Friday, February 27, 2015

အသံမလုံခြုံမှုကြောင့်ကေတီဗွီဆိုင်ကို ရပ်ကွက်မှ တိုင်ကြား

Leave a Comment
အသံမလုံခြုံမှုကြောင့်ကေတီဗွီဆိုင်ကို ရပ်ကွက်မှ တိုင်ကြား
-----------------------------------------------------------------------------
ပြည် ၊ ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀ဒေးလမ်း မြသိန်းတန် ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကေတီဗွီ ဆိုင်မှာ အသံဆူညံနေသည့်အတွက် ရပ်ကွက်နေပြည်သူများမှ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံး သို့ တိုင်ကြားထားကြောင်း တိုင်ကြားထားသူများထံမှ သိရှိရသည်။
အသံမလုံခြုံသည့်အတွက် ရပ်ကွက်နေသူများမှ သွားရောက်ပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိသည့်အတွက် ရပ်ကွက်နေသူ ၂၀ ဦးမှ လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း လက်မှတ်ထိုးတိုင်ကြားခဲ့သူ ဦးမောင်ဇော်က ပြောဆိုသည်။
‘ကျွန်တော်အမျိုးသမီးနေမကောင်းလို့ ဆေးခန်းကနေ အပြန်မှာ အသံအရမ်းဆူနေလို့ နည်းနည်းတိုးပေးဖို့ သွားပြောခဲ့တယ်။အဲဒီက ၀ိတ်တာ က ကေတီဗွီပဲ ဆူမှာပေါ့လို့ပြန်ပြောတယ်။စာမေးပွဲတွေနီးနေလို့ အသံတိုးပေးဖို့ ထပ်ပြောပေမယ့်လည်း ဘာမှ ထူးမလာဘူး’ဟု ၎င်းက ဆက်လက်ဆိုသည်။
တိုင်ကြားမှုအတွက် ရွာဘဲရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှ ဆိုင်ပိုင်ရှင်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ခံဝန်ထိုးခိုင်းပြီးဖြစ်ကာ ခံဝန်ကတိအား ဖောက်ဖျက်မည်ဆိုပါက ပြင်းထန်သော သတိပေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက တရားလိုပြုလုပ်၍ သက်ဆိုင်ရာဥပဒေများနှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်က ပြောကြားသည်။
‘ကျွန်တော်တို့အဆောက်အဦ ဆောက်တုန်းက လက်သမားဆရာတွေကြောင့် အမိုးနဲ့ သစ်သားတန်းတွေက နည်းနည်းဟနေတယ်။ စာမေးပွဲတွေရှိတဲ့အတွက် ရပ်ကွက်က ကျေနပ်တဲ့ အထိ လုပ်ပေးသွားမှာပါ’ဟု ကေတီဗွီဆိုင်ရှင် ဦးဇော်က ဆိုသည်။
ယင်း ရပ်ကွက်အတွင်း စာမေးပွဲဖြေဆိုမည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသား ၂၀ဦးခန့်ရှိနေကြောင်း ရပ်ကွက်နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
‪#‎ညမိုး‬(ပြည်)
09252102982
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

09253311019

0 comments:

Post a Comment

Facebook Like Page