Sunday, August 25, 2013
စာအုပ်ကလေးများ
Leave a Comment
ဆရာ အတ္တကျော်ရဲ့ စာအုပ်ကောင်းတွေကို အင်တာနက်မှာတင် ရနိုင်ပြီ
ဆရာစာအုပ်တွေကို အခုမှ ဖတ်ဖူးတာပါ ပညာပါပါရေးထားပြီး တကယ့်ကိုအဖိုးတန်
စာပေကောင်းတွေပါ  မသိလို့ မဖတ်ရ မနေအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ်ဗျာ
လိုအပ်သော စာအုပ်တွေကို သက်ဆိုင်ရာဆိုဒ်မှာ ထပ်ဆင့်ရှာဖွေပါ လိုအပ်ရင်သာ
လက်တို့ လိုက် ဒေါင်းပေးမယ် မေးထဲပို့ ပေးမယ် ဆရာ့ဝက်ဆိုဒ်ကို ရောက်ပီးမှသာ
ဒီစာအုပ်တွေ ဖတ်ရကောင်းမှန်သိပီ အကျိုးများမှန်းသဘောပေါက်ပီ.ကဲ ဆွဲစေဗျာ
မူရင်းလင့်ကတော့ မှော်ဝင်မြို့ ပါ - http://pdf.mawcity.com.
ငါ့စိတ်ကိုလာမစမ်းနဲ့နော်(အတ္တကျော်).pdf  View Download
ဘယ်ဆီကိုများဒုန်းစိုင်းသွားနေ(အတ္တကျော်).pdfView Download
မီးငယ်တို့အသိကြွယ်ဖို့(အတ္တကျော်).pdf View Download 
သားငယ်တို့နားလည်ဖို့.pdf View Download 
အာရှသားများစဉ်းစားနိုင်စေ.pdf View Download 
နေပျော်တဲ့ဘ၀၊ကြည်မြတဲ့ဘ၀င်(အတ္တကျော်).pdf View Download 
အမျိုးသမီးတိုင်း အမျိုးသားတိုင်း ဖတ်သင့်တဲ့စာ ဝေမျှပေးကြ တန်းဖိုးရှိတယ်
ဆရာအတ္တကျော်ရှင့်
သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ နေပါတယ်။ အသက်က ၂၀ ပါ။
သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။
သမီးလူတွေကို ပြောလည်းပြောချင်တယ်။ အရှက်ကွဲမှာလည်း အရမ်းကြောက်နေလို့ပါ။ သမီးမှာချစ်သူ တစ်ယောက်ရှိပါတယ်။ ဘာမှ လွန်လွန်ကြူးကြူး ဖြစ်မထားပါဘူး။ တစ်နေ့ သမီးတို့နှစ်ယောက်မှာ ပြဿနာတွေ နည်းနည်း ရှိလာတယ်။ အဲ့ဒါသမီးလည်း စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ဗေဒင် သွားကြည့်ဖြစ်ပါတယ်။
ဲ့ဒီ့ဗေဒင်ဆရာအကြောင်းကို သေချာပြောပြပါရစေ။ သူက မိန်းမ နှစ်ယောက် ယူခဲ့ဖူးပြီး နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်တော့ ရှိပါတယ်။ အခု သူ ယူထားတဲ့ မိန်းမက ဘဏ်တစ်ခုမှာ အလုပ်လုပ်ပြီး သူ့ထက် အရမ်းငယ်ပါတယ်။ ပိုက်ဆံတွေ ပုံပြီး တင်တောင်းထားတာပါ။ အားလုံးရဲ့ရှေ့မှာ
သူဟာ လူကြီး လူကောင်း ပုံစံနဲ့ နေပါတယ်။ တစ်ခုတော့ ရှိတယ်ဆရာ။ သူက ဒုတိယ မိန်းမ သေပြီး မကြာဘူး၊ နောက်တစ်ယောက်ကို ယူလိုက်တာပါ။ အဲ့ဒီ့ ဗေဒင်ဆရာက သမီးတို့မြို့မှာ လူကြီးလူကောင်းတွေ၊ ရာထူးကြီးကြီးလူတွေကအစ ကိုးကွယ်တဲ့ဆရာပါ။ သမီးလည်း အရမ်း သိက္ခာရှိတဲ့ ဗေဒင်ဆရာလို့ ထင်ခဲ့မိပါတယ်။
