Monday, December 30, 2013

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ကိုင်စွဲ ထားသည့် ဘုံသဘော တူညီချက် (၁၁)ချက်

Leave a Comment


 လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ကိုင်စွဲ ထားသည့် ဘုံသဘော တူညီချက် (၁၁)ချက်
**************************************************

(ပြည်တွင်းသတင်း)...
              


လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များသည် ၂၀၁၃ ခုနှစ် အောက် တိုဘာ (၃၁)ရက်နေ့မှ နိုဝင်ဘာ ၂
ရက် နေ့အထိ ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) ဌာန ချုပ် ဖြစ်သော လိုင်ဇာမြို့တွင် သမိုင်း ၀င် တွေ့
ဆုံ ဆွေးနွေးပြီး တနိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ဘုံသဘော တူညီ ချက်ကို ရေးဆွဲ ခဲ့ပါ
သည်။

ယင်းဘုံ သဘော တူညီ ချက်ကို နိုဝင်ဘာ (၄)ရက်နေ့ တွင် အစိုးရ ကိုယ်စား လှယ်များ အား ကချင်
ပြည်နယ် မြစ် ကြီး နား မြို့တွင် တင်ပြ ဆွေးနွေး ခဲ့ ပါသည်။ အ လားတူ အစိုးရ၏ တနိုင်ငံ လုံးအပစ်
အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ ညီ ချက်ကိုလည်း အပြန် အလှန် တင်ပြခဲ့ပါသည်။

အစိုးရ ကိုယ်စား လှယ် များ တင်ပြချက် များ သည် ယခင် လိုင်ဇာ အစည်း အဝေးသို့ တင်ပြခဲ့သော
ရပ်တည်ချက် မဟုတ် တော့ဘဲ ပြောင်းလဲသွား ခဲ့သဖြင့် တိုင်းရင်း သား ကိုယ်စားလှယ်များ ဆွေးနွေး
ရန် အခက်ကြုံ ခဲ့ပါသည်။ ဤသို့ ကြောင့် ရက်ရွှေ့ဆိုင်းသည့် အနေဖြင့် ကရင်ပြည်နယ် ဖါးအံမြို့တွင်
နောက် ထပ် ဆွေးနွေးကြရန် ထပ်မံ ချိန်းဆို ခဲ့ရခြင်း ဖြစ်ပါသည်။

လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့များ၏ အစိုးရ ကိုယ်စား လှယ်ထံ တင်ပြခဲ့သော ဘုံသဘော တူညီ
ချက် မှာ (၁၁) ချက်ရှိသည်။ ၄င်းအချက်များကို မူရင်းအတိုင်း ပြန်လည် ရိုက်နှိပ်ပြီး ရွှေဟင်္သာ သတင်း
ဌာန မှ ပြန်လည် တင်ပြ ထား ခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာဘုံသ
ဘောတူညီချက်များ

နိဒါန်း

၁။အခြေခံမူများ။
၁-၁။ငြိမ်းချမ်း ရေးအတွက်သန္နိဌာန်ချခြင်း။
၁-၂။ပင်လုံ သဘော တူညီချက်ကိုအသိအမှတ်ပြုခြင်း။
၁-၃။စစ်မှန်သောဖက်ဒရယ် ပြည် ထောင်စုစနစ်။
၁-၄။ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်း။
၁-၅။တိုင်းရင်းသားလူမျိုးများ၏အခြေခံအခွင့်အရေးများကိုကာကွယ်ခြင်း။
၁-၆။တန်းတူ ညီမျှမှု။
၁-၇။အားလုံး ပါဝင်ရေး။
၁-၈။သဘော တူညီမှုရယူခြင်း။
၁-၉။ပူးပေါင်း ဆောင်ရွက်မှု။
၁-၁၀။ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု။

၂။ရည်ရွယ်ချက်များ။

၂-၁။ အပြန်အ လှန်ယုံကြည်မှု တည်ဆောက်နိုင်ရန်။
၂-၂။ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခြင်း များနှင့်၊ ရန်လိုမှုများ ရပ်စဲရန်။
၂-၃။ အားလုံး သဘောတူညီ ထားသည့် အပစ် အခတ် ရပ်စဲရေး ဆိုင်ရာစည်း ကမ်းများ ကိုလေးစား လိုက် နာရန်။
၂-၄။ အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ ကြားချုပ်ဆို ထားသော သဘောတူ ညီချက်နှ င့်ဂတိ ဂ၀တ်များကို ထပ်လောင်း အတည်ပြု ထိမ်းသိမ်းပြီး တည်တံ့ခိုင်မြဲ၍ တရားမျှတ သည့် ငြိမ်းချမ်းရေး သို့ဦး တည်သည့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်း စဉ်ကို စတင်ကျင်း ပသွားရန်။
၂-၅။ အဓိပါယ် ပြည့်ဝသော နိုင်ငံရေးတွေ့ ဆုံဆွေးနွေး ပွဲများ မှသည်အ မျိုးသား ပြည်နယ် များကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်။

