Showing posts with label အကြောင်းကြားခြင်း. Show all posts
Showing posts with label အကြောင်းကြားခြင်း. Show all posts

Wednesday, August 5, 2015

သြဂုတ်လ-၆-ရက်နေ့ ပြည်မြို့ မြစ်ရေအသိပေးချက်.. “န၀င်းတာရိုးကို သတိထားစောင့်ကြည့်ဖို့လိုပါတယ်။ပြည်မြို့စိုးရိမ်ရေအမှတ် ၂၉၀၀-စင်တီမီတာရှိပါတယ်။သြဂုတ်လ-၆-ရက်နေ့ နံနက်မြစ်ရေတိုင်းတာချက်အရ ၂၉၆၇-စင်တီမီတာမှာရောက်ရှိနေပါတယ်။ပြည်မြို့စိုးရိမ်ရေအမှတ်ရဲ့အထက် ၆၇-စင်တီမီတာမှာရောက်ရှိနေပါတယ်။ပြည်တစ်မြို့ ၁၉၇၄-ခုနှစ်ကရေကြီးရေလျှံမှုဖြစ်ခဲ့တယ်။အဲဒိရေကြီးရေလျှံမှုဖြစ်တဲ့ ရေအမှတ်က ၃၀၂၆-စင်တီမီတာပါ။လက်ရှိစိုးရိမ်ရေအမှတ်အထက်မှာရှိနေတယ်။တစ်မြို့လုံးရေကြီးခဲ့ဘူးတဲ့ ရေအမှတ်ရောက်ဖို့က ၂-ပေလောက်ပဲလိုတော့တယ်။တစ်နာရီတစ်ကြိမ်မြစ်ရေအခြေအနေတွေတိုင်းတာနေပါတယ်။ရေကနောက် ၂-ရက်ထိဆက်တက်ဖို့ရှိနေတယ်။ခုလည်းတအိအိတက်လာတယ်။” ဟု ပြည်မြို့ မိုးဇလမှ ဦးစီးအရာရှိ ဦးအောင်မြင့်ကြည်ကပြောသည်။ ပြည်သတင်းလူငယ်နှင့် ပြည်မြို့မိုးဇလဦးစီးမှူးတွေ့ဆုံမေးမြန်းသည်။ ပြည်သတင်းလူငယ်..09253311019

Leave a Comment


သြဂုတ်လ-၆-ရက်နေ့ ပြည်မြို့ မြစ်ရေအသိပေးချက်..

“န၀င်းတာရိုးကို သတိထားစောင့်ကြည့်ဖို့လိုပါတယ်။ပြည်မြို့စိုးရိမ်ရေအမှတ် ၂၉၀၀-စင်တီမီတာရှိပါတယ်။သြဂုတ်လ-၆-ရက်နေ့ နံနက်မြစ်ရေတိုင်းတာချက်အရ ၂၉၆၇-စင်တီမီတာမှာရောက်ရှိနေပါတယ်။ပြည်မြို့စိုးရိမ်ရေအမှတ်ရဲ့အထက် ၆၇-စင်တီမီတာမှာရောက်ရှိနေပါတယ်။ပြည်တစ်မြို့ ၁၉၇၄-ခုနှစ်ကရေကြီးရေလျှံမှုဖြစ်ခဲ့တယ်။အဲဒိရေကြီးရေလျှံမှုဖြစ်တဲ့ ရေအမှတ်က ၃၀၂၆-စင်တီမီတာပါ။လက်ရှိစိုးရိမ်ရေအမှတ်အထက်မှာရှိနေတယ်။တစ်မြို့လုံးရေကြီးခဲ့ဘူးတဲ့ ရေအမှတ်ရောက်ဖို့က ၂-ပေလောက်ပဲလိုတော့တယ်။တစ်နာရီတစ်ကြိမ်မြစ်ရေအခြေအနေတွေတိုင်းတာနေပါတယ်။ရေကနောက် ၂-ရက်ထိဆက်တက်ဖို့ရှိနေတယ်။ခုလည်းတအိအိတက်လာတယ်။” ဟု ပြည်မြို့ မိုးဇလမှ ဦးစီးအရာရှိ ဦးအောင်မြင့်ကြည်ကပြောသည်။
ပြည်သတင်းလူငယ်နှင့် ပြည်မြို့မိုးဇလဦးစီးမှူးတွေ့ဆုံမေးမြန်းသည်။
ပြည်သတင်းလူငယ်..09253311019
Read More...

