Friday, February 27, 2015

ရှေးဟောင်းဆင်းတုတော်ပြန်အပ်သည့် လယ်သမားတစ်ဦးအား ဂုဏ်ပြုချီးမြှင့်

Leave a Comment
BY ဇော်မင်းထိုက်   
ပြည်− ပြည်မြို့၊ သရေခေတ္တရာ ပျူမြို့ဟောင်း၊ ပန်းတင်ကျေးရွာရှိ လယ်ကွက်တစ်ကွက်အတွင်း ထယ်ထိုးရာမှ ရှေးဟောင်းဘုရား တစ်ဆူတွေ့ရှိခဲ့ပြီး ရှေးဟောင်း ဌာနသို့လာရောက်အပ်နှံခဲ့သူကို နိုင်ငံတော်အစိုးရက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
ရှေးဟောင်းဆင်းတုတော်အား အပ်နှံနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်− ပြည်မြို့၊ သရေခေတ္တရာ ပျူမြို့ဟောင်း၊ ပန်းတင်ကျေးရွာရှိ လယ်ကွက်တစ်ကွက်အတွင်း ထယ်ထိုးရာမှ ရှေးဟောင်းဘုရား တစ်ဆူတွေ့ရှိခဲ့ပြီး ရှေးဟောင်း ဌာနသို့လာရောက်အပ်နှံခဲ့သူကို နိုင်ငံတော်အစိုးရက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
‘‘လာရောက်အပ်နှံတဲ့ဘုရား ဆင်းတုတော်က ပျူခေတ်နှောင်း လက်ရာပါ။ ပစ္စည်းတန်ဖိုးတွက် ရင် နည်းပေမယ့် ခေတ်လက်ရာ ပေါ်မူတည်ပြီးဆုငွေပိုမိုချီးမြှင့်ခဲ့ တာပါ’’ဟု ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်ကပြောသည်။
၂၀၁၄ နိုဝင်ဘာက ပျူခေတ်နှောင်းလက်ရာ ဉာဏ်တော်လေး လက်မခန့်ရှိ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ်ဖြင့်ပြုလုပ်ထားသော ပဉ္စလောဟာဘုရားဆင်းတုတော် တစ်ဆူကို လယ်သမားဦးဝေအေးကတွေ့ရှိခဲ့ပြီး တာဝန်သိသိလာရောက် အပ်နှံခဲ့ကြောင်း၊ ခေတ်လက်ရာပေါ်မူတည်ပြီး ကာလတန်ဖိုးထက်ထပ်ဆောင်းကာ ဆုငွေသုံးသိန်းရှစ်ထောင်ကျပ် ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
သရေခေတ္တရာရှေးဟောင်း အမွေအနှစ်ပစ္စည်းများမှာ နည်း အမျိုးမျိုးဖြင့် မှောင်ခိုလမ်းကြောင်းမှ အခြားနိုင်ငံများသို့ရောက်ရှိလျက်ရှိပြီး အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်နည်းပါးလာကြောင်း၊ ပျောက်ပျက်ဆုံးရှုံးမှုများရှိနေသည့်အချိန်တွင် ဒေသခံများ  အနေဖြင့် ယခုကဲ့သို့ တာဝန်သိသိ လာရောက်အပ်နှံမှုမျိုးကို အထူးကျေးဇူးတင်ရှိကြောင်း၊ သရေခေတ္တရာမြို့ဟောင်းတွင် ယခုကဲ့သို့ ခေတ်လက်ရာမီသောရှေးဟောင်းပစ္စည်းလာရောက်အပ်နှံမှုနှင့် ဂုဏ်ပြုဆုငွေပေးခြင်းမှာ ပထမဆုံးဖြစ်ကြောင်း ခေတ်လက်ရာပေါ်မူတည်၍ ကျောက်ခေတ်ဖြစ်ပါက ၁၀၀ ရာခိုင်နှုန်း၊ ကြေး ခေတ် ၉၀ ရာခိုင်နှုန်းနှင့် ပျူ ခေတ် ၇၀ ရာခိုင်နှုန်းစသည်ဖြင့် ထပ်ဆောင်းကာဂုဏ်ပြုဆုငွေ များချီးမြှင့်ပေးလျက်ရှိကြောင်း ရှေးဟောင်းဌာနမှသိရသည်။
7Day Daily.com

0 comments:

Post a Comment

Facebook Like Page