပါဘူး။တကယ်လို့အဲဒီသတင်းကိုတိတိကျကျ သိချင်လူကိုယ်တိုင်လာခဲ့ပါ ။ကျနော်တို့သတင်းထောက်တွေကဝေ
ဖန်တာကိုခံနိုင်ပါ ။ဒါပေမဲ့ မိမိဟာဘယ်သူဘယ်ဝါပါဆိုတာအရင်မိတ်ဆက်ပါ
။နောက်လဲဒီလိုပဲဝေဖန်ပါ ကျနော်တို့ သတင်းထောက် တွေကတော့ကြိုက် ပါတယ်။
ပြည့်သဲမောင် (ပြည်) 09 4236 71883
ရွှေတောင်မြို့အနီးမှာပရဟိတမင်းသားကြီးကိုကျော်သူဦးစီးတဲ့မိုးမေတ္တာအသင်းက ambulance ကားကပြည်မြို့လမ်းမတော်မှာနေတဲ့အသက်၉၁နှစ်အရွယ် အဖိုးကြီးတယောက်စက်ဘီးနဲ့တိုက်မိလို့ပေါင်ကျိုးသွားတာကို ရန်ကုန်
အာရှတော်ဝင်ကိုပို့စဉ်ရွှေတောင်အထွက်ပြည်တောင်တန်းရေနံမြေမှာကုက္ကိုလ်ပင်နဲ့တိုက်မိပြီးအဖိုးအိုလူနာတင်ကဒ်ပေါ်ကပြုတ်ကျပြီးရရှိတဲ့ဒဏ်ရာဦးနှောက်သွေးယိုစီးမှု့နဲ့ ဆေးရုံရောက်ပြီး၄၅မိနစ်အကြာမှာသေဆုံးသွားတဲ့ဖြစ်စဉ်ကိုပြည်မြို့ပေါ်မှာရှိတဲ့သတင်းထောက်တွေတယောက်စီကမှတက်မလာပါလား စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့လေးချောင်းထောက်တွေဆိုတာအတိုက်အခံဖြစ်တဲ့ကိုကျော်သူတို့ဘက်ဆိုဖုံးကျန်တဲ့လမ်းပေါ်မှာရဲကရိုက်လို့ခွေးကိုက်လို့အစိုးရဝန်ထမ်းဘာဖြစ်တယ်ညာဖြစ်တယ်ကျတော့အချိန်နဲ့တပြေညီဝိုင်းအာကျလို့ပါ့လားလေးချောင်းထောက်ဆိုတာအတိုက်အခံကိုထောက်ပေးတာလား ကားတိုက်မိတဲ့ယာဉ်မောင်းကိုထောင်ကျစေချင်လိုမဟုတ်ပါဘူးမြန်မာပြည်မှာပရဟိတ လုပ်နေတာဘဲဆိုပြီးမဆင်မချင်မောင်းနေတဲ့ambulanceကားမောင်းနေတဲ့လူတွေကို ဆင်ခြင်သိစေရုံပါဘဲအခုတော့မဟုတ်ဘူးအားလုံးနှာစေးနေကျလို့ပါအနီးဆုံးမြို့ဖြစ်တဲ့ရွှေတောင်မှာလဲ7 day သတင်းထောက်ရှိပါတယ်အချိန်နဲ့တပြေညီဆိုတဲ့ ပြည်သတင်း ပြည်သား မောင်ေ၇ခဲ(ပြည်) DVB သတင်းထောက် Pyae Phyo Pyay , Pyae Thae Maung, တို့မသိကြတာလားမည်သူ့ကိုမှနစ်နာစေလိုသောဆန္ဒမရှိပါဘူး။
Read More...
ဘဝနတ်ထံပျံလွန်တော်မူသော ဆရာတော်ကြီး၏ တပည့်များသိစေရန် အကြောင်းကြားခြင်း ပြည့်သဲမောင်(ပြည်) 09 4236 71883
Leave a Comment
ဘဝနတ်ထံပျံလွန်တော်မူသော ဆရာတော်ကြီး၏ တပည့်များသိစေရန်
အကြောင်းကြားခြင်း
ပဲခူးတိုင်းအနောက် ပြည်မြို့နယ် ကြခတ်ကျေးရွာအုပ်စု ပေါင်းဇူးကျေးရွာ
ရွာဦးကျောင်း၌ သီတင်းသုံးတော်မူသော လင်းပါယ်ကျေးရွာ- ပေါင်းဇူး
ကျေးရွာဒါယကာ ဒါယိကာမများ၏ ဆရာတော် သက်တော် ၇၀ သိက္ခာဝါတော်
၅၀ ဆရာတော်ကြီး ဘဒ္ဒန္တ ဘာရဒွါဇ မဟာထေရ်မြတ်သည် ၁၃၇၆ ခု တပေါင်းလဆန်း
 ၅ ရက်နေ့ည 10: 20 မိနစ်အချိန် ဘဝနတ်ထံကြွမြန်းစံ ပျံလွန်တော်မူသည်ဖြစ်ပါသဖြင့် 
ကျွင်းကျန်ရစ်သော ရုပ်ကလာပ်တော်ကို ၁၃၇၆ ခု တပေါင်းလပြည့်ကျော် ၁၄ရက်နေ့
နေ့လည် ၂ နာရီအချိန်မီးသဂြိုဟ်ပူဇော်မည်ဖြစ်ပါသောကြောင့် ရပ်ဝေး / ရပ်နီးရှိ 
ဆရာတော်ဘုရားကြီး၏ တပည့်အပေါင်းတို့အား သိရှိစေရန်အတွက် အကြောင်းကြား အသိပေးအပ်ပါသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...
အကြွေးပေးရန်ရှိသည်ဟု ခေါ်သူနောက်သို့ လိုက်သွားရာမှ အဓမ္မပြုကျင့်ခံရသည်ဟုဆိုကာ အမှုဖွင့်တိုင်ကြား ပြည့်သဲမောင်(ပြည်) 09 4236 71883
Leave a Comment
အကြွေးပေးရန်ရှိသည်ဟု ခေါ်သူနောက်သို့  လိုက်သွားရာမှ အဓမ္မပြုကျင့်ခံရသည်ဟုဆိုကာ အမှုဖွင့်တိုင်ကြား
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်နယ်မြေ
ရဲစခန်းအပိုင် ရတနာပုံရပ်ကွက်နေ ဒေါ်.................... (၄၀)နှစ်သည်
(၂၂.၂.၂၀၁၅)ရက်နေ့ နေ့လည် (၁၁း၀၀)နာရီအချိန်ခန့် ဥသျှစ်ပင် လမ်းဆုံ
ဘက်သို့ ဆိုင်ကယ်ဆီဖြည့်ရန်သွားရောက်ခဲ့သည်ဟုဆို၏။
 ထိုသို့သွားရောက်စဉ် အိမ်နီးချင်းဖြစ်သူ ကိုလှဝင်း (ခ) ကျော်ကျော်မြင့်မှ
ဆိုင်ကယ်ဖြင့်နောက်မှလိုက်လာ ပြီး ၄င်းအား '' နင့်ကိုအကြွေးပေးရန်ရှိ၍
ငါနဲ့လိုက်ခဲ့" ဟုပြောသဖြင့် ကိုလှဝင်းဆိုင်ကယ်နှင့်လိုက်သွားစဉ် အိမ်နီးချင်း
ဖြစ်သူမ ......၏ဖုန်းနံပါတ်အား ကိုလှဝင်း(ခ)ကျော်ကျော်မြင့်မှ ဒေါ်............
ထံတောင်းခဲ့သည် ဟုဆို၏။
ဒေါ်.........မှ မပြောသဖြင့် အတင်းတောင်းနေရာမှ ကျောက်ဖူးဓါတ်အား
ခွဲရုံအနီးရှိ သဘာဝစားသောက် ဆိုင်သို့ရောက်ရှိရာအတူတူစားသောက်ကြ
ကြောင်း၊ ထို့နောက်စားသောက်ပြီး၍ နှစ်ဦးသားဆိုင်ကယ်ဖြင့်အပြန်ကျောက်
ဖူးကျေးရွာအနီးသစ်စက်အလွန်လမ်း၏ ၀ဲဘက်လှည်းလမ်းသို့အတင်းအဓမ္မ
ဆွဲခေါ်ပြီး လက် လိမ်ချိုး၊ ပါးရိုက်ကာသားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့
သည်ဟုဆိုကာ ဆယ်အိမ်မှူး ဦးဝင်းရွှေထံ ည (၇း၀၀)နာရီအချိန်ခန့်က
တိုင်ကြားပြီး ဦးဝင်းရွှေမှ ရဲစခန်းတွင်အမှုဖွင့်ပေးရန် ပြောကြားခဲ့သဖြင့်
ရဲစခန်းသို့ လာရောက်တိုင်တန်းကြောင်း ဥသျှစ်ပင်နယ်မြေရဲစခန်း
ရဲမှတ်တမ်းအရ သိရသည်။
ထို့ကြောင့် မိမိအား သားမယားအဖြစ် အဓမ္မပြုကျင့်သူ လှဝင်း(ခ)
 ကျော်ကျော်မြင့်၊ ဥသျှစ်ပင်မြို့နေသူအား အရေးယူပေးပါရန် ဥသျှစ်ပင်
နယ်မြေရဲစခန်းအား လာရောက်တိုင်တန်းခဲ့သဖြင့် ဥသျှစ်ပင်နယ်မြေရဲစခန်း
 (ပ) ၁၈/ ၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၇၆ / ၃၂၃ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး
အမှုအားရဲအုပ်ဝင်းဆန်းမှ လက်ခံ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883
Read More...
Wednesday, February 25, 2015
ပြည်မြို့သား ကာတွန်းဆရာ သုံးဦး၏ သုံးပွင့်မဆိုင် ကာတွန်းများစာအုပ် မကြာမှီထုတ်ဝေဖြန့်ချီမည်
Leave a Comment
ပြည်မြို့သား ကာတွန်းဆရာ သုံးဦး၇ဲ့ လက်၇ှိမြန်မာနိုင်ငံရေး၊စီးပွါးရေး၊လူမှုဆက်ဆံရေး အစ၇ှိတဲ့ နယ်ပယ်ပေါင်းစုံကို သူတို့အမြင်၊သူတို့အတွေးနဲ့ ရေဆွဲထားတဲ့  သုံးပွင့်မဆိုင်ဆိုတဲ့ ကာတွန်းပေါင်းချုပ်စာအုပ်ဟာ မတ်လအတွင်းမှာ ထွက်၇ှိလာတော့မယ်၊ရောင်းဈေးကတော့ ၂၀၀၀ကျပ်လောက်၇ှိမယ်၊မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ်ပီပြင်စွာ ကျင့်သုံးနိုင်ရေးမှာ ထောက်ပြ၊ဝေဖန်၊သရော်ထားတဲ့ ကာတွန်းပေါင်းများစွာကို ကာတွန်း တာတီး(ပြည်)၊ကာတွန်းကာဠု(ပြည်)၊ကာတွန်းလူကြီးတို့ရဲ့ လက်ရာများနဲ့ ဝေေ၀ဆာဆာ ထွက်ရှိလာတော့မယ်၊နယ်ချဲ့လက်အောက်ကျရောက်ခဲ့စဉ်က လွတ်လပ်ရေးရဖို့ ကလောင်လက်နက်နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ကာတွန်းဆရာတွေဟာလည်းတော်လှန်ရေးသမားစစ်စစ်တွေပါ၊အခု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးမှာ ပြည်မြို့သားကာတွန်ဆရာတွေဟာလည်း  သူတို့ရဲ့ကလောင်လက်နက်နဲ့ ဘယ်လို တိုက်ပွဲဝင်ထားတယ်ဆိုတာ သူငယ်ချင်းတို့ လေ့လာဖက်၇ှုကြပါဦးလို့....
Read More...
