Friday, December 27, 2013

ထုံးစဉ်လာ ဦးတိုက်ကြ စေတီယ ဒီငါးဆူ

Leave a Comment
ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း

ပြည်မြို့က နာရေးများကို သုဿန်သို့ပို့ဆောင်ရာမှာ လမ်းကြောင်းပေါ်မှရှိတဲ့ စေတီတစ်ဆူဆူမှာ ရုပ်ကလာပ်ဖြင့် ဦးတိုက်လေ့ရှိပါတယ်။ ဘယ်အရပ်ကထုံးစံအစမှန်းမသိပေမဲ့ ကျွန်တော်တို့မမွေးခင်ကပင်ရှိတဲ့ အရပ်ထုံးစံမို့ အသင်းမှ အကူအညီပေးတဲ့အခါ ထုံးစံအတိုင်း လမ်းကြောင်းက စေတီတစ်ဆူဆူမှာ ဦးတိုက်ပေးတာမို့ ပြည်မြို့မှာ ထုံးစဉ်လာအရ (၁)ရွှေဆံတော်စေတီ(၂)အောင်ချမ်းသာစေတီ(ဖရေကြီးဘုရား)(၃)ရွှေလင်ပန်းစေတီ(မြို့သစ်)(၄)ရွှေပလ္လင်မှော်စေတီ(န၀င်း) (၅)ဖေါင်တော်ဦးစေတီ(န၀င်း) ဒီစေတီငါးဆူကို သူ့အပိုင်းအလိုက် အစဉ်အလာအတိုင်း ဦးတိုက်ခဲ့ပါတယ်။ နောက်ပိုင်း သုဿန်အရွှေ့အပြောင်းမှာ န၀ဒေးလမ်းဆုံက သိမ်တောင်စေတီ တစ်ဆူတိုးပြီး လမ်းကြောင်းအတိုင်း စေတီတော်မြတ်ကို ဦးတိုက်အရိုအသေပြုကြပါတယ်။

ဒါ့အပြင် နာရေးရှင်ဆန္ဒရှိရင် ဦးတိုက်ချင်တဲ့ မိမိတို့ရပ်ကွက်အတွင်းမှ စေတီကို ဦးတိုက်ပေးပါတယ်။ နာရေးကားဦးထိုးရာအရပ်မှာ လူနေအိမ်တော့ မရှိဖို့လိုပါတယ်။ အယူရှိသူ အချို့အိမ်ရှင်များက မနှစ်သက်ရင် ပြဿနာဖြစ်မှာစိုးလို့ပါ။ နောက်တစ်ဆူ ဦးတိုက်များတဲ့စေတီက ကျောက်တော်ကြီးဘုရားဖြစ်ပါကြောင်း
ဗဟုသုတအဖြစ် မှတ်ဖွယ်တင်ပြအပ်ပါတယ်ခင်ဗျာ။

ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း

ကူညီပံ့ပိုးမှုဖြင့် သောကမီးကို ပြေငြိမ်းစေအံ့

0 comments:

Post a Comment

Facebook Like Page