Thursday, February 26, 2015

ပျူခေတ်နှောင်းလက်ရာ ဗုဒ္ဒဆင်းတုတော်အပ် နှံသူအား ဂုဏ်ပြုချီးမြင့် ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ပျူခေတ်နှောင်းလက်ရာ ဗုဒ္ဒဆင်းတုတော်အပ် နှံသူအား ဂုဏ်ပြုချီးမြင့်
ပြည့်သဲမောင်(ပြည်) 09 4236 71883
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌါနက ပျူခေတ်နှောင်း
လက်ရာ ဗုဒ္ဒဆင်းတုတော် တစ်ဆူအပ်နှံခဲ့သည့်  ပဲခူးတိုင်း ပြည်ခရိုင်
ပြည်မြို့မှ လယ်သမားကြီး ဦးဝေအေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့
တွင် ငွေကျပ်သုံးသိန်း ရှစ်ထောင် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဗုဒ္ဓဆင်းတုတော်၏် ဥာဏ်တော်အမြင့်မှာ (၄)လက်မ ခန့်ရှိပြီး ယာ
ဘက်လက်တော် တစ်ဒေါင်ဆစ်အနီးမှ ပြတ်နေသည်။ ရွှေ ၊ ငွေ ၊ ကြေး ၊
သံ ၊ သွပ် သတ္တု(၅)မျိုးဖြင့်သွန်းလုပ်ထားပြီးပျူခေတ်နှောင်းလက်ယာ
 ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌါနက အတည်ပြုထားသည်။

“ယခုလို ဌါနကို လာပြီးအပ်နှံတဲ့ ကာယကံရှင် လယ်သမားကြီး ဦးဝေအေး ၊
ဆရာတော် သူတို့နှင့်ရပ်မိရပ်ဖတွေကိုအထူးကျေးဇူးတင်တယ်”ဟုပြည်မြို့
့ရှေးဟောင်းသုတေသနဦးစီးဌါနနည်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ပြောသည်။

၎င်းကောင်း ဆင်းတုတော်ကို ပြည်မြို့ ထမ္မကောက်အုပ်စု ဘုရားငါးဆူတောင်
 ကျောင်းတိုက် တောင်ဘက် (၄)ဖာလုံခန့်အကွာ လယ်သမားကြီး ဦးဝေအေး
၏ ယာကွက်ထဲတွင် ၂၀၁၃ ခုနှစ်က တွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အပ်နှံခဲ့ကြောင်းသိရသည်။

အဆိုပါ ဗုဒ္ဒဆင်းတုတော်အပ် နှံသူအား ဂုဏ်ပြုချီးမြှင့်ပွဲအာ့း ထိုနေ့မနက် ၁၀နာရီအချိန်က ပြည်မြို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်
ဦးစီးဌါနစုရုံး ၌် ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ရာ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်မောင်ဝင်း ၊ ရှေးဟောင်းသုတေသန ၀န်ထမ်းများနှင့်သရေခေတ္တရာ
အမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ မြို့မိမြို့ဖများ တက်ရောက်
ခဲ့ကြသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page