Tuesday, February 24, 2015
မြကျွန်းနဒီမော်တယ်အားလာရောက်အပန်းဖြေပါနော်
Leave a Comment
မြကျွန်းနဒီမော်တယ်အားလာရောက်အပန်းဖြေပါနော်
သန့်ရှင်းသောအိပ်ခန်းများ သေသပ်ခန့်ညားသော ထမင်းစားသီးသန့်ခန်းများ
wifi free နှင့်နံနက်စာများကျွေးမွေးသော မြကျွန်းနဒီမော်တယ်အား
လူကြီးမင်းများအနေဖြင့်လာရောက်တည်းခို အပန်းဖြေနိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ....
လိပ်စာကတော့...အမှတ်(၂၀၃)၊အနော်ရထာလမ်း ၊စည်တော်မင်္ဂလာရပ်
ရွာဘဲနယ်မြေ ၊ပြည်မြို့။ဖုန်း..၀၅၃ ၂၅၄၉၈ ၊ ၀၉ ၃၀၁၄၄၈၉၆
၀၉ ၃၃၈၉၉၂၆၃ ဖြစ်ပါတယ်။
Read More...
ပုံစံ(၁၀၅)မြေပုံကူးယူရရှိရေးအတွက်ငွေကျပ်သိန်း(၅၀)တောင်းသည်ကိုမကျေနပ်သဖြင့်တိုင်ကြား ............သူရကျော်(မြန်မာ့ခေတ်ဂျာနယ်)
Leave a Comment
ပုံစံ(၁၀၅)မြေပုံကူးယူရရှိရေးအတွက်ငွေကျပ်သိန်း(၅၀)တောင်းသည်ကိုမကျေနပ်သဖြင့်တိုင်ကြား
######################################################################
ပဲခူးတိုင်းဒေသကြီးပြည်မြို့ရွာဘဲ၇ပ်ကွက်အမှတ်၁၅bမူယာပင်မင်္ဂလာဘုရားကွင်းဦးပိုင်အမှတ်(၇၁/၁)မြေချိန်ဧက(၃.၁၃)ဧက၏ပိုင်ရှင်သီးလူယဉ်မှတရားရုံး၏အနိုင်ဒီဂရီအမိန်ဖြင့်ပုံစံ(၁၀၅)မြေပုံကူးယူရေးအတွက်မြို့နယ်မြေစာရင်းဦးစည်းဌာနသို့ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီလျှောက်ထားသော်လည်းပြည်မြို့နယ်မြေစာ၇င်းဦးစီးမှူးမှငွေကျပ်သိန်း(၅၀)တောင်းသည်ကိုမပေးသဖြင့်ပုံစံ(၁၀၅)မြေပုံရေးဆွဲဆောင်ရွက်ပေးခြင်းမရှိမှုအပေါ်မကျေနပ်သဖြင့်၂၀၁၅ခုနှစ်ဇန်န၀ါရီလ၅ရက်နေ့နေ့စွဲဖြင့်ဦးလုယဉ်၏အထွေထွေံကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူဦးတိုးအောင်မှပြည်တောင်စုဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့လိပ်မူတိုင်ကြားခဲ့ကြောင်းသိရသည်။
၎င်းးမှဆက်လက်ပြောကြားရာတွင်လက်ဝယ်ထားရှိရန်မြေစာရင်းမြေပုံနှင့်လန၃၉ရရှိရန်ထုပ်ပေးသည့်မြေစာရင်းမြေပုံများအား၎်င်းမြို့နယ်မြေစာရင်ဦးစီးမှူး ၊လက်ထောက်မြေစာရင်းဦးစည်းမှူးဘ၀ကထုပ်ပေးခဲ့သည့်အထောက်အထားများစွာရှိကြောင်းကျပ၄င်းတောင်ခံသောငွေကျပ်သိန်း(၅၀)မပေးလို့သာယခုကဲ့သို့လုပ်ထုံးလုပ်နည်းနှင့်မညီသောအကြောင်းအမျိုးမျိုးပြကာကြံကြာအောင်ဖန်တီးနေသည်ဟုယူဆပါကြောင်းမြေစာရင်းထာန၏ယခုကဲ့သို့ဥပဒေနှင့်အညီမဟုတ်သောလုပ်ဆောင်မှုများကြောင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင်၎င်း၊နိုင်ငံတော်တွင်လည်းကောင်းအကြပ်အတည်းပေါင်းများစွာဖြေရှင်းနေရသည်ဟုထင်မြင်မိပါကြောင်းပြောပါသည်။အဆိုပါတိုင်ကြားစာနှင့်ပတ်သက်ပြီး၁၈.၂.၂၀၁၅ရက်နေ့တွင်ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့မှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သူရကျော်(မြန်မာ့ခေတ်ဂျာနယ်)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
နွေဦးကာလ ထန်းတက်သမားတစ်ဦး၏ မျှော်လင့်အိမ်မက်........ရေးသားသူ.....ဝေလင်း(ပြည်)
Leave a Comment
နွေဦးကာလ ထန်းတက်သမားတစ်ဦး၏ မျှော်လင့်အိမ်မက်
====================================
(23.2.2015) ရက်နေ့ထုတ် Weekly ELEVEN NEWS မှ ကူးယူဖော်ပြပါသည်
နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ကျောင်းသားဘ၀က ကျက်မှတ်ခဲ့ရသည့် ကဗျာတစ်ပုဒ်၏အစပင်။ နှစ်များစွာကြာသည့်တိုင် နှုတ်တိုက် ဖွဖွရွှတ်ဆိုဖြစ်နေသလို အမြင်အာရုံထဲတွင်လည်း ရုပ်ရှင်အနှေးပြကွက်များလို တစ်ကွက်ခြင်း၊ တစ်ကတ်ခြင်း ဖြင့်ပေါ်လာတတ်သည့် ထန်းတက်သမားမိသားစုဘ၀။ ၀န်ကြီးပဒေသရာဇာ၏ တျာချင်းအမျိုးစား၊ တောသူတောင်သားထန်းတက်သမားမိသားစုများ ရှေးခေတ်ကတည်းကရှိခဲ့သလို၊ ယခုလည်းထန်းတက်သမား မိသားစုများရှိနေဆဲဆိုသည် ကိုမြင်သိလိုက်ရသည့်ခဏ ထန်းတက်သမားတက်သွားရာ ထန်းပင်ထက် မော့ကြည့်ရင်း အတွေးအမေးများစွာကယင်းမိသားစုလေးထံရောက်ရှိသွားခဲ့ရသည်။
နွေဦးသို့ရောက်ခဲ့ပြီ။ လယ်ကွင်းပြင်များအတွင်း ခြောက်သွေ့မြေဆီလွှာအက်ကြောင်းများဖြင့် ရိုးပြတ်များက ငုံးတိမာကြောလို့နေသည်။ လယ်ကွင်းစပ်များနှင့် ရွာစည်းရိုးများ လမ်းမအစပ်များတွင် ထန်းပင်တို့က ထိုးထိုး ထောင်ထောင်ဖြင့်အမြင့်ပြိုင်နေကြသည်။ ပတ်ဝန်းကျင်တွင် တက်နေနှင့်အတူအပူကလွှမ်းခြုံလို့နေသည်။ လယ်ကန်စွန်းလေးများက ပက်ကြားအက်များကြား ကြိုးစားပန်းစားရှင်သန်နေရရှာသည်။ လှည်းလမ်းကြောင်း တစ်လျှောက် ဖုန်များကအလိပ်လိုက်ထနေပုံ။ လမ်းမဘေးတစ်နေရာထန်းတောထဲကိုသေချာ ဂရုစိုက် ကြည့်လိုက်မည်ဆိုပါက ထန်းရွက်မိုး၊ ထန်းရွက်ကာမြေစိုက်တဲလေးကိုမြင်ရမည်ဖြစ်ပြီး ပိုမို၍အသေးစိပ်ကာ ကောင်းကင်ထက်ကိုကြည့်လိုက်မည်ဆိုပါက မြင့်မားလှသည့်ထန်းပင်ထက်တွင် လူတစ်ဦးဓါးတစ်ချောင်း မြေအိုးတစ်လုံးဖြင့်အလုပ်ရှုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းမှာနွေဦး၏ ထန်းတက်သမားတစ်ဦး ပင်ဖြစ်သည်။
ထန်းတက်သမားတစ်ယောက်၏ဘ၀သည် အထူးတလည်စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟုတွေးမထင်ထား သည့် ကိုမြင့်လှိုင်က သူ့အကြောင်းကိုမေးမြန်းလိုက်သည့်အခါ မယုံရဲစိတ်အံသြခြင်းများဖြင့် အစတွင်အမ်းနေပြီး မေးမြန်းလာသူကိုပင် ခင်ဗျားကဘယ်ကလည်း၊ ဘာအတွက်လာမေးတာလဲဟုမေးမြန်းလိုက်ပုံက ရိုးသားမှုနှင့် အကြောက်တရားတို့ကို ပေါ်လွင်စေသည်။ အရှိန်ရသွားသည့်အခါတွင်တော့ သူ့အကြောင်းကိုအားတက် သရောပြောလိုက်ပုံကလည်း မချွင်းမချန်အတွင်းရေးများကစ ပြောလို့မဆုံးတော့။ ကိုမြင့်လှိုင်ဇနီးဖြစ်သူကတော့ မြေစိုက်ထန်းတဲလေး၏နောက်တွင် ဆီနည်းနည်းဖြင့် ကြွက်သားအပိုင်းများကို ကြွပ်နေအောင်အသည်းသန် ကြော်လိုက် တဲလေးထဲက ဖောက်သယ်များကိုလာချလိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။ ဤနေရာတွင်တျာချင်းကဗျာ၏ စာသားများကို ပြန်လည်အမှတ်ရစေပြန်သည်။
“မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း” နောက်တစ်နေရာတွင်
“၀မ်းသာအားရ၊ မယားကတစ်သွယ်
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်” ဆိုသလို လင်ယောင်္ကျား၏လုပ်ငန်းဆောင်တာများကို တစ်ဖက်တစ်လှမ်းကကူညီလုပ်ဆောင်ပေးနေသည်။
ကိုမြင့်လှိုင်ကတော့ အစနှင့်မတူတော့ ၀ါရင့်သရုပ်ဆောင်တစ်ဦးလို အင်တာဗျူးများကိုဖြေနေလေပြီ။ တစ်ချက်တစ်ချက်တွင် တဲအတွင်းမှ အုန်းခွံရောင်ခွေးပျိုတစ်ကောင်က လုံခြုံရေးအလိုငှာ လူစိမ်းများကိုမာန်ဖီဟိန်းဟောင် လိုက်သေးသည်။
