Saturday, December 28, 2013

ကရုဏာလက်များ ကွန်ရက် (ပြည်) မှ ဒုတိယမြောက်အလှူခံပုံးချထားခြင်း

Leave a Comment


ဒုတိယမြောက်အလှူခံပုံးကို ( 28.12.2013 ) ယနေ့ မနက် (10) နာရီတွင် မြို့မဈေးကြီး (ပြည်) ဈေးထိပ်တွင်ထပ်မံချထားအလှူခံခဲ့ပါသည်။ ယခင်အလှူခံပုံးသည် အလျား ၂.၅ ပေx အနံ ၂.၅ ပေx အမြင့် ၄ ပေ ဖြစ်သောကြောင့် ၇၅၀၀၀ိ/ကျပ် ကုန်ကျပြီး ယခုအလှူခံပုံးသည် အလျား ၃ ပေx အနံ ၃ ပေx အမြင့် ၅ ပေဖြစ်ပါတယ်။ အရွယ်အစားကြီးပြီး မြင်သာထင်ရှား သတိထားမိစေရန်လည်း ရည်ရွယ်ကြောင်း သိရှိရပြီး လူစည်ကားရာနေရာဖြစ်သလို ပြည်မြို့နှင့် အနီးပတ်ဝန်းကျင်မြို့များမှလည်း လာရောက်ဈေးဝယ်ကြတဲ့ ဈေးကြီးတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ထပ် အလှူခံပုံးများလည်း ထပ်မံပြုလုပ်နေပြီး မြို့တွင်း သင့်တော်သော နေရာများတွင် ချထားမည်ဖြစ်ကြောင်း သိရရှိရှိပါသည်။
ယခုအလှူခံပုံး၏ အလှူရှင်ကတော့ မစန္ဒာသိမ့် (ဗိုလ်ချုပ်ဈေး၊ ရန်ကုန်)ဖြစ်ပါတယ်။ အဆိုပါ အလှူခံပုံးလှူဒါန်းခြင်းသည် အလှူခံပုံးအတွင်း စွန့်ပစ်လှူဒါန်းခဲ့သော ပစ္စည်းများမှ ငွေကြေးအစဉ်ရရှိသဖြင့် ထာဝရ ပဒေသပင်စိုက်ထူလှူဒါန်းထားခြင်းမျိုးဖြစ်ကြောင်း ကရုဏာလက်များကွန်ယက် (ပြည်) မှ ဦးပုညမှ ပြည်သတင်းသို့ပြောကြားသွားပါသည်။

ဆက်လက်ပြီး ပထမ အလှူခံပုံးထားရှိရာ ဂိတ်ကြီးဝင်းရှိ အလှူခံပုံးသို့ သွားရောက်ဖွင့်ကြည့်ရာ နှစ်ရက်အတွင်း စွန့်ပစ်ပစ္စည်းအလှူများ ပုံးအတွင်း ပြည့်နှက်နေပြီး အဆိုပါ စွန့်ပစ်ပစ္စည်းများ ပြန်လည်ရောင်းချလျှင် ကျပ် ၄၅၀၀ိ/ မှ ၅၀၀၀ိ/ အထိ ရရှိနိုင်ကြောင်းကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ယခုလို စွန့်ပစ်ပစ္စည်းမှတဆင့် အလှူခံခြင်းသည် မြန်မာနိုင်ငံတွင် ပြည်မြို့ ဂရုဏာလက်များ ကွန်ယက်မှ ပထမဆုံး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြားမြို့များမှလည်း အထူးစိတ်ဝင်စားကာ ဆက်သွယ်မေးမြန်းခြင်းများရှိကြောင်းကိုလည်း ဦးပုညမှ ပြောကြားသွားခဲ့ပါသည်။

အလှူခံပုံးလှူဒါန်းသူများမှာ-
၁။ မစန္ဒာသိမ့် (ဗိုလ်ချုပ်ဈေး၊ ရန်ကုန်) ၁၀၀၀၀၀ိ/- ကျပ်
၂။ တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက် (ရန်ကုန်) ၈၀၀၀၀ိ/- ကျပ်
၃။ မကွေးတက္ကသိုလ်ပရဟိတအဖွဲ့ ၇၅၀၀၀ိ/- ကျပ်
၎။ မကွေးတက္ကသိုလ်ပရဟိတအဖွဲ့ ၁၀၀၀၀၀ိ/- ကျပ်
၅။ အမည်မသိရသေး ၇၅၀၀၀ိ/- ကျပ် ဖြစ်ပါတယ်။

ထပ်မံလှူဒါန်းရန် ဆက်သွယ်ထားသူများလည်း ရှိနေပြီး တိကျသေချာလျှင် ဖော်ပြသွားပါဦးမည်။ လှူဒါန်းမှုအပေါ်မူတည်၍ နှစ်ဦးစပ်တူ၊ သုံးဦးစပ်တူ ပေါင်းစပ်ပြီး အလှူခံပုံးများလည်း ပြုလုပ်မည်ဖြစ်သဖြင့် သတ်မှတ်ချက်မထားပဲ တတ်နိုင်သလောက် လှူဒါန်းလိုသူများကိုလည်း မခွဲခြားပဲ လက်ခံပါတယ်။
ဆက်သွယ်မေးမြန်း လှူဒါန်းလိုပါက -
0943156603၊ 09423747505၊ 09423671143၊ 09423734704၊ 09423707470 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


0 comments:

Post a Comment

Facebook Like Page