၃။ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း။
၃-၁။ အားလုံး ပါဝင်သော အမျိုးသား အဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင် (The framework for National Political Dialogue) သဘောတူညီ မှုရယူခြင်း။

၃-၂။ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီ ချက်လက်မှတ် ရေးထိုးခြင်း။
၃-၃။ အမျိုးသား အဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ များကျင်းပခြင်း။
၃-၄။ ပင်လုံစိတ်ဓါတ်၊ ပင်လုံမူကို အခြေခံသော ပြည်ထောင်စု ညီလာ ခံကျင်းပပြီး၊ “ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက် (Pyidaungsu Accord) ကိုလက် မှတ်ရေးထိုးခြင်း။
၃-၅။ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက် (Pyidaungsu Accord) ကို အတည်ပြုခြင်း ( Ratification)။
၃-၆။ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက် (Pyidaungsu Accord) ပါ အချက် များကို အကောင် အထည်ဖေါ်ခြင်း။

၎။ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး တွင် အဓိက ပါဝင်ရမည့် အချက်များ။
၎-၁။ တပ်ပိုင်း ဆိုင်ရာကိစ္စ။
၎-၂။ ဆက်ဆံရေး ရုံးများ ဆိုင်ရာကိစ္စ။
၎-၃။ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း။
၎-၄။ နိုင်ငံရေး တွေ့ဆုံေ ဆွးနွေး ပွဲ မူဘောင် ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း။
၎-၅။ အရပ်သား များအား အကာအ ကွယ်ပေးခြင်း။
၎-၆။ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များ သဘောတူခြင်း။

၅။ အကောင် အထည်ဖေါ်ခြင်း။

၅-၁။ ပူးတွဲစောင့် ကြည့်ရေးစနစ် လက်တွေ့ သတ်မှတ်အကောင် အထည်ဖေါ်ခြင်း။
၅-၂။ နိုင်ငံရေး ဆွေးနွေးပွဲ များ၊ ဆက်လက် အကောင် အထည်ဖေါ်သွားမည့် ပူးတွဲကော် မီတီဖွဲ့စည်းခြင်း။
၅-၃။ လွတ်လပ်သော လူ့အခွင့် အရေး စောင့်ကြည့်ရေးကော် မီတီ။
၅-၄။ အချိန် ကာလသတ်မှတ် အကောင် အထည်ဖေါ်ခြင်း။

၆။ ယုံကြည်မှု တည်ဆောက်ရေး နှင့် စပ်လျဉ်းသည့် ဆောင်ရွက် ရမည့်အချက်များ။
၆-၁။ စိတ်ရင်း စေတနာ မှန်ဖြင့်ကြိုး စားလုပ်ဆောင် ရမည်။
၆-၂။ လွတ်လပ်စွာ သွားလာခွင့်။



၇။ မတရား အသင်းများ အဖြစ်မှ ပယ်ဖျက်ပေးရေးနှင့် ဆက်စပ် အကြောင်းအရာများ။

၈။ ဆွေးနွေးရေး ကာလအစီစဉ်များ။
၈-၁။ အုပ်ချုပ်ရေး ဆိုင်ရာ အာဏာ ခွဲဝေခြင်း။ ကျင့်သုံးခြင်း။
၈-၂။ စီးပွားရေး ဆိုင်ရာ အာဏာ။ ခွဲဝေခြင်း။ ကျင့်သုံးခြင်း။
၈-၃။ ဥပဒေပြုပြင် ရေးဆိုင်ရာ ကိစ္စရပ်များ။
၈-၄။ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်များ။
၈-၅။ မြေယာပြုပြင်ရေး ဆိုင်ရာ ကိစ္စရပ်များ။
၈-၆။ သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များ။
၈-၇။ နယ်စပ်ရေးရာ ကိစ္စရပ်များ။ (Border Terminal, Immigration, Trade Issue)
၈-၈။ အကြီးစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ။ (Mega Economic Projects)
၈-၉။ မူးရစ်ဆေးဝါး ကင်းစင် ပပျောက်ရေး ဆိုင်ရာကိစ္စရပ်များ။

၉။ လက်မှတ်ရေးထိုးခြင်း။

၁၀။အတည်ပြုခြင်း။

၁၁။အထွေထွေ။

(ရွှေဟသာင်္သတင်းဌာန)

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page