Friday, December 27, 2013

ရွှေတောင်မြို့နယ် ဥယျာဉ်ကျေးရွာ ရွှေအိုး စာကြည့်တိုက်ဖွင့်

Leave a Comment
ရွှေတောင် ဒီဇင်ဘာ ၂၆

ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး၊ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် ထန်ကုန်းအုပ်စု ဥယျာဉ်ကျေးရွာ ရွှေအိုးစာကြည့်တိုက်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲက အဆိုပါ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၌ ကျင်းပသည်။ ဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများကို ဟောပြောသည်။ ယင်းစာကြည့်တိုက်မှာ အလျား ၁၈ ပေ၊ အနံ ၉ ပေ၊ အမြင့် ၉ပေရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းဖြစ်ပြီး သုတ၊ ရသစာအုပ်စာစောင် ၃၀၀၊ ဗီရိုတစ်လုံး၊ စာအုပ်စင်တစ်ခု၊ စားပွဲတစ်လုံး၊ ဖိုင်ဘာခုံ လေးလုံးတို့ပါဝင်ပြီး ကျေးရွာနေပြည်သူများ၏ လှုဒါန်းငွေကျပ် ရှစ်သိန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

KM2712

0 comments:

Post a Comment

Facebook Like Page