Saturday, February 28, 2015

တောင်သူဦးကြီးများနေ့ အတွက် တောင်းဆိုချက်(၃)ချက်ပါ ဆန္ဒပြ

Leave a Comment
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ တွင် ယနေ့ 1.3.2015 ရက်နေ့ မနက်(၉း၀၀)အချိန်က တောင်သူဦးကြီးများနေ့ အတွက် တောင်းဆိုချက်(၃)ချက်ပါ
ဆန္ဒပြပွဲတစ်ခု ပြုလိုက်ကြောင်း သတင်းရရှိခဲ့ပါတယ်။

အဆိုပါဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ ဦးဝင်းလှိုင် မှ ...
တောင်သူလယ်သမားတွေ ဘာ့ကြောင့် ဒုက္ခရောက်နေရသလည်းဆိုတော့ ရပ်/ကျေး
မြို့နယ် ခရိုင်မှာ ရှိနေကြတဲ့ လယ်/ယာမြေကော်မရှင်တွေအလုပ်မလုပ်လို့ပဲ ...သမ္မတမှာသာ အမှန်တကယိအာဏာရှိမယ်ဆိုရင် အဖမ်းဆီးခံလယ်သမားတွေကို သမ္မတ ကိုယ်တိုင် လက်မှတ်ထိုးပေးပြီး လွတ်ပေးလို့ရတာပဲ အခုက သမ္မတအထက်မှာ
ကာကွယ်ရေး နဲ့ အုပ်ချုပ်ရေးကရှိနေလို့ ပေါ့...ဟုပြောကြားခဲ့ပါတယ်။...

မနေ့က စည်တန်းလှည့်လည်ခွင့်တင်တယ်ကြားတယ် အဲဒိတော့ အရေးယူဖို့မရှိပါဘူး
ခွင့်ပြုမိန့်ရထားမှု့ကြောင့် ဘာမှ အရေးမယူဘူး..ဟု ပြည်သတင်း မှဖုန်းဆက်မေးမှု့ကို
ပြည်မြို့မ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။

အထက်ဖော်ပြပါ ဆန္ဒထုတ်ဖော်မှု့တွင် အင်အား(၂၅)ဦးခန့်ပါဝင်ခဲ့တာဖြစ်ပြီး  

၁။ကျေးဇူးရှင်တောင်သူဦးများ၏ လယ်/ယာမြေများကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးပါ (ပြည်ခိုင်ဖြိုး)အစိုးရ။

၂။ကျေးဇူးရှင်တောင်သူဦးကြီးများ ရင်ဆိုင်နေရသော အမှု့များ/ထောင်ကျနေသောလယ်သမားများကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။

၃။ထောင်ကျနေသော ကျေးဇူးရှင်တောင်သူဦးကြီးများ/အကျဉ်းသူ/သား များအားလုံးကို နိုင်ငံတော်သမ္မတအမိန့်ဖြင့်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။

ဟူသောဗီနိုင်စာသားပါတစ်ချပ်ကိုင်ဆောင်ထားပြီး ဆန္ဒထုတ်ဖော်မှု့ကို ဗိုလ်ချူပ်မြင်းစီးကြေးရုပ် မှ ရွှေဆံတော်ဘုရားကြီး မြောက်ဘက်မုဒ်ဝ နာရီစဉ်အနီး
ထိုမှ ဗိုလ်ချူပ်မြင်းစီးကြေးရုပ်အထိ ပြန်လည်ချီတက်ခဲ့ရာ (၉း၃၀)အချိန်ခန့်တွင် ပြီးမြောက်သွားကြောင်း သတင်းရရှိခဲ့ပါသည်။...

သတင်းရေးသားတင်ဆက်သူ.....

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019




0 comments:

Post a Comment

Facebook Like Page