သမီးတို့တွေ ဗေဒင်ခန်းထဲကို တစ်ယောက်ပြီး တစ်ယောက်ပဲ ၀င်ခွင့်ရခဲ့ပါတယ်။ သမီးအလှည့် ရောက်တော့ သူက ပြောပါတယ်။ သူ ဟောသမျှကို ဘယ်သူ့ကိုမှ မပြောရဘူးလို့ သစ္စာ ဆိုခိုင်းပါတယ်။ နောက်ပြီး သမီးနဲ့သမီးချစ်သူ ကိစ္စတွေကို အတွင်းကျကျ ဟောပါတယ်။ ဟုတ်တာလည်း ပါတယ်။ မဟုတ်တာလည်း ပါတယ် ဆရာ။ ဒါပေမယ့် သမီးကတော့ အားနာပြီး ဟုတ်ကဲ့ပဲ ပြောနေလိုက်မိတယ် ဆရာရယ်။
သူက ပြောပါတယ်။ သမီးစိတ်က ယောက်ျားတစ်ယောက်နဲ့ အတူတူ နေချင်နေတာတဲ့။ အဲ့ဒါသမီးက ကိုယ်ဝန်ရမှာ၊ ရောဂါကူးမှာတွေ ကြောက်နေတာတဲ့။ အဲ့ဒါ အဲ့ဒီ့လိုတွေ မဖြစ်အောင် သူ သင်ပေးမယ်တဲ့ဆရာ။ ဒါပေမယ့် သူ ပြောတာတွေကို ဘယ်သူ့မှ မပြောရဘူးတဲ့။ သူ ဒီလိုပြောတာတွေက တဏှာစိတ်ကြောင့် မဟုတ်ဘူးတဲ့ ဆရာ။ သမီးဘ၀ တိုးတက် ကောင်းမွန်အောင်၊ မိဘက ချစ်အောင်၊ သမီးချစ်သူက သမီးကို တန်တန်းစွဲ ဖြစ်နေအောင်လို့တဲ့။ နောက်ပြီး
သမီး ခန္ဓာကိုယ်ကို သူ့ကို လှူလိုက်ပါတဲ့။ သူ့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က သမီး ခန္ဓာကိုယ်ကို ယူထားမယ်ဆိုရင် တခြား ဘယ်သူမှ သမီးကို မစော်ကားရဲတော့ဘဲ
ယောက်ျားတွေက အောက်ကျို့လာစေရမယ်တဲ့ဆရာ။
သမီးကလည်း ဒီလောက်တောင် ကိုးကွယ်သူတွေ ပေါများနေတဲ့ အဲ့ဒီ့ဆရာ ပြောသမျှကို ယုံမိပါတယ်။ သမီး အသုံးမကျတာပါဆရာ။ သမီးက ဆရာအတ္တကျော်လိုမျိုး စေတနာနဲ့ လမ်းပြပေးမယ့်သူလို့လည်း တွေးခဲ့မိပါတယ်။  အဲ့ဒါ သူက သမီးကို ယတြာချေဖို့ ချိန်းပါတယ်။ အဲ့ဒီ့မှာ သူက ပြောတယ်ဆရာ။ သမီးဆီက အရည် လိုချင်တယ်တဲ့။ အဲ့ဒါ သူ့ကို ပေးဖို့ တောင်းပါတယ်။ သမီးအရည်ကို သူမျိုချရဲတယ်တဲ့။ အဲ့ဒါနဲ့ သူ့အခန်းထဲကို ခေါ်ပြီး သမီးကို အ၀တ်အစား ချွတ်ခိုင်းပါတယ်။ နောက်ပြီး သမီးအောက်ပိုင်းကို နမ်းတော့တာပဲဆရာ။
သမီး ကြောက်လည်း ကြောက်။ ရှက်လည်း ရှက်ပါတယ်။ သူက ပြောပါတယ်။ ဘယ်ယောက်ျားမှ သူ့လို အောက်ကျခံပြီး ဒီလို နမ်းမှာ မဟုတ်ဘူးတဲ့။ အဲ့ဒါ သူ့လိုလူကတောင် နမ်းတယ်ဆိုရင် ယောက်ျားတွေကို သမီး နိုင်ပြီတဲ့။ ဒါပေမယ့်ဆရာ သူက အဲ့ဒီ့လောက်နဲ့တင် မပြီးဘူး။ သမီးကိုလည်း သူ့ရဲ့လိင်တံကို စုပ်ခိုင်းပါတယ်။ သမီးက မလုပ်ချင်ဘူးဆိုတော့ သူက “ဟဲ့…ငါက အကြောင်းရှိလို့” ဆိုပြီး ဇွတ်လုပ်ခိုင်းပါတယ်။ သမီးလည်း မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ သူ လုပ်ခိုင်းသလို လုပ်ခဲ့ရတယ်။ သမီးလုံးဝကို မသတီဘူး ဆရာ။ အရမ်း ရွံတာပါပဲ။ ဒါပေမယ့် အားလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်ကအကြောင်း မရှိဘဲနဲ့တော့ သမီးကို လုပ်ခိုင်းတာ မဟုတ်ဘူးဆိုပြီး ထင်ခဲ့မိတယ်။
နောက်တော့ သူ သမီးကို စော်ကားလိုက်တာပါပဲ ဆရာရယ်။ သမီး အရမ်းလည်း ရှက်ပါတယ်။ သူ ပြောတာက ယောက်ျားခန္ဓာကိုယ်က ထွက်တဲ့အရည်ကို ပြချင်လို့ ဆိုပြီးတော့ပါ။ အဲ့ဒါ ထွက်လာတဲ့ သုတ်ရည်ကို ပြပါတယ်။ အဲ့ဒီ့အရည် မ၀င်ရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောပါတယ်။ အခုချိန်ကစပြီး သမီးချစ်သူကလည်း သမီးကို