“ဒီနယ်တစ်ကြောကထန်းတက်သမားတွေထဲမှာ ကျွန်တော်ကအသက်ငယ်ဆုံးပဲ အားလုံးလူကြီးတွေချည်း ပဲဗျ နောက်မျိုးဆက်လူငယ်တွေက သိပ်စိတ်မ၀င်စားကြတော့ဘူး” ပြောဆိုလိုက်သည့်လေသံတွင် ဂုဏ်ယူဝံ့ကြွားသံအနည်းငယ်ရောစွတ်နေသည်။ ၃၇ နှစ်ဟုဆိုသော်လည်း အသားရည်နှင့်အရွယ်တို့က ၀မ်းရေးခက်ခက်အောက်တွင် ညိုမဲရင့်ရော်လို့နေပါပြီ။ အမှန်တော့လည်း ပြည်မြို့နယ်၊ တောင်ခွေးရဲအုပ်စုထဲတွင် ထန်းတက်သမား များများစားစားရှိသည်မဟုတ်။ ၁၀ ယောက်ကျော်လောက် သာရှိသည်။ နယ်နမိတ်ချင်းထိစပ်နေသည့် သဲကုန်းမြို့နယ်၊ ကြို့ရပ်သာအုပ်စုထဲတွင်တော့ အနည်းငယ်ရှိသည်။ ခွေးရဲအုပ်စုထန်းတက်သမားများက ထန်းလျှက်မချက်ကြ၊ ထန်းဦးရည်အတွက်သာ သီးသန့်တက်ပြီး ရောင်းချသည်။ ကြို့ရပ်သာတွင်တော့ ထန်းလျှက်ချက်သည့်လုပ်ငန်းအနည်းငယ်ရှိသည်။
လွန်ခဲ့သည့်နှစ်များစွာကတော့ ကိုမြင့်လှိုင်တို့က တစ်နေ့လျှင်ထန်းလျှက် အချိန် ၁၆ ပိသာထိချက်ခဲ့ဘူးသည်။ အခုတော့ လက်နည်း သွားခဲ့ပြီ။ နောက်တစ်ခုက ဖွဲဈေးမတတ်နိုင်တော့။ ထင်းကရှားပါးသွားခဲ့သည်။ ယခင်က ရွာနောက်ဘက်သွားလိုက်လျှင်ရသည် အခုတော့အတော်ဝေးဝေးသွားလျှင်ပင် ထင်းကမရတော့။ သစ်တော ပြုန်းတီးမှုဒဏ်ကို လက်ငင်းခံစားနေရပေပြီ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ထန်းလျှက်မချက်နိုင်တော့ ထန်းဦးရည်ရောင်းချခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်းနေရှာသည်။ ထန်းရာသီကုန်လွန်ပါက ယာသီးနှံများ ဖြစ်သည့် ဗူး၊ သခွါး၊ ပန်း၊ နှင့်အခြားသီးနှံများစိုက်ရင်း ဘ၀ကိုဖြတ်သန်းနေသည်။ ထန်းတက်သက်သည်ပင် အသက်နှစ်ဆယ်ကရည်တွက်ပါက ၁၇ နှစ်ရှိခဲ့ပြီ။ ဖောက်သယ်ပေးခြင်းမရှိ၊ တက်၍ရလာသည့် ထန်းဦးရည်များကို ပြည်-ဆင်မြီးဆွဲ ဖြတ်လမ်းလေးနံဘေးတွင်ရောင်းချ စားသောက်ခဲ့သည်။ တွက်ခြေကိုက်လှသည်တော့မဟုတ်။
“အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်ငယ်နှင့်လေး။” ဟူသည့် ထန်းတက်သမားကဗျာစာသားထဲက ဘ၀မျိုးပင်။
“ထန်းတက်သမားတစ်ဦးကို မနက်နှစ်ဆယ့်ငါးပင် ညနေ နှစ်ဆယ့်ငါးပင်ပေါင်း ၅၀ လောက်ပဲတက်နိုင်တယ်။ အပင် ၃၀ တက်နိုင်တဲ့ကောင်က ဆရာကြီးပဲပေါ့။ ထန်းတက်သမားတွေကအရမ်းအန္တရာယ်များတယ် အပင်ပေါ်ကပြုတ်ကျတဲ့လူလည်းကြုံဘူးတယ် သူကအပင် ငါးဆယ်ထက်ကျော်တက်တယ်၊ နောက်တစ်ခုကနေ့လည်ခင်းကြီးမှာ ရင်းဆွဲလို့ခေါ်တဲ့ လှေကားကြိုးကိုလှဲရမဲ့အချိန်မှာမလဲမိတော့ ခြောက်နေတာနဲ့ ကြိုးနေရာကအပင်နဲ့ပွတ်ပြတ်ကျတာ သွားတာပဲ” ကိုမြင့်လှိုင်၏ပြောစကားက ကြက်သီးမွှေးညှင်းထချင်စရာ။ စိတ်ကူးဖြင့်ပြုတ်ကျကြည့်တာပင် မသက်သာလှ။
ထန်းရာသီက တပိုတွဲ၊ တပေါင်းဆိုလျှင်လှိုင်ပြီး၊ တန်ခူး၊ ကဆုန်ဆိုလျှင်တော့ အထွက်နှုန်းကျဲကာ တုံးသွားတော့သည်။ ဒါဆိုလျှင်တော့ အခြားလယ်ယာလက်ငုပ်လက်ရင်းရှိသူတွေက လယ်ပြန်လုပ်၊ မရှိသူက ဖားရှာငါးရှာ၊ လယ်သူရင်းငှား စသည်ဖြင့်အသီသီးလုပ်ကြရသည်။ ကိုမြင့်လှိုင်ကတော့ “ ကျွန်တော်ကတော့ ဗူးလေးဘာလေးစိုက်ပေါ့ ထန်းတက်လုပ်ငန်းကို ကျွန်တော်အဖေတုန်းကလည်း ကျွန်တော်ကိုထန်း မတက်ခိုင်းဘူး၊ ကျွန်တော်ကလေးတွေကိုလည်း မတက်ခိုင်းဘူး ပညာတတ်အောင် သင်ပေးချင်တယ် သူတို့ဝါသနာပါလို့ ထန်းတက်ရင်တော့မသိဘူးပေါ့လေ။ ဒီလုပ်ငန်းက အရမ်းအန္တရာယ်များတယ်” လေးလေးနက်နက်ပြောလိုက်သောစကားတွင် မျှော်လင့်ချက်များကို ထုဆစ်လိုမှုများပါဝင်နေသည်။ မိမိကဲ့သို့ရင်သွေးငယ်များကို မဖြစ်စေလိုသော ဖခင်တစ်ယောက်၏စိတ်စေတနာပင်။
ကိုမြင့်လှိုင်တွင် လေးတန်းကျောင်းသားတစ်ဦးနှင့် တစ်တန်းကျောင်းသားတစ်ဦးရှိနေသည်။ အချို့ထန်းတောများတွင် ထန်းတက်သမားတို့မရှိကြတော့ အသက်ရွယ်ကြီးရင့်ဆုံးပါးကုန်ကြသည်။ အချို့က ထန်းပင်များကိုခုတ်လှဲရောင်းချလိုက်ကြသည်။ မျိုးဆက်သစ်တွေကိုထန်းမတက်စေလိုကြ။ ပိုမိုကောင်းမွန်သည့် ဘ၀များဆီသားသမီးများအား တွန်းပိုလိုကြသော်လည်း ထန်းတက်သမားများက ထန်းတောများကိုချစ်သည်။ ထန်းပင်များကိုရှင်သန်စေချင်သည်။
“ ထန်းပင်တစ်ပင်က နှစ်အစိတ်လောက်မှ ထန်းလှီးလို့ရတယ် အခုတွေ့နေရတဲ့အပင်တွေက နှစ်တစ်ရာကျော်ပြီ၊ အဲတော့တော်ရုံတန်ရုံလယ်သမားတွေက ထန်းပင်တွေစိတ်မရှည်ကြဘူး၊ ခုတ်ချင်ကြတယ်။ ကျွန်တော်တို့ကတော့ ကိုယ်မစားရလည်းသူများစားရအောင် ထွက်လာတဲ့ထန်းပင်တွေကို မွေးထားချင်တယ်။ တစ်ချို့တွေကလျှော်ခုတ်ရင်းသတ်ပစ်ကြတယ်” ထန်းတက်သမားတစ်ဦး၏ ထန်းပင်ပေါ်ချစ်ခင်သော်လည်း ရင်သွေးငယ်များကို အန္တရာယ်မဖြစ်စေလိုသော ဖခင်တစ်ယောက်၏ခံစားမှုနှင့် ထန်းတက်သမားတစ်ဦး ခံစားမှု လွန်ဆွဲပွဲပင်။
ဤနေရာတွင် မြန်မာနိုင်ငံ၏ပွဲတိုင်းကျော်လူကြမ်းကြီးဖြစ်သော လယ်ယာမြေသိမ်းဆည်းခံရခြင်း ပြသာနာမှာ ထန်းတက်သမားမိသားစုထံကိုလည်း အရောက်လာခဲ့သည်ဟုသိလိုက်ရသည်။ သီဟိုဠ်စိုက်ခင်းများအတွက် စစ်တပ်ကသိမ်းယူထားပြီး အခြားကျန်မြေများကို ရပ်ကျေးဥက္ကဌက ထပ်မံသိမ်းယူထားကြောင်း လယ်ယာမြေအရေးကူညီဆောင်ရွက်နေသူများကို မေးမြန်းအကူညီတောင်းခံကာ သက်ဆိုင်ရာဌာနများသို့ တိုင်စာရေးပို့ထားသော်လည်း ထူးခြားမှုမရှိဟုပြောဆိုသည်။ သိမ်းဆည်းခံရသူများထဲကလယ်သမားတစ်ဦး ကတော့သိမ်းခဲ့သည့်ရပ်ကျေးဥက္ကဌကို တရားစွဲဆိုထားသည်။
“ဖြစ်နိုင်ရင်တော့ သိမ်းထားတဲ့လယ်လေးတွေ ပြန်ရအောင်ဝိုင်းကူညီစေချင်တယ်။ လယ်လေးတွေ ပြန်ရရင်တော့ ထန်းတက်တဲ့အလုပ်ကိုလုပ်စရာမလိုတော့ဘူး အဆင်လည်းပြေသွားမယ် ” ဟုကိုမြင့်လှိုင်က ရင်းတွင်းမျှော်လင့်ချက်တို့ကို ပြောဆိုလိုက်သည်။ အနားတွင်တော့ဇနီးဖြစ်သူက ပြောဆိုနေသည့် စကားများကို အထူးဆန်းဖြင့် ငေးမောနားထောင်နေသည်။
ပူပြင်းလှသည့်နွေနေလည့်ခင်းတွင် လေပွေတို့ကလယ်ကွင်းပြင်ထက် ဖုန်မှုန့်များကိုလွင့်တက်စေလေသည်။ လေအဝှေ့ထန်းလက်ခြောက်တို့ အချင်းချင်းပွတ်တိုက်လို့။ တဲအတွင်းကခွေးပျိုကလမ်းပေါ်ဖြတ်သွားသူတို့ကို ထထဟောင်လိုက်သေးသည်။ ထန်းမြူအိုးလေးများကို နေသားတကျချလိုက်ရင်း ထန်းလှီးဓါးကိုလည်း တဲနံရံတွင်ချိတ်ဆွဲလိုက်ရင်း တစ်မနက်ခင်းအတွက် ထန်းတက်သမားအနားယူတော့မည်။ ဇနီးသယ်ကတော့ ထန်းအိုးများနှင့် အမြည်းပုဂံများကိုတွက်ချက်သိမ်းဆည်းလို့နေသည်။
ဝန်းကြီးပဒေသရာဇာ၏ ထန်းတက်သမားမိသားစုလေးတွင် ဆင်းရဲနွမ်းပါးမှုတို့နှင့် အတူစည်းလုံးခြင်း၊ အပူပင်ကင်းမဲ့ခြင်းတို့ကို တွေ့ရသည်။ လက်ရှိဘ၀ကိုတင်းတိမ်ရောင့်ရဲခြင်းဖြင့် ၀မ်းသာအားရဟူသော အသုံးကိုသုံးသွားသည်။ ထန်းသမားမိသားစုလေးကို စာနာစိတ်ဖြင့် အသွက်သဘောအရွှန်းလေးရေးသွားသည်။ ကျွန်တော်တွေ့လိုက်ရသည့် နှစ်ဆယ့်တစ်ရာစု ထန်းတက်သမားမိသားစုဘ၀လေးတွင်တော့ ဆင်းရဲနွမ်းပါးခြင်းနှင့် အတူ ပူပင်သောကများ၊ စိတ်မချမ်းမြေ့ဖွယ်ရာများ၊ နာကျင်ကြေကွဲမှုနှင့် မျော်လင့်ခြင်းများ ရောပြွန်းလို့နေသည်။ ဘယ်လို့ပဲဖြစ်ဖြစ် နွေဦးသို့ရောက်ခဲ့ပြီ။ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်။ ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေေ၀။ ထန်းတက်သမားတို့ဘ၀ အန္တရာယ်ကင်းပါစေ။
ရေးသားသူ.....ဝေလင်း(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...
