Sunday, May 1, 2016

လေပြင်းတိုက်ခတ် ခဲ့သဖြင့်၊စလင်း ကွမ်းခြံများပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။ကွမ်းဈေးများ ထပ်မံတက်နိုင်

Leave a Comment


ပြည်ခရိုင်၊ပေါင်းတလည်မြို့တွင် မေ ၁ ရက်နေ့ညနေ ၃း၃၀ အချိန်ခန့်၌၊လေ
ပြင်းတိုက်ခတ်ခဲ့ရာ မြို့တွင်းလမ်းအပေါ်ကုက္ကိုပင်ကြီးလဲကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်း၊၁၁ ကေဗွီဓါတ်တိုင် ၄ တိုင်ယိုင်လဲခဲ့ပြီး၊လျှပ်စစ်
မီးများပြတ်တောက်ခြင်း၊ဗြူးးကုန်းကျေးရွာတွင် နှစ် ၁၅၀ ခန့်သက်တမ်းရှိမကျီး
ပင်မှာအမြစ်မှကျွတ်ထွက်ကာလမ်းပေါ်လဲကျခြင်း၊ကွမ်းခြံများလုံးဝပျက်စီးခြင်း၊
လူနေအိမ်များ၊ဘုန်းတော်ကြီးကျောင်းများ အမိုးအကာများပြုတ်ထွက်ယိုင်လဲခြင်း ...
တို့ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ပြည်ခရိုင်၊ပေါင်းတလည်မြို့တွင် မေ ၁ ရက်နေ့ညနေအချိန်ကလေပြင်းတိုက်ခတ် ခဲ့သဖြင့်၊စလင်း ကွမ်းခြံများပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။ကွမ်းဈေးများ
ထပ်မံတက်နိုင်ကြောင်းသိရသည်။

ကိုရဲ(ပြည်)

ပြန်လည်တင်ပြသူ
ပြည်သတင်းလူငယ်(ပြည်သတင်း)၀၉၂၅၃၃၁၁၀၁၉

0 comments:

Post a Comment

Facebook Like Page