တန်းတန်းစွဲဖြစ်ပြီး ယောက်ျားတွေကိုလည်း နိုင်တော့မယ်လို့ ပြောပါတယ်။
သူ့ကို မယုံဘူးလားတဲ့။ သူက အားလုံးက လေးစားရတဲ့ ဆရာတဲ့။ အဲ့ဒါကြောင့် အခုလို သမာဓိရှိရှိ ရပ်တည်နိုင်တာတဲ့။ သမီးကိုလည်း သူ့ဇနီးမယားအဖြစ် မွေးစားလိုက်ပြီလို့ပြောတယ်။ သမီးကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့တဲ့။ အပျိုရည်လည်း မပျက်ဘူးတဲ့။ အမြှေးပါးလည်းပျက်စီးသွားတာ မဟုတ်ဘူးလို့ ပြောတယ် ဆရာရယ်။
သမီးလည်း ဘာမှ မသိတော့ဘဲ ပြန်လာခဲ့မိပါတယ်။ သမီး ဘယ်သူ့ကိုမှလည်း မပြောဖူးပါဘူး။ နောက်တစ်နေ့ သူငယ်ချင်းတွေ ဆုံတဲ့အခါ သူတို့တွေက ပြောပြကြပါတယ်။ ဗေဒင်ဆရာက စိတ်အခြေအနေ ဟောတာတော့ မှန်ပါတယ်တဲ့။ ဒါပေမယ့် မကောင်းဘူးလို့ သူတို့က ပြောပါတယ်။
အဲ့ဒါနဲ့ သမီးလည်းသူ့တို့ကို မေးကြည့်ပါတယ်။ သမီးတို့တွေချင်းတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါတယ်။ အဲ့ဒီ့ဗေဒင်ဆရာက သမီးသူငယ်ချင်းတွေကိုလည်း
ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပြောထားတာတဲ့။ သူငယ်ချင်းတစ်ယာက်ကိုကျတော့ သူရဲ့အောက်ပိုင်းမှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းပါတယ်။ သူက လိုအပ်လို့ ကြည့်တာ ဆိုပြီးတော့လေ။ နောက်ပြီး ဘုရားခန်းကြီးထဲမှာ ဆရာ။
နောက်ပြီး သမီးကို ပြောသလိုပဲ လျှောက်ပြောတယ်တဲ့။ သမီးသူငယ်ချင်းကလည်း သမီးလိုပဲ ဒီလိုမျိုး သိက္ခာရှိတဲ့ ဗေဒင်ဆရာက  မကောင်းတာတော့ မလုပ်လောက်ဘူးဆိုပြီး ပြလိုက်တယ်တဲ့ ဆရာရယ်။ နောက်တစ်ယောက်ကျတော့ ရင်ဘတ်မှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းတယ်တဲ့။ သူလည်း အဲ့ဒီ့လိုပဲ လုပ်မိပြန်တယ်။
သမီး အရမ်းကိုလန့်သွားမိပါတယ်။ သမီး ဘာဖြစ်တယ်ဆိုတာတော့ သူတို့ကို မပြောပြရဲဘူး ဆရာ။ နောက်တစ်ခု ပြောရအုံးမယ် ဆရာ။ သူက သူ့တံတွေးကိုလည်း မျိုခိုင်းသေးတယ်။ သမီးကိုရော။ သမီးသူငယ်ချင်းတွေကိုရော။
သမီး အရမ်းစိတ်ညစ်တယ်ဆရာ။ သမီး အပျိုမစစ်တော့ဘူးပေါ့နော်။ သမီး ရောဂါတွေ ဘာတွေ ရမှာလည်း ကြောက်တယ် ဆရာ။ အခု နေရင်းထိုင်ရင်းတောင် HIV
ပိုးများ ၀င်နေသလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် လန့်နေမိတယ်။ သုတ်ရည်မ၀င်ပေမယ့် oral sex လုပ်ရင်လည်း ရောဂါကူးတယ် မဟုတ်လား ဆရာ။ သမီး သွေးလည်း သွားစစ်ချင်တယ်ဆရာ။
သမီး ဘာတွေ လုပ်ဖို့ လိုအပ်သလဲ ဆရာ။ အခုဆိုရင် စိတ်ဆင်းရဲလွန်းလို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ချင်တော့ပါဘူး။ ကိုယ့်အဖေအရွယ် လူတစ်ယောက်ရဲ့