ဂတုံးဘေးမှ ကင်းဝေးကြပါစေ...ပြည်သတင်းလူငယ်(ပြည်သတင်း) ရေးသားတင်ဆက်သည်။
Leave a Comment
ဖမ်းဟေ့းးးးးးဖမ်းးးဟးးးးမိပြီမိပြီ
ဆူညံခြင်း ဝမ်းသာခြင်း
ပျော်ရွှင်ခြင်းများနဲ့အတူ ကြေနပ်မှု့များပါနေတယ်
ပြည်မြို့ထဲမှ ရပ်ကွက်တစ်ခုထဲမှာ ဖြစ်ပေါ်နေသော
အသံ...
တော်ပါသေးရဲ့ကွာဒီဂတုံးကိုမိလို့နို့မို့ဆို ငါတို့ရပ်ကွက်
ကလူတွေ မအိပ်ရတာ (၈)ရက်လောက်ရှိမယ်
မနက်ဆိုရင် မိမိတို့ လုပ်ငန်းကိစ္စအဝဝကို ဝမ်းရေးနဲ့
ဖြေရှင်းနေရ ညဆိုရင် ဂတုံးဖမ်းမိဖို့ လှုပ်ရှား
နေရတဲ့ ပြည်သူတွေရဲ့ အသံ....
ခုခေတ်မှာကိုယ်ပျောက်မရှိဘူးး ဒါတွေဟာ ကောလ
ဟာလတွေပါ ဒါတွေကိုအခြေခံပြီး ပြည်သူတွေစိုးရိမ်
အောင်လုပ်ကြံဖန်တီးနေတာပါ...ဟုဆိုသော မြို့နယ်
ရဲမှူးနှင့် နယ်မြေခံစခန်းမှူးများ၏ အသံ....
အဲဒါ ကဝေမှော်အောင်ဖို့အတွက် အပျို(၇)ယောက်
အိမ်ကိုဝင်ရတယ် ရုက္ခစိုးမှော်အောင်ဖို့အတွက်
အမျိုးသမီး(၇)ယောက်အိမ်ကို (၇)ရက်ဝင်ရတယ်
ဆိုသော ဘိုးတော်တချို့ရဲ့ ဘာသာရေးအမြင်အရ
ပြောကြားသံ....
ထူးဆန်းတယ်ဘာမှန်းမသိဘူး ဟိုလိုက်ဒီပြေး ဘဝ
တွေထဲ ပြည်မြို့တွင်မက တစ်နိုင်ငံလုံးသိနေတဲ့
စိတ်ဝင်စားလာတဲ့သတင်းပဲ ဒီသတင်းရသလောက်
ရေးရမယ် တင်ရမယ်ဆိုတဲ့ သတင်းထောက်များ
ရဲ့အသံ.....
ဟုတ်ပါ့မလား ဟုတ်နိုင်ပါ့မလား..ခုခေတ်ရှိနိုင်ပါ့မလား
တချိန်တုန်းက မြန်မာရာဇ၀င်မှာ သူခိုးကြီး ငတက်ပြား
ပြီးတော့ ဗျတ်ဝိ ဗျတ်တ္တ အစွမ်းတွေလိုရနေတာလေ
သူတို့ သူတို့ ပြောစကားတွေကတစ်သံ......
သူဒီလောက်အစွမ်းထက်နေရင် လောက်ကိုင်က ဖုန်
ကြားရှင် ကိုသွားသတ်ပေးမလားဆိုတာကတစ်သံ...
အဲဒီလိုအသံတွေထဲမှာ ကျတော်မျှောသွားခဲ့တယ်
ပြောရရင် ယမန်နေ့ကပေါ့ တိတိကျကျပြောရရင်
လုပ်တဲ့ သတင်းစာရှင်းပွဲအပြီး အခုကျွန်တော်
တင်ပြနေချိန်ထိ ကြွက်တစ်ကောင် ကြောင်တစ်မြီး
မှမတွေ့မြင်လိုက်ရတဲ့ ဂတုံးဆိုသောသူ ပေါ်မလာ
တော့ပါ သူဘာကြောင့် ပေါ်မလာတာလည်း မျှော်
မိပါတယ် သတင်းရမလားလို့ပါ ဒါပေမယ့် ပြည်သူ
တွေ အထိတ်တလန့်ဖြစ်စေမှာဆိုးပြန်တော့ဒီဂတုံး
ဘယ်များပုန်းနေလည်းတွေးမိတယ် ရယ်ရတယ်ဗျာ
အဲဒိသတင်းစာရှင်းပွဲပြီးတော့ညပိုင်းမှာ နယ်မြေခံရဲအရာ
ရှိတွေ သေချာအောင်ပြောရရင် ပြည်မြို့မစခန်းလို့
ကျတော်တို့သတင်းသမားတွေခေါ်လေ့ရှိတဲ့ အမှတ်(၂)
စခန်းက စခန်းမှူး နယ်ထိန်း နဲ့ အခြားရဲဘော်တွေပေါ့
နောက်ပြီးတော့ မီးသတ်ရယ် ရပ်ကွက် အုပ်ချုပ်ရေး
အဖွဲ့ရယ်ပေါ့ဗျာ သီးခြားဆိုလို့ ကျတော်တို့ပြည်က
သတင်းထောက်တွေကလတစ်ဖွဲ့ ရပ်မိရပ်ဖတွေက
တစ်ဖွဲ့ပေါ့ ဂတုံးကဘယ်ဆီမှန်းတော့မသိဘူး
ရုံးမှာစောင့်တဲ့သူ ကင်းပုန်း ၀ပ်ကင်း လှည့်ကင်း
စုံရောပေါ့ အဲဒိည ဂတုံးကပေါ်မလားဘူး
ကျတော်ထင်မိတယ် ဒီဂတုံး တစ်နေရာကနေ
အထက်ကဖော်ပြပါ အဖွဲ့တွေကို ကြည့်ပြီးအူတက်
အောင်ရယ်နေလိမ့်မယ်လို့တွေးမိတယ် ဘာလို့
လည်းဆိုတော့ သူမွေးတဲ့မီးက အားလုံးကိုနင်းမိ
စေတာကိုး ဒါနဲ့ ဒီအကြောင်းလေးရေးမယ်လို့
တွေးနေချိန်မှာပဲ....
မိပြီ ဂတုံးမိပြီကွ မင်းငြိမ်ငြိမ်နေ မနေရင်ရိုက်ပစ်မယ်
ဆိုသောအသံကြားမိလိုက်တော့ ဟာတိုက်ဆိုင်တယ်
ဒီဂတုံးအတော်စွမ်းတာပဲ ငါဒီအကြောင်းရေးမယ့်ကြ
တော့ ဒင်းက အနားလာပြီး အမိခံတယ်ပေါ့ ဆိုပြီး
အိမ်အရှေ့အထွက်အမျိုးသမီးတဦးက ငိုပြီးမြင်ရာလူ
ကိုတောင်းပန်ရှာပါတယ်...
ကျမယောက်ကျားပါ သူက သူခိုးဂတုံး မယားတာရူး
ဂတုံးမဟုတ်ပါဘူးရှင် ကျမယောက်ကျားလွတ်ပေး
ပါဆိုပြီးပြောရှာတယ် ဒါနဲ့ ရေးလက်ဆအကြောင်း
အရာလေးခဏရပ်ပြီး မေးမြန်းကြည့်လိုက်တော့...
ကျတော့ဆံပင်တွေ အခုလေးမှရိပ်လာတာပါ အပူ
တွေထွက်အောင်လို့ ဂတုံးတုန်းလိုက်တာပါ
ခင်ဗျားတို့သိတဲ့ဂတုံးက ကျတော့လောက် ဂေါင်း
မပြောင်ပါဘူးဗျာ ဟု လူခြားထဲပြောသောသူ့အသံ
မှာ ကျတော့အဖို့ရော အနားရှိတယ်သူအဖို့ရော
တွေးအားထက် ဆွေးအားသန် ဆွေးအားထက်
ရေးအားသန် ရေအားထက် ငိုအားသန် ငိုအားထက်
ရယ်အားသန်ခဲ့လေသည် ....မင်းကွာ ဂေါင်းတုံးစရာ
ရှားလို့ အခုလို ရက်အတွင်းတုံးရလေသလား
ဟုဆိုသောအသံများကြားယောင်မိရင်းးးး
စာရေးမလှသော အကြောင်းမညီညွှတ်သော
စာသားလေးတွေကို စီကုံးကာ ရေးသားတင်
ပြအပ်လေတော့သည်။
ဂတုံးဘေးမှ ကင်းဝေးကြပါစေ...
ကာတွန်း ကာဠုပြည်
ပြည်သတင်းလူငယ်(ပြည်သတင်း)
ရေးသားတင်ဆက်သည်။
09253311019
Read More...
