Thursday, February 26, 2015

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ဟောပြောမည်ဟုပြော ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ဟောပြောမည်ဟုပြော

ပြည့်သဲမောင်(ပြည်) 09 4236 71883
ဗိုလ်ချုပ်ရာပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်၏သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့သို့ မတ်လ ၁ ရက်တွင် လာရောက်ဟောပြော
မည်ဖြစ်ကြောင်း ပြည်ခရိုင်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။

“ဗိုလ်ချုပ်ရာပြည့် ကိုလာရောက် ဂုဏ်ပြုဟောပြောမယ်။ ဟသာင်္တက နေ
 ပြည်ကို ကူးမယ်။ ပြီးတော့ နေပြည်တော်ကို ပြန်မယ်”ဟု ပြည်ခရိုင်
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့်သန်းထွန်း က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အဖြစ်
 မြန်မာနိုင်ငံအနှံ့ မြို့နယ်များတွင် တစ်နှစ်ပတ်လုံးဟော ပြောသွားမည်ဖြစ်ပြီး
 ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဟသာင်္တမြို့ ၊ မတ်လ ၁ရက်တွင် ပြည်မြို့များ
၌ဟောပြောမည်ဖြစ်သည်။

ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကဖခင်ဗိုလ်ချုပ်၏သဘောထား
ခံယူချက်များနှင့်ယုံကြည်ချက်များအကြောင်း၊ နှစ်ပေါင်းခြောက်ဆယ်ကျော်
ကြာတိမ်မြုတ်နေသောဗိုလ်ချုပ်၏သမိုင်းကြောင်းကို ရှင်းလင်းဟောကြား
သွားမည်ဖြစ်ပြီး ဥပဒေပညာရှင်ဦးဝင်းမြင့်ကဗိုလ်ချုပ်ထံမှ လေ့လာသင်ယူ
မှတ်သားစရာများအကြောင်း ဟောကြားမည်ဟုလည်းဦးမြင့်သန်းထွန်း
 ကပြောသည်။

အဆိုပါဟောပြောပွဲကို မတ်လ ၁ ရက်နေ့ နေ့လည် ၅နာရီတွင် ပြည်မြို့ ရွာဘဲနယ်မြေ ရတနာမာန်အောင် ကွက်သစ် လေးထပ်ပြင်ဂေါက်ကွင်း တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883


0 comments:

Post a Comment

Facebook Like Page