စော်ကားမှုကို ခံရတာပါဆရာရယ်။ သမီးချစ်သူအပေါ်လည်း အပြစ်လုပ်မိသလို ခံစားရတယ်။
သမီးချစ်သူက အလွန်ထိန်းချုပ်နိုင်တဲ့သူပါ။ သမီးကိုလည်း  ဘာမှ အမှားအယွင်းမရှိအောင် နေတတ်သူပါ။ အခုတော့ သမီးမှာ တစ်ခြားမိန်းကလေးတွေနဲ့ တန်းတူ မဖြစ်သလို ခံစားနေရပါပြီ။ သမီး အသုံးမကျလို့ ဖြစ်မှန်းသိပါတယ်။ ဒါပေမယ့် အားလုံးက လေးစားရတဲ့ နာမည်ကြီး ဆရာတစ်ဆူက အဲ့ဒီ့လို မကောင်းတဲ့စိတ်နဲ့
မလုပ်လောက်ဘူးလို့ ထင်ခဲ့မိတာပါ။
တကယ်ဆို သမီး သူ့ကို တရားစွဲပစ်ချင်ပါတယ်။ ဒါပေမယ့်ဆရာ။ သမီးပဲ အရှက်ကွဲမှာလေ။ သမီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဆရာရယ်။
အခုလိုရေးရင်းနဲ့တောင် သမီလန့်မိတယ်။ သမီးကို အောက်လမ်းနည်းတွေ ဘာတွေ သုံပြီး မကောင်းကြံမှာ ကြောက်တယ်ဆရာရယ်။
သမီးလေ သူတစ်ပါး သားမယားအပေါ် ကျူးလွန်ရာ ကျနေပြီလားဆရာ။ ကာမေသုမိစ္ဆာစာရကံ ထိုက်နေပြီလားဟင်။ ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရမလဲဟင်။
သမီးချစ်သူကို ဖွင့်ပြောသင့်သလား။ အရမ်းကို သွေးပျက်ချောက်ချားနေလို့ပါ။
စိတ်ဆင်းရဲလွန်းလို့ သမီးဘာဆက်လုပ်ရမယ်ဆိုတာ ဆရာ အမြန်ဆုံးညွှန်ကြားပေးပါနော်။
သမီးရဲ့စာကို နာမည်နဲ့၊ နေရပ်လိပ်စာ မလှီးလွှဲဘဲနဲ့ မဂ္ဂဇင်းတစ်ခုခုမှာ ဖော်ပြပေးပါ။ နာမည်က သူနဲ့ ပတ်သက်တဲ့ မိန်းမတစ်ယောက် နာမည်မိုလို့ပါ။
မြို့ကို ဖော်ပြထားမှ သမီးတို့မြို့က လူတွေ သိကြမှာဆရာ။ သမီးမှာ ဆရာ့ကိုပဲ အားကိုးစရာ ရှိပါတော့တယ်။
ထင်ရှားတဲ့ စာအုပ်တချို့က…
  • “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ”
  • “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ ဘ၀င် ရွှင်လန်းတဲ့စိတ် (မောဟပြေ ပုံတိုပတ်စများ ၁) “
  • “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း”
  • “မဖတ်နဲ့နော်”
  • “သားငယ်တို့ နားလည်ဖို့”
  • “မီးငယ်တို့ အသိကြွယ်ဖို့”
  • “ပျူငှာတဲ့ မူရာ”
  • “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”
  • “မိန်းမသားတို့ သိမ်းထားဖို့”
.
မသိလို့ မလိုက်နာကြ မှားကြတာ မဖြစ်အောင် ဒါကသိစေဖို့ အတွက်ပါ
ဒီစာအုပ်လေးကလည်း သိစေချင် ဖတ်စေချင်တဲ့ စာအုပ်ထဲမှာပါပါတယ် မဆိုင်ဘူးလို့ 
ထင်ရပေမယ့် ၊ဥပဒေဆိုတာ နားလည်ထား သိထား ဗဟုသုတ ရှိထားသင့်တဲ့အရာပါ
ဆန္ဒဖြင့် အများသူငှာဖတ်ကြည့်စေချင်သော စေတနာဖြင့်သာ...............................။
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/ဥပဒေ တစ်ထောင်
0 comments:
Post a Comment
Facebook Like Page