Monday, February 23, 2015
မိုဘိုင်းဖုန်း Error များ ဖြေရှင်းနည်း အကျဉ်းချုပ် Note များ (For Begineers) Part 1
Leave a Comment
မိုဘိုင်းဖုန်း Error များ ဖြေရှင်းနည်း အကျဉ်းချုပ် Note များ (For Begineers) Part 1
မိုဘိုင်းဖုန်း ဟာဒ်ဝဲ ပိုင်း မှာတော့ ခဲဂေါက်၊ ဟော့ဂမ်း စတဲ့အခြေခံ ကျတဲ့ ကိုင်တွယ်မှု တွေကို မကြာ
ခန လေ့ ကျင့်ပေးခြင်းဖြင့် မိမိကျွမ်းကျင်မှုကို မြှင့်တင်နိုင် ပါတယ်။ ခဲဂေါက် မနိုင်ရင် တကယ်တမ်း
လက်တွေ့ လုပ်တဲ့ အခါမှာ အခက်အခဲတွေ ကြုံတွေ့ ရမှာဖြစ်တာမို့ပါ။
hardware သမား တစ်ယောက် ပြုလုပ် ထားရမှာတွေ ကတော့
1/ Basic Electronic Principles
2/ Reading layout diagram
3/ Using Hot Gun,PowerSupply & other hardware repair tool
4/ Hardware practical&general knowledge
5/ chaning CPU,Power IC & Jumper
မိမိလက်တွေ့ လုပ်ငန်းခွင် ၀င်တဲ့ အခါများစွာ အသုံးဝင်မှာ ဖြစ်ကြောင်း အာမခံ ပါတယ်။
၁။ အားသွင်းခေါင်း ဖြုတ်လျှင် အားသွင်းခေါင်း ဘေးရှိ conponent R/C များကို လွှင့် မကျအောင်
မီးခံတိပ် ကပ်ပြီး အပူ 300ံနဲ့ လေ အဆုံးထိ တင်ကာ ပတ်ပတ်လည် ပြေးပေးပါ။ မသောအခါတွင်
ဆွဲမခြင်း မပြုရ။ အထိုက်အလျောက် ကျွတ်ပါ လာမည် ဖြစ်ပါသည်။
ထို့နောက် တင်နာဖြင့် ပြောင်အောင် ဆေးပေးပါ။ ထို့နောက် အပေါက် ကလေးများကို ခဲဂေါက် ခဲ
စုတ်တံသုံးပြီး အပေါက်ပြန်ဖောက်ပြီး အားသွင်းခေါင်း အသစ်အား အံဝင်အောင်ချပြီး HOT Gun
၃၀၀ ဖြင့် ပတ်ပတ်လည် အပူပေးပါ။ ခြေငုတ် ကလေး များကို စိအောင် သေချာ အပူပေးပါ။ မစိ
လျှင် အား မ၀င်ပါ။ အားလုံး တပ်ဆင် ပြီးလျှင် တင်နာဖြင့် ပြန်ဆေးပါ။ သေချာအောင် အားသွင်း
ခေါင်း အသစ်ခြေထောက် ကလေး များကို ခဲလိုက် ပေးလိုက်ပါ။
၂။ ဘက်ထရီ မကောင်းလို့ ရှော့ရိုက်မယ်ဆို supply ကို ဗို့ အဆုံးထိတင်.. အပေါင်း အနုတ်မှန်
အောင်ချိတ် Shock ရိုက်ပေးပါ။ ဆယ့်ငါ့း စက္ကန့် လောက် ကြာရင် supply ကို 4.0 ဗို့ကို ပြန်
ချိတ်ပြီး အားသွင်းပေး လိုက်ပါ။
၃။ Huawei 8812,8818,8825 တို့လို အပေါ်ဘုတ်နဲ့ အောက်ဘုတ် နှစ်ကန့် ပါတဲ့ ဖုန်းတွေမှာ
အားမ၀င်ခြင်း လိုင်းမတက်ခြင်း မိုက်မရခြင်း အယ်ရာများ တပြိုင်နက် ဖြစ်ပေါ်လျှင် အပေါ်ဘုတ်
နဲ့ အောက်ဘုတ် ကို ဆက်ပေးသော ကြိုးပြားအား စစ်ပါ။ ဆော့ကက်ငုတ် ကလေးများ ကောင်း
မကောင်း စစ်ပေးပါ။ အပေါ်အောက် ဆော့ကက် တပ်ဆင်ထားတာ မိ မမိ စစ်ပါ။
၎။ ဖုန်းခေါ်စဉ် မီးမှိတ်သွားပြီး ပြန်တက် မလာဘဲ တစ်ဖက်က ဖုန်းချမှ ပြန်လင်းလာပါက Sensor
အား HotGun250 ဖြင့် ဖြုတ်ချပါ။
၅။ Touch လဲလျှင် အဟောင်း Touch ကို အရင် မခွာရပါ။ ဆိုင်တွင် ဖုန်းဆက်မေးပြီး လျှင် သွား
စမ်းပါ။ အားလုံးကောင်းပြီး ၀ယ်လာပြီးမှာ အဟောင်းကို ခွာချပ်။ Touch ပြန်ကပ်လျှင် လက်ရာ
များ အားသေချာစွာ ပြန်သုတ်ပေးပါ။ သံဇကာပေါက် ကလေးအားလည်း ပြန်တပ်ဖို့မမေ့ပါနဲ့။
၆။ ပါဝါ မလာသော ဖုန်းများလာအပ်လျှင် အားသွင်းကြိုး အရင်ထိုး ကြည့်ပါ။ ပါဝါနိုးလာလျှင်
ခလုတ်အား တစ်ချက် စစ်ကြည့်ပေးပါ။ အားသွင်းကြိုးထိုးလို့ ပါဝါ လာသောဖုန်းသည် ခလုတ်
ကြောင့်သာ ဖြစ်သည်။
၇။ earpiece, speaker အသံ တိုးလျှင် အသစ်လဲပြီးလို့ အသံတိုးနေလျှင် သံဇကာပေါက် အ၀တ်
စလေးများ အား ခွာချ လိုက်ပါ။အသံ ပိုကျယ် လာပါမည်။
၈။ ဆိုင်တွင် ဘက်ထရီ အားလုံးဝ ဒေါင်းနေ လျှင်လည်း no power ဖြင့် လာအပ် တတ်သည်။
ဘက်ထရီ ကို ရှော့ရိုက် လိုက်ပါ။
၉။ အထိုင်socket နဲ့ တွဲပါလာသော Sim Card နှင့် Momory ကဒ် မဖတ်လျှင် ထိုင် ဆော့ကက်
အထိုင်တို့ အား ဆေးပါ။ မကောင်းမှ အသစ်လဲပါ။
၁၀။ ဆင်းဒ်ကဒ် မဖတ်လျှင် ငုတ်ကျိုး မကျိုး စစ်ပြီး ငုတ်များအောက်သို့ နိမ့်နေလျှင် အပေါ်သို့
မတင်ပေးပါ။ တင်နာဖြင့် ဆေးပါ။
၁၁။ ဖုန်းဘုတ်များ ပေါ်တွင် ချော်ရည်များ တင်နာများ သုံးပြီးပြောင်စင်အောင် မဆေးဘဲ ဟော့
ဂမ်း ဖြင့်ခြောက်သွေ့အောင် အပူ မပေးလျှင် ဘုတ်ရှော့ သွားတတ်သည်။ မွဲကိန်းဆိုဒ်လာမည်။
၁၂။ Mic,Earpiece,Speaker များ အသံတိုးသည် ပြောပါက volume ကို ထပ်ချဲ့ စမ်းကြည့်ပါ။ မ
ရမှ hardware စစ်ပါ။ အသံပိုင်း ဆိုင်ရာ ဆော့ဝဲ များကြောင့် တိုးနေခြင်းလည်း ဖြစ်တတ်သည်။
၁၃။ လိုင်းမတက်လျှင် လိုင်းနှင့် ဆိုင်တဲ့ ငုတ်ကလေးများကို ရှာပြီးတော့ jumper ကြိုးလေးများ
ဖြင့် ဆက်ကြည့်ပါ။ တစ်ငုတ် နှစ်ငုတ်...
၁၄။ ဟော့ဂမ်း ခဲဂေါက် စသည်တို့ ကိုင်တွယ်မှုသည် ဟာဒ်ဝဲသမားရဲ့ အသက်ဖြစ်သည်။
၁၅။ ပါဝါ မလာသော ဖုန်းအားပြင်ရန် မည်သည့် နေရာမှ စပြင်ရန် စဉ်းစား မရပါက တင်နာဖြင့်
ဘုတ်ကိုဆေး ပါ။ ဆပ်လိုင်းချက် ပါဝါပြန်နိုးပါ။
၁၆။ Touch, LCD များ မကွဲ မရှဘဲ ဆွဲမရ LCD မလာ တို့ ဖြစ်နေပါက Touch /LCD socket များ
အား တင်နာဖြင့်ဆေး အထိုင်ကျအောင် ဖိချပေးပါ။ မရမှသာ အသစ်လဲပါ။
မနက်ဖန်မှာ ..Part (2) ကို တင်ပေး ပါ့မယ် ခင်ဗျာ.
Credit: Original Aurthor
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
https://www.facebook.com/todaystechnology2012?fref=photo
ဆိုင်မွန်စာကြည့်ဆိုဒ်
တင်ဆက်..ပြည်သတင်းလူငယ်
(ပြည်သတင်း)
09253311019
Read More...
ကိုးကန့်သောင်းကျန်းသူ အဖွဲ့ သမိုင်းကြောင်း နှင့် လောက်ကိုင်ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်အား ချပြရှင်းလင်း
Leave a Comment
Saturday, February 21, 2015
ကိုးကန့်သောင်းကျန်းသူ အဖွဲ့ သမိုင်းကြောင်း နှင့် လောက်ကိုင်ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်အား ချပြရှင်းလင်း
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ကိုးကန့် သောင်းကျန်းသူအဖွဲ့ သမိုင်းကြောင်း နှင့် လောက်ကိုင်ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်အား ရှင်းလင်းစဉ်
နေပြည်တော် ၊ ၂၂-၂-၂၀၁၅
ကိုးကန့် သောင်းကျန်းသူ အဖွဲ့ သမိုင်းကြောင်း နှင့် လောက်ကိုင် ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်စဉ် ရှင်းလင်းပွဲအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ၊ ဘုရင့်နောင် ရိပ်သာ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနား တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုက်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ရှင်းလင်းခဲ့ပြီး ပြည်တွင်း သတင်းဌာန ၂၇ ခုနှင့် ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာန ၈ ခု တို့ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ကိုးကန့် သောင်းကျန်းသူ အဖွဲ့၏ သမိုင်းကြောင်း နှင့် ပတ်သက်ပြီး ပြောကြားရာတွင် ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ တက်လာပြီးနောက် စော်ဘွားများ အာဏာစွန့်လွှတ်ရေး ဆောင်ရွက်ခဲ့ရာ ကျေနပ်မှု မရှိ၍ ကိုးကန့်စော်ဘွား ၏သား ဂျင်မီယန်း သည် ကိုးကန့် ကာကွယ်ရေးတပ် အချို့ကို ဦးဆောင်၍ ထိုင်း- မြန်မာနယ်စပ်သို့ ထွက်ခွာ သွားခဲ့ပြီး ကျန်ရှိသော ကိုးကန့် ကာကွယ်ရေးတပ် များကို ဖုန်ကြားရှင်က ဦးစီးလှုပ်ရှား ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ကူမင်တန် (တရုတ်ဖြူ)၊ ဗကပ တို့နှင့် ဆက်သွယ်မှုများ ပြုလုပ်၍ အထောက်အပံ့များ ရယူခဲ့ခြင်းကြောင့် တပ်မတော် စစ်ကြောင်းများက ၁၉၆၃ ခုနှစ်တွင် စတင် တိုက်ခိုက်ခဲ့ရာ ဖုန်ကြားရှင်က တစ်ဖက် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း၊ ၁၉၆၇ ခုနှစ်တွင် ဗကပ၏ စည်းရုံးသိမ်းသွင်းမှု ကြောင့် ဖုန်ကြားရှင်သည် ဗကပဘက်သို့ ကူးပြောင်း ခဲ့ကြောင်း၊ ၁၉၈၉ ခုနှစ်၊ မတ်လ တွင် မုံးကိုးရှိ မြောက်ပိုင်း ဗျူရိုကို ကိုးကန့်အုပ်စုမှ သိမ်းပိုက်ခဲ့ပြီး ဗကပ လက်အောက်မှ ခွဲထွက် ခဲ့ကြောင်း၊ ဗကပမှ ခွဲထွက်ခဲ့သည့် ကိုးကန့် တိုင်းရင်းသား ခေါင်းဆောင် များသည် ''မြန်မာနိုင်ငံ အမျိုးသား ပေါင်းစုံ ဒီမိုကရေစီ တပ်မတော်'' အနေဖြင့် ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တပ်ဖွဲ့ဝင် အင်အား ၂၇ဝ၆ ဦး၊ လက်နက်မျိုးစုံ ၁၃၄၅ လက်ဖြင့် ဥပဒေဘောင် အတွင်း ဝင်ရောက် လာခဲ့ကြောင်း။ 
တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေး ရရှိပြီး ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ(၁) အဖွဲ့ ပေါ်ပေါက် လာချိန်တွင် ဖုန်ကြားရှင် ဦးစီးသည့် ''ဖုန်''အုပ်စုသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ယူပြီး ရန်မိုးလျန် ဦးစီးသည့် ''ရန်''  အုပ်စုသည် စစ်ရေးလုံခြုံရေး အပိုင်း တာဝန်ယူ ခဲ့ကြောင်း၊ အုပ်စုလိုက် တန်ခိုးကြီးထွား စေရေး မူးယစ်ဆေးဝါးကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ရာမှ အချင်းချင်း အာဏာ လုကြပြီး ''ဖုန်'' ''ရန်'' ပြဿနာများစွာ ပေါ်ပေါက် ခဲ့ကြောင်း၊ ယင်း ပြဿနာများ ကိုလည်း တပ်မတော်မှပင် ရင်ကြားစေ့ ဖြေရှင်းပေးခဲ့ကြောင်း။
