သူရဦးရွှေမန်း (ဥက္ကဌ ၊ ပြည်ခိုင်ဖြိုးပါတီ)
နေပြည်တော် ၊ ဇူလိုင် - ၂၆ ။ ။ပါတီ အနေဖြင့် ဒီမိုကရေစီနှင့်ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးရေးအ တွက် အပြောနှင့် အလုပ်မညီလျှင် ပြည်သူ၏ဒဏ်ခတ်ခြင်းကို ခံရ လိမ့်မည်ဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များအား သတိပေး ပြောကြားလိုက်သည်။
မေ၂ရက်က နေပြည်တော် ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးအ စည်းအဝေးတွင် သူရဦးရွှေမန်း က အထက်ပါအတိုင်းပြောကြား လိုက်ခြင်း ဖြစ်သည်။ ''ပြည်သူ လူထုအတွက် ဒီမို ကရေစီရှင်သန်ရေးကို မလုပ်နိုင် ဘူးဆိုရင် မိမိတို့ပါ ဒီမိုကရေစီလမ်း ကြောင်းက သွေဖည်ပြီးကျဆင်း သွားနိုင်တယ်။ ဘယ်သူက ဒဏ် ခတ်မလဲ။ ကိုယ့်ပါတီအချင်းချင်း ကလဲ ဒဏ်ခတ်မယ် ။ ပြည်သူက လဲဒဏ် ခတ်မယ်။ ခင်ဗျားတို့ပြော တော့ ပါတီစုံဒီမိုကရေစီကျင့်သုံး တဲ့အခါကျတော့ အာဏာရှင်။ ဒါကြောင့် ခင်ဗျားတို့ပါတီကို ကျုပ် တို့မယုံဘူး။ အလိုမရှိဘူးဆိုရင် ဒီပါတီကျဆင်းသွားမယ်''ဟု သူရ ဦးရွှေမန်း က ပြော သည်။
''ပြောတော့ မိုး၊ ထိုးတော့ ကျွဲ၊ ပြော အဟုတ် လုပ်တော့ တလွဲ။ ယင်းသို့ဖြစ်နေလျှင် ပါတီအား မည်သူကမျှ ယုံကြည်မည်မဟုတ် ကြောင်းနှင့် လေးစားမည်မဟုတ် ကြောင်း၊ အပြောနှင့်အလုပ်ညီမှ သာလျှင် ပါတီအား လေးစားမည် ဖြစ်ပြီး ပြော ထားသည်က ပါတီစုံ ဒီမိုကရေစီ၊ စီးကွက်စီးပွားရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ် ကျင့် သုံးရမည့် သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် ဈေးကွက်စီးပွား ရေးစနစ်ပုံစံ ကျင့်သုံးဖို့လိုကြောင်း နှင့် ယင်းသို့မကျင့်သုံးဘဲ လက်သင့် ရာစား တော် ခေါ် မညီမျှသော၊ ယှဉ်ပြိင်မှုကင်းသော ဈေးကွက် စီးပွားရေး ဖော်ဆောင်နေလျှင် အောင်မြင်မဟုတ်ကြောင်း သူရ ဦးရွှေမန်းက ပြစ်တင်ပြောကြား သည်။
''စနစ်သစ်အရပေါ်ပေါက် လာတဲ့ပါတီတွေ၊ လွှတ်တော်တွေ နဲ့ နိုင်ငံတော်အစိုးရတို့က ဥပဒေ အရပေးအပ်ထားတဲ့ ဒီမိုကရေစီ ကျင့်စဉ်များနဲ့အညီ ပြည်သူတစ် ရပ်လုံးရဲ့ စုစည်းညီညွတ်မှုစွမ်းအား ကိုရယူထိန်းကျောင်းပြီး ဆက်လက် ကြိုးပမ်း အကောင် အထည်ဖော် သွားကြရမှာဖြစ်ပါတယ်။ ဒါဟာ သမိုင်းကပေးအပ်ထားတဲ့ ကျွန် တော်တို့ရဲ့ အဓိကကျတဲ့တာဝန် ကြီးဖြစ်တယ်လို့ နားလည်နိုင်ကြ ရမှာဖြစ်ပါတယ်''ဟု ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ ပါတီလူငယ်ရေးရာအဖွဲ့ အစည်း အဆင့်ဆင့် အနေဖြင့် ပါတီ ရေရှည်တည်တံ့ခိုင်မြဲရန် မြန်မာ့ နိုင်ငံရေးမျက်နှာစာတွင် ဂုဏ်သ ရေရှိစွာဦးဆောင်နိုင်ရေးနှင့် အနီး ကပ်ရည်မှန်းချက်အနေဖြင့် လာ မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရေးတို့အတွက် အားသွန် ခွန်စိုက် ကြိုးပမ်း သွားကြရမှာဖြစ် သည်ဟု ဒုတိယဥက္ကဋ္ဌ သူရဦးအေး မြင့်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပါတီ၅၈ပါတီရှိသည့်အနက် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ရွေးကောက် ပွဲတွင် ၉ဝရာခိုင်နှုန်းကျော် အနိုင် ရရှိခဲ့သည့်ပါတီဖြစ်ကြောင်း သိရသည်။
Credit: ဗညားဦး/ Yangon Times
0 comments:
Post a Comment