Friday, December 27, 2013

ပြည်မြို့တွင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုံ့ဆော်မှု ဆိုင်းဘုတ်တင်

Leave a Comment

ပြည် ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းခွဲက ကြီးမှူး ကျင်းပသော မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုံ့ဆော်မှုဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် ညနေ ၃ နာရီက ပြည်ဘူတာရှေ့၌ ကျင်းပသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဥက္ကဋ္ဌ ရဲမှူးကြီးမြင့်စိုး(ငြိမ်း)နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် အလုပ်အမဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ လှုံ့ဆော်မှုဆိုင်းဘုတ်များကို ပြည် ဘူတာရှေ့တွင်လည်းကောင်း၊ ပြည် အမှတ်(၂)ရဲစခန်းရှေ့တွင် လည်းကောင်း၊ ခေတ္တရာမြို့သစ်၊ အဝေးပြေးကားဂိတ်အနီးတွင်လည်းကောင်း စည်ကားသိုက်မြိုက်စွာ စိုက်ထူခဲ့သည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)သည် ဗဟိုအသင်းကြီးက ချမှတ်ထားသောစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အသင်းတိုးတက်ရာတိုးတက်ကြောင်းကို ဆောင်ရွက်လျက်ရှိသည်။ လူငယ်ထုအတွင်း မူးယစ် ဆေးဝါးကင်းစင်စေ၍ မူးယစ်ဆေးနှင့် ဆက်နွှယ်ဖြစ်ပွားတတ်သော HIV/AIDS ရောဂါများ ကူးစက်မှု မဖြစ်ပွားရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တစ်တပ်တစ်အား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မောင်ရွှေဝင်း(ပြည်)

0 comments:

Post a Comment

Facebook Like Page