ထို့အပြင် ကိုးကန့်ဒေသ အတွင်း ခယက၊ မယက များ ဖွဲ့စည်းထားေ သ်ာလည်း တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိစေရန် ဖုန်ကြားရှင်မှ လိမ္မာပါးနပ် စွာဖြင့် ချုပ်ကိုင် လာခဲ့ကြောင်း၊ တစ်ဖက်မှလည်း မူးယစ်ဆေးဝါး ကိစ္စ၊ လောင်းကစားမှုများ နှင့် အခြားသော မှောင်ခိုစီးပွား ရေးလုပ်ငန်းများဖြင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာတွင် လက်ဝါးကြီးအုပ် နိုင်ရန် စီစဉ်ခဲ့ကြောင်း၊ ၂ဝဝ၇ ခုနှစ်၌ ဖုန်ကြားရှင်အဖွဲ့၏ ကိုးကန့်ဒေသ၊ ရန်လုံကျိုင်းရွာ တွင် လက်နက်စက်ရုံ ဖြင့် လက်နက်၊ ခဲယမ်းများ ထုတ်လုပ်လျက်ရှိ သည်ဟု အတည်ပြု သတင်းများ ရရှိခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ တွင် သတင်းအရ လောက်ကိုင်မြို့ ၊ တုံချန်မြို့သစ် ရုံးရှေ့ တိုက်ခန်းအမှတ် ၁၅ သို့ ၀င်ရောက် ရှာဖွေရာ လက်နက် ၊ ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ ၂၂ ရက်တွင် ဖုန်ကြားရှင် အပါ ၄ ဦးအား ဥပဒေနှင့် အညီ စစ်ဆေး အရေးယူ နိုင်ရေးအတွက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် အကြောင်းကြား စာအား အထူးဒေသ(၁) ဗဟို ကော်မတီဝင် များထံ ပေးအပ်ခဲ့ ပါကြောင်း၊ သြဂုတ်လ ၂၅ ရက်တွင် ဖုန်ကြားရှင် မှာ တောင်ညီနောင် ဘက်မှတစ်ဆင့် ဘီပီ(၁၂၅/၁၂၆) ဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့၍ ဖုန်ကြားရှင်၊ ဖုန်ကြာဖူး၊ ဖုန်တာရွှင် တို့အား လက်နက်/ မူးယစ်/ သွင်းထုတ်/ ပြစ်မှုဆိုင်ရာ ပုဒ်မများ ဖြင့် ဥပဒေကြောင်း အရ အမှုဖွင့်လှစ် ခဲ့ကာ တရားခံပြေးများ အဖြစ် ကြေညာခဲ့ကြောင်း။
ဖုန်ကြားရှင် ထွက်ပြေး တိမ်းရှောင်ပြီးနောက် ကိုးကန့်နယ်မြေ ၏ အေးချမ်း တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်ခြင်း၊ နိုင်ငံတော်၏ ဦးဆောင်မှု အောက်တွင် နယ်မြေဖွံ့ဖြိုး တိုးတက်ရေးကို ဆက်လက် ဆောင်ရွက်ရန် လိုအပ်ခြင်း၊ အထူးဒေသ(၁) တွင် ခေါင်းဆောင်မှု ကင်းမဲ့ သွားခြင်း တို့ကြောင့် ကိုးကန့်ဒေသ ယာယီဦးစီး ကော်မတီ ကို ၂ဝဝ၉ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဦးပယ်စောက်ချိန် အား ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်း ပေးအပ်ခဲ့ကြောင်း၊ ထိုအ ခြေအနေကို ကျေနပ် မှုမရှိ၍ ရန်လုံကျိုင်း နယ်စပ် စစ်ဆေးရေး ဂိတ်တွင် ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး ၅၂ ဦးအား ဖုန်တာရွှင် တပ်များမှ ပိတ်ဆို့ ထားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များအား ပြန်လည် စေလွှတ်ပေးရန် ဆက်သွယ်ပြောဆို သော်လည်း စေလွှတ်ပေးခြင်း မရှိသဖြင့် သွားရောက် ကယ်ထုတ်ခဲ့ရာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးအား ရဲစခန်း အချုပ်ခန်း အတွင်း၌ လူမဆန်စွာ သတ်ဖြတ်ခဲ့ ပါကြောင်း၊ ထို့အပြင် တပ်မတော်၏ လှုပ်ရှား စစ်ကြောင်းများ နှင့် စခန်းများ ကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့၍ သြဂုတ်လ ၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ပြည်သာယာ စစ်ဆင်ရေးက ဆင်နွှဲခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၂၄ ဦးအား ကယ်တင် နိုင်ခဲ့ပါကြောင်း၊ တိုက်ပွဲတွင် လက်နက်ကြီး ၂၂ လက်၊ လက်နက်ငယ် ၂ဝဝ၈ လက်၊ ခဲယမ်းမျိုးစုံ ၁၉၈၆၃ဝ၁ တောင့်၊ မိုင်းမျိုးစုံ ၂၄ဝ၆ လုံး၊ ဒုံးသီးမျိုးစုံ ၁ဝ၁၆ လုံး၊ ယာဉ် ၃၅ စီး၊ ဆေးပြားရိုက်စက် သုံးလုံး၊ မူးယစ်ဆေးဝါး ဆေးပြားမျိုးစုံ ၁၄၆၈၁၅၂ ပြား၊ အက်ဖီဒရင်း ၇၉၆၅၂ဝဝ ပြားတို့နှင့် ဘိန်းဖြူ၊ ဘိန်းမည်း၊ ဓာတုဆက်စပ် ပစ္စည်း စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော်ခန့် သိမ်းဆည်း ရမိခဲ့ကြောင်း။
အထက်ပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ တွင်အမှတ်(၁ဝဝ၆) နယ်ခြားစောင့်တပ် အဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဦးစိုင်းလင်း မှ ဖုန်ကြားရှင် အား ဖမ်းဝရမ်း ရုပ်သိမ်း ၍ တိုင်းရင်းသား လူမျိုးပေါင်းစုံထံ ပြန်လည် ဝင်ရောက်နိုင်ရန် အတွက် နိုင်ငံတော်မှ လက်ခံပေးပါရန် နိုင်ငံတော် သမ္မတထံသို့ အသနား ခံစာတင်ပြ လာခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတ မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို ရှေးရှု၍ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ကြောင်း၊ သို့သော်လည်း ဖုန်ကြားရှင် အဖွဲ့သည် မူးယစ်ဆေးဝါး နှင့် အခြားနည်းလမ်း များမှရရှိသော ငွေကြေး ပိုင်ဆိုင်မှု များကို တရုတ်နိုင်ငံနှင့် မိုင်းလား တို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထား ပါကြောင်း။ 
၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် တမူးမြို့ ၃ မိုင်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ မှ တရုတ်နိုင်ငံသားရှစ်ဦးအား လက်နက် မျိုးစုံရှစ်လက်၊ လက်ပစ်ဗုံး ၃၁ လုံး၊ လက်နက်၊ ခဲယမ်းဆက်စပ် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း၊ စစ်ကြောချက်များ အရ ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ ငွေကြေးဖြင့် မက်လုံးပေး၍ ကိုးကန့် သောင်းကျန်းသူ အဖွဲ့အတွင်း ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၄င်းတို့ရှစ်ဦးသည် မိုင်းလားမြို့ သွေးစည်း ညီညွတ်ရေး တပ်ဌာန ချုပ်ရှိ စစ်သားစုဆောင်းရေး စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ မိုင်းလားတွင် လူသစ်စုဆောင်း သိမ်းသွင်းခံရ သူများ၌ တရုတ်လူမျိုး၊ ''ဝ'' လူမျိုး၊ ကိုးကန့်လူမျိုးများ ဖြစ်ကြကြောင်း၊ ၄င်း တို့ရှစ်ဦးသည် သံလွင်မြစ် အနောက်ခြမ်း မုံးယော်၊ မုံးကျက်ဒေသ အတွင်း နယ်မြေလှုပ်ရှား ဆောင်ရွက်စဉ် မျှော်မှန်းထား သကဲ့သို့ လစာ၊ ရိက္ခာမရရှိခြင်း၊ နှိမ့်ချဆက်ဆံမှု များရှိခြင်း တို့ကြောင့် ထွက်ခွင့်တောင်း ရာတွင် ခွင့်မပြု ခြင်းကြောင့် ဒုတပ်ခွဲမှူး ဖြစ်သူ ဝုန်ကျားဖူ ကို လုပ်ကြံသတ်ဖြတ် ၍ ထွက်ပြေး လာခဲ့ခြင်း ဖြစ်ကြောင်း။
ကိုးကန့် သောင်းကျန်းသူ အဖွဲ့သည် ၄င်း တို့နယ်မြေကို ပြန်လည်ရယူနိုင်ရေး အတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့် လူ/လက်နက် အင်အားတောင့်တင်း အောင် ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဖွဲ့တည်း အင်အားဖြင့် မဖြစ်နိုင်၍ အခြားသော အဖွဲ့အစည်းများ ဖြစ်သည့် UWSA ၊ NDAA ၊ KIA နှင့် TNLA အဖွဲ့တို့၏ အကူအညီဖြင့် တပ်ပေါင်းစု ဖွဲ့စည်းကာ အင်အား တည်ဆောက်လျက် ရှိကြောင်း၊ ၄င်းတို့ အနေဖြင့် လောင်းကစားရုံ လုပ်ငန်း၊ မူးယစ်ဆေးဝါး လုပ်ငန်းများ၊ အခြား ကောက်ခံရရှိသော ငွေများ၊ အခြားအဖွဲ့ များ၏ အားပေးကူညီမှု များဖြင့် ရပ်တည်လျက် ရှိပါကြောင်း၊ လက်နက်များ အနေဖြင့် အေကေ-၄၇၊ အမ်- ၁၆၊ ပုံစံ-၅၆- ၁ ချေမှုန်း ရေးရိုင်ဖယ်၊  WUSA (ဝ)အဖွဲ့မှ ထုတ်လုပ်သည်ဟု သိရသော ပုံစံ-၈၁-၁ ချေမှုန်းရေး ရိုင်ဖယ် အစရှိသော လက်နက်ငယ်များ ကိုယ်စီ တပ်ဆင်ပေးထားပြီး လက်ပစ်ဗုံး၊ မိုင်း၊ လောင်ချာ၊ စိန်ပြောင်း၊ စက်ကြီးများ တပ်ဆင်ထားရှိ ပါကြောင်း။
တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး တပ်တွင် KIA မှ အင်အား ၃ဝဝ ခန့်ရှိသော တပ်ရင်းတစ်ရင်း၊ UWSA (ဝ)တပ်ဖွဲ့မှ တပ်ရင်းလေးရင်း ပါဝင်သော တပ်မဟာ တစ်ခုနှင့် ကိုးကန့် သောင်းကျန်းသူ အင်အား ၁ဝဝဝ ခန့် ရှိကြောင်း၊ တပ်ပေါင်းစု တပ်မတော်၏ ရည်ရွယ်ချက်မှာ ကိုးကန့်ဒေသ တစ်ခုလုံးအား တိုက်ခိုက်သိမ်းယူ သွားရန်နှင့် ၄င်းမှတစ်ဆင့် မြန်မာ-တရုတ် နယ်စပ် မုံးကိုး၊ ဖောင်းဆိုင်မှ မြစ်ကြီးနား ဘက်သို့ ချီတက် တိုက်ခိုက် သိမ်းပိုက် သွားရန် ဖြစ်ကြောင်းဖြင့် ဖော်ထုတ်သိရှိ ခဲ့ရပါကြောင်း။
၂ဝ၁၄ ခုနှစ်၊ ဧပြီ၊ မေလများတွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ အလင်းဝင် လေးဦးနှင့် ဖမ်းဆီးရမိသူ နှစ်ဦးတို့ကို စစ်ကြောချက်များ အရ ယင်းအချက်များကို အတည်ပြု နိုင်ခဲ့ကြောင်း၊ ကိုးကန့် သောင်းကျန်းသူ အဖွဲ့သည် မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယား ဒေသများတွင် ငွေကြေးဖြင့် လည်းကောင်း၊ အကြောက်တရား ဖြင့်လည်းကောင်း၊ စည်းရုံးသိမ်းသွင်း၍ လွှမ်းမိုး ချုပ်ကိုင်ကာလူ၊ လက်နက်၊ အင်အားစုဖွဲ့ပြီး အခြေခံ နယ်မြေ တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စ၍ ဖုန်ကြားရှင် ဦးစီးအင်အား ၁ဝဝဝ ခန့်သည် မိုင်းလားတွင် အင်အားစုစည်း လေ့ကျင့်မှု များ ပြုလုပ်ခဲ့ကြောင်း၊ ဝ ဒေသရှိ တိန်းတန်၊ နားဝီး အခြေပြုစခန်းများ တည်ဆောက်ကာ ယာယီအ ခြေပြု၍ တိန်းတန်ကူးတို့ မှတစ်ဆင့် မုံးယော်၊ မုံးကျက်သို့ ဝင်ရောက်ခဲ့ပြီး KIA အင်အား ၁ဝဝ ခန့်၊ SSA (ဝမ်ဟိုင်း) ၁ဝဝ ခန့်နှင့် TNLA အင်အား ၁ဝဝ ခန့်တို့ဖြင့် ပူးပေါင်း၍ မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယား ဒေသများသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖုန်တာရွှင် ခေါင်းဆောင်သော အင်အား ၃ဝဝ ဦးခန့်မှာ မန်ကန်ရွာ သို့လည်းကောင်း၊ KIA အဖွဲ့မှ တောက်ဟုန် ခေါင်းဆောင်သော အင်အား ၈ဝ ခန့်နှင့် TNLA အဖွဲ့မှ ၁၂ဝ ခန့်သည် မန်ဂျယ်ကျေးရွာ သို့လည်းကောင်း၊ ဖုန်ဝမ်အမ်း ခေါင်းဆောင်သော အင်အား ၁ဝဝ ခန့်နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့မှ စိုင်းလောဝ်ခေါင်း ဆောင်သော အင်အား ၁ဝဝ ခန့်သည် မုံးပေါ်လေး တံတားမှ တာပါးတံတား သို့လည်း ကောင်း ချီတက်ခဲ့၍ လောက်ကိုင်၊ မုံးကိုး ဒေသအား တိုက်ခိုက်ရန် လမ်းကြောင်းသုံး ကြောင်းဖြင့် ဝင်ရောက် ခဲ့ကြောင်း၊ တပ်မတော် မှ ကြိုတင်သတင်း ရရှိ၍ နယ်မြေရှင်းလင်း ခြင်းဆောင်ရွက် ခဲ့ရာ လောက်ကိုင်အား သိမ်းပိုက်မည့် ၄င်းတို့၏ ရည်ရွယ်ချက် အောင်မြင်မှု မရရှိဘဲ တာမုံဝါးသို့ ဆုတ်ခွာ စောင့်ဆိုင်း ခဲ့ကြောင်း၊ ကျန်အဖွဲ့များ လောက်ကိုင်ဒေသ ကျေးရွာများတွင် စိမ့်ဝင်၍ အရပ်သား အသွင် တပ်ဖျောက် သွားခဲ့ကြောင်း။
၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ တွင် အင်အား ၃၂ဝ ခန့်သည် လွင်ကန်ဒေသ တစ်ဝိုက် ပြန်လည်ရောက်ရှိ ဖြန့်ခွဲခိုအောင်း ခဲ့ကြောင်း၊ နိုဝင်ဘာ တတိယပတ်တွင် သိန်းနီမြို့နယ်၊ မန်လင်ကျေးရွာ အုပ်စုမြောက်ဘက် ရှိ တောင်ကုန်းများသို့ ဝင်ရောက်လှုပ်ရှား ခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းများ သတင်းအရ ဝင်ရောက်ရှင်းလင်း ခဲ့၍ နမ့်ကျွမ်း၊ ဝေါခြုံနှင့် မုံးပေါ်လေး နယ်မြေတစ်ဝိုက် တိမ်းရှောင် တပ်ဖျောက် သွားခဲ့ကြောင်း၊ ၄င်းအဖွဲ့တွင် KIA ၊ TNLA ၊ SSA (ဝမ်ဟိုင်း) အဖွဲ့များလည်း ပါဝင်သည်ဟု ဖော်ထုတ် နိုင်ခဲ့ပါကြောင်း၊ ၄င်းအဖွဲ့များသည် လောက်ကိုင်ဒေသ အတွင်း ဆက်သွယ်ရေး လမ်းကြောင်းများသို့ ဝင်ရောက်၍ တပ်မတော် စစ်ကြောင်းများအား မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ အရပ်သားများအား ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့၍ နယ်မြေ ရှင်းလင်းရာ တိုက်ပွဲကြီး/ ငယ် ၂ဝ ကြိမ်ခန့်ဖြစ်ပွား ခဲ့ပြီး ရန်သူ အလောင်း ငါးလောင်း၊ ဖမ်းမိတစ်ဦး၊ အလင်းဝင် ၁၇ ဦး သိမ်းဆည်း ရမိကာ တပ်မတော်မှ စစ်သည် ၁၂ ဦး အသက်ပေးလှူ ခဲ့ပြီး အရာရှိ သုံးဦး၊ စစ်သည် ၃၃ ဦး ဒဏ်ရာရရှိခဲ့ ပါကြောင်း၊ ကိုးကန့် သောင်းကျန်းသူ အဖွဲ့ တပ်လှုပ်ရှားမှု နှင့် တစ်ချိန်တည်းတွင် ဒီဇင်ဘာလ ၁၅ ရက်၌ တရုတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ် ဘီပီ-၁၂၇ ၏ အရှေ့ဘက် ၃ မိုင်အကွာ တရုတ်နိုင်ငံ ၊ မိန်းတိန် ၊ နမ့်ဆန် ကားလမ်းပေါ်တွင် ယာဉ်ကြီး နှစ်စီးပေါ်မှ မောင်းပြန်ရိုင်ဖယ် သေနတ် ၆၁၁ လက် ၊ ကျည် ၁၂၆၀၀ တောင့်နှင့် ၄၀-မ် ရော့ကတ်လောင်ချ ၃၀၀ ခန့် ၊ ၄၀-မမ ဒုံးကျည် ၁၀၀၀ ကျော်တို့အား သံသယရှိသူ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ် စစ်သံရုံး (ရန်ကုန်) သို့ မေးမြန်းရာ တရုတ် စစ်သံရုံးမှ စုံစမ်းစစ်ဆေးမှု များပြုလုပ်ဆဲ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ သည့် သုံးဦးအား စစ်ဆေးမှုများ ပြုလုပ်ဆဲ ဖြစ်ကြောင်း၊ လက်နက်၊ ခဲယမ်း မှောင်ခိုခြင်းသည် တရုတ် ပြည်တွင်းတွင် အရေးကြီးသော ကိစ္စဖြစ်ပြီး တရုတ်နိုင်ငံ ဥပဒေနှင့် အညီ စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း၊ နယ်စပ်အေးချမ်း တည်ငြိမ်ရေး အတွက် တရုတ်နိုင်ငံဘက်မှ အဓိကထားပြီး အထူးစုံစမ်းရေး အဖွဲ့အား ဖွဲ့စည်း စုံစမ်းမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မည်သည့် လက်နက်မှောင်ခိုနှင့် မှုခင်းများကို မဆို မြန်မာနိုင်ငံနှင့် ပူးပေါင်းနှိမ်နင်း ၍ Sino- Myanmar နယ်စပ် အေးချမ်း တည်ငြိမ်ရေး အတွက် ဆောင်ရွက် သွားမည်ဟု ပြန်လည်ပြောကြား ခဲ့ပါကြောင်း။
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့ Want China Times အွန်လိုင်း စာမျက်နှာတွင် ဖော်ပြပါရှိသော သတင်း ဆောင်းပါးတွင် ဖုန်ကြားရှင် သည် Global Time သတင်းဌာနနှင့် တွေ့ဆုံ ပြောကြားချက် ၌ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကို ဦးဆောင်၍ မြန်မာ့ တပ်မတော် နှင့် ပြန်လည်ရင်ဆိုင် တိုက်ခိုက်ရန် လုပ်ဆောင် ထားရှိသည်ဟု ပြောကြား ခဲ့ကြောင်း။
လတ်တလော ဖြစ်ပွားနေသည့် လောက်ကိုင် ဒေသအား သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ရာတွင် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောင်ရွှေ ကျေးရွာသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိလာပြီး ကျေးရွာ ပြည်သူ့စစ် များထံမှ လက်နက်ငယ် ၈ လက် သိမ်းယူ သွားခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းက လိုက်လံ ရှင်းလင်း ရာတွင် ယာယီခံစစ် ယူထားသည့် ကိုးကန့် သောင်းကျန်းသူ အင်အားစု များနှင့် စတင် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ တစ်ချိန် တည်းတွင် ကုန်းကြမ်းနှင့် ညံခွမ်းလမ်း ၁၈ မိုင် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့် သောင်းကျန်းသူ အင်အားစုများ နှစ်ကြိမ်တိုင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ နယ်နိမိတ် မှတ်တိုင်အမှတ်၊ ဘီပီ -၁၆၁ (၁)အနီးရှိ မော်ထိုက်မြို့ တစ်ဝိုက် လုံခြုံရေး တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်စခန်း ကိုလည်း နှစ်ကြိမ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ပါကြောင်း။
ဖေဖော်ဝါရီ ၁ဝ ရက်တွင် ညံခွမ်းနှင့် ၁၈ မိုင်ကြား တစ်ဝိုက်၌ ကိုးကန့် အင်အားစု အချို့နှင့် ထပ်မံတွေ့ဆုံ တိုက်ပွဲဖြစ်ပွား ခဲ့ရာ ၄င်းနေရာသို့ တပ်မတော် စစ်ကြောင်းက လောက်ကိုင်မြို့ မှ စစ်ကူသွားရောက် စဉ် ၁၈ မိုင်နှင့် တာရွှေထန်ကြား သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်က အသင့်စောင့်ကြို တိုက်ခိုက် ခဲ့သဖြင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် မိမိ စစ်ကြောင်း အနေဖြင့် အဆိုပါ နေရာသို့ မရောက်မီ ၁ မိုင်ခန့်အကွာရှိ အလုပ်သမား တဲတန်းလျားတွင် ရန်သူ့သတင်း ထောက်လှမ်းရာ နယ်မြေရှင်းလင်း ကြောင်းသိရ၍ စစ်နည်းဗျူဟာ အရ လျင်မြန်မှုကို ဦးစားပေးသည့် အသွင်ဖြင့် ဆက်လက် ချီတက်ခဲ့ကြောင်း၊ တိုက်ပွဲနေရာ အနီး တောင်ကုန်း အတက် ကားလမ်းပေါ်တွင် ကျောက်တုံးများ ချထားသဖြင့် ပုံမှန် အနေအထား မဟုတ်ကြောင်း စစ်ကြောင်းမှူး မှ သုံးသပ်၍ ယာဉ်များအား ချက်ချင်းရပ်တန့် စေကာ တောင်ကုန်းအား ရှင်းလင်းစဉ် ကိုက် ၅ဝ ခန့်အကွာမှ ကြိုတင် နေရာယူထားသည့် ရန်သူအင်အား ၂ဝဝ ခန့်သည် ပုံသေပစ်ကြောင်း ယူ၍ တရုတ် စက်လတ်များ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။
တပ်မတော်ဘက်မှ တိုက်ခိုက်ရေး လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် ပစ်ကူများ အသုံးပြု၍ ကျားကုတ် ကျားခဲ တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှု များစွာဖြင့် မြန်မာ- တရုတ် နယ်နိမိတ် မှတ်တိုင် ဘီပီ-၁၁၇ သို့ဆုတ်ခွာ သွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦး၊ စစ်သည် ၂၉ ဦးကျဆုံးခဲ့၍ အရာရှိ ၈ ဦး၊ စစ်သည် ၃၉ ဦးဒဏ်ရာ ရရှိ ခဲ့ပါကြောင်း။
အဆိုပါ ဒေသသည် တောထူထပ်ပြီး တောင်များမြင့်မား မတ်စောက်သော ဒေသဖြစ်ပြီး တောင်ပေါ် တောတွင်း တိုက်ပွဲများသည် မြေအခြေအနေကို အကျိုးရှိစွာ အသုံးချနိုင်ပါက တိုက်ကွက်ဖော်သူ အဖို့ အကျိုးအမြတ်များ ရရှိ နိုင်သောကြောင့် လုံခြုံမှုထက် လျင်မြန်မှုကို ဦးစားပေးရသော အခြေအနေတွင် စွန့်စားမှုများဖြင့် ရန်သူ၏ အခြေအနေ ဖန်တီးနိုင်ခွင့် ကို ရိုက်ချိုးဖျက်ဆီးရန် လိုအပ်ပါကြောင်း၊ ၄င်း အခြေအနေ မျိုးတွင် မိမိဘက် မှ ထိခိုက်ဆုံးရှုံး မှုများလည်း ရှိနိုင်မည်ကို စစ် ခေါင်းဆောင်များ အနေဖြင့် တွက်ဆထားပြီး ဖြစ်ပါကြောင်း။
ဖေဖော်ဝါရီ ၁ဝ ရက် ညပိုင်းနှင့် ၁၁ ရက် နံနက်ပိုင်း တို့တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ်သို့ လည်းကောင်း၊ အင်အားစု အချို့သည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံး သို့လည်းကောင်း၊ အင်အားစု အချို့သည် ဆီအော့ အကျဉ်းဦးစီး ဌာနသို့ လည်းကောင်း၊ အင်အားစု အချို့သည် ရန်လုံကျိုင်း ရဲစခန်းသို့ လည်းကောင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းများ နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ပါကြောင်း။ 
ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းတို့တွင် လောက်ကိုင် တပ်နယ် အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ ကုန်းကြမ်းရှိ တပ်ရင်း ဌာနချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်း ခံစစ်စခန်း များအား ဝင်ရောက် တိုက်ခိုက်ခဲ့ ၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ ရပါကြောင်း။
ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင် တရုတ် နိုင်ငံနယ်စပ် အနီး ရီရှင်း၊ မာအိုက်ချန် လမ်းကြောင်းအတိုင်း ကိုးကန့် သောင်းကျန်းသူ များအား တင်ဆောင်လာသော မော်တော်ယာဉ်အစီး ၅ဝ ခန့်သည် မီးရောင်တန်း များဖြင့် ဝင်ရောက်လာ ခဲ့သဖြင့် လောက်ကိုင်ရှိ မိမိတပ်များမှ လက်နက်ကြီး များဖြင့် ပစ်ခတ်၍ ကြိုတင်ချေမှုန်း ခဲ့ရကြောင်း၊ အလားတူ ဝမ်ဟိုထမ် ဘက်မှ ဝင်ရောက်လာသော ကိုးကန့် သောင်းကျန်းသူများ စီးနင်းလာသည့် မော်တော်ယာဉ် အစီး ၅ဝ ခန့်ကိုလည်း လက်နက်ကြီး များဖြင့် ကြိုတင်ပစ်ခတ် ချေမှုန်းရာ သောင်းကျန်းသူ အဖွဲ့များသည် ရည်ရွယ်ချက် ပျက်ပြားပြီး ပြန်လည်ဆုတ်ခွာ သွားခဲ့ရကြောင်း။
လောက်ကိုင်ဒေသ ဖြစ်စဉ်သည် အချုပ်အခြာအာဏာ နှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဖုန်ကြားရှင် ခေါင်းဆောင်သည့် သောင်းကျန်းသူ အဖွဲ့သည် လောက်ကိုင် ဒေသအား တိုက်ခိုက် သိမ်းပိုက်ပြီး ရွေးချယ် တင်မြှောက် ထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား ဖြုတ်ချ၍ အာဏာသိမ်းရန် ဖြစ်ရာ နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်း တစ်ခုအား တိုက်ခိုက် လာခြင်း ဖြစ်သဖြင့် တပ်မတော် အနေဖြင့် လုံးဝ လက်မခံကြောင်း၊ လုံးဝ အလျှော့ပေးမည် မဟုတ်ကြောင်း၊ မိမိတို့ ရရှိထားသော အထောက်အထားများ အရ လောက်ကိုင် ဖြစ်စဉ်တွင် မိုင်းလားအဖွဲ့၊ 'ဝ'အဖွဲ့၊ KIA အဖွဲ့၊ TNLA အဖွဲ့၊ SSA (ဝမ်ဟိုင်း)အဖွဲ့ များမှ ပါဝင်မှုများ ရှိနေကြောင်း သိရှိရသဖြင့် ယင်းအတွက် ကိုလည်း သက်ဆိုင်ရာ အဖွဲ့များ အနေဖြင့် တာဝန်ယူရမည် ဖြစ်ကြောင်းကို သတိပေးထားပြီး ဖြစ်ပါကြောင်း။
လက်ရှိ လောက်ကိုင်မြို့ တွင် အစိုးရ အုပ်ချုပ်မှု ယန္တရား ရပ်ဆိုင်းသွားပြီး ဒေသ အာဏာပိုင် အဖွဲ့အစည်းမှ တာဝန်ရှိ သူများမှာလည်း ၄င်းတို့၏ အသက် အန္တရာယ်ကြောင့် လောက်ကိုင် ဒေသမှ စွန့်ခွာသွားခဲ့သော်လည်း အစိုးရဌာန အဆောက်အအုံ အားလုံးအား တပ်မတော်မှ ထိန်းသိမ်း ကာကွယ်ထားရှိ နိုင်ခဲ့ပါကြောင်း၊ သောင်းကျန်းသူများ အနေဖြင့် လောက်ကိုင်မြို့ အတွင်း အရပ်သားများနှင့် ရောနှောကာ အရပ်သား အသွင်ပုန်းအောင်း နေထိုင်ပြီး တပ်မတော် စစ်ကြောင်းများကို အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် လက်ရှိ ကာလတွင် ရှင်းလင်း ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း။
လတ်တလော အခြေအနေအရ ဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ တိုက်ပွဲရှောင် စခန်းများသို့ ရောက်ရှိ နေကြသည့် အရပ်သား ပြည်သူများအား လောက်ကိုင်ဒေသ သို့ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ရန် အကြောင်းကြား၍ လိုအပ်သော ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိပြီး ဝန်ထမ်းများနှင့် မိသားစုများ ကိုလည်း တပ်မတော်မှ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထား ရှိပါကြောင်း။
ဖုန်ကြားရှင် အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၄င်းတို့မှာ တရုတ်လူမျိုး ဟန်မျိုးနွယ်များ ဖြစ်ကြောင်း၊ မြန်မာအစိုးရမှ တရုတ် မျိုးနွယ်စုများကို နှိပ်စက်နေခြင်း ဖြစ်၍ လူမျိုးရေးအရ ကူညီပေးကြ ပါရန် တရုတ် အင်တာနက် စာမျက်နှာများမှ တစ်ဆင့် ဝါဒဖြန့်လျက် ရှိသလို တစ်ဖက်တွင်လည်း နိုင်ငံတော် သမ္မတကြီးထံ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးထဲတွင် အပါအဝင် ဖြစ်သော ညီနောင် တိုင်းရင်းသားများ အပေါ်တွင် သနားငဲ့ညှာစွာ စဉ်းစားပေး စေလိုကြောင်း၊ နည်းလမ်း ပေါင်းစုံဖြင့် ဝါဒဖြန့်လျက် ရှိပါကြောင်း။
ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖုန်ကြားရှင် မှ နိုင်ငံတော် သမ္မတထံ သို့ ကိုးကန့် တိုင်းရင်းသား များသည်လည်း နိုင်ငံတော်၏ တာဝန်နှင့် ဝတ္တရားများကို နိုင်ငံတော်၏ မိသားစု အဖွဲ့ဝင် အနေဖြင့် ထမ်းဆောင်ချင် ပါကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်ဟု သိရှိရ ပါကြောင်း၊ လောက်ကိုင်ဒေသ တိုက်ပွဲစဉ် များတွင် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ မြန်မာ့ တပ်မတော်မှ အရာရှိ ၇ ဦး၊ စစ်သည် ၄၈ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး အရာရှိ ၁၂ ဦး၊ စစ်သည် ၉၆ ဦး ဒဏ်ရာရရှိ ခဲ့ပါကြောင်း။
တပ်မတော်အနေဖြင့် ဒဏ်ရာရ အရာရှိနှင့် စစ်သည်များအား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် လားရှိုးနှင့် ပြင်ဦးလွင်ရှိ တပ်မတော် ဆေးရုံများသို့ အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင် ပေးခဲ့ပြီး ဆေးဝါးကုသမှု များ ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ လောက်ကိုင်၊ ကုန်းကြမ်းနယ်မြေ များရှိ ဌာနချုပ် အသီးသီးမှ ရဲမေနှင့် မိသားစုဝင်များ ကိုလည်း နောက်တန်း ဌာနချုပ်များတွင် အန္တရာယ် ကင်းရှင်းစွာ ကာကွယ်ပေးလျက် ရှိပါကြောင်း၊ ရန်သူ့ ဆုံးရှုံးမှုအနေဖြင့် အခြားသတင်းများ အရ တပ်မဟာမှူး အဆင့်ရှိသူ ၁ ဦး၊ အထူး တိုက်ခိုက်ရေး တပ်ရင်းမှူး အဆင့်ရှိသူ ၁ ဦးအပါအဝင် ၇၂ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၁၅ လက်၊ ခဲယမ်းမျိုးစုံ၊ မိုင်းနှင့် မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်း ရမိခဲ့ပါကြောင်း။
ဖေဖော်ဝါရီ ၁၇ ရက်တွင် လောက်ကိုင်တွင် ပိတ်မိနေသော ရွှေ့ပြောင်း လုပ်သားများကို ကူညီပို့ဆောင် လာသော အဖွဲ့၏ ယာဉ်တန်းသည် လောက်ကိုင်မြို့မှ ကြက်ခြေနီအလံ လွှင့်တင်ပြီး ထွက်ခွာလာရာ ပါစင်ကျော် နှင့် ချင်းရွှေဟော်ကြား သို့ရောက်ရှိစဉ် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ ချုံခိုပစ်ခတ် တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကြက်ခြေနီ တပ်ဖွဲ့ဝင် ဦးဇော်မင်း ထိုက်သည် မျက်စိထိမှန် ဒဏ်ရာနှင့် ဦးမိုးကျော်သန်း မှာ ဝမ်းဗိုက်တွင် လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာများ အသီးသီးရ ရှိခဲ့ပါကြောင်း။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် စစ်ကြောင်းများက နယ်မြေအား ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက် ရှိပါကြောင်း။
ကိုးကန့် သောင်းကျန်းသူ အဖွဲ့အနေဖြင့် နိုင်ငံတော် အစိုးရ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်သော လောက်ကိုင်၊ ကုန်းကြမ်း၊ တာရွှေထန် ဒေသတို့အား အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အကူအညီများ ရယူ၍ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော် အနေဖြင့် ဒေသခံပြည်သူ လူထုနှင့် တပ်မတော်သား များ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် ရပ်တည် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လောက်ကိုင်ဒေသ အား မူလ အခြေအနေကို ပြန်လည်ေ ရာက်ရှိကာ ဒေသခံ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် သောင်းကျန်းသူများ အခြေချ လှုပ်ရှားမှု မရှိစေရေးနှင့် နယ်စပ်ဒေသ တစ်လျှောက် စိမ့်ဝင် ထိုးဖောက်ခြင်း မပြုနိုင်ရေး အစွမ်းကုန် ကြိုးပမ်း ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိဒေသ အခြေအနေမှာ တစ်စတစ်စ တည်ငြိမ် တိုးတက်မှု ရှိလာပြီဖြစ် ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက် လာသော Tomorrow၊ Sankei Shimbun ၊ Yangon Media Group ၊ Ji Ji Press ၊ Messenger ၊ AFP ၊ Trade Time  သတင်းဌာနတို့မှ သိရှိလိုသည်များ မေးမြန်းမှု အပေါ် ပြန်လည် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တက်ရောက် လာသူများ က ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် မှတ်တမ်း ဓာတ်ပုံများနှင့် အထောက်အထား စာရွက်စာတမ်း များအား လှည့်လည် ကြည့်ရှုရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသ ခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
တင်ဆက်...ပြည်သတင်းလူငယ်
(ပြည်သတင်း)
09253311019
Read More...
Facebook Like Page