Saturday, June 13, 2015

အသိပေးအကြောင်းကြားခြင်း

Leave a Comment



အသိပေးအကြောင်းကြားခြင်း

ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေရှိ ဆည်မြောင်း ( တည်ဆောက်ရေး )စက်ကြီးဝန်းတောင်ဘက် ကပ်လျက်ရှိသည့် တောရကွင်း၊ ကွင်းအမှတ် ( ၁၆ )စီ၊ ဦးပိုင်အမှတ် ( ၉၅/၁ )သည် ဒေါ်တင်နွယ်ဦး ပိုင်ဆိုင်သော ယာမြေ( ၂ )ဧကဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ ပုံစံ ( ၁၀၅ )နှင့်ပုံစံ( ၇ ) အမည်ပေါက် ရရှိပြီးဖြစ်သော ယာမြေဖြစ်ပါသည်။

ယခုအခါ တရားမ၀င် ကျူးကျော်နေထိုင်သူများအား ပြည်မြို့၊ ပြည်ခရိုင်တရားရုံးတွင် တရားမမှု
အမှတ် ၅၈/၂၀၁၄ ဖြင့် တရားစွဲဆိုထားပြီး ဖြစ်ပါ၍ ယင်းယာမြေအား ရောင်းဝယ်ခြင်းမပြုကြပါ ရန်အသိပေးကြေငြာအပ်ပါသည်။

ဒေါ်တင်နွယ်ဦး
၇/ပမန(နိုင်)၀၁၃၈၄၁
မြို့သစ် (၂/၁)လမ်း ပြည်မြို့

Read More...

Thursday, February 26, 2015

ဘဝနတ်ထံပျံလွန်တော်မူသော ဆရာတော်ကြီး၏ တပည့်များသိစေရန် အကြောင်းကြားခြင်း ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ဘဝနတ်ထံပျံလွန်တော်မူသော ဆရာတော်ကြီး၏ တပည့်များသိစေရန်
အကြောင်းကြားခြင်း
ပဲခူးတိုင်းအနောက် ပြည်မြို့နယ် ကြခတ်ကျေးရွာအုပ်စု ပေါင်းဇူးကျေးရွာ
ရွာဦးကျောင်း၌ သီတင်းသုံးတော်မူသော လင်းပါယ်ကျေးရွာ- ပေါင်းဇူး
ကျေးရွာဒါယကာ ဒါယိကာမများ၏ ဆရာတော် သက်တော် ၇၀ သိက္ခာဝါတော်
၅၀ ဆရာတော်ကြီး ဘဒ္ဒန္တ ဘာရဒွါဇ မဟာထေရ်မြတ်သည် ၁၃၇၆ ခု တပေါင်းလဆန်း
 ၅ ရက်နေ့ည 10: 20 မိနစ်အချိန် ဘဝနတ်ထံကြွမြန်းစံ ပျံလွန်တော်မူသည်ဖြစ်ပါသဖြင့် 
ကျွင်းကျန်ရစ်သော ရုပ်ကလာပ်တော်ကို ၁၃၇၆ ခု တပေါင်းလပြည့်ကျော် ၁၄ရက်နေ့
နေ့လည် ၂ နာရီအချိန်မီးသဂြိုဟ်ပူဇော်မည်ဖြစ်ပါသောကြောင့် ရပ်ဝေး / ရပ်နီးရှိ 
ဆရာတော်ဘုရားကြီး၏ တပည့်အပေါင်းတို့အား သိရှိစေရန်အတွက် အကြောင်းကြား အသိပေးအပ်ပါသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...

